Pages

Friday, November 1, 2013

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်

Photo: လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ မြန်မာ ပထမဆုံး ဝင်ပြိုင်
Friday, November 1, 2013

နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်းသူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

၂၀၀၄ခုနှစ်ကစခဲ့သော ယင်းကဲ့သို့ပြိုင် ပွဲမှာ ကိုးကြိမ် မြောက်ဖြစ်ကြောင်း စီစဉ်သူများ က ပြောကြားခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်တစ်ဦး ပထမဆုံးအကြိမ် အဖြစ် ပြိုင်ပွဲသို့ဝင်ရောက်လာ သည်။

''လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းကဆိုရင် ကျွန်မယှဉ်ပြိုင်ရဲ မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီရှိနေ ပြီဆိုတော့ ပြိုင်ပွဲဝင်ရတာ စိတ်ထဲ မှာ လွတ်လွတ်လပ်လပ်ရှိပါတယ်'' ဟု အသက်၂၈နှစ်အရွယ်ရှိ သ ညာမောင်က ပြောကြား ခဲ့သည်။

သူမသည် Ramkhamhaeng University တွင် ပညာ သင်ကြားနေသူဖြစ် သည်။ ''ဆုကြေးက ဘတ်သုံးသိန်း၊ ရတနာအစစ်တွေနဲ့ လုပ်ထား တဲ့သရဖူတစ်ခု၊ နောက်ပြီးတော့ ဘန်ကောက်မှာရှိတဲ့ ကျော်ကြား တဲ့ ပလတ်စတစ်ဆာဂျရီဆေးခန်း မှာ အခမဲ့ ခွဲစိတ်ကုသမှုခွင့်တို့ဖြစ် ပါတယ်''ဟု ပတ္တရားရှိသက်တမ်း အရင့်ဆုံး လိင်ပြောင်းသူ ကလပ်Tiffany's ၏ ယာယီမန်နေဂျာ နှင့် ပြိုင်ပွဲစီစဉ်သူအရီဆာဖန်သူ ဆက်က ပြောကြားခဲ့သည်။

Tiffany's ပြပွဲကို မစ္စအရီ ဆာ၏ဖခင်နှင့် စီးပွား ရေး ပါတနာတစ်ဦးက လွန်ခဲ့သည့်နှစ်၄၀ ကတည်းက စတင်ခဲ့သည်။ ရည် ရွယ်ချက်မှာ ပတ္တရားကမ်းခြေအ ပန်းဖြေစခန်းကို ဆန်းစစ်သည့် ဖျော်ဖြေမှုပုံစံဖြင့် ပံ့ပိုးရန်ဖြစ်ပြီး လိင်ပြောင်း သူများကို တရားဝင် အလုပ် အကိုင် အခွင့် အလမ်း ပေး ရန်လည်း ဖြစ်ကြောင်း သိရသည်။

Yangon Media Group

RangonNewsDaily:: November . 1 .2013
နိုဝင်ဘာ ၁ရက်တွင် Miss International Queen ပြိုင်ပွဲ ၏သရဖူအတွက် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ လိင်ပြောင်း
သူ ၂၅ဦး ပတ္တရားမြို့၌ ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

တရုတ်နိုင်ငံစစ် ရေးအင်အားပြသမှု ကို ထိုင်ဝမ်မှ ပြန်လည်တုံပြန်

Photo: ငါတို့မှာ ဒါတွေရှိတယ်ဟု ထိုင်ဝမ်ပြသ
Friday, November 1, 2013

အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများကို တရုတ်၏စစ်ရေး စွမ်းပကားကိုပြသသည့်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရေယာဉ်အုပ်(Submarine Fleet)   တစ်ခုချီတက်လှုပ်ရှား နေပုံကို စီစီတီဗီက ထုတ်လွှင့် ပြသသွားခဲ့ပြီး ၂ ရက်အကြာ တရုတ်(တိုင်ပေ) ကလည်း ၎င်း တို့၏ ရေငုပ်သင်္ဘောတိုက်ဖျက် ရေးဒုံးကျည်များတပ်ဆင်ထား သည်မဟာဗျူဟာမြောက်ထောက် လှမ်းရေးလေယာဉ် AP-3C Orion  တစ်စီးကို ထုတ်ဖော်ပြသ လိုက်သည်။

အမေရိကန်ပြည်ထောင်စု လော့ခ်ဟိမာတင်ကုမ္ပဏီသည် အဆိုပါ မဟာဗျူဟာမြောက် ထောက်လှမ်းရေးလေယာဉ်ကို အမေရိကန်က မကြာမီကမှ တရုတ်(တိုင်ပေ) သို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ ယခုနှစ်ကုန်တွင် ၂ စီး ထပ်မံရောက်ရှိမည်ဖြစ်ပြီး ၂၀၁၅ တွင် ၈ စီးထိရှိလာမည်ဖြစ်သည် ဟု သိရသည်။ ဝေဟင်မှ မြေပြင် ပစ် AGM-65 မာဘရစ်၊ AGM-84 ဟာဖွန်း ရေငုပ်သင်္ဘောဖျက် ဒုံးကျည်များ တပ်ဆင်ထားသည်။ 

ဗုံးကြဲလေယာဉ်အဖြစ်ပါ အသုံး ပြုနိုင်ပြီး နျူကလီးယားဗုံးများပင် သယ်ဆောင်တိုက်ပွဲဝင်နိုင်သည့် မဟာဗျူဟာမြောက် ဘက်စုံသုံး တိုက်လေယာဉ်ပင်ဖြစ်သည်။ ဆီ တစ်ခါဖြည့်ပြီးလျင် မိုင် ၄၈၀၀ ထိ မရပ်မနားပျံသန်းတိုက်ပွဲဝင်နိုင် ပြီး တစ်စက္ကန့်လျှင် ၁၆ မိုင်နှုန်း ဖြင့် ပျံသန်းနိုင်သည်။ အမြင်ပေ ၂၈၀၀၀ အတွင်း စစ်ကစားလှုပ် ရှားနိုင်သည်။ ၀န်ချိန် ပေါင်- ၆၁၀၀၀ (တန်ချိန် ၆၀ ကျော်) သယ်ဆောင်ပျံသန်းနိုင်သည်။ တစ်နာရီ မိုင် ၄၀၀ ပျံသန်းနိုင် သည်။          

Hot News Journal

RangonNewsDaily:: November . 1 .2013
အောက်တိုဘာ ၂၉ ရက်က တရုတ်နိုင်ငံသည် ဒေသတွင်း နိုင်ငံများကို တရုတ်၏စစ်ရေး စွမ်းပကားကိုပြသ
သည့်အနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောရေယာဉ်အုပ်(Submarine Fleet) တစ်ခုချီတက်လှုပ်
ရှား နေပုံကို စီစီတီဗီက ထုတ်လွှင့် ပြသသွားခဲ့ပြီး ၂ ရက်အကြာ တရုတ်(တိုင်ပေ)

Android 4.4 (KitKat) က သုံးစွဲသူ သန်းတစ်ထောာင်အထိ ရှိလာမလား?

Photo: Android 4.4 (KitKat) က သုံးစွဲသူ သန်းတစ်ထောာင်အထိ ရှိလာမလား?
Friday, November 1, 2013

Nexus 5 စမတ်ဖုန်းထွက်ရှိခြင်းနဲ့အတူ တစ်ပါတည်း ပါလာတဲ့ Android 4.4 (KitKat) ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ ရှိလာစေရန် ရည်မှန်းထားပါတယ်။ အဆိုပါ Android နောက်ဆုံး ဗားရှင်းကို ထည့်သွင်းအသုံးပြုဖို့ ဖုန်းမှာ အနည်းဆုံး RAM 512 MB ရှိရမှာ ဖြစ်ကာ ဒီ OS ဟာ ပိုမိုကြည့်ကောင်းလာပြီး ပြောင်းလဲပြင်ဆင်မှုတွေလည်း ဖန်တီးပေးထားပါတယ်။

ဖုန်းခေါ်ဆိုမှုမှာလည်း ဖုန်းဆက်မယ့်လူကို ရှာတဲ့အခါ Contacts ထဲမှာ ရှာတာ၊ ကိုယ့်အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေထဲက ရှာတာနဲ့ Google Account သုံးပြီး ရှာတာတွေပါ ထည့်သွင်းပေးထားပါတယ်။ နောက်ထပ် Hangout ဆိုတဲ့ App လေးလည်း ပါဝင်လာပါတယ်။ ဒီ App ဟာ SMS (Short Message), MMS (Multimedia Message) တွေနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကိုပါ တစ်စုတစ်စည်းတည်း ဖြစ်စေကာ သင့်သူငယ်ချင်းတွေ ပို့တဲ့အရာတွေကို ပိုမိုရှာရလွယ်ကူစေမှာပါ။

Google Search Platforms ရဲ့ Features အသစ်များစွာလည်း ဒီ OS အသစ်မှာ ပါဝင်လာပြီး Google မှာ သုံးစွဲသူရဲ့ စကားသံနဲ့ ရှာဖွေတဲ့ Voice Search အတွက်လည်း Hotwords တွေကို သုံးလို့ရလာပါပြီ။ ကမ္ဘာပေါ်မှာလည်း လူဦးရေက သန်းခုနစ်ထောင်လောက်သာ ရှိတာမို့လို့ အားလုံးက စိတ်ဝင်စားနေကြပြီး ပိုမိုအသုံးဝင်တဲ့ Features တွေပါဝင်လာတဲ့ ဒီ KitKat ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ တကယ်ပဲ ရှိလာနိုင်ပါ့မလားဗျာ?

Ref: GSM arena

Kangyi (Myanmar Consumer Guide)

RangonNewsDaily:: November . 1 .2013
Nexus 5 စမတ်ဖုန်းထွက်ရှိခြင်းနဲ့အတူ တစ်ပါတည်း ပါလာတဲ့ Android 4.4 (KitKat) ဟာ သုံးစွဲသူ သန်းတစ်
ထောင်ရှိလာစေရန် ရည်မှန်းထားပါတယ်။

ကျောက်တန်းမြို့နယ်တွင် စက်လှေတစ်စီး ရေအောက်ကျောက်ဆောင်နှင့် တိုက်မိနစ်မြုပ်

RangonNewsDaily:: November . 1 .2013
၁.၁၁.၂၀၁၃ရက်နေ့၁၀၁၅အချိန် ကျောက်တန်းမြို့နယ်၊ တံတားမြို့နယ်ခွဲ၊ (၁)ရပ်ကွက်နေ အေးဆွေ (ဘ)ဦးမြတ်သောင်း၊ မောင်းနှင်သော အလျား ၃၅ ပေ၊ အနံ ၈ ပေ၊ ရေစူး ၆ ပေရှိပြီး မြင်းကောင်ရေ (၂၂)ကောင်အင်ဂျင် တပ်ဆင်ထားသော အောင်ငြိမ်းချမ်းအမည်ရှိ သစ်သားစက်လှေသည်

ရန်ကုန်မြို့တွင် နှစ်ရက်အတွင်းမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွား

Photo: နှစ်ရက်အတွင်း နှစ်ကြိမ်မီးလောင်
Friday, November 1, 2013

ရန်ကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညနှင့် ၃၁ ရက် နံနက်က မီးလောင်မှု  နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၁ ရက်  နံနက် ၈ နာရီ ၄၅ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်၊ သုနန္ဒာပတ်လမ်းရှိ ဒေါ်တင်အေး၏ နေအိမ်တွင် တိုင်းရင်းဆေးဖော်စပ်ရာ၌ အသုံးပြုသော တောင်ဆိတ်ဆီများထည့်ထားသည့် ပုံးပေါ် ဖယောင်းတိုင်မီးတင်ထွန်းထားရာမှ ဖယောင်းတိုင်လဲကျပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်ရာသို့ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့ မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် အဖွဲ့တို့မှ အုပ်ချုပ်မှုယာဉ် ကိုးစီး၊ မီးသတ်ယာဉ် ၂၅ စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်အကြာ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ် ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
မီးလောင်မှုကြောင့် အိမ်နှစ်လုံးမီးလောင်ခဲ့ပြီး တန်ဖိုးငွေကျပ် ၃၉ သိန်းခန့် ဆုံးရှုံးခဲ့သောကြောင့် မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်တင်အေးကို ဝေဘာဂီနယ်မြေရဲစခန်းပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်ရပ်ကွက်၊ ရတနာလမ်းရှိ ရေသူဇာအပြုံး ကာရာအိုကေဆိုင်တွင် အောက်တိုဘာ ၃၀ ရက်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ ရေသူဇာအပြုံး ကာရာအိုကေဆိုင်ရှိ မီးဖိုခန်းမှ အကြော်ကြော်နေစဉ်ချိန်တွင် ဂက်စ်အိုးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ အကြော်ဆရာနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းဆိုင်နှင့်ကပ်လျက်ရှိ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့(Marie Stopes) ရုံးခန်းကိုလည်း မီးလောင်မှုကူးဆက်ခဲ့သည်။
ည ၇ နာရီ ၃၅ မိနစ် အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၇ နာရီ  မိနစ် ၅၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ရာ မီးသတ်ကားအစီး၂၀ ဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါမီးလောင်မှုကြောင့် ကာရာအိုကေဆိုင်ရှိ တီဗီနှင့်ဆောင်းဘောက်များ ပျက်စီးခဲ့သည်။
““ဆုံးရှုံးမှုတန်ဖိုးက ခုနစ်သောင်းရှိပါတယ်။ ကာရာအိုကေဆိုင်ကနေ စပြီး မီးလောင်တာပါ။ အကြော်ဆရာနှစ်ဦး ဒဏ်ရာရပါတယ်””ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ခရိုင်မှူးကြီးမြင့်အေးကပြောသည်။အဆိုပါကာရာအိုကေဆိုင်၏ တာဝန်ရှိသူကို ပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ရဲမှူးကြီးမြင့်အေးက ဆက်လက်ပြောသည်။

အောက်တိုဘာ ၃၀ ရက် ညက သင်္ဃန်းကျွန်းမြို့နယ်တွင် လောင်ကျွမ်းသော မီးကို မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ) 

7Day Daily
အောက်တိုဘာ ၃၀ ရက် ညက သင်္ဃန်းကျွန်းမြို့နယ်တွင် လောင်ကျွမ်းသော မီးကို မီးသတ်တပ်ဖွဲ့ဝင်များ ငြှိမ်းသတ်နေစဉ် ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: November . 1 .2013
ရန်ကုန်မြို့တွင် အောက်တိုဘာ ၃၀ ရက်ညနှင့် ၃၁ ရက် နံနက်က မီးလောင်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လူ့ခန္တာကိုယ်အကြောင်းအံ့အားသင့်ဖွယ်ရာအချက်တွေ

Photo: လူ့ခန္တာကိုယ်အကြောင်းအံ့အားသင့်ဖွယ်ရာအချက်များ
Friday, November 1, 2013

-အမျိုးသားတွေကတစ်နေ့ဆံပင်အချောင်းရေ 40ကျွတ်ပြီးအမျိုးသမီး
တွေကတစ်နေ့ဆံပင်အချောင်းရေ 70ကျွတ်တတ်ပါတယ်။
-သွေးထဲမှာရှိတဲ့ဆားပမာဏနဲ့ပင်လယ်ထဲမှာရှိတဲ့ဆားပမာဏအတူတူ
ပါပဲ။-သင့်အရပ်ဟာညဘက်မှာထက်မနက်ခင်းဘက်မှာပိုရှည်နေပါတယ်။
-တစ်နေ့မှာနှလုံးဟာခန္တာကိုယ်ထဲမှာအကြိမ် 1000 ခန့်သွေးလည်ပတ်
မှုရှိပါတယ်။-မျက်တောင်တွေဟာ 150 ရက်ကြာရင်သက်တမ်းကုန်ပါတယ်။
-မျက်ခုံးတစ်ဖက်မှာအမွေး 500ရှိပါတယ်။
-ပျှမ်းမျှအားဖြင့်လူ့ခန္တာကိုယ်မှာနာဗ်ဆဲလ်100ဘီလျံလောက်ရှိပါတယ်။
-မျက်လုံးဖွင့်ပြီးနှာမချေနိုင်ပါဘူး။

-အရိုးတွေကကွန်ကရစ်ထက်လေးဆပိုသန်မာပါတယ်။
-အရသာခံအဖုရဲ့သက်တမ်းကပျှမ်းမျှအားဖြင့်10 ရက်ပဲရှိပါတယ်။
-လူတွေဟာခုံညင်းမပါပဲမွေးလာပြီးအသက် 2-6 နှစ်အရွယ်ထိတိုင်အောင်
မထွက်လာသေးပါဘူး။
-ကလေးတွေကဆောင်းရာသီမှာကြီးထွားနှုန်းပိုမြန်ပါတယ်။
-မျက်စိတွေကဘ၀တစ်လျှောက်လုံးအရွယ်အစားတစ်မျိုးထဲပဲဖြစ်ပေမယ့်
နားရွက်နဲ့နှာခေါင်းတွေကတော့ဘယ်တော့မှကြီးထွားမှုမရပ်သွားပါဘူး။
-မွေးဖွားချိန်မှာအရို3း00 ခန့်ရှိပေမယ့်အရွယ်ရောက်လာချိန်မှာအရိုးတွေ
က206 ချောင်းပဲရှိပါတယ်။

-လူ့ဦးခေါင်းခွံကိုမတူညီတဲ့အရိုး 26 ချောင်းနဲ့ဖွဲ့စည်းထားပါတယ်။
-ဆံပင်တွေကလက်သည်းမှာရှိတဲ့တူညီတဲ့ဓာတ်တွေနဲ့ဖွဲ့စည်းထား
ပါတယ်။-နှာချေလိုက်တဲ့အခါလူ့ခန္တာကိုယ်တစ်ခုလုံးရဲ့လုပ်ငန်းဆောင်တာရပ်
တန့်သွားပါတယ်။
-လျှာကလူ့ခန္တာကိုယ်မှာအသန်စွမ်းဆုံးကြွက်သားပါ။
-ယေဘုယျအားဖြင့်လူတစ်ယောက်ဟာတစ်နေ့ကိုခြောက်ကြိမ်ဆီး
သွားလေ့ရှိပါတယ်။
-အစာတွေကပါးစပ်ကနေအစာအိမ်ဆီသို့ရောက်ရှိဖို့အချိန်ခုနှစ်စက္ကန့်
ကြာပါတယ်။-ကလေးတွေမှာလူကြီးတွေထက်အရသာခံအဖုပိုရှိပါတယ်။
-နှာချေလိုက်တဲ့အခါလေဟာတစ်နာရီ100မိုင်နှုန်းနဲ့ပျံ့နှံ့သွားပါတယ်။

ဇွန်
ကျန်းမာရေးစာတိုများစုစည်းမှု

RangonNewsDaily:: November . 1 .2013
-အမျိုးသားတွေကတစ်နေ့ဆံပင်အချောင်းရေ 40ကျွတ်ပြီးအမျိုးသမီး တွေကတစ်နေ့ဆံပင်အချောင်းရေ 70ကျွတ်တတ်ပါတယ်။ -သွေးထဲမှာရှိတဲ့ဆားပမာဏနဲ့ပင်လယ်ထဲမှာရှိတဲ့ဆားပမာဏအတူတူ ပါပဲ။-

လွိုင်ကော်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိ

Photo: လွိုင်ကော်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်ဘိန်းစိမ်းများ ဖမ်းဆီးရမိ
Friday, November 1, 2013

၃၁-၁၀-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(တောင်ကြီး)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော် မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာရွာနေ နေလင်းအောင် (ခ)မောင်ဝီ(၃၈)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေလင်းအောင်အားမတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ မမောနိကာ(ခ) မူကလဲ(၃၈)နှစ်အား နေအိမ်အိပ်ခန်းအတွင်း ပွိုင့် ၂၂ အမျိုးအစား ပြောင်းရှည်သေနတ်(၁)လက်၊ ခေါက်၍ရပြီး ၇.၆၂ အမျိုးအစားကျည်ဖြင့်ပစ်ခတ်ရသော ပြောင်းရှည်လုပ်သေနတ်(၁)လက်၊ တူမီး ပြောင်းရှည်သေနတ်(၁)လက်၊ လေသေနတ်(၁)လက်၊ ၅.၅၆ အမျိုးအစား ကျည်(၅၈)တောင့်၊ ပွိုင့် ၂၂ ကျည်(၄၃)တောင့်၊ ၇.၆၂ အမျိုးအစား ကျည်(၂)တောင့်၊ ၉ မမ ကျည်(၄၂)တောင့်၊ 91 အမျိုးအစား လက်ပစ်ဗုံး(၁)လုံး၊ M-16 ကျည်ဘောက်(၃)ခု၊ M-22 ကျည်ဘောက်(၂)ခုနှင့် အိပ်ယာခြေရင်းရှိ ရေခဲဗူး အတွင်းမှ ဘိန်းစိမ်း(၁)ကီလို၊ တန်ဘိုးငွေကျပ်(၆၅၀၀၀၀ိ/-) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် နေလင်းအောင် (ခ)မောင်ဝီနှင့် မမောနိကာ(ခ)မူကလဲတို့ ၂ ဦးအား လွိုင်ကော်မြို့မရဲစခန်း မယ(ပ)၃၁/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/ ၂၂(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသော နေလင်းအောင်(ခ)မောင်ဝီအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

RangonNewsDaily:: November . 1 .2013 
၃၁-၁၀-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၅) မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲ
တပ်ဖွဲ့စု(တောင်ကြီး)မှတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ လွိုင်ကော် မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ကုန်းသာရွာနေ နေလင်းအောင် (ခ)မောင်ဝီ(၃၈)နှစ်၏နေအိမ်သို့ ၀င်ရောက်ရှာဖွေ
ခဲ့သည်။

ဝန်ကြီးများခရီးစရိတ် များလွန်းကြောင်း လွှတ်တော်အမတ်များ ထောက်ပြ

RangonNewsDaily:: November . 1 .2013
လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် သမ၀ါယမ ဝန်ကြီးဌာန ဝန်ကြီးတွေရဲ့ ခရီးသွားလာရေးစရိတ် ဓါတ်ဆီ စက်ဆီအသုံးစရိတ် တင်ပြတောင်းခံငွေဟာ များပြားလွန်းနေကြောင်း ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြဆွေးနွေးခဲ့ပါတယ်။

iPad Air စရောင်းပြီ

Photo: iPad Air စရောင်းပြီ
Friday, November 1, 2013

တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Apple ရဲ့  Official Store တွေကနေ Apple ကုန်ပစ္စည်းကို သောကြာနေ့ကစလို့ စတင်ရောင်းချပြီဖြစ်ကြောင်း သိရ ပါတယ်။

ပုံမှာ မြင်တွေ့နေရတဲ့ လူငယ်က ကမ္ဘာပေါ်မှာ iPad Air တစ်လုံး စတင် ဝယ်ယူပိုင်ဆိုင်လိုက်နိုင်တဲ့ လူငယ် တစ်ဦး ဖြစ်ကြောင်း သတင်းများက ဆိုပါအတယ်။ သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ မှာ ဖြစ်ပါတယ်။ မနက် ၈ နာရီ အတိ စတိုးဆိုင်ဖွင့်တာနဲ့ ရောင်းချမှုကို စတင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုင်ရှေ့ မှာ ထုံးစံအတိုင်း လူအပြည့် စည်ကားနေပါတယ်။ သို့ပေမယ့် iPhone 5S စတင်ရောင်ချပေးတဲ့ နေ့ထက် အတန်းစီတဲ့ အရေအတွက် အနည်းငယ် နည်းနေကြောင်း Cnet မှ reporter တစ်ဦးက ခန့်မှန်း ပြောဆို ပါတယ်။

iPad Air တစ်လုံး တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၉၉ ဒေါ်လာ ဖြစ်ပါတယ်။ 16GB ဗားရှင်းအတွက်ပါ။ 32 GB, 64 GB, 128 GB တို့အတွက် ဈေးနှုန်း ဒေါ်လာ ၁၀၀ ဆီ မြင့်တက်မှာ ဖြစ်ပါတယ်။ 64 Bit architecture A7 chip ကို အသုံးပြုပြီး ပိုမိုမြန်ဆန် ပါးလွှာလာတဲ့ iPad တစ်လုံးပါ။ ကင်မရာ ကတော့ iPad 4 နဲ့ တူပြီး ပြောင်းလဲမှု သိပ် မရှိပါဘူး။ iPad Air အကြောင်း အသေးစိတ်ကို အောက်ပါ Apple Official Site မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://www.apple.com/ipad-air/

အောင်ခမ်း (smart.com.mm)

RangonNewsDaily:: November . 1 .2013
တစ်ကမ္ဘာလုံးမှာ ရှိတဲ့ Apple ရဲ့  Official Store တွေကနေ Apple ကုန်ပစ္စည်းကို သောကြာနေ့ကစလို့ စတင်ရောင်းချပြီဖြစ်ကြောင်း သိရ ပါတယ်။

"ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ"

Photo: "ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ"
Friday, November 1, 2013

Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။ 

ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်နေတယ်လို့ ပြောပြတဲ့ ခင်ဝင့်ဝါ ရဲ့ ဇာတ်ကား အတွက်ပြင်ဆင်မှု၊ ခံစားချက်တွေ ကို မေးကြည့်တော့ “သရုပ်ဆောင် အလုပ်အနေ နဲ့ပထမဆုံး ရိုက် တဲ့ကား လည်းဖြစ်တယ် ဆိုတော့ လေ့ကျင့်တယ်။ ပရိသတ် သဘောကျမလား ၊မကျလား ဆိုတာကို ရင်ခုန်နေတယ်။

မကြည်ဖြူ တို့ပေးတဲ့ ဇာတ်ကိုသေချာဖတ်တယ်။ ကာတွန်း နည်းနည်း ဆန်တဲ့ ပုံစံလေးတွေ ဆိုတော့ သေသေချာချာ လေ့ လာပါတယ်။ အကောင်းဆုံး ကြိုးစားနေ ပါတယ်။ ပရိသတ် တွေ အားပေးမယ် လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားမှာ ကာတွန်း ပုံစံမျိုး နတ်သမီးပုံစံ သရုပ်ဆောင်ရမှာပါ။ မကြည်ဖြူ ကလည်း ညီမနဲ့ လိုက်မယ် ထင်လို့ အကောင်းဆုံး ရွေးထားတာကို ကျေနပ်ပါတယ်။ ညီမက သရုပ်ဆောင် ကို အစိမ်းသက်သက် ဖြစ်နေတော့ ကောင်းတာ ၊ဆိုးတာ၊ ဝေဖန် ပေး ကြပါဦး လို့ ပြော ချင်ပါတယ်။ ကိုယ်က သင်တန်းဆင်းတာ လည်း မဟုတ်ဘူး။ လုပ်မှ လုပ်နိုင်ပါ့မလားလို့ သေချာလည်း စဉ်းစားတယ်။ သရုပ်ဆောင် အလုပ်က ပင်ပန်းတယ် ဆိုပေ မယ့် ကိုယ် ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက်ကိုပဲ ကျေနပ်ပါတယ်။ ပရိသတ်တွေက ဝေဖန်ပေးမှုတွေ နဲ့ အကောင်ဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပြပါတယ်။

ခင်ဝင့်ဝါက “သစ္စာနှင်းဆီ” “ရွှေစင်ဦး” ထုတ်လုပ်ရေး တို့နဲ့ ဇာတ်ကား ၁ဝကားစီ၊ ကား၂ဝ စာချုပ်ချုပ်ပြီး ဇာတ် ကားတွေ ရိုက်ကူး သွားမယ် လို့ပြောပြတာက “ညီမ တိုက်နှစ် တိုက်နဲ့ ကား ၁ဝကားစီ စာချုပ်ချုပ် ထားပါတယ်။ မကြည်ဖြူနဲ့ လည်း ဆက်ရိုက်ဖြစ်မှာပါ။ ညီမတို့က အလုပ် သဘောအရ စာချုပ်ချုပ် တာလောက်ပါပဲ။ ညီမတောင်း ဆိုတာလည်း သူတို့က လိုက်လျောတယ်။ ကားတွေကို ဆက်တိုက် ရိုက်သွားမှာပါ။ စာချုပ်ချုပ် ထားတာတွေက လည်း ဇာတ်တွေကို ညီမ ကြိုက်တဲ့ ဇာတ် ရှိရင် ညှိပြီး ရိုက် ပေးမယ်။ သူတို့ဘက်ကလည်း စဉ်းစားမယ်။ အားလုံးအကြိုက် ညှိပြီး ရိုက်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Popular Journal

RangonNewsDaily:: November . 1 .2013
Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။ ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့ ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ တယ်။

အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ် ဟု ဖြူဖြူကျော်သိန်းဆို

Photo: အိပ်မက်ဆုံရာ ပြိုင်ပွဲတွင် အဆိုပညာကိုသာ အဓိက အကဲဖြတ် ဟု ဖြူဖြူကျော်သိန်းဆို
Friday, November 1, 2013

များပြားလှသော သီချင်းဆို ပြိုင်ပွဲများအနက် ပရိသတ်များ ပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။ 
“ဖြူဖြူ တွေ့ရသလောက် ပြိုင်ပွဲဝင် တော်တော်များများက ဂီတကို တကယ်ရူးသွပ်ကြတယ်။ သူတို့ထဲမှာလည်း အလားအလာရှိတဲ့ ဖြူဖြူတို့ ဂီတလောကအတွက် အားထားရမယ့် ပြိုင်ပွဲဝင်တွေ တွေ့ပါတယ်။ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်တဲ့ နေရာမှာတော့ ဖြူဖြူတို့ ဒိုင်တွေက အသံကို အဓိက ကြည့်တယ်။ အသံကောင်းရမယ်။ အဆိုမှန်ရမယ်။ နောက်ပြီးတော့မှ စင်ပေါ်မှာ သူ ဘယ်လောက်အထိ လုပ်ပြနိုင်သလဲ။ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ဘယ်လောက် ဖမ်းစားနိုင်သလဲ ဆိုတာကြည့်ပြီး ကျန်တဲ့အမှတ်တွေ ပေးပါတယ်” လို့ အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်များကို အကဲဖြတ် အမှတ်ပေးမှုနဲ့ ပတ်သက်ပြီး ဖြူဖြူကျော်သိန်းက ဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်က တခြားသီချင်းဆို ပြိုင်ပွဲတွေနဲ့ မတူတဲ့အတွက် အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိကြောင်း၊ သီချင်းဆိုပြိုင်ပွဲ သက်သက်မဟုတ်ဘဲ ပြိုင်ပွဲဝင်တွေ ရဲ့ဝတ်စားဆင်ယင်မှု၊ Performance၊ အကအလှများနဲ့ ဖျော်ဖြေမှုပေးနိုင်ဖို့ ကြိုးစားထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ သီချင်း အမျိုးအစားစုံကို ယှဉ်ပြိုင်ရတဲ့ အတွက်လည်း ကိုယ်မသိသေးတဲ့ ဂီတအမျိုးအစားစုံကို ထိတွေ့ခွင့်ရစေကြောင်း၊ အားနည်းချက် အနေနဲ့ကတော့ ပြိုင်ပွဲကာလ နှစ်လအတွင်းမှာ ပြိုင်ပွဲဝင်တွေအနေနဲ့ လေ့ကျင့် ပြင်ဆင်မှု များစွာ ပြုလုပ်ရတဲ့အတွက် ဖိအားများ ရှိနိုင်သလို ပိုလည်း ပင်ပန်းကြောင်း ၎င်းကဆိုပါတယ်။

အိပ်မက်ဆုံရာ အစီအစဉ်မှာ ပြိုင်ပွဲဝင်တွေအပေါ် ဒိုင်တွေရဲ့အကဲဖြတ်မှုတွေက ပြိုင်ပွဲအတွင်းမှာသာမက ရှေ့ဆက်လျှောက် ရမယ့် ဂီတလမ်းခရီး အတွက်ပါ အကျိုးရှိစေကြောင်း၊ အကဲဖြတ် ဒိုင်များအပြင် Vocal Trainer တစ်ဦးဖြစ်တဲ့ ခိုင်မြဲသာရဲ့ သင်ကြားပြသမှု၊ ထောက်ပြ ဝေဖန်မှုတွေကလည်း ပြိုင်ပွဲဝင်များအတွက် အကျိုးကျေးဇူး များစေကြောင်း အိပ်မက်ဆုံရာ Season 1 ရဲ့ ပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ အာကာက သူ့ရဲ့အမြင်ကို ပြောပါတယ်။

The Voice Weekly

RangonNewsDaily:: November . 1 .2013
များပြားလှသောသီချင်းဆို ပြိုင်ပွဲများအနက်ပရိသတ်များပုံမှန်စောင့်ကြည့်လေ့ရှိတဲ့ အိပ်မက်ဆုံရာ အစီအစဉ်
ရဲ့ Season 7 မှာ အကဲဖြတ် ဒိုင်တစ်ဦးအဖြစ် ဆောင်ရွက်နေ တဲ့ တေးသံရှင် ဖြူဖြူကျော်သိန်းက ပြိုင်ပွဲဝင်များ
ကို အကဲဖြတ် အမှတ်ပေးတဲ့နေရာမှာ Performance ထက် အဆိုပညာကိုသာ အဓိက အကဲဖြတ်ပါတယ်လို The Voice ကိုပြောပါတယ်။

တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို

Photo: တရုတ်ပြည်က တင်သွင်းသော လျှပ်စစ်မီးပူများကတစ်ဆင့် ရုရှားကို ထောက်လှမ်းဟုဆို
Friday, November 1, 2013

တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်သည်။

ထိုအဝတ်မီးပူ များထဲတွင်ပါသည့် ကွန်ရက်များသည် ပေပေါင်း ၆၅၀ အတွင်းရှိ အခြားသော ကွန်ပျူတာများနှင့်လည်း ချိတ်ဆက်နိုင်စွမ်းရှိကာ ဗိုင်းရပ်စ်များ ထုတ်လွှတ်ခြင်း၊ ကူးစက်ခြင်း များကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

နိုင်ငံတော်ပိုင် ရုပ်သံဌာန၏ ကြေညာချက်ကြောင့် ယခုအခါ ရောင်းချသည့် စတိုးဆိုင်ကြီးများတွင် အကာအကွယ်အတွက် ပြင်ဆင်နေကြရပြီး မိမိတို့ထံမှ ဒေတာ အချက်အလက်များ ခိုးယူမည်ကို လွန်စွာ စိုးရိမ်နေကြရသည်။

ထိုမီးပူများ မည်မျှပျံ့နှံ့နေပြီး မည်သည့် မီးပူများတွင် ထောက်လှမ်းရေး စနစ်များပါကြောင်း မသိရသေးသော်လည်း၊ ကြိုးမဲ့စနစ်နှင့် ဝင်ရောက် ထောက်လှမ်း နိုင်သောကြောင့် ဆက်သွယ်ရေး စနစ်များကို လုံခြုံစိတ်ချရစေရေးအတွက် Password ထားပြီး သုံးကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

The Voice Weekly

RangonNewsDaily:: November . 1 .2013
တရုတ်ပြည်ကတစ်ဆင့် ရုရှားနိုင်ငံအတွင်းသို့ တင်သွင်းလာသော လျှပ်စစ် မီးပူများတွင် မိုက်ခရိုဖုန်းများနှင့် ကြိုးမဲ့ဆက်သွယ်ရေးစနစ် Wi-Fi များကို တပ်ဆင် ထားသောကြောင့် ထောက်လှမ်းရန် စီစဉ်ထားသည်ဟု သံသယရှိကြောင်း နိုင်ငံတော်ပိုင် ရုပ်သံဌာန တစ်ခုဖြစ်သည့် Rossiya ရုပ်သံက ထုတ်လွှင့် ကြေညာလိုက်သည်။

Bleeding gums ခေါ် သွားဖုံးသွေးယိုခြင်း အကြောင်းသိကောင်းစရာ

Photo: Bleeding gums သွားဖုံးသွေးယိုခြင်း 
Friday, November 1, 2013

(၁) သွေးနဲ့ပတ်သတ်ပြီး တခု‌လောက်သိချင်တာ‌လေး ‌မေးချင်ပါတယ်ဆရာ။ ကျွန်‌‌တော့မိခင် အသက်(၅၁) ဒီ‌နေ့မနက်‌‌လေးတင် သွားဖုံး ကြားထဲက‌သွေးထွက်လာပါတယ်။ တစိမ့်စိမ်ထွက်‌‌နေသဖြင့်‌ မကြာခဏ‌ထွေးထုတ်ပစ်‌‌နေရပါတယ်။ နှလုံး‌ရောဂါ၊‌လေးဘက်နာ‌ရောဂါ ရှိသည့်‌အပြင် သားအိမ်ကိုလည်း လွန်ခဲတဲ့ ၄ နှစ်‌‌လောက်ကထုတ်ခဲ့ပါတယ်။ ဒီလို‌သွေးထွက်တာဟာ စိုးရိမ်ရလား၊ အ‌သေးအမွှား‌ရောဂါလား သိချင်ပါတယ်။
(၂) ကျွန်တော် မနက်အိပ်ယာထပြီး မျက်နှာသစ်တဲ့အချိန်တိုင်းမှာ ပလုပ်အရင်ကျင်းပါတယ် (သွားမတိုက်ခင်)။ ပလုပ်ကျင်းလိုက်တာနဲ့ သွေးနည်းနည်းပါလာတယ်။ နောက် သွားတိုက်တော့လည်း သွေးထွက်လာတယ်။ တော်တော်များတယ်။ တခါတလေ သွေးခဲအဖတ်လေးတွေပါ ပါတယ်။ သွားတိုက်ဆေးကို colgate သုံးပြီး သွားတိုက်တန်ကို berman သုံးပါတယ်။ မနက်တခါ ညတခါ တိုက်ပါတယ်။ သွေးထွက်တာကို ပျောက်အောင် ဘာလုပ်သင့်ပါသလဲ။

သွားဖုံးကနေ သွေးယိုလာတာဟာ သာမန်ကာရှန်ကာ ဖြစ်နိုင်သလို၊ Gum disease သွားဖုံးရောဂါရှိနေတာလဲ ဖြစ်နိုင်တယ်။ ခဏခဏ သွေးယိုရင် Leukemia (လူကီးမီးယား) သွေးကင်ဆာ၊ Bleeding and platelet disorders သွေးယိုရောဂါတွေကို သံသယရှိဘို့ လိုတယ်။
Inadequate plaque သွားနဲ့ သွားဖုံး ထိစပ်နေတဲ့နေရာက ရှင်းထုတ်စရာတွေကို ကုန်အောင် မလုပ်တာကနေ အများဆုံးဖြစ်နိုင်တယ်။ Gingivitis ဆိုတဲ့ သွားဖုံးရောင်တာ ဖြစ်လာနိုင်တယ်။ မရှင်းဘဲထားတာတွေက Tartar ဆိုတာဖြစ်လာပြီး ကြာရင် သွေးယိုမယ်၊ ကံမကောင်းရင် Periodontitis မေးရိုးအထဲရောင်တာ ဖြစ်လာနိုင်တယ်။ 

တခြားဖြစ်နိုင်တဲ့ အကြောင်းခံတွေရှိတယ်။
• Any bleeding disorder သွေးယိုတတ်သူ၊ 
• Dengue fever သွေးလွန်တုပ်ကွေး၊
• Brushing too hard သွးတိုက်တာကြမ်းတမ်းတာ၊ 
• Hormonal changes during pregnancy ကိုယ်ဝန်ရှိစ ဟော်မုန်း အပြောင်းအလဲကြောင့်၊ 
• Idiopathic thrombocytopenic purpura သွေးရောဂါတမျိုး၊ 
• Ill-fitting dentures သွားတုတပ်တာ အထာမကျ၊
• Improper flossing သွားသန့်ရှင်းရေးလုပ်တာ မမှန်ကန်၊
• Infection ရောဂါပိုးဝင်တာ၊ 
• Leukemia (လူကီးမီးယား)၊ 
• Scurvy ဗီတာမင် စီ နည်း (စကာဗီ) ရောဂါ၊ 
• Blood thinners သွေးကျဲုဆေးသောက်နေရသူ၊ 
• Vitamin K deficiency ဗီတာမင် ကေ နည်းနေသူ။

Blood CBC သွေးစစ်တာ၊ X-rays ဓါတ်မှန်ရိုက်တာ လိုချင်လိုမယ်။ Bleeding time သွေးယိုကြာချိန် နဲ့ Clotting time သွေးခဲကြာချိန် များနေရင် ဆေးကုရမယ်။ ပုံမှန် Bleeding time = ၂-၉ မိနစ်။ Clotting time = ၅-၈ မိနစ်။ Disseminated intravascular coagulation, Haemophilia, Thrombocytopenia, Liver failure, Uremia, Congenital afibrinogenemia, Factor V deficiency နဲ့ Factor X deficiency သွေးရောဂါတွေ မဟုတ်တာ ဆရာဝန်က စစ်ဆေးမယ်။ 

အကြံပြုချက် -
- Plaque removal အတွက် သွားဆရာဝန်နဲ့ ၆ လ တခါပြသင့်တယ်။ 
- သွားတိုက်တာ နည်းမှန်ရမယ်။ သွားတိုက်တံ ရွေးတာ မပျော့လွန်း-မမာလွန်းတာ ရွေးပါ။ 
- အစာစားပြီးတိုက်တဲ့ အကျင့်က ကောင်းတယ်။ 
- ခံတွင်းသန့်ပေးဘို့ Salt water ဆားရည် ဒါမှမဟုတ် Hydrogen peroxide (ဟိုက်ဒရိုဂျင်-ပါအောက်ဆိုဒ်) ကောင်းတယ်။
- ကြောညာပြီးရောင်းတဲ့ Mouthwashes ပါးစပ်ဆေး ဆေးရည်ထဲမှာ Alcohol ပါတာ မကောင်းပါ။ 
- သွားကို Flossing တပါတ် ၂ ခါလုပ်ပါ။ 
- သွားရည်စာ ခဏခဏစားသူတွေ စားပြီးတိုင်း ပါးစပ်မဆေးရင် မကောင်းပါ။ 
- အချိုလျှော့စားတာ ကောင်းတယ်။ 
- ဗီတာမင် စီ နဲ့ ကေ မနည်းအောင် မျှတတဲ့အစားအစာ စားသောက်ပါ။
- Calcium (ကယ်လ်စီယမ်) သောက်တာလဲ သွေးယိုတာအတွက် အထောက်အကူပြုတယ်။ 
- ဆေး-ဆေးလိပ် မကောင်းပါ။ 
- Aspirin (အက်စ်ပရင်) ဆေးကို တကယ်မလိုဘဲ မသောက်ပါနဲ့။
- သွေးယိုလာရင် ရေအေးဝတ်နဲ့ ဖိထားပါ။
-	Bleeding gums (1) သွားဖုံးသွေးယိုခြင်း (၁) နဲ့ တွဲဖတ်ပါ။

Dr. တင့်ဆွေ

RangonNewsDaily:: November . 1 .2013
(၁) သွေးနဲ့ပတ်သတ်ပြီး တခု‌လောက်သိချင်တာ‌လေး ‌မေးချင်ပါတယ်ဆရာ။ ကျွန်‌‌တော့မိခင် အသက်(၅၁) ဒီ‌နေ့မနက်‌‌လေးတင် သွားဖုံး ကြားထဲက‌သွေးထွက်လာပါတယ်။ တစိမ့်စိမ်ထွက်‌‌နေသဖြင့်‌ မကြာခဏ‌ထွေးထုတ်ပစ်‌‌နေရပါတယ်။

"""အဆင့်မြင့်ငါးဈေးသစ်ကြီး ဆိုင်ခန်းများကို အရစ်ကျ ရောင်းချပေးသွားမည်"""

RangonNewsDaily:: November . 1 .2013
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် လှိုင်မြို့နယ် ဘုရင့်နောင်လမ်း သိရိမင်္ဂလာကုန်စိမ်းဈေးသစ်နှင့် ကပ်လျက်ရှိသော အဆင့်မြင့် ချမ်းမြေ့မင်္ဂလာငါးဈေးသစ်ကြီးမှ ဆိုင်ခန်းများကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (ဈေးများဌာန)က ထုတ်ပြန်ကြေငြာလိုက်သည်။

ဇီးဖြူသီး ( Emblic Myrobalan Indican Goose Berry ) အသုံးဝင်ပုံ

Photo: ကျန်းမာရေးစာတိုများစုစည်းမှု
ဇီးဖြူသီး ( Emblic Myrobalan Indican Goose Berry ) အသုံးဝင်ပုံ
Tuesday, October 1, 2013

ဆီးဖြူသီးသည် အသက်ကို ရှည်စေ၏။ ချောင်းဆိုး၊ ပန်းနား၊ လေနာတို့ ကို ပျောက်ကင်း စေ၏။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကို ထောင်း၍ အရည် ညှစ်ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်း သက်သာ ပျောက်ကင်း၏။
ဆီးဖြူသီး အခြောက် (သို့) အစိုကို သွေး၍ သံပရာရည် အနည်းငယ် ထည့်ပြီး အရေပြား ပေါ်တွင် ဖြစ်တက်သော ယားနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်များကို လိမ်းပေးနိုင်၏။ ကိုယ်ခန္ဓာ၏ ခုခံအားကို မြင့်တက် စေ၏။
ဆီးဖြူသီး အခြောက်မှုန့်ကို ထန်းလျက်၊ ပျားရည်၊ သကာရည်တို့နှင့် နယ်စားပါကဆီးပုပ်ရောဂါ ပျောက်၏။ ဆီးဖြူသီး အခြောက်ကို ငရှဥ့်သားနှင့် ချက်စားပါက ဒူလာ သွေးဝမ်းကျ ရောဂါ ပျောက်၏။

ဆီးဖြူသီးကို အညက်ကြိတ်၍ထိပ်အုံ ပေးပါက နှာခေါင်း သွေး လျှံခြင်း ပျောက်၏။အရွက်ကို ရေနှင့် သုံးခွက် တစ်ခွက်တင် ကျို၍ ရရှိသော အရည်ကို ပလုတ်ကျင်း ပေးခဲ့သော် လျှာကွဲခြင်း၊ ပါးစပ်ကွဲခြင်း၊ ပေါက်ခြင်းနှင့် ရေစီး ကမ်းပြို ခြင်းများ တခဏချင်း ပျောက်ကင်း၏။

ဆီးဖြူသီး ရွက်နုများကို ပုံးရည်ဖြင့် ကျွေးခဲ့သော် အစာမကြေခြင်း၊ ၀မ်းသက်ခြင်းများ ပျောက်ကင်း၏။ ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်ပြီး အုန်းဆီနှင့် ရော၍ ကလေးများ၌ ဖြစ်တက်သော ကျဗဟုံးနာများကို လိမ်းပေးက ပျောက်၏။ မီးလောင်၊ ရေနွေးပူ လောင်သော အနာများတွင် ဆီးဖြူရွက်ကို အကျွမ်းလှော်၍ အမှုန့်ပြုပြီး ဖြူးပေးရ၏။

Credit To
Mg Mandalay

RangonNewsDaily:: November . 1 .2013
ဆီးဖြူသီးသည် အသက်ကို ရှည်စေ၏။ ချောင်းဆိုး၊ ပန်းနား၊ လေနာတို့ ကို ပျောက်ကင်း စေ၏။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကို ထောင်း၍ အရည် ညှစ်ယူပြီး သံပရာရည်နှင့် သောက်လျှင် ချက်ချင်း သက်သာ ပျောက်ကင်း၏။

ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ဥပဒေ ပြင်ဆင်မည်

Photo: ငြိမ်းချမ်းစွာစုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ဥပဒေ ပြင်ဆင်မည်
Tuesday, October 1, 2013

ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

လက်ရှိ ပုဒ်မ ၁၈ မှာ ပြဌာန်းချက်အရ ဆန္ဒပြခွင့်ကို သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ၅ ရက် ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုမှသာ ဆန္ဒပြခွင့်ရှိတာဖြစ်ပါတယ်။

လွှတ်တော်က ပြင်ဆင်မယ့်အချက်မှာ အရင်ကလို ဆန္ဒပြခွင့်တောင်းခံစရာမလိုတော့ဘဲ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို ကျင့်သုံးနိုင်မှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က အခုလို ပြောပါတယ် ။

“ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြန်ပြင်ကြတော့မယ်၊ ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ဖို့အတွက် လျှောက်လွှာတင်စရာ မလိုတော့ဘူး၊ အရင်တုန်းက လျှောက်လွှာတင်ရတယ်၊ ခွင့်မပြုရင် ဒီအတိုင်းထွက်ပြတဲ့အခါ ပုဒ်မ ၁၈ နဲ့ အရေးယူခံရတယ်၊ ခွင့်ပြုစရာလည်းမလိုဘူး၊ နိုင်ငံသားတွေရဲ့ အခွင့်အရေးဟာ မိမိဆန္ဒကို ဥပဒေဘောင်နဲ့အညီ ဖော်ထုတ်ခွင့်ရှိတယ်၊ မကြာခင် အဲဒီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ထွက်လာပါပြီ၊ မကြာခင် အကောင်အထည်ဖော်တော့မှာဖြစ်တယ်”

လက်ရှိမှာ လယ်သမား၊ အလုပ်သမားအရေးနဲ့ မြေယာသိမ်းဆည်းမှုတွေကို ကန့်ကွက်ဆန္ဒပြသူအများအပြား ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတာတွေရှိသလို ထောင်ဒဏ် အပြစ်ပေးခံထားရသူတွေလည်း ရှိနေပါတယ်။

ဒီ ပုဒ်မ ၁၈ ကို ပြင်ဆင်နိုင်ဖို့အတွက် သူရဦးအောင်ကို ဥက္ကဌအဖြစ်ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက်နဲ့ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေမှာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁ နှစ်အထိ သို့မဟုတ် ငွေဒဏ် ကျပ်သုံးသောင်းအထိ ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရနိင်တယ်လို့ ပြဌာန်းထားပါတယ်။

RFA

RangonNewsDaily:: November . 1 .2013
ပုဒ်မ ၁၈ ငြိမ်းချမ်းစွာစုဝေးခြင်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်တော့မယ်လို့ ရန်ကုန်တိုင်း
ဒေသကြီး အလုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ဒီနေ့ ပြည်သူ့လွှတ်
တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

လျှပ်စစ်သုံးစွဲခသတ်မှတ်ချက်မှာနိုင်ငံတကာနှင့်ပြောင်းပြန်ဖြစ်နေဟု စီးပွားရေးလုပ်ငန်းရှင်များ သုံးသပ်

RangonNewsDaily:: November . 1 .2013
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲခသတ်မှတ်ချက်မှာ နိုင်ငံတကာတွင်ကျင့်သုံးသည့်အလေ့အထများနှင့်

ပြောင်းပြန်ဖြစ်နေပြီး လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲမှုအား မလိုလားသည့်အသွင် ဆောင်နေကြောင်းစီးပွားရေး
လုပ်ငန်းရှင်များက ထောက်ပြပြောဆိုလိုက်သည်။

အမေရိကန်က ကုလသမဂ္ဂကို စပိုင်မလုပ်ဟု အာမခံ

Photo: အမေရိကန်က ကုလသမဂ္ဂကို စပိုင်မလုပ်ဟု အာမခံ
Friday, November 1, 2013

အမေရိကန်အစိုးရသည် ကုလသမဂ္ဂ၏ အတွင်းရေးများကို စပိုင်လုပ်မည် မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Mattin Nesirky က ဆိုသည်။ သြဂုတ်လ အတွင်းက ဂျာမနီမှ အပတ်စဉ် သတင်းစာ Der Spiegel က အမေရိကန် စပိုင် အေဂျင်စီသည် ၂၀၁၂ နှစ်လယ်ပိုင်း ကာလများအတွင်း  ကုလသမဂ္ဂ၏ ကွန်ပျူတာ စနစ်များအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ရေးသားပြီးနောက်ပိုင်း ယခုကဲ့သို့ ကတိပေးစကား ပြောခဲ့ခြင်းဖြစ်သည်။

သတင်းစာတွင် ဖော်ပြချက်အရ ကုလသမဂ္ဂ သံအမတ်များ၏ အတွင်းရေးများ၊ အများနှင့် မသတ်ဆိုင်သော သတင်း အချက်အလက် များစွာကို ကြားဖြတ်နားထောင်ခဲ့သည်ဟုလည်း စွပ်စွဲထားသည်။ စနိုးဒင်ထံမှ ရသော မှတ်တမ်း တစ်ခု၌ ၂၀၁၁ခုနှစ်အတွင်း တရုတ်လျို့ဝှက် ထောက်လှမ်းရေးက ကုလသမဂ္ဂတွင် ကြားဖြတ်နားထောင်မှုကို ဖမ်းမိသည့်ဖြစ်ရပ် တွင်လည်း နောက်ကွယ်က NSA ပါဝင်သည်ဟု ဆိုထားသည်။

ထိုမျှမက Der Spiegel က ၂၀၁၂ စက်တင်ဘာလ နယူးယောက်တွင် အီးယူအဖွဲ့၏ ရုံးခန်းသစ် ပြောင်းရွှေ့ချိန်ကလည်း မှတ်တမ်း မှတ်ရာများ ထောက်လှမ်း ခံရသည်ဟုလည်း ရေးသားထားသည်။ အချို့မီဒီယာများကမူ ပြင်သစ်၊ ဂျာမနီနှင့် ကုလသမဂ္ဂသည် NSA ၏ ပစ်မှတ်အဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်ဟု ပြောဆိုလျှက် ရှိသည်။

အောက်တိုဘာ ၃၀ရက်က Nesirky နှင့် သတင်းထောက်များ တွေ့ဆုံချိန်တွင် အမေရိကန် အနေဖြင့် ကုလသမဂ္ဂ၏ ဆက်သွယ်ရေး ကွန်ရက်ကို အတိတ်မှာရော ၊ အနာဂတ်မှာပါ မစောင့်ကြည့်ခဲဟု သူက ယုံကြည်ကြောင်းဆိုသည်။ သို့သော်လည်း သတင်းထောက်များက အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ တယ်လီဖုန်းနှင့် ဗီဒီယို ဆွေးနွေးခန်များကို ကြားဖြတ်နားထောင်ခဲ့သည့် သတင်းအတွက် မေမြန်းခြင်းကိုမူ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာ့ခေတ်

RangonNewsDaily:: November . 1 .2013
အမေရိကန်အစိုးရသည် ကုလသမဂ္ဂ၏ အတွင်းရေးများကို စပိုင်လုပ်မည် မဟုတ်ကြောင်း အာမခံချက်ပေးခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Mattin Nesirky က ဆိုသည်။ သြဂုတ်လ အတွင်းက ဂျာမနီမှ အပတ်စဉ် သတင်းစာ Der Spiegel က အမေရိကန် စပိုင် အေဂျင်စီသည် ၂၀၁၂ နှစ်လယ်ပိုင်း ကာလများအတွင်း ကုလသမဂ္ဂ၏ ကွန်ပျူတာ စနစ်များအတွင်း ထိုးဖောက်ဝင်ရောက်ခဲ့သည်ဟု ရေးသားပြီးနောက်ပိုင်း ယခုကဲ့သို့ ကတိပေးစကား ပြောခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးမဲခွဲမှုအား နိုဝင်ဘာ ၆ရက်တွင် ကျင်းပမည်

RangonNewsDaily:: November . 1 .2013
(၂၇) ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲဘောလုံးပွဲစဉ်များ၏ အုပ်စုမဲခွဲပွဲကို နို ဝင်ဘာ ၆ရက်တွင် ဝဏ္ဏသိဒ္ဓိကွင်း တွင်

ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(၂၇)ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ် သောကြောင့် မြန်မာနိုင်ငံက မဲ ခွဲပွဲအား ဦးဆောင်ကျင်းပခြင်းဖြစ် ပြီး ဘောလုံးပြိုင်
ပွဲများနှင့်ပတ် သက်၍ မြန်မာနိုင်ငံဘောလုံးအ ဖွဲ့ချုပ်က တာဝန်ယူကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေး မူနှစ်ခုအပေါ် ပြေလည်မှုမရရှိသေး

Photo: အပစ်အခတ်ရပ်စဲရေး မူနှစ်ခုအပေါ် ပြေလည်မှုမရရှိသေး

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံဒုတိယနေ့ကို  ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ဒီနေ့ကျင်းပရာ  UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အစိုးရဖက်ကတင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး မူနှစ်ဖက်အပေါ် ပြေလည်မှုမရသေးကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

အစိုးရဖက်က တင်ပြထားတဲ့ အပစ်ခတ်ရပ်စဲရေးမူနဲ့ UNFC မူမှာ ကွာဟချက်တွေ ရှိနေသေးတာကြောင့် တိုင်းရင်းသားခေါင်းဆောင်တွေကြားထဲ အမြင်သဘောထားတစ်ခုတူညီအောင် ဆက်လက်ညှိနှိုင်းရဦးမှာဖြစ်တယ်လို့ UNFC အထွေထွေအတွင်းရေးမှူးလည်းဖြစ် လိုင်ဇာညီလာခံ ကျင်းပရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်တဲ့ နိုင်ဟံသာက ပြောပါတယ်။

“ပထမကတော့ UNFC ကတင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာပေါ့ဗျာ၊ UNFC အနေနဲ့ ဘယ်လိုရပ်တည်မယ်ဆိုတဲ့ သဘောထား အဲဒါကိုတင်ပြကြတယ်၊ နောက်ပြီးတော့ အစိုးရဘက်ကတင်ပြတဲ့ ဒီအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောထားပေါ့နော်၊ အဲဒီစာတမ်းအပေါ်မှာ ကျနော်တို့ သုံသပ်ကြတယ်၊ အဲဒီလို ကျနော်တို့ သုံးသပ်ပေမယ့် အခုဟာက ဆုံးဖြတ်ချက်တွေ မကျနိုင်သေးဘူးဗျ”

 UNFC က တင်ပြထားတဲ့မူထဲမှာ နှစ်ဖက်တပ်နေရာချထားရေးပါရှိပေမယ့် အစိုးရကတင်ပြထားတဲ့မူထဲမှာ အဲဒီအချက်ပါရှိတာ မတွေ့ရဘူးလို့လည်း သိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်နေတဲ့ လိုင်ဇာညီလာခံကနေ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် သဘောထားအမြင်တူညီတဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီး အစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်မှုကော်မတီဝင်တွေနဲ့ လာမယ့် နိုဝင်ဘာလ ပထမအပတ်ထဲမှာ တွေ့ဆုံဆွေးနွေးသွားဖို့ဖြစ်ပါတယ်။

ညီလာခံကို မနေ့က အောက်တိုဘာလ ၃၀ ရက်နေ့ကနေ မနက်ဖြန် နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး မနက်ဖြန်မှာတော့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံး ဘုံသဘောတူညီချက်တစ်ခု ချမှတ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

RangonNewsDaily:: November . 1 .2013
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံဒုတိယနေ့ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့
မှာ ဒီနေ့ကျင်းပရာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အစိုးရဖက်က
တင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး မူနှစ်ဖက်အပေါ် ပြေလည်မှုမရသေးကြောင်း ညီလာခံဖြစ်မြောက်ရေး
ကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

ကျောင်းသူကလေးငယ်တစ်ဦးကို သားမယားအဖြစ် ဆက်ဆံပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေသူများအား အမှုဖွင့်စစ်ဆေးနေ

RangonNewsDaily:: November . 1 .2013
၁၃ နှစ်အရွယ်ကလေးငယ်ကို အမျိုးသားတစ်ဦးက အကြိမ်ကြိမ်ကာမဆက်ဆံပြီးနောက် ပြည့်တန်ဆာ အိမ်သို့ ရောင်းချစေခိုင်းခဲ့မှုကြောင့် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးစစ်ဆေးနေကြောင်း အခင်းဖြစ် မြို့နယ်ဖြစ်သည့် လှိုင်သာယာမြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဌေးဝင်းက အောက်တိုဘာ ၃၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

အောက်တိုဘာ ၃၀ ရက် ညပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင် ကေတီဗွီတစ်ခုတွင် ဂက်စ်မီးဖိုမှ မီးလောင်မှု ဖြစ်ပွား

RangonNewsDaily:: November . 1 .2013
သင်္ဃန်းကျွန်းမြို့နယ် ဘ၀မြင့်ရပ်ကွက်တွင်ရှိသော ရေသူမအပြုံး (Mermaid Smile KTV) ဆိုင်တွင် အောက်

တိုဘာ ၃၀ ရက် ညက မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။မီးလောင်မှုမှာ ယင်းနေ
့ ည ၇ နာရီ ခွဲခန့်က ကေတီဗွီ မီးဖိုခန်းအတွင်းမှ စတင်လောင်ကျွမ်းခဲ့ကြောင်းကို ရဲတပ်ဖွဲ့စစ်ဆေးတွေ့ရှိခဲ့
သည်။

အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း

Photo: အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း
Friday, November 1, 2013

နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။


နေလောင်ဒဏ် သက်သာစေခြင်း

နနွင်းမှုန့်ဟာ နေပူဒဏ်ခံရတာကြောင့် ဖြစ်တဲ့ အရေပြားထိခိုက်မှုနဲ့ အရေပြား အရောင် ညစ်နွမ်းမွဲခြောက်မှုတို့ကို သက်သာစေပါတယ်။

ဝက်ခြံပျောက်စေခြင်း

နနွင်းမှုန့်ဟာ အရေပြားရှိ ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေတဲ့အတွက် ဝက်ခြံကို ပျောက်စေပါတယ်။

အိုမင်းမှုကို နှေးကွေးစေခြင်း

နနွင်းမှုန့်မှာ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တာကြောင့် အသားအရေ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။

အသားအရေ ဝင်းပစေခြင်း

နနွင်းမှုန့်ကို လိမ်းပေးတာနဲ့ စားတာဟာ အသားအရေကို ကြည်လင် တောက် ပစေပါတယ်။ မျက်နှာအသားအရေကိုလည်း အဖုအပိမ့်ကင်းကာ ဝင်းပစေပါတယ်။

အရေပြားပြဿနာများကို သက်သာစေခြင်း

နနွင်းမှုန့်မှာ နှင်းခူ၊ ဆိုးရီးယေးစစ်နဲ့ နီမြန်းယားယံတဲ့ အရေပြားပြဿနာတွေကို သက်သာစေတဲ့အစွမ်း ရှိပါတယ်။ အရေပြားမှာ ဖြစ်ပေါ်တဲ့ အကြောပြတ် ရာတွေကိုလည်း မှိန်ဖျော့သွားစေပါတယ်။ အသားအရေ ကျန်းမာလှပရေးအတွက် နနွင်းမှုန့်

အသုံးပြုနည်း

နနွင်းမှုန့်ကို စားမည်ဆိုလျှင် - နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ သကြား လက်ဖက်စားဇွန်း တစ်ဇွန်းကို ရေနွေးပူပူထဲ ထည့်မွှေကာ စားပေးပါ။ နေ့စဉ် မှန်မှန် စားပေးပါက အသားအရေက ဖြည်းဖြည်းချင်း ပိုမိုလှပလာပါလိမ့်မယ်။
နနွင်းမှုန့်ကို လိမ်းမည်ဆိုလျှင် - နနွင်းမှုန့်ကို ရေနဲ့စေးပျစ်တဲ့ အနှစ်ရတဲ့အထိ မွှေပြီးအရေပြားပေါ် လိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာရင် ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

ကြယ်စင်
Good Health

RangonNewsDaily:: November . 1 .2013
နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင်အသားအရေ ပြဿနာတွေကိုလည်း ဖြေ
ရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လို
ကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။

အမေရိကန်ရဲ့ ဖုန်းခိုးနားထောင်ခံရမှု အင်ဒိုနီးရှားနိုင်ငံလည်းဖြေရှင်းချက်တောင်းပြီ

Photo: ကန်ဖုန်းခိုးနားထောင်တဲ့ကိစ္စ အင်ဒိုလည်း ဖြေရှင်းချက်တောင်း
Thursday, October 31, 2013 

အမေရိကန်ရဲ့ ဖုန်းခိုးနားထောင်မှုကို ဖြေရှင်းချက်တောင်းတဲ့ ကမ္ဘာ့နိုင်ငံတွေ
အထဲမှာ အင်ဒိုနီးရှားနိုင်ငံကလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ သူတို့ရဲ့သံရုံးတွေကနေတဆင့် လျှို့ဝှက်ထောက်
လှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက်
ပိုင်း ဂျာကာတာ မြို့တော်အခြေစိုက် အမေရိကန်သံကိုယ်စားလှယ်ကို တရားဝင် ဖြေရှင်းချက်ပေးဖို့ အင်ဒိုနီးရှား အစိုးရက တောင်းဆိုလိုက်ပါတယ်။

ဒီကိစ္စတွေဟာ မှန်ကန်ခဲ့မယ်ဆိုရင် အမေရိကန်ရဲ့ လုပ်ရပ်ဟာ လုံခြုံရေး ချိုးဖောက်မှု၊ ကြီးမားတဲ့ သံတမန်ရေးဆိုင်ရာ ချိုးဖောက်မှု တွေ ဖြစ်တဲ့
အတွက် မိတ်ဘက်နိုင်ငံများဆိုတဲ့ အချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ထုတ်ဖော် 
ပြောဆိုခဲ့ပါတယ်။

ဝရမ်းပြေး အမေရိကန် ထောက်လှမ်းရေး ၀န်ထမ်းဟောင်း Edward Snowden ရဲ့ ထုတ်ဖော်မှုကို အခြေခံပြီး ကမ္ဘာ့ သတင်းမီဒီယာတွေက အမေရိကန်ရဲ့ ဖုန်းကြားဖြတ် နားထောင်မှုအကြောင်း အကျယ်အ၀န့် ဖော်ပြ
ခဲ့ကြတာ ဖြစ်ပြီး သြစတြေးလျနိုင်ငံထုတ် Sydney Morning Herald သတင်းစာရဲ့ အဆိုအရ အရှေ့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ မှာ အမေရိကန်က စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်း ကိရိယာတွေ ထားရှိတယ်လို့ ဆိုပါတယ်။

အဲဒီမြေပုံမှာ  အမေရိကန်က စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်း ကိရိယာ ထားရှိတဲ့ နေရာ ၉၀ ကို ပြသတဲ့ လျှို့ဝှက် မြေပုံတခုကို ဂျာမနီ သတင်း
မီဒီယာ Der Spiegel က ဖော်ပြခဲ့ပါတယ်။

အဲဒီနေရာ ၉၀ ထဲမှာ Indonesia, Malaysia, Thailand, Cambodia နဲ့ Myanmar နိုင်ငံလည်း အပါအ၀င် ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမေရိကန်ရဲ့ အထူးမိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ Australia, New Zealand, Britain, Japan နဲ့ Singapore တွေကတော့ မပါဝင်ဘူးလို့ သိရပါတယ်။

တခြား ဖြစ်ရပ်တခုမှာတော့ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီဟာ ကမ္ဘာ့ ကုလသမဂ္ဂ ရဲ့ လုံခြုံရေးကွန်ယက်ထဲကို ချိုးဖောက်ဝင်ရောက်
 ထောက်လှမ်းမှုတွေရှိခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက်
ပိုင်းမှာတော့ ကုလသမဂ္ဂကို လျှို့ဝှက်ထောက်လှမ်းမှု လုပ်မနေသလို 
နောက်လည်း လုပ်ဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြား
လိုက်ပါတယ်။

ABC

RangonNewsDaily:: November . 1 .2013
အမေရိကန်ရဲ့ ဖုန်းခိုးနားထောင်မှုကို ဖြေရှင်းချက်တောင်းတဲ့ ကမ္ဘာ့နိုင်ငံတွေ အထဲမှာ အင်ဒိုနီးရှားနိုင်ငံက
လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

ရုရှားသမ္မတ ကမ္ဘာ့ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာ

Photo: ရုရှားသမ္မတ ကမ္ဘာ့ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာ
Thursday, October 31, 2013 

ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ကနေ ဒီနှစ်အတွင်း သြဇာ
အာဏာအရှိဆုံး ပုဂ္ဂိုလ် ၇၀ ကျော် စာရင်းကို မနေ့က ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာ ရုရှားနိုင်ငံ သမ္မတ Vladimir Putin ဟာ အဆင့် တစ် နေရာကို ရရှိခဲ့ပြီး ၂၀၁၃ခုနှစ် ကမ္ဘာ့ သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

မြင်းစာကျွေးနေနဲ့ ရုရှားသမ္မတ Vladimir Putin

ရုရှား သမ္မတ ဟာ ထိပ်ဆုံး နံပါတ်တစ်နေရာကို ရရှိနေကြ အမေရိကန် သမ္မတ Barack Obama ကို ကျော်ပြီး နံပါတ်တစ်နေရာ ရခဲ့တာဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ကမ္ဘာ့ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်ရဲ့ စာရင်းထဲမှာ အရင်က အမေရိကန် သမ္မတ Barack Obama က ထိပ်ဆုံး နံပါတ်တစ် နေရာကို သုံးနှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ အဆိုအရ ရုရှားသမ္မတဟာ နိုင်ငံတွင်းမှာ ၁၃ နှစ်ကြာ အုပ်ချုပ်ခဲ့ပြီး ဆက်လက်ပြီးတော့လည်း အာဏာကို အခိုင်အမာ ဆုပ်ကိုင်နိုင်ပေမယ့် အမေရိကန်သမ္မတ ကတော့ ပြည်တွင်းရေး
 ပြဿနာတွေနဲ့ လုံးပမ်းနေရတဲ့အတွက်  သြဇာအာဏာ ကျဆင်းလာနေ
တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင်ပင်းကတော့ သမ္မတ Barack Obama ရဲ့နောက်ကနေလိုက်ပါတယ်။ လူဦးရေ ၁ ဒသမ ၂ ဘီလီယံလောက်ကို ဦးဆောင်နေရတဲ့ ဘာသာရေးခေါင်းဆောင်ကြီး ပုပ်ရဟန်း မင်းကြီး ဖရန်းစစ် က စတုတ္ထ အဆင့်မှာ ရှိနေပါတယ်။

ဂျာမနီနိုင်ငံက ၀န်ကြီးချုပ် Angela Merkel ကတော့ ပဉ္စမ အဆင့်မှာ
ရှိနေပြီး နိုင်ငံခေါင်းဆောင် ၇၂ ယောက်ထဲမှာ ပါတဲ့ အမျိုးသမီးခေါင်းဆောင် ကိုးဦးထဲက တစ်ဦးဖြစ်ပါတယ်။

သတင်းမီဒီယာ အင်ပါယာပိုင်ဆိုင်တဲ့ Rupert Murdoch နဲ့ သူ့ရဲ့မိသားစု
တွေကတော့ အဆင့် ၃၃ မှာရှိနေပါတယ်။

ABC
မြင်းစာကျွေးနေနဲ့ ရုရှားသမ္မတ Vladimir Putin
RangonNewsDaily:: November . 1 .2013
ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ကနေ ဒီနှစ်အတွင်း သြဇာ အာဏာအရှိဆုံး ပုဂ္ဂိုလ် ၇၀ ကျော် စာရင်း
ကို မနေ့က ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာ ရုရှားနိုင်ငံ သမ္မတ Vladimir Putin ဟာ အဆင့် တစ် နေရာကို ရရှိ
ခဲ့ပြီး ၂၀၁၃ခုနှစ် ကမ္ဘာ့ သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။

မိဘမေတ္တာ တုနှိုင်းဖွယ်ရာမရှိပါ

Photo: ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ (ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)
Thursday, October 31, 2013

ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..

"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"

ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေး တစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျ လျက်ရှိပါတယ်..။

ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"

ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။

"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။

အောင်ထွန်းဦး
အေးမြသာစည်ရွာ

RangonNewsDaily:: November . 1 .2013
ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေး
လုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီးအလောင်းကို
တွေ့ရှိခဲ့ရပါတယ်..။

ညလုံးပေါက် အချိန်ပို အလုပ်စေခိုင်းသည့် အလုပ်ရှင်များကို အရေးယူမည်

RangonNewsDaily:: November . 1 .2013
အစိုးရက တရားဝင်ခွင့်ပြုသောအချိန်ပိုနာရီထက်ပိုမိုခိုင်းစေခြင်းနှင့်ညလုံးပေါက်အချိန်ပိုအလုပ်စေခိုင်းသည့်
အလုပ်ရှင်များကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း၊ သာမန်လုပ်ငန်းများအတွက် တရက် အချိန်
ပို ၃ နာရီ နှင့် စနေနေ့တွင် အချိန်ပို ၅ နာရီ စုစုပေါင်း တပတ်လျှင်အချိန်ပို နာရီ၂၀သာအလုပ်စေခိုင်းရမည်
ဖြစ်ကြောင်း၊

ဇနီးဖြစ်သူမှ ဖေ့စ်ဘွတ်ပေါ် ဓာတ်ပုံတင်၍ အိန္ဒိယဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

RangonNewsDaily:: November . 1 .2013
မိမိ၏ကြင်စဦးဇနီးမှ ဖေ့စ်ဘွတ်ပေါ်ဓာတ်ပုံတင်သည့်အကြောင်းဖြင့် အချင်းများပြီးနောက် MNC ၌လုပ်ကိုင်
နေသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးသည် ယမန်နေ့က မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။