Pages

Wednesday, October 30, 2013

လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ

Photo: လုပ်ခ တိုးပေးရန် တိုင်ကွန်း အထည်ချုပ်လုပ်သား ၅၀၀ ကျော် ဆန္ဒပြ
Wednesday, October 30, 2013

ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက် တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

အလုပ်ချိန်အဖြစ် နံနက် ၇ နာရီ ၃၀ မိနစ်မှ ည ၇ နာရီအထိ အလုပ်လုပ် ကိုင်ရပြီး ပုံမှန်အချိန်ပို အလုပ်ချိန်အဖြစ် ည ၉ နာရီ အထိ အလုပ်လုပ်ကိုင် ရကြောင်း၊ အော်ဒါအပေါ် မူတည်ကာ တစ်ခါတစ်ရံ ည ၁၁ နာရီ အထိ အလုပ် လုပ်ကိုင်ရသော်လည်း လုပ်သားတစ်ဦး၏ တစ်လစာ လုပ်အားခမှာ ကျပ်ရှစ်သောင်း သာ ရရှိသဖြင့် လုပ်အားခ တိုးပေးရန် ဆန္ဒပြခြင်း ဖြစ်ကြောင်း ဆန္ဒပြ လုပ်သားတစ်ဦးက ပြောကြားသည်။
လုပ်အားခ နေ့စဉ်ကြေးအဖြစ် တစ်ရက်လျှင် ၂၀၀ ကျပ် တိုးပေးရန်၊ ရှားပါး စရိတ် ၅၀၀ ကျပ် တိုးပေးရန်၊ အလုပ်ချိန်ကို နံနက် ၈ နာရီမှ ည ၇ နာရီ အထိသာ သတ်မှတ်ပေးရန် အပါအဝင် အချက် ခြောက်ချက်ကို တောင်း ဆိုခြင်း ဖြစ်ကြောင်း၊ ယင်းတောင်းဆိုချက်များ ရရှိရေး အလုပ်ရှင်နှင့် ညှိနှိုင်းရာတွင် လုပ်ခ တိုးရေးနှင့် အလုပ်ချိန် လျှော့ချရေး အချက် သုံးချက်ကို အလုပ်ရှင်က လိုက်လျောခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

ယင်း တောင်းဆိုမှုများကို ရရှိရေးအတွက် အငြင်းပွားမှု ညှိနှိုင်း ဖျန်ဖြေရေး အဖွဲ့သို့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် တင်ပြထားကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရှိရသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ တိုင် ကွန်း အထည်ချုပ်စက်ရုံ မန်နေဂျာထံသို့ လူကိုယ်တိုင် သွားရောက် မေးမြန်း ခဲ့သော်လည်း အလုပ်မအားသေး၍ ပြန်လည် မဖြေနိုင်သေးကြောင်း စက်ရုံလုံခြုံရေးမှ တစ်ဆင့် ပြန်လည် ပြောဆိုသည်။

တိုင်ကွန်း အထည်ချုပ်စက်ရုံ ဖွင့်လှစ်ထားသည်မှာ တစ်နှစ်ခန့်သာ ရှိသေးပြီး စက်ရုံလုပ်သား ၆၀၀ ကျော် ရှိသည့်အနက် ၅၀၀ ကျော်က ဆန္ဒပြ တောင်း ဆိုခြင်း ဖြစ်သည်။

ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်
The Voice Weekly
ဝရန်တာပေါ် ထွက်ထိုင်ပြီး ဆန္ဒပြနေကြသော အလုပ်သမားများကို တွေ့ရစဉ်
RangonNewsDaily:: October. 30 .2013
ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် အပိုင်း (၁) ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် တိုင်ကွန်း (Tycoon) အထည်ချုပ်စက်ရုံ လုပ်သား ၅၀၀ ကျော်သည် အချိန်ပို အလုပ်ချိန်များပြီး လုပ်အားခ နည်းပါးသဖြင့် လုပ်ခ တိုးမြှင့်ပေးရန် အောက် တိုဘာလ ၂၆ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆိုနေကြကြောင်း အဆိုပါ လုပ်သားများထံမှ သိရှိရသည်။

အီရတ် နိုင်ငံမြောက်ပိုင်းက နီနဝါ မြို့  (ခေါ်) တမန်တော်ယူနွစ် အလိုင်ဟိစ္စလမ် နေထိုင်ခဲ့တဲ့မြို့

နီနဝါ မြို့  .. (အီရတ် နိုင်ငံမြောက်ပိုင်း)
တမန်တော်ယူနွစ် နေထိုင်ခဲ့တဲ့လူဦးရေတစ်သိန်းကျော်ရှိခဲ့တဲ့မြို့ ပါ ။
တမန်တော်ယူနွစ်ဟာ ဤမြို့ သူမြို့ သားတွေကို
တရားလမ်းမှန်ပြဖို့ အတွက် အလ္လာဟ်အရှင်မြတ်မှစေလွှတ်ခဲ့ပါတယ် ။ ဒါပေမယ့်
နီနဝါ သားတွေက လက်မခံခဲ့တဲ့အတွက် တမန်တော်ဟာ မျှော်လင့်ချက်တွေမဲ့ပြီး
ထိုမြို့ ကနေ မိမိသဘောဆန္ဒနဲ့ ထွက်ခွာခဲ့တယ် ။ ထိုသို့ ထွက်ခွာဖို့ အတွက်ရေလမ်း
ခရီးဖြစ်တဲ့အတွက် သဘောင်္စီးရပါတယ် ။ အဲ့ဒီအခါမှာ သဘောင်္ဟာ ပုံမှန်မဟုတ်တော့ပဲ
ရှေ့ သို့ မသွားနိုင်ပဲဖြစ်နေတယ် ။ ဒီတော့ ... သင်္ဘောမှာပါတဲ့သူတွေက ဘာဆုံးဖြတ်ချက်
ချလဲဆိုတော့ ... " ..တို့ သဘောင်္ပေါ်မှာ မိမိရဲ့အရှင်သခင်မနှစ်မြို့ စရာလုပ်ထားသူတစ်ဦး
တော့ရှိနေပြီး ထိုသူ့ ကိုစွန့် မှငါတို့ သွားလို့ ရမယ် ။ ဒီတော့ ငါတို့ မဲနှိုက်ကြမယ် ။ မဲပေါက်သူ
ဟာ ရေထဲကိုစွန့် ပြစ်ခြင်းခံရမယ် ဆိုပြီးဆုံးဖြတ်ချက်ပြီး မဲနှိုက်ခဲ့ရာ တမန်တော်ယူနွစ်အပေါ်
ကျတယ် ။ ဒါပေမယ့်သဘောင်္သားတွေက မယုံနိုင်ဘူး ။ ဘာကြောင့်လဲဆိုတော့သူတို့ သိထား
တာက တမန်တော်ယူနွစ်ဟာ အလွန်မွန်မြတ် အပြစ်ကင်းသူတယောက်ဖြစ်တယ် ။ မဖြစ်နိုင်ဘူး
ဆိုပြီး မဲကို သုံးကြိမ်ထိနှိုက်ခဲ့ရာ အကြိမ်တိုင်းမှာ တမန်တော်အပေါ်ပဲ ကျခဲ့တယ် ။ အဲ့ဒီအခါ
မှာ တမန်တော်ကလည်း မိမိအကြောင်းကို ဖွင့်ပြောခဲ့တယ် ။ မိမိဟာ အလ္လာဟ်ရဲ့အမိန့် မရပဲ
သူစေလွှတ်ခဲ့တဲ့ဒေသကို ကိုယ့်သဘောဆန္ဒအရ စွန့် ခွာခဲ့ကြောင်း ကိုပြောပြခဲ့တယ် ။ ဒီအခါ
မှာတော့ သဘောင်္သားတွေလည်း တမန်တော်ရဲ့ဆန္ဒအတိုင်း ကိုတမန်တော်ရေထဲ ပစ်ချခဲ့ရတယ် ။
အဲ့ဒီအခါမှာ တမန်တော်ကိုအလ္လာဟ်ရဲ့အမိန့် တော်အရ ငါးကြီး တစ်ကောင်က မြို ချခဲ့တယ် ။
ထိုငါးရဲ့ဗိုက်ထဲမှာ တမန်တော်ဟာ ရက်အတော်ကြာနေခဲ့ရတယ် ။ ထို့ နောက်ငါးဟာ နီနဝါရဲ့
ကမ်းခြေတနေမှာ တမန်တော်ကို ပြန်အံချပေးခဲ့တယ် ။ အဲ့ဒီအခါ နီနဝါသားတွေလဲ
လမ်းမှန်တရားရပြီး တမန်တော်ရဲ့ဖိတ်ခေါ်မှုကိုလက်ခံခဲ့ပါတယ် ။
တမန်တော်ယူနွစ်ရဲ့အကြောင်းဟာ ကျမ်းတော်မြတ်ကုရ်အာန်မှာလည်း လာရှိပါတယ် ။
credit to orgn

RangonNewsDaily:: October. 30 .2013
နီနဝါ မြို့  .. (အီရတ် နိုင်ငံမြောက်ပိုင်း)တမန်တော်ယူနွစ် နေထိုင်ခဲ့တဲ့လူဦးရေတစ်သိန်းကျော်ရှိခဲ့တဲ့မြို့ ပါ ။
တမန်တော်ယူနွစ်ဟာ ဤမြို့ သူမြို့ သားတွေကိုတရားလမ်းမှန်ပြဖို့ အတွက် အလ္လာဟ်အရှင်မြတ်မှစေလွှတ်ခဲ့
ပါတယ် ။

လှိုင်သာယာတွင် သေနတ်ဖြင့်ရမ်းကား မှုဖြစ်ပွား

RangonNewsDaily:: October. 30 .2013
လှိုင်သာယာမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ဦးဥတ္တမလမ်းတွင်အောက်တိုဘာလ ၂၉ ရက် မွန်းလွဲ ၃နာရီ မိနစ် ၃၀ အချိန်ခန့်တွင် လူတစ်ဦးမှ သေနတ်ကိုင်၍ ရမ်းကားမှု ပြုလုပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အိန္ဒိယတွင် ယနေ့မနက်ပိုင်းက ဘတ်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွား လူ ၄၀ သေဆုံး

Photo: အိန္ဒိယတွင် ဘတ်စ်ကားမီးလောင် လူ ၄၀ သေ 
Wednesday, October 30, 2013

ကားအက်ဆီးဒန့်ကြောင့် လူသေမှု အများဆုံး နိုင်ငံ စာရင်းထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ကြောင်း သိရပါတယ်။ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်အချိန်က ဘတ်စ်ကား မီးလောင်မှု တစ်ခုဖြစ်ပြီး လူ ၄၀ သေဆုံးခဲ့သည်။ 

အိန္ဒိယနိုင်ငံတောင်ပိုင်း Mahbubnagar ဒေသတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး Bangalore မှ Hyderabad သို့ သွားရောက်စဉ်တွင် ဖြစ်သည်။ ပိုက်လိုင်း တစ်ခုသို့ ဝင်တိုက်မိပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ကာ ကားပေါ်မှ လ ၄၀ ဦး မီးလောင်၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ခရီးသည် ၁၀ ဦးမှာ လွတ်မြောက်ခဲ့ပြီး မီးလောင်ရသည့် အကြောင်းအရင်းကို စစ်ဆေးနေဆဲ ဖြစ်သည်။ 

အိန္ဒိယနိုင်ငံတွင် ခရီးဝေး သွားလာခြင်းအတွက် အသုံးပြုသည့် ဘတ်စ်ကားများသည် ဟောင်းနွမ်းနေပြီး လဲလှယ်မှုပြုလုပ်ရန် နှောင့်နှေးနေ ဆဲ ဖြစ်သည်။ ဘတ်စ်ကား အဟောင်းဖြင့် ခရီးဝေး သွားလာခြင်းကြောင့် အက်ဆီးဒန့်များ ပေါက်ကွဲမှုများ နှစ်စဉ် ဖြစ် ပွားပြီး သေဆုံးသည့် ဦးရေ ရာဂဏန်းအထိ မြင့်တက်လျက် ရှိသည်။ ဖွံ့ဖြိုးပြီး နိုင်ငံ စာရင်းသို့ ပါဝင်လာသော်လည်း လူတန်းစား ကွာဟခြင်းနှင့် အခြေခံ လူတန်းစားတို့ လိုအပ်သော ပို့ဆောင်ဆက်သွယ်ရေး အတွက် အစိုးရတို့ ဖြည့်ဆည်း ဖန်တီးပေးနိုင်မှု နည်းပါးနေသေးကြောင်း သိရသည်။

Ref:xinahua
Aung Kham ( ရိုးရာလေး )

RangonNewsDaily:: October. 30 .2013
ကားအက်ဆီးဒန့်ကြောင့် လူသေမှု အများဆုံး နိုင်ငံ စာရင်းထဲတွင် အိန္ဒိယနိုင်ငံလည်း ပါဝင်ကြောင်း သိရပါ
တယ်။ ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၅ နာရီ ၂၀ မိနစ်အချိန်က ဘတ်စ်ကား မီးလောင်မှု တစ်
ခုဖြစ်ပြီး လူ ၄၀ သေဆုံးခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် ၂၉ ရပ်ကွက်ရှိ ရှင်ဥပဂုတ္တရေကန်အတွင်း အမျိုးသားအလောင်းတွေ့ရှိ

RangonNewsDaily:: October. 30 .2013
သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်၊ ငုဝါလမ်းရှိ အလျား၈၀ ပေ၊ အနံ ၁၂ ပေရှိ ရှင်ဥပဂုတ္တရေကန်အတွင်း အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ၍စခန်းမှူးမှ သွားရောက်စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။အဆိုပါအလောင်းအား၂၈ရက်နေ့ မွန်းလွဲပိုင်းယင်းကန်ဘောင်ဓမ္မာရုံးတွင်ဆွမ်း
သိမ်းပွဲအပြီး ပစ္စည်းများ ပြန်လည် သိမ်းဆည်းခြင်း ပြုလုပ် နေသည့် ရပ်ကွက်လူကြီးများမှတွေ့ရှိခြင်းဖြစ်
ကြောင်း ရပ်ကွက်လူကြီးဦးသိန်းမြင့်ကပြောကြားသည်။

ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်

Photo: ကာတွန်းဆရာကြီး ဦးအောင်ရှိန် ကွယ်လွန်
Wednesday, October 30, 2013

ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ဦးစိတ်တို၊ မျောက်ညို အပါအဝင် မြန်မာ ကလေး ပရိသတ် များစွာ နှစ်ချိုက်ခဲ့တဲ့ ကာတွန်း ဇာတ်ကောင် တွေကို ဖန်တီးခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

ဦးအောင်ရှိန်ရဲ့ မြေးတဦးဖြစ်တဲ့ မပြည့်ဖြိုးကြည်က အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ သူတို့ အဖိုး ကာတွန်းဆရာကြီးဟာ ရန်ကုန်ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တယ်လို့ ပြောပါတယ်။

ကာတွန်းဦးအောင်ရှိန်ဟာ မကွယ်လွန်ခင်အထိ မြန်မာပြည် အသက်အကြီးဆုံး ကာတွန်းဆရာကြီး တဦးဖြစ်ခဲ့ပြီး သူ့ကို သူ့ရဲ့ တပည့် ကာတွန်းဆရာတွေနဲ့ လက်ရှိ လူငယ်ကာတွန်း ဆရာတွေက သက်ရှိကာတွန်း ပြတိုက်ကြီးအဖြစ် အလေးအမြတ် ထားခဲ့ကြပါတယ်။

၂၀၁၃ သြဂုတ်လ ၅ ရက်နေ့က ကျင်းပတဲ့ဦးအောင်ရှိန်ရဲ့ အသက် ၈၅ နှစ်ပြည့် မွေးနေ့ပွဲကို ကာတွန်းဆရာ စုံစုံလင်လင် လာရောက် ချီးမြှင့်ခဲ့ပြီး အဲဒီမွေးနေ့ဟာ ဆရာကြီးရဲ့ နောက်ဆုံးမွေးနေ့ပွဲပဲ ဖြစ်ပါတယ်။

“ဆရာကြီးစာ မြန်မာပြည်ရဲ့ ရုပ်ပြ ရုပ်စုံကာတွန်းလောက လမ်းကို စတင် ဖောက်ခဲ့သူတဦးပါ” လို့ ကာတွန်းဆရာ ဦးငွေကြည်က ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၉၅၀ ကျော် ကာလတွေက ဦးအောင်ရှိန်ဟာ လစဉ်ထုတ် ပေါ်ပြူလာကာတွန်း ရုပ်စုံ စာအုပ်နဲ့ ရုပ်ပြ ကာတွန်းတွေကို မြန်မာပြည်နဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။

“အဲဒီကတည်းက ဆရာကြီးဟာ ကြော်ကြားလာလိုက်တာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အထိ ကာတွန်းတွေကို တောက်လျှောက် ရေးဆွဲခဲ့တာပါ။ ဆရာကြီးရဲ့ အောင်မြင်မှုဟာ အထွဋ်အထိပ်ပဲလို့ ပြောလို့ရတယ်။ သူဟာ ဇာတ်ကောင်တွေကို အများကြီး ဖန်တီးခဲ့ပြီး ဖန်တီးသလောက်လည်း အောင်မြင်ခဲ့တယ်။ ဆေးစက်ကျရာ အရုပ်ထင်တဲ့ ဆရာကြီးလို့ ပြောလို့ရပါတယ်” လို့ ကာတွန်း ငွေကြည်က ဧရာဝတီကို ပြောပါတယ်။

ဦးအောင်ရှိန်ဆီမှာ တပည့်တပန်းလည်း တော်တော်များပြီး အဲဒီထဲကမှ ထင်ရှားတဲ့ ကာတွန်းဆရာ၊ ပန်းချီဆရာ တွေကတော့ ကာတွန်းသော်က၊ ကာတွန်းဝင်းအောင်၊ ကာတွန်းမြင့်ဆွေ၊ ပန်းချီမျိုးညွန့် (ခေါ်) မောင်ဒီ၊ ကာတွန်း ရွှေမင်းသား၊ ကာတွန်းငွေကြည် အစရှိတဲ့ သူတွေပဲ ဖြစ်ကြပါတယ်။

“အဲဒီတခေတ်မှာ ဆရာကြီးရဲ့ အောင်မြင်မှု အရှိန်အဝါက ပရိသတ်တွေ အပေါ်မှာကော၊ ကာတွန်း ဝါသနာရှင်တွေ အပေါ်မှာပါ အတော်ကလေး လွှမ်းမိုးခဲ့ပါတယ်” လို့ ဦးအောင်ရှိန်ရဲ့ တပည့်တဦး ဖြစ်ခဲ့သူ ကာတွန်းငွေကြည်က ဆိုပါတယ်။

ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ တခြားသူနဲ့ ခေတ်ပြိုင် ကာတွန်းဆရာတွေလို့ ပုံမှန် အရုပ်တွေပဲ ရေးဆွဲရုံ သပ်သပ် မဟုတ်ဘဲ ကလေးတွေရဲ့ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမယ့်၊ ကလေးတွေ နေရာကနေ ဝင်ရောက် စိတ်ကူးယဉ်ပြီး ရေးဆွဲတာမျိုးတွေကိုလည်း တီထွင်ခဲ့သူ ဖြစ်တယ်၊ ဒါ့အပြင် ဆရာကြီးရဲ့ လက်ရာတွေဟာ မြန်မာဆန်ပြီး နိုင်ငံခြား ကောမစ်တွေ ထဲကနေ မြန်မာမှု ပြုသည့်တိုင်အောင် မြန်မာမှုပြုထားမှန်း မသိရဘဲ မူပိုင်ပုံလို့ ထင်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ဟိုးအရင်ကတော့ ကမ္ဘာမှာ နာမည်ကြီးနေတဲ့ ကာတွန်းတွေ၊ ရုပ်ပြတွေကနေ အတုယူ ကူးပြီး ရေးဆွဲကြရတာပဲ။ ဒါပေမယ့် ဆရာကြီးက နိုင်ငံခြား ကာတွန်းတွေကို ပြန်ရေးဆွဲရာမှာ လုံးဝကို မြန်မာဆန်တာ တွေ့ရတယ်။ နောက်ဆုံး တရိစ္ဆာန် လေးတွေ ဆွဲတာကအစ မြန်မာဆန်တယ်” လို့ ဦးငွေကြည်က ပြောပါတယ်။

မြန်မာပြည်မှာ ကာတွန်းနဲ့ ပတ်သက်လို့ သင်တန်းတွေ၊ ကျောင်းတွေ မရှိတာကြောင့် ဦးငွေကြည် အပါအဝင် လက်ရှိ ထင်ရှာဆဲ ကာတွန်းဆရာတွေနဲ့ အရင့်အရင်က ကာတွန်းဆရာကြီး တွေဟာ ကိုယ့်အရှေ့က နာမည်ကြီး ကာတွန်းဆရာတွေ ဆီမှာပဲ တပည့်ခံ၊ သူတို့ရဲ့ အလုပ်တွေကို ဝင်လုပ်ရင်း လက်တွေ့ သင်ယူကြရတာပါ။ အဲဒီလို လက်ဆင့်ကမ်းပေးတဲ့ သူတွေထဲမှာ ဆရာကြီး ဦးအောင်ရှိန်က ထိပ်ဆုံးက တဦးဖြစ်တယ်လို့ သိရပါတယ်။

“ဆရာကြီးဆီမှာ တပည့်ခံတယ် ဆိုပေမယ့် ဆရာကြီးက ဒီအတိုင်း စာသင်သလို သင်ပေးတာတော့ မဟုတ်ဘူး။ သူ့ရဲ့ အလုပ်တွေကို ဝိုင်းလုပ်ပေးရင်း ပညာယူကြရတာ။ အဲဒီလို အလုပ်ဝိုင်းလုပ်ဖို့ ဆိုတာကလည်း လွယ်တာတော့ မဟုတ်ဘူး။ အဆင့်တခု ရှိမှ သူက တပည့်အဖြစ် သူ့အလုပ်ကို ပေးလုပ်တာ” လို့ ကာတွန်းငွေကြည်က ရှင်းပြပါတယ်။

အဆင့်တခု ဆိုတာက သူရေးထားတဲ့ ကာတွန်းရုပ်တွေမှာ လိုနေတဲ့ လိုင်းတွေ၊ မင်တွေ ဖြည့်ပေးရတာကြောင့် မလုပ်တတ်ရင် ဆရာကြီးရဲ့ အနုပညာပစ္စည်း ပျက်စီး သွားနိုင်တာကြောင့်လို့ သူက ဆက်ပြောပါတယ်။

တလတကြိမ်ထုတ်တဲ့ မော်ဒန်ကာတွန်း၊ နှစ်လတကြိမ်ထုတ်တဲ့ ညွန့်ပေါင်းကာတွန်း

RangonNewsDaily:: October. 30 .2013
ဦးရှံစား၊ ဦးဒိန်းဒေါင်၊ ဦးကပ်စီး၊ ဦးစိတ်တို၊ မျောက်ညို အပါအဝင် မြန်မာ ကလေး ပရိသတ် များစွာ နှစ်ချိုက်ခဲ့
တဲ့ ကာတွန်း ဇာတ်ကောင် တွေကို ဖန်တီးခဲ့သူ ကာတွန်းဆရာကြီး ဦးအောင်ရှိန်ဟာ ဒီနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မြန်မာနိုင်ငံရောက်ရှိ

Photo: အိန္ဒိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မြန်မာနိုင်ငံရောက်ရှိ
Wednesday, October 30, 2013

မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပိုမိုလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် (ကြည်း) ဗိုလ်ချုပ် ဘီကာရမ်ဆင်မ်းသည် အောက်တိုဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

အိန္ဒိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် Bikram Singh သည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံနယ်စပ် လုံခြုံရေးအတွက် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဗိုလ်ချုပ် ဘီကာရမ်ဆင်းမ်းသည် ၄င်း၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု မြှင့်တင်ရန်၊ နယ်စပ်ဒေသ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် မြန်မာတပ်မတော်ကို စွမ်းအင်မြှင့်တင် သင်တန်းများပေးရန် တပ်မတော် တာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရ ထုတ်ပြန်ချက်များအရ သိရှိရသည်။
သို့သော် မည်သည့်နေ့တွင် တွေ့ဆုံမည် ဆိုသည်ကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တိုက်ခိုက်ရေး လေယာဉ်များ၊ ရေတပ်သုံး လက်နက် ပါဝင်သည့် စက်တပ်ရေယာဉ်များ၊ ဒုံပျံထိန်းကိရိယာများ၊ ရိုင်ဖယ်များ၊ လျှပ်စစ်ဖောက်ခွဲရေး ပစ္စည်းများ အများဆုံး ရောင်းချပေးကြောင်း အိန္ဒိယတပ်မတော်မှ တရားဝင် ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်းကြီးက ထုတ်လုပ်သော ရေတပ်သင်္ဘော များတွင် တပ်ဆင်အသုံးပြုသော ရေဒါကိရိယာများ၊ အသံလှိုင်း အသုံးပြုရှာဖွေရေး ကိရိယာ (Sonar) များကို မြန်မာနိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေး ဝန်ကြီးက ယခုနှစ်အစောပိုင်းက ထုတ်ပြန် ကြေညာထားသည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မြန်မာရေတပ်မှ တပ်မတော်အရာရှိ များကို အိန္ဒိယ တပ်မတော်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန်နှင့် ကမ်းလွန်ပင်လယ်ပြင် ကင်းလှည့်သင်္ဘောများ ဆောက်လုပ်ရေး အတွက် အကူအညီပေးရန် တို့အတွက် တောင်းဆိုထားသည်။

ထို့အပြင် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်တွင် ၁၉၆၄ခုနှစ်မှ စတင်ကာ ခြေကုပ်ယူထားပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေသော အဖွဲ့အစည်း များကို မြန်မာနိုင်ငံက လက်မခံရန်နှင့် နယ်စပ်ဒေသ လုံခြုံရေးတိုးမြှင့်ရန် အတွက် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး မစ္စတာ အေကေအန်တိုနီက ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်မတော်အရာရှိများ၊ အစိုးရတာဝန် ရှိသူများနှင့် ညှိနှိုင်းခဲ့သည်။

The Voice Weekly

RangonNewsDaily:: October. 30 .2013
မြန်မာနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှု ပိုမိုလုပ်ဆောင်ရန် အိန္ဒိယနိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချူပ် (ကြည်း) ဗိုလ်ချုပ် ဘီကာရမ်ဆင်မ်းသည် အောက်တိုဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြေငလျင်သတင်း အောက်တိုဘာ ၂၉ရက် (မြန်မာစံတော်ချိန် (၁၄း၄၅)နာရီ အချိန်ထုတ်ပြန်ချက်)

RangonNewsDaily:: October. 30 .2013
၂၀၁၃ခုနှစ်၊အောက်တိုဘာလ(၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၄)နာရီ၊ (၂၃)မိနစ်၊(၀၈)စက္ကန့်အချိန်တွင်
မန္တလေး မြေငလျင်စခန်းမှအနောက်မြောက်ဘက်(၁၃၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း(ကလေး
ဝမြို့၏ အရှေ့ဘက် (၁၄)မိုင်ခန့်အကွာ ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀)အဆင့်ရှိအင်အား

ကုမ္ပဏီမှတ်ပုံတင် မတည်ရင်းနှီးငွေထားရှိမှု ပယ်ဖျက်

RangonNewsDaily:: October. 30 .2013
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စတင်ထူထောင်ရန် ကုမ္မဏီမှတ်ပုံတင်မ

တည်ရင်းနှီးငွေ ထားရှိမှုကို ပယ်ဖျက်လိုက်ကြောင်းအောက်တိုဘာ ၃၀ရက်နေ့ထုတ် နိုင်ငံပိုင်မီဒီယာများတွင် တရားဝင်ထုတ်ပြန်ထားသည်။ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှ အောက်တိုဘာ၁၇ရက်နေ့တွင်အ
တည်ပြုချက်ဖြင့်ကုမ္ပဏီများမှတ်ပုံတင်၌မတည်ငွေရင်းပမာဏနှင့် ကနေဦး ထည့်ဝင်ရမည့် ပမာဏများ ကန့်
သတ်ထားရှိခြင်းကို ပယ်ဖျက်လိုက်ကြောင်း ပုဂ္ဂလိကကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး ဆပ် ကော်မတီက ထုတ်ပြန်ကြေညာသည်။

မိဘမဲ့တို့အပေါ် အစ္စလာမ်က ချီးမြှင့်ထားတဲ့ အခွင့်အရေး

RangonNewsDaily:: October. 30 .2013

ယသီမ်မိဘမဲ့ ကလေးတွေအပေါ် တာဝန်ယူ လေစားသိတတ်ဖို့ ပြင်းပြင်းထန်ထန် အမိန့်ပေးထားတဲ့သာသနာဆိုလို့ အစ္စလာမ်သာသနာတခုပဲရှိတယ်။ အခြားသူများဟာ မိဘမဲ့ကလေးများကို ဂြိုကောင်ဆိုပြီးတော့တောင် ကဲ့ရဲ့ကြပေမယ့် အစ္စလာမ်သာသနာမှာ မိဘမဲ့ကလေးနဲ့ ပက်သက်ပြီး အင်မတန်မှ လေးလေးစားစားဆက်ဆံကြဖို့ သူတို့ လေးတွေကို သနားဖို့ ၊ ဝေငှဖို့ကို ပြောဆိုထားတယ်။

ရွှေအက်ဖ်အမ် ၄နှစ်ပြည့် Audio CD တွင် ဝါဆိုမိုးဦး အချစ်ကို အယုံအကြည်မရှိ သီချင်းပါဝင်သီဆိုထား

Photo: အချစ်ကို အယုံအကြည်မရှိ သီချင်းနဲ့ ဝါဆိုမိုးဦး
 Wednesday, October 30, 2013

အောက်တို ဘာ ၂၅ ရက်နေ့ က ထွက် ရှိ ခဲ့ တဲ့ ရွှေအက်ဖ်အမ် ၄နှစ်ပြည့် အော်ဒီ ယိုစီဒီမှာ ဝါဆိုမိုးဦးက ဆန်းသစ်လ၊ မာရီနာတို့နဲ့အတူကောင် လေးတွေကို အသည်းခွဲ တဲ့ပုံစံဖြစ်တဲ့ “အချစ်ကိုအယုံအကြည်မရှိ” ဆိုတဲ့သီချင်းလေးကိုသီဆိုထားပါတယ်။ ဒီသီချင်းလေးက ဝါဆို မိုးဦးရဲ့ ပထမဆုံးအကြိမ်သီဆိုထားတဲ့ သီချင်းလေး လည်း ဖြစ် ပါတယ်။သီချင်းဆိုဖြစ်သွားတဲ့ အကြောင်းရင်းကို ဝါဆို မိုးဦးက” ကိုဘိုစန်းတို့က ကမ်းလှမ်းတဲ့အတွက် ဆိုဖြစ်သွားတာပါ။ 

သီချင်းပုံစံလေး ကတော့ ယောက်ျားေ လးတွေ ကို အသည်းခွဲ တဲ့ပုံစံလေးပါ။ သီချင်းကတော့ အမြူးလေးပါ။ အကောင်းဆုံး ဖြစ်အောင် ဝါဆိုခပ်မိုက်မိုက်လေးလုပ်သွားမှာပါ။ သီချင်း အမ် တီဗီကေ တာ့ နောက် တစ် ပတ်လောက် ရိုက်ဖြစ်မယ်။ ဒီသီချင်း လေးက ဝါဆိုရဲ့ ပထမဦးဆုံးသီဆိုထားတဲ့ သီချင်းလေးပါ” လို့ ပြောပါတယ်။ပထမဆုံးအကြိမ်သီဆိုရတဲ့အတွက် အတွေ့ အကြုံ တွေ ကိုလည်း ဝါဆိုမိုးဦးက အခုလိုပြောပြပါတယ်။

” တအားစိတ်လှုပ်ရှားတယ်။ ပရိသတ်က ဝါဆို့ကို ကျေနပ် ရဲ့လား၊ ဝါဆို့အသံကို ကြိုက်ပါ့မလား၊ အဲဒီ လိုမျိုးတွေဖြစ်မိ တယ်။ ဒါပေမဲ့ ဝါဆို့ဘက်က အကောင်း ဆုံးဖြစ်ေ အာင် ကြိုး စားပြီး သီဆိုထားပါတယ်။ ဝါဆို့ ကြိုးစားမှုကို ပရိသတ်အသိ အမှတ်ပြုရင် ဝါဆိုထပ်ပြီးကြိုးစားသွားမှာပါ။ သီချင်းဆိုဖို့အစီ အစဉ်ရှိပါတယ်” လို့ ပြော ပါတယ်။ လတ်တလောမှာတော့ ဝါဆိုမိုးဦးကကျော်ကျော်ဗိုနဲ့ ဇာတ်ကားရိုက်ကူးနေပြီး မြင်းခွာရွက်ဆေးရည်ကြော်ငြာရိုက် ကူးဖို့လည်း ရှိကြောင်းပြောပါတယ်။ “အချစ်ကို အယုံ အကြည် မရှိ” သီချင်း အမ်တီဗီကိုလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွားမှာဖြစ်ကြောင်း ဝါဆိုမိုးဦးက ပြောပါတယ်။

မျိုးမောင်
Popular Journal


RangonNewsDaily:: October. 30 .2013
အောက်တို ဘာ ၂၅ ရက်နေ့ က ထွက်ရှိ ခဲ့ တဲ့ ရွှေအက်ဖ်အမ် ၄နှစ်ပြည့် အော်ဒီယိုစီဒီမှာ ဝါဆိုမိုးဦးက ဆန်း
သစ်လ၊ မာရီနာတို့နဲ့အတူကောင် လေးတွေကို အသည်းခွဲ တဲ့ပုံစံဖြစ်တဲ့ “အချစ်ကိုအယုံအကြည်မရှိ” ဆိုတဲ့
သီချင်းလေးကိုသီဆိုထားပါတယ်။

ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်သူဆု အမေရိကန်-မွတ်စလင်မ် အမျိုးသမီး ပထမဆုံး အကြိမ် ချီးမြှင့်ခံရ


RangonNewsDaily:: October. 30 .2013
အမေရိကန်နိုင်ငံနယူးယောက်မြို့ (New York)မှာဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုအရေး လှုပ်ရှားဆောင်
ရွက်သူ အမေရိကန်-မွတ်စလင် အမျိုးသမီး ဒေါက်တာ မူစာရက် ချောင်ဒရီ (Mussarat Chaudhry) ဟာ ခရစ်
ယာန် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Capital Area Council of Churches က ပေးအပ်တဲ့ Carlyle Adams Award ဆုကို ရရှိခဲ့တဲ့ ပထမဆုံး မွတ်စလင်မ်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါတယ်။

ရွှေတိဂုံစေတီတော် ဧရိယာဇုန်အတွင်း တိရစ္ဆာန်ဥယျာဉ် ကို ထည့်သွင်း သတ်မှတ်

RangonNewsDaily:: October. 30 .2013
ရွှေ တိဂုံစေတီတော် ကန့်သတ်ဧရိ ယာဇုန်အတွင်းတိရစ္ဆာန်ဥယျာဉ် ကို ထည့်သွင်း သတ်မှတ်လိုက် ကြောင်း 

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရ သည်။ ရွှေတိဂုံစေတီတော်ကန့် သတ်ဧရိယာဇုန်အ
တွင်း တစ် ဆက်တစ်စပ်တည်း စိမ်းလန်းမြေ အဖြစ် သတ်မှတ်နိုင်ရန်အတွက် တိရစ္ဆာန်ဥယျာဉ်ကို ယခုကဲ့သို့ ထည့်သွင်းသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

" L လွန်းဝါ ဘာလုပ်နေလဲ "

Photo: " L လွန်းဝါ ဘာလုပ်နေလဲ "
Wednesday, October 30, 2013

L လွန်းဝါက အခုလတ်တလောမှာတော့ နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက် ဖြစ်နေပါ တယ်။လက်ရှိထွက်ဖို့ ပြင်ဆင်ထားတဲ့ တစ်ကိုယ်တော်အခွေ (၂)ခွေရှိပေမယ့် လည်း အခြေအနေ ကို ကြည့်ပြီး ထွက်ဖို့ စီစဉ်နေကြောင်ူးလွန်းဝါကပြောပါတယ်။ ဓမ္မတေးသီချင်းတွေကြီးပဲပါ ဝင်မယ့်တစ်ကိုယ်တော်အခွေကို အရင်ထွက်ဖို့စီစဉ် ထားပေမယ့်လည်း ဆီးဂိမ်းပွဲကြီးရှိနေတဲ့အတွက် ဆီးဂိမ်းပွဲကြီးပြီးမှပဲ ထွက်ရင်ကောင်းမ လားဆိုပြီးပြန်စဉ်းစားနေတယ်လို့ဆိုပါတယ်။

” နှစ်ခွေမှာတစ်ခွေကအားလုံးပြီးသွားပြီ။ဓမ္မတေးအခွေကသီတင်းကျွတ်ပြီးတာနဲ့စတီးမယ်။ နောက် IC နဲ့တီးထားတဲ့ တစ်ကိုယ်တော် အခွေလည်းရှိသေး တယ်။ အခွေတွေကတော့ ထွက်ဖို့အများကြီးပါပဲ။ တစ်ခွေပြီးတစ်ခွေထွက်ဖို့ စီစဉ်ထားပါတယ်။ဒါပေမဲ့ ဖြည်းဖြည်းချင်းပေါ့” လို့ တစ်ကိုယ်တော် အခွေတွေနဲ့ပတ် သက်ပြီး လည်း L လွန်း ဝါကပြောပြပါတယ်။

နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက်ဖြစ်နေပြီး ရန်ကုန်ဖျော်ဖြေရေးတွေမှာ အတွေ့ရနည်းနေတဲ့ L လွန်းဝါကို ရှိုး တွေကို လက်ခံခဲ့ တဲ့အခါ မှာရွေးချယ် ပြီးလက်ခံလို့များရန်ကုန်မှာ မတွေ့ရတာလားလို့မေးတော့” အစ်ကိုကတာ့မရွေးပါဘူး။ ရန်ကုန်မှာက ဟစ်ဟော့ပွဲတွေပိုများသလိုပဲလေ။ ကျန်တာက IC တစ်ခုပဲ ရှိတာ။ ဒါပေမဲ့ရန်ပုံငွေပွဲတွေမှာတော့ ဆိုဖြစ်တယ်။ လူတွေ က မြူးကြွတာမျိုးတွေလောက်ပဲ နားထောင်ကြတာ များတယ်ထင် ပါတယ်။ အေးအေးနားထောင် တဲ့ပ ရိ သတ်တွေသိပ်မရှိတော့ ဘူးထင်ပါတယ်” လို့လက်ရှိပရိသတ်ရဲ့ ကြိုက်နှစ်သက်မှုအနေ
အထားကို L လွန်းဝါက ပြောပါတယ်။

တစ်ကိုယ်တော်ခွေ သုံး ခွေလောက် ထွက် ဖို့ရှိနေတဲ့ L လွန်းဝါက တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ဖို့ အတွက်ရည်ရွယ်ချက်ရှိပေမယ့်လည်းလုပ်တော့ လုပ်ဖြစ်ဦးမှာ မဟုတ်ကြောင်း တစ်ကိုယ်ေ တာ်ေ ဖျာ်ဖြေပွဲလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်ကတော့ အဆိုတော်တိုင်းမှာရှိမှာပဲဖြစ်ကြောင်း တစ်ကိုယ် တော်ဖျော်ဖြေပွဲကို အခွေတွေထွက်ပြီးမှပဲ စီစဉ်မှာ ဖြစ် တယ်လို့ဆို ပါ တယ်။

ရန်ကုန်ရှိုးတွေမှာ သိပ်မတွေ့ရသလို၊အခွေတွေမှာလည်းအတွေ့ရနည်း လှတဲ့ L လွန်းဝါကိုသူ့ရဲ့ပရိသတ်တွေက L လွန်းဝါ ဘာလုပ်နေ လဲလို့ မေးနေကြ ပါ တယ်။ သူ့ရဲ့ပရိသတ်တွေအတွက် L လွန်းဝါက” ကျွန်တော့်ရဲ့ အခွေတွေထွက်လာမှာပါ။ အချိန်လေးစောင့်နေလို့ပါ။ ရန်ကုန်မှာ မတွေ့ရဘူး ဆိုတာကလည်းနယ်တွေ ထွက်ဖြစ်နေတာများလို့ပါ။ ရန်ကုန်မှာသာ မဆိုဖြစ်တာပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

လင်းအက္ခရာ
Popular Journal

RangonNewsDaily:: October. 30 .2013
L လွန်းဝါက အခုလတ်တလောမှာတော့ နယ်ဖျော်ဖြေရေးတွေပဲ အဓိကထွက် ဖြစ်နေပါ တယ်။လက်ရှိထွက်
ဖို့ ပြင်ဆင်ထားတဲ့ တစ်ကိုယ်တော်အခွေ (၂)ခွေရှိပေမယ့် လည်း အခြေအနေ ကို ကြည့်ပြီး ထွက်ဖို့ စီစဉ်
နေကြောင်ူးလွန်းဝါကပြောပါတယ်။

ရုရှားနိုင်ငံက Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို အောင်မြင်စွာ စမ်းသပ်

Photo: ရုရှားနိုင်ငံက Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို အောင်မြင်စွာ စမ်းသပ်
Wednesday, October 30, 2013

ရုရှားနိုင်ငံထုတ် Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို နိုင်ငံ့အရှေ့ဘက်စွန်း Komsomolsk-on-Amur မြို့ရှိ Gagarin လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပြီး

ပထမဆုံး အကြိမ်အဖြစ်မိနစ် ၅ဝ ကြာ စမ်းသပ်ပျံသန်းခဲ့ကြောင်း Sukhoi လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ပျံသန်းမှုတွင် အင်ဂျင်၏ လုပ်ဆောင်မှုနှင့် ဝေဟင်၌ လေယာဉ်၏ တည်ငြိမ်မှုတို့ အပါအဝင် ၎င်းလေယာဉ်၏ လုပ်ဆောင်ချက် အားလုံးကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ပျံသန်းမှု အစီအစဉ်တွင် ပါရှိသည့် အဆင့်အားလုံးတွင် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြောင်းနှင့် လေယာဉ်တွင် တပ်ဆင်ထားသည့် ပစ္စည်း ကိရိယာနှင့်စနစ် များအားလုံးသည် ယုံကြည် စိတ်ချရကြောင်းကို လေယာဉ်မှူးက အတည်ပြုခဲ့ကြောင်း သိရ သည်။

ရုရှားနိုင်ငံ၏ အနာဂတ် တိုက်လေယာဉ်များအတွက် အရေးပါလာမည့် T-50 ဂျက်တိုက် လေယာဉ်သည် ကိုယ်ပျောက်နှင့် နာနိုနည်းပညာ မြင့်မားသည့် စစ်ကစားမှု၊ အသံ ထက်မြန်စွာ ပျံသန်းနိုင်မှုနှင့် X-band ရေဒါပါဝင်သည့် ခေတ်မီ အီလက်ထရွန်နစ် စနစ်များကို ထည့်သွင်းထားသည့် ပဉ္စမမျိုးဆက်ဘက်စုံသုံး ဂျက်တိုက်လေယာဉ် တစ်စင်းဖြစ်ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: October. 30 .2013
ရုရှားနိုင်ငံထုတ် Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို နိုင်ငံ့အရှေ့ဘက်စွန်း Komsomolsk-on-Amur မြို့ရှိ Gagarin လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ်မိနစ် ၅ဝ ကြာ စမ်းသပ်ပျံသန်းခဲ့ကြောင်း Sukhoi လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အနမ်း ပေးခြင်းနှင့် ပတ်သတ်သည့် အဓိပါယ်ဖွင့်ဆိုချက်

Photo: ◄အနမ်း (၁၀) ပါး►
Wednesday, October 30, 2013

အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။


(၁) ရေတံခွန်အနမ်း=
ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။


(၂) ရွှင်ပျော်ပျော်အနမ်း=
ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊


(၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း=
ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊


(၄) စွမ်းအင်ပြည့်အနမ်း=
နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊


(၅) ရေခဲစိမ်အနမ်း=
ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊


(၆) မူဟန်ကြွယ်အနမ်း=
ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊


(၇) တူးတူပုန်းအနမ်း=
ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊


(၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း=
နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊


(၉) သကာစိမ်အနမ်း=
ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊


(၁၀) ငတက်ပြားအနမ်း=
ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။ နတ်လူသာဓုခေါ်စေသော်


အလင်းတန်း

RangonNewsDaily:: October. 30 .2013
မိမိချစ်သူ ၊ ဇနီး  အိမ်ထောင်ဖက်နှင့် အနမ်းဖလှယ်ဖိုကအနမ်း (၁၀)မျိုး ရှိပါတယ်နော်။ ပတ်ဝန်းကျင် တွေ့
၇ှိရတဲ့ စုံတွဲတွေ ကိုစစ်တမ်းထုတ်ကြည့်ချက်အရ စုံတွဲတိုင်းကတစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့်
လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေး မိမိချစ်သူ ၊ ဇနီး  အိမ်ထောင်ဖက်နှင့် အနမ်းဖလှယ်နိုင်ဖို့ ရှာဖွေ
စုဆောင်းတင်ပြပါလိုက်တယ်။

ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ် စတင်ကျင်းပ

Photo: ဒုတိယအကြိမ် မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ် စတင်ကျင်းပ
Wednesday, October 30, 2013

မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယအကြိမ်ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ် ပထမနေ့ကို ဒီနေ့ ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

နယ်ပယ်အသီးသီးမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ အမျိုးသမီးတွေရဲ့အသံတွေ စုစည်းတာဖြစ်သလို အမျိုးသားတွေ ပိုမိုပံ့ပိုးပေးနိုင်ဖို့ ဒီဆွေးနွေးပွဲဖိုရမ်ကို ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီက ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲမှာ အမျိုးသမီးနဲ့ နိုင်ငံရေးကဏ္ဍ၊ အမျိုးသမီးနဲ့ စီးပွားရေးကဏ္ဍဆိုပြီး နှစ်ပိုင်းခွဲဆွေးနွေးခဲ့ကြပါတယ်။ မနက်ဖြန်မှာတော့ အမျိုးသမီးနဲ့ လူမှုမီဒီယာကဏ္ဍဆိုပြီး အနုပညာရှင် အမျိုးသမီးတွေနဲ့ သတင်းမီဒီယာဘက်က အမျိုးသမီးတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ၃ရက်ကြာကျင်းပခဲ့တဲ့ ပထမအကြိမ် အမျိုးသမီးများဖိုရမ်မှာတော့ အမျိုးသမီးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသမီးများအား တရားဥပဒေအရကာကွယ်ခြင်း၊ အမျိုးသမီးနဲ့ ဆုံးဖြတ်ချက်ချခြင်း၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးနဲ့ ကျား မတန်းတူရေးစတဲ့ ခေါင်းစဉ်တွေ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။

RFA Burmese

RangonNewsDaily:: October. 30 .2013
မြန်မာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယ
အကြိမ်ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများဖိုရမ်ပထမနေ့ကိုဒီနေ့ ရန်ကုန်မြို့ အင်းလျားလိပ်ဟိုတယ်မှာကျင်း
ပခဲ့ပါတယ်။

ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်

Photo: ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကြောင့် ယုံကြည်မှု တိုးလာသည့် ကန်ဒိုက်စ်
Wednesday, October 30, 2013

အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။

ဒေါ်လာ (၁၀)သန်းတန် ဘရာစီယာဖြင့် ကိုယ်ဟန်ပြရခြင်းသည် မိမိကို ပိုမို၍ ယုံကြည်မှု တိုးပွားစေကြောင်း ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်က ထုတ်ဖော် ပြောကြားလိုက်သည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရ တင်ဆက်မှုဖြစ်သော Royal Fantasy ဘရာစီယာကို ဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။ ဒေါ်လာ (၁၀)သန်းတန်ပြီး ရွှေသား၊ ကျောက်မျက်ရတနာများနှင့် ပတ္တမြားကြီးတစ်လုံး စီခြယ်ဖန်တီးထားသည့် ဘရာစီယာနှင့် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်နေသည့် ရိုက်ကွင်းမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒိုက်စ်က သူမအနေဖြင့် ယခုအခွင့်အရေးကို အလွန်ဂုဏ်ယူ ပျော်ရွှင်မိကြောင်း ဖွင့်ဟလာခြင်း ဖြစ်သည်။

"ဒီထက်လှတဲ့ ဖန်တီးမှုမျိုး ကျွန်မ မတွေ့ဖူးဘူးရှင့်"ဟု ကန်ဒိုက်စ်က ဆိုသည်။ "ပြီးတော့ ကျွန်မက ရတနာတွေကို ချစ်တတ်တဲ့ မိန်းကလေး တစ်ယောက်ပဲလေ"ဟုလည်း သူမက ပြောကြားခဲ့သည်။ ကန်ဒိုက်စ်က "အမှန်အတိုင်း ပြောရရင် ဒီဘရာစီယာဟာ ခုလောက် တောက်တောက်ပပ ဖြစ်နေမယ်လို့ ကျွန်မ မထင်ခဲ့ဘူး"ဟုလည်း ဖွင့်ဟခဲ့သည်။ သူမက "လူတိုင်းက ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်လိုက်ချိန်မှာ ဘယ်လိုခံစားရသလဲလို့ မေးကြတယ်။ မှန်တာ ပြောရရင်တော့ ကျွန်မအတွက် ကိုယ်ဟန်ပြရတာ နည်းနည်းပိုပြီး အားပါသွားတယ်။ ယုံကြည်စိတ် တိုးလာတယ်"ဟုလည်း ဆက်လက် ပြောဆိုခဲ့သည်။

Royal Fantasy ဘရာစီယာကို ပတ္တမြား၊ စိန်၊ အဝါရောင်မြတို့ အပါအဝင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော်ဖြင့် စီခြယ် ဖန်တီးထားသည်။ ထို့အပြင် (၁၈)ကာရက် ရွှေသားဖြင့် ရက်လုပ်ထားပြီး အလယ်ဗဟိုတွင် (၅၂)ကာရက်ရှိ သစ်တော်သီးပုံ ပတ္တမြားကြီးကို ချိတ်ဆွဲထားသေးသည်။ "ကျွန်မစိတ်နဲ့ ဆိုရင်တော့ ဒါကို နှစ်လလောက် မချွတ်တမ်း ဝတ်ထားလိုက်ချင်ပါတယ်"ဟုလည်း ကန်ဒိုက်စ် အရွှမ်းဖောက် ပြောဆိုသွားသေးသည်။ ယခင်နှစ်များက Victoria's Secret၏ အထူးလက်ရာ Royal Fantasy ဘရာစီယာများကို မီရန်ဒါကားရ်၊ တိုင်ရာဘန့်ခ်၊ ဂီဆလီဘန်ချန်နှင့် ကလော်ဒီရာ ရှက်ဖားတို့က ဝတ်ဆင်ခဲ့ဖူးသည်။ ကန်ဒိုက်စ်က "ဒီဘရာစီယာက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တော်အောင် စီမံပြီး တိုင်းချုပ်ထားတာပါ။ ဒါကို ဝတ်လိုက်ရတိုင်း ကျွန်မ စိတ်လှုပ်ရှားမိတယ်"ဟုလည်း ဖွင့်ဟသွားသည်။


Planet Myanmar Network

RangonNewsDaily:: October. 30 .2013
အသက်(၂၅)နှစ်ရှိ တောင်အာဖရိက မော်ဒယ်လ်သည် Victoria's Secret၏ ယခုနှစ် အထူးဖက်ရှင်ပွဲတော်မှ အထင်ကရတင်ဆက်မှုဖြစ်သောRoyal Fantasyဘရာစီယာကိုဝတ်ဆင်မည့်သူအဖြစ် ရွေးချယ်ခံထားရသည်။

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ

RangonnewsDaily:: October. 30 .2013

ဖေ့စ်ဘွပ်ါတွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။

ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီတွင် လက်ထပ်ပွဲကျင်းပ

Photo: ကမ္ဘာ့အရပ်အရှည်ဆုံးလူသား တူရကီတွင် လက်ထပ်ပွဲကျင်းပ
Tuesday, October 29, 2013

ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ် Guinness World Record စာအုပ်တွင်မှတ်တမ်းတင်ခြင်းခံထားရသူဆူလ်တန်ကိုဆန် သည်ဆီရီးယားသူတစ်ဦးနှင့်တူရကီတွင်အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲကျင်းပခဲ့သည်။

သတို့သားဖြစ်သူဆူလ်တန်အသက်၃၁နှစ်၏လက်ရှိအရပ်မှာ ရှစ်ပေသုံးလက်ခန့်ရှိပြီးသူ၏မဟေသီဖြစ်သူမာဝီဒီဘိုအသက်၂၀နှစ်၏အရပ်မှာ ၅ပေ ၉ လက်မရှိသည်။

လက်ထပ်ပွဲကို ဆူတန်၏ မွေးရပ်မြေဖြစ်သော တူရကီအရှေ့တောင်ပိုင်း မာဒင်ပြည်နယ်တွင်ကျင်းပခဲ့သည်။ ဆူလ်တန်က သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသား ဖြစ်ခဲ့ပြီဟု မင်္ဂလာအခမ်းအနားတွင် ပြောကြားခဲ့ပြီး ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့သူ မာဝီက ယခုပျော်ရွှင်မှုသည် သက်ဆုံးတိုင် တည်မြဲလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။

ဆူလ်တန်သည် ၂၀၀၉ခုနှစ် စက်တင်ဘာလက Guinness Book Record တွင် ကမ္ဘာ့အရပ်အရှည်ဆုံး လူသားအဖြစ် စံချိန်တင် မှတ်တမ်းဝင်စဉ်က သူ၏ အရပ်မှာ ၈ ပေ ၁ လက်မကျော်သာ ရှိခဲ့သည်။ အမေရိကန် ဆရာဝန်များက သူ၏ အရပ်ထိုသို့ ထိုးထွက်လာခြင်းသည် သူ၏ခန္ဓာကိုယ်တွင်းမှ ဂလင်းအကြိတ်များ မူမမှန်ခြင်းကြောင့် ဖြစ်သည်ဟု အဖြေထုတ်ထားသည်။

၂၀၁၀ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန် ဆရာဝန်များက Gamma Knife ဟုအမည်ပေး ထားသော ဂါမာရောင်ခြည်ကုထုံးဖြင့် ဆူလ်တန်ကိုကုသပေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သောနှစ်က ဆရာဝန်များက ဆူလ်တန်၏ ကိုယ်ခန္ဓာကြီးထွားမှုသည် သက်ကြီးအရွယ်ရောက်သည်တိုင်အောင် ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဟု ဆိုကြသည်။ လက်ရှိအချိန်တွင် ဆူလ်တန်ကို ဂျိုင်းထောက်ဖြင့် သွားလာရန် သူ၏ ဆရာဝန်များက ညွှန်ကြားထားသည်။

Ref: AFP
မြန်မာ့ခေတ်

RangonNewsDaily:: October. 30 .2013
ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ်Guinness World Recordစာအုပ်တွင်မှတ်တမ်းတင်ခြင်းခံထားရသူဆူလ်
တန်ကိုဆန် သည်ဆီရီးယားသူတစ်ဦးနှင့်တူရကီတွင်အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲကျင်းပခဲ့သည်။

သီပေါမြို့နယ်တွင် ရှေးဟောင်းစေတီ တစ်ဆူ ပြိုကျ၊ ဌာပနာများထွက်ပေါ်

Photo

RangonNewsDaily:: October. 30 .2013

သီပေါမြို့နယ်၊ နောင်ကတ်ကျေးရွာရှိ ရှေးဟောင်းစေတီတစ်ဆူ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဌာပနာများ ထွက်ပေါ်ခဲ့
ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုတွင် တာဝန်ရှိသော ဆရာဝန် ဆေးကု သခွင့် လိုင်စင် ပြန်လိုချင်

Photo: မိုက်ကယ်လ်ဂျက်ဆင် သေဆုံးမှုတွင် တာဝန်ရှိသော ဆရာဝန် ဆေးကု
သခွင့် လိုင်စင် ပြန်လိုချင်
Tuesday, October 29, 2013

ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင် သေဆုံးရမှုမှာ အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက သူထောင်က လွတ်တဲ့အချိန်မှာ ဆေးကုသခွင့် လိုင်စင် ပြန်ပေးဖို့ တောင်း
ဆိုခဲ့ကြောင်း Contactmusic. com မှာ ဖော်ပြထားပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ အောက်တိုဘာလ ၂၈ ရက်နေ့မှာ
ထောင်က ပြန်လွတ်ခဲ့ပြီး ထောင်က မလွတ်မီမှာပဲ ဆိုင်းငံ့ခံထားရတဲ့ သူ့ရဲ့ဆေးကုသခွင့် လိုင်စင်ကို ပြန်ထုတ်ပေးဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာကွန်းရက်ဒ်မာရေးဟာ မိုက်ကယ်လ်ဂျက်ဆင်ကို အကိုက်အခဲ သက်သာလျော့ပါးစေတဲ့ ပရိုပိုလ်ဖောင်းကို သေစေနိုင်လောက်တဲ့ ပမာဏအထိ သုံးစွဲခွင့် ပြုခဲ့ကြောင်း ထင်ရှားသဖြင့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ
လမှာ ထောင်ဒဏ်လေးနှစ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရပေမယ့် ပြစ်ဒဏ်ကျ
ခံနေစဉ် ကာလအတွင်း ကောင်းမွန်စွာ နေထိုင်ခဲ့တာကြောင့် လျှော့ရက်တွေ ရရှိခဲ့ပြီး အခုလိုစောစီးစွာ ပြစ်ဒဏ်မှ လွတ်မြောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက ထောင်မှ စောစီးစွာ လွတ်မြောက်ခွင့် ရရုံနဲ့တင် မကျေနပ်ဘဲ သူ့ရဲ့ ဆေးကုသခွင့် လိုင်စင်ကို ပြန်ထုတ်ပေးဖို့ပါ
တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“ဒေါက်တာမာရေးဟာ လူတွေကိုကူညီဖို့ အမြဲတမ်း ဆန္ဒပြင်းပြနေသူ တစ်ယောက်ပါ။ ဘယ်လို နေရာမျိုးမှာပဲ နေရ၊ နေရ သူကျွမ်းကျင်တဲ့ ဆေး
ပညာနဲ့ လူတွေကို ဆေးကုသပေးတဲ့ အလုပ်ကို ပြန်လည် လုပ်ကိုင်သွား
မှာပါ” လို့ ဒေါက်တာမာရေးရဲ့ ရှေ့နေက ပြောပါတယ်။

ဒါပေမဲ့ လော့စ်အိန်ဂျလိစ် ခရိုင်တရားရုံးကတော့ ဒေါက်တာမာရေး ရဲ့ ဆေးကုသခွင့် ပြန်ရဖို့ ကြိုးစားမှု မှန်သမျှကို တားဆီးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားထားပါတယ်။

The Voice Weekly

RangonNewsDaily:: October. 30 .2013
ပေါ့ပ်ဘုရင် မိုက်ကယ်လ်ဂျက်ဆင် သေဆုံးရမှုမှာ အဓိက တာဝန်ရှိသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထောင်ဒဏ် ကျခံနေရတဲ့ ဒေါက်တာကွန်းရက်ဒ်မာရေးက သူထောင်က လွတ်တဲ့အချိန်မှာ ဆေးကုသခွင့် လိုင်စင် ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း Contactmusic. com မှာ ဖော်ပြထားပါတယ်။