Pages

Monday, October 28, 2013

နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ

Photo: နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ
Monday, October 28, 2013

အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပရိသတ်များ အာရုံစိုက် ခံလာရအောင် အဖော်အချွတ် နည်းလမ်းများဖြင့် ဆွဲဆောင်ယူနေကြောင်း ဝေဖန်မှုများ ခံနေရပြီး ကေတီကမူ မိမိအနေဖြင့် နာမည်ဆိုးဖြင့် မကျော်ကြားလိုကြောင်း ပြောဆိုခဲ့

နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီ
လမ်းမှားသို့ ဦးတည်နေသော ပုံစံမျိုးဖြင့် မိမိ နာမည် မကြီးလိုကြောင်း ကေတီပယ်ရီက ဖွင့်ဟ ပြောကြားလိုက်သည်။ Popဂီတ အဆိုတော် ကေတီက လက်ရှိ ဝေဖန်မှုများ ကြုံနေရသည့် မိုင်လီဆိုင်းရပ်စ်နှင့် နှိုင်းယှဉ် သုံးသပ်ခံရသော မေးခွန်းမျိုးကို ပါးနပ်စွာ ရှောင်လွှဲ ဖြေဆိုသွားခဲ့သည်။ အသက်(၂၀) အရွယ်ရှိ မိုင်လီသည် ပရိသတ်များ အာရုံစိုက် ခံလာရအောင် အဖော်အချွတ် နည်းလမ်းများဖြင့် ဆွဲဆောင်ယူနေကြောင်း ဝေဖန်မှုများ ခံနေရပြီး ကေတီကမူ မိမိအနေဖြင့် နာမည်ဆိုးဖြင့် မကျော်ကြားလိုကြောင်း ပြောဆိုခဲ့သည်။ Le Grand ဂျာနယ်က သူမကို နာမည်ကျော်ရန် မည်သို့သော နည်းလမ်းကိုဖြစ်ဖြစ် အသုံးပြုရန် စိတ်ကူးရှိမရှိ မေးမြန်းရာ ကေတီက မရှိကြောင်း ဖြေဆိုသွားသည်။

"ကျွန်မက ကိုယ့်အာရုံနဲ့ ကိုယ်ပဲ စူးစိုက်ထားပါတယ်။ ကျွန်မ ရွေးချယ်တဲ့ အရာက ဂီတပါပဲ။ ကျွန်မအနေနဲ့ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ရပ်တည်တဲ့ အမျိုးသမီးတိုင်းကို လေးစားမှု ထားမှာပါ။ လူတိုင်းက ကိုယ့်ရွေးချယ်မှု တစ်ခုခုကို ကိုယ်ပိုင်လမ်းကြောင်းနဲ့ သွားနေကြမှန်း ကျွန်မသိတယ်လေ"ဟု ကေတီက ဆိုသည်။ သူမက "ကျွန်မအတွက်ကတော့ ဂီတနဲ့ ဖျော်ဖြေမှု ပေးနေတဲ့သူ အဖြစ်ပဲ လူတွေနားလည်စေချင်တယ်။ လူတွေ နားထောင်ဖို့၊ ကြည့်ဖို့အတွက်တော့ ဆိုးယုတ်တဲ့ နည်းလမ်းမျိုး မသုံးချင်ဘူး။ ဘယ်သူတွေက ဘာတွေ သုံးတယ်လို့တော့ ကျွန်မ မပြောဘူးနော်"ဟုလည်း ပြောကြားသွားသည်။

Planet Myanmar Network

RangonNewsDaily:: October. 28 .2013
နာမည်ဆိုးဖြင့် မကျော်ကြားလိုသည့် ကေတီပယ်ရီလမ်းမှားသို့ ဦးတည်နေသော ပုံစံမျိုးဖြင့်မိမိ နာမည် မကြီး
လိုကြောင်း ကေတီပယ်ရီက ဖွင့်ဟ ပြောကြားလိုက်သည်။

တေးသံရှင် သရုပ်ဆောင် အဆိုတော် ဝိုင်းစုခိုင်သိန်း ရဲ့ တတိယမြောက်တစ်ကိုယ်တော် တေးစီးရီး အာ...ဘွား Audio CD အခွေအမှတ်တရ လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်

Photo

RangonNewsDaily:: October. 28 .2013
ဝိုင်းစုခိုင်သိန်း ရဲ့ တတိယမြောက်တစ်ကိုယ်တော် တေးစီးရီး အာ...ဘွား Audio CD အခွေအမှတ်တရ လက်
မှတ်ရေးထိုးပွဲကို အောက်တိုဘာ ၂၇ ရက်၊ ညနေ ၅ နာရီမှ ၇ နာရီအထိ Junction Square တွင်ပြုလုပ်ခဲ့ရာ 
ပရိသတ်များစွာ လာရောက်ဝယ်ယူအားပေးခဲ့ကြသည်။

မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာ စစ်ဘေး ဒုက္ခသည်စခန်း ရိက္ခာအရေးပေါ် အကှုအညီလိုအပ်နေ

Photo: နမ်လင်းပါ ဒုက္ခသည်စခန်း ရိက္ခာအရေးပေါ်လို
Monday, October 28, 2013

တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာ စစ်ဘေး ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၄၀၀ ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်သွားသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်သောကြောင့် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည် စခန်းများကို ရိက္ခာ ထောက်ပံ့ပေးနေသည့် ကရုဏာမြန်မာ လူမှုကူညီရေးအဖွဲ့ (ဗန်းမော်) ရုံးမှ စီမံကိန်း မန်နေဂျာ ဦးနော်ဒင့်က ပြောကြားသည်။

ကရုဏာ လူမှုကူညီရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့၌ နမ်လင်းပါ စစ်ဘေး ဒုက္ခသည်စခန်းသို့ ဆန်အိတ် ၃၅၀ ကို ပို့ဆောင်ခဲ့သော်လည်း ဆန်အိတ်များမှာ ယင်းဒုက္ခသည်စခန်းနှင့် ရှစ်မိုင်ခန့်အကွာ တွင်ရှိ ကောင်ဂျာရွာရှိ ကောင်ဂျာချောင်းကို ဖြတ်ကူးရန် မော်တော်ယာဉ်ကြီးများ ငှားရမ်း၍ မရသည့်အတွက် ရိက္ခာများ မရောက်ရှိခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အခြေအနေ ဖြစ်နေတော့ တိုက်ပွဲကြားမှာ ညှပ်နေမှာစိုးလို့ ဘယ်ကားမှ ငှားလို့မရဘူး။ မလိုက်ရဲကြဘူး။ တပ်က တာဝန်ရှိသူတွေကိုလည်း သွားရောက် ညှိနှိုင်းထားတယ်။ ပို့ဖို့ ကြိုးစားကြည့်တာမှ မရရင် UN က ယာဉ်တန်းနဲ့လိုက်ဖို့ စီစဉ်ရတော့မယ်။ လောလောဆယ်တော့ နမ်လင်းပါရွာက ရသမျှစပါးကို ရှာပြီး မလောက်မငနဲ့ ကြိတ်ကျွေးနေတယ်” ဟု ၎င်းကဆိုသည်။

နမ်လင်းပါ စစ်ဘေးဒုက္ခသည် စခန်းသို့ သွားရောက်ရန်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးရုံး (UNOCHA) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ခွင့်ပြုထားပြီး ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မန်စီမြို့နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံ ၆၅ ဦးခန့်မှာ နမ်လင်းပါ စစ်ရှောင်စခန်းသို့ ထပ်မံရောက်ရှိလာခဲ့ပြီး တောထဲ တွင် ရှောင်တိမ်းနေသည့် မုန်းဒိန်ပါ ရွာသား ၁၀၀၀ ဝန်းကျင် ခန့်မှာလည်း ယင်းစစ်ဘေး ဒုက္ခသည်စခန်းသို့ ထပ်မံရောက်ရှိလာဖွယ် ရှိကြောင်း ဦးနော်ဒင့်က ထပ်လောင်းပြောကြားသည်။

မန်စီမြို့နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း ၁၂ တို့ အောက်တိုဘာလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

The Voice Weekly


RangonNewsDaily:: October. 28 .2013
တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် မန်စီမြို့နယ် နမ်လင်းပါ ကျေးရွာ စစ်ဘေး ဒုက္ခသည်စ
ခန်းရှိ ဒုက္ခသည် ၁၄၀၀ ကျော်သည်စားနပ်ရိက္ခာ ပြတ်လပ်သွားသည်မှာငါးရက်ခန့်ရှိပြီ ဖြစ်သောကြောင့်စား
နပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း ဒုက္ခသည် စခန်းများကို ရိက္ခာ ထောက်ပံ့ပေးနေသည့် ကရုဏာမြန်
မာ လူမှုကူညီရေးအဖွဲ့ (ဗန်းမော်) ရုံးမှ စီမံကိန်း မန်နေဂျာ ဦးနော်ဒင့်က ပြောကြားသည်။

၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7

Photo: ၇၉ ဒေါ်လာတန် ဥရောပ Android Tablet Avoca 7
Monday, October 28, 2013

မြန်မာငွေ ၆ သောင်းလောက်နဲ့ ဥရောပဖြစ် ကျောက်သင်ပုန်းကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရမယ်ဆိုရင် တရုတ်ပြည်ထွက် Tablet တွေကို ခဏမေ့ထားနိုင်မှာ အမှန်ပါပဲ။

အမည်ကတော့ Avoca 7 လို့ခေါ်ပါတယ်။ ဗြိတိန်ပေါင် ၄၉ နဲ့ ဗြိတိန်အခြေ ဆိုက် Carphone Warehouse က ထုတ်တာပါ။ Display အရွယ် ၇ လက်မ ရှိပြီး Resolution က 800x400 ပါ။ RAM 512 MB ရှိပြီး Processor ကတော့ 1GHz ပါပဲ။ ဘက်ထရီက 3000 mAh တောင် ရှိပါတယ်။ ၈ နာရီလောက်ထိ အသုံးခံ ပါတယ်။ 192x117x10.7 mm အတိုင်းအတာ ရှိပြီး အလေးချိန်ကတော့ ၃၅၀ ဂရမ် ရှိပါတယ်။ Wi Fi ရပါတယ်။ နောက်ကော အဖြူ၊ ရှေ့ အနက် ပုံစံ ကာလာ တစ်မျိုးထဲ ထွက်ပါတယ်။

Android 4.2 Jelly Bean OS ကို အသုံးပြု ထားပါတယ်။ built in storage က 8GB ရှိပြီး SD card ထပ်ဆိုက် နိုင်ပါသေးတယ်။ ဒါကို မြန်မာကျပ်ငွေ ၇ သောင်း၊ ၈ သောင်းနဲ့ ရမှာမို့ တော်တော်လေး တန်ပါတယ်။ UK made ဖြစ်ပြီး အာမခံလည်း ရရှိမယ့် ပစ္စည်း Avoca 7 Tablet အား အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ ဝယ်ယူ နိုင်ပါတယ်။

http://www.carphonewarehouse.com/special-offers/categories/half-price-tablet?stop_mobi=yes#phonedetailstabs

.
Aung Kham ( TSJ team )

RangonNewsDaily:: October. 28 .2013
မြန်မာငွေ ၆ သောင်းလောက်နဲ့ ဥရောပဖြစ် ကျောက်သင်ပုန်းကွန်ပြူတာ တစ်လုံး ကောင်းကောင်း သုံးရ
မယ်ဆိုရင် တရုတ်ပြည်ထွက် Tablet တွေကို ခဏမေ့ထားနိုင်မှာ အမှန်ပါပဲ။

တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းအနီးတွင် တောင်ကိုရီးယားမှ စစ်ရေးပြပွဲပြုလုပ်

Photo: တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းအနီးတွင် ပြုလုပ်ခဲ့သည့် တောင်ကိုရီးယား စစ်ရေးပြပွဲ
Monday, October 28, 2013

တောင်ကိုရီးယားဘက်မှ Dokdo ကျွန်းဟုခေါ်ပြီး ဂျပန်နိုင်ငံမှ Takeshima ဟု ခေါ်ဝေါ်သည့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းစု အနီးတွင်
တောင်ကိုရီးယားဘက်မှ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
 
တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံသည် ဒေသတွင်း စစ်ရေး မဟာမိတ် အုပ်စုများ ဖြစ်သော်လည်း အဆိုပါ ကျွန်းစု ပိုင်ဆိုင်ရေး အတွက်မူ နှစ်ရှည်လများ အငြင်းပွားလျှက် ရှိသည်။ စစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယား ရေတပ်၏ Underwater Demolition Team မှ တိုက်လေယာဉ်များ ၊ ဖျက်သင်္ဘောများ ပါဝင်သည်။ “Dokdo Day” ဟု သတ်မှတ်ထားသည့် အထိမ်းအမှတ်နေ့ စစ်ရေးပြပွဲသည် Dokdo ကျွန်းအား မည်သည့် နိုင်ငံခြား တပ်ဖွဲ့မျှ ခြေချခွင့်မပြုနိုင်ကြောင်း သတိပေးသည့် အနေဖြင့် လုပ်ဆောင်သည့် စစ်ရေး လေ့ကျင့် မှုလည်း ဖြစ်ကြောင်း စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးမှ ပြောကြားခဲ့သည်။
 
http://uk.reuters.com/article/2013/10/25/uk-japan-korea-south-idUKBRE99O...

MRTV-4

RangonNewsDaily:: October. 28 .2013
တောင်ကိုရီးယားဘက်မှ Dokdoကျွန်းဟုခေါ်ပြီး ဂျပန်နိုင်ငံမှ Takeshima ဟု ခေါ်ဝေါ်သည့် ပိုင်ဆိုင်မှု အငြင်း
ပွားနေသည့် ကျွန်းစု အနီးတွင်တောင်ကိုရီးယားဘက်မှ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ဘဟားမားကျွန်းနိုင်ငံ က ရေအောက်လည်ပတ်ရေး ခရီးစဉ်

Photo: ဘဟားမားက ရေအောက်လည်ပတ်ရေး ခရီးစဉ်
Monday, October 28, 2013

ဘဟားမား ကျွန်းနိုင်ငံမှာ ရေအောက် လေ့လာချင်သူများအတွက် ဖန်တီး ပေးထားတဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောများ အသုံးပြုနေမှုကို ယခုလို မြင်တွေ့ရပါတယ်။ 

အပေါ်ကနေ Life line (သက်ကယ်)ကြိုးဆွဲထားပြီး တစ်ယောက်စီး ရေငုပ် သဘောင်္ တစ်ခုတိုင်းစီနဲ့ တွဲလို့ထားပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ အလုံအလောက်ပါရှိတဲ့ လေအိုးနဲ့ တစ်ယောက်စီး ရေငုပ်သင်္ဘောက ခေါင်းပဲ လုံပြီး ကျန်တာအားလုံး ရေနဲ့ တိုက်ရိုက်ထိပါတယ်။ သန္တာကျောက်တန်းနဲ့ ပင်လယ် သဘာဝလေ့လာလိုသူများအတွက် စီစဉ်ဖန်တီးပေးထားခြင်း ဖြစ် ပါတယ်။ 

ယင်းကဲ့သို့ တစ်ယောက်စီး ရေငုပ်သင်္ဘော Submersible နဲ့ လည်ပတ် ခွင့် ပေးတဲ့အတွက် ဘဟားမားက သန္တာကျောက်တန်းနဲ့ ရေသဘာဝ အလှအပများသို့ လာရောက် လေ့လာသူများပြားကြောင်း သိရပါတယ်။ 

Ref: cbsonews
Aung Kham ( International news for myanmar )

RangonNewsDaily:: October. 28 .2013
ဘဟားမား ကျွန်းနိုင်ငံမှာ ရေအောက် လေ့လာချင်သူများအတွက် ဖန်တီး ပေးထားတဲ့ တစ်ယောက်စီး ရေ
ငုပ်သင်္ဘောများ အသုံးပြုနေမှုကို ယခုလို မြင်တွေ့ရပါတယ်။

ချယ်ဆီးအသင်းကို ရှုံးနိမ့်မှုနှင့် ပါတ်သက်ပြီး ဝေဖန်ခံနေရသည့် ဂျိုးဟတ်

Photo: ချယ်ဆီးအသင်းကို ရှုံးနိမ့်မှုနှင့် ပါတ်သက်ပြီး ဝေဖန်ခံနေရသည့် ဂျိုးဟတ်
Monday, October 28, 2013

မန်ချက်စတာစီးတီး ဂိုးသမား ဖြစ်သူ ဂျိုးဟတ်ဟာ ချယ်ဆီးအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှာ ပြုလုပ်ခဲ့သည့် အမှားအတွက် ဝေဖန်ပြစ်တင်မှုများ ခံနေရသည်။ ဒေလီမေးလ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် လီဗာပူးလ် ကစားသမားဟောင်း ဂျေမီ ရက်က်နပ်က အပြစ်တင်ဝေဖန်လိုက်သလို မန်စီးတီး မန်နေဂျာ ဖြစ်သူ ပယ်လီဂရီနီကလည်း သူ့အသင်းသားဖက်မှ ကာကွယ် ပြောဆိုခြင်း မရှိခဲ့ပေ။

ဂျေမီ ရက်က်နပ်က “စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ချယ်ဆီးအသင်းအနိုင်ရခဲ့တဲ့ပွဲမှာ အပြစ်တင်စရာ တစ်ယောက်တည်းပဲ ရှိပါတယ်။ အဲဒါ ဂျိုးဟတ်ပါ။ အဲဒါကို သူကိုယ်တိုင် အဖြေရှာဖို့ လိုပါတယ်။ သူ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုက ဒီရလာဒ်ရဲ့ အဓိက အကြောင်းအရာပါပဲ။” ဟု ပြစ်တင် ရေးသားခဲ့သည်။

အပြစ်တင်မှုများ ခံနေရသည့် ဂိုးသမား ဂျိုးဟတ်ကို အသင်းနည်းပြဖြစ်သူ ပယ်လီဂရီနီကလည်း ကာကွယ်မပေးခဲ့ပေ။ ဂျိုးဟတ်အနေနဲ့ မန်စီးတီး အသင်း၏ ပထမဂိုးသမား နေရာမှာ ဆက်လက် ရပ်တည်နိုင်မည်လားဟု သတင်းသမားများက မေးမြန်းရာမှာ ပယ်လီဂရီနီက “မနက်ဖန်က စပြီး အရာရာကို ဘယ်လို စီစဉ်ရမလဲ ဆိုတာ အကောင်းဆုံး နည်းလမ်းတွေ ကျနော်တို့ ရှာဖွေသွားမှာပါ။ အဲဒီဂိုးအကြောင်း ပြောရမှာလား?? ကျနော် အဲဒါကို ပြောမှာ မဟုတ်ပါဘူး။ ကျနော့် ဂိုးသမားရဲ့ စွမ်းဆောင်ရည်ကို မှတ်ချက်ပေးရမှာလား ?? ကျနော် ထပ်ပြောပါမယ်။ ကစားသမား တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ချက်ကို စိစစ် ဝေဖန် ပိုင်းခြားတာကို ကျနော် ကစားသမားတစ်ဦးချင်းစီနဲ့ပဲ လုပ်ပါမယ်။”

“သူ့ကိုယ်သူ ယုံကြည်မှု ရှိသေးရဲ့လားဆိုတာ ဖြေရမှာလား??အဲဒါကိုတော့ သူ့ကို သွားမေးပါ။ ကျနော်တို့ အဓိပ္ပါယ်မဲ့ ရမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ကျနော်တို့ ရှုံးနိမ့်ခဲ့ရတဲ့ အဝေးကွင်း ၃ ပွဲမှာပြိုင်ဖက်တွေ သွင်းယူသွားတဲ့ ဂိုးတွေနဲ့ ပါတ်သက်ပြီး ကျနော်တို့မှာ တာဝန်ရှိနေပါတယ်။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်လက်ရွေးစင် ဂိုးသမား ဂျိုးဟတ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အမှားပြုလုပ်မှုပေါင်း ၈ ကြိမ် တိတိ ရှိခဲ့ပြီ ဖြစ်သည်။ ဆောက်သမ်ပ်တန်၊ ကာဒစ်ဖ်၊ ဝက်စ်ဟမ်း၊ စကော့တလန်၊ အက်စ်တွန်ဗီလာနှင့် ချယ်ဆီးပွဲစဉ်များမှာ အမှားတစ်ကြိမ်စီ ပြုလုပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရင်ဆိုင်ခဲ့သည့် ပွဲစဉ်မှာ ၂ ကြိမ်တိုင်တိုင် ဆုံးဖြတ်ချက်အမှားများ ပြုလုပ်ခဲ့သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/

RangonNewsDaily:: October. 28 .2013
မန်ချက်စတာစီးတီး ဂိုးသမား ဖြစ်သူ ဂျိုးဟတ်ဟာ ချယ်ဆီးအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်မှာ ပြု
လုပ်ခဲ့သည့် အမှားအတွက် ဝေဖန်ပြစ်တင်မှုများ ခံနေရသည်။

အိန္ဒိယနိုင်ငံ မွမ်ဘိုင်း မြို့ဖွား Dr. Zakir Naik အကြောင်းသိကောင်းစရာ

RangonNewsDaily:: October. 28 .2013
ဒေါက်တာ ဇာကိရ်နိုက်သည် M.B.B.Sဘွဲ့ရ ဆေးကုသည့်ဆရာဝန်တစ်ဦး ဖြစ် သည်။ သူ့အား အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ တွင်မွေးဖွားခဲ့ပါသည်။

အိန္ဒိယတွင် မိုးကြီးမှုကြောင့် ရေလွှမ်းမိုးကာ သေဆုံးသူ ၄၈ဦးထိ ရှိလာ

Photo: အိန္ဒိယတွင် မိုးကြီးမှုကြောင့် ရေလွှမ်းမိုးကာ သေဆုံးသူ ၄၈ဦးထိ ရှိလာ
Monday, October 28, 2013

အိန္ဒိယတွင် ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွာဆုံး မုန်တိုင်းဒဏ်ခံခဲ့ရသော အရှေ့ပိုင်းဒေသများတွင်  မိုးသည်းထန်စွာ သွန်းခြင်းများ ဆက်တိုက်နီးပါးဖြစ်ပွားခဲ့သဖြင့် ရေလွှမ်းမိုးကာ သေဆုံးသူပေါင်း ၄၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရ သည်။

သြရိဿပြည်နယ် အရှေ့ပိုင်းတွင် ရေကြီး၊ ရေလျှံမှုဒဏ်ကို ထောင်ပေါင်းများစွာသော အိုးအိမ်များက ခံစားနေကြောင်း၊ ခရိုင်ငယ် ၃၀ နီးပါးမှ ကျေးရွာများ ရေမြုပ်နေပြီဖြစ်ကြောင်းနှင့် ဆက်သွယ်ရေးလမ်းကြောင်း အများစုမှာလည်း ပြတ်တောက် နေပြီဖြစ်ကြောင်း အိန္ဒိအမျိုးသား သတင်းအေဂျင်စီ Press Trust  အောက်တိုဘာ ၂၆ရက်က ကြေညာခဲ့သည်။ ယခုရေလွှမ်းမိုးနေသည့် ဒေသများသည် ပြီးခဲ့သည့် နှစ်ပတ်က ဆိုင်ကလုန်း ဖိုင်လင်းမုန်ုတိုင်း ၀င်မွှေခဲ့ သော နေရာများဖြစ်၍ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေ ပြတ်လပ်မှု ပိုနိုင်ပြီး လက်ရှိအခြေအနေအရ ရေသည် နောက်ထပ် ၄၈နာရီကြာမြင့်ချိန် ရောက်မှသာ ကျသွားဖွယ်ရှိသည်ဟု သိရသည်။

မြန်မာ့ခေတ်

RangonNewsDaily:: October. 28 .2013
အိန္ဒိယတွင် ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွာဆုံး မုန်တိုင်းဒဏ်ခံခဲ့ရသော အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာ သွန်းခြင်းများ ဆက်တိုက်နီးပါးဖြစ်ပွားခဲ့သဖြင့် ရေလွှမ်းမိုးကာ သေဆုံးသူပေါင်း ၄၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရ သည်။

ရဲနှစ်ဦး မောင်းနှင်သည့် ဆိုင်ကယ်နှင့် အရပ်သားဆိုင်ကယ်တို့ တိုက်

RangonNewsDaily:: October. 28 .2013
သန်လျင်မြို့နယ်တွင် ရဲတပ်ကြပ် နှစ်ဦးစီးနင်းသည့် ဆိုင်ကယ်နှင့် အခြားဆိုင်ကယ်တစ်စီးတို့ အောက် တိုဘာ ၂၆ ရက်က မျက်နှာချင်းဆိုင်တိုက်မိရာ ရဲတပ်ကြပ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်တစ်ဦးမှာ လည်း စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ထားရကြောင်း ရန်ကုန်တိုင်းရ တပ်ဖွဲ့မှူးရုံးမှ သိရသည်။ ယာဉ်တိုက်မှုမှာ အမှုထမ်းရပ်ကွက်၊ ကျိုက်ခေါက်ဘုရားလမ်း၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ည ၇နာရီ ကျော်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယာဉ်မတော်တဆမှုများကြောင့် ၂၄ ရက်အတွင်းလူ ၁၇၀ ကျော် သေဆုံး၊ ၁၃၀၀ ကျော်ဒဏ်ရာရ

Photo: ယာဉ်မတော်တဆမှုများကြောင့် ၂၄ ရက်အတွင်းလူ ၁၇၀ ကျော် သေဆုံး၊ ၁၃၀၀ ကျော်ဒဏ်ရာရ
Monday, October 28, 2013

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု များကြောင့် လူ ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၁၇၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ယခုလအတွင်း ၂၄ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၈၀၄ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၈၄ ဦး ရှိကာ ၁၇၉ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၇၅ မှု၊ ဒဏ်ရာရရှိသူ ၂၇၅ ဦးနှင့် သေဆုံးသူ ၂၇ ဦးဖြင့် အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီးတွင် ယာဉ် မတော်တဆမှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၂ ဦး သေဆုံးခဲ့သည်။

အစိုးရ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော် ကောင်စီ နယ်မြေတွင် အောက်တိုဘာလ ၁ ရက်မှ ၂၄ ရက်အထိ ယာဉ်မတော်တဆမှု ၁၄ မှု၊ ဒဏ်ရာရရှိသူ ၁၉ ဦးနှင့် သေဆုံးသူ ကိုးဦးရှိခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ အများဆုံးစာရင်းတွင် သတ္တမနေရာတွင် ရှိနေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ကာ ယာဉ်မတော်တဆမှု သုံးမှုသာ ဖြစ်ပွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရကာ လူသေဆုံးမှု မရှိခဲ့ပေ။

ယခုနှစ် အောက်တိုဘာလ ၂၄ ရက်အတွင်း သေဆုံးသူ ၁၇၉ ဦးခဲ့ရာ ယင်းကိန်းဂဏန်းများအရ အောက်တိုဘာလ အတွင်းတွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် လူခုနစ်ဦးကျော် သေဆုံး လျက်ရှိနေခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: October. 28 .2013
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ယခုနှစ်အောက်တိုဘာလ၁ ရက်နေ့မှ၂၄ ရက်နေ့အတွင်း
ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုများကြောင့်လူ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၁၇၉ ဦး သေဆုံးခဲ့ကြောင်း
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

သင် အသုံးပြုနေသော Mobile Phone ကို ပြန်မရောင်းခင် သတိပြုသင့်သည့်အချက်များ

Photo: သင့် Mobile Phone ကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်များ
Monday, October 28, 2013

သင့် Mobile Phone ကိုရောင်းတော့မယ်ဆိုရင် သင့်ရဲ့ Personal Data တွေကို အရင်ဖျက်ပြီးမှရောင်းသင့်ပါတယ်။ သင့်ရဲ့ ဒေတာတွေကို Delete ကီးနှိပ်ပြီးဖျက်ရုံနဲ့  မလုံလောက်ပါဘူး။ဖျက်လိုက်တဲ့ဒေတာတွေကို ပြန်ရှာနည်းတွေ ရှိပါတယ်။အဲဒီအတွက် သင့် Device တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်မှာလေ့လာပါ။

Data တွေကို Wipe မလုပ်ခင်ပြုလုပ်သင့်တဲ့အချက်တွေ။
သင့်ဖုန်းကို Wipe မလုပ်ခင်မှာ SIM Card , SD Card တွေကိုထုတ်ပါ။ SD Card ပေးရမယ်ဆိုရင် Erase or Format ချပါ။ Format ချဖို့  Settings ထဲမှာပြုလုပ်နိုင်သလို PC နဲ့ ချိတ်ဆက်ပြီး လည်းပြုလုပ်နိုင်ပါတယ်။
ဒီအချက်တွေကိုပြုလုပ်ပြီးရင်တော့ Internal Storage က ဒေတာတွေကို ဖျက်ဖို့ ပြုလုပ်ရမှာပါ။ iOS နဲ့  Android မှာ Internal Storage ကဒေတာတွေကိုဖျက်ဖို့ နည်းလမ်းတွေရှိပြီးအနည်းငယ်ကွဲပြားပါတယ်။

သင့်ဖုန်းကို Wipe လုပ်ဖို့ 
--------------------------
သင့်ဖုန်းရဲ့  Internal Storage ကဒေတာတွေကို စိတ်ချရအောင် Wipe လုပ်ဖို့ အတွက် နည်းတွေက iOS နဲ့  Android မှာမတူညီပါ။

iOS မှာ Default Erase Setting ကိုသုံးပါ။
iPhone အဟောင်းတွေမှာတော့ Erase လုပ်ဖို့  အဆင့်တွေကနည်းနည်းရှုပ်ပါတယ်။ iPhone 3GS , iOS 3.0 ကစပြီးတော့ hardware encryption နည်းကို Apple ကအသုံးပြုခဲ့ပါတယ်။ Internal Storage မှာရှိတဲ့ဒေတာတွေ အားလုံးကို အလိုလို Encrypted လုပ်ပြီးသိမ်းပေးထားတာပါ။ iPhone တွေမှာ သီးခြား Encryption Key တွေရှိပြီး ဖုန်း Handset ထဲမှာသိမ်းထားကြပါတယ်။ သင့် iPhone ကို Wipe လုပ်လိုက်တဲ့အခါမှာ Encryption Key ကိုပဲ Wipe လုပ်လိုက်တာဖြစ်ပါတယ်။
သင့် iPhone ကို Wipe လုပ်ဖို့  အတွက်

Settings>General>Reset>Erase all Content and Settings
ကိုနှိပ်ပြီးပြုလုပ်နိုင်ပါတယ်။

iPhone 3GS နဲ့ နောက်ပိုင်းဖုန်းတွေ ၊ iPads တွေ၊ iPod Touch 3rd Generation တွေမှာ Hardware Encryption ကိုအသုံးပြုကြပြီး Encryption Key ကိုဒီနည်းအတိုင်းဖျက်နိုင်ပါတယ်။ဒီနည်းနဲ့ ဖျက်ရင်အတော်လျှင်မြန်ပြီးသင့်ဒေတာတွေကို လုံခြုံစိတ်ချရစေပါတယ်။ ဖုန်းအဟောင်းတွေမှာတော့ ဒေတာတွေကို Wipe လုပ်တာအနည်းငယ်ကြာမြင့်ပါတယ်။ ဖုန်းအဟောင်းတွေမှာ ဒေတာတွေကိုဖျက်ဖို့  Random Information တွေနဲ့  Overwrite လုပ်တဲ့နည်းကိုအသုံးပြုလို့ ဖြစ်ပါတယ်။

Android မှာ ဆိုရင် Encrypt လုပ်ပြီး Erase လုပ်ပါ။
Android Phone တွေမှာတော့ iPhone နဲ့ မတူဘဲ manufacturer တွေများစွာရှိတဲ့အတွက် နည်းတွေကလည်းကွဲ ပြားပါတယ်။ဒါပေမယ့် ဒေတာတွေကို ဖျက်ဖို့  Default Option ကိုစိတ်ချစွာသုံးနိုင်ပါတယ်။ iPhone လို မဟုတ်ဘဲ Android မှာ Hardware Level နဲ့  Encryption လုပ်တာမဟုတ်ပါဘူး။ Setting ထဲမှာ ကိုယ်တိုင် ပြုလုပ်ရမှာပါ။ Encryption လုပ်ပြီးရင် Phone ကို Boot တက်တိုင်း Encryption Key ကိုထည့်ပေးရမှာပါ။( Lock Screen PIN နဲ့ မဆိုင်ပါ။) Android မှာ Encrypt လုပ်ထားရင် Performance အနည်းငယ်ကျတတ်ပါတယ်။

Encryption မလုပ်ချင်တော့ရင် သင့်ဖုန်းကို Wipe လုပ်ရမှာပါ။ Setting ထဲမှာ ပြန်ပြောင်းရွေးချယ်လို့ မရပါဘူး။အဲဒီအတွက် Encrypt မလုပ်ခင်သေချာစဉ်းစားပြီးမှပြုလုပ်သင့်ပါတယ်။
Android မှာ ဒေတာတွေကို Wipe လုပ်ဖို့ နည်းနှစ်နည်းရှိပါတယ်။

တစ်နည်းက Factory Reset လုပ်တာဖြစ်ပါတယ်။ Factory Reset လုပ်ဖို့ ကတော့ ဖုန်းပေါ်မူတည်ပြီး နေရာကွဲပြားပါတယ်။များသောအားဖြင့်တော့ “Backup & Reset” မှာလုပ်နိုင်ပါတယ်။ သာမာန် ဒေတာတွေကိုပဲ ဖုန်းမှာသိမ်းထားတဲ့သူတွေအတွက်ကတော့ ဒီနည်းကပြည့်စုံလုံလောက်ပါတယ်။
Wipe လုပ်ရင်ဒေတာတွေကို ပြန်ရှာလို့ ရနိုင် ၊ မရနိုင်ကတော့ manufacturer တွေအလိုက်ကွဲပြားနိုင်ပါတယ်။တစ်ချို့  Manufacturer တွေက သူတို့ ဖုန်းတွေကို Wipe လုပ်လိုက်ရင်တောင် မှဒေတာတွေကိုပြန်ရှာတွေ့ နိုင်အောင်ပြုလုပ်ပေးထားပါတယ်။ နောက်ပြီး သင့်ဖုန်းကို Root လုပ်ထားပြီး Custom Recovery သုံးတယ်ဆိုရင် Recovery ကနေ Wipe လုပ်တဲ့အခါမှာ အကုန် မပျက်ဆီးဘဲ ဒေတာတွေ ကျန်ရှိနေတတ်ပါတယ်။
သင့်ဖုန်း ကို ပိုပြီးစိတ်ချရအောင် Wipe လုပ်ချင်ရင်တော့ Encrypt လုပ်ပြီး မှ Wipe လုပ်ပါ။ဒီနည်းက သင့်ဖုန်းမှာ အရေးကြီးတဲ့ဒေတာတွေကို ပြန်ရှာမရအောင် Wipe လုပ်ပေးနိုင်ပါတယ်။

Myanmar Digital Life Journal

RangonNewsDaily:: October. 28 .2013
သင့် Mobile Phone ကိုရောင်းတော့မယ်ဆိုရင် သင့်ရဲ့ Personal Data တွေကို အရင်ဖျက်ပြီးမှရောင်းသင့်ပါ
တယ်။ သင့်ရဲ့ ဒေတာတွေကို Delete ကီးနှိပ်ပြီးဖျက်ရုံနဲ့  မလုံလောက်ပါဘူး။ဖျက်လိုက်တဲ့ဒေတာတွေကို ပြန်
ရှာနည်းတွေ ရှိပါတယ်။အဲဒီအတွက် သင့် Device တွေကို မရောင်းခင်ပြုလုပ်သင့်တဲ့အချက်တွေကို အောက်
မှာလေ့လာပါ။

အစိုးရ၏အွန်လိုင်းစောင့်ကြည့် ထောက်လှမ်းရေးအစီအစဉ်များကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ၀ါရှင်တန်တွင်ချီတက်ဆန္ဒပြ

RangonNewsDaily:: October. 28 .2013
အမေရိကန်အစိုးရ၏ အွန်လိုင်းစောင့်ကြည့်ထောက်လှမ်းရေးအစီအစဉ်များကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် ၀ါရှင်တန်မြို့တွင်ဆန္ဒပြသူများက လွှတ်တော်အဆောက်အုံရှိရာ Capitol Hill သို့ စနေနေ့က ချီတက်ခဲ့ကြကြောင်း အောက်တိုဘာ ၂၇ ရက်က ရိုက်တာသတင်းဌာနမှ ဖော်ပြထားသည်။

ဂျပန် Nissan Company ထုတ် ၂၀၁၄ မော်ဒယ် Pathfinder Nissan ဈေးနှုန်းကြေညာ

Photo: ၂၀၁၄ မော်ဒယ် Pathfinder Nissan ဈေးနှုန်းကြေညာ
Monday, October 28, 2013

ဂျပန် Nissan ထုတ် ၂၀၁၄ ခုနှစ်မော်ဒယ် Pathfinder ဟိုင်းဘရစ်ကား ကို ဈေးနှုန်းကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ၂.၅ လီတာ အရွယ် ဆလင်ဒါ လေးလုံးပူး V အင်ဂျင်အပြင်၊ ၁၅ ကီလိုဝပ်နာရီအား ထုတ်နိုင်တဲ့ လျှပ်စစ်မော်တာပါ ပူးတွဲတပ်ဆင်ထားခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၂၅၀ ရှိပါတယ်။ ဆီစားနှုန်းသက်သာမှာပါ။ တစ်ဂါလံစာ ဆီအတွက် မြို့ တွင်းလမ်းမှာ ၂၅ မိုင်၊ ဟိုင်းဝေးမှာ ၂၈ မိုင် မောင်းနှင်နိုင်ပြီး ဆင်လင်ဒါ ၆ လုံးပူး V အင်ဂျင် တပ် အမျိုးအစားလည်း ထုတ်လုပ်အုံးမှာ ဖြစ်ပါတယ်။ ၂ ဘီးမောင်းနဲ့ ၄ ဘီးမောင်း နှစ်မျိုးခွဲ ထုတ်ထားပါတယ်။ ရောင်းချမှုအနေနဲ့ ကတော့ ဂရိတ် ၃ မျိုးခွဲ ထားပြီး ဈေးနှန်းကတော့ အမေရိကန် ဒေါ်လာ ၃၅၁၀၀၊ ၃၈၀၅၀၊ ၄၂၇၅၀ အစရှိသဖြင့် လေးမျိုး ခွဲခြား ထားပါတယ်။

SUV ကားဖြစ်တဲ့ Pathfinder ကို Nissan တို့ မကြာမီ ဈေးကွက်ဖြန့် ချိတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: autoblog
ColayAutomobile

RangonNewsDaily:: October. 28 .2013
ဂျပန် Nissan ထုတ် ၂၀၁၄ ခုနှစ်မော်ဒယ် Pathfinder ဟိုင်းဘရစ်ကား ကို ဈေးနှုန်းကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ၂.၅ လီတာ အရွယ် ဆလင်ဒါ လေးလုံးပူး V အင်ဂျင်အပြင်၊ ၁၅ ကီလိုဝပ်နာရီအား ထုတ်နိုင်တဲ့ လျှပ်စစ်မော်တာပါ ပူးတွဲတပ်ဆင်ထားခြင်း ဖြစ်ပါတယ်။

27 ကြိမ်မြောက် Sea Game ပွဲကို ဂုဏ်ပြု ထုတ်ဝေလိုက်တဲ့ မြန်မာ့ ခြင်းလုံးဂိမ်း For Android


Android အတွက် မြန်မာ့ ခြင်းလုံးဂိမ်းလေး 27 ကြိမ်မြောက် Sea Game ပွဲကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ ခြင်းလုံးဂိမ်းလေးကို total Game Play Studio ကနေ ထုတ်လိုက်ပါပြီခင်ဗျာ ကစားချင်တယ်ဆိုရင်တော့ file Size:49MB ပါ ကျေးဇူးပြု၍ Play Store က သွားရောင် ဒေါင်းရင်း Rating ပေးပါခင်ဗျာ ကျွန်တော့်ဆိုဒ် ညာဘက်က ကြော်ငြာလေးကိုလည်း တစ်ချက်လောက် ကလစ်ပေးပါအုံးခင်ဗျ << Download From Play Store >> အကယ်၍ Play Store မရှိခဲ့ရင် << Download Link 1 >> << Download Link 2 >>

Source: http://www.aungkyaw.net/2013/10/android_4282.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်

Cover art

27 ကြိမ်မြောက် Sea Game ပွဲကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ ခြင်းလုံးဂိမ်းလေးကို total Game Play Studio ကနေ ထုတ်လိုက်ပါပြီခင်ဗျာ ကစားချင်တယ်ဆိုရင်တော့ file Size:49MB ပါ

Source: http://www.aungkyaw.net/2013/10/android_4282.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်
Android အတွက် မြန်မာ့ ခြင်းလုံးဂိမ်းလေး 27 ကြိမ်မြောက် Sea Game ပွဲကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ ခြင်းလုံးဂိမ်းလေးကို total Game Play Studio ကနေ ထုတ်လိုက်ပါပြီခင်ဗျာ ကစားချင်တယ်ဆိုရင်တော့ file Size:49MB ပါ ကျေးဇူးပြု၍ Play Store က သွားရောင် ဒေါင်းရင်း Rating ပေးပါခင်ဗျာ ကျွန်တော့်ဆိုဒ် ညာဘက်က ကြော်ငြာလေးကိုလည်း တစ်ချက်လောက် ကလစ်ပေးပါအုံးခင်ဗျ << Download From Play Store >> အကယ်၍ Play Store မရှိခဲ့ရင် << Download Link 1 >> << Download Link 2 >>

Source: http://www.aungkyaw.net/2013/10/android_4282.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်
RangonNewsDaily:: October. 28 .2013
27 ကြိမ်မြောက် Sea Game ပွဲကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ ခြင်းလုံးဂိမ်းလေးကို Total Game Play Studio ကနေ ထုတ်လိုက်ပါပြီခင်ဗျာ။

လေးဖြုရဲ့ပိရိသတ်တွေအတွက် ကိုလေးဖြူရဲ့ နောက် ဆုံးထွက်ရှိထားတဲ့ ဒိုင်ယာရီ သီချင်း


RangonNewsDaily:: October. 28 .2013
အဆိုတော် တေးသံရှင် လေးဖြုကို ချစ်ခင်ကြတဲ့ လေးဖြုရဲ့ပိရိသတ်တွေအတွက်  ကိုလေးဖြူရဲ့ နောက်
ဆုံးထွက်ရှိထားတဲ့ ဒိုင်ယာရီ သီချင်းလေးကို တင်ပေးလိုက်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် ကတ္တရာလမ်း ၂၀ ရာခိုင်နှုန်းသာ ရှိသေး

RangonNewsDaily:: October. 28 .2013
မြန်မာတစ်နိုင်ငံလုံးရှိ ကားလမ်းများကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် လုပ်ဆောင်နေသော်လည်း လမ်းဧရိယာ ၂၀ ရာခိုင်နှုန်းကိုသာ ကတ္တရာလမ်း ခင်းကျင်းမှု ပြီးစီးသေးကြောင်း ပြည်သူ့ဆောက်လုပ်ရေး လုပ် ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောသည်။ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ၏ ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် အောက်တို ဘာလ ၂၆ရက် က ပြုလုပ်သော ဆွေးနွေးပွဲတွင် ဦးကျော်လင်းက ပြောကြားခြင်း ဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် တွင် အကြွေးကိစ္စဖြင့် စကားများရာမှ ဓားထိုးမှုဖြစ်ပွား

RangonNewsDaily:: October. 28 .2013
ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် သက္ကယ်သောင် အုပ်စု အမှတ်(၁၈) ရပ်ကွက်၌ အောက်တိုဘာ ၂၄ ရက် ညပိုင်းက အကြွေး ကိစ္စဖြင့် ဓားထိုးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက် ည ၈ နာရီက ငပုတောမြို့နယ် သက္ကယ်သောင် ကျေးရွာ အုပ်စု အမှတ်(၁၈) ရပ်ကွက်နေ မမေစု ၁၈ နှစ်(ဘ) ဦးဆွဲမိ သည် နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းနေ သန်းဇော် ၂၈ နှစ်(ဘ) ဦးသာအေး ရောက်ရှိလာပြီး

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေး နှင့် ပတ်သက်လို့ ပါဝင် ပတ်သက်လိုလျှင်လည်း လုပ်ကိုင်၍မရနိုင်တော့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြား

RangonNewsDaily:: October. 28 .2013
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ နိုင်ငံရေး နှင့် ပတ်သက်မှုမရှိတော့ဘဲ လက်ရှိအခြေအနေတွင်၎င်းပါဝင်
ပတ်သက်လိုလျှင်လည်း လုပ်ကိုင်၍မရနိုင်တော့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း
က ပြောကြားလိုက်ကြောင်းသိရသည်။

Facebook ရဲ့နောက်ဆုံး Update Version Facebook V 3.9 for Android


RangonNewsDaily:: October. 28 .2013
Facebook 3.9 update ထွက်ပါပီ။ နောက်ဆုံးထွက်ဗားရှင်းလေးပါ ။လိုချင်တဲ့မိတ်ဆွေများအောက်ကလင့်
မှာဒေါင်းလော့ရယူနိုင်ပါတယ်။

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့များနှင့် တွေ့ဆုံ

RangonNewsDaily:: October. 28 .2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်နှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာ အကြံပေးအဖွဲ့ (Technical Advisory Team) များနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။