Pages

Friday, October 25, 2013

"အသားဖြူခရင်မ်ကြောင့် ဂျပန်နိုင်ငံတွင် လူ ၁၅ဝဝဝ ကျော် ကိုယ်ခန္ဓာတွင် အကွက်များထွက်ပေါ်လာ "

Photo: "အသားဖြူခရင်မ်ကြောင့် ဂျပန်နိုင်ငံတွင် လူ ၁၅ဝဝဝ ကျော် 
ကိုယ်ခန္ဓာတွင် အကွက်များထွက်ပေါ်လာ "
Friday, October 25, 2013

ဂျပန်နိုင်ငံတွင် နာမည်ကျော် အလှကုန် တစ်မျိုးဖြစ်သည့် Kanebo အသား ဖြူခရင်မ်တွင်ပါဝင်သည့် ဓာတုပစ္စည်း ကြောင့် သုံးစွဲသူ ၁၅,ဝဝဝ ကျော် တို့၏ အရေပြား တွင် အကွက်များ ထွက် ပေါ် လာသည်ဟု ၄င်းကုမ္ပဏီမှ အင်္ဂါနေ့က ပြောကြားသည်။

ဂျပန်နိုင်ငံအတွင်း Rhododenol အသားဖြူ ခရင်မ်အပါအဝင် ဖြန့်ချိထား သည့် ထုတ်ကုန် ၅၄ မျိုးကို အသုံးပြုခဲ့ ကြသည့် သုံးစွဲ သူများထံမှ တိုင်ကြားစာ ၁၅၁၉၂ စောင်လက်ခံ ရရှိခဲ့ပြီး တိုင် ကြားသူ အားလုံး၏ ၃ ပုံ ၁ ပုံ ခန့်တွင် အရေပြားပေါ်၌ ဆိုးရွားသည့် အကွက် များ၊ အသားရောင် မညီညာမှု များဖြစ် လာသည် ဟု ဖော်ပြသည်။

ဂျပန်နိုင်ငံ ပြင်ပရှိ တရုတ်(တိုင် ပေ)၊ ဟောင်ကောင်၊ တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံ တို့တွင်လည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သူ ၇ဝ ကျော်ရှိ သည်ဟု သတင်းရ ထားကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက လည်း Kanebo ကုမ္ပဏီမှ ကမ္ဘာ တစ်လွှား သို့ ဖြန့်ချိထားသည့် ၄င်းတို့၏ ထုတ်ကုန် သန်းပေါင်းများစွာကို 4- (4-hydroxyphenyl) -2-butanone ဆိုသည့် ဓာတုပစ္စည်း ပါဝင်နေမှုကြောင့် ပြန်လည် သိမ်းယူခဲ့ရသည်။

ယခုဖြစ်ရပ် အတွက် Kanebo ကုမ္ပဏီ မှ ၄င်းတို့ ထုတ်ကုန်ကြောင့် အရေပြားတွင် အကွက်များ ထွက်ပေါ် လာရသည့် သုံးစွဲ သူများကို ဆေးကုသ စရိတ် ပြန်ပေး မည် ဟု ပြောကြားခဲ့သည်။

အသားဖြူ ခရင်မ်များသည် အာရှ နိုင်ငံတလွှားရှိ အမျိုးသမီးများ အကြား ရေပန်းစားသည့် အလှကုန် ပစ္စည်းတစ်မျိုး ဖြစ်သည်။

Ref : bangkokpost

Popular Myanmar News Journal

RangonNewsDaily:: October. 25 .2013
ဂျပန်နိုင်ငံတွင် နာမည်ကျော် အလှကုန် တစ်မျိုးဖြစ်သည့် Kanebo အသား ဖြူခရင်မ်တွင်ပါဝင်သည့် ဓာတုပစ္စည်း ကြောင့် သုံးစွဲသူ ၁၅,ဝဝဝ ကျော် တို့၏ အရေပြား တွင် အကွက်များ ထွက် ပေါ် လာသည်ဟု ၄င်းကုမ္ပဏီမှ အင်္ဂါနေ့က ပြောကြားသည်။

DKBA တပ်ဖွဲ့ဝင်တစ်ဦး နင်းမိုင်းတစ်လုံး နှင့် လက်ပစ်ဗုံးတစ်လုံး ကို မော်လမြိုင်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့လာရောက်အပ်

Photo: DKBA တပ်ဖွဲ့ဝင်တစ်ဦး နင်းမိုင်းတစ်လုံး နှင့် လက်ပစ်ဗုံးတစ်လုံး ကို မော်လမြိုင်ရှိ အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနသို့လာရောက်အပ်

ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု DKBA ကလိုထူးဘောအဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ စောသန်း ဇော် ၃၈နှစ်သည် ၎င်းတစ်ဦးတည်း လက်နက်ကိုင်ဆောင်ခြင်းမရှိဘဲ အရပ်ဝတ်ဖြင့်ရောက်ရှိလာပြီး တပ် မှ ထွက်ပြေးလာကြောင်းပြောဆို ပြီး ၎င်းတွင်ပါရှိလာသော နင်း မိုင်း တစ်လုံးနှင့် လက်ပစ်ဗုံးတစ် လုံးကို အောက်တိုဘာ ၂ဝရက် ညနေ ၃နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန ၌ လာရောက် အပ်နှံကြောင်း သိရသည်။

စောသန်းဇော်၏ ထွက်ဆို ချက်တွင် ၎င်းသည် ကရင်ပြည် နယ် ကျိုက်ဒုံနှင့် ကြာအင်းဆိပ် ကြီးအကြား ၂၁မိုင်ရှိ တပ်ဖွဲ့ပိုင် ရော်ဘာခြံ၌ တာဝန်ခံအဖြစ် ဆောင်ရွက်နေစဉ် အောက်တို ဘာ ၁၅ရက်တွင် တပ်ဖွဲ့ပိုင် ကူ ဘိုတာ ၄၅ဝအမျိုးအစား လယ် ထွန်စက်သည် ကျိုက်ဒုံချောင်း အတွင်း ရေနစ်မြုပ်ခဲ့မှုကို အ ကြောင်းပြု၍ ၎င်းအား အဖွဲ့ ခေါင်းဆောင် ဗိုလ်ကြီး အဆင့်ရှိ သူ စောရဲလှိုင်မှ အစိုးရသူလျှိုဟု စွပ်စွဲကာ အောက်တိုဘာ ၁ရရက် မှ ၂ဝရက်အထိ ကော့ကရိတ်မြို့ နယ် ကောင်းမှုကျေးရွာရှိ ကလို ထူးဘော အခြေချစစ်ဗျူဟာ၊ ဗျူဟာခွဲ(၁)တွင် ခေါ်ယူထိန်း သိမ်းထားခဲ့ကြောင်း၊ ၎င်း၏အ သက်အန္တရာယ်စိုးရိမ်ရ သဖြင့် ကော့ကရိတ်မြို့မှလိုင်းကားဖြင့် မော်လမြိုင်မြို့သို့ ထွက်ပြေးလာ ခဲ့ကြောင်းများကို ပြောကြား ကြောင်း သိရသည်။

၎င်းတွင် လက်နက်များနှင့် အတူ ကလိုထူးဘောခေါင်းစဉ် ပါ တပ်ဖွဲ့ဝင်ခရီးသွားထောက်ခံ ချက် တစ်စောင်၊ အပြာရောင် ချည်လွယ်အိတ်တစ်လုံး၊ ကျား ခေါင်းတံဆိပ်နှစ်တောင့်ထိုးဓာတ် မီးအသေးတစ်လက်၊ ဒိုင်ယာရီ စာအုပ်တစ်အုပ်နှင့် ယာဉ်မောင်း လိုင်စင်တစ်ခုပါရှိကြောင်း သိရ သည်။

အောင်ထိုက်ဦး 
Yangon Media Group

RangonNewsDaily:: October. 25 .2013
ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် ကျိုက်ဒုံဒေသအခြေပြု DKBA ကလိုထူးဘောအဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ စောသန်း ဇော်၃၈နှစ်သည်၎င်းတစ်ဦးတည်းလက်နက်ကိုင်ဆောင်ခြင်းမရှိဘဲအရပ်ဝတ်ဖြင့်ရောက်
ရှိလာပြီး တပ် မှ ထွက်ပြေးလာကြောင်းပြောဆို ပြီး

စူပါမားကက်များ၌ရောင်းချနေသော အရက်၊ ဘီယာများကွယ်ပျောက်သွားရန်ရှိနေ

Photo: စူပါမားကက်များ၌ရောင်းချနေသော အရက်၊ ဘီယာများကွယ်ပျောက်သွားရန်ရှိနေ October 25th, 2013
Friday, October 25, 2013

နိုင်ငံခြားဖြစ် အရက်၊ ဘီယာများ မြန်မာ နိုင်ငံအတွင်း တင်ပို့ရောင်းချခွင့် မရှိဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ် ထားသော်လည်း မြို့နယ် အသီးသီးနှင့် ရန်ကုန်မြို့ တွင် ရောင်းချနေကြသောကြောင့် ဖမ်းဆီးသိမ်းဆည်းသွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သိရသည်။

အရက်၊ ဘီယာများ ရောင်းချနေခြင်းအား ဖမ်းဆီးသိမ်းဆည်းရန်အတွက် လက်ရှိတွင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွှန်အောင်က ပြောသည်။

“ဒီလိုဖမ်းဆီးဖို့အတွက် အသေးစိတ် ဆွေးနွေးရမယ် ပြီးရင် ပညာပေးကာလရှိမယ်။ ဒါပေမယ့်အခုခု လောလောမှာ ဘယ်တော့ စလုပ်မယ်ဆိုတာ မပြောနိုင်သေးဘူး ”ဟု ၎င်းဆိုသည်။

လူနေရပ်ကွက်အတွင်းတွင် အရက်ဘီယာများ သိုလှောင်နေခြင်း နှင့် ပတ်သက်၍ တိုင်ကြားပါလာက ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း ဦးညွှန်အောင်က ဆက်လက်ပြောသည်။
“ဘီယာတွေနဲ့ အရက်တွေကို တင်ထားတဲ့ စူပါမားကွက်တွေကို အခုလောလောဆယ်တော့ ဝင်ရောက်ဖမ်း ဆီးမှုတွေ မလုပ်သေးဘူး။ ဒီလိုလုပ်ဖို့အတွက် အဖွဲ့တွေ လုပ်နေတယ်။ ကျွန်တော်တို့ကို သတင်းအတိကျပေး လာရင်တော့ ဝင်ရောက် ဖမ်းဆီးမယ်”ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုသည်။

မြန်မာနိုင်ငံသို့ ပြည်ပမှ တရားဝင် တင်သွင်းခွင့် မရှိသည်မှာ အရက်၊ ဘီယာ ၊ စီးကရက်၊ သုံးခုရှိပြီး ပြည်ပမှ ယင်းပစ္စည်းများအား တင်သွင်း လာပါက သယ်ဆောင်လာသည့်သူအား တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တရားမဝင် နယ်စပ်ကုန်သွယ်ပိတ်ပင်
တားဆီးရေးအဖွဲ့ Mobile Team အနေဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်အတွင်းသို့ အရက်ဘီယာများအား တရားဝင်တင်သွင်းခွင့်မရှိဟု ဆိုသော်လည်း လက်ရှိရန်ကုန်မြို့  အတွင်းရှိ မီနီမားကက်နှင့် စူပါမားကက်များသည် အရက်၊ ဘီယာ မျိုးစိတ်ပေါင်း ၁၂၀ ကျော်တို့ အား တရားဝင် ရောင်းချလျက်ရှိသည်။

နှင်းနွယ်
မြန်မာ့ခေတ်

RangonNewsDaily:: October. 25 .2013
နိုင်ငံခြားဖြစ် အရက်၊ ဘီယာများ မြန်မာ နိုင်ငံအတွင်း တင်ပို့ရောင်းချခွင့် မရှိဟု စီးပွားကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ် ထားသော်လည်း မြို့နယ် အသီးသီးနှင့် ရန်ကုန်မြို့ တွင် ရောင်းချနေကြသောကြောင့် ဖမ်းဆီးသိမ်းဆည်းသွားရန် စီစဉ်လျက်ရှိကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာနမှ သိရသည်။

သီလ၀ါစီမံကိန်းတွင် ပါဝင်သည့် ရေကြောင်း တက္ကသိုလ် နှင့် သာသနာ့ အဆောက် အအုံများ ဖျက်သိမ်းမည်မဟုတ်

RangonNewsDaily:: October. 25 .2013
သီ လဝါအထူးစီးပွားရေးဇုန် ပထမ စီမံကိန်းတည်ဆောက်မည့် ဧရိ ယာနှင့် နယ်နိမိတ်ဆက်စပ်လျက် ရှိသည့် ရေကြောင်း တက္ကသိုလ် အပါအဝင် လက်ရှိလည်ပတ်နေ သည့် စက်ရုံများနှင့် သာသနာ့အ ဆောက်အအုံများကို ဖယ်ရှားသွား မည်မဟုတ်ကြောင်း သီလဝါအ ထူးစီးပွားရေးဇုန် ပထမစီမံကိန်း စီမံခန့်ခွဲမှုကော်မတီ တွဲဖက်အ တွင်းရေးမှူး ဒေါက်တာသန်းသန်း သွယ်က ပြောသည်။

HTC မကောင်းကြောင်းရေးသူတို့ကို Samsung တို့ ပိုက်ဆံပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

Photo: HTC မကောင်းကြောင်းရေးသူတို့ကို Samsung တို့ ပိုက်ဆံပေးခဲ့
Friday, October 25, 2013

ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပါတယ်။ HTC မကောင်းကြောင်းရေးပေးတဲ့ မီဒီယာနဲ့ Commenter သမား များကို Samsung က ငွေပေးနေတာကို စစ်ဆေးတွေ့ရှိမှုကြောင့် အရေးယူလိုက်ပါပြီ။ 

Samsung အတွက် တာဝန်ယူထားတဲ့ မာကဲတင်းအေဂျင်စီဟာ Yelp တို့လို ထိုင်ဝမ်က နည်းပညာ Blog တွေက Writer တွေကို ငွေပေးပြီး HTC မကောင်းကြောင်းရေးစေ ပါတယ်။ အထူးသဖြင့် လက်ရှိ HTC One ရဲ့  မကောင်းကြောင်းကို ရေးစေပါတယ်။ ပြီးတော့ HTC နဲ့ ပက်သက်တဲ့ သတင်းတွေ၊ Review တွေမှာလည်း အဆိုးဘက်က မြင်တဲ့ comment တွေပေးစေရန် ငွေပေးပြီး ဒါကိုကြေးစားအဖြစ် လုပ်ကိုင်သူ များလည်း ရှိပါတယ်။ ဒီအတွက်လည်း Samsung က ငွေကြေး အမေရိကန်ဒေါ်လာ သိန်းချီအသုံးပြုထားပါတယ်။ 

ဒါကို ယခု ထိုင်ဝမ်မျာ စစ်ဆေး တွေ့ရှိသွားပါပြီ။ ဒါကြောင့်မို့ ထိုင်ဝမ်အခြေ ဆိုက်တဲ့ တရာမျှတ ကုန်သွယ်ရေး ကော်မရှင်အဖွဲ့က Samsung ကို ဒဏ်ငွေ ထိုင်ဝမ် ဒေါ်လာ ၁၀ သန်းဆောင်စေ ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၃၄၁ ၃၀၀ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်ပြီး Samsung ကို အရေးယူအုံးမှာပါ။ ဒါဟာ Samsung Official နဲ့ တိုက်ရိုက် ဆက်စပ်နေခြင်း ဖြစ်ပါတယ်။ 

လက်ရှိ Sasmung လိုပဲ Nokia ဟာ ၎င်းတို့ ကုန်ပစ္စည်း ကြော်ငြာဖို့အတွက် အခြား ကုန်ပစ္စည်းများကို ကုန်သွယ်မှု ဥပဒေက တားမြစ်ထား တဲ့ ဘောင်ကို ကျော်လွန်ပြီး ကုန်ပစ္စည်း ရောင်းအား မြင့်တင်ရေးကို ကြိုးပမ်း လုပ်ဆောင်နေကြောင်း ထိုင်ဝမ်အခြေဆိုက် ဈေးကွက် သုံးသပ်သူများက ဆိုပါတယ်။ အခြားနိုင်ငံ များမှာလည်း ဒါတွေကို မဖြစ်စေဖို့ စစ်ဆေးမှုများ ပြုလုပ်လာတာကြောင့် ကုမ္မဏီတွေကလည်း သတိထားလာ ပါပြီ။ 

ငွေကြေးပေးပြီး နာမည်ပျက်စေတဲ့ Writer, Commenter လုပ်ရပ်များဟာ နည်းပညာမှာတင်မက အခြား စီးပွားရေး လုပ်ငန်းတွေမှာ လည်း ဖြစ်ပျက်လျက် ရှိကြောင်း သိရပါတယ်။
.

Ref: mashable
အောင်ခမ်း ( MM Social Sky )

RangonNewsDaily:: October. 25 .2013
ထိုင်ဝမ်နိုင်ငံမှာ ဖြစ်ပါတယ်။ HTC မကောင်းကြောင်းရေးပေးတဲ့ မီဒီယာနဲ့ Commenter သမား များကို Samsung က ငွေပေးနေတာကို စစ်ဆေးတွေ့ရှိမှုကြောင့် အရေးယူလိုက်ပါပြီ။

အသက်ဝင်သော အံ့ဖွယ်ပန်းချီကား

Photo: အသက်ဝင်သော အံ့ဖွယ်ပန်းချီကား
Friday, October 25, 2013

မြန်မာစကားပုံမှာ နှုတ်တစ်ရာ စာတစ်လုံး၊ အင်္ဂလိပ် စကားပုံမှာ A picture is worth 1,000 words ဖြစ်ပါတယ်။

ယခု ဖော်ပြထားတဲ့ ပန်းချီကားကတော့ စကားလုံးပေါင်း ၁ထောင်မကရဲ့  အဓိပ္ပါယ်ကို ဖော်ဆောင်နေပါတယ်။ ဒီလိုဖော်ဆောင်အောင် ဖန်တီးရေးဆွဲ နိုင်သူကတော့ စပိန်နိုင်ငံက ပန်းချီဆရာ Rubén Belloso ဖြစ်ပါတယ်။ တကယ့် မထင်မှတ်လောက်အောင် ကို ထူးချွန်ပြီး သူ့ရဲ့  ပန်းချီကားများကို ကမ္ဘာတစ်လွှားမှ ဝယ်ယူ အားပေးပါတယ်။

သူ့ရဲ့  ပန်းချီကားကို လေ့လာဖို့ လခ့်ကတော့ http://is.gd/yNX08q နဲ့ http://rubenbelloso.blogspot.com/ ဖြစ်ပါတယ်။

နောက်ထပ် သူ့လိုပဲ ထူးခြားပြောင်မြောက်တဲ့ ပါရမီပါသူ ပန်းချီဆရာ တစ်ဦးရဲ့   လက်စွမ်းနဲ့ အကြောင်းအရာကို လေ့လာချင်တယ်ဆို ရင် အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://is.gd/721RW6

အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: October. 25 .2013
မြန်မာစကားပုံမှာ နှုတ်တစ်ရာ စာတစ်လုံး၊ အင်္ဂလိပ် စကားပုံမှာ A picture is worth 1,000words ဖြစ်ပါ
တယ်။

" မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေ တိုးတက်လာစေချင်ကြောင်း ဝါရင့် သရုပ်ဆောင်ကြီးနှစ်ဦးပြော "

Photo: " မြန်မာ့ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေ တိုးတက်လာစေချင်ကြောင်း ဝါရင့် သရုပ်ဆောင်ကြီးနှစ်ဦးပြော "
Friday, October 25, 2013

ရုပ်ရှင်သက်ကြီးပူဇော် ပွဲမှာ ကန်တော့ခံသက်ကြီးအ ဖြစ်ကန်တော့ခံခဲ့တာ ၁၁နှစ်ရှိ ပြီဖြစ်တဲ့ဝါရင့်ရုပ်ရှင်သရုပ် ဆောင်ကြီး ဦးစံမတူကမြန် မာ့ရုပ်ရှင်သရုပ်ဆောင် အနု ပညာလောကထဲမှာ သူ့ခေတ်သူ့ အခါက အောင်မြင်ထင်ရှားခဲ့တဲ့ သရုပ်ဆောင်အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။သရုပ် ဆောင်အနုပညာအလုပ်နဲ့ ဘဝရပ်တည်ခဲ့သူဖြစ်တဲ့ ဝါရင့် ရုပ်ရှင်သရုပ်ဆောင်ကြီး ဦးစံမ တူက

”အဘတို့က ဒီရုပ်ရှင်မှာ အနုပညာပင်စင်ယူထားတဲ့ သဘောပဲ။အသက်အရ အဘတို့ကသရုပ်ဆောင်ခွင့်မရတော့ ဘူး ။ပြောရရင်ဒီအနုပညာ အလုပ်ဆိုတာ ကျန်းမာနေရင် လုပ်လို့ရတာပါပဲ။အခုအဘတို့ သွားလာနိုင်တယ်၊ လှုပ်ရှားနိုင် တယ်။ကျန်းကျန်းမာမာနဲ့လုပ် နိုင်တဲ့ အင်အားတော့ ရှိပါသေး တယ်။ ဒါပေမဲ့ တစ်ခုဆိုးတာက အဘတို့အသက် အရွယ်က ၈၁ နှစ်ဆိုတော့ရုပ်ရှင်မှာသရုပ် ဆောင်ရရင်အဘတို့က အဘိုး အခန်းကပဲ သရုပ်ဆောင်ရမှာ ပါ။ ဗမာဇာတ်ကားတိုင်းလိုလိုပဲ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ဖြစ်၊ ဗီဒီယိုဇာတ်ကားတွေပဲဖြစ်ဖြစ် အဘိုးအခန်းတွေ၊အဘွားအ ခန်း တွေမပါဘူး။အဖေ၊အမေ ခန်း တောင်မှ မပါကြတာတွေရှိပါ တယ်။အခုသူတို့ပြကြတဲ့ဟာ တွေက အထူးသဖြင့် မင်း သား၊ မင်းသမီးကိုပဲ အသားပေးပြနေ တယ်။ ညတိုင်း တီဗီရုပ်သံက ထုတ်လွှင့်ပြသနေတဲ့ ကိုရီး ယားကားတွေမှာဆိုရင် အဘိုး ပါတယ်။ အဘွားအခန်းတွေပါ တယ်။ဇာတ်လမ်းကဇာတ်အိမ် လည်း ခိုင်တယ်။

တချို့ဇာတ် လမ်းတွေဆို အပိုင်း ၃ဝဝ ကျော်နေတာ မျိုးတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီဇာတ်လမ်းတွေ က ၃ဝဝကျော်တာတောင် မပြီး သေးပေမယ့်တစ်ပိုင်းပြီး သွား ရင်နောက်ထပ်ဘာဖြစ် မယ်ဆို တာတထိတ်ထိတ်နဲ့ခံစား စောင့် ကြည့်နေရတယ်။ အဲဒီလိုစွဲဆောင် မှုအနုပညာတွေရှိတယ်။ အဲဒီ တော့ ကိုရီးယားဇာတ် ကားတွေ ဆို သူတို့က ရာဇဝင်တွေပဲ ပြပြ၊ ခေတ်အလိုက်ပဲပြပြ သူတို့ဆီ မှာက လူအင်အားလည်း ကောင်း တယ်။အခမ်းအနားဆိုလည်း ပြောစရာမလိုဘူး။

အဘတို့ ဆီမှာတော့တိုက်ခန်းမှာပဲ သွားပြီးငှားရိုက်လိုက် တာပဲ ရှိတယ်။သူတို့ဆီမှာကဒီလို မဟုတ်ဘူး။ အဲဒီတော့ ကြည့် ရတာအလွန်တရာကို သဘော ကျတယ်” “အားကျတယ်။ နောင်တစ်ချိန်မှာ ကိုရီးယားလို၊ အိန္ဒိယလို ဗမာက လိုက်နိုင်စေချင်တယ်။ လုပ်နိုင်စေချင်တယ်။အဲဒီလိုဖြစ်ပါစေလို့လည်း ဆုတောင်းတယ်” လို့ မြန်မာဇာတ်လမ်း တွေ တိုးတက်လာစေချင်တဲ့ ဆန္ဒကိုပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ဦးစံမတူ နှင့်အတူအတွဲညီစွာ သရုပ်ဆောင်ခဲ့ကြဖူးတဲ့ ဦးပလာတာက “အခုခေတ်မှာကျတော့ အချိန် ကုန်မခံနိုင်ဘူး။ ငွေကုန်လည်းမခံနိုင်ကြဘူး။ အဲဒီတော့ ဇာတ်ကား ကို မြန်မြန်ပြီးအောင် မြန်မြန် ရိုက်၊ လူ လေးယောက်လောက်နဲ့ ဇာတ်ကားပြီးသွားတယ်။ တိုက်လေးတစ်လုံးထဲမှာ တင် သုံးခန်းလောက်ဆို ပြီးသွားပြီ။ ဟိုတုန်းကတော့ အဖေ၊ အမေ၊ မောင်နှမအပြည့်အစုံထည့်တယ်။ ဇာတ်လမ်းဇာတ်ကွက် အဲဒါတွေ ကွာခြားသွားပြီ။ ကိုယ်နဲ့သင့်လျော်မယ့် ပညာတွေကိုလည်း ဒီခေတ်လူငယ်တွေကို ကြိုးစားစေချင်တယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal

RangonNewsDaily:: October. 25 .2013
ရုပ်ရှင်သက်ကြီးပူဇော် ပွဲမှာ ကန်တော့ခံသက်ကြီးအ ဖြစ်ကန်တော့ခံခဲ့တာ ၁၁နှစ်ရှိ ပြီဖြစ်တဲ့ဝါရင့်ရုပ်ရှင်သရုပ် ဆောင်ကြီး ဦးစံမတူကမြန် မာ့ရုပ်ရှင်သရုပ်ဆောင် အနု ပညာလောကထဲမှာ

Captain America နောက်တစ်ကားထွက်တော့မယ်

Photo: Captain America နောက်တစ်ကားထွက်တော့မယ်
Friday, October 25, 2013

Captain America : The winter solider အမည်နဲ့ ဒုတိယမြောက် Captain America ရုပ်ရှင်ကို မြင်တွေ့ ရပါ တော့မယ်။ ဒုတိယမြောက် ဆိုတာ ခေတ်သစ် Captain America ကိုဆိုလိုတာပါ။ ၁၉၇၀ ကျော်တွေ ကတည်းက Captain America ကိုရိုက်ကူးခဲ့ပေမယ့် ယနေ့ခေတ်လို Animation မများပါဘူး။

သို့ပေမယ့် ဒီဇာတ်ကားကလည်း ၁၉၇၉ ကထွက်တဲ့ Death To Soon ကိုပဲ ပြန်အခြေခံထားတာပါ။ ရုပ်ရှင် အမည် ကတော့ ပြောင်းလဲ သွားပါ တယ်။ Falcon လို့ခေါ်တဲ့ ဟီးရိုး တစ်ကောင်လည်း ပါဝင် လာပါတယ်။ Chris Evans ကတော့ ထုံးစံအတိုင်း Captain America ဖြစ်နေပါအုံးမယ်။ Black Widow လို့ ခေါ်တဲ့ အမျိုးသမီး ဟီးရိုးလည်း ပါဝင်နေသေးပြီး သူ့နေရာမှာကတော့ Scarlett Johansson ပါ။ ဟီးရိုး Falcon နေရာ မှာတော့ Anthony Mackie ကို မြင်တွေ့ ရပါမယ်။ ဗီလိန်နေရာမှာ သရုပ်ဆောင်တဲ့ Winter Solider ကတော့ မင်းသား Sebastina Stan ပဲ ဖြစ်ပါတယ်။

ကမ္ဘာဖြတ်ဖို့အတွက် hit man တွေဆုပြီး လှုပ်ရှားတဲ့ အဖွဲ့ကို Captain America တို့က ဦးဆောင် တိုက်ခိုက် ရမှာပါ။ Animation ကောင်းကောင်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားတာကို မြင်တွေ့ ရမှာပါ။ ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ စတင် ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ရုပ်ရှင် အမြည်း ကို အောက်ပါ Youtube Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://youtu.be/NLWsK1ZFunA

Aung Kham ( TSJ Team )

RangonNewsDaily:: October. 25 .2013
Captain America : The winter solider အမည်နဲ့ ဒုတိယမြောက် Captain America ရုပ်ရှင်ကို မြင်တွေ့ ရပါ တော့မယ်။ ဒုတိယမြောက် ဆိုတာ ခေတ်သစ် Captain America ကိုဆိုလိုတာပါ။ ၁၉၇၀ ကျော်တွေ ကတည်းက Captain America ကိုရိုက်ကူးခဲ့ပေမယ့် ယနေ့ခေတ်လို Animation မများပါဘူး။

မိုးစက်ဝိုင်နောက်ဆုံးအခြေအနေ သတင်း

Photo: မိုးစက်ဝိုင်နောက်ဆုံးအခြေအနေ သတင်း Update 
Friday, October 25, 2013

စက္ကန့်တိုင်းမိနစ်တိုင်းမှာ Contestants တွေကြားထဲမှာ ဘယ်သူ ဗိုလ်စွဲနိုင်မလဲ ခန့်မှန်းခြေတွေထွက်လာပြီးတဲ့အခါမှာ အောက်ပါအတိုင်းအဖြေကိုတွေ့ရပါတယ် ။ 

မိနစ် ၂၀ တိုင်းမှာ ဆုရနိုင်ခြေကို ခန့်မှန်းပေးထားတဲ့ 20minutes.es ကတော့ ပုံမှာပြထားတဲ့အတိုင်းမြန်မာက မိုးစက်ဝိုင်က Miss Universe 2013 အတွက်ပထမနေရာကနေ ရေပန်းစားလို့နေပါတယ် ။ 

အဲဒီဆိုက်မှာလည်း ကိုယ်နှစ်သက်တဲ့လူကို Point 1 to 5 ပေးလို့ရအောင်စီစဉ်ပေးထားပါတယ် မြန်မာက 11773 points နဲ့ဗိုလ်စွဲလို့နေပါတယ် ။ ဒုတိယကတော့ Nicaragua ကဖြစ်ပြီးတတိယကတော့ Dominican Republic ကဖြစ်ပါတယ် ။ 

http://listas.20minutos.es/lista/miss-universe-2013-contestants-miss-universo-2013-candidatas-342619/

သက်တန့်ချို

RangonNewsDaily:: October. 25 .2013
စက္ကန့်တိုင်းမိနစ်တိုင်းမှာ Contestants တွေကြားထဲမှာ ဘယ်သူ ဗိုလ်စွဲနိုင်မလဲ ခန့်မှန်းခြေတွေထွက်လာပြီးတဲ့အခါမှာ အောက်ပါအတိုင်းအဖြေကိုတွေ့ရပါတယ် ။

စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့်အနုပညာရှင်များတက်ရောက်မည်

Photo: စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့်အနုပညာရှင်များတက်ရောက်မည်
Friday, October 25, 2013

စင်ကာပူနိုင်ငံတွင် ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်ဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းဇာတ်ကားကို ဒါရိုက်တာဝိုင်းက ပုံဖော်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်တွင် စင်ကာပူနိုင်ငံ Kreta Ayer Peoples' Theatre တွင် ပြသမည်ဖြစ်သည်။ ပြပွဲသို့ ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ စိုးမြတ်သူ ဇာ၊ အိန္ဒြာကျော်ဇင်နှင့် ဖွေးဖွေးတို့ တက်ရောက်မည်ဖြစ်သည်။

ဒါရိုက်တာဝိုင်းက “ဒီကနေ နိုဝင်ဘာ ၂ ရက်နေ့စသွားမယ်။ ၇ ရက်နေ့မဟုတ်ရင် ၈ရက်နေ့တော့ ပြန် ရောက်မယ်။ ပထမတစ်ခေါက်ပြတုန်းက ကျွန်တော်လိုက်မသွားဖြစ်ဘူး။ ဒီတစ်ခေါက်ပွဲမှာတော့ပရိသတ် တွေဆီက စကားသံနားထောင်ချင်တယ်။ ဘာတွေလိုအပ်လဲ၊ ဘာတွေထည့်ဖြည့်စရာလိုလဲဆိုတာ နား ထောင်မယ်။ နောက်တစ်ခါ ဒီလိုထပ်သွားပြမယ်ဆိုရင် ဘာတွေပြင်ဆင်သွားဖို့ လိုအပ်မလဲဆိုတာကို အဓိကနားထောင်မယ်” ဟု ပြောပြသည်။

၎င်းပြပွဲတွင် အထူးအစီအစဉ်အဖြစ် ဒါရိုက်တာဝိုင်း၊ ပြေတီဦး၊ ဖွေးဖွေးတို့နှင့် ညစာအတူသုံးဆောင်ရန် ပွဲချိန်တစ်ချိန်လျှင် သုံးဦးစီကံစမ်းမဲဖောက်ပေးရန် စီစဉ်ကြောင်းထုတ်ပြန်ကြေညာထားသည်။ လက်မှတ် နှုန်းထားမှာ အမေရိကန် ၁၂ ဒေါ်လာ၊ ၁၄ ဒေါ် လာ၊ ၁၆ ဒေါ်လာစသည်ဖြင့် သတ်မှတ်ထားပြီး အမေရိ ကန် ၁၄ ဒေါ်လာလက်မှတ်များမှာ ယခုအခါတွင် ရောင်းချပြီးသွားပြီ ဖြစ်သည်။

“လက်ပံ” ရုပ်ရှင်ဇာတ်ကားသည် မြားစစ်သည်၏ ကျိန်စာသင့်လက်ပံဝတ္ထုကိုဇာတ်ညွှန်း သီဟစိုး ရေးသားပြီး ဒါရိုက်တာဝိုင်းရိုက်ကူးထားခြင်းဖြစ်သည်။ ဇနီးတစ်ယောက်၏ ခင်ပွန်းသည်အပေါ် အငြိုးကို သားသမီးအထိပါ ကူးစက်စေခဲ့သည့် မိသားစုဒရာမာဇာတ်ကားတစ်ကားဖြစ်ပြီး ယခုနှစ်အကယ်ဒမီ ရွေး ချယ်သည့် ဆန်ခါတင်ဇာတ်ကားထဲတွင် ရေပန်းစားသည့် ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

ပန်းမြတ်ဇော်
Mizzima - News in Burmese

RangonNewsDaily:: October. 25 .2013
စင်ကာပူနိုင်ငံတွင် ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်ဖြစ်ကြောင်း ဒါရိုက်တာဝိုင်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ဆက်သွယ်ရေးလိုင်စင်ရ Ooredoo မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ်ရာထူး ခန့်အပ်

RangonNewsDaily:: October. 25 .2013
ပြည်တွင်းဆက်သွယ်ရေးလိုင်စင်ရ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီက မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ်ကို အောက်တိုဘာ ၂၂ ရက်တွင် ခန့်အပ်လိုက်ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွက် အမှုဆောင်အရာရှိချုပ် ခန့်အပ်ရာတွင် Mr.Ross Cormack ကို ခန့်အပ်လိုက်ခြင်းဖြစ်ပြီး ၎င်းမှာ ယခင်က အိုမန်နိုင်ငံ Narwas ၏ CEO ဖြစ်သည်။

မြန်မာနိုင်ငံတွင်ွGucci ပိုက်ဆံအိတ်များ ထုတ်လုပ်မည်

RangonNewsDaily:: October. 25 .2013
DKNYC Gucci Guess စသော အမေ ရိကန်နှင့် အီတလီတံဆိပ် ပိုက်ဆံအိတ်များကို ကိုရီးယားကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းပြီး ပြည် တွင်းတွင် ထုတ်လုပ်မည်ဖြစ်ကြောင်း Myanmar Golden Star ကုမ္ပဏီမှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင် ပြောင်းရွှေ့ရန်JICA လေ့လာ

RangonNewsDaily:: October. 25 .2013
ယာဉ်ကြောကျပ်တည်းလမ်းကြောင်းပိတ်ဆို့မှု လျော့ကျစေရန် ဘုရင့်နောင် အဝေးပြေး ကုန်စည်ဒိုင်အား ပြောင်းရွှေ့နိုင်ရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့JICAမှ စစ်တမ်းကောက်ယူကာ လေ့လာပြုလုပ်နေကြောင်း အဝေးပြေး ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ရှိ Popular အထည်ချုပ်စက်ရုံတွင်စက်ပြင်လုပ်သားတစ်ဦးသေဆုံး

RangonNewsDaily:: October. 25 .2013
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ရှိ Popular အထည်ချုပ်စက်ရုံတွင် စက်ပြင်လုပ်သားတစ်ဦး အောက်တိုဘာ ၂၄ရက်နေ့တွင် ရုတ်တရက် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။၎င်းသေဆုံးသူသည် အထည်ချုပ်စက်အား ပြုပြင်ရန်ထိုင်ခုံတွင်ထိုင်နေစဉ် မူးတယ်ဟုပြောဆိုကာ

အရှေ့တောင်အာရှ၏အကြီးဆုံး GL Klang Wholesale က မြန်မာ လုပ်ငန်းရှင်များ စတင်ခေါ်ယူ

Photo: အရှေ့တောင်အာရှ၏အကြီးဆုံး GL Klang Wholesale က မြန်မာ လုပ်ငန်းရှင်များ စတင်ခေါ်ယူ
Friday, October 25, 2013

အရှေ့တောင်အာရှ၏ အကြီးမားဆုံး GL Klang Wholesale (လက်လီ လက်ကားဈေးကြီး) တွင် မြန်မာအသုံး အဆောင်ပစ္စည်းများ လာရောက် ဖွင့်လှစ် ရောင်းချရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို စတင် ဖိတ်ခေါ်နေပြီ ဖြစ်ကြောင်း အဆိုပါ GL Klang ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Dato, Lim Seng Kok က The Voice သို့ ပြောကြားသည်။

အဆိုပါ ဈေးကြီးသည် မလေးရှားနိုင်ငံရှိ ကလန်းခရိုင်၊ ကလန်းဆိပ်ကမ်း အနီးတွင် တည်ရှိပြီး အာရှနိုင်ငံများမှ လုပ်ငန်းရှင် သောင်းချီ လာရောက်ရင်းနှီး မြှုပ်နှံသော ဈေးကွက်ကြီးတစ်ခု ဖြစ်သည်။
“လာအို၊ မြန်မာ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံက လုပ်ငန်းရှင်တွေ လာဖို့ခေါ်ချင်တယ်။ အာဆီယံနိုင်ငံတွေ ပိုနီးစပ်ဖို့ လိုတာပေါ့” ဟု ဒါရိုက်တာ Mr.Dato, Lim Seng Kok က ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် လုပ်ထုံးလုပ်နည်းများ ပွင့်လင်းလာသည့်အတွက် မလေးရှားနိုင်ငံသို့ လာရောက် လေ့လာ သော စီးပွားရေး လုပ်ငန်းရှင်များ ပိုများလာကြောင်း၊ ယင်းအတွက်ကြောင့် လာမည့်နှစ်များတွင် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များကို ပိုမျှော်လင့်ထားကြောင်း ၎င်းကရှင်းပြသည်။

မလေးရှားနိုင်ငံ GL Klang တွင် နိုင်ငံစုံမှ ထုတ်ကုန်ပစ္စည်းများကို လက်လီလက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ဈေးဆိုင် တစ်သောင်းငါးထောင်ကျော် ဖွင့်လှစ်ထားကြောင်း၊ အရောင်းဆိုင် အများစုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဖြစ်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ လုပ်ငန်းရှင်များစွာလည်း ရှိကြောင်း GL Klang တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။
“နိုင်ငံတကာ လုပ်ငန်းရှင်တွေ လာရင်တော့ ဒီကလိုအပ်တဲ့ လုပ်ထုံးလုပ်နည်း အကုန်လုံးကို စီစဉ်ပေးလို့ ရတယ်။ ဈေးကွက် အတွက်လည်း ရှာပေးလို့ရတယ်” ဟု Mr.Dato, Lim Seng Kok က ဆိုသည်။

မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ GL Klang တွင် ကုန်ပစ္စည်းများ ရောင်းချခြင်း၊ ဝယ်ယူခြင်း ပြုလုပ်လိုလျှင် မလေးရှားအစိုးရ၏ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို GL Klang ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များသည် ကုန်ပစ္စည်း ကုန်ကျစရိတ်နှင့် ဆိုင်ခန်းငှားခ၊ ပစ္စည်း သယ်ယူစရိတ်ကိုသာ ပေးသွင်းရန် လိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။

မလေးရှားနိုင်ငံတွင် သွားရောက် ရင်းနှီးလိုသူများသည် www.gmklang.com နှင့် ဆက်သွယ်နိုင်ပြီး ၎င်းတို့ ကုမ္ပဏီအနေနှင့် စိတ်ပါဝင်စားပါက ကုမ္ပဏီ၏ ကိုယ်စားလှယ်အဖွဲ့ ကိုယ်တိုင်လာရောက် ရှင်းလင်းသွားမည် ဖြစ်ကြောင်း GL Klang ၏ အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောဆိုသည်။

GL Klang ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အမျိုးသမီး အဝတ်အထည် အသုံးအဆောင်များ၊ ကလေးအဝတ်အစားများ၊ အလှကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် အခြားအိမ်တွင်း အသုံးအဆောင်များကို နိုင်ငံပေါင်းစုံက ကုန်သည်များ ဝယ်ယူ ဖြန့်ဖြူးပေးနေသော အရှေ့တောင်အာရှ အကြီးဆုံး ဈေးကွက်တစ်ခု ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: October. 25 .2013
အရှေ့တောင်အာရှ၏ အကြီးမားဆုံး GL Klang Wholesale (လက်လီ လက်ကားဈေးကြီး) တွင် မြန်မာအသုံး အဆောင်ပစ္စည်းများ လာရောက် ဖွင့်လှစ် ရောင်းချရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များကို စတင် ဖိတ်ခေါ်နေပြီ ဖြစ်ကြောင်း အဆိုပါ GL Klang ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr.Dato, Lim Seng Kok က The Voice သို့ ပြောကြားသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေး သုံးစွဲမှု နှုန်း မြင့်တက်

Photo: ကချင်ပြည်နယ်တွင် မူးယစ်ဆေး သုံးစွဲမှု နှုန်း မြင့်တက်
Friday, October 25, 2013

ဒေသ အတွင်း တရားဥပဒေ စိုးမိုးမှုနည်း ပါးခြင်းကြောင့် ကချင်ပြည်နယ် ရှိမြို့နယ် အများစုတွင် မူးယစ်ဆေး သုံးစွဲမှုနှုန်း မြင့်တက်နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စား လှယ်များ နှင့် ဒေသခံများက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။ ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးစွဲမှု အမြင့်ဆုံးဒေသမှာ ကျောက်စိမ်းထွက်ရှိရာ ဖား ကန့်ဒေသဖြစ်ပြီး ထိုဒေသရှိလူ ငယ်အများစုသည် မူးယစ်ဆေးစွဲ မှုဒဏ်ကို အများ အပြား ခံနေရ ကြောင်း ဒေသခံလူမှုအထောက် အကူပြုအဖွဲ့အစည်းများ၏ ပြော ကြားမှုများအရ သိရသည်။

''ဒီမြို့က လူငယ်ရ၅ရာခိုင် နှုန်းလောက်က မူးယစ်ဆေးသုံး စွဲမှု ရှိနေပါတယ်။ လူငယ်တွေမူး ယစ်ဆေးသုံးစွဲနှုန်း မြင့်နေတာကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လာတုန်းကလဲ တင်ပြခဲ့ပါတယ်'' ဟု ဖားကန့်မြို့နယ်ဖွံ့ဖြိုးရေးအ ထောက် အကူပြု ကော်မတီ အဖွဲ့ ဥက္ကဋ္ဌ ဦးပီတာက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ပြောသည်။

မူးယစ်ဆေးသုံးစွဲနှုန်း မြင့် မားနေသည့် ဒေသများမှာ ဖား ကန့်ဒေသအပါအဝင် ဝိုင်းမော်၊ မိုးညှင်း၊ စိုင်းတောင်၊ မြစ်ကြီးနား တို့ဖြစ်ပြီး ထိုဒေသများတွင် မူးယစ် ဆေးကို မြင့်မားစွာသုံးစွဲမှုများရှိ ကြောင်း ကချင်ပြည်နယ် အင် ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ ပြောကြားမှုအရ သိရသည်။ ဒေါ်ဒွဲဘူက ''ဒီကိစ္စကို အ စိုးရ၊ သုံးစွဲသူတွေနဲ့ ကချင်လက် နက်ကိုင်အဖွဲ့အစည်းတွေပါ ဝိုင်း ပြီးဖြေရှင်းမှ ထိထိရောက်ရောက် ဖြေရှင်း နိုင်မှာ ဖြစ်ပါ တယ်''ဟု ပြော သည်။

မြစ်ကြီးနား တက္ကသိုလ် မှ လက်ထောက်ကထိကတစ်ဦးက ''ကျွန်တော်တို့ကျောင်းမှာ ကျောင်း သားလူငယ်၁ဝဝမှာ အယောက် ၅ဝလောက်က မူးယစ်ဆေးကို သုံး စွဲနေကြပါတယ်။ မိန်းကလေးအ နည်းငယ်လဲ ပါဝင်ပါတယ်။ ရေ ရှည်ဆိုရင် ကချင်ပြည် နယ် ရဲ့အ နာဂတ်ဖွံ့ဖြိုးမှုအတွက်ပါ စိုးရိမ် စရာအခြေအနေ ဖြစ်နေပါပြီ''ဟု ပြောသည်။ ကချင်ပြည်နယ်အတွင်းတွင် ငြိမ်းချမ်းရေးမရရှိခဲ့ခြင်းသည် လည်း တရားဥပဒေစိုးမိုးရေးမရှိ ရခြင်း၏ အဓိကအကြောင်းဖြစ် နိုင်ကြောင်း နှင့် တရား ဥပဒေစိုးမိုး မှုမရှိသဖြင့် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများကို နှိမ်နင်းခြင်း မှာ အားနည်းကြောင်းနှင့် နိုင်ငံ ရေးအရ ဖိနှိပ်မှုလုပ်ရန် မူးယစ် ဆေးပြဿနာကို အစိုးရမှဖန်တီး သည်ဟု ကချင်လူမျိုးအများစုက လည်း ထင်မြင် ကြောင်း ကချင် လူမျိုး အထက်တန်းကျောင်းအုပ် ဆရာဟောင်း ဦးခွန်ဂျာက ပြော သည်။

ဦးခွန်ဂျာက ''နိုင်ငံရေးထိုး နှက်မှုဒဏ်တစ်ခုကို ကျွန်တော် တို့ ကချင်ပြည်နယ်ကခံလိုက်ရ တယ်လို့ထင်ပါတယ်။ လက်ရှိအ ချိန်မှာ မူးယစ်ဆေးပြဿနာကြီး က ကျွန်တော်တို့ ကချင်ပြည်နယ် အနာဂတ်အတွက် ချိန်ကိုက်ဗုံး တစ်ခုလိုဖြစ် နေပါပြီ ။ အချိန်မီ မရှင်းလင်းနိုင်ရင် တစ်ချိန်ချိန်မှာ ပေါက်ကွဲမှာ သေချာသလို ဖြစ် နေပါပြီ''ဟု ပြောသည်။

ကျောင်းသားလူငယ်များ တွင် အနာဂတ်အာမခံချက် ခိုင် မာမှုမရှိခြင်းကြောင့် ကျောင်းသား များ မူးယစ်ဆေးသုံးစွဲလာမှုမြင့် တက်လာခြင်းသည်လည်း အဓိက အကြောင်းတစ်ရပ်ဖြစ်ပြီး နယ် မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးတို့ ခိုင်မာပြီး ထိရောက်သော အရေးယူမှုများ ပြုလုပ်နိုင်ရန်မှာ မူ ငြိမ်းချမ်းရေးမရရှိဘဲ မဖြစ်နိုင် ကြောင်း ကချင်ပြည်နယ်လူမှုရေး ရာဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောသည်။ ဒေါ်ဘောက်ဂျာက ''အဓိ ကအချက်တစ်ခုက လူငယ်တွေ ပတ်ဝန်း ကျင်မှာ မူးယစ်ဆေးသုံး စွဲတဲ့အသိုင်းအဝိုင်းတွေ ရှိနေတော့ ပိုဆိုးလာတာပေါ့။ အဲဒီလိုအသိုင်း အဝိုင်းတွေရယ် မူးယစ်ဆေးရောင်း ချသူတွေ၊ မူးယစ်ဆေးဝင်ပေါက်၊ ထွက်ပေါက်တွေကို ထိထိရောက် ရောက် အရေးယူနိုင်မှုမရှိနေတာ ကလဲ အဓိက အားနည်းချက်တစ် ခုဖြစ်နေတယ်''ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း မူး ယစ်ဆေးသုံးသူများ လျှော့ချရေး အတွက် မူးယစ်ဆေးထုတ်လုပ် ရောင်းချမှုများကို အရေးယူနိုင် ရန်အတွက် ကေအိုင်အိုနှင့် ပူး ပေါင်းဆောင်ရွက်သွားမည်ဖြစ် ပြီး မူယစ်ဆေးဖြတ်ရန် ပညာပေး လုပ်ငန်းများနှင့် ဆေးဖြတ် သူများ ကို ပြန်လည်ထူထောင်ရေးလုပ် ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကချင်ပြည် နယ် ရဲတပ်ဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ် တွင် မူးယစ်ဆေးထုတ်လုပ်မှုအ များဆုံးနေ ရာတွင် ဒုတိယနေရာ ၌ရှိပြီး ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့တွင် အများဆုံးထုတ် လုပ်သည်ဟု  UNODC ကထုတ် ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးသုံးစွဲနေသူတစ်ချို့အားတွေ့ရစဉ်
ငယ်ထွေး (ကလေး)
The Y
မူးယစ်ဆေးဝါးသုံးစွဲနေသူတစ်ချို့အားတွေ့ရစဉ်
RangonNewsDaily:: October. 25 .2013
ဒေသ အတွင်း တရားဥပဒေ စိုးမိုးမှုနည်း ပါးခြင်းကြောင့် ကချင်ပြည်နယ် ရှိမြို့နယ် အများစုတွင် မူးယစ်ဆေး သုံးစွဲမှုနှုန်း မြင့်တက်နေကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စား လှယ်များ နှင့် ဒေသ
ခံများက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

International Business Times က ရွေးချယ်သော ဘီကီနီဝတ်စုံဖြင့် အလှပဆုံး ပြိုင်ပွဲဝင်သုံးဦးတွင် မိုးစက်ဝိုင် ပါဝင်

Photo: International Business Times က ရွေးချယ်သော ဘီကီနီဝတ်စုံဖြင့် အလှပဆုံး ပြိုင်ပွဲဝင်သုံးဦးတွင် မိုးစက်ဝိုင် ပါဝင်
Friday, October 25, 2013

ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ရောက်ရှိနေသော နိုင်ငံပေါင်း ၈၉ နိုင်ငံမှ အလှမယ်များအနက် မြန်မာအလှမယ် မိုးစက်ဝိုင်သည် ဖိလစ်ပိုင်အလှမယ် Ariella Arida၊ အမေရိကန်အလှမယ် Erin Brady တို့နှင့်အတူ ဘီကီနီဝတ်စုံဖြင့် ကြည့်အကောင်းဆုံး ခန္ဓာကိုယ် ပိုင်ရှင်များအဖြစ် International Business Times ဝက်ဘ်ဆိုက်၏ ရွေးချယ်ခြင်း ခံရကြောင်း၊ ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မိုးစက်ဝိုင်သည် မြန်မာနိုင်ငံရှိ ကျန်းမာရေး လေ့ကျင့်ရေးစင်တာဖြစ်သော Real Fitness ရှိ သင်တန်းနည်းပြ တစ်ဦးထံမှ အကြဉာဏ်များ ရယူကာ၊ လှပသော ခန္ဓာကိုယ် အချိုးအစား ရရှိစေရန် လေ့ကျင့်ခဲ့ကြောင်း၊ ယင်းသို့ လေ့ကျင့်မှုများကို Miss Universe Myanmar ဆုကို ရရှိပြီးချိန်ကတည်းက စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံသို့ သွားရောက်၍လည်း သူမခန္ဓာကိုယ်၏ အဓိကကျသော အစိတ်အပိုင်းများကိုလည်း အချိုးအစား ကျနစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Miss Universe ပြိုင်ပွဲဝင်များကို ဘီကီနီဝတ်စုံဖြင့် ယှဉ်ပြိုင်မှု၊ ညနေခင်းဝတ်စုံဖြင့် ယှဉ်ပြိုင်မှု၊ အင်တာဗျူး အစီအစဉ်များပေါ်တွင် မူတည်၍ အကဲဖြတ် အမှတ်ပေးသွားမည် ဖြစ်ကြောင်း ယင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်ကို သွားရောက် အားပေးရန်အတွက် Miss Universe Myanmar ပြိုင်ပွဲမှ တာဝန်ရှိသူ အချို့နှင့်အတူ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရုရှားနိုင်ငံသို့ လိုက်ပါသွားမည် ဖြစ်ကြောင်း၊ မိုးစက်ဝိုင်၏ မြန်မာရိုးရာဝတ်စုံနှင့် ယှဉ်ပြိုင်မှုအတွက် မြန်မာ အမျိုးသမီးများ၏ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာနှင့် ဓလေ့ထုံးစံကို ဖော်ပြနိုင်ရန်အတွက် ရှေးခေတ် နန်းတွင်းတွင် မင်းသမီးများ ဝတ်ဆင်ကြ သည့် ဝတ်စုံကို ချုပ်လုပ်ဖန်တီး ပေးထားကြောင်း၊ ပိုးအစစ်ပေါ်တွင် ဒီဇိုင်းများကို လက်ဖြင့် အပင်ပန်းခံ ရေးဆွဲကာ အလှပဆုံး ဖန်တီးပေးထားကြောင်း မိတ်ကပ်နှင့်ဆံပင် ဒီဇိုင်းထူးချွန် ပညာရှင် (Best Make Up Asia Award) ဆုရှင် တိုးတိုးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: October. 25 .2013
ရုရှားနိုင်ငံ မော်စကိုမြို့တွင် နိုဝင်ဘာလ ၉ ရက်နေ့၌ ကျင်းပမည့် Miss Universe ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်
ပြိုင်ရန် အတွက် ရောက်ရှိနေသော နိုင်ငံပေါင်း ၈၉ နိုင်ငံမှ အလှမယ်များအနက် မြန်မာအလှမယ်

လိုင်စင်မရှိဘဲ လက်ကိုင်လွှစက်ဖြင့် သစ်ခုတ်လှဲမှုများကို စတင်အရေးယူမည်

RangonNewsDaily:: October. 25 .2013
လိုင်စင်မရှိဘဲ လက်ကိုင်လွှစက်ဖြင့် သစ်ခုတ်လှဲမှုများကို ထိရောက်စွာ အရေးယူသွားမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောကြားသည်။
အောက်တိုဘာ ၂၂ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်၊ ဂွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ မေးမြန်းသည့် 'ယနေ့အထိ မြန်မာနိုင်ငံ