Pages

Monday, October 14, 2013

အစိုးရလုပ်ငန်းတချို့ ရပ်ထားရတဲ့အတွက် အမေရိကန်လွှတ်တော်ကိုဆန္ဒပြ

Photo: အစိုးရလုပ်ငန်းတချို့ ရပ်ထားရတဲ့အတွက် အမေရိကန်လွှတ်တော်ကိုဆန္ဒပြ
Monday, October 14, 2013

အမေရိကန်အစိုးရရဲ့လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတာကြောင့် အစိုးရဌာနအများအပြားပိတ်ထားရပြီး အလုပ်ခွင်ကို မလာကြဖို့ တားမြစ်ခံထားရတာကြောင့် သိန်းနဲ့ချီတဲ့ အစိုးရအမှုထမ်းတွေ အလုပ်မဆင်းရဘဲ အိမ်မှာပဲ နေနေကြရပါတယ်။

အဲဒီအတွက် ဆန္ဒထုတ်ဖော်ပြသမှုတွေ ဖြစ်ပေါ်လာနေပြီး ဥပဒေပြုလွှတ်တော်အမတ်တွေကို ပစ်တင်ဝေဖန်နေကြသလို ထွက်ပေါက်ပိတ်နေတဲ့ အစိုးရအသုံးစရိတ်ဆိုင်ရာ အငြင်းပွားနေမှုကို အဆုံးသပ်ကြဖို့ တောင်းဆိုနေကြပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်တဲ့ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် မသတ်မှတ်ရသေးတာကြောင့် အမျိုးသားဥယာဉ်တွေ ပိတ်ထားရသလို အစားအသောက်ကြောင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ကွယ်ရေး စစ်ဆေးသူတွေဟာလည်း အလုပ်မလုပ်ကိုင်နိုင်ဘဲ ဖြစ်နေကြပါတယ်။ အစိုးရအနေနဲ့လည်း နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မထုတ်ပြန်နိုင်ဘဲ ဖြစ်နေရပါတယ်။

ဒီပြဿနာကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးမြို့ငယ်တွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာရာမှာ ၀ါရှင်တန်ဒီစီ မြို့တော်ကြီးအပါအ၀င်ဖြစ်ပါတယ်။ ရာနဲ့ချီတဲ့လူတွေဟာ အမျိုးသားရင်ပြင်နဲ့ သမိုင်းဝင်အဆောက်အုံတွေတ၀ိုက်က အတားဆီးထားတာတွေကို ဖျက်ဆီးပစ်ကြပါတယ်။

အိမ်ဖြူတော် အနီးတ၀ိုက်က သမ္မတအိုဘားမားရဲ့ အမှတ်အသားအပါအ၀င် အတားအဆီးတွေကိုလည်း ဖြုတ်ယူသွားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့တုံးက အစိုးရ အသုံးစရိတ်နဲ့ပတ်သက်ပြီး သဘောတူညီမှု မရနိုင်ဖြစ်နေတဲ့ ပါလီမန်လွှတ်တော်ကို သွားရောက်ပြီး အော်ဟစ် ဝေဖန် ကန့်ကွက်ခဲ့ကြပါတယ်။

အစိုးရလုပ်ငန်းတချို့ပိတ်ထားရတဲ့အခြေအနေကို မကျေနပ်လို့ ဒုတိယကမ္ဘာ စစ် အထိမ်းအမှတ်ရင်ပြင်နေရာမှာ ဆန့်ကျင်ကန့်ကွက်နေသူများ။ (အောက်တိုဘာ ၁၃၊ ၂၀၁၃)

VOA

အစိုးရလုပ်ငန်းတချို့ပိတ်ထားရတဲ့အခြေအနေကို မကျေနပ်လို့ ဒုတိယကမ္ဘာ စစ် အထိမ်းအမှတ်ရင်ပြင်နေရာမှာ ဆန့်ကျင်ကန့်ကွက်နေသူများ။ (အောက်တိုဘာ ၁၃၊ ၂၀၁၃)
RangonNewsDaily:: October. 14 .2013

အမေရိကန်အစိုးရရဲ့လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်ဆိုင်းထားရတာကြောင့် အစိုးရဌာနအများအပြားပိတ်
ထားရပြီး အလုပ်ခွင်ကို မလာကြဖို့ တားမြစ်ခံထားရတာကြောင့် သိန်းနဲ့ချီတဲ့ အစိုးရအမှုထမ်းတွေ အလုပ်မ
ဆင်းရဘဲ အိမ်မှာပဲ နေနေကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တတိယမြောက် ဥရောပခရီးစဉ် စတင်တော့မည်

Photo: ဒေါ်အောင်ဆန်းစုကြည် တတိယမြောက် ဥရောပခရီးစဉ် စတင်တော့မည်
Monday, October 14, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် အောက်တိုဘာလ ၁၈ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဥရောပ ၅ နိုင်ငံကို သွားရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သီတင်းနှစ်ပတ်ကြာမြင့်မယ့် အဲဒီခရီးစဉ်မှာ ဘယ်လဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီ စတဲ့နိုင်ငံတွေကို သွားရောက်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ EU ဥရောပသမဂ္ဂအဖွဲ့ကချီးမြှင့်တဲ့ အဆင့်မြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ Sakharov ဆုကို ကိုယ်တိုင်လက်ခံရယူမှာဖြစ်ပြီး၊ ဗြိတိန်နိုင်ငံက ကမ္ဘာကျော် Sandhurst စစ်တက္ကသိုလ်မှာ စကားပြောကြားဖို့ရှိပါတယ်။ ဒါ့အပြင် မြောက်အိုင်ယာလန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ဥရောပပါလီမန်ကိုပါ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ကြိမ်မြောက် ဥရောပနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

RFA

RangonNewsDaily:: October. 14 .2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် အောက်တိုဘာလ ၁၈ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဥရောပ ၅ နိုင်ငံကို သွားရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

တာမွေတွင် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

RangonNewsDaily:: October. 14 .2013

တာမွေမြို့နယ်တွင် ငွေစက္ကူအတုရောင်းဝယ်မည်ဟု သတင်းရရှိပြီးနောက် တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ သယ်ဆောင်လာသည့် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၁၂ ရက်ညက ဖမ်းဆီးမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

မန္တလေးမြို့တွင် တွေ့ရှိခဲ့သော ချိန်ကိုက်ဗုံးတွေ့ စနက်တံဖြုတ် မရ၍ ဖောက်ခွဲလိုက်ရခြင်းဖြစ်

မန္တလေးမြို့တွင် တွေ့ရှိခဲ့သော  ချိန်ကိုက်ဗုံးတွေ့ စနက်တံဖြုတ် မရ၍ ဖောက်ခွဲလိုက်ရခြင်းဖြစ်


kolatt(PBDN): October. 14 .2013

မန္တလေးမြို့ ၁၆ လမ်းနှင့် လမ်း ၈၀ ကြား ချိန်ကိုက်ဗုံးတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စနက်တံ
ဖြုတ်မရ၍ ဖောက်ခွဲလိုက်ရကြောင်း ဧရာဝတီသတင်းစာမျက်နှာမှာ ဖော်ပြထားသော သတင်းအရ သိရှိရပါသည်။ 

ဓါတ်ပုံ - အဘစွာ FB
M-Media  ::--

RangonNewsDaily:: October. 14 .2013
မန္တလေးမြို့ ၁၆ လမ်းနှင့် လမ်း ၈၀ ကြား ချိန်ကိုက်ဗုံးတွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှစနက်တံဖြုတ်မရ
၍ ဖောက်ခွဲလိုက်ရကြောင်း ဧရာဝတီသတင်းစာမျက်နှာမှာ ဖော်ပြထားသော သတင်းအရ သိရှိရပါသည်။

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်း အိမ်တစ်အိမ်ကို ၀င်ရောက်

RangonNewsDaily:: October. 14 .2013

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်းရှိ နေအိမ်တစ်အိမ်ကို ၀င်ရောက်ရန်ကြိုးပမ်းခဲ့သူအား ကမာရွတ် ရဲစခန်းက အယောင်ဆောင်မှုဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။

နေပြည်တော်ဒေသတွင် ၀ီရသူ လှုံ့ဆော်ပွဲ ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်ချခံရ

RangonNewsDaily:: October. 14 .2013

လွန်ခဲ့တဲ့ တစ်ပါတ်ကျော်ကတည်းက နေပြည်တော်ဒေသတ၀ိုက်တွင်လိုက်လံစိုက်ထူထားသည့် 969 အကြမ်း
ဖက်ဂိုဏ်းမှဝီရသူ၏လှုံ့ဆော်ပွဲကြော်ငြာဆိုင်းဘုတ်များအားယမန်နေ့ကစလို့ ပြန်လည်ကာလိုက်လံ ဖြုတ်ချနေ
တယ်လို့ သတင်းရရှိပါတယ်။တရားပွဲအမည်ခံ ၀ီရသူရဲ့ လှုံ့ဆော်ရေးပွဲများကြောင့် ဘာသာခြားများအနေ
ဖြင့် စိုးရိမ်ကြရပြီး၊ အချို့သော အေးချမ်းစွာ နေထိုင်လိုသည့် ဗုဒ္ဓဘာသာဝင်များပါစိတ်အနှောက်အယှက် ဖြစ်
ကြရတယ်လို့ သိရပါတယ်။

ဘာသာကြီး (၃) ရပ်၏ အထွဋ်အမြတ် ပွဲတော်များ တစ်ပတ်တည်း အတွင်း ပြိုင်တူကျ

RangonNewsDaily:: October. 14 .2013
ယခုနှစ်အတွင်း ဘာသာကြီး (၃) ခု ဖြစ်သည့် ဟိန္ဒိ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာတို့၏ ဘာသာရေး ပွဲတော်များမှ ရက်သတ္တပတ် တစ်ခု အတွင်း ပြိုင်တူ ကျရောက်ခဲ့သည်။ဟိန္ဒီ ဘာသာဝင်များ၏ အထွဋ်အမြတ် ဘာသာရေးပွဲတော် တစ်ခု ဖြစ်သော ဒူရဇာ ပူဇာ ( Durga Puja) ပွဲတော်ကို အောက်တိုဘာလ ၁၀ ရက်နေ့က စတင်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

လူကြိုက်များခဲ့သော မာစီဒီး Stability ကြော်ငြာ

လူကြိုက်များခဲ့သော မာစီဒီး Stability ကြော်ငြာ

Youtube မှာ ကြည့်ရှုသူ ၅၄ သန်းကျော်သွားပါပြီ။ ဂျာမနီ မာစီဒီးရဲ့  Commercial TV ကြော်ငြာ တစ်ခု ဖြစ်ပါတယ်။

မာစီဒီးရဲ့  နည်းပညာသစ်ဖြစ်တဲ့ Magic Body Control နဲ့ တိုးတက်လာတဲ့ Intelligence Drive ကို လူသိစေဖို့ ဖြစ်ပါတယ်။ ကြော်ငြာမှာ ပါဝင်သူတွေ ကတော့ ကြက်တွေပါ။ ကြက်တွေရဲ့  ထူးခြားတဲ့ ဟန်ပန်ကို အသုံးချ သွားခြင်း ဖြစ်ပါတယ်။ Body ကိုဘယ်လောက်ပဲ ရွှေ့ ရွှေ့  ခေါင်းလုံးဝ မရွှေ့ ပဲ တည်ကြည်နေတဲ့ သူ့ရဲ့  နဂိုဗီဇကို အသုံးချလို့ Upside Down သီချင်းနဲ့ ဖျော်ဖြေသွားခဲ့ခြင်း ဖြစ်ပါတယ်။ အင်မတန် ရယ်စရာ လည်း ကောင်းသလို၊ ဆန်းသစ်တဲ့ အိုင်ဒီယာကြောင့် လူကြိုက်များခဲ့တဲ့ကြော်ငြာလေး ဖြစ်ပါတယ်။

တင်ထားတာ ရက်ပိုင်းပဲရှိသေးပေမယ့် hit အရမ်းများတဲ့ ဗီဒီယို ဖြစ်နေပါတယ်။ သီချင်းလည်းကောင်း၊ ကြက်တွေကို ယိမ်းယိုင်အောင် ကိုင်လှုပ်တဲ့ ဟန်ချက်ကလည်း ညီနေတော့ စွဲဆောင်မှု ရှိတဲ့ ကြော်ငြာ တစ်ခု ဖြစ်သွား ပါတယ်။ ကြော်ငြာအထဲမှာ မာစီဒီးကား လုံးဝ မပါဝင်ပါဘူး။ သို့ပေမယ့် မာစီဒီးရဲ့  နည်းပညာကို ပြသမှု အတွက် အင်မတန် ထိရောက်ခဲ့ပါတယ်။ ကြော်ငြာကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/nLwML2PagbY

အောင်ခမ်း ( Colay:Automobile )

RangonNewsDaily:: October. 14 .2013
Youtube မှာ ကြည့်ရှုသူ ၅၄ သန်းကျော်သွားပါပြီ။ ဂျာမနီ မာစီဒီးရဲ့  Commercial TV ကြော်ငြာ တစ်ခု ဖြစ်ပါ
တယ်။

You Tube မှာ သုံးရက်တည်းနဲ့ ကြည့်ရှုသူတစ်သောင်းကျော်သွားတဲ့ Me N Ma Girls ရဲ့ ““ Girl Strong””

You Tube မှာ သုံးရက်တည်းနဲ့ ကြည့်ရှုသူတစ်သောင်းကျော်သွားတဲ့ Me N Ma Girls ရဲ့ ““ Girl Strong””
Sunday, October 14, 2013

““ Me N Ma Girls”” အဖွဲ့ ၏ နိုင်ငံတကာသို့ ပထမဆုံးခြေလှမ်းအဖြစ် အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိထားသည့် အင်္ဂလိပ်သီချင်း ““Girl Strong”” အမ်တီဗီ သည် သုံးရက်အတွင်း ယူကျု့တွင် ပရိသတ် ကြည့်ရှုနှုန်း တစ်သောင်းကျော်သွားပြီဖြစ်သည်။

ထိုသီချင်းကို အောက်တိုဘာ ၉ ရက်က ယူကျုတွင် စတင်ခဲ့ပြီး သုံးရက် အတွင်း ကြည့်ရှုသူ တစ်သောင်းကျော်သွားပြီဖြစ်သည်။
““ထိုက်ထိုက် တို့ ကြိုးစားတာကို တစ်ချိန်မှာ အရာထင်မယ်လို့ ထင်ပါတယ်။ အခုချိန်မှာ အွန်လိုင်းမှာ ပြန့်နေတယ်ဆိုပေမယ့် လူသိရှင်ကြား အရမ်းကြီး ဟိုးလေးတကျော်ဖြစ်ခွင့်မရသေးပါဘူး။ ဒါကလည်း ကိုယ်နဲ့တန်တဲ့အလျောက် တစ်ချိန်မှာရလာမယ်လို့ ယုံကြည်ပါတယ်။ အရင်တုန်းက ကော်ပီသီချင်းတွေ လုပ်ခဲ့ရတယ်။

အခုအချိန်မှာ အော်ရဂျင်နယ်သီချင်းလုပ်တော့ အကောင်းဆုံး မှတ်ချက် (comment) တွေ တက်လာတာ တွေ့ရတယ်။ ကောင်းတာရော၊ ဆိုးတာရော ပြောတဲ့ မှတ်ချက်တွေကို လေးစားသမှုနဲ့ လိုက်နာသွားမှာပါ။ မြန်မာနိုင်ငံက လူတွေရဲ့ လက်ခုပ်သံကို အကျယ်ဆုံးကြားချင်ပါတယ်”” ဟု အဖွဲ့ဝင် ထိုက်ထိုက်က ပြောသည်။
““ Me N Ma Grils ” အဖွဲ့ သည် LA မှ ထုတ်လုပ်သူနှင့် တစ်နှစ်ခွဲ စာချုပ်ချုပ်ထားပြီး ဂီတပိုင်းကို လုပ်ဆောင်နေခြင်းဖြစ်သည်။ “ Girl Strong” သီချင်းကို တေးရေးဆရာ ရစ်ချက် ရေးသားထားပြီး အမ်တီဗီကို LA တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမ်တီဗီ ရိုက်ကူးရန် အကလေ့ကျင့်ခြင်း၊ ခန္ဓာကိုယ်အချိုးအစား ကျနအောင် အစားအသောက်အနေအထိုင်ကို နှစ်လကြိုတင်ပြင်ဆင်ပြီးမှ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ Girl Strong သီချင်း အမ်တီဗီကို ဒါရိုက်တာ ဂျိုးဇက်က ရိုက်ကူးပေးထားသည်။Me N Ma Grils အဖွဲ့ဝင်များ သည် ငယ်စဉ်ကတည်းက အင်္ဂလိပ်ကျောင်းများအပြင် Speaking သင်တန်းတက် ၍ လေ့လာခဲ့ပြီး သင်တန်းဆရာများကလည်း သီချင်းအသံသွင်းလျှင် အာရှ အသံထွက်ပျောက်အောင် သေချာကြပ် မတ် လေ့ကျင့်ပေးကြောင်း သိရ သည်။ ထပ် မံ စီစဉ်နေသော အင်္ဂလိပ်သီချင်းလေးပုဒ်ထဲတွင် လေဒီဂါဂါ ၏ တေးရေး ဆရာ ရေးပေးသော သီချင်းတစ်ပုဒ် ပါဝင်ပြီး ၎င်းသီချင်း များကို နိုင်ငံတကာတွင် ဖြန့်ချိ သည့်နည်းအတိုင်း အွန်လိုင်းတွင် တင်ပေး သွား မည်ဖြစ်ကြောင်း သိရသည်။ ““လေဒီဂါဂါလိုပုံစံမျိုးတော့ မဟုတ်ဘူး။

သီချင်းအေးအေးလေးတစ်ပုဒ်ပဲ။ လေဒီဂါဂါစတိုင်နဲ့တော့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ တေးရေးက လေဒီဂါဂါရဲ့ တေးရေးဆရာပဲ။ သီချင်းတွေကို အခွေ အနေနဲ့ မလုပ်သေးပါဘူး။ သူတို့ နိုင်ငံမှာက သီချင်းတစ်ပုဒ်ကို Youtube မှာ တင်လိုက်တယ်။ ဘေဘုတ်ပါတဲ့ဟာတွေကို အယ်လ်ဘမ် တစ်ခုအနေ နဲ့ ပြန်ထုတ်တယ်။ အခုသီချင်းတစ်ပုဒ်ချင်းစီပြီးရင် ပြီးသလောက် ထွက် ထွက်သွားမှာပေါ့။ အယ်လ်ဘမ်အနေနဲ့က သီချင်းတွေအားလုံး စုစည်းပြီး မှ ဖြစ်မှာဆိုတော့ အယ်လ်ဘမ်က ဘယ်အချိန်ဖြစ်မလဲတော့ မသိဘူး။ သူတို့နဲ့ ပြောင်းပြန်ဖြစ်နေတာပေါ့။ ဒီမှာက အယ်ဘမ်အရင်ထွက်တယ် ပြီးမှ ပရိသတ်ကြားရောက်သွားတာ။ သူတို့ကျတော့ တစ်ပုဒ်ချင်းစီ အရင်ထွက်ပြီးမှ အယ်လ်ဘမ် ထွက်တာပေါ့”” ဟု ထိုက်ထိုက်က ပြောသည်။

7 Day Daily

http://www.kachindailynews.com/2013/10/you-tube-me-n-ma-girls-girl-strong.html

RangonNewsDaily:: October. 14 .2013
““ Me N Ma Girls”” အဖွဲ့ ၏ နိုင်ငံတကာသို့ ပထမဆုံးခြေလှမ်းအဖြစ် အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိထားသည့် အင်္ဂလိပ်သီချင်း ““Girl Strong”” အမ်တီဗီ သည် သုံးရက်အတွင်း ယူကျု့တွင် ပရိသတ် ကြည့်ရှုနှုန်း တစ်သောင်းကျော်သွားပြီဖြစ်သည်။

စူရဟ်ဆယ်ပုဒ် ၏ ဟန့်တားပေးသော ဆယ်မျိုးသောအကြောင်း

RangonNewsDaily:: October. 14 .2013

တမန်တော်မြတ်(ဆွ)သခင်မိန့်ကြားတော်မူခဲ့သည်။
စူရဟ်ဆယ်ပုဒ်သည် ဆယ်မျိုးသောအရာများကို ဟန့်တားပေးတော်မှုသည်။

၁။ စူရဟ်ဖာသိဟာသည် ဒေါသကိုဟန့်တားပေးမည်။

၂။ စူရဟ်ယာစီးန်သည် ကိယာမာသ်နေ့၏ေ၇ဆာလောင်ခြင်းမှဟန့်တားပေးမည်။

ပေါက်ကွဲ မှု များနှင့် ပတ်သက်၍ မသင်္ကာ ဖွယ်ရာ လူများ၊ သံသယ ဖြစ်ဖွယ် ရာ ပစ္စည်းများ တွေ့ရှိ ပါက ရဲတပ်ဖွဲ့ သို့ သတင်းပေး တိုင်ကြား နိုင်

RangonNewsDaily:: October. 14 .2013

ယခု လ ပိုင်း ဖြစ်ပွား ခဲ့သော ပေါက်ကွဲ မှုများ နှင့်ပတ်သက် ၍ သတင်း များ၊ မသင်္ကာ ဖွယ်ရာ လူများ၊ သံသယ ဖြစ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိ ပါက ရန်ကုန်တိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့ မှူး ရုံး
Hot Line ဖုန်း ၀၁ - ၂၃၀၂၁၉၉၊

RNDP ပါတီဝင်များဖမ်းခံရမှုကို ရက္ခိုင့်တပ်မတော် လက်တုန့် ပြန်ပြီ


RangonNewsDaily:: October. 14 .2013
ယခုရက်ပိုင်းရန်ကုန်မြို့ တွင် ဆက်တိုက်ဗုံးပေါက်ကွဲမှုများဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူအများအထိတ်
တလန့်  ဖြစ်နေရသည်မှာ အားလုံး သိရှိပြီးဖြစ်ပါလိမ့်မည်။

ကြီးမားတဲ့ ဖိုင်တွေကို ဆိုဒ်သေးငယ်အောင်ချုံးပြီး သိမ်းထားပေးမယ့် AndroidZip Pro File Manager For Android V.436.6( 2mb)

RangonNewsDaily:: October. 13 .2013
Androidဖုန်းအသုံးပြုသူတွေအတွက် ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးကိုမျှဝေပေးလိုက်ပါတယ်ဗျာ။ ဆော့ဝဲ
လေးက ၉လပိုင်း ၃၀ ရက်နေ့ကနောက်ဆုံးထွက်ရှိထားတဲ့ နောက်ဆုံး Update လေးပါ။ ကွန်ပျုတာမှာ Win Zip နဲ့ဖိုင်တွေချုံခဲ့သလိုဖုန်းမှာလဲ ကြီးမားတဲ့ဖိုင်ဆိုဒ်တွေကိုသေးငယ်အောင်ချုံလို့ရပါတယ်။

ဖြူးတွင် ဒုတိယအကြိမ် ခေါင်းဖြတ် လူသတ်မှု တစ်ခုဖြစ်ပွား

RangonNewsDaily:: October. 13 .2013

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ခင်တန်းကြီးအုပ်စု၊ကျွဲမကူး ကျေးရွာတွင်မနေ့ ညနေ ပိုင်း(၁၂.၁၀.၂၀၁၃)
နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သ
တင်း ရရှိပါတယ်။

လုပ်သားပြည်သူများသို့ လုံခြုံရေးအသိပေးနိုးဆော်ခြင်း

RangonNewsDaily:: October. 13 .2013
ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း ၁၃.၁၀.၂၀၁၃ရက်နေ့ နံနက် ၀၀၁၅နာရီအချိန် အင်းစိန်မြို့နယ်၊ 

 စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်ပေါက်ကွဲမှုတစ်ခုဖြစ်
ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ရှင်းလင်းနိုင်ခြင်းနှင့်