Pages

Saturday, October 12, 2013

ပြသနာများရှောင်ရှားနိုင်ရန် ကျောင်းကုန်းမြို့မှ မွတ်စလင်မ်များ ကုရ်ဗာနီ အီးဒ်နေ့အား ၁ ရက်နောက်ရွှေ့ကာ ပြုလုပ်ကြမည်

7.-Pic-Kyaung-Gone
ကျောင်းကုန်းမြို့မှ ဗလီဝတ်ကျောင်း (ဓါတ်ပုံ ဧရာဝတီ)
RangonNewsDaily:: October. 12 .2013
ကျောင်းကုန်း ။              ။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်စေမည့် ကိစ္စရပ်တစ်ခုပေါ်
ပေါက်ခဲ့ပြီး ထပ်မံဖြစ်ပွားမရှိအောင် ထိန်းသိမ်းနိုင်ခဲ့သည့် ကျောင်းကုန်းမြို့တွင် အစ္စလာမ်ဘာသာဝင်များ
အနေဖြင့် အောက်တိုဘာ ၁၆-ရက်နေ့တွင် ကျရောက်မည့် အီးဒ်နေ့အစား အောက်တိုဘာ ၁၇-ရက်နေ့မှ အီးဒ်နေ့အထိမ်းအမှတ်ပြုလုပ်မည်ဟု သိရှိရပါတယ်။

ကုရ်ဘာနီအိဒ်နေ့ မန္တလေးတွင် သားကောင်အရေအတွက် ကန့်သတ်ခံရ

eid

RangonNewsDaily:: October. 12 .2013
မန္တလေး  ။        ။    မွတ်စလင်မ်တို့၏ အိဒ်နေ့တွင် ကုရ်ဘာနီပြုလုပ်ရန် သားကောင်အရေအတွက်ကို လျှော့
ချကန့်သတ်ရန်ခရိုင်ဥက္ကဋ္ဌနှင့်ဝန်ကြီးများက မန္တလေးမြို့လုံး ဆိုင်ရာ ကုရ်ဘာနီရေးရာကော်မတီကအား မနေ့
ကခေါ်ယူ၍ ပြောဆိုလိုက်ကြောင်းသိရသည်။

ဒေါ်လာ ၁၀၀တန် ငွေစက္ကူ အသစ်များကြောင့် ငွေလဲဈေးကွက် မပြောင်းလဲနိုင်

Photo: ဒေါ်လာ ၁၀၀တန် ငွေစက္ကူ အသစ်များကြောင့် ငွေလဲဈေးကွက် မပြောင်းလဲနိုင်
Saturday, October 12, 2013

အမေရိကန် ဒေါ်လာ ၁၀၀တန် ငွေစက္ကူအသစ်များ ထွက်ပေါ်လာသော် လည်း ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်တွင် ပြောင်းလဲမှုမ ရှိနိုင်ကြောင်း ပြင်ပဈေးကွက်မှ ဒေါ်လာရောင်းဝယ်သူများက ပြောသည်ဟု သိရသည်။ အမေရိကန်ဒေါ်လာ ၁၀၀တန် ငွေစက္ကူများကို အတုပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် လုံခြုံရေးစနစ်အသစ်များဖြင့် ငွေစက္ကူပုံစံအသစ်ကို အမေရိကန်နိုင်ငံ၌ အောက်တိုဘာ ၈ရက်က စတင်ဖြန့်ချိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဒေါ်လာ ၁၀၀တန် ငွေစက္ကူအသစ်များ ပေါ်ထွက်လာသော်လည်း ယခင်ကျန်ရှိနေသော ငွေစက္ကူများက ဆက်လက်လည်ပတ်နေမည် ဖြစ် ပြီး ပြည် တွင်းငွေဈေးကွက်၌ ပြောင်းလဲမှု ဖြစ်ပေါ်မလာနိုင်ကြောင်း သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။ ပြင်ပဒေါ်လာဈေးကွက်မှ ဒေါ်လာရောင်းဝယ်သူ ကိုစိုးဝင်းက “ဒေါ်လာ တစ်ရာတန် အသစ်ပေါ်လာတယ်ဆိုပေမယ့် လက်ကျန်ငွေအဟောင်းတွေက ဆက်လည်ပတ်နေဦးမှာပဲလေ။ အဟောင်းတွေနေရာကို တဖြည်းဖြည်းနဲ့ အစားထိုးဝင်လာမှာကြောင့် ထူးထူးခြားခြား ပြောင်းလဲလာမှာတော့ မဟုတ်ပါဘူး”ဟု ပြောသည်။

ထို့အပြင် ဒေါ်လာဈေးနှုန်းအတက်အကျသည် ဝယ်လိုအား ရောင်းလိုအား မမျှတမှုအပေါ်တွင် ပြောင်းလဲမှုအများဆုံးဖြစ်၍ ငွေစက္ကူအသစ် ပေါ်လာခြင်းက ထူးခြားစွာ ပြောင်းလဲမှု မရှိနိုင်ခြင်း ဖြစ်ကြောင်း ပြင်ပမှ ဒေါ် လာရောင်းဝယ်သူများထံမှ သိရသည်။ ပြင်ပမှ ဒေါ်လာရောင်းဝယ်သူ ဦးတိုးက “ဒေါ်လာဈေးပြောင်းနေတာ များသောအားဖြင့် ဝယ်လိုအား ရောင်း လိုအားကြောင့် ဖြစ်တာဆိုတော့ အခုလိုငွေစက္ကူအသစ် ပေါ်လာ တာကြောင့်တော့ ဈေးကွက်ထိခိုက်မယ် မထင်ဘူး”ဟု ပြောသည်။ ၎င်းကပင် “ဒီငွေစက္ကူအသစ်တွေ ရောက်လာတဲ့အချိန်မှာတော့ ဗဟိုဘဏ်က ဈေးဘယ်လို သတ်မှတ်မလဲဆိုတာ တစ်ချက်ကြည့်ရမယ်”ဟု ဆက်လက်ပြောသည်။

အမေရိကန်ဒေါ်လာ ၁၀၀တန် ငွေစက္ကူအသစ်များကို ၃ဒသမ ၅ဘီလျံဖိုး ရိုက်နှိပ်ထားပြီး အောက်တိုဘာ ၈ရက်တွင် စတင်ဖြန့်ချီခဲ့ခြင်း ဖြစ်ကာ ယင်းဒေါ်လာ ၁၀၀တန် အသစ်များကြောင့် ပြည်တွင်းနိုင်ငံခြားငွေလဲ လှယ်သည့် ဈေးကွက်တွင် ပြောင်းလဲနိုင်ခြင်း မရှိကြောင်း ဒေါ် လာရောင်းဝယ်သူများက ပြောခြင်း ဖြစ်သည်။

Myanmar ICT

RangonNewsDaily:: October. 12 .2013
အမေရိကန် ဒေါ်လာ ၁၀၀တန် ငွေစက္ကူအသစ်များ ထွက်ပေါ်လာသော် လည်း ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်မှု ဈေးကွက်တွင် ပြောင်းလဲမှုမ ရှိနိုင်ကြောင်း ပြင်ပဈေးကွက်မှ ဒေါ်လာရောင်းဝယ်သူများက ပြောသည်ဟု သိရသည်။

နယ်ကျော်ကားများကို အခွန်ကောက်ခံတော့မည်

RangonNewsDaily:: October. 12 .2013

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်မော်တော်ယာဉ်များအတွက် နံပါတ်ပြားများ သတ်မှတ်ပေးပြီးနောက်တွင်နယ်ကျော်ကားများကို အခွန်ကောက်ခံရန်အစီအစဉ်ရေးဆွဲ
လျက်ရှိကြောင်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ညွှန်ကြားမှုဦးစီးဌာနကသိရသည်။

ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ မဟာဌာန ဖွင့်မည်

Photo: ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ မဟာဌာန ဖွင့်မည်
Saturday, October 12, 2013

ရန်ကုန်တက္ကသိုလ်တွင် သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာရပ်ဆိုင်ရာ မဟာဌာနအား သီးသန့် ဌာနတစ်ခုအဖြစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဥပဒေပညာရပ်ဆိုင်ရာ ဌာနအတွက် ဌာနမှုးများ ရွေးချယ်ခန့်ထားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသော ဥပဒေပညာရှင်များ မွေးထုတ်ပေးနိုင်ရန် သီးသန့်ဌာနအဖြစ် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ သင်တန်းရေးရာ တာဝန်ရှိသူက “တက္ကသိုလ်ကြီးတွေမှာ ဝိဇ္ဇာသိပ္ပံဘာသာရပ်အလိုက် မဟာဌာနတွေ လုပ်ဖို့ ဆောင်ရွက်နေကြ ပါတယ်။ ဥပဒေပညာဌာနကို မဟာဌာနတစ်ခုအနေနဲ့ သီးသန့် ဆောင် ရွက်ဖို့လည်း ရှိပါတယ်။ အခု ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဆိုင်ရာ မဟာဌာနကို အရင်ဆုံးစပြီး အကော်အထည်ဖော်မယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖွင့်နိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

လက်ရှိတွင်လည်း ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနတွင် Clincial of Legal Educationအစီအစဉ်အား မြန်မာနိုင်ငံဆိုင်ရာ UNDPရုံးနှင့် ပရောဂျက်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျနှင့် အမေရိကန်နိုင်ငံတို့ရှိ ဥပဒေပညာရှင်တို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဌာနမှုး ဒေါက်တာ ခင်မာရီက “အခုလက်ရှိ ဥပဒေပညာဌာနကို မဟာဌာနအဖြစ် တိုးချဲ့သွားဖို့ လုပ်နေပါပြီ။ အဲဒီမှာ ကျောင်းသား ကျောင်းသူတွေအတွက် ပိုပြီး ထိရောက်မယ့် ပညာပေး အစီအစဉ်တွေ၊ သင်ခန်းစာတွေကို  အဆင့်မြှင့်တင်သွားဖို့ ရှိတယ်။ နိုင်ငံတကာက ပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံညဏ်တွေကိုလည်း ယူရပါတယ်။ ဒီက ဆရာ၊ ဆရာမတွေ အနေနဲ့လည်း သူတို့နိုင်ငံမှာ ကျင်းပတဲ့ ဖိုရမ်တွေ၊ Workshopတွေကိုလည်း အလှည့်ကျ သွားတက်ရပါတယ်။ ဒီလိုမဟာဌာနအဖြစ် ပြောင်းလဲ နိုင်ဖို့အတွက်လည်း အစစအရာရာ ပြင်ဆင်မှုတွေ လုပ်နေတုန်းပါပဲ”ဟု ဆိုသည်။

Myanmar ICT

RangonNewsDaily:: October. 12 .2013
ရန်ကုန်တက္ကသိုလ်တွင် သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာရပ်ဆိုင်ရာ မဟာဌာနအား သီးသန့် ဌာနတစ်ခုအဖြစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမည်ပျက်စာရင်း ပါဝင်နေသေးသူများ သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းနိုင်

Photo: အမည်ပျက်စာရင်း ပါဝင်နေသေးသူများ သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းနိုင်
Saturday, October 12, 2013

နိုင်ငံတော် သမ္မတ၏ ညွှန်ပြချက်အရ အမည်ပျက်စာရင်း (Black List)များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပြန်လည် စီစစ်ပြီး စာရင်းထုတ်ပယ် ဖျက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် အမည်ပျက် စာရင်းတွင် ဆက်လက်ပါဝင်နေသူများအနေဖြင့် ရုံးချိန်အတွင်း ဖုန်းအမှတ် ၀၆၇-၄၀၉၅၃၁ဖြင့် နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ အီးမေးလ်လိပ်စာဖြင့် ဆက်သွယ်လိုပါက mmcontact@mptmail.net.mm သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။

ခေတ်ပြောင်း စနစ်ပြောင်းတွင် အခြေအနေ အချိန်အခါနှင့် မကိုက်ညီတော့ သည့် (ယခင်က ဆောင်ရွက်ခဲ့သည့်) အမည်ပျက် စာရင်းများကို လက်ရှိနိုင် ငံရေး စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများနှင့် အညီ ဖြစ်စေရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်ရာ တွင် ပြည်တွင်းပြည်ပနှစ်ရပ်လုံးရှိ နိုင်ငံသားများအားလုံးနှင့် လက်တွဲဆောင် ရွက်ကာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ဖေါ်ဆောင်နိုင်ရန် အမည် ပျက် စာ ရင်းများကို ပယ်ဖျက်ပေးခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို လျောက်လှမ်းနေတဲ့ အချိန်မှာ ဒီလိုလုပ်ရပ်မျိုးက ကြိုဆိုရမှာပါ။ ဒါကောင်းတဲ့အလုပ်ပါ”ဟု ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက စံတော်ချိန်သို့ ပြောသည်။ သမ္မတ ပြည်ပခရီးစဉ် ထွက်ချိန်တိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ယခုကဲ့သို့ အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းများမှာ နိုင်ငံတကာတွင် မျက်နှာရစေရန် ပြုလုပ်ခြင်းမျိုး ဖြစ်သည်ဆိုသည့် ဝေဖန်ချက်များအပေါ်တွင်လည်း ကိစ္စရပ်များကို အနုတ်လက္ခဏာရှုထောင့်မှ ဝေဖန်တိုင်း မကောင်းကြောင်း ကိုမြအေးက ပြောဆို သုံးသပ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက အမည်ပျက် စာရင်းသွင်းထားသော ဆရာဝန်များအနက် ၁၀၁၀ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Myanmar ICT

RangonNewsDaily:: October. 12 .2013
နိုင်ငံတော် သမ္မတ၏ ညွှန်ပြချက်အရ အမည်ပျက်စာရင်း (Black List)များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပြန်လည် စီစစ်ပြီး စာရင်းထုတ်ပယ် ဖျက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် အမည်ပျက် စာရင်းတွင် ဆက်လက်ပါဝင်နေသူများအနေဖြင့်

Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ

Photo: Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ
Saturday, October 12, 2013

ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ် ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

Iron Man သိပ္ပံဝတ်စုံမျိုး အမေရိကန်စစ်တပ် တီထွင်နေ
အမေရိကန် စစ် တပ်သည် စိတ်ကူးယဉ် သိပ္ပံလူစွမ်းကောင်း ဇာတ်လမ်း Iron Manတွင် ပါရှိသည့် စူပါလူသားစွမ်းရည်မျိုး မြှင့်တင်ပေးနိုင်သော ချပ်ဝတ်တန်ဆာ တစ်မျိုးကို သုတေသနပြု တီထွင်နေကြောင်း သိရှိရသည်။ ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ်ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။ အစိုးရ၏ သုတေသန စမ်းသပ်ခန်းများ၊ သိပ္ပံဌာနများနှင့် အမေရိကန်၏ နည်းပညာ ကုမ္ပဏီကြီး အများအပြားသည် အနာဂတ်ကာလ စစ်သည်များအတွက် ရည်ရွယ်သည့် စမတ် ချပ်ဝတ်တန်ဆာ တစ်မျိုးကို ပူးပေါင်း စမ်းသပ်နေသည်ဟု ခိုင်ခိုင်မာမာ ယူဆရသည်။

ထိုဝတ်စုံများသည် ခန္ဓာကိုယ် ပြင်ပတွင် ငြမ်းစနစ်တစ်ခု ပံ့ပိုးပေးပြီး လူတစ်ဦးအနေဖြင့် လုံးဝ သယ်ယူရန် မဖြစ်နိုင်သော ဝန်အလေးချိန်မျိုးကိုပင် သယ်ဆောင်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။ လက်ရှိတွင် Tatical Assault Light Operator Suit (Talos) အမည်ရှိ ဝတ်စုံကို နည်းပညာဆိုင် ရာ ဖြည့်တင်းတပ်ဆင်မှုများ၊ အာရုံခံစနစ် ပံ့ပိုးမှုများဖြင့် အဆင့်မြှင့်တင်လျှက် ရှိသည်။ အမေရိကန် စစ်ဘက်က ယင်းစမတ်ဝတ်စုံကို အသုံးပြုရန် ကျယ်ပြန့်သည့် ကွန်ရက်ချိတ်ဆက်မှု ဧရိယာမျိုး လိုအပ်ပြီး စစ်သားများ အနေဖြင့်လည်း Google Glassကဲ့သို့ ခန္ဓာကိုယ်ပေါ် ဝတ်ဆင်ထားရသည့် အဆင့်မြင့် ကွန်ပျူတာစနစ်မျိုးကို အသုံးပြုရမည်ဟု ပြောကြားခဲ့ဖူးသည်။

Talosတွင် လက်ရှိစမ်းသပ် တပ်ဆင်ထားသည့် ခန္ဓာကိုယ်ပြင်ပ ငြမ်းစနစ် သည် ဟိုက်ဒရောလစ် အားဖြည့်မှုဖြင့် လူတစ်ဦးကို အလွန်အားကောင်း သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ခွင့် ပေးနိုင်မည် ဖြစ်သည်။ "ငြမ်းစနစ်နဲ့အတူ အကောင်းဆုံး ချပ်ဝတ်အကာအကွယ်တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်မယ့် စနစ်မျိုးကို ကျွန်တော်တို့ မြှင့်တင်နေ တာ ဖြစ်ပါတယ်။ Talosမှာ ဝတ်စုံရဲ့ စွမ်းအင်စနစ်၊ ဝတ်ဆင်သူရဲ့ ကျန်းမာရေး အခြေအနေတွေကို ညွှန်ပြနိုင်မယ့် Displayတွေ ပါဝင်ပါတယ်။ ပြီးတော့ လက်နက်စနစ်တွေကိုပါ ထည့်သွင်း တပ်ဆင်သွားမှာပါ"ဟု အမေရိကန် စစ်ဘက် သုတေသန၊ ဖွံ့ဖြိုးရေးနှင့် အင်ဂျင်နီယာ ဌာနချုပ်မှ သိပ္ပံပညာဆိုင်ရာ အကြံပေး ဗိုလ်မှူးကြီး ကားလ်ဘောဂျက်စ်က ပြော ကြားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: October. 12 .2013
ဟောလီးဝုဒ်မင်းသား ရောဘတ်ဒေါင်နီ ဂျူနီယာ အဓိက ပါဝင်သည့် Iron Man ဇာတ်ကားများတွင် လက်နက်
နှင့် ကွန်ပျူတာ စနစ်များကို မြှုပ်နှံတပ် ဆင်ထားသည့် စိတ်ကူးယဉ် သံချပ်ကာ ဝတ်စုံမျိုးမှာ အနာဂတ်တွင် လက်တွေ့ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

Apple iPhone 5C အလုံးရေ လျော့ထုတ်ပြီ

Photo: Apple iPhone 5C အလုံးရေ လျော့ထုတ်ပြီ 
Saturday, October 12, 2013

iPhone 5C တင်မကတော့ပဲ နောင်အနာဂတ်မှာ 5S ကိုပါ လျော့ထုတ်တော့ မှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ဝယ်လိုအား ကျဆင်းလာ မှုကြောင့် ဖြစ်ပါတယ်။ 

စထုတ်တဲ့ ရက်ပိုင်းအတွင်း အင်မတန် မြင့်တက်ခဲ့တဲ့ ရောင်းအားကို ဆက်ထိန်းထားနိုင်မယ်လို့ ထင်ထားကြပေမယ့် ထင်သလို မဖြစ်ခဲ့ပါဘူး။ အထူးသဖြင့် iPhone 5C ရောင်းအားဟာ ထင်ထားတာထက် တစ်ဝက်နီးနီးတောင် ကျနေပါတယ်။ ဒါကြောင့် တရုတ်ပြည်က စက်ရုံမှာ iPhone 5C ထုတ်လုပ်တဲ့ အလုံးရေကို တစ်ရက် ၃ သိန်းကနေ ၁ သိန်းခွဲအထိ လျော့ချလိုက်ပါပြီ။ တစ်ဝက်တိတိလျော့ချလိုက်ခြင်း ဖြစ် ပါတယ်။ iPhone 5S ကတော့ ရောင်းအား သိပ်မကျသေးပါဘူး။

အကြောင်းအရင်း ပြန်စစ်တမ်းကောက်ကြည့်ရာမှာ ရရှိလာတဲ့ သတင်းကတော့ iPhone နောက်ထွက်ဖုန်းများရဲ့  အင်မတန်မြင့်မား တဲ့ ဈေးများကြောင့် ဖြစ်ကြောင်း ဆိုပါတယ်။ ရွှေ၊ငွေ တပ်ဆင်အလှ ဆင်ထားခြင်း မရှိတဲ့ ရိုးရိုး စမတ်ဖုန်း Market ဟာ iPhone ဟာ ဈေးအကြီး ဆုံး စံချိန်တင်နေပါတယ်။ အထူးသဖြင့် iPhone 5S ပါ။ ဒါကြောင့် iPhone 5S နဲ့ 5C ထုတ်လုပ်မှု အရေအတွက်ကို Apple တို့ လျော့ချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/apple-iphone-5c.html

RangonNewsDaily:: October. 12 .2013

iPhone 5C တင်မကတော့ပဲ နောင်အနာဂတ်မှာ 5S ကိုပါ လျော့ထုတ်တော့ မှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ဝယ်လိုအား ကျဆင်းလာ မှုကြောင့် ဖြစ်ပါတယ်။

ဆိုက်ကလုန်း မုန်တိုင်း ဖီလင်းရန်မှ ရှောင့်ရှားကြရန် ပြည်သူများကို အိန္ဒိယအစိုးရမှနှိုးဆော်သတိပေး

RangonNewsDaily:: October. 12 .2013
ကမ္ဘာ့မိုးလေ၀သဌာနကြီးတွေ ရဲ့ ခန့်မှန်းချက်အရ ဆိုက်ကလုံး ဖိုင်လင်း ဟာ အမြင့်ဆုံးအင်အားအဆင့် Category 5 နဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း သြရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တော့မှာဖြစ်ပါတယ်။
ဆူပါ ဆိုက်လုံးအဆင့် သတိပေးထားပြီး အားအကောင်းဆုံးအဆင့် နဲ့ ဒီကနေ့ ညနေမှာဘဲ အိန္ဒိယနိုင်ငံအ
ရှေ့ဖက်ကမ်း သြရိဿ ကမ်းခြေကို ၀င်ရောက်တော့မှာမို့ အသေအပျောက်နဲ့အပျက်အစီးတွေ များနိုင်တယ်လို့ 
ခန့် မှန်း သတိပေးနေပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံများ နျူကလီးယား လက်နက် အဆင့်မြှင့်တင်

Photo: ကမ္ဘာ့အင်အားကြီး နိုင်ငံများ နျူကလီးယား လက်နက် အဆင့်မြှင့်တင်
Saturday, October 12, 2013

ကမ္ဘာ့ နိုင်ငံများ၏ နျူကလီးယား လက်နက် အရေအတွက်သည် စစ်အေးကာလ တိုက်ပွဲ အရှိန်အမြင့်ဆုံး ၁၉၈၀ ပြည့်လွန် နှစ်များတွင် ရှိခဲ့သည့် အရေအတွက်၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သော်လည်း အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတို့က မိမိတို့၏ နျူကလီးယား လက်နက်များ အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်နေကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် နျူကလီးယား ဒုံးကျည် ထိပ်ဖူး ၁၇,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ခန့်က ရှိခဲ့သည့် အရေအတွက်အောက် ၇၅ ရာခိုင်နှုန်း လျော့ကျသွားခြင်း ဖြစ်ကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူက ထုတ်ပြန်သည်။

လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ မကြာခဏ ဆိုင်းငံ့မှုများ ဖြစ်ပေါ်ခဲ့သော်လည်း အမေရိကန်သမ္မတ အိုဘားမားက နျူကလီးယားလက်နက် ကင်းမဲ့သော ကမ္ဘာဖြစ်ရန် လိုကြောင်း ၂၀၀၉ ခုနှစ်၌ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သဖြင့် လက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရာတွင် တွန်းအားသစ်များ ပေါ်ပေါက်ခဲ့သည်။

သို့သော်လည်း အမေရိကန်နှင့် နေတိုး စစ်မဟာမိတ် အဖွဲ့က ဒုံးခွင်းဒုံး စနစ်များ တည်ဆောက်နေခြင်းကြောင့် သမ္မတအိုဘားမား၏ မျှော်မှန်းချက်များ အကောင်အထည် ပေါ်လာရေး မှန်ဝါးလျက် ရှိသည်။

ထို့အပြင် အမေရိကန်နိုင်ငံက နျူကလီးယား လက်နက် အရေအတွက်ကို သုံးပုံတစ်ပုံ လျှော့ချသွားရန် ရုရှားနိုင်ငံကို ပြီးခဲ့သည့် ဇွန်လအတွင်း ကမ်းလှမ်းခဲ့သော်လည်း အမေရိကန် လုပ်ဆောင်နေသည့် ဒုံးခွင်းဒုံးစနစ်မှာ ရုရှားနိုင်ငံအပေါ် ခြိမ်းခြောက်နေကြောင်း တုံ့ပြန်ခဲ့သည်။

ရုရှားတာဝေးပစ် ဒုံးကျည်များကို ဒုံးခွင်းဒုံးစနစ်က တားဆီးနိုင်ခြင်းကြောင့် ရုရှားနိုင်ငံ အနေနှင့် မိမိ၏ နျူကလီးယား ထိပ်ဖူး အရည်အတွက်ကို တိုးမြှင့်ရန် သို့မဟုတ် မဟာဗျူဟာ ဟန့်တားရေး မူဝါဒကို အဆုံးရှုံးခံရန် နည်းလမ်းနှစ်ခုသာ ကျန်တော့ကြောင်း ဝေဖန်လိုက်သည်။

တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုက မိမိ၏ ဒုံးကျည်ထိပ်ဖူးများကို အဆင့်မြှင့်တင်လျက် ရှိသလို၊ ရုရှားနိုင်ငံကလည်း ဒုံးကျည်များတွင် တပ်ဆင်နိုင်သော ထိပ်ဖူး အရေအတွက်ကို တိုးမြှင့်လျက် ရှိပြီး တရုတ်နိုင်ငံက နျူကလီးယား လက်နက် တပ်ဆင်နိုင်သော ရွေ့လျား ဒုံးကျည် စနစ်သစ်များ တီထွင် ထုတ်လုပ်နေကြောင်း အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့အစည်းက သတိပေးလိုက်သည်။

ယင်းကဲ့သို့ လုပ်ဆောင်နေမှုများကြောင့် နျူကလီးယား ကင်းမဲ့ကမ္ဘာ ဖြစ်လာမည် မဟုတ်ဘဲ နျူကလီးယား လက်နက်များ အမြဲတမ်း တပ်ဆင်ထားသည့် ကမ္ဘာအဖြစ်သာ ရောက်ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လက်နက် ဖျက်သိမ်းရေး အကြီးတန်းအရာရှိ အန်ဂလာကိတ်က ပြောကြားသည်။

ထို့အပြင် ဆယ်စုနှစ် အနည်းငယ်အတွင်း နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံ အရေအတွက် ၂၅ နိုင်ငံသို့ တိုးမြင့်လာနိုင်ပြီး ယင်းနိုင်ငံများတွင် အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေးနှင့် မြောက်ကိုရီးယားနိုင်ငံ တို့ ပါဝင်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ကမ္ဘာ့ နျူကလီးယားလက်နက် စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို အမေရိကန်နှင့် ရုရှားနှစ်နိုင်ငံက ပိုင်ဆိုင်ထားပြီး ဗြိတိန်၊ ပြင်သစ်၊ တရုတ်နိုင်ငံတို့က လက်နက် အရေအတွက် ၂၀၀ မှ ၃၀၀ ထိ ပိုင်ဆိုင်ထားကာ အိန္ဒိယနိုင်ငံတွင် နျူကလီးယားလက်နက် ၁၁၀၊ ပါကစ္စတန်တွင် ၁၂၀ နှင့် အစ္စရေးနိုင်ငံတွင် အခု ၈၀ ထိ ရှိနေကြောင်း အမေရိကန် သိပ္ပံပညာရှင် အဖွဲ့က ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: October. 12 .2013

ကမ္ဘာ့ နိုင်ငံများ၏ နျူကလီးယား လက်နက် အရေအတွက်သည် စစ်အေးကာလ တိုက်ပွဲ အရှိန်အမြင့်ဆုံး ၁၉၈၀ ပြည့်လွန် နှစ်များတွင် ရှိခဲ့သည့် အရေအတွက်၏ လေးပုံတစ်ပုံသာ ကျန်ရှိတော့သော်လည်း အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်နှင့် ဗြိတိန် နိုင်ငံတို့က မိမိတို့၏ နျူကလီးယား လက်နက်များ အဆင့်မြှင့်တင်ရေးကို လုပ်ဆောင်နေကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မွတ်စ်လင်မ်များ ဟဂ်ျကို ကြိမ်ဖန်များစွာ မပြုလုပ်ရန် မုဖ်သီချုပ်မှ ဆော်သြ

Sheikh Abdul Aziz Al-Asheikh

RangonNewsDaily:: October. 12 .2013
ဘ၀သက်တမ်း၌ ပထမဦးဆုံးအကြိမ် ဟဂ်ျပြုသူများအတွက် လွယ်ကူချောမွေ့စေရေး အခွင့်အလမ်းကို ဖော်
ဆောင်ပေးသောအားဖြင့်ဟဂ်ျပြုဖူးပြီးသောမွတ်စ်လင်မ်များအနေနှင့်ယခုရာသီတွင် ဟဂ်ျခရီးစဉ် လာရောက်
မှုကို ရှောင်ရှားကြပါရန် မုဖ်သီ ချုပ်ကြီး ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ်အရှ်ရှိုင်းခ်မှ ဆော်သြထားသည်။

Super Cyclone Phailin ယနေ့ညနေ ပိုင်းတွင် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကိုစ တင်ဖြတ်ကျော်ဝင်ရောက်မည်

Breaking News:: Weather Alert !!
RangonNewsDaily:: October. 12 .2013


ဒီကနေ့(၁၂-၁၀-၂၀၁၃) ရက်ညနေမှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း သြရိဿကမ်းခြေကို စတင်ဖြတ်ကျော်
တော့မှာ ဖြစ်ပါတယ်။ အင်အား Super Cyclone Category V အမြင့်ဆုံးအင်အားအဆင့်နဲ့ဖြတ်မှာမို့ အသေ
အပျောက် အပျက်အစီးတွေတော့ များနိုင်ပါတယ်

Super Cyclone Phailin မြန်မာနိုင်ငံတွင်းသို့ သက်ရောက်နိုင်မှု မရှိသေးသော်လည်း ကမ်းရိုးတန်း ဒေသများ သတိရှိရန်လို

Breaking News: Weather Alert !!!!RangonNewsDaily:: October. 12 .2013
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော Phailin ဟု အမည်ပေးထားသော အား
ကောင်းသည့်ဆိုင်ကလုန်း မုန်တိုင်းသည် မြန်မာနိုင်ငံအတွင်းသို့ သက်ရောက်နိုင်မှုအားနည်းနေသော်လည်း
ကမ်းရိုးတန်း ဒေသများ အနေဖြင့် သတိရှိရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာ
နက ထုတ်ပြန်ထားသည်။

မန္တလေးမြို့ မြန်မာ့စီးပွါးရေးဘဏ် ၂ မှ ပြည်သူကိုမချေမငံဆက်ဆံသောဝန်ထမ်း (တိုင်ကြားစာ)

RangonNewsDaily:: October. 12 .2013
မနက် ၁၀ နာရီ လောက်ကဗျာ မန်းလေးရောက်နေတုန်း သူငယ် ချင်းနဲ့ မြန်မာ့စီးပွါးရေးဘဏ် ၂ ကို ငွေလဲ
ဖို့ ကိစ္စနဲ့ခဏလိုက်ခဲ့ပါ ဆိုလို့  လိုက်သွားတာ စိတ်ဆင်းရဲ စရာ သနားစရာလေးတစ်ခု တွေ့ မြင်ခဲ့ရလို့  ရေး
လိုက်တာပါ ။

ညောင်လေးပင်မှ တောင်ငူသို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ သယ်ဆောင်လာသည့် လမ်းကြောင်းကို စစ်ဆေးနေ

ညောင်လေးပင်မှ တောင်ငူသို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ သယ်ဆောင်လာသည့် လမ်းကြောင်းကို စစ်ဆေးနေ


kolatt(PBDN): October. 12 .2013

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ တောင်ငူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင်လာသည့် လမ်းကြောင်း တစ်လျှောက်ကို ပိုက်စိပ်တိုက် စစ်ဆေးနေကြောင်း ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
::
အဆိုပါ ခရီးသည်ယာဉ် မောင်းနှင်ဖြတ်သန်းလာသည့် ညောင်လေးပင်၊ ကျောက်တံခါးနှင့် ဖြူးမြို့နယ်တို့မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း စစ်ဆေးနေကြောင်း သိရသည်။

''အဲဒီ ခရီးသည်တင်ယာဉ်က ညောင်လေးပင်ကနေ စထွက်ခဲ့တယ်။ ဖြူးမြို့နယ် ရောက်တော့မှ မသင်္ကာလို့ သက်ဆိုင်ရာကို အကြောင်းကြားတဲ့အခါ ဗုံးကို တွေ့ရှိခဲ့တယ်။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က လမ်းတစ်လျှောက် ခရီးသည် အတက်အဆင်းတွေ များခဲ့တဲ့ အတွက် ခရီးသည်တွေကို သေသေချာချာ မမှတ်မိဘူး။ ဒါကို အမှန်ဆုံး စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အတွက် ယာဉ်ဖြတ်သန်းလာတဲ့ မြို့နယ်သုံးခုရဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စစ်ဆေးနေပါတယ်'' ဟု ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက်က ပြောကြားသည်။
::
ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းရှေ့ ရန်ကုန် -မန္တလေး လမ်းကြောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် လိုက်ထရပ် ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းလက်လုပ်ဗုံးကို အင်ဂျင်နီယာ တပ်ရင်းမှ တာဝန်ရှိသူများ လာရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။ ကျွန်တော်တို့ကားက ညောင်လေးပင်ကနေ မနက် ၆ နာရီ ၄၀ လောက်မှာ စထွက်လာတာ ကျောက်တံခါး မြို့အထိ ခရီးသည် သိပ်မပါဘူး။
::
 ကျောက်တံခါးကနေ ဒီဘက် ဖြူးရောက်ခါနီးမှ ခရီးသည် များလာတာ ဖြူးရောက်တော့ ပစ္စည်းတွေ အတင်အချလုပ်ရင်း အဲဒီအထုပ်ကို တွေ့တာ ခရီးသည် တစ်ယောက်ယောက် ကျန်ခဲ့တာပဲဆိုပြီး ဒီအတိုင်း ပြန်ထားလိုက်တယ်။

 နောက်တော့မှ မသင်္ကာလို့ဆိုပြီး အထုပ်ကို သေချာ ဖွင့်ကြည့်တော့မှ အထဲမှာ ပလပ်စတစ် အမည်းနဲ့ ထုပ်ထားတာကို တွေ့ရတာ'' ဟု ချိန်ကိုက်ဗုံးအား စတင်တွေ့ရှိခဲ့သူ ယာဉ်နောက်လိုက် ချစ်ကိုက ပြောကြားသည်။
::
''ဗုံးကတော့ လက်လုပ်ဗုံးလို့ ယူဆရတာပေါ့၊ ကျွန်တော်တို့က BE အဖွဲ့က လာရောက် မစစ်ဆေးခင် လုံခြုံရေး တာဝန်ယူ ထားရတာပေါ့ BE က တာဝန်ရှိတဲ့ သူတွေပဲ လာပြီးတော့ ပြည်သူတွေနဲ့ ဝေးတဲ့နေရာမှာ သွားရှင်းပစ်ပါတယ်'' ဟု ဖြူးမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းက အဆိုပါဗုံး တွေ့ရှိမှုအား ရှင်းလင်း ပြောကြားခဲ့သည်။
::

(ဖြူးမြို့နယ် ဆက်သွယ်ရေးရုံး စာတိုက်ရှေ့တွင် မော်တော်ယာဉ်ပေါ်၌ တွေ့ရှိခဲ့သည့် ဗုံးကို သဲအိတ်များဖြင့် ကာရံ၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်))

Eleven Media ::--


See More News: (www.rangonnewsdaily.blogspot.com)

(ဖြူးမြို့နယ် ဆက်သွယ်ရေးရုံး စာတိုက်ရှေ့တွင် မော်တော်ယာဉ်ပေါ်၌ တွေ့ရှိခဲ့သည့် ဗုံးကို သဲအိတ်များဖြင့် ကာရံ၍ စစ်ဆေးနေစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်))
RangonNewsDaily:: October. 12 .2013 ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ တောင်ငူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည် ယာဉ်ပေါ်တွင် ဗုံးတွေ့
ရှိမှုနှင့် ပတ်သက်၍ မော်တော်ယာဉ် မောင်းနှင်လာသည့် လမ်းကြောင်း တစ်လျှောက်ကို ပိုက်စိပ်တိုက် စစ်
ဆေးနေကြောင်း ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၁ ရက် နံနက်
ပိုင်းတွင် ပြောကြားသည်။

မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင် လိမ်လည် တိမ်းရှောင်ခဲ့သူမှ အမှတ် (၆) ရဲစခန်း၌ သွားရောက် ၀န်ခံခဲ့ပြီး နာရီပိုင်း အကြာတွင် အာမခံနှင့် ပြန်လည်လွတ်မြောက်

RangonNewsDaily:: October. 12 .2013
မန္တလေး ကားလောကအတွင်း ကျပ်သိန်းပေါင်း လေးသောင်းဝန်းကျင်ကို လိမ်လည် တိမ်းရှောင်ခဲ့သူက ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အမှတ် (၆) ရဲစခန်း၌ သွားရောက် ၀န်ခံခဲ့ပြီးနောက် နာရီပိုင်း အကြာတွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

တောင်ငူမြို့ ဧည့်ရိပ်သာတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

တောင်ငူမြို့ ဧည့်ရိပ်သာတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

အောက်တိုဘာ ၁၁

တောင်ငူမြို့၊ ကန်လမ်း၊ ရပ်ကွက်(၁၇)၊ အိမ်နံပါတ်(၂)၊ ချမ်းမြေ့ဧည်ရိပ်သာ၊ အခန်းနံပါတ် ၆ တွင် အောက်တိုဘာ ၁၁ ရက်နေ့ ည ၈း၅၀ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား(၁)ဦးနေရာ တွင် သေဆုံးပြီး၊ အမျိုးသမီး(၂)ဦးမှာ ဆေးရုံတွင် ဆေးကုမှု ခံယူလျှက်ရှိသည်။

ကိုနေမျိုးကျော်၊ (ဘ)ဦးကျော်လွင်၊ အသက်(၂၉)နှစ်၊ ငှက်ပျောတောရွာ၊ လယ်ဝေးမြို့နေသူသည် အခင်းဖြစ်သည့် နေရာတွင် သေဆုံးပြီး၊

ညောင်လေးပင်မြို့၊ မြို့မ(၇)တွင်နေကြသည့်
မယုခိုင်(ဘ) ဦးသိန်းဝင်း၊ အသက်( ၂၄ နှစ်)၊ မှာဒဏ်ရာများစွာရရှိခဲ့ပြီး၊

မငြိမ်းသီတာ(ဘ)ဦးခင်မောင်ညိမ်း၊ အသက်(၂၇)နှစ် ဒဏ်ရာအနည်းငယ်ရရှိပြီး တောင်ငူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျှက်ရှိသည်ကိုတွေ့ရသည်။

ပိုက်ဆံအိတ်အသေးကို ဖွင့်လိုက်သည့်အချိန်တွင် ပေါက်ကွဲ
သည်ဖြစ်ကြောင်း  မယုခိုင်မှပြောသည်။

မယုမွန်ကပြောပါတယ် ဖုန်းနံပါတ် ၀၉၄၂၈၁၆...... ရွတ်ပြပြီး သူ့အမေ ဒေါ်ကျင်မြ ညောင်လေးပင်မြို့ဆီဖုန်းဆက်ပေးပါဆိုလို့ ဆက်ပါတယ်။ သူ့ဆန္ဒမပြည့်ခဲ့ဘူး အဲဒီဖုန်းက စက်ပိတ်ထားလို့ ခေါ်မရဖြစ်ခဲ့ပါတယ်။

Posted From တောင်ငူသတင်းပုံရိပ်များ

RangonNewsDaily:: October. 12 .2013 တောင်ငူမြို့၊ ကန်လမ်း၊ ရပ်ကွက်(၁၇)၊ အိမ်နံပါတ်(၂)၊ ချမ်းမြေ့ဧည်ရိပ်သာ၊ အခန်းနံပါတ် ၆ တွင် အောက်တိုဘာ ၁၁ ရက်နေ့ ည ၈း၅၀ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား(၁)ဦးနေရာ တွင် သေဆုံးပြီး၊ အမျိုးသမီး(၂)ဦးမှာ ဆေးရုံတွင် ဆေးကုမှု ခံယူလျှက်ရှိသည်။

တရုတ်နိုင်ငံသား ကုမ္မဏီဝန်ထမ်းတစ်ဦး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင်းအတွင်း သေဆုံး

RangonNewsDaily:: October. 12 .2013
ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စု၏အနောက်ဘက်၊ မုံရွာ-ပုသိမ် အဝေးပြေးကားလမ်းမ
ကြီးအနီးရှိ မြန်မာ့စီပွားရေးဦးပိုင်လီမီတက်နှင့်ဝမ်ပေါင်ကုမ္မဏီတို့အကျိုးတူဆောင်ရွက်လျက်ရှိသည့် လက်
ပံတောင်းတောင် ကြေးနီစီ မံကိန်း နယ်မြေ လုပ်ငန်းခွင်းအတွင်း အောက်တိုဘာ၁၀ ရက်နေ့ မနက် ၇ နာရီ
၄၀ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ ရာ တရုတ်နိုင်ငံသား

ကုရ်ဘာနီ အထူးသတင်း.....

RangonNewsDaily:: October. 11 .2013
ဒီနှစ်မန္တလေးမှာ ကုရ်ဘာနီလုပ်ဖို့ ကွင်းလေးကွင်းသတ်မှတ်ထားပါတယ်။၂၀၁၁ခုနှစ်က ကုရ်ဘာနီကွင်းမှာ
 ကုရ်ဘာနီလုပ်သော သားကောင် အကောင်ရေ ၁၂၀၀ ကျော်ရှိခဲ့ပါတယ်။မနှစ်က တနိုင်ငံလုံးမှာ အစ္စလာမ်
ဘာသာဝင်တွေအပေါ် အကြမ်းဖက်ခံရမှုတွေကိုအစိုးရက အကာအကွယ်မပေးတာကို ဆန္ဒပြ ကန့်ကွက်တဲ့
အနေနဲ့- အစိုးရ သတ်မှတ်ပေးတဲ့