Pages

Monday, October 7, 2013

"လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း အတွက် ပညာရှင်များလိုအပ်မှုကို အကြောင်းပြပြီး တရုတ်လူမျိုးများအား လိုအပ်သည်ထက်ပိုမိုပြီး ခေါ်ယူနေ"

RangonNewsDaily:: October. 7 .2013
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းတွင် ကြေးနီသတ္ထုတူးဖော်ရေးလုပ် ငန်းများဆောင်ရွက်
ရန်အတွက် ပညာရှင်များလိုအပ်သည်ကို အကြောင်းပြ ပြီး တရုတ်လူမျိုးများ ၀င်ရောက်လာမှုသည် တစ်နေ့ထက်တစ်နေ့ပိုမိုမြင့် မားလာနေကြောင်း

စပိန် နိုင်ငံတွင် ပေ ၃၀ ရှည်သည့် ပြည်ကြီးငါး တစ်ကောင် တွေ့ရှိ

Photo: စပိန် နိုင်ငံတွင် ပေ ၃၀ ရှည်သည့် ပြည်ကြီးငါး တစ်ကောင် တွေ့ရှိ
Monday, October 7, 2013

စပိန်နိုင်ငံ ကန်တာဘရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ်းခြေတစ်ခုတွင် Architeuthis Dux မျိုးရင်း အမည်ရှိ ကြီးမားသော ပြည်ကြီးငါး တစ်ကောင်ကို အားလပ်ရက် ခရီး ထွက်သူ များက ယခုရက် သတ္တပတ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ကြီးငါးသည် ပေ ၃၀ ရှည်ပြီး အလေးချိန်မှာ ပေါင် ၄၀၀ ရှိကြောင်းနှင့် ယခုအခါ ယင်းပြည်ကြီးငါးကို ဒေသတွင်းရှိ ပင်လယ်ရေကြောင်း ဆိုင်ရာ ပြတိုက်သို့ လွှဲပြောင်းပေးခဲ့ သည်။

ယင်းပြည်ကြီးငါးကို တွေ့ရှိမှုသည် ရှားပါးသော ရှာဖွေ တွေ့ရှိမှု တစ်ခုဖြစ်ပြီး ယင်းငါးများသည် ကမ္ဘာ့ပေါ်တွင် အကြီးမားဆုံး ကျောရိုးမဲ့ သတ္တ၀ါ အမျိုးအစား ဖြစ်သည့်အပြင် ပင်လယ်ရေ အောက်အနက်ပေ ၁၀၀၀ နှင့် ၃၀၀၀ အကြားတွင် နေထိုင် ကျက်စားလေ့ ရှိသည့် သတ္တ၀ါများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ကြီးငါးများသည် ပင်လယ်နှင့် သမုဒ္ဒရာ အတွင်း၌သာ သေဆုံးလေ့ရှိပြီး ပင်လယ်ရေစီးကြောင့် ကမ်းခြေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုတွေ့ ရှိသော ပြည်ကြီး ငါး သည် လက်တစ်ချောင်း ကျိုးနေခြင်းမှ လွဲ၍ ကောင်းမွန်သော အခြေအနေရှိကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: October. 7 .2013
စပိန်နိုင်ငံ ကန်တာဘရီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကမ်းခြေတစ်ခုတွင် Architeuthis Dux မျိုးရင်း အမည်ရှိ ကြီးမားသော ပြည်ကြီးငါး တစ်ကောင်ကို အားလပ်ရက် ခရီး ထွက်သူ များက ယခုရက် သတ္တပတ်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) တစ်သောင်းပြည့် အစီအစဉ်

Photo

RangonNewsDaily:: October. 7 .2013
နာရေးကူညီမှုအသင်း(ရန်ကုန်) တစ်သောင်းပြည့် အစီအစဉ်ကို ယနေ့ပြုလုပ်ခဲ့ရာ မြန်မာအလှမယ် နန်းခင်
ဇေယျာနှင့် အလှမယ် ခင်ဝင့်ဝါတို့ပှုပေါင်းကှုညီခဲ့ကြကြောင်းသတင်းရရှိပါသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တရားဝင်မဖွင့် ရသေးသော်လည်း ကုန်သွယ်မှုစတင်နေ

Photo: မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တရားဝင်မဖွင့် ရသေးသော်လည်း ကုန်သွယ်မှုစတင်နေ
Monday, October 7, 2013

ရွှေတြိဂံနယ်မြေအနီး တရားဝင်ဖွင့်လှစ်ခွင့်မရသေးသော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကြင်ဆန်းကြော့စခန်းမှ ကုန်ပစ္စည်းများ တင်ပို့နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြင်ဆန်းကြော့စခန်းကို တရုတ်နိုင်ငံမှ စက်တင်ဘာ ၁၈ ရက်တွင် တရားဝင် ဖွင့်လှစ်လိုက်သော်လည်း မြန်မာနိုင်ငံမှ ယခုအချိန်ထိ တရားဝင် မဖွင့်လှစ်ရသေးပေ။

““ကြင်ဆန်းကြော့က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ငါးမိုင်ပဲဝေးတယ်။ သွားလမ်းလာလမ်း ကောင်းတော့ အဲဒီဘက်ကသွားကြတာ””ဟု မူဆယ်မြို့ခံကုန်သည် ဦးမင်းသိန်းကပြောသည်။ ထို့အပြင် အဆိုပါမြို့မှ ကူမင်းသို့သွားရောက်ရာတွင် ပိုမိုလွယ်ကူသဖြင့် ကုန်သည်များအနေဖြင့်  ထိုနေရာမှသွားလာရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
““နှစ်ဖက်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ဖို့ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပြောကြဆိုကြပြီး လုပ်စရာတွေ ကျန်နေသေးတယ်။ မြန်မာ ဘက်ခြမ်း က တရားဝင်မဖွင့်လှစ်နိုင်သေးဘူး””ဟု မူဆယ်နယ်စပ်ကုန် သွယ်ရေးညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းကပြောသည်။

အဆိုပါ  ကြင်ဆန်းကြော့ဒေသသည် ယခင်က နယ်မြေမအေးချမ်းသဖြင့် သွားလာရန်ခက်ခဲသော်လည်း ယခုနောက်ပိုင်း သွားလာမှု များပြားလာခဲ့သည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်နိုင်ငံတာ ၀န်ရှိသူများ အပြန်အလှန်သွားရောက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယခုလအတွင်း လာရောက်ကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ ကြင်ဆန်းကြော့စခန်းမှ ပြောင်း၊ ဖရဲနှင့် လယ်ယာထွက်ကုန်များ တင်ပို့နေကြကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဂိတ်ပေါက်တစ်ခုဖြစ်သော မူဆယ်နှင့်ကြယ်ဂေါင်ကြားနယ်စပ်ဂိတ်ကိုတွေ့ရစဉ်

7 DAY DAILY
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဂိတ်ပေါက်တစ်ခုဖြစ်သော မူဆယ်နှင့်ကြယ်ဂေါင်ကြားနယ်စပ်ဂိတ်ကိုတွေ့ရစဉ်
RangonNewsDaily:: October. 7 .2013
ရွှေတြိဂံနယ်မြေအနီး တရားဝင်ဖွင့်လှစ်ခွင့်မရသေးသော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကြင်ဆန်းကြော့စခန်းမှ ကုန်ပစ္စည်းများ တင်ပို့နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့အရှည်ဆုံး ဟိုင်းဝေးလမ်း

Photo: ကမ္ဘာ့အရှည်ဆုံး ဟိုင်းဝေးလမ်း 
Monday, October 7, 2013

Pan-American Highway လို့အမည်ပေးထားပါတယ်။ စုစုပေါင်း အရှည် ကတော့ ၂၉၈၀၀ မိုင် ရှိပါတယ်။ 

အမေရိကန်နိုင်ငံ၊ အလက်စကာ ပြည်နယ်က Fairbanks မြို့ ကနေ စပြီး ဘရာဇီးနိုင်ငံ Brasilia မြို့ မှာ ဆုံးပါတယ်။ ကြားထဲမှာ နိုင်ငံ ၁၂ ငံ ဖြတ်ပြီး စုစုပေါင်း ၁၄ နိုင်ငံ ဖြတ်သွားတဲ့ ဟိုင်းဝေး ဖြစ်ပါတယ်။ အမေရိကန်က တိုက်အတွင်းက နိုင်ငံအတော်များများကို ဖြတ်သွားခြင်း ဖြစ်ပါတယ်။ 

အအေးလွန်တဲ့ဒေသ၊ အပူလွန်တဲ့ဒေသ၊ ရေခဲတောင်၊ သဲကန္တာရ၊ စိုစွတ်တော၊ ပူးပြင်းခြောက်သွေ့နေရာ အစရှိသဖြင့် တစ်နေရာနဲ့ တစ်နေရာ မတူညီတဲ့ ရာသီဥတုကို ဖြတ်သွားပါတယ်။ နိုင်ငံ တစ်ခုချင်းဆိုရင် Canada,
United States, Mexico,Guatemala, El Salvador,Honduras, icaragua,
Costa Rica, Panama,Colombia, Ecuador, Peru,Chile နဲ့ Argentina တို့ ဖြစ်ပါတယ်။ ဒါကြောင့် Pan American ဟိုင်းဝေးကို ကမ္ဘာ့အရှည်ဆုံး ဟိုင်းဝေးလမ်းအဖြစ် ဂင်းနစ်မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham ( International news for myanmar )

RangonNewsDaily:: October. 7 .2013
Pan-American Highway လို့အမည်ပေးထားပါတယ်။ စုစုပေါင်း အရှည် ကတော့ ၂၉၈၀၀ မိုင် ရှိပါတယ်။

အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် လျှို့ဝှက်သည်းဖို စာရေးဆရာ Tom Clancy ကွယ်လွန်

Photo: အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် လျှို့ဝှက်သည်းဖို စာရေးဆရာ Tom Clancy ကွယ်လွန်
Monday, October 7, 2013

နာမည်ကျော်ကြား လူကြိုတ်များခဲ့သည့် ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားများအဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူးနိုင်ခဲ့သည့်
ကမ္ဘာတစ်လွှား ထင်ရှား ကျော်ကြားခဲ့သည့် လျှို့ဝှက်သည်းဖို စုံထောက်နှင့် စစ်ရေးစစ်ရာ သည်းထိတ်ရင်ဖို ၀တ္ထုများအား ရေးသားခဲ့သူ အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် စာရေးဆရာ Tom Clancy သည် အောက်တိုဘာလ (၈) ရက်နေ့က ၄င်း၏ဇာတိ Maryland ၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
 
၎င်းသည် The Hunt for Red October၊  Patriot Games နှင့် Clear and Present Danger အစရှိသည့် နာမည်ကြီး ၀တ္ထုများ အပါအ၀င် ဖြစ်ရပ်မှန်နှင့် စိတ်ကူးယဉ် ၀တ္ထု ဇာတ်လမ်းများစွာအား ရေးသား ထုတ်ဝေခဲ့သည်။ ၄င်း၏ ၀တ္ထု အတော်များများသည် စစ်အေး ကာလတွင်းနှင့် စစ်ပြီး ခေတ်ကာ လအား အဓိက ကျောရိုးယူကာ စွန့်စွန့်စားစား စစ်မက်ရေးရာနှင့် စုံစမ်း ထောက်လှမ်းရေး နည်းပညာများကို စာဖတ်သူများ အနေဖြင့် သည်းတထိတ်ထိတ် ဖတ်ရှုနိုင်ရန် ပုံဖော် ရေးထားသော ဇာတ်လမ်းများ ဖြစ်သည်။ Clancy ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး စာပေ အနုပညာ လောကအတွက် ကြီးစွာသော ထိခိုက် ဆုံးရှုံးမှုပင် ဖြစ်ကြောင်း စာပေ လောကသားများက ၀မ်းနည်းကြေကွဲစွာ ပြောကြား ခဲ့ကြသည်။ Republican အဖြစ် ခံယူထားသူ Clancy သည် Baltimore Orioles ဘေ့စ်ဘော အသင်း၏ ပူးတွဲပိုင်ရှင် တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။
 
Source: AFP
http://www.channelnewsasia.com/news/lifestyle/us-thriller-author-tom/834...
MRTV-4
  
RangonNewsDaily:: October. 7 .2013
နာမည်ကျော်ကြား လူကြိုတ်များခဲ့သည့် ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားများအဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူးနိုင်ခဲ့သည့် ကမ္ဘာတစ်လွှား ထင်ရှား ကျော်ကြားခဲ့သည့် လျှို့ဝှက်သည်းဖို စုံထောက်နှင့် စစ်ရေးစစ်ရာ သည်းထိတ်ရင်ဖို ၀တ္ထုများအား ရေးသားခဲ့သူ အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် စာရေးဆရာ Tom Clancy သည် အောက်တိုဘာလ (၈) ရက်နေ့က ၄င်း၏ဇာတိ Maryland ၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

Photo: တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်
 Monday, October 7, 2013

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့

တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်
အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးပူးပေါင်းမှု စာချုပ်သစ်နှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် လိုက်သည်။ တနင်္လာနေ့တွင် မြောက်ကိုရီးယား အစိုးရက ယခုစာချုပ်နှင့် ပတ်သက်ပြီး တောင်ကိုရီးယားသည် နျူကလီးယားဖြင့် တိုက်ခိုက်မှု၊ အဆုံးစွန်ထိ ဖျက်ဆီးမှုများနှင့် ကြုံရနိုင်ကြောင်း ခြိမ်းခြောက်သွားခဲ့ သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကာကွယ်ရေး မဟာဗျူဟာဆိုင်ရာ ချဉ်းကပ်မှု စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက် အသေးစိတ်ကို မဖော်ပြသော်လည်း ကိုရီးယား ကျွန်းဆွယ်တွင် မြောက် ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ပူးပေါင်းမှုအဖြစ် မီဒီယာများက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား၏ ကိုရီးယား နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပေါင်းစည်းရေး ကော် မတီ (CPK)က အဆိုပါ စာချုပ်သည် ပျက်စီးရာ ပျက်စီးကြောင်း ရွေးချယ်မှု တစ်ခုအတွက် ရန်စခြင်းဟု စွပ်စွဲလိုက်သလို ကျွန်းဆွယ်ဒေသတွင် နျူက လီးယား စစ်ပွဲတစ်ခု အစပြုလာနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ "နောက်ဆုံး ချုပ်ဆိုလိုက်တဲ့ စစ်ရေးပူးပေါင်းမှု ဆိုတာက ကိုရီးယား ကျွန်းဆွယ်မှာ ပဋိပက္ခတွေ ပြန်ပြီး စိုးမိုးလာအောင် ဖန်တီးလိုက်တာပါပဲ။ အဆုံးအဖြတ် အမှားအယွင်းလေး တစ်ခုဟာ နျူကလီးယား စစ်ပွဲကြီး စတင်ဖို့ ခလုတ်ဖြုတ်လိုက်တာ ဖြစ်သွားနိုင်တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်"ဟု CPKက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် "တကယ်လို့ ရန်သူတွေဟာ ကျွန်ုပ်တို့ နိုင်ငံကို ဆန့်ကျင်ဖို့ ပူးပေါင်းကြံစည်မှုတွေ ဆက်လုပ်နေမယ် ဆိုရင်တော့ ကျွန်ုပ်တို့ အနေနဲ့လည်း အကြင်နာတရား ကင်းမဲ့တဲ့ တိုက်ခိုက်မှု တစ်ခုကို အစပြုဖို့ စဉ်းစားရလိမ့်မယ်။ ဒါဟာ ရန်သူတွေအတွက် အဆုံးသတ် ပျက်စီးရာလည်း ဖြစ်သွားလိမ့်မယ်"ဟုပါ အတိအလင်း ခြိမ်းခြောက်ထားသည်။ မြောက်ကိုရီးယားသည် ယခုနှစ် အစောပိုင်းကလည်း အက်တမ်ဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ခြိမ်းခြောက်ခဲ့ဖူးပြီး ထိုစဉ်က အမေရိကန်ကလည်း B2 Spirit ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ် ဖြတ်ပျံပြပြီး တုံ့ပြန်ခဲ့သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် အခြားမဟာမိတ် နိုင်ငံတစ်ခုဖြစ်သည့် ဂျပန်နှင့်ပါ ပူးပေါင်းပြီး ယခုသီတင်းပတ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှု တစ်ခု ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

RangonNewsDaily:: October. 7 .2013
တောင်ကိုရီးယားနှင့် အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်အမေရိကန်နှင့် တောင်ကိုရီးယားတို့၏
စစ်ရေးပူးပေါင်းမှု စာချုပ်သစ်နှင့် ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ် လိုက်
သည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနဲ့ လုံးဝ မပတ်သက်ကြောင်း မိုးစက်ဝိုင် ရှင်းပြီ

Photo: ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနဲ့ လုံးဝ မပတ်သက်ကြောင်း မိုးစက်ဝိုင် ရှင်းပြီ
Monday, October 7, 2013

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ဒီနေ့ ညနေ ၃ နာရီက ပြုလုပ်တဲ့ Miss Myanmar Universe 2013 နဲ့ မီဒီယာများ သတင်းစာ ရှင်းလင်းပွဲမှာ မိုးစက်ဝိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ဖိုးလပြည့်နဲ့တော့ ဘာမှမဟုတ်တာ သေချာတယ်လို့ ပြောရဲပါတယ်ရှင့်။ ကိုယ့်သိက္ခာ အတွက်တော့ တကူးတက မြှင့်စရာ မရှိပါဘူး။ မိုးစက်က အနေအထိုင် မသင့်တော်လို့ ဖြစ်တာ မဟုတ်တဲ့အတွက် ဘာမှ ထူးထူးခြားခြား ရှင်းလင်းနေဖို့မရှိဘူး” လို့ မိုးစက်ဝိုင်က ဆိုပါတယ်။

တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို တက်ရောက်ဖို့အတွက် အားကစားဝန်ကြီးဌာနက ဖိတ်ကြားတာကြောင့် ပွဲကို တက်ရောက်ခဲ့ပြီး ပြိုင်ပွဲအတွက် သီးသန့် စီစဉ်ထားတဲ့ ပြိုင်ကားကို ၃ မိနစ် လောက်သာ စီးခဲ့တာ ဖြစ်ကြောင်း၊ ဒဂုံ အဝေးသင် တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာ ကျောင်းသူဟောင်း တဦးလည်း ဖြစ်တဲ့အတွက် အားကစားပွဲကို တက်ရောက်ခဲ့တာ ဖြစ်ကြောင်း၊ ဒါ့အပြင် အဲဒီပွဲကို 1st Runner Up ဆုရှင် အေးချမ်းမိုးလည်း အတူ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ မိုးစက်ဝိုင်ကို နေရွှေသွေးအောင်နဲ့ အတူ တွဲဖက်တွေ့လိုက်ရတဲ့ အတွက် သူတို့နှစ်ဦး ပတ်သက်မှုရှိရမယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်ခဲ့ကြသလို၊ မိုးစက်ဝိုင်ကို မယ်စကြဝဠာပြိုင်ပွဲအတွက် ရွေးချယ် မိတာ မှားတယ်ဆိုတဲ့ ဝေဖန်သံတွေ၊ မိုးစက်ဝိုင် မုန်းတီးရေး စာမျက်နှာတွေက အင်တာနက် စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

အရင်က မြန်မာနိုင်ငံ ကိုယ်စားပြု ရွေးချယ်ခဲ့တဲ့ အလှမယ်တွေ အနေနဲ့ နိုင်ငံရပ်ခြားက မယ်ပြိုင်ပွဲတွေမှာ သွားရောက် ယှဉ်ပြိုင်ရာမှာ အင်တာနက်မဲ အများဆုံးဆု၊ ပရိသတ် အားအပေးဆုံးဆုတွေ ရရှိခဲ့ပေမယ့် မယ်စကြဝဠာ ပြိုင်ပွဲအတွက် ရွေးချယ်ထားတဲ့ မိုးစက်ဝိုင်အနေနဲ့ လတ်တလော ပျံ့နှံ့နေတဲ့ ပုံတွေကြောင့် ပရိသတ် အားပေးမှု လျော့ကျသွားနိုင်တယ်လို့ ဝေဖန်နေတာတွေလည်း ရှိနေပါတယ်။

“ပရိသတ်တွေက အထင်လွဲတဲ့ အတွက် စိတ်မကောင်းတော့ နည်းနည်းဖြစ်တယ်။ မဟုတ်တဲ့ကိစ္စကို အားလုံးက အထင်လွဲ နေတာကြောင့် အခုလို ရှင်းလင်းပွဲကနေ တဆင့် လူတိုင်း သိနိုင်ပါစေလို့ ဆုတောင်းပါတယ်။ အစကတော့ တခုခုဆို မရှင်းတော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်” လို့ မိုးစက်ဝိုင်က ပြောပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ပြုလုပ်မယ့် မယ်စကြဝဠာပြိုင်ပွဲကို နေရွှေသွေးအောင် သွားကြည့်မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က မြန်မာနိုင်ငံတွင်းက ဘယ်သူမဆို သူသွားပြီး ယှဉ်ပြိုင်ရမယ့် မယ်စကြဝဠာ ပြိုင်ပွဲမှာ လာပြီး အားပေးမယ် ဆိုရင် အကောင်းဆုံးပဲလို့ ဆိုပါတယ်။

ဒါပေမယ့် နေရွှေသွေးအောင်က ရုရှားအထိလာပြီး အားပေးမယ် ဆိုတာကိုတော့ သူ့ရဲ့ ပတ်ဝန်းကျင်မှာ လုံးဝ မကြားရ သေးဘူးလို့ ဆက်ပြောပါတယ်။

မိုးစက်ဝိုင်နာမည်နဲ့ ဖွင့်ထားတဲ့ facebook စာမျက်နှာတွေ အားလုံးဟာ သူ ဖွင့်ထားတာ မဟုတ်တဲ့အပြင်၊ သူ့ကိုယ်ပိုင် facebook စာမျက်နှာကို ဒီနေ့ညကျမှသာ တရားဝင် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း၊ မယ်စကြဝဠာ ပြိုင်ပွဲအတွက် တာဝန်ယူ ထားတဲ့ Hello Madam အဖွဲ့အစည်း နဲ့သာ ပရဟိတ လုပ်ငန်းတွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်သွားမှာ ဖြစ်ကြောင်း၊ Miss Universe Myanmar2013 ဆုရထားတဲ့ ဆုကြေးငွေတွေကို ပရဟိတ လုပ်ငန်းတခု ထူထောင်ပြီး ဆောင်ရွက် သွားဖို့ ရှိကြောင်း ဒီနေ့ ပြုလုပ်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားပါတယ်။

နေရွှေသွေးအောင်နဲ့ လုံးဝ မပတ်သက်ဘူးဆိုတဲ့ မိုးစက်ဝိုင်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ် 
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
နေရွှေသွေးအောင်နဲ့ လုံးဝ မပတ်သက်ဘူးဆိုတဲ့ မိုးစက်ဝိုင်ကို ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရစဉ်
(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: October. 7 .2013
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေး နေရွှေသွေးအောင် (ဖိုးလပြည့်) နဲ့ အတူ Miss Myanmar Universe 2013 ကို တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမှာ တွဲဖက် တွေ့ရပေမယ့် သူတို့ကြားမှာ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိကြောင်း ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်က ရှင်းလင်း ပြောကြားလိုက် ပါတယ်။

ဆေးပညာ နိုဘယ်ဆု ဆဲလ်ဇီဝပညာရှင်တွေ ရရှိ

Photo: ဆေးပညာ နိုဘယ်ဆု ဆဲလ်ဇီဝပညာရှင်တွေ ရရှိ
Monday, October 7, 2013

ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဆဲလ် ဇီဝဗေဒ ပညာရှင် ပါမောက္ခတွေ ဖြစ်ကြတဲ့ အမေရိကန် နိုင်ငံသား James Rothman ၊ Randy Schekman နဲ့ ဂျာမနီဖွား Thomas Sudhof တို့က ပူးတွဲ ရရှိသွားကြပါတယ်။

သူတို့တွေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေရဲ့ ဓာတု ပစ္စည်း သယ်ယူ ပို့ဆောင်ပုံကို လေ့လာ တွေ့ရှိခဲ့ကြ တာကြောင့် အခုလို ပူးတွဲ ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဆဲလ်တွေကနေ အင်ဇိုင်းနဲ့ ဟော်မုန်းတွေလို မော်လီကျူးတွေကို ဘယ်နည်းဘယ်ပုံ ထုတ်လုပ်ပြီး လိုအပ်တဲ့ နေရာကို လိုအပ်တဲ့ အချိန်မှာ ဘယ်နည်းဘယ်ပုံ ပို့ဆောင်ပေးကြတယ် ဆိုတာကို သူတို့ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ဟာ ဆီးချို ရောဂါနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေနဲ့ ဆက်နွယ်ပြီး အဲဒီ ဆဲလ်တွေ၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေ ဘယ်လို အလုပ်လုပ်ကြတယ်ဆိုတာနဲ့ ပတ်သက်လို့ လေ့လာခဲ့ကြပါတယ်။

ဆေးပညာ နိုဘယ်ဆုရ ဆဲလ် ဇီဝဗေဒ ပညာရှင် ၃ ဦး
BBC
ဆေးပညာ နိုဘယ်ဆုရ ဆဲလ် ဇီဝဗေဒ ပညာရှင် ၃ ဦး
RangonNewsDaily:: October. 7 .2013
ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ဆဲလ် ဇီဝဗေဒ ပညာရှင် ပါမောက္ခတွေ ဖြစ်ကြတဲ့ အမေရိကန် နိုင်ငံသား James Rothman ၊ Randy Schekman နဲ့ ဂျာမနီဖွား Thomas Sudhof တို့က ပူးတွဲ ရရှိသွားကြပါတယ်။

ပီရူးတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ပြုတ်ကျ လူအများအပြားသေဆုံး

ပီရူးတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ပြုတ်ကျ လူအများအပြားသေဆုံး
=============================================U

ပီရူးနိုင်ငံတောင်ဘက် ဝေးလံခေါင်သီသောဒေသတစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။

နိုင်ငံတောင်ဘက် Huancavelica ဒေသ Acoria ခရိုင်တွင်ရှိသည့် Andes တောင်တန်းများပေါ်တွင် မောင်းနှင်နေစဉ် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းက လျှိုမြောင် တစ်ခုထဲသို့ မီတာ-၈၀ အမြင့်မှ ထိုးကျခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါဝင် လူ ၁၉-ဦးသေဆုံးခဲ့ကာ အခြား ၁၈-ဦးမှာ ဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ ရဲမှူး ဂျူလီယို ပရာဒိုက ပြောကြားခဲ့သည်။

Antezana ကုမ္ပဏီပိုင် အဆိုပါဘတ်စ်ကားမှာ Andes တောင်တန်းများရှိ လျှိုမြောက်ချိုင့်ဝှမ်းပေါများသော ဒေသများသို့ ပြေးဆွဲနေသည့် ဘတ်စ်ကားလည်းဖြစ်သည်။ ထိုဘတ်စ်ကားအားမောင်းနှင်သူမှာ လေထန်၍ ကျဉ်းမြောင်းသော တောင်ကြားလမ်းတွင် အရှိန်ပြင်းစွာမှောင်းနှင်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့တစ်ဦးမှ ပြောကြားခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ရဲမှူး ပရာဒိုက ထည့်သွင်း ပြောကြားခဲ့သည်။ ပီရူးနိုင်ငံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုများမှာ အားနည်းပြီး ခရီးသည်တင် ဘတ်စ်ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိသည်။
Ref : aljazeera

RangonNewsDaily:: October. 7 .2013 ပီရူးနိုင်ငံတောင်ဘက် ဝေးလံခေါင်သီသောဒေသတစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။

အီဂျစ်အမျိုးသားနေ့ ဆန္ဒပြမှုများအတွင်း လူ ၅၁ ဦးထက်မနည်း သေဆုံး

Photo: အီဂျစ်အမျိုးသားနေ့ ဆန္ဒပြမှုများအတွင်း လူ ၅၁ ဦးထက်မနည်း သေဆုံး
Monday, October 7, 2013

တနင်္ဂနွေနေ့က အီဂျစ်စစ်တပ်များ စူးအက်ဇ် တူးမြောင်းကို ဖြတ်ကျော်ကာ အစ္စရေးသို့ ချီတက်ခဲ့သည့် နှစ်ပေါင်း(၄၀)ပြည့် အခမ်းအနားကို ကျင်းပနေချိန်၌ ဆန္ဒပြမှုများ စတင်ခဲ့ပြီး ရဲများ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။

အီဂျစ်အမျိုးသားနေ့ ဆန္ဒပြမှုများအတွင်း လူ ၅၁ ဦးထက်မနည်း သေဆုံး
အီဂျစ်နိုင်ငံ၏ အမျိုးသားနေ့တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး ပဋိပက္ခ ဆန္ဒပြမှုများအတွင်း အနည်းဆုံး လူ(၅၁)ဦးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ကိုင်ရိုမြို့တော်တွင် ယခင်သမ္မတဟောင်း မိုဟာမက် မော်စီနှင့် ၎င်း၏ ကျောထောက်နောက်ခံ အင်အားစုဖြစ်သည့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့တို့ကို လိုလားသော ဆန္ဒပြသူ (၂၀၀)ကျော်တို့ စုရုံးခဲ့ကြသည်။ တနင်္ဂနွေနေ့က အီဂျစ်စစ်တပ်များ စူးအက်ဇ် တူးမြောင်းကို ဖြတ်ကျော်ကာ အစ္စရေးသို့ ချီတက်ခဲ့သည့် နှစ်ပေါင်း(၄၀)ပြည့် အခမ်းအနားကို ကျင်းပနေချိန်၌ ဆန္ဒပြမှုများ စတင်ခဲ့ပြီး ရဲများ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။ ကိုင်ရိုအပြင် အခြားသော မြို့ကြီးအချို့၌လည်း မော်စီထောက်ခံသူများ ဆန္ဒပြခဲ့သော်လည်း ကိုင်ရိုတွင် ထိခိုက်သေကျေမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လက မော်စီအစိုးရကို ဖယ်ရှားပြီးနောက် စစ်တပ်ထောက်ခံမှုဖြင့် အာဏာရနေသည့် လက်ရှိ အစိုးရသည် ကိုင်ရိုမြို့လယ်ရှိ တီဟရီရင်ပြင်တွင် စုရုံးအင်အားပြမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသည့် ယင်းနှစ်ပတ်လည်နေ့တွင် တိုက်လေယာဉ်များ၊ အပါချီ ရဟတ်ယာဉ်များ ပါဝင်ချီတက်ခဲ့ပြီး ယခု အခမ်းအနားသို့ လက်ရှိ အစိုးရကို ထောက်ခံသည့် အီဂျစ်ပြည်သူ ထောင်နှင့်ချီ တက်ရောက်ခဲ့ကြသည်။ အာဏာသိမ်း ဗိုလ်ချုပ် အက်ဘ်ဒယ်လ်ဖာတား အယ်လ်စီစီ၏ အမည်ကို ယင်းအခမ်းအနား၌ အော်ဟစ် ဂုဏ်ပြုနေသော်လည်း အခြားမျက်နှာစာ တစ်ခုတွင် သွေးလွှမ်းသည့် အဓိကရုဏ်းများ ပေါ်ပေါက်နေခြင်း ဖြစ်သည်။ မော်စီလိုလားသူများသည် အာဏာသိမ်း စစ်တပ်ဗိုလ်ချုပ်များကို လူသတ်သမားများအဖြစ် စွပ်စွဲအော်ဟစ်ကာ ရင်ပြင်သို့ ဦးတည်ချီတက်လာသည့်နောက် လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့သည်။

ရဲများသည် မျက်ရည်ယိုဗုံးများ အသုံးပြုကာ ကျည်ဆန်များကို မိုးပေါ်ထောင်၍ ခြောက်လှန့် ပစ်ခတ်ပြီး လူစုခွဲရန် ကြိုးစားခဲ့သော်လည်း ဆန္ဒပြသူများက လုံခြုံရေး တပ်ဖွဲ့များကို ကျောက်ခဲများဖြင့် ပစ်ပေါက်သည့်နောက် အခြေအနေ ရှုပ်ထွေးခဲ့ကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။ နာရီပေါင်း အတော်များများ ကြာမြင့်ခဲ့သည့် လမ်းပေါ် ပဋိပက္ခများ အပြီးတွင် ဆန္ဒပြသူ အများအပြား သေကြေဒဏ်ရာရခဲ့သလို ကိုင်ရိုမြို့တော်ရှိ နေရာအချို့တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်လာခဲ့သည်။ နောက်ပိုင်းတွင် စစ်တပ်က ပါဝင်လာသည့်နောက် မော်စီလိုလားသူများကို ဖြိုခွဲနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူ (၃၃၅)ဦးကို ဖမ်းဆီးထားကြောင်း ပြောဆိုခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: October. 7 .2013
တနင်္ဂနွေနေ့က အီဂျစ်စစ်တပ်များ စူးအက်ဇ် တူးမြောင်းကို ဖြတ်ကျော်ကာ အစ္စရေးသို့ ချီတက်ခဲ့သည့် နှစ်
ပေါင်း(၄၀)ပြည့် အခမ်းအနားကို ကျင်းပနေချိန်၌ ဆန္ဒပြမှုများ စတင်ခဲ့ပြီး ရဲများ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်
တိုက် တွေ့ဆုံခဲ့သည်။

ချယ်ဆီးသည် ဘိုင်ယန်မြူးနစ်၏ ကစားဟန်ကို တုပနေခြင်း မရှိဟု မော်ရင်ဟို ပြောကြား

Photo: ချယ်ဆီးသည် ဘိုင်ယန်မြူးနစ်၏ ကစားဟန်ကို တုပနေခြင်း မရှိဟု မော်ရင်ဟို ပြောကြား
Monday, October 7, 2013

မိမိသည် ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်၏ ကစားဟန်ကို တုပနေခြင်း မရှိကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

ဂျာမန်ကလပ်သည် နည်းပြဟောင်း ဟေးနက်စ် ကိုင်တွယ်ခဲ့စဉ်က ဘွန်ဒက်စ်လီဂါဖလား၊ ပိုကယ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား တို့ကို ရရှိခဲ့သည်။

ထို့အပြင် ဘိုင်ယန်မြူးနစ်သည် နည်းပြသစ် ဂွာဒီယိုလာ လက်အောက်တွင်လည်း ယခင်ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အီတီဟတ်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ချက်စတာစီးတီးကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော်လည်း နော်ဝစ်ခ်ျကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မိမိ၏ ကစားသမားများသည် ဘိုင်ယန်မြူးနစ်အသင်း၏ ကစားဟန်အတိုင်း တုပကစားနေသည်ဟု မထင်မြင်ကြောင်းနှင့် ၎င်းတို့တွင် သီးခြားအရည်အသွေးများ ပိုင်ဆိုင်ထားကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။

“အခြားကစားသမားတွေ ကစားသလိုမျိုး တုပကစားမယ်ဆိုရင် ဒါဟာ မိုက်မဲမှုတစ်ရပ်လို့ပဲ မြင်ပါတယ်။ ကျွန်တော် စပိန်မှာ အမှတ် ၁၀၀ နဲ့ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တုန်းက ဘာစီလိုနာရဲ့ ကစားပုံအတိုင်း ကစားခဲ့တာ မဟုတ်ပါဘူး။ သူများပုံစံအတိုင်း တုပကစားနေမယ်ဆိုရင်လည်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး” ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

ချယ်ဆီးနှင့် ဘိုင်ယန်မြူးနစ်သည် သြဂုတ်လက ယှဉ်ပြိုင်ကစားခဲ့သည့် စူပါဖလားပြိုင်ပွဲတွင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က ဂွာဒီယိုလာ၏ အသင်းက ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

Soccer Myanmar

RangonNewsDaily:: October. 7 .2013
မိမိသည်ဥရောပချန်ပီယံဘိုင်ယန်မြူးနစ်၏ကစားဟန်ကို တုပနေခြင်း မရှိကြောင်း ချယ်ဆီး မန်နေဂျာဟိုဆေး
မော်ရင်ဟိုက ပြောကြားလိုက်သည်။

Airbus လေယာဉ် ၃၁ စင်း ဂျပန် ဝယ်ယူ

Photo: Airbus လေယာဉ် ၃၁ စင်း ဂျပန် ဝယ်ယူ
Monday, October 7, 2013

Airbus ကုမ္ပဏီက ဂျပန် လေကြောင်းလိုင်းကို လေယာဉ် ၃၁ စင်း ရောင်းချဖို့ စာချုပ် ချုပ် လိုက်ပြီလို့ သိရပါတယ်။

Airbus အနေနဲ့ ဒီလို စာချုပ် ချုပ်လိုက်နိုင်တာဟာ အစဉ်အလာ ပြိုင်ဘက် အမေရိကန်က Boeing ဘိုးရင်း လွှမ်းမိုးထားတဲ့ လေယာဉ် အရောင်းဈေးကွက် ကို ကြီးကြီးမားမား ထိုးဖောက် လိုက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။

A 350 အမျိုးအစား လေယာဉ်တွေကို ဂျပန်လေကြောင်းလိုင်းကို ရောင်းချဖို့ ဖြစ်ပြီး တန်ဖိုးကတော့ စုစုပေါင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၉ ထောင် ရှိတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ စီးပွားရေးအရ ဗျူဟာမြောက် ဆက်ဆံရေးတွေ ရှိတဲ့ ဂျပန်ဟာ အရင် ဆယ်စုနှစ်ပေါင်းများစွာ Boeing ဘိုးရင်း ကုမ္ပဏီဆီကသာ လေယာဉ်တွေ ဝယ်ယူနေခဲ့တာ ဖြစ်ပါတယ်။

ဘိုးရင်းရဲ့ Boeing 787 Dreamliner မှာ ပြဿနာတွေ ရှိနေလို့ အခုလို Airbus ဆီက ပြောင်းပြီး ဝယ်ယူခဲ့တာ မဟုတ်ဘူးလို့ ဂျပန် လေကြောင်း လိုင်းကတော့ ငြင်းဆို ထားပါတယ်။

ဘိုးရင်း လွှမ်းမိုးတဲ့ ဈေးကွက်ကို Airbus က ကြီးကြီးမားမား ထိုးဖောက်လိုက်နိုင်တာဖြစ်

BBC

RangonNewsDaily:: October. 7 .2013
Airbus ကုမ္ပဏီက ဂျပန် လေကြောင်းလိုင်းကို လေယာဉ် ၃၁ စင်း ရောင်းချဖို့ စာချုပ် ချုပ် လိုက်ပြီလို့ သိရပါ
တယ်။

ဆဲဆိုအပြစ်တင်နေမယ့် အစား အားပေးပါဆိုတဲ့ အဆိုတော် ရေဗက္ကာဝင်း

Photo: ဆဲဆိုအပြစ်တင်နေမယ့် အစား အားပေးပါဆိုတဲ့ အဆိုတော် ရေဗက္ကာဝင်း 
Monday, October 7, 2013

 ရေဗက္ကာဝင်းက လတ်တလော မှာတော့ ကျောင်းတစ်ဖက် အပြင် စီးပွားရေး တစ်ဖက်နဲ့ ဖြစ်တာကြောင့် အနုပညာဘက်ကို သိပ်မလှည့်ဖြစ် သေးဘဲ တစ်ကိုယ်တော်အခွေ ထွက် မယ့်အစီအစဉ်တော့ ရှိသေးကြောင်း ပြောပါတယ်။ “အခုကျောင်းက စာတမ်းပြုစု နေတာတစ်ဖက်ဆိုတော့ အခွေဘက် ကို မလှည့်နိုင်ဘူးဖြစ်နေတယ်။ စာတမ်းပြုစုတာ ပြီးသွားရင်တော့ အခွေဘက်လှည့်ဖြစ်မှာပါ။ စီးပွား ရေးကတော့ အမျိုးသားနဲ့ အတူ ဆေးဝါးလုပ်ငန်း လုပ်နေ ပါတယ်။

အိပ်မက် ဆုံရာမှာတော့ ဒိုင်မလုပ်ဖြစ် တော့ပါဘူး” လို့ ဆိုလာတဲ့ ရေဗက္ကာ ဝင်းကို အိပ်မက်ဆုံ ရာမှာ ဒိုင်လုပ် ခြင်းကနေ ဘယ်လိုအတွေ့အကြုံတွေ ရရှိခဲ့လဲဆိုတော့.. “အဘက်ဘက် ကစဉ်းစားပြီး ရွေးချယ်ပေးရတာမျိုးလေးတွေ ရှိပါ တယ်” လို့ ရေဗက္ကာဝင်း ကပြောပါ တယ်။ ဒီလို ဒိုင်လုပ်ခြင်း ကနေကော ကိုယ့်ရဲ့စွမ်းရည်တွေကိုလည်း ပိုပြီး တိုးတက်စေပါတယ်ဆိုတဲ့ ရေဗက္ကာ ဝင်းက သူများဆိုတာကို သေချာ နား ထောင်ရင်းနဲ့ ကိုယ့်ရဲ့အား နည်း ချက်ကိုလည်း ပြန်မြင် ရတယ်လို့ လည်း ဆိုပါတယ်။ 

အိပ်မက်ဆုံရာ ပြိုင်ပွဲဝင် တွေအပေါ်မှာလည်း ဝေဖန်သံတွေရှိကြတဲ့အတွက် အဲဒီ အပေါ်မှာလည်း ရေဗက္ကာဝင်းက “အဓိကကတော့လေ ပြိုင်ပွဲဝင် တွေ ပဲဖြစ်ဖြစ်၊ တခြား အနုပညာရှင် တွေပဲဖြစ်ဖြစ်၊ အားကစားသမား ပဲဖြစ်ဖြစ် ဘယ်သူ့အပေါ်မှာ မဆို လုပ်နေတဲ့သူတွေအပေါ်မှာ ဘာမှ မလုပ် တဲ့သူတွေက ဝေဖန်တာထက် စာရင်လုပ်နေတဲ့ သူတွေကို အားပေးဖို့၊ တိုက်တွန်းဖို့ ပိုပြီးဖြစ် စေချင် ပါတယ်။ ဘောလုံးပွဲ တစ်ပွဲကို ကြည့်ကြ မယ်ဆိုရင်လည်း ကန်နေတဲ့ သူကို ဆဲ ဆိုအပြစ်တင်နေမယ့် အစား အားပေးပြီး ပို ကောင်း အောင် လုပ်သင့်တယ်။ ပြိုင်ပွဲဝင်တွေ ဆိုလည်း ဒီအတိုင်းပါပဲ။ သူတို့ လည်း သူတို့ကြိုးစားမှုနဲ့ တက်လာရတာ ပဲလေ။ 
ဘေးကနေ မကောင်း ဝိုင်းပြောတာ မျိုးတော့ လျှော့စေချင်ပါ တယ်။ 

ဘာဖြစ်လို့ဆို မကောင်း ပြောရုံနဲ့ ကောင်းသွား မှာ မဟုတ်ပါ ဘူး။ ကောင်းတဲ့ဘက် ကိုပဲ ဦးတည်ပြီး ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ ဒါက ပြိုင်ပွဲဝင် တွေရော၊ နောက်ပြီး ဆီးဂိမ်းမှာ ယှဉ်ပြိုင်ကြမယ့် အားကစားသမားတွေ အကုန်လုံးကိုရော စိတ်ဓာတ်မြှင့် တင်တဲ့အနေနဲ့ အား ပေးကြပါ” လို့ ရေဗက္ကဝင်းက ဆီးဂိမ်း ပြိုင် ပွဲအားပေး မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။ရေဗက္ကဝင်းရဲ့ အနုပညာလှုပ်ရှား မှုအနေနဲ့ကတော့ ဒီကြားထဲမှာ စီးပွား ရေးနဲ့အလုပ်ရှုပ်နေတာကြောင့် အခွေ ကိုလည်း ကြိုးစားလုပ်နေပါတယ် လို့လည်း ပြောပါ တယ်။

Popular News
TheMeltingPot4U

RangonNewsDaily:: October. 7 .2013
ရေဗက္ကာဝင်းက လတ်တလော မှာတော့ ကျောင်းတစ်ဖက် အပြင် စီးပွားရေး တစ်ဖက်နဲ့ ဖြစ်တာကြောင့် အနု
ပညာဘက်ကို သိပ်မလှည့်ဖြစ် သေးဘဲ တစ်ကိုယ်တော်အခွေ ထွက် မယ့်အစီအစဉ်တော့ ရှိသေးကြောင်း
ပြောပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဒဿန - အရေးကြီးတာတစ်ခုက ဖဲရိုက်တဲ့အခါ လိုက်ရဲတာမှသတ္တိမဟုတ်ဘူး။ ပြေးရဲတာလည်းသတ္တိပဲတဲ့

Photo: စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဒဿန - အရေးကြီးတာတစ်ခုက ဖဲရိုက်တဲ့အခါ လိုက်ရဲတာမှသတ္တိမဟုတ်ဘူး။ ပြေးရဲတာလည်းသတ္တိပဲတဲ့။
Monday, October 7, 2013

ကျနော် ခြောက်တန်းနှစ်ရောက်တော့ အဖေက တစ်ချပ်မှောက်ကစားနည်းသင်ပေးတယ်။
ကျနော်တို့ နှစ်ယောက်တည်း နွေရာသီတစ်ခုလုံး ကစားကြတာပေါ့။
ဘဝတလျှောက် ဆုံးဖြတ်ချက်ချရမယ့်အခါတွေမှာ ဖဲဝိုင်းတစ်ခုလို ကျနော်ခန့် ခွဲတယ်။
ဖဲဝိုင်းတစ်ခုမှာ ကျန်ဖဲက probability ဖြစ်ပြီးတော့ ကြားဖဲက opportunity ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဘယ်လောက် Invest လုပ်မလဲဆိုတာနဲ့ ဘယ်လို monopolize လုပ်မလဲဆိုတာတွေရယ် အဟိန်းအဟောက် အခြိမ်းအခြောက်တွေလည်းပါဝင်ပါတယ်။
အောက်ဖဲက ကိုယ်ပိုင် Secret တစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ အားသာချက်လည်းဖြစ်နိုင်သလို အားနည်းချက်လည်းဖြစ်နိုင်တယ်။
ဖဲသမားကောင်းတစ်ယောက်ဖြစ်ဖို့ စိတ်တည်ငြိမ်ဖို့ စိတ်ရှည်ဖို့ သည်းခံဖို့ သက်လုံကောင်းဖို့ observationကောင်းဖို့ အထူအပါးနားလည်ဖို့ စသဖြင့် အရည်အချင်းကောင်းတွေအများကြီးလိုပါတယ်။
အရေးကြီးတာတစ်ခုက ဖဲရိုက်တဲ့အခါ လိုက်ရဲတာမှသတ္တိမဟုတ်ဘူး။
ပြေးရဲတာလည်းသတ္တိပဲတဲ့။
လွမ်းတယ် အဖေရာ။

Sai Sai Kham Leng
TheMeltingPot4U

RangonNewsDaily:: October. 7 .2013
ကျနော် ခြောက်တန်းနှစ်ရောက်တော့ အဖေက တစ်ချပ်မှောက်ကစားနည်းသင်ပေးတယ်။
ကျနော်တို့ နှစ်ယောက်တည်း နွေရာသီတစ်ခုလုံး ကစားကြတာပေါ့။
ဘဝတလျှောက် ဆုံးဖြတ်ချက်ချရမယ့်အခါတွေမှာ ဖဲဝိုင်းတစ်ခုလို ကျနော်ခန့် ခွဲတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရနှင့် ကချင်အဖွဲ့များ မြစ်ကြီးနားရောက်

Photo: ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရနှင့် ကချင်အဖွဲ့များ မြစ်ကြီးနားရောက်
Monday, October 7, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန်ကျင်းပမယ့် ကေအိုင်အိုနဲ့အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ၅ဦး အပါအ၀င် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်ပါတယ်။ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အလုပ်အမှုဆောင် အကြံပေးအဖွဲ့က ဦးလှမောင်ရွှေကခုလိုပြောပါတယ်။

"ဝန်ကြီး ဦးအောင်မင်းတက်မယ်၊ ပြီးတော့ ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအုန်းမြင့်၊ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတက်မယ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းမောင်တက်မယ်၊ နောက် အရှေ့မြောက်တို်င်းမှူး ဗိုလ်ချုပ် အောင်စိုးတက်မယ်၊ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတက်မယ်၊ ပြီးတော့ အထူးရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တက်မယ်၊ စစ်ရုံးချုပ်က ဗိုလ်မှူးကြီး ကျော်စိုးဝင်းတက်မယ်၊ နောက်ကျနော်တို့တွေပေါ့လေ၊ ကျနော်တို့ MPC က Special Adviser တွေနဲ့ အလုပ်အဖွဲ့တွေ တက်ကြမယ်ခင်ဗျ"

မြစ်ကြီးနားကို ဒီနေ့ရောက်လာတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ နောင်လာမယ့် အစီအစဉ်တွေအားလုံးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲလို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီဆွေးနွေးပွဲက သိပ်အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခုလို့ မျှော်လင့်ပါတယ်၊ နောက်လုပ်မယ့် အစီအစဉ်တွေ အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောချင်ပါတယ်၊ ရလာဒ်အနေနဲ့ တိတိကျကျရမယ်၊ မရဘူးဆိုတာ ဆွေးနွေးပွဲအပေါ်မှာ မူတည်မှာပါ၊ ဒီဆွေးနွေးပွဲက နောက်တစ်ကြိမ်အတွက် အများကြီးအထောက်အကူပြုမှာပါ၊ နောက်ဆုံးအကြိမ်လို့ပြောလို့မရပါဘူး၊ ဒီ Process ကို ကျနော်တို့က ပြောရမှာပါ၊ ကျနော်တို့က စိတ်ရှည်လက်ရှည်နဲ့ သေချာဆွေးနွေးသွားမှာဖြစ်ပါတယ်၊ ဒီတစ်ကြိမ်မဖြစ်နိုင်ပေမယ့် ကျနော်တို့က အလားအလာတွေ အကောင်းဘက်ကို ရောက်သွားမှာပါ၊ လောလောဆယ်တော့ မရှိပါဘူး၊ ကျနော်တို့ အစည်းအဝေးပြီးရင် စနစ်တကျ ထုတ်ပြန်မှာပါ"

KIO အဖွဲ့ကို ဦးဆလွတန်ဂမ်ဦးဆောင်ပြီး KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး ဇော်ရော ဒုတိယ ဗိုလ်မှူးကြီး နော်ကူးနဲ့အတူ ရုံးအဖွဲ့ဝင်များ လိုက်ပါလာတယ်လို့သိရပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့က ခေါင်းဆောင်တွေအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar လည်း လေ့လာသူအဖြစ် တက်ရောက်မှာ ဖြစ်ပါတယ်။

RFA

RangonNewsDaily:: October. 7 .2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန်ကျင်းပမယ့် ကေအိုင်အိုနဲ့အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း
ရေးဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း
ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်
ရှိနေပြီ ဖြစ်ပါတယ်။

အယ်လ်ရှာဘတ် စစ်သွေးကြွ များ၏ စခန်းကို ၀င်တိုက်ရာတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် အတည်ပြု ပြောကြား

Photo: အယ်လ်ရှာဘတ် စစ်သွေးကြွ များ၏ စခန်းကို ၀င်တိုက်ရာတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် အတည်ပြု ပြောကြား
Monday, October 7, 2013

မကြာသေးမီက ဖြစ်ပွား ခဲ့သော ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်ခဲ့ သည့် အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်ကို တုံ့ပြန်သော အားဖြင့် အောက်တိုဘာလ ၅ ရက်က ဆိုမာလီ နိုင်ငံရှိ အဆိုပါ စစ်သွေးကြွ အဖွဲ့၏ စခန်းကို ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ရာတွင် အမေရိကန် စစ်ဘက် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဂျော့ခ်ျလစ်တဲလ် က အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အမေရိကန် Navy SEALs တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် သတင်း မီဒီယာ များ၏ အစောပိုင်း ထုတ်ပြန်ချက် များတွင် ပြောကြားခဲ့သည်။ အမေရိကန် တပ်ဖွဲ့ဝင် များသည် ၄င်းတို့ ပစ်မှတ်ထား သူအား သတ်ဖြတ် နိုင်ခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြု နိုင်ခင် တန်ပြန် ပစ်ခတ်ခံရမှု များကြောင့် ပြန်လည် ဆုတ်ခွာလာ ခဲ့ကြကြောင်း နှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ဘက်မှ ထိခိုက် ဒဏ်ရာရ ရှိမှု မရှိကြောင်း သိရသည်။ 

(ဆင်ဟွာ)
The Myawady Daily

RangonNewsDaily:: October. 7 .2013
မကြာသေးမီက ဖြစ်ပွား ခဲ့သော ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်ခဲ့ သည့် အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်ကို တုံ့ပြန်သော အားဖြင့် အောက်တိုဘာလ ၅ ရက်က ဆိုမာလီ နိုင်ငံရှိ အဆိုပါ စစ်သွေးကြွ အဖွဲ့၏ စခန်းကို ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ရာတွင်

အယ်လ်ရှာဘတ် စစ်သွေးကြွ များ၏ စခန်းကို ၀င်တိုက်ရာတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် အတည်ပြု ပြောကြား

Photo: အယ်လ်ရှာဘတ် စစ်သွေးကြွ များ၏ စခန်းကို ၀င်တိုက်ရာတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် အတည်ပြု ပြောကြား
Monday, October 7, 2013

မကြာသေးမီက ဖြစ်ပွား ခဲ့သော ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်ခဲ့ သည့် အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်ကို တုံ့ပြန်သော အားဖြင့် အောက်တိုဘာလ ၅ ရက်က ဆိုမာလီ နိုင်ငံရှိ အဆိုပါ စစ်သွေးကြွ အဖွဲ့၏ စခန်းကို ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ရာတွင် အမေရိကန် စစ်ဘက် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေး ဆိုခွင့်ရှိသူ ဂျော့ခ်ျလစ်တဲလ် က အတည်ပြု ပြောကြားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အမေရိကန် Navy SEALs တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် သတင်း မီဒီယာ များ၏ အစောပိုင်း ထုတ်ပြန်ချက် များတွင် ပြောကြားခဲ့သည်။ အမေရိကန် တပ်ဖွဲ့ဝင် များသည် ၄င်းတို့ ပစ်မှတ်ထား သူအား သတ်ဖြတ် နိုင်ခဲ့ခြင်း ရှိ၊ မရှိကို အတည်မပြု နိုင်ခင် တန်ပြန် ပစ်ခတ်ခံရမှု များကြောင့် ပြန်လည် ဆုတ်ခွာလာ ခဲ့ကြကြောင်း နှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ဘက်မှ ထိခိုက် ဒဏ်ရာရ ရှိမှု မရှိကြောင်း သိရသည်။ 

(ဆင်ဟွာ)
The Myawady Daily

RangonNewsDaily:: October. 7 .2013
မကြာသေးမီက ဖြစ်ပွား ခဲ့သော ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ ဈေးဝယ်စင်တာ တစ်ခုကို တိုက်ခိုက်ခဲ့ သည့် အယ်လ်ရှာဘတ် စစ်သွေးကြွ အဖွဲ့၏ လုပ်ရပ်ကို တုံ့ပြန်သော အားဖြင့် အောက်တိုဘာလ ၅ ရက်က ဆိုမာလီ နိုင်ငံရှိ အဆိုပါ စစ်သွေးကြွ အဖွဲ့၏ စခန်းကို ၀င်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ရာတွင်

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်

Photo: မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်
Monday, October 7, 2013

အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးအတွက် ပြင်ဆင်မှုများပြု လုပ်လျက်ရှိ သည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းသည် နေပြည်တော်တွင် ငါးရက်ကြာ စခန်း သွင်း လေ့ကျင့် မှု များ ပြုလုပ်သွား မည်ဖြစ်ကာ အောက်တိုဘာ ၉ ရက်တွင် နေပြည်တော် အသင်း နှင့်ခြေစမ်း ပွဲ တစ်ပွဲ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကြီးအား နေပြည်တော်ရှိ အားကစားကွင်း များတွင် အဓိက လက်ခံကျင်းပမည်ဖြစ် သော်လည်း ပရိသတ်စိတ်ဝင် စားမှု မြင့်မားသည့် မြန်မာယူ-၂၃ ဘောလုံး အသင်း၏ အုပ်စုအဆင့်ပွဲစဉ်များကိုမူ ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း တွင်သာ ကျင်းပရန်စီစဉ်ထားသည်။ သို့သော် အုပ်စုအဆင့် ကျော်လွန် ပါက နေပြည်တော်ရှိကွင်းသစ်ကြီး များတွင် ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ပွဲစဉ်များကို ဆက်လက်ကစားရမည် ဖြစ်ရာ ကစားသမားများအနေဖြင့် ကွင်းသစ်များနှင့် ယဉ်ပါးစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စခန်းသွင်း လေ့ကျင့်ရခြင်းဖြစ်သည်။

ကစားသမား ၂၇ ဦး၊ အုပ်ချုပ်/ နည်းပြ ၁၁ ဦး စုစုပေါင်း ၃၈ ဦး ပါဝင်သည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့သို့ပြန်လည် ထွက်ခွာမည်ဖြစ်ကာအောက်တိုဘာ ၁၅ရက် ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း ၌ ဗီယက်နမ်လက်ရွေးစင် ယူ-၂၃ အသင်းနှင့် နိုင်ငံတကာခြေစမ်းပွဲ တစ်ရပ် ဆက်လက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

(မောင်မောင်ဇော်)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

http://www.myanmaronlinenews.net/2013/10/blog-post_1343.html

RangonNewsDaily:: October. 7 .2013
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးအတွက် ပြင်ဆင်မှုများပြု လုပ်လျက်ရှိ သည့် မြန်မာ့ လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းသည် နေပြည်တော်တွင် ငါးရက်ကြာ စခန်း သွင်း လေ့ကျင့် မှု များ ပြုလုပ်သွား မည်
ဖြစ်ကာ အောက်တိုဘာ၉ ရက်တွင် နေပြည်တော်အသင်း နှင့်ခြေစမ်း ပွဲတစ်ပွဲယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

မန္တလေးလူကုံထံများကြား နာမည်ကြီး နိုက်ကလပ်တစ်ခုဝင်ရောက်ဖမ်းဆီး

RangonNewsDaily:: October. 7 .2013
မန္တလေးမြို့ရှိ လူကုံထံ အသိုင်းအ၀ိုင်းမှလူငယ်များအကြား နာမည်ကြီးသည့် နိုက်ကလပ်တစ်ခုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။မဟာအောင်မြေမြို့နယ်၊ ရဲ မွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနှင့် ပြင်ဦးလွင်ကားလမ်းမထောင့်ရှိ Bar code အမည်ရစားသောက် ဆိုင်တွင် နိုက်ကလပ်ဖွင့်လှစ်ထားကြောင်း သတင်းရရှိသောကြောင့် အောက်တိုဘာ ၅ ရက် ည ၁၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေ ရာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဇနီးကိုသတ်ပြီး ရန်ကုန်မြစ်တွင်း အလောင်းဖျောက်ဖျက်သူခင်ပွန်း ဖမ်းမိ

RangonNewsDaily:: October. 7 .2013
လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူ၏ ဆံပင်ကိုဆွဲကာ လှေဘောင်ဖြင့် ဦးခေါင်းကို ဆောင့်ခဲ့မှုကြောင့် သေဆုံးခဲ့သည့် ဇနီး၏ အလောင်းကို ရန်ကုန်မြစ်အတွင်း မျှောချ ဖျောက်ဖျက်ခဲ့သူဟု တိုင်ကြားခံရသူကို အောက်တိုဘာလ ၅ ရက်နေ့က ဒလမြို့နယ် မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မိန်းကလေးတစ်ဦး တိုက်ပေါ်မှပြုတ်ကျ ဒဏ်ရာရရှိ

RangonNewsDaily:: October. 8 .2013
၇.၁၀.၂၀၁၃ရက်နေ့ ၀၅၀၀အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးမြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းရှိ (၅)လွှာမှမိန်းကလေးတစ်ဦး တိုက်ပေါ်မှပြုတ်ကျကာ ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ပဋိပက္ခ ဖြစ်ရာမှာ ရဲတပ်က ဘာမှ မဟန့်တားဘူးလို့ စွပ်စွဲ

RangonNewsDaily:: October. 7 .2013
သံတွဲမြို့မှာ အင်္ဂါင်္နေ့က ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မွတ်စလင်တွေကို အကြမ်းဖက်သမားတွေ က တိုက်ခိုက်သတ်ဖြတ်နေခိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘာမှ ကာကွယ် ဟန့်တားမှု မလုပ်ခဲ့ပဲ မတ်တတ်ရပ်ကြည့်နေခဲ့ကြတယ်လို့ ဒေသခံတွေက စွပ်စွဲပြောကြကြောင်း အေပီ သတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။

ထိုင်းပင်လယ်ကွေ့မှ လေဖိအားနည်းဆဲလ် 90W ပိုမိုအားကောင်းလာနိုင်

ထိုင်းပင်လယ်ကွေ့မှ လေဖိအားနည်းဆဲလ် 90W ပိုမိုအားကောင်းလာနိုင်
By mmweather.ygn, on October 6th, 2013
http://blog.mmweather.com/2013/10/06/invest-90w-thai-gulf-andaman-sea/

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 90W သည် အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်များအရ ထိုင်းပင်လယ်ကွေ့အတွင်းပိုမိုအားကောင်းလာပြီး ယနေ့ည သန်းခေါင်အချိန်တွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ 90W သည် ဘန်ကောက်မြို့ တောင်ဘက် ၂၂၅ မိုင်ခန့်၊ မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ အရှေ့ဘက် ၁၆၅ မိုင်ခန့် ထိုင်းပင်လယ်ကွေ့အတွင်း၌ တည်ရှိနေပြီး အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။(ပုံ-၁)

အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီတွင် 90W သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားပြီး မလေးကျွန်းဆွယ်အား မြန်မာနိုင်ငံ တောင်ပိုင်းစွန်း ကော့သောင်းမြို့ အထက်ဘက်မှ ဖြတ်သန်းကာ ကုန်းပေါ်တွင် မြောက်ဘက်သို့ ရွေ့လျားပြီး အောက်တိုဘာလ ၈ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီမတိုင်မီ မြိတ်ကျွန်းစုပေါ်မှ ဖြတ်၍ ကပ္ပလီပင်လယ်ပြင်သို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားပါသည်။ ယခု မုန်တိုင်း ဖြစ်ပေါ်လာမည့် အခြေအနေနှင့် ပင်လယ်ပြင်သို့ ကုန်းတွင်းမှတစ်ဆင့် ရောက်ရှိလာမည့် အခြေအနေမှာ ထူးခြားသည့် အခြေအနေဖြစ်သဖြင့် ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။ ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေအား GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းချက် ပုံများအား အောက်တွင် တင်ပြပေးထားပါသည်။(ပုံ-၂)(ပုံ-၃)(ပုံ-၄)

အောက်တိုဘာလ ၈ ရက် ညနေပိုင်းနှင့် အောက်တိုဘာလ ၉ ရက် ညပိုင်းတို့တွင် ကပ္ပလီပင်လယ်ပြင်၌ မုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေကြောင့် မြိတ်ကျွန်းစု၊ မြိတ်မြို့နှင့် ထားဝယ်မြို့အပါအဝင် ကပ္ပလီပင်လယ်ပြင် တစ်ခုလုံးအတွက် အထူး သတိပြုရမည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်ပါသဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းထားသည့် (ပုံ-၂)(ပုံ-၃)(ပုံ-၄)တို့ကို comment တွင် ဆက်လက် တင်ပြပေးပါမည်။ 

တိုက်ရိုက်ကြည့်ရှုရန် - http://blog.mmweather.com/2013/10/06/invest-90w-thai-gulf-andaman-sea/

RangonNewsDaily:: October. 7 .2013
ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 90W သည် အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်များအရ ထိုင်းပင်လယ်ကွေ့အတွင်းပိုမိုအာ
းကောင်းလာပြီး ယနေ့ည သန်းခေါင်အချိန်တွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။