Pages

Wednesday, October 2, 2013

Breaking News :: သံတွဲမြို့ နောက်ဆက်တွဲသတင်း (ည ၁၁း၁၅ )

RangonNewsDaily:: October. 2.2013
သံတွဲမြို့ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် ဗောဓိကုန်းရပ်ကွက်ရှိ အိမ်တစ်လုံးအား အကြမ်းဖက်သမားများမှ မီးရှို့ခဲ့ပြီး ဦးရှဖီးယား၏ အိမ်အားလည်း မီးကွင်း ၂-ကြိမ်ပစ်ခဲ့ကာ ပထမအကြိမ်တွင် သစ်ပင်အား ထိမှန်၍ မီးမလောင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အိမ်ကို မီးအနည်းငယ် လောင်ကျွမ်းခဲ့ပါတယ်။

Breaking News :: သံတွဲမြို့ နောက်ဆက်တွဲသတင်း (ည ၁၁း၁၅ )

RangonNewsDaily:: October. 2.2013
သံတွဲမြို့ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် ဗောဓိကုန်းရပ်ကွက်ရှိ အိမ်တစ်လုံးအား အကြမ်းဖက်သမားများမှ မီးရှို့ခဲ့ပြီး ဦးရှဖီးယား၏ အိမ်အားလည်း မီးကွင်း ၂-ကြိမ်ပစ်ခဲ့ကာ ပထမအကြိမ်တွင် သစ်ပင်အား ထိမှန်၍ မီးမလောင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အိမ်ကို မီးအနည်းငယ် လောင်ကျွမ်းခဲ့ပါတယ်။

သံတွဲ နောက်ဆက်တွဲသတင်း ည ၁၁း ၀၀ (အောက်တိုဘာ ၂ ရက် ၂၀၁၃)

RangonNewsDaily:: October. 2.2013
သံတွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ရှိမနေပါ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲ အဏ္ဏ၀ါရပ်ကွက် ငပလီ အဏ္ဏ၀ါရိပ်သာမှာ ရှိနေကြောင်းသတင်းမှာ မမှန်ကန်ကြောင်း ထပ်မံသိရပါသည်။ ::
ယခုအချိန် (ည ၁၀း၀၀-နာရီ) မှာပင် ရခိုင် အကြမ်းဖက်သမားများက သံတွဲ ဘောဓိကုန်းအား မီးတင်ရှို့နေကြောင်း၊

သံတွဲ အကြမ်းဖက်မှု သေဆုံးသူများထဲမှ ၅-ဦးအား သံတွဲတွင် မြှုပ်နှံ


RangonNewsDaily:: October. 2.2013
သံတွဲမြို့ သဗြုချိုင်ကျေးရွာမှာ မနေ့က အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သော်လည်း အချို့မှာ မည်သူမည်ဝါဟု၍လည်း မသိရှိနိုင်သေးတာကြောင့် သေဆုံးသူဦးရေကို အတိအကျ မပြောနိုင်သေးပဲ ထိုအထဲမှ ၅-ဦးအား ယနေ့ နေ့လည်က သံတွဲမြို့တွင် အစ္စလာမ်ဘာသာထုံးစံအတိုင်း မြှုပ်နှံလိုက်ပြီ ဖြစ်ပါတယ်။

Breaking News:: သံတွဲမြို့ ရွှေကျောင်းပြင်ရပ်ကွက်အားလည်း အကြမ်းဖက်သမားများ ၀ိုင်းထား ၁၀း၃၅-နာရီ)

RangonNewsDaily:: October. 2.2013
သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေရာမှ ယခုအခါ ကမန်
တိုင်းရင်းသားအများစုနေထိုင်သည့် ရွှေကျောင်းပြင်ရပ်ကွက်ကို အကြမ်းဖက်ရန် အကြမ်းဖက်သမားများ ၀ိုင်း
ထားသည်ဟု သံတွဲမြို့မှ သတင်းရရှိပါတယ်။

သံတွဲ ဇီးကျွန်းရှိ ကမန်တိုင်းရင်းသားပိုင် လယ်တောများအား အကြမ်းဖက်မီးရှို့ (ည ၇း၃၀)

RangonNewsDaily:: October. 2.2013

သံတွဲမြို့ ဇီးကျွန်းကျေးရွာရှိ ကမန်မွတ်စလင်မ်ပိုင် လယ်တောများအား ယနေ့ည ၇း၃၀-နာရီခန့်က အကြမ်းဖက်သမားများက ၀င်ရောက် မီးရှို့နေတယ်လို့ သိရပါတယ်။အဆိုပါ ဇီးကျွန်းကျေးရွာတွင် မွတ်စလင်မ်အိမ်များမရှိပဲ ကမန်တိုင်းရင်းသားများ ပိုင်သည့် လယ်တောများနှင့် လယ်တဲ (၂၀)ခန့်သာရှိကြောင်း၊ လယ်တော မည်မျှကို မီးရှို့နေကြောင်း အတိအကျ မသိရသော်လည်း

အိမ်ထောင်ရေးအဆင်မပြေသဖြင့် အမျိုးသားတစ်ဦး ဆွဲကြိုးချသတ်သေ

RangonNewsDaily:: October. 2.2013
မရမ်းကုန်းမြို့နယ် မြိုင်ဟေ၀န်အိမ်ရာတွင် အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ဦး အိမ်ထောင်ရေး အဆင်မပြေသဖြင့် မိမိကိုယ်ကိုဆွဲကြိုးချပြီး အဆုံးစီရင်ခဲ့မှုတစ်ခု စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည်။ သေဆုံးသူမှာ မြိုင်ဟေ၀န်အိမ်ရာ၊ တိုက် (၃)၊ အခန်း(၅၀၁)တွင် နေထိုင်သည့် ဦးဖြိုးကြွယ်စိုး (၃၅)နှစ် ဖြစ်သည်ဟု သွားရောက် စစ်ဆေးခဲ့သည့် မရမ်းကုန်းရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း (၁၊၂၊၃) ရှိ ပြည်သူများ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်း စတင်ဖွင့်လှစ်

Photo

RangonNewsDaily:: October. 2.2013
သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း (၁၊၂၊၃) ရှိ ပြည်သူများ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်း စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ကြောင်းသတင်းရရှိသည်။

လစာကိစ္စ အဆင်မပြေသဖြင့် ရန်ကုန်အသင်းမှ ထွက်ခွာလိုဟု ကြည်လင်း ဖွင့်ဟ

RangonNewsDaily:: October. 2.2013
ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ကစားသမား ကြည်လင်းကလစာကိစ္စအဆင်မပြေသဖြင့်

အသင်းမှ ထွက်ခွာလိုကြောင်း မဇ္ဈိမသို့ ပြောသည်။ ကြည်လင်းမှာ ရန်ကုန်အသင်း စတင်ဖွဲ့စည်းသည့် ၂၀၀၉ ခုနှစ်မှစတင်ကာ လက်ရှိအချိန်အထိ ကစားနေသော ငယ်မွေးခြံပေါက်ကစားသမား တစ်ဦးဖြစ်ကာ ရန်ကုန်
ပရိသတ်အချစ်တော် ကစားသမားတစ်ဦးလည်း ဖြစ်သည်။

ယုဇန ဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီး ထပ်မံဖမ်းဆီးရမိ

RangonNewsDaily:: October. 2.2013
ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်အိမ်ရာတွင် လိုင်စင်မဲ့ယာဉ်တစ်စီးကို စက်တင်ဘာ ၃၀ ရက်က ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။::
ဒဂုံဆိပ်ကမ်းရဲစခန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စုတို့ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ (၉၄) ရပ်ကွက်၊ ယုဇနအိမ်ရာ အေ (၁၅)လမ်း၊ အခန်း(၀၀၂)ရှေ့တွင် လိုင်စင်မဲ့ယာဉ်တစ်စီးရပ်ထားကြောင်း သတင်းအရ သွားရောက် စစ်ဆေးခဲ့ကြသည်ဟု ဆိုထားသည်။

လုံခြုံရေး အားနည်းမှုကြောင့် ဆူးလေအနီးတွင် တရားမဝင် ငွေလဲလှယ်လုပ် ငန်းဖြင့် လိမ်လည်နေသူများ ရှိနေသေး

RangonNewsDaily:: October. 2.2013
လုံခြုံ ရေး အားနည်းမှုကြောင့် မဟာ ဗန္ဓုလပန်းခြံ အနီးတစ်ဝိုက်တွင် နိုင်ငံခြားငွေ တရားမဝင်ငွေလဲ လှယ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ များက ငွေလာရောက်လဲလှယ်သူ များကို တစ်ပတ်ရိုက်လိမ်လည်မှု များ ပြုလုပ် နေခြင်းများ ယနေ့ တိုင် ရှိနေသေးကြောင်း ယင်း အနီးတစ်ဝိုက်တွင် တရားရုံးဝန် ဆောင်မှုလုပ်ငန်း လုပ်ဆောင်နေ သူများက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ

Photo: အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ
Wednesday, October 2, 2013

ကလေး၏ ဖခင်မှာ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး စွန်ကြိုးဝယ်ယူသူ နှစ်ဦးနှင့် အတန်ငယ် အခြေအတင် စကားများခဲ့သည်။ ပန်ဂျပ်ပြည်နယ်၊ ဆန်ဂရူရှိ မာလာကိုတလာမြို့တွင် နေထိုင်သော ကလေးငယ်သည် အညှိုးကြီးလှ သည့် အဆိုပါ ဈေးဝယ်သူ နှစ်ဦး၏ ပစ်မှတ်ထား ဖမ်းဆီးမှုနှင့် ကြုံရပြီးနောက် ရက်ရက်စက်စက် ပြုမူခံရခြင်းဟု သတင်းများက ဖော်ပြခဲ့


အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ
အိန္ဒိယ နိုင်ငံတွင် ကလေးငယ် တစ်ဦးကို လူမဆန်စွာဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းကလေးငယ် သည် စက်တင်ဘာလ (၃၀)ရက်နေ့က ဖခင်ဖြစ်သူနှင့် ပြဿနာရှိသူ နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရပြီး ဓာတ်ဆီလောင်း မီးရှို့မှုနှင့် ကြုံခဲ့ရှာခြင်း ဖြစ်သည်။ ကလေး၏ ဖခင်မှာ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး စွန်ကြိုးဝယ်ယူသူ နှစ်ဦးနှင့် အတန်ငယ် အခြေအတင် စကားများခဲ့သည်။ ပန်ဂျပ်ပြည်နယ်၊ ဆန်ဂရူရှိ မာလာကိုတလာမြို့တွင် နေထိုင်သော ကလေးငယ်သည် အညှိုးကြီးလှ သည့် အဆိုပါ ဈေးဝယ်သူ နှစ်ဦး၏ ပစ်မှတ်ထား ဖမ်းဆီးမှုနှင့် ကြုံရပြီးနောက် ရက်ရက်စက်စက် ပြုမူခံရခြင်းဟု သတင်းများ က ဖော်ပြခဲ့သည်။

ဗစ်ဟူဂျိန်းသည် ညီငယ်၏ကျောင်းသို့ စက်ဘီးစီးကာ ထမင်းဘူးပို့ရန် ထွက်ခွာသွားခဲ့သည်။ ထို့နောက် မကြာမီတွင် လမ်းကြားတစ်ခုထဲမှ ထိတ်လန့်တကြား အော်ဟစ်ရင်း ပြေးထွက်လာသည့် ဂျိန်းကို လမ်းသွားလမ်းလာများက တွေ့မြင်ခဲ့ရသည်။ ထိုအချိန်တွင် သနားစရာ ကလေးငယ်မှာ တစ်ကိုယ်လုံး မီးစွဲလောင်လျှက် ရှိနေသည်။ အနီးအနားရှိ လူများက ဂျိန်း၏ ကိုယ်ပေါ်ရှိ ဓာတ်ဆီများပေါ် စွဲလောင်နေသည့် မီးလျံများကို ကြိုးစားပမ်းစား ငြှိမ်းသတ်ပေးပြီးနောက် ကလေးကို ဆေး ရုံတင်ပို့ခဲ့ကြသည်။ သို့သော်လည်း ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်နေသည့် ဂျိန်းခမျာ ပြင်းထန်သော ဝေဒနာများကို ခံစားရင်း ကွယ်လွန်ခဲ့ရှာသည်။

၎င်းကို မီးငြှိမ်းသတ်ပေးခဲ့သည့် နေရာ၏ မြေပြင်တွင်ပင် မည်းနက်သော မီးလောင်ရာများ ကျန်ရှိနေသည်ကို တွေ့ရသည်။ ဆိုင်ငယ်တစ်ခု ဖွင့်လှစ်ထားသည့် ဖခင်ဖြစ်သူ နက်ဗ်နိတ်ဂျိန်းက "ကျွန်တော့်သားက နေ့လယ်ပိုင်းမှာ သူ့ညီလေးကို ထမင်းချိုင့် သွားပို့တာပါ။ သူအော်ပြီး ထွက်ပြေးလာတော့ ဘေးနား တိုက်ခန်းတွေက လူတွေတောင် ကြားရတယ်။ တချို့လူတွေက သူ့ကို မီးကူငြှိမ်းပေးပြီး ဆေးရုံချက်ချင်း ပို့ပေးခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက လူသတ်သမားများကို မိမိအနေဖြင့် အတိအကျ မပြောနိုင်သော်လည်း အခင်းမဖြစ်မီ (၃)ရက်က စွန်ကြိုးဝယ်စဉ် အငြင်းပွား ရန်ဖြစ်ခဲ့ဖူးသည်ကို မှတ်မိကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။

ထိုအငြင်းပွားမှု ဖြစ်ပွားစဉ်က ဆိုင်အကူဝန်ထမ်း ရှိနေသော်လည်း အခင်းဖြစ်ချိန်တွင် ၎င်းလည်း ပျောက်ဆုံးနေပြီး ရဲများက လိုက်လံရှာဖွေနေကြောင်း Hindustan Times သတင်းစာက ဖော်ပြခဲ့သည်။ သတင်းအချို့ကလည်း ကလေးကို ပြန်ပေးဆွဲ ငွေညှစ်ရန် အားထုတ်မှုတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားနေသည်။ ရဲတပ်ဖွဲ့ အနေဖြင့် ကလေးငယ်သည် စက်ဘီးပေါ်မှ အတင်းဖမ်းချုပ် ခေါ်ယူသွားပြီး အဆောက်အအုံသစ် တည်ဆောက်နေသည့် နေရာတစ်ခုတွင် မီးတင်ရှို့ ခံခဲ့ရခြင်းဟု ဖော်ထုတ် တွေ့ရှိထားသည်။ လက်ရှိတွင်မူ မည်သည့် ဖမ်းဆီးမှုမျှ မရှိသေးသလို စွန်ကြိုးဝယ်သူ နှစ်ဦးကို လူသတ်သမားအဖြစ်လည်း ရဲများက အတည်ပြုခြင်း မရှိချေ။

ဆင်းသေဆုံးမှု သတင်းကို ကြားသိပြီးနောက် ယင်းမြို့တွင် နေ ထိုင်သူများက ဒေါသတကြီး ဆူပူမှုအချို့ ပြုလုပ်ခဲ့ပြီး ဘတ်စ်ကားများကို ဖျက်ဆီးခဲ့သလို အဝေးပြေး လမ်းမကိုလည်း ပိတ်ခဲ့ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့က မိမိတို့သည် ဆင်းကို မီးရှို့ခဲ့သူများအား ဖော်ထုတ်နိုင်ရန် စုံစမ်းနေဆဲဟု ဆိုသည်။ မာလာကိုတလာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက "ဖြစ်စဉ်ကို ကျွန်တော်တို့ အလေးအနက် စုံစမ်းနေဆဲပါ။ တရားခံတွေကို တိတိကျကျ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်"ဟု ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily:: October. 2.2013
အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရအိန္ဒိယ နိုင်ငံတွင် ကလေးငယ် တစ်ဦး
ကို လူမဆန်စွာဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်

RangonNewsDaily:: October. 2.2013

Panasonic ကုမ္မဏီ(မန္တလေးရုံးခွဲ)တွင် အောက်တိုဘာ ၁ရက်နေ့ညက သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ အမှုဖြစ်ပွားပုံမှာ ယနေ့မနက် ၆နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ အကွက်(တ-၇)၊ ၆၉လမ်း-နှင်းဆီလမ်းထောင့်၊ အမှတ်(ဏ/၁၆)၊ရှိ Panasonec Co.,Ltd မန္တလေးရုံးခွဲ(ရုံးခန်းနှင့်ဂိုထောင် တွဲ လျှက်) သို့ သက်ပိုင်စိုး ၂၇နှစ်(ဘ)ဦးစိုးတင့်၊ အရောင်းဝန်ထမ်းသည် ပစ္စည်းများထုတ်ယူရန်လာရောက်ခဲ့သည်။

ဟုန်ရှင်းစက်ရုံ ဆန္ဒပြခေါင်းဆောင်နှစ်ဦး အာမခံရရှိ

Photo: ဟုန်ရှင်းစက်ရုံ ဆန္ဒပြခေါင်းဆောင်နှစ်ဦး အာမခံရရှိ
Wednesday, October 2, 2013

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံက ဆန္ဒပြအလုပ်သမားခေါင်းဆောင်နှစ်ဦးကို အကျိုးစီးပွားဖျက်စီးမှု အပါအဝင် ပုဒ်မ ၃ခုနဲ့ စက်ရုံမန်နေဂျာက တရားစွဲဆိုထားတာကို တောင်ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။

ကိုယ်ပိုင်ခံဝန်နဲ့ အာမခံရခဲ့တာဖြစ်ကြောင်း ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ကိုမင်းမင်းက ပြောပါတယ်။

“မင်းတို့အမှုကို အာမခံနဲ့ဆိုရင် ကိစ္စပြီးတယ်ပေါ့နော်၊ ကိုယ်ပိုင်အာမခံနဲ့လုပ်ခဲ့တယ်၊ ၁ဝ လပိုင်း ၁၄ ရက်နေ့ကျလို့ရှိရင် ကျနော်တို့ အလုပ်ရှင်ရော၊ အလုပ်သမားရော တရားစွဲဆိုထားတဲ့အမှုနဲ့ နှစ်ဦးစလုံးကို တရားလူကြီးက ခေါ်စစ်မှာခင်ဗျ”

ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝ ရက်နေ့က ဟုန်ရှင်းစက်ရုံ အလုပ်သမား ၁ဝဝ ကျော်လောက်က တောင်းဆိုချက် ၁ဝ ချက်နဲ့ စက်ရုံရှေ့မှာ ၂၆ ရက်ကြာ ဆန္ဒပြတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး စက်ရုံမန်နေဂျာက အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦးကို ပုဒ်မ (၃၄၁) ပိတ်ပင်မှု၊ ပုဒ်မ (၅ဝ၆) ခြိမ်းခြောက်မှု၊ ပုဒ်မ (၄၂၇) အကျိုးစီးပွားဖျက်ဆီးမှုတို့နဲ့ တရားစွဲခဲ့တာပါ။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ အလုပ်ရှင်ဘက်က စက်ရုံပိတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့အတွက် အလုပ်သမားတွေက စက်တင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ညလုံးပေါက်သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြပါတယ်။ နောက်နေ့မှာ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဦးစိုးမင်းတို့က ဝင်ရောက်ဖြေရှင်းခဲ့တာကြောင့် အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ပြေလည်မှုရခဲ့ပါတယ်။

အလုပ်ရှင်က အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁ဝဝ ကျော်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့က နစ်နာကြေးပေးရာမှာ အလုပ်သမားတွေက လက်ခံခဲ့ကြပါတယ်။

RFA

RangonNewsDaily:: October. 2.2013
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံက ဆန္ဒပြအလုပ်သမားခေါင်းဆောင်နှစ်ဦးကို အကျိုးစီးပွားဖျက်စီးမှု အပါအဝင် ပုဒ်မ ၃ခုနဲ့ စက်ရုံမန်နေဂျာက တရားစွဲဆိုထားတာကို တောင်ဒဂုံမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေးလိုက်ပါတယ်။

တောင်သူလယ်သမားအသင်း တရားဝင်မှတ်ပုံတင် ကျပြီး တစ်ရက်အကြာ ဖျက်သိမ်းခံရ

RangonNewsDaily:: October. 2.2013
မြန်မာ နိုင်ငံ တောင်သူလယ်သမား အသင်းမှာမှတ်ပုံတင်ကျပြီး တစ်ရက် အကြာတွင် ဖျက်သိမ်းခံရကြောင်း သိရသည်။ အဆိုပါအသင်း တရားဝင် ဖွဲ့စည်းခွင့်မှတ်ပုံတင်ကို ဇွန်လ ၇ ရက်ကရရှိခဲ့ပြီး ဇွန်လ ၈ရက် တွင် အကြောင်းပြချက် တစ်စုံတစ်ရာ မှမရှိဘဲ အသင်းဖွဲ့စည်းခွင့်မှတ် ပုံတင်အား ပြန်လည်ဖျက်သိမ်း ခြင်းခံခဲ့ရကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြော သည်။

မာစီဒီး ၆ ဘီး SUV G63 AMG

Photo: မာစီဒီး ၆ ဘီး SUV G63 AMG
Wednesday, October 2, 2013

မာစီဒီး က ၆ ဘီးကား မထုတ်ပါဘူး။ tuning ကုမ္မဏီတစ်ခုက တစ်မူ ထူးခြားအောင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်မြင်နေ ကျ Mercedes Benz G Wagen က ၆ဘီးကား ဖြစ်လို့ သွားပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါပဲ။ အင်ဂျင်အရွယ် ၅.၅ လီိတာ တာဘို ၂ လုံးပူး ဆလင်ဒါ ၈ လုံးတွဲ အင်ဂျင် ဖြစ်ပါတယ်။ ဒါကြောင့်မြင်းကောင်ရေအား ထုတ်လုပ်မှုက ၆၉၀ ဝန်းကျင် ရှိပါတ်။ ဂီယာ ၆ ချက်ထိုးပါ။ ၇.၄ စက္ကန့် အတွင်း တစ်နာရိ မိုင် ၆၀ တင်နိုင်မယ်လို့ ဆိုပါတယ်။ ကားကတော့ လေး ဘီးမောင်း စနစ်ကိုပဲ အသုံးပြုမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ၆ ဘီးကား ပါ။ ခရီးကြမ်းအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပေမယ့် မြို့ ထဲမှာလည်း စတိုင်ကျ ကျ စီးနိုင်ကြောင်း ဆိုပါတယ်။

Top Speed ကို တစ်နာရီ မိုင် ၁၀၀ အထိပဲ ကန့်သတ် ထားပါတယ်။ အပြင်အဆင်အနေနဲ့ ကာဘွန်ဖိုက်ဘာ ဘော်ဒီသားသုံး ကိုယ်ထည်၊ LED မီးလုံး၊ Xenon မီးလုံး အသုံးပြုမှု၊ အနက်၊အနီ Leather သား၊ အတွင်းခန်း ဇိမ်ကျကျ ပစ္စည်းနဲ့ ပြင်ဆင်မှု အစရှိသဖြင့် စုံလင်ပါတယ်။ Frankfurt မော်တော်ယာဉ် ပြပွဲမှာ ပြသလျက် ရှိတဲ့ ကားပါ။ Mercedes Benz G63 AMG 6x6 ဘီးကားကို ၂၀၁၄ မှာစတင်ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref:autoblog
Aung Kham (ရိုးရာလေး)

RangonNewsDaily:: October. 2.2013
မာစီဒီး က ၆ ဘီးကား မထုတ်ပါဘူး။ tuning ကုမ္မဏီတစ်ခုက တစ်မူ ထူးခြားအောင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်မြင်နေ ကျ Mercedes Benz G Wagen က ၆ဘီးကား ဖြစ်လို့ သွားပါတယ်။

ကလေးတွင် တောင်ကျချောင်းရေကြောင့် တံတားငါးစင်းပျက်စီး

RangonNewsDaily:: October. 2.2013
စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်အချို့တွင် စက်တင်ဘာလ နှောင်းပိုင်းက မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ကျဆင်းပြီး ကလေး မြို့နယ်တွင် ဒေသခံများ အသုံးများသော အဓိကတံတားငါးစင်း ပျက်စီးခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရသည်။

နေအိမ်တွင်လာတည်းသူ အမျိုးသမီးထံမှ ရွှေများလု၊ လူကို မြစ်ထဲပစ်ချ

RangonNewsDaily:: October. 2.2013
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် ထုံးဗွက်ရွာတွင် စက်တင်ဘာလ၂၇ ရက်နေ့ ည ၁၀ နာရီခန့်က ခရီးသွားရင်း မိတ်ဆွေအိမ် ဝင်ရောက်တည်းခိုသူ အမျိုးသမီးတစ်ဦးကို အိမ်ရှင်ဇနီးမောင်နှံက မြစ်ကမ်းနံဘေးသို့ ခေါ်ဆောင်ကာ ရွှေငွေများလုယက်၍ လူကိုမြစ်ထဲသို့ ပစ်ချခဲ့ကြောင်း ကာယကံရှင် အမျိုးသမီးက ပြောကြားသည်။

ပြည်လမ်းမဘက် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးနိုင်

Photo: ပြည်လမ်းမဘက် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးနိုင်
Wednesday, October 2, 2013

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အသုံးပြုနိုင်ရန် Myanmar Network ကုမ္ပဏီက စီစဉ်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ပြည်လမ်းအပေါ်က အင်းလျားကန်ဘောင်မှာ အပန်းဖြေ လာရောက်သူတွေ အနေနဲ့ အနားယူရင်းနဲ့ အင်တာနက်သုံးလို့ရအောင်လို့ တပ်ဆင်ပေးထားတာပါ။ ၂၄နာရီ အသုံးပြုလို့ ရမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ ၄င်းအပြင် အင်းလျားကန်ပေါင်တွင် Wifi အခမဲ့ သုံးစွဲခွင့်အပြင် ကန်ပေါင်လုံခြုံရေးအတွက် CCTV ကင်မရာ နှစ်လုံးပါ တပ်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။

“CCTV ကင်မရာ နှစ်လုံးကိုလည်း ကန်ပေါင်လုံခြုံရေးအတွက် တပ်ဆင်ထားပါတယ်။ ပြည်လမ်းဘက်ကို မျက်နှာမူပြီး ထားတာကတစ်ခု၊ ကန်ဘောင်ဘက်ကို မျက်နှာမူပြီး ထားတာက တစ်ခုပါ။ အဓိက ကတော့ အင်းလျားကန်ပေါင်နဲ့ ပြည်လမ်းအပေါ်မှာ မှုခင်းတွေ မဖြစ်အောင်လို့ပါ”ဟု ယင်းတာဝန်ရှိသူက ဆက်ပြောသည်။ အင်းလျားကန်ဘောင်တွင် လာရောက်အပန်းဖြေသူ မဆွေဇင်က “ကန်ဘောင်မှာ အခုလို အခမဲ့ ဝိုင်ဖိုင် သုံးလို့ရပြီးဆိုတော့ အလွန်အဆင်ပြေပါတယ်။ အရင်ကဆိုရင်တော့ လေညှင်းခံရုံလောက်ပဲ လာကြတာ။ အခု အင်တာနက်လိုင်း သုံးရတာမဆိုးလို့ သူငယ်ချင်းတွေနဲ့ နေ့တိုင်း လာသုံးဖြစ်ပါတယ်”ဟု ဆိုသည်။

Myanmar ICT

RangonNewsDaily:: October. 2.2013
ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းအပေါ်ရှိ အင်းလျား ကန်ပေါင်တွင် ပြီးခဲ့သည့် စက်တင်ဘာလမှ စ၍ Wifi အခမဲ့ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းသိရသည်။

လိုအပ်လျှင် စစ်မှုမထမ်းမနေရစနစ် အကောင်အထည်ဖော်မည်ဟုဆို

Photo: လိုအပ်လျှင် စစ်မှုမထမ်းမနေရစနစ် အကောင်အထည်ဖော်မည်ဟုဆို
Wednesday, October 2, 2013

နိုင်ငံအတွင်း လုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေပုဒ်မ ၃၄၀ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူအားလုံးပါဝင်သည့်  စစ်မဟာဗျူဟာကို တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်ကျော်ညွန့် က အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေး တွင် ပြောကြားသည်။

ပြည်သူအားလုံးပါဝင်သည့် စစ်မဟာဗျူဟာဆိုသည်မှာ စစ်မှုမထမ်း မနေရစနစ်ကိုဆိုလိုကြောင်း တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက အဓိပ္ပာယ်ဖွင့်ဆိုပြသည်။တပ်မတော်သည် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာ ဗျူဟာကို ဖော်ဆောင်ရမည်ဟု အခြေခံဥပဒေ ပုဒ်မ ၃၄၀ တွင် ဖော်ပြထားသည်။

ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးတင်မောင်ဦးက နိုင်ငံအတွင်း မိမိတို့၏ ဆန္ဒအလျောက် စစ်မှုထမ်းလိုသည့်သူများ နည်းပါးလာပါက တပ်မတော်အင်အားတောင့်တင်းစေရန် မည်ကဲ့သို့ဆောင်ရွက်ရန် ရှိပါသနည်းဟူသည့် မေးခွန်းကို ဗိုလ်ချုပ်ကျော်ညွန့်က ထိုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

““စွန့်လွှတ်စွန့်စားသူတွေ နည်းပါးလာရင်၊ မျိုးချစ်စိတ်နည်းပါးလာသူတွေ များလာရင် တပ်မတော်ဟာ အင်အားနည်းပါးလာနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှုကို ထိပါးမှုများလာရင် ဒီမိုကရေစီနိုင်ငံတော် ထူထောင်မှုကို ထိခိုက်လာနိုင်တဲ့အပြင် ပိုဆိုးလာရင် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုပါ ထိပါးလာနိုင်တာ တွေ့ရပါတယ်”” ဟု ဦးတင်မောင်ဦးက ဆိုသည်။

နိုင်ငံတော်တွင် အခက်အခဲအတားအဆီးများ ဖြစ်ပေါ်လာပါက တပ်မတော်မှသာ အစဉ်အမြဲ အကူအညီပေးခဲ့ခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို တပ်မတော်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီမှ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။ သို့သော် လက်ရှိ မြန်မာ့တပ်မတော်တွင် တပ်သားဦးရေ လေးသိန်းနှင့် ငါးသိန်းကြားရှိနိုင်ပြီး ကမ္ဘာပေါ်တွင် စစ်သည်အင်အားအများဆုံးစာရင်းတွင် အဆင့်  ၉ (သို့မဟုတ်) ၁၀ ၀န်းကျင် ရှိနိုင်ကြောင်း စစ်ဘက်ရေးရာကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

လတ်တလောအခြေအနေအရ စစ်မှုမထမ်းမနေရစနစ်ကဲ့သို့ ပြည်သူအား လုံးပါဝင်သည့် တပ်မတော်စနစ်ကို ကျင့်သုံးရန် မလိုအပ်သေးသဖြင့် ကိုယ်တိုင်ခံယူချက်၊ ယုံကြည်ချက်၊ ၀ါသနာအလျောက် စစ်မှုထမ်းဆောင်ခြင်းကိုသာ ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ၀န်ကြီးက ဆိုသည်။တပ်မတော်သို့ ၀င်ရောက်ကာ တာဝန်ထမ်းဆောင်လို ပါက အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ် ထက် မကြီးသူ၊ မျက်မြင် ၁၃ ချက် နှင့် ပြည့်စုံပြီး ဆေးအဆင့် က အဆင့်ရှိကာ ကိုယ်တိုင်ဆန္ဒပြုသူများကိုသာ စစ်မှုထမ်းဥပဒေနှင့်အညီ တပ်မတော်သို့ ၀င်ရောက်စစ်မှုထမ်း တာဝန်ထမ်းဆောင်စေကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။

ယခင်အစိုးရလက်ထက်က စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားခြင်းရှိသော်လည်း ယခုအချိန်အထိ ဥပဒေအရ ကျင့်သုံးဆောင်ရွက်ခြင်း မရှိသေးပေ။

နေပြည်တော်တွင် ကျင်းပခဲ့သော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ 

http://www.7daydaily.com
နေပြည်တော်တွင် ကျင်းပခဲ့သော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ဓာတ်ပုံ - ငြိမ်းချမ်းနိုင်/အီးပီအေ
RangonNewsDaily:: October. 2.2013
နိုင်ငံအတွင်း လုံခြုံရေးအခြေအနေအရ လိုအပ်လာပါက အခြေခံဥပဒေပုဒ်မ ၃၄၀ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်
သူအားလုံးပါဝင်သည့်စစ်မဟာဗျူဟာကိုတိတိကျကျအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်ကျော်ညွန့် က အောက်တိုဘာ ၁ ရက်တွင် ပြုလုပ်သည့် ပြည်
သူ့ လွှတ်တော်အစည်းအဝေး တွင် ပြောကြားသည်။

နိုင်ကျဉ်းလွတ်ဖို့ မန္တလေးမှ ရခိုင်ဒေသအထိ လမ်းလျှောက်ပြီ

နိုင်ကျဉ်းလွတ်ဖို့ မန္တလေးမှ ရခိုင်ဒေသအထိ လမ်းလျှောက်ပြီ
Wednesday, October 2, 2013

ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တကိုယ်တော်ဆန္ဒဖော်ထုတ်မှု၂ကြိမ် တိုင် ပြုလုပ်ခဲ့သော်လည်း အစိုးရက လိုက်လျောခြင်း မရှိသေးသည့်အတွက် ရခိုင်ဆရာတော် ဦးရက္ခ၀ံသသည် အင်္ဂါနေ့ နေ့လယ်တွင် မန္တလေးမြို့မှ ရခိုင်ပြည်နယ်သို့ လမ်းလျှောက်ပြီး ထပ်မံ ဆန္ဒဖော်ထုတ်သည့်အစီအစဉ်ကို စတင်လိုက်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အဆုံးသတ်မည့် ခရီးစဉ်တလျှောက်
ရေနှင့်ဖျော်ရည်မှတပါး အစားအစာ ဘုန်းပေးခြင်းမပြုဘဲ အစာငတ်ခံ ဆန္ဒဖော်ထုတ်မည်ဟု သိရသည်။


"ဒါ သုံးကြိမ်မြောက်ဆန္ဒဖော်ထုတ်တာပါ၊ ပထမအကြိမ်က ရန်ကုနှ်မြို့တော်
ခန်းမရှေ့ အစာငတ်ခံ ဆန္ဒဖော်ထုတ်တာ၊ ဒုတိယအကြိမ်က ရန် ကုန်ကနေ မန္တလေးအထိ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တယ်၊

အဲဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့တောင်းဆိုခဲ့တယ်၊
အခုထက်ထိဘာမှ ဖြစ်မလာဘူး၊ တကယ်လို့ လကုန်တဲ့အထိမှ လွတ် မလာခဲ့ဘူးဆိုရင် ထပ်ပြီးတော့ တောင်းဆိုမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့တယ်၊ အခုလကုန်ပြီဘာမှ မထူးခြားလာဘူးဒါကြောင့် မဟာမုနိကနေ ရခိုင်မဟာမုနိအထိ လမ်းလျှောက်သွားပြီး တောင်းဆိုဖို့ပါ ဟု ဆရာတော်က မိန့်ဆိုသည်။

လမ်းတလျှောက် အကူ အညီပေးမည့်ဒကာတစ်ဦးနှင့် ဒကာမတစ်ဦးတို့ လိုက်ပါသွားကြောင်း သိရသည်။

အေးချမ်းမွန် Credit To >ဧရာဝတီ <Thanks
Re-posted By ACM 2-10-2013 
https://www.facebook.com/excellencemedia

RangonNewsDaily:: October. 2.2013 ကျန်ရှိနေသေးသည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး တကိုယ်တော်ဆန္ဒဖော်ထုတ်မှု၂ကြိမ် တိုင်
 ပြုလုပ်ခဲ့သော်လည်း အစိုးရက လိုက်လျောခြင်း မရှိသေးသည့်အတွက် ရခိုင်ဆရာတော် ဦးရက္ခ၀ံသသည် အင်္ဂါနေ့ နေ့လယ်တွင် မန္တလေးမြို့မှ ရခိုင်ပြည်နယ်သို့ လမ်းလျှောက်ပြီး ထပ်မံ ဆန္ဒဖော်ထုတ်သည့်အစီအ
စဉ်ကို စတင်လိုက်သည်။

အကြီးဆုံး သော စစ်ရေးပြ အခမ်း အနား တောင် ကိုရီးယား တပ်မတော် နေ့ တွင် ကျင်းပ

အကြီးဆုံး သော စစ်ရေးပြ အခမ်း အနား တောင် ကိုရီးယား တပ်မတော် နေ့ တွင် ကျင်းပ

တောင်ကိုရီုးယား နိုင်ငံ သည် ဆယ်စုနှစ် တစ်ခု အတွင်း အကြီးမား ဆုံး သော စစ်ရေး ပြပွဲ အခမ်း အနား တစ်ရပ် ကို အောက်တို ဘာ ၁ ရက် က ကျင်းပ သည်။ ယင်း အခမ်း အနား ၌ တောင် ကိုရီးယား သမ္မတ က မိန့်ခွန်း ပြောကြား ရာ တွင် မြောက် ကိုရီးယား ၏ ခြိမ်းခြောက် မှု များ သည် အလွန် အန္တရာယ် ကြီးမား ကြောင်း သတိပေး ခဲ့သည်။ 

တောင် ကိုရီးယား နိုင်ငံ ၏ ( ၆၅ )နှစ် မြောက် တပ်မတော်နေ့ အထိမ်း အမှတ် စစ်ရေး ပြပွဲ ၌ ပြသသော စစ် လက်နက် များ တွင် ခရုဇ် ဒုံးကျည် များ နှင့် တော်ပီဒို လက်နက် များ ပါဝင် သည်။ တောင် ကိုရီးယား နိုင်ငံ သို့ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက် ရန် ရောက်ရှိ နေ သည့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချပ်ဟေဂဲလ် နှင့် ဗိုလ်ချုပ်ကြီး မာတင်ဒမ် ဆီ တို့သည် တပ်မတော် နေ့ အထိမ်း အမှတ် စစ်ရေးပြ အခမ်း အနား သို့ တက်ရောက် ကြသည်။ 

စစ်ရေးပြ အခမ်းအနား ၌ တောင် ကိုရီးယား သမ္မတ ပတ်ဂွန်ဟိုင်း က မိန့်ခွန်း ပြောကြား ရာ တွင် ကိုရီးယား ကျွန်းဆွယ် ၏ အခြေ အနေမှာ အလွန် စိုးရိမ်ဖွယ် ကောင်း သည်ဟု ဖော်ပြ သည်။ မိမိ တို့ အနေဖြင့် မြောက်ကိုရီးယား အား ရင်ဆိုင် ရန် အင်အား တောင့်တင်း သည့် တပ်မတော် ကို တည်ဆောက် သွား ရမည် ဖြစ်ကြောင်း၊ မြောက် ကိုရီးယား နိုင်ငံ အနေဖြင့် နျူ ကလီးယား အစီအစဉ် များ အား စွန့်လွှတ် သွား စေရန် လုပ်ဆောင် ခြင်း သည် ၄င်း နိုင်ငံ ရှိ ပြည်သူ များ နှင့် ကိုရီးယား ကျွန်းဆွယ် ဒေသ ငြိမ်းချမ်းရေး အတွက် မှန်ကန် သော ရွေးချယ်မှု ဖြစ်ကြောင်း တောင် ကိုရီးယား သမ္မတ က ဆက်လက် ပြောကြား သည်။ 

ယင်း စစ်ရေးပြ အခမ်း အနား တွင် ခေတ်မီ စစ်လက်နက် ပစ္စည်း များ ကို ခင်းကျင်း ပြသ သည်။ ယင်း တို့ အနက် ဟွမ်မူး - ၃ အမျိုးအစား ခရုဇ် ဒုံးကျည်မှာ မြောက် ကိုရီးယား ရှိ ပစ်မှတ် များ ကို တိကျစွာ ထိမှန်အောင် တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း တောင် ကိုရီးယား က ပြောကြား သည်။ စစ်ရေး ပြပွဲ တွင် တောင် ကိုရီးယား တပ်ဖွဲ့ ဝင် ဦးရေ ၁၁၀၀၀ နှင့် စစ် လေယာဉ် အစင်းရေ ၁၂၀ တို့ ပါဝင် စစ်ရေး ပြသ ကြသည်။ 

BBC

RangonNewsDaily:: October. 2.2013 တောင်ကိုရီုးယား နိုင်ငံသည်ဆယ်စုနှစ် တစ်ခု အတွင်း အကြီးမား ဆုံး သော စစ်ရေး ပြပွဲ အခမ်း အနား တစ်
ရပ် ကို အောက်တို ဘာ၁ ရက်ကကျင်းပ သည်။ယင်းအခမ်း အနား ၌ တောင် ကိုရီးယား သမ္မတ က မိန့်ခွန်း
ပြောကြား ရာ တွင် မြောက် ကိုရီးယား ၏ ခြိမ်းခြောက် မှု များ သည် အလွန် အန္တရာယ် ကြီးမား ကြောင်းသတိ
ပေး ခဲ့သည်။

သံတွဲအကြမ်းဖက်မှုမှာရှဟီးဒ်ဖြစ်သွားသူတွေကိုယနေ့မှာဒဖန်ပြုမယ်

RangonNewsDaily:: October. 2.2013
သံတွဲအကြမ်းဖက်မှုမှာရှဟီးဒ်ဖြစ်သွားတဲ့သပြုချိုင်မှရှဟီးဒ်၆ဦးနဲ့ကျီးကန်းရဲရွာမှတစ်ဦးကို ယနေ့မှာဒဖန်ပြုမယ်လို့သတင်းရ ရှိပါတယ်။ဒဖန်ပြုမယ့်နေရာကတော့ ရှဟီးဒ်တွေရဲ့နေရပ်တွေမှာပဲဒဖန်ပြုမယ်လို့သိရပါတယ်။

Muslim houses burned in new round of Myanmar violence

RangonNewsDaily:: October. 2.2013
THANDWE, Myanmar: President Thein Sein toured Myanmar’s conflict-torn west on Tuesday as sectarian violence once again gripped the state of Rakhine, with Buddhist mobs killing a 94-year-old Muslim woman and torching more than 70 homes, officials and panicked residents said.

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ

ပြည်သူချစ်သော အကောင်းဆုံး ရဲဆု ဓမ္မစေတီလမ်းမှ ယာဉ်ထိန်းရဲ ရရှိ

ရည်မွန် ၊ စိုးချစ်ချစ်ပိုင်

ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ၁ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ် ထိန်း ရဲတပ်ဖွဲ့ အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)တွင် ကျင်းပသော (၄၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆုချီးမြှင့် ပွဲအခမ်းနားတွင် ရာထူး တိုးမြှင့် ခြင်းနှင့် အကောင်းဆုံးရဲတပ်ဖွဲ့ ဝင်ဆု ချီးမြှင့်ခြင်းခံခဲ့ရခြင်းဖြစ် သည်။

ရဲဒုတပ်ကြပ် ခင်မောင်မြင့် သည် ပေးအပ်သောတာဝန် ကို ကျေပွန်အောင် ထမ်းဆောင်ခြင်း၊ မိမိကိုယ်ကိုမိမိ ယုံကြည်ချက်ထား ခြင်း၊ တပ်ဖွဲ့ဝင်အချင်း ချင်းပေါ် တွင် ရိုင်းပင်ကူညီတတ်သည့်စိတ် ဓာတ်ရှိသူဖြစ်ခြင်း၊ 

အခြားတပ်ဖွဲ့ ဝင်များနှင့်မတူဘဲ လုပ်ငန်းတာ ဝန်ကို ထူးခြားစွာဆောင်ရွက်ခဲ့ သည့် တပ်ဖွဲ့ဝင်ဖြစ်ခြင်း၊ ၎င်းတာ ဝန်ကျသည့်နေရာသည် ယာဉ် ကြောရှုပ်ထွေး သည့် နေရာဖြစ် သော်လည်း ယာဉ်ကြောကို နိုင် နိုင်နင်းနင်း ရှင်းလင်းဆောင်ရွက် နိုင်မှုရှိခြင်း၊ 

တစ်နှစ်ပတ်လုံးခွင့် မယူဘဲ လုပ်ငန်းတာဝန်ကို အချိန် ပြည့် တက်ကြွစွာထမ်းဆောင် ခဲ့ ခြင်း၊ ဖြတ်သန်း သွားလာသော ယာဉ်မောင်းများနှင့် ခရီးသွား ပြည်သူများ အား ပြုံးရွှင်စွာဆက် ဆံတတ်သူဖြစ်ခြင်းနှင့် ပြည်သူ လူထုမှချစ်သော ရဲဖြစ်ခြင်းတို့ ကြောင့် အကောင်းဆုံးရဲတပ်ဖွဲ့ဝင် ဆုနှင့် ရဲတပ်ကြပ်ရာထူး တိုးမြှင့်ချီး မြှင့်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိ ရသည်။

''ပီတိဖြစ်တယ်။ ပြည်သူ့ရဲ တပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ပြည်သူ ကိုဗဟိုပြုပြီး ပြည် သူ့ လုပ်ငန်းတာ ဝန်ကို ဆက်လက်ထမ်းဆောင် သွားမှာ ပါ''ဟု ရဲတပ်ကြပ်ခင်မောင် မြင့်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

ရဲတပ်ကြပ်ခင်မောင်မြင့် (ယခင်ရဲတပ်သား)သည် သူ၏တာဝန်ဝတ္တရားကျေ ပွန်မှုနှင့် ပြည် သူများ ချီးကျူးခံရမှုများကြောင့် (၄၇)နှစ်မြောက် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့နေ့တွင် ယာဉ်ထိန်းရဲတပ် ဖွဲ့၏ 'စံပြရဲဘော်ဆု'ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။

News Link=>http://goo.gl/3xICBu
Yangon Media Group

RangonNewsDaily:: October. 2.2013 ရန်ကုန် ၊ အောက်တိုဘာ ၁ ။ ။ ပြည် သူချစ်သော ပြည်သူ့ဝန်ထမ်း ရဲ ဒုတပ်ကြပ်ခင်မောင်မြင့်ကို (၄၉) နှစ်
မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့တွင် ရဲဒုတပ်ကြပ်ရာထူးမှ ရဲ တပ်ကြပ်ရာထူး တိုးမြှင့်ခံလိုက်ရ သည့်အပြင် အကောင်းဆုံးရဲတပ် ဖွဲ့ဝင်ဆုရရှိခဲ့ကြောင်း သိရသည်။

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး

မြိတ်မြို့ပေါ်တွင် လက်စွမ်းပြ ဓားသရမ်းသူများအား ရဲနှင့် ပြည်သူ ပူးပေါင်း ဖမ်းဆီး
Wednesday, October 2, 2013

မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်းအချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်
ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင် လူငယ် တစ်အုပ်သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း နောက်လယ်ရပ်ကွက်မှ စတင်ကာ လမ်းသွားလမ်းလာ
များ၊ မော်တော်ဆိုင်ကယ်စီးနင်း သူများအား ၄င်းတို့တွင် အဆင်သင့် ပါလာသည့် ဓားများဖြင့် မော်တော် ဆိုင်ကယ် စီးနင်းပြီး လိုက်လံ ခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက် (၁၉)နှစ်၊ အာကာစိုး အသက် (၁၇)နှစ်၊ အေဟင်ဇင်မိုး အသက် (၁၈)နှစ်၊ အောင်သူရပိုင် အသက် (၁၈)နှစ် ၊ အားမာန်ပြည့် အသက် (၁၇)နှစ်၊ ကျော်ရန် အသက် (၁၆)နှစ်၊ တို့အား ၄င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။

အဆိုပါ ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း
တွင် ဖမ်းဆီး ထိန်းသိမ်းထားကာ အမှုဖွင့် အရေးယူနိုင်ရေး စီစဉ် ဆောင်
ရွက်လျက်ရှိသည်။

မြိတ်ပုလဲမြေ http://myeiknews.blogspot.com/

RangonNewsDaily:: October. 2.2013 မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ သွားလာကာ ညပိုင်းအချိန်များတွင် လမ်းသွား လမ်းလာများ၊ မော်တော်ဆိုင်ကာ စီးနင်းသူများအား အကြောင်းမဲ့ ဓားဖြင့် လမ်းသရဲ ဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

အရှေ့လေပွေလှိုင်းရဲ့ ဘင်္ဂလားပင်လယ်အော်ထဲအ၀င်

အရှေ့လေပွေလှိုင်းရဲ့ ဘင်္ဂလားပင်လယ်အော်ထဲအ၀င်

တိုင်းဖွန်းမုန်တိုင်း Wutip ရဲ့ အကြွင်းအကျန်တိမ်တိုက်ဟာ (၁-၁၀-၂၀၁၃)ရက် ညနေ(၃)နာရီခွဲအချိန်ခန့်ကစတင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း
ရှမ်းပြည်နယ်ကိုစတင်ဖြတ်သန်းလာခဲ့ပါတယ်။ အဲဒီ ညနေပိုင်းကစပြီး တစ်ညလုံး မြန်မာနိုင်ငံအတွင်း ပိုင်းဒေသတွေ ကိုဖြတ်ကျော်လာခဲ့ပြီး၊ ညသန်းကောင်ယံအချိန်မှာတော့ ရခိုင်ပြည်နယ်အလယ်ပိုင်းကို ဆက်လက်ဖြတ်ကျော်နေပါတယ်။

မကြာမီ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းထဲကို ၀င်လာတော့မှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲရောက်ရင်တော့ ဘင်္ဂလားပင်လယ်အော်ရဲ့ ရာသီဥတုကို ပြန်ပြီး အားပျိုးလာစေဦးမှာဖြစ်တဲ့အပြင် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ပေါ်မှုကိုလည်းအားပေးစေတတ်တဲ့အတွက်
 နောက်(၂၄)နာရီဟာ စိတ်ဝင်စားစရာဖြစ်လာပါလိမ့်မယ်။

ကျွန်တော်လက်ရှိ အခြေအနေကို စောင့်ကြည့်အဆင့်သတ်မှတ်ထားပါတယ်။

ဒေါက်တာထွန်းလွင်

www.bellbagan.com


RangonNewsDaily:: October. 2.2013

တိုင်းဖွန်းမုန်တိုင်း Wutip ရဲ့ အကြွင်းအကျန်တိမ်တိုက်ဟာ (၁-၁၀-၂၀၁၃)ရက် ညနေ(၃)နာရီခွဲအချိန်ခန့်က
စတင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်ကိုစတင်ဖြတ်သန်းလာခဲ့ပါတယ်။

သံတွဲအကြမ်းဖက်မှု ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင် ကင်တားနားသတိပေး

RangonNewsDaily:: October. 2.2013
မြန်မာနိုင်ငံ အနောက်ခြမ်း သံတွဲမြို့မှာ အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့အပေါ်မှာ စိုးရိမ်မကင်းဖြစ်ရပြီး၊ ဒီလို အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို မေးခွန်းထုတ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။

Myanmar: 94-Year-Old Muslim Woman Stabbed to Death by Sword-Wielding Buddhist Mob

Myanmar Muslim violence

RangonNewsDaily:: October. 2.2013
Myanmar’s Muslim minority has been the target of Buddhist violence since last year. Muslim houses and villages are often torched (Reuters)A Buddhist mob has killed a 94-year-old Muslim woman and set at least 70 homes on fire in Myanmar's western state of Rakhine.

ရခိုင်အကြမ်းဖက်များ မီးရှို့ဖျက်ဆီးမှုကြောင့် မဲကျွန်းရွာမွတ်စလင်မ်ခြေ ၁၀ လုံးမီးလောင်ပျက်ဆီး

RangonNewsDaily:: October. 2.2013
သံတွဲမြို့နယ်၊မဲကျွန်းရွာ(အောင်မင်္ဂလာကုန်း)ရှိ အစ္စလမ်ဘာသာဝင်တွေကို ရခိုင်အကြမ်းဖက်သ
မားတွေက ယမန်နေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့ရာမှာ မွတ်စလင်မ်အိမ် ၁၀ လုံးမီးလောင်ပျက်ဆီး
သွားတယ်လို့ ဒေသခံတစ်ဦးက မြန်မာမွတ်စလင်မီဒီယာကိုပြောပါတယ်။

**သံတွဲသတင်း **မဲကျွန်းရွာ ဖျက်ဆီး လုယက် အကြမ်းဖက်ခံရ (ည ၁၁း၃၀)

RangonNewsDaily:: October. 1.2013

သံတွဲချောင်းရဲ့ တဘက်ကမ်းမှာ တည်ရှိတဲ့ မဲကျွန်းရွာကို အကြမ်းဖက်မီးရှို့ကြတဲ့ ရခိုင်အကြမ်းဖက်သမား
တွေဟာ လက်မောင်းတွင် သင်္ဃန်းတွေစီးထားတာကို မြင်တွေ့ရကြောင်း၊ရခိုင်အစွန်းရောက်တွေအပြင်ဘုန်း
ကြီး အချို့ပါ ၀င်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းသတင်းရရှိပါသည်။