Pages

Monday, September 23, 2013

မော်ဒလ်သွန်းဆက်ရဲ့ အလှဓာတ်ပုံလေးများ



RangonNewsDaily:: September 23, 2013
မော်ဒလ်သွန်းဆက်ရဲ့ အလှဓာတ်ပုံလေးများကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ Model အလှပဓာတ်ပုံလေး
များ တောင်းဆိုထားတဲ့သူငယ်ချင်းတွေကြိုက်နှစ်သက်မယ်လို့ထင်ပါတယ်။ ဖုန်းနှင့်ကွန်ပျုတာနည်းပညာ
များကိုလည်း အလျှင်းသင့်သလိုဖော်ပြပေးသွားပါမယ်။

လက်မှတ်ထိုးပြီး ချက်လက်မှတ်ထဲမှ ငွေကျပ် ၆၃ သိန်း ထုတ်ယူမှုဖြစ်ပွား

RangonNewsDaily:: September 23, 2013

လက်မှတ်ထိုးထားသည့် ချက်လက်မှတ် တစ်စောင်မှ ငွေကျပ် ၆၃ သိန်းအား ထုတ်ယူသွားသည့် ဖြစ်စဉ်ကို စက်တင်ဘာလ ၁၆ ရက်က ဧရာဝတီဘဏ် (ဘုရင့်နောင်ဘဏ်ခွဲ) တွင် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသင်္ကာသူ တစ်ဦးအား စတင်စစ် ဆေးနေပြီဖြစ်ကြောင်းကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

အသက်မပြည့်သေးသူကို အိမ်ထောင်သည်က ခိုးယူပေါင်းသင်းသဖြင့် အမှုဖွင့်တိုင်တန်း

RangonNewsDaily:: September 23, 2013

အသက်မပြည့်သေးသည့် သမီးငယ်ကို ခိုးယူပေါင်းသင်းသည့် အိမ်ထောင်ရှင် အမျိုးသားတစ်ဦးနှင့် ယင်းအမျိုးသား၏ ဇနီးဖြစ်သူတို့ကို အရေးယူပေးရန် တိုင်ကြားလာသဖြင့် မှော်ဘီရဲစခန်းက စက်တင်ဘာ ၂၁ ရက်တွင် အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန် လိုက်သည်။

မိချောင်းကန်အပိုင်း၁၊၂၊၃ မှ ပြည်သူများ ၇ ကြိမ်မြောက်ဆန္ဒဖော်ထုတ်

မိချောင်းကန်အပိုင်း၁၊၂၊၃ မှ ပြည်သူများ ၇ ကြိမ်မြောက်ဆန္ဒဖော်ထုတ်

ရန်ကုန် စက်တင်ဘာ ၂၃

တပ်မြေအဖြစ် မတရားသိမ်းဆည်းထားသည်ဟု ဆိုကာ မိချောင်းကန် အပိုင်း ၁၊၂၊၃ မှ ပြည်သူများ ယနေ့နေ့လည် ၂နာရီတွင် လူဦးရေ ၂၀၀ ခန့် ကမဟာဗန္ဓုပန်းခြံရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းဆန္ဒဖော်ထုတ်ပွဲကို ၇ ကြိမ်မြောက်ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး ယနေ့ နံနက်တွင်လည်း သင်္ကန်းကျွန်းမြို့နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။


ယခု ဆန္ဒဖော်ထုတ်ပွဲမှာ ယနေ့တွင် နှစ်ကြိမ်မြောက်ခန့် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်နိုင် ၊ အောင်နိုင်စိုး ( ကစ္ဆပ )

@[287336421282160:274:Popular Myanmar News Journal]

RangonNewsDaily:: September 23, 2013
တပ်မြေအဖြစ် မတရားသိမ်းဆည်းထားသည်ဟု ဆိုကာ မိချောင်းကန် အပိုင်း ၁၊၂၊၃ မှ ပြည်သူများ ယနေ့နေ့လည် ၂နာရီတွင် လူဦးရေ ၂၀၀ ခန့် ကမဟာဗန္ဓုပန်းခြံရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဇယ်တောက်ကစားကြပြီး နောက်ပြောင်ရာမှ လူသတ်မှုဖြစ်

RangonNewsDaily:: September 23, 2013

ဇယ်တောက်ကစားပြီး နောက်ပြောင်ရာမှ အချင်းချင်း ကတ်ကြေးဖြင့် ထိုးသတ်ခဲ့မှုတစ်ခု စက်တင်ဘာ ၂၁ ရက်က လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
အဆိုပါ လူသတ်မှုမှာ လှိုင်သာယာမြို့နယ် ရွှေရင်အေး ဘုရားလမ်းထိပ်ရှိ ကွမ်းယာဆိုင်တွင် ညနေ ၄ နာရီ ၄၅ မိနစ် လောက်က ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲဌာနက ဆိုထားသည်။

ယောက်ျား ဘောလုံးပွဲကြည့်၍ ဇနီးက ဆွဲကြိုးချ သတ်သေ

RangonNewsDaily:: September 23, 2013

ယောက်ျားဖြစ်သူ ဘောလုံးပွဲကြည့်သည် ကိစ္စဖြင့် စကားများကြပြီး ဇနီးဖြစ်သူက မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေခဲ့မှု တစ်ခု စက်တင်ဘာ ၂၀ ရက်က လှည်းကူးမြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ WCDMA Sim CARD ငါးသောင်းကျော် ပြန်လည်ရောင်းချပေးတော့မည်

RangonNewsDaily:: September 23, 2013

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းထားသည့် ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းနှစ်ထောင်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကျပ် ၁၅၀၀ နှုန်းဖြင့် စတင်ရောင်းချပေးမည်ဖြစ်ကြောင်း MPT က ထုတ်ပြန် ကြေညာသည်။

ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ သပိတ်စခန်းရုတ်သိမ်းတော့မည်


RangonNewsDaily:: September 23, 2013
ဟုန်ရှင်းအအေးခန်းစက်ရုံမှ အလုပ်သမားများ မဟာဗန္ဓုလပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်
မှုအား ယနေ့ညနေ ၄နာရီတွင် နှစ်ဖက်သဘောတူညီမှု ရရှိ၍ ယင်းသပိတ်စခန်းကို ပြန်လည်ရုတ်သိမ်းမည်
ဖြစ်ကြောင်းသိရသည်။

အမေ့ရဲ့သူရဲကောင်းလေး (ကဗျာ)

RangonNewsDaily:: September 23, 2013


အမေ့ရဲ့သူရဲကောင်းလေး

အမေရေ..

လောကကို လူတွင်ကျယ်လုပ်ချင်တဲ့

ကျွန်တော်ပါ..။

မတော်တဆမဟုတ်ပဲ

ချော်ချော်လဲကျတဲ့နေ့တွေလည်းများပြီ...

ကမ္ဘာ့ ပထမဦးဆုံး ကားတိုက်လို့ သေတဲ့ယာဉ်တိုက်မှု

Photo: ကမ္ဘာ့ ပထမဦးဆုံး ကားတိုက်လို့ သေတဲ့ယာဉ်တိုက်မှု
Monday, September 23, 2013

17ရက် Augustလ 1896ခုနှစ်မှာ အသက်44နှစ်ရှိ
Bridget Driscoll ဆိုသူဗြိတိန်အမျိုးသ္မီးဟာ လန်ဒန်မြို့ အရှေ့ တောင်ဘက်ရှိ
Crystal Palaceသို့ ခရီးထွက်ခဲ့ရာ လန်ဒန်မြို့ ရှိကြမ်းတမ်းတဲ့လမ်းကြောင့်
ယာဉ်တိမ်းမှောက်ပြီး သူမဟာဦးခေါင်းမှာထိခိုက်ဒဏ်ရာများရပြီး
မိနစ်ပိုင်းအတွင်းမှာပဲသေဆုံးခဲ့ပါတယ်...။

မျက်မြင်တစ်ယောက်ရဲ့ထွက်ဆိုချက်အရတော့ အဲ့ဒီ့အချိန်မှာကားဟာ
အလွန်အံ့သြစရာကောင်းတဲ့အရှိန်နဲ့ မောင်းလာတာကြောင့်လို့ ပြောထားပြီး
စစ်ဆေးချက်မှာလဲအရှိန်ဟာ တစ်နာရီ၎မိုင်နှုန်းတဲ့မောင်းထားပါတယ်။

ကမ္ဘာ့ ပထမဦးဆုံးမော်တော်ကားကို 1672ခုနှစ်မှာ
Ferdinand Verbiestဆိုသူဟာစတင်တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar

RangonNewsDaily:: September 23, 2013

17ရက် Augustလ 1896ခုနှစ်မှာ အသက်44နှစ်ရှိ Bridget Driscoll ဆိုသူဗြိတိန်အမျိုးသ္မီးဟာလန်ဒန်မြို့ အရှေ့ 
တောင်ဘက်ရှိCrystal Palaceသို ခရီးထွက်ခဲ့ရာလန်ဒန်မြို့ ရှိကြမ်းတမ်းတဲ့လမ်းကြောင့်ယာဉ်တိမ်းမှောက်
ပြီး သူမဟာဦးခေါင်းမှာထိခိုက်ဒဏ်ရာများရပြီးမိနစ်ပိုင်းအတွင်းမှာပဲသေဆုံးခဲ့ပါတယ်...။

" ဒါရိုက်တာဝိုင်းနဲ့ နှစ်နှစ်ကျော်ကြာမှပြန်လည်ဆုံဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်"

Photo: " ဒါရိုက်တာဝိုင်းနဲ့ နှစ်နှစ်ကျော်ကြာမှပြန်လည်ဆုံဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်"
Monday, September 23, 2013

စိုင်းစိုင်းခမ်းလှိုင်က ဖွေးဖွေး၊ ဒါရိုက်တာ ဝိုင်းတို့နဲ့ ဠောစငမန ဆိုတဲ့ ဇာတ်ကားကို ရိုက် ကူးနေပါတယ်။ဒီဇာတ်ကားမှာတော့ ဒါရိုက် တာဝိုင်းနဲ့နှစ်နှစ်နီးပါးမဆုံတာကြာပြီ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ပြန်လည်ဆုံပြီး ရိုက်ကူးတာဖြစ်ပါတယ်။

ဒီ လိုပြန်ဆုံတဲ့အခါ ဒါရိုက်တာဝိုင်း ရဲ့ရိုက်ကူးမှုနဲ့ပတ်သက်ပြီး မေးကြည့်ဖြစ်တော့ " ဒီဇာတ် လမ်းရဲ့ဇာတ်ကွက်လေးတော့ ဒိုင်ယာလော့ခ် လေးရော ကြိုက်တယ်။ အခုရိုက်ရင်း နဲ့ကိုယ့်ကိုယ်ကိုယ်ကျေနပ် နေတာ။ ကျွန်တော် ဒါရိုက် တာကိုဝိုင်းနဲ့ကားမရိုက်ဖြစ် တာနှစ်ချီနေပြီ။နှစ်နှစ်လောက် တောင်
ရှိမယ်ထင်တယ်။ "သစ္စာ စောင့်နတ်သမီး" ပြီးကတည်းက မရိုက်ဖြစ်ခဲ့တာ။ ကျွန်တော်တို့နှစ်ယောက်အ ရင် ရိုက်ဖူးတဲ့ကားတွေကလည်း ကျွန်တော်ရော၊ ပရိသတ်ရောစိတ်ကျေနပ် တယ်။

အောင်မြင်တဲ့ ကား တွေ ဖြစ်ခဲ့တော့ ဒီကားကိုလည်းအဲဒီလိုမျိုး ဖြစ်စေချင်တယ်။ ဒီဇာတ်လမ်းအကြောင်းပဲ စိတ်နှစ်ပြီးရိုက်ထားတယ်။ သရုပ်ဆောင်နဲ့ ဒါရိုက်တာဆိုတာ
သရုပ်ဆောင်က လက်အောက် ငယ်သား၊ဒါရိုက်တာက အထက်အရာရှိပေါ့။အဲဒီတော့ငယ်သားကအထက် အရာရှိကို ကောင်းတယ်၊ ဆိုးတယ် ဘယ်သိပ်ဝေဖန်တတ် မလဲဗျာ။အခုဒီကား ပေါက်မပေါက်တော့ မပြော တတ်ဘူး။ ထူးခြားတဲ့ကားလေးဖြစ်မှာပါ။ ဒီကား မှာ ဖွေးဖွေးဆိုလည်း သိပ်ချစ်ဖို့ကောင်းတယ်" လို့ ပြောပြပါတယ်။

အောက်တိုဘာ ၂၄ရက် နေ့မှာ တရုတ် နိုင်ငံရွှေကြက်ဖပွဲတော်ကို" အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်" ရုပ်ရှင် ဇာတ်ကား သွားရောက် ပြသမှာ ဖြစ်တဲ့အတွက်ဒီပွဲတော်ကိုသွားမယ့်

စိုင်းစိုင်းခမ်းလှိုင်က " ရုပ်ရှင်လုပ်ငန်းနဲ့ရုပ်ရှင်အစည်း အရုံးကလူကြီးတွေဦးဆောင်မှုနဲ့ ကျွန်တော်သွားမှာပါ။ ကျွန်တော်ဘာမှမသိပါဘူး။ မရောက် ဖူးလို့သွားလည်ရင်းနဲ့ပွဲလည်း မတက်ဖူးလို့သွား တာပါ။ နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက် တိုးတက် အနုပညာဖန်တီးတဲ့နေရာမှာတော့ အနုပညာသည် ပထမပေါ့။ ထောက်ကူ ပစ္စည်း တွေအသုံးပြုတဲ့စက်ကိရိယာတွေ၊ နည်းပညာ တွေက အနုပညာပြီးတော့မှဒုတိယလို့ ကျွန်တော် ကခံယူထားတာ။ နေရာတိုင်းမှာလို့ မပြောပါဘူး။

ဥပမာ သီချင်းတစ်ပုဒ်ရေးတဲ့ နေရာမှာ ဂစ်တာ အကောင်းစား၊ စက်အကောင်းစားကြီးတွေသုံး တာလည်းကောင်းပါတယ်။ ဒါပေမဲ့ သီချင်း ရေးတာကောင်းဖို့ကပိုအရေးကြီးတယ်။ အနုပညာ က ပိုအဓိကကျ တယ်လို့ ခံယူထားတဲ့သူဆိုတော့ ကျွန်တော်တို့ ဇာတ်ကားလေးကို ရိုက်တဲ့အချိန် ကသုံးတဲ့ ကင်မရာကအခုဆိုခေတ်မမီတော့ဘူး။ စက် ကိရိ ယာတွေလည်း ခေတ်မမီ တော့ဘူး။ ဒါပေမဲ့လည်း ဒါရိုက်တာရဲ့ အနုပညာ တင်ဆက် မှုကအရမ်းကောင်းတော့ ဒီကားကိုရွေးချယ် လိုက်ရတာ ကျွန်တော့် အယူအဆနဲ့ကိုက်ညီ တဲ့အတွက်သိပ်ဝမ်းသာပါတယ်" လို့
ပြောပြ ပါတယ်။

မေမွန်မောင်

Popular Journal

RangonNewsDaily:: September 23, 2013

စိုင်းစိုင်းခမ်းလှိုင်က ဖွေးဖွေး၊ ဒါရိုက်တာ ဝိုင်းတို့နဲ့ ဠောစငမန ဆိုတဲ့ ဇာတ်ကားကိုရိုက်ကူးနေပါတယ်။ဒီဇာတ်
ကားမှာတော့ ဒါရိုက် တာဝိုင်းနဲ့နှစ်နှစ်နီးပါးမဆုံတာကြာပြီ ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ပြန်လည်ဆုံပြီး ရိုက်ကူး
တာဖြစ်ပါတယ်။

ပါရဂွေး နိုင်ငံ ရဲ့ အလှမယ် Leryn Francoရဲ့ အလှဓာတ်ပုံလေးများ


RangonNewsDaily:: September 23, 2013

ပါရဂွေး နိုင်ငံရဲ့ အလှမယ် Leryn Francoရဲ့ အလှဓာတ်ပုံလေးများ ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ကော့သောင်းထောင်မှ အကျဉ်းသားသယ် သင်္ဘောနှင့် မိသားစုများ အဆက်အသွယ်ပြတ်ဟုဆို

Photo: ကော့သောင်းထောင်မှ အကျဉ်းသားသယ် သင်္ဘောနှင့် မိသားစုများ အဆက်အသွယ်ပြတ်ဟုဆို
Monday, September 23, 2013

ဆူပူမှု ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်၌ စက်တင်ဘာလ
၁၈ ရက်နေ့ည ၈ နာရီက ပြောင်းရွှေ့ခံခဲ့ရသော အကျဉ်းသား ၁၂၀ ကို တင်ဆောင်သွားသည့် သင်္ဘောသည် မည်သည့်နေရာ ရောက်ရှိနေသည် ဆိုသည်ကို ယခုအချိန်အထိ မသိရှိ ရကြောင်း ကော့သောင်းမြို့တွင် နေထိုင်
သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ စည်းရုံးရေးမှူးဦးသန်းထွန်းက
ပြောကြားသည်။

အဆိုပါ အကျဉ်းသားများကို မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားသည်ဟု စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက ပြောဆိုသော်လည်း ယင်းသင်္ဘောမှာ လေး
ရက်ကြာသည်အထိ မော်လမြိုင်သို့ ရောက်ရှိခြင်းမရှိသေးကြောင်း မော်
လမြိုင် မြို့ခံများထံမှ စုံစမ်းသိရှိရသည်ဟု ဦးသန်းထွန်းက ဆိုသည်။

ပင်လယ်ပြင်အတွင်း လှိုင်းလေ ပြင်းထန်ခြင်း မရှိသည့် ပုံမှန်အချိန်များတွင်
ကော့သောင်းမြို့မှ မော်လမြိုင်မြို့သို့ သင်္ဘောဖြင့်ခရီးသွားမည်ဆိုပါက
နှစ်ရက်ခန့်သာ ကြာမြင့်ကြောင်း၊ မြိတ်နှင့် ထားဝယ်သို့ သွားပါက တစ်ညအိပ်သာ ကြာမြင့်ကြောင်း ၎င်းကဆိုသည်။ “ပင်လယ်မှာ မိုးသက်
မုန်တိုင်း ဖြစ်ရင်တောင်မှ သုံးညအိပ်ဆို ရောက်ပါတယ်။ အခုဟာက ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ ကျောက်ချနေတာပဲ ဖြစ်မှာပါ။ စားနပ်ရိက္ခာ လုံလုံလောက်လောက် ပါသွားတယ်လို့တော့ ခရိုင်အုပ်ချုပ်ရေး
မှူးက ပြောတယ်” ဟု ဦးသန်းထွန်းက ပြောကြားသည်။

အကျဉ်းထောင် ပြောင်းရွှေ့သည့် အစီအစဉ်သည် ဒေသဆိုင်ရာ အစိုးရနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ သက်ဆိုင်ရာ အကျဉ်းဦးစီးဌာန၏ အစီအစဉ်သာ ဖြစ်ကြောင်း၊ ယင်းအကျဉ်းသား များကို မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“မော်လမြိုင်ဘက်ကို စုံစမ်းကြည့်လို့ ရသမျှတော့ အဲဒီကို မရောက်သေးဘူးလို့ သိရတယ်။ အကျဉ်းသား မိသားစုဝင်တွေလည်း စိတ်ပူနေကြတယ်။ ဘယ်ကိုရောက်လို့ ဘာတွေဖြစ်နေသလဲ ဆိုတာ သေချာမသိဘူး ဖြစ်နေတယ်” ဟု ကော့သောင်း မြို့ခံတစ်ဦးဖြစ်သူ ဦးစိုးလွင်က ဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကျဉ်းထောင်တွင်း ဆူပူဆန္ဒပြမှုများကြောင့် လုံခြုံရေးဝန်ထမ်းများက ပစ်ခတ်နှိမ်နင်းခဲ့ရာ လူတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး လူခုနစ်ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်ခဲ့ပြီးသည့်နောက် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းတွင် အကျဉ်းသား ၁၂၀ ကို ကော့သောင်းမြို့ရှိ တော်ဝင် သင်္ဘောဆိပ်မှတစ်ဆင့် ‘ပြည့်ဖြိုးထွန်း ၁၅’ သင်္ဘောဖြင့် တင်ဆောင်၍ ရွှေ့ပြောင်းခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

အစိုးရအာဘော် နိုင်ငံပိုင် သတင်းစာများတွင် အကျဉ်းထောင် တာဝန်ရှိသူများကို ကိုးကား၍ ထောင်သားအချို့ ထောင်ဖောက်ပြေးရန် ကြံစည်ရာမှ ဆူပူမှု ဖြစ်ပွားခြင်းကြောင့် ထောင်လုံခြုံရေးများက ထိန်းသိမ်းသည့်သဘော ရေးသား ဖော်ပြခဲ့သော်လည်း ပုဂ္ဂလိက သတင်းစာ အချို့တွင်မူ ထောင်ဝန်ထမ်းများ၏ ဖိနှိပ်မှုကို မခံနိုင်သောကြောင့် ဆန္ဒပြဆူပူခြင်း ဖြစ်ကြောင်း ဒေသခံများကို ကိုးကားရေးသားခဲ့သည်။

ထို့အပြင် ထောင်သားများကို ရွှေ့ပြောင်းရာတွင်လည်း လူ့ဂုဏ်သိက္ခာနှင့် မလျော်မကန် ရွှေ့ပြောင်းခြင်း၊ မိသားစုဝင်များနှင့် အဆက်အသွယ် လုပ်၍မရခြင်းမှာ အခြေခံ လူ့အခွင့်အရေးကို ထိပါးသည့် သဘောဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက မှတ်ချက်ပြုသည်။

(အောင်မျိုးထက်)
The Voice Weekly
လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခံရပြီး ၀န်ချီစက်ဖြင့် သင်္ဘောပေါ်သို့တင်ကာ မော်လမြိုင်ထောင်သို့ပြောင်းရွေ့ခံရသည့် အကျဉ်းသားများကို စက်တင်ဘာ ၁၈ရက်နေ့က တွေ့ရစဉ်
RangonNewsDaily:: September 23, 2013

ဆူပူမှု ဖြစ်ပွားခဲ့သော ကော့သောင်း အကျဉ်းထောင်၌ စက်တင်ဘာလ ၁၈ ရက်နေ့ည ၈ နာရီက ပြောင်းရွှေ့
ခံခဲ့ရသော အကျဉ်းသား ၁၂၀ ကို တင်ဆောင်သွားသည့် သင်္ဘောသည် မည်သည့်နေရာ ရောက်ရှိနေသည် ဆိုသည်ကို ယခုအချိန်အထိ မသိရှိ ရကြောင်း ကော့သောင်းမြို့တွင် နေထိုင်သူ ဒီမိုကရက်တစ်ပါတီ (မြန်မာ
) ၏ စည်းရုံးရေးမှူးဦးသန်းထွန်းကပြောကြားသည်။

Acerရဲ့ အဆင့်မြင့် Notebook Aspire R7 ၀ယ်ယူနိုင်ပြီ

Photo: Acerရဲ့ အဆင့်မြင့် Notebook Aspire R7 ၀ယ်ယူနိုင်ပြီ
Monday, September 23, 2013

Acerအမှတ်တံဆိပ်ရဲ့ ဆန်းသစ်တဲ့အသွင်အပြင်တွေ၊ ထူးခြားတဲ့ နည်းပညာတွေကို ပေါင်းစပ်ထုတ်လုပ် လိုက်တဲ့ Aspire Series R7 notebookကို မိတ်ဆက်ပေးပါရစေ။ Intelရဲ့ Core i5 3337U CPU 1.8GHz ပါဝင်ပြီး Turbo Boostကို 2.7 GHzအထိ ဆွဲတင်မောင်းနှင် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။ DDR3 8 GB memoryပါဝင်ပြီး သိုလှောင်မှုပမာဏ 1 TB HDD ဖြစ်တဲ့ အတွက်ကြောင့် လိုအပ်ချက်တွေကို ပြည့်စုံပြီးမြောက် စေ မှာအမှန်ပါပဲ။ Graphicအသုံးပြုမှု အတွက်ကိုတော့ Intelရဲ့ HD Graphic 4000 Seriesကို ထည့်သွင်းအသုံးပြုခွင့် ပေးထားမှုက ကျေနပ်စရာပါ။ မျက်နှာပြင်အရွယ် အစား 15.6” Full HD Ultraslim IPS Touch Pannelကို အသုံးပြုထားခြင်းက လိုသလိုစေခိုင်းဖို့ အတွက် အသင့်ဖြစ် နေစေပါတယ်။

ဒါအပြင် Acerရဲ့ အောင်မြင်နေတဲ့ Wirelessနည်းပညာဖြစ်တဲ့ Acer Nplify 802.11 a/g/n Wi-Fiနည်းပညာ၊ Bluetooth 4.0 နည်းပညာ၊ ရုပ်ထွက်ကြည်လင် ပြတ်သားတဲ့ Acer Crystal Eye HD Webcamနည်း ပညာ HDMI port, Gblan Hybride နည်းပညာပါဝင်လာမှုက ဘက်ထရီ ကိုပုံမှန်ထက် ပိုမို ကြာမြင့်စွာ အသုံးပြုနိုင်ပြီး ပါဝါစားသက်သာခြင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်စေမှာပါ။ ပုံမှန်အသုံးပြုချိန် 8 နာရီ ဆက်တိုက်အ သုံးခံနိုင်ပြီး Stand by modelအနေနဲ့ 12 နာရီကြာခံနိုင်ပါသည်။ လူကြိုက်များနေတဲ့ window 8 64 bits ကို လိုင်စင်အနေနဲ့ ပေါင်းစပ် ထည့်သွင်း ပေးထားမှုကလဲ ကျေနပ်မှုတွေ ပေးစွမ်းမှာပဲဖြစ်ပါတယ်။ အဆန်းသစ်ဆုံး နည်းပညာကတော့ notebookတစ်လုံးကို mode (3) မျိုးအနေနဲ့ပြောင်းလဲအသုံးပြုနိုင်တဲ့ EZel hinge နည်းပညာပဲဖြစ်ပါတယ်။

Notebook တစ်လုံးလို၊ Tablet တစ်လုံးလို၊ Desktop တစ်လုံးလို အသုံပြုနိုင်ခြင်းကို Dolby Home Theater Sound Systemနဲ့ တွဲဖက်အသုံးပြု ထားတဲ့အတွက် လူကြိုက်များတဲ့ Model အဖြစ် Computer Taipei 2013 ပြပွဲကြီးမှာ Red Dot Award for Desgin Excellenceဆု၊ Computer d8.i Desgin & Innovation Awardဆု၊ Best Choice award at Computer Taipei 2013ဆု စသည့်ဆုကြီး( 3 )ဆု ကိုရရှိခဲ့တဲ့ အမှတ်တံဆိပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့အသိအမှတ် ပြုခံထားရတဲ့ Acerအမှတ်တံဆိပ်ရဲ့ Aspire R7 notebookကို ဂုဏ်ယူစွာ အသုံးပြုနိုင်စေဖို့ ၀ယ်ယူချင်တယ် ဆိုရင်တော့ ရွှေလမင်းနဂါးကုမ္ပဏီမှ တင်သွင်းရောင်းချ ပေးလျက်ရှိပြီး အသေးစိတ်သိရှိလိုပါက Ph: 221683, 217233, 2800088 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဈေးနှုန်း – 1,514,000 ကျပ်ဝန်းကျင်

Myanmar ICT

RangonNewsDaily:: September 23, 2013

Acerအမှတ်တံဆိပ်ရဲ့ ဆန်းသစ်တဲ့အသွင်အပြင်တွေ၊ ထူးခြားတဲ့ နည်းပညာတွေကို ပေါင်းစပ်ထုတ်လုပ် လိုက်တဲ့ Aspire Series R7 notebookကို မိတ်ဆက်ပေးပါရစေ။ Intelရဲ့ Core i5 3337U CPU 1.8GHz ပါဝင်ပြီး Turbo Boostကို 2.7 GHzအထိ ဆွဲတင်မောင်းနှင် အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

တပ်မတော်သားသုံးဦး ပါဝင်သည့် နဝဒေးတံတားအောက် လူသတ်မှု ပြစ်မှုကျူးလွန်သူများကို အရေးယူပေးရန် ဒေသခံများ လက်မှတ်ရေးထိုး

RangonNewsDaily:: September 23, 2013

တပ်မတော်သားသုံးဦး ပါဝင်သည်ဟု စွပ်စွဲတိုင်ကြားထားသော ပြည်မြို့ နဝဒေး တံတားအောက် လူသတ်မှုနှင့် စပ်လျဉ်း၍ ပြစ်မှု ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ် အရေးယူပေးရန် ဒေသခံများက စက်တင်ဘာလ ဒုတိယပတ်မှ စတင်၍ စုပေါင်း လက်မှတ် ရေးထိုးနေပြီ ဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူများထံမှ သိရှိရသည်။

ရေနဲ့ မောင်းမယ့် Mercedes-Benz Ener-G-Force

Photo: ရေနဲ့ မောင်းမယ့် Mercedes-Benz Ener-G-Force
Monday, September 23, 2013

ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

တကယ်ထူးထူးခြားခြားပါပဲ။ ရေနဲ့မောင်းမယ်ဆိုတော့ ကားရဲ့ လုပ်ဆောင်ချက်က ဘယ်လိုလည်းလို့ အများက စိတ်ဝင်စားကြပါတယ်။ အသုံးပြုတဲ့ အင်ဂျင်က hydro-tech converter ဖြစ်ပါတယ်။ ရေထဲမှာ ဟိုက်ဒရိုဂျင်ကို ထုတ်ယူပြီး ပါဝါဆဲလ်အဖြစ် ဖန်တီးလို့ ကားကို မောင်းပေး မှာ ဖြစ်ပါတယ်။ ဒီတော့ အိတ်ဇောပိုက်မှာ ထွက်မယ့် အငွေ့က ကာဘွန်ဒိုင် အောက်ဆိုက်မဟုတ်ပဲ ရေငွေ့များ ဖြစ်မှာ ဖြစ်ပါတယ်။

ဟိုးယခင်အချိန်ခါက ရေနွေးငွေ့ အင်ဂျင်လိုလည် မဟုတ်ပါဘူး။ ရေနွေးငွေ့ အင်ဂျင်တုန်းက ရေနွေးငွေ့ဖိအား-Pressure အသုံးပြုမှုကို အခြေခံတာ ဖြစ် ပါတယ်။ ယခု ဟိုက်ဒရိုဂျင်ပြောင်းလဲ အင်ဂျင်ကတော့ ဟိုက်ဒရိုဂျင် ကို လောင်စာအဖြစ်အသုံးပြုပြီး သာမန် လောင်စာဆီ အင်ဂျင် ပေါက်ကွဲမှု လိုမျိုး စွမ်းအင် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ဂျာမနီ ကုမ္မဏီ တစ်ခုအနေနဲ့ ကမ္ဘာ့ပထမဆုံး ဖန်တီးလိုက်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆီလျော်တဲ့ ပထမဆုံး ရေအင်ဂျင် ဖြစ်ပါတယ်။ G-Force က လေးဘီးမောင်းစနစ်သုံး SUV ကားကြီး ဖြစ်ပါတယ်။ သာမန် ထုတ်လုပ်နေကျ SUV တွေထွက် ပိုမြန်ဆန်မှာမို့ G-Force ဆိုတဲ့ နာမည် ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

Concept အဆင့်ရှိ ကား Mercedes-Benz Ener-G-Force ကို မကြာမီ နှစ်များအတွင်း ထုတ်လုပ်ရောင်းချနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: autoblog
Aung Kham (ရိုးရာလေး)

RangonNewsDaily:: September 23, 2013

ဂျာမနီ Mercedes မှ ရေနဲ့မောင်းမယ့် Concept ကားတစ်စီးကို လော့အိမ်ဂျ လစ် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသ သွားခဲ့ပါတယ်။

လွှတ်တော်ထဲမှာ လမ်းပြင်တဲ့ကိစ္စ ၊ မီးမရတဲ့ ကိစ္စတွေကို ဆွေးနွေးနေ တယ်ဟု ဦးဇိုဇမ်းဆို

လွှတ်တော်ထဲမှာ လမ်းပြင်တဲ့ကိစ္စ ၊ မီးမရတဲ့ ကိစ္စတွေကို ဆွေးနွေးနေ
တယ်ဟု ဦးဇိုဇမ်းဆို


kolatt(PBDN): September. 23. 2013

အခုကျင်းပနေတဲ့လွှတ်တော် အပေါ် အမြင်သဘောထားရှိရင် ပြောပြပေးပါခင်ဗျာ။

ကျွန်တော်ဥပမာ (၂) ခုပေး ပြီးပြောချင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်
ဆိုတာက တဖြည်း ဖြည်းနောက်ဆုတ်ပေးရမယ်။ ကျွန်တော်တို့ရွေးကောက်ပွဲ
မတိုင် ခင်တုန်းက သိထားတာက လွှတ် တော်(၂)မျိုးပဲရှိတယ်လို့သိထား တယ်။

အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ပဲ။ နိုင်ငံရေး လောကထဲရောက်ပြီး ကိုယ်စား လှယ်ဖြစ်လာတော့ပြည်ထောင်စု လွှတ်တော်ကို ရင်ဆိုင်နေ
ရတယ်။ ပြည်ထောင်စုလွှတ်တော်ကိုအမျိုး သားလွှတ်တော်ကနေတင်ပြခဲ့တဲ့ အဆိုတစ်ခုဟာ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတဲ့အခါ ဘယ် တော့မှ မနိုင်ဘူး။ 

အမျိုးသား လွှတ်တော်ဆိုတာ အင်မတန် နည်းတဲ့လူတွေအတွက် လုပ်ထား တာဖြစ်တယ်။ ကျွန်တော်အမြင် ပြောရရင် အမျိုးသားလွှတ်တော် ကို လုပ်ပိုင်ခွင့် သက်သက်ပေးရ မယ်။ ပြည်သူ့လွှတ်တော်ရဲ့ လုပ် ပိုင်ခွင့်သက်သက်ပေးရမယ်လို့ ပြောချင်ပါတယ်။ 

အခုကျွန်တော် တို့ လွှတ်တော်ထဲမှာ ဖြစ်နေတာ က ဟိုနေရာမှာ လမ်းပြင်မဲ့ကိစ်္စ၊ ရပ်ကွက်မီးမရတဲ့ကိစ်္စ၊ အဆုံးစွန် ဆုံးကျောင်းအိမ်သာ၊ဈေးအိမ်သာ ကိစ္စ အဲဒါတွေက လွှတ်တော်ထဲ မှာ ပြောရမှာမဟုတ်ဘူး။ 

အခု ကျင်းပနေတဲ့ လွှတ်တော်က အဆင့်အတန်းတွေလိုနေသေး တယ်။ လွှတ်တော်ဆိုတာက တကယ့်တိုင်းရေးပြည်ရေးကို ဆွေးနွေးရမဲ့နေရာဖြစ်တယ်ဆိုတာ ကို ကျွန်တော်ပြောချင်ပါတယ်။ အိမ်ကိစ္စ၊ ယာကိစ္စ၊ ကျောင်းကိစ္စ၊ ကျောင်း
အိမ်သာဆောက်ဖို့ကိစ္စ။ 

အဲဒါတွေက တကယ်တမ်းက မြို့ နယ်ဦးစီးမှူး ရပ်ကွက်ဦးစီးမှူးတွေ လုပ်ရမဲ့ကိစ္စတွေဖြစ်တယ်။ လွှတ် တော်ထဲမှာ အဲဒီကိစ္စတွေ တင်ပြ မဲ့အစား ဒီလိုအချိန်ဆွဲပြီး လွှတ် တော်ခေါ်ယူတဲ့ တစ်နေ့ကုန်ကျ စရိတ်အားလုံးနဲ့ အမြန်ဆန်နဲ့ အကျိုးရှိတဲ့ လွှတ်တော်မျိုးဖြစ် သင့်ပါတယ်။

အခုပြည်နယ်နှင့်တိုင်းဒေသ ကြီး လုပ်ပိုင်ခွင့်ဥပဒေတွေ ထွက် ပေါ်လာခဲ့တဲ့ အမြင်သဘော ထား
ကိုပြောပေးပါခင်ဗျာ။အဲဒါကတော့ စာထဲမှာပဲရှိ ပါတယ်။ ကျွန်တော်သေချာဖတ် ကြည့်တော့ကျွန်
aတ်ာနားမလည် ပါဘူး။ 

စာထဲမှာရှိလို့ပါ။ လက် တွေ့တစ်ခုမှ မလုပ်လူးဆိုတာ ကျွန်တော်ပွင့်ပွင့်လင်းလင်းပြော ရဲပါတယ်။

မျိုးကျော်
HotNewsWeekly::--

RangonNewsDaily:: September 23, 2013

အခုကျင်းပနေတဲ့လွှတ်တော် အပေါ် အမြင်သဘောထားရှိရင် ပြောပြပေးပါခင်ဗျာ။
ကျွန်တော်ဥပမာ (၂) ခုပေး ပြီးပြောချင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ဆိုတာက တဖြည်း ဖြည်းနောက်
ဆုတ်ပေးရမယ်။ ကျွန်တော်တို့ရွေးကောက်ပွဲမတိုင် ခင်တုန်းက သိထားတာက လွှတ် တော်(၂)မျိုးပဲရှိတယ်
လို့သိထား တယ်။

အလုပ်ထုတ်ခံ ဟုန်ရှင်း အအေးခန်း လုပ်သားများ မြို့တော်ခန်းမရှေ့တွင် သပိတ်စခန်းဖွင့်


RangonNewsDaily:: September 23, 2013
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ဟုန်ရှင်း အအေးခန်းစက်ရုံကို ဖျက်သိမ်းမည်ဟုဆိုကာ ဆန္ဒပြလုပ်သား ၁၂၀ ကျော် ကို အလုပ်ထုတ်လိုက်သဖြင့် အဆိုပါ လုပ်သားများက စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြို့တော်ခန်းမရှေ့၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြနေကြကြောင်း အဆိုပါစက်ရုံမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် ဦးမင်းမင်းက ပြောကြားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ရေလယ်သောင်မှကလေး၂၀၀ ကျောင်း မတက်နိုင်ဖြစ်နေ

Photo: ရေကြီးနစ်မြုပ်မှုကြောင့် ရေလယ်သောင်မှကလေး၂၀၀ ကျောင်း မတက်နိုင်ဖြစ်နေ
Monday, September 23, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ စစ်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ရွာခန့် ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းသား ၂၀၀ခန့် တက်ရောက်နေသည့် ရေလယ်သောင်ရွာရှိ အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ကျောင်းပိတ်ထားရသည်ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

 “စစ်ကုန်းကျေးရွာအုပ်စုမှာရှိတဲ့ ရွာ ၁၁ရွာလုံး ရေဘေးဒုက္ခခံစားနေရာတာ ခုနစ်ရက်လောက်ရှိပြီ။ အဲ့ဒီထဲမှာ ရေလယ်သောင်ရွာက အဆိုးဆုံးပါပဲ၊ တစ်ရွာလုံး ရေမြုပ်သွားလို့ ကျောင်းလည်း ပိတ်လိုက်ရတယ်”ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သူရက ပြောသည်။

 အဆိုပါမူလတန်းလွန်ကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသားဦးရေမှာ ၂၀၀ခန့်ရှိပြီး ရေဘေးကြောင့် စာမသင်ကြား နိုင်သည်မှာ ခုနစ် ရက်ခန့်ရှိပြီဖြစ်သည်ဟု အဆိုပါကျေးရွာနေ ဦးနိုင်ဝင်းက ဆိုသည်။

“ဆရာ၊ဆရာမတွေက ဟင်္သာတမြို့ပေါ်ကနေ လာသင်ရတာ၊ အခုရေကြီးနေတော့ ဘယ်လိုမှ လုပ်လို့မရဘူး၊ ရေကျ သွားရင်တော့ စနေ၊ တနင်္ဂနွေမှာပါ ကျောင်းဖွင့်ပြီး သင်မယ်လို့ ပြောပါတယ်”ဟု ၄င်းက ပြောသည်။

အဆိုပါဒေသရှိ ကျေးရွာများမှာ နှစ်စဉ်ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသော်လည်း ယခုနှစ်သည် ရေကြီးမှု ပိုမိုဆိုးရွားကာ ရေပြန် မကျခြင်းကြောင့် အလုပ်အကိုင်များပါခက်ခဲလာသည့်အတွက် ဒုက္ခသည်များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျန်းမာရေးအတွက် ဆေးဝါးလုံလောက်နေပေမယ့် အစားအစာနဲ့ သောက်ရေကတော့ အတော့်ကို ခက်ခဲနေပါပြီ၊ အလှူရှင် တွေရှိနေပေမယ့် လူဦးရေများလာတာကြောင့် မလုံလောက်တော့ပါဘူး”ဟု စစ်ကုန်းကျေးရွာအုပ်စုမှ ကျန်းမာရေးမှူး ဦးဌေးညွန့် က ဆိုသည်။

အဆိုပါရေနစ်မြုပ်လျက်ရှိသော ကျေးရွာ ၁၁ရွာတွင် စစ်ကုန်းရွာ၊ ရေလယ်သောင်ရွာ၊ ရေပိုစုရွာ၊ ငါးဆယ်ကျွန်း၊ တောင်လုံးစု စသည့်ရွာငါးရွာသည် ဆိုးရွားစွာရေနစ်မြုပ်လျက်ရှိပြီး ဒုက္ခသည်စခန်း ငါးခုဖွင့်ထားကာ ရေဘေးဒုက္ခသည်ပေါင်း တစ်ထောင်ကျော် ရှိပြီဖြစ်သည်။

ဟင်္သာတခရိုင်အတွင်း ရေကြီးနစ်မြုပ်မှုသည် စက်တင်ဘာ ၉ရက်မှ စတင်ခဲ့ပြီး စက်တင်ဘာ ၂၃ရက်အထိ အနည်းငယ်သာ ရေပြန်ကျခဲ့ပြီး ရွာ (၁၁)ရွာမှာ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရဆဲဖြစ်သည်။

Myit Ma Kha Media Group

RangonNewsDaily:: September 23, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ စစ်ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၁ရွာခန့် ရေကြီးနစ်မြုပ်မှုကြောင့် ကျောင်းသား ၂၀၀ခန့် တက်ရောက်နေသည့် ရေလယ်သောင်ရွာရှိ အမှတ်(၁) အခြေခံပညာ မူလတန်းလွန်ကျောင်းသည် ကျောင်းပိတ်ထားရသည်ဟု စစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။

အနည်းဆုံး လူ(၁၀၁) ဦး သေပျောက်ခဲ့ တဲ့  မက်ဆီကို နိင်ငံက ဟာရီကိန်းမှန်တိုင်း

Photo: အနည်းဆုံး လူ(၁၀၁) ဦး သေပျောက်ခဲ့ တဲ့  မက်ဆီကို နိင်ငံက ဟာရီကိန်းမှန်တိုင်း
Monday, September 23, 2013

ပြီးခဲ့ တဲ့  စနေ့  နေ့  က မက်ဆီကိုနိင်ငံ Acapulco မြို့  မှာ တိုက်ခိုက်
ခဲ့ တဲ့  ဟာရီကိန်းမုန်တိုင်းမှ အနည်းဆုံးလူ (၁၀၁) ဦးသေဆုံးခဲ့ ပါတယ်။ မုန်တိုင်းပြီးဆုံး ပြီး တနင်္ဂနွေနေ့ မှာတော့  အရေးပေါ်ကယ်ဆယ်ရေး
ဝန်ထမ်းတွေဟာ မုန်တိုင်းဘေးသင် ဒုက္ခသယ့်ပြည်သူများကို ရှာဖွေ
ကယ်တင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မှန်တိုင်းတိုက်ခိုက်ပြီးရေလွှမ်းမိုးမူကြောင့်  မြို့ တွင်းရှိလူအချို့ ကို စားသောက်
ဆိုင်တန်းနှင့်  အပန်းဖြေဟိုတယ်များတွင် နေရာချထားပေးခဲ့ ရပြီး လူပေါင်း
(၅)သောင်းကျော်ကို ဘေးလွတ်ရာကိုရွှေ့ ပြောင်းပေးခဲ့ ရပါတယ်။

ဒီမှန်တိုင်းကြောင့် လူပေါင်း (၂၂,၀၀၀)တို့  အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ ရပြီး နိင်ငံအတွင်းရှိ ၁သန်းထက်ပိုသောလူများဘေးအန္တာရယ်ကြုံကြိုက် ခဲ့ ရတယ်လို့ သတင်းရရှိပါတယ်။

ဘေးအန္တာရယ်များကင်းဝေးကြပါစေ။

Aung Heine (MM Social Sky)

RangonNewsDaily:: September 23, 2013
ပြီးခဲ့ တဲ့  စနေ့  နေ့  က မက်ဆီကိုနိင်ငံ Acapulco မြို့  မှာ တိုက်ခိုက် ခဲ့ တဲ့  ဟာရီကိန်းမုန်တိုင်းမှ အနည်းဆုံး
လူ(၁၀၁)ဦးသေဆုံးခဲ့ ပါတယ်။ မုန်တိုင်းပြီးဆုံး ပြီး တနင်္ဂနွေနေ့ မှာတော့ အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်း
တွေဟာမုန်တိုင်းဘေးသင် ဒုက္ခသယ့်ပြည်သူများကိုရှာဖွေကယ်တင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လိုသိ
ရပါတယ်။

iPhone 5S ၏ Touch ID လက်ဗွေ လုံခြုံရေးနစ် ၂ ရက်အကြာတွင် ဖောက်ထွင်းခံရပြီ

iPhone 5S ၏ Touch ID လက်ဗွေ လုံခြုံရေးနစ် ၂ ရက်အကြာတွင် ဖောက်ထွင်းခံရပြီ

ဂျာမန်အခြေစိုက် Chaos Computer Club အနေဖြင့် iPhone 5S အား ကမ္ဘာတစ်ဝန်းသို့ စတင်ဖြန့်ဖြူးခဲ့ပြီး ၂ ရက်အကြာတွင် ယင်း၏ နာမည်ကျော် Touch ID လက်ဗွေ လုံခြုံရေးစနစ်အား အောင်မြင်စွာ ဖောက်ထွင်းဝင်ရောက် နိုင်ခဲ့ပြီဟု ထုတ်ဖော်ကြေညာခဲ့သည်။ 

Chaos Computer Club (CCC) အနေဖြင့် အဆိုပါ သတင်းအား လက်တွေ့ ဗီဒီယိုမှတ်တမ်းနှင့်အတူ ယင်းတို့၏ ဝက်ဘ်ဆိုဒ်ပေါ်၌ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။ CCC ၏ Biometric Hacking Team အနေဖြင့် သုံးစွဲသူ၏ လက်ဗွေရာအား iPhone ၏ မျက်နှာပြင်ပေါ်မှ ဓာတ်ပုံရိုက်ကူး ရယူခဲ့ကာ လက်ဗွေရာအတုအား ပလတ်စတစ်ပြားလေး တစ်ခုပေါ်တွင် ဖန်တီးခဲ့ပြီး သီးခြားသူတစ်ဦး၏ လက်ချောင်းနှင့် ကပ်ကာ Home Button တွင် စကင်ဖတ်ကာ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

ဗီဒီယိုလင့်ခ် - http://www.youtube.com/watch?v=HM8b8d8kSNQ&feature=youtu.be

ဤ သတင်းမှာ iPhone သုံးစွဲသူများ၊ အထူးသဖြင့် စီးပွားရေး လုပ်ငန်းများအတွက် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ဖွယ် အနေအထားတစ်ခု ဖြစ်လာခဲ့သည်။ 

“ဒါဟာ ဘာကိုပြသလဲဆိုရင် လက်ဗွေဖတ် စနစ်များကို အသုံးပြုပြီး လုံခြုံရေး ဆောင်ရွက်ဖို့ ဘယ်နည်းနဲ့မှ မသင့်တော်လို့ အသုံးပြုခြင်းမှ ရှောင်ရှားသင့်တယ် ဆိုတာပါပဲ။ ကျွန်တော်တို့ ရှာဖွေတွေ့ရှိ ခဲ့တာကတော့ Apple ရဲ့ Touch ID Sensor လက်ဗွေဖတ်စနစ်ဟာ သမားရိုးကျ လက်ဗွေဖတ်စနစ်ထက် ရုပ်ပုံသိပ်သည်းဆ (Resolution) သိပ်သည်းခြင်းပဲ ဖြစ်ပါတယ်။” ဟု Chaos Club မှ ဖော်ပြထားသည်။ 

ယင်းတို့က ဆက်လက်ပြီး “ဒါကြောင်မို့လို့ လက်ဗွေအတုကို ဖန်တီးရာမှာ ပုံထွက်သိပ်သည်းဆကို မြှင့်တင်ပေးလိုက်ခြင်းဖြင့် Touch ID ကို လှည့်စားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ လက်ဗွေလုံခြုံရေးနစ်ဟာ မသုံးတာပဲ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိတို့ရဲ့ လက်ဗွေရာများကို ရောက်ရာအရပ်မှာ ထားခဲ့ကြလို့ပါပဲ။ လက်ဗွေအတုတစ်ခုကို ဖန်တီးရတာ အရမ်းလွယ်ပါတယ်။” ဟု ဖော်ပြသွားသည်။ 

ထူးခြားသည့် အချက်မှာမူ Chaos Club အနေဖြင့် Apple မှ ပြောကြားထားသည့် အထူးလုံခြုံသည့် လက်ဗွေအချက်အလက် သိုမှီးရာ နေရာမှ လက်ဗွေအား ရယူခဲ့ခြင်း မဟုတ်ပဲ သုံးစွဲသူ၏ လက်ဗွေရာနှင့် ဖုန်းအား ပြင်ပတွင် ရယူရန် ကြိုးပမ်းသည့် နည်းလမ်းဖြစ်သည်။ 

ဤသတင်းအား Apple ဖက်မှ တုန့်ပြန်ခြင်း မရှိသေးပေ။

ယခု လုံခြုံရေးဆိုင်ရာ ဖောက်ထွင်းခံရမှုမှာ iPhone 5S နှင့် iOS 7 တို့ ထွက်ရှိလာပြီး တစ်ပတ်အတွင်း တတိယအကြိမ်ဖြစ်သည်။ 

ပထမအကြိမ်တွင် ဟက်ကာတစ်ဦးက iPhone 4S နှင့် iPhone 5 တွင် ထည့်သွင်းထားသည့် iOS 7 ၏ Control Center ၏ ဟာကွက်တစ်ခုမှတဆင့် ဖုန်းအတွင်းရှိ ဓာတ်ပုံများကို ရယူပြီး အီးမေးလ်လုပ်နိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ 

ဒုတိယအကြိမ်တွင်မူ အခြား ဟက်ကာတစ်ဦးက အရေးပေါ် ဖုန်းခေါ်ဆိုမှု screen မှတဆင့် မိမိအလိုရှိရာ ဖုန်းနံပါတ်အား ဆက်သွယ်ခေါ်ဆိုနိုင်သည်ကို တွေ့ရှိခဲ့သည်။

RangonNewsDaily:: September 23, 2013
ဂျာမန်အခြေစိုက် Chaos Computer Club အနေဖြင့် iPhone 5S အား ကမ္ဘာတစ်ဝန်းသို့ စတင်ဖြန့်ဖြူးခဲ့ပြီး ၂ ရက်အကြာတွင် ယင်း၏ နာမည်ကျော် Touch ID လက်ဗွေ လုံခြုံရေးစနစ်အား အောင်မြင်စွာ ဖောက်ထွင်းဝင်ရောက် နိုင်ခဲ့ပြီဟု ထုတ်ဖော်ကြေညာခဲ့သည်။