Pages

Saturday, September 21, 2013

ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ နှင့် အဖွဲ့ ပြည်မြို့ရေဘေးသင့်များအားလာရောက်လှုဒါန်း


RangonNewsDaily:: September 21, 2013

ယနေ့မနက် (၉)နာရီအချိန်ခန့် ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူသည် ပြည်မြို့ရေဘေးသင့်
ခံစားနေရသူများ အိမ်အရောက်လာရောက်လှုဒါန်းသွားကြောင်းသတင်းရရှိခဲ့ပါသည် အဆိုပါ နာ/ကူ ရန်ကုန် အဖွဲ့ကို ပြည်မြို့နေ မိုးမေတ္တာပရဟိတလူငယ်သွေးလှုရှင်များအသင်း မှ ဦးဆောင်ပြီး ပြည်မြို့ အတွင်းရေဘေးသင့်လျှက်ရှိသော နေရာ နှင့် ရေနစ်မြုပ်လျှက်ရှိသောနေအိမ်များသို့ လိုက်လံပို့ဆောင်ကူညီအားဖြည့်ခဲ့ပါသည်။

"ရေဘေးသင့် ပြည်သူများအား ဆက်သယ်ရေး ကုမ္ပဏီ Ooredoo မှ ငွေလှူဒါန်း"

RangonNewsDaily:: September 21, 2013

မြန်မာရေဘေးသင့် ပြည်သူများအား ဆက်သယ်ရေး ကုမ္ပဏီ Ooredoo မှ အမေရိကန်ဒေါ်လာ လေးသောင်း ထပ်မံ လှူဒါန်းခဲ့ကြောင်း ယင်းကုမ္ပဏီမှ ထုတ်ပြန်ချက်အရ သိရသည်။::
“ရေဘေးသင့်ပြည်သူတွေ ထောက်ပံ့လှူဒါန်းမှုတွေ အများကြီးလိုအပ်နေတဲ့အတွက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ Ooredoo အနေနဲ့လည်း လူ့အဖွဲ့အစည်းအတွင်း အကူအညီလိုအပ်နေတဲ့ အချိန်မှာ ကူညီပေးတဲ့အလေ့အထကောင်း ရှိပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း USAGI မကာအိုနှင့် ဟောင်ကောင်မြို့များကို ဦးတည်တိုက်ခတ်ရန် သေချာသလောက်ရှိ

စူပါတိုင်ဖွန်းမုန်တိုင်း USAGI မကာအိုနှင့် ဟောင်ကောင်မြို့များကို ဦးတည်တိုက်ခတ်ရန် သေချာသလောက်ရှိ
By mmweather.ygn, on September 21st, 2013
http://blog.mmweather.com/2013/09/21/super-typhoon-usagi-17w-3/

တောင်တရုတ်ပင်လယ်မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W)သည် မကာအိုမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၅ဝ ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်(Heading 280 degrees)သို့ တစ်နာရီ ၁၂ မိုင်နှုန်းခန့်ဖြင့်ဆက်လက်ရွေ့လျားလျှက်ရှိပါသည်။ မုန်တိုင်းသည် စက်တင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီမတိုင်မီ ဟောင်ကောင်နှင့် မကာအို မြို့ကြားမှ တရုတ်(ပြည်မ)Guangdong ပြည်နယ် ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်စဉ် မုန်တိုင်းဗဟို၌ လေတိုက်နှုန်း 80 knots မှ 105 knots(တစ်နာရီ ၉၂ မိုင်မှ မိုင် ၁၂ဝ နှုန်းအထိရှိပြီး၊ မုန်တိုင်းဗဟို၌ မုန်တိုင်းဒီလှိုင်းအမြင့် ၄၈ ပေအထိ ရှိနိုင်ကြောင်းနှင့် မုန်တိုင်းအရွယ်အစား အချင်း ကီလိုမီတာ ၁၁ဝဝ(၆၈၃.၅ မိုင်) ရှိမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မိုးလေဝသဌာနများနှင့် ကွန်ပျူတာမော်ဒယ်များမှ ခန့်မှန်းထားပါသည်။(ပုံ-၁)

မုန်တိုင်း USAGI သည် ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ တဖြည်းဖြည်းအားပျော့သွားပြီး စက်တင်ဘာလ ၂၄ ရက် မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီနောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိပြီး ပျက်ပြယ်သွားမည်ဟု ခန့်မှန်းထားပါသည်။ မုန်တိုင်းပျက်ပြယ်သွားပြီးနောက် မုန်တိုင်း အကြွင်းအကျန်များသည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် မိုးသည်းထန်မည့် အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းရပါသဖြင့် အထက်ပါရက်နောက်ပိုင်းကာလအတွက် သတိပြုကာကွယ်နိုင်ကြပါရန်
ကြိုတင်သတိပေးတင်ပြအပ်ပါသည်။(ပုံ-၂)

RangonNewsDaily:: September 21, 2013
တောင်တရုတ်ပင်လယ်မြောက်ပိုင်းသိ
ု့ ဝင်ရောက်လာပြီးဖြစ်သည့် စူပါတိုင်ဖွန်းမုန်တိုင်း USAGI(17W)
သည် မကာအိုမြို့ အရှေ့-အရှေ့တောင်ဘက် မိုင် ၄၅ဝ ခန့်အကွာ ပင်လယ်ပြင်၌ ဗဟိုပြုနေပြီး အနောက်-အနောက်မြောက်ဘက်(Heading 280 degrees)သို့ တစ်နာရီ ၁၂ မိုင်နှုန်းခန့်ဖြင့်ဆက်လက်ရွေ့လျားလျှက်
ရှိပါသည်။ 

ငါးသယ်ယာဉ် ဘရိတ်ပေါက်၍ လမ်းတစ်ဖက်ခြမ်းမှ လူများကို ဝင်တိုက်၊ တစ်ဦးသေဆုံး

ငါးသယ်ယာဉ် ဘရိတ်ပေါက်၍ လမ်းတစ်ဖက်ခြမ်းမှ လူများကို ဝင်တိုက်၊ တစ်ဦးသေဆုံး 

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။ 

မစ်ဆူဘီရှီ ကန်တာ (Canter) ငါးသယ်ယာဉ်သည်  လှိုင်သာယာမြို့နယ်ဘက်မှ အောင်ဇေယျတံတားအတိုင်း မောင်းနှင်လာပြီး အင်းစိန်မြို့နယ်ဘက် တံတားအဆင်းတွင်  တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တိုက်မိသွားကြောင်း၊ ယာဉ်သည် ဆက်လက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ထပ်မံတိုက်မိခဲ့ကြောင်း မျက်မြင် တွေရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက The Voice သို့ ပြောကြားသည်။ 
“ကားပေါ်ကနေ ပြုတ်ကျတဲ့ ငါးတွေကော၊ လူတွေကော ပြန့်ကျဲနေတာပဲ။ ဆုံးသွားတဲ့ အမျိုးသားက သူ့အမျိုးသမီးနဲ့ ဈေးသွားနေတဲ့ အချိန်မှာ ခုလိုတိုက်မိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်သာယာမြို့နယ်တွင်နေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ဇနီးနှင့် လှိုင်သာယာမြို့နယ်တွင်နေသူ အမျိုးသမီးတစ်ဦး၊ အင်းစိန်ကမ်းနားတွင် အလုပ်ဆင်းမည့် ကုန်ထမ်းသမား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ်  ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမှတ် (၁၄) မှ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

ယာဉ်တိုက်ခံရသူ လေးဦးအနက် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဆေးရုံ အရောက်တွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို အင်းစိန် ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသနေကြောင်း အဆိုပါ ယာဉ်ထိန်းရုံးထံမှ သိရှိရသည်။

လူလေးဦးကို ဝင်တိုက်သည့် ငါးသယ်ယာဉ်မောင်းကို ဖမ်းမိထားပြီး (ပ) ၁၀၉/၁၃၊ ပြစ်မှု ၃၀၄(က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း  အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရှိရသည်။

RangonNewsDaily:: September 21, 2013
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဇေယျတံတားအဆင်း ကမ်းနား အလယ်ရပ်ကွက် လှိုင်မြစ်လမ်းပေါ်တွင် စက်တင်ဘာလ ၂၀ ရက် နံနက် ၇ နာရီခန့်က လမ်းလျှောက်လာသည့် လူလေးဦးကို ငါးတင်ဆောင်လာသည့် ယာဉ်က ဘရိတ်ပေါက်ကာ ဝင်တိုက်ရာမှ လူတစ်ဦး သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

စာနာမှုနဲ့ ကူညီဖို့ နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

စာနာမှုနဲ့ ကူညီဖို့ နိုင်ငံတကာကို ဒေါ်အောင်ဆန်းစုကြည် ပန်ကြား

မြန်မာ့လူ့အဖွဲ့အစည်းမှာ ပဋိပက္ခတွေဖြစ်တာကို မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာလို့မကြည့်ပဲ၊ အကြောက်တရား လွှမ်းမိုးခံခဲ့ရတာတွေကြောင့် ဖြစ်ရတာလို့ရှုမြင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စာနာနားလည်မှုနဲ့ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ပြောလိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ စီးပွားရေးညီလာခံမှာ ပြောလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်ပလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ နိုင်ငံရေးတည်ငြိမ်တဲ့အထိ စောင့်သင့်ပါသလားလို့ မေးမြန်းတဲ့အခါမှာ စီးပွါးရေးကောင်းအောင်လုပ်ဖို့ဆိုရင် အရင်းအနှီးလိုတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်ကဆိုပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံထားပြီးသားသူတွေ ပြန်ထွက်သွားဖို့ သူ့အနေနဲ့ အကြံပေးမှာမဟုတ်ပဲ လုပ်လက်စအတိုင်းဆက်လုပ်ကြဖို့ကိုပဲ ဆန္ဒရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တာဝန်ယူနိုင်သမျှယူဖို့တော့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စီးပွါးရေး ပြုပြင်ပြောင်းလဲမှုအရှိန် ရှိနေတယ်ဆိုပေမယ့် လူ့အဖွဲ့အစည်းအတွင်းဖြစ်နေတဲ့ အကြမ်းဖက်ပဋိပက္ခတွေရယ်၊ တရားဥပဒေစိုးမိုးမှု အားနည်းနေတာတွေရယ်ဟာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ နောက်တွန့်သွားနိုင်တယ်လို့  သတိပေးပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့  အပစ်အခတ်ရပ်နိုင်နေပြီဆိုပေမယ့်၊ တကယ့်ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်တဲ့အခြေအနေ မရောက်သေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

RangonNewsDaily:: September 21, 2013
မြန်မာ့လူ့အဖွဲ့အစည်းမှာ ပဋိပက္ခတွေဖြစ်တာကို မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြတာလို့မကြည့်ပဲ၊ အကြောက်တရား လွှမ်းမိုးခံခဲ့ရတာတွေကြောင့် ဖြစ်ရတာလို့ရှုမြင်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စာနာနားလည်မှုနဲ့ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ပြောလိုက်ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ လမ်းလျှောက်ပွဲကျင်းပ

RangonNewsDaily:: September 21, 2013

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုကြီး ငြိမ်းချမ်းပါစေ ရည်ရွယ်ချက်ဖြင့် စုပေါင်းလမ်းလျှောက်ပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့မှစ၍ နေ့လည် ၁၂ နာရီတွင် ငြိမ်းချမ်းရေး လိုလားသူအချို့က ဦးဆောင်လမ်းလျှောက်ခဲ့ကြသည်။

လက်နက်ကိုင်အဖွဲ့အစည်းများနှင့်အစိုးရအဖွဲ့၏ ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းနေ့အထိမ်းအမှတ်ပွဲ မော်လမြိုင်၌ကျင်းပ

RangonNewsDaily:: September 21, 2013
မွန်ပြည်နယ်အစိုးရအဖွဲ့အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို မော်လမြိုင်မြို့၌ ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့သည်။

“ နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်းရှိ ကုန်အာန်ကျမ်းစာအုပ် တူရကီနိုင်ငံတွင်တွေ့ရှိ ”

RangonNewsDaily:: September 21, 2013
ဆွလာသ်(အစ္စလာမ်ဘာသာဝင်များ နေ့စဉ် ဝတ်ပြုခြင်း) ၀တ်ပြုသည့် ဖျာဖြင့်ထုပ်ထားပြီး လက်ဖြင့်ရေးသားထားသော နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိ ကုန်အာန်ကျမ်းစာအုပ် တစ်အုပ်အား တူရကီနိုင်ငံအနောက်တောင်ပိုင်း Aegean ဒေသ Muğla ပြည်နယ်ရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။

ခရီးသည်တင်ယာဉ်တွင် အပိုယာဉ်နောက်လိုက်များ လိုက်ပါမှုကို ထိရောက်စွာ အရေးယူမည်

RangonNewsDaily:: September 21, 2013
ရန်ကုန် မြို့တွင်းပြေးဆွဲနေသော ခရီးသည် တင် မော်တော်ယာဉ်များတွင် အပို ယာဉ်နောက်လိုက် (ဘော်ဒါ
စပယ် ယာ)များလိုက်ပါမှုကိုထိရောက်စွာစစ်ဆေးအရေးယူ သွားမည် ဖြစ်ကြောင်းမထသ(ဗဟို)မှသိရသည်။ 
ယာဉ်လိုင်းများတွင် ယာဉ် လိုက်ခွင့်စစ်ဆေးပြီး သတ်မှတ် ခန့်အပ်ထားသော ယာဉ်လုပ်သား များမှအပ အပို
လိုက်ပါလျက်ရှိ သော ဘော်ဒါစပယ်ယာများကို ခရီးသည်တင် မော်တော်ယာဉ်များ တွင် စစ်ဆေးတွေ့ရှိပါက အဆိုပါ ယာဉ်၏ တရားဝင်ယာဉ်လုပ်သား များကို အရေးယူမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း မထသ(ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။

မန္တလေးတွင် ငလျင်သုံးကြိမ် ဆက်တိုက်လှုပ်

RangonNewsDaily:: September 21, 2013

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ငလျင်သုံးကြိမ် ဆက်တိုက် လှုပ်ခတ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် အမေဇုန် သစ်တောရှိ ရှားပါးမျိုးစိတ် အယ်လပိုင်းမားငါး အပါအ၀င် ငါးမျိုးစိတ်လေးမျိုး စတင်ပြသ

Photo: ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် အမေဇုန် သစ်တောရှိ ရှားပါးမျိုးစိတ် အယ်လပိုင်းမားငါး အပါအ၀င် ငါးမျိုးစိတ်လေးမျိုး စတင်ပြသ
Saturday, September 21, 2013

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် အမေဇုန် သစ်တောရှိ ရှားပါးမျိုးစိတ် အယ်လပိုင်းမားငါး (Ara-pima)၊ Cat fish ငါး၊ Lucky နှင့် ငါးခူအမျိုးအစား ငါးမျိုးစိတ် လေးမျိုးကို စတင်ပြသလျက်ရှိကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

ငါးအမျိုးအစား လေးမျိုးအနက် အယ်လပိုင်းမားငါး (Arapima) ငါး အမျိုးအစားမှာ အရှည် ငါးပေခြောက်လက်မနှင့် အလေးချိန်ပေါင် ၈၀ ခန့်ရှိပြီး ခန့်မှန်းချက်အရ နောက်ပိုင်းတွင် အရှည်ရှစ်ပေနှင့် အလေးချိန်ပေါင် ၂၂၀ ခန့်အထိ ရှိလာနိုင်ကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၏ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

အဆိုပါ ငါးမျိုးစိတ် လေးမျိုးကို အလှူရှင် တစ်ဦးက စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ လာရောက်လှူဒါန်းခြင်းဖြစ်ပြီး အမေဇုန် သစ်တောတွင်သာရှိသော လူကြိုက်များသည့် အလှမွေး အသားစားငါး အမျိုးအစားများဖြစ်ကာ ယင်းငါးများကို အစာအဖြစ် ပလာတူငါးများ တစ်နေ့တစ်ပိသာခန့် ကျွေးမွေးရကြောင်း သိရသည်။

"ဒီငါးကို ကျွန်တော့်မိတ်ဆွေ ဦးစိုးက လှူဒါန်းတာပါ။ သူက ဒီငါးတွေကို ထိုင်းက ၂၀၀၈ ကတည်းက ငါးကုန်သည်ဆီကနေ ၀ယ်ပြီး အလှမွေးထား တာပါ။ စမွေးတုန်းကတော့  အယ်လပိုင်းမားက ခြောက်လက်မပဲ ရှိတာ။ နောက်ပိုင်းမှ ကြီးလာတာပေါ့။ ဒီငါးတွေက အမေဇုန်တောထဲက ရှားပါးမျိုးစိတ်ငါး တွေပါ။ Discovery ထဲမှာလည်း ခဏခဏ တွေ့ရတဲ့ လူတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ငါးအမျိုးအစားတွေပါ" ဟု ရန်ကုန် တိရစ္ဆာန် ဥယျာဉ်မှ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ယခု ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ပြသထားသည့် ငါးမျိုးစိတ် လေးမျိုးတွင် အယ်လပိုင်းမားငါး (Arapima) တစ်ကောင်၊ Cat fish ငါးအမျိုးအစားတစ်ကောင်၊ Lucky fish ငါး အမျိုးအစား တစ်ကောင်နှင့် ငါးခူနှစ်ကောင်တို့ ပြသထားပြီး အယ်လပိုင်းမားငါး အမျိုးအစားမှာ ရေချိုငါးဥယျာဉ်တွင် ပြသထားသည့် ငါးအမျိုးအစားထက် ပိုမိုကြီးမားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ဝင်ကြေးမှာ လူကြီး ကျပ် ၁၀၀၀ သတ်မှတ်ထားပြီး ၁၀ နှစ်အောက် ကလေးမှာ ၀င်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ပြသထားသည့် အယ်လပိုင်းမား (Arapima) ငါးအမျိုးအစားအား တွေ့ရစဉ်
ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ပြသထားသည့် အယ်လပိုင်းမား (Arapima) ငါးအမျိုးအစားအား တွေ့ရစဉ်
RangonNewsDaily:: September 21, 2013

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် အမေဇုန် သစ်တောရှိ ရှားပါးမျိုးစိတ် အယ်လပိုင်းမားငါး (Ara-pima)၊ Cat fish ငါး၊ Lucky နှင့် ငါးခူအမျိုးအစား ငါးမျိုးစိတ် လေးမျိုးကို စတင်ပြသလျက်ရှိကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

မော်လမြိုင်မြို့နယ် တောင်ဝိုင်းရှုခင်းသစ်သို့ နိုင်ငံခြား ခရီးသွားများ ဆွဲဆောင်နိုင်ရေး လမ်းပြုပြင်ရန် လွှတ်တော်တွင် ဆွေးနွေး

Photo: မော်လမြိုင်မြို့နယ် တောင်ဝိုင်းရှုခင်းသစ်သို့ နိုင်ငံခြား ခရီးသွားများ ဆွဲဆောင်နိုင်ရေး လမ်းပြုပြင်ရန် လွှတ်တော်တွင် ဆွေးနွေး
Saturday, September 21, 2013 

မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေယာဉ် ခရီးစဉ် ပြေးဆွဲပြီးနောက်ပိုင်း မော်လမြိုင်မြို့သို့ နိုင်ငံခြား ခရီးသွား အ၀င်များပြား လာသည့်အတွက် မော်လမြိုင်မြို့တောင်ဝိုင်း တောင်ရိုးတန်း ရှုခင်းသစ်ကို ခရီးသည်များ ဆွဲဆောင်နိုင်ရန်အတွက် လမ်းပြုပြင်နိုင်ရန် စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

"အေးချမ်းသာယာတဲ့ မော်လမြိုင်မြို့ကို နိုင်ငံခြား ခရီးသွားတွေ တစ်နေ့ထက်တစ်နေ့ ပိုလာရောက် လည်ပတ်နေပြီး မော်လမြိုင်မှာ နိုင်ငံခြားသားတွေကို နောက်ထပ်ဆွဲဆောင်နိုင်တဲ့ နေရာကတော့ လေယာဉ်ကွင်းအနီးက တောင်ဝိုင်းတောင်ရိုးတန်း ဖြစ်ပါတယ်။ တောင်ရိုးတန်းပေါ်ကကြည့်ရင် မော်လမြိုင်မြို့ရဲ့ အလှအပတွေကို အပြည့်အ၀မြင် တွေ့နိုင်ပါတယ်။ တောင်ဝိုင်းမဟာ ဗုဒ္ဓ၀င်ကနေ ကင်မွန်းချုံကန်ထိပ် တောင်ညိုတောင်တန်းပေါ် တက်တဲ့လမ်းက ကြမ်းပါတယ်။ ကတ္တရာခင်းဖို့ အစီအစဉ် ရှိမရှိ သိလိုပါတယ်" ဟု ဦးစိန်မြင့် (ကျိုက်ထိုမဲဆန္ဒနယ်-၂) က ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် မေးမြန်းခဲ့သည်။

တောင်ဝိုင်းမဟာ ဗုဒ္ဓ၀င်ထိပ်မှ ကင်မွန်းချုံကန်ထိပ်၊ ၎င်းမှတောင်ညို တောင်တန်းသို့ တက်သောလမ်းသည် တစ်မိုင်ခြောက်ဖာလုံခန့်ရှိပြီး ယင်းလမ်းကြောင်းတွင် သာသနာ့မြေ၊ ကန့်သတ်နယ်မြေ၊ အချက်အချာ နေရာတစ်ခု ဖြစ်နေခြင်းတို့ကြောင့် ကွန်ကရစ်/ကတ္တရာ လမ်းခင်းရန် လောလောဆယ် အစီအစဉ် မရှိကြောင်း သက်ဆိုင်ရာ ၀န်ကြီးက ဖြေကြားခဲ့သည်။

မွန်ပြည်နယ် အတွင်းသို့ ၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားသား ၁၉၂၁၅ ဦး လာရောက်ခဲ့ပြီး၊ ၂၀၁၃ သြဂုတ်လကုန်ထိ နိုင်ငံခြားသား ၁၉၉၃၆ ဦး လာရောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ညို တောင်တန်းအား တွေ့ရစဉ်
မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်ညို တောင်တန်းအား တွေ့ရစဉ်
RangonNewsDaily:: September 21, 2013

မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေယာဉ် ခရီးစဉ် ပြေးဆွဲပြီးနောက်ပိုင်း မော်လမြိုင်မြို့သို့ နိုင်ငံခြား ခရီးသွား အ၀င်များပြား လာသည့်အတွက် မော်လမြိုင်မြို့တောင်ဝိုင်း တောင်ရိုးတန်း ရှုခင်းသစ်ကို ခရီးသည်များ ဆွဲဆောင်နိုင်ရန်အတွက် လမ်းပြုပြင်နိုင်ရန် စက်တင်ဘာ ၁၉ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယား ဘုရင့်ညီဝမ်းကွဲ အစာငတ်ခံ ဆန္ဒပြ

Photo: ကမ္ဘောဒီးယား ဘုရင့်ညီဝမ်းကွဲ အစာငတ်ခံ ဆန္ဒပြ 
Saturday, September 21, 2013

ကမ္ဘောဒီယားအစိုးရအနေနဲ့ နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခကို အဖြေရှာဖို့ ဖိအားပေးတဲ့အနေနဲ့ ဘုရင် နိုရိုဒုံ သီဟာမုနိရဲ့ ၀မ်းကွဲညီအကိုတော်စပ်သူဟာ အစာငတ်ခံ ဆန္ဒပြနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ဟွန်ဆန် အာဏာဆက်ပြီး ရရှိနိုင်အောင် နိုင်ငံကို ကာလရှည်ကြာ အုပ်ချုပ်လာခဲ့တဲ့ ပါတီက မသမာမှုတွေ ပြုလုပ်ခဲ့တယ်လို့ အတိုက်အခံပါတီအဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ မင်းသား စီစ၀ပ် သိုမီကို (Prince Sisowath Thomico) က စွတ်စွဲပြောဆိုပါတယ်။

ဇူလိုင်လအတွင်းမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အတွက် ကမ္ဘောဒီယား မဲဆန္ဒရှင် ပြည်သူတွေအတွက် အစိုးရအနေနဲ့ တရားမျှတတဲ့ အဖြေရှာပေးဖို့ ဖိအားပေးတဲ့အနေနဲ့ ဒီကနေ့ အခုလို အစာငတ်ခံ ဆန္ဒပြရတာဖြစ်တယ်လို့ မင်းသား Sisowath က ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးပြုလုပ်ဖို့ အစိုးရအနေနဲ့ သဘောတူညီမှု မပြုလုပ်သေး၍ တနင်္လာနေ့မှာ စတင်ဖွင့်လှစ်မယ့် လွှတ်တော်ကို သပိတ်မှောက်မယ်လို့ အတိုက်အခံတွေကပြောပါတယ်။

နောက်ဆုံးအချိန်အထိ သဘောတူညီမှုမရခဲ့ရင် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီ CNRP အနေနဲ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်ကို သပိတ်မှောက်ရေး ကိစ္စအပေါ် ရုပ်သိမ်းပေးမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင် Sam Rainsy က ပြောပါတယ်။

မကြာခင်ရက်ပိုင်းတွေအတွင်း ဆမ်ရိန်ဆီ နဲ့ ၀န်ကြီးချုပ် ဟွန်ဆန်တို့ရဲ့ တွေ့ဆုံမှုတွေက ၂ ဘက်အကြား ပိုမိုနီးစပ်မှုတွေ ရခဲ့တယ်ဆိုပေမယ့် ပြဿနာကို ဖြေရှင်းနိုင်တဲ့အဆင့်အထိတော့ မရောက်သေးဘူးလို့ ဆိုပါတယ်။ 

VOA

အစာငတ်ခံဆန္ဒပြနေသော ကမ္ဘာဒီးယားဘုရင့်ညီအကိုဝမ်းကွဲတော်စပ်သူ မင်းသား Sisowath Thomico
အစာငတ်ခံဆန္ဒပြနေသော ကမ္ဘာဒီးယားဘုရင့်ညီအကိုဝမ်းကွဲတော်စပ်သူ မင်းသား Sisowath Thomico
RangonNewsDaily:: September 21, 2013

ကမ္ဘောဒီယားအစိုးရအနေနဲ့ နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ နိုင်ငံရေးပဋိပက္ခကို အဖြေရှာဖို့ ဖိအားပေးတဲ့အနေနဲ့ ဘုရင် နိုရိုဒုံ သီဟာမုနိရဲ့ ၀မ်းကွဲညီအကိုတော်စပ်သူဟာ အစာငတ်ခံ ဆန္ဒပြနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ ညစာစားပွဲ တက်ရောက်

Photo: ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ ညစာစားပွဲ တက်ရောက်
Saturday, September 21, 2013

စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ မနေ့ညက တက်ရောက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံရရင် သူဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာလီရှန်လွန်းက အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေက သတင်းစာဆရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့တယ်လို့ Channel News Asia သတင်းမျာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ်ရုံးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး Grace Fu နဲ့ ခရီးစဉ်ပထမနေ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။ နှစ်ရှည်လများကောင်းမွန်လာတဲ့ စင်ကာပူနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ့်အကြောင်းနဲ့ မြန်မာ့စီးပွားရေးနဲ့ လူမှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို စင်ကာပူက ပံ့ပိုးကူညီမယ့်အကြောင်း ဒုဝန်ကြီး Grace Fu က ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဝန်ကြီး Grace Fu တို့ဟာ မြန်မာ့ပြည်တွင်းရေး နောက်ဆုံးအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့လုပ်ငန်းတာဝန်တွေနဲ့ ဒီအသွင်ကူးပြောင်းရေးကာလမှာ မြန်မာပြည်သူတွေရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအပေါ် ရှုမြင်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြပါတယ်။

ဒုဝန်ကြီး Grace Fu က သူ့ facebook မှာ လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲက ကောင်းမွန်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံနဲ့ သူ့ပြည်သူလူထုအတွက်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့တဲ့အကြောင်း ရေးသားထားပါတယ်။

စင်ကာပူကို ဒေါ်အောင်ဆန်းစုကြည် မနေ့က ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံသား ၂ဝဝ လောက်က Changi လေဆိပ်မှာ သောင်းသောင်းဖျဖျကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောကြားပါမယ်။ မနက်ဖြန်မှာတော့ စင်ကာပူရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

RFA Burmese

RangonNewsDaily:: September 21, 2013

စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ မနေ့ညက တက်ရောက်ပါတယ်။

ကမ္ဘာ့အဆန်းပြားဆုံးရေကန်ငါးခုထဲမှာ နံပါတ် ၁ နေရာမှာ ရှိနေတဲ့ Lake Baikal ရေကန်

Photo: ကမ္ဘာ့အဆန်းပြားဆုံးရေကန်ငါးခုထဲမှာ နံပါတ် ၁ နေရာမှာ ရှိနေတဲ့ Lake Baikal ရေကန်
Saturday, September 21, 2013

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ တည်ရှိပါတယ်။ရေကန်ရဲ့ ရေတွေမှာ မီသိန်းဒြပ်နှောတွေ ပါဝင်နေပါတယ်။ပြီးတော့ ထူးခြားတာက ရေကန်မှာ အကွင်းအကွင်းတွေ ထနေတာပါပဲ။ဘယ်သူတွေ လုပ်သွားတာလဲဆိုတာ မသိပေမယ့် အာကာသကနေကြည့်ရင်တောင် မြင်နိုင်ပါတယ်။တစ်ချို့ကွင်းတွေကတော့ အချင်း ၂မိုင်နီးပါးရှိပါတယ်။

မောင်စိုင်း
(ကနောင်)
Scientist Myanmar

RangonNewsDaily:: September 21, 2013

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားမှာ တည်ရှိပါတယ်။ရေကန်ရဲ့ ရေတွေမှာ မီသိန်းဒြပ်နှောတွေ ပါဝင်နေပါတယ်။

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

Photo: သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ
Saturday, September 21, 2013

သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စု ကွမ်းခြံကျေးရွာရှိ ဇာမဏီဆည် ပတ်ဝန်းကျင်ရှိ ဆည်မြောင်း ဦးစီးဌာနပိုင် မြေများတွင် ကျူးကျော်တဲများ ပိုမို များပြားလာသည့် အတွက် နောက်ပိုင်းတွင် ကျူးကျော်မြေယာ ပြဿနာများ မဖြစ်ပွား စေရန် ယခုလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး အပြီး ဖယ်ရှားပေးရန် ညွှန်ကြားစာ ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

“ကျနော်တို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး ကနေ တဆင့် ရှင်းလင်း ဆောင်ရွက်ခိုင်းတာကြောင့် အခုလို ကျနော်တို့ကလည်း ကျူးကျော်တဲတွေကို ဖယ်ရှားပေးဖို့ စာထုတ်ပြန် လိုက်တာပါ။ ဆည်ရဲ့ ပတ်ဝန်းကျင်မှာ အခုနောက်ပိုင်း ကျူးကျော်တဲတွေ အရမ်းကို များလာတာကလည်း တကြောင်း၊ ကျနော်တို့က ဆည်ရဲ့ ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာမှာကလည်း တကြောင်းကြောင့် သူတို့ ကိုဖယ်ရှားရတာပါ” ဟု သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

သတ်မှတ်ထားသော ရက်ပိုင်းအတွက် ဖယ်ရှားခြင်းမရှိလျှင် သက်ဆိုင်ရာ အဆင့်ဆင့် ပြန်လည်တင်ပြရမည် ဖြစ်ပြီး အစိုးရ အဖွဲ့မှ ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုအချိန်အထိ အင်အားသုံး ဖယ်ရှားရန် အစီအစဉ် မရှိသေးကြောင်း ၎င်းက ဆိုသည်။

ဇာမဏီဆည် အနောက်ဘက် ကွမ်းခြံကျေးရွာတွင် ဆည်မြောင်းပိုင် မြေများကို ကျူးကျော် ဆောက်လုပ်ထားသော တဲအိမ် များသည် ၆၀၀ ၀န်းကျင်အထိ ရှိနေပြီး ဇာမဏီဆည် အရှေ့ဘက်တွင်တော့ ကျူးကျော်အိမ်များ နည်းပါးကြောင်း 

Read More... http://www.myanmaronlinenews.net/2013/09/blog-post_2108.html

RangonNewsDaily:: September 21, 2013

သန်လျင်မြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စု ကွမ်းခြံကျေးရွာရှိ ဇာမဏီဆည် ပတ်ဝန်းကျင်ရှိ ဆည်မြောင်း ဦးစီးဌာနပိုင် မြေများတွင် ကျူးကျော်တဲများ ပိုမို များပြားလာသည့် အတွက် နောက်ပိုင်းတွင် ကျူးကျော်မြေယာ ပြဿနာများ မဖြစ်ပွား စေရန် ယခုလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး အပြီး ဖယ်ရှားပေးရန် ညွှန်ကြားစာ ထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

ပညာရေးဝန်ကြီး အပြောင်းအလဲဖြစ်နိုင်မည်ဆိုသည့် သတင်း ကောလာဟလ သာဖြစ်

RangonNewsDaily:: September 21, 2013

ပညာ ရေးဝန်ကြီး အပြောင်းအလဲဖြစ် နိုင်မည်ဆိုသည့်သတင်းမှာ မဟုတ် မမှန်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး က တရားဝင်ပြောကြားခဲ့သည်။ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဒေါက်တာမြအေး သည် ကျန်းမာရေးအခြေအနေ ကြောင့် ပြည်ပတွင်ဆေးကုသမှု ခံယူနေရခြင်းသာဖြစ်ပြီး ယခုလက် ရှိအချိန်တွင်ဖြစ်ပေါ်နေသည့် ဝန် ကြီးအပြောင်းအလဲဖြစ်နိုင်မည် ဆိုသည့် သတင်းမှာ ကောလာဟ လသာဖြစ် ကြောင်း အဆိုပါအဆင့် မြင့်အရာရှိကပြောသည်။

ကိုယ်ကြိုက်လို့ရှိရင်တော့ ဈေးကြီးလည်းစားတယ်လို့ဆိုတဲ့ ယွန်းရွှေရည်

Photo: ကိုယ်ကြိုက်လို့ရှိရင်တော့ ဈေးကြီးလည်းစားတယ်လို့ဆိုတဲ့ ယွန်းရွှေရည်
Saturday, September 21, 2013

• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကစပြီး ၀ါသနာပါခဲ့တယ်လို့
ထင်မိပါသလဲ။
- ဘယ်အရွယ်လောက်ကလည်းဆိုရင် ၉ တန်း၊ ၁၀ တန်းလောက် အမေနဲ့
ဝိုင်းကူချက်ပြုတ်ပေးရင်းနဲ့ စပြီးဝါသနာပါခဲ့တာပါ။

• အခုဟင်းပွဲလေးကိုချက်ပြဖို့ စီစဉ်ဖြစ်သွားပုံလေးကရော။
- စီစဉ်ဖြစ်သွားပုံလေးက အစ်ကိုတို့မဂ္ဂဇင်းက ဟင်းလေးတွေချက်တာ
ဝါသနာပါရင်ချက်ပြပါ။ အင်တာဗျူးပြီး ဓာတ်ပုံရိုက်မယ်ဆိုတော့ ညီမလည်း စိတ်ဝင်စားပြီးတော့ ကိုယ်ချက်တတ်တာလေးတွေကို အခုလို
ချက်ပြမိသွားတာပါ။

• ယွန်းရွှေရည်ဘ၀မှာ ပထမဆုံးချက်ပြုတ်ဘူးတဲ့ ဟင်းပွဲကိုမှတ်မိသေးရင်
ပြောပြပေးပါဦး။
- ပထမဆုံးချက်ဖြစ်တာဆိုရင်တော့ ကြက်သားနဲ့ အာလူးဟင်းဖြစ်မယ်
ထင်တယ်။

• အဲဒီလိုပထမဆုံးချက်တုန်းက ဟင်းလက်ရာကရောဘယ်လိုနေလဲ။
- အရသာကတော့ အနေတော်လေးဖြစ်သွားမယ်ထင်တယ်။
ကြက်သား၊ အာလူးမဆလာဟင်းကို အရမ်းအအီကြီးမဟုတ်အောင်
ချက်ထားတာပါ။ ပထမဆုံးချက်တယ်ဆိုပေမယ့် အမေက
အနီးကပ်သင်ပေးတော့ အဆင်ပြေပါတယ်။

• ညီမချက်တဲ့ ဟင်းတွေထဲမှာမှ လူကြိုက်အများဆုံးဟင်းပွဲကရော
ဘာဖြစ်မယ်လို့ ထင်မိလဲ။
- အဲဒါဆိုရင်တော့ စောစောကပြောတဲ့ ကြက်သား၊ အာလူး
ဟင်းဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုထက်ထိ
အိမ်မှာလည်း ညီမချက်တဲ့ဟင်းကို သူငယ်ချင်းတွေဖြစ်ဖြစ်၊
မိသားစုဝင်တွေဖြစ်ဖြစ် စားပြီးတော့ ကောင်းတယ်လို့ပြောကြတယ်။

• ညီမချက်တဲ့ဟင်းကိုစားပြီးတော့ ချီးမွမ်းခံရတုန်းက ခံစား
ချက်ကရော။
- ကိုယ်ချက်တဲ့ဟင်းကို သူများတွေက အားရပါးရစားပြီးတော့
ကောင်းလိုက်တာ။ အရသာရှိလိုက်တာလို့ပြောတော့
ကိုယ်လည်း ချက်ရကျိုးနပ်တယ်။ နောက် ၀မ်းလည်းဝမ်းသာမိတယ်။
နောက်ထပ်လည်း ချက်ကျွေးချင်မိတယ်။

• ဒီလိုချက်ပြုတ်တာတွေကို ညီမအနေနဲ့ ဘယ်သူတွေဆီက
အဓိကသင်ယူပါသလဲ။
- အဓိကတော့ ညီမအမေလို့ ပြောရမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့
အမေချက်တာ၊ ပြုတ်တာကို ညီမက ဘေးကနေကူညီရင်းနဲ့
ချက်တတ်ပြုတ်တက်လာတာပါပဲ။

• ညီမ မကြိုက်တဲ့ အစားအစာတွေကရော ဘာတွေပါလဲ။
- အစားအစာနဲ့ပတ်သက်ရင် မကြိုက်တဲ့အစားစာက သိပ်မရှိပါဘူး။
ဒါပေမယ့် ကိုယ်နဲ့မတည့်တဲ့ အစားစာတို့၊ ကိုယ့်ကိုအဆိပ်ဖြစ်စေမယ့်
အစားအသောက်တို့ကိုတော့ မကြိုက်ပါဘူး။

• ငယ်ငယ်က အစားအသောက်နဲ့ပတ်သက်ပြီး အမှတ်တရ
အဖြစ်အပျက်လေးတွေရှိရင် ပြောပြပေးပါဦး။
- အမှတ်တရဆိုရင် ငယ်ငယ်တုန်းက ငါးရိုးဆူးဖူးတယ်။
မျက်ရည်ကျလောက်အောင် တော်တော်လေးကို ခံရခက်ခဲ့ပါတယ်။
နောက်ပိုင်း ငါးစားရင်တောင် ငါးရိုးဆူးမှာ ကြောက်မိပါတယ်။
နောက်ထပ် အမှတ်တရကတော့ ကျောင်းမှာ စာသင်တဲ့အချိန်မှာ
ဆီးထုပ်ခိုးစားလို့ ဆရာမဆူတာတော့ခံဖူးတယ်။ အခြားဟာတွေတော့
သိပ်မမှတ်မိတော့ပါဘူး။

• မနက်စာကို ဘယ်အချိန်လောက်စားဖြစ်လဲ။ ဘာတွေနဲ့စားဖြစ်လဲ။
- မနက်စာကိုတော့ မနက် ၈ နာရီလောက်မှာ မုန့်ဟင်းခါးတို့ဘာတို့
စားဖြစ်ပါတယ်။

• နေ့လယ်စာကျတော့ ဘာတွေနဲ့ စားတတ်တာများလဲ။
- နေ့လယ်စာကိုတော့ ညီမက မြန်မာထမင်းဟင်းပဲစားဖြစ်တယ်။
များသောအားဖြင့် ၁၂ နာရီကျော်လောက် စားဖြစ်ပါတယ်။
ရှုတင်မှာရှိတာများတော့ ရှုတင်ထမင်းဟင်းကို
စားဖြစ်တာများပါတယ်။ အသားလည်းပါတယ်။ ငါးလည်းပါတယ်။
အရွက်ကြော်အစုံပေါ့။

• ညစာကျတော့ရော။
- ညီမက ညစာကိုတော့ သိပ်မစားဖြစ်ဘူး။ စားရင်တော့ အသီးအနှံတွေပဲ
စားဖြစ်တယ်။ ပန်းသီးတို့ဘာတို့ပေါ့။

• စားဖူးသမျှထဲမှာ တစ်သက်မမေ့နိုင်လောက်တဲ့ အစားအသောက်တွေ
ဘာတွေရော ရှိလား။
- တစ်သက်မမေ့လောက်တဲ့ ဟင်းလိုမျိုးရယ်တော့ သီးသန့်မရှိပါဘူး။
ညီမက အစားအစာမှန်သမျှ အကုန်လုံးနီးပါးကြိုက်တော့
ဘယ်အစားပဲဖြစ်ဖြစ် စားဖြစ်တာများပါတယ်။ ဒါပေမယ့်
တစ်ခုတော့ရှိတယ် မမေ့တာက ရွှေစက်တော်က မြေစာဥလေးစား
ရတာပါပဲ။ အဲဒါကိုလည်း အရမ်းကြိုက်တယ်။ ဒီမှာလည်း ရှာလို့မလွယ်ဘူး။

• ဒါဆို အိမ်မှာညီမအမေချက်တဲ့ဟင်းတွေထဲမှာဆိုရင် ဘယ်ဟင်းကိုကြိုက်လဲ။
- အမေချက်ရင်တော့ ၀က်သားဟင်းရယ်၊ ချဉ်ပေါင်ဟင်းရယ်ကိုတော့
ကြိုက်မိတယ်။

• စားဖူးသမျှထဲမှာ ထူးဆန်းတယ်လို့ထင်တဲ့ အစားအသောက်ရောရှိလား။
- ပြောရမယ်ဆိုရင် ထူးထူးဆန်းဆန်း အသားငါးတွေကို တစ်ခါမှမစားဖူးဘူး။

• နိုင်ငံတကာ အစားအသောက်ထဲမှာဆိုရင်ရော ဘယ်လိုအစားအသောက်
မျိုးကိုကြိုက်လဲ။
- များသောအားဖြင့်တော့ ညီမက ယိုးဒယားအစားအသောက်တွေကို
ကြိုက်နှစ်သက်ပါတယ်။

• ညီမဘ၀မှာ အမှတ်တရဖြစ်တဲ့ အစားအစာရောရှိလား။
ဥပမာ အဲဒီ့အစားအစာကို စားလိုက်ရရင် တစ်နေရာရာ၊ တစ်ချိန်ချိန်၊
တစ်ယောက်ယောက်ကို သတိရမိတာမျိုးပေါ့။
- အဲဒီလိုမျိုးအစားအသောက်ဆိုရင်တော့ ငယ်ငယ် အတန်းကျောင်းသူ
ဘ၀တုန်းက သူငယ်ချင်းတွေနဲ့ အသုပ်တွေဝယ်စားတယ်။
နောက် ၀က်သားတုတ်ထိုးတွေစားတယ်။ အခုထိလည်း
လမ်းဘေးက အသုပ်စုံတို့၊ ၀က်သားတုတ်ထိုးတို့စားမိရင်
ငယ်ငယ်ကျောင်းတက်တုန်းက ဘ၀လေးကို ပြန်သတိရမိတယ်။

• စားဖူးသမျှအစားအသောက်တွေထဲမှာ ဈေးကြီးပြီး မတန်ဘူးထင်တဲ့ အရာမျိုးလေးရှိရင် ပြောပြပေးပါဦး။
- အဲဒီလိုမျိုးပြောရရင်တော့ ညီမကတစ်မျိုး။ ကိုယ်ကြိုက်လို့
ရှိရင်တော့ ဈေးကြီးလည်း စားဖြစ်တယ်။ ကိုယ်ကြိုက်ပြီးတော့
အရသာလည်းရှိတယ်၊ ကိုယ့်အတွက် အဆင်ပြေတယ်ဆိုရင် ဈေးကြီးတယ်လို့
မသတ်မှတ်မိပါဘူး။

• စားဖူးသမျှထဲမှ ဈေးပေါပြီး တန်တယ်ထင်တဲ့ အစားအစာဆိုရင်ရော။
- ဈေးပေါပြီး တန်တာဆိုရင်တော့ အခုလို မိုးတွင်းမှာ
ကြက်မောက်သီးတွေစားဖြစ်တယ်။ သူက ဈေးလည်းပေါပြီးတော့
တန်လည်းတန်တယ်။ အများကြီးလည်းရတယ်လေ။
တစ်ထောင်ဖိုးလောက်ဆိုရင် တော်တော်များများလေးလည်းရတယ်လေ။

• စားသောက်ဆိုင်နဲ့ အိမ်မှာဆိုရင် ဘယ်မှာပိုစားချင်လဲ။
- အိမ်မှာကျတော့ ထုံးစံအတိုင်းစားနေကျ ထမင်းဟင်းပဲလေ။
စားသောက်ဆိုင်ကျတော့ ကိုယ်မစားဖူးတဲ့ အစားသောက်ဆန်းဆန်းလေးတွေ
ကို စားလို့ရတော့ စားသောက်ဆိုင်မှာတော့ ပိုစားချင်ပါတယ်။

• ညစာကို မိသားစုနဲ့ အိမ်မှာစားဖြစ်လား။
- အမှန်ပြောရမယ်ဆိုရင် ညီမက ရှုတင်တွေဘာတွေနောက်ကျတော့
အိမ်မှာ မိသားစုနဲ့မစားဖြစ်တာများပါတယ်။

• ညီအကြိုက်ဆုံး အသီးအနှံတွေကရော။
- အသီးအနှံကတော့ တော်တော်များများကြိုက်ပါတယ်။ ဖရဲသီးလိုမျိုး
အရည်ရွမ်းတဲ့ အသီးတွေကြိုက်ပါတယ်။ စပျစ်သီး၊ ကြက်မောက်သီး၊
လိမ္မော်သီးတို့ ကြိုက်ပါတယ်။

• အသားငါးတွေထဲမှာဆိုရင်ရော။
- အသားငါးဆိုရင်တော့ ငါးကို အကြိုက်ဆုံးပဲ။ အသားထဲမှာဆိုရင်တော့
ဝက်သားတစ်ခုကို တော်တော်ကြိုက်ပါတယ်။

• ဒေသအလိုက် အစားအစာတွေထဲမှာဆိုရင်ရော ဘယ်လိုအစားအသောက်
ကိုကြိုက်လဲ။
- ဒေသလိုက်ဆိုရင်တော့ ရှမ်းပြည်ကခေါပုတ်ကို အရမ်းကြိုက်တယ်။

• အစားအသောက်တစ်ခုကိုစားနေရင်း အဲဒီအထဲမှာ
ရွံစရာတွေဘာတွေရော တွေ့ခဲ့ဘူးလား။ တွေ့ရင်ရော ဘယ်လိုနေလဲ။
- တွ့ဖူးတယ်။ စားနေရင်းနဲ့ တစ်ခါတလေကျရင်
ပိုးကောင်လေးတွေ ကျနေတာတို့တွေ့ဖူးတယ်။
အဲဒီလိုမျိုးကျရင်တော့ ဖယ်လိုက်တယ်။ သိပ်ပြီးတော့ မရွှံတတ်ပါဘူး။

• ဒါဆိုအစားအသောက်စားနေရင်း ဘေးနားက သူငယ်ချင်းတွေက
ရွံစရာတွေဘာတွေ နောက်ရင်ရော ဘယ်လိုနေလဲ။
- အင်း အဲဒီလိုရွှံစရာတွေ ဘေးနားကလာနောက်ရင်တော့
ဆက်မစားချင်တော့ဘူး။

• အစားအသောက်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုကို
ဖော်ဆောင်နိုင်တယ်လို့ရောထင်မိလား။
- အင်းထင်ပါတယ်။ အခုမြန်မာဆိုလည်း မြန်မာထမင်းဟင်း၊ ငါးပိရည်၊
တို့စရာပေါ့။ ဒါတွေက ဘယ်နိုင်ငံမှလည်းမရှိဘူး။ ကိုယ့်နိုင်ငံမှာပဲရှိတာလေ။
ဒီတော့ မြန်မာ့ရိုးရာအစားအစာဆိုပြီးတော့လည်း ဖော်ပြလို့ရတယ်လေ။

• အခုနောက်ဆုံး ညီမလေး ယွန်းရွှေရည်ချက်တဲ့ဟင်းတွေကို လိုက်ပြီး
ချက် စားကြည့်မယ့် ပရိသတ်ကြီးအတွက် စကားလက်ဆောင်လေးကရော။
- အခု ညီမချက်ပြတဲ့ဟင်းတွေကို ပရိသတ်ကြီးလည်း အိမ်မှာ
အားရင်ပေါ့ ရုံးပိတ်တဲ့အခါဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စားတဲ့အခါပဲဖြစ်ဖြစ်
ချက်စားရင် အရသာရှိရှိ သုံးဆောင်နိုင်ကျပါစေလို့ ပြောချင်ပါတယ်။

FOOD Magazine

RangonNewsDaily:: September 21, 2013

• အချက်အပြုတ်ကို ဘယ်အရွယ်လောက်ကစပြီး ၀ါသနာပါခဲ့တယ်လို့ထင်မိပါသလဲ။
- ဘယ်အရွယ်လောက်ကလည်းဆိုရင် ၉ တန်း၊ ၁၀ တန်းလောက် အမေနဲ့ ၀ိုင်းကူချက်ပြုတ်ပေးရင်းနဲ့ စပြီး
ဝါသနာပါခဲ့တာပါ။

အာဏာပိုင်များနှင့် ပြည်သူများကြား ပဋိပက္ခများ ဖြစ်ရာတွင် အင်အားသုံး ဖြေရှင်းမှု လွှတ်တော်တွင် ဆွေးနွေးမည်

RangonNewsDaily:: September 21, 2013

စည်ပင်သာယာနှင့် ရဲတပ်ဖွဲ့ကဲ့သို့သော တိုင်းဒေသကြီး အာဏာပိုင် အဖွဲ့အစည်းများနှင့် ပြည်သူများ ဖြစ်ပွားသည့် ထိပ်တိုက် တွေ့ဆုံမှုများနှင့် ပဋိပက္ခများတွင် အင်အားသုံး ဖြေရှင်းခြင်း မပြုလုပ်ရန်ဆိုသည့် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်၏ အဆိုကို စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစတင်ပြီး မော်တော်ယာဉ် စထုတ်မည်ဟု (Nissan) ကုမ္ပဏီ မှကြေငြာ

Photo: မြန်မာနိုင်ငံတွင် ၂၀၁၅ မော်တော်ယာဉ် စထုတ်မည်ဟု နစ်ဆန်းကြေညာ
Saturday, September 21, 2013

ဂျပန်နစ်ဆန်း (Nissan) ကုမ္ပဏီနှင့် မလေးရှားမှ Tan Chong Group တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် နစ်ဆန်း မော်တော်ယာဉ် စက်ရုံက ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် မော်တော်ယာဉ်စီးရေ တစ်သောင်း ထုတ်လုပ်မည် ဖြစ်ကြောင်း နစ်ဆန်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Carlos Ghosn က ပြောကြားသည်။
“ဒီမှာခေတ်စားနေတဲ့ ဆီဒင်ပုံစံမျိုးတွေနဲ့ ဆန်နီတွေ စထုတ်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံစီမံကိန်းကို သုံးနှစ် စီမံကိန်းဖြင့် စတင်မည်ဖြစ်ပြီး လုပ်သား ၃၀၀ ခန့် လိုအပ်ချက်ရှိနိုင်မည် ဖြစ်ကြောင်း Tan Chong ကုမ္ပဏီမှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Dato’ Tan Heng Chew က ပြောကြားသည်။

အဆိုပါ စက်ရုံ၌ အမေရိကန်ဒေါ်လာ ၇၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး သန်း ၅၀ မှာ စက်ရုံတည်ဆောက်မှု သီးသန့်အတွက် ဖြစ်သည်ဟု Mr.Carlos Ghosn က ဆိုသည်။

ပဲခူးတိုင်းဒေသကြီး ပဲခူးစက်မှုဇုန် အတွင်းရှိ ဧက ၈၀ အကျယ်အဝန်းရှိသော မြေနေရာတွင် တည်ဆောက်မည့် အဆိုပါ မော်တော်ယာဉ် တပ်ဆင်စက်ရုံမှ မော်တော်ယာဉ် တပ်ဆင် ထုတ်လုပ်မှုသာမက မော်တော်ယာဉ် အစိတ်အပိုင်းများပါ ထုတ်လုပ်မည် ဖြစ်ကြောင်း Tan Chong Group ထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ဂျပန်မော်တော်ယာဉ် ကုမ္ပဏီတစ်ခုဖြစ်သော ဆူဇူကီး မော်တာ (Suzuki Motors) ကလည်း တောင်ဒဂုံ စက်မှုဇုန်ရှိ မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင် စက်ရုံတွင် မော်တော်ယာဉ်များ ထုတ်လုပ်နေပြီ ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 21, 2013
ဂျပန်နစ်ဆန်း (Nissan) ကုမ္ပဏီနှင့် မလေးရှားမှ Tan Chong Group တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် နစ်ဆန်း မော်တော်ယာဉ် စက်ရုံက ၂၀၁၅ ခုနှစ်မှ စတင်၍ နှစ်စဉ် မော်တော်ယာဉ်စီးရေ တစ်သောင်း ထုတ်လုပ်မည် ဖြစ်ကြောင်း နစ်ဆန်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Carlos Ghosn က
 ပြောကြားသည်။

သရုပ်ဆောင်သစ် ' ထက်ဝေစိုး ' ကို မိတ်ဆက်ပွဲ အခမ်းအနားပြုလုပ်

Photo: သရုပ်ဆောင်သစ် ' ထက်ဝေစိုး ' ကိုမိတ်ဆက်.
Saturday, September 21, 2013

သရုပ်ဆောင်သစ် ' ထက်ဝေစိုး ' မိတ်ဆက်အသိပေးခြင်းနှင့် သူ၏ ပွဲဦးထွက် ဗီဒီယိုဇာတ်ကားများ ကန်တော့ပွဲပေးအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၁၀နာရီက M3 စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။ သရုပ်ဆောင်သစ် ' ထက်ဝေစိုး ' ရဲ့ ပွဲဦးထွက်ဇာတ်ကား "အဆုံးထိမိုက်မယ့် အမိုက်ဆုံးလူ " ဇာတ်ကားကို မနက်ဖြန် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ဒါရိုက်တာ သီဟတင်စိုးက ရိုက်ကူးပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

P066 ၊ ဓာတ်ပုံ- မင်းမင်းထွန်း
Popular Journal

RangonNewsDaily:: September 21, 2013

သရုပ်ဆောင်သစ် ' ထက်ဝေစိုး ' မိတ်ဆက်အသိပေးခြင်းနှင့်သူ၏ပွဲဦးထွက်ဗီဒီယိုဇာတ်ကားများကန်တော့
ပွဲပေးအခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်၊ နံနက် ၁၀နာရီက M3 စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သည်။

ယာဉ် ကိုးစီးနှင့် ဆိုင်ကယ် တစ်စီးတို့ကို ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့သည့် ၁၂ ဘီးကား

RangonNewsDaily:: September 21, 2013

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တွင် စက်တင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်က ရပ်ကွက်(၈) ရေပန်း လမ်းဆုံ၌   ၁၂ ဘီးကားတစ်စီး မန္တလေးမှ မူဆယ်သို့အသွား ဘရိတ် ပေါက်၍ ကားကိုးစီးအား ဆင့်ကဲ ဆင့်ကဲတိုက်မိသည်ဟု သိရသည်။

ကျမ်းတော်မြတ်ကုရ်အာန်ကို မြန်မာဘာသာပြန်ဖတ်လို.ရမဲ့ Holy Quran (Burmese) APK


RangonNewsDaily:: September 21, 2013
အစ္စလာမ် သူငယ်ချင်းများအတွက်Android phone and tablet တွေထဲမှာQuarnကို မြန်မာလိုဖတ်လို.ရအောင်
လုပ်ပေးထားတဲ့ app လေးပါ။

မိမိရောက်၇ှိနေသောနေရာကို GPS ကနေတဆင့်ကြည့်ရှုနိုင်မယ့် Maverick GPS APK FOR ANDROID


RangonNewsDaily:: September 21, 2013

ဒီတစ်ခါမိတ်ဆက်ပေးမှာကတော့ GPS  ကို အသုံးပြုပီး မိမိ ဘယ်နားမှာ ရောက်နေလဲ ဆိုတာကို ကော်နက်
ရှင် မလိုဘဲ offline ကြည့်လို.ရတဲ့ app လေးပါ။မြန်မာတစ်နိုင်ငံပဲ ရမှာပါ ဘာလို.ဆို offline  map မို.လို.ပါ။

Android ဖုန်းတွေ Tablet တွေအတွက် PC Suite For Computer


RangonNewsDaily:: September 21, 2013
Android phone နဲ. Tablet တွေကို ကွန်ပြူတာနဲ. usb cable ကိုအသုံးပြုကာ ချိတ်ဆက်ပီး Manage လုပ်ဖို.အ
တွက် လူကြိုက်များတဲ့ pc suite လေး နဲ့မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။

iPhone 5S နဲ့ 5C ယနေ့ စတင်ရောင်းပြီ

iPhone 5S နဲ့ 5C ယနေ့ စတင်ရောင်းပြီ

ယနေ့ iPhone အသစ်တွေကို နိုင်ငံအနှံ့မှာ စတင် ရောင်းချနေခဲ့ပြီ ဖြစ်ပါတယ်။ iDevice အသစ်ထွက်တိုင်း လမ်းဘေးမှာ အိပ်ပြီး နာရီပေါင်းများစွာ တန်းစီ စောင့်ကြရတဲ့ အလေ့အကျင့်ကြီးကလည်း ယနေ့လို ၂၁ရာစုကြီးမှာ UKလို နိုင်ငံကြီးမှာတောင် ရှိနေတာ အံ့အားသင့်ဖို့ တော်တော် ကောင်းပါတယ်။ 

Think Different ဆိုတဲ့ Slogan နဲ့ Steve ရဲ့ Brand ကို တည်ဆောာက် ထားခဲ့မှုဟာ လူများကို အရူးအမူး စွဲလမ်းစေနိုင်ခဲ့တော့ လုံးဝမငြင်းနိုင်ပါဘူး။

ယခုလည်း Supply မမျှတဲ့အတွက် လူပေါင်းများစွာ တန်းစီပြီး Stock ပျက်လက်တဲ့အဖြစ်မျိုး နိုင်ငံအ၀ှမ်းမှာ ဖြစ်နေပါပြီ။

August Myanmar က Editor In Charge တွေကလည်း iPhone 5S Hand On ကို အစစ်အမှန် တကယ်ကိုင်ပြီး ဦးဦးဖျားဖျား ရေးနိုင်အောင်လို့ Order မှာထားလေတော့ ဘယ်တော့များ Package ရောက်လာမလဲလို့ ရင်ခုံစွာနဲ့ စောင့်နေကြပါသေးတယ်။ 

တကယ်တော့ iDevice တွေဟာ လူတိုင်းအတွက် မရှိမဖြစ် အသုံးဝင်တယ် မဟုတ်ပါဘူး။ သို့ပေမဲ့ လူတိုင်းလိုချင်ကြတာတော့ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ အချက် တစ်ခုပါပဲ။

http://www.usatoday.com/story/tech/2013/09/20/apple-iphone-sales/2841427/

RangonNewsDaily:: September 21, 2013
ယနေ့ iPhone အသစ်တွေကို နိုင်ငံအနှံ့မှာ စတင် ရောင်းချနေခဲ့ပြီ ဖြစ်ပါတယ်။ iDevice အသစ်ထွက်တိုင်း လမ်းဘေးမှာ အိပ်ပြီး နာရီပေါင်းများစွာ တန်းစီ စောင့်ကြရတဲ့ အလေ့အကျင့်ကြီးကလည်း ယနေ့လို ၂၁ရာစုကြီးမှာ UKလို နိုင်ငံကြီးမှာတောင် ရှိနေတာ အံ့အားသင့်ဖို့ တော်တော် ကောင်းပါတယ်။

၁၁ ဘီလီယံ ငွေစာရင်း (၅)ခုတွင် ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်း ငွေစာရင်း ပါဝင်ဟု သတင်းထွက်ပေါ်


RangonNewsDaily:: September 21, 2013
ပြည်ပတွင် မြန်မာနိုင်ငံမှ အပ်နှံထားသော အမေရိကန်ဒေါ်လာ ၁၁ဘီလီယံရှိ ငွေစာရင်းငါးခုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်လာပြီးနောက် လက်ရှိ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း (ယခင် စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနှင့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ)၏ ငွေစာရင်း တစ်ခု ပါဝင်နေကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လာခဲ့သည်။

Myanmar Club (Singapore)သတင်းထုတ်ပြန်ချက် (၂၁/၀၉/၂၀၁၃)

RangonNewsDaily:: September 21, 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်္ကာပူနိုင်ငံရှိ မြန်မာမိသားစုများ၏ လူထုတွေ့ဆုံပွဲကြီးအ
တွက်ကနဦးသတ်မှတ်ထားသည့်လက်မှတ်စောင်ရေ (၅၀၀၀)ထက်ကျော်လွန် ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။--