Pages

Wednesday, September 18, 2013

Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ် အမေရိကန်၏ အချမ်းသာဆုံး အဆင့် ၂၀ ပုဂ္ဂိုလ် ပြန်ဖြစ်လာ

Photo: ဇူကာဘတ်က အမေရိကန်၏ အချမ်းသာဆုံး အဆင့် ၂၀ ပုဂ္ဂိုလ် ပြန်ဖြစ်လာ 
Wednesday, September 18, 2013

Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဟာ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး နံပါတ် ၂၀ မြောက် ပုဂ္ဂိုလ်နေရာကို ပြန်လည် ရရှိလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ 

Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ အမေရိကန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဦးရေ ၄၀၀ စာရင်းထဲမှာ ဖြစ်ပါတယ်။ ယမန်နှစ်တုန်းက ပိုင်ဆိုင်မှု ငွေအင်အား ကန်ဒေါ်လာ ၉.၄ ဘီလျံနဲ့ နံပါတ် ၃၆ မှာ ရှိခဲ့သူပါ။ ယခုတော့ ပိုင်ဆိုင်မှု ၁၉ ဘီလျံ ဝန်းကျင် ရှိလာပြီး နံပါတ် ၂၀ ပြန်ရလိုက်ခြင်း ဖြစ်ပါတယ်။ IPO ကို ထုတ်မရောင်းခင် ၂၀၁၁ ခုနှစ်က သူရခဲ့တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ယခုတော့ သူပြန်ရလိုက်ပါပြီ။ 

Bloomberg ရဲ့  ပြောဆိုချက်အရ ကတော့ ဇူကာဘတ်ပိုင်ဆိုင်မှုက ၂၁.၇ ဘီလျံတောင် ဖြစ်ပါတယ်။ အဲ့ထပ်လည်း များချင်များနေအုံးမှာပါ။ အမေရိကန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှာတော့ ဘီလ်ဂိတ်က ရှိနေပါ သေးတယ်။ သူ့ပိုင်ဆိုင်မှုက ၇၂ ဘီလျံတောင်ပါ။ Larry Page နဲ့ Sergey Brin ကတော့ နံပါတ် ၁၃ နဲ့ ၁၄ ကို အစဉ်လိုက် ယူထား ပါတယ်။ အမေရိကန်နိုင်ငံရဲ့  နည်းပညာ လုပ်ငန်းဖြင့် အချမ်းသာဆုံး ဖြစ်သူ ဆယ်ဦးစာရင်းထဲ မှာတော့ ဇူကာဘတ်က နံပါတ် ၆ မှာ ရှိနေပါတယ်။ စာရင်းအတိအကျက အောက်ပါ အတိုင်း ဖြစ်ပါတယ်။ 

Bill Gates: No. 1, $72 billion
Larry Ellison: No. 3, $41 billion
Jeff Bezos: No. 12 , $27.1 billion
Larry Page: No. 13, $24.9 billion
Sergey Brin: No. 14, $24.4 billion
Mark Zuckerberg: No. 20, $19 billion
Steve Ballmer: No. 21, $18 billion
Michael Dell: No. 25, $15.9 billion
Paul Allen: No. 26, $15.8 billion
Charles Ergen: No. 32, $12.5 billion

အမေရိကန်ရဲ့ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မှာ နည်းပညာ လုပ်ငန်းများဟာ အရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း သိရပါတယ်။ 
.
Ref: mashable
အောင်ခမ်း (TSJ team)

RangonNewsDaily:: September 18, 2013

Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဟာ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး နံပါတ် ၂၀ မြောက် ပုဂ္ဂိုလ်နေရာကို ပြန်လည် ရရှိလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

မန္တလေးတိုင်းတွင် လေးလအတွင်း စည်းကမ်းမဲ့ယာဉ်ဒဏ်ကြေး ကျပ်သန်းနှစ်ရာကျော်ရရှိ

Photo: မန္တလေးတိုင်းတွင် လေးလအတွင်း စည်းကမ်းမဲ့ယာဉ်ဒဏ်ကြေး ကျပ်သန်းနှစ်ရာကျော်ရရှိ
Wednesday, September 18, 2013

မန္တလေးတိုင်းဒေသကြီး အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး အတွက် မေလ ၇ ရက်နေ့မှ စတင် ဖမ်းဆီးစစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ လေးလအတွင်း ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း နှစ်ရာကျော် အခွန်ငွေရရှိ ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဦးအောင်မောင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ မြို့များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် စည်းကမ်းလိုက်နာခြင်း မရှိသည့် ယာဉ်များကို ကျပ်သုံးသောင်းမှ ကျပ်တစ်သိန်းအထိ ဒဏ်ငွေဆောင်စေပြီး အဆိုပါ ရငွေများကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးနေကာ အဆိုပါရရှိသည့် ငွေများကို တိုင်းဒေသကြီးအစိုးရက လိုအပ်သည့် ကဏ္ဍများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

မြို့နယ်အလိုက် ဖမ်းဆီးရမိသည့် ဒဏ်ငွေများကို သက်ဆိုင်ရာ မြို့နယ်များ အတွက် အသုံးစရိတ်ငွေ အဖြစ် ပြန်လည် လွှဲပြောင်းပေးစေလိုကြောင်း ရမည်းသင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးက ပြောကြားသည်။
"ရမည်းသင်းခရိုင်မှာ ဆိုရင် လေးလအတွင်း ဒဏ်ငွေဆောင်ရတဲ့ စည်းကမ်းမဲ့ ဆိုင်ကယ်နဲ့ ကားစီးရေ ၁၅၀၀ ဝန်းကျင် လောက်ရှိတယ်" ဟု ၄င်းကဆိုသည်။

ညောင်ဦးမြို့တွင် တစ်ရက်လျှင် စည်းကမ်းမဲ့ ယာဉ်စီးရေ ၂၀ ခန့် ဖမ်းဆီး ရမိလေ့ရှိပြီး တစ်စီးလျှင် ဒဏ်ငွေကျပ် သုံးသောင်း ဒဏ်ရိုက်ကြောင်း အစိုးရရုံးပိတ်ရက်တွင် တရားရုံး ပိတ်သောကြောင့် အဆိုပါ ဒဏ်ကြေးဆောင်နိုင်ခြင်း မရှိသဖြင့် စည်းကမ်းမဲ့ယာဉ် များကို စစ်ဆေးရေးအဖွဲ့ များက ယာယီ သိမ်းဆည်းသွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဌေးက ပြောကြားသည်။

"မတ္တရာကို အလုပ်ကိစ္စနဲ့ သွားတာ၊ တည်းတဲ့အိမ်က ရေမရှိလို့ လမ်းထိပ်က 
အိမ်ကို ဆိုင်ကယ်နဲ့ ရေသွားချိုးတာ၊ အင်္ကျီလည်း မပါဘူး၊ လိုင်စင်လည်း မပါသွားဘူး၊ အဲဒါ ယာဉ်ထိန်းရဲက စစ်ပြီးတော့ လိုင်စင်မပါလို့ ဆိုပြီး ဒဏ်ငွေသုံးသောင်း ဆောင်ခိုင်းတယ်၊ ဒီနားကနေ ရေချိုးသွားတာပါ ဆိုပြီးပြောလည်း မရဘူး" ဟု မန္တလေးမြို့တော်ရှိ တိရစ္ဆာန်ဆေးကုဆရာဝန် အမျိုးသားတစ်ဦးက ဆိုသည်။

The Voice Weekly

RangonNewsDaily:: September 18, 2013

မန္တလေးတိုင်းဒေသကြီး အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေး အတွက် မေလ ၇ ရက်နေ့မှ စတင် ဖမ်းဆီးစစ်ဆေးခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ လေးလအတွင်း ဒဏ်ကြေးငွေ ကျပ်သန်းပေါင်း နှစ်ရာကျော် အခွန်ငွေရရှိ ပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဦးအောင်မောင်းက တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

သြစတြေးလျရဲ့ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်

Photo: သြစတြေးလျရဲ့ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်
Wednesday, September 18, 2013

သြစတြေးလျ နိုင်ငံမှာ အခုလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးတဲ့နောက် မစ္စတာ တိုနီ အက်ဘော့ Tony Abbott က ဝန်ကြီးချုပ်သစ် အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဗဟို လက်ယာ ညွန့်ပေါင်း အဖွဲ့ ခေါင်းဆောင် မစ္စတာ အက်ဘော့က သူ ဦးစားပေး လုပ်ဆောင်မှာ တွေက ကာဘွန် ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှင့်မှု အပေါ် အခွန် ကောက်တာကို ပယ်ဖျက်ပြီး သြစတြေးလျ ရဲ့ ရာသီဥတု ပြောင်းလဲမှု ကာကွယ်ရေး ဆိုင်ရာ အာဏာပိုင် အဖွဲ့ကို ဖျက်သိမ်းတာ တို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သြစတြေးလျမှာ ခိုလှုံခွင့် တောင်းခံဖို့ အင်ဒိုနီးရှား နိုင်ငံ ကနေ လှေတွေနဲ့ ဝင်ရောက် လာကြသူတွေကို တားဆီးနိုင်ရေး အစီအစဉ် တစ်ရပ်ကိုလည်း အမြန် အကောင် အထည် ဖော်သွားမယ်လို့ သူက ပြောပါတယ်။

သူ့ အစိုးရ အဖွဲ့မှာ အမျိုးသမီး တစ်ယောက်ကိုသာ ထည်းသွင်း ထားတဲ့ အတွက် မစ္စတာ အက်ဘော့ကို ဝေဖန်မှုတွေ ရှိနေပါတယ်။

သြစတြေးလျ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် တိုနီ အက်ဘော့
BBC
သြစတြေးလျ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် တိုနီ အက်ဘော့
RangonNewsDaily:: September 18, 2013

သြစတြေးလျ နိုင်ငံမှာ အခုလ အစောပိုင်းက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးတဲ့နောက် မစ္စတာ တိုနီ အက်ဘော့ Tony Abbott က ဝန်ကြီးချုပ်သစ် အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

e-Visa စနစ် သုံးလအတွင်း စတင်မည်ဟုဆို

RangonNewsDaily:: September 18, 2013

မြန်မာနိုင်ငံသို့ လာရောက်မည့် ရင်းနှီး မြှုပ်နှံသူများနှင့် ကမ္ဘာလှည့်ခရီးသွားများ အတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သော e-Visa စနစ်ကို သုံးလအတွင်း စတင်မည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်ရီက ပြောကြားသည်။

ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု



RangonNewsDaily:: September 18, 2013

၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့်အပြစ်မဲ့အရပ်သူအရပ်သား
များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်း
စ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအပါအ၀င်လူစုစုပေါင်း(၈၁)ဦး၏ ကိုယ်စား ကိုယ်
တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကိုတင်ပြလိုပါသည်။

Breaking News: အကျဉ်သားများနှိပ်စက်ခံရမှုကြောင့် ဆန္ဒဖော်ထုတ်ခဲ့ကြသော ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသားများကို ပြောင်းရွှေ့နေ

RangonNewsDaily:: September 18, 2013

ကော့သောင်းအကျဉ်းထောင် တွင် စက်တင်ဘာ(၁၃) ရက်နေ့ ညပိုင်း ထောင်တွင်းဆူပူမှုဖြစ်အပြီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် အာဏာပိုင်များ က အကျဉ်းသား (၁၀၀)ကျော်ခန့် ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။

ဆိုင်ကယ်တစ်စီးအရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်သံဇကာကိုဝင်တိုက်

RangonNewsDaily:: September 18, 2013
မြင်းခြံမြို့အမှတ်. ၁၀ရပ်ကွက်ရုံးလမ်းဆုံရှိ ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်ကာလမ်းလယ်သံဇကာအား
ဝင်တိုက်မိခဲ့ကြောင်းသတင်း၇ရှိပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောမခရီးစဉ်ကနေ ပြန်လည်ရောက်ရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောမခရီးစဉ်ကနေ စက်တင်ဘာ ၁၈ရက်နေ့ ညနေမှာ ရန်ကုန်လေဆိပ်ကို ပြန်လည် ရောက်ရှိလာပုံ မြင်ကွင်း။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဥရောမခရီးစဉ်ကနေ စက်တင်ဘာ ၁၈ရက်
ယနေ့ ညနေမှာ ရန်ကုန်လေဆိပ်ကို ပြန်လည် ရောက်ရှိခဲ့ကြောင်းသတင်းရရှိပါသည်။

စင်ကာပူတွင် အလုပ်ရှာပေးမည်ဟုပြောပြီး ငွေလိမ်သည့် ဇနီးမောင်နှံကို တိုင်တန်းထား

RangonNewsDaily:: September 18, 2013

စင်ကာပူနိုင်ငံတွင် အလုပ်ရှာပေးမည်ဟု ပြောဆိုပြီး လူခုနစ်ဦးထံမှ ငွေလိမ်လည်တောင်းယူခဲ့သည့် ဇနီးမောင်နှံကို ငွေလိမ်ခံရသူများထဲမှ တစ်ဦးဖြစ်သူက တိုင်တန်းထားသည့်အတွက် ဒဂုံအရှေ့ရဲစခန်းက စက်တင်ဘာ ၁၆ တွင် အမှုဖွင့် လိုက်ပြီးဖမ်းဆီးရန် လုပ်ဆောင်လျက်ရှိသည်။

တောင်သမန် အင်းရေ ပြည့်နေ ပြီး ဦးပိန် တံတား ကြမ်းပြင် နှင့် ထိလု နီးပါး ဖြစ်နေ

တောင်သမန် အင်းရေ ပြည့်နေ ပြီး ဦးပိန် တံတား ကြမ်းပြင် နှင့် ထိလု နီးပါး ဖြစ်နေ


kolatt(PBDN): September. 18. 2013

ဧရာဝတီမြစ်ရေ နှင့် ဒုဋ္ဌ၀တီမြစ်ရေ လျှံမှုကြောင့် အမရပူရ မြို့နယ် အတွင်း ရှိ တောင် သမန် အင်းရေပြည့် နေ ပြီး ကမ္ဘာကျော် ဦးပိန် တံတား ကြမ်းပြင်နှင့် ထိလု နီးပါးဖြစ်နေ သည် ကို စက် တင်ဘာ ၁၆ ရက်က တွေ့ရ သည်။
::
တံ တား ၏ အနောက်ဘက် ထိပ်တွင် တံတားကြမ်း ပြင်နှင့် ရေထိ ရန် သုံးပေခန့် ရှိနေပြီး တံတား ၏ အလယ် တွင် ကြမ်းပြင်နှင့်ရေ ထိ ရန် တစ်ပေ ခန့် သာ လိုတော့ သည်။ ဦးပိန် တံတားသို့ သွား ရာ ကန်ပတ် လမ်း မှာ လည်း ရေကျော်နေပြီး အန္တရာယ် မဖြစ်ရန် အတွက် သွား လာခြင်း မပြုရန် တားမြစ် ထား သည်။ 
::
ထိုသို့ ကြမ်းပြင်နှင့်ရေ ထိ လု နီးပါးဖြစ်နေ သည့် ဦးပိန် တံတား သို့ တကူး တက လာရောက် လည်ပတ် လေ့လာ သူများ များပြားနေပြီး ခရီးသွား ဧည့်သည် များ အန္တရာယ် မဖြစ်စေရေး အတွက် Tourist Police များ၊ ကြက် ခြေနီ များနှင့် တာဝန် ရှိသူများ က ဦးပိန် တံတား တွင် အချိန်ပြည့် စောင့် ကြည့်လျက် ရှိသည်။
::
ဦးပိန် တံတား တွင် တည်ခင်းရောင်း ချနေသော ဆိုင် အချို့မှာ ရေနစ် မြုပ် လျက် ရှိရာ ဆိုင် ပိတ် ထားရပြီး ကားလမ်းဘေး ရှိ ရေလွတ်သော ဆိုင်များ သာ ဖွင့်လှစ်ရောင်း ချနေ ရသည်။ 
""
ဦးပိန် တံ တား အရှေ့ဘက် ရှိ ရတနာပုံ တက္ကသိုလ်နှင့် ထန်းတော ရွာ အပါ အဝင် အနီးရှိကျေးရွာ များ မှာ ရေ နစ်မြုပ် လျက် ရှိပြီး အနောက် ဘက်ခြမ်း ရှိ ရွှေကွမ်းထုတ် ရပ်ကွက်၊ တရုတ်တန်းလေး ရပ် ကွက်၊ တရုတ်တန်း ကြီး ရပ်ကွက် တို့တွင် လည်း ရေနစ်မြုပ် နေရာအိမ်ထောင် စုထောင်ပေါင်း များစွာ ရေဘေး သင့်နေ ကြရကြောင်း သိရ သည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း::--

RangonNewsDaily:: September 18, 2013

ဧရာဝတီမြစ်ရေ နှင့် ဒုဋ္ဌ၀တီမြစ်ရေ လျှံမှုကြောင့် အမရပူရ မြို့နယ် အတွင်း ရှိ တောင် သမန် အင်းရေပြည့်
 နေ ပြီး ကမ္ဘာကျော် ဦးပိန် တံတား ကြမ်းပြင်နှင့် ထိလု နီးပါးဖြစ်နေ သည် ကို စက် တင်ဘာ ၁၆ ရက်က တွေ့
ရ သည်။

ကော်ရှူလူငယ် ၈၀ခန့် လူမှုဝန်ထမ်းထိန်းသိမ်း

ကော်ရှူလူငယ် ၈၀ခန့် လူမှုဝန်ထမ်းထိန်းသိမ်း

ရန်ကုန်၊ စက်တင်ဘာ ၁၇

လူငယ်ထုအကြား ကော်ရှူသည့် ဓလေ့ များပြားလာသောကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ပညာပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများ၌ ကော်ရှူ ကလေးသူငယ် ၈၀နီးပါး လက်ခံထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

လမ်းပေါ်တွင် ကော်ရှူနေသော ကလေးသူငယ်များကို တွေ့ရှိလျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လူမှုဝန်ထမ်း ဦးစီးဌာနသို့ ပို့ဆောင်ပေးကြောင်း၊ ယင်းမှ အသက် ၁၈ နှစ်အောက် ယောက်ျားလေးများကို သန်လျင်နှင့် ငှက်အော်စမ်း လူငယ်လေ့ကျင့်ရေးကျောင်း၊ မိန်းကလေးများကို ထောက်ကြန့်အမျိုးသမီး ကလေးများသင်တန်းကျောင်း နှင့် မန္တလေး ရှိ လူမှုဝန်ထမ်းဦးစီးဌာန လူငယ်လေ့ကျင့်ရေး စခန်းသို့ တစ်ဆင့် ပြန်လည်ပို့ဆောင် ခဲ့ကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။ 

လေ့ကျင့်ရေးကျောင်း တစ်ကျောင်းလျှင် လူငယ်၂၀ဦးခန့် ရှိပြီး ယင်းလူငယ် များတွင် ဂေဟာသို့ ဒုတိယအကြိမ် ရောက်ရှိသော လူငယ်များလည်း ပါဝင်ကြောင်း၊ အချို့လူငယ် များသည် 
ပထမအကြိမ် ရောက်ရှိချိန်တွင် ကော်ရှူခြင်းဓလေ့ ပျောက်ကင်းသွားသော်လည်း ပြင်ပ ပတ်ဝန်းကျင်နှင့် ပြန်လည်ထိတွေ့ပါက ကော်ရှူခြင်း ပြန်လည်စွဲသွားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ 

ယင်းကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ကယ်ဆယ်ထားသော ကလေးသူငယ်နှင့် လူငယ်လေ့ကျင့်ရေး စခန်းများသို့ ဒုတိယအကြိမ် ပြန်ရောက်သော ကလေးသူငယ်များကို စိစစ်ရန် အတွက် ယခုလမှစတင်ကာ လေ့ကျင့်ရေးစခန်းသို့ ရောက်လာသော ကလေးငယ်များ၏ ကိုယ်ရေးရာဇဝင် များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

တိုင်းဒေသကြီးနှင့်  ပြည်နယ်အစိုးရ များကလည်း လူမှုဝန်ထမ်းသို့ ရောက်ရှိလာသည့် ကော်ရှူကလေးသူငယ် များကို ရာဇဝတ်မှုရှိ၊ မရှိစစ်ဆေးကာ တွေ့ရှိပါက ကလေးသူငယ် ဥပဒေအတိုင်း အရေးယူမှုများ ပြုလုပ်သွားရန် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဆိုသည်။ 

ကျန်းမာရေးဝန်ကြီးဌာနက ကော်ရှူကလေးသူငယ် များအတွက် ကော်ရှူသုံးစွဲခြင်း တားဆီးရေး ဥပဒေတစ်ခု အမြန်ဆုံး ရေးဆွဲသွားရန် ရှိကြောင်း ဇူလိုင်လ ၄ ရက် နေ့တွင် ယခင်ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

(ရလေး)

RangonNewsDaily:: September 18, 2013
လူငယ်ထုအကြား ကော်ရှူသည့် ဓလေ့ များပြားလာသောကြောင့် လူမှုဝန်ထမ်း ဦးစီးဌာနက ပညာပေး အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ လူငယ်ပြုပြင်ရေး သင်တန်းကျောင်းများ၌ ကော်ရှူ ကလေးသူငယ် ၈၀နီးပါး လက်ခံထားကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ရဲကိုင်သေနတ် အလိုအလျောက် ကျည်ထွက်သဖြင့် အမျိုး သမီးတစ်ဦး ထိမှန်

RangonNewsDaily:: September 18, 2013

ဒု-ရဲအုပ်တစ်ဦး ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်မှ အလိုအလျောက် ကျည်ထွက်ခဲ့သဖြင့် အမျိုးသမီး ထိမှန်ခံရမှုတစ်ခု ကျိုက်ထိုမြို့နယ်တွင် စက်တင်ဘာ ၁၆ရက် ဖြစ်ပွားခဲ့သည်။

ပန်းဘဲတန်း လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ ကျပ်သိန်း ၈၀ ခိုးယူခဲ့သူကို ငါးနာရီအတွင်း ဖမ်းမိ

RangonNewsDaily:: September 18, 2013

ပန်း ဘဲတန်းမြို့နယ်ရှိ လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ ကျပ်သိန်း ၈၀ ခိုးယူခဲ့သူကို ငါးနာရီအတွင်း သက်ဆိုင်ရာမှ သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ သိရသည်။

ဘက်ထရီရှော့တိုက် ငါးဖမ်းသူများကို ဖမ်းဆီးအရေးယူတော့မည်

RangonNewsDaily:: September 18, 2013

စစ်ကိုင်းတိုင်း မြစ်ချောင်းအင်းအိုင်များအတွင်း ဘက်ထရီရှော့တိုက်၍ ငါးဖမ်းယူခြင်းသည် ငါးသားပေါက်လေး အများအပြား သေဆုံးရပြီး ငါးမျိုးဥများစွာကို ပျက်စီးစေသည့်အတွက် ဘက်ထရီရှော့တိုက်ကာ ငါးဖမ်းသူများကို ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၅ အရ ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ခရိုင် ငါးလုပ်ငန်းဦးစီးအရာရှိ ဦးမြင့်သိန်းမှ ပြောကြားသည်။

ဆန္ဒပြခွင့်တောင်းသူများကို တရားဝင်ခွင့်ပြုရန် သမ္မတရုံးဝန်ကြီးပြော

RangonNewsDaily:: September 18, 2013

ပြည်သူလူထု၏ မကျေနပ်ချက်များ၊ တင်ပြတောင်းဆိုချက် များနှင့် ပတ်သက်၍ ဆန္ဒပြခွင့်ပြုရန် လျှောက်ထားသူများကို ရဲတပ်ဖွဲ့မှူးများက တရားဝင်ခွင့်ပြုချက် ပေးရန် နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံစဉ် ပြောဆိုကြောင်း အဆိုပါတွေ့ဆုံပွဲ တက်ရောက် ခဲ့သူများထံမှ သိရှိရသည်။

အရှေ့ဖက်က ၀င်လာမယ့် မုန်တိုင်းနဲ့ပတ်သတ်ပြီး သတိပြုစရာ

Breaking News::
RangonNewsDaily:: September 18, 2013
ဗီယက်နမ်နိုင်ငံကမ်းလွန်ဒေသမှာ အပူပိုင်းမုန်တိုင်းတစ်လုံးဖြစ်ပေါ်နေပြီး (၁၉-၉-၂၀၁၃) ရက်နေ့မှာ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကမ်းခြေကိုဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

တိုင်းနှင့်ပြည်နယ်ခုနစ်ခုတွင် ရေဖုံးလွှမ်းမှုကြုံတွေ့နိုင်ကြောင်း နာဆာဂြိုဟ်တုမှ ကြေညာ

RangonNewsDaily:: September 18, 2013

တိုင်းနှင့်ပြည်နယ်ခုနစ်ခုမှ ၁၀ မြို့နယ်အတွင်း ရေဖုံးလွှမ်းမှု ကြုံတွေ့နိုင်ကြောင်းနာဆာဂြိုလ်တုတိုင်းတာချက်
မှ ထုတ်ပြန်ကြေ ညာထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သူ၏ အင်တာ
နက် စာမျက်နှာတွင်ဖော်ပြသည်။

မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွင်း အထည်ချုပ်စက်ရုံ၏ ရေငွေ့စုပ်စက်အပူလွန်ကဲကာ မီးလောင်မှုဖြစ်ပွား

အထည်ချုပ်စက်ရုံ၏ ရေငွေ့စုပ်စက်အပူလွန်ကဲကာ မီးလောင်မှုဖြစ်


၁၈.၉.၂၀၁၃ ရက်နေ့ ၁၁၃၅ အချိန်မှ စ၍ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွင်း၊ ရန်ကုန်စက်မှုဇုန်၊ ဗိုလ်တေဇလမ်းနှင့်
A 1 လမ်းထောင့်ရှိ ၊ A 1 အထည်ချုပ်စက်ရုံတွင် စက်ရုံ၏ အချောကိုင်ဌာနရေငွေ့စုပ်စက် အပူလွန်ကဲရာမှမီးစတင်လောင်ကျွမ်း
ခဲ့ရာမှ အ၀တ်အထည်များ၊ စက်ပစ္စည်းများနှင့်အဆောက်အဦးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့၍ မီးသတ်ယာဉ်(၄၄)စီး၊ အုပ်ချုပ်မှုယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့ဖြင့်
ရောက်ရှိငြိမ်း သတ်ခဲ့သဖြင့် ၁၂၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်မီးလောင်ရာသို့ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးကြည်ဝင်း၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုင်းဝင်းအေး၊ တိုင်းအကူတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးရွှေသောင်း၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး
ဒုတိယရဲမှူးကြီးစိုးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ် စစ်ဆေးရေး
ဦးစီးဌာနမှ ဦးလှစိုင်၊ ဦးစောထူးဝါး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး
ဦးညွန့်ဟန်၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများရောက်ရှိစစ်ဆေး ခဲ့ပါသည်။

အဆိုပါစက်ရုံတွင် အလုပ်သမား(၁၀၀၀)ဦးခန့်ဖြင့်လုပ်ငန်းလည်ပတ်
လျက်ရှိပြီး အလုပ်သမားများ ထမင်းစားနားနေချိန်တွင် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းနှင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၁၂၇)သိန်းခန့်ဆုံးရှုံးခဲ့သဖြင့် အထည်ချုပ်စက်ရုံမန်နေဂျာ ဦးနိုင်ဦး(ဘ)ဦးလှအောင်အား မင်္ဂလာဒုံမြို့မရဲစခန်း (ပ)၅၈၄/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 Yangon Police

RangonNewsDaily:: September 18, 2013

၁၈.၉.၂၀၁၃ ရက်နေ့ ၁၁၃၅ အချိန်မှ စ၍ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွင်း၊
ရန်ကုန်စက်မှု
ဇုန်၊ ဗိုလ်တေဇလမ်းနှင့်A 1 လမ်းထောင့်ရှိ ၊ A 1 အထည်ချုပ်စက်ရုံတွင် စက်ရုံ၏ အချောကိုင်ဌာနရေငွေစုပ်
စက် အပူလွန်ကဲရာမှမီးစတင်လောင်ကျွမ်ခဲ့ရာမှ အ၀တ်အထည်များ၊ စက်ပစ္စည်းများနှင့်အဆောက်အဦးတိုအား မီးကူးစက်လောင်ကျွမ်းခဲ့၍ မီးသတ်ယာဉ်(၄၄)စီး၊ အုပ်ချုပ်မှုယာဉ်(၅)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ မီးသတ်စက်ယာဉ်(၁)စီးတို့ဖြင့်ရောက်ရှိငြိမ်း သတ်ခဲ့သဖြင့် ၁၂၁၅ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

ဟောလိဝုဒ်မှ ဒါရိုက်တာတစ်ဦး ပြည်တွင်း၌ ဖြစ်ရပ်မှန်ရုပ်ရှင် ရိုက်ကူးမည်

RangonNewsDaily:: September 18, 2013
ဟောလိဝုဒ်မှဒါရိုက်တာတစ်ဦးသည် ပြည်တွင်း၌ ဖြစ်ရပ်မှန် ဇာတ်လမ်းအား အခြေခံသည့် ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည်ဖြစ်ပြီး ယင်းဇာတ်ကားနှင့် ပတ်သက်သော ဇာတ်ဝင်ခန်းများအတွက် ယခုအခါ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း ဥက္ကဋ္ဌလူမင်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။

နိုင်ငံခြားခိုးကူးခွေဖမ်းဆီးနေမှုကြောင့် အစည်းအရုံးအပေါ် အထင်မလွဲစေလိုဟု ဦးလူမင်းဆို

RangonNewsDaily:: September 18, 2013

မြန်မာနိုင်ငံနေရာအနှံ့အပြား၌ ရောင်းချနေသော မြန်မာဇာတ်လမ်း၊ မြန်မာ သီချင်းခိုးကူးခွေများကိုသာ ဖမ်းဆီးနိုင်ရေးအတွက် အဓိက ဦးတည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားဇာတ်လမ်းခိုးကူးခွေများကို ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ဖိအားပေးတိုက်တွန်းခဲ့ခြင်းမရှိခဲ့သလို သက်ဆိုင်မှုလည်း မရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးလူမင်းက ပြောကြားလိုက်သည်။

ဗုဒ္ဓ ဘာသာ နိုင်ငံဖြစ်ရဲ့သားနဲ့ ဗုဒ္ဓ ဘာသာ ဘာလို့  ထင်သလောက် မထွန်းကားရသလဲ ????

RangonNewsDaily:: September 18, 2013
မြန်မာနိုင်ငံဟာ ဗုဓ္ဒဘာသာနိုင်ငံဖြစ်ပါတယ်။ သို့ပေမယ် လည်း ဗုဓ္ဒဘာသာဝင်လူဦးရေ အများစုရှိနေပေ
မယ့် နေ့စဉ်ဘုရားကျောင်းကန်တွေ ဥပုသ်သီလယူသူတွေ ကအနည်းအကျဉ်းသာတွေ့ရပါတယ်။ နေ့စဉ်
ဘုရားရှိခိုးဖို့ သီးသန့်အချိန်ထုတ်သူမရှိသလောက်ကိုရှာပါးလာတာကိုတွေ့ရပါတယ် ။ဗုဒ္ဓ ဘာသာ နိုင်ငံ
ဖြစ်ရဲ့သားနဲ့ ဗုဒ္ဓ ဘာသာ ဘာလို့  ထင်သလောက် မထွန်းကားရသလဲ ???? အဖြေကိုရှာကြည့်လိုက်တော့

ကျောက်တံတားမြို့နယ် လမ်း ၄၀ မှာ အ၀တ်လှန်းရာမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

၁၇.၉.၂၀၁၃ ရက်နေ့  နံနက် ၁၁း၅၀ ခန့်က၊ လမ်း (၄၀)၊ အလယ်ဘလောက်၊ ၈ လွှာမှ မိန်းကလေးတစ်ဦး ပြုတ်ကျသေဆုံး
RangonNewsDaily:: September 18, 2013
၁၇.၉.၂၀၁၃ ရက်နေ့  နံနက် ၁၁း၅၀ ခန့်က၊  ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်၊ (၉)ရပ်ကွက်၊ လမ်း(၄၀) အမှတ် (၁၄၂) (၈)လွှာနေအိမ်သို့ အလည်လာ ရောက်သည်ဆိုသော  (၂၃)နှစ်အရွယ် ချင်းလူမျိုး  မကန်မီ ဆိုသူ မိန်းကလေးတစ်ဦး သည် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

“ရဟန်းနဲ့ ကား”

RangonNewsDaily:: September 17, 2013

ဒကာ - အရှင်ဘုရား ဘုန်းကြီးတွေ ကားမောင်းတာ ၀ိနည်းနဲ့ညီပါသလား။

ဆရာ - ၀ိနည်းနဲ့ ညီ၊ မညီကို ပြောရရင် အာပတ်အကြီး၊ အသေး အသာ
ထားလို့ မညီဘူးလို့ အရင်မှတ်ထားပါ။ ကားမောင်းတဲ့အခါ မောင်းတဲ့သူ
က ရှေ့နောက်၊ ၀ဲယာ ကြည့်ရတယ်မို့လား။

ဒကာ - မှန်ပါ့။