Pages

Saturday, September 14, 2013

မန်းတွင် နှစ်ဧက မြေကွက် ကျပ်သိန်းပေါင်း ကိုးသောင်း ပေးဝယ်သော်လည်း အရောင်းအဝယ်မဖြစ်

RangonNewsDaily:: September 14, 2013

မန္တလေးမြို့ ၃၅ လမ်း ၆၂ လမ်း အရှေ့ဘက်ခြမ်း တစ်နေရာရှိ နှစ်ဧက အကျယ်ရှိ မြေကွက် တစ်ကွက်အား ကျပ် သိန်းကိုးသောင်း အထိ ဈေးပေး သော်လည်း ပိုင်ရှင်က ကျပ်သိန်း တစ်သိန်း ခွဲရမှရောင်းမည် ဆိုသောကြောင့် အရောင်း အဝယ် မဖြစ်ခဲ့ကြောင်း ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ သိရ သည်။

SeaGame မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အပေါ်သင်စိတ်ဝင်စားမိလား ??

Photo: ဆီးဂိမ်းအိမ်ရှင်အပေါ် သင်စိတ်ဝင်စားမိလား
Saturday, September 14, 2013

အိမ်ရှင်အဖြစ် ကျင်းပခွင့်မရခဲ့သည်မှာ နှစ် ၄ဝ ကျော်ကြာခဲ့ပြီ။ ယခုနှစ်မှသာ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် မြန်မာတွင် ကျင်းပခွင့်ရခဲ့ သည်။ နေပြည်တော်တွင် ဆီးဂိမ်း အတွက် ကြိုတင်ပြင်ဆင်နေမှုများကို ကြားနေရသည်။ ဆီးဂိမ်းလှုံ့ဆော်သီချင်း များကိုလည်း ကြားနေရသည်။ နိုင်ငံရေးပြောင်းလဲမှုသည် လူထုဆီသို့ သက်ရောက် မှုရှိသည် မရှိသည်အပထား အပြောင်းအလဲမှသည် အပြောင်းအလဲဆီသို့ မျက်နှာမူနေသောကာလတွင် ဆီးဂိမ်းပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရ ခဲ့ခြင်း  ဖြစ်သည်။ တစ်ခေတ်တစ်ခါက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့သော ဆီးဂိမ်းပြိုင်ပွဲကို မြန်မာပြည်သူများ တစ်ခဲနက် အားပေးခဲ့ကြသည်ဟု ကြားသိခဲ့ဖူးသည်။ ယခုအခါမှာရော ဆီးဂိမ်း အပေါ် ရင်ခုန်နှုန်းမှာ ဒီဂရီအနိမ့်အမြင့် မည်သို့ ရှိမည်နည်း။ ထို့ကြောင့် အိမ်ရှင်ဆီးဂိမ်းအပေါ် သင်စိတ်ဝင်စားမိလားဟု ကျွန်တော်တို့ မေးခွန်း ထုတ်မိသည်။

ကျော်ထက်အောင်

(ကျောင်းသား၊ ကျိုက်ဝိုင်းဘုရားလမ်း)
ဆီးဂိမ်းကို ကိုယ့်နိုင်ငံမှာလုပ်တယ် ဆိုတော့ ပျော်တာပေါ့နော်။ ကျွန်တော်က အခုမှဆီးဂိမ်းကိုကြုံဖူးတာလေ။ ဖြစ်နိုင် မယ်ဆိုရင် ရွှေတံဆိပ်တွေချည်းပဲရစေချင် တယ်။ ဘောလုံးပွဲကိုတော့ ပိုရစေချင် တယ်။ ရန်ကုန်မှာလုပ်တဲ့ ပွဲစဉ်တွေကို တော့ သွားကြည့်ဖြစ်မှာပါ။ နေပြည်တော် ကတော့ မပြောတတ်ဘူး။ လက်ရှိအခြေ အနေက လည်း ဘာမှန်းမသိဘူး။ ဆီးဂိမ်း အတွက် ရန်ပုံငွေဖျော်ဖြေပွဲတုန်းကတော့ သွားတယ်။ ကောင်းပါတယ်။ ဒီလိုလုပ် ပေးမှ ဆီးဂိမ်းကိုလူတွေသိမှာပါ။ ဒီလို လုပ်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူးလေ။ ဘယ်အလုပ်မဆို ကောင်းတာကြိုက်တဲ့ လူရှိသလို မကောင်းတာကြိုက်တဲ့လူရှိ မှာပါပဲ။ ဆီးဂိမ်းကိုယ့်နိုင်ငံမှာ လုပ်ေ တာ့ နိုင်ငံရဲ့ ဂုဏ်နဲ့ဆိုင်တဲ့ပွဲလို့ မြင်တယ်။ အဲဒီ အတွက် အားကစားသမားတွေကိုလည်း ကြိုးစားစေချင်တယ်။

ကောင်းဆက်လွင်

(ဒုတိယနှစ် ကျောင်းသား၊ ကြည့်မြင်တိုင်)
ကိုယ့်နိုင်ငံမှာ ဆီးဂိမ်းကျင်းပတဲ့အ တွက် စိတ်ဝင်စားမှုကတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို ပြိုင်ပွဲကြီးမျိုး တွေ မြန်မာမှာမလုပ်ဘူးလေ။ ခုလုပ်မယ် ဆိုတော့ စိတ်လည်းဝင်စားတယ်။ ပြိုင်ပွဲ တချို့ကိုလည်း ကိုယ်တိုင်သွားကြည့်ချင် တယ်။ ဆီးဂိမ်းအတွက် လှုံ့ဆော်သီချင်း တွေတော့နားထောင်ဖြစ်တယ်။ မကြောက်နဲ့ကျုံး ဆိုတာရယ်၊  င်္Fight For It  ဆိုတာ ရယ်ပေါ့။ Fight For It ကိုတော့ အရမ်းသဘောကျတယ်။ ပြိုင်ပွဲဝင်စိတ်ဓာတ်တွေ ကို တော်တော်လေး လှုံ့ဆော်ပေးထား တာ တွေ့ရ တယ်။ အဲဒီလှုံ့ဆော်မှုတွေက ဆီး ဂိမ်းအတွက် သက်ရောက်မှုအနည်းငယ်တော့ ရှိစေမယ်လို့ ထင်ပါတယ်။ ကိုယ်ကိုယ်တိုင်တောင် ကစားပွဲတွေ ဝင်ပြိုင်ချ င်မိတယ်။ ကိုယ့်နိုင်ငံမှာ လုပ်တဲ့အတွက် ကိုယ့်ကစားသမားတွေကို အောင်မြင်စေချင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေပါ လာပြိုင်မယ်ဆိုတော့ မြန်မာ’ဘာ’ ဆိုတာပြဖို့ အခွင့်အေ ရးကောင်း တစ်ခုလို့တော့ထင်တယ်။

ဦးဇော်ထွန်း(ပန်းပုကျွမ်းကျင်သူ)

ဆီးဂိမ်းလုပ်မယ်ဆိုတာကိုတော့ သိ ပါတယ်။ စိတ်လည်းဝင်စားတယ်။ အားကစားပွဲတွေကို တို့ဆီမှာလာလုပ်တာဖြစ် တဲ့အတွက် နောက်ပြီးအိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမှာဖြစ်လို့ စိတ်ဝင်စားတာ ပါ။ ပွဲစဉ်တွေကို ခရီးတော့မသွားနိုင်တဲ့ အတွက် တီဗီက လာမယ်ဆိုရင်တော့ တချို့ပွဲစဉ်တွေကို ကြည့်ဖြစ် မယ်ပေါ့။ နေ ပြည်တော်မှာ ကျင်းပမယ့် ပွဲစဉ်တွေကို လည်း နေပြည်တော်ကြီးတော့ ဘယ်သူမှ တကူးတက ဦးတို့အနေနဲ့ မသွားနိုင်ဘူး လေ။ ရန်ကုန်မှာဆိုရင်တော့ သုဝဏ္ဏ ကွင်း၊ အောင်ဆန်းကွင်း အဲဒီနေရာတွေမှာ လုပ်ရင်တော့ သွားကြည့်ဖြစ်လောက်တယ်။ အခု ဆီးဂိမ်းအတွက် တီဗီက သီချင်းတွေ ဘာတွေလာတာတို့၊ ဆီးဂိမ်းအတွက်ပြိုင်ပွဲ တွေ လုပ်နေတာတို့၊ ကြိုးစားနေတာတို့ အဲဒါတွေတော့ ကြည့်ဖြစ်တယ်။ အလုပ် ချိန် အားတယ်ဆိုရင်တော့ ကြည့်ပါတယ်။ စိတ်လည်းဝင်စားပါတယ်။ ကိုယ့်နိုင်ငံမှာ လာလုပ်တဲ့အတွက် ကြည့် လည်းကြည့်ချင် တယ်။ စိတ်ဝင်စားမိတဲ့အတွက် ဆီးဂိမ်း ရောက်ရင်တော့ ကြည့်ဖြစ်အောင်လုပ်မှာပါ။

ကိုမိုးသောက်ကြယ် (သန်လျင် GTC )

ကိုယ့်နိုင်ငံမှာ ဆီးဂိမ်းလုပ်တဲ့အတွက် အရမ်းဂုဏ်ယူမိတာပေါ့နော်။ ကိုယ့်ဗမာ လူမျိုးတွေရဲ့ အရည်အသွေးကိုလည်းပြသ ရာရောက်တယ်။ အရှေ့တောင်အာရှပြိုင် ပွဲတွေ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြန် ပြီးလက်ခံကျင်းပတဲ့အတွက် ပိုပြီးစိတ်ဝင် စားတာပါ။ ကစားပွဲစဉ်တွေကို သွားပြီး အားပေးမယ်လို့တော့ သူငယ်ချင်းတွေနဲ့ တိုင်ပင် ထားပါတယ်။ ရန်ကုန်မှာလုပ်မယ့် ပွဲတွေကိုတော့ ကျိန်းသေသွားရောက် အားပေးမှာပါ။ ကျွန်တော်က ကျောင်း တစ်ဖက်နဲ့ဆိုတော့ နေပြည်တော်မှာ လုပ် တဲ့ပွဲတွေ ကိုတော့ သေချာမပြောနိုင်ပါဘူး။ အခု ဆီးဂိမ်းအတွက် မင်းသား၊ မင်းသမီး တွေ အဆိုတော်တွေ ပါဝင်သရုပ်ဆောင် တဲ့ သီချင်းတွေတော့ ကြည့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လ ကတောင် ပြည်သူ့ရင်ပြင်မှာ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊ မင်း သမီးတွေ၊ ဟာသသရုပ်ဆောင်တွေ ကပြ ဖျော်ဖြေပြီး ရန်ပုံငွေတောင်ရှာခဲ့ကြတယ် လေ။ ဆီးဂိမ်းက ကျွန်တော်တို့ အသက်အ ရွယ်မှာ ပထမဆုံးကြုံရတဲ့အတွက်ကြောင့် ထူးဆန်းတဲ့အတွေး အမြင်သစ်တွေ ဗဟု သုတအသစ်တွေလည်း တွေ့ရမယ်ပေါ့ နော်။ ဆီးဂိမ်း မရောက်ခင် သုံးလကြိုပြီး ရင်ခုန်ရတာပေါ့နော်။ ကျွန်တော်က ရန် ကုန်ကဖြစ်လို့ ရန်ကုန်မှာကျင်းပတဲ့ပွဲစဉ်တိုင်းကိုတော့ သွားကြည့်နိုင်မှာဖြစ်ေ ပမယ့် နေပြည်ေ တ်ာမှာ ကျင်းပမယ့်ပွဲစဉ်တွေကို မသွားနိုင်တဲ့အတွက် တီဗီကပဲကြည့်ပြီး အားပေးရမှာမို့ အားမလိုအားမရတော့ ဖြစ်ရမှာပေါ့။

ဇော်မျိုးထွန်း(ဒုတိယနှစ် ဆေးကျောင်းသား)

ဆီးဂိမ်းနဲ့ပတ်သက်လို့ကတော့ စိတ် ဝင်စားမှုနည်းနည်းပဲရှိပါတယ်။ ဘာကြောင့် လဲဆိုတော့အားကစားတွေကို ကျွန်တော့ အနေနဲ့ သိပ်နားမလည်ဘူး။ ပြီးတော့ တွက်ြ ကည့်ရသလောက် မြန်မာကနိုင်ဖို့ အခွင့်အရေးနည်းမယ်လို့ထင်တယ်။ အဲ ဒါကြောင့် ကျွန်တော် သိပ်စိတ်မဝင်စား ဘူး။ ဆီးဂိမ်းပွဲစဉ်တွေကို ကျွန်တော်ဖန် သားပြင်ေ ပ်ါကနေပဲ အားပေးနိုင်မယ်ထင် တယ်။ မြန်မာနိုင်ငံမှာ လာကျင်းပတဲ့အ တွက် အရမ်းပဲဝမ်းသာပါတယ်။ အဲတစ် ဖက်ကလည်း မြန်မာတွေအကြောင်းကို သိနေတော့ မျက်နှာပျက်မှာကိုလည်း စိုး ရိမ်မိပါတယ်။ အထူးသဖြင့် စည်းကမ်းပိုင်း ဆိုင်ရာတွေပေါ့။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံတကာကလာ အကဲခတ်မှာလေ။ အဆိုးမြင် ဝါဒီလို့ပဲ ပြောပြော၊ အခုဆီးဂိမ်း အတွက်ဆိုတဲ့ သီချင်းတွေက ကျွန်တော် ခံစားလို့မရဘူး။ ဒီလိုအချိန်မှာ တိုင်းသူ ပြည်သားတွေက ဆီးဂိမ်းသီချင်းလာလိုက် တာနဲ့ သွေးေ တွဆူပူပြီး အားမာန်တက်နေ ရမှာလေ။ ငယ်ငယ်ကဆို တီဗီက မြန်မာ နိုင်ပြီ၊ တို့မြန်မာနိုင်ပြီဆိုတဲ့ သီချင်းဆို ကြက်သီးတွေ တောင်ထပါတယ်။ အဲဒီလို ခံစားချက်မျိုးရေ စ မယ့် သီချင်းမျိုးတွေနဲ့ လှုံ့ဆော်သင့်ပါတယ်။ လှုံ့ဆော်မှုတွေကို လှုံ့ဆော်တဲ့ လူကိုယ်တိုင်က လိုအပ်ချက် တွေရှိနေရင်အကျိုးမဖြစ်ဘူးလို့ထင်ပါတယ်။

ဦးတင်ဝင်း(Taxi  အငှားကားမောင်းသူ)

ဆီးဂိမ်းရှိတာတော့သိတာပေါ့။ စိတ် လည်းဝင်စားပါတယ်။ ကားမောင်းရင်ဘေ ဘုတ်တွေ ထောင်ထားတာကိုတွေ့နေရ တယ်။ သဘောလည်းကျတယ်။ ဇီးကွက် ရုပ်တွေ ကို အားကစားနည်း ပုံစံအလိုက်ပုံ ဖော်ထားတာ စိတ်ဝင်စားဖို့ ကောင်းပါ တယ်။ သွားကြည့်ဖြစ်မလားဆိုတာက တော့ အခြေအနေအရပဲ၊ စားဝတ်နေရေး က အဓိက ကျတယ်။ အားကစားပွဲတွေ လိုက်ကြည့်ပြီး အိမ်မှာစားဖို့ စရိတ်မရှိလို့ မဖြစ်ဘူး၊ ဒါကြောင့် အိမ်စားသောက် စရိတ်က အဓိကကျတယ်။ နောက်တစ်ခု က အားက စားပြိုင်ပွဲ အများစုက နေပြည် တော်မှာ ကျင်းပမယ်လို့ သိရတယ်။ ဘယ် လိုလုပ် နေပြည်တော်အထိ လိုက်ကြည့် နိုင်မှာလဲ၊ အခွင့်အခါသင့်လို့ ကြည့်ဖြစ် ရင်တော့ ဘော လုံးအား ကစားနည်းကို ကြည့်ဖြစ်မှာပါ။ ကိုယ်လည်း ဝါသနာပါ တဲ့ အားကစားဖြစ်နေတဲ့အတွက် ကြည့် ဖြစ်မှာပါ။ တခြားနိုင်ငံတွေ အားကစား ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပတာ စည် ကား တယ်ဆိုတာတော့သိပါတယ်။ သူ့ နိုင်ငံနဲ့ကိုယ့်နိုင်ငံ တူမှ မတူတာ။ ရှင်းရှင်း ပြောရရင် စိတ်လည်းဝင်စားတယ်။ ကြည့် လည်း ကြည့်ချင်တယ်။ အား လည်းပေးချင် တယ်။ အခြေအနေပေးရင်ပေါ့။ အခု တော့ အိမ်စရိတ်၊ အုံနာခ၊ ဆီဖိုးပြည့် အောင် ကားဆွဲနေပါတယ်။ စည်စည်ကား ကားပြီးမြောက်ပါစေလို့လည်း ဆုေ တာင်း ပေးပါတယ်။

ကိုအသေးလေး(ကားဘော်ဒီလုပ်ငန်းလုပ်ကိုင်သူ)

ဆီးဂိမ်းရှိတယ်လို့တော့သိတယ်။ ဘယ်အချိန်ကျင်းပမယ်ဆိုတာတော့ မသိ ဘူး။ စိတ်ဝင်စားပါတယ်။ ဘေဘုတ်တွေ ထောင်ထားတာတော့ မတွေ့ဘူး။ ကိုယ့် အလုပ်နဲ့ ကိုယ် ဖြစ်နေတာလည်းပါတာ ပေါ့။ ဆီးဂိမ်းလှုံ့ဆော်ရေးပွဲကိုတော့ တီဗီကနေ ကြည့်ဖြစ်တယ်။ သဘောကျ တယ်။ သွားကြည့်ဖြစ်မလားဆိုတာက တော့ မသေချာဘူး၊  ကြည့်ခွင့်ရရင်တော့ ကရာတေးဒို ပြိုင်ပွဲကို ကြည့်ချင်တယ်။ ကိုယ်ကလည်း ဝါသနာပါတယ်။ သူများနိုင်ငံတွေမှာ ကျင်းပတဲ့ ပြိုင်ပွဲ တွေကို ခဏတဖြုတ်တော့ ကြည့်ဖြစ် တယ်။ ဘောလုံးပြိုင်ပွဲဆိုရင် လူတွေပြည့် ကျပ်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လည်း ဒီလိုတော့ ဖြစ်စေချင်တယ်။ ကိုယ်မကြည့်နိုင်ပေမယ့် ကြည့်နိုင်တဲ့ လူတွေ သွားကြည့်စေချင်တယ်။ အား ပေးစေချင်တယ်။ ကျွန်တော်ကြည့်နိုင်တဲ့ အနေအထားမှာနေနေပြီဆိုရင် ကြည့်ဖြစ် မှာပါ။ အခုကိုယ်က နယ်ကနေတက် လာပြီး အလုပ် လုပ်နေရတဲ့လူဆိုတော့ ကိုယ့်အလုပ်မပျက်အောင်ပဲ အဓိကထား နေရတယ်။ အလုပ်ပျက်လို့ အလုပ်မလုပ် နိုင်ဘူးဆိုရင် ဘယ်သူက ထမင်းလာကျွေး မှာလဲ၊ အဓိကနဲ့ သာမညခွဲတတ်ဖို့ အရေး ကြီးတယ်။ ကိုယ့်နိုင်ငံမှာ လုပ်တဲ့ပွဲကိုယ် ကြည့်ချင်တာပေါ့။ ကြည့်နိုင်တဲ့ အခွင့် အရေးရှိခဲ့ရင်ပေါ့။ လောလောဆယ်တော့ ဒီပြိုင်ပွဲထက် အလုပ် မပြုတ်အောင်ပဲ စိတ်ပိုဝင်စားပါတယ်။

ကိုချစ်ကို(အောင်ဘာလေထီရောင်းသူ)

နေပြည်တော်မှာ ဆီးဂိမ်းပြိုင်ပွဲရှိ တယ်ဆိုတာပဲသိတယ်။ ကျန်တာ ဘာမှ တော့ မသိဘူး။ စိတ်ဝင်စားလားဆိုတော့ ကိုယ်တောင်သတိမထားမိဘူး။ ဇီးကွက် ရုပ်တွေနဲ့ ဆိုင်းဘုတ်တွေထောင်ထားတာ တော့ တွေ့တယ်။ အင်္ကျီတွေမှာ ဆီးဂိမ်း တံဆိပ်တွေ ရိုက်ထားတာတွေ့တယ်။ လှုံ့ ဆော်ရေးပွဲကတော့ သတိမထားမိတော့ မသိဘူး။ ဘောလုံးကိုတော့ စိတ်ဝင်စား တယ်။ အခုလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲ တွေ ကြည့်ဖြစ်တယ်။ လက်ဝှေ့ပွဲတွေကြည့် ဖြစ်တယ်။ ကိုယ်တိုင်တော့ မကြည့်ဖြစ် ဘူး။ အခုဆီးဂိမ်းလည်း သွားကြည့်ဖြစ် မယ်မထင်ဘူး။ ကိုယ်တစ်နေ့ ထီဘယ် လောက်ရောင်းရမှာလဲ ဆိုတာပဲသိတယ်။ ထီကတ်များများရောင်း ထွက်မယ်၊ စုံအုပ် တွေ ကုန်အောင်ရောင်းနိုင်ဖို့ အရေးကြီး တယ်။ ဒါတွေကုန်မှ အမြတ်ကျန်မယ်။ ကိုယ်ရောင်းတဲ့ထီ ပေါက်ဂဏန်းပါရင် ဝမ်းသာတယ်။ ပေါက်ဂဏန်းပါဖို့လည်း ဆုတောင်းတယ်။ ဒါပဲ အဓိကကျတယ်။ အိမ်ရှင်ဖြစ်နေတဲ့အတွက် အားတော့ပေး ချင်ပါတယ်။ ကိုယ်သွားအားပေးလိုက်လို့ ထီတွေမရောင်းရဘဲ ကျန်နေရင် ဘယ်သူ ရောင်းပေးမလဲ၊ တီဗီကနေပြရင်တော့ အားပေးသွားမှာပါ။ နိုင်ငံခြားမှာ ဘောပွဲ တွေ ပရိသတ်အားပေးတဲ့ပုံစံကို သဘော ကျတယ်။ ဒီနိုင်ငံမှာလည်း အဲဒီလိုမျိုး ဖြစ်စေချင်ပါတယ်။


Popular Myanmar News Journal

RangonNewsDaily:: September 14, 2013

အိမ်ရှင်အဖြစ် ကျင်းပခွင့်မရခဲ့သည်မှာ နှစ် ၄ဝ ကျော်ကြာခဲ့ပြီ။ ယခုနှစ်မှသာ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ်
မြန်မာတွင် ကျင်းပခွင့်ရခဲ့ သည်။ နေပြည်တော်တွင် ဆီးဂိမ်း အတွက် ကြိုတင်ပြင်ဆင်နေမှုများကို ကြားနေ
ရသည်။

စက်တင်ဘာ ၁၄၊ စနေနေ့ည ၁၀း၂၅ အထိ ယှဉ်ပြိုင်ကစားပြီးသော ဥရောပလိဂ် ဘောလုံးပွဲရလဒ်များနှင့် ဆက်လက် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ

စက်တင်ဘာ ၁၄၊ စနေနေ့ည ၁၀း၂၅ အထိ ယှဉ်ပြိုင်ကစားပြီးသော ဥရောပလိဂ် ဘောလုံးပွဲရလဒ်များနှင့် ဆက်လက် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များ တိုက်ရိုက်ကြည့်ရှုနိုင်ရန် လင့်ခ်အချို့ကို စုစည်းဖော်ပြအပ်ပါသည်။

ပရီးမီးယားလိဂ်
~~~~~~~~~

နိုင်ငံတော်သမ္မတနှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း တို့ (၃)နာရီကြာတွေ့ဆုံ

RangonNewsDaily:: September 14, 2013
နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ၏ လယ်တော်အိမ်တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများသည် ယနေ့နံနက် ၁၀နာရီမှစတင်ကာ
နေ့လည် ၁နာရီအချိန်ထိ သုံးနာရီကြာ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သွားရောက်တွေ့ဆုံသော ပွင့်လင်းလူ့အဖွဲ့အစည်းမှ သိရသည်။

မာဒေးကားဖလား မလေးရှားယူ၂၃ နှင့် မြန်မာယူ၂၃ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုပုံရိပ်များ


kolatt(PBDN): Sep . 14. 2013
မာဒေးကားဖလား မလေးရှားယူ၂၃ နှင့် မြန်မာယူ၂၃ ဗိုလ်လုပွဲ ယှဉ်ပြိုင်မှုပုံရိမ်များကိုစုစည်းဖော်ပြပေးလိုက်
ပါတယ်။

ကျောက်ဖြူ- တရုတ် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်၍ မီးလောင်နေ

ကျောက်ဖြူ- တရုတ် ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်၍ မီးလောင်နေ

kolatt(PBDN): Sep . 14. 2013

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမူ ဖြစ်ပြီး မီးလောင်နေကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူ မြို့နယ်နှင့် အမ်းမြို့နယ်အစပ် မိုင်တိုင်အမှတ် KP-43နှင့် KP-45 အနီး ကျောက်မြောင်း ကျေးရွာနှင့် သပြုတ်ချိုင် ကျေးရွာအကြားတွင် ယမန်နေ့ညနေ ၆ နာရီခန့်က စတင် ပေါက် ကွဲ ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ပိုက်လိုင်းပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး ကျောက်မြောင်းကျေးရွာသို့ နိရဉ္စရာမှ ဆက်သွယ် မေးမြန်းကြည့်ရာ ဖုန်း ကိုင်သည့် အမျိုးသမီးတစ်ဦးက ပေါက်ကွဲမှု ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း ပြောဆိုသည်။

သို့သော်လည်း ပိုက်လိုင်းပေါက်ကွဲမှုဖြစ်သည်ကို သတင်းမပေါက်ကြားအောင် ယမန်နေ့ညနေကတည်းက အာဏာပိုင်များက ကျေးရွာသားများကို ဖိအားပေးထားကြောင်း သူမမှ ပြောဆိုပြီး ချက်ချင်း ဖုံးချသွားခဲ့သည်။

ယခုအခါ ပေါက်ကွဲမှုဖြစ်သည့်နေရာတွင် မီးလောင်နေသည်ဟု သိရသည်။

ပိုက်လိုင်းထဲသို့ မီးဝင်သွားလျှင် အကြီးအကျယ်အန္တရာယ်ရှိနိုင်ကြောင်း Punjlloyd ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဂတ်စ်ပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ရခြင်းမှာ ဂတ်စ်ပိုက်လိုင်း သွယ်တန်းသည့် အိန္ဒိယကုမ္ပဏီ Punjlloyd မှ ဂဟေဆက်ရာတွင် ခိုင်မာမှုမရှိသည့်အတွက် ပိုက်လိုင်း ဂဟေဆက်သည့်နေရာမှ ပေါက်ကွဲမှုဖြစ်နိုင် ကြောင်း သူက ဆက်လက် ပြောသည်။

ဂတ်စ်ပိုက်လိုင်း ဖိအားမှာ 6MBN ရှိပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ ကျောက်ဖြူမြို့ရှိ Punjlloyd ကုမ္ပဏီမှ ၀န်ထမ်းနှစ်ဦးနှင့် ဆင်ခုံတိုင်ကျေးရွာရှိ ကုမ္ပဏီရုံးမှ ၀န်ထမ်း နှစ်ဦး လိုက်ပါသွားကြောင်း ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

သို့သော်လည်း ယခု အချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်များ၏ အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

နိရဉ္စရာ

RangonNewsDaily:: September 14, 2013
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ ဆက်သွယ်ထားသော ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမူ ဖြစ်
ပြီး မီးလောင်နေကြောင်း သတင်း ရရှိသည်။

အပူပိုင်းမုန်တိုင်းကြာင့်မုတ်သုံအထွက်ဟာ ခေတ္တ တန့်သွားနိုင်

Photo: အပူပိုင်းမုန်တိုင်းကြာင့်မုတ်သုံအထွက်ဟာ ခေတ္တ တန့်သွားနိုင်ပါတယ်
Saturday, September 14, 2013

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သအခြေအနေပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ 
ပစိဖိတ်သမုဒ္ဒယာထဲက အရှေ့ဖက်ကရွေ့လာနေတဲ့ အပူပိုင်းမုန်တိုင်းကြာင့်
မုတ်သုံအထွက်ဟာ ခေတ္တတန့်သွားနိုင်ပါတယ်။
Weather News Update
14 September 2013
9:52 am

မိုးလေ၀သမှာလည်း အပြင်လောကကြီးလိုဘဲ "လေနဲ့ဝမ်းနဲ့မကွဲတဲ့ ကိစ္စတွေ" ရှိတယ်ဗျ။ ညစ်ပတ်တာတော့ မဟုတ်ပါဘူးဗျာ။ ပြောချင်တာကတော့ မုတ်သုံက ဆုတ်ပြီ၊ မိုးကရွာတုံးလေ။ မုတ်သုံဆိုတာကလေ၊ မိုးကရေလေ။ ဒီနှစ်ခုကို တစ်ခါတစ်ရန် ခွဲခွဲခြားခြား ကွဲကွဲပြားပြား စည်းခြားဖို့ ခက်လှပါတယ်။

ပြီးခဲ့တဲ့ရက်တွေက မုတ်သုံလေဦးဆုတ်သွားတာ အံ့သြလောက်အောင်ကိုမြန် တယ်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေဆီကို ရောက်တဲ့အထိပါဘဲ။ ဟော။။ ဒီနေ့တော့ မြောက်ဖက်(အထက်ဖက်)ပြန်တက်သွားပြန်ပြီ။ အကြောင်းကတော့ ပစိဖိတ်သမုဒ္ဒယာအနောက်ပိုငးမှာဖြစ်နေတဲ့ အပူပိုင်း မုန်တိုင်း MAN-YI ဟာ အနောက်မြောက်ဖက်အာရှတိုက်ဖက်ကို တိုးဝင်လာလို့ဖြစ်ပါတယ်။

ဒီလိုပါဘဲ။ သဘောကတော့ မုတ်သုံရာသီက ကုန်တော့မယ်။ ဒါပေမယ့် မုန်တိုင်းရာသီက အခုမှ အားအကောင်းဆုံးနဲ့ စတော့မှာဖြစ်ပါတယ်။ ဒီအချိန်ဟာ ပင်လယ်ရေမျက်နှာပြင်အပူချိန်တွေ အမြင့်ဆုံးအချိန်မို့ မုန်တိုင်းတွေ အများဆုံး ဖြစ်တတ်တဲ့ အချိန်မို့ပါဘဲ။

တကယ်တော့ ဒီအချိန်ဟာ မိုးလေ၀သမှာမုတ်သုံ နဲ့ မုန်တိုင်း အရောရော အထွေးထွေးနဲ့ လေနဲ့ဝမ်းနဲ့ မကွဲတဲ့ အချိန်ဆိုပါတော့ဗျာ။

ဒေါက်တာထွန်းလွင်
Popular Journal

RangonNewsDaily:: September 14, 2013

ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့မိုးလေ၀သအခြေအနေပါ။ ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ပစိဖိတ်
သမုဒ္ဒယာထဲက အရှေ့ဖက်ကရွေ့လာနေတဲ့အပူပိုင်းမုန်တိုင်းကြာင့်မုတ်သုံအထွက်ဟာ ခေတ္တတန့်သွားနိုင်
ပါတယ်။

၁၅၀၀ တန် သက်တမ်းလွန် ဆင်းမ်ကတ်ပျက်များ ပြန်ထုတ်မပေးတော့ပါ

RangonNewsDaily:: September 14, 2013

ကျပ် ၁၅ဝဝတန်ဆင်းမ်ကတ်များ သတ် မှတ်ရက်အတွင်း အသုံးပြုခြင်း မရှိသည့်အတွက် ကတ်ပျက်သွား ပါက

 ပြန်လည်လျှောက်ထားခွင့် ပြုတော့မည်မဟုတ်ကြောင်းစာတိုက်နှင့်ဆက်သွယ်ရေးရုံးစာတိုက်ကြီး (ရန်ကုန်
)မှ သိရသည်။

Nexus 7 Tabletနဲ့ ASUS Fonepad မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ

Photo: Nexus 7 Tabletနဲ့ ASUS Fonepad မြန်မာပြည်မှာ ၀ယ်ယူနိုင်ပြီ
Saturday, September 14, 2013

ASUS NEXUS7C-1B047A

Tabletကို Processor အမြင့်ပိုင်းနဲ့ သုံးချင်သူများအတွက် Googleနဲ့ Asus ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Nexus 7 tablet လေးအကြောင်း ရှင်းပြချင်ပါတယ်။ နောက်ဆုံးထွက်ရှိထားတဲ့ Android 4.2 (Jelly bean) ကိုသုံးပေးထားပြီး 7 inch display အပြင် Nvidia Tegra 3 quad-core 1.2GHz ဖြစ်တဲ့အတွက်Internet သုံးချင်သူများ၊ Game ကစားချင်သူများ နှင့် တခြားလုပ်ဆောင်ချက်တော်တော်များများကိုလည်း လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါတယ်။

Polymer battery ဖြစ်တဲ့အတွက် Battery Lifeကိုလည်း ကြာရှည်စွာ အသုံးပြုနိုင်တဲ့အတွက် ခရီးဝေးသွားမယ့်သူတွေအတွက် အဆင်ပြေစေပါတယ်။ Memory အနေနဲ့ 1G ပါရှိပြီး storage 32G ကလည်း Tablet တစ်လုံးအတွက် အပြည့်အဝ လုံလောက်မှုတွေ ပေးစွမ်းနိုင်ပါတယ်။ Front Cam 1.2Mega-pixel ပါဝင်ပြီး wireless ကိုလည်း အမြင့်ဆုံး (b/g /n) အပြင် Bluetooth 3.0 တို့ လည်း ပါဝင်တဲ့အတွက် သုံးစွဲသူတွေကို စိတ်ကြိုက်ဖြစ်စေမှာပါ။ Resolution ကိုလည်း (1280 x 800 ) အမြင့်ဆုံး သုံးပေးထားပြီး အသံပိုင်းဆိုင်ရာမှာလည်း ကြည်လင်ပြတ်သားမှု ရရှိစေမှာပါ။

3Gစနစ်ပါဝင်တာကြောင့် internet အသုံးပြုချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ Warranty အားဖြင့်လည်း 1 yearပေးထားပြီး ဝယ်ယူအသုံးပြုချင်သူများ အနေဖြင့် 289,000Ksဖြင့် Golden Power Technology , Phone: (226664,210943)နှင့် ကွန်ပျူတာဆိုင် အများစုတွင် ရရှိနိုင်ပါပြီ။

Asus New Product , Asus FonePad

Android Smartphone တစ်လုံးရဲ့ Featuresတွေကို အပြည့်အဝခံစားချင်သူများအတွက် Tablet နှင့် Phone တို့၏ ပေါင်းစပ်မှု နည်းပညာသစ်ဖြင့် Asus မှအသစ်ထွက်ရှိထားတဲ့ Asus Fonepad လေးနဲ့ မိတ်ဆက်ချင်ပါတယ်။ Android 4.1 (Jelly bean) နဲ့ 7” size Tablet ကို CPU Intel Atom Z2420 (1.2GHz), memory 1GBအပြင် Storageကိုလည်း 8G(up to MSD 32GB)အထိ တိုးမြင့်လို့ရပါတယ် ။ ဖုန်းလည်းပြောလို့ရပြီး Screen size လည်း 7” ရှိတဲ့အတွက် Game ဆော့တဲ့အခါလည်း အဆင်ပြေစေပါတယ်။

Front Camera 1.2MP ,Rare Camera 3MP နဲ့ wireless ကိုလည်း အမြင့်ဆုံး (b/g /n) အပြင် Bluetooth 3.0 တို့ လည်း ပါဝင်တဲ့အတွက် သုံးစွဲသူတွေကို စိတ်ကြိုက်ဖြစ်စေမှာပါ။ GSM / WCDMA နှစ်မျိုးလုံး နဲ့လည်း အဆင်ပြေပါတယ် ။ Resolution ကိုလည်း (1280 x 800 ) အမြင့်ဆုံး သုံးပေးထားပြီး အသံပိုင်းဆိုင်ရာမှာလည်း ကြည်လင်ပြက်သားမှု ရရှိစေမှာပါ။ Warranty အားဖြင့်လည်း 1 year ပေးထားပါတယ် ။ Gray & Gold Color နှစ်ရောင်ကိုလည်းကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။

ဝယ်ယူအသုံးပြုချင်သူများအနေဖြင့် Ks 209,000Ks ဖြင့် Golden Power Technology, Phone: (226664,210943) နှင့် ကွန်ပျူတာဆိုင် အများစုတွင် ရရှိနိုင်ပါပြီ။+

Myanmar ICT

RangonNewsDaily:: September 14, 2013
ASUS NEXUS7C-1B047A
Tabletကို Processor အမြင့်ပိုင်းနဲ့ သုံးချင်သူများအတွက် Googleနဲ့ Asus ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Nexus 7 tablet လေးအကြောင်း ရှင်းပြချင်ပါတယ်။

14 September 2013 ယနေ့ညနေ ၈း၄၅ မိနစ်တွင် မာဒေးကားဖလား ဗိုလ်လုပွဲ အဖြစ် မလေးရှား - မြန်မာ ယှဉ်ပြိုင်ကစားကြမည်

RangonNewsDaily:: September 14, 2013

14 September 2013 နေညနေ 8:45 မှာမာဒေကား ဖလား နောက်ဆုံးဗိုလ်လုပွဲ အဖြစ်အသင်း ၄ သင်းဖြစ်တဲ့
မလေးရှား ၊ ထိုင်း ၊ မြန်မာ ၊ စင်္ကာပူ တို အုပ်စုပွဲစဉ်များ ကန်အပြီးမှာ မလေးရှား နှင့် မြန်မာတို့ ဗိုလ်လုပွဲကို မလေးရှားနိုင်ငံ ကွမ်တမ်းရှိ Darulmakmur Stadium, Kuantan တွင် ယနေ့ညနေ ကျင်းပတော့မည်ဖြစ်သည် ။

မြန်မာအစိုးရစစ်တပ်မှ စစ်ကြောင်း(၅) ကြောင်းဖြင့် TNLA အား ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်

စစ်ကြောင်း(၅) ကြောင်းဖြင့် TNLA အား ပြင်းထန်စွာ စစ်ဆင်လာ 

စက်တင်ဘာလ ၁၄ ရက် ၂၀၁၃

ပြီးခဲ့သည့် စက်တင်ဘာ (၁၁) ရက်နေ့ ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ အနီး နမ့်ဟွန်းချောင်းတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့် အစိုးရ စစ်ကြောင်း (၅) ကြောင်းသည် ထိုနေရာသို့ ပိုက်စိပ် တိုက် စစ်ဆင် လာခဲ့ခြင်း ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

“ အထိနာ သွားတော့ အဲဒီနေရာကို စစ်ကြောင်း (၅)ကြောင်းနဲ့ ပိုက်စိပ် တိုက်ပြီး ကျနော်တို့ ရှိနိုင်မဲ့ နေရာတွေကို လိုက်ရှာ နေကြတယ်။ ဒေသခံ စစ်ကြောင်း တွေပါဘဲ။ အခြေအနေ ကတော့ တိုက်ပွဲတွေ ဆက်ဖြစ်မဲ့ အလားလာတော့ ရှိနေတယ်” ဟုဆိုပါသည်။

ယင်းအစိုးရတပ် စစ်ကြောင်း များသည် ကွတ်ခိုင်မြို့နယ် အခြေစိုက် ခလရ (၄၅)၊ ခလရ (၂၄၁)၊ ခလရ (၂၄၂)၊ နမ့်ဖက်ကာ အခြေစိုက် ခလရ (၁၂၃) နှင့် တာမိုးညဲမြို့နယ် အခြေစိုက် ခလရ (၂၉၀) တပ်ဖွဲ့တို့မှ စစ်ကြောင်းများ ဖြစ်ပါသည်။ ယင်းတို့သည် အထိနာ သွားခဲ့သော စက်တင်ဘာ (၁၁) ရက်န့ နေ့လည် (၂) နာရီမှ ၃ နာရီခွဲ အထိ ဖြစ်ပွားသော TNLA နှင့် ခလရ (၄၅) တပ် ဖွဲ့တို့၏ တိုက်ပွဲကြောင့် ပိုက်စိပ် တိုက်လာခြင်း ဖြစ်ပါသည်။
http://www.burmese.phophtawnews.org/index.php/news/internal-news/item/712-tnla.html

TNLA တပ်ရင်း (၁၁၂) သည် ယင်းလှုပ်ရှားမှုကို တန်ပြန်ရန် မရှိသေးဟု ဆိုပါသည်။ စစ်ဆင်မှုများသည် အချိန်ကြာမြင့် လာပါက အစိုးရ တပ်များသည် လူထုအပေါ် လူ့အခွင့်အရေးများ ချိုးဖေါက် လာဖွယ်ရာ စိုးရိမ် နေရကြောင်း ဆိုပါသည်။ အထူးသဖြင့် ရွာသားများအား ရိုက်နှက်မှု၊ တဖက်သတ် စွပ်စွဲပြီး ပစ်သတ်မှု၊ သွားလာရေးတွင် ကျေးရွာများအား ကန့်သတ် လာမှုများ လုပ်လေ့ လုပ်ထ ရှိသည့် အတွက် စိုးရိမ် ရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ယင်းတိုက်ပွဲတွင် အစိုးရ ဖက်မှ (၁၀) ကျော် ကျဆုံးပြီး (၂၀) ကျော် ပြင်းထန်စွာ ဒဏ်ရာ ရသဖြင့် TNLA အား တန်ပြန် တိုက်ခိုက်ရန် စစ်ဆင် နေခြင်း ဖြစ်ပါသည်။ TNLA တပ်ရင်း (၁၁၂) တပ်ဖွဲ့သည် မူးရစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ် အရ ကွတ်ခိုင်မြို့ နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ ဖက်သို့ သွားရောက် လှုပ်ရှား ခဲ့ခြင်း ဖြစ်ပါသည်။ ဤလှုပ်ရှားမှုကို ခလရ (၄၅) တပ်ဖွဲ့သည် ပန်ဆေး ပြည်သူ့စစ်နှင့် ပူးပေါင်းပြီး နောက်ယောင်ခံ လိုက်နေခြင်းမှ တိုက်ပွဲ ဖြစ်ပွား ခဲ့ရခြင်း ဖြစ်ပါသည်။

TNLA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ဇူလိုင်လ ကုန်ပိုင်းတွင် အပစ်အခတ် ရပ်စဲရေးအတွက် ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။ ဤအစီစဉ်၏ နောက်ဆက်တွဲ အစီစဉ်အရ သြဂုတ် လဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံပြီး ပြည်နယ် အဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ထိုးရန် မူလက စီစဉ် ထားသော်လည်း အစိုးရတပ်ဖွဲ့ များ၏ နောက်ယောင်ခံ လိုက်ခြင်းနှင့် လိုက်လံ စစ်ဆင်မှုများ ဆက်လက် ရှိနေခြင်းကြောင့် ယနေ့အထိ တွေ့ဆုံ နိုင်ခြင်း မရှိသေးကြောင်း TNLA ဖက်က ဆိုပါသည်။ 

ရွှေဟင်္သာသတင်းဌာန

RangonNewsDaily:: September 14, 2013
ပြီးခဲ့သည့်စက်တင်ဘာ (၁၁)ရက်နေ့ ကွတ်ခိုင်မြို့နယ် နမ်းဖက်ကာ အုပ်စုရှိ ဖာဖိုင့်နှင့် ပါချောင် ကျေးရွာ အနီး
နမ့်ဟွန်းချောင်းတွင် ဖြစ်ပွားသော တိုက်ပွဲကြောင့်အစိုးရစစ်ကြောင်း(၅) ကြောင်းသည် ထိုနေရာသို့ ပိုက်စိပ်
တိုက် စစ်ဆင် လာခဲ့ခြင်း ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ အထွေထွေ အ
တွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။

အနော်... တမဒ ပါ ခင်ညာ (ဟာသ)

RangonNewsDaily:: September 14, 2013

ရဲဘော်တွေ..တက်.......
ဟာ...ရှေ့က ... ပြောင်ပြောင်ပြောင်ပြောင်နဲ့..ကန့်လန့် ကန့်လန့် လုပ်နေတာ..ဘယ်သူတုန်းကွ..

မြန်မြန်ပြောစမ်း..

Breaking News: (နေ့လည် ၁၁း၁၅) ရေးဘေးသတင်း.......

RangonNewsDaily:: September 14, 2013

မန္တလေးတိုင်း အမရပူရမြို့နယ် ရေကြည်ရွာတွင် အိမ်ခြေ-၆၀၀ကျော်ရေနစ်မြုပ်လျက်ရှိနေပါသည်။
ခုချိန်ထိမည်သည့်အကူအညီမှရောက်ရှိမလာပါ၍ အရေးပေါ်အကူအညီလိုနေပါသည်။

ချစ်တပည့်တွေအတွက် ဆရာ့အမှာစကား

RangonNewsDaily:: September 14, 2013

ဘ၀ဆိုတာ ပြိုင်ပွဲတစ်ခုပဲ။လူဘ၀ကို ရောက်လာလို့လူမှန်းသိတာနဲ့တပြိုင်နက် ပြိုင်ပွဲဝင်နေရ
တာပဲ။ကိုယ်မိသားစုထဲမှာ အမေအဖေက ကျန်နဲ့သားသမီးတွေ ထက်ပိုချင်အောင် မသိမသာ ကြိုးစားပြီး
ပြိုင်နေရတယ်။ကျောင်းရောက်တော့လည်း ကျောင်သားအချင်းချင်း ပြိုင်နေရတယ်။ကျောင်းပြီးဆုံးလို့ အလုပ်ထဲရောက်ပြန်တော့လည်းအလုပ်ထဲမှာ ပြိုင်ရတယ်။