Pages

Friday, September 13, 2013

ဂျပန်သို့ ဝင်မည့် မုန်တိုင်း MAN-YI – 16W နှင့် မြန်မာ့မိုးလေဝသအခြေအနေ

ဂျပန်သို့ ဝင်မည့် မုန်တိုင်း MAN-YI – 16W နှင့် မြန်မာ့မိုးလေဝသအခြေအနေ

kolatt(PBDN): Sep . 13. 2013

ပစိဖိတ်အနောက်မြောက်ပိုင်း၊ ဂျပန်နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 16W(MAN-YI)သည် စက်တင်ဘာလ ၁၅ ရက်ဏ္ဍ မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီနောက်ပိုင်းတွင် ဂျပန်နိုင်ငံ အလယ်ပိုင်း ဟွန်းရှုကျွန်းမကြီး၏ တောင်ပိုင်းကမ်းခြေအား ကပ်၍ ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။

မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နန်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အပေါ်မှ လေဖိအားနည်း Trough line သည် အောက်ဘက်ဆင်းလိုက် အပေါ်ပြန်တက်လာလိုက်နှင့်ဏ္ဍ ရွေ့လျားနေသည်ကို တွေ့ရပြီး မြန်မာနိုင်ငံ တောင်ပိုင်းဒေသများအတွက် မိုးပိုမိုလာနိုင်မည့် အခြေအနေဆက်လက် ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။

ယနေ့ မြန်မာစံတော်ချိန် ည ၂ဝးဝဝ နာရီတွင် ရရှိသည့် ပုံအရ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့ အပေါ်သို့ ထူထပ်သိပ်သည်းသော တိမ်ထု ရွေ့လျားဝင်ရောက်လာသည်ကို တွေ့ရပြီး စက်တင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီအထိ ၇၂ နာရီ ဏ္ဍမိုးရွာသွန်းနိုင်ခြေခန့်မှန်းချက်(TRMM) တွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့၌ မိုးရေချိန် ၂၅ဝ မီလီမီတာနှင့် အထက်ရွာသွန်းနိုင်ခြေရှိနေကြောင်း တွေ့ရပါသည်။

ဓာတ်ပုံးး  မြန်မာနိုင်ငံအနှံမိုးရွာသွန်းမည့် ခန့်မှန်းပုံရိပ်များ

MM Weather::--
ဓာတ်ပုံ/ မြန်မာနိုင်ငံအနှံမိုးရွာသွန်းမည့် ခန့်မှန်းပုံရိပ်များ
RangonNewsDaily:: September 13, 2013
ပစိဖိတ်အနောက်မြောက်ပိုင်း၊ ဂျပန်နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်း 16W(MAN-YI)သည် စက်တင်ဘာလ ၁၅ ရက်ဏ္ဍ မြန်မာစံတော်ချိန် နံနက် ဝ၆း၃ဝ နာရီနောက်ပိုင်းတွင် ဂျပန်နိုင်ငံ အလယ်ပိုင်း ဟွန်းရှုကျွန်းမကြီး၏ တောင်ပိုင်းကမ်းခြေအား ကပ်၍ ဖြတ်သန်းတိုက်ခတ်မည်ဟု ခန့်မှန်းထားပါသည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ဆောက်လုပ်မည့် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်မျှော်စင်

Photo: ဆိုးလ်မြို့တွင် ဆောက်လုပ်မည့် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်မျှော်စင် 
 Friday, September 13, 2013

ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက် လုပ်သွားရန် တောင်ကိုရီးယား အစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။
 
ကမ္ဘာ့နိုင်ငံကြီး အများအပြားတွင် အမြင့်ဆုံး မျှော်စင် အဆောက်အအုံကြီး များကို အပြိုင်အဆိုင်ကြိုးစား ဆောက်လုပ်နေသော်လည်း တောင်ကို ရီးယားကမူ တစ်မျိုးတစ်ဘာသာ ထူးခြားသည့် ဗိသုကာ လက်ရာတစ်ခုကို ခွဲထွက် ဖန်တီးရန် ရွေးချယ်လိုက်သည်။ ယခုအခါ ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက်လုပ်သွားရန် တောင်ကို ရီးယား အစိုးရက ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက် သွားမည် ဖြစ်သည်။ ဖန်သားမျက်နှာပြင်ဖြင့် အဓိက ဖုံးအုပ်ထားမည့် Tower Infinity အဆောက်အအုံသည် အမြင့် (၁၄၇၆)ပေ ရှိမည်ဟု ဆိုသည်။ Tower Infinity၏ ရှုခင်းမျှော်ကြည့်ရာ နေရာသည် ကမ္ဘာပေါ်တွင် တတိယ အမြင့်ဆုံးအဖြစ် စာရင်းဝင်လာမည်ဟုလည်း သိရှိရသည်။

ကိုရီးယား မြေနေရာနှင့်အိမ်ရာ ကော်ပိုရေးရှင်းက ကျောထောက်နောက်ခံ ပြုသွား မည့် အဆိုပါ အဆောက်အအုံ ပရောဂျက်သည် ထူးထူးခြားခြား အဖြစ် မြင် ကွင်းမှ ပျောက်ကွယ်နေအောင် ဖန်တီးထားမည် ဖြစ်သည်။ အဆောက်အအုံ မျက်နှာစာတိုင်းတွင် အဆင့်မြင့် LED ပုံရိပ်ဖော် နည်းပညာကို အသုံးပြုထားပြီး မျက်နှာပြင် တစ်ဖက်ခြမ်းမှ အလင်းပြန် ပုံရိပ်များကို ထင်ဟပ်နေစေမည် ဖြစ်သည်။ ယင်းတို့ကို ပုံရိပ်ဖမ်းရန်အတွက် ကင်မရာ အများအပြားကို တပ်ဆင်ထားမည် ဖြစ်သည်။ ထို့ကြောင့် အဆောက်အအုံ ကွယ်နေသည့် တခြားတစ်ဖက်ခြမ်းမှ ပုံရိပ်တိုင်းကို အဆောက်အအုံ မျက်နှာစာတွင် ပေါ်လွင်နေစေတော့မည် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုလျှင် ယင်းအဆောက်အအုံကို ကြည့်ရှုနေသူ၏ မြင် ကွင်းတွင် လုံးဝနီးပါး ပျောက်ကွယ်နေမည် ဖြစ်သည်။ယခု အဆောက် အ အုံ ပရောဂျက်တွင် အဓိက ရည်ရွယ်သည်မှာ စိတ်လက် အပန်းဖြေရေး အတွက်ဖြစ်ပြီး ရှုခင်းမျှော်ကြည့်ရာ နေရာအများအပြား ထည့်သွင်းထားမည် ဟု သိရသည်။ ထို့အပြင် ရိုလာကိုစတာ၊ ရုပ်ရှင်ရုံ၊ ရေပန်းဥယျာဉ်၊ စားသောက်ဆိုင်နှင့် ဘီယာဆိုင်တန်း အများအပြားလည်း ပါရှိမည်ဟု ဆိုသည်။ အဆောက်အအုံ အပြီးသတ်နိုင်ခဲ့ပါက ကမ္ဘာပေါ်တွင် ဆဋ္ဌမ အမြင့်ဆုံး မျှော်စင်အဖြစ်လည်း မှတ်တမ်းဝင်လာရန် မျှော်လင့်ထား သည်။

မျှော်စင်၏ ကွဲပြားခြားနားသော မျက်နှာစာ (၆)ခုတွင် အမြင့်နေရာ တွက်ချက်မှု (၃)ခုခွဲကာ ကင်မရာများ တပ်ဆင်ပြီး ပတ်ဝန်းကျင်၏ ပုံရိပ်များကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေမည် ဖြစ်သည်။ အပိုင်း(၃)ပိုင်းအနက် (၁)ပိုင်းစီတွင် LED Screenပေါင်း (၅၀၀)မျှကို အသုံးပြု တပ်ဆင်သွားမည်ဟုလည်း ဆိုသည်။

အဆောက်အအုံကို စီမံထိန်းချုပ်သူများ အနေဖြင့် Screenများပေါ်မှ ပုံရိပ်ကို အလင်းအမှောင်၊ ပြတ်သားမှု အရည်အသွေးတို့ အတိုးအလျှော့ ပြုလုပ်ပြီး ကိုယ်ပျောက်စွမ်းရည်ကို အနိမ့်အမြင့် ပြောင်းလဲနိုင်ဦးမည်ဟု GDSက ပြော ကြားခဲ့သည်။ "ကမ္ဘာ့အမြင့်ဆုံး မျှော်စင် အဆောက်အအုံတွေကြားမှာ ဝင်ပြိုင်နေမယ့်အစား ကွဲပြားတဲ့ နည်းလမ်းတစ်ခုကို ကျွန်တော်တို့ ရွေးချယ် လိုက်တယ်။ ကမ္ဘာပေါ်က ပထမဆုံး ကိုယ်ပျောက် မျှော်စင်ပါ။ 

ဒီအဆောက်အအုံဟာ တောင်ကိုရီးယားရဲ့ နည်းပညာ ကဏ္ဍနဲ့ ပတ်သက်ရင် လူတွေပိုပြီး အလေးအနက် ပြောဆိုနေဖို့ ဖြစ်လာစေပါလိမ့်မယ်"ဟု GDS၏ ဒီဇိုင်းဌာန အကြီးအကဲ ချားလ်စ်ဝီးက မှတ်ချက်ပြု ပြောဆိုသွားသည်။

Planet Myanmar Network

RangonNewsDaily:: September 13, 2013

ဆိုးလ်မြို့တော်တွင် ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက် မျှော်စင်ကို ဆောက်လုပ်သွားရန် တောင်ကိုရီးယားအစိုးရ
က ခွင့်ပြုပေးလိုက်ပြီဟု သိရှိရသည်။ အဆိုပါ မျှော်စင်ကို အမေရိကန် အခြေစိုက် GDS ဗိသုကာ ကုမ္ပဏီက တာဝန်ယူ တည်ဆောက်သွားမည် ဖြစ်သည်။

ရုရှားနိုင်ငံက Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲအား ဘယ်လာရုစ် နိုင်ငံသို့ ပေးပို့သွားမည်

Photo: ရုရှားနိုင်ငံက Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲအား ဘယ်လာရုစ် နိုင်ငံသို့ ပေးပို့သွားမည်
Friday, September 13, 2013

ရုရှားနိုင်ငံ၏ွှ Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲတစ်ခွဲကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တတိယအကြိမ်အဖြစ် ဘယ်လာရုစ်နိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်
ကာကွယ်ရေး ဝန်ကြီး ယူရီဇာဒိုဘင်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

ရုရှားနိုင်ငံသည် အဆိုပါ ဒုံးတပ်ခွဲများကို ဘယ်လာရုစ် နိုင်ငံသို့ ၂ဝ၁၁ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝ၁၂ ခုနှစ်တွင် တစ်ကြိမ် ပေးပို့ခဲ့ပြီး ဘယ်လာရုစ်နိုင်ငံ အနေဖြင့် ၎င်းဒုံးတပ်ခွဲ နှစ်ခွဲကို နိုင်ငံအနောက်ပိုင်းရှိ အမှတ်(၁၂ဝ) ဒုံးတပ်မဟာတွင် တပ်ဖြန့်ချထားကြောင်း သိရသည်။

ရုရှားနိုင်ငံမှ အဆိုပါ တတိယမြောက် ဒုံးတပ်ခွဲရရှိပြီးပါက ဘယ်လာရုစ်နိုင်ငံ တွင် ခေတ်မီ မျိုးဆက်သစ် လက်နက်တပ်ဆင်ထားသည့် ဖွဲ့စည်းပုံပြည့် လေကြောင်းရန် ကာကွယ်ရေး တပ်ရင်းတစ်ရင်းကို ဖွဲ့စည်းသွားနိုင်မည် ဖြစ်ကြောင်း ဇာဒိုဘင်က ထပ်လောင်း ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံလုပ် Tor-M2 ဒုံးစနစ်သည် အလယ်အလတ်အမြင့် အထိရောက်ရှိ ပစ်ခတ်နိုင်ပြီး မြေပြင်မှဝေဟင် တာတိုပစ် ဒုံးစနစ် တစ်မျိုးဖြစ်ကာ လေယာဉ်၊ ခရုဇ်ဒုံးကျည်၊ မောင်းသူမဲ့ လေယာဉ်များနှင့် ပဲ့ထိန်းဒုံးတင်ယာဉ်များ စသော ပစ်မှတ်များကို ကြားဖြတ် တိုက်ခိုက်နိုင် စွမ်းရှိကြောင်း သိရသည်။

ရုရှားနှင့် ဘယ်လာရုစ် နိုင်ငံတို့သည် ပေါင်းစပ်ဖွဲ့စည်းထား သည့် ဒေသတွင်း လေကြောင်းရန် ကာကွယ်ရေး ကွန်ရက် တစ်ခုထူထောင်ရန် ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။  

မြ၀တီ

RangonNewsDaily:: September 13, 2013

ရုရှားနိုင်ငံ၏ွှ Tor-M2 လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ခွဲတစ်ခွဲကို ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် တတိယအကြိမ်အဖြစ် ဘယ်လာရုစ်နိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဘယ်လာရုစ်
ကာကွယ်ရေး ဝန်ကြီး ယူရီဇာဒိုဘင်က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

HTC လည်း Windows Phone ထွက်တော့မည်

Photo: HTC လည်း Windows Phone ထွက်တော့မည် 
Friday, September 13, 2013

HTC က Windows Phone ထွက်မယ်ဆိုတာ သေချာသွားပါပြီ။ HTC Harmony Windows Phone လို့ အမည် ပေးထားပါတယ်။ 

ပုံစံ ဒီဇိုင်းအားဖြင့် HTC One ကိုပဲ ပြန်လည်အခြေခံပြီး Modify လုပ်ထားတယ်လို့ ဆိုပါတယ်။ Specification အားဖြင့် ကတော့ ခန့်မှန်းခြေပဲ ထွက်ရှိထားပါသေးတယ်။ ၄.၇ လက်မ Super LCD3 1080p မျက်နှာပြင်၊ RAM 2GB, ကင်မရာ 4MP UltraPixel ရှိပြီး ဘက်ထရီက 2300 mAh လို့ ဆိုပါတယ်။ Processor ကလည်း လက်ရှိ အမြင့်ဖုန်းများမှာ သုံးနေတဲ့ Snapdragon 600 CPU ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ HTC ကတော့ အသေးစိတ် Specification အတွက် အတည်မပြုသေးပါဘူး။ 

သို့ပေမယ့် Windows Phone OS ကိုသုံးတဲ့ HTC Product တွေကို မြင်ရဖို့တော့ သေချာနေပါပြီ။ Android OS အပြင် Windows OS လောကဘက်ကိုပါ HTC တို့ခြေလှမ်းခွလှမ်းထားပါတယ်။ Nokia Lumia Windows Phone များလည်း ရောင်းအားတက်လာနေပြီး Windows Phone OS အတွက် ဈေးကွက်တစ်ခုရဖို့အတွက် သေချာနေပြီမို့ ဖြစ်ပါတယ်။ အနီးစပ်ဆုံးအားဖြင့် ယခုနှစ်ကုန်ပိုင်းအတွင် HTC Harmoney Windows Phone ကို မြင်တွေ့ရဖွယ် ရှိကြောင်း သိရပါတယ်။

အောင်ခမ်း (TSJ team)
Ref: windowsphoneblogging

RangonNewsDaily:: September 13, 2013

HTC က Windows Phone ထွက်မယ်ဆိုတာ သေချာသွားပါပြီ။ HTC Harmony Windows Phone လို့ အမည်
 ပေးထားပါတယ်။

ဖုန်းကင်မရာ 13 MP နဲ့ LG Optimus G Pro

Photo: ဖုန်းကင်မရာ 13 MP နဲ့ LG Optimus G Pro
Friday, September 13, 2013

ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုသူတွေအတွက် အဆင်ပြေစေမယ့် ကင်မရာ 13 MPနဲ့  LG Optimus G Proဖုန်း ပြည်တွင်းဈေးကွက်ကို ၀င်ရောက် လာပြီ ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း 13.0 MP ကင်မရာတစ် လုံးနှင့်ရှေ့ကင်မရာ2.1 Mpဖြစ်သည်။ LG Optimus G Proသည် မျက်နှာပြင်အကျယ် ၅ ဒသမ ၅လက်မကျယ်ပြီး အလွန်မြန်ဆန်သော 1.7 GHz Quad-core CPUနှင့် 320 GPUပါဝင်သည့ှ် Qualcomm Snapdragon 600 Processorကို တပ်ဆင်ပေးထားသည်။ ထို့ ပြင် အရည်အသွေးမြင့် Resolution 1920×1080 Pixel ရှိသောကြောင့် ကြည်လင်သည့် ရုပ်ထွက် ကိုရရှိနိုင်မည့်အပြင် စွမ်းဆောင်ရည်မြင့်မားသော Hardware Features များလည်းပါဝင်သည်။

Smart Video တွင်လည်း ကြည့် ရူသူ၏ မျက်လုံးအနေအထားကို မှတ်မိနိုင်မည်ဖြစ်ကာ အသုံးပြုသူသည် Video ကိုနှိပ်ဖွင့် လုပ်ရန် မလိုဘဲ အလိုအလျောက် ပြုလုပ်ပေးခြင်းဖြင့်  အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် Operating System: Andriod Jelly Bean 4.1.2 ၊ Memory: 16GB /micro SD (up to 64GB) ၊ RAM: 2GB DDR ၊ Camera: Rear 13.0MP / Front 2.1MP ၊ Size:150.2×76.1×9.4mm ပါဝင်ပြီး Indigo Black နဲ့  Lunar White အရာင်နှစ်မျိုး ရှိသောကြောင့် သုံးစွဲသူများအတွက် အဆင်ပြေနိုင်မည့် ဖုန်းတစ်လုံးဖြစ်ပါသည်။

Myanmar ICT

RangonNewsDaily:: September 13, 2013

ဖုန်းဖြင့် ဓာတ်ပုံရိုက်လိုသူတွေအတွက် အဆင်ပြေစေမယ့် ကင်မရာ 13 MPနဲ့  LG Optimus G Proဖုန်း ပြည်တွင်းဈေးကွက်ကို ၀င်ရောက် လာပြီ ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း 13.0 MP ကင်မရာတစ် လုံးနှင့်ရှေ့ကင်မရာ2.1 Mpဖြစ်သည်။

ဖိလစ်ပိုင် စစ်ဘက်က MNLF တပ်ဖွဲ့ဝင်များကို လေကြောင်းမှ တိုက်ခိုက်

Photo: ဖိလစ်ပိုင် စစ်ဘက်က MNLF တပ်ဖွဲ့ဝင်များကို လေကြောင်းမှ တိုက်ခိုက်
Friday, September 13, 2013

ဖိလစ်ပိုင်စစ်ဘက်က ဘာစီလန်ပြည်နယ် လာမီတန်မြို့၌ မိုရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး MNLF တပ်ဖွဲ့ဝင်များ ခိုအောင်းနေသည်ဟု သံသယရှိသည့် နေရာများကို စက်တင် ဘာ ၁၂ ရက် နံနက်ပိုင်း ဒေ သစံတော်ချိန် ၉ နာရီခွဲမှ ၁ဝ နာရီအထိ လေကြောင်း တိုက်ခိုက်မှုတစ် ရပ် ပြုလုပ်ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရသိရသည်။ ထို့အပြင် စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းမှာပင် လာမီတန်မြို့၌ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် MNLF တပ်ဖွဲ့ဝင်တို့အကြား နံနက် ၉ နာရီခန့် မှစတင်၍ တိုက်ပွဲ တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဘာစီလန်ပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေး မှူး မာရီယိုဒါပီလိုဇာက ဒေသတွင်း သတင်းဌာနသို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

လာမီတန်မြို့၌ အဘူဆေယက်ဖ်သူ ပုန်အဖွဲ့၊ ဘန်ဆာမိုရို အစ္စလာမ်မစ် လွတ် မြောက်ရေး တပ်ဖွဲ့ (BIFF) နှင့် MNLF တပ်ဖွဲ့တို့ ပူးပေါင်းထားသော အင်အားစုများနှင့် အစိုးရ တပ်ဖွဲ့ဝင်တို့ အကြား ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင် ဒေသခံခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

မြ၀တီ

RangonNewsDaily:: September 13, 2013

ဖိလစ်ပိုင်စစ်ဘက်က ဘာစီလန်ပြည်နယ် လာမီတန်မြို့၌ ရိုအမျိုးသားလွတ်မြောက်ရေး တပ်ဦး MNLF တပ်
ဖွဲ့ဝင်များ ခိုအောင်းနေသည်ဟု သံသယရှိသည့် နေရာများကို စက်တင် ဘာ ၁၂ ရက် နံနက်ပိုင်း ဒေ သစံ
တော်ချိန် ၉ နာရီခွဲမှ ၁ဝ နာရီအထိ လေကြောင်း တိုက်ခိုက်မှုတစ် ရပ် ပြုလုပ်ခဲ့ကြောင်းအင်တာနက်သတင်း
တစ်ရပ် အရသိရသည်။

အကယ်ဒမီခန့်စည်သူနှင့်တွေ့ဆုံခြင်း

Photo: အကယ်ဒမီခန့်စည်သူနှင့်တွေ့ဆုံခြင်း
Friday, September 13, 2013

''ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့ လူတန်းစားပါ''

အနုပညာရှင်များထဲတွင် ပရဟိတလုပ်ငန်းများကို စိတ်ဝင်တစားလုပ် ကိုင်နေကြသူတွေ အများအပြားရှိပါတယ်။ အဲဒီလို လုပ်ကိုင်ကြသူ တွေထဲမှာ အနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားသော မေတ္တာသင်္ဂဟအဖွဲ့မှ အကယ်ဒမီခန့်စည်သူလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ခန့်စည်သူနဲ့ သူ့ရဲ့ 'ပရဟိတ'လုပ်ငန်းတွေအကြောင်းကို အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။

မေး - ပရဟိတဆိုတာကို ကိုခန့် ဘယ်လိုခံယူထားလဲ။

ဖြေ - ပရဟိတဆိုတာက လူတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်ရှိ ကြဖို့ပါပဲ။ လူဆိုတာ ဘာလဲ။ လူပီသဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကိုယ် ချင်းစာတရား ရှိရမယ်။ ကိုယ်က သူများကိုကြမ်းကြမ်းတမ်းတမ်း နစ်နစ်နာနာပြောဆိုလိုက်မယ်ဆိုရင် မပြောခင်ကတည်းက စဉ်းစား သင့်တယ်။ ငါ့ကို တစ်စုံတစ်ယောက်ကသာ ဒီလိုမျိုးလာပြောမယ် ဆိုရင် ငါသည်းခံနိုင်မလား။ ငါသည်းမခံနိုင်ရင် သူများကလည်း ငါ ပြောတာကို လက်ခံချင်ပါ့မလားဆိုတာကို စဉ်းစားသင့်တယ်။ ငါလုပ် လိုက်တဲ့လုပ်ရပ်က မှန်ရဲ့လား။ ငါပြောလိုက်တဲ့စကားက သူ့အတွက် ဘယ်လောက်တောင်နစ်နာသွားမလဲဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီ ထက်ပိုပြီးတော့ ပရဟိတလုပ်ငန်းတွေ ပိုပြီးများလာလိမ့်မယ်လို့ ထင် တယ်။ ကျွန်တော်ကတော့ ပရဟိတဆိုတာ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်း စာစိတ်ရှိတတ်ဖို့ပဲ လိုအပ်တယ်လို့ထင်တယ်။ လူတိုင်းက ကိုယ်ကိုယ် တိုင်တွေ့ကြုံခံစားရတော့မှ ခံစားရကောင်းမှန်း သိကြတာပါ။ ပရဟိတ လုပ်ချင်တဲ့စိတ်ဓာတ်က ဘယ်လိုအရာတွေနဲ့မှ နှိုင်းယှဉ်ပြလို့ မရပါဘူး။

 မေး - ပရဟိတအနေနဲ့ သွားပြီးတော့လှူဒါန်းတဲ့နေရာတွေမှာ ကြုံ တွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့လူတန်းစား ဆိုပြီးတော့ ဖြစ်ပေါ်နေ တဲ့အခြေအနေမှာ ထားစရာမရှိတဲ့ သူတွေကျတော့လည်း ကားတွေတစ်စီးပြီးတစ်စီးဝယ်၊ မြေတွေ တစ်ဧကပြီးတစ်ဧကပိုင် ဖြစ် နေတဲ့အခြေအနေမှာ စားစရာမရှိတဲ့သူတွေကျတော့လည်း တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင်စားရဖို့အတွက် အတင်းရုန်းကန်နေရ ပြီး သူတို့အတွက် တစ်နေ့တာဖြတ်သန်းမှုက သိပ်ကိုပင်ပန်းဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေတယ်။ ဒီလိုကွာခြားရတဲ့အထဲ သဘာဝဘေး အန္တရာယ်တွေ၊ ပြီးတော့ စစ်ဘေးဒုက္ခတွေကြောင့် သူတို့မှာ ဒုက္ခအ မျိုးမျိုးကို ခါးစည်းခံနေရတယ်။ ဒီလိုမျိုးတွေ ကျွန်တော်ပြောပြတယ် ဆိုတာကလည်း ဘဝပေးအခြေအနေတွေ ကွာခြားတယ်ဆိုတာကို နှိုင်းယှဉ်ပြတာပါ။

 မေး - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့ ဘယ်လိုနေရာမျိုးတွေကို သွားရောက် လှူဒါန်းပြီးပြီလဲ။

ဖြေ - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့က ဘယ်လိုနေရာမျိုးမှ လှူမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ နေရာမှန်သမျှကို လှူဒါန်းသွားတာပါပဲ။ အခုလောလောဆယ် ကျွန်တော် တို့ ရန်ကုန်ကလေးဆေးရုံ၊ ပညာရေးဖောင်ဒေးရှင်း၊ ကူးစက်ဆေးရုံ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ အင်းစိန်အကျဉ်းဦးစီးဌာန၊ ကရင်ပြည် နယ် စစ်ဘေးဒုက္ခသည်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံတွေ အခု ဆိုရင် သွားလှူတာ နေရာ ၂ဝကျော်နေပါပြီ။ ဒီထက်လည်း နောက်ပိုင်း မှာ သွားလှူနိုင်မယ်လို့ထင်ပါတယ်။

မေး - ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး အခြေအနေလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျ ဆုံးနဲ့ အခြေခံအကျဆုံးက ကလေးသူငယ်တွေပါပဲ။ ဒုက္ခရောက်နေ တဲ့အတွက် သူတို့လေးတွေရဲ့ပညာရေးအခြေအနေက အင်မတန်ရင် လေးစရာကောင်းပါတယ်။ ပညာသင်ရမယ့်အရွယ်တွေမှာ ပညာမ သင်နိုင်ကြဘဲ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ဘေးအန္တရာယ်တွေ အမျိုးမျိုးကိုရင်ဆိုင်နေကြရတော့ သူတို့လေးတွေရဲ့ ပညာရေးအခြေ အနေက ဆိုးရွားလာပါတယ်။ ဒါပေမဲ့ ၂၀၀၈ခုနှစ်မှာ ကျရောက်ခဲ့တဲ့ နာဂစ်က အဆိုးထဲက အကောင်းလို့တောင်ပြောရမယ်။ နာဂစ်ဒဏ် ကိုခံလိုက်ကြရတဲ့အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးကို လှုပ်နှိုးလိုက်သလိုပါပဲ။ အဲဒီတော့မှ ပရဟိတစိတ်တွေဖြစ်ပေါ်လာ ကြပြီး ပရဟိတလုပ်ငန်းတွေကို အရင်ကထက်ပိုပြီးတော့ လုပ်လာကြ တယ်။ အရင်ကထက်စာရင် အခုက လူတိုင်းလိုလို၊ နေရာတိုင်းလိုလို ပရဟိတလုပ်ဖို့ စိတ်အားထက်သန်နေကြတဲ့အတွက် ဝမ်းသာစရာ ကောင်းပါတယ်။

မေး -  မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အတွက် ပြောချင်တာတွေရှိရင်လည်း ဖြေကြားပေးပါ။

ဖြေ - အဓိကလိုအပ်တာက ပရဟိတအဖွဲ့အစည်းတွေကို စနစ် တကျနဲ့ဖွဲ့စည်းထားနိုင်ဖို့ လိုအပ်တယ်။ ဒီထက်ပိုပြီးတော့ စည်းစနစ် ကျတဲ့အဖွဲ့အစည်းတွေပေါ်ပေါက်လာရင် ဒီထက်ပိုပြီးတော့ အဆင် ပြေလာနိုင်မယ်။ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လူ ငယ်လူရွယ်တိုင်း ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားတတ်ဖို့တွေ လိုအပ်နေ ပါတယ်။


နွေးနွေးတွေ့ဆုံမေးမြန်းသည်
The Yangon Times

RangonNewsDaily:: September 13, 2013

''ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့ လူတန်းစားပါ''

ဧရာဝတီမြစ်ရေ မန္တလေးမြို့တွင် စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီ

Photo: Friday, September 13, 2013

ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီး မြို့ပတ်ကမ်းနားလမ်းတစ်လျှောက်နေရာအချို့ကို သဲအိတ်တွေကာရံချထား တာ၊ ရေကင်းလုံခြုံရေးချထာ.တာတွေ ယခုလ ၁၂ ရက်ကစပြီးပြု လုပ်နေရပါတယ်။အောင်မြေသာစံမြို့နယ်အ တွင်း ၂၂ လမ်း ကနေ မြောက်ဘက် ညောင်ကွဲရပ်ကွက် အထိ မြို့ပတ်ကမ်းနားလမ်းတစ်လျှောက် ရေစိမ့်ဝင်နိုင်တဲ့နေရာတွေကို မန္တလေး စည်ပင်က သဲအိတ်တွေ လိုက်လံချထားပေးနေတာဖြစ်ပါတယ်။
မြို့ပတ်ကမ်းနားလမ်းဟာ ဖို့မြေပေါ်မှာ ဖောက်လုပ်ထားတာဖြစ်ပြီး လွန်ခဲ့တဲ့ ၇ နှစ်ခန့်က ရေများပြီး ဖောက်လုပ်ဆဲလမ်းရေတိုက်စားတာခံခဲ့ရဘူးပါတယ်။

The Modern News Journal

RangonNewsDaily:: September 13, 2013

ဧရာဝတီမြစ်ရေဟာ မန္တလေးမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်ရှိနေပြီး မြို့ပတ်ကမ်းနားလမ်းတစ်
လျှောက်နေရာအချို့ကိုသဲအိတ်တွေကာရံချထားတာ၊ ရေကင်းလုံခြုံရေးချထာ.တာတွေယခုလ ၁၂ရက်ကစ
ပြီးပြု လုပ်နေရပါတယ်။

ဘတ်စ်ကားပေါ်မှ မုဒိမ်းသမားများကို အိန္ဒိယအစိုးရ သေဒဏ်ချမှတ်

Photo: ဘတ်စ်ကားပေါ်မှ မုဒိမ်းသမားများကို အိန္ဒိယအစိုးရ သေဒဏ်ချမှတ် 
Friday, September 13, 2013

အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။ 

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်ရှိ တရားရုံး တစ်ခုတွင် ဘတ်စ်ကားပေါ်၌ မိန်းကလေး တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ (၄)ဦးကို သေဒဏ် ချမှတ်လိုက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။ သို့သော်လည်း ယင်းစီရင်ချက်ကို တရားရုံးချုပ်က ဆက်လက် အတည်ပြုချက် ပေးရန် လိုအပ်နေကြောင်း သိရသည်။ တရားခံ ရှေ့နေများက သက်ညှာခွင့်အတွက် သမ္မတထံ တောင်းဆိုတင်ပြသွားမည်ဟု ပြောကြားထားသည်။

ရက်ရက်စက်စက် မုဒိမ်းကျင့် နှိပ်စက်ခံရသော မိန်းကလေးသည် ဆေးရုံတွင် (၂)ပတ်ကြာ ကုသခဲ့သော်လည်း အသက်မရှင်နိုင်ခဲ့ချေ။ သူမ၏ ကိုယ်တွင်း အ င်္ဂါ များမှာ ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့ကြောင်း ဆရာဝန်များက ဝန်ခံခဲ့သည်။ မိန်းကလေး၏ မိသားစုများနှင့် အိန္ဒိယမှ ဩဇာကြီး မားသော နိုင်ငံရေးသမားများ၊ အစိုးရ အရာရှိများက တရားခံများကို သေဒဏ်ပေးရန် တောက်လျှောက် ဖိအားပေးေ တာင်းဆိုခဲ့ကြသည်။ တရားရုံးသည် ဗုဒ္ဓဟူးနေ့က တရားခံများတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ယနေ့တွင်မူ သေဒဏ်စီရင်ချက် အတည်ပြု ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: September 13, 2013

အသက်(၂၃)နှစ်ရှိ မိန်းကလေး တစ်ဦးအား ဝိုင်းဝန်း မုဒိမ်းကျင့် ညှင်းဆဲနှိပ်စက်ပြီး စွန့်ပစ်ခဲ့သဖြင့် မိန်းကလေး သေဆုံးခဲ့သည့် ပြစ်မှုနှင့် စပ်လျဉ်းပြီး တရားခံများကို သေဒဏ်ချမှတ်ကြောင်း ဒေလီတရားရုံးက ယနေ့ စီရင်ချက် ချမှတ်လိုက်သည်။

ကွမ်ကျိုး ရဲဘက်စခန်းရှိ အကျဉ်းသားများအား ယခုနှစ်ကုန်ပိုင်းတွင် လွှတ်ပေးမည်

Photo: ကွမ်ကျိုး ရဲဘက်စခန်းရှိ အကျဉ်းသားများအား 
ယခုနှစ်ကုန်ပိုင်းတွင် လွှတ်ပေးမည်
Friday, September 13, 2013

တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့တစ်မြို့ ဖြစ်သော ကွမ်ကျိုးမြို့ ရဲဘက် စခန်း များရှိ အကျဉ်းသား တစ်ရာအား ယခု နှစ်ကုန်ပိုင်း၌ လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ ၏ ဖော်ပြချက် အရသိရသည်။

အဆိုပါ အငြင်းပွားမှုများမှ ပေါ်ထွက်နေသော ရဲဘက် စခန်းများသို့ အကျဉ်းသား ပို့ဆောင်ခြင်းကို မတ်လ က စတင် ရပ်ဆိုင်းခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များသည် အကျဉ်း သား များအား တရား စီရင်မှု မရှိဘဲ လေးနှစ်နှင့် အထက် ပြန် လည်လေ့ကျင့် သင်ကြားမှုများ ပြုလုပ် ရန် အဆိုပါ ရဲဘက် စခန်းသို့ ပို့ဆောင် ကြသည်။

နိုင်ငံနဲ့ အဝှမ်း စနစ်သစ် ပြုပြင် ပြောင်းလဲရန် ရည်ရွယ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သော်လည်း ရဲဘက် စခန်းများမှာ နေရာဒေသ များ ပျံ့နှံ့လျက် ဖွင့်လှစ် ထားဆဲ ဖြစ်သည်။

”ရဲတပ်ဖွဲ့ဝင်တွေ နဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက လောင်ကျောင်း စနစ်ကို ပြန် စဉ်းစားစေချင် တဲ့ အပြင် ဖျက်သိမ်းဖို့ တောင်းဆိုထားတယ်” ဟု ကွမ်ကျိုးဒေသ ဆိုင်ရာ စီနီယာ တရား သူကြီးတစ်ဦးက ပြောကြားသည်။ လောင်ကျောင်း ဆိုသည်မှာ တရုတ် အသံထွက် ဖြစ်ပြီး ပညာရေးမှ တစ်ဆင့် ပြုပြင်ပြောင်း လဲခြင်း စနစ် ဖြစ်သည်။

အဆိုပါ စနစ်အား အာဏာရ ကွန်မြူနစ် ပါတီမှ ၁၉၅ဝ ခုနှစ်များ၌ မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ရာဇဝတ်မှု အသေးအမွှားမျှ ကျူးလွန်မိ သူများကို အချုပ် ချထားခြင်း ဖြစ် သည်။ ၄င်းစနစ်သည် ရဲတပ်ဖွဲ့ဝင်များကို လိုသည်ထက် ပို၍ လုပ်ပိုင်ခွင့် အာဏာ ပေးထားသကဲ့သို့ ဖြစ်ကြောင်းနှင့် ၄င်းတို့သည် ထင်ရာ စိုင်း လုပ်ဆောင် တတ်ကြောင်း အများက ထောက်ပြ ပြောဆိုခဲ့ကြသည်။

အဆိုပါ စနစ်အား ပြန်လည် ပြုပြင်သွားရန် ရည်ရွယ် ထားကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ် ကတည်းက အာဏာပိုင် များက ပြောကြား ခဲ့သော်လည်း ၄င်းကဲ့သို့ ရဲဘက် စခန်း ၃၅ဝ ရှိပြီး အကျဉ်းသား တစ်သိန်းခွဲ ရှိကြောင်း သိရသည်။

သိင်္ဂီဝင်း
Popular Myanmar News Journal

RangonNewsDaily:: September 13, 2013

တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့တစ်မြို့ ဖြစ်သော ကွမ်ကျိုးမြို့ ရဲဘက် စခန်း များရှိ အကျဉ်းသား တစ်ရာအား ယခု နှစ်ကုန်ပိုင်း၌ လွှတ်ပေးမည် ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာ ၏ ဖော်ပြချက် အရသိရသည်။

အာဖဂန်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးကို တာလီဘန်တို့တိုက်ခိုက်

Photo: အာဖဂန်တွင် အမေရိကန်ကောင်စစ်ဝန်ရုံးကို တာလီဘန်တို့တိုက်ခိုက် 
Friday, September 13, 2013

သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန် ကောင်စစ်ဝန်ရုံးတစ်ရုံးကို တာလီဘန်စစ်သွေးကြွတို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်နှင့် အာဖဂန်တပ်ဖွဲ့များ ပူးပေါင်းခုခံခဲ့ရကြောင်း သိရှိရသည်။ သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်
ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများက ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ကောင်စစ်ဝန်က မိမိ၏ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းကြောင်း ပြောဆိုခဲ့ပြီး အာဖဂန် ရဲတပ်ဖွဲ့ဝင်(၂)ဦး၊ လုံခြုံရေး အစောင့်(၁)ဦးနှင့် စစ်သွေးကြွ (၄)ဦး သေဆုံးသည်ဟု သတင်းရရှိထားကြောင်း ပြောဆိုသွား သည်။ ကောင်စစ်ဝန်ရုံး အဝင်ဂိတ်အနီးတွင် ကြီးမားသော ပေါက်ကွဲ မှုကြီးတစ်ခု ဖြစ်ပွားပြီးနောက် ကောင်စစ်ဝန်ရုံး အဆောက်အအုံ အနီးတွင် တိုက်ပွဲများ ပြင်းထန်သွားခဲ့ကြောင်း မျက်မြင်များက ဆိုသည်။

အမေရိကန်သည် အာဖဂန်မှ (၂၀၁၄)ခုနှစ်တွင် ဆုတ်ခွာရန် စီစဉ်ထားသည့်တိုင် တာလီဘန်တို့၏ တိုက်ခိုက်မှုများကို ကြုံနေရဆဲ ဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အာဖဂန်ကို အမေရိကန်တို့ စတင်စစ်ပြုစေခဲ့သည့် 9/11 အကြမ်းဖက်မှုကြီး ဖြစ်ပွားသည့် (၁၂)နှစ်မြောက် နှစ်ပတ်လည်နှင့် ရက်ပိုင်းမျှသာခြားပြီး ပေါ်ပေါက် လာခြင်း ဖြစ်သည်။ ဟတ်တွင် အမေရိကန် ကောင်စစ်ဝန်ရုံးကို လွန်ခဲ့သည့် (၄)နှစ်ကမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုတွင် ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ် သည်။ တာလီဘန်တို့သည် ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်လာသည့် ထရပ်ကား တစ်စင်းဖြင့် ကောင်စစ်ဝန်ရုံး ဂိတ်ဝကို အတင်းတိုးဝင် ဖောက်ခွဲ ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့သည်။
"ပေါက်ကွဲမှုနဲ့အတူ အကြမ်းဖက်သမားတွေ ပါလာတဲ့ ထရပ်ကား တစ်စင်းက ရှေ့ဂိတ်တံခါးကနေ မောင်းဝင်လာတယ်။ 

RPG လောင်ချာတွေ၊ ချေမှုန်းရေး ရိုင်ဖယ်တွေပါ ပါလာခဲ့ပါ တယ်။ နောက်တော့ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပါ"ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟက်ဖ်က ဆိုသည်။ အပြန်အလှန် ပစ်ခတ်မှုများသည် ကာလအတန်ငယ် ကြာမြင့်ခဲ့သော်
လည်း အဆုံးသတ်တွင် ကောင်စစ်ဝန်ရုံး ဝန်ထမ်းများကို အန္တရာယ် မပြုနိုင်ခဲ့ကြောင်း သိရှိရသည်။ ယခုလ အစောပိုင်းကလည်း တာလီဘန်တို့သည် တော့ဟမ်းရှိ အမေရိကန် စစ်အခြေစိုက် စခန်းကို တိုက်ခိုက်ခဲ့ဖူးပြီး အကျအဆုံး (၃)ဦးဖြင့် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: September 13, 2013

သောကြာနေ့ အရုဏ်တက်ချိန်တွင် အာဖဂန် အနောက်ပိုင်းရှိ ဟတ်မြို့မှ ကောင်စစ်ဝန်ရုံးကို စစ်သွေးကြွများ
က ဦးတည် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဘ၀အတွက် သိသင့်တဲ့စာစုလေးတွေ

RangonNewsDaily:: September 13, 2013

◕သူများပြောတိုင်း အားနာပြီး ခေါင်းမညိတ်ပါနဲ့...။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပါ...။ ငြင်းစရာကြုံလာရင် အခင်မင် မပျက် ငြင်းတတ်ပါစေ....။
◕လုပ်ချင်တာ...၊ ဖြစ်ချင်တာ...၊ မလုပ်ရ... မဖြစ်ရလို့ ပူညံပူညံ မလုပ်ပါနဲ့...။ ကိုယ်လုပ်ချင်တာ...၊ ဖြစ်ချင်တာကို သေချာရွေးချယ်ပါ...။ မအောင်မြင်မချင်း အားသွန်ခွန်စိုက်လုပ်ပါ....။

မြန်မာစည်ဘီယာ၏ ဒုတိယအကြိမ် ကံထူးရှင်ရွေးချယ်ပွဲပြုလုပ်

Photo

RangonNewsDaily:: September 13, 2013
မြန်မာစည်ဘီယာ၏ “ ရွှေမိုးငွေမိုး ရွာသွန်းဖြိုး ကံထူးစေမှာ မြန်မာစည်ဘီယာ” ပရိုမိုးရှင်းအစီအစဉ် ဒုတိယ အကြိမ်မြောက် ကံထူးရှင်ရွေးချယ်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟော်တယ်တွင် ပြုလုပ်ခဲ့
ပြီး

အရက်မူးပြီး အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို လူဝတ်လဲအရေးယူ

RangonNewsDaily:: September 13, 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု ညောင် ပင်သာ ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့်က အရက်သေစာ သောက်စားမူးယစ်၍ ရွာအတွင်းလှည့်လည် အလှူခံနေသော သင်္ကန်းဝတ်နှစ်ဦးကို စစ်ဆေး၍ လူဝတ်လဲ အရေးယူခဲ့ကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သော ညောင်ပင်သာကျေးရွာ၏ ရာအိမ်မှူး ဦးမောင်ပြည့်က The Voice သို့ ပြောကြားသည်။

ရန်ကုန် ကလေးဆေးရုံကြီးတွင် အရေးပေါ်လူနာများကို အခမဲ့ကုသပေးမည်

RangonNewsDaily:: September 13, 2013
ရန်ကုန် ကလေးဆေးရုံကြီးသို့ အရေးပေါ် ခွဲစိတ်ရန်နှင့် ဆေးကုသရန် ရောက် ရှိလာသောလူနာများကို အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း သိရ သည်။ ယင်းသို့ကုသပေးရာတွင် ဆေးမှာ အလွယ်တကူဝ ယ်ယူနိုင် သော ဆေးဖြစ်ခြင်း၊ ဆေးရုံတွင် အဆင်သင့်ရှိပြီး လုံလုံလောက် လောက်ရှိသောဆေးဝါးများနှင့် ကုသရမည်ဆိုပါက ဆင်းရဲချမ်းသာ မရွေး ကုသပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ရွှေပြည်သာသုံးလောင်းပြိုင်လူသတ်မှုအား ဇာတ်လမ်းရိုက်ကူးမှု ကန့်ကွက် မှုများ ရှိသော်လည်း တရားဝင်မတားမြစ်သရွေ့ ဆက်ရိုက်သွားမည်

RangonNewsDaily:: September 13, 2013

ရွှေ ပြည်သာသုံးလောင်းပြိုင်လူသတ် မှုအား ဇာတ်လမ်းရိုက်ကူးနေမှု အပေါ် တရားခံမိသားစုဘက်မှ ကန့်ကွက်မှုများရှိလာသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ တရားဝင်တားမြစ်ချက်မရှိသရွေ့ ဆက်လက်ရိုက်ကူးသွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှ ဒု-ဥက္ကဋ္ဌ(၂)ဦးအေးကြူလေးက ပြောသည်။

ရွှေပြည်သာသုံးလောင်းပြိုင်လူသတ်မှုအား ဇာတ်လမ်းရိုက်ကူးမှု ကန့်ကွက် မှုများ ရှိသော်လည်း တရားဝင်မတားမြစ်သရွေ့ ဆက်ရိုက်သွားမည်

RangonNewsDaily:: September 13, 2013

ရွှေ ပြည်သာသုံးလောင်းပြိုင်လူသတ် မှုအား ဇာတ်လမ်းရိုက်ကူးနေမှု အပေါ် တရားခံမိသားစုဘက်မှ ကန့်ကွက်မှုများရှိလာသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ တရားဝင်တားမြစ်ချက်မရှိသရွေ့ ဆက်လက်ရိုက်ကူးသွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှ ဒု-ဥက္ကဋ္ဌ(၂)ဦးအေးကြူလေးက ပြောသည်။

ရွှေပြည်သာသုံးလောင်းပြိုင်လူသတ်မှုအား ဇာတ်လမ်းရိုက်ကူးမှု ကန့်ကွက် မှုများ ရှိသော်လည်း တရားဝင်မတားမြစ်သရွေ့ ဆက်ရိုက်သွားမည်

RangonNewsDaily:: September 13, 2013

ရွှေ ပြည်သာသုံးလောင်းပြိုင်လူသတ် မှုအား ဇာတ်လမ်းရိုက်ကူးနေမှု အပေါ် တရားခံမိသားစုဘက်မှ ကန့်ကွက်မှုများရှိလာသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ တရားဝင်တားမြစ်ချက်မရှိသရွေ့ ဆက်လက်ရိုက်ကူးသွားမည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး မှ ဒု-ဥက္ကဋ္ဌ(၂)ဦးအေးကြူလေးက ပြောသည်။

၈၄ လက်မ မျက်နှာပြင်မှာ Fruit Ninja ကစားမယ်

Photo: ၈၄ လက်မ မျက်နှာပြင်မှာ Fruit Ninja ကစားမယ်
Friday, September 13, 2013

Intel Developer Forum မှာ ပြသထားတဲ့ Touchscreen တီဗီကြီး ဖြစ် ပါတယ်။ ၈၄ လက်မ Planar touchscreen 4K TV ဖြစ်ပြီး Intel ရဲ့  NUC mini PC နဲ့ချိတ်ဆက်ထားခြင်းပါ။ ဒါကြောင့်လည်း Fruit Ninja ဂိမ်းကို ဆော့နိုင်ခြင်း ဖြစ်ပါတယ်။ 

3840x2160 piexl panel ပေါ်မှာ စကေးအသေးစိတ်ကျနေတဲ့ ဂိမ်းကို မြင်တွေ့ ရမှာပါ။ multi touch အနေနဲ့ 6 point touch အထိ လက်ခံနိုင်တယ်လို့ ဆိုပါတယ်။ Intel ရဲ့  စတုတ္ထမျိုးဆက် Intel i5 NUC နဲ့ ကောင်းကောင်း အလုပ်လုပ်တဲ့ Display လို့ ဆိုပါတယ်။ Graphic က Intel 5000 မို့လို့ပါ။ ရည်ရွယ်ချက် အနေနဲ့ ကတော့ လုပ်ငန်းခွင်သုံး၊ ပညာရေးနဲ့ သုတေသန များအတွက် အသုံးပြုစေဖို့ ဖြစ်ပါတယ်။ ပြပွဲ မှာတော့ လူဆော့များတဲ့ Fruit Ninja ဂိမ်း စမ်းသပ်ဆော့လို့ ရအောင် ပြု လုပ် ပေးထးပါတယ်။ 

ဒါကြောင့် ရုပ်ရှင်တွေထဲကလို touchscreen မျက်နှာပြင်အကြီးစားများဟာ တကယ်ဖြစ်အောင် ဖန်တီးလို့ ရနိုင်ကြောင်း Intel က သက်သေ ပြ လိုက်ခြင်း ဖြစ်ပါတယ်။ 
.
Ref: pocketlint
Aung Kham (International news for myanmar)

RangonNewsDaily:: September 13, 2013

Intel Developer Forum မှာ ပြသထားတဲ့ Touchscreen တီဗီကြီး ဖြစ် ပါတယ်။ ၈၄ လက်မ Planar touchscreen 4K TV ဖြစ်ပြီး Intel ရဲ့  NUC mini PC နဲ့ချိတ်ဆက်ထားခြင်းပါ။ ဒါကြောင့်လည်း Fruit Ninja ဂိမ်းကို ဆော့နိုင်ခြင်း ဖြစ်ပါတယ်။

ထာဝရမင်းတစ်ယောက်သာ (ကဗျာ)

ထာဝရမင်းတစ်ယောက်သာ
 ငါနေတဲ့အရပ်မှာ
မိုးသားတွေကင်းစင်လို့
တိမ်ညိုတွေပျောက်ကွယ်ကုန်ပြီလေ..............................

ဆီးဂိမ်း ပြိုင်ပွဲဝင်များအား တစ်ဦးလျှင် ၃၅ ဒေါ်လာ နှင့် ညီသည့် အစားအသောက် တစ်နေ့ ၅ နပ် ကျွေးရန် စီစဉ်ထား

RangonNewsDaily:: September 13, 2013

ဆီးဂိမ်း ပြိုင်ပွဲဝင် အားကစားသမား များ၏ အစားအသောက်ကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ 4 Star အဆင့် သတ်မှတ်ကာ တစ်ဦးလျှင် အမေရိ ကန်ဒေါ်လာ ၃၅ ဒေါ်လာ အဆင့်ဖြင့် တစ်နေ့လျှင် ၅ ကြိမ် ကျွေးမွေးရန် စီစဉ် ထားကြောင်း စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ဒု ဥက္ကဋ္ဌ ဦးခင်အောင်ထွန်း က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ လမ်းဘေးကာပါကင်၌ ဈေးမရောင်းချရေးနှိုးဆော်

RangonNewsDaily:: September 13, 2013

ရန်ကုန်မြို့တွင်းလမ်းမများရှိ ကားပါကင်သတ်မှတ်ထားသည့်နေရာများ၌ လမ်းဘေးဈေးသည်များ ရောင်းချခြင်း မရှိစေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လိုက်လံကြေညာနှိုးဆော်ထားကြောင်း တွေ့ ရသည်။

ဓာတ်ဆီနဲ့ လက်ဆေးပြီး ဆေးလိပ်မီးညှိသောက်သူ မီးလောင်

RangonNewsDaily:: September 13, 2013

ရန်ကုန်တိုင်းဒေသကြီး လှော်ကားမြို့နယ်၌ စက်တင်ဘာ ၁ဝ ရက်က သံပန်းများကို သင်္ဘောဆေး သုတ်ပြီး ပေကျံနေသောလက်ကို ဓာတ်ဆီဖြင့် ဆေးကြောခဲ့သည်။ ထို့နောက် ဆေး
လိပ် သောက်ရန်အတွက် ဂက်စ်မီးခြစ်ကိုခြစ် မိရာမှ မီးစွဲလောင်ပြီး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနား မိဘမဲ့ဂေဟာ ဗုံးပေါက်ကွဲမှုအတွက် အိမ်ရှင်ဦးဒယောင်တန်ဂွန်းကို ထောင်ဒဏ်ခုနစ်နှစ်ချမှတ်

RangonNewsDaily:: September 13, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မိဘမဲ့ ဂေဟာတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြင့် လူ ၁၀ ဦးသေဆုံးမှုအတွက် ဖမ်းဆီးခံ ထားရသူ အိမ်ရှင်ဦးဒယောင်တန်ဂွန်းအား ပေါက်ကွဲစေမှုဖြင့် ခရိုင်တရားရုံးက ထောင်ဒဏ်ခုနစ်နှစ် ချမှတ်လိုက်ပြီး အမှုတွဲဖြစ်သူ ငါးဦးကို ထောင်ဒဏ်ခြောက်လစီ စက်တင်ဘာ ၁၂ ရက်က ချမှတ်လိုက်သည်ဟု ဦးဒယောင်တန်ဂွန်း၏ သမီးဒေါ်ခေါန်ဂျာက မဇ္ဈိမကို ပြောသည်။

KIA နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တိုင်းပြည်အတွက်အတွက် အသက်ပေးလှုသွားခဲ့သော ဗိုလ်ဇော်မျိုးထက်အတွက် ပြန်တမ်း

သို့ ……

ပြန်တမ်းဝင်အမှတ် ကြည်း ၅၅၄၂၄ ဗိုလ်ဇော်မျိုးထက် …….
သင်သည် ၂၀၀၇ ခုနှစ်တွင် ....
တပ်မတော်တွင်းသို့ စတင် ၀င်ရောက်ခဲ့ပြီး …..
ဤ အမှတ် ၁၃၇ ခြေလျင်တပ်ရင်း တွင် …..
တိုင်းပြည်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်….။

သင်သည် ၂၈.၈.၂၀၁၃ ရက်နေ့  .....
နယ်မြေရှင်းလင်းရေးတာဝန်ထမ်းဆောင်စဉ်…
ကေအိုင်အေ အကြမ်းဖက် သောင်းကျန်းသူများနှင့် .....
တွေ့ ဆုံတိုက်ပွဲဖြစ်ပွားခဲ့ ပြီး ဒဏ်ရာရရှိကာ ....
ရန်သူမှ သင့်အား လက်ရ ဖမ်းဆီးသွားခဲ့သည်….။

ရန်သူမှ ဖမ်းဆီးထားစဉ် ကာလအတွင်း …..
ရန်သူ၏ နှိပ်စက်ညှင်းပမ်းမှုကြောင့် ….
၃၀.၈.၂၀၁၃ ရက်နေ့ တွင်.....
သင်၏ အသက်ကို တိုင်းပြည်အတွက် ပေးလှူခဲ့ရပြီးဖြစ်သည်….။

သင့်အနေနှင့် ....
တိုင်းပြည်နှင့် တပ်မတော်၏ တာဝန်များကို …..
ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ဖြစ်သည့် အတွက် …..
သင့်အား တပ်မတော်မှ အပြီးအပိုင် နူတ်ထွက်ခွင့်ပြုလိုက်သည်…….။

ယနေ့ မှစ၍ သင်သွားလိုရာ သွားနိုင်သည်…..။


ပုံ ….
အမှတ် ( ၁၃၇ ) ခြေလျင်တပ်ရင်း

https://www.facebook.com/yemoe.nyogroup

အေးချမ်းမွန် Credit To > မြ၀တီ < Thanks
Re-posted By ACM 13-9-2013 
https://www.facebook.com/excellencemedia

 RangonNewsDaily:: September 13, 2013
သို့ …… ပြန်တမ်းဝင်အမှတ် ကြည်း ၅၅၄၂၄ ဗိုလ်ဇော်မျိုးထက် …….သင်သည် ၂၀၀၇ ခုနှစ်တွင် ....တပ်မတော်တွင်း
သို့ စတင် ၀င်ရောက်ခဲ့ပြီး …..ဤ အမှတ် ၁၃၇ ခြေလျင်တပ်ရင်း တွင် …..တိုင်းပြည်တာဝန်များကို ကျေပွန်
စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်….။

မြေ..... (ကဗျာ)

မြေ.....
RangonNewsDaily:: September 13, 2013
ပြည်တွင်းစစ် မကြာခဏ ဆင်နွှဲလေ့ရှိတဲ့
မြေ...

တသက်လုံး တူတူနေသူ အချင်းချင်း
သံသယမီးတွေ ဆင့်ပွားစေတဲ့
မြေ....