Pages

Thursday, September 12, 2013

ဘောလုံးသမား တစ်ယောက် ဂိုးသွင်းတာက မထူးဆန်းပေမယ့် မြန်မာမွတ်ဆလင် ဘောလုံးသ မားတစ်ယောက် အနိုင်သေချာစေသော ဂိုးသွင်းပြီး အောင်ပွဲခံ ဦးချရိုးကျိုးမှုပြု



RangonNewsDaily:: September 12, 2013
စက်တင်ဘာလ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်း မလေးရှား နိုင်ငံ မာဒေးကားကွင်းတွင် ကန်ခဲ့သော အသက် ၂၃ နှစ်အောက် ပွဲတွင် မြန်မာအသင်းက စင်္ကာပူ လူငယ် အသင်းအား ၂ ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား ၄ဦးပွဲချင်းပြီးသေဆုံး



kolatt(PBDN): Sep . 12. 2013

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ကျောင်းမြောင်းရပ်ကွက် (၁၆)မိုင်(၁)လုံအနီး၊ ယနေ့
ညနေ(၃း၂၀)နာရီ (12-9-2013)ရက်နေ့တွင် ကိုကျော်စွာထိုက် အသက်(၂၀)နှစ်မောင်း သည့်

နည်းပညာမိတ်ဆက်ပွဲတွေရဲ့ အလွန် စီးချင်းထိုးမယ့် (Apple Vs Android)

Photo: နည်းပညာမိတ်ဆက်ပွဲတွေရဲ့ အလွန် စီးချင်းထိုးမယ့် (Apple Vs Android)
 Thursday, September 12, 2013 

စက်တင်ဘာလကတော့ နည်းပညာမိတ်ဆက်ပွဲတွေနဲ့ ကြီးစိုးခဲ့တဲ့လ လို့ပြောရမှာပါ။ဒါကြောင့်လည်း ကမ္ဘာအနံ့မှာရှိတဲ့ နည်းပညာ ပရိတ်သတ် 
တွေလည်း အများအပြားအာရုံစိတ်ခဲ့တဲ့ လလို့ဆိုရင်လည်း မမှားပါဘူး။

အဓိကအာရုံစိတ်စရာဖြစ်ခဲ့တဲ့နေ့တွေကတော့ စက်တင်ဘာ-၄ ဘာလင်မှာ ကျင်းပတဲ့ IFA နည်းပညာကုန်စည်ပြပွဲနဲ့ စက်တင်ဘာ-၁၀ မှာကျင်းပခဲ့တဲ့ Apple ရဲ့iPhone တွေပဲဖြစ်ပါတယ်။ကျင်းပသွားတဲ့ပွဲနှစ်ပွဲလုံးမှာ ဝေဖန်သံ
ချီးမွမ်းသံတွေနဲ့ မျှော်လင့်သလောက် မျှော်လင့်ချက်မပြည့်စုံခဲ့တဲ့ ကဲ့ရဲ့  သံတွေလည်းအများအပြားပေါ်ထွက်လာပါတယ်။

စစ်မျက်နှာပြင်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ Android

စစ်တလင်းမှာစီးချင်းထိုးဖို့အတွက် ဘာလင်မှာ Android တို့ရဲ့  သူရဲကောင်း 
ရွေးချယ်ပွဲကြီးကျင်းပခဲ့တာကအစပြု ရမှာပါ။နည်းပညာကုမ္ပဏီတွေ အများအပြားဝင်ရောက်ပြသခဲ့တဲ့ ပွဲတစ်ပွဲလည်းဖြစ်ခဲ့သလို Android တို့ရဲ့  စုဝေးရာပွဲဆိုရင်လည်းမှားမယ်မထင်ပါဘူး။

Andorid တွေအချင်းချင်းအပြိုင် စီးချင်းထိုးခဲ့ကြသလို အားပေးမူ အများဆုံးနဲ့ အမှတ်အများဆုံးရခဲ့တဲ့ သူရဲကောင်းကတော့ Samsung တပ်ရင်းက Galaxy တို့ရဲ့  အမွေခံ Galaxy Note 3 ပါပဲ။ 

စီးရီးတွေများလွန်းလို့ ဝေဖန်ခံနေရတဲ့ ကြယ်တာယာအုပ်စုဟာ ဒီတစ်ခေါက် 
မွေးထုတ် ပေးလိုက်တဲ့ သူရဲကောင်းက ဝေဖန်သူတို့ကို အနည်းငယ်
နှုတ်ဆိတ်စေခဲ့တာတော့အမှန်ပါပဲ။

ထွက်ရှိပြီးခဲ့ သမျှ ကြယ်တာယာ သူရဲကောင်းတွေထက် မျက်စိကျချင်စရာ မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်တွေပါ ကျန်တဲ့ Android သူရဲကောင်းတွေ အတွက်တော့ အားကျချင်စရာဖြစ်ခဲ့ရပါတယ်။
(Note-3 Review ပြည့်ကြည့်လိုသူများ https://www.facebook.com/photo.php?fbid=500840126674287&set=a.244639595627676.56112.244608038964165&type=1&theater)

Android သူရဲကောင်းကို စိန်ခေါ်မယ့် Apple သူရဲကောင်းသစ်

Android စစ်မြေပြင်မှာပေါ်ထွက်လာတဲ့ Samsung Galaxy Note 3 ကိုအဓိကယှဉ်ပြိုင် ထိုးသတ်ဖို့ Apple ကသူ့ရဲကောင်းသစ် နှစ်ကောင်ကို
မွေးထုတ်ပေးလိုက်ပါတယ်။သူတို့ကတော့ 5C နဲ့ 5S ပေါ့။တစ်ကမ္ဘာလုံးမှာရှိ တဲ့ ပန်းသီးပရိတ်သတ်တွေကတော့ သူတို့ရဲ့ သူရဲကောင်းကြီးကို အများကြီး
မျှော်လင့်ထားခဲ့သလိုပဲ Android တပ်စုကလည်း အသင့်အနေ အထားနဲ့
စောင့်ကြည့်နေခဲ့ကြပါတယ်။

စစ်မြေပြင်မှာ စိန်ခေါ်ထိုးသတ်ဖို့ စက်တင်ဘာ-၁၀ မှာပရိတ်သတ်ရှေ့မောက် အစွမ်းပြဖို့ 5C Review(https://www.facebook.com/photo.php?fbid=124591734378268&set=a.110919895745452.1073741828.110423879128387&type=1&theater) နဲ့ 5S Review (https://www.facebook.com/photo.php?fbid=124591344378307&set=a.110919895745452.1073741828.110423879128387&type=1&theater) ကိုစင်တင်လိုက်ပါတယ်။

အဲဒီမှာ သူတို့ရဲ့ အဓိက ရွေးချယ်လိုက်တဲ့သူရဲကောင်းကတော့ 5s လို့ခေါ်တဲ့ iPhone 5s သူရဲကောင်းကြီးပါပဲ။ယခင်ထွက်ရှိပြီးဖြစ်တဲ့ သူရဲကောင်းထက် အရပ်အမောင်းနဲ့ ရူပါကသိပ်မကွာခြားတဲ့အတွက် ပန်သီးစားသုံးသူတွေ အနည်းငယ် လက်မှိုင်ကျစေခဲ့တာတော့အမှန်ပါပဲ။

ဒါကြောင့်ပြိုင်ဘက် Andorid တပ်စုကလည်း စကားလုံးစစ်ပွဲနဲ့အတူ ယခုလိုလှောင်ပြောင်စိန်ခေါ်ခဲ့ပါတယ်။ပြန်လည်ကြည့်ရှုလိုပါက(https://www.facebook.com/photo.php?fbid=503924893032477&set=a.244639595627676.56112.244608038964165&type=1&theater) 

သူရဲကောင်းသစ်ရဲ့ ကြီးမားတဲ့ ထူးခြားချက်ကလည်း ယခင်ထွက်ရှိပြီးတဲ့ iPhone 5 ထက်အနည်းငယ်သာကွဲပြားတဲ့ A7 Chip with 64 Bits Architecture နဲ့ လက်ဗွေလုံခြုံရေးစနစ်လောက်သာ စွဲမက်တဲ့ အနေအထား နှစ်ခုလောက်ပါလာတာကပန်းသီးပရိတ်သတ်တွေအတွက်
ဝေဖန်မူတွေနဲ့အတူ နောက်ထွက်မယ့် သူရဲကောင်းသစ် iPhone 6 ကိုတောင်စိတ်ကူးရင်မျှော်မှန်းလာတဲ့သူတွေတောင်ပေါ်လာရပါတယ်။

နိဂုံးချုပ်

မည်သို့ပင်ဆိုစေကာမူ နှစ်ခုစလုံးကတော့ သူ့ပရိတ်သတ်နဲ့သူတော့ ရှိနေဦးမှာအမှန်ပါပဲ။Samsung လည်းSamsung ပရိတ်သတ်တွေရှိနေသလို 
ပန်းသီးလည်းပန်းသီး ပရိတ်သတ်တွေကတော့သူဟာနဲ့သူရှိဦးမှာပါပဲ။ အဲဒီကြားထဲမှာမှ Sony,Nokia,HTC,Huawei စတဲ့ပရိတ်သတ်တွေလည်း သူ့အကြိုက်နဲ့သူတော့ရှိနေဦးမှာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် ကြယ်တာယာနဲ့ ပန်းသီးတို့ရဲ့  ဒီတစ်ခေါက်မိတ်ဆက် လိုက်တဲ့ဟီးရိုးနှစ်ကောင်ကတော့ ဘယ်သူက ဘယ်သူ့ကို အလဲထိုး သွားမလည်းဆိုတာ ကျွန်တော်တို့ကတော့ ပရိတ်သတ် တစ်ယောက် အနေနဲ့စောင့်မျှော် ကြည့်ရှုရင်း ဒီမှာတင်ရပ်နားလိုက်ပါတယ်။

သတိပြုစရာရှိတာက ပြီးခဲ့တဲ့နှစ်တွေနဲ့ ယခုလက်ရှိအနေအထား မှာ Apple ကဈေးကွက်မှာiPhone 5 ကအရောင်းရဆုံး ထုတ်ကုန်ဖြစ်နေတယ်ဆို တာပါပဲ။

ပွဲဆူအောင်လုပ်တယ်လို့တော့မထင်ပါနဲ့ အားသာချက် ကိုယ်စီတော့ရှိမှာပါ။ ပန်းသီးစားမလား၊စက်ရုပ်နဲ့နှစ်ပါးသွားမလား ???? 

ခွန်နေ(AMMG)
TechSpace Journal

RangonNewsDaily:: September 12, 2013

စက်တင်ဘာလကတော့ နည်းပညာမိတ်ဆက်ပွဲတွေနဲ့ ကြီးစိုးခဲ့တဲ့လ လို့ပြောရမှာပါ။ဒါကြောင့်လည်း ကမ္ဘာအနံ့မှာရှိတဲ့ နည်းပညာ ပရိတ်သတ်
တွေလည်း အများအပြားအာရုံစိတ်ခဲ့တဲ့ လလို့ဆိုရင်လည်း မမှားပါဘူး။

အကယ်ဒမီ ချစ်စနိုးဦးနှင့်တွေ့ဆုံခြင်း

Photo: အကယ်ဒမီ ချစ်စနိုးဦးနှင့်တွေ့ဆုံခြင်း
Thursday, September 12, 2013
 
သိင်္ဂီထွန်း တွေ့ဆုံမေးမြန်းသည်။

အကယ်ဒမီဆုရရှိပြီးနောက်ပိုင်း ရုပ်ရှင်အရိုက်နည်းသွားပြီး ယခုတစ်ဖန် ဂီတဘက်ကို ပြန်လည်ဦးတည်လာတဲ့ 'အကယ်ဒမီချစ်စနိုးဦး'နဲ့ အခုလိုပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ.....

မေး - အကယ်ဒမီရပြီးနောက်ပိုင်းဇာတ်ကား ရိုက်ကူးမှု သိပ်မတွေ့ရတော့ ဘူးနော်။ ဘာတွေ လုပ်ဖြစ်နေလဲ။
ဖြေ - စနိုး ဇာတ်ကားရိုက်ကူးမှု နည်း သွားတယ်ဆိုတာက ဟုတ်ပါတယ်။ နည်းသွားတယ် ဆိုတာကလည်း ရက်ချိန်းကပ်နေတာတွေကျ တော့ စနိုးအတွက်သိပ်အဆင်မပြေဘူးလေ။ အဲဒီတော့ မရိုက်ဖြစ်ဘူး။ နောက်ပြီးတော့ စ နိုးအတွက် လုပ်ကွက်နည်း မယ်ထင်တဲ့ ဇာတ်ရုပ် မျိုးဆိုရင် အခုနောက်ပိုင်းမရိုက်တော့ဘူး။ စနိုး အတွက် ဇာတ်ကားတစ်ကားရိုက်ကူးမှုက ပရိ သတ်သတိထားမိလောက် မယ်ထင်တဲ့ ဇာတ်အိမ် မျိုးပါဝင်တဲ့ဇာတ်ကားမျိုးကိုပဲ အခုနောက်ပိုင်း စနိုးလက်ခံပြီး ရိုက်တော့မယ်။ ကိုမင်းအုပ်စိုးနဲ့ တော့ ဇာတ်ကားတစ်ကား ရိုက်ထားပါသေးတယ်။

မေး - အကယ်ဒမီရပြီးနောက်ပိုင်း ကာရိုက်တာ ရွေးချယ်ပြီးတော့ ဇာတ်ကားရိုက်တာမျိုးတွေရှိလား။
ဖြေ - စနိုး အကယ်ဒမီမရခင် ကရော အကယ်ဒမီ ရပြီးနောက်ပိုင်းရော စနိုး ကာရိုက်တာရွေးချယ် ပြီးတော့ ရိုက်တာမျိုးမရှိပါဘူး။ ဇာတ်ကား ရိုက်ကူးမှုနည်းနေတယ်ဆိုတာကလည်း စနိုးလုပ် ကွက်မရှိတာတွေမျိုးမို့လို့ လက်မခံဖြစ်တာပါ။ စနိုးကာရိုက် တာရွေးချယ်နေလို့မဟုတ်ပါဘူး။ ဘယ်လိုကာရိုက်တာမျိုးပဲလာလာ စနိုးအတွက် လုပ်ကွက်ရှိမယ့် ဇာတ်ကားမျိုးဆိုရင် စနိုးလက်ခံ ပြီးတော့ရိုက်ဖြစ်ပါတယ်။

မေး - သရုပ်ဆောင်အလုပ်ကို အရင်ကတည်းက ဝါသနာပါလို့ လုပ်ခဲ့တာလား။
ဖြေ - သရုပ်ဆောင်အလုပ်က စနိုးဝါသနာပါလို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ ဝါသနာ မပါဘဲ ဘာဖြစ်လို့ ဒီလမ်းကြောင်းပေါ်ရောက် လာသလဲဆိုရင် စနိုးကိုးတန်းလောက်မှာ အန်တီ မခိုင်ကြီးနဲ့ စီးရီးတစ်ခုမှာသရုပ်ဆောင်ဖြစ်ခဲ့ တယ်။ အဲဒီကစပြီး စနိုးသရုပ်ဆောင်အလုပ်ကို လုပ်ဖို့အတွက် ရူးသွပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်း သရုပ်ဆောင်အလုပ်ကို ကြိုးစားပြီးတော့ လုပ် ဖြစ်ခဲ့ပါတယ်။

မေး - အခုစနိုးက တစ်ကိုယ်တော်ခွေလည်းထွက် ထားတယ်။ သရုပ်ဆောင်အလုပ်နဲ့ ဂီတပိုင်း ဘယ် လိုင်းကို ပိုပြီးတော့စိတ်ဝင်စားလဲ။
ဖြေ - သရုပ်ဆောင်အလုပ်က စနိုးဝါသနာပါလို့ လုပ်ခဲ့တာမဟုတ်ပေမယ့် စနိုးအတွက် သိပ်ကို ရူးသွပ်ခဲ့ရတဲ့အလုပ်တစ်ခုပါ။ သီချင်းဆိုတာ ကျတော့လည်း အခုမှ ပထမဦးဆုံးအခွေဆ တော့ သိပ်တော့ မပြောတတ်ဘူးပေါ့နော်။ သီ ချင်းဆိုတဲ့အပိုင်းပဲဖြစ်ဖြစ် သရုပ်ဆောင်တဲ့ အပိုင်း ပဲဖြစ်ဖြစ် ပရိသတ်အားပေးမှုအပေါ်မူတည်ပြီး တော့ လုပ်သွားမှာပါ။ ပရိသတ်က သရုပ်ဆောင် ပိုင်းကို ပိုပြီးတော့အားပေးရင် သရုပ်ဆောင်ပိုင်း ကို ပိုပြီးတော့လုပ်မယ်။ ဂီတပိုင်းကို ပိုပြီးတော့ အားပေးရင် ဂီတပိုင်းကို ပိုပြီးတော့ လုပ်သွား မယ်။ နှစ်ခုစလုံးကို ပရိသတ်လက်ခံတယ်ဆို ရင် နှစ် ခုစလုံးကို စနိုးလုပ်သွားမယ်။

မေး - အခုလတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။ဖြေ - အခုရက်ပိုင်း စနိုးကို ဇာတ်ကား ရိုက်ကူး ဖို့အတွက် လာကမ်းလှမ်းထားတာတော့ မရှိသေး ပါဘူး။ 'ခိုနားခွင့်ပေး ပါ'စီးရီးခွေကို စနိုးဗွီစီဒီ ထွက်နိုင်ဖို့အတွက် ဆက်လုပ်သွားမယ်။ ဒီရက် ပိုင်းအတွင်းမှာတော့ သီချင်းဆိုဖို့လက်ခံထား တာတွေရှိတယ်။

မေး - 'ခိုနားခွင့်ပေးပါ'စီးရီးခွေထဲမှာ ဘယ်လို တေးသီချင်းမျိုးတွေပါလဲ။
ဖြေ - ဂီတပိုင်းမှာ စနိုးတကယ်ကြိုက်တဲ့ ဂီတ ပိုင်း Rock ဂီတပါ။ Rock ဂီတကို စနိုးသိပ် ကြိုက်တယ်။ ဒါပေမဲ့ ဒီအခွေထဲမှာတော့ Pop ဂီတ၊ Rock ဂီတနှစ်မျိုးစလုံးပါပါတယ်။ စနိုး Rock ဂီတကိုကြိုက်ပေမယ့်လည်း ပရိသတ် ကစနိုးကျွိုသခု ချည်းပဲဆိုရင် မကြိုက်မှာစိုးလို့ စနိုးဂီတပိုင်းစုံအောင် ထည့်ထားပါတယ်။ 

မေး - 'ခိုနားခွင့်ပေးပါ'စီးရီးခွေကို ဘယ်တုန်း လောက်ကစတင်ပြီး စီစဉ်နေခဲ့တာလဲ။
ဖြေ - စနိုး တစ်ကိုယ်တော်စီးရီးခွေလုပ်မယ်ဆို ပြီး စဉ်းစားဖြစ်တဲ့အချိန်ကစပြီး အခုအခွေထွက် တဲ့အထိ အချိန်နှစ်နှစ်လောက်ယူပြီးတော့ လုပ် ခဲ့ရပါတယ်။ ဒီအခွေမှာ စနိုးအနုပညာပိုင်းရော ငွေကြေးပိုင်းရော တစ်ခုမှ ချွေတာလိုက်တာမျိုး ဆိုတာ မရှိပါဘူး။ ဒီအခွေလေး ပရိသတ်လက်ထဲ ကိုရောက်သွားပြီး ပရိသတ်ကြိုက်နှစ်သက် တယ်ဆိုရင်ပဲ စနိုးကျေနပ်တယ်။

Yangon Media Group

RangonNewsDaily:: September 12, 2013

အကယ်ဒမီဆုရရှိပြီးနောက်ပိုင်း ရုပ်ရှင်အရိုက်နည်းသွားပြီး ယခုတစ်ဖန် ဂီတဘက်ကို ပြန်လည်ဦးတည်လာတဲ့ 'အကယ်ဒမီချစ်စနိုးဦး'နဲ့ အခုလိုပဲတွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာ.....

လက်နက် သဖွယ်အသုံးပြုနိုင်တော့မယ့် စမတ်ဖုန်း

Photo: လက်နက် သဖွယ်အသုံးပြုနိုင်တော့မယ့် စမတ်ဖုန်း
Thursday, September 12, 2013

ဥရောပအခြေဆိုက် Smart Guard Company ကထုတ်လိုက်တဲ့ မိမိကိုယ်ကို
ကာကွယ်နိုင်မယ့် အရေးပေါ်လက်နက်ကိရိယာပါ။ယနေ့ခေတ်လူနေမူ
ဘဝမှာ စမတ်ဖုန်းလိုနည်းပညာတွေက လူတွေအတွက်မရှိမဖြစ် အသုံးပြု
လာကြတဲ့အတွက် ယခုလိုရွေးချယ်ဖန်တီးလိုက်တာပါ။

အဓိက ပစ်မှတ်ကတော့ မသမာသူတွေရဲ့ တိုက်ခိုက်မူတွေရန်မှ အားနွဲ့တဲ့မိန်းကလေးတွေကို အကာအကွယ်ပေးစေလိုတဲ့အတွက် မိမိရဲ့  Cell-phone တွေကို Self-defense systems အဖြစ်ပြောင်းလည်း ပေးထား
တာပါ။

ကနဦးတီထွင်ဖန်တီးပေးထားမူအရ iPhone တွေမှာသာ တပ်ဆင်အသုံးပြုရ
မှာဖြစ်ပြီး အဆိုပါကရိယာတွေကို အခြားသူတွေလွယ်ကူစွာအသုံးမပြုစေ
နိုင်ဖို့ လက်ဗွေလုံခြုံရေးစနစ်ကိုပါထည့်သွင်းပေးထားပါသေးတယ်။

ပုံမှာမြင်တွေ့ရတဲ့ဟာကတော့ ဖုန်းနဲ့တွဲဖွက်ပြီး အသုံးပြုရတဲ့ Pepper Spray
လို့ခေါ်တဲ့ ငရုပ်ကောင်းဆေးဖျန်းရေပါ။လက်ဗွေစနစ်ကိုအသုံး ပြုထားတဲ့အ
တွက် မိမိကိုယ်တိုင်သာအသုံးပြုရမှာဖြစ်ပြီး အရေးပေါ်အခြေအနေမှာ ရန်သူ
ရဲ့ မျက်စိကို လွယ်ကူစွာဖျန်းထည့်လို့ရအောင်ဖန်တီးပေးထားပါတယ်။

ထို့ပြင် ယခုထက်ပိုမိုပြင်းထန်ပြီး အန္တရာယ်များတဲ့ လျှပ်စစ်စွမ်းအင်ပါ
Yellow Jacket လို့ခေါ်တဲ့ အရာကိုလည်းဖန်တီးပေးထားပါတယ်။အဲဒါက
တော့ အဆိတ်ပြင်းတဲ့ ပျားတစ်ကောင်အတုတ်ခံရ သလိုမျိုး အားအလွန်ပြင်း
တဲ့ တစ်ချက်ထိ လျှပ်စစ်စွမ်းအင်တွေကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။

နိုင်ငံတကာအနံ့ဖြန့်ချိဖို့ပြုလုပ်ထားပြီး Pepper Spray ပါကာဗာအတွက်ကို
တော့ ၃၉.၉၅ ဒေါ်လာနှင့် စွမ်းအားမြင့်လျှပ်စစ်ဓာတ်တွေကိုထုတ်လုပ်ပေး
မယ့် Yellow Jacket ကာဗာတစ်ခုကိုတော့ ကန်ဒေါ်လာ ၁၄၀ ကျသင့်မယ်
လို့သိရပါတယ်။လက်ရှိဈေးကွက်အနေအထားအရ ဥရောပတွေမှာသာဖြန့်
ချိရောင်းချလျက်ရှိနေပါတယ်။

Ref:Dailymail
ခွန်နေ(AMMG)
Guide Magazine

RangonNewsDaily:: September 12, 2013
ဥရောပအခြေဆိုက် Smart Guard Company ကထုတ်လိုက်တဲ့ မိမိကိုယ်ကို ကာကွယ်နိုင်မယ့် အရေးပေါ်
လက်နက်ကိရိယာပါ။ယနေ့ခေတ်လူနေမူ ဘဝမှာ စမတ်ဖုန်းလိုနည်းပညာတွေက လူတွေအတွက်မရှိမဖြစ် အသုံးပြုလာကြတဲ့အတွက် ယခုလိုရွေးချယ်ဖန်တီးလိုက်တာပါ။

အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင်

Photo: အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင်
Thursday, September 12, 2013

ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ်ပါ။ 

အသက် ၄ နှစ်သားအရွယ်ကို ဝဘ်ဆိုဒ်တွေကို စတင်ထိတွေ့မိပြီး ဘာလို့စာတွေမြင်နေရလဲလို့ သူ့အမေကို မေးပါတယ်။ ဒါနဲ့ HTML နဲ့ ရေးထားတာ ဖြစ်ကြောင်း ပြောတာမို့ သူဟာ HTML ကို ၄ နှစ်သားက စလို့ စတင် လေ့လာခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်မှာ ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခု တည်ထောင်သွားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့  မိဘ ၂ ပါးလုံးက အင်ဂျင်နီယာတွေပါ။ သူ့အသက် ၉ နှစ်ပြည့်မွေးနေ့ မှာ ဝေါကီတော်ကီလို စကားပြောလို့ရတဲ့ ရေဒီယို တစ်လုံး ကို လက်ဆောင်ရတော့ ဟာ့ဒ်ဝဲ ပစ္စည်းတွေကို စတင်စိတ်ဝင်စားပါတော့တယ်။ ဒါနဲ့ စက်ရုပ်တွေကို တီထွင်တဲ့အခါမှာ အခြေခံ အသုံးပြုတဲ့ Arduino လို့လို့ Mini Computer Controller ကို လေ့လာခွင့် ရရှိခဲ့ပြီး စိတ်ကြိုက် လေ့လာ ပါတော့တယ်။ အသက် ၁၀ နှစ်အရွယ်မှာ သူဟာ Hacker Dojo လို့ အမည်ရတဲ့ Creative Group ကို ချိတ်ဆက်ဝင်ရောက်ခဲ့ပါတယ်။ ဒီအတွက်လည်း Test အလုပ်ခံရပေမယ့် သူ့ရဲ့  အရည်အချင်းကြောင့် အဖွဲ့မှာ စိန်ခေါ်မှုတိုင်းကို အောင်နိုင်ပါတယ်။ 

ပညာသင်ကြားခွင့်လည်းရနေတော့ အဖွဲ့ကနေ သူဟာ ဟာ့ဒ်ဝဲပစ္စည်း များ လေ့လာခြင်း၊ စက်ရုပ်တီထွင်ခြင်းတို့ကို ပြုလုပ် ပါတယ်။ အသက် ၁၄ နှစ်သားအရွယ်ရောက်တော့ OLogic အမည်ရ ကုမ္မဏီသို့ သူ့အဖေ ပို့ပေးခဲပါတယ်။ Disney နဲ့ Apple ကုမ္မဏီတို့ လိုအပ်တဲ့ စက်ရုပ်နဲ့ ကိရိယာ တန်ဆာပလာများကို တီထွင်ရောင်းချပေးနေတဲ့ ကုမ္မဏီဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ နွေရာသီကျောင်းပိတ်ရင် ကလေးများ လေ့လာခွင့်ရအောင် Internship များခေါ်ပါတယ်။ Agrawal ဟာ အလုပ်သင် ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို စိတ်ကြိုက်လေ့လာခွင့်ရပါတယ်။ 

ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး စက်ပစ္စည်းများကို လေ့လာဖို့အတွက် ကုမ္မဏီက ပရောဂျက်ပေးပေမယ့် သူကိုယ်တိုင် စက်ရုပ်တစ်ကောင်ကို စိတ်ကြိုက်ဖန်တီးပါတယ်။ ယင်းစက်ရုပ်အတွက် လိုအပ်တဲ့ ပရိုဂရမ် (Firmware, software) နဲ့ ဟာ့ဒ်ဝဲများကို စိတ်ကြိုက်တပ်ဆင် လိုက်တော့ စေခိုင်းလို့ရတဲ့ ရုံးဝန်ထမ်း တစ်ဦး ဖြစ်လာပါတယ်။ လောလောဆယ်ကတော့ မုန့် နဲ့ ပစ္စည်း တိုလီမုတ်စ သယ်ဖို့အတွက်ပဲ စေခိုင်းလို့ရပါသေးတယ်။ သို့ပေမယ့် အဲ့ဒီလောက်လုပ်ခိုင်းလိုက်နိုင်တာတင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ 

သူ့အနေနဲ့ ရှေ့ ဆက်ပြီးတော့ ဟင်းချက်နိုင်တဲ့ စက်ရုပ်ကို တီထွင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ သိန်းရှိမယ်လို့တောင် အင်တာဗျူးမှာ ခန့်မှန်းပေးသွားပါတယ်။ အလုပ်သင် လေ့လာ ကာလပြီးလို့ ကျောင်းပြန်ဖွင့်ရင် သူ့အိမ်မှာပဲ ဆက်လုပ်မှာ ဖြစ်ပါတယ်။ စတူဒီယို အသေးစား ပြုလုပ်ထားပြီး ပစ္စည်းအဟောင်းများနဲ့ စက်ရုပ်တွေ ဖန်တီးမှာ ဖြစ်ပါတယ်။ ကောလိပ်တက်တဲ့အခါ စက်ရုပ် ပညာ ရပ် သို့မဟုတ် ကွန်ပြူတာ ပရိုဂရမ် ပညာရပ် ၂ ခုထဲက တစ်ခုခုကို အထူးပြု လေ့လာသွားမယ်လို့ ဆိုပါတယ်။ 

Agrawal ဟာ အသက်ငယ်ပေမယ့် သူ့ရဲ့  ကြိုးစားဖန်တီးမှုကြောင့် နေ့ ချင်းညချင်း လူသိများလာခဲ့ပါတယ်။ သူတီထွင်တဲ့ စက်ရုပ်အကြောင်း ကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။ 

http://youtu.be/cyUp39ZWP2Y

အောင်ခမ်း (TSJ team)
TechSpace Journal

RangonNewsDaily:: September 12, 2013

ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ်ပါ။

အိမ်အကူကို နှိပ်စက်သည့် ပဲခူး တရားသူကြီး ဇနီးကို ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး

Photo: အိမ်အကူကို နှိပ်စက်သည့် ပဲခူး တရားသူကြီး ဇနီး ရဲတပ်ဖွဲ့ မဖမ်းနိုင်သေး
Thursday, September 12, 2013

ပဲခူးတိုင်း ပဲခူးမြို့နယ် ဒုတိယ တရားသူကြီး၏ ဇနီးကို အိမ်အကူအလုပ်သမ တဦးအား လက်ရောက် ကျုးလွန်မှုများဖြင့် ဝရမ်း ထုတ်ထား သော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးကို မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက် ကျူးလွန်ထားမှုဖြင့် တရားစွဲ ခံထား ရသည့် ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထား သော် လည်း ပုန်းရှောင်နေ သည့် နေရာကို မသိသဖြင့် မဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။

ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ဦးမြဝင်း က “ဝရမ်း ထုတ်ထားကတည်းက ကျနော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ (ဒေါ်ဖြူဝင်းသက်) ဘယ်မှာရှောင်တိမ်း နေတယ်ဆိုတာ သတင်းအတိအကျ မရလို့ မဖမ်းနိုင်သေးတာပါ၊ သူရောက်တယ်လို့ သတင်းကြားတဲ့ နေရာတွေ က စခန်းတွေကိုတော့ အကြောင်းကြားထားတာတွေတော့ လုပ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အခင်းဖြစ်ပွားမှုသည် ၂၀၁၂ ခုနှစ် မတ်လထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ် စဉ်နှင့် ပတ်သက်၍ ၂ လ အကြာတွင် ကာယကံရှင် မအေးယုအောင် က ပဲခူးမြို့နယ် အမှတ် (၃) ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ချိန်မှ စ၍ ဒေါ်ဖြူဝင်းသက်မှာ တိမ်းရှောင် နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

(တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး၏ ပြောပြ ချက် (ရုပ်/သံ)။ ဤ Video အား Myanmar News Now မှ ကူးယူ၍ ပြန် လည် ဖော်ပြပါသည်။
http://www.youtube.com/watch?feature=player_embedded&v=w8BJgkHn_Hg)

ယင်းအမှုကို တရားစွဲဆိုထားသည့် ကာယကံရှင်များနှင့် မျက်မြင်သက်သေ များကို ပဲခူးမြို့နယ်တရားရုံးက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ထား ပြီး ဒေါ်ဖြူ ဝင်းသက်ကို တုတ်၊ ဓား စသည်တို့ဖြင့် ထိခိုက် နာကျင်စေမှု ပုဒ်မ ၃၂၄၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ တရားလိုက အမှုဖွင့်ထားသော် လည်း ထွက်ပြေးတိမ်းရှောင်နေခြင်း ပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲဆို ထားကြောင်း ပဲခူးမြို့နယ် တရားရုံးထံမှ သိရသည်။

ပဲခူးမြို့နယ် တရားရုံး ရုံးတာဝန်ရှိသူ တဦးက “တရားလိုတွေ၊ မျက်မြင်တွေ စစ်ပြီးသွားပြီခင်ဗျ၊ အားလုံးစစ်ပြီးသွားမှ ဒေါ်ဖြူဝင်းသက် ကို တရားခံပြေး၊ ဝရမ်းပြေးအနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ အခင်းဖြစ်ပွားပြီး နောက် ဒေါ်ဖြူဝင်းသက်၏ ခင်ပွန်း ဦးအောင်ဖုန်းဝင်း ကိုလည်း တောင်တွင်းကြီး မြို့သို့ ရွှေ့ပြောင်း တာဝန် ထမ်းဆောင် စေခိုင်း ထားကြောင်း သိရသည်။

ယင်းအမှုကို တရားလိုဘက်မှ ဥပဒေ လမ်းကြောင်းအရ ကူညီဆောင် ရွက်ပေးနေသည့် ရှေ့နေ ဦးအေးမြင့် ကလည်း “တရားလိုနဲ့ ရပ်ကွက် သက်သေတွေလည်း စစ်ပြီးပြီ၊ အမှုက ပေါ်တယ်၊ ဒေါ်ဖြူဝင်းသက်က ထွက်ပြေးနေတုန်း၊ ရဲကလည်း မမိသေးဘူး၊ သူရောက်တယ် ဆိုတဲ့ နေရာတွေကိုလည်း ဝရမ်းထုတ်ပြီး ရဲကို အဖမ်းခိုင်းနေတယ် တရားရုံးက”ဟု ဧရာဝတီသို့ ပြောသည်။

ဒေါ်ဖြူဝင်းသက်နှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်း တို့ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပါ။

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာများရရှိထားပြီး ယင်း မတိုင်ခင် ကလည်း ဦးခေါင်းအား ပုလင်းနှင့် ရိုက်ထားသည့် ဒဏ်ရာများ၊ ရင်ဘတ်ကိုလည်း ဓားဖြင့် ခုတ်ထားသည့် ဒဏ်ရာများ၊ ဆေးစာများနှင့် အတူ တရားလိုဘက်မှ တရားစွဲဆိုထားကြောင်း သိရသည်။

ထိုအချိန်က အခင်းဖြစ်ပွားပြီးချိန် တလကျော်ကြာသည်အထိ ဒေါ်ဖြူ ဝင်းသက်နှင့် ဦးအောင်ဖုန်းဝင်းတို့က မအေးယုအောင် ကို ဒဏ်ရာ များ ပျောက်ကင်းချိန် အထိ ထိန်းသိမ်း ထားခဲ့သေးသော်လည်း နောက်ပိုင်း ရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲခံခဲ့ရသည်။

တရားခံပြေးကို ရဲများက ရှာမတွေ့နိုင်သော်လည်း ဒေါ်ဖြူဝင်းသက်၏ ဆွေး မျိုးများက တရားလိုနှင့် နီးစပ်သူများကို ကျေအေးရန် လာရောက် ညှိနှိုင်းမှုများ ရှိနေကြောင်း ပဲခူးမြို့နယ်တရားရုံး တာဝန်ရှိသူ တဦးက ပြောသည်။


မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)
ဧရာဝတီ
မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ – Facebook)
RangonNewsDaily:: September 12, 2013

ပဲခူးတိုင်း ပဲခူးမြို့နယ် ဒုတိယ တရားသူကြီး၏ ဇနီးကို အိမ်အကူအလုပ်သမ တဦးအား လက်ရောက် ကျုးလွန်မှုများဖြင့် ဝရမ်း ထုတ်ထား သော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ရဲအယောင်ဆောင် ငွေတောင်းသူနှစ်ဦးကို အရေးယူ

RangonNewsDaily:: September 12, 2013

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်ကျေးရွာ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမည်သုံး၍ ဒုရဲအုပ် အယောင်ဆောင် ငွေလိုက်လံ တောင်းခံနေသူနှစ်ဦးကို စက်တင်ဘာလ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်၌ ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အန်းဖီးလ်ကွင်းကို အဆင့်မြှင့်တင်မည်ဟု လီဗာပူးလ်ပိုင်ရှင် ပြောကြား

Photo: အန်းဖီးလ်ကွင်းကို အဆင့်မြှင့်တင်မည်ဟု လီဗာပူးလ်ပိုင်ရှင် ပြောကြား
Thursday, September 12, 2013 

လီဗာပူးလ်ကို ဝယ်ယူထားသည့် Fenway Sports Group (FSG)၏ အဓိက ပိုင်ရှင်ဖြစ်သူ အမေရိကန် သူဌေးကြီးက အသင်း၏ တိုးတက်ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များကို မိမိ ဆက်လက် တွန်းအားပေး ကူညီနေမည်ဟုလည်း ဆိုသည်။ 

လီဗာပူးလ် အသင်း၏ အိမ်ကွင်းဖြစ်သော အန်းဖီးလ်ကို အဆင့်မြှင့်တင် မွမ်းမံသွားရန် အစီအစဉ်များ ရှိနေကြောင်း အသင်းပိုင်ရှင် ဂျွန်ဟင်နရီက ထုတ်ဖော် ပြောကြားလိုက်သည်။ လီဗာပူးလ်ကို ဝယ်ယူထားသည့် Fenway Sports Group (FSG)၏ အဓိက ပိုင်ရှင်ဖြစ်သူ အမေရိကန် သူဌေးကြီးက အသင်း၏ တိုးတက်ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များကို မိမိ ဆက်လက် တွန်းအားပေး ကူညီနေမည်ဟုလည်း ဆိုသည်။ အောက်တိုဘာလတွင် FSGအနေဖြင့် လီဗာပူးလ်ကို ဝယ်ယူမှု (၃)နှစ် ပြည့်မြောက်မည် ဖြစ်ပြီး ထိုစဉ်က ဟင်နရီသည် အမေရိကန် အသင်းပိုင်ရှင် နှစ်ဦးဖြစ်သည့် တွမ်ဟစ်ခ်နှင့် ဂျော့ဂျီးလတ်တို့ထံမှ လီဗာပူးလ်ကို အငြင်းပွားမှုများစွာဖြင့် လက်လွှဲယူခဲ့သည်။

ဟစ်ခ်နှင့် ဂျီးလတ်တို့သည် အန်းဖီးလ်ကို စွန့်ခွာကာ စတန်လေပါ့ခ်တွင် ကွင်းသစ်ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး FSGကမူ ပရိသတ် (၄၅၀၀၀)မျှ ဝင်ဆံ့သည့် လက်ရှိကွင်းကိုသာ ပရိသတ် (၆၀၀၀၀)မျှထိ တိုးမြှင့်နိုင်ရန် စဉ်းစားလျှက် ရှိသည်။ ဟင်နရီက ယင်းအတွက် ပေါင်စတာလင် သန်း(၁၅၀)မျှ လျာထားပြီး ဘဏ္ဍာရေး ကိစ္စသည် FSGအတွက် ပြဿနာ မဟုတ်ဟု ဆိုသည်။ "လီဗာပူးလ်ဟာ ကောင်းမွန်တဲ့ တိုးတက် ဖြစ်ထွန်း မှုတွေ ရှိနေပါတယ်။ အသင်းဟာ ကွဲပြားတဲ့ အဖွဲ့အစည်းတွေ ဟန်ချက်ညီညီ စုစည်းထားတာ ဖြစ်ပါတယ်။ လောလောဆယ် အသင်းရဲ့ ကွင်းစီမံကိန်းကို ပြန်ပြီး မွမ်းမံ မြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီကိစ္စအတွက် ဘဏ္ဍာရေး အခြေအနေဟာ လုံးဝ ပြဿနာ မဟုတ်ပါဘူး"ဟု ဟင်နရီက ဆိုသည်။ ၎င်းက "ကျွန်တော်တို့ဟာ အသင်းရဲ့ ရင်းမြစ်တွေနဲ့ ကိုက်ညီတဲ့ မြှုပ်နှံပြောင်းလဲမှုတွေ ပြုလုပ်မယ်လို့ အမြဲလိုလို ပြောခဲ့ပြီး သားပါ။ လက်ရှိ ပွဲကြည့်စင်တွေရဲ့ အမြင့်နဲ့ ပတ်သက်ပြီး ပြန်လေ့လာ သုံးသပ်မှုတွေ လုပ်ရပါမယ်။ ဒီအချက်က ကွင်းသစ်စီမံကိန်းမှာ အရေးအကြီးဆုံး ရှုထောင့်လည်း ဖြစ်နိုင်တယ်။ ဒီကဏ္ဍမှာ ကျွန်တော်တို့ သေသေချာချာ ကိုင်တွယ်လေ့လာဖို့ လိုပါတယ်"ဟုလည်း မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

RangonNewsDaily:: September 12, 2013

လီဗာပူးလ်ကို ဝယ်ယူထားသည့် Fenway Sports Group (FSG)၏ အဓိက ပိုင်ရှင်ဖြစ်သူ အမေရိကန် သူဌေးကြီးက အသင်း၏ တိုးတက်ဖြစ်ထွန်းရေး လုပ်ငန်းစဉ်များကို မိမိ ဆက်လက် တွန်းအားပေး ကူညီနေမည်ဟုလည်း ဆိုသည်။

ရွှေမြင့်မိုရ် စတိုးဆိုင်တွင် ဈေးဝယ်ဟန်ဆောင်၍ ဆိုင်ရှင်ကို ဓားဖြင့်ထိုး

RangonNewsDaily:: September 12, 2013

တောင်ဥက္ကလာပမြို့နယ် မေတ္တာလမ်းမပေါ်ရှိ ရွှေမြင့်မိုရ် စတိုးဆိုင်တွင် မျက်နှာစိမ်း အမျိုးသားတစ်ဦးက ဈေးဝယ်ဟန်ဆောင်၍ အသက် ၅၀ အရွယ် ဆိုင်ရှင်အမျိုးသမီးကို ဓားထိုးထွက်ပြေးမှု ဏ္ဍစက်တင်ဘာလ ၁၀ ရက် ည ၉ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဓားထိုးခံရသူ၏ မိသားစုဝင်များထံမှ သိရှိရသည်။

တပ်မတော်နှင့် ကေအိုင်အေ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲပြန်ဖြစ်

RangonNewsDaily:: September 12, 2013

တိုက်ပွဲများ ရပ်တန့်ထားကာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေသည့် ကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ဗန်းမော်ခရိုင်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း ဒေသခံများက The Voice သို့ ဆက်သွယ် ပြောကြားသည်။

ဒုဋ္ဌဝတီမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်၍ မြစ်ကမ်းနံဘေးနေအိမ် များ ပြောင်းရွှေ့

RangonNewsDaily:: September 12, 2013

ဒုဋ္ဌဝတီမြစ်ရေချိန်သည် စိုးရိမ်ရေမှတ်သို့ ကျော်လွန် ရောက်ရှိနေသည့် အတွက် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ် မြစ်ကမ်းနံဘေးရှိ ကျေးရွာနေအိမ်များ ပြောင်းရွှေ့နေထိုင်ခဲ့ ရကြောင်း မြစ်ငယ်မြို့ ညောင်နီပင်ကျေးရွာတွင် နေထိုင်သူ ကျောင်းအုပ် ဆရာကြီး ဦးမောင်မြင့်က ပြောကြားသည်။

ကျေးလက်ဂီတဆုပေးပွဲတွင် တေလာဆွစ်နှင့်အတူ Musgraves တို့ ထိပ်ဆုံးမှ ရပ်တည်

Photo: ကျေးလက်ဂီတဆုပေးပွဲတွင် တေလာဆွစ်နှင့်အတူ Musgraves တို့ ထိပ်ဆုံးမှ ရပ်တည်
Thursday, September 12, 2013

ယခုနှစ်အတွက်ပေးအပ်မည့် ကျေးလက်ဂီတဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းများကို စက်တင်ဘာ ၁၀ ရက်ကထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းများထဲတွင် အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သည့် တေလာနှင့် အသက် ၂၅ နှစ်အရွယ် မက်စ်စကာဘတ်ဗ်တို့မှာ ဆုခြောက်ခုအတွက် လျာထားခြင်းခံထားရကြောင်း စာရင်းများက ဖော်ပြထားသည်။ 

၎င်းတို့နောက်တွင် အဆိုတော်စုံတွဲများဖြစ်ကြသည့် Blake Shelton နှင့် Miranda Lambert တို့မှာလည်း ငါးဆုခန့်စီအထိ လျာထားခြင်းခံရသည်။

ကျေးလက်ဂီတအဖွဲ့မှာ အနုပညာလုပ်ငန်းများလုပ်ကိုင်နေသည့် လူမှုရေးအဖွဲ့အစည်းဖြစ်ပြီး အဖွဲ့ဝင်များ မှသီချင်းအမျိုးအစား တစ်ခုချင်းစီမှ မဲပေးရွေးချယ်ခြင်းဖြစ်သည်။ ဆုရရှိသည့်အဆိုတော်များကို Tenne- ssee ပြည်နယ်ရှိ ကျေးလက်သီချင်းမြို့တော်ခန်းမ Nashville တွင် နိုဝင်ဘာ ၆ ရက်၌ ဆုများပေးအပ်ချီး မြှင့်သွားမည်ဖြစ်သည်။ ယင်းဆုပေးပွဲအား ရုပ်သံမှတိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်သည်။

CMA ၏ ဂုဏ်သတင်းအမွှေးဆုံးဖြစ်သော တစ်နှစ်တာအတွင်း အကောင်းဆုံးဖျော်ဖြေမှုဆုအား ယမန်နှစ် က Shelton မှ ဆွတ်ခူးရရှိ ခဲ့ပြီး ယခုနှစ်တွင်လည်း ထိုဆုအတွက် ason Aldean, Luke Bryan, Swift, George Strait တို့နှင့်အတူ ဆန်ခါတင်စာရင်းတွင် ပါရှိထားသည်။
တေလာဆွစ်မှာ ထိပ်တန်းအမျိုးသမီး အဆိုရှင်ဆု၊ တစ်နှစ်တာအတွက် အကောင်းဆုံးတေးစီးရီးဆု၊ သီချင်းအဆိုရှင်ဆု၊ တင်ဆက်မှုအကောင်းဆုံးဆုနှင့် အကောင်းဆုံးရုပ်သံသီချင်းဆုများတွင် လျာထားခြင်း ခံခဲ့ရသည်။

ကျေးလက်ဂီတသီချင်းများ ရေးသားသီဆိုသူ Musgraves မှာလည်း ထိပ်တန်းအမျိုးသမီးအဆိုရှင်ဆု၊ အကောင်းဆုံးမျက်နှာသစ် အနုပညာရှင်ဆုများ အပါအ၀င်ဆုပေါင်းခြောက်ဆုတွင်ဆုရရှိရန် နာမည်ကြီး လျက်ရှိသည်။ Musgraves မှာ “Merry Go Round” ဖြင့် အောင်မြင်ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး သူမ၏ သီချင်းများမှာ အမေရိကန်ကျေးလက်၏ အခက်အခဲအကျပ်အတည်းများအား သူမတူအောင်ပုံဖော်နိုင် သည့်အဆိုရှင် ဖြစ်သည်။

CMA ဆုပေးပွဲအခမ်းအနားအား Brad Paisley နှင့် Carrie Underwood တို့မှ အစီအစဉ်မှူးများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး Walt Disney Co ၏ ABC ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားမည်ဖြစ်သည်။

အောင်မင်း
မဇ္ဈိမ

RangonNewsDaily:: September 12, 2013

ယခုနှစ်အတွက်ပေးအပ်မည့် ကျေးလက်ဂီတဆုပေးပွဲအတွက်ဆန်ခါတင်စာရင်းများကိုစက်တင်ဘာ၁၀ ရက်
ကထုတ်ပြန်ခဲ့ပြီး ယင်းစာရင်းများထဲတွင် အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်သည့် တေလာနှင့် အသက် ၂၅ နှစ်
အရွယ် မက်စ်စကာဘတ်ဗ်တို့မှာ ဆုခြောက်ခုအတွက် လျာထားခြင်းခံထားရကြောင်း စာရင်းများက ဖော်ပြ
ထားသည်။

ဧည့်လမ်းညွှန်များကို အနည်းဆုံး တစ်နေ့ ၃၅ ဒေါ်လာပေးရန် အောက် တိုဘာ ၁ ရက်မှ စ၍ သတ်မှတ်

RangonNewsDaily:: September 12, 2013

လိုင်စင်ရ ဧည့်လမ်းညွှန်များကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ တစ်နေ့တာ ၀န်ဆောင်မှုအဖြစ် အနည်းဆုံး ၃၅ ဒေါ်လာပေးရန် သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွန်များ အသင်းဗဟို အလုပ်အမှုဆောင် ဦးထွန်းမြတ်က မဇိ္ဈမသို့ ပြောသည်။

ခင်ဝင့်ဝါ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ပြီ

Photo: ခင်ဝင့်ဝါ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ပြီ
Thursday, September 12, 2013

Miss Supranational ပြိုင်ပွဲတွင် Miss Internet ဆုအပါအ၀င် ဆုလေးဆု ဆွတ်ခူးရရှိထားသည့် ခင်ဝင့်ဝါသည် စက်တင်ဘာ ၄ ရက်တွင် မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ကျန်းမာရေးကြောင့် ခေတ္တ အနားယူရာမှ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာအနုပညာလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင် သွားတော့မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

ယင်းသို့လုပ်ဆောင်ရာတွင် သူမ၏ပထမဆုံးအနုပညာလှုပ်ရှားမှုအဖြစ် မဂ္ဂဇင်း၏ မျက်နှာဖုံးစာမျက်နှာအတွက် ရိုက်ကူးခြင်းကို လက်ခံရိုက်ကူးသွားမည်ဖြစ်ပြီး ထိုမှတစ်ဆင့် Miss Supranational Myanmar အေဂျင်စီနှင့် တိုင်ပင်ကာ တစ်စတစ်စလုပ်ကိုင်သွားရန် စီစဉ်ထားကြောင်း ခင်ဝင့်ဝါက ပြောဆိုလိုက်သည်။

“ပြန်ရောက်ရောက်ချင်း နှစ်ရက်နားလိုက်တယ်။ စက်တင်ဘာ ၁၂ ရက်ကစပြီး မဂ္ဂဇင်းတွေမှာ ဓာတ်ပုံ ရိုက်ပေးဖို့ ရှိတယ်။MRTV-4 Talk Show ပြောပေးဖို့ အစီအစဉ်လည်းရှိပါတယ်။ လူမှုရေးရော၊ အနုပညာ အလုပ်တွေရော လုပ်မှာပါ။ ပြီးတော့ ပညာရေးအတွက် လေ့လာစ ရာတွေလေ့လာမယ်။ ဗဟုသုတအပိုင်းတွေလည်း လိုအပ်သေး တယ်လို့ထင်လို့ လေ့လာစရာရှိတာ လေ့လာဦးမှာပါ။ 

ပရဟိတလုပ်ငန်းကတော့ အမြန်ဆုံးလုပ်ချင်ပါတယ်။ ဘယ်ကို လှူမယ်ဆိုတာကိုတော့ အတိအကျ မစဉ်းစားရသေးပါဘူး။ တကယ် လည်း လိုအပ်မယ်၊ တကယ်တမ်းလည်း အသုံးလိုမယ်၊ တကယ်ဒုက္ခရောက်နေ တဲ့သူတွေကို ကူညီမှာပါ။ ဝေးလံခေါင်ဖျားတဲ့နေရာတွေ ကိုယ်တိုင် မသွားနိုင်ရင်တောင်မှ မရောက်,ရောက်အောင်တော့ ညီမတို့ ကူညီမှာပါ”ဟု ခင်ဝင့်ဝါက ပြောပြသည်။

ခင်ဝင့်ဝါသည် ရရှိလာသည့် ၀င်ငွေ၏ ၃၀ ရာခိုင်နှုန်းအား လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းများတွင် လှူဒါန်းရန် ရည်ရွယ်ထားသူဖြစ်ပြီး လက်ရှိတွင် ကမ်းလှမ်းလာသော Brand Ambassador ခန့်အပ်မှုများအတွက်
လေ့လာ ဆုံးဖြတ်လျက်ရှိသည်။ လက်ရှိတွင် ခင်ဝင့်ဝါသည် Miss Supranational Myanmar Organization နှင့် တစ်နှစ်စာချုပ်ချုပ်ဆို ထားသည်။

ပန်းမြတ်ဇော်
မဇ္ဈိမ

RangonNewsDaily:: September 12, 2013

Miss Supranational ပြိုင်ပွဲတွင် Miss Internet ဆုအပါအ၀င် ဆုလေးဆု ဆွတ်ခူးရရှိထားသည့် ခင်ဝင့်ဝါသည် စက်တင်ဘာ ၄ ရက်တွင် မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း ကျန်းမာရေးကြောင့် ခေတ္တ အနားယူရာမှ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာအနုပညာလုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင် သွားတော့မည်ဖြစ်ကြောင်း ၎င်းက မဇ္ဈိမသို့ ပြောကြားလိုက်သည်။

သရုပ်ဆောင်ရဲတိုက်ကို နှစ်ရှည်လက်တွဲခဲ့တဲ့ဆာတိုရီထုတ်လုပ်ရေးက သရုပ်ဆောင်သစ် ဒေါင်း ကိုတင်မည်

Photo: သရုပ်ဆောင်ရဲတိုက်ကို နှစ်ရှည်လက်တွဲခဲ့တဲ့ဆာတိုရီထုတ်လုပ်ရေးက သရုပ်ဆောင်သစ် ဒေါင်း ကိုတင်မည်

အခုတင်မယ့်မင်းသားဒေါင်းကို နိုင်ငံအနှံ့က သရုပ်ဆောင်ဖြစ်လိုတဲ့
လူပေါင်း၅၀၀နီးပါးကို တွေ့ဆုံပြီးရွေးချယ်ဖြစ်ခဲ့တာဖြစ်တယ်လို့
သိရတယ်။သရုပ်ဆောင်သစ်ဒေါင်းနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကို
စက်တင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၂နာရီမှာ J School မှာ
ပြုလုပ်ဖို့ရှိတယ်လို့ သိရတယ်။

Author မေသင်္ကြန်
The Modern News Journal

RangonNewsDaily:: September 12, 2013

အခုတင်မယ့်မင်းသားဒေါင်းကို နိုင်ငံအနှံ့က သရုပ်ဆောင်ဖြစ်လိုတဲ့ လူပေါင်း၅၀၀နီးပါးကို တွေ့ဆုံပြီးရွေးချယ်
ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရတယ်။သရုပ်ဆောင်သစ်ဒေါင်းနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲကိုစက်တင်ဘာလ ၁၄ 

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား မက်ဆီအား ဘာစီလိုနာ ပရိသတ် အချို့အသင်းမှ ထွက်ခွာသွားစေလိုနေ

Photo: ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား မက်ဆီအား 
ဘာစီလိုနာ ပရိသတ် အချို့အသင်းမှ ထွက်ခွာသွားစေလိုနေ
Thursday, September 12, 2013 

ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား တစ်ဦး ဖြစ်သည့် လီယွန်နယ်လ် မက်ဆီသည် ဘာစီလိုနာ၏ ငယ်မွေးခြံ ပေါက် တစ်ဦး အနေဖြင့် ဂုဏ်ယူလောက် စရာ ခြေစွမ်း ပြသနေသည့်တိုင် ဘာစီ လိုနာ ပရိသတ် အားလုံး၏ အားပေး ထောက်ခံမှုကို ရရှိနေသူ မဟုတ်ဘဲ ၂ ရာခိုင်နှုန်း မျှသော ပရိသတ်များက ၄င်းအား အသင်းမှ ထွက်ခွာ သွားစေ လိုနေကြောင်း စစ်တမ်း တစ်ရပ်က ဖော် ပြထားသည်။

ဘာစီလိုနာ အသင်း၏ အမာခံ ပရိသတ် များထံ သဘောထား ကောက် ယူသော စစ်တမ်း တစ်ခုကို ထုတ်ဖော် ကြေညာခဲ့ရာ ဘာစီလိုနာ ပရိသတ်များ အနက် ၂ ရာခိုင်နှုန်း က လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ဆုရှင် အာဂျင်တီးနား တိုက်စစ်မှူး ကို နူးကမ့် တွင် ရှိမနေစေလိုကြောင်း သဘောထား ပေးခဲ့ကြသည်ဟု သိရသည်။

၂ ရာခိုင်နှုန်း ဆိုသည်မှာ အလွန် နည်းပါးသော ပမာဏ ဖြစ်သည့်တိုင် ၂ဝဝဝ ပြည့်နှစ် ကတည်းက ဘာစီလို နာသို့ ရောက်ရှိနေပြီး အသက် ၁၃ နှစ် အရွယ် ကတည်းက အသင်းတွင် ကစားခဲ့သလို အောင်မြင်မှု အလီလီ ရယူကာ အသင်းကို ဂုဏ်တက်စေခဲ့သည့် မက်ဆီ အပေါ် ပရိသတ် အချို့က မလိုလား ဆိုသည်မှာ အထူး အဆန်း ဖြစ်နေသည် ဟု အသင်း ဥက္ကဋ္ဌ ဆန်ဒရို ရိုဆဲလ်က ဆိုသည်။

မက်ဆီသည် ဘာစီလိုနာနှင့် အတူ လာလီဂါဆုဖလား ၆ ကြိမ်၊ ချန်ပီယံ လိဂ်ဖလား ၃ ကြိမ်နှင့် စပိန် ဘုရင့်ဖ လား၊ ဥရောပ စူပါဖလား၊ ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလား တို့ကို ၂ ကြိမ်စီ ရယူထားပြီး လာလီဂါ ပြိုင်ပွဲ ၂၄၈ ပွဲ တွင် ဂိုးပေါင်း ၂၂ဝ သွင်းယူထားသည်။

”ကလပ်ရဲ့ အမာခံ ပရိသတ်တွေကို သီးသန့် ဆန္ဒမဲ ကောက်ခံမှု ပြုလုပ်ခဲ့တာ ပါ။ အံ့သြစရာပါပဲ။ ၂ ရာခိုင်နှုန်းက မက်ဆီကို မကြိုက်ကြဘူးတဲ့။ ကျွန် တော်ကတော့ အဲဒီ လူတွေနဲ့ တွေ့ပြီး ဘာကြောင့် မက်ဆီကို မကြိုက်တာလဲ ဆိုတာ မေးကြည့်ချင်တယ်” ဟု ရိုဆဲလ် က ဆိုသည်။

၎င်းက မက်ဆီ အနေဖြင့် အသင်း က အသစ်ဝယ်ယူထားသည့် နေမာနှင့် တစ်စထက် တစ်စ အတွဲအဖက် မိလာ မည်ဟု ယုံကြည်ကြောင်းလည်း ပြော ကြားခဲ့သည်။

”မက်ဆီနဲ့ နေမာတို့ဟာ နှစ်ယောက်တွဲ ကစားရင်း အသင်းက ပို အောင်မြင်လာပါလိမ့်တယ်။ ပြီးတော့ အဝတ်လဲခန်း မှာလည်း သူတို့နှစ်ယောက် သား ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာ ကျေ နပ်စရာပါပဲ”ဟု ရိုဆဲလ် က မှတ်ချက်ပြု သွားသည်။

KYL
Ref:Dailymail
Popular Myanmar News Journal

RangonNewsDaily:: September 12, 2013

ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား တစ်ဦး ဖြစ်သည့် လီယွန်နယ်လ် မက်ဆီသည် ဘာစီလိုနာ၏ ငယ်မွေး
ခြံ ပေါက် တစ်ဦး အနေဖြင့် ဂုဏ်ယူလောက် စရာ ခြေစွမ်း ပြသနေသည့်တိုင် ဘာစီ လိုနာ ပရိသတ် အားလုံး၏ အားပေး ထောက်ခံမှုကို ရရှိနေသူ မဟုတ်ဘဲ ၂ ရာခိုင်နှုန်း မျှသော ပရိသတ်များက ၄င်းအား အသင်းမှ ထွက်ခွာ သွားစေ လိုနေကြောင်း စစ်တမ်း တစ်ရပ်က ဖော် ပြထားသည်။

" အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ဖြစ်ရပ်မှန်ရုပ်ရှင်ကားဖြင့် လူထုကို လှုံ့ဆော်ရန် ဘောလီးဝုဒ်စီစဉ် "

Photo: " အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ဖြစ်ရပ်မှန်ရုပ်ရှင်ကားဖြင့် လူထုကို လှုံ့ဆော်ရန် ဘောလီးဝုဒ်စီစဉ် "
 Thursday, September 12, 2013 

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ဆေး ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်၍ သတ်ဖြတ်ခဲ့ မှုအား ဘောလီးဝုဒ် ရုပ်ရှင် အဖြစ် ရိုက်ကူး သွားမည်ဖြစ်ပြီး အဓမ္မပြုကျင့်မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တိုက်ဖျက် သွားရေး အတွက် လှုံ့ဆော်ရန် ရည်ရွယ်သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ အား ထိတ်လန့်တုန် လှုပ်စေခဲ့သော နယူးဒေလီ မြို့တွင် ဘတ်စ်ကား တစ်စီးပေါ်မှ အုပ်စုဖွဲ့အဓမ္မ ပြုကျင့်မှုကို အခြေခံကာ ရိုက်ကူးမည့် ”Kill the Rapists” သည် အဓမ္မပြုကျင့်မှု သို့မဟုတ် တိုက်ခိုက်ခံ ရသော အိန္ဒိယ အမျိုးသမီးများအား ရဲစခန်းတွင် အမှုဖွင့် တိုင်တန်း လာစေရေးကို အား ပေးနိုင်မည့် အပြင် အဓမ္မပြု ကျင့် လိုသော အမျိုးသား များအား ရာဇဝတ်မှု မကျူး လွန်မီ နှစ်ကြိမ်နှစ်ခါ ပြန်လည် စဉ်းစား ဆင်ခြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်လုပ် သူ Siddhartha Jain က ပြောသည်။

ဘောလီးဝုဒ် ရုပ်ရှင် လောကသည် မည်သည့် အခါကမှ ယခုကဲ့သို့ စိတ်နှလုံး တုန်လှုပ်ချောက်ချားဖွယ် ဇာတ်လမ်း များကို ရိုက်ကူးမှု မရှိခဲ့သော်လည်း ယခု ထုတ်လုပ်သူ ကမူ အိန္ဒိယပြည်သူ များကြား လိင် ရာဇဝတ်မှုနှင့် ပတ်သက် ၍ ဆွေးနွေး ငြင်းခုန်မှု အရှိန်မြင့်လာစေ လိုကြောင်း ပြောသည်။

”အရင်ကဆို ရိုးရာ ယဉ်ကျေးမှု နဲ့ ဆန့်ကျင်နေတယ် ဆိုပြီး လိင်ကိစ္စကို ဘယ်သူကမှ အကျယ် တဝင့် မဆွေးနွေးကြဘူး။ ဒါဟာ အဓမ္မမှုတွေ တိုးပွားလာ စေတဲ့ အကြောင်း တစ်ရပ်လို့ ကျွန်တော် ယူဆတယ်” ဟု ထုတ်လုပ်သူက ပြော သည်။

ယမန်နှစ် နှစ်ကုန်ပိုင်းတွင် ဆေး ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်၍ သတ်ဖြတ်မှုကြောင့် အိန္ဒိယ နိုင်ငံ တစ်ဝန်း ဆန္ဒပြမှုများ အရှိန်မြင့် တက်လာပြီး အမျိုး သမီးများ၏ ဘဝလုံ ခြုံမှုကို ပိုမို အကာအကွယ်ပေးရေး လှုပ် ရှားမှု အားကောင်းလာခဲ့သည်။

KYL
Ref:AFP
Popular Myanmar News Journal

RangonNewsDaily:: September 12, 2013

အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့တော် တွင် ယမန်နှစ်က ဖြစ်ပွားခဲ့သော ဆေး ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်၍ သတ်ဖြတ်ခဲ့ မှုအား ဘောလီးဝုဒ် ရုပ်ရှင် အဖြစ် ရိုက်ကူး သွားမည်ဖြစ်ပြီး အဓမ္မပြုကျင့်မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တိုက်ဖျက် သွားရေး အတွက် လှုံ့ဆော်ရန် ရည်ရွယ်သည်ဟု သိရသည်။

အမေရိကန် တက္ကသိုလ်များအကြောင်း ရှင်းလင်းဟောပြောမည်

RangonNewsDaily:: September 12, 2013

မြန်မာကျောင်းသားများ တက်ရောက်နိုင်မည့် အမေရိကန်တက္ကသိုလ်များအကြောင်းကို လာမည့် စက်

တင်ဘာ ၁၇ ရက်တွင် Crown Education မှ ဦးဆောင်ပြီး ဟောပြောသွားမည် ဖြစ်သည်။

ရုရှားနိုင်ငံ၏ Soyuz အာကာသယာဉ် ကမ္ဘာ မြေပြင်ပေါ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်

Photo: ရုရှားနိုင်ငံ၏ Soyuz အာကာသယာဉ် ကမ္ဘာ မြေပြင်ပေါ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်
Thursday, September 12, 2013 

ရုရှား အာကာသယာဉ်မှူး နှစ်ဦးနှင့် NASA မှ အာကာသယာဉ်မှူး တစ်ဦးတို့ လိုက်ပါလာ သည့် ရုရှား  Soyuz TMA- 08M  အာကာသယာဉ်သည် စက်တင်ဘာ ၁၁ ရက်တွင် ကာဇက် စတန် နိုင်ငံတွင်းသို့ အန္တရာယ်ကင်းစွာ ပြန်လည် ဆင်းသက် နိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ အာကာသယာဉ်သည် အာကာသယာဉ်မှူး သုံးဦးနှင့်အ တူ နိုင်ငံတကာ အာကာသ စခန်း (ISS) သို့ မတ်လ အတွင်းက ထွက်ခွာ ခဲ့သည်ဟု သိရသည်။ ၎င်းအာကာသယာဉ် သည် ၎င်း၏ အပြန်ခရီးစဉ်ကို ရုရှားစံတော် ချိန် နံနက် ၆ နာရီ ၅ မိနစ် တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး မိနစ် ၅ဝ အကြာတွင် ကမ္ဘာ မြေပြင်ပေါ်သို့  ဘေးကင်းစွာ ဆင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာကာသယာဉ်မှူးများ ဘေးအန္တရာယ်ကင်းစွာ ဆင်းသက် နိုင်စေရန်အ တွက် ယင်းအာကာသယာဉ် ဆင်းသက်မည့် နေရာ၌ Mi-8 ရဟတ်ယာဉ် ၁၂ စင်း၊  လေယာဉ် သုံးစင်း၊ ကယ်ဆယ်ရေးယာဉ် ခြောက်စင်းနှင့် အရန်ယာဉ် ၁၄ စင်းတို့ကို တပ်ဖြန့်ချထားခဲ့ ကြောင်း  ရုရှား လေကြောင်းဆိုင်ရာ အေဂျင်စီက ထုတ်ဖော်ပြောကြားသည်။

မြ၀တီ

RangonNewsDaily:: September 12, 2013

ရုရှား အာကာသယာဉ်မှူး နှစ်ဦးနှင့် NASA မှ အာကာသယာဉ်မှူး တစ်ဦးတို့ လိုက်ပါလာ သည့် ရုရှား Soyuz TMA- 08M အာကာသယာဉ်သည် စက်တင်ဘာ ၁၁ ရက်တွင် ကာဇက် စတန် နိုင်ငံတွင်းသို့ အန္တရာယ်ကင်း
စွာ ပြန်လည် ဆင်းသက် နိုင်ခဲ့သည်ဟု သိရသည်။

အိုင်တီကုမ္မဏီနောက်ကွယ်မှာ FBI ရှိနေလား

Photo: အိုင်တီကုမ္မဏီနောက်ကွယ်မှာ FBI ရှိနေလား
 Thursday, September 12, 2013 

ဒီတစ်လော FBI ဟာ သတင်းအချက်အလက် ပေါက်ကြားရေးနဲ့ ပက်သက် လို့ အတော်လေး သတင်းထွက် နေပါတယ်။ ကိုယ်တိုင် သတင်းက ပေါက်ကြားသလို၊ ကုလသမဂ္ဂရုံးက သတင်း အချက်အလက်တွေကို ခိုးယူ မှုကလည်း ကြီမားတဲ့ သတင်း ဖြစ်ပါတယ်။ 

ဥရောပ သမဂ္ဂရဲ့ အစည်းအဝေး ဗီဒီယိုနဲ့ အသံမှတ်တမ်းတွေကို အဓိက Target ထား ဖောက်ထွင်းယူခဲ့တဲ့ FBI ဟာ လက်ရှိမှာ တရားရင်ဆိုင်နေရ ပါတယ်။ ကုလသမဂ္ဂက ဘယ်လိုတုန့်ပြန်မလဲ မသိသေးပါဘူး။ ဒီကာလ အတွင်းမှာကိုပဲ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေတဲ့ သတင်းတစ်ပုဒ် ထပ်မံ ထွက်ရှိလာပါတယ်။ ယင်းကတော့ မိုက်ခရိုဆော့ဖ် ရဲ့  နည်းပညာတစ်ခုကို ကြိုးကိုင်သူဟာ FBI ဖြစ်တယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှ စပေါ်တဲ့ Microsoft ရဲ့  Bitlocker ဆော့ဖ်ဝဲ ကို Windows အိုင်တီသမားများ သိကြမှာပါ။ ဟာ့ဒ်ဝဲနဲ့ ကွန်ပြူတာ လုံခြုံရေးအတွက် ကြားခံတားမြစ်ပေး၊ ဖွင့်လှစ်ပေးတဲ့ ဆော့ဖ်ဝဲမျိုး (Encryption Software) ဖြစ်ပြီး ထုတ်လုပ် အောင်မြင် ခဲ့ပါတယ်။ 

ယခုတော့ ယင်းဆော့ဖ်ဝဲမှာ အားနည်းချက် (Backdoor) ကိုတွေ့ရှိသွားပါပြီ။ Backdoor လို့ခေါ်တဲ့ ဆော့ဖ်ဝဲရဲ့ နောက်ဝင်ပေါက် (လျှို့ ဝှက်ဖောက်ထွင်းပေါက်) တစ်ခုကို ထားရှိဖို့ FBI က စေခိုင်းခဲ့ပြီး Microsoft ကလည်း နားလည်မှုနဲ့ သဘောတူပေးခဲ့တယ်ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ အမေရိကန် FBI ကို သတင်းသမား များ မေးမြန်းပေမယ့် ငြင်းဆန်နေ ဆဲ ဖြစ်ပါတယ်။ Microsoft မှလည်း ငြင်းဆန်ပါတယ်။ သို့ပေမယ့် သက်သေ အထောက်အထား နဲ့တကွ ပြောလာတဲ့ ပညာရှင်များကို FBI ဘယ်လိုတုန့်ပြန်မလဲဆိုတာကို စောင့်ကြည့်လျက် ရှိပါတယ်။

အကယ်၍ အဲ့ဒါသာ မှန်ရင် ကမ္ဘာပေါ်မှာ Microssoft platform သုံးနေတဲ့ ကွန်ပြူတာအားလုံးကို FBI က အလွယ်တကူ ဝင်ရောက် နိုင်ပါတယ်။ FBI က ယင်းနည်းပညာကို အသုံးချပြီး ကုလက သတင်းတွေ ဖောက်ထွင်း တယ်လို့လည်း ပြောဆိုနေကြ ပါတယ်။ FBI ရဲ့  မကောင်းသတင်းများ ပိုပြန့်နေပြီး ကမ္ဘာက အဖြေကို စောင့်ဆိုင်းလျက် ရှိကြကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း (MM Social Sky)
MM Social Sky

RangonNewsDaily:: September 12, 2013

ဒီတစ်လော FBI ဟာ သတင်းအချက်အလက် ပေါက်ကြားရေးနဲ့ ပက်သက် လို့ အတော်လေး သတင်းထွက်
နေပါတယ်။ ကိုယ်တိုင် သတင်းက ပေါက်ကြားသလို၊ ကုလသမဂ္ဂရုံးက သတင်း အချက်အလက်တွေကို ခိုးယူ မှုကလည်း ကြီမားတဲ့ သတင်း ဖြစ်ပါတယ်။