Pages

Wednesday, September 11, 2013

ခြင်ဆေးခွေ နှင့်သတိပြုဖွယ်

ခြင်ဆေးခွေ နှင့်သတိပြုဖွယ်
Wednesday, September 11, 2013

ခြင်ဆေးခွေတွင် ဓါတုပိုးသတ်ဆေးများထဲတွင် အပြင်းဆုံးအဖြစ်
သတ်မှတ်ထားသော S.2 ပိုးသတ်ဆေး ၊လွှစာမူန့် ၊ဗိုင်ဒါကော်
၊ ဆိုးဆေး နှင့် ဓါတုအမွှေး အကြိုင်တို့ ပါဝင်ကြောင်းသိရသည်။

ထို့အပြင် အပြင်းထန်ဆုံးဟု ယူဆထားသော အဆိပ်
တမျိုးဖြစ်သော Benzene ( ဘန်ဇိုင်း ) ကာစီနိုဂျင် တစ်မျိုး ပါဝင်
ပါတယ်။

၎င်းသည် အာရုံကြောမှစ ၍ ရိုးတွင်း ချင်ဆီအထိ ဆိုး
ရွားစွာ ထိခိုက်မူပေးနိုင် သောအဆိပ်အဖြစ် တွေ့ရှိရသည်။

ခြင်ဆေးခွေ တစ်ခွေ၏ လူကိုထိခိုက်စေနိုင်သော 
အဆိပ်အတောက်ကို စစ်ဆေးကြည့်ရာတွင် စီးကရက် အလိပ်ပေါင်း
( ၅၁) လိပ် ဖွာရိုက် ခြင်းနှင့် ညီမျှနေကြောင်းတွေ့ရှိခဲ့ရပါတယ်။

ဆက်လက်လေ့လာချက်များ အရ ခြင်ဆေးခွေ တစ်ခွေမှ
ထွက်ရှိသော အဆိပ်ဓါတ်သည် စီးကရက် (၁၃၇) လိပ်မှ ထွက်ရှိသော
အဆိပ်မူန့် ပမာဏနှင့်ထပ်တူ ကျနေသည်ကို ထပ်မံသိရှိ ရပါတယ်။

အမွှေးတိုင် သည်ပင် ခြင်ဆေးခွေ ကဲ့သို့ပင် အန္တရယ်ရှိ
သောကြောင့် လုံးဝ မသုံးလျှင် ပိုသင့်တော်ပေမည် ဖြစ်ကာ မဖြစ်မနေ
သုံးရသူများ အနေဖြင့် လေ၀င်လေထွက် ကောင်းစေရန် မိမိအိမ် တံခါး
များကို ဖွင့်ထားသင့် ကြောင်း တင်ဆက်လိုက်ပါတယ်။

ref: CPAM
ကချင်း ( MM Social Sky )

RangonNewsDaily:: September 11, 2013

ခြင်ဆေးခွေတွင် ဓါတုပိုးသတ်ဆေးများထဲတွင် အပြင်းဆုံးအဖြစ်သတ်မှတ်ထားသော S.2 ပိုးသတ်ဆေး ၊လွှ
စာမူန့် ၊ဗိုင်ဒါကော်၊ ဆိုးဆေး နှင့် ဓါတုအမွှေး အကြိုင်တို့ ပါဝင်ကြောင်းသိရသည်။

ပူတာအို ခရိုင် မချမ်းဘောတွင် တိုက်ပွဲဖြစ်ပွား ဗမာစစ်တပ်မှစစ်ဗိုလ်ဖမ်းဆီးသတ်ဖြတ်ခံရ

ပူတာအို ခရိုင် မချမ်းဘောတွင် တိုက်ပွဲဖြစ်ပွား ဗမာစစ်တပ်မှစစ်ဗိုလ်ဖမ်းဆီးသတ်ဖြတ်ခံရ

kolatt(PBDN): Sep . 11. 2013

ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက လခရ ၁၃၇ လိုက်သွားတဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲပြီးတော့ တိုက်ခိုက်ခဲ့ကြပါတယ်...

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ၂ ခါဖြစ်ခဲ့ပြီး နေ့ခင်းဘက်မှာ ၃ ယောက် ကျဆုံးသွားခဲ့ကာ ညဘက် အနီးကပ် ထပ်ဖြစ်တဲ့ တိုက်ပွဲမှာတော့ လိုက်သွားခဲ့တဲ့ စစ်တပ်ဘက်မှ လူစုတွေ ကွဲသွားခဲ့ပြီး... လူစုကွဲသွားတဲ့ အရာရှိကို KIA မှ ဖမ်းမိ သွားခဲ့ပါတယ်... အဖမ်းခံခဲ့ရတဲ့ အရာရှိ (ဗိုလ်ဇော်မျိုးထက်) ကို ဒဏ်ရာရနေတဲ့ အဖမ်းခံထားရတဲ့ ရဲဘော်တွေရှေ့မှာ ဗိုက်ခွဲ ခေါင်းဖြတ်ကာ ဗိုက်ထဲ ခေါင်းထည့်ပြ ပြီးတော့ ရဲဘော်တွေကိုပါ သတ်ခဲ့ပါတယ်...

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ အရာရှိကတော့ အပတ်စဉ် ၅၂ မှ ဖြစ်ပြီး မိဘများကတော့ ရန်ကုန်ကပါ.. အခု သားကို ရိုးရိုးတိုက်ပွဲ ကျသွားတယ်လို့ပဲ သိရှိထားတဲ့ မိဘတွေကတော့ တပ်ကို လိုက်သွားကြပြီလို့ သိရှိရပါတယ်...

>> သွေးသစ္စာ <<

(မှတ်ချက် - ပုံကတော့ ကချင်ပြည်နယ် ရှေ့တန်း တစ်နေရာမှာ ကျဆုံး သွားကြတဲ့
တပ်မတော်သား ၂ ယောက်ရဲ့ပုံပါ)
KachinDaily ::--
(မှတ်ချက် - ပုံကတော့ ကချင်ပြည်နယ် ရှေ့တန်း တစ်နေရာမှာ ကျဆုံး သွားကြတဲ့
တပ်မတော်သား ၂ ယောက်ရဲ့ပုံပါ)
RangonNewsDaily:: September 11, 2013
ပူတာအို ခရိုင်ထဲမှာ KIA က ဆက်ကြေးကောက်တာကို သတင်းရလို့ မချမ်းဘောက လခရ ၁၃၇ လိုက်သွား
တဲ့ တပ်မှ အင်အား ၁၄ ယောက်ကို KIA အင်အား အယောက် ၃၀ ကျော် လောက်က ဆွဲမိုင်းနဲ့ ဆွဲပြီးတော့ တိုက်ခိုက်ခဲ့ကြပါတယ်...

ပျို မေတို့ နှုတ်ခမ်းသားလေးတွေ အဆွဲဆောင်နိုင်ဆုံးဖြစ်အောင်

Photo: နှုတ်ခမ်းသားလေးတွေ အဆွဲဆောင်နိုင်ဆုံးဖြစ်အောင်
Wednesday, September 11, 2013

လူတစ်ယောက်ရဲ့ မျက်နှာမှာ အထူးခြားဆုံး၊ အလှပဆုံးဟာ မျက်လုံးလေးတွေဖြစ်သလို နှုတ်ခမ်းသားတွေကလည်း အဆွဲဆောင် ဆုံး ဖြစ်ပါသတဲ့။ အမျိုးသမီးတိုင်း၊ ဆယ်ကျော်သက်လေးတိုင်းဟာ သူတို့ရဲ့ နှုတ်ခမ်းသားလေးတွေကို နူးညံ့ချောမွေ့လှပချင်တာ သဘာဝပဲမဟုတ်လား။ အလုပ်တွေများများလုပ်ပြီး ခပ်သွက်သွက် လှုပ်ရှားနိုင်မှ တန်ကာကျတဲ့ ကာလကြီးမှာ သဘာဝအလှကို ဂရုစိုက်ပေး
ဖို့ အချိန်အခက်အခဲ ရှိလာပါတယ်။ အချိန်နဲ့အမျှ အလုပ်လုပ်နေရတော့ သတိတရ အချိန်မပေးနိုင်တော့ဘူး ဖြစ်လာပါတယ်။ ဒါကြောင့် ရံဖန်ရံခါမှာ နှုတ်ခမ်းနီ၊ မိတ်ကပ်ကဲ့သို့သော ဖန်တီးအလှတွေပါ ကူညီပံ့ပိုးပေးရပါတော့တယ်။ ဒါမှလည်း ကြည့်ကောင်းပြီး အများအမြင်မှာ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ မိန်းကလေးအများစုဟာ နှုတ်ခမ်းနီမျိုးစုံကို အနီရောင်မှ အနက်ရောင်ထိ အရောင်အမျိုးမျိုး ခြယ်သလာတာ ကို တွေ့ရပါတယ်။ နူးညံ့ပြီးချောမွေ့တဲ့ စိုစိုလက်လက် သဘာဝအတိုင်း လှပနေတဲ့ နှုတ်ခမ်းသားတွေကို ပိုင်ဆိုင်လိုရင် အောက်ပါအချက်များကို လိုက်နာကြည့်ပါ။

လှပသောနှုတ်ခမ်းလေးများ ရရှိလာအောင် ပြုလုပ်နိုင်သော အချက်များ

သင့်နှုတ်ခမ်းလေးတွေ မဲခြောက်ခြောက်ဖြစ်လာပြီဆိုရင် နှုတ် ခမ်းနီဆိုးတာရပ်လိုက်ပါ။ ဒန်းရွက်အရည်ကို လက်ညှိုးလေးဖြင့်ကော်ပြီး လက်ဖဝါးထဲအနည်းငယ်ထည့်ပါ။ ပြီးရင် မာဂျရင်း သို့မဟုတ် ထောပတ် အဖြူကို အနည်းငယ်သာကော်ပြီး ဒန်းရွက်အရည်ထဲထည့်ကာ မွှေပါ။ ပြီးမှ နှုတ်ခမ်းကိုသုတ်လိမ်းပေးပါ။ နှုတ်ခမ်းသားတွေ ပန်းသွေးရောင် လက်လာပါလိမ့်မယ်။ တတ်နိုင်ရင်တော့ ပွဲလမ်းသွားစရာရှိမှ နှုတ်ခမ်းနီ ဆိုးတာ အကောင်းဆုံးပါ။

နောက်တစ်မျိုးကတော့ နှုတ်ခမ်းသားလေးတွေက သဘာဝအတိုင်း လှနေသလိုဖြစ်ချင်တယ်ဆိုရင် နှင်းဆီပန်း နီနီရဲရဲကြီးတစ်ပွင့်ရဲ့ ပွင့်ချပ်လေးတွေကို ချွေလိုက်ပါ။ ထိုပွင့်ချပ်နီနီရဲရဲတွေကို ဂီး လို့ခေါ်တဲ့ ထောပတ်တစ်မျိုးနဲ့ ရောချေပေးပါ။ ပြီးရင် နှုတ် ခမ်းသားလေးတွေပေါ် ၁နာရီခန့် လိမ်းထားပေးပါ။ ပြီးနောက် ရေ နဲ့ဆေးချပစ်ပါ။ထိုကဲ့သို့ နေ့စဉ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းသားလေးတွေ စိုလက်နူးညံ့လာပါလိမ့်မယ်။

နှုတ်ခမ်းသားလေးတွေ ခြောက်သယောင်းလာပါက ဗာဒံစေ့ကိုထောင်းပြီး ပျားရည်နှင့် နယ်ကာ နှုတ်ခမ်းလေးတွေပေါ် သုတ်ပေးပါ။ ပြီးရင် လက်ချောင်းလေးများဖြင့် အသာအယာနှိပ်နယ်ပေးပါ။ ညစဉ် ထိုကဲ့သို့ ပြုလုပ်ပေးနိုင်ပါတယ်။ ထိုသို့ နေ့စဉ်မှန်မှန် ပြုလုပ်သွား ပါက နှုတ်ခမ်းသား ခြောက်သွေ့ခြင်းမရှိတော့ပါ။

လက်ကိုင်ပဝါပေါ်မှာ ပေါင်ဒါမှုန့် အနည်းငယ်ဖြူးပြီး ထိုလက်ကိုင်ပဝါအား သင့်နှုတ်ခမ်းသားလေးတွေ ပေါ်မှာ ဖိဖိပေးပါက နှုတ်ခမ်းသားလေးတွေ စိုလက်ချောမွေ့လာပါလိမ့်မယ်။ ထိုသို့ နေ့စဉ်ပြုလုပ်ခြင်းဖြင့် သင့်နှုတ်ခမ်းသားလေး တွေအားသဘာဝအတိုင်း စိုလက်နေအောင် ထိန်းထားနိုင်ပါပြီ။

နှုတ်ခမ်းအမြဲ ခြောက်သွေ့တတ်သူ ဖြစ်ပါက သံလွင်ဆီနှင့် ဗက်စလင်းတို့ကို ရောမွှေပြီး နှုတ်ခမ်းလေးတွေပေါ် တစ်နေ့ကို ၃ကြိမ်မှ ၄ကြိမ်အထိ သုတ်လိမ်းပေးပါ။ ထိုသို့မှန်မှန်လေးလုပ်ပေးပါက နှုတ် ခမ်းသားခြောက်သွေ့ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

ရေ၊ ပျားရည်၊ ဂလစ်ဆရင်း၊ ဗာဒံစေ့ဆီတို့ကို ဆတူရောပြီး ပုလင်းလွတ်တစ်ခုမှာ ထည့်ကာ သမသွားအောင် ပုလင်းကို လှုပ်ရမ်းပါ။ နေ့စဉ် နှုတ်ခမ်းအား ထိုအရည်ကို သုတ်လိမ်းပေးပါ။ ညမအိပ်ခင် Lip Balm လိမ်းပေးပါ။ နှုတ်ခမ်းတွေ မဲခြောက်လာပါက သံပရာရည်ကို ဂလစ်ဆရင်းနှင့်ရောကာ နှုတ်ခမ်းအား သုတ်လိမ်းပြီး တစ်ညလုံးထားပါ။ မနက်မှ မျက်နှာသစ်ရင်း ဆေးကြောပစ်ပါ။

နောက်တစ်နည်းကတော့ ကျိုပြီးသားအုန်းနို့ စားပွဲတင်ဇွန်း၂ဇွန်းထဲသို့ ပျားဖယောင်း စားပွဲတင်ဇွန်း တစ်ဝက်ခန့်ရောပြီး အပူပေးပါ။ ပြီးရင်အအေးခံပြီး နှုတ်ခမ်းများကို သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ ပျိုမေတို့လည်း နှုတ်ခမ်း သားတွေ ခြောက်သွေ့မနေအောင် ဂရုစိုက်လို့ရပြီထင်ပါတယ်…။ ။

Credit - shwe beauty
ကျန်းမာရေးစာတိုများစုစည်းမှု

RangonNewsDaily:: September 11, 2013

လူတစ်ယောက်ရဲ့ မျက်နှာမှာ အထူးခြားဆုံး၊ အလှပဆုံးဟာ မျက်လုံးလေးတွေဖြစ်သလို နှုတ်ခမ်းသားတွေ
ကလည်း အဆွဲဆောင် ဆုံး ဖြစ်ပါသတဲ့။ အမျိုးသမီးတိုင်း၊ ဆယ်ကျော်သက်လေးတိုင်းဟာ သူတို့ရဲ့ နှုတ်ခမ်း
သားလေးတွေကို နူးညံ့ချောမွေ့လှပချင်တာ သဘာဝပဲမဟုတ်လား။

ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်ပေါင်းမည်

Photo: ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်ပေါင်းမည်
 Wednesday, September 11, 2013

ရန်ကုန် ၊ စက်တင်ဘာ ၁၀။     ။ ကရင် လူမျိုးများ၏ တစ်ခုတည်းသော တပ်ဖွဲ့အဖြစ်ရပ်တည်ရန် ကရင် လက်နက်ကိုင်အဖွဲ့များ စုပေါင်း ၍ ၂၀၁၅တွင် အပြီးသတ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း  DKBA မှ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်သက် က ပြော သည်။ ထိုသို့ ကရင်လက်နက်ကိုင် အဖွဲ့များပူးပေါင်းရန်အတွက် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေသည်မှာ တစ်လခန့်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၂၀၁၅မတိုင်မီတစ်ခုတည်းသော ကရင်လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်း နိုင်ရေး ကြိုးပမ်း သွားမည် ဖြစ်ကြောင်း စက်တင်ဘာ၉ရက် က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြော သည်။

ဗိုလ်မှူးချုပ် ကျော်သက်က ''အခုတော့ပြန်ပေါင်းဖို့ ကျွန်တော်တို့စပြီး ညှိနှိုင်းနေပါပြီ။ ဒီလိုပူး ပေါင်းလိုက်ရင် ကရင်ပြည်နယ် မှာ အခုလိုတပ်ဖွဲ့လေးငါးဖွဲ့ရှိတော့ မှာ မဟုတ်ဘူး။ တစ်ဖွဲ့တည်းရှိ တော့မယ်။ ပူးပေါင်းပြီးရင် လက်ရှိ မှာလုပ်ဖို့လို အပ်နေ တဲ့ မြေမြှုပ် မိုင်းရှင်းလင်းခြင်းနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပိုမိုပူးပေါင်းဆောင် ရွက်သွားနိုင်မှာ ဖြစ်ပါတယ်''ဟု ပြောသည်။ ယင်းသို့ကရင်လက်နက် ကိုင်အဖွဲ့များ ပူးပေါင်းရန်အတွက်  DKBA အနေဖြင့် အသင့်ရှိနေ ပြီဖြစ်ပြီး တပ်ဖွဲ့ အား လုံးပူးပေါင်း ပါက နိုင်ငံတော်၊ ကရင်လူထုနှင့် ငြိမ်းချမ်းရေးအတွက် များစွာအ ရေးပါလာမည်ဟု ယုံကြည်ကြောင်း လည်း ဗိုလ်မှူးချုပ်ကျော်သက် က ဆိုသည်။

လက်ရှိ ရပ်တည်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ အား လုံးမှာ KNU မှ ခွဲထွက်ခဲ့ခြင်းဖြစ် ပြီးခွဲထွက်ချိန်က ရာထူးအနိမ့်ဖြင့် ခွဲထွက်ခဲ့သော်လည်း ယခုအချိန် တွင် သက်ဆိုင်ရာတပ်ဖွဲ့များ၌ ရာထူးအမြင့်ဖြင့် ရပ်တည်နေသူ အချို့ရှိနေ သည့် အတွက် ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်း စည်းပါက ရာထူးနေရာခွဲဝေမှု အတွက် အခက်အခဲဖြစ်ပေါ်နိုင် ကြောင်း KNU မှ ဗဟိုအလုပ် အမှုဆောင် စောသမိန်ထွန်းက ဩဂုတ်လအတွင်းက ၈၈မျိုးဆက် (ငြိမ်း/ပွင့်)ရုံးတွင် သတင်း မီဒီယာ များနှင့် တွေ့ဆုံစဉ်က ပြောခဲ့ဖူး သည်။ KNU ၏ ပြောကြားထား ချက်နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ကျော်သက်က ''ရာထူးကိစ္စက ပြ ဿနာမရှိပါဘူး။ ကျွန်တော်တို့ အချင်းချင်း ညီညွတ်ဖို့ပဲလိုတယ်'' ဟု ပြောသည်။

ကရင်ပြည်နယ်တွင် KNU/ KNLC, KNU/KNLC(PC), DKBA, DKBA  ကလို့ထူးဘော တပ်ဖွဲ့၊ နယ်ခြားစောင့်တပ် BGF  နှင့် ပြည်သူ့စစ်တပ်ဖွဲ့  KTPF တို့ အခြေပြု တပ်စွဲထားကြကြောင်း သိရသည်။

၅၇ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားအား ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ကလေးတစ်ဦး ကြည့်ရှုနေစဉ်။Photo:AFP
လင်းအောင်
The Yangon Times

၅၇ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားအား ရိုးရာဝတ်စုံ ဝတ်ဆင်ထားသည့် ကလေးတစ်ဦး ကြည့်ရှုနေစဉ်။Photo:AFP
RangonNewsDaily:: September 11, 2013

ရန်ကုန် ၊ စက်တင်ဘာ ၁၀။ ။ ကရင် လူမျိုးများ၏ တစ်ခုတည်းသော တပ်ဖွဲ့အဖြစ်ရပ်တည်ရန် ကရင် လက်နက်ကိုင်အဖွဲ့များ စုပေါင်း ၍ ၂၀၁၅တွင် အပြီးသတ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း DKBA မှ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်သက် က ပြော သည်။

အာဏာရှိသူ၏ ထောက်ခံချက်ဖြင့် ပညာရေးသင်တန်းများ ဝင်ခွင့် လျှောက် ထားမှုများ ရှိဆဲ

RangonNewsDaily:: September 11, 2013

သူနာပြု၊ သားဖွားနှင့် ပညာရေး သင်တန်းများ တက်ရောက်ခွင့်ရရန် မလျော်ကန်သည့် ထောက်ခံချက်တို့ဖြင့် လျှောက်ထားမှု ပြုနေကြသူများ ယနေ့ အချိန်အထိ ရှိနေသေးကြောင်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အချို့ထံမှ သိရ သည်။

SONYရဲ့ အကောင်းစား Portable Speaker တခုထွက်ရှိတော့မည်

Photo: SONYရဲ့ အကောင်းစား Portable Speaker
 Wednesday, September 11, 2013

ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ SONYရဲ့ Portable Speakerတစ်ခု လာမယ့်အောက်တိုဘာ ၁၉ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ Speakerဟာ သီချင်းဖွင့် နားဆင်နိုင်ရုံမက Splash-Proofဖြစ်တဲ့ ဖိုင်ဘာနဲ့ ပြုလုပ်ထားတဲ့ ကိုယ်ထည် တပ်ဆင်အသုံးပြု ထားပြီး Bluetooth, NFCစတဲ့ ကြိုးမဲ့စနစ်တွေပါ ပါဝင်မှာ ဖြစ်ပါတယ်။ စပီကာရဲ့ နာမည်ကတော့ SRS-BTS50ဖြစ်ကာ Batteryသက်တမ်း ၁၀နာရီ အသုံးခံမယ်လို့ သိရပါတယ်။ စမတ်ဖုန်းလိုမျိုး Deviceတွေနဲ့ ချိတ်ဆက်နိုင်ဖို့ Bluetooth 3.0လည်း ပါဝင်တဲ့အတွက် သီချင်းတွေကို Streamingနားဆင် နိုင်မှာပါ။

ဒါ့အပြင် G-Force Sensorလည်း ပါဝင်လို့ ကျယ်ဝန်းတဲ့ နေရာတွေမှာတောင် Surround Modeနဲ့ အသံကို ကောင်းကောင်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ အဖြူ၊ အနက်၊ အနီ၊ အပြာနဲ့ ပန်းရောင်ဆိုပြီး ကာလာ၅မျိုးနဲ့ ထုတ်လုပ်မှာဖြစ်ကာ ဈေးနှုန်း ၈၃ယူရို(၁၃၀ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဥရောပမှာတော့ အောက်တိုဘာ ၁၉ရက်နေ့မှ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါကြောင်း။ SONYဆိုတဲ့ နာမည်ရဲ့ အဓိပ္ပါယ်ကိုက Sonicက လာတာဖြစ်လို့ အသံမှာ Sonyအကောင်းဆုံးလို့ ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သွားလေရာ ယူဆောင်သွားလို့ရမယ့် ဒီPortable Speakerလေးကို ဘယ်အရောင်နဲ့ ရွေးချယ် ၀ယ်ယူမလဲ ဆိုတာ…။

Myanmar ICT

RangonNewsDaily:: September 11, 2013

ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ SONYရဲ့ Portable Speakerတစ်ခု လာမယ့်အောက်တိုဘာ ၁၉ရက်နေ့မှာ ထွက်ရှိလာမယ်လို့ သတင်းရရှိပါတယ်။

အပေါက်ဖောက်၍ အလှဆင်

Photo: အပေါက်ဖောက်၍ အလှဆင်
Wednesday, September 11, 2013

မျက်လုံးချင်းအကြည့်ဆုံလိုက်သည်နှင့် တစ်ဖက်က မျက်လုံးအစုံမှာ သာမန်မျက်လုံးမဖြစ်နိုင်ကြောင်း ချက်ချင်းသိနိုင်သည်။ ရုတ်တရက်ကြည့်လိုက်လျှင် လူတစ်ယောက်၏ မျက်လုံးတစ်လုံးနှင့်မတူ။ တိရစ္ဆာန်တစ်ကောင်၏ မျက်လုံးတစ်လုံးဟု ထင်ပေလိမ့်မည်။

သတ္တ၀ါတစ်ကောင်၏မျက်လုံးကို အစားထိုးထားသည့် အမေရိကန်နိုင်ငံမှ နာမည်ကြီးရော့ခ်အဆိုတော် မာရီလင်မန်စန်ပင်။

သူ၏ဂီတနယ်ပယ်အသိုင်းအ၀ိုင်း ပညာရှင်များ၏အဆိုအရ မာရီလင်မန်စန်မှာ သူ၏နံရိုးအချို့ကိုပင်ချိုးပြီး ခန္ဓာကိုယ်ပျော့ပျောင်းစေရန် ပြုလုပ်ထားသည်ဟုဆိုကြသည်။ ကမ္ဘာကျော်ရုပ်သံလိုင်းတစ်ခုဖြစ်သော CNN ရုပ်သံလိုင်းမှ ရိုက်ကူးထားသည့် မှတ်တမ်းရုပ်ရှင် (Documentary) တစ်ခုတွင် လူငယ်အမျိုးသားတစ်ဦး မိမိမျက်လုံးကိုခွဲစိတ်ပြီး ဆိတ်တစ်ကောင်၏မျက်လုံးကို ပြန်ထည့်နေသည့် ရိုက်ကူးတင်ဆက်မှုမှာ ကြည့်ရှုသူအများစုအတွက် အသည်းအေးစရာတစ်ခုဖြစ်ခဲ့သည်။

ယင်းမှာ အနောက်နိုင်ငံမှ ဂီတနှင့်ဖက်ရှင်ကို တွဲဖက်ရူးသွပ်ကြသူများ၏ စွန့်ဦးတီထွင်လုပ်ရပ်အချို့ပင်ဖြစ်သည်။ ရော့ခ်သီချင်းခပ်ပြင်းပြင်းများကို ပန့်ခ်စတိုင်နှောပြီးဆိုတတ်သည့် အမေရိကန်အဆိုတော် မန်စန်ကဲ့သို့ မြန်မာနိုင်ငံမှ ထင်ရှားကျော်ကြားသည့် အနုပညာရှင်များ အပါအ၀င် ခေတ်လူငယ်အများစုတွင်တော့ ထိုကဲ့သို့ ရူးသွပ်မှုများ ကူးစက်မှုမရှိသေး။

သို့သော် ယနေ့ခေတ်လူငယ်အချို့တွင် နား၊ နှုတ်ခမ်း၊ လျှာ၊ မျက်ခုံးများတွင်ဖောက်ပြီး တန်ဆာဆင်ကြသည့် ဓလေ့မျိုးမှာ ကြာမြင့်စွာကြီးစိုးနေပြီဖြစ်သည်။ ခေတ်၏ ဖောက်ထွက်လာသော ရေစီးကြောင်းများအရ မြန်မာနိုင်ငံမှ လူငယ်အချို့တွင် အပေါက်ဖောက်သည့် ယဉ်ကျေးမှုမှာ ဂီတကို ရူးသွပ်ကြသူများအပါအ၀င် ဖက်ရှင်ကျချင်သည့် လူငယ်အချို့အတွက် မပါမဖြစ်အရေးကြီးသည့် စတိုင်တစ်ခုဖြစ်သည်။

“ဘာရယ်တော့မဟုတ်ပါဘူး။ လူငယ်တွေက ဂေါ်ချင်လို့ဝတ်ကြတာပေါ့”ဟု စမ်းချောင်းမြို့နယ်မှ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်တစ်ဦးဖြစ်သူ ရဲမင်းဟိန်းကဆိုသည်။

ခန္ဓာကိုယ်တစ်ဝိုက်နှင့် မျက်နှာကို အပေါက်ဖောက်သည်ဆိုခြင်းမှာ အိန္ဒိယနွယ်ဖွား ဟိန္ဒူလူမျိုးတို့၏ နတ်ကိုးကွယ်ယုံကြည်မှုများမှ အဓိကဆင်းသက်လာခြင်းဖြစ်ပြီး အနောက်တိုင်းမှ ဂီတကို ရူးသွပ်ကြသူများ၏ ဆန်းသစ်လုပ်ဆောင်မှုများကြောင့် တစ်စတစ်စဖြင့် ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့လာခဲ့ရာ မြန်မာနိုင်ငံလည်း အပါအ၀င်ဖြစ်ခဲ့သည်။

“ဒါတွေခေတ်စားလာတာ တော်တော်ကြာပါပြီ။ အခုမှတော့ အဆန်းမဟုတ်တော့ပါဘူး”ဟု အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးကဆိုသည်။ ခေတ်မီစက်ကိရိယာများဖြင့်လုပ်လျှင် ကြိုက်သလို ပြုပြင်ပြောင်းလဲနေသည့် ခေတ်ကြီးတွင် မြန်မာနိုင်ငံမှ လူငယ်အများစုမှာ လိုက်ပါစီးမျောရန် အမီလိုက်လျက်ရှိသည်။

“နားဆိုရင် အကြောလွတ်နိုင်သမျှ နေရာတွေ အကုန်လုံးပတ်ဖောက်ကြတာ။ အချို့ဆို လူကြီးတွေတောင် စတိုင်ကျချင်လို့ လာဖောက်ကြတာမျိုးတွေလည်း ရှိတယ်”ဟု ဒဂုံမြို့နယ် Summit ဆေးခန်းမှ ဒေါက်တာမျိုးမျိုးဆွေကပြောပြသည်။

လူငယ်အများစုမှာ လမ်းဘေးလက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် သူငယ်ချင်းများ အတူတူထိုင်ကြရင်း ပင်အပ်များကိုမီးကင်ပြီး အချင်းချင်း နား၊ နှာခေါင်း၊ မျက်ခုံး၊ လျှာများတွင် ဖောက်ကြလေ့ရှိသည်ဟု ဒေါက်တာမျိုးမျိုးဆွေကပြောသည်။

“လူငယ်တော်တော်များများက သူတို့ဘာသာသူတို့ လမ်းဘေးမှာ ဖောက်ကြတာတွေ အများကြီးပဲ။ အချို့က အကြောတွေဘာတွေ မလွတ်လို့ သွေးထွက်လွန်မှ ဆေးခန်းလာပြကြတာ”ဟု ဒေါက်တာမျိုးမျိုးဆွေကပင်ပြောပြသည်။

မျက်နှာတစ်ဝိုက်ရှိ နား၊ နှုတ်ခမ်း၊ မျက်ခုံး၊ လျှာအများစုကို ဖောက်ရာတွင် ပင်အပ်၊ ပြွန်၊ အပ်သေနတ် အစရှိသော အရာအများစုဖြင့် ဖောက်နေကြပြီး အများစုမှာ ဆေးခန်းနှင့် အလှပြင်ဆိုင်များက ၀န်ဆောင်မှုပေးနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခန္ဓာကိုယ်အား ပစ္စည်းမျိုးစုံဖြင့် အလှဆင်ပေးနေသည့် စတူဒီယိုများ သီးသန့်မရှိသေးသော်လည်း ဆံပင်၊ မိတ်ကပ်ဆိုင်ရာ အလှပြုပြင်သည့် ဆိုင်များတွင်သာ အများဆုံးပြုလုပ်ပေးလျက်ရှိသည်။ နားအပါအ၀င် မျက်နှာအနှံ့အပြားတွင် အပေါက်ဖောက်သူ လူငယ်အများစု၏အဆိုအရ အပေါက်ဖောက်ခြင်းကို အများစုက အချင်းချင်းသာ ဖောက်ကြသည်ဟုဆိုသည်။

အများစုမှာ နားရှိ အကြောလွတ်နိုင်သမျှနေရာတွင် ဖောက်ကြသော်လည်း အချို့လူငယ်အများစုကမူ မျက်နှာပေါ်မှ ထူထဲလှသည့် နှုတ်ခမ်းသားကို ဖောက်ကြသည်ဟုဆိုသည်။

“နှုတ်ခမ်းဖောက်တုန်းက နာလွန်းလို့ မျက်ရည်တောင်ကျတယ်။ နောက်တော့လည်း နေသားကျသွားတာပေါ့။ ဒါပေမဲ့ အမြဲတပ်ထားရင် ဖောက်ထားတဲ့ အပေါက်ကြီးတွေက ကျယ်လာတယ်”ဟု နှုတ်ခမ်းနှင့် မျက်ခုံးတွင် ဖောက်ထားသည့် စမ်းချောင်းမြို့နယ်နေ အသက် ၂၀ ကျော် လူငယ်တစ်ဦးကပြောပြသည်။

ထို့အပြင် မျက်ခုံးကိုဖောက်ရာတွင်မူ အကြောလွတ်နိုင်သည့်နေရာမှာ ရှာရန်ခက်ခဲသဖြင့် ကျွမ်းကျင်သည့် အလှပြင်ဆိုင်များတွင်သာ သွားရောက်၍ ဖောက်သင့်သည်ဟု ထိုလူငယ်က အကြံပြုသည်။

“အမြဲတပ်ထားရင် အများစုရဲ့အမြင်မှာ ရိုင်းတယ်ထင်မှာစိုးလို့ ကလပ်တွေ၊ ရှိုးပွဲတွေရှိမှ မျက်နှာမှာတပ်သွားလိုက်တယ်”ဟု နှုတ်ခမ်းနှင့်မျက်ခုံးတွင် အပေါက်များဖောက်ထားသူ လူငယ်တစ်ဦးဖြစ်သူ ကျော်စွာစိုးကဆိုသည်။

ယခင်က မျက်နှာတွင် အပေါက်ဖောက်ခြင်းကို အများစုမှာ ယောက်ျားလေးများတွင်သာ တွေ့ရတတ်ပြီး ယခုလက်ရှိအချိန်တွင် မိန်းကလေးများသို့ပါ ကူးစက်လာသည်။ မိန်းကလေးအများစုမှာမူ ယောက်ျားလေးများကဲ့သို့ လမ်းဘေးတွင် ပြီးစလွယ်ဖောက်ကြခြင်းမျိုးမဟုတ်ဘဲ ဆေးခန်းသို့မဟုတ် အလှပြင်ဆိုင်များတွင် အဓိကလုပ်ကြသည်ဟု သော်တာအလှပြုပြင်ဆိုင်မှ အလှဖန်တီးရှင်ကြယ်ရာကပြောပြသည်။

“တချို့မိန်းကလေးတွေက ချက်မှာတောင်လာဖောက်ကြတယ်”ဟု ကြယ်ရာကဆိုသည်။ အပေါက်ဖောက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၏ အပ်သေနတ်အစရှိသော အရာများတွင် နီကယ်ပါဝင်မှုနှုန်းမြင့်မားပါက အပေါက်ဖောက်သူပေါ်ကို များစွာအန္တရာယ်ရှိသည်ဆိုသည်။

အပေါက်ဖောက်ရာတွင် အသုံးပြုသည့်ပစ္စည်းနှင့် ရေရှည်တပ်ဆင်ထားသည့် တန်ဆာမှာ စတီးလ်စစ်သာဖြစ်သင့်ပြီး နီကယ်နှင့် အခြားသတ္တုအရောများ မပါဝင်သင့်ကြောင့် ကျွမ်းကျင်သူများကဆိုသည်။

လူငယ်များအတွက် ဖက်ရှင်တစ်ခုဖြစ်သော်လည်း ထိုအလေ့အထက မိသားစုလူမှုဝန်းကျင်တွင် လက်ခံရန်ခက်ခဲသည်။ လျှာ၊ နှုတ်ခမ်း၊ မျက်ခုံး၊ ပါး စသည့်ဖြင့် ဖောက်ထားသည့်အပေါက်များတွင် အလှဆင်ပစ္စည်းများ တပ်ထားသည်ကို မြင်တွေ့ရသည်မှာ အသည်းယားစရာ၊ ကြက်သီးထစရာအဖြစ် လူအများစုကခံစားကြရသည်။ ခန္ဓာကိုယ်အနှံ့ အပေါက်ဖောက်ခြင်းအား လက်ခံပေးရန် ဖက်ရှင်မျက်လုံးအချို့ လိုအပ်နေဆဲဖြစ်ကြောင်း အသက် ၂၀ ၀န်းကျင်အရွယ်ရှိ လူငယ်များကဆိုသည်။

ဓာတ်ပုံ - SBS.com.au
ရေးသားသူ- မိုးညို
7Day News Journal

RangonNewsDaily:: September 11, 2013

မျက်လုံးချင်းအကြည့်ဆုံလိုက်သည်နှင့် တစ်ဖက်က မျက်လုံးအစုံမှာ သာမန်မျက်လုံးမဖြစ်နိုင်ကြောင်း ချက်ချင်းသိနိုင်သည်။ ရုတ်တရက်ကြည့်လိုက်လျှင် လူတစ်ယောက်၏ မျက်လုံးတစ်လုံးနှင့်မတူ။ တိရစ္ဆာန်တစ်ကောင်၏ မျက်လုံးတစ်လုံးဟု ထင်ပေလိမ့်မည်။

ဂျပန်နိုင်ငံရောက် ဒါရိုက်တာအောင်လင်းနိုင်ပြောပြသည့် ရုပ်ရှင်ဗီဒီယိုလောက

Photo: ဂျပန်နိုင်ငံရောက် ဒါရိုက်တာအောင်လင်းနိုင်ပြောပြသည့် ရုပ်ရှင်ဗီဒီယိုလောက 
 Wednesday, September 11, 2013

ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက်ဆိုတဲ့မေးခွန်းဟာ ကျွန်တော့်အတွက် သူငယ် တန်းကလေးကိုလော့ဂျစ် ဖြေခိုင်း သလိုဖြစ်နေတယ်ဟုဆိုသူ ဒါရိုက်တာအောင်လင်းနိုင်က အခုမြန်မာ့ရုပ်ရှင်အစည်းအရုံးနဲ့မြန်မာ့ရုပ်ရှင်လောကကို ဦး ဆောင်နေသူများဟာကျွန် တော့်ထက်ဝါရင့်ပြီးကျွန် တော့်ထက် ပညာရည်ပြည့်ဝသူများ ဖြစ်ပါတယ်။

ဒါကြောင့် သူတို့ ရဲ့ ဦးဆောင်မှုကို ညီညီ ညွတ်ညွတ်နဲ့လက်တွဲဆောင် ရွက်သွားမယ်ဆိုရင်ရုပ်ရှင် လောကတိုးတက်မယ်လို့ တထစ် ချပြောရဲပါတယ်။နိုင်ငံရေးလို ပေါ့လေ။အစိုးရမကောင်းဘူး လို့ ထိုင်အော်နေရုံနဲ့ မပြီးဘူး။ ကိုယ်တိုင်ကလည်း လိုက်ပါကြိုးစားပါမှ ဒုက္ခနွံထဲကရုန်းထွက် နိုင်မယ်။အစိုးရလုပ်လို့တို့တွေ ဆင်းရဲရတာဆိုပြီး အလုပ်မလုပ်ဘဲငုတ်တုတ်ထိုင်နေလို့ မချမ်းသာပါဘူး။စည်ပင်မ ကောင်းလို့  အော်ပြီးကိုယ်တိုင် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေး အမှိုက်ပစ်ရင်ဘယ်တော့မှ မြို့တော်သန့်ရှင်းလာမှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ 

ရုပ်ရှင်လောကဖွံ့ဖြိုး တိုးတက်ဖို့ ရုပ်ရှင်လောကသားတွေပြောတဲ့အရာက ခိုးကူးကြောင့်ရုပ်ရှင်လောကကြီးပျက်နေလို့ အားလုံးငတ်နေကြပါတယ်ဆိုတဲ့စကားနဲ့ ပတ်သက်ပြီး "ဒီခိုးကူးကြီးကို အဓိကရန်သူကြီး အဖြစ်နဲ့ ပြောနေကြတာဟာ မရောင်ရာဆီလူးနေတာလို့ ပဲထင် တယ်။ပွင့်ပွင့်လင်းလင်းပြောရရင် အစည်းအရုံးကလည်း ဒါကိုပြန်လည်ဖြေရှင်းနေစရာ ကိုမလိုတာ။ (ဆန္ဒပြတဲ့ကိစ္စကို မဝေ ဖန်လိုပါ)သူခိုးဖမ်းတဲ့အလုပ်သည်ရဲအလုပ်။ အစည်းအရုံးအလုပ်မဟုတ်ဘူး။ 

ခိုးကူးခွေရောင်းတယ်ဆိုတာမြို့လည် ခေါင်ဆိုင်းဘုတ်အကြီးကြီးနဲ့ ခိုးကူးအမျိုးမျိုးဖြန့် ချိရေးဆိုပြီး ဆိုင်နဲ့ကနားနဲ့ ရောင်းလို့ ရတဲ့ ဟာမဟုတ်ဘူး။ လမ်းဘေးမှာချ ရောင်းတာ။ အဲဒီလမ်းဘေးဈေး သည်တွေကို ရဲကဖမ်းပေးရ မယ်။ခုဟာကအစည်းအရုံးက ဖမ်းပေးရမယ်ဆိုတော့ကာ လမ်းဘေးဈေးသည်ကအစည်း အရုံးကလူကို အုတ်ခဲနဲ့ထုတော့ခေါင်းကွဲပြီးပြန်လာရုံပဲရှိ တယ်။ ဒါကိုရဲကမဖမ်းပေးဘူးဆိုရင် ရဲကို တရားပြန်စွဲပါ။အဲ့ဒါရှင်းနေတဲ့ကိစ္စပဲ။ ဒါက တစ်ချက်။ 

နောက်တစ်ချက်က ဒီလို လမ်းဘေးဈေးသည်ဗန်းနဲ့ချရောင်းတဲ့ လူတွေလုပ်လို့  ကိုယ့်ရဲ့သိန်းရာထောင်ချီအ ကုန်ကျခံထားတဲ့လုပ်ငန်းကြီး ပျက်ရတယ်ဆိုတာ တစ်ခုခုတော့ လွဲနေပြီပြောရမယ်။ ဒီလိုခိုးကူးတိုင်းသာ မွဲကြေးဆိုရင်ဟောလီးဝုဒ်က ကားတွေဘာကြောင့် မမွဲသလဲ။ ဟောလီး ဝုဒ်ကတစ် ကမ္ဘာလုံး ဖြန့် လို့ ခံနိုင်ရေရှိတာလို့ ပြောရင် ဂျပန်လိုနိုင်ငံမျိုး ကိုကြည့်ပါ။

မြန်မာပြည်ထက် သေးပါတယ်။ သူတို့ ဘာကြောင့် ခံနိုင်သလဲ။ မြန်မာတစ်နိုင်ငံတည်းမတွင်ကျယ်သေးတာ တစ်ကမ္ဘာလုံးမှာ အွန်လိုင်းအခမဲ့ဗီဒီယိုဆိုဒ်တွေဟာ မှို လိုပေါက်နေတာပါ။ မရှိဘူး ဆိုတဲ့ဇာတ်ကား မရှိလောက် အောင်တင်နိုင်ကြပါတယ်။ သူတို့ဘယ်လိုရပ်တည်လဲ။ ဒါတွေကို ရုပ်ရှင်လောကသားတွေလေ့လာစေချင်တယ်" လို့ ရှင်းပြပါတယ်။ 

အရင်တုန်းက ဇာတ်ကားတွေဆိုရင် ပရိသတ်က ခုချိန်ထိ ကြိုက်နှစ်သက်ကြတဲ့အပေါ်ကိုလည်းခုခေတ် တစ်ပတ်ကို ကား ၃ဝလောက်ထွက်တယ်ငှား ကြည့်ကြတယ် ၁လကြာလို့ ဇာတ် လမ်းပြောပြ၊ကားနာမည် မေးကြည့်ဘယ်သူမှမသိတော့ဘူး။ တစ်ခါကြည့်ဆိုတာဒါပဲ။ တိုက်တန်းနစ်ခ်လို့ပြောရင် မကြည့်ဘူးတဲ့လူတောင် ကမ္ဘာကျော်ကားမှန်းသိတယ်။ ဦးသုခကားတွေမပြောပါနဲ့  ကျွန်တော်တို့ မီတဲ့ လွန်ခဲ့သော အနှစ်၂ဝ လောက်က " နှင်းဆီဝိုင်" လို့ပြော ရင်အယောက် ၁ဝဝမှာ ၉၉ ယောက်သိတယ်။ ဒါအနု ပညာကျန်ခဲ့တာပဲ။ 

အနုပညာကျန် အောင်ရိုက်နေကြသလား ဆိုတာ လည်းကိုယ့် ကိုယ်ကိုယ်ပြန်သုံးသပ်ကြဖို့ လိုပြီ။ ပြီးမှတခြားအပြစ်ကိုရှာကြပါလို့ ပြောချင်တယ်။ကျွန်တော်တိုဟာရုပ်ရှင်လောကရိုက်ကူးမှုထုတ်လုပ်မှု၊အဆင့်အတန်းကိုပြောရင်းနဲ့ပရိသတ်အဆင့် ကိုပါမသိမသာပြောင်းလဲပေး သွားဖို့လိုပြီ။

ပရိသတ်ကိုကွာ လတီထုတ်ကုန်တွေ ကြိုက်လာ အောင်လုပ်ပြဖို့ လိုပြီ။ ဒီလိုလုပ် မှ တဖြည်းဖြည်းနဲ့ အောက်ကား ဆိုတာတွေပျောက်လာ မယ် ပေါချောင်ကောင်းတွေ ပျောက်လာမယ်။ဒါမှနိုင်ငံတကာမှာပြလို့ ရတဲ့ ကားတွေပေါ်လာ မယ်လို့ပြောပါတယ်။ ညီညွတ် မှုကဘယ်လောက်အရေး ပါသလဲဆိုတာမေးကြည့်တော့ ကျွန်တော်တို့ လူတွေကရန်ဖြစ် တဲ့နေရာပဲညီညွတ်ကြတယ်။ ကျန်တာမညီညွတ်ဘူး။ နောက်ပြီး အမှန်တရားဘက်က မရပ်တည်ရဲကြသေးဘူး ။ 

အင်အားကြီးတဲ့ဘက်ကပဲ ရပ်တည် ကြတယ်။ကောင်းတဲ့လူကို မ ကောင်းဘူးလို့ ပြောဖို့ ဝန်မလေးကြပေမယ့်၊ မကောင်းတဲ့ လူကိုကျတော့မကောင်းဘူးလို့  မပြောရဲကြသေးဘူး။ ဒီလိုလုပ် နေသမျှရုပ်ရှင်လောကမှမဟုတ်ဘူး။ဘယ်လောကမှမတိုး တက်ပါဘူး။ နိုင်ငံတကာမှာ မြန်မာဇာတ်ကားတွေသွားပြတဲ့အခါ နိုင်ငံခြားသားက အားပေးတာသိပ်မတွေ့ ရဘူး။ ကိုယ့် လူမျိုးတွေကလည်း အိမ်လွမ်းနေတဲ့သူတွေဆိုတော့ဘာကား ပဲတင်တင်ကြည့်ကြမှာပဲ။

နိုင်ငံတကာမှာပြမယ်ရုံတင်မယ်ဆို ရင်မြန်မာရုပ်ရှင်ဆိုတာ ဘယ်လိုဟာလဲဆိုတာကိုသူတို့သိ အောင်ပြဖို အရင်လုပ်ရမယ်။ ဒို့ နိုင်ငံက ဆင်းရဲတာပဲ တော်ရုံ လောက်ကခွင့်လွှတ်မှာပါလို့ ထင်ထားတဲ့အတွေးကို အရင် စွန့် လွှတ်ထားဖို့ လိုမယ်။ 

အဲ့ဒီလို တွေးပေးတာကသံတမန်တွေပဲတွေးပေးနိုင်တယ်ပရိ သတ်ကတော့ မကောင်းရင်မ ကောင်းဘူး အရည်အသွေးမ မီရင်မမီဘူးလို့ ပြောမှာပဲ။ နိုင်ငံခြားမှာ ရုံတင်ချင်ရင်တော့ကြိုးစားကြပါဦးလို့ " ဒါရိုက်တာအောင်လင်းနိုင်ကပြောပါတယ်။ 

ထွဋ်မြတ်
Popular Journal

RangonNewsDaily:: September 11, 2013

ရုပ်ရှင်လောက ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက်ဆိုတဲ့မေးခွန်းဟာ ကျွန်တော့်အတွက် သူငယ် တန်းကလေးကိုလော့ဂျစ် ဖြေခိုင်း သလိုဖြစ်နေတယ်ဟုဆိုသူ ဒါရိုက်တာအောင်လင်းနိုင်က အခုမြန်မာ့ရုပ်ရှင်အစည်းအရုံးနဲ့မြန်မာ့ရုပ်ရှင်လောကကို ဦး ဆောင်နေသူများဟာကျွန် တော့်ထက်ဝါရင့်ပြီးကျွန် တော့်ထက် ပညာရည်ပြည့်ဝသူများ ဖြစ်ပါတယ်။

ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းတပ်ဆင်ခြင်း ယခုလကုန်စမည်

Photo: ရှေးဟောင်းအဆောက်အအုံများ ကမ္ပည်းတပ်ဆင်ခြင်း ယခုလကုန်စမည်
 Wednesday, September 11, 2013

ရန်ကုန်မြို့တော် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများတွင် မှတ်တမ်းတင် ကမ္ပည်းပြားများ ရေးထိုးတပ်ဆင်မည့် အစီအစဉ်ကို အစောဆုံး ယခုလကုန်ပိုင်းမှ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါအစီအစဉ်ကို ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ကုမ္ပဏီ Philips တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တစ်မြို့လုံးရှိ ရှေးဟောင်းအဆောက်အအုံ ၂၀၀ နီးပါးတွင် အမေရိကန်ဒေါ်လာ ၇၅,၀၀၀ ကျော် အကုန်အကျခံ တပ်ဆင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။"ရက်ကတော့ အတိအကျ ပြောလို့ မရသေးဘူး။ နောက်လထဲ ရောက်သွားမှာပေါ့" ဟု ၄င်းကပြောဆိုသည်။

မူလအစီအစဉ်အရ ယခုစက်တင်ဘာလ အတွင်း စတင်တပ်ဆင်မှုများ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်းမှ လေ့လာ စာရင်းပြုစုထားသော ရှေးဟောင်း အဆောက်အအုံ ၂၀၀ နီးပါးတွင် ၂ နှစ်အတွင်း အပြီးသတ် တပ်ဆင်မည်ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အဆိုပါ အဖွဲ့အစည်းနှစ်ခုက ပူးတွဲ ထုတ်ပြန်ကြေညာ ခဲ့သည်။

ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်းကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များကို ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ကမ္ပည်းပြားတွင် သက်ဆိုင်ရာ ရှေးဟောင်းအဆောက်အအုံ၏ သမိုင်းအကျဉ်းချုပ်များ ရေးထိုးထားမည် ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: September 11, 2013

ရန်ကုန်မြို့တော် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများတွင် မှတ်တမ်းတင် ကမ္ပည်းပြားများ ရေးထိုးတပ်ဆင်မည့် အစီအစဉ်ကို အစောဆုံး ယခုလကုန်ပိုင်းမှ စတင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ရိုးရှင်းတဲ့ ဘဝမှာ နေချင်တဲ့ The Sign Of Love သရုပ်ဆောင်

Photo: ရိုးရှင်းတဲ့ ဘဝမှာ နေချင်တဲ့ The Sign Of Love သရုပ်ဆောင်
Wednesday, September 11, 2013

MRTV4 ကနေ ထုတ်လွှင့်ပြသတဲ့ The Sign Of Love ဇာတ်လမ်းတွဲထဲမှာ မြတ်နိုးခင်အဖြစ် အဓိကဇာတ်ကောင် ခပ်အေးအေးလေး နေရာမှာ သရုပ်ဆောင်ပြီး ပရိသတ်နဲ့ ထိတွေ့မှုရလာတဲ့အပြင်၊ ကြော်ငြာတွေပါ အရိုက်များလာပြီး စိုင်းစိုင်ခမ်းလှိုင်၊ သက်မွန်မြင့်၊ ၀င့်ယမုံလှိုင် (The Sign Of Love ဇာတ်လမ်းတွဲမှာ မာယာချိုအဖြစ် သရုပ်ဆောင်သူ) တို့နဲ့အတူ STEP အင်္ကျီကြော်ငြာမှာ ပရိသတ် သတိထားမိလာတဲ့ သရုပ်ဆောင် စိုးနန္ဒာကျော်ကို ဧရာဝတီရဲ့ ဖက်ရှင် ကဏ္ဍကနေ ဓာတ်ပုံ စီစဉ်ရိုက်ကူးပြီး သူ့ရဲ့ဖက်ရှင်၊ နေထိုင်မှုပုံစံ၊ ဖြစ်ချင်တဲ့ အကြောင်းအရာတွေ၊ စိတ်ထား၊ ပညာအရည်အချင်း စသည်ဖြင့် သူနဲ့ ပတ်သက်သမျှ မေးကြည့်ခဲ့ပါတယ်။

“ညီမက ဖက်ရှင်နဲ့ပတ်သက်ရင် ကိုယ်လက်လှမ်း မီသလောက် လေ့လာပါတယ်။ ဒီ ခေတ်ပေါ်ဖက်ရှင်တွေကို ကြိုက်ပေမယ့် အရမ်းတိုလွန်း ပေါ်လွန်းတာတွေကိုတော့ သိပ်မ၀တ်ဖြစ်ပါဘူး။ မြန်မာ ဆန်ဆန်လေးတွေ ၀တ်ရတာကို ကြိုက်ပါတယ်” လို့ စိုးနန္ဒာကျော်က သူ့ဖက်ရှင်နဲ့ ပတ်သက်လို့ ပြောပါတယ်။

ဓာတ်ပုံရိုက်တာ၊ ဇာတ်လမ်းသဘောအရ လိုအပ်လို့ ၀တ်ရမယ်ဆိုရင်တော့ ဟော့ရှော့တွေ ၀တ်ဖြစ်တယ်၊ သွားရမယ့် နေရာ ဒေသနဲ့ လိုက်ဖက်အောင်တော့ ခပ်ဆန်းဆန်း ဖက်ရှင်တွေ ဝတ်ရတာ ရှိတယ်လို့ သူက ဆိုပါတယ်။

ရိုးရှင်းတဲ့ မိသားစုဘဝမှာ၊ မိဘတွေရဲ့ အုပ်ထိန်းမှု အောက်မှာပဲ အေးအေးချမ်းချမ်း နေတယ်ဆိုတဲ့ စိုးနန္ဒာကျော်က “စိတ်ချမ်းသာပြီး အေးချမ်းတဲ့ မိသားစုဘ၀လေးကို ညီမ နှစ်သက်ပါတယ်” လို့ ဧရာဝတီကို ဟြေပါတယ်။

စိုးနန္ဒာလွင်ဟာ အနုပညာနဲ့ ပတ်သက်ရင် အလွန် ၀ါသနာကြီးတဲ့ အကြောင်း၊ သူ့အနေနဲ့ “ရသပေါ်လွင် သရုပ်ဆောင်လွင်ပြင်မှာလည်း ၀င်ပြိုင်ဖူးတဲ့အကြောင်း သိရပါတယ်။

“ညီမရဲ့ မိဘတွေက အနုပညာ လုပ်ဖို့ကို သဘောမတူဘူးလေ၊ ညီမက အဲဒီ သရုပ်ဆောင်ပြိုင်ပွဲမှာ ဆုမရခဲ့ရင် လုံးဝ အနုပညာအလုပ်ကို မလုပ်တော့ပါဘူး ဆိုပြီး ကတိပြုပြီးတော့ လုပ်ခဲ့တာပါ။ ကံကောင်းချင်တော့ ညီမဆုရခဲ့တယ်၊ အဲဒါကြောင့် အနုပညာအလုပ်ကို မိဘတွေက သဘောတူပြီး ဆက်လုပ်ခွင့် ရခဲ့တာပါ” လို့ သူ ဖြစ်ချင်တဲ့ သရုပ်ဆောင် ဘ၀ကို ရောက်အောင် ကြိုးစားခဲ့ရပုံကို ဟြေပြပါတယ်။

မိဘတွေက စိတ်ကို အမြဲဖြူစင်အောင် ထားဖို့ ဆုံးမတယ် ဆိုတဲ့အကြောင်းလည်း စိုးနန္ဒာကျော်က ပြောပါသေးတယ်။

“ညီမ ကိုယ်တိုင်လည်း အေးအေးဆေးဆေးပဲ နေတတ်တယ်။ ညီမနဲ့ပေါင်းဖူး၊ ဆက်ဆံဖူးတဲ့ သူတွေတော့ သိမှာပါ။ အနုပညာရှင် အချင်းချင်းလည်း ခင်ခင်မင်မင် ပေါင်းပါတယ်။ ညီမရဲ့ မိဘတွေကလည်း ဆုံးမတာက လူ့အောက်ကျို့လို့ မသေပါဘူး တဲ့။ စာနယ်ဇင်းက ဆရာ၊ ဆရာမတွေ၊ အစ်ကို၊ အစ်မတွေ ကိုလည်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံ ဟြေဆို ပါတယ်။ ညီမက မာနလည်းမကြီးတတ်ပါဘူး၊ အားလုံးနဲ့ အဆင်ပြေအောင် နေတတ်ဖို့ ညီမ မိဘတွေက ဆုံးမထားပါတယ်” လို့ သူက ဆိုပါတယ်။

ပညာရေးနဲ့ ပတ်သက်လို့ သူ့အဟြေအရ တော့ ဆယ်တန်း မအောင်သေးဘူးလို့ သိရပါတယ်။ အနုပညာဘက်ကို ၀ါသနာကြီးလွန်းတဲ့ အတွက် ပညာရေးကို ဦးစားမပေးဖြစ်တာပါ။

“ညီမ ဆယ်တန်း ပြန်ဖြေမှာပါ။ ဘယ်တော့လဲ ဆိုတာတော့ အတိအကျ မဟြေတတ်သေးပါဘူး။ အားလပ်တဲ့ အချိန်ရလာရင်တော့ ဆယ်တန်းပြန်ဖြေမှာပါ” လို့ သူက ပြောပါတယ်။

စိုးနန္ဒာကျော် အနေနဲ့ ငယ်ငယ်က ရည်ရွယ်ထားတာက ဆရာဝန်တဦး၊ ရှေ့နေ တဦး ဖြစ်ချင်ခဲ့တာလို့ သိရပါတယ်။

“အနုပညာ လောကထဲ ရောက်မလာဘဲ ပညာရေးနဲ့ အသက်မွေး ၀မ်းကျောင်း ပြုရမယ်ဆိုရင်တော့ ဆရာဝန်၊ ဒါမှမဟုတ် ရှေ့နေ ဖြစ်အောင် ကြိုးစားဖြစ်မှာပါ။ အခု လောလောဆယ် မှာတော့ အနုပညာဘက်ကို ပိုပြီး ဦးစားပေး ဖြစ်နေပါတယ်။ ညီမ ဘွဲ့တခုတော့ ရအောင်ကြိုးစားဦးမှာပါ။ အခု လောလောဆယ်တော့ အနုပညာ အလုပ်တွေ လုပ်ဖြစ်နေတဲ့အတွက် ပရိသတ်က ညီမကို ဝေဖန် အားပေးပါဦးလို့ ဟြေချင်ပါတယ်” ဆိုပြီး သရုပ်ဆောင်စိုးနန္ဒာကျော်က ဧရာဝတီကို ဟြေပြပါတယ်။

လတ်တလော မှာတော့ စိုးနန္ဒာကျော်ဟာ MRTV4 အတွက် ဇာတ်လမ်းတွဲ တတွဲမှာ ရိုက်ကူး သရုပ်ဆောင်နေပြီး ကြော်ငြာတွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဧရာဝတီ

RangonNewsDaily:: September 11, 2013

MRTV4 ကနေ ထုတ်လွှင့်ပြသတဲ့ The Sign Of Love ဇာတ်လမ်းတွဲထဲမှာ မြတ်နိုးခင်အဖြစ် အဓိကဇာတ်ကောင် ခပ်အေးအေးလေး နေရာမှာ သရုပ်ဆောင်ပြီး ပရိသတ်နဲ့ ထိတွေ့မှုရလာတဲ့အပြင်

ရွှေတိဂုံတွင် ပျောက်ဆုံးခဲ့သည့် ကိုယ်ပိုင်ယာဉ် ထောက်ကြန့်တွင်တွေ့

RangonNewsDaily:: September 11, 2013

ရွှေတိဂုံစေတီတော်၏ အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာတွင် စက်တင်ဘာလ ၉ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ပျောက်ဆုံးခဲ့သော SE ဆလွန်းယာဉ်ကို မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရန်ကုန်-ပဲခူးလမ်းမကြီး ဘေးရှိ ဝင်း မူကြိုကျောင်း ရှေ့တွင် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒဂုံမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အမျိုးသမီးတို့ အတွက်ကိုယ်ပျောက်လူသတ်သမား

Photo: သတိ ကိုယ်ပျောက်လူသတ်သမား ဣတ္ထိယတို့အနားတွင်ရှိသည်
 Wednesday, September 11, 2013

သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေး စစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။
”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ 

ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အ ကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြော သည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့ သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုး သားထံမှ ကူးစက်ခံခဲ့ရသည့်ရောဂါကိုတော့ လက် မခံချင်၍ မရတော့။ နိုင်ငံတကာစစ်တမ်းများအရ အ မျိုးသမီးများတွင် အဖြစ်အများဆုံး ကင် ဆာမှာ ရင်သား ကင်ဆာပြီးလျှင် သား အိမ်ခေါင်းကင်ဆာ ပင်ဖြစ်ပြီး သေ ပျောက်မှုနှုန်းမှာတော့ သားအိမ်ခေါင်း ကင်ဆာက အများဆုံးဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် နှစ်စဉ် အမျိုးသမီး ၆၄ဝဝ ကျော် သားအိမ်ခေါင်း ကင်ဆာ ဖြစ်ပွားနေပြီး ၃၅ဝဝ ကျော်နှစ်စဉ် သေဆုံးနေသည်။

သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေအဆင့်များတွင် ရောဂါလက္ခဏာ ဘာမှမပြတတ်၍ ကမ္ဘာပေါ်တွင် အမျိုး သမီး ၁ဝ ဦး တွင် ၈ ဦးမှာ မသိဘဲ ရောဂါပိုးမှာ ကိုယ်ဆီတွင်ရောက်နေတတ်သည်ဟု မီး ယပ်နှင့် သားဖွား ဆိုင်ရာအထူးကု ဒေါက်တာစိုးလွင်က ပြောသည်။ သားအိမ်ခေါင်ကင်ဆာအဓိက ဖြစ်ပွားရသည့်အကြောင်းရင်းမှာ HPV (Human Papilloma Virus)ပိုးကြောင့် ဖြစ်ပြီး ထိုပိုးသည် လိင်မှတစ် ဆင့်ကူးစက်တတ်သောရောဂါများတွင် အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ် သည်။ HPV ပိုးအမျိုးပေါင်း ၄ဝ ကျော် ရှိသည့်အနက် ပိုးမျိုးကွဲ ၁၆ နှင့် ၁၈မှာ သားအိမ်ခေါင်းကင်ဆာရောဂါ ၇ဝ ရာ ခိုင်နှုန်းဖြစ်စေနိုင်ပြီး ကျန်ပိုးမျိုးကွဲများ မှာ ၃ဝ ရာခိုင်နှုန်း သားအိမ်ခေါင်းကင် ဆာရောဂါ ဖြစ်စေနိုင်သည်ဟု သိရ သည်။

HPV ပိုးမျိုးကွဲတချို့သည် သား အိမ်ခေါင်းထဲ ဝင်ရောက်ပြီးနောက် ၅၄ ရာခိုင်နှုန်းမှာ တစ်နှစ်အတွင်း၊ ၉၁ ရာ ခိုင်နှုန်းမှာ နှစ်နှစ်အတွင်း ရောဂါဖြစ်ပွား ခြင်းမရှိဘဲ ခန္ဓာကိုယ်ခုခံအားက ပိုးကို တိုက်ခိုက်နိုင်ကြောင်း သို့သော်ပိုးမျိုးကွဲ ၁၆ နှင့် ၁၈ မှာ တခြား မျိုးကွဲများထက် သားအိမ်ခေါင်းအတွင်း ဆက်လက် တည်ရှိနေပြီး သားအိမ်ခေါင်း ကင်ဆာ ရောဂါအထိ ဖြစ်စေနိုင်ကြောင်း၊ HPV ပိုး သားအိမ်ခေါင်းအတွင်းဝင်ရောက်ပြီး ရောဂါလက္ခဏာမပြသည့် အမျိုးသမီး မှာ ၂ ရာခိုင်နှုန်းမှ ၄၄ ရာခိုင်နှုန်း အထိရှိကြောင်း သုတေသန တွေ့ရှိဖော် ပြချက်များအရ သိရသည်။

ထိုသို့ ကြိုတင်မသိရှိနိုင်ခြင်းနှင့် ကျန်းမာရေးအသိ အလွန်နည်းခြင်း ကြောင့် မသန်းဌေးကဲ့သို့ပင် ဆရာဝန် က တိုက်တွန်းမှသာ ဆေးစစ်ကြသလို ထိုရောဂါဖြစ်သူ မိမိပတ် ဝန်းကျင်တွင် တွေ့ရှိမှလည်း ကြောက်ရွံ့ပြီး ရောဂါ စစ်ဆေးသူတို့ ရှိသည်။ အထွေထွေရောဂါကု ဆရာဝန် ဒေါက် တာ ဒေါ်အေးအေးမူက တစ်လင် တစ်မ ယားစနစ်ကျင့်သုံးလျှင် သားအိမ် ခေါင်းကင်ဆာ မဖြစ်နိုင်ဟု ယူဆချက် မှာ ယခင်က မှန်နိုင်သော်လည်း ယခု အချိန်တွင် အမျိုးသားနှင့် ကာမဆက် ဆံဖူးသူ တိုင်း ဖြစ်နိုင်သည့် အခြေအနေ ရှိနေသည်ဟု ပြောသည်။သား အိမ်ခေါင်းကင်ဆာနှင့် ပတ် သက်၍ယနေ့အချိန်အထိရောဂါ အစစ် ဆေးခံ သည့် နှုန်းမှာ မြန်မာနို င်ငံတွင် အလွန် နည်းနေသေးသည်ဟု ၎င်းက ဆက်ပြောသည်။ မကြာခင်က မြောက်ဥက္ကလာ မြို့ နယ်မှ လမ်းတစ်လမ်းတည်းနေ အမျိုး သမီး အယောက်အစိတ်ခန့် တစ်ပြိုင် တည်း ဆေးစစ်မှု ခံယူခဲ့သည်ကိုတော့ ဒေါက်တာ ဒေါ်အေးအေးမူ မမေ့။ 

တစ်လမ်းတည်းနေအသက် အစိတ်အရွယ် အမျိုးသမီးငယ် တစ်ဦးနှင့် လေးဆယ် ကျော် အမျိုးသမီးတစ်ဦးတို့ သား အိမ် ခေါင်းကင်ဆာဖြစ်သည်ကို သိရှိပြီး နောက် ထိုအမျိုး သမီးများတစ်ပြိုင်တည်း ဆေးစစ်ခံခဲ့ခြင်းဖြစ်ပြီး ည ၁၂ နာရီ အထိ ကြည့်ပေးခဲ့ရကြောင်း ၎င်းက ပြောပြသည်။ ရောဂါဖြစ်သည့်အမျိုးသမီး၂ ဦး အနက် အသက်လေး ဆယ်ကျော် အမျိုး သမီးမှာ ရောဂါဖြစ်ကြောင်း သိရှိပြီး မကြာခင် ဆုံးပါးခဲ့၍ သူတို့ ပိုကြောက် လန့်ကာ ထိုသို့ လာရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင် သည့် အကြောင်းအရာများတွင် သား အိမ်ခေါင်းတွင် အနာရှိခြင်း၊လိင်မှ တစ်ဆင့် ကူးစက်တတ်သောရောဂါရှိခြင်း၊ လိင်စတင် ဆက်ဆံသည့် အသက်အ ရွယ်ငယ်ရွယ်ခြင်း၊ ကိုယ်တိုင်သော် လည်းကောင်း ခင်ပွန်းသော်လည်းကောင်း လိင်ဆက်ဆံဖက် များခြင်း၊ ကိုယ်ဝန် ဆောင် ချိန် များခြင်း၊ ဆေး လိပ်စီးကရက် သောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိခြင်း၊ မိခင်နှင့် ဆွေမျိုးများတွင် သား အိမ်ခေါင်းကင်ဆာဖြစ်ဖူးခြင်း စသည် အချက်များ အဓိက ပါဝင် သည်။ရောဂါဖြစ်ပွားလျှင်တော့ အနံ့အ သက်ရှိသော
အဖြူ ဆင်းခြင်း၊ လိင် ဆက်ဆံပြီးလျှင်သွေးဆင်းခြင်း၊ သွေးဆုံး ပြီး မှသွေးပြန်ဆင်းခြင်း၊ လိင်ဆက်ဆံရာ တွင်နာကျင်ခြင်း၊ ကိုယ်အလေး ချိန် လျော့ကျခြင်း တို့ ဖြစ် တတ်သည်ဟု သိ ရသည်။ 

သားအိမ်ခေါင်းကင်ဆာနှင့် ပတ် သက်ပြီး ကျန်းမာရေးစစ်ဆေးရန်နှင့် ကာကွယ်ဆေးထိုးနှံရန် လွန်ခဲ့သည့် ၇ နှစ်ခန့်မှ စ၍ မြန်မာနိုင်ငံ အတွင်း အသိ ပေးလှုံ့ဆော်မှုများ စတင်ခဲ့ပြီး နိုင်ငံအနှံ့ မဟုတ်သော်လည်း မြို့နယ်ရပ်ကွက် အ ချို့၌ အခမဲ့ ကာကွယ်ဆေးထိုးနှံပေး ခြင်းတို့ ထိုအချိန် က ဆောင်ရွက် ခဲ့သည်။ ထိုနောက်တွင်တော့ ထိုကျန်းမာ ရေး အသိပေးလှုံ့ဆော်ခြင်းများ သိပ် မတွေ့ရတော့။ ထိုရောဂါမှာ ဖြစ်ပွား လျှင်ဖြစ်ပွားချင်း မသိနိုင်၍ အမျိုးသမီး အများစု မှာ ဆေးစစ် ရန်စိတ်ကူးပင်သိပ် မရှိသလို ထိုရောဂါ၏ သေဆုံးနိုင်ခြင်း ကိုလည်း မသိရှိကြပေ။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှ အမျိုးသမီးတစ်ဦးကတော့ မိသားစုထဲတွင်ဖြစ်ပွားဖူးသူမရှိသော်လည်း သ တင်းစာထဲတွင် သားအိမ်ခေါင်း ကင် ဆာ ရောဂါအကြောင်း ဖတ်မိ၍ ထို ရောဂါ ရှိမရှိသိနိုင်ရန် ရန်ကုန်ရှိ ဗဟို အမျိုးသမီးဆေးရုံ၌ လာရောက် ဆေး စစ်ခဲ့သည်။ ကျန်းမာရေး အသိရှိသော်လည်း စစ်ဆေးမှုခံယူနိုင် သည့် ရောဂါ စမ်းသပ် ပေးသော အစိုးရဆေးရုံမှာ လက်လှမ်း မီရာတွင် မရှိ၍ ရန်ကုန်သို့ တကူးတက လာရောက်၍ သူမ ဆေးစစ်ခဲ့ခြင်းဖြစ် သည်။ ထိုသို့ ဆေးသွား စစ်ရန်လည်း အမျိုးသားဖြစ်သူက တိုက်တွန်းခဲ့သည် ဟု အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ် သည့် ထိုအမျိုးသမီးက တက်တက် ကြွကြွ ပြော သည်။

ဆေးစစ်ပြီးသော် လည်း အဖြေချက် ချင်းမရ၍ နောက် တစ်ပတ်အကြာတွင် စိုးရိမ်စိတ်ဖြင့် ဘီးလင်းမှ သူမက ပြန်လာရမည်ဟုဆိုသည်။ သားအိမ်ခေါင်ကင်ဆာကို ဗဟို အမျိုးသမီးဆေးရုံ (ရန်ကုန်)၌ တစ်ပတ် လျှင်နှစ်ကြိမ် အခမဲ့စစ်ဆေးပေးနေပြီး သားဖွားနှင့်မီးယပ် ဆရာဝန်များရှိသည့် မြို့နယ်ကျန်းမာရေး ဆေးခန်းများတွင် လည်း စစ်ဆေးပေး လျက် ရှိကြောင်း သိရသည်။ 

ပုဂ္ဂလိက ဆေးရုံကြီးများ တွင်တော့ စစ်ဆေးခ နှစ်သောင်းကျပ် ခန့်ဖြင့် အချိန်မရွေးစစ်ဆေးနိုင်ကာ ရောဂါ မရှိက ကာကွယ်ဆေး လွယ်ကူ စွာ ဝယ်ယူထိုးနှံနိုင်သည်။ ကာကွယ် ဆေးမှာ နှစ်မျိုးရှိပြီး တစ်လုံးလျှင် သုံး သောင်း ခုနစ်ထောင်ခန့် ဈေးရှိသည်။

”သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးထိုးတဲ့ အရွယ်အပေါ်ကာ ကွယ်နိုင်စွမ်းက မူတည်တယ်။ ပုံမှန် အားဖြင့် ကာကွယ်ဆေးက ကာကွယ်မှု ရာခိုင်နှုန်း ၉၃ ဒသမ ၂ ရာခိုင်နှုန်း ရှိတယ်”ဟု ဒေါက်တာစိုးလွင်က ပြော သည်။ ယင်းကာကွယ်ဆေးမှာ Side Effect  မရှိဘဲတစ်ခါထိုးပြီးလျှင် ကိုးနှစ်၊ ၁ဝ နှစ်ခန့် ပြန်ထိုးစရာမလိုကြောင်း သိ ရသည်။ဒေါက်တာ ဒေါ်အေးအေးမူက လည်း အပျိုမိန်းကလေးများအနေဖြင့် ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပြီး အိမ်ထောင်ပြုပြီးကလည်း ရောဂါကူး စက် နိုင်ခြေများသည့်အတွက် ကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ စစ်ဆေးသင့်သည်ဟု သတိပေးသည်။

သားအိမ်ခေါင်းကင်ဆာဖြစ်စေ နိုင်သည့် HPV ပိုးကို အသက် ၄ဝမှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် အများဆုံး တွေ့ရပြီး အသက် ၂ဝနှစ်မှ ၂၉ နှစ်ရှိအမျိုး သမီးငယ်များတွင်လည်း တွေ့ရှိရသည်ဟု စစ်တမ်းများ ကဆို သည်။၂ဝဝ၆ ခုနှစ်ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏လမ်းညွှန်ချက်အရ အသက် ၂၅ နှစ်မှ ၄၉နှစ်အတွင်းရှိ အိမ်ထောင်သည် အမျိုးသမီးများသည် သုံးနှစ်လျှင် တစ် ကြိမ် သားအိမ်ခေါင်း ချွဲ စစစ်ဆေးသင့် ပြီး အသက် ၅ဝ နှစ်အထက် အမျိုးသမီး များမှာ ငါးနှစ်လျှင်တစ်ကြိမ် စစ်ဆေး သင့်ကြောင်း ညွှန်ကြားထားသည်။ 

သားအိမ်ခေါင်း ကင်ဆာ ပထမ အဆင့် ဖြစ်နေပြီဟု ဆေးစစ်ချက်အရ သိခဲ့ရသည့် မသန်းဌေးနှင့်ဆေးအတူ အစစ်ဆေး ခံခဲ့သည့်အမျိုးသမီး ၁ဝ ဦး ခန့်တွင် ရောဂါတွေ့ရှိသူ နောက်တစ်ဦး ရှိခဲ့သည်။
”သူသိပ်ကြောက်သွားတာ။ ကိုယ် လိုပဲ မဖြစ်နိုင်ဘူးလို့ သူတွေးထားတာ ကိုး။ ရောဂါတွေက သိပ်ဆန်းပြားလွန်း တယ်။ ခုလို စောစော သိလိုက်ရတာ ကံကောင်းတယ်လို့ မှတ်ရတော့မှာပဲ” ဟု မသန်းဌေးက ပြောသည်။

မြတ်စုငြိမ်း
Popular Myanmar News Journal

RangonNewsDaily:: September 11, 2013

သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေး စစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။
”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။

BMW i8 ဟိုင်းဘရစ်ပြိုင်ကား မိတ်ဆက်

Photo: BMW i8 ဟိုင်းဘရစ်ပြိုင်ကား မိတ်ဆက်
Wednesday, September 11, 2013

ဂျာမနီနိုင်ငံ၊ Frankfurt မှာ ကျင်းပလျက် ရှိတဲ့ နိုင်ငံတကာ ကားပြပွဲမှာ BMW မှ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ကား သစ် ဖြစ်ပါတယ်။ 

BMW ဟာ i အမည်တပ်ပြီးတော့ လောင်စာဆီစား သက်သာတဲ့ ကားတွေ ထုတ်နေပါတယ်။ မြန်မာပြည်မှာလည်း BMW ကိုယ်စားလှယ် ရှိပြီမို့ ပုံမှာမြင်တွေ့နေရတဲ့ကား ရောက်ရှိဖို့ မျော်လင့် ပါတယ်။ BMW i8 plug in hybrid လို့ အမည်ပေးထားတဲ့ကားပါ။ လောင်စာဆီအား အင်ဂျင်နဲ့ လျှပ်စစ် မော်တော တွဲမောင်းတဲ့ အားပြန်ဖြည့် (Plug-in) ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်က ၁.၅ လီတာ ပါ။ ဆလင်ဒါ ၃ လုံးပူး တာဘို နှစ်လုံးတပ် ဗားရှင်းမို့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၂၃၁ တောင် ရှိပါတယ်။ သူ့ချည်း သက်သက်လည်းမောင်းနိုင်ပါတယ်။ ထပ်မံ အားဖြည့်ပေးထား တာကတော့ ၉၆ ကီလိုဝပ်အားထုတ်ပေးနိုင်တဲ့ လျှပ်စစ် မော်တာပါ။ သူကလည်း မြင်းကောင်ရေအား ၁၃၁ သီးသန့် ထုတ်ပေးပါတယ်။ ဒီတော့ စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်မှုက ၃၆၂ တောင် ရှိသွားမှာ ဖြစ်ပါတယ်။ 

ဆီစားနှုန်းက ၉၄ မိုင်ခရီးအတွက် တစ်ဂါလံတည်းပါ။ အမေရိကန် မှာ ပြုလုပ်တဲ့ စမ်းသပ်ချက် ရလဒ်ဖြစ်ပြီး တစ်နေရာနဲ့ တစ်နေရာတော့ ကွဲပြားမှု အနည်းငယ် ရှိနိုင်ပါတယ်။ အပြင်ပန်း ဒီဇိုင်းကော အတွင်းဘက် ဒီဇိုင်းပါ i စီးရီး Concept အတိုင်း အကျအန ပြင်ဆင်ပေးထားပါတယ်။ 

concept အဖြစ်ပြသခဲ့တာ ယမန်နှစ်ကပါ။ ယခု ဈေးကွက်ကို တကယ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အော်ဒါစနစ်နဲ့ မှာယူနိုင်ပြီး ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁သိန်း၎သောင်းအောက် ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၁၃၀၀ ကျော် ဖြစ် ပါတယ် သို့ပေမယ့် တကယ်စီးဖို့မှာမယ်ဆို အခွန်ခနဲ့ ပေါင်းလိုက်ရင် သိန်း ၃၀၀၀ အောက်ထစ်ပါပဲ။ ဂျာမနီကားချင်း အတူတူ မာစီဒီး E Class နောက်ဆုံးပေါ် ကန်ဒေါ်လာ ၈ သောင်း တန်တောင် မြန်မာပြည်ဈေးကွက်မှာ သိန်း ၂ ထောင် ဝန်းကျင် ပေါက် လို့ ဖြစ်ပါတယ်။ သို့ပေမယ့် i8 က အင်ဂျင်သေးတော့ အခွန်လည်း သက်သာ လောက်ပါတယ်။ 

အမေရိကန်နဲ့ ဥရောပ ဈေးကွက်အတွက်ကတော့ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ မှာယူမှု စတင်နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ။်

.
Ref: autoblog
အောင်ခမ်း (TSJ team)
TechSpace Journal

RangonNewsDaily:: September 11, 2013

ဂျာမနီနိုင်ငံ၊ Frankfurt မှာ ကျင်းပလျက် ရှိတဲ့ နိုင်ငံတကာ ကားပြပွဲမှာ BMW မှ အသစ်မိတ်ဆက်ပေးလိုက်တဲ့ ကား သစ် ဖြစ်ပါတယ်။

လားရှိုးမြို့တွင် ရေကြီးရေလျှံမှု ဖြစ်စဉ် ရေထဲကျသွားသော ဖိနပ်အား လိုက်ကောက်ရာ မှ ရေနှစ်သေဆုံး

Photo: ဖိနပ်လိုက်ကောက်ရာမှ ရေနှစ်သေဆုံး  
 Wednesday, September 11, 2013

လားရှိုးမြို့အေတီ(AT)ချောင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားသည့် စက်တင်ဘာလ(၇)ရက်နေ့ည၌ ကုန်းညောင်ရွာ အနီးတွင် လူတစ်ဦးသည် ရေထဲကျသွားသော ဖိနပ်အား လိုက်ကောက်ရာ မှ မျောပါသွားခဲ့ပြီး စက်တင်ဘာလ ၁၀ရက်နေ့တွင် ၎င်း၏အလောင်း အား ပြန်လည်တွေ့ရှိကြောင်း ၎င်းရွာသားများက ပြောကြသည်။
ယင်းဖြစ်ရပ်အား မျက်မြင်တွေ့ရှိသူ ယာဉ်မောင်းတစ်ဦးက“ကျွန်တော်တို့ မူဆယ်က ပြန်လာတဲ့နေ့ လားရှိုးအ၀င် အေတီချောင်းအနားရောက်တော့ ကားသွားမရအောင် ရေတွေက အရမ်းများနေပြီ။

မြို့ရှောင်လမ်းက ပတ်သွားပြီး မောင်းလာခဲ့တာ ကုန်းညောင်ရွာရောက်တော့ ကားတွေအားလုံး ဆက်မောင်းမရအောင် ရေကအရမ်း တက်နေတယ်။ ကျွန်တော်တို့ခရီးသည်အားလုံး ချောင်းရေအကျကို ရပ်စောင့်နေတာ။ ဒီအချိန်မှာ ရေစပ်ဆင်းကြည့်နေတဲ့ ခရီးသည် တစ်ယောက်က သူ့ဖိနပ်မျှောသွားလို့ဆိုပြီး ရေထဲဆင်းလိုက် ကောက်နေတာ တွေ့လိုက်ရတယ်။ ဖိနပ်ကောက်နေတုန်း ချောင်းရေက ရုတ်တရက်ထပ်တက်လာတော့ အဲ့ဒီလူ ရေမျှောသွားတာကို မြင်လိုက်ရတယ်” ဟု ပြောသည်။

အဆိုပါ အလောင်းအား သွားရောက်ဆယ်ယူသည့် လူမှုကူညီရေးအသင်းမှ ကိုစိုးမင်းနိုင်က “ကျွန်တော်တို့ အသင်းကို သက်ဆိုင်ရာက လူသေလောင်း တစ်ခု သယ်ဖို့အကြောင်းကြားတာနဲ့ လိုက်သွားကြတာပါ။ ဟိုရောက်တော့ စက်တင်ဘာ(၇)ရက်နေ့ညက ဖိနပ်လိုက်ကောက်ရင်း မျှောပါသွားတဲ့သူမှန်း သိရတယ်။ မူဆယ်က သူ့မိသားစုဝင်တွေ လိုက်လာတာကို လည်း တွေ့ရတယ်” ဟု ပြောသည်။

၎င်းဖိနပ်ကောက်ရာမှ သေဆုံးသွားသူသည် မူဆယ်မြို့၊ ဆယ်တောင်ရပ် ကွက်မှ အသက်(၄၉)နှစ်အရွယ် ဦးစိုင်းအောင်တင် ဖြစ်ပြီး မူဆယ်မှ လားရှိုးသို့ ကိုယ်တိုင်ကားမောင်း ခရီးထွက်ခဲ့ရာမှ ရေနှစ်သေ ဆုံးခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

တင်ဦး၊စိုးမင်းနိုင်၊ထွန်းထွန်း
မြန်မာ့ခေတ်

RangonNewsDaily:: September 11, 2013

လားရှိုးမြို့အေတီ(AT)ချောင်း ရေကြီးရေလျှံမှု စတင်ဖြစ်ပွားသည့် စက်တင်ဘာလ(၇)ရက်နေ့ည၌ ကုန်းညောင်ရွာ အနီးတွင် လူတစ်ဦးသည် ရေထဲကျသွားသော ဖိနပ်အား လိုက်ကောက်ရာ မှ မျောပါသွားခဲ့ပြီး စက်တင်ဘာလ ၁၀ရက်နေ့တွင် ၎င်း၏အလောင်း အား ပြန်လည်တွေ့ရှိကြောင်း ၎င်းရွာသားများက ပြောကြသည်။

ရွှေပြည်သာမြို့ နယ်တွင် ဓာတ်ဆီပေနေသောလက်ဖြင့် မီးခြစ်ရာမှ မီးလောင်သေဆုံး

RangonNewsDaily:: September 11, 2013

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့၊ ကျောင်းကုန်း(န)ရပ်ကွက်မှ အမျိုး သား တစ်ဦးသည် သြဂုတ်လ ၅ရက်နေ့က နေအိမ်ရှိ သံပန်းများ အား ဆေး သုပ်ပြီးနောက်ပေနေသောလက်အား ဓာတ်ဆီဖြင့်ဆေး၍ဆေးလိပ်သောက် ရန် ဂက်စ်မီးခြစ် အား ခြစ်ရာမှ မျက်နှာ၊ ရင်အုံနှင့် လက်နှစ်ဖက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိ၍ ဆေးရုံတက် ကုသမှုခံယူခဲ့ခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ရဲမှတ်တမ်းများအရ သိရသည်။

"ဆီးဂိမ်းပြိုင်ပွဲ အတွက် သီချင်းရွေးချယ်မှု အကြောင်း Lခွန်းရီ ရှင်းပြ"

Photo: "ဆီးဂိမ်းပြိုင်ပွဲ အတွက် သီချင်းရွေးချယ်မှု အကြောင်း Lခွန်းရီ ရှင်းပြ"
 Wednesday, September 11, 2013

၂ဝ၁၃ ခုနှစ် မြန်မာပြည်တွင် ပြုလုပ်မည့် ဆီးဂိမ်း ပြိုင်ပွဲကို အားကစား သမား နဲ့ မိဘ ပြည်သူ တစ်ရပ်လုံးက စိတ်ဝင်တစား ရှိကြသလို အနုပညာ ရှင် များကလည်း မိမိတို့ တတ်စွမ်း တဲ့ အနုပညာ နဲ့ ကျရာ ကဏ္ဍမှာ ဆီးဂိမ်း လှုံ့ ဆော်မှုများကို အင်တိုက် အားတိုက် ပါဝင်ခဲ့ပါ တယ်။ ဆီးဂိမ်း သီချင်း ရွေးချယ်မှု ပိုင်းမှာ တေးရေး မြင့်မိုးအောင် က ဥက္ကဋ္ဌ အဖြစ် ပါဝင်ပြီး အဖွဲ့ဝင် ၁၃ယောက် နဲ့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့မှာ တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ တေးသံရှင် Lခွန်းရီက ဆီးဂိမ်း သီချင်း နဲ့ ပတ်သက်ပြီး..

“ကိုယ့်နိုင်ငံမှာ လုပ်တယ် ဆိုတော့ ဆီးဂိမ်း သီချင်းကို ပေါက်သီချင်း လိုချင် တယ်။ ဆီးဂိမ်း များ ရွေးချယ် စီစဉ်ဖန်တီးရေး ကော်မတီ ဆိုပြီး ၁၃ ယောက် နဲ့ ဖွဲ့စည်း ထားတယ်။ ဆရာ မြင့်မိုးအောင်က ဥက္ကဋ္ဌပေါ့။ ဂီတ ကဏ္ဍအစုံ ထည့်ထားတယ်။ ဝန်ကြီး ဌာနက တောင်းလိုက်တဲ့ တစ်ပြည်လုံး ဆီးဂိမ်း သီချင်း ၉၇ ပုဒ်မှာ ၃ ပုဒ် က ဘောင်မဝင်တော့ ၉၄ ပုဒ်ရတယ်။ 

ပထမဆုကို သိန်း ၂ဝ၊ ဒုတိယဆုကို ၁၅သိန်း၊ တတိယ ဆုကို ၁ဝသိန်း နဲ့ နှစ်သိမ့်ဆု ၅ သိန်းပေးတယ်။ ဒါပေမဲ့ အန်တီတို့ လိုချင်တဲ့ ပြည်သူ လူထုတွေ လိုက်ဆို နိုင် တဲ့ အနေအထားမျိုး ပေါက်သီချင်း မရဘူး ဖြစ်နေတယ်။ စိတ်တိုင်း မ ကျတော့ ဒုတိယ အကြိမ် ထပ်ခေါ် တယ်။ ပေါက် သီချင်း လိုချင်တယ်၊ ထပ်လာတယ်။ ၁၇၅ ပုဒ် ရောက်လာ တယ်။ စိတ်ကြိုက် ပေါက်သီချင်း မရပြန်ဘူး။ ဂီတလောကမှာ တကယ့်ပညာရှင် တွေဖြစ်ကြတဲ့ လေးဖြူတို့၊ အငဲတို့ ၊ဇော်ဝင်းထွဋ် တို့ကို ခေါ်ပြီးတော့ ရေးကြ ပါလို့ တောင်းဆိုတော့ ဂီတပညာရှင် အသိုင်းအဝိုင်းက အဆိုရှင်တွေကလည်း သီချင်းတွေ ဆက်ပေး ပါတယ်။

ဒါပေမဲ့ ပေါက် သီချင်း ပုံစံကို မရပြန်ဘူး။ သီချင်းပုဒ်ရေ ၃ဝ၇ ပုဒ် ရထားတယ်။ EC ကော်မတီက ၃ဝ၇ ပုဒ်ကို ၃၁ ပုဒ်ရွေးတယ်။ ပြီးတော့ ဂီတအစည်းအရုံး ကို ရွေးပေး ဖို့ ပေးလိုက် တဲ့အခါမှာ ၁ဝ ပုဒ်ထွက် လာတယ်။ ၁ဝပုဒ်ကို တိုင်းနဲ့ ပြည်နယ်တွေ ဆီကို မဲ စောင်ရေ တစ်သောင်း ဖြန့်လိုက်တယ်။ မဲပေး စနစ်မှာ စီဒီ နဲ့ သီချင်း ၁ဝပုဒ်ကို နား ထောင် ခိုင်းပြီးတော့ စိတ်ကြိုက် ရွေးခိုင်းတယ်။ ပြီးတော့ စီဒီကို ပြန်လာပေးရင် ဇီးကွက်ရုပ် သော့ချိတ်ပေးမယ်။ တစ်ခါတည်း ဘယ်သူရမှာလဲ ဆိုတဲ့ အဖြေ လွှာခန့်မှန်းခိုင်း ပြီး တော့ မဲနှိပ် စနစ်နဲ့ အဖြေ လွှာမှန်တဲ့ သူကို ဆုငွေ ၁ဝ သိန်းပေးမယ် ဆိုပြီး လုပ်လိုက်တယ်။ အခု မျှော်လင့်တာထက် မဲစောင်ရေ တစ် သောင်းမလောက်လို့ ထပ် ရိုက်ပြီး ပို့ရတဲ့ အဆင့် ကိုရောက်လာတယ်။ အခု မဲတွေပြန်ရောက် နေလို့ စိစစ်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။ 

စီဒီ သီချင်း ၁ဝပုဒ်ကို ဗီစီဒီ အဖြစ် ရိုက်ကူးပြီး ပြည် သူတွေ ကြား ဖြန့်ဦးမှာလား၊ ဆုကိုရော ဘယ်နေ့ကြေညာမှာလဲ လို့ မေးကြည့်တော့..

“သီချင်း ၁ဝပုဒ် ကို ဗီစီဒီ ရိုက်ပြီးရင် တရုတ် ကိုပို့မယ်။ ယိုးဒယားကတော့ ကုန်ကျ စရိတ်များ တဲ့ အတွက် ပြန်ရောင်းရင် အခက်အခဲ ဖြစ်မှာ စိုးရိမ် တာနဲ့ တရုတ်ပြည် မှာ လုပ်ပြီး အဲဒီ ဗီစီဒီ သီချင်း ၁ဝပုဒ်ကို ပြည်သူ ကြားရောက်အောင် လုပ်မယ်။ ကွာလတီ ကောင်းကောင်း နဲ့လုပ် ပြီးရင် မီးပွိုင့်၊ လမ်းတွေမှာ ၅ဝဝကျပ် နဲ့ ရအောင် လုပ်ပေးမယ်။ ပြီးတော့ ပထမဆု၊ ဒုတိယ၊ တတိယ ဆု အသီးသီးကို ဆီးဂိမ်း ကျင်းပဖို့ ရက်တစ်ရာ အလိုပြည့် တဲ့နေ့မှာ ကြေညာမှာပါ” လို့ တာဝန်ရှိသူ Lခွန်းရီ က ပြော ပြခဲ့ပါတယ်။

Popular Journal


RangonNewsDaily:: September 11, 2013

၂ဝ၁၃ ခုနှစ် မြန်မာပြည်တွင် ပြုလုပ်မည့် ဆီးဂိမ်း ပြိုင်ပွဲကို အားကစား သမား နဲ့ မိဘ ပြည်သူ တစ်ရပ်လုံးက စိတ်ဝင်တစား ရှိကြသလို အနုပညာ ရှင် များကလည်း မိမိတို့ တတ်စွမ်း တဲ့ အနုပညာ နဲ့ ကျရာ ကဏ္ဍမှာ ဆီး
ဂိမ်း လှုံ့ ဆော်မှုများကို အင်တိုက် အားတိုက် ပါဝင်ခဲ့ပါ တယ်။

မလေးရှားရှိ မြန်မာသံရုံးနှင့်ဝေးရာသို့ အမျိုးသမီးလုပ်သား စေလွှတ်မှု ရပ်ဆိုင်းမည်

RangonNewsDaily:: September 11, 2013

မလေးရှားနိုင်ငံတွင် မြန်မာအမျိုးသမီးများ မုဒိမ်းကျင့် အကြမ်းဖက်ခံရမှုကြောင့် မြန်မာသံရုံးနှင့် အလှမ်းဝေး

သည့် နေရာများကို အမျိုးသမီးအလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြား
ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမျိုးအောင်ကမလေးရှားနိုင်ငံရောက် မြန်မာလူမှု အဖွဲ့အစည်းများနှင့် စက်
တင်ဘာလ ၉ ရက် နေ့က တွေ့ဆုံစဉ် ပြောကြားသည်။

စက်ရုံမီထိုးလုပ်သားတစ်ဦး ဘွိုင်လာအိုးပိ၍ သေဆုံး

RangonNewsDaily:: September 11, 2013

မြောက်ဥက္ကလာပမြို့နယ် ၊ ရွှေပေါက္ကံစက်မှုဇုန်ရှိ ဂျယ်လီစက်ရုံတစ်ခုတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက် ၉နာရီခန့်တွင် လူတစ်ဦး ရေနွေးဘွိုင် လာအိုးပိ၍ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲဌာချုပ်မှ
သိရသည်။

Miss Grand International ယှဉ်ပြိုင်မည့် ထားထက်ထက် နှင့်တွေ့ဆုံခြင်း

Photo: Miss Grand International ယှဉ်ပြိုင်မည့် ထားထက်ထက် နှင့်တွေ့ဆုံခြင်း
Wednesday, September 11, 2013

ရတနာမေးမြန်းသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲအား နိုဝင် ဘာ ၃ရက်မှစတင်ပြီးကျင်းပမည်ဖြစ်ရာ ၁၉ရက်တွင် ဖိုင်နယ်ပွဲအပြီးပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ Miss Supranational Myanmar အော်ဂနိုက်ဇေးရှင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ထားထက်ထက်က မြန်မာတူရိယာစောင်းနှင့်အတူ ကျွမ်းဘားအားဆက်စပ်ပြီး ယှဉ်ပြိုင်ဖျော်ဖြေမည် နှင့်ပတ်သက်၍ အခုလိုသွားရောက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ညီမက ဘယ်တော့ပြိုင်ပွဲဝင်ပြိုင်မှာလဲ။ဖြေ - ညီမက နိုဝင်ဘာ ၃ ရက် အရောက်သွားရမှာ။ နိုဝင်ဘာ ၁၉ရက်မှာ ပွဲလုပ်မယ်။ အခု ညီမရှေ့က နန်းခင်တို့ ခင်ဝင့်ဝါတို့ပြိုင်တုန်းက မြန်မာပရိသတ်တွေက ဠသအန ပေးပြီး အားပေးကြ တယ်။ ညီမအလှည့်ကျရင်လည်း သူတို့ထက်ပိုပြီးတော့ အားပေးဖို့မျှော်လင့်ပါတယ်။ ပရိသတ်က လည်း ညီမကို အများကြီးမျှော်လင့်သလို ညီမကလည်း ပရိသတ်ကိုအများကြီး မျှော်လင့်ပါတယ်ရှင့်။

မေး - ဘယ်မော်ဒယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလဲ။
ဖြေ - ၂၀၁၂ခုနှစ် မစ္စမြန်မာပြိုင်ပွဲကနေစတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၂ခုနှစ် ပြိုင်ပွဲပြီးကတည်းက အင်တာနေရှင်နယ်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ စပြီးတော့လေ့လာတယ်။ အင်တာ နက်ကနေလည်း လေ့လာတယ်။ နောက်ဆုံး Miss Grand အင်တာနေရှင်နယ်အဖြစ် နိုင်ငံကိုယ် စားပြုရွေးချယ်တဲ့အချိန်မှာ အစအဆုံး ခန္ဓာကိုယ်ကအစ ထရိန်နင်ဝင်ရပါတယ်။ အဲဒီပြိုင်ပွဲအတွက် အသေးစိတ်ကအစ အကုန်ပြင်ဆင်နေပါတယ်။

မေး - အခုလို အင်တာနေရှင်နယ်ပြိုင်ပွဲကိုသွားပြိုင်မှာဆိုတော့ ညီမအတွက် ဘယ်လိုမျိုးအတွေ့ အကြုံတွေကို ယူလာမလဲ။
ဖြေ - အတွေ့အကြုံကတော့ တခြားနိုင်ငံမှာ သွားပြိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှု ဖလှယ် တာမျိုးပေါ့။ သူတို့ရဲ့ အသိပညာ၊ ဗဟုသုတ၊ သူတို့ရဲ့ယဉ်ကျေးမှုတွေကို ကိုယ်က အတုယူမယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကို သူတို့ကိုထုတ်ပြမယ်။ ကိုယ့်အတွက် အခွင့်အရေးလည်းရမယ်။ မြန်မာ နိုင်ငံအတွက်လည်း အတွေ့အကြုံရမယ်။ ပြီးတော့ ညီမအတွက်လည်း အတွေ့အကြုံ အများကြီးရမယ် လို့ထင်ပါတယ်။

မေး - အဲဒီပြိုင်ပွဲကနေ ကိုယ့်နိုင်ငံရဲ့ယဉ်ကျေးမှုကိုရော ဘယ်လိုဖော်ထုတ်သွားမလဲ။
ဖြေ - မြန်မာဝတ်စုံကိုတော့ လူတိုင်းသိပ်မသိသေးတော့ မြန်မာဝတ်စုံကို ဘယ်နေရာသွားသွား ကိုယ့်ရဲ့ ယဉ်ကျေးမှုဖြစ်အောင်ပြမယ်။ Talent ရှိုးကျရင် တူရိယာဖြစ်တဲ့မြန်မာ့စောင်းကို တစ်ကမ္ဘာလုံးသိ အောင်လို့ စောင်းတီးပြဖို့ရှိပါတယ်။

မေး - စောင်းနဲ့ ကျွမ်းဘားကို ပါဝင်ပြီးယှဉ်ပြိုင်ဖြစ်ပုံနဲ့ပတ်သက်ပြီးတော့ရော ပြောပြပေးပါဦး။
ဖြေ - မြန်မာ့တူရိယာတစ်မျိုးဖြစ်တဲ့စောင်းက တခြားနိုင်ငံတွေမှာမရှိဘူးလေ။ အဲဒါကို တီးပြ ချင်တာ။ နောက်တစ်ခု စောင်းတင်မဟုတ်ဘဲ ကျွမ်းဘားကိုလည်း ထည့်ပြီးယှဉ်ပြိုင်မှာ ညီမက မြန်မာ့လက်ရွေးစင်ကျွမ်းဘားမယ်တစ်ဦးဖြစ်တဲ့အပြင် အဲဒါကိုနှစ်ခုတွဲပြီးတော့ အထူးတလည်အ ဆန်းဖြစ်အောင် လုပ်ပြချင်တာ။ အဲဒါကြောင့် နှစ်ခုတွဲပြီးလုပ်ဖို့ကို စဉ်းစားဖြစ်ခဲ့တာပါ။

မေး - Miss Grand International ပြိုင်ပွဲအတွက် အခု ညီမဘယ်လိုကြိုတင်ပြင်ဆင်မှုတွေလုပ် နေပြီလဲ။
ဖြေ - ညီမစောင်းသင်တာ တစ်နှစ်လောက်တော့ရှိပါပြီ။ အဓိက မြန်မာသီချင်းလည်း တီးတယ်။ နိုင်ငံခြားသီချင်းကိုလည်း မြန်မာ့တူရိယာစောင်းနဲ့တီးလို့ရတယ်ဆိုတာကို သူတို့ကို ပြသချင်တယ်ပေါ့ နော်။ အခုလည်း အဲဒီပြိုင်ပွဲအတွက်ကို အိမ်မှာ ဆရာမခေါ်ပြီး သေချာတော့ လေ့ကျင့်နေပါတယ်ရှင့်။

မေး - စောင်းသင်တယ်ဆိုတာက ပြိုင်ပွဲအတွက် သီးသန့်လား။ ဒါမှမဟုတ် ဝါသနာပါတာလား။
ဖြေ - အရင်ကတည်းက သင်ဖို့စိတ်ကူးရှိပါတယ်ရှင်။ ငယ်ငယ်ကတည်းက သင်ချင်ပါတယ်။ ဒါပေမဲ့ အချိန်လည်းမပေးနိုင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် မသင်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုနောက် ပိုင်းမှာ စောင်းတီးတာကို သေချာလုပ်ဖြစ်နေပါတယ်။

မေး - အခု ခင်ဝင့်ဝါပြန်လာပြီး ဆုတွေရယူလာတဲ့အပေါ် ညီမရဲ့ခံစားချက်လေးပြောပြပေးပါဦး။
ဖြေ - ညီမတို့ သူသွားတုန်းက ဆုအများကြီးမမှန်းခဲ့ဘူးပေါ့နော်။ ပြန်လာတဲ့အခါကျတော့ ဆု တွေအများကြီးယူပြီးပြန်လာတဲ့အခါ မမျှော်လင့်ထားဘဲ အများကြီးရလာတော့ သူ့အတွက် ဂုဏ်ယူ မိတယ်။ ညီမတို့လည်း မထင်မှတ်ဘဲဆိုတော့ သိပ်ဝမ်းသာပါတယ်။

မေး - မြန်မာနိုင်ငံကပရိသတ်တွေ ညီမကို ဘယ်လိုမျိုးအားပေးစေချင်လဲ။
ဖြေ - အခု ညီမပြိုင်မယ့် Grand International ပြိုင်ပွဲမှာလည်း ပေါ်ပြူလာဘုတ်ဖြစ်တဲ့ People Choice Award ဆိုတာ ပါပါတယ်။ အဲဒီဆုအတွက် ညီမကို ပြည်သူပြည်သားတွေက အား တက်သရောနဲ့ အားပေးမယ်ဆိုရင် အဲဒီဆုကတော့ ရနိုင်ပါတယ်။ တခြားဆုကိုတော့ ညီမအရည် အချင်းနဲ့ရအောင်လို့ အစွမ်းကုန်ကြိုးစားသွားမှာပါ။ အသေးစိတ်ကအစ ပြင်ဆင်နေပါတယ်။

မေး - ရှေ့ဆက်ပြီးတော့ရော ဘာတွေလုပ်ဖို့အစီအစဉ်ရှိလဲ။
ဖြေ - မြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်အောင် ကြိုးစားမယ်။ ပြန်လာရင် ဥပမာ-မြန်မာနိုင်ငံက လိုအပ်တဲ့နေရာတွေမှာ ကိုယ်တတ်နိုင်သလောက်လုပ်ပေးသွားဖို့ရှိပါတယ်ရှင့်။

မေး - ညီမအတွက် လိုအပ်မယ့်စကားတစ်ခွန်းကို ပရိသတ်သိအောင်ပြောပြပေးပါဦး။
ဖြေ - ညီမရှေ့မှာ တခြားနှစ်ယောက်ကိုလည်း အားပေးခဲ့ကြသလို ညီမကိုလည်း အားပေးဖို့မျှော် လင့်ပါတယ်။ ညီမကို တချို့ပရိသတ်တွေသိပ်မျှော်လင့်ထားသလို ညီမလည်းဆုရရှိဖို့ မျှော်လင့်ပါတယ်။

Yangon Media Group

RangonNewsDaily:: September 11, 2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် Miss Grand International ပြိုင်ပွဲအား နိုဝင် ဘာ ၃ရက်မှစတင်ပြီး
ကျင်းပမည်ဖြစ်ရာ ၁၉ရက်တွင် ဖိုင်နယ်ပွဲအပြီးပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲ တွင် မြန်မာနိုင်ငံမှ Miss Supran
ational Myanmar အော်ဂနိုက်ဇေးရှင်းမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ထားထက်ထက်က မြန်မာတူရိယာစောင်းနှ
င့်အတူ ကျွမ်းဘားအားဆက်စပ်ပြီး ယှဉ်ပြိုင်ဖျော်ဖြေမည် နှင့်ပတ်သက်၍ အခုလိုသွားရောက်ပြီး မေးမြန်းဖြစ်
ခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ပြတိုက် ဖွင့်မည်

RangonNewsDaily:: September 11, 2013

ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု၏ သမိုင်းကြောင်းကို လေ့လာ ကြည့်ရှုနိုင်ရန် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ပြတိုက်ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်း သား ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဌေးကြွယ် က The Voice သို့ပြောကြားသည်။

အာရှ-ပစိဖိတ်နိုင်ငံအချို့၌ အမျိုးသား ၄ ဦးတွင် ၁ ဦးက လိင်ပိုင်းဆိုင်ရာစော် ကားခဲ့ဖူး

RangonNewsDaily:: September 11, 2013

ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကမ္ဘာဒီးယား၊ အင်ဒိုနီးရှား၊ ပါပူအာ နယူးဂီနီနှင့် သီရိလင်္ကာ နိုင်ငံများတွင် အမျိုးသား (၁၀၀၀၀)မျှကို ဖြန့် ကျက် မေးမြန်းသော အင်တာဗျူးတွင် (၂၄) ရာခိုင်နှုန်းက မိမိတို့သည် ဘဝတွင် အမျိုးသမီး တစ်ဦးကို အနိုင်အထက် ပြုကျင့်ဖူးကြောင်း ဖွင့်ဟ ပြောကြားခဲ့သည်။

“စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သတင်းများရေးသားနည်းသင်တန်းစတင်”

Photo: “စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သတင်းများရေးသားနည်းသင်တန်းစတင်”
 Wednesday, September 11, 2013

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) မှပံ့ပိုးကူညီ၍ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund /IMF)၀ါရင့်နည်းပြများလာရောက်သင်ကြားမည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာသတင်းများရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲခန့်ကစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ရန်ကုန်မြို့ UMFCCI အသင်းရုံး ၄ လွှာရှိခန်းမတွင် စက်တင်ဘာ(၁၁)ရက်မှ (၁၃)ရက်အထိ သုံးရက်ကြာသင်ကြားမည်ဖြစ်ပြီး မြန်မာစကားပြန်နှစ်ဦးက ကူညီပေးကြောင်းသိရသည်။

ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၀ါရင့်နည်းပြများလာရောက်သင်ကြားသည့် သင်တန်းသို့ ပုဂ္ဂလိကသတင်းစာနှင့်ဂျာနယ် ၁၈ ခုမှ အယ်ဒီတာများ၊ သတင်းထောက်များတက်ရောက်ကြကြောင်းသိရသည်။

Popular Myanmar News Journal

RangonNewsDaily:: September 11, 2013

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) မှပံ့ပိုးကူညီ၍ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(International Monetary Fund /IMF)၀ါရင့်နည်းပြများလာရောက်သင်ကြားမည့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာသတင်းများရေးသား
နည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲခန့်ကစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။