Pages

Thursday, September 5, 2013

နည်းပြအပေါ်ယုံကြည်မှုရှိလို့ အာဆင်နယ်ကို ရွေးချယ်ခဲ့တာပါဆိုတဲ့ အိုဇေးလ်

Photo: နည်းပြအပေါ်ယုံကြည်မှုရှိလို့ အာဆင်နယ်ကို ရွေးချယ်ခဲ့တာပါဆိုတဲ့ အိုဇေးလ်
Thursday, September 5, 2013

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်ကျမှ ရီးယဲလ် ကနေ ပြောင်းရွှေ့လာတဲ့ အိုဇေးလ်ဟာ နာမည်ကြီးကစားသမား မခေါ်ယူလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပါ ပြောင်းရွှေ့လာတာမို့ သူဘာကြောင့် အာဆင်နယ်ကို ရွေးချယ်ခဲ့သလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်စားနေကြမှာပါ။ ဒါကြောင့် အာဆင်နယ်ကစားသမားသစ် အိုဇေးလ်ကို ဂျာမနီလက်ရွေးစင်အသင်းဝက်ဘ်ဆိုဒ်က အာဆင်နယ်ကို ပြောင်းရွှေ့လာတဲ့ သူ့ရဲ့ရွေးချယ်မှုနဲ့ပတ်သက်လို့ အခုလိုမေးမြန်းထားခဲ့ပါတယ်။
---------------------------------------------------------------------------
ပြီးခဲ့တဲ့အပတ်တုန်းကတော့ ရီးယဲလ်မှာပဲ ဆက်နေမယ်လို့ ခင်ဗျားပြောခဲ့တယ်နော်။ ဒါပေမဲ့ ဘာကြောင့် ချက်ချင်းကြီး ဆုံးဖြတ်ချက်ပြင်လိုက်တာလဲ။

ဟုတ်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကတော့ ကျွန်တော် ရီးယဲလ်မှာပဲ ဆက်ရှိနေမယ်လို့ အခိုင်အမာဆိုခဲ့ ပါတယ်။ ဒါပေမဲ့ နည်းပြဆီက ကျွန်တော့်ကို ယုံကြည်မှုမရှိဘူးဆိုတာ ကျွန်တော် နားလည်လာပါတယ်။ ကျွန်တော်က ကျွန်တော့်ကို ယုံကြည်မှုရှိတာကိုပဲ လိုချင်တဲ့ကစားသမားမျိုးပါ။ ကျွန်တော့်အရည်အချင်း ကို သံသယရှိနေတဲ့ နည်းပြလက်အောက်မှာ မနေချင်တော့တာကြောင့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့တာပါ။

ခင်ဗျား အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

ပထမဆုံး ကျွန်တော် တကယ်စိတ်ထဲမှာ ခံစားရတာက နည်းပြဟာ ကျွန်တော့်အပေါ်မှာ ယုံကြည်မှုရှိ တယ်ဆိုတာပါပဲ။ ဒီကိုမပြောင်းရွှေ့ခင်မှာသူ (အာစင်ဝင်းဂါး)နဲ့ ကျွန်တော်ဖုန်းထဲမှာ စကားတွေပြောဖြစ် ပါတယ်။ သူက ရှေ့ဆက်မယ့် သူ့ရဲ့အစီအစဉ်တွေကို ရှင်းပြပါတယ်။ သူက ကျွန်တော့်အပေါ် ယုံကြည်မှု ရှိတယ်လို့ ပြောခဲ့ပြီး ကစားသမားတစ်ယောက်အနေနဲ့ လိုချင်တာကလည်း နည်းပြရဲ့ယုံကြည်မှုကိုပါပဲ။ ပြီးတော့ ကျွန်တော့်လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ပိုဒေါစကီးနဲ့ မာတီဆက်ကာတို့နဲ့လည်း အတူတူ ကစားခွင့်ရမယ်လေ။ ကျွန်တော် အာဆင်နယ်မှာ စိန်ခေါ်မှု အသစ်တွေရင်ဆိုင်ဖို့ ပြင်ဆင်ထားပါတယ်။ 
ဒီအသင်းမှာ အရမ်းကောင်းမွန်တဲ့ ပရိသတ်တွေရှိတယ်ဆိုတာ ကျွန်တော်ကြားပြီးပါပြီ။ အသင်းတည်ရှိတဲ့ လန်ဒန်မြို့ကလည်း နေချင်စရာကောင်းပြီး အသင်းရဲ့ စုဖွဲ့မှုကလည်း အရမ်းကောင်းတယ်ဆိုတာ ကျွန် တော်သိပါတယ်။ ဒီအတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါပြီ။
အာစင်ဝင်းဂါးက ဂျာမန်လိုကောင်းကောင်း ပြောတတ်တာကရော 

ခင်ဗျားအတွက် အကူအညီ ဖြစ်မလား။

ဒါပေါ့ဗျ၊ သူတင်မကဘဲ အဲဒီမှာရှိနေ ပြီးသား ကျွန်တော့်ရဲ့ လက်ရွေးစင်ကစားသမားအသင်းဖော်တွေ ဆီကလည်း ကျွန်တော့်အတွက် အကူအညီတွေရမှာပါ။ စိန်ခေါ်မှုအသစ်တွေကို ကျွန်တော် စောင့်နေရုံပဲလေ။

ဒီဆုံးဖြတ်ချက်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့အတွက်နဲ့ရော ပတ်သက်နေမလား။

ဟုတ်ပါတယ်။ ကျွန်တော် ဒီ့ထက်တိုးတက်လာဖို့ အာစင်ဝင်းဂါးက ကူညီနိုင်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ ကျွန်တော်အပြည့်အ၀ ကြံ့ခိုင်နေချင်ပါတယ်။ ကျွန်တော် ဘာလုပ်နိုင်သလဲဆိုတာ ကျွန်တော်သိနေသလို ဖြစ်လာမယ့်
အကြောင်းအရာတွေကိုလည်း တွေးထားပြီးသားပါ။ ဘယ်အသင်းမှာပဲဖြစ်ဖြစ် ကျွန်တော့်ကိုယ်ကျွန်တော် အကောင်းဆုံး တည်ဆောက်နိုင်ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်စွမ်းရည်ကို ကျွန်တော် ယုံကြည်ပါတယ်။ အာဆင်နယ်ကို ရွေးချယ်ခဲ့တာဟာ မှန်ကန်တဲ့ရွေးချယ်မှုလို့ ကျွန်တော်ခံစားရပါတယ်။ နည်းပြသစ်ရဲ့လက်အောက်မှာ ကျွန်တော် ပိုတိုးတက်လာမယ်လို့ ယုံကြည်နေသလို ပရီးမီးယားလိဂ်မှာလည်း အကောင်းဆုံးကစားနိုင် လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူ့အပေါ် ကျွန်တော်ယုံကြည်မှုရှိသလို ကျွန်တော်လည်း ဒီ့ထက် ပို တိုးတက်လာဦးမှာပါ။

အောင်သုတ
မဇ္ဈိမ


RangonNewsDaily:: September 5, 2013

ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်ကျမှ ရီးယဲလ် ကနေ ပြောင်းရွှေ့လာတဲ့ အိုဇေးလ်ဟာ နာ
မည်ကြီးကစားသမားမခေါ်ယူလို့အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးအပေါ် မကျေမနပ်ဖြစ်နေကြတဲ့ ပရိသတ်
တွေအတွက် အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

ဖယ်လိုင်နီကို ယူနိုက်တက် ခေါ်ယူခဲ့မှုအား အူစိန်ဘော့တ် ကြိုဆို

Photo: ဖယ်လိုင်နီကို ယူနိုက်တက် ခေါ်ယူခဲ့မှုအား အူစိန်ဘော့တ် ကြိုဆို 
Thursday, September 5, 2013

အင်္ဂလန် ချန်ပီယံ အသင်း၏ အမာခံ ပရိသတ် တစ်ဦးလည်းဖြစ်သည့် ကမ္ဘာ့ချန်ပီယံ တာတိုအပြေးသမားသည် ဖယ်လိုင်နီ၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဂျာစီကို ကိုင်မြှောက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ 
မန်ချက်စတာ ယူနိုက်တက် အသင်းက မော်ရို ဖယ်လိုင်နီ ကို ခေါ် ယူခဲ့မှုကို ထောက်ခံ ကြိုဆိုကြောင်း အူစိန်ဘော့တ်က ပြသလိုက်သည်။ 

အင်္ဂလန် ချန်ပီယံ အသင်း၏ အမာခံ ပရိသတ် တစ်ဦးလည်းဖြစ်သည့် ကမ္ဘာ့ချန်ပီယံ တာတိုအပြေးသမားသည် ဖယ်လိုင်နီ၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဂျာစီကို ကိုင်မြှောက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ကြောင်း သိရသည်။ မီတာ(၁၀၀)နှင့် မီတာ(၂၀၀) ကမ္ဘာ့အပြေးချန်ပီယံသည် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ ရောက်ရှိနေစဉ် ယခုကဲ့သို့ ဖယ်လိုင်နီ ဂျာစီကို ကိုင်ဆောင်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် မကြာသေးမီက ယူနိုက်တက် အနေဖြင့် ကွင်းလယ် ကစားသမား တစ်ဦး ဝယ်ယူသင့်ကြောင်း အသင်းမန်နေဂျာ ဒေးဗစ်မိုယက်စ်ကို တောင်းဆို တိုက်တွန်းခဲ့ဖူးသည်။

"မိုယက်စ်ရေ။ ကျွန်တော်တို့တော့ ဖန်တီးမှု စွမ်းရည် မြင့်မားတဲ့ ကွင်းလယ်လူ တစ်ယောက် လိုနေပြီ။ ဘောလုံးကို အကောင်းဆုံး ဖြန့်ဝေပြီး အခွင့်အရေးတွေ ဖန်တီးပေးတတ်သူမျိုးပေါ့။ ခုကို လိုနေတာ။ ပွဲတွေကို ပိုထိန်းချုပ်နိုင်ဖို့က အရေးတကြီး လိုနေပါပြီ"ဟု MUTVနှင့် အင်တာ ဗျူးတွင် ဘော့တ်က ပြောကြားခဲ့သည်။ ၎င်းသည် လတ်တလောတွင် ပြိုင်ပွဲကြီးများနှင့် အတန်ငယ် ကင်းကွာနေပြီး (၂၀၁၆)ခုနှစ် ရီယိုဒီဂျနေရို အိုလံပစ်တွင် ပါဝင်ယှဉ်ပြိုင်ရန် တိတိကျကျ မဆုံးဖြတ်သေးကြောင်းလည်း သိရသည်။ "ကျွန်တော် ပုံစံကောင်း ရနေရင်တော့ အဲဒီပြိုင်ပွဲမှာ သွားပြိုင် မှာပါ။ ဒါပေမဲ့ အားကစားလောကမှာ အချိန်တော်တော်ကြာကြာ လွှမ်းမိုးပြီး တဲ့နောက် အအောင်မြင်ဆုံး ကာလမှာ အနားယူလိုက်တာမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"ဟု ဘော့တ်က မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

RangonNewsDaily:: September 5, 2013

အင်္ဂလန် ချန်ပီယံ အသင်း၏ အမာခံ ပရိသတ် တစ်ဦးလည်းဖြစ်သည့် ကမ္ဘာ့ချန်ပီယံ တာတိုအပြေးသမား
သည် ဖယ်လိုင်နီ၏ ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းဂျာစီကို ကိုင်မြှောက်ကာ ဓာတ်ပုံ အရိုက်ခံခဲ့ မန်ချက်
စတာ ယူနိုက်တက် အသင်းက မော်ရို ဖယ်လိုင်နီ ကို ခေါ် ယူခဲ့မှုကို ထောက်ခံ ကြိုဆိုကြောင်း အူစိန်ဘော့
တ်က ပြသလိုက်သည်။

Samsung က မိတ်ဆက်လိုက်သည့် Galaxy Gear နှင့် Galaxy Note 3

Photo

RangonNewsDaily:: September 5, 2013
Samsung ကုမ္ပဏီသည် ၎င်းတို့၏ မဟာဗျူဟာမြောက် ထုတ်ကုန်များအဖြစ် Galaxy Gear စမတ် လက်ပတ်နာရီနှင့် Galaxy Note 3 စမတ်ဖုန်းတို့ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် ကျင်းပသည့် IFA ကွန်ဖရင့်တွင် Samusung၏ ကာလရှည်ကြာ သတင်းကြီးနေသည့် စမတ် လက်ပတ်နာရီ Galaxy Gearကို ပထမဆုံးအကြိမ် ပြသခဲ့သည်။

စက်တင်ဘာမှာ ထွက်မယ့် ယုန်လေးရဲ့ လူဆိုးကြီးများနေ့ အခွေ

Photo: စက်တင်ဘာမှာ ထွက်မယ့် ယုန်လေးရဲ့ လူဆိုးကြီးများနေ့ အခွေ
Thursday, September 5, 2013

ယုန်လေးက လူဆိုးကြီး များနဲ့ အတူ သီဆို ထားတဲ့ သူ့ရဲ့ စီးရီးသစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ရှိတော့ မှာဖြစ်ပါတယ်။ လူဆိုး ကြီးတွေ ပါဝင်ကြမယ့် ယုန်လေးရဲ့ အခွေသစ် လူဆိုးကြီး များနေ့ အ ကြောင်းကို ယုန်လေး ပြောပြတာက “ကိုယ်တိုင်လည်း လူဆိုး ဆိုတဲ့ ဝေါ ဟာရကို ကြိုက်လို့ပါ။ ကလေးလေး တွေ ဆိုးရင် လူဆိုးလေး လို့ ပြော ကြတယ်။ လူဆိုး ဆိုတဲ့ ဝေါဟာရက အထာကျတယ် ခံစားမိလို့ပါ။ သူတို့ တွေကလည်း လူဆိုးတွေ များတယ်။ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ Snare၊ လွှမ်းပိုင် ၊ စေတန်၊ ဒိုဒိုး စသဖြင့် လူဆိုး တွေများတယ်။ ပြီးတော့ အကြီး ပိုင်းထဲက ဆိုရင် ဦးဘိုဘိုဟန် တို့ ဦးစိန်ဝင်းထွန်း တို့လည်း ပါမယ်”လို့ ဆိုသူ ယုန်လေး က ဒီအခွေမှာတော့ ပုံစံ တွေလည်း ပြောင်းသွားမယ် လို့ ပြော ပါတယ်။

“အရင်တုန်းက အားနည်း ချက်တွေ ရှိတယ်။ ကျန်းမာရေး မဆင်ခြင်တော့ အသံပိုင်း ဆိုင်ရာမှာ ချို့ယွင်းချက်တွေ ရှိတယ်။ အခုတော့ အသံ အနေ အထားတွေက အစ ဆို ပေါက်တွေ ပြောင်းမယ်။ သံစဉ်တွေ စာသားတွေ လည်း ပြောင်းမယ်။ လူ ကြီး ဆန်သွားပြီ ပြောရမှာပေါ့။ အရင်လို သတ်မယ်၊ ပုတ်မယ် သီချင်း မျိုးပါလား ဆိုတော့ အဲဒီလိုတော့ မပါ ဘူး။ ဒါပေမဲ့ ဒဲ့ဒိုးတွေ များတော့ နည်းနည်း ရိုင်းသလို ဖြစ်တာမျိုးတွေ ရှိမှာပေါ့။ သူများ ကို battle လုပ်တာ မျိုးတွေလည်း မပါပါဘူး။

တည့်ရေးထား တာ မျိုးလေးတွေ ပဲ ပါတယ်။ အချစ် အကြောင်း သီချင်းတွေ မှာ ကျတော့ တော်တော် လေးနက်သွားပြီ။ အဲဒီ အတွက် နည်းနည်း ပေါ့ပေါ့ ပါးပါး ဖြစ်မယ့် ၂ပုဒ်လောက် ထပ်ထည့် ထားတယ်။ လေးနက်တယ် ဆိုတာ က ကျွန်တော်တို့ အသက်အရွယ် အပိုင်း အခြားမှာ ချစ်ဖူးတဲ့ ပုံစံမျိုးပေါ့။ ၂၆၊ ၂၇၊၂၈ အဲဒီ အရွယ်မှာ အဲ့ဒီအရွယ် လို ချစ်ဖူး တာမျိုး။ အဲ့ဒါမျိုးတွေ ပါတယ်။ အဲ့ဒါက ဆယ်ကျော်သက် အရွယ် ရဲ့ ခံစားမှု နဲ့ တူမှာ မဟုတ်ပါ ဘူး။
အဲ့ဒီအခါ ကျွန်တော်တို့ ရေးတဲ့ အချစ်မျိုး က ဆယ်ကျော် သက် တွေနဲ့ မတိုက်ဆိုင်မှာ စိုးတဲ့ အတွက် အဲ့ဒီလို အပျော် အချစ် သီချင်းလေးတွေ လည်း ထပ်ထည့်ထားတယ်။ ကလေးစာသားတွေ မဆိုချင်တော့ဘူး ဆိုတာ က ကျွန်တော်တို့ လည်း ဒီလောက ထဲမှာ နေတာ ကြာပြီ လူကြီး လည်း ဖြစ်လာတော့ ပရိသတ်က ခွင့်လွှတ် မှာ မဟုတ်ဘူး။ အဲ့ဒီအတွက် အများကြီး ပြင်ဆင်ရတယ်။ အား လည်း ရပါ တယ်” လို့ ယုန်လေး ကပြောပြီး သူ့ရဲ့ စီးရီးသစ် မှာတော့ ငယ်ငယ်လေး ကတည်းက သူတို့ ရက်ပါ အသိုင်း အဝိုင်းထဲမှာ နှစ်သက်ခဲ့တဲ့ ဟစ် ဟော့ပ် ပုံစံ မျိုးတွေ ပါမယ်လို့ ဆက် ပြောပါတယ်။

” MHA ကလူတွေ၊ နောက် ပြီး Acid တို့ စခဲ့တဲ့ ပုံစံ အဲဒီတုန်း ကတည်း က ကြိုက်ခဲ့တဲ့ ဟစ်ဟော့ပ် West Coast ပုံစံမျိုးတွေပဲ ပါမှာပါ” လို့ ပြောတဲ့ ယုန်လေးက သူ့ရဲ့ လူဆိုး ကြီးများ နေ့ စီးရီးထဲမှာတော့ စီဒီချပ် အပြင် ရိုက်ပြီးသား အမ်တီဗီသုံး ပုဒ်ကို ဒီဗီဒီ အနေနဲ့ Bonus ထည့် ပေးသွား မှာ ဖြစ်တယ် ဆိုတာကို လည်း ယုန်လေးက ခဏတာ တွေ့ဆုံ ခိုက်မှာ ပြောခဲ့ပါတယ်။

Popular Journal

RangonNewsDaily:: September 5, 2013

ယုန်လေးက လူဆိုးကြီး များနဲ့ အတူ သီဆို ထားတဲ့ သူ့ရဲ့ စီးရီးသစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ရှိတော့ မှာဖြစ်ပါတယ်။ လူဆိုး ကြီးတွေ ပါဝင်ကြမယ့် ယုန်လေးရဲ့ အခွေသစ် လူဆိုးကြီး များနေ့ အ ကြောင်းကို ယုန်လေး ပြောပြတာက “ကိုယ်တိုင်လည်း လူဆိုး ဆိုတဲ့ ဝေါ ဟာရကို ကြိုက်လို့ပါ။

အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ ကြား အပတ်စဉ် အသတ်ခံနေရ

Photo: အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ ကြား အပတ်စဉ် အသတ်ခံနေရ
Thursday, September 5, 2013

အာဖဂန် နစ္စတန်တွင် အစိုးရ တပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံရမှု များပြား လာနေပြီး အပတ်စဉ် တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ကြားသေဆုံး နေရသည်ဟု အမေရိကန် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။
အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အသေအပျောက်များ လာတာက မေးခွန်း ထုတ်စရာကို မလိုဘူး အချို့နေရာတွေမှာ ဆိုရင် အပတ်စဉ်တိုင်း ၅၀ နဲ့ ၁၀၀ ကြားကို အသတ်ခံ နေရတာ ဟု အာဖဂန်ရောက် အမေရိကန် တပ်ဖွဲ့ ဒုဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။ အာဖဂန်လုံခြုံရေး တပ်ဖွဲ့ဝင် အသေအပျောက် စာရင်းမှာ ဗီယက်နမ် စစ်ပွဲတွင် ကျဆုံးခဲ့ရသည့် အမေရိကန် တပ်ဖွဲဝင် အရေ အတွက်နီးပါ ရှိလာပြီဟု ၄င်းကဆိုသည်။

ဗီယက်နမ် စစ်ပွဲတွင် အမေရိကန်တပ်သား ၅ ၈၀၀၀ ခန့် ကျဆုံးခဲ့သည်။ သို့ရာတွင် အမေရိကန် ဦးဆောင်သော နေတိုး တပ်ဖွဲ့ဝင်များက အာဖ ဂန်တပ်ဖွဲ့ဝင် များအား ရဟတ်ယဉ် ၊မော်တာ နှင့် အမြောက်များကဲ့သို့သော လိုအပ်သည့် ပစ္စည်းကိရိယာများ ၊ ဆေးပစ္စည်းနှင့် ကယ်ဆယ်ရေး သင်တန်းများ ပေးခြင်းတို့ကို ပြုလုပ်ပေးပါက အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရရ် သေဆုံးမ လျော့ကျလာ လိမ့်မည်ဟု ယုံကြည်ကြောင်း ၄င်းက ပြောသည်။ 

သူတို့ဟာ မာကျောကြမ်းတမ်း ကြပါတယ် အခုလို အသေ အပျောက်များ နေပေမဲ့လည်း ဒါဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ကို ပြိုကွဲသွားစေမှာ မဟုတ်ပါဘူး ဟု ၄င်းက ဆိုသည်။ အာဖဂန် နစ္စတန်တွင် လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၇ ၀၀၀ တာဝန် ထမ်းဆောင်နေပြီး ၂၀၁၄ ခုနှစ်အကုန်တွင် တပ်ဖွဲ့ဝင် များကို အပြီးရုပ်သိမ်း သွားရန် စီစဉ်ထား သည်ဟု သိရသည်။ 

ရိုးရာလေး

RangonNewsDaily:: September 5, 2013

အာဖဂန် နစ္စတန်တွင် အစိုးရ တပ်ဖွဲ့ဝင်များ အတိုက်ခိုက်ခံရမှု များပြား လာနေပြီး အပတ်စဉ် တပ်ဖွဲ့ဝင် ၅၀ နှင့် ၁၀၀ကြားသေဆုံး နေရသည်ဟု အမေရိကန် ဒုတိယ ဗိုလ်ချုပ် မတ်က် မီလေက ပြောသည်။

ယာဉ်၏နောက်မှတွယ်စီးလိုက်ပါလာသူ ရွာအ၀င်ရှိ သတိပေးသစ်သားတန်းနှင့် တိုက်မိသဖြင့် ပြုတ်ကျသေဆုံး

RangonNewsDaily:: September 5, 2013

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၄း၃၀နာရီ အချိန် ကော့မှူးမြို့ နယ်၊ ကော့မှူး-ဒလ ကားလမ်းအတိုင်း ကော့မှူးဘက်မှ ဒလဘက်သို့ မောင်းနှင်လာတဲ့ ၅က/---- ဟိုင်းလတ်အငှားယာဉ်သည် ကျူတောချောင်ကျေးရွာ အရောက်တွင် ယာဉ်၏နောက်မှ တွယ်စီးလိုက်ပါလာသူ

မြန်မာတစ်နိုင်ငံလုံး မြို့မရဲစခန်းများ CCTV တပ်ဆင်သွားမည်

RangonNewsDaily:: September 5, 2013

မြန်မာတစ်နိုင်ငံလုံးရှိ မြို့မရဲတပ်ဖွဲ့ စခန်းများတွင် တာဝန်မှူးကြီးကြပ်ရေး နေရာနှင့် အမှုစစ်ဆေးနေရာ များ၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က CCTV ကင်မရာ များ တပ်ဆင်သွားမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး စိန်ထွန်းက The Voice သို့ပြောကြားသည်။

ကျောက်တော်ဒေသခံ ၃ ဦးကို တရားမဝင် ဆန္ဒပြမှုနဲ့ ထောင်ဒဏ်တွေ ချမှတ်

Photo: ကျောက်တော်ဒေသခံ ၃ ဦးကို တရားမဝင် ဆန္ဒပြမှုနဲ့ ထောင်ဒဏ်တွေ ချမှတ်
Thursday, September 5, 2013

ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေကို အစိုးရက လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးတဲ့ အစီအစဉ်ကို ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသူ ၄ ဦးကို ဒီနေ့ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ကျောက်တော်ဒေသခံတွေဖြစ်တဲ့ ဒေါ်လှမေ၊ ဒေါ်တင်တင်အေး၊ ဦးမောင်သိန်းလှိုင်နဲ့ ဦးမောင်ဝင်းတို့ကို တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၈ နဲ့ ချမှတ်ခဲ့တာပါ။ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစောငြိမ်းက RFA ကို အခုလို ပြောပါတယ်။

"ဒီနေ့မှာ ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးတင်တယ်၊ ရုံးတင်ပြီး တခါတည်းအမိန့်ချတယ်၊ ပုဒ်မ ၁၈ နဲ့ ၃ လ ထောင်ဒဏ်ချခဲ့တယ်ခင်ဗျ၊ ညနေ ၅ နာရီခွဲမှာ သူတို့ကို ကျောက်တော်ကနေ စစ်တွေကိုပို့တယ်"

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က မွတ်စလင်ဒုက္ခသည်တွေအတွက် အစိုးရက လုံးချင်းနေအိမ်အစီအစဉ်ကို စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ တောင်ကုတ်စတဲ့မြို့နယ်က ဒေသခံတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလို ဆန္ဒပြတာကို ဦးဆောင်ခဲ့ကြသူ ၁ဝ ဦးကျော်ကို ပုဒ်မ-၁၈ နဲ့ တရားစွဲဆိုခံပြီး ဒီနေ့ ၄ ဦးကို ထောင်ဒဏ် ၃ လစီ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

RFA

RangonNewsDaily:: September 5, 2013

ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်တွေကို အစိုးရက လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးတဲ့ အစီအစဉ်ကို ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့မတ်လ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသူ ၄ ဦးကို ဒီနေ့ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ လစီ ချမှတ်လိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း မြေအရောင်းအဝယ်ကိစ္စ တရားစွဲခံရ

RangonNewsDaily:: September 4, 2013
 
အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးတင့်ဆန်းနှင့် နှစ်ဦးကို အမှတ်(၁၀၄)၊ နန်းမြိုင်လမ်း၊ ကွက် ပြင် ၅ရပ်ကွက်၊ ပြင်ဦးလွင်ရှိ ကျပ် သိန်းခြောက်သောင်းကျော်တန် ဖိုးရှိသောအချင်းဖြစ်မြေကို မရိုး သားစွာ ဝယ်ယူမှုဖြင့် ယခုအခါ တရားစွဲဆိုထားကြောင်း အဆိုပါ အမှု၏တရားလိုဖြစ်သူ ဦးစိုးဝင်း မိုးက ရန်ကုန်တိုင်းနေ့စဉ်သတင်း စာသို့ ထုတ်ဖော်ပြောကြားလိုက် သည်။

BlackBerry ကုမ္မဏီကိုလည်း ရောင်းတော့မည်

Photo: BlackBerry ကုမ္မဏီကိုလည်း ရောင်းတော့မည်
Thursday, September 5, 2013

တကယ်ရောင်းတော့မှာပါ။ သို့ပေမယ့် ကုမ္မဏီတစ်ခုလုံးကို လုပ်ငန်း တစ်စိတ်တစ်ပိုင်းကိုပဲလား ဆိုတာတော့ သေချာ မသိသေးပါဘူး။ အများစုခန့်မှန်းချက်အရ ကတော့ Blackberry ဟာ မိုဘိုင်းဖုန်း Division ကို ရောင်းပြီး Blackberry Messaging Service လောက်ကိုပဲ BBM ကုမ္မဏီအမည်နဲ့ ဆက်လုပ်သွားနိုင်ချေ ရှိကြောင်း သိရပါတယ်။ 

Nokia ကို Microsoft အား ဝယ်ယူလိုက်ခြင်းနဲ့အတူ Blackberry ရဲ့  ရောင်းထုတ်မယ့် သတင်း ကလည်း ပြန့်နှံ့ နေပါပြီ။ Blackberrry ဘုတ်အဖွဲ့ဝင်များမှ ထွက်ရှိလာတဲ့ သတင်း ဖြစ်ပါ တယ်။ နိုဝင်ဘာလ ကို နောက်ဆုံး ထားလို့ ကုမ္မဏီကို ရောင်းချဖို့တောင် စီစဉ်ထားကြောင်း ဆိုပါတယ်။ Blackberry ဟာလည်း စမတ်ဖုန်း ဈေးကွက် မှာ နေရာတစ်ခုရဖို့အတွက် ကြိုးစားပန်းစားအားထုတ်နေတဲ့ ကုမ္မဏီတစ်ခုပါပဲ။ Apple, Samsung, HTC, Sony နဲ့ Huawei တို့ရဲ့  ကြီးစိုးမှုဒဏ်မှ လွတ်ရုန်းဖို့ မလွယ်လောက်ပါဘူး။ နည်းပညာ အသစ်များ တစ်နေ့ထက် တစ်နေ့ မရိုးနိုင်အောင် ကြိုးစားပေမယ့် Blackberry OS ဟာ လူသုံးနည်းတဲ့ မိုဘိုင်း OS တစ်ခု အဖြစ် ရှိနေပါသေးတယ်။ 

Android , iOS တို့ရဲ့  ကြီးမားတဲ့ ဈေးကွက်ကို တဖြည်းဖြည်း ယှဉ်ပြိုင် လာတာက Windows Phone OS ပါ။ Blackberry OS လည်း ပါဝင်ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစရာပါပဲ။ နှစ်မကုန်ခင် ကုမ္မဏီကို ရောင်းထုတ် ဖို့က သေချာနေပြီ ဖြစ်ပါတယ်။ Blackberry စမတ်ဖုန်း ကုမ္မဏီကိုလည်း အခြား နာမည်ကြီး နည်းပညာ ကုမ္မဏီတစ်ခုသို့သာ ရောင်းချမှာ ဖြစ် တယ်လို့လည်း ကြားသိ ရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/09/blackberry.html

RangonNewsDaily:: September 5, 2013

တကယ်ရောင်းတော့မှာပါ။ သို့ပေမယ့် ကုမ္မဏီတစ်ခုလုံးကို လုပ်ငန်း တစ်စိတ်တစ်ပိုင်းကိုပဲလား ဆိုတာ
တော့ သေချာ မသိသေးပါဘူး။ အများစုခန့်မှန်းချက်အရ ကတော့ Blackberry ဟာ မိုဘိုင်းဖုန်း Division ကို
 ရောင်းပြီး Blackberry Messaging Service လောက်ကိုပဲ BBM ကုမ္မဏီအမည်နဲ့ ဆက်လုပ်သွားနိုင်ချေ ရှိကြောင်း သိရပါတယ်။

စင်္ကာပူတွင် ရေကြီးမှုများ ဖြစ်ပေါ်

Photo: စင်္ကာပူတွင် ရေကြီးမှုများ ဖြစ်ပေါ်
 Thursday, September 5, 2013

စင်္ကာပူနိုင်ငံတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း မှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။ Commonwealth Drive နှင့် Commonwealth Avenue၊ Alexandra Road, Lorong Kismis, South Bridge လမ်းနှင့် Maxwell လမ်းဆုံ၊ Cuscaden လမ်းနှင့် Tomlinson လမ်းဆုံ၊ Ayer Rajah Expressway အမြန်လမ်းမ တစ်လျှောက်တို့တွင် ရေကြီးမှု များ ဖြစ်ပေါ်နေကြောင်း Channel NewsAsia 
သတင်းက ပြောကြားသည်။ ရေကြီးမှုကြောင့် ယာဉ်အသွားအလာ ပိတ်ဆို့ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: September 5, 2013

စင်္ကာပူနိုင်ငံတွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်း မှုကြောင့် နေရာအများအပြားတွင် ရေကြီးမှု
များ ဖြစ်ပေါ်ခဲ့သည်။ Commonwealth Drive နှင့် Commonwealth Avenue၊ Alexandra Road, Lorong Kismis, South Bridge လမ်းနှင့် Maxwell လမ်းဆုံ၊