Pages

Monday, September 2, 2013

ဖခင်မှ သားဖြစ်သူအား ခြေဖ၀ါး(၂)ဖက်ကိုဓါးဖြင့်လှီးကာ ဆားသိပ်ပြီး ဆုံးမ

RangonNewsDaily:: September 2, 2013

၃၁.၈.၂၀၁၃ရက်နေ့ ၁၈၀၀အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဒေါ်မြင့်မြင့်ဦးသည် နေအိမ်၌ ရှိနေစဉ် မြေးဖြစ်သူ မောင်ဝေယံထက်၊ (၁၁)နှစ်မှာရောက်ရှိလာပြီး ၄င်းအား၃၀.၈.၂၀၁၃ရက်နေ့ ၁၄၃၀ အချိန်ခန့်က ရပ်ကွက်အတွင်းရှိ ရေကန်တွင် ရေဆင်းကူးသဖြင့် အတူနေဖခင်အရင်းဖြစ်သူ ဦးဇော်မင်းဦးမှ ခြေဖ၀ါး(၂)ဖက်အား ဓါးဖြင့်လှီးပြီးဆားသိပ်ခဲ့ကြောင်း၊

OPS 6P အော်ပရေးရှင်းဖမ်းဆီးမှု နှင့်ပတ်သတ်ပြီး မလေးရှားရောက်မြန်မာများ သတိပြုရန်

ဓာတ်ပုံ : ယနေ့ OPS 6P အတွင်း မှန်မှန် မမှန်မှန် စစ်ဆေးခံရန် မြေကြီးပေါ်ထိုင်နေကြရသူများ
RangonNewsDaily:: September 2, 2013
ယနေ့ ဖမ်းဆီးသော အထူးစီမံချက်အား မလေးရှားအစိုးရမှ OPS 6P ဟုနာမည်ပေးထားသည် ။ မလေးရှားရောက် မြန်မာများ Facebook တွင် မေးသောမေးခွန်းများစွာအတွက် အောက်ပါ အချက်လက်များဖြင့် ရှင်းလင်းစေရန် ရေးသားဖြင်းဖြစ်သည် ။

လယ်သမားကို သေနတ်ဖြင့်ပစ်သော DKBA တပ်သားနှစ်ဦးကို ဖမ်းဆီးနိုင်ခြင်းမရှိ

RangonNewsDaily:: September 2, 2013

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကလိုင်းနိုင်း ကျေးရွာတွင် လယ်သမားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် DKBA တပ်သားနှစ်ဦးကို ၁၅ ရက်ကျော်ကြာ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ကျိုက်မရောမြို့နယ် ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးတစ်ဦးက ပြောကြားသည်။

ITPEC စာမေးပွဲ၏ Level 2 အောင်မြင်ရုံ ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်

RangonNewsDaily:: September 2, 2013

နိုင်ငံပေါင်း ခုနစ်နိုင်ငံ ပူးပေါင်းစီစဉ်သည့် စာမေးပွဲ တစ်ခုဖြစ်သော ITPEC စာမေးပွဲ၏
Level 2 အောင်မြင်ရုံ ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် ထောက်ခံချက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်းမှ စာမေးပွဲ ကျင်းပရေး ကော်မတီ၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

ခွေး ကျောင်းနေသည့် အိမ်အကူတစ်ဦး အဓမ္မပြုကျင့်ခံရ

RangonNewsDaily:: September 2, 2013

ခွေးကျောင်းနေသည့် အိမ်အကူအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံ ရသည်ဆိုသည့် အမှုတစ်ခုကို သင်္ဃန်းကျွန်း ရဲစခန်း က သြဂုတ်လ ၃၁ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ရွှေပြည်သာတံတား လုံခြုံရေးရဲကင်းတွင် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

RangonNewsDaily:: September 2, 2013

လှိုင်သာယာမြိုနယ်နှင့် ရွှေပြည်သာမြို့နယ်ကို ဆက်သွယ်ပေးထားသော ရွှေပြည်သာတံတား၏ လုံခြုံရေးရဲကင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၃ နာရီခန့်က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ကာ မိဘနေအိမ်သို့ တစ်ဦးတည်း ပြန်လာသော ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါ မိန်းကလေး၏ ဆွေမျိုးသားချင်း များက ပြောကြားသည်။

ဆီးရီးယားအား တပ်ပေါင်းစုဖြင့်တိုက်ရန် အမေရိကန်ကွန်ကရက် ဆုံးဖြတ်ပိုင်ခွင့် မရှိဟု အီရန် နိုင်ငံခြားရေးဝန်ကြီးပြော

ှဆီးရီးယားအား တပ်ပေါင်းစုဖြင့်တိုက်ရန် အမေရိကန်ကွန်ကရက် ဆုံးဖြတ်ပိုင်ခွင့် မရှိဟု အီရန် နိုင်ငံခြားရေးဝန်ကြီးပြော
==========================
စက်တင်ဘာ - ၂ ရက်၊ ၂၀၁၃
M-Media

ဆီးရီးယားပဋိပက္ခအပေါ် တပ်ပေါင်းစုဖွဲ့၍ စစ်ရးအရ၀င်ရောက်စွက်ဖက်ရန် အမေရိကန်ကွန်ကရက်လွှတ်တော်မှ မီးစိမ်းပြလိမ့်မည် မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မုဟမ္မဒ် ဂျဗာ့ဒ် ဇာရိဖ်မှ ပြောဆိုသည်။

“ အထူးအရေးကြီးအနေအထားဖြစ်လာယင် ကုလသမဂ္ဂပဋိညာဉ် အခန်း ၇ အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တစ်ခုတည်းကသာ တပ်ပေါင်းစုနဲ့အရေးယူဖို့ အခွင့်အာဏာပေးအပ်နိုင်ပါတယ်။ ပြီးတော့ ဒီကိစ္စကို လုံခြုံရေးကောင်စီက လက်ခံအတည်ပြုဖို့လည်း လိုအပ်ပါတယ် ” ဟု ဇာရိဖ်က တနင်္ဂနွေနေ့တွင် ဆိုလိုက်သည်။

ဓာတုလက်နက်များအသုံးပြုသည်ဟုဆို၍ ဆီးရီးယားအား စစ်ရေးအရအရေးယူရန် အမေရိကန်သမ္မတ ဘားရက်ခ် အိုဘားမားက စနေနေ့တွင် ပြောကြားသည်သာမက ကွန်ကရက်၏လက်ခံမှုရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့် စက်တင်ဘာ ၉ ရက်တွင် အမေရိကန်ဥပဒေပြုအမတ်များသည် ဤအရေးနှင့်စပ်လျဉ်း၍ အလွတ်သဘော အချေအတင်ဆွေးနွေးကြမည်ဖြစ်သည်။

“ မစ္စတာအိုဘားမားဟာ မိမိဆန္ဒအပေါ်အခြေခံပြီး အပြည်ပြည်ဆိုင်ရာဥပဒေကို ပြောင်းလဲဖို့ နဲ့ ဖွင့်ဆိုဖို့ အခွင့်မရှိပါဘူး။  ဒီအရေးနဲ့ပတ်သက်လို့ အိုဘားမားဟာ ရက်များစွာအချိန်ယူပြီး နှစ်ခါပြန်စဉ်းစားဖို့ အမြင်ကျယ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကမှ စစ်လိုလားသူလို့ အမြင်ခံနိုင်ကြမှာ မဟုတ်လို့ပါဘဲ ” ဟု ဇာရိဖ်က ထပ်မံ ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးမွှေးရေးကိစ္စ၌ အများမှပါဝင်အောင်ကြိုးစားနေမှုမှာ လွယ်လင့်တကူဖြစ်မည် မဟုတ်ကြောင်း ၄င်းမှ ဆိုလိုက်သည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် ဒမတ်စကတ်မြို့စွန်ဖက်ရှိ အတိုက်အခံတို့၏အမာခံစခန်းများကို ဓာတုလက်နက်များဖြင့် သမ္မတ ဘရှားရ် အလ် အဆဒ်မှ တိုက်ခိုက်ခဲ့သည်ဟု ပြည်ပကျောထောက်နောက်ခံပြု အတိုက်အခံအင်အားစုများမှ စွပ်စွဲပြောဆိုလိုက်ပြီးနောက် စစ်ရေးအရအရေးယူရန် ပြင်ဆင်လာကြခြင်းဖြစ်သည်။

ယင်းသို့ဆိုပြီးနောက် အမေရိကန်နှင့်အပေါင်းအပါမဟာမိတ်တစ်စုမှ စစ်ရေးအရအရေးယူရန် အဆောတလျင် စီစဉ်ခဲ့ကြသည်။ အီရန်နှင့်အခြားနိုင်ငံများအုပ်စုကလည်း ဆီးရီးယားကို စစ်ဆင်စွက်ဖက်မည်ဆိုပါက ဒေသတစ်ခုလုံး စစ်မက်ဖုံးလွှမ်းသွားလိမ့်မည်ဟု သတိပေးထားကြသည်။

MKA/AS 

M-Media Website တွင်ဖတ်၇န် >>http://www.m-mediagroup.com/news/17773

RangonNewsDaily:: September 2, 2013

ဆီးရီးယားပဋိပက္ခအပေါ် တပ်ပေါင်းစုဖွဲ့၍ စစ်ရးအရ၀င်ရောက်စွက်ဖက်ရန် အမေရိကန်ကွန်ကရက်လွှတ်တော်မှ မီးစိမ်းပြလိမ့်မည် မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မုဟမ္မဒ် ဂျဗာ့ဒ် ဇာရိဖ်မှ ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်မှာ ရောက်နေ

ပေါက်ဖော်ကြီးဆီ သတိတရအလည်သွားတဲ့ ဦးသိန်းစိန်

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်မှာ ရောက်နေ

kolatt(PBDN): Sep . 2. 2013

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်မှာ ရောက်နေတာကို အခုပဲ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်း ဖော်ပြပါ တယ်။

အခုလို ဖော်ပြမှုမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ နန်နင်းမြို့ကို ရောက်နေပြီး ဒီနေ့ ဒေသ စံတော်ချိန် နေ့လယ် ၂ နာရီ ခွဲလောက်က ခေတ္တတည်းခိုနေတဲ့ လိယွမ် ဧည့်ဂေဟာမှာ တရုတ် ကွန်မြူနစ် ပါတီ၊ ကွမ်ရှိး ပြည်သူ့ ကွန်ဂရက် အတွင်းရေးမှူး Mr. Peng Qinghua ကို လက်ခံတွေ့ဆုံခဲ့ပါတယ်တဲ့။

အဲဒီလို တွေ့ဆုံကြရမှာ အဓိက ပြောဖြစ်တာတွေကို ပြန်ကြားရေး ၀န်ကြီးဌာန သတင်းထုတ်ပြန်မှုမှာ အခု လို ဖော်ပြထား ပါတယ်။

“တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးဒေသတို့အကြား လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ လေကြောင်း လိုင်းများ အပြန် အလှန် ပြေးဆွဲရေးနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေး နွေးကြသည်” လို့ ဆိုထားပါတယ်။

တကယ်တော့ မြန်မာဟာ တရုတ်နိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အခြေအနေ အားကောင်းနေဆဲပဲ လို့ ဖော်ပြတဲ့ သင်္ကေတ လည်း ဖြစ်တယ်လို့ တချို့ကလည်း သုံးသပ်နေကြတာပါ။

Irrawaddy

RangonNewsDaily:: September 2, 2013

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်မှာ ရောက်နေတာကို အခုပဲ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်း ဖော်ပြပါ တယ်။

ချင်းတွင်းမြစ် တာရိုးပေါ်မှ မတ်ခ်တူးယာဉ် အရှိန်လွန်ထိုးကျ

RangonNewsDaily:: September 2, 2013

မုံရွာမြို့ ကျောက်ဆောင်ဆိပ်အနီးတွင် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၆ နာရီ အချိန်က ချင်းတွင်းမြစ် တာရိုးတစ်လျှောက် တောင်မှမြောက်သို့ မောင်းနှင် လာသော တိုယိုတာ မတ်ခ်တူးကားသည် ထော်လာဂျီကို တိမ်းရှောင်ရာမှ တာရိုးပေါ်မှ အရှိန်လွန် ထိုးကျခဲ့ကြောင်း မုံရွာမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ ခွဲမှူးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

ကာတာ နိုင်ငံ၏ ပထမဦးဆုံး ဂြိုဟ်တုလွှတ်တင်

Photo: ကာတာ နိုင်ငံ၏ ပထမဦးဆုံး ဂြိုဟ်တုလွှတ်တင်
Monday, September 2, 2013

ကာတာ နိုင်ငံသည် Sohail 1 အမည်ရှိ နိုင်ငံ၏ ပထမ ဆုံးသော ရုပ်မြင် သံကြားနှင့် ဆက်သွယ်ရေး ဂြိုဟ်တုကို French Guiana ရှိ အခြေစိုက် စခန်း တစ်ခုမှ Ariane 5 ဥရောပ ဒုံးကျည်၏ အကူအညီဖြင့် ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

Sohail 1 ဂြိုဟ်တုကို Korou မြို့အနီးရှိ အာကာသ စခန်းမှ အာရပ်ဂြိုဟ်တု အနီးရှိ ဂြိုဟ်ပတ် လမ်းအတွင်းသို့ လွှတ်တင် ခဲ့သည်ဟု Es'hail Sat ဂြိုဟ်တု ကုမ္ပဏီက ပြောကြား ထားသည်။

အဆိုပါ Sohail 1 ဂြိုဟ်တုသည် သုံးလကြာ စမ်းသပ်မှု ခံယူပြီးနောက် ဒီဇင်ဘာ လမှစ၍ ရုပ်သံလိုင်း များကို ထုတ်လွှင့်သွားမည် ဖြစ်သည်။

ယင်းအစီအစဉ် ဖြစ်မြောက်ရေး အတွက် Es'hail Sat ကုမ္ပဏီသည် ၎င်း၏ ဥရောပ စီးပွားဖက် ကုမ္ပဏီ ဖြစ်သည့် Eutelsat ကုမ္ပဏီဖြင့် ပူးပေါင်းလုပ်ဆောင် ခဲ့သည်ဟု သိရသည်။ အဆိုပါ Sohail 1 ရုပ်မြင်သံကြား ဂြိုဟ်တုသည် အလေးချိန် ခြောက်တန်ကျော် ရှိပြီး ၁၅ နှစ် သက်တမ်းကြာ တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။ ကာတာ နိုင်ငံသည် သုံးနှစ် အတွင်း Sohail 2 ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

http://www.myanmaronlinenews.net/2013/09/blog-post_1882.html

RangonNewsDaily:: September 2, 2013

ကာတာ နိုင်ငံသည် Sohail 1 အမည်ရှိ နိုင်ငံ၏ ပထမ ဆုံးသော ရုပ်မြင် သံကြားနှင့် ဆက်သွယ်ရေး ဂြိုဟ်တုကို French Guiana ရှိ အခြေစိုက် စခန်း တစ်ခုမှ Ariane 5 ဥရောပ ဒုံးကျည်၏ အကူအညီဖြင့် ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့သည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ထာဝရနုပျိုသော အသက် ၄၂ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ

Photo: ထာဝရနုပျိုသော အသက် ၄၂ နှစ်အရွယ်၊ ကလေး ၂ ယောက်အမေ
Monday, September 2, 2013

ပြောရင်တောင် ယုံရခက်တဲ့ အနေအထား တစ်ခုပါ။ သို့ပေမ့ယ် ဒါဟာ တကယ် အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာပါ။

Jung Dayeon လို့အမည်ရတဲ့ အသက် ၄၂ ကျော်ပြီဖြစ်တဲ့ ကလေး ၂ ယောက် မိခင် တစ်ဦးပါ။ ကလေးရပြီးနောက် ဝိတ် က ကီလိုဂရမ် ၇၀ ကျော်အထိတောင် တက်ခဲ့ပါတယ်။ နေရထိုင်ရလည်း အဆင်မပြေဖြစ်လာပြီး ဖျားနာလွယ်တဲ့ လူအိုတစ်ဦးလို ဖြစ်လာပါတယ်။ ဒါနဲ့ တစ်မနက်မှာ အိပ်ယာ ထထခြင်း သူ့စိတ်ခံယူချက်ကို ပြောင်းလဲလိုက်ပါတယ်။ ဝိတ်ကျပြီး သွက်လက်ချက်ချာ ကျန်းမာရေး ကောင်းမွန်သူ တစ်ဦး ဖြစ်လာစေရမယ်လို့ ခံယူချက်ထားလို့ ဝိတ်ချတဲ့ အားကစားကို ဆက်တိုက်ပြုလုပ်ပါတော့တယ်။

၃ လအတွင်း ဝိတ် ၂၀ ကီလိုဂရမ်အထိ ကျဆင်သွားပြီး သူ့ရဲ့  ပြောင်းလဲလိုက်တဲ့ Life Style ကြောင့် ပုံမှာ မြင်တွေ့ ရတဲ့အတိုင်း နုပျိုသွားတာကို မြင်တွေ့ရမှာပါ။ သူ့ကို အသက် ၄၂ နှစ်လို့ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ တကယ် အသက် ၄၂ နှစ်အရွယ် ဖြစ်ပါတယ်။ ကိုယ်ခန္ဓာအချိုးအစား ပြေပြစ် လှပလာမှုနဲ့အတူ ရုပ်ရည်လည်း နုသထက်နုသွားပါတယ်။

ဒါကြောင့် ကြည့်လိုက်ရင် ဆက်ကျော်သက်၊ နှစ်ဆယ်ကျော်သက် အရွယ်လိုပဲ အမှန်တကယ် နုပျိုနေပါတယ်။ ကမ္ဘာအရပ်ရပ်က သတင်းမီဒီယာတို့ လာရောက် အင်တာဗျူး၊ လေ့လာရတဲ့အထိ နာမည်ကြီးသွားပြီး ဝိတ်ချနည်း စာအုပ်၊ အရွယ်တင် လေ့ကျင့်ခန်း အားကစားစာအုပ် အစရှိသဖြင့် အမျိုးမျိုး ရေးသား ထုတ်ဝေ ရာမှာလည်း အောင်မြင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အားကစားလေ့ကျင့်ရေးခန်းမ ဖွင့်လှစ်သင်ကြားပြီး အောင်မြင်နေပါတယ်။ သူ့ရဲ့  အောင်မြင်မှုက တောင်ကိုရီးယားမှာတင်မကပဲ ဂျပန်နိုင်ငံအထိ ကူးဆက် ခဲ့ပြီး အာရှရဲ့  စံပြ အိမ်ရှင်မ တစ်ဦးအဖြစ် မှတ်တမ်းတင်စေခဲ့ ပါတယ်။ စီးပွားရေးအရလည်း အောင်မြင်တဲ့ လုပ်ငန်းရှင် တစ်ဦး ဖြစ်လာပါတယ်။

အသက် ၄၂ နှစ်အရွယ် တကယ်ရှိပါပြီ။ သူမရဲ့  Facebook Profile Link ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

www.facebook.com/jungdayeon

Aung Kham (International news for myanmar)

International news for myanmar


http://www.myanmaronlinenews.net/2013/09/blog-post_5871.html

RangonNewsDaily:: September 2, 2013

ပြောရင်တောင် ယုံရခက်တဲ့ အနေအထား တစ်ခုပါ။ သို့ပေမ့ယ် ဒါဟာ တကယ် အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာပါ။

တောင်းရမ်းသူများကို စီမံချက်ဖြင့် ဖမ်းဆီးနေ

Photo: တောင်းရမ်းသူများကို စီမံချက်ဖြင့် ဖမ်းဆီးနေ
 Monday, September 2, 2013

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ တောင်းရမ်း စားသောက်နေသူများကို စီမံချက်ဖြင့် လိုက်လံ ဖမ်းဆီး ထိန်းသိမ်းလျှက်ရှိ ကြောင်း သိရသည်။

လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် မြို့နယ်များအတွင်း မီးပွိုင့်များနှင့် လူစည်ကားရာ နေရာများတွင် တောင်းရမ်း စားသောက်နေသူများနှင့် အခြေအနေမဲ့ များကို “ဝရဇိန်စီမံချက်” ဟု အမည် ပေးထားသော တောင်းစားသူ ပပျောက်ရေး စီမံချက်ဖြင့် လတ်တလော လိုက်လံဖမ်းဆီးကာ ထိန်းသိမ်း နေကြောင်း အခြေအနေမဲ့ ပပျောက်ရေးစီမံချက် ဌာန တာဝန်ရှိသူ ဦးနေအောင်က ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ မီးပွိုင့်တွေမှာ တောင်းစားနေတဲ့ သူတွေကိုနဲ့ လမ်းဘေးအိပ်နေတဲ့ အခြေအနေမဲ့ တွေကို အဓိက ထားပြီးတော့ ဖမ်းတယ်၊ သူတို့တွေက ရုပ်ပျက် ဆင်းပျက်လည်းဖြစ်၊ ယာဉ်အန္တရာယ်လည်း ရှိနိုင်ပြီး မြို့ပြ အင်္ဂါရပ်နဲ့ မညီတာကြောင့် ဖမ်းတာ” ဟု အခြေအနေမဲ့ ပပျောက်ရေး စီမံချက်ဌာန တာဝန်ရှိသူ ဦးနေအောင်က ရှင်းပြသည်။

ဖမ်းဆီးရမိသည့် အသက် ၆ နှစ်မှ ၁၂ နှစ်အကြား တောင်းစားသည့် ကလေးသူငယ်များကို ပထမအကြိမ်အဖြစ် မိဘဖြစ်သူအား ခေါ်ယူဆုံးမပြီး ပြန်လည် အပ်နှံပေးသော်လည်း၊ ဖမ်းမိသည့် အကြိမ်အရေအတွက် များလာပါက မိဘဖြစ်သူကို ရန်ကုန်ရဲ အက်ဥပဒေ ပုဒ်မ ၄၁/ ခ ဖြင့် တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း၊ မိသားစုလိုက် တောင်းရမ်း စားသောက်မှု များကို ဖမ်းဆီးရမိပါက မိသားစု ရာဇဝင်ကို စုံစမ်းစစ်ဆေးပြီး အခြေအနေအပေါ် မူတည် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

အခြေအနေမဲ့ ပပျောက်ရေး စီမံချက်ဌာန တာဝန်ရှိသူ ဦးနေအောင်က “တောင်းရမ်း စားသောက်တဲ့ ကလေးသူငယ်တွေကို ဖမ်းဆီးရမိရင် မိဘကို သတိပေးပြီး ပြန်အပ်တယ်၊ အကြိမ်ကြိမ် ဖြစ်လာရင်တော့ မိဘကို တရားစွဲမှာပါ၊ ဒါပေမဲ့ ညှာတာတဲ့ သဘောနဲ့ အခုအချိန်အထိ တရားစွဲတဲ့ ကိစ္စကို မလုပ်ဖူးသေးဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့်၂၀၀၉၊ ၂၀၁၀ ခုနှစ်များအတွင်းက တောင်းရမ်း စားသောက်သူများကို အစိုးရက စည်ပင်သာယာရေး ကော်မတီ တွင် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် တလ ၄၅၀၀၀ ကျပ်ဖြင့် အလုပ်အကိုင်နှင့် နေထိုင်စရာ အိမ်များ ချထားပေးခဲ့သော်လည်း စီမံချက် မအောင်မြင်သဖြင့် လတ်တလောတွင် ယင်းအစီအစဉ်ကိုလည်း ရပ်နားထားရကြောင်း သိရသည်။

“အားလုံးက လမ်းမပေါ်ပဲ ပြန်ရောက်ကုန်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ တောင်းတာက ပိုက်ဆံလွယ်လွယ် ရတယ်လေ။ ဝန်ထမ်းဆိုတဲ့ ဂုဏ်ကို မယူဘူး ပိုက်ဆံပဲ မြင်ကြတာ။ ဒါကြောင့် အလုပ်အကိုင်ပေးဖို့ အစီအစဉ်ကို လောလောဆယ် နားထားရတာ” ဟု ဦးနေအောင်က ပြောသည်။

အသက် ၁၇ နှစ်နှင့် အထက် အခြေအနေမဲ့ (အိမ်ခြေရာမဲ့) များကို မှော်ဘီမြို့နယ်ရှိ ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေး ဂေဟာသို့ ပို့ပေးကြောင်း သိရသည်။

“အဘွားကို စည်ပင်ကဖမ်းပြီး မှော်ဘီ ၀ါးနက်ချောင်းကို ပို့ဖူးတယ်။ အဲဒီမှာ အဘွားလို လူတွေအများကြီးပဲ။ စားရသောက်ရ တာလည်း ဆားပါလို့ ငပိမပါ၊ ငပိပါလို့ ဆားမပါ၊ အိပ်ရတာကလည်း ခေါင်းအုံးရှိလို့ စောင်မရှိ၊ စောင်ရှိလို့ ခေါင်းအုံးမရှိ။ နေရတာ တော်တော်ဒုက္ခ ရောက်ပါတယ်။ အဘွားအခုလို နေရပေမယ့် အဘွားဝင်ငွေနဲ့ ၀ါဆိုသင်္ကန်းလည်း ကပ်နိုင်တယ်။

အဘွားကို လှူတာထဲက သူများကိုလည်း အဘွားက ပြန်လှူတယ်” ဟု ရန်ကုန်မြို့တွင်း လှည့်လည်အလှူခံ စားသောက် နေသူ ဒေါ်မိမိက ပြောသည်။

ရန်ကုန်-ပြည် လမ်းမှ လမ်းတဘက်သို့ ဖဲ့ဆင်းသွားပြီး ၇ မိုင်ကျော်ခန့် ဝေးသည့် နေရာတွင် ရန်ကုန်မြို့ လမ်းမများပေါ်မှ ခေါ်ဆောင်လာသည့် အိမ်ခြေယာခြေမဲ့ မိသားစုများ၊ ခိုကိုးရာမဲ့ သက်ကြီး ရွယ်အိုများကို ထားသည့် ၀ါးနက်ချောင်း စခန်းရှိပြီး ထိုစခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကားလိုင်းများ၊ မြို့ပတ် ရထားပေါ်နှင့် ဘူတာများ၊ စားသောက်ဆိုင်များ၊ မီးပွိုင့်များ စသည့် နေရာများတွင် တောင်းရမ်း စားသောက်သူ များစွာရှိနေပြီး အများစုမှာ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြသည်။

တချို့ နေရာများတွင် မိဘဖြစ်သူက အိပ်ပျော်နေသည့် လူမမယ်အရွယ် ကလေးကို လမ်းမပေါ်ချထားပြီး တောင်းရမ်းခြင်း၊ ကားလမ်း ပလက်ဖောင်းပေါ်များတွင် တောင်းရမ်းနေခြင်း၊ တချို့သက်ကြီးရွယ် အိုများမှာ မျက်စိမမြင်၊ နားမကြားတော့ သော်လည်း လည်ပင်းတွင် အလှူခံစာ ချိတ်ဆွဲထားပြီး လိုက်လံတောင်ရမ်းနေခြင်း မျိုးလည်း တွေ့နေရသည်။

ပညာမသင်ရဘဲ သီချင်းဆို တောင်းရမ်းနေရတဲ့ တောင်ဒဂုံက ကလေးမောင်နှမ 
(ဓာတ်ပုံ – ဧရာဝတီ)
ပညာမသင်ရဘဲ သီချင်းဆို တောင်းရမ်းနေရတဲ့ တောင်ဒဂုံက ကလေးမောင်နှမ
RangonNewsDaily:: September 2, 2013

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ တောင်းရမ်း စားသောက်နေသူများကို စီမံချက်ဖြင့် လိုက်လံ ဖမ်းဆီး ထိန်းသိမ်းလျှက်ရှိ ကြောင်း သိရသည်။

အာဖဂန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား တာလီဘန်တို့ တိုက်ခိုက်

Photo: အာဖဂန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းအား တာလီဘန်တို့ တိုက်ခိုက်
Monday, September 2, 2013
 
အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်ရှိ အဆိုပါ စစ်အခြေစိုက်စခန်းတွင် NATO ၏ ထောက်ပံ့ရေးယာဉ်များ ရပ်နားထားခြင်းဖြစ်ပြီး တာလီဘန်တို့က ဗုံးဖောက်ခွဲကာ သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြား 

အမေရိကန်စစ်အခြေစိုက်စခန်းရှိ NATO နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များအား တာလီဘန်တို့က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အာဖဂန်နစ္စ တန်နိုင်ငံ အရှေ့ပိုင်း ပါကစ္စတန်နယ်စပ်အနီးရှိ အမေရိကန်စစ်အခြေစိုက် စခန်းကို တာလီဘန်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန် နန်ဂါဟာပြည်နယ်ရှိ အဆိုပါ စစ်အခြေစိုက်စခန်းတွင် NATO ၏ ထောက်ပံ့ရေးယာဉ်များ ရပ်နားထားခြင်းဖြစ်ပြီး တာလီဘန်တို့က ဗုံးဖောက်ခွဲကာ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။

အပြန်အလှန် တိုက်ခိုက်မှုမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်အခြေစိုက်စ ခန်းအား လာရောက်တိုက်ခိုက်သည့် တာလီဘန်အဖွဲ့ဝင်အား လုံး သေ ဆုံးသွားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ NATO နှင့် တာလီ ဘန် တပ်ဖွဲ့ဝင်များ၊ အရပ်သားများ ထိခိုက်သေဆုံးမှု မရှိဘဲ NATO ၏ ထောက်ပံ့ရေးယာဉ် အနည်းငယ်မှာ တိုက်ခိုက်မှုအတွင်း မီးလောင် ကျွမ်းခဲ့ကြောင်း သိရသည်။

Planet Myanmar Network

RangonNewsDaily:: September 2, 2013

အမေရိကန်စစ်အခြေစိုက်စခန်းရှိ NATO နှင့် အာဖဂန်နစ္စတန်တပ်ဖွဲ့များအား တာလီဘန်တို့က ယနေ့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အာဖဂန်နစ္စ တန်နိုင်ငံ အရှေ့ပိုင်း ပါကစ္စတန်နယ်စပ်အနီးရှိ အမေရိကန်စစ်အခြေစိုက် စခန်းကို တာလီဘန်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာတွင် ကုန်စည်ဒိုင်ဖွင့်မည်

RangonNewsDaily:: September 2, 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် ကုန်စည်ဒိုင်တစ်ခု စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း မိတ္ထီလာ ကုန်စည်ဒိုင် ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က The Voice ကို ပြောကြားသည်။

ဆန်ဖရန်စစ္စကို မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်

RangonNewsDaily:: September 2, 2013

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကို ပြည်နယ်တွင် ဖွင့်လှစ်ထားသော Burma Superstar အမည်ရှိ မြန်မာစားသောက်ဆိုင်တွင် စားသုံးသူ ၁၄ ဦး အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အမေရိကန်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။

မန္တလေး တန်ဖိုးနည်း အိမ်ရာစီမံကိန်းအနီးမြေများ မူလပေါက်ဈေးထက် နှစ်ဆခန့်မြင့်တက်

RangonNewsDaily:: September 2, 2013

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအနီး မြေကွက်များသည် သြဂုတ်လကုန်ပိုင်းခန့်တွင် ဝယ်လက် ဒုတိယအများဆုံးကြိုက်သော နေရာတစ်ခု ဖြစ်လာကာ ဇွန်လပေါက်ဈေးထက် နှစ်ဆခန့် မြင့်တက်သွားကြောင်း မန္တလေးမြို့သစ်အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးစက်မှုဇုန်ကော်မတီသင်းဖွဲ့စည်းမျဉ်း အောက်တိုဘာလ အတွင်း ပြဋ္ဌာန်းမည်ဟုဆို

Photo: မန္တလေးစက်မှုဇုန်ကော်မတီသင်းဖွဲ့စည်းမျဉ်း အောက်တိုဘာလ အတွင်း ပြဋ္ဌာန်းမည်ဟုဆို
Monday, September 2, 2013

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီက အပြီးသတ်ရေးဆွဲ ပြီးစီးပြီဖြစ်သော သင်းဖွဲ့စည်းမျဉ်းမူကြမ်းကို အောက်တိုဘာလဆန်းပိုင်းတွင် ဥပဒေပညာ ရှင်များ၊ စက်မှုဇုန် လုပ်ငန်းရှင်များ၊ ဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တိုင်ပင်ညှိနှိုင်းပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်ဦးက ပြောကြားသည်။

အဆိုပါ ဥပဒေမူကြမ်းကို သြဂုတ်လ ၇ ရက်နေ့က မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အသစ်ပြန်လည် မရွေးချယ်မီက ရေးဆွဲထားပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌက သင်းဖွဲ့ဆိုင်ရာ စည်းမျဉ်းများကို ပြန်လည် သုံးသပ်ရန်အတွက် ဒုတိယဥက္ကဋ္ဌ ဦးဆန်းဝင်း ဦးဆောင်သော ခုနစ်ဦးပါအဖွဲ့ကို သင်းဖွဲ့စည်းမျဉ်း အပြီးသတ်ရန် တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စီမံခန့်ခွဲရေးဇုန် ကော်မတီအသစ် ပြန်လည် မရွေးချယ်မီကတည်းက ဥပဒေက အစပျိုးထားပြီးသား ရှိပါတယ်။ အခုတော့ မူကြမ်းအားလုံးကို အပြီးသတ် အချောကိုင်ပြီး ဥက္ကဋ္ဌလက်ထဲကို မူကြမ်းပေးဖို့ ရုံးအဖွဲ့ကို တာဝန်ပေးလိုက်ပါပြီ” ဟု သင်းဖွဲ့စည်းမျဉ်းကို ဦးဆောင်ကြီးကြပ် ရေးဆွဲသူ ဒုတိယဥက္ကဋ္ဌ ဦးဆန်းဝင်းက ဆိုသည်။

ပြီးခဲ့သည့် ကာလများက မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ရာထူးကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က နှစ်အကန့်အသတ်မရှိ တိုက်ရိုက် ခန့်အပ်ခဲ့သော်လည်း လက်ရှိဥပဒေမူကြမ်းတွင် မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌရာထူးကို ပထမသက်တမ်းအတွက် သုံးနှစ်၊ ဒုတိယ သက်တမ်းအတွက် သုံးနှစ်သာ ရွေးချယ်ခံနိုင်ပြီး ဥက္ကဋ္ဌတစ်ဦးလျှင် ခြောက်နှစ်အထိသာ ရွေးကောက်ခံနိုင်ကြောင်း သင်းဖွဲ့စည်းမျဉ်းကို ကြီးကြပ်ရေးဆွဲသူ ဦးဆန်းဝင်းက ထပ်လောင်းပြော ကြားသည်။

မန္တလေး စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီကို သြဂုတ်လ ၇ ရက်နေ့က အသစ်ပြန်လည် ရွေးချယ်ခဲ့ပြီး အလုပ်အမှုဆောင် ၁၇ ဦး၊ အမှုဆောင် ၃၆ ဦးတို့ဖြင့် ပြန်လည် ဖွဲ့စည်းထားကြောင်း အဆိုပါ ကော်မတီထံမှ သိရသည်။ 

မိုးကြိုး (MDY)
The Voice Weekly

RangonNewsDaily:: September 2, 2013

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီက အပြီးသတ်ရေးဆွဲ ပြီးစီးပြီဖြစ်သော သင်းဖွဲ့စည်းမျဉ်းမူကြမ်းကို အောက်တိုဘာလဆန်းပိုင်းတွင် ဥပဒေပညာ ရှင်များ၊ စက်မှုဇုန် လုပ်ငန်းရှင်များ၊ ဇုန်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့် တိုင်ပင်ညှိနှိုင်းပြဋ္ဌာန်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးမောင်ဦးက ပြောကြားသည်။