Pages

Sunday, September 1, 2013

ကရင်ပြည်နယ် ကျုံဒိုးကျေးရွာအနီး ရေလွှမ်းမိုးမှု ဖြစ်

Photo

RangonNewsDaily:: September 1, 2013
ကရင်ပြည်နယ် ကျုံးဒိုးကျေးရွာ အနီးအနားရှိ ဂျိုင်းမြစ်နှင့် နီးကပ်နေသော ရွာများသည် ပြီးခဲ့သည့်လက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆိုးရွားစွာ ရေကြီးသည့် ပြဿနာများ ကြုံတွေ့ခဲ့ရသည်။

အင်ဒိုနီးရှားတွင် သာသနာရေးဝန်ကြီး မယ်ကမ္ဘာရွေးပွဲကို ဖျက်ခိုင်း

Photo: အင်ဒိုသာသနာရေးဝန်ကြီး မယ်ကမ္ဘာရွေးပွဲကို ဖျက်ခိုင်း
Sunday, September 1, 2013

စက် တင်ဘာ၈ရက်တွင် မယ်ကမ္ဘာပြိုင် ပွဲ ဘာလီကျွန်း၌စတင်မကျင်းပမီ သီတင်းပတ်တစ်ပတ်အလို မူဆလင် အများစုရှိသော အင်ဒိုနီးရှားတွင် ဆန့်ကျင်မှုများ မြင့်မားလာသည်။ ၎င်းမယ်ကမ္ဘာအလှမယ် ရွေးချယ် ပွဲအား ဖျက်သိမ်းရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက တောင်း ဆိုလိုက်သည်။
ဘီကီနီရေကူးဝတ်စုံဝတ် ပြိုင်ခြင်းကို ပယ်ဖျက်ရန်ပွဲစီစဉ် သူများက သဘောတူခဲ့သော် လည်း ပွဲအားဖျက်သိမ်းရန် နိုင်ငံ ၏ ထိပ်တန်း အစ္စလာမ္မစ်ဘာသာ ရေးခေါင်းဆောင် အဖွဲ့အစည်း ကတောင်းဆိုခဲ့သည်။ စီစဉ်သူ များအနေဖြင့် ယင်းဘာသာရေး အဖွဲ့အစည်း အကြံပြုချက်ကို လိုက်နာသင့်သည်ဟု သာသနာ ရေးဝန်ကြီး ဆူရီယာဒါမအလီက ပြောသည်။

''မယ်ကမ္ဘာပြိုင်ပွဲကို အခိုင် အမာဆန့်ကျင်ကြောင်း The Indonesian Ulema Council က ထုတ်ဖော် ပြောကြားထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ အစ္စ လာမ္မစ်ရဲ့ အဆုံးအမတွေနဲ့ကိုက် ညီမှုမရှိလို့ပါ။ မူဆလင်အမျိုးသမီး တွေဟာ လျှပ်ပေါ်လော်လီတဲ့ကိုယ် ခန္ဓာအစိတ်အပိုင်းတွေကို ဖုံးအုပ် ထားရမယ်လို့ အစ္စလာမ်သာသနာ ကဆုံးမထားပါတယ်''ဟု ဩဂုတ်၂၉ ရက်နောက်ပိုင်းက ကြေညာချက် တစ်ခုတွင် ဝန်ကြီးက ပြောကြား ခဲ့သည်။ 

ဝန်ကြီးသည် ပြိုင်ပွဲကို လူ သိရှင်ကြားဆန့်ကျင်သည့် ပထမ ဆုံးအစိုး ရအရာရှိဖြစ်ရာ ဗြိတိန် အခြေစိုက် ပွဲစီစဉ်သူများအတွက် ထိုးနှက်ချက် အသစ်တစ်ခုဖြစ် သွားခဲ့သည်။ အမျိုးသမီးများ၏ ကိုယ်ခန္ဓာကို ထုတ်ဖော်ပြသသော ယင်းပြိုင်ပွဲကို ဆန့်ကျင်ကြောင်း ထိုနေ့မှာပင် ဝန်ကြီးအရင် အမျိုး သားလူ့အခွင့်အရေးကော်မရှင် ၏ အကြီးအကဲက ပြောကြားခဲ့ သေးသည်။

ပြည်တွင်းမှ ပွဲစီစဉ်သူများ ကမူ ဝန်ကြီး၏ပြောကြားချက် ကြောင့် တုန်လှုပ်မှုမရှိခဲ့ပေ။ ပွဲ မှာ ၎င်း၏ ပိုင်နက်နယ်ပယ်ထဲ တွင်မရှိသဖြင့် ပွဲကို ဆက်လက် ကျင်းပသွားရမည်ဟု ဆိုသည်။
''ဒါဟာ အစ္စလာမ္မစ်နိုင်ငံ တစ်ခုမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကလဲ ယဉ်ကျေးမှုပွဲပါ။ ဘာသာရေးပွဲ မဟုတ်ပါဘူး''ဟု ပြည်တွင်းမှစီ စဉ်သူ ရုပ်သံ RTC ၏ ပေါင်းစည်း အတွင်းရေးမှူး အက်ဂျီအက်စ် ဆိုရက်မက်ဂျီ က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ထို့အပြင် တခြားဝန်ကြီး အများ အပြားက မယ်ကမ္ဘာရွေး ပွဲကိုထောက်ခံမည်ဟု ပြောကြား ခဲ့သေးသည်။

Yangon Media Group

RangonNewsDaily:: September 1, 2013

စက် တင်ဘာ၈ရက်တွင် မယ်ကမ္ဘာပြိုင် ပွဲ ဘာလီကျွန်း၌စတင်မကျင်းပမီ သီတင်းပတ်တစ်ပတ်အလို မူဆလင် အများစုရှိသော အင်ဒိုနီးရှားတွင် ဆန့်ကျင်မှုများ မြင့်မားလာသည်။ ၎င်းမယ်ကမ္ဘာအလှမယ် ရွေးချယ် ပွဲအား ဖျက်သိမ်းရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက တောင်း ဆိုလိုက်သည်။

ဆီးရီးယားအပေါ် ပြုလုပ်နိုင်ဖွယ ရှိသည့် တိုက်ခိုက်မှုတွင် ပါဝင်မည် မဟုတ်ဟု NATO တပ်ဖွဲ့ အကြီးအကဲ ပြောကြား

Photo: ဆီးရီးယားအပေါ် ပြုလုပ်နိုင်ဖွယ ရှိသည့် တိုက်ခိုက်မှုတွင် ပါဝင်မည် မဟုတ်ဟု NATO တပ်ဖွဲ့ အကြီးအကဲ ပြောကြား
 Sunday, September 1, 2013

ဆီးရီးယား ပြည်တွင်းစစ် အတွင်း၌ အစိုးရဘက်မှ ဓာတုလက်နက်များကို  အသုံးပြုခဲ့သည် ဟူသော စွပ်စွဲချက်များ နှင့်ပတ်သက်၍ တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံအပေါ်  ပြုလုပ်လာနိုင်ဖွယ် ရှိသည့် စစ်ရေးအရ အရေးယူတိုက် ခိုက်မှုများတွင် နေတိုးတပ်ဖွဲ့များက ပါဝင်သွားမည် မဟုတ်ကြောင်း အဆိုပါတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ အန်ဒါးစ်ဖော့ရက်စ် မူဆန်က သြဂုတ် ၃ဝ ရက်တွင် ပြောကြားသည်။

ဆီးရီးယား အစိုးရအပေါ် နိုင်ငံတကာမှ တုံ့ပြန်မှုများ ပြုလုပ်ရာတွင် NATO တပ်ဖွဲ့အနေဖြင့် ပါဝင်သွားမည် မဟုတ်ကြောင်း၊ မိမိတို့၏ တာဝန်မှာ တူရကီတပ်ဖွဲ့ဝင် များကို ထောက်ပံ့ပေးရန်နှင့် ဆီးရီးယား နိုင်ငံဘက်မှ တူရကီ နိုင်ငံဘက်သို့ တိုက်ခိုက်လာသည့် မည်သည့် တိုက်ခိုက်မှုကိုမဆို တုံ့ပြန်ရန် အတွက်သာ ဖြစ်ကြောင်း  ဒိန်းမတ်နိုင်ငံ အနောက်ပိုင်း ဂျက်လန်း ကျွန်းဆွယ်ပေါ်ရှိ  မီဂျယ်လ်မြို့တွင်  ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ဒိန်းမတ် သတင်းစာ တစ်စောင်ဖြစ်သော Politiken သတင်းစာမှ သတင်းထောက်များကို ရက်စ်မူဆန် က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

မြ၀တီ

RangonNewsDaily:: September 1, 2013

ဆီးရီးယား ပြည်တွင်းစစ် အတွင်း၌ အစိုးရဘက်မှ ဓာတုလက်နက်များကို အသုံးပြုခဲ့သည် ဟူသော စွပ်စွဲချက်များ နှင့်ပတ်သက်၍ တုံ့ပြန်သည့် အနေဖြင့် ယင်းနိုင်ငံအပေါ် ပြုလုပ်လာနိုင်ဖွယ် ရှိသည့် စစ်ရေးအရ အရေးယူတိုက် ခိုက်မှုများတွင် နေတိုးတပ်ဖွဲ့များက ပါဝင်သွားမည် မဟုတ်ကြောင်း အဆိုပါတပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ အန်ဒါးစ်ဖော့ရက်စ် မူဆန်က သြဂုတ် ၃ဝ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့ နှင့် နေ့ မင်းသားတို့ ပျော်စံရာ Day Clubများ

Photo: နေ့မင်းသားတို့ ပျော်စံရာ
Sunday, September 1, 2013

အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ် က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်း အခန်း အတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက် လက် တောက်ပနေသည်။
ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။ စားပွဲငယ်၏ ဘေးပတ်ပတ် လည်တွင် လူငယ် ငါးဦးက တက်ကြွသော ဟန်ပန်မျိုးဖြင့် တစ်စုံတစ်ရာကို စောင့်မျှော်နေသလိုပင်။ အခန်းတွင်းရှိ လူအားလုံး နီးပါးကလည်း ထိုစားပွဲငယ်ဘေးရှိ လူငယ်များကိုသာ လှုပ်လှုပ်ရွရွဖြင့် စိတ်ဝင်တစား ကြည့်နေကြသည်။

‘Ready နော်။ 1, 2, 3…စပြီ’။ စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးသံ အဆုံးတွင် လူငယ် ငါးဦး တို့သည် စားပွဲငယ်ပေါ်ရှိ Johnny Walker အရက် သုံးပက်စီ ထည့်ထားသော တစ်ခါသုံး ပလတ်စတစ် ခွက်ငယ်ထဲမှ အရက် များကို ပိုက်ဖြင့် အလျင်အမြန် စုပ်ယူနေကြသည်။ ယင်းလူငယ် ငါးဦးထဲမှ အမြန်ဆုံး ကုန်အောင် သောက်နိုင်သူသည် အနိုင်ရရှိမည်ဖြစ်သည်။ အနိုင် ရသူ အတွက်လည်း Jägermeister ၁ ဒသမ ၅ လီတာ အရက်ပုလင်း တစ်တောင့်က ဒိုင်လုပ်သူ၏ လက်ထဲတွင် အဆင်သင့် ရှိနေသည်။

အထက်ပါမြင်ကွင်းမှာ Day Party များတွင် ကျင်းပလေ့ရှိသော Break Drink ပြိုင်ပွဲများတွင် မြင်တွေ့နေကျ မြင်ကွင်း တစ်ခုသာ ဖြစ်သည်။ ရန်ကုန်မြို့တွင် ကျင်းပလေ့ရှိသော Day Party များ၌ အဆိုပါ Break Drink ပြိုင်ပွဲသာမက Shuffle Dance ပြိုင်ပွဲ၊ Sexy Dance ပြိုင်ပွဲ၊ Kissing Time ပြိုင်ပွဲများကို အလျဉ်းသင့်သလို ထည့်သွင်း ကျင်းပလေ့ ရှိသည်။

“ဒီလို ပြိုင်ပွဲမျိုးတွေက ပါတီတွေမှာ နှစ်ခု သုံးခုလောက်တော့ အမြဲ ပါတာပဲ။ ကလပ်ထဲကို လာတာ ကလည်း လူငယ်တွေ များတယ်။ အများစုက တက္က သိုလ် ကျောင်းသားတွေပေါ့။ ဒီထက်ငယ်တာ တွေလည်း ပါပေမယ့် နည်း ပါတယ်။ သူတို့တွေက အပျော်သဘော အနေနဲ့ ပြိုင်ကြတာပေါ့” ဟု တာမွေ မြို့နယ်အတွင်းရှိ Day Club များသို့ မကြာခဏ သွားရောက်လေ့ရှိသူ ဒဂုံ တက္ကသိုလ် ကျောင်းသား ကိုဖြိုးမင်းသူက ဘီယာခွက်ကို လက်တစ်ဖက်က ကိုင်ရင်း ပြောသည်။

Day Club များသည် ကျောင်းချိန်ဖြစ်သော နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်သောကြောင့် ကျောင်းသားများအတွက် ရည်ရွယ်ထား သကဲ့သို့ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
“ကျွန်မတို့ ညဘက် ကလပ်သွားမယ်ဆိုရင် အိမ်က သတ်မှာပေါ့။ ဒီတော့ သူငယ်ချင်းတွေနဲ့ ပျော်ချင်ရင် နေ့ခင်းပိုင်း ဖွင့်တဲ့ Day Party တွေ သွားဖြစ်တယ်။ ခဏခဏတော့ မသွားဖြစ်ဘူး။ အိမ်က သိသွားရင် မလွယ်ဘူး” ဟု နည်းပညာတက္ကသိုလ် ကျောင်းသူ တစ်ဦးက ဆိုသည်။
Day Club အများစုတွင် ဝင်ကြေးသည် တစ်ဦးလျှင် ၅၀၀၀ ကျပ်ခန့်သာ ကျသင့်၍ Day Party ကျင်းပသော နေ့များတွင် ၆၀၀၀ ကျပ်အထိ ကျသင့်ပြီး ရန်ကုန်မြို့အတွင်း တာမွေ၊ အလုံ၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့် စသော မြို့နယ်များတွင် ဖွင့်လှစ်ထားကြသည်။

“အများစုက ကျောင်းသားတွေဆိုတော့ အိမ်က မသိအောင် ခိုးလာကြတာ များတယ်။ တချို့ မိန်းကလေးတွေဆို အဝတ်အစားတွေ အိမ်က လူကြီးတွေ မသိအောင် ယူလာကြတယ်။ ကလပ်ထဲက အိမ်သာထဲမှာပဲ အလှပြင် အဝတ်အစားလဲ ပေါ့လေ။ တစ်ခါတလေကျရင် ဇယားလား၊ ကျောင်းသူလား သိပ်မကွဲဘူး” ဟု ကိုဖြိုးမင်းသူက ဆိုသည်။

ထို့အပြင် အဆိုပါ နေရာများတွင် အရက်သေစာ၊ မူးယစ်ဆေးဝါးနှင့် အပျော်မယ်များလည်း ရှိနေသော ကြောင့် မိမိတို့ သားသမီးများ သွားရောက် ပျော်ပါးမည်ကို မိဘအများစုက စိုးရိမ်ကြသည်။
“Club ဆိုတာ ကောင်းတဲ့ နေရာလို့တော့ ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ အဲဒီတော့ ဒီကိုသွားပြီ ဆိုမှတော့ ကောင်းပါတော့မလား။ အရက်တွေ၊ မကောင်းတဲ့ မိန်းမတွေ ရှိနေတာကို။ ကိုယ့်သားသမီး က အပြင်မှာ ဘယ်လောက် လိမ္မာနေပါစေ။ အထဲမှာက သူ့ကို လမ်းမှား ရောက် သွားစေနိုင်တဲ့ အရာတွေ အများကြီးပဲ။ မသွားကြတာပဲ ကောင်းပါတယ်” ဟု တောင်ဥက္ကလာမြို့နယ်တွင် နေထိုင်သူ အထက်တန်းကျောင်းသူ သမီး နှစ်ဦး၏ မိခင် ဒေါ်ချယ်ရီအောင်က ဆိုသည်။

“ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ…”

ယခင်က Day Club များကို အကြီးအကျယ် ဖမ်းဆီးမှုများ ရှိခဲ့ဖူးသော်လည်း ယခုအခါ ပြန်လည် ဖွင့်လှစ်လာကြပြီး Day Party များကလည်း မရင့် ကျက်သေးသော လူငယ်များကို ဆွဲဆောင်နေ ကြသည်။
“Day Party က အမြဲတမ်း လုပ်နေတာ မဟုတ်ဘူး။ တစ်ပတ်တစ်ခါ နှစ်ပတ် တစ်ခါလောက်မှ လုပ်ဖြစ်တာ။ အဲဒီမှာမှ Sexy Dance ပြိုင်ပွဲတွေ၊ Shuffle ပြိုင်ပွဲတွေ၊ အသောက် ပြိုင်ပွဲတွေ ဘာတွေ လုပ်ကြတာ။ နောက်ပြီး Promotion အနေနဲ့ ဒီတစ်ခါ ပါတီလာရင် နောက်တစ်ခါ ထပ်လုပ်မယ့် ပါတီမှာ ဈေးလျှော့ပေးတာမျိုးလည်း ရှိတယ်” ဟု ပါတီပွဲ အချို့ စီစဉ်ဖူးသူ ကိုဇာနည် (အမည်လွှဲ) က ဆိုသည်။

Day Party များကို ရန်ကုန်မြို့တွင် Yangon International Hotel ဝင်းအတွင်းရှိ Flamingo Bar၊ ဗဟန်းရှိ B&W Music Pub၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Cloud 9၊ အလုံရှိ Sky Way၊ တာမွေ မြို့နယ်အတွင်းရှိ DJ Club စသည့် နေရာများတွင် ကျင်းပကြလေ့ ရှိသည်။
အဆိုပါ Day Party များတွင် လူငယ် အများစု စိတ်ဝင်စားသော Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေ အတွက် Kissing Time (စုံတွဲနှစ်ဦး အချိန် အကြာဆုံး ဆက်တိုက် နမ်းရှုပ်သည့် ပြိုင်ပွဲများ) ကျင်းပလေ့ရှိပြီး ဆုကြေးအနေဖြင့် ၅၀,၀၀၀ ကျပ်အထိ ဆုချလေ့ ရှိကြောင်း ကိုဖြိုးမင်းသူက ဆိုသည်။

အလွန် ငယ်ရွယ်သော စုံတွဲများက အဆိုပါ Day Club များက ထွက်လာပြီး ဟိုတယ်သွားရန် ကားငှား ခြင်းမျိုး မကြာခဏ ကြုံတွေ့ခဲ့ရဖူးကြောင်း တာမွေမြို့နယ်အတွင်းရှိ Day Club တစ်ခု အနီးတွင် ဂိတ်ထိုး တက္ကစီ မောင်းနှင်နေသူ ဦးစိုးအောင်ဆိုသူက မှတ်ချက်ပေးသည်။
သို့သော်ငြားလည်း Day Club များကို တည်ဆဲ ဥပဒေများအရ တရားဝင် ဖွင့်လှစ်ခွင့် မပြုထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖွင့်ခွင့်မရှိဟုဆိုသော အဆိုပါ Day Club များသည် ပွဲစီစဉ်သူများ၏ အမည်နှင့် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ ပါဝင် ဖျော်ဖြေမည့် DJ များ၊ အနုပညာရှင်များ၊ ထည့်သွင်း ပြုလုပ်မည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ (ဥပမာ- Sexy Dance ပြိုင်ပွဲများ၊ စုံတွဲတွေအတွက် Kissing Time ပြိုင်ပွဲများ) ထည့်သွင်း ကြေညာထားသော ကြော်ငြာများကို ပွဲစီစဉ်သူ များ၏ ဖေ့စ်ဘွတ်စ် စာမျက်နှာများမှ တစ်ဆင့် ဖြန့်ဝေမှုများ ပြုလုပ်နေပြီး လူစည်ကားရာ နေရာများနှင့် တက္ကသိုလ်ကျောင်း အချို့တွင် လက်ကမ်း စာစောင် ဖြန့်ဝေမှုများလည်း ရှိသည်။

Day Club နှင့် Night Club များကို တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း အချို့ ကလပ်များမှာ စည်ပင်သာယာရေး ကော်မတီ၏ ထောက်ခံချက်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ မြို့နယ် ရဲစခန်း၏ ထောက်ခံချက်များဖြင့် ဖွင့်လှစ်ထားမှုများ ရှိကြောင်း ခရိုင်အဆင့် အဆင့်မြင့် တာဝန် ထမ်းဆောင်ခဲ့သော အငြိမ်းစား ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“ပွဲတွေ ဘာတွေ လုပ်တော့မယ်ဆိုရင် အဆင်ပြေသလိုတော့ ဖြေ ရှင်း ရတယ်” ဟု ကိုဇာနည်က ဆိုသည်။အဆိုပါ Club များ ကို အရေးယူမည် ဆိုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ – ၁၈၈ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန် ကြေညာ အမိန့်ကို ဖီဆန်ခြင်း) ဖြင့် တရား စွဲဆိုနိုင်ပြီး ထောင်ဒဏ် တစ်လအထိ ဖြစ်စေ၊ ဒဏ်ငွေ နှစ် ရာ ဖြစ်စေ၊ ပြစ် ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်။ယင်းအပြင် အဆိုပါ ကလပ်တွင် လူ့အသက်ကိုသော် လည်းကောင်း၊ ကျန်းမာရေးကိုသော် လည်းကောင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်မှု၊ သတ်ပုတ် နှောင့်ယှက်မှု၊ လုံခြုံရေးကို ထိ ခိုက်စေမှုများ ဖြစ်ပွား ခဲ့ပါက ခြောက်လထိ ထောင်ဒဏ် ဖြစ်စေ၊ ဒဏ်ငွေ တစ်ထောင် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်။

“တစ်ခါတလေကျရင် ရန်ဖြစ်ကြတာမျိုး၊ ရုန်းရင်းဆန်ခတ် ဖြစ်ကြတာမျိုးတွေ လည်း ကြုံရတယ်။ ဒါပေမဲ့ နည်းပါတယ်။ ပြီးတော့လည်း ကလပ် လုံခြုံရေးကပဲ ရှင်းသွားတာပါပဲ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။
ကျောင်းသား၊ ကျောင်းသူများ အဆိုပါ ကလပ်များသို့ သွားရောက်ရာတွင် စာရိတ္တ ပျက်ပြားနိုင်သော် လည်း ဖြစ်နိုင်ခြေ နည်းကြောင်း၊ ယင်းကဲ့သို့ သွားရောက် ပျော်ပါးရုံမျှဖြင့် အရေးယူ၍ မရနိုင်ဘဲ ၎င်းတို့၏ ကျင့်ဝတ်နှင့်သာ သက်ဆိုင်ကြောင်း၊ အဆိုပါ ကလပ်များထဲတွင် ပြည့်တန်ဆာများကို ဖမ်းဆီးရမိပါက ပြည့်တန်ဆာ အက်ဥပဒေနှင့် အရေးယူနိုင်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။

“Night Club, Day Club နဲ့ ပတ်သက်ပြီး လုပ်ငန်း လိုင်စင် တရားဝင် ချပေးနိုင်တယ်ဆိုတာ မကြားမိဘူး။ အရေးယူရင် ၁၈၈ နဲ့ အရေးယူတယ်။ ဒဏ်ငွေ ပေးရတာများတယ်။ ကျောင်းသားကိစ္စက ကျင့်ဝတ် ကိစ္စ။ ၁၈ နှစ်အောက် ဆိုမှသာ ကလေးသူငယ် ဥပေဒနဲ့ ငြိစွန်းမှ အရေးယူနိုင်တာ” ဟု ၎င်းက ပြောသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကမူ အ ဆိုပါ ကလပ်များကို ဒေသန္တရ အမိန့်ထုတ်၍ ပိတ်ပင် သွားမည် ဖြစ်ကြောင်း ယခုသြဂုတ်လ အတွင်းတွင် ကြေညာချက် ထုတ်ပြန်ထားသည်။
သို့သော်လည်း ပြည်တွင်းရှိ ကလပ်များကို နိုင်ငံတကာတွင်ကဲ့သို့ စနစ်တကျ အသက်အရွယ် ခွဲခြား ကန့်သတ်၍ ဖွင့်လှစ်စေခြင်းများ ပြုလုပ်သင့်ကြောင်း အချို့က အကြံပေးကြသည်။

“ကလပ်ဖွင့်တဲ့သူတွေ အနေနဲ့ အသက် ကန့်သတ်တာမျိုး လုပ်သင့်တယ်။ မဖွင့်နဲ့လို့တော့ သွားပြောလို့ မရဘူးပေါ့။ အသက် ဘယ်နှနှစ်အောက် မဝင်ရတို့၊ ဘာတို့ ကန့်သတ်လိုက်ပြီး ထိထိ ရောက်ရောက်လည်း လုပ်မယ်ဆိုရင် တစ်ခါတည်း ဖြေရှင်းပြီးသား ဖြစ်မယ် ထင်တယ်” ဟု အထက်တန်းပြ ဆရာတစ်ဦးဖြစ်သူ ဦးကျော်ရွှေက အကြံပြုသည်။
ထို့အပြင် မိဘများ အနေဖြင့်လည်း ယင်းကိစ္စအပေါ် ရှုမြင်ပုံ ပြောင်း လဲသင့်ပြီး သားသမီးများ အကောင်းအဆိုး နားလည်လာစေရန် စနစ်တကျဖြင့် ရှင်းပြ ဆုံးမသင့်သည်ဟု လူငယ် အချို့က ဆိုကြသည်။

“ကျွန်မ မိဘတွေကတော့ သိပ်စိတ်မပူဘူး။ ကျွန်မက သွားရင်လည်း ညီအစ်ကို မောင်နှမတွေနဲ့ သွားလေ့လည်း ရှိတယ်။ နောက်ပြီး လူကြီးတွေကို ပြောပြီးသွားတယ်။ ပျော်စရာရှိတာ ပျော်တယ်။ မမှားသင့်တာကို မမှားအောင် နေတယ်” ဟု ကွန်ပျူတာ တက္ကသိုလ် တတိယနှစ်ကျောင်းသူ မဥမ္မာက ဆိုသည်။Day Club များ ဖွင့်လှစ် ချိန်မှာ နေ့ခင်းနေ့လယ် ဖြစ်သောကြောင့် အလွန်အကျွံ မူးယစ် သောက်စား ခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း ဖြစ်နိုင်ခြေမှာ ညပိုင်းထက် နည်းပါးကြောင်း ကိုဇာနည်က ဆိုသည်။

“ဥပမာဗျာ လူငယ်တွေအတွက်တော့ ညဘက်ဆိုရင် အန္တရာယ် ပိုမများဘူးလား။ နေ့ခင်း နေ့လယ် ဆိုရင် အမှားအယွင်းတွေ ဖြစ်ဖို့ ပိုနည်းတယ်။ အဓိကကတော့ လူငယ်ဆိုတာ ကိုယ်မတွေ့ကြုံဖူးတဲ့ အသစ်အဆန်း ကိစ္စမှန်သမျှကို စိတ်ဝင်စားတယ်။ အဲဒါကို အတင်းပိတ်ပင်တာထက် စာရင် အဲဒါ ဘာလဲဆိုတာ ထိတွေ့ခွင့် ပေး ပြီး ကောင်းခြင်း၊ မကောင်းခြင်းကို သူတို့ကို ဆုံးဖြတ်ခိုင်းတာ ပိုသင့်တော်မယ် ထင်တယ်” ဟု ကိုဇာနည်က ဆိုသည်။

အဆိုပါနေရာများသို့ သွားရောက်ခြင်းကြောင့် ပျက်စီးနိုင်သည်ဆိုသော အချက်ကို လူငယ် အချို့က သဘောမတူကြပေ။
“ရန်ကုန်မှာ လူဦးရေ ခြောက်သန်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာကို လာတဲ့ အရေအတွက်က ရာဂဏန်း လောက်ပါပဲ။ ဒီနေရာမျိုးက လူတချို့ပဲ လာနိုင်ကြတာလေ” ဟု ကိုဖြိုးမင်းသူက ဆိုသည်။သက်ဆိုင်ရာဘက်က တရားမဝင်ဟု ဆိုနေသော်ငြား အရက်နှင့် စီးကရက် ကုမ္ပဏီ အချို့က ကြော်ငြာခြင်းနှင့် စပွန်ဆာ ပေးခြင်းများ ကြုံတွေ့ရဖူးကြောင်း ကလပ် ပါတီများသို့ မကြာခဏ သွားရောက်ကြသော လူငယ်များက တညီတညွတ်တည်း ပြောကြားကြသည်။

“ဒီနေရာတွေကို လာလို့သာ ပျက်စီးတယ်ဆိုရင် အရက်၊ ဘီယာဆိုင်တွေ၊ တည်းခိုခန်းတွေ၊ မာဆတ် တွေ မှိုလိုပေါက်နေတာကို အရင် အရေးယူသင့်တယ်။ Club ကို လာတဲ့ လူအရေအတွက်ထက် အဲဒီကိုသွားတဲ့ လူငယ် အရေအတွက်က ပိုများတယ်။ ကလပ်ဆိုတာ လူငယ်တိုင်း နေ့တိုင်း မလာနိုင်ဘူး။ အရက်ဆိုင်ကတော့ နေ့တိုင်း သွားလို့ ရတယ်။ ဘယ်ဟာက လူငယ်တွေအတွက် ပိုအန္တရာယ်များလဲ” ဟု လှိုင်မြို့နယ်တွင် နေထိုင်သော နည်းပညာတက္ကသိုလ် ကျောင်းသား ကိုဗုံဗုံက ဆိုသည်။
ရန်ကုန်တွင် ကလပ် အရေအတွက်မှာ လက်ချိုး ရေတွက်၍ ရပြီး ပေါများစွာ တည်ရှိနေသော အရက်ဆိုင်များက လူငယ်များအတွက် ပိုအန္တရာယ်ပေးနိုင်ကြောင်း အထက်တန်းပြဆရာ ဦးကျော်ရွှေက မှတ်ချက်ပေးသည်။

“တကယ်ဆိုဗျာ လူတစ်ယောက် ကလပ်သွားမယ်ဆိုရင် တစ်ယောက်တည်း ဘယ်လိုမှ မသွားဘူး။ စိတ်တူကိုယ်တူ လူစုရဦးမယ်။ ပိုက်ဆံလည်း လက်ထဲမှာ လုံလုံလောက်လောက် ရှိဦးမှ သွားဖြစ်တာ။ ဘယ်သူမှ အမြဲတမ်း မသွားနိုင်ပါဘူး။ ဒီဟာတွေကို လိုက်ပိတ်ရင် အရက်ဆိုင်တွေ လူတောင် ပိုစည်သွားဦးမယ်” ဟု ကိုဗုံဗုံက ဆိုသည်။

“ဒီကိုသွားတိုင်း ပျက်စီးတာ မဟုတ်ဘူး။ အဓိကက လူပဲလေ။ မမှားအောင် ထိန်းရမှာပေါ့။ နောက်ပြီး ကိုယ့်ကို ထိန်းသိမ်းနိုင်တဲ့ လူမျိုးတွေနဲ့ သွားတာ ပိုကောင်းပါတယ်။ ကလပ်ဆိုတာ အခုမှ ပေါ်တာမှ မဟုတ်တာ။ အရင်ကတည်းက ရှိနေတာ။ လူတွေက အခုမှ အရေးကြီး ခွင်ကျယ်လုပ်ပြီး ပြောနေကြ တာ” ဟု ကိုဇာနည်က ၎င်း၏ အမြင်ကို ပြောပြသည်။

ပါတီများသို့ ကျောင်းသားအရွယ် လူငယ်များ လာရောက်ကြသော်လည်း လာရောက်တိုင်း ပျက်စီး မည်ဟု မမြင်သင့်ကြောင်း ကိုဇာနည်က ဆိုသည်။
“အဓိကက လူတစ်ဦးချင်းစီရဲ့ ချင့်ချိန်နိုင်စွမ်းပါပဲ။ ဒီကိုလာလို့ ပျက်စီးသွား တယ်လို့ ကျွန်တော် မထင်ဘူး။ ပျက်စီးချင်တဲ့သူက ပျက်စီးမှာပဲ။ ဒီကိုလာမှ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

Day Club များသို့ လာရောက်ခြင်းကြောင့် လူငယ်များတွင် အပြစ်ရှိသည် ဆိုသော်လည်း ၎င်းတို့ သည် အသက်အရွယ် ငယ်ရွယ်သေးသောကြောင့် ဆုံးမ ပြောဆိုသည့် လူကြီးများနှင့် ဆရာ ဆရာမ များတွင် ပိုမို တာဝန်ရှိနိုင်ကြောင်း တက္ကစီ ယာဉ်မောင်း ဦးစိုးအောင်က သူ၏ အမြင်ကို ပြောပြသည်။

“ကလေးတွေ ကျောင်းက ပြေးပြီး လာတယ်ဆိုရင် ဘာကြောင့် ကျောင်းပြေး လဲ။ ကျောင်းမှာ ဘာကြောင့် မပျော်တာလဲ အဖြေ ရှာရမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တစ်နေ့ လူကြီးတွေ ဖြစ်လာမှာလေ” ဟု ၎င်းက ဆိုသည်။မည်ကဲ့သို့ပင် အမြင်အမျိုးမျိုး ရှိနေကြသော် လည်း Day Club များတွင် ကျင်းမည့် Day Party လက်ကမ်း စာစောင်များသည် လူငယ်များကြား ပျံ့နှံ့နေဆဲ ဖြစ်သည်။ အင်တာနက် စာမျက်နှာများ အပေါ်တွင်လည်း ဖြန့်ဝေနေကြဆဲပင် ဖြစ်သည်။ ပါတီများတွင်လည်း လူစည်ကားနေဆဲ ဖြစ်သည်။ အမျိုးစုံသော ပြိုင်ပွဲများကလည်း လူငယ်များကို ဆွဲဆောင်နေဆဲ ဖြစ်သည်။

“ခဏနေရင် Sexy Dance ပြိုင်ပွဲ စပါမယ်။ ဝင်ပြိုင်မယ့် မိန်းကလေးတွေ စာရင်းလာပေးလို့ ရပါပြီ” ဟု စင်မြင့်ပေါ်ရှိ DJ က အော်ဟစ် သတိပေးလိုက်သည်။အနည်းငယ် မူးယစ် ရီဝေနေပြီး ပျော်နေပုံရသော မိန်း ကလေးငယ် တစ်စုက ဒိုင်လုပ်သူ အနားတွင် စုဝေး တိုးဝှေ့နေကြသည်။
အချိန်သည် တစ်ဖြည်းဖြည်း ညနေစောင်းလာပြီ ဖြစ်သော်လည်း သူတို့ပျော် ရွှင်မှုက အမြင့်ဆုံး အနေအထားတွင်ပင် ရှိနေသေးသည်။ အိမ်ပြန်လိုသူ အချို့သာ သုတ်သုတ်ပြာပြာဖြင့် ကလပ်ထဲမှ အလျင်အမြန် ပြန်ထွက်သွား ကြသည်။

“ဒီအချိန်က ကလပ်ထဲမှာ ပျော်စရာ အကောင်းဆုံး အချိန်ပဲ။ Sexy Dance ပြိုင်ပွဲပြီးရင် ပါတီလည်း သိမ်းပြီ ဆိုတော့ အပြတ်ကဲလိုက်ဦးမယ်” ဟု ကိုဖြိုးမင်းသူက ဘီယာဘားကို မှီနေရင်း ရယ်ရယ်မောမော ဆိုလိုက်သည်။

ရဲဇွန်အောင်၊ စိုးမိုး
The Voice Weekly

RangonNewsDaily:: September 1, 2013

အချိန်က နေ့လယ်ခင်း ဖြစ်နေသော်လည်း အခန်းအတွင်း အမှောင်ဓာတ် က နေရာ တော်တော် များများကို ကြီးစိုးထားသည်။ မှောင်မှိုင်းမှိုင်းအခန်းအတွင်းတွင် စူးရှ တောက်ပသော Disco Light များက တလက် လက်
တောက်ပနေသည်။ခန်းမ၏ အလယ်တွင် စက်ဝိုင်းပုံ စားပွဲငယ် တစ်ခု အခန့်သား ရှိသည်။

တောင်ငူခရိုင်တွင် တစ်ရက်တည်း လူသေဆုံးမှုနှစ်ခုဖြစ်

RangonNewsDaily:: September 1, 2013

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း) တောင်ငူခရိုင် တောင်ငူမြို့နှင့် အုတ်တွင်းမြို့နယ်တို့တွင် သြဂုတ်လ ၂၈ ရက်နေ့က အမျိုးသားနှစ်ဦး တစ်ရက်အတွင်း သေဆုံးခဲ့ကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု အရပ်သားအခွင့်အရေး ချီတက်ပွဲ နှစ် ၅၀ ပြည့် အခမ်းအနား မြန်မာနိုင်ငံတွင် ပထမဦးဆုံးကျင်းပ

RangonNewsDaily:: SEP 1, 2013

၁၉၆၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က အမေရိကန်ပြည်ထောင်စုတွင် အရပ်သား အခွင့်အရေးအတွက် လူထုခေါင်းဆောင် Martin Luther King ဦးဆောင်သော လူထုတစ်ရပ်လုံး ချီတက် လျှောက်လှမ်းခဲ့ကြသော အထိမ်းအမှတ်နေ့၏ နှစ်ပေါင်း ၅၀ ပြည့်အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်နေပြီး ဗီဇာသက်တမ်း ပြည့်သူများအတွက် ထိုင်းအစိုးရ မူသစ်ထုတ်ပြန်

RangonNewsDaily:: SEP 1, 2013

ထိုင်းနိုင်ငံအတွင်း ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကုန်ဆုံးသွားတဲ့ ဗီဇာသက်တမ်းအတွက် မြန်မာပြည်ကို ၃ နှစ်ပြန်နေရမယ့်အစား တစ်လသာပြန်သွားပြီး ပြန်လာအလုပ်လုပ်

ခွင့် ရမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Pravit Khiengpol ပရာဗစ် ခရင်န်ပူလ်
က ဒီနေ့ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ လူမှုကူညီရေးအသင်း လှုပ်ရှားမှုများ ရပ်ဆိုင်းခံရ

Photo: ဖယ်ခုံမြို့  လူမှုကူညီရေးအသင်း လှုပ်ရှားမှုများ ရပ်ဆိုင်းခံရ
Sunday, September 1, 2013

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က လောကပါလ လူမှုကူညီရေးအသင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် အသင်းရဲ့လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်စာ ထုတ်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကပါလ လူမှုကူညီရေးအသင်းရဲ့ ဒုတိယဥက္ကဌ ကိုကျော်ထင်အောင်က RFA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ရပ်တန့်လိုက်မယ်ဆိုရင် သွေး လိုအပ်နေတဲ့လူနာတွေ၊ နာရေးအတွက် အခက်အခဲဖြစ်နေတဲ့သူတွေ၊ အရေးပေါ် ကျနော်တို့ ဖယ်ခုံမြို့ကနေပြီးတော့ ၂၄ မိုင်ဝေးတဲ့ လွိုင်ကော်ဆေးရုံကို ပို့ဆောင်ရမယ့်လူနာတွေဟာ အခက်အခဲများစွာ ကြုံတွေ့သွားတဲ့အနေအထားရှိပါတယ်၊ ကျနော်တို့ တာဝန်ယူထားတဲ့၊ ကျနော်တို့ ကူညီမယ်လို့ အာမခံထားတဲ့ဟာတွေ ကတိဖောက်ဖျက်မယ့်အနေအထား ဖြစ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့က ဆက်လက်လုပ်ဆောင်နေပါတယ်”

ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားတဲ့စာထဲမှာ လူမှုရေးလှုပ်ရှားနေတဲ့ အသင်းတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့ စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိမှသာ ရပ်တည်လို့ရမယ်လို့ ပါရှိပါတယ်။

လောကပါလ လူမှုကူညီရေးအသင်းကို ၂၀၁၂ခုနှစ် ဧပြီလက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လူနာပို့ဆောင်တာ သက်ကြီးရွယ်အိုတွေကို ထောက်ပံ့ကူညီတာကနေ ပညာရေးထောက်ပံ့တဲ့ကိစ္စတွေကို လုပ်ဆောင်ပေးနေတဲ့ အသင်းဖြစ်တယ်လို့ သိရပါတယ်။

RFA

RangonNewsDaily:: SEP 1, 2013

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က လောကပါလ လူမှုကူညီရေးအသင်းဟာ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် အသင်းရဲ့လှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အမိန့်စာ ထုတ်ထားတယ်လို့ သိရပါတယ်။