Pages

Saturday, August 31, 2013

ဆီးရီးယား အစိုးရက စကာ့ဒ္ဒံုးက်ည္မ်ားကို နေရာ ရွှေ့ပြောင်း

ဆီးရီးယား အစိုးရက စကာ့ဒ်ဒုံးကျည်များကို နေရာ ရွှေ့ပြောင်း

kolatt (Pabedan): 31.8.2013

ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးမားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှစကာ့ဒ်ဒုံးကျည်များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်
လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

သို့ရာတွင် အာဆတ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် စစ်လက်နက် ပစ္စည်းများကို အကန့်အသတ်ဖြင့်သာ တပ်ဖြန့် ချထားကြောင်း သိရသည်။ 

ဆီးရီးယားနိုင်ငံ အနောက်ပိုင်းတွင် အခြေစိုက် သည့် အမှတ်(၁၅၅) ဒုံးတပ်မဟာသည် ရွှေ့ပြောင်း ပစ်ခတ်နိုင်သော စကာ့ဒ်ဒုံးကျည် ဒါဇင်ပေါင်း များစွာကို ၎င်းတို့၏ အခြေစိုက်စခန်းမှ မြောက်ဘက်ရှိ Homs မြို့သို့ သယ်ယူလျက်ရှိသည်ကို သူပုန်ကင်းထောက် အဖွဲ့များမှ တွေ့မြင်ခဲ့ရကြောင်း သိရသည်။

သူပုန်များ၏ အဆိုအရ ဒုံးကျည် အစိတ်အပိုင်းများ၊ ဒုံးပစ်လောင်ချာ
များနှင့် ဆက်စပ်ပစ္စည်းများကို တာပေါ်လင်စများဖြင့် ဖုံးအုပ်ကာ နောက်
တွဲယာဉ်များဖြင့် သယ်ဆောင်၍ ရွှေ့ပြောင်းလျက်ရှိကြောင်း၊ ၎င်းရွှေ
့ပြောင်းမှုတွင် ကီလိုမီတာ ၃ဝဝ ကျော်အထိ ရောက်ရှိ ပစ်ခတ်နိုင်သည့် အရှည် ၁၁ မီတာရှိ စကာ့ဒ်ဒုံးကျည် နှစ်ဒါဇင်ထက်မနည်း ပါဝင်ကြောင်း သိရသည်။

Myawaddy

RangonNewsDaily:: Aug 31, 2013
ဆီးရီးယားသမ္မတ ဘာရှာအယ်လ် အာဆတ်၏ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့တော် မြောက်ပိုင်းရှိ နိုင်ငံ၏ အကြီးမားဆုံး စစ်ခရိုင်ဖြစ်သည့် Qalamoun တောင်ခြေ စစ် အခြေစိုက်စခန်းမှစကာ့ဒ်ဒုံးကျည်
များနှင့် ဒုံးပစ်လောင်ချာ ဒါဇင်ပေါင်းများစွာကို အနောက်အုပ်စု၏ တိုက်ခိုက်
လာနိုင်မှုမှ ကာကွယ်သည့် အနေဖြင့် ရွှေ့ပြောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။

က . ည . န ရုံး (မြင်သာ) ရှေ့တွင် ရက်ရှည်ရပ်နားထားသော ဖျက်သိမ်းယာဉ်ဟောင်းများကို မဖယ်ရှားပါက အရေးယူမည်

Photo: က . ည . န ရုံး (မြင်သာ) ရှေ့တွင် ရက်ရှည်ရပ်နားထားသော ဖျက်သိမ်းယာဉ်ဟောင်းများကို မဖယ်ရှားပါက အရေးယူမည်

ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနရုံး (မြင်သာ) ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရန် စလစ်ရပြီးသား ယာဉ်အို၊ ယာဉ်ဟောင်းများကို အမြန်ဆုံး ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ အကြောင်း ကြားထားပြီး မဖယ်ရှားပါက ကရိန်းဖြင့်ဆွဲ၍ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၃၀ ရက် မနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂၆)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူးနှင့် ရန်ကုန်တိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိတို့က အဆိုပါ ဖျက်သိမ်းရန် စလစ်ရထားသည့် ယာဉ်အိုယာဉ်ဟောင်း များပေါ်တွင် အမြန်ဆုံး ဖယ်ရှားရန်နှင့် မဖယ်ရှားပါက ကရိန်းဆွဲခ ကျပ်ငါးသောင်း ကောက်ခံပြီး ကရိန်းဖြင့်ဆွဲ၍ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ တိုက်ယာဉ်များ ထိန်းသိမ်းရေး ဌာနသို့ သယ်ပို့ဆောင်ရွက် အရေးယူသွားမည်ဟူသော ကြေညာစာများ လိုက်လံကပ်ခဲ့ကြောင်း သိရသည်။

''အဓိကကတော့ ယာဉ်ကြောပိတ်ဆို့မှု တွေဖြစ်တာရယ်၊ အမြင်မတင့်တယ် တာ တွေရယ်ကြောင့် ဒီလိုထုတ်ပြန် လိုက်တာပါ။ အကြောင်းကြားစာ ကပ်တဲ့နေ့ကနေစပြီး သုံးလေးရက်လောက် စောင့်ကြည့်မယ်။ မဖယ်ရှားသေးရင်တော့ ပြောတဲ့အတိုင်း ကရိန်းနဲ့မပြီး မြောက်ဒဂုံက တိုက်ယာဉ်များ ထိန်းသိမ်းရေးဌာနကို ပို့ပါမယ်။ တချို့ယာဉ်တွေဆို ရက် ၂၀၊ တစ်လလောက်တောင် ရှိနေပါပြီ။ က.ည.န ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက် မှုတွေကြောင့် တစ်ညလောက် ရပ်နားထားတာက သိပ်ပြဿနာ မဟုတ်ပေမယ့် ဒီလိုရက်ရှည် ထားတာကတော့ အရေးယူရပါမယ်'' ဟု ယာဉ်ဟောင်းများကို ဖျက်သိမ်းရန် အကြောင်းကြားစာ လိုက်လံကပ်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၂၆) ယာဉ်ထိန်း တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်နိုင်က The Daily Eleven သို့ ပြောကြားသည်။

ထို့ပြင် ဒုရဲမှူးမြင့်နိုင်က ''ယာဉ်ပိုင်ရှင်တွေ ဘက်ကလာပြီး ဖယ်ရှားပေးမယ် လို့ ထင်ပါတယ်။ ကျွန်တော်တို့ လိုက်ပြီး အကြောင်းကြားနေ တုန်းကတောင် တချို့ပိုင်ရှင်တွေက ပြန်ဖယ်ရှားပေးမယ်လို့ ပြောနေကြတယ်။ မဖယ်ရှားတဲ့ ယာဉ်တွေကိုတော့ ယာဉ်ကြောပိတ်ဆို့နေလို့ ဆက်အရေးယူ သွားပါမယ်'' ဟု ဆက်လက် ပြောကြားသည်။

က.ည.န ရုံး(မြင်သာ)ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရမည့် ယာဉ်ဟောင်းများကို သြဂုတ် ၃၀ ရက်က တွေ့ရစဉ်
Eleven Media Group
က.ည.န ရုံး(မြင်သာ)ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရမည့် ယာဉ်ဟောင်းများကို သြဂုတ် ၃၀ ရက်က တွေ့ရစဉ်
RangonNewsDaily:: Aug 31, 2013

ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေး ဦးစီးဌာနရုံး (မြင်သာ) ရှေ့တွင် ရပ်နားထားသော ဖျက်သိမ်းရန် စလစ်ရပြီးသား ယာဉ်အို၊ ယာဉ်ဟောင်းများကို အမြန်ဆုံး ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ အကြောင်း ကြားထားပြီး မဖယ်ရှားပါက ကရိန်းဖြင့်ဆွဲ၍ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

Transformer 4 မှာပါဝင်မယ့် ကမ္ဘာ့ဈေးကြီးပြိုင်ကား Laraki Epitome

Photo: Transformer 4 မှာပါဝင်မယ့် ကမ္ဘာ့ဈေးကြီးပြိုင်ကား Laraki Epitome 

အမေရိကန် Laraki Motors မှထုတ်လုပ်တဲ့ ပြိုင်ကား တစ်စီး ဖြစ်ပါတယ်။ Pebble Beach က မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ယခု ယင်းကားကို Transformer 4 ရုပ်ရှင်ထဲမှာ ထည့်သွင်း အသုံးပြုမှာပါ။ ဘယ်ကဏ္ဍကနေ ပါဝင်မယ်ဆိုတာတော့ မသိသေးပါဘူး။ 

ကမ္ဘာ့ဈေးအကြီးဆုံး ပြိုင်ကား ၁၀ စီး စာရင်းထဲပါဝင်လာမှာပါ။ ကာလ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ သန်းကျော်တန်ဖိုးရှိတဲ့ ယင်းကားကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ထားပါတယ်။ အင်ဂျင်ကို ကိုယ်တိုင် ထုတ်ထားတာတော့ မဟုတ်ပါဘူး။ အမေရိကန် General Motors က ထုတ်တဲ့ ၇ လီတာ Chevrolet အင်ဂျင် V တိုက် ၈ လုံးတွဲကို အသုံးပြု ထားပါတယ်။ ဒီတော့ Top Speed ကလည်း ကမ္ဘာ့ အမြန်ပြေး Bugatti ကို ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ အနည်းဆုံး တစ်နာရီ မိုင် ၂၄၀ တော့ တင်နိုင် မယ်လို့ ခန့်မှန်း ထားကြပါတယ်။ Laraki ကတော့ Epitome ကို Speed Test လုပ်မပေးရသေးပါဘူး။ 

ဒီဇိုင်းကလည်း တကယ့်စက်ရုပ်ကားအတိုင်းပါပဲ။ ၂ ယောက်စီး ပြိုင် ကား ဖြစ်ပြီး ရှေ့ ဘီးထက် အနောက်ဘီးက ပိုကြီးပါတယ်။ ကာဘွန် ဖိုက်ဘာ ဘော်ဒီ နဲ့ ပေါ့ပေါ့ပါးပါး အကြမ်းခံစွာ တည်ဆောက် ထားပါတယ်။ အနီရောင် တော်ကတောက်နဲ့ ထူးခြားလှပနေတဲ့ Laraki Epitome ကို ယခုလို မြင်တွေ့ ရပါတယ်။

Ref:autoblog
ColayAutomobile

RangonNewsDaily:: Aug 31, 2013

အမေရိကန် Laraki Motors မှထုတ်လုပ်တဲ့ ပြိုင်ကား တစ်စီး ဖြစ်ပါတယ်။ Pebble Beach က မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက်ပြသခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ယခု ယင်းကားကို Transformer 4 ရုပ်ရှင်ထဲမှာ ထည့်သွင်း အသုံးပြုမှာပါ။ ဘယ်ကဏ္ဍကနေ ပါဝင်မယ်ဆိုတာတော့ မသိသေးပါဘူး။

Detroit လျှပ်စစ်ပြိုင်ကား ဈေးကွက် ရောက်တော့မည်

Photo: Detroit လျှပ်စစ်ပြိုင်ကား ဈေးကွက် ရောက်တော့မည်

Detroit Electric လို့အမည်ရတဲ့ အမေရိကန် လျှပ်စစ်ကား သီးသန့်ထုတ်တဲ့ ကုမ္မဏီမှ ၎င်းတို့ရဲ့  ပထမဆုံး လျှပ်စစ်ပြိုင်ကားကို ဈေးကွက်သို့ ချပြဖို့ အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။ 

ဒါဆိုရင် အမေရိကန်မှာတင် လျှပ်စစ်ကား ထုတ်တဲ့ ကုမ္မဏီက ၃ ခုဖြစ်လာမှာပါ။ Fisker , Tesla တို့အပြင် Detroit Electric ကလည်း လျှပ်စစ်ကား ထုတ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ ကားကို ပထမဆုံး ထုတ်ဖော်ပြသမှာပါ။ အင်ဂျင်နေရာမှာ လျှပ်စစ်မော်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ကီလိုဝပ်အားကို မြင်းကောင်ရေနဲ့တွက်ရင် အနည်းဆုံး ၄၀၀ အားလောက်ထုတ်လုပ်နိုင်မယ်လို့ ခန့်မှန်းထား ကြောင်း ဆိုပါတယ်။ တစ်နာရီ မိုင် ၁၂၀ အထက်တော့ မောင်းနှင်နိုင်မှာပါ။ 

ယခု လျှပ်စစ်ကားရဲ့ ထူးခြားချက်က အချိန်အနည်းငယ်အတွင်း အားပြန်ဖြည့်နိုင်မယ့် နည်းပညာ ပါရှိပြီး စွမ်းဆောင်ရည်မြင့် ပြိုင်ကား တစ်စီးအဖြစ် ထုတ်လုပ်မှာလို့ ဆိုပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁သိန်းခွဲ ဝန်းကျင်နဲ့ ရောင်းချနိုင်ချေ ရှိတဲ့ကား ဖြစ်ကြောင်း သိရပါတယ်။

Ref:autoblog 
ColayAutomobile

RangonNewsDaily:: Aug 31, 2013

Detroit Electric လို့အမည်ရတဲ့ အမေရိကန် လျှပ်စစ်ကား သီးသန့်ထုတ်တဲ့ ကုမ္မဏီမှ ၎င်းတို့ရဲ့  ပထမဆုံး လျှပ်စစ်ပြိုင်ကားကို ဈေးကွက်သို့ ချပြဖို့ အဆင်သင့် ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ရီးရဲမက်ဒရစ်မှ ထွက်ခွာ ချင်နေသည့် ကာကာ

Photo: ရီးရဲမက်ဒရစ်မှ ထွက်ခွာ ချင်နေသည့် ကာကာ

ရီးရဲမက်ဒရစ် ကွင်းလယ် ကစားသမား ကာကာဟာ အသင်းမှ ထွက်ခွာ ချင်နေပြီ ဖြစ်ကြောင်း သိရသည်။ ရီးရဲမက်ဒရစ် အသင်းမှာ ကွင်းလယ် ကစားသမားကောင်းများ များပြားနေသည့် အတွက် ကာကာအနေနှင့် ပွဲထွက် ကစားခွင့် ဆုံးရှုံးလျက်ရှိနေခြင်း အပေါ် မပျော်မရွှင် ဖြစ်နေသည့် ကာကာဟာ ယခုကဲ့သို့ မပျော်ရွှင်တော့ကြောင်း ဝန်ခံ ပြောကြား လိုက်ခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ်နှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဆုရှင် ကာကာဟာ လက်ရှိ ရီးရဲမက်ဒရစ်နည်းပြ အန်ဆလော့တီနှင့် အေစီမီလန်အသင်းမှာ ကြာရှည် လက်တွဲခဲ့ ဖူးသော်လည်း ယခု အချိန်မှာတော့ သူ့အတွက် ပွဲထွက်ခွင့် ရဖို့ ခက်ခဲနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကာကာက “ကျနော် ထွက်ချင်နေပြီ ဆိုတာ အသင်းက သိပါတယ်။ ကျနော် ထွက်ပေါက် တစ်စုံတရာရဖို့ သူတို့ ကူညီပေးစေချင် ပါတယ်။ အရာရာတိုင်းဟာ ကျနော့်အတွက် ခက်ခဲနေပါပြီ။ ဒီလူစာရင်းမှာ ကျနော့်အတွက် နေရာရဖို့ ခက်ခဲပါတယ်။ ကျနော် နေ့တိုင်း နေ့တိုင်းပဲ အလုပ်လုပ် ဖို့၊ လေ့ကျင့်ခန်းဆင်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ဒါပေမယ့် ဒီလိုအနေ အထားက ကျနော် ပျော်ရွှင်နေတယ်လို့ မဆိုလို ပါဘူး။” ဟု ပြောကြား ခဲ့သည်။ ဘရာဇီးလ် လက်ရွေးစင် ကစားသ မားဟောင်း ကာကာဟာ လက်ရှိ လုပ်ခ လစာ အနေအထားအရ ကမ္ဘာ့ လစာ အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦး အပါအဝင် ဖြစ်နေပြီး ရီးရဲမက်ဒရစ်မှ ပြောင်းရွှေ့လျှင် ဥရောပ အသင်း တစ်သင်းသို့သာ ဖြစ်နိုင်ပြီး ဘရာဇီးလ်ကလပ်အသင်းများသို့ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တော့သည့် အနေအထားဖြစ်သည်။

ဆက်လက်၍ ကာကာက “ဘရာဇီးလ်ကို ပြန်ဖို့ ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။ ဘာလို့လဲ ဆိုတော့ ဈေးကွက်က ပိတ်နေပါပြီ။ ဥရောပက အသင်းတစ်သင်းကိုပဲ ထွက်ခွာဖို့ ဖြစ်နိုင်ပါတယ်။ ဘယ်အသင်းတွေ ဖြစ်နိုင်တယ်ဆိုတာတော့ ကျနော် မပြောချင်ပါဘူး။ အဲဒါ ကျနော်ပြောရမယ့် အရာမဟုတ်ပါဘူး။” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 

Ref - http://football-cafe.com/index.php
ရိုးရာလေး

RangonNewsDaily:: Aug 31, 2013

ရီးရဲမက်ဒရစ် ကွင်းလယ် ကစားသမား ကာကာဟာ အသင်းမှ ထွက်ခွာ ချင်နေပြီ ဖြစ်ကြောင်း သိရသည်။ ရီး
ရဲမက်ဒရစ် အသင်းမှာ ကွင်းလယ် ကစားသမားကောင်းများ များပြားနေသည့် အတွက် ကာကာအနေနှင့် ပွဲ
ထွက် ကစားခွင့် ဆုံးရှုံးလျက်ရှိနေခြင်း အပေါ် မပျော်မရွှင် ဖြစ်နေသည့် ကာကာဟာ ယခုကဲ့သို့ မပျော်ရွှင်
တော့ကြောင်း ဝန်ခံ ပြောကြား လိုက်ခြင်း ဖြစ်သည်။

ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း

Photo: ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း

ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကလီစာတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့်သွေးကိုဆေးကြောသန့် စင်ပေးသော လုပ် ငန်းအား လုပ်ဆောင်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိ ရေ နှင့် သတ္တုဓာတ်ပမာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီးပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တစ်ဦး၏ နေ့ စဉ်ရေသောက်နှုန်းသည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံး သင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန့် မှ ၁-
လီတာ ထိစွန့် ပစ်ရပါမည်။ ချွေးထွက်များ သောနေ့ တွင်ရေပို မို သောက်ပေးသင့်သည်။

အမျိုးသား၊အမျိုးသမီး၊ကလေး၊လူကြီးအားလုံး၏ ပုံမှန်ဆီးအရောင်သည် ၀ါဖျော့ဖျော့(သို့ ) အ၀ါရောင်ဖြစ်သည်။ 

(၁)ရေ သောက်နည်း ခြင်း 
(၂)အစားအစာ
(၃)သောက်သုံးသောဆေးဝါးတို့ ကြောင့်လည်း ဆီးအရောင် ယာယီပြောင်းလဲတတ်သည်။

ထိုအကြောင်း(၃)ရပ် ကြောင့် ဆီးအရောင် ၂၄နာရီခန့် ကြာပြောင်းလဲခြင်း သည်ပြသနာမရှိလှသော်လည်း၊ ကျန်းမာရေးတစ်စုံတစ်ရာချို့ ယွင်းမှုကြောင့် *ဆီးအ *ရောင်သိသိသာသာပြောင်းလဲတတ်ပေရာ၊ မိမိကျန်းမာရေးအခြေအနေကို အောက်ပါအကြောင်းအရာတို
ြ့ဖင့် သုံးသပ်နိုင်ပါသည်။

(၁) ကျန်းမာရေးကောင်းသူ၏ဆီးအရောင်သည် အနယ်အနှစ်မပါဘဲ
ကြည်လင်သောဝါဖျော့ဖျော့ဖြစ်ပြီး၊ ရေသောက်များလေ ဆီးအရောင် ဖျော့လေဖြစ်သည်။

(၂)ဆီးထဲတွင် သွေးပါခြင်းသည် သွေးမတိတ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း နှင့်ဆီးအိမ်ကင်ဆာတို့ ဖြင့် ဆက်စပ်နေသည်။ အထူးသဖြင့် အသက် ၄၀ ကျော်အမျိုးသားများတွက် ဆီးအိမ်ကင်ဖြစ်နိုင်ချေအလားအ လာများ၍ သတိပြုပါ။ 

(၃) အချို့ဝမ်းနှုတ်ဆေးများ နှင့် အကြောပြေဆေးများတွင် cascara (သို့ ) sennaဓာတ်ပါရှိသဖြင့် ဆီးသွားသည့်အခါ အညိုရင့်ရင့် (သို့ ) လ္ဘက်ရည် ကြမ်းရောင်ပြောင်းနေတတ်သည်။ အသည်းပျက်စီးခြင်း၊ အသည်းရောင်ရော ဂါ၊ ကျောက်ကပ်အတွင်းသွေးခဲ၍ပျက်စီးခြင်းတို့  ကလည်း ဆီးအရောင်ကို အညိုရင့်ရောင်ပြောင်းစေတတ်သလို၊ကိုကာကိုလာ အရောင်ဆီးပျစ်ပျစ် သွားပါက ဆီးအိမ် နှင့် ကျောက်ကပ်တို့  တွင်ပြင်းထန်သောရော ဂါရနေပါပြီ။ နီးစပ်ရာ ဆရာဝန်ဖြင့် အမြန်ဆုံးဆွေးနွေးတိုင်ပင်ပါ။

(၄) ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကြောင့်၊ သွေးဖြူ/နီဥ ဆဲလ်များထဲတွင်
ဘက်တီးရီးယားများတိုးပွားလာကြကာ ဆီးအရောင်သည် နို့ ကဲ့ သို့ 
ဖြူသွားတတ်သည်။ ကျောက်ကပ်ကျောက်တည်းခြင်းကလည်း
ဆီးကိုဖြူစေသည်။

(၅) အနီရောင် (သို့ ) ပန်းရောင်ဆီးသွားခြင်းကို ဆီးထဲတွင်သွေးပါသည်ဟု
ထင်မှတ်မှားလေ့ရှိကြသည်။ အနီရောင်သကြားမုန်လာ နှင့်
ဘယ်ရီသီးအနီရောင်များစားခြင်းဖြင့် ဆီးနီစေသလို၊ anti-psychotics ဓာတ်ပါရှိသောဆေးဝါးအချို့ သောက်သုံးခြင်းက လည်း ဆီးနီစေ ၏။ အကယ်၍ သင့်ခနာကိုယ်ထဲတွင်ခဲဆိပ်တက်လျှင် ဆီးနီရဲစေ သဖြင့် အထူးဂရုစိုက်ပါ။ 

(၆) ဘီယာသောက်ခြင်းနှင့်ကယ်ရိုတင်းဓာတ်ပါသော မုန်လာဥနီအမြောက် အများစားသုံးခြင်းဖြင့် ဆီးလိမ္မော်ရောင်သွားစေသည်။ ဗီတာ မင်စီအလွန်အကျွံ သောက်သုံးခြင်း၊ ခီမိုဆေးသွင်းကုသခြင်း နှင့်
ပိုးသတ်ဆေးအချို့ ကလည်း ဆီးကိုလိမ္မော်ရောင် ဖြစ်စေတတ်သည်။
သင့်ဆီးသည်လိမ္မော်ရောင်ဖြစ်ပြီး၊ ၀မ်းအဖြူရောင်သွားနေပါက အသည်းရောင်အသားဝါလက္ခဏာ ဖြစ်သည်။ လိုအပ်သောပမဏထက် ဗီတာမင်စီ မှီဝဲခြင်းကကျောက်ကပ်ကိုပျက်စီးစေသည်။

(၇) အကယ်၍ သင်သည် ဗီတာမင်ဘီဓာတ်ကြွယ်ဝသော အားဖြည့်ဆေးသောက်သုံးနေသူဖြစ်ပါက၊
နီအွန်အ၀ါရောင် ဆီးသွားခြင်း အ တွက် စိုးရိမ်ဖွယ်မရှိပါ။

(၈) ထုံဆေး/မေ့ဆေး အချို့ က အစိမ်းရောင်ဆီးသွားစေသလို၊ ကညွတ်အမြောက်အများ
စားသုံးခြင်းဖြင့်လည်း ဆီးအရောင်ကို စိမ်းဖန့်  ဖန့် ဖြစ်၍ ဆီးရနံ
့ဆိုးဝါးစေသည်။

(၉) အော်ဂလီဆန်ပျို့ အန် ပျောက်ဆေးအချို့ သည် ဆီးအပြာရောင် သွားစေတတ်သဖြင့်
စိုးရိမ်ဖွယ်မရှိပါ။

(၁၀) ဦးနှောက်နှင့် အာရုံကြောဂါ ရှိသူ၏ ဆီးသည် မာပယ်လ်ပန်းရနံ
ထွက်လေ့ရှိပြီး၊ ဆီးချိုရောဂါဝေဒနာသည်၏ ဆီးသည် အချို့ နံ့ ထွက်သဖြင့်
မိမိကိုယ်ကို စမ်းစစ်ပါ။

(၁၁) ဆီးအနည်ပါသူ နှင့် ဆီးကျောက်တည်သူများသည် တနေ့ လျှင် ရေ ၃-လီတာမျှသောက်သင့်ပြီး၊ ကွမ်းမစားသင့်ပေ။

ကျောက်ကပ်ပျက်စီးစေသော အဆိုးရွားဆုံးအစား အစာများမှာ ပူစပ်သော အစားအစာများ၊ရေခဲရေ၊ အနီရောင်အသား၊ ဆား၊ ငရုပ် ကောင်း၊ ထညင်း သီး၊ ပြုပြင်ပြောင်းလဲထားသောအရန် သင့် သစ်သီးဖျော် ရည်၊ ပြုပြင်ပြောင်း လဲထားသော ဓာတုအချိုသွားရည်စာအမျိုးမျိုး နှင့် အချိုမှုန့် ၊ ဆို ဒါ နှင့် အဖျော်ယမကာများ၊ အထူး သဖြင့်တရုပ်ပြည်ထုတ် နို့ ထွက်ပစ္စည်း အမျိုးမျိုး၊ ကဖိန်းဓာတ်လွန်ကဲ သော ကော်ဖီ၊လ္ဘက်ရည်တို့ ဖြစ်သည်။အနီရောင်ငရုပ်ပွ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ပန်းသီး၊ ကျောက်ဖရုံ သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ အပါအ၀င် ဘယ်ရီသီးအမျိုးမျိုး၊ ချယ်ရီး သီး၊ အနီရောင်စပျစ်သီး၊ ကြက်ဥအဖြူရောင်၊ အိုမီဂါ ၃ဖက်ဆီးအက် ဆစ်ကြွယ် ၀သော ငါး၊ သံလွင်ဆီ၊ မြင်းခွာရွက် တို့ သည် ကျောက်ကပ်ကျန်း မာရေးအတွက် အကောင်းဆုံးအစားအစာများဖြစ်သည်။ ထို့ ပြင် ဆီသွားသည့်အခါဆီးကုန်သည်အထိ စိတ်ရှည်ရှည်စွန့် ထုတ်ရန်လိုအပ်ပြီး၊ ဆီးကျန်ခြင်းကြောင့်မလိုလားအပ်သောနောက်ဆက်တွဲ ရောဂါ များ မဖြစ်စေရန် ကြက်သွန်ဖြူပြုတ်ရည်ကို ဆေးမြီးတိုအဖြစ်သောက်
သုံးနိုင်ပါကြောင်း။* *

*ဘာသာပြန်သူ (ပေါက်ပေါက်)*

*မှီငြိမ်း (the urology department at the University of Kansas)*
ကျန်းမာရေးစာတိုများစုစည်းမှု

RangonNewsDaily:: Aug 31, 2013

ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်ကလီစာတစ်ခုဖြစ်ပြီး၊ အဓိကအားဖြင့်သွေးကိုဆေးကြောသန့် စင်ပေးသော လုပ် ငန်းအား လုပ်ဆောင်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းရှိ ရေ နှင့် သတ္တုဓာတ်ပမာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီးပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။

Samsung စမတ်ဖုန်းများ မြန်မာစာရပြီ

Photo: Samsaungလည်း မြန်မာစာရပြီ

မြန်မာ့ဈေးကွက်အတွင်း လူကြိုက်များသော Samsung စမတ်ဖုန်း အ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်းအား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏ မန်နေဂျာ ဦးဇော်မိုးအောင်က သြဂုတ် ၂၉ရက်နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

“အခုလောလောဆယ်မှာ Samsung Galaxy S4, Galaxy Grand Duos တွေမှာ မြန်မာစာစနစ် အသင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်”
 ဟု ၄င်းက ပြောဆိုသည်။

အဆိုပါ စမတ်ဖုန်းများသည် ယခင်က ၀ယ်ယူထားပြီးဖြစ်ခဲ့ပါက Firmwareအား update ပြုလုပ်ခြင်းဖြင့် မြန်မာစာစနစ် ရယူနိုင်မည်ဖြစ်ပြီး Setting အတွင်းရှိ Language မှတဆင့် ပြင်ဆင်နိုင်ကြောင်း သိရသည်။ ယခင်က ပြည်တွင်းဈေးကွက်၌ တရားဝင်တင်သွင်းထားသော Samsung စမတ်ဖုန်းများတွင် အသုံးချဘာသာစကား ၁၀မျိုးဖြင့် ထုတ်လုပ်ထားကြောင်း ယခုအခါ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံ၌ ဒေသတွင်း ဘာသာစကားများ ထပ်မံဖြည့်တင်း ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

“မြန်မာဇော်ဂျီဖောင့်ကို အသုံးပြုထားတဲ့အတွက် အင်တာနက် သုံးပြီး ၀က်ဘ်ဆိုဒ်ကြည့်ရှုတာ၊ ဖေ့ဘုတ်စ်လို လူမူကွန်ရက်တွေ အသုံးပြုတာနဲ့ စာတိုတွေ ပေးပို့တာကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားသည်။

Source: The Standard Time Daily
Myanmar ICT

http://www.myanmaronlinenews.net/2013/08/samsaung.html

RangonNewsDaily:: Aug 31, 2013

မြန်မာ့ဈေးကွက်အတွင်းလူကြိုက်များသောSamsung စမတ်ဖုန်းအ ချို့၌ မြန်မာစာစနစ် အသင့် ထည့်သွင်းခြင်း
အား စတင် လုပ်ဆောင်နေ ပြီဖြစ်ကြောင်း Samsung ကုမ္ပဏီ၏မန်နေဂျာဦးဇော်မိုးအောင်က သြဂုတ်၂၉ရက်
နေ့ ညနေ ၄နာရီက junction Square၌ ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောဆိုသည်ဟု သိရသည်။

~ဆေးဝါးကဲ့သို့ အသုံးပြုနိုင်သည့် အရွက်များ

RangonNewsDaily:: Aug 31, 2013

သင်ဟာ ကျန်းမာရေးအတွက် အစွမ်းထက် အစားအစာကို စားမယ်လို့ စဉ်းစားမိတယ်ဆိုရင် သံလွင်ဆီ၊ ဘလူး ဘယ်ရီသီးနဲ့ သင်္ဘောသီးတွေကို အရင်ဆုံး မြင်ယောင်မိမှာပါ။ ဒီအစားအစာတွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှု များပြားပြီး ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုပေမယ့် အမှန်မှာတော့ ဒီအသီးတွေ သီးတဲ့ အပင်က အရွက်တွေဟာ ကျန်းမာရေးအတွက် ပိုမို ကောင်းမွန်တယ်လို့သိရ ပါတယ်။

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အရေးပေါ် တွေ့ဆုံ

RangonNewsDaily:: Aug 31, 2013

သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေပြည်တော်တွင် တွေ့ဆုံကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြော ခွင့်ရပုဂ္ဂိုလ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောသည်။

ဝံသာနုရိက္ခ စိတ်ရှိစေရန် ခေါင်းစဉ်တပ်၍ မွတ်စလင်မ် မုန်းတီးရေးစာရွက်များ တိုက်ကြီးမြို့တွင် လှုံ့ဆော်ဖြန့်ချီ

RangonNewsDaily:: Aug 31, 2013

အဆိုပါ လက်ကမ်းစာစောင်တွင် မိဘဆရာအပေါင်းကို ဦးတည်၍ ကလေးများအား သင်ကြားပေးသင့်သည်များဟု ရေးသားထားသည်များမှာ ဘာသာတရားကို သင်ကြားပေးခြင်းမဟုတ်ဘဲ ဘာသာတစ်ခုမှ တစ်ခုအပေါ်သို့ ကလေးဘ၀ကတည်းမှစပြီး အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သင်ကြားပေးရန် လှုံ့ဆော်ထားသည်ကို တွေ့ရပါသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ICRC ၀န်ထမ်းတို့ ကချင်ပြည်နယ်သို့ ခရီးစတင်

RangonNewsDaily:: Aug 31, 2013

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ချုပ် ICRC ၏ ကချင်ပြည်နယ်အတွင်း ငါးရက်တာ ဆေးဝါးကုသပေးမည့် အစီအ စဉ်ကို သြဂုတ်လ ၂၇ ရက်တွင် စတင်လိုက်ပြီး KIO ဌာနချုပ်ရှိရာ လိုင်ဇာဆေးရုံကိုလည်း လေ့လာမှုများ ပြုလုပ်မည်ဟု KIO ကျန်းမာရေးဌာန တာဝန်ခံ ဦးအင်ဂန်းဇော်ခွမ်က ပြောသည်။

ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူသည့်ကိစ္စ ဗြိတိန်ပါဝင်တော့မည် မဟုတ်ဟု ဒေးဗစ်ကင်မရွန်း ပြောကြား

RangonNewsDaily:: Aug 31, 2013

ဓာတုလက်နက်များ အသုံးပြုခြင်းကြောင့် အမေရိကန် ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်အရေးယူရေးကိစ္စတွင် ဗြိတိန်နိုင်ငံက ပါဝင်တော့မည် မဟုတ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ

Photo: အမျိုးသမီးပါးကို ဓားဖြင့်ခြစ်မှုအတွက် ၅ ဦးကို ဖမ်းဆီး
Friday, August 30, 2013

ရန်ကုန်မြို့က အမျိုးသမီးတယောက်ရဲ့ပါးကို ဓားနဲ့ခြစ်မှုအတွက် သံသယဖြစ်ဖွယ် ၅ ယောက်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook မှာ ရေးထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုးသမီး၏ပါးကို ဓါးဖြင့် ခြစ်ခဲ့သည့် တရားခံများအား (၃)ရက်အတွင်းဖေါ်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ သြဂုတ် ၃၀

၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊ (၄၆)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြိုရန် ဆိုက္ကားဖြင့်သွား စဉ် ကျောင်းလမ်းဆုံအရောက်၌ အမည်မသိလူ(၂)ဦးအနက်တစ်ဦးက ဆိုက္ကားအားတားကာ ကျန်တစ်ဦးမှသံပြားဝိုင်းဖြင့်ခြစ်ခဲ့သဖြင့် 
ဒေါ်ချိုချိုဝင်း၏ ယာပါးတွင် ၃လက်မခန့် ဒေါင်လိုက်ပြတ်ရှဒဏ် ရာရရှိခဲ့သောကြောင့် အရေးယူပေးပါရန် ဒေါ်ချိုချိုဝင်းမှ တိုင်တန်းခဲ့၍
တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၃၁၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၃၄၁/၁၁၄ ဖြင့် အရေးယူကာ စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ တပ်ဖွဲ့ဝင်များမှ အချိန်နှင့်တပြေးညီ စုံစမ်းဖေါ်ထုတ်ခဲ့ရာ 
ပြစ်မှုကျူးလွန်သူတရားခံများဖြစ်သည့် လှဌေး၊ (ဘ)ဦးကျော်သိန်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ လှတိုး၊ (ဘ)ဦးစံရင်၊ (၁၃)ရပ်ကွက်၊ (၁၀)တောင်၊ သာကေတမြို့နယ်၊ 
ဟိန်းမင်းလတ်(ခ)အောင်အောင်၊ (ဘ)ဦးဖိုးထောင်၊ အားကစားကွင်းဝင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ မိုးသူ၊ (ဘ)ဦးသန်းဌေး၊ မှော်စက်ရပ်ကွက်၊ ဒလမြို့နယ်နှင့် ဇော်ကြီး၊ (ဘ)ဦးသောင်းစိန်၊ ကျန်စစ်သားရပ်ကွက်၊ ဒလမြို့နယ်နေသူတို့(၅)ဦးအား ပြစ်မှုကျူးလွန်ပြီး(၃)ရက်အတွင်း ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

အမှုဖြစ်စဉ်မှာ ဒဏ်ရာရရှိသူဒေါ်ချိုချိုဝင်းနှင့်အိမ်ချင်းကပ်လျက်နေ လှဌေး (မြေပဲယိုလုပ်ငန်း) တို့မှာ မုန့်လုပ်စဉ်အညှော်နံ့ နံသည့်ကိစ္စဖြင့် မကြာခဏစကားများခဲ့ကြသည့်အတွက် လှဌေးမှ မကျေမနပ် ဖြစ်ကာ
ဒေါ်ချိုချိုဝင်း၏ မျက်နှာအားရုပ်ဆင်းပျက်အောင် လုပ်ပေးရန်အတွက်
ထောင်ထွက်(၂)ဦးဖြစ်သည့် လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့ အား ငွေကျပ်(၅)သိန်းဖြင့် ငှါးရမ်းခဲ့ကြောင်း၊ 

လှတိုးနှင့်ဟိန်းမင်းလတ်(ခ)အောင်အောင်တို့က ၎င်းတို့ကိုယ်တိုင် ကျူးလွန်ခြင်းမပြုဘဲ မိုးသူနှင့် ဇော်ကြီး တို့(၂)ဦးအား ထပ်မံခိုင်းစေခဲ့သဖြင့် 
အခင်းဖြစ်ပွားသည့်အချိန်၌ ဒေါ်ချိုချိုဝင်းစီး လာသောဆိုက္ကားရှေ့ တွင် ဇော်ကြီးမှပိတ်ရပ်ကာ မိုးသူမှခဲတံချွန်ခေါက်ဓါးဖြင့် ဒေါ်ချိုချိုဝင်း၏ ယာပါးအား ဆွဲခြစ်ကျူးလွန်ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ 

လှဌေးက ငှားရမ်းခငွေကျပ်(၅)သိန်းအား လှတိုးထံပေးအပ်ခဲ့ရာ လှတိုးကငွေကျပ်(၂၃၀၀၀၀)ယူကာ၊ ဟိန်းမင်းလတ်(ခ)အောင်အောင် အား ငွေကျပ် (၁၈၀၀၀၀)၊ မိုးသူနှင့် ဇော်ကြီးတို့အား တစ်ဦးလျှင်ငွေကျပ် (၄၅၀၀၀)စီ ခွဲဝေပေး အပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

ဒေါ်ချိုချိုဝင်းနှင့် အခင်းဖြစ်နေရာတွင် ပြစ်မှုကျူးလွန်ခဲ့ကြသူ တရားခံ(၂)ဦးမှာ ရန်ငြိုးရန်စနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်သိရှိမှုမရှိဘဲ တရားခံ(၂)ဦးမှ ငွေကြေးရရှိ၍ ပြစ်မှုကျူးလွန်ခဲ့ကြခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။ 
 
ဧရာဝတီ

RangonNewsDaily:: Aug 30, 2013

ရန်ကုန်မြို့က အမျိုးသမီးတယောက်ရဲ့ပါးကို ဓားနဲ့ခြစ်မှုအတွက် သံသယဖြစ်ဖွယ် ၅ ယောက်ကို စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ Facebook မှာ ရေးထားပါတယ်။၂၆.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ဒေါ်ချိုချိုဝင်း၊ (၄၆)နှစ်၊ (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက်၊ တောင်ဥက္ကလာ
ပမြို့နယ်နေသူသည် တောင်ဥက္ကလာပ မြို့နယ်၊ အ.ထ.က(၃)ကျောင်းသို့ ကျောင်းကြိုရန် ဆိုက္ကားဖြင့်သွား စဉ်

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း ပြင်သစ် ပြောကြား

Photo: လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စတင်တိုက်ခိုက်ဖွယ်ရှိကြောင်း
ပြင်သစ် ပြောကြား
Friday, August 30, 2013

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံတစ်ခုလည်း ဖြစ်သည့် ပြင်သစ်နိုင်ငံ
၏ သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက မိမိတို့သည် ဓာတုလက်နက်များ အသုံးပြုခဲ့သည့် ဆီးရီးယား အစိုးရအပေါ် အရေးယူရန် အသင့်ရှိနေကြောင်း
ကြေညာခဲ့သည်။

ဗြိတိန်တွင် မဲခွဲဆုံးဖြတ်မှုအရ ဆီးရီးယားကို စစ်ဆင်မှု ပြုလုပ်မည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့သော်လည်း ယင်းအချက်ကြောင့် ပြင်သစ်၏ ရပ်တည်မှုကို အပြောင်းအလဲ ဖြစ်စေမည် မဟုတ်ဟုလည်း ဟော်လန်ဒေးက ဆိုသည်။ "ပြင်သစ်ဟာ ဒမတ်စကက်က အစိုးရရဲ့ မလျော်မကန် လုပ်ရပ်ကို အရေးယူဖို့ လိုလားချက်အတွက် ခိုင်ခိုင်မာမာ ရပ်တည်ပါတယ်"ဟု ၎င်းက
ပြောကြားခဲ့သည်။

ဟော်လန်ဒေးက ဗြိတိန်က စစ်ဆင်ရေးကိစ္စကို နောက်ဆုတ်သွားသော်
လည်း ပြင်သစ်ကမူ အစီအစဉ် အပြောင်းအလဲမရှိဟုလည်း ထပ်လောင်း
ပြောဆိုလိုက်သည်။

"နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အထူးသဖြင့် ဒီလို စစ်ဆင်ရေးမျိုးမှာ ပါဝင်မလား၊ မပါဝင်ဘူးလား ဆိုတာကို စိတ်ကြိုက် ဆုံးဖြတ်ခွင့် ရှိပါတယ်။ ဗြိတိန်က ဗြိတိန်အနေနဲ့၊ ပြင်သစ်က ပြင်သစ်အနေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်"ဟုလည်း ၎င်းက ဆိုသည်။

ဩဂုတ်လ (၂၁)ရက်နေ့က သူပုန်တပ်ဖွဲ့များကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်ကြောင်း စွပ်စွဲခံနေရသည့် ဘာရှာအယ်လ် အာဆက်ဒ် အစိုးရကို ပြင်သစ်က ပြစ်ဒဏ်ခတ်ရန်ရည်ရွယ်ပြီး ဖြစ်ကြောင်း
ဟော်လန်ဒေးက ဆက်လက် ပြောဆိုသွားသည်။

Planet Myanmar Network

http://www.myanmaronlinenews.net/2013/08/blog-post_3102.html

RangonNewsDaily:: Aug 30, 2013

လာမည့် ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားကို စစ်ရေးအရ တိုက်ခိုက်မှု စတင်ဖွယ် ရှိနေကြောင်း ပြင်သစ်နိုင်ငံက စတင် ပြောကြားလိုက်ပြီ ဖြစ်သည်။

Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ

Photo: Miss Myanmar ခင်ဝင့်ဝါ ပရိသတ်ပေးတဲ့ မဲ ၂ သိန်းကျော်ရပြီ
Friday, August 30, 2013

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါ
ဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့
ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်။

အဲဒီ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar ခင်ဝင့်ဝါဟာ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရုက္ခဗေဒ ကျောင်းသူ တဦးဖြစ်ပြီး မော်ဒယ်လ် တဦးလည်း ဖြစ်သလို Miss Myanmar သရဖူကို ရရှိပြီးချိန်မှာ မြန်မာနိုင်ငံ
ကို ကိုယ်စားပြုပြီး ရုရှနိုင်ငံ ဘီလာရုစ်မှာ သွားရောက် ယှဉ်ပြိုင်နေတဲ့
မြန်မာနိုင်ငံ ဂုဏ်ဆောင် Miss တဦး ဖြစ်ပါတယ်။

သူ့ရဲ့ facebook စာမျက်နှာမှာ ခင်ဝင့်ဝါက “ပရိသတ်ကြီး မင်္ဂလာပါ။ ညီမကို အားပေးတယ်ဆိုရင် အောက်က Link က တဆင့် အနီရောင် စာလုံးကို နှိပ်ခြင်းဖြင့် ညီမကို Vote ပေးနိုင်ပါတယ်။ နေ့စဉ် မဲပေးနိုင်ပါတယ်၊ သြဂုတ် ၂၆ ရက်နေ့က စပြီး စက်တင်ဘာ ၄ ရက်နေ့ည ၁၂ နာရီ အထိ မဲပေးလို့ရပါတယ်။ Chrome ကနေ မဲပေးပြီးပေမယ့် Firefox နဲ့ ဖွင့်ပြီး မဲပေးလို့လည်း ရပါတယ်။ Browser မတူပါက မဲထပ်ပေးလို့ ရကြောင်း အသိပေးချင်ပါတယ်။ ညီမလေး ကြိုးစား ထားပါတယ်ရှင့်၊ ခင်ဝင့်ဝါရဲ့ ဓာတ်ပုံ (သို့) အမည်ကို Click လုပ်ပြီး နေ့စဉ် စိတ်ကြိုက် မဲပေးနိုင်ပါတယ်” လို့ သူ့ကို အားပေးတဲ့ မြန်မာ ပရိသတ်တွေကို ရေးသား တောင်းဆိုထားတာကို တွေ့ရပါတယ်။

ခင်ဝင့်ဝါဟာ ဒီနေ့ဒီအချိန်အထိ ပရိသတ်တွေက ပေးတဲ့ မဲ အနေနဲ့ ၂၃၄၃၉၁ မဲ ရရှိထားပြီး သူနဲ့ အပြိုင် Miss တွေကတော့ Miss Luxembourg ၂၃၅၇၉၅ မဲ၊ Miss Russia က ၁၂၅၈၁၆ မဲ၊ Miss Sweden က ၁၂၃၄၈၀ မဲ၊ Miss Australia က ၇၀၁၂၂ မဲ၊ Miss Thailand က ၆၉၉၂၈ မဲနဲ့ Miss Philippines က ၅၄၆၄၂ မဲတို့ ဖြစ်ကြပါတယ်။ သြဂုတ် ၂၉ ရက်နေ့ ညကတော့ ခင်ဝင့်ဝါနဲ့ Miss Philippines တို့ဟာ မဲ ၅ သောင်းကျော်နဲ့ အပြိုင်ဖြစ်နေရာက ဒီနေ့ သြဂုတ် ၃၀ ညနေမှာ ခင်ဝင့်ဝါက မဲ အပြတ်အသတ် ကျော်ဖြတ်တက်ခဲ့တာ ဖြစ်ပါတယ်။

ခင်ဝင့်ဝါရဲ့ facebook မှာ သူ့ကို အကဲဖြတ်ဒိုင်များက မေးခွန်းများမေးတဲ့
အချိန် သူ ပြန်လည် ဖြေဆိုထားတဲ့ Link တွေကိုလည်း တွေ့ရပါတယ်။

သူ့ရဲ့ ပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားမှုကို ဒိုင်တွေက မေးမြန်းတဲ့အခါမှာ “ကျမ အရမ်းကို စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ နိုင်ငံရပ်ခြား
ကို တခါမှ မရောက်ဖူးဘူးလေ” လို့ ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါ့အပြင် သူက သူ့ရဲ့ မြန်မာနိုင်ငံနဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံ တခုမှာ
ခြားနားတဲ့ အရာတွေကို မြင်ရတာ အရမ်းကောင်းတယ် ဆိုတဲ့ အကြောင်း၊
မြန်မာနိုင်ငံက အရမ်းလှပသလို၊ ဘီလာရုစ်ကလည်း အတူတူပဲ ဆိုတဲ့
အကြောင်း၊ နှစ်နိုင်ငံ စလုံးမှာ ကောင်းမွန်တဲ့ အရာတွေ၊ သွားရောက်လည်
ပတ်ဖို့ ကောင်းတဲ့ နေရာတွေရှိတယ်ဆိုတဲ့ အကြောင်းတွေလည်း ပြောကြား ခဲ့ပါတယ်။

မြန်မာနိုင်ငံက လတ်တလော အဟြေင်းအလဲတွေ အကြောင်းကို မေးတဲ့
အခါ သူက “ကျမတို့ နိုင်ငံက အခုဆိုရင် ပိုပြီး ပွင့်လင်းလာပါပြီ။ လှပပြီး အရောင်အသွေးစုံတဲ့ ကျမတို့နိုင်ငံကို အလည်လာဖို့ ရှင်တို့ အားလုံးကို ဖိတ်ခေါ်ပါတယ်” လို့ ဆိုပါတယ်။

အကဲဖြတ် ဒိုင်တွေက မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို သွားရောက် လည်ပတ်ဖို့ အကြံပြုချင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ သူက သွားစရာ
နေရာတွေ အများကြီးရှိတဲ့ အကြောင်း၊ ဒါပေမယ့် လာရောက်လည်ပတ် သူတွေအနေနဲ့ အချိန်နည်းမယ် ဆိုရင်တော့ ရွှေတိဂုံ ဘုရားကို သွားစေချင်တဲ့အကြောင်း အကြံပြုထားပါတယ်။

“အချိန် ပိုရမယ်ဆိုရင်တော့ မြန်မာဘုရင်တွေရဲ့ ရှေးဟောင်းမြို့တော် ပုဂံကိုသွားပါ။ မြန်မာနိုင်ငံရဲ့လှပမှုတွေ၊ အရောင်အသွေး စုံလင် မှုတွေက ရှင်တို့ကို အံ့သြစေလိမ့်မယ်လို့ ကျမဟြေရဲပါတယ်” လို့လည်း သူက ဆက်ပြော ထားပါတယ်။

ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ အင်္ဂလိပ်စကား အားနည်းမှုကို ခွင့်လွှတ်ဖို့ ဒိုင်တွေကို တောင်းပန်တဲ့အခါမှာ ဒိုင်တွေက “Miss Supranational 2013 ပြိုင်ပွဲဝင်များထဲမှာ ချစ်စရာ အကောင်းဆုံးနဲ့ အယဉ်ကျေး၊ အသိမ်မွေ့ဆုံး
ဖြစ်တဲ့ Miss Myanmar က သူရဲ့ အင်္ဂလိပ်စကား အားနည်းမှုအတွက် ခွင့်လွှတ်ပါရန် တောင်းပန်တဲ့ အတွက် ကျနော်တို့က သူရဲ့ အင်္ဂလိပ်စကား အမှန်တကယ် ကောင်းမွန်ပါတယ်” လို့ ပြန်လည် ဟြေဆိုခဲ့ပါတယ်။

အဲဒီလို ဒိုင်တွေက ပြောတဲ့ အခါမှာ သူက ပြုံးလိုက်ပြီး “ကျမ ကျေးဇူး
တင်ပါတယ်၊ ကျမ တက္ကသိုလ်မှာ အင်္ဂလိပ်စာ သင်ခဲ့ပါတယ်၊ ဒါပေမယ့် သိပ်ပြီး ချောချောမွေ့မွေ့ မဟြေနိုင်ပါဘူး၊ ကျမထပ်ပြီး သင်ယူချင်ပါ
သေးတယ်၊ မနက်ဖြန်မှာ လုပ်မယ့် ပင်ကိုယ်စွမ်းရည် ပြိုင်ပွဲမှာ ကျမတို့ တိုင်းပြည်ရဲ့ ရိုးရာအက ကပြဖို့ ပြင်ဆင်ထားပါတယ်။ ရှင်တို့ သဘောကျ
မယ်လို့ ကျမ မျှော်လင့်ပါတယ်” လို့ ပြန်ပြောတာ တွေ့ရပါတယ်။

နောက်ဆုံး ပရိသတ်တွေကို စကားဟြေတဲ့ အခါမှာတော့ ခင်ဝင့်ဝါက သူ့ကို အားပေးတဲ့ သူတွေထဲမှာ သူ လုံးဝ မသိတဲ့သူတွေ ပါနေတဲ့အတွက် သူ့ကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။

“အဲဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိစေပါတယ်၊ ကျမ သူတို့ကို သိစေချင်တာက ဒီသရဖူကို မြန်မာနိုင်ငံကို ယူလာနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတာပါပဲ။ ကျမ အားလုံးကို ချစ်ပါတယ်ရှင်” လို့ သူက အားပေးတဲ့ ပရိသတ်တွေကို တလေးတစား ကတိပေး ဖြေကြားတဲ့
အကြောင်း ဖော်ပြထားပါတယ်။

ဧရာဝတီ

http://www.myanmaronlinenews.net/2013/08/miss-myanmar.html

RangonNewsDaily:: Aug 30, 2013

Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ခင်ဝင့်ဝါ
ဟာ လက်ရှိအချိန် အထိ ပရိသတ်ပေးတဲ့ မဲအများဆုံး ၂ သိန်းကျော်နဲ့
ရှေ့ဆုံးတန်းမှာ ပြေးနေပါတယ်

ဆေးလိပ် ဆေးရွက်ကြီးနှင့် ပြည်သူ့ကျန်းမာရေး ဂရုပြုသင့်

RangonNewsDaily:: Aug 30, 2013
လူတစ်ယောက်ရဲ့ အသက်က ဘယ်လောက်တန်တယ်လို့ ထင်ပါသလဲ?ဒေါ်လာ ၁၀သန်းလို့ ထင်ပါသလား။ဒေါ်လာ သန်း၁၀၀လို့ ထင်ပါသလား။အဖိုးမဖြတ်နိုင်ဘူးလို့ ထင်ပါသလား။
အဲဒီအဖြေတွေ အားလုံး မှားပါတယ်။ အဖြေမှန်က ဒေါ်လာ၆၀၀၀ ဖြစ်ပါတယ်။ဒါအမှန်ပါပဲ။