Pages

Thursday, August 29, 2013

ဆီးရီးယားကို အမေရိကန်တိုက်ခိုက်ပါက အစ္စရေးကိုလက်တုံ့ပြန်မည်ဟု အီရန်သတိပေး

ဆီးရီးယားကို အမေရိကန်တိုက်ခိုက်ပါက အစ္စရေးကိုလက်တုံ့ပြန်မည်ဟု အီရန်သတိပေး
Wednesday, August 29, 2013

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အာဆတ်၏ တပ်ဖွဲ့ဝင်များက ဆီးရီးယား ပြည်သူများကို ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်မှာ သက်သေ အထောက်အထား အခိုင်အမာ ရှိကြောင်း အမေရိကန်နှင့် အနောက်နိုင်ငံများက ပြောကြား ထားသည်။

ယင်းကဲ့သို့ ပြောကြားပြီးနောက် အီရန်နိုင်ငံ၏ သတိပေးချက် ပေါ်ထွက် လာခြင်း ဖြစ်သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အီရန်-အီရတ် စစ်ပွဲတွင် အီရန် နိုင်ငံမှာ ဓာတုလက်နက်များဖြင့် တိုက်ခိုက်မှုဒဏ် ခံစားခဲ့ရပြီး ဆီးရီးယားနိုင်ငံ၏ အမာခံ မဟာမိတ်တစ်ဦး ဖြစ်သည်။

ထို့အပြင် အီရန်နှင့် အနောက်နိုင်ငများကြား ဖြစ်ပွားလာနိုင်သည့် စစ်ပွဲတွင် ဆီးရီးယားနိုင်ငံမှာ အီရန်နိုင်ငံ၏ ပထမဆုံးသော ခံစစ်မျဉ်း ဖြစ်သည်ဟု အီရန်နိုင်ငံ၏ သဘောထား တင်းမာသော ခေါင်းဆောင်များက မှတ်ယူထား သည်။

ဆီးရီးယား ပဋိပက္ခမှာ အစ္စရေးနိုင်ငံကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်ဟု အီရန်နိုင်ငံက စွပ်စွဲထားပြီး သမ္မတ အာဆတ်ကို ရာထူးမှ ဖြုတ်ချနိုင်ရန် အစ္စရေးတို့ လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

“ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ရင် ဒေသတွင်း တော်လှန်ရေး အင်အားစုတွေရဲ့ အမုန်းမီးလျှံက ဇီယွန်ဝါဒီတွေဆီ ဦးတည်သွားလိမ့်မယ်” ဟု အီရန် လွှတ်တော်တွင်းရှိ လွှမ်းမိုးမှု ကြီးမားသော အမတ် တစ်ဦးဖြစ်သူ မန်ဆာဟာကွီကွတ်ပါက ပြောကြားသည်။

ဓာတုလက်နက် အသုံးပြုရေးနှင့် ပတ်သက်လျှင် အီရန်နိုင်ငံက ပြင်းပြင်း ထန်ထန် ဆန့်ကျင်နေခြင်း ကြောင့် ဆီးရီးယား သမ္မတ အာဆတ်သာ ဓာတု လက်နက်များသာ အသုံးချပါက အီရန် ခေါင်းဆောင်များ အခက် ကြုံမည် ဖြစ်သည်။

အီရန်သမ္မတသစ် ဟတ်ဆန်ရိုဟာနီကလည်း ဓာတုလက်နက် အသုံးပြုခြင်း ကို ဆန့်ကျင်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ၎င်း၏ တွစ်တာ အကောင့် တွင် ရေးသား ဖော်ပြလိုက်သည်။

ဆီးရီးယားနှင့် အီရန်နိုင်ငံကြားတွင် အပြန်အလှန် ပူးပေါင်းကူညီရေး စာချုပ် ချုပ်ဆိုထားပြီး ပြင်ပနိုင်ငံ တစ်ခု ဝင်ရောက် တိုက်ခိုက်ပါက ကူညီရမည် ဟု ဖော်ပြထားသည်။

ထို့အပြင် ဆီးရီးယားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ခြင်းသည် အီရန်နိုင်ငံကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု သဘောထား တင်းမာသော အီရန်ခေါင်းဆောင် များက မှတ်ယူထားသည်။

ဆီးရီးယား အစိုးရအဖွဲ့ကို အီရန်နိုင်ငံက အကူအညီများ ပေးအပ်နေသည် သာမက လက်ဘနွန် နိုင်ငံတွင်းရှိ ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့နှင့် လည်း အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိသည်။

ဟစ်ဇဘိုလာ အဖွဲ့၌ အစ္စရေး နိုင်ငံအတွင်းပိုင်း နယ်မြေများ ထိ ရောက်အောင် ပစ်ခတ်နိုင်သော ဒုံးကျည်များ ပိုင်ဆိုင်ထားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

RangonNewsDaily:: Aug 29, 2013

ဆီးရီးယားနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ စစ်ရေးအရ အရေးယူ ဝင်ရောက် တိုက်ခိုက်ပါက အစ္စရေးနိုင်ငံကို လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု အီရန် လွှတ်တော် အမတ်များနှင့် တပ်မှူးများ က ဒေါသတကြီး သတိပေး ပြောကြားသွားကြောင်း New York Times သတင်းတွင် ဖော်ပြထားသည်။

သိန်းလေးရာခန့်တန်သည့် ရတနာများခိုးသည်ဟု သမီးကို ဖခင်က အမှုဖွင့်

RangonNewsDaily:: Aug 29, 2013

ကျပ်သိန်းပေါင်းလေးရာခန့် တန်ဖိုးရှိသော ရတနာပစ္စည်းများ ခိုးယူသည်ဟုဆိုကာ အဘိုးအိုတစ်ဦးက သူ့သမီးကို အမှုဖွင့်တိုင်တန်းမှုတစ်ခု သြဂုတ် ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံးက သတင်းထုတ်ပြန်သည်။

ဆီးဂိမ်းတွင် ကျင်းပမည့် အားကစားနည်း ၃၃ မျိုးအတွက် အာရှနိုင်ငံများမှ ဒိုင်လူကြီး ၈၀၀ ကျော်လာရောက်မည်

RangonNewsDaily:: Aug 29, 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၃ မျိုးအတွက် အရှေ့တောင် အာရှနိုင်ငံများမှာ ဒိုင်လူကြီး ၈၀၀ ကျော်ခန့် လာရောက်မည်ဟု ခန့်မှန်းကြောင်း ဆီးဂိမ်းပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

လှိုင်မြို့နယ်ရှိ ငါးထပ်တိုက်တစ်လုံးပေါ်တွင် နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူခံရ

RangonNewsDaily:: Aug 29, 2013
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ်(၉) ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်း ပေါ်ရှိ ငါးထပ်တိုက် သုံးလွှာတွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က အိပ်ခန်း အတွင်းရှိ ရွှေထည်နှင့်ငွေများ သိမ်းဆည်းထားသော မီးခံသေတ္တာတစ်လုံး ခိုးယူခံရကြောင်း အခန်းပိုင်ရှင် ဦးကျော်စိန်က The Voice သို့ ပြောကြားသည်။

Googleရဲ့ Nexus 7ကို နိုင်ငံတကာမှာ ၀ယ်ယူနိုင်ပြီ

Photo: Googleရဲ့ Nexus 7ကို နိုင်ငံတကာမှာ ၀ယ်ယူနိုင်ပြီ
Thursday, August 29, 2013

နာမည်ကြီးလျက် ရှိတဲ့ Googleရဲ့ နောက်ဆုံးထွက်ဗားရှင်း Nexus 7 Tablet ကတော့ နိုင်ငံတကာမှာ ၀ယ်ယူရရှိ နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်မှာ စတင် ပွဲထုတ်ပြသခဲ့ပြီး ကနေဒါကို ရက်သတ္တပတ် အနည်းငယ်အတွင်း ရောက်ရှိခဲ့တဲ့ အဆိုပါ Tabletဟာ အခုအခါမှာတော့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ ရရှိနေပြီလို့ သိရပါတယ်။

ဈေးနှုန်းကတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွာခြားမှာ ဖြစ်ပါတယ်။ ယူကေ မှာ ဒေါ်လာ သုံးရာခန့်နဲ့ စတင်ရောင်းချ ခဲ့ပြီး ဥရောပမှာ ၂၆၆ဒေါ်လာနဲ့ အမေရိကန်မှာတော့ 16GB Tabletကို ၂၂၉ဒေါ်လာနဲ့ ရောင်းချ ပါတယ်။ အဆိုပါ Nexus 7 Tabletဟာ အန်းဒရွိုက်ဗားရှင်း 4.3အ သုံးပြု မောင်းနှင်ထားပြီး 1.5GHzအမြန်နှုန်းနဲ့ Qualcomm Snapdragon S4 Processorကိုလည်း တပ်ဆင်ထားပါတယ်။ 

၇လက်မရှိတဲ့ မျက်နှာပြင်မှာ ရုပ်ထွက်အရည်အသွေး 1920×1080pixelsနဲ့ အသုံးပြုရမှာ ဖြစ်လို့ စွဲမက်ဖွယ်ရာ ပါပဲ။ ဒါ့အပြင် 5MPကင်မရာ၊ Bluetooth 4.0, microUSB 2.0နဲ့ LTEစနစ်တွေ မှာပါချိတ်ဆက် အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ Googleရဲ့ ဗားရှင်းအသစ် Nexus 7 Tabletကို ရင်ခုန်စွာနဲ့ စောင့်ကြိုလိုက်ရအောင်ဗျာ။

Myanmar ICT

RangonNewsDaily:: Aug 29, 2013

နာမည်ကြီးလျက် ရှိတဲ့ Googleရဲ့ နောက်ဆုံးထွက်ဗားရှင်း Nexus 7 Tablet ကတော့ နိုင်ငံတကာမှာ ၀ယ်ယူရ
ရှိ နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လက အမေရိကန်မှာ စတင် ပွဲထုတ်ပြသခဲ့ပြီး ကနေဒါကို ရက်
သတ္တပတ် အနည်းငယ်အတွင်း ရောက်ရှိခဲ့တဲ့ အဆိုပါ Tabletဟာ အခုအခါမှာတော့ ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေမှာ ရရှိနေပြီလို့ သိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား လမ်းတွင်း မြေပြိုမှူများဖြစ်ပေါ်

Photo

RangonNewsDaily:: Aug 29, 2013
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား လမ်းတွင်း မြေပြိုမှူများဖြစ်ပေါ်ခဲ့မှုကြောင့် ယာဉ်အချို့ ပျက်စီးဆုံးရှုံးမှုဖြစ်
ပေါ်ခဲ့ရကြောင်းသတင်းရရှိပါသည်။

မောင်တောနယ်စပ်တွင်ညမထွက်ရအမိန့်တင်းကျပ်

RangonNewsDaily:: Aug 29, 2013

မောင် တောနယ်စပ်ဒေသအတွင်း အ ကြမ်းဖက်တိုက်ခိုက်မှု ဖောက်ခွဲ မှုသတင်းများ ထွက်ပေါ်နေသည့် အတွက် ထုတ်ပြန်ထားသည့် ည မထွက်ရအမိန့်ကို တင်းကျပ်စွာ ဆောင်ရွက်နေကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

လက်ပံတောင်းတောင် အရေးဆန္ဒထုတ်ဖော်သူ ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

Photo: ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ၂ နှစ်ချမှတ်
Thursday, August 29, 2013

လက်ပံတောင်းတောင် အရေးကိစ္စ ဆန္ဒထုတ်ဖော်မှုကြောင့် မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီး
ကွန်ရက်ခေါင်းဆောင်ဒေါ်နော်အုံးလှကိုအလုပ် ကြမ်းနှင့်ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်းသိရသည်။

ယနေ့ နံနက် ၁၀ နာရီက မုံရွာအကျဉ်းထောင်မှ မုံရွာတရားရုံးသို့ တရားရင်ဆိုင်ရန် တရားရုံးထုတ်ခဲ့ပြီး နံနက် ၁၁ နာရီ ခွဲတွင် ပုဒ်မ (၅၀၅/ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

NLA
Popular Myanmar News Journal

RangonNewsDaily:: Aug 29, 2013

လက်ပံတောင်းတောင် အရေးကိစ္စ ဆန္ဒထုတ်ဖော်မှုကြောင့် မုံရွာအကျဉ်းထောင်၌ ဖမ်းဆီးခံထားရသည့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအမျိုးသမီး
ကွန်ရက်ခေါင်းဆောင်ဒေါ်နော်အုံးလှကိုအလုပ် ကြမ်းနှင့်ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်းသိရသည်။

ဝယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ

Photo: ၀ယ်သူသာလျှင် အမြဲမှားသည့် ဟန်းဆက်ဆိုင်တို့ ပေါ်လစီ 
Thursday, August 29, 2013

ဘောဂဗေဒ ပညာရှင်များနှင့် ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းရှင်များ မကြာခဏ ကိုးကားပြောဆိုလေ့ရှိသည့် “၀ယ်သူသည်သာ ထာဝရ မှန်ကန်သည်”ဆိုသည့် ဆိုရိုးစကားမှာ မြန်မာပြည် အတွက်မူ ဟုတ်ဟန်မတူ။ ထိုစကားကို အနည်းငယ်မျှပင် သံသယရှိစရာ မလိုဘဲ လက်ခံကြသည့် လူ့အချို့တော့ ရှိသည်။ ထိုသူတို့မှာ မြန်မာနိုင်ငံက တယ်လီဖုန်းသုံးစွဲ သူများပင်။

အစိုးရက ဖုန်းဆင်းမ်ကတ် တစ်ခုကို ကျပ် ၁၅၀၀ ဖြင့်ရောင်းချ ခဲ့ပြီး ၀ယ်လိုအား များလာသော ဖုန်းအခွံ(Handset)ဈေးကွက်ကြောင့် ရန်ကုန် အပါအ၀င် နိုင်ငံအနှံ့တွင် ဖုန်းဟန်းဆက် အရောင်းဆိုင်များ မှိုလိုပေါက် လာခဲ့သည်။ သို့သော်လည်း အဆိုပါ ဆိုင်များအနက် အချို့ကသာ သူတို့ရောင်းချသည့် ပစ္စည်းများ တစ်စုံတစ်ရာ ပြဿနာ ပေါ်ပါက ဖြေရှင်းပေးရန် တာဝန်ယူကြသည်။

နိုင်ငံတကာတွင် ကျော်ကြားသည့် Apple ၏ အိုင်ဖုန်းကအစ Samsung ၏နောက်ဆုံးပေါ်ဖုန်းများ အလယ် HTC,Huawei အဆုံး နာမည်ကျော်တံဆိပ်များကို သူ့ထက် ငါဦးအောင် ရောင်းချနေသော်လည်း ရောင်းပြီးနောက် ၀န်ဆောင်မှုပေးသည့်အပိုင်းတွင်မူ ကြော်ငြာထားသလို ၀န်ဆောင်မှုပေးဖို့ စိတ်အားထက်သန်ခြင်းမရှိကြ။

“အာမခံ တစ်နှစ်ပေးထား တယ်ဆိုပြီး သွားပြင်တော့ တစ်လနှစ်လကြာမှ ရမယ်ဆိုပြီးချိန်းတယ်”ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၁ နှစ်အရွယ် ကိုဖြိုးက လွန်ခဲ့သည့်နှစ်လခန့်က သူ၏ Samsung S3 ဖုန်းပျက်စဉ်က အတွေ့အကြုံကို ပြောပြသည်။ Samsung ၏ မြန်မာနိုင်ငံအတွက် တရားဝင်ဖွင့်လှစ်ထားသည့် ပြုပြင်ရေးဌာနသို့ သွားရောက်အကြောင်းကြားသော်လည်း ၎င်းတို့ထံမှ ၀ယ်ယူခြင်းမဟုတ်သောကြောင့် ပြင်ဆင်ပေးရန်ငြင်းဆန်ခဲ့ကြောင်း ကိုဖြိုးကပြောသည်။

ကိုဖြိုးကဲ့သို့ပင် အရောင်းဆိုင်များမှရောင်းပြီး ပစ္စည်းကိုတာဝန်မယူမှုများ ကြုံတွေ့ရသူ အများအပြားရှိခဲ့သည်။ “ဖုန်းဝယ်တာ Samsung Glaxy Ace ကိုရီးယားဖြစ်ဆိုပြီး ပြောရောင်းတယ်။ ဖုန်းကိုကြည့်တော့ ဗီယက်နမ်ဖြစ်နေတယ်။ ဆိုင်ကိုဖုန်းဆက်ပြောတော့ ဆိုက်ရောက်တဲ့နေရာချင်းပဲကွာတာ။ ဖုန်းအသားမှာ တံဆိပ်ရိုက်ထားတာပဲလို့ ပြောတယ်”ဟု တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းအနီး ဟန်းဆက်အရောင်းဆိုင်နှင့် ဖြစ်ပွားခဲ့သည့်ပြဿနာကို ကာယကံရှင်က 7Day Daily သို့ ပြောသည်။

ဈေးကွက်ထဲတွင်ရောင်းချနေသည့် Samsung အမှတ်တံဆိပ်ပါပစ္စည်းတိုင်းကို အာမမခံနိုင်ကြောင်း Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာကပြောသည်။ ဈေးကွက်အတွင်း Samsung ဟု ရောင်းချနေသော ဟန်းဆက်များထဲတွင် Samsung မှ တရားဝင်တင်သွင်းထားခြင်းမဟုတ်ဘဲ ရောင်းချနေသည့် ဟန်းဆက်အများအပြားရှိနေခြင်းကြောင့် ထိုပစ္စည်းများအတွက် အာမခံချက်မပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

Samsung အမှတ်တံဆိပ်ဖြင့် တရားဝင်ရောင်းချပေးနေသည့် ဟန်းဆက်အရောင်းဆိုင်မှာ တစ်နိုင်ငံလုံးတွင် ဆိုင်နှစ်ဆယ်ခန့်ရှိပြီး ထိုဆိုင်များမှရောင်းချပေးနေသည့် ပစ္စည်းများနှင့် Samsung ၏ ပစ္စည်းအစစ်အမှန်များကိုသာ တရားဝင်အာမခံပေးကြောင်း အဆိုပါအထွေထွေမန်နေဂျာကပြောသည်။

“Samsung Service ဆိုင်တွေမှာလာပြင်တဲ့ ပစ္စည်းဆိုရင် ကြည့်လိုက်တာနဲ့ သိသာတယ်။ တရားဝင်သွင်းတဲ့ပစ္စည်း ဟုတ်လား မဟုတ်လားဆိုတာ။ အခုနောက်ပိုင်းဖုန်းတွေဆိုရင် တရားဝင်သွင်းထားတဲ့ဖုန်းတွေမှာ ကုတ်နံပါတ်တို့၊ မြန်မာဖောင့်တို့ပါတယ်။ ဒါပေမဲ့ တရားဝင်မဟုတ်တဲ့ ဖုန်းတွေမှာကျတော့ အဲဒါတွေမပါတော့ဘူး။ အဲဒီဖုန်းတွေဆိုရင် ဆိုင်ကတာဝန်မယူပေးဘူး”ဟု Samsung ၏ မြန်မာပြည်ရုံးခွဲမှ အထွေထွေမန်နေဂျာ ဦးဇာနည်ဝင်းထက်ကပြောသည်။

တရားဝင်ဖွင့်လှစ်ခြင်းမဟုတ်ဘဲ Samsung အမည်တပ်ကာ ဖွင့်လှစ်ထားသည့် အခြားဟန်းဆက်ဆိုင်များကိုလည်း Samsung အမှတ်တံဆိပ်သုံးစွဲမှုနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ၎င်းကပြောသည်။ “ရေရှည်မှာတရားစွဲဆိုတာတွေ ဖြစ်လာနိုင်တယ်”ဟု ဦးဇာနည်ဝင်းထက်ကပြောသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်းကို လူလတ်တန်းစားများ လက်လှမ်းမီသုံးစွဲလာနိုင်သည်မှာ သုံးနှစ်ဝန်းကျင်သာရှိဦးမည်။ ထို့ကြောင့် ဖုန်းဟန်းဆက်ကဲ့သို့သော ပစ္စည်းများမှာ လူအများနှင့်နီးစပ်မှုမရှိပါ။ ထိုကဲ့သို့ သုံးစွဲသူများ၏ အားနည်းချက်များကို အခွင့်ကောင်းယူကာ ပုံစံတူတံဆိပ်အတုများ၊ အရည်အသွေးညံ့ပစ္စည်းများရောင်းချခြင်း၊ ဖုန်းအတွင်းသို့ ဆော့ဖ်ဝဲ Application များ ထည့်သွင်း၍ ငွေကြေးမတန်မရာတောင်းခံခြင်းများ၊ ၀န်ဆောင်မှုကိုပြရောင်းကာ ရောင်းပြီးပစ္စည်းများအတွက် တာဝန်ယူဖြေရှင်းမှုမရှိခြင်းတို့က ဟန်းဆက်ဝယ်သူများ နေ့စဉ်ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲသူအများစု လက်ခံအားပေးနေသည့် Huawei အမှတ်တံဆိပ်ပါ ဟန်းဆက်များသည်လည်း အထက်ပါကဲ့သို့ အခက်အခဲများကြုံတွေ့နေရကြောင်း သုံးစွဲသူများကပြောသည်။ “Huawei တံဆိပ်ပစ္စည်းတွေ အဓိကရောင်းတဲ့ဆိုင်ကို သွားဝယ်တယ်။ အာမခံပေးထားပေမယ့် သွားပြင်တော့အဆင်မပြေဘူး။ ဈေးတွေလျှော့ပြီးရောင်းတယ်။ ပစ္စည်းကျ အမှန်အကန်မရောင်းဘူး။ ရောင်းပြီးဝန်ဆောင်မှုကတော့ ဘာမှမရှိဘူး။ Huawei ကိုဆက်သွယ်ပြီး မေးမြန်းကြည့်တော့ အဲဒီဆိုင်က Huawei ရဲ့ တရားဝင်ရောင်းချခွင့်ပေးထားတဲ့ ဆိုင်မဟုတ်ဘူးလို့ အကြောင်းပြန်တယ်”ဟု လှည်းတန်းစံရိမ်ငြိမ် ၆ လမ်းထိပ် ဟန်းဆက်ဆိုင်တွင် ၀ယ်ယူခဲ့သူတစ်ဦးကပြောသည်။

အဆိုပါ ပြဿနာများကို မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်ကို Huawei ၏ မြန်မာနိုင်ငံဆိုင်ရာရုံးများသို့ ဆက်သွယ်မေးမြန်းရာတွင် စာနယ်ဇင်းများထံ ဖြေကြားလေ့ရှိသည့် Huawei မှ တာဝန်ရှိသူများက ဖြေကြားရန်ငြင်းဆိုခဲ့သည်။ အခြားနာမည်ကျော်အမှတ်တံဆိပ်များဖြစ်သော iphone, HTC,Sony, LG မှစပြီး တံဆိပ်မျိုးစုံ ၀ယ်ယူသုံးစွဲနေရသည့် ပြည်တွင်းမှသုံးစွဲသူများလည်း အလားတူပြဿနာများ ကြုံတွေ့ရသူများစွာရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လူသိများသည့် လျှပ်စစ်ပစ္စည်း၊ ဖုန်းဟန်းဆက်ပစ္စည်းများ ရောင်းချသည့် ဆိုင်ကြီးများအပါအ၀င် အရောင်းဆိုင်များသည် ၀ယ်ယူသုံးစွဲသူများအပေါ် ရောင်းချပြီးနောက်ပိုင်း ကတိပြုထားသည့်ဝန်ဆောင်မှုကိုပေးရန် ပျက်ကွက်မှုအမြောက်အများရှိကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်သူများအသင်းသို့ တိုင်ကြားလာမှုများကိုအခြေခံပြီး ယင်းအသင်း၏ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ကပြောသည်။ ရောင်းချသည့်ဆိုင်များသည် အလွန်အကျွံကြော်ငြာမှုများ ပြုလုပ်နေပြီး သုံးစွဲသူဘက်မှ ၎င်းတို့ဝန်ဆောင်မှုအပေါ် စောဒကတက်လာပါက ဖြေရှင်းပေးရန် ငြင်းဆန်နေသည့် နာမည်ကျော် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များပင်ရှိကြောင်း ၎င်းကပြောသည်။

“များသောအားဖြင့် ဖြေရှင်းမပေးနိုင်ဘူး။ သူတို့ထိခိုက်တဲ့ကိစ္စပေါ်လာမှ လိုက်လျောတာများတယ်။ ဥပမာဆိုင်နာမည်ကို မီဒီယာတွေကတစ်ဆင့် ပြောတာတွေကျမှ ဖြေရှင်းပေးတယ်”ဟု ဦးဗအုပ်ခိုင်ကပြောသည်။ ဟန်းဆက်အရောင်းဆိုင်အချို့က ကျင့်ဝတ်မလိုက်နာဘဲ အလွန်အကျွံအာမခံကာ ရောင်းချခြင်းကြောင့် ပြဿနာဖြစ်ပွားမှုများရှိသကဲ့သို့ သုံးစွဲသူများဘက်က အာမခံကိုနားလည်မှုလွဲမှားသောကြောင့် ဖြစ်ပွားသည့် ပြဿနာများလည်းရှိကြောင်း အင်းစိန်မြို့နယ်အတွင်းမှ ဟန်းဆက်အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“သုံးစွဲသူဘက်က အမှားကြောင့်ဖြစ်တဲ့ပြဿနာတွေကိုကျရင်တော့ အာမခံပေးလို့မရဘူး။ တချို့ကအာမခံထဲက စာကိုသေချာမဖတ်တာလည်းရှိတယ်”ဟု ၎င်းကပြောသည်။ ပြည်တွင်းတွင် ဟန်းဆက်တင်သွင်းသူအများစုသည် တရားဝင်တင်သွင်းခြင်းမဟုတ်ဘဲ မှောင်ခိုလမ်းကြောင်းမှ တင်သွင်းကြခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများသည် အရည်အသွေးပိုင်းဆိုင်ရာ အာမခံချက်မရှိသည့် ပစ္စည်းများဖြစ်ကြောင်း ဖုန်းအရောင်းဆိုင်များကပြောသည်။ သို့သော်လည်း ယင်းဟန်းဆက်များကို ပြည်တွင်းဆိုင်များက အာမခံပေးမည်ဟု လိမ်လည်ရောင်းချမှုများရှိကြောင်း ၎င်းတို့ကပြောသည်။

“ကျွန်တော်တို့ ဒိုင်တွေဆီက ၀ယ်တာတောင် ၁၀ လုံးလောက်ဝယ်မှ ကတ်ဖတ်၊ မဖတ် စစ်ခွင့်ရတယ်။ သုံးရက်အတွင်း ပြန်မလဲလို့ ကိုယ့်လက်ထဲပျက်ရင် အဆုံးပဲ။ ဒိုင်ကတောင် သုံးရက်ပဲ အာမခံပေးတယ်။ ဆိုင်တွေက တစ်နှစ်လောက် အာမခံပေးတယ်ဆိုတာ စဉ်းစားစရာ ရှိတယ်”ဟု အင်းစိန်မြို့နယ် အတွင်းမှ ဟန်းဆက်အရောင်းဆိုင် တစ်ခုမှ ပိုင်ရှင်ကပြောသည်။ နိုင်ငံတကာတွင်တော့ စားသုံးသူများ၊ ပစ္စည်းသုံးစွဲသူများကို ရောင်းချသူများဘက်မှ ကတိက၀တ်ဖောက်ဖျက်ပါက ကူညီအရေးယူဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများ ရှိသည်။

မြန်မာနိုင်ငံတွင် စားသုံးသူ အကာအကွယ်ပေးသည့် ဥပဒေများ မရှိခြင်းကြောင့် ယခုကဲ့သို့ နစ်နာမှုများဖြစ်ပွား နေရခြင်းဖြစ်ကြောင်း ပညာရှင်များ ကပြောသည်။ အာဆီယံနိုင်ငံ များတွင် စားသုံးသူအရေး ယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီကို ဖွဲ့စည်းထားသည်။ ထိုအဖွဲ့၏ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းကို တာဝန်ယူဆောင်ရွက်နေသည့် ဌာနများ (သို့မဟုတ်) အဖွဲ့အစည်းများ စာရင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။ စားသုံးသူများ၊ သုံးစွဲသူများ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးမည့် အစီအစဉ်ကို အဆိုပါ ၀န်ကြီးဌာနသို့ 7Day Daily က အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူဖြေကြားမည့် အရာရှိ လွှတ်တော်သို့ သွားရောက်နေကြောင်းသာ ပြန်လည်ဖြေကြား ခဲ့သည်။ အခြားအဆင့် ၀န်ထမ်းများ ကလည်း မေးမြန်းသည့် မေးခွန်းများကို ဖြေကြားရန် ငြင်းဆန် ခဲ့ကြသည်။

သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စားသုံးသူရေးရာ ဌာနခွဲမှ စားသုံးသူများ၏ တိုင်တန်းချက် များကို မကြာမီ လက်ခံဖြေရှင်း မည်ဖြစ်ကြောင်း အဆိုပါဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်ထွန်း၏ ပြောစကားများကိုကိုးကား၍ အပတ်စဉ်ထုတ် စိုက်ပျိုးရေးနှင့် စီးပွားရေးသတင်းဂျာနယ်ဖြစ်သည့် The Farmer က ရေးသားသည်။ ၀န်ကြီးဌာနက စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြဋ္ဌာန်းနိုင်ရန် ကြိုးစားနေကြောင်း၊ ဥပဒေပေါ်ပေါက်လာပါက စားသုံးသူများ၏ တိုင်တန်းချက်များကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ဦးမောင်မောင်ထွန်းကို ကိုးကားပြီး ရေးသားထားသည်။

“ဥပဒေကိုအတည်ပြုပြီးရင် ကျွန်တော်တို့ စားသုံးသူရေးရာဌာနခွဲကို တိုင်ကြားနိုင်ပါပြီ”ဟု သြဂုတ် ၁၉ ရက်က ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အဆောက်အအုံတွင် ကျင်းပသည့် စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်သော ဆွေးနွေးပွဲ အတွင်း ဦးမောင်မောင်ထွန်း၏ ပြောစကားများကို ကိုးကားပြီး အဆိုပါဂျာနယ်က ရေးသားသည်။

ယခုအချိန်အထိ နာမည်ကျော်ဟန်းဆက်ကုမ္ပဏီများက ၎င်းတို့အမှတ်တံဆိပ်ရိုက်နှိပ်ကာ ရောင်းချနေသည့် ကုန်ပစ္စည်းများ၊ ကုမ္ပဏီမှ အာမခံသည်ဟု ရောင်းချသည့်ပစ္စည်းများကြောင့် စားသုံးသူများ၏နစ်နာနေမှုကို ဖြေရှင်းပေးရန် ထင်သာမြင်သာသည့် ကြိုးစားအားထုတ်မှု တစ်စုံတစ်ရာ မတွေ့သေးပေ။ ထို့အတူ အစိုးရဘက်ကလည်း တိုင်းသူပြည်သားများ ကုန်ပစ္စည်းဝယ်ယူသုံးစွဲရာတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကို တားဆီးဖြေရှင်းပေးမှုများလည်း မတွေ့ရသေး။

ဘောဂဗေဒ ပညာရှင်များနှင့် ကမ္ဘာကျော်စီးပွားရေး လုပ်ငန်းရှင်များက မကြာခဏ ကိုးကားပြောဆိုသည့် “၀ယ်ယူသူသာ ထာဝရမှန်ကန်သည်”ဆိုတဲ့ဆိုရိုးက မြန်မာပြည်မှ ဟန်းဆက်ဝယ်ယူ သူများ အတွက်တော့ ပြောင်းပြန်ဖြစ်သွားခဲ့သည်။ “၀ယ်သူသာ ထာဝရခံ နေရဆဲဖြစ်သည်”။ 

7 Day News Journal


RangonNewsDaily:: Aug 29, 2013

ဘောဂဗေဒ ပညာရှင်များနှင့် ကမ္ဘာကျော် စီးပွားရေး လုပ်ငန်းရှင်များ မကြာခဏ ကိုးကားပြောဆိုလေ့ရှိသည့် “၀ယ်သူသည်သာ ထာဝရ မှန်ကန်သည်”ဆိုသည့် ဆိုရိုးစကားမှာ မြန်မာပြည် အတွက်မူ ဟုတ်ဟန်မတူ။ ထို
စကားကို အနည်းငယ်မျှပင် သံသယရှိစရာ မလိုဘဲ လက်ခံကြသည့် လူ့အချို့တော့ ရှိသည်။ ထိုသူတို
့မှာ မြန်မာနိုင်ငံက တယ်လီဖုန်းသုံးစွဲ သူများပင်။

အသက် ၁၂၇ နှစ်ရှိ အဘွားအိုကို နိုင်ငံ၏ အသက်အကြီးဆုံး အဖြစ် တရုတ် ကြေညာ

Photo: အသက် ၁၂၇ နှစ်ရှိ အဘွားအိုကို နိုင်ငံ၏ အသက်အကြီးဆုံး အဖြစ် တရုတ် ကြေညာ
Thursday, August 29, 2013

တရုတ် နိုင်ငံသည် အလ်မီဟန်ဆာရစ် အမည်ရှိ အသက် ၁၂၇နှစ်အရွယ် အဘွားအို တစ်ဦးကို နိုင်ငံ၏ အသက်အကြီး ဆုံး အမျိုးသမီး အဖြစ် တရားဝင် ကြေညာ ခဲ့ကြောင်း သိရသည်။

အလ်မီဟန် ဆာရစ်သည် ၁၈၈၆ ခုနှစ် ဇွန် ၂၅ရက်က မွေးဖွားခဲ့ပြီး ၁၉ဝ၃ ခုနှစ်က လက်ထပ် ခဲ့ကြောင်းနှင့် ယခုအခါ သူမတွင် မြေး ၄ဝ ဦးခန့်ရှိကြောင်း သိရသည်။ ဆာရစ်သည် ယခုအခါ လေးလံသောအလုပ်များကို လုပ်ဆောင် နိုင်ခြင်းမရှိသော်လည်း ကြက်များကို အစာကျွေးခြင်းကဲ့ သို့သော နေ့စဉ် အိမ်မှု ကိစ္စများကို လုပ်ဆောင်နိုင် သေးပြီး အဝတ် အစားများကို ၎င်းကိုယ်တိုင် ဝတ်ဆင်နိုင် သည့်အပြင် မေတ္တာဖွဲ့ တေးသီချင်း များလည်း ဆိုနိုင်သေးကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: Aug 29, 2013

တရုတ် နိုင်ငံသည် အလ်မီဟန်ဆာရစ် အမည်ရှိ အသက် ၁၂၇နှစ်အရွယ် အဘွားအို တစ်ဦးကို နိုင်ငံ၏ အသက်အကြီး ဆုံး အမျိုးသမီး အဖြစ် တရားဝင် ကြေညာ ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်များ စတင်ထုတ်ပေး

RangonNewsDaily:: Aug 29, 2013

တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များကို နေ့ချင်းပြီး အပြီးသတ်ထုတ်ပေး ရန် ပညာရေးဝန်ကြီးဌာနက တရားဝင် ကြေညာပြီးနောက် သြဂုတ်လ ၂၈ ရက်နေ့တွင် ရန်ကုန်နှင့် နေပြည်တော်တို့၌ စတင် ထုတ်ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က The Voice သို့ ပြောကြားသည်။"ဒီနေ့မှ စထုတ်တာ ဆိုတော့ သိပ် မသိ ကြသေးဘူး။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို ရိုက်ပုတ်တာဟာ မဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို"


RangonNewsDaily:: Aug 29, 2013
 ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ ကားကို မိတ္ထီလာမှာ ရိုက်ပုတ်ခဲ့ကြတဲ့လုပ်ရပ်ဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့လုပ်ရပ်တခုပဲလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

သံဃာ၊ အမျိုးသမီးနှင့်ဆိုင်သော မှုခင်းများတွင် ကျူးလွန်သူများမှာ မွတ်စလင် သို့မဟုတ် ကုလားလူမျိုးများဟူသော ကောလဟလ အားပေး သတင်းများကို မြန်မာပြည်တွင်း မီဒီယာများ ဦးဆောင်၍ ဖြန့်နေ

RangonNewsDaily:: Aug 29, 2013

နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းမခံထားရသူ ဘင်္ဂလီဟု သမုတ်ခံထားရသည့် ရိုဟင်ဂျာများကို နိုင်ငံတော်သီချင်းသီဆိုရမည် သို့မဟုတ် နိုင်ငံတော် အလံအား အလေးပြုရမည်ဟု အလဲဗင်း မီဒီယာမှ ဆွဲချက်တင်ပြီး နိုင်ငံအုပ်ချုပ်သူများနှင့် ဥပဒေပြုအမတ်များ ပြုလုပ်ရမည်အလုပ်ကို ကြားဝင်ဆောင် ရွက်နေသည်မှာ မဖွယ်မရာသော လုပ်ရပ်အဖြစ် မြန်မာ့အရေးလေ့လာ သူများက ရှုမြင်ကြပါသည်။

ကျောင်းသားကလေးငယ် တစ်ဦးတည်းရေဆင်းကူးရာမှ ပျောက်ဆုံး

RangonNewsDaily:: Aug 29, 2013

၂၈.၈.၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊
ရွှေလင်ပန်းကျေးရွာနေ မောင်သိန်းတန်စိုး(ခ)ကျော်မင်းထက်၊ (၈)နှစ်၊ (၂)တန်းကျောင်းသား၊ (ဘ)ဦးအောင်ကျော်ဆန်းသည် လှိုင်သာယာ
မြို့နယ်၊ အ.မ.က(၄၂)ကျောင်းမှ ပြန်လာပြီး (၁)ရပ်ကွက်ရှိ
ရွှေလင်ပန်းချောင်း၊ ငါးမန်းတံတားအောက်တွင် တစ်ဦးတည်း

အတန်းပိုင်ဆရာမက ခုနစ်နှစ်အရွယ် ကျောင်းသားကို နှုတ် ခမ်းပေါက်ပြဲကာ နှာခေါင်းသွေးထွက်အောင် ရိုက်နှက်မှုအပေါ် မိဘများက တိုင်ကြားမည်ဟုဆို

RangonNewsDaily:: Aug 29, 2013

ဒဂုံမြို့နယ် အ.မ.က(၁) ကျောင်းတွင် ပညာသင်ကြားနေသော ခုနစ်နှစ်အရွယ် ဒုတိယတန်း ကျောင်းသားကို အတန်းပိုင် ဆရာမက @ရိုက်နှက်သောကြောင့် အောက်နှုတ်ခမ်းပေါက်ပြီး နှာခေါင်းသွေးထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်မြတ်မော်မော်အေးက ဆိုသည်။

"မလေးရှားမှာ တရားမ၀င် မြန်မာနိုင်ငံသား အများအပြား ဖမ်းဆီးခံရဖွယ်ရှိ"

RangonNewsDaily:: Aug 29, 2013

မလေးရှား အစိုးရက နိုင်ငံအတွင်း ဝင်ရောက်နေထိုင်နေတဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို လာမယ့် စက်တင်ဘာလ (၁) ရက်၊ တနင်္ဂနွေနေ့ကနေ စပြီး စီမံချက်နဲ့ ဖမ်းဆီးတော့မှာ ဖြစ်တဲ့အတွက် သက်သေခံ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၁သိန်းခန့် အဖမ်းဆီးခံရမယ့် အနေအထားရှိတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံတွင် ၆ နှစ်သားအရွယ်ကလေးငယ်၏ မျက်လုံးကို အရှင်လတ်လတ် ဖောက်ခိုး

RangonNewsDaily:: Aug 29, 2013

တရုတ်နိုင်ငံမှာ ၆ နှစ်အရွယ် ကလေးငယ်တယောက်ကို တိုက်ခိုက်ပြီး မျက်လုံးကို ဖောက်ယူသွားခဲ့သူဟာ မှောင်ခိုဈေးကွက်မှာ မျက်ကြည်လွှာကို ရောင်းစားဖို့ ရည်ရွယ်ပုံရတယ်လို့ အစိုးရပိုင် သတင်းက ဖော်ပြပါတယ်။

ယနေ့မနက်ပိုင်း က ပြည်မြို့တွင် ပုဒ်မ(၁၈)ဖျက်သိမ်းပေးရေး ဆန္ဒဖော်ထုတ်လျှက်ရှိ

Photo: ယနေ့မနက်ပိုင်း က ပြည်မြို့တွင် ပုဒ်မ(၁၈)ဖျက်သိမ်းပေးရေး ဆန္ဒဖော်ထုတ်လျှက်ရှိ

kolatt (Pabedan): 29.8.2013

ယနေ့ 29.8.2013 ရက်နေ့ မနက်93း0 အချိန့်မှာ ပြည်မြို့တွင် ဆန္ဒထုတ်ဖော်မှု့ပြုလုပ်လျှက်ရှိပါတယ်ဏ္ဍအကြိုသတင်းအနေနှင့်တင်ပေးတာပါ ဗင်နိုင်ပိုစတာ(၄)ခုကိုင်ဆောင်ပြီးတော့ ပုဒ်မ(၁၈)ဖျက်သိမ်းပေး၊ပုဒ်မ(၁၈)ဆွတ်စွဲခံရသူများ ချက်ချင်းလွှတ်၊

ဥပဒေစိုးမိုးရေးသည် ပထမ၊ခရိုင်အုပ်ချုပ်ရေးမှုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတွေကို တို့မဲပေးရွေးထားတာမဟုတ်ဏ္ဍ ဟူသောစာသားများပါ ဗီနိုင်းပိုစတာ(၄)ခုနှင့် ၄င်းစာသားပါ ကြွေးကြော်သံများနှင့် မြို့ထဲတွင် ဆန္ဒထုတ်ဖော်လျှက်ရှိနေပါတယ် သတင်းအပြည့်အစုံကို အဆိုပါဆန္ဒဖော်ထုတ်ပွဲပြီးလျှင်တင်ပြပေးသွားပါမယ်နော်

ပြည်သတင်း

RangonNewsDaily:: Aug 29, 2013

ယနေ့ 29.8.2013 ရက်နေ့ မနက်93း0 အချိန့်မှာ ပြည်မြို့တွင် ဆန္ဒထုတ်ဖော်မှု့ပြုလုပ်လျှက်ရှိပါတယ်ဏ္ဍအကြိုသတင်းအနေနှင့်တင်ပေးတာပါ ဗင်နိုင်ပိုစတာ(၄)ခုကိုင်ဆောင်ပြီးတော့ ပုဒ်မ(၁၈)ဖျက်သိမ်းပေး၊ပုဒ်မ(၁၈)ဆွတ်စွဲခံရသူများ ချက်ချင်းလွှတ်၊

ယာဉ်မောင်းလိုင်စင် ပြုလုပ်ရာတွင် ၀န်ထမ်းများ ပါဝင်ပတ်သက်ပါက အမှုဖွင့် အရေးယူမည်ဟု ဦးစီးဌာနပြော

RangonNewsDaily:: Aug 29, 2013

ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)မှ ၀န်ထမ်းများ ပါဝင် ပတ်သက်သည်ဆိုပါက တည်ဆဲဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် သြဂုတ် ၂၇ ရက်က အသိပေး ထုတ်ပြန်လိုက်သည်။

"မစ္စတာ နမ်ဘီးယား ကေအိုင်အို ဌာနချုပ်ကို သွားရောက်"

"မစ္စတာ နမ်ဘီးယား ကေအိုင်အို ဌာနချုပ်ကို သွားရောက်"


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားဟာ ဒီနေ့ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကိုလာရောက်ခဲ့ပြီး IDP ဒုက္ခသည်စခန်း ၃ခုကို သွားရောက်ကြည့်ရှုသွားတယ်လို့ သိရပါတယ်။

မစ္စတာနမ်ဘီယားနဲ့ အဖွဲ့ဟာ လိုင်ဇာမြို့ကို မနက် ၁၁ နာရီကျော်မှာလာရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲမှာ ပြန်လည် ထွက်ခွာသွားပါတယ်။ 

ခရီးစဉ်အတွင်း ဆွေးနွေးမှုတွေ မလုပ်နိုင်ခဲ့ဘူးလို့ ဒုက္ခသည် ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဦးတွဲတီဆာက ပြောပါတယ်။

မစ္စတာနမ်ဘီယားနဲ့အတူ ငြိမ်းချမ်းရေး အကျိုးဆောင် ၄ ဦးပါ လိုက်ပါလာခဲ့တဲ့ အပြင် မစ္စတာနမ်ဘီယားဟာ KIO ခေါင်းဆောင်တွေနဲ့ ခေတ္တတွေ့ဆုံခဲ့ပေမယ့် ဘာတွေဆွေးနွေးခဲ့သလဲ ဆိုတာမသိရသေးပါဘူး။ 

အလားတူ KIO နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးစဉ် ဒုက္ခသည်များ နေရပ်ပြန်ရေး သဘောတူညီခဲ့ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဦးတွဲတီဆာက ပြောပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားဟာ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တွေနဲ့ မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့မှာ သီးသန့် တွေ့ဆုံခဲ့တယ်လို့  တွေ့ဆုံရာမှာ ပါဝင်တဲ့ ရှမ်းမျိုးနွယ်စု ခေါင်းဆောင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

RangonNewsDaily:: Aug 28, 2013

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်မစ္စတာနမ်ဘီးယားဟာဒီနေ့ KIO ဌာနချုပ်
တည်ရှိရာ လိုင်ဇာမြို့ကိုလာရောက်ခဲ့ပြီး IDP ဒုက္ခသည်စခန်း ၃ခုကို သွားရောက်ကြည့်ရှုသွားတယ်လို့ သိရ
ပါတယ်။