Pages

Wednesday, August 28, 2013

Huawei U 8661 Firmware & Livewallpaper တင်နည်း

RangonNewsDaily:: Aug 28, 2013


Huawei U 8661 Firmware & Livewallpaper တင်နည်းလေးပါ။Huawei U 8661 Firmware တောင်းထားတဲ့
သူင်္တွေအတွက် တင်ပေးလိုက်ပါတယ်ဗျာ....

Huawei ဖုန်းတော်တော်များများ ကို ကုဒ်မလိုပဲ Root လုပ်ပေးနိုင်မယ့် E-Root


RangonNewsDaily:: Aug 28, 2013
Huawei ဖုန်းတော်တော်များများ ကို ကုဒ်မလိုပဲ Root လုပ်ပေးနိုင်မယ့် E-Rootလေးနဲ့သူငယ်ချင်းတွေကိုမိတ်
ဆက်ပေးလိုက်ပါတယ်။

Huawei 4.1.1 Version ဖုန်းတွေအတွက် Code တောင်းစရာမလို dload file မလို CWM သွင်းစရာမလိုပဲ ၁မိနစ်အတွင်း မြန်မာဖောင့်သွင်းနည်း

RangonNewsDaily:: Aug 28, 2013

Huawei Version 4.1.1 U8951(G510) , U8833(Y300) ဖုန်းတွေကို Root လုပ်စရာမလို … dload file မလို .. CWM မလို … Code မလုပ်ဘဲနဲ့ .. မြန်မာဖေါင့်အလွယ်ဆုံးထည့်မယ်ဗျာ . ..ဆိုင်သမားတွေ အဆင်ပြေ၀မ်းသာကြမှာပါ …

တရုတ် phones နဲ့ tablets များ အတွက် root tools collections

RangonNewsDaily:: Aug 28, 2013
တရုတ်နိုင်ငံထုတ် Tablet တွေနဲ့ phone တွေ တော်တော်များများကို root လုပ်ပေးမယ့် root tools လေးတွေပါ။
ကျွန်တော်စုဆောင်းထားမိသမျှလေးတွေကို အားလုံးအတွက်တင်ပေးလိုက်ပါတယ်။

တက္ကသိုလ်ကျောင်းသားများ သိစေရန် (သေချာစွာ ဖတ်ရှုပီး လိုက်နာပါ) ဟာသ

RangonNewsDaily:: Aug 28, 2013

၁။ ကျောင်းသားများသည် ကျောင်းသို့လာပါက မိမိတို့ကျောင်းသားကဒ်များကို ချိတ်ဆွဲလာရမည်။ သို့မှသာ အခန်းတွင်းပေတံမရှိပါက ကျောင်းသားကဒ်နှင့် တားနိုင်မည်။၂။ ကျောင်းသားများ ကျောင်းချိန်အတွင်း အခန်းပြင်ပ ထွက်ခြင်းမှ တားမြစ်သည်။ သို့မှသာ အခန်းထဲမှ ကောင်မလေးများ အား ငမ်းနိုင်မည်။

ဘ၀မှာ မလိုအပ်တဲ့ အကျင့်ဆိုးတွေရှိနေရင် ဖယ်ထုတ်ပစ်ရတယ်

RangonNewsDaily:: Aug 28, 2013
ကျွန်တော့်ကို ပန်းပုဆရာကြီးတစ်ဦး ပြောပြတဲ့ စကားတစ်ခုကို အမှတ်ရမိလို့ ပြောပြချင်ပါတယ်။သူက “ပန်း
ပု ထုတဲ့အခါမှာ မလိုတာတွေကို ဖဲ့ဖဲ့ထုတ်ပစ်ရတယ်။မလိုတာတွေကို ဖဲ့ထုတ်၊ ပယ်ထုတ်ပစ်ပြီးတော့မှ လှပ
တဲ့ ရုပ်လုံးပေါ်လာနိုင်တာ တဲ့။ ဒီနည်းတူပဲလူဟာကိုယ့်ဘဝကိုယ်ခန္ဓာကိုယ်မှာမလိုအပ်တဲ့အကျင့်ဆိုးတွေရှိ
နေရင် ဘယ်အရာတွေပဲဖြစ်ဖြစ် ဖဲ့ဖဲ့ထုတ်၊ ပယ်ပယ်ထုတ်ပစ်ရတယ်တဲ့။

" ဖလာမီနီကို တကျော့ပြန် တွေ့ရဖို့ အလားအလာရှိနေ.. "

" ဖလာမီနီကို တကျော့ပြန် တွေ့ရဖို့ အလားအလာရှိနေ.. "

အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ အသင်းလက်မဲ့
ဖြစ်နေသူ အသက် (၂၉)နှစ် အရွယ်ရှိ အာဆင်နယ်ကွင်းလယ်ကစား
သမားဟောင်းတစ်ဦးဖြစ်သူ ဖလာမီနီဟာ အာဆင်နယ်အသင်းနှင့်အတူ
ကြံ့ခိုင်မှုအတွက် လာရောက်ပူးပေါင်း လေ့ကျင့်ခန်းဆင်းနေခဲ့တဲ့သတင်း
တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်..

ယခုတစ်ဖန် အလွတ်သဘောရရှိမဲ့ ဒီပြင်သစ်သားကို အာဆင်နယ်
အသင်းမှ စာချုပ်ချုပ်ခေါ်ယူဖို့ ကစားသမားနှင့် ဆွေးနွေးခဲ့ရာမှာ 
သဘောတူညီမှုရရှိကာ လက်မှတ်ရေးထိုးဖို့ နီးစပ်နေပြီ ဖြစ်တယ်လို့
သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်..

Official တော့ မဟုတ်သေးပါ..
အလွတ်လည်းဖြစ်သလို တပည့်ဟောင်းလည်းဖြစ် နောက်တစ်ခု
ပြင်သစ်သားလည်း ဖြစ်နေပြန်တဲ့အတွက် ဒီတစ်ပတ်အတွင်း ခေါ်မဲ့
အသင်း ပေါ်မလာရင်တော့ ကာလတို ခေါ်ထားတာမျိုး ဖြစ်နိုင်ပါတယ်..

အသက် (၂၉)ဆိုပေမဲ့လည်း အသင်းရဲ့ ကွင်းလယ်ခံစစ်ပိုင်းမှာ အသုံးပြု
နိုင်ပါသေးတယ်.. အထူးသဖြင့် FA Cup၊ Capital One Cupတို့လို
ပြိုင်ပွဲတွေနဲ့ အနိုင်ထိန်းချင်တဲ့ ပွဲတွေမှာ လူးစားဝင် အဖြစ် အသုံးပြုရင်
အသင်းအတွက် အကျိုးဖြစ်ထွန်းလာနိုင်တယ်လို့ သုံးသပ်မိပါတယ်..

ဖလာမီနီဟာ အာဆင်နယ်အသင်းမှ (၂၀၀၈)ခုနှစ်မှာ ပြောင်းရွှေ့သွားခဲ့
ခြင်းဖြစ်ကာ အေစီမီလန်အသင်းမှာ (၅)နှစ်လောက် ဖြတ်သန်းခဲ့ပြီး
ခြေစွမ်းမဆိုးသော်လည်း ဒဏ်ရာပြသနာအများအပြား ရင်ဆိုင်ခဲ့ရပြီး
အာဆင်နယ်အသင်းမှာ တောက်ပခဲ့တဲ့ ပြင်သစ်လက်ရွေးစင်ကစား
သမားတစ်ယောက်အဖြစ်ပါ မှေးမှိန်နေရာပျောက်ခဲ့ရပါတယ်..

Admin ~zm~

RangonNewsDaily:: Aug 28, 2013
အေစီမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ အသင်းလက်မဲ့ဖြစ်နေသူ အသက် (၂၉)နှစ် အရွယ်ရှိ အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဖလာမီနီဟာ အာဆင်နယ်အသင်းနှင့်အတူကြံ့
ခိုင်မှုအတွက် လာရောက်ပူးပေါင်း လေ့ကျင့်ခန်းဆင်းနေခဲ့တဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး
 ဖြစ်ပါတယ်..။

ရန်ကုန်မြို့တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် GSM မိုဘိုင်းလ်ဖုန်းများ၊ ကြိုးဖုန်းများ ပြတ်တောက်နေ

"၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး"
Wednesday, August 28, 2013

ရန်ကုန်မြို့တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် GSM မိုဘိုင်းလ်ဖုန်းများ၊ ကြိုးဖုန်းများ ပြတ်တောက်နေကြောင်း သိရသည်။

ယမန်နေ့မှ စတင်ပြီး ရန်ကုန်မြို့လယ် မောင်ထော်လေး ဆက်သွယ်ရေး အိတ်ချိန်းတွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများဖြစ်နေကြောင်း၊ ယင်းချို့ယွင်းမှုကြောင့် ၀၁-၃၈ နံပါတ်နှင့် စသော ဖုန်းများ အသုံးပြု၍ မရကြောင်း၊ ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း အများစု မှာလည်း ခေါ်ဆိုမရခြင်း ဖြစ်ပေါ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းဌာန အရာရှိတဦးထံမှ သိရှိရသည်။

"မနေ့ကတည်းက မောင်ထော်လေးအိတ်ချိန်းမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု တွေဖြစ်ပါတယ်။ ၃၈ နံပါတ်နဲ့စတဲ့ လိုင်းဖုန်းတွေလည်း သုံးလို့မရဘူး။ GSM ဖုန်းတွေ တော်တော်များများလည်း ခေါ်ဆိုလို့မရဘူး။ တတ်နိုင်သမျှတော့ ပြင်နေတယ်။ အများပြည်သူကိုတော့ အသိပေးချက် ထုတ်တာတွေ မလုပ်ထားပါဘူး။ အသေးစိတ်ကတော့ အင်ဂျင်နီယာဌာနကို မေးမှ သိမယ်" ဟု အော်တိုတယ်လီဖုန်းဌာန၊ ဒုတိယအင်ဂျင်နီယာချုပ်ရုံးခန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောဆိုသည်။
 

တနင်္လာနေ့က ရန်ကုန်မြို့ အနော်ရထာလမ်းတနေရာမှာ တွေ့ရတဲ့ လမ်းဘေးဖုန်း (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)

အေးချမ်းမွန် Credit To > ဧရာဝတီ < Thanks
Re-posted By ACM 28-8-2013 
https://www.facebook.com/excellencemedia
တနင်္လာနေ့က ရန်ကုန်မြို့ အနော်ရထာလမ်းတနေရာမှာ တွေ့ရတဲ့ လမ်းဘေးဖုန်း (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
RangonNewsDaily:: Aug 28, 2013
ရန်ကုန်မြို့တွင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် GSM မိုဘိုင်းလ်ဖုန်းများ၊ ကြိုးဖုန်းများ ပြတ်တောက်နေကြောင်း သိရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့တွင် လူငယ်မူးယစ်ဂိုဏ်းအဖွဲ့များ ပေါ်ပေါက်နေ

RangonNewsDaily:: Aug 28, 2013
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကျောင်းသားလူငယ်များအကြား ဂိုဏ်းဂဏပုံသဏ္ဌန်အသင်းအဖွဲ့များ ပေါ်ပေါက်လျက်ရှိပြီး လူငယ်ကျောင်းသားများအကြား၌ မူးယစ်စိတ်ကြွဆေးများ သုံးစွဲနေသည်ဆိုသော သတင်းများကြောင့် ကျောင်းသားမိဘများနှင့် မြို့ခံ ရပ်မိရပ်ဖများမှာ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှ သိရှိရသည်။

တပ်ထိန်းဒုတပ်ကြပ်က ပစ္စတိုနဲ့ ပစ်လို့ စာရင်းစစ်ဝန်ထမ်းတစ်ဦးသေဆုံး

မန္တလေး ၊RangonNewsDaily:: Aug 28, 2013

ပူတာအိုအခြေစိုက်တပ်မမှာတာဝန်ကျနေတဲ့ ဒုတပ်ကြပ်ခန့် စိန်က ပစ်စတိုနှင့် နားထင်တေ့ ပစ်ရာ စာရင်းစစ်ဝန်ထမ်းတစ်ဦးသေဆုံး သွားကြောင်း သေဆုံးသူရဲ့ ညီဖြစ်သူ ကပြောကြားပါတယ်။ပူတာအိုခရိုင်စာရင်းစစ်ရုံးအနီး အိန်ကျယ်စားသောက်ဆိုင်တွင် ည(၉)နာရီကျော်ခန့် က အခုလို ဒုတပ်ကြပ်ကပစ်စတိုနဲ့ @ပစ်လိုက် လို့ စာရင်းစစ် ဦးလမင်းမောင်မောင် သေဆုံးခဲ့တာဖြစ်ပါတယ်။

တရုတ်ဆေးရုံသင်္ဘော သီလ၀ါဆိပ်ကမ်းရောက်ရှိ

Photo

RangonNewsDaily:: Aug 28, 2013
တရုတ်နိုင်ငံ ရေတပ်ကကုတင်၃၀၀ဆံ့ ဆေးရုံသင်္ဘောPeace Ark ဟာ သြဂုတ်လ၂၈ ရက်နေ့က ရန်ကုန်မြို့ 
သီလဝါဆိပ်ကမ်းကိုဆိုက်ရောက်လာပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကသတင်းထုတ်ပြန်ထားတဲ့အတိုင်း
 လူနာတွေကို တပတ်တိတိ အခမဲ့ကုသပေးတော့မှာ ဖြစ်ပါတယ်။

ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်

ရန်ကုန်မြေ ၈ဝ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်မှု မမှန်ကန်
==============================

 ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ရှိ မြေရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ ပိုင် ဆိုင်မှု မမှန်ကန်ခြင်းများဖြစ်နေကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။

မြေပိုင်ဆိုင်မှု မမှန်ကန်ဟု ဆိုလို ရင်းမှာ ရန်ကုန်စည်ပင်၌ အမည်ပေါက် နေသော ပိုင်ရှင်နှင့်လက်ရှိတွင် နေထိုင် နေသည့် ပိုင်ရှင် မတူညီခြင်း ဖြစ်သည်။ ယင်းကဲ့ သို့ ဖြစ်ပွားခြင်းမှာ မြေယာကို လက်ဆင့် ကမ်း ရောင်းချရာတွင် စည် ပင်သာယာသို့ အမည်ပေါက်လာရောက် ပြောင်း လဲခြင်းမရှိဘဲ အရပ်စာချုပ်များ ဖြင့်သာ ဝယ်ယူေ ရာင်းချခြင်းများေ ကြာင့် ဖြစ်ကြောင်း ရန်ကုန်စည်ပင်မှသိရသည်။

မြေအမည်ပေါက် မှန်ကန်မှု မရှိ သဖြင့် ယင်းမြေ၌ အဆောက်အအုံ များ ဆောက်လုပ်ရာတွင်လည်း စည်ပင်သို့ ပါမစ်လာရောက် လျှောက်ထားမှု မရှိ တော့ဘဲ တရား မဝင် ကန်ထရိုက်များဖြင့် ဆောက်လုပ်ရာ တရားစွဲဆို ရသည့် အမှု များ များပြားနေသည်ဟု ရန်ကုန်စည် ပင် အဆောက်အအုံ ဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြော သည်။

ယင်းကဲ့သို့ အမှုတွဲများ များပြား လာရာ လက်ရှိတွင် ပိုင်ဆိုင်မှု မမှန်ကန် သည့် မြေများ၌ အဆောက်အအုံ ဆောက်လုပ်လိုပါက ရန်ကုန်စည်ပင် သို့ လာရောက်တင်ပြ လျှင် သတင်းစာ ၌ ကြော်ငြာ၍ ကန့်ကွက်သူမရှိက သုံး ထပ် အဆောက်အအုံ အထိ ဆောက် လုပ်ခွင့်ပြုနေသည်ဟု ရန်ကုန်စည်ပင် မှ သိရသည်။

ဆောက်လုပ်ခွင့်ပါမစ် လျှောက်  ထားမှုမရှိ၍ တရားစွဲဆိုခံထားရသော အဆောက်အအုံများသည် သင်္ဃန်းကျွန်း မြို့နယ်တွင် အများအပြားရှိပြီး ယခုနှစ် အတွင်း ယင်းမြို့နယ်၌ တရားစွဲဆိုထား မှု ၄၈၄ လုံးရှိပြီဖြစ်ကြောင်း၊ ယင်းတွင် ၄၂၇ လုံးပါမစ်လာရောက် တင်သော် လည်း ၆၃ လုံးသာ ပါမစ်ကျသေးသည် ဟု ရန်ကုန်စည်ပင်၏ စာရင်းများအရ သိရသည်။

”ပါမစ်တင်ပြီး မကျသေးတာက သတင်းစာကြော်ငြာခ လာမသွင်းတာ နဲ့ ဒဏ်ကြေးမဆောင်တာတွေကြောင့် ပါမစ်မထွက်တာ”ဟု အထက်ပါစည်ပင် အရာရှိ က ပြောသည်။

မြို့နယ်တိုင်းရှိ တရားစွဲဆိုခံထား ရသော အဆောက်အအုံများအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့အထိ စီမံ ချက်ကာလအတွင်း ပါမစ် လာရောက် တင်၍ ဒဏ်ေ ကြးငွေ ပေးသွင်းပါက သ တင်းစာတွင် ကြော်ငြာကာ ပါမစ်ချထား ပေးမည်ဟု သိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ မတိုင်မီ ဒဏ်ကြေးငွေပေး သွင်းမှုကို တစ် စတုရန်းပေပတ်လည် လျှင် နှစ်ထောင်ကျော်သာ ကောက်ခံမည်ဖြစ် ပြီး ယင်းနေ့ကျော်လွန်ပါက ကြိုတင် ဆောက်သူများ ပါမစ်လျှောက်ထားမှု အတွက် ဒဏ်ကြေးငွေကို တစ်စတုရန်း ပေ ပတ်လည်လျှင် ကျပ် တစ်သောင်း ကျော်ကောက်ခံ သွားမည်ဟု သိရသည်။

ဝေမာထွန်း

RangonNewsDaily:: Aug 28, 2013
ရန်ကုန် စည်ပင်နယ်နိမိတ်အတွင်း ရှိ မြေရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ ပိုင် ဆိုင်မှု မမှန်ကန်ခြင်းများဖြစ်နေကြောင်း
စည်ပင်သာယာရေး ကော်မတီမှ သိရ သည်။

သမ္မတဟောင်း ဦးနေဝင်း သမီးပိုင် နဝရတ် ဟိုတယ်ကို ကြွေးကျန် ဒေါ်လာ နှစ်သန်းကျော် ဆပ်ရန် အစိုးရ သတိပေး

RangonNewsDaily:: Aug 28, 2013

နိုင်ငံတော် သမ္မတဟောင်း ဦးနေဝင်း၏ သမီး ပိုင်ဆိုင်သော နဝရတ် ဟိုတယ်က ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနသို့ ကြွေးကျန် အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးဆောင်ရန် အစိုးရက တရားဝင် သတိပေးစာ ပို့ထားကြောင်း ပြည်ထောင်စု ဏ္ဍလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နန်းခင်ဇေယျာပုံတူ ရေးဆွဲ၊ ထုလုပ်ပွဲ မေရီချက်ပ်မင်းတွင်ကျင်းပမည်

RangonNewsDaily:: Aug 28, 2013

မော်ဒယ်နန်းခင်ဇေယျာ၏ ပုံတူ လက်တွေ့ရေးဆွဲ၊ ထုလုပ်ပွဲကို စက်တင်ဘာလဆန်းတွင် မေရီချက်ပ်မင်း (နားမကြားသော ကလေးများကျောင်း) တွင် ကျင်းပမည်ဖြစ်ကြောင်း ပန်းပုကျော်ကျော်မင်းက မဇ္ဈိမသို့ ပြောကြား လိုက်သည်။

ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့  စတိုက် မယ်

သေချင်းဆိုးတော့မယ့် အမေရိကန် နှင့် ဆီရီယားတို့ထိတ်တိုက်တွေ့ပြီ

ကြာသပတေးနေ့  လင်းအားကြီး ချိန် မှာ တိုမာဟောခ် ဒုံးကျဉ် ၁၀၀ ကျော် နဲ့  စတိုက် မယ်

kolatt (Pabedan): 28.8.2013

ဆက်ဒမ် ဟူ စိန် ကို ဖယ်ရှား တဲ့ အီရတ် စစ် ပွဲ ရဲ့  ဗျုဟာ ပုံစံ မျိုး အတိုင်း ဆီးရီးယား ကို တိုက် ခိုက် မယ် လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိ
တစ်ယောက် က AP သတင်း ဌာန ကို ပြောပါတယ်။ ကြာသပတေးနေ့ နံနက်
လင်း အားကြီး ချိန် မြန်မာ နိုင်ငံ မှာ တော့ ကြာသပတေး နေ့  ည ကိုးနာရီ လောက် မှာ ရေငုပ် သဘောင်္တွေ မှာ တပ် ဆင် ထား တဲ့ တိုမာဟောခ် ဒုံး ကျဉ် တွေ ကို ဦး ဆုံး ပစ်လွှတ် တိုက် ခိုက် မှာ ဖြစ် ပြီး
အဲဒီနောက် သဘောင်္တွေ က ပဲ့ ထိမ်း ဒုံးကျဉ်တွေ ပစ် လွှတ် ပြီး အာဆဒ် ရဲ့ 
လေကြောင်း မဟာဗျူဟာ တွေ ကို ရှင်းလင်း မှာ ဖြစ် ပါတယ်။

ဒီနောက် မှာ တော့ ဗြိတိသျှ တော်ဝင် လေတပ် ၊ လတ်တလော မာလီ မှာ
လေကြောင်း တိုက် ခိုက် မှု အတွေ့ အကြုံ ရှိ ခဲ့ တဲ့ ပြင်သစ် လေတပ် တို့  နဲ့  အတူ အမေရိကန် တိုက် လေ ယာဉ် တွေ က ဆီးရီးယား နိုင်ငံ ထဲ ကို ၀င် ရောက် တိုက် ခိုက် မှာ ဖြစ် ပါတယ်။

သုံးရက် ကြာ တိုက် ခိုက် မယ့် ဒီစစ်ပွဲ ဟာ ဆီးရီးယားက ပြိုင် ဘက် တွေ ကို နှိပ် ကွပ် ရာ မှ နိုင်ငံ တကာ က တား မြစ် ထား တဲ့ ဓာတု လက် နက် တွေ ကို အသုံး ပြု လို့  ဖြစ် ပါတယ်။

နှစ် နှစ် ကြာ ဆီးရီးယား အုံကြွမှု မှာ အာဆဒ် အစိုးရ က လူ တစ်သိန်း ကျော်
လောက် ကို သတ် ဖြတ် ခဲ့ ပါတယ်။

ပုံ မှာ တွေ့ ရ တာ က တော့ ဆိုက်ပရပ်(စ) ကို နောက် ဆုံးရောက် ရှိ လာတဲ့
လေယာဉ် တင် သဘောင်္ ကြီး ဖြစ်ပါတယ်။

Freedom News Group(Burma)

RangonNewsDaily:: Aug 28, 2013

ဆက်ဒမ် ဟူ စိန် ကို ဖယ်ရှား တဲ့ အီရတ် စစ် ပွဲ ရဲ့  ဗျုဟာ ပုံစံ မျိုး အတိုင်း ဆီးရီးယား ကို တိုက် ခိုက် မယ် လို့  အမေရိကန် ထိပ်တန်း စစ်တပ် အရာရှိတစ်ယောက် က AP သတင်း ဌာန ကို ပြောပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်တွင် ၉၆၉ အကြမ်းဖက်အဖွဲ့ဝင်များ ဆူပှုမှုဖြစ်ပေါ်စေရန်လှုံဆော်မှုများပြုလုပ်နေ

RangonNewsDaily:: Aug 28, 2013

25-8-2013 နေ့ကမွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်နယ်ငန်းတေးအရပ်တွင် မော်လဝီဆပ်တစ်ယောက်
စီးလာတဲ့ ဆိုင်ကယ်နဲ့ ကိုရင်တစ်ပါးတို့ ပွတ်တိုက်မိခဲ့တယ်။ ကျောင်းထိုင်ဆရာတော်က အဲဒီကိစ္စကို ဖြေရှင်း
ပေးပြီးဖြစ်ပါသည်။သို့သော်လည်း ဆူပူလိုတဲ့ ၉၆၉ ဂိုဏ်းသားတွေကတော့ ငန်းတေးမှာ မဟုတ်မမှန်သတင်းဖြန့်နေကြောင်းသတင်းရရှိပါသည်။

Huawe G510-0010(U8951) Root (Unlockcode မလို)

RangonNewsDaily:: Aug 28, 2013
Huawei G510-0010(U8951) အတွက် root လေးပါ။ Unlockcode တောင်းစရာမလိုပါဘူး။လုပ်ဖို့အလွန်
လွယ်ကူပါတယ်။