Pages

Monday, August 26, 2013

ဘာတဲ့ အားတိုင်းဒေါသထွက်နေတတ်တဲ့ လူအုပ်ကြီး.....ဒေါသထွက်နေတဲ့ လူအုပ်ကြီး....ဒေါသ ထွက်နေတဲ့ လူအုပ်ကြီး...............................

RangonNewsDaily:: Aug 26, 2013

အခု အဲ့ဒီစကားလုံးကိုပဲ ထိုင်စဉ်းစားနေမိတယ်။ အဲ့ဒါမျိုး ရှိခဲ့ဘူးသလား ဆိုဒါကိုပါ...
ရှိတယ်၊ ကျနော်ကိုယ်တိုင်လည်း အဲ့ဒီလို ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးထဲမှာ ပါခဲ့ဘူးတယ်၊
၁၉၈၈ တုန်းကတစ်ခါ၊ အခုလို ဟိုမြို့ ကွက်ကြား ဒီမြို့ ကွက်ကြား ဒေါသထွက်တာ မဟုတ်ဘူး၊

ပြည့်တန်ဆာနှစ်ဦးကို အသွင်ယူသက်သေဖြင့်ဖမ်းဆီး

RangonNewsDaily:: Aug 26, 2013

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးအနီးမှ ပြည့်တန်ဆာ အမျိုးသမီးနှစ်ဦးကို သြဂုတ် ၂၄ ရက် နံနက်က ရဲဌာနက စေလွှတ်သော အသွင်ယူသက်သေများဖြင့် ဖမ်းဆီးလိုက်ကြောင်း ရန်ကုန် တိုင်း ရဲဌာနက သတင်းထုတ်ပြန်သည်။

[Breaking News] A house owned by Muslim torched in Pantanaw

RangonNewsDaily:: Aug 26, 2013

A house owned by a Muslim family destroyed in Pantanaw township in Irrawaddy Division which is located in Irrawaddy Delta in lower Burma, M-Media correspondent reported.

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အသက်(၁၅)နှစ် အရွယ်မိန်းကလေးငယ်တစ်ဦးအား ကားသမားသုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသူ အိမ်နီးချင်း ၃ဦးကိုဖမ်းဆီးစစ်ဆေး

RangonNewsDaily:: Aug 26, 2013

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၃)ရပ်ကွကှ်ုခင်းသာပတ်လမ်းတွင် နေထိုင်သော
အသက်(၁၅)နှစ်ခန့် အမျိုးသမီးငယ် တစ်ဦးအား အိမ်နီးနားချင်းပါ သုံးဦးမှ ခေါ်ဆောင်သွားပြီး ကား
သမား သုံးဦးဖြင့် ကာမစပ်ယှက်ခိုင်းသဖြင့်

ကမာရွတ်မြို့နယ်တွင် လက်မထပ်နိုင်ကြောင်းငြင်းသောအမျိုးသမီး၏ ရင်အုံကို ရည်းစားဟောင်းက ဓားဖြင့်ထိုး

RangonNewsDaily:: Aug 26, 2013

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး၏ ဝဲဘက်ရင်အုံကို ရည်းစားဟောင်းဖြစ်သူက ဓားဖြင့်ထိုးခဲ့သော မှုခင်းတစ်ခုဖြစ်ပွားခဲ့ကြောင်းတိုင်းဒေသကြီး မှုခင်းမှတ်တန်းများအရ သိရသည်။

သံတွဲမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများ ပြုလုပ်နေ

သံတွဲမြို့တွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများ ပြုလုပ်နေ

kolatt (Pabedan): 26.8.2013

သံတွဲ ။ ။ သံတွဲမြို့တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်ဘာသာနေ့ ဆွမ်းလောင်းလှူပြီးအပြီး ညနေပိုင်းတွင် အကြမ်းဖက်မှုများ စတင်လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး သံတွဲမြို့ပေါ်တွင်လည်း လူများ အုပ်စုဖွဲ့ကာ အဆမတန် များပြားနေပြီး အကြမ်းဖက်ရန် အလားအလာများ ရှိနေကြောင်း သတင်းရရှိသည်။

သံတွဲမြို့တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အစီအစဉ်ပြီးပါက သံတွဲမြို့တွင် အကြမ်းဖက်လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်နေသော အဖွဲ့များရှိနေသည်ဟု သိရသည်။

ရွှေကျောင်းပြင်ရွာရှိ ကိုတင့်လွင်ဆိုသူ၏အိမ်၌ ယမန်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ယနေ့ ၂၆-ရက်နေ့ ညနေ ၅-နာရီမှစတင်ကာ သံတွဲမြို့ အမှတ်(၁)ရပ်ကွက်၊ နံတော်တောင်ရပ်ကွက်ရှိ နံတော်တောင် ခြေရင်းကို ၀င်ပြီး အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု တိုင်ပင်ခဲ့သည်။

ယင်း အစည်းအဝေးတွင် ပါဝင်သူများမှာ ကုဋေစိုး(ဆင်ဂေါင်း)၊ ငမိုက်(မာဃလမ်း ဆိုင်ကယ်ပြင်ဆိုင်)၊ ၀င်းနိုင်(ဗောဓိကုန်း)၊ အရှည်ကြီး(ဆိုင်ကယ်ပြင်ဆိုင်)၊ သာလေး(ဆေးဆိုင်)၊ မောင်လေးငယ်(နံတော်တောင်ဘုရားလမ်း)၊ ကျော်ကြီး(အမှတ် ၁-ရပ်ကွက်)၊ နိုင်ဦးလေး(နံတော်တောင်ခြေရင်း)၊ ကျော်မင်း(ပသီတောင်ခြေရင်း)၊ ခွေးဂျပု(ရွှေကျောင်းပြင်ရွာ)၊ ဂွတို(ရွှေကျောင်းပြင်ရွာ)၊ တင့်လွင်(ရွှေကျောင်းပြင်ရွာ)၊ ဦးထွန်းရွှေ(ဥက္ကဋ္ဌ၊ အမှတ် ၁-ရပ်ကွက်)၊ ကျော်ကျော် (GTI ကျောင်းရှေ့) တို့ဖြစ်ပြီး ယနေ့ညနေ ၅-နာရီတွင် နံတော်တောင်ခြေရင်းကို ၀င်စီးပြီး ဖျက်ဆီးမည်ဟု တာဝန်ခွဲဝေယူလိုက်ကြကြောင်း ယင်းအစည်းအဝေးတွင် ပါဝင်ခဲ့သူတစ်ဦးမှတဆင့်သိရသည်။

သံတွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းများကို ဦးဆောင်ပြုလုပ်နေသည့် ကိုရဲမောင် အားလည်း သံတွဲမြို့ကို ဖျက်ဆီးရန် ပြုလုပ်မှုများရှိနေသဖြင့် သတိထားပြီး နေကြပါရန် ဓါးသွေးကျောက်ရွာမှနေ၍ သတိပေးစကား ပြောကြားလာကြောင်းသိရသည်။

သံတွဲမြို့တွင် ယနေ့နေ့လည် ၁-နာရီမှ ၃-နာရီအထိ ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်ပြီး မနက်ပိုင်းမှစတင်ကာ ၉၆၉ သီချင်းများ၊ လူမျိုးရေးလှုံ့ဆော်မှု သီချင်းများကို ကားများပေါ်တွင် အသံချဲ့စက်များဖြင့်ဖွင့်ကာ တစ်မြို့လုံး လှည့်လည်နေပြီး ပုလဲကျောင်း ပြည်ကျော်ဆရာတော်မှလည်း ယခုသည် ဘာသာရေးပွဲဖြစ်သည့်အတွက် မည်သူမှ မကြောက်ကြပဲ ရဲရဲဝံ့ဝံ့လာကြရန် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်နေကြာင်းလည်း သိရသည်။

ဓါတ်ပုံအညွန်း- သံတွဲမြို့တွင် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် ၉၆၉ အဖွဲ့မှာ သံတွဲမြို့အတွင်း လှုံ့ဆော် ဖြန့်ဝေခဲ့သည့် စာရွက်များ

M-Media::--
ဇာဏီ
ဓါတ်ပုံအညွန်း- သံတွဲမြို့တွင် နိုင်ငံတော်ဘာသာနေ့ ကျင်းပရန် ၉၆၉ အဖွဲ့မှာ သံတွဲမြို့အတွင်း လှုံ့ဆော် ဖြန့်ဝေခဲ့သည့် စာရွက်များ
RangonNewsDaily:: Aug 26, 2013
သံတွဲ ။ ။ သံတွဲမြို့တွင် ယနေ့ပြုလုပ်နေသော နိုင်ငံတော်ဘာသာနေ့ ဆွမ်းလောင်းလှူပြီးအပြီး ညနေပိုင်းတွင် အကြမ်းဖက်မှုများ စတင်လုပ်ဆောင်မည်ဟု သတင်းများ ထွက်ပေါ်နေပြီး သံတွဲမြို့ပေါ်တွင်လည်း လူများ အုပ်စုဖွဲ့ကာ အဆမတန် များပြားနေပြီး အကြမ်းဖက်ရန် အလားအလာများ ရှိနေကြောင်း သတင်းရရှိသည်။

"ပန်းတနော်မြို့တွင် မွတ်စလင် နေအိမ် တစ်လုံးကို ဗုဒ္ဓဘာသာဝင် များဖျက်ဆီး"

RangonNewsDaily:: Aug 26, 2013

ပန်းတနော် ။ ။ ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော် မြို့နယ်တွင် ၉၆၉ ဗုဒ္ဓဘာသာ ၀င်များက မွတ်စလင် နေအိမ် တစ်လုံးကို ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။ မြန်မာ နိုင်ငံတွင် ဗုဒ္ဓဘာသာကို တရားဝင် နိုင်ငံတော် ဘာသာ အဖြစ် ပြဌာန်း ထားခြင်း မရှိသော်လည်း၊ မြန်မာ နိုင်ငံသား အများစုသည် ဗုဒ္ဓဘာသာဝင် များဖြစ် ကြသည်။ ဘာသာရေး အယူဝါဒ ပြင်းထန်သူ တစ်စုမှ ယနေ့အား နိုင်ငံတော် ဘာသာ ပြဌာန်းခြင်း ၅၂ နှစ်မြောက် အဖြစ် ကျင်းပလျက် ရှိပါသည်။

ကတီပါဖိနပ်စီးပြီး အကြမ်းဖက်သမားတွေကို နှိမ်နှင်းမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့

Photo: ကတီပါဖိနပ်စီးပြီး အကြမ်းဖက်သမားတွေကို နှိမ်နှင်းမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့

kolatt (Pabedan): 26.8.2013

ပြန်ကြားရေး ရဲဖွတ်ရဲ့ တရုပ်ဖော်ချက်က ၉ လောက်ရှိတယ်ကန့် ဘလူ .တဖက်တတ်အကြမ်းဖက်
မူပုံမှာ ရဲ တွေက ဟန်ပြသေနတ်ကိုင်တဲ့ပုံကို ပေါ်လွင်အောင်ပြသထားပါတယ် 

ဒီလိုဖော်ပြလိုက်သာကလဲ သူတို့  အစိုးရ ရဲ့ က လိမ်ကကျစ် ညဏ်နီတွေကိုပြသလိုက်တာပဲ တကယ်တော့ အဲ့သေနတ်တွေမှာ ကျီဆံ မထည့်ထားပါဘူး လူမြင်ကောင်းအောင် တရုပ်ဖော်ပြတာပါ.. 

မယုံဘူး ဘယ်တော့မှမယုံဘူး တသက်လုံးမယုံဘူး... နောက်တခုက အနီရောင် အ၀ိုင်းလေးများ
ကိုကြည့်ကြည့်ပါ အကြမ်းဖက်မူနိုမ်နင်းတဲ့ ရဲတပ်ဖွဲ့ ဝင်များက ကတီဘာ ဖိနပ်စီးပြီးလာပါတယ် အကြမ်းဖက်မူနိုမ်နင်းဖို့ လာတာလား ဒါမှမဟုတ်ပွဲကြည့်ဖို့ လာတာလားလို့  မေခွန်းထုပ်စရာတွေ
ဖြစ်လာပါတယ် 

အကြမ်းဖက်မူနိုမ်နင်းတဲ့နေရာမှာ ကတီဘာဖိနပ်စီးတာ မြန်မာ ရဲ တပ်ဖွဲ့ ဝင်များကိုပဲ တွေ့ ဖူးပါ
တယ် ။အကြမ်းဖက်မူနိုမ်နင်းဖို့ လာတာမဟုတ်ပါဘူး အကြမ်းဖက်သမားတွေကို ကာကွယ်ပေးဖို့ 
လာတာပါ။

kolatt(PBDN), ရဲဘော်ဆက်လုပ်

RangonNewsDaily:: Aug 26, 2013

ပြန်ကြားရေး ရဲဖွတ်ရဲ့ တရုပ်ဖော်ချက်က ၉ လောက်ရှိတယ်ကန့် ဘလူ .တဖက်တတ်အကြမ်းဖက်
မူပုံမှာ ရဲ တွေက ဟန်ပြသေနတ်ကိုင်တဲ့ပုံကို ပေါ်လွင်အောင်ပြသထားပါတယ်။

ထန်းကုန်းပြဿသနာတွင် ဗုဓ္ဒဘာသာအမျိုးသမီးကို ဆွဲလားရမ်းလားလုပ်သူမှာ စိတ်မနှံ့သူတစ် ဦးဖြစ်

RangonNewsDaily:: Aug 26, 2013

ထန်းကုန်းပြဿနာတွင် ဆွဲလားရမ်းလားလုပ်သူမှာ စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး ယင်းကို ထန်းကုန်းရှိ နှစ်ဖက်အသိုင်းအဝိုင်းနှင့် တစ်ရွာလုံးသိရှိထားသလို ၎င်းတို့၏ထွက်ဆိုချက်များတွင်လည်း ထိုအတိုင်းပင် ထွက်ဆိုထားပါသည်။

တရားမဝင်ဒေါ်လာရောင်းဝယ်သူ ရှစ်ဦး ကျောက်တံတားတွင် ဖမ်း

RangonNewsDaily:: Aug 26, 2013

ကျောက် တံတားမြို့နယ်တွင် တရားမဝင် ဒေါ်လာရောင်းဝယ်သူရှစ်ဦးကို နှစ်ရက်အတွင်း ဖမ်းဆီးခဲ့သည် ဟု ကျောက်တံတားမြို့နယ်ရဲစခန်း မှူး ဦးမျိုးမြင့်ကြိုင်က ပြောသည်။
ဩဂုတ်၂ဝရက်နှင့် ၂၁ရက် က ကျောက်တံတားတွင်ဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး ယင်းရှစ်ဦးကို တရား မဝင် ဒေါ်လာရောင်းဝယ်မှုများ ဖြင့် ကျောက်တံတားရဲစခန်းနယ် ထိန်းနှင့်အဖွဲ့ကဖမ်းဆီးခဲ့ပြီး ခြေ ချုပ်ဖြင့် ဖမ်းဆီးထားကာ သက် သေခံပစ္စည်းများနှင့်အတူ ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။

Black Lists စာရင်းဝင် တရုတ်နိုင်ငံသား မန္တလေးလေဆိပ်မှ ပြန်လွှတ်

RangonNewsDaily:: Aug 25, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်း လေဆိပ်မှ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသော ပြည်ပ ခရီးသည်များကို သြဂုတ်လ ၂၄ ရက်နေ့တွင် စိစစ်ရာ မြန်မာနိုင်ငံက အမည်မည်း စာရင်း (Black Lists) ကြေညာထားသူ တရုတ်နိုင်ငံသားကို တွေ့ရှိရသဖြင့် ကူမင်း လေဆိပ်သို့ ချက်ချင်း ပြန်လည် ပို့ဆောင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အငြိမ်းစား ကျောင်းဆရာတစ်ဦး နေအိမ်တွင်း သေဆုံး ပုပ်ပွ

RangonNewsDaily:: Aug 25, 2013

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမ အရှေ့ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း အနီးရှိ နေအိမ်တွင် တစ်ဦးတည်း နေထိုင်သော အသက် ၇၄ နှစ်အရွယ် အထက်တန်းပြ အငြိမ်းစား ကျောင်းဆရာ တစ်ဦး သေဆုံး ပုပ်ပွနေသည်ကို သြဂုတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က တွေ့ရှိ ခဲ့ကြောင်း ယင်းအမှု စစ်ဆေးသည့် အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

မော်ရင်ဟို ယုံကြည်သည့်အတိုင်း ၀ီလျံအတွက် ချဲလ်ဆီး သဘောတူညီမှု ရရှိ

Photo: မော်ရင်ဟို ယုံကြည်သည့်အတိုင်း ၀ီလျံအတွက် ချဲလ်ဆီး သဘောတူညီမှု ရခဲ့
Sunday, August 25, 2013

ချဲလ်ဆီးမှာ အန်ဇီကွင်းလယ်လူ ၀ီလျံကို ခေါ်ယူရန် ယူရို ၃၇သန်းဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့သည်။ အန်ဇီနှင့် စပါးတို့မှာ ၀ီလျံအတွက်
ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အဆိုပါကစားသမားမှာ ဆေးစစ်မှုခံယူရန် လန်ဒန်သို့ လာရောက်ခဲ့ပြီး လစာငွေအတွက် စပါးနှင့် ဆွေးနွေးရာတွင် အဆင်မပြေဖြစ်ခဲ့သည်။ ထို့နောက် ကစားသမား၏ အေးဂျင့်ဖြစ်သူက ချဲလ်ဆီး၏ ကမ်းလှမ်းမှုကို လက်ခံဆွေးနွေးခဲ့ရာတွင် ယခုကဲ့သို့ သဘောတူညီမှု ရခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အလုပ်လုပ်ခွင့်ပါမစ် ရပါက ချဲလ်ဆီးသို့အပြီးသတ်
ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၀ီလျံကို ခေါ်ယူနိုင်ခဲ့မည်ဟု ယုံကြည်ကြောင်း မော်ရင်ဟိုက ဖွင့်ဟခဲ့ပြီး ယခုအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီးအတွက် တတိယမြောက် ကစားသမားသစ် ဖြစ်လာခဲ့သည်။ ၀ီလျံနှင့် ပတ်သက်၍ ချဲလ်ဆီးအသင်း ၀က်ဆိုက်တွင် “ ၀ီလျံရဲ့ အပြောင်းအရွှေ့အတွက် ကစားသမားနဲ့ရော အန်ဇီနဲ့ပါ သဘောတူညီမှု ရယူနိုင်ခဲ့ပါပြီ။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အလုပ်လုပ်ခွင့်ပါမစ်ရဖို့ပဲ ကျန်ပါတော့တယ်”ဟု ဖော်ပြထားသည်။

ဇော်ထွန်း(ရိုးရာလေး)


RangonNewsDaily:: Aug 25, 2013

ချဲလ်ဆီးမှာ အန်ဇီကွင်းလယ်လူ ၀ီလျံကို ခေါ်ယူရန် ယူရို ၃၇သန်းဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့သည်။ အန်
ဇီနှင့် စပါးတို့မှာ ၀ီလျံအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ဖြင့် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အဆိုပါ
ကစားသမားမှာ ဆေးစစ်မှုခံယူရန် လန်ဒန်သို့ လာရောက်ခဲ့ပြီး လစာငွေအတွက် စပါးနှင့် ဆွေးနွေးရာတွင် အဆင်မပြေဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း

Photo: မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံခြင်း
Sunday, August 25, 2013

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အ စည်း အရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်း တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ကိုလူမင်းတာဝန်ယူတဲ့ သက်တမ်း နှစ်လကျော်အတွင်းမှာ ပထမဆုံးကြုံတွေ့ရတဲ့ ဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

L.M ။ ။ ကိုယ်တို့ နာယကကြီးတွေရော၊ ရှေ့မီနောက်မီ ဆရာကြီးတွေရော မေး စမ်းကြည့်ပြီးပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဖူးဘူးပေါ့။ အဲဒီတော့ အခုစရှိပြီပေါ့။ နောင်တစ်ချိန်ကျတော့လည်း ဒီနေ့ဖြစ်စဉ်က ရုပ်ရှင်သမိုင်းရဲ့ စာမျက်နှာတစ်ခု ဖြစ်မှာပေါ့။ ကိုယ့်အနေနဲ့ကတော့ ဘာမှထွေထွေထူးထူး ပြောဖို့မရှိပါဘူး။ ဆန္ဒပြတယ် ဆိုတာလည်း လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာဆီ ခွင့်တောင်း၊ ခွင့်ပြုချက်ကျလို့ ပြတယ်ဆိုတော့ ဒါနိုင်ငံသားတိုင်း ရနိုင်တဲ့ အခွင့်အရေး တစ်ခုပဲလေ။ အဲ့ဒီအပေါ်မှာ ကိုယ့်သဘောထား အမြင်ကတော့ သဘောတူခြင်း၊ ကန့်ကွက်ခြင်း ဘာမှမရှိပါဘူး။ ဆန္ဒပြခွင့်ရှိတယ်။ ဆန္ဒဖော်ထုတ်ပါစေ။

Voice ။ ။ ရုပ်ရှင်လောကသားတွေရဲ့ တိုးတက်မှုအတွက် ကိုလူမင်း အပါအဝင် အမှုဆောင်အဖွဲ့က စွမ်းဆောင်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့ ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြတဲ့သူတွေက ပြောတယ်။ ဒီအပေါ်မှာ ကိုလူမင်း ဘာပြန်ပြောချင်လဲ။

L.M ။ ။ အခု ဒီလိုပြောလာတာက အနုပညာလောက တစ်လောကလုံးက ပြောတာလားဆိုတာ အစ်ကိုက သုံးသပ်ဆင်ခြင်ရမယ်။ တစ်လောကလုံးက ပြောလာတယ် ဆိုရင်တော့ ကိုယ်လည်းထိုင်နေစရာ အကြောင်းမရှိဘူး။ တစ်လောကလုံးကို ကိုယ်စားပြုရင် ကိုယ်ဖြေရှင်းချက် ပေးစရာအကြောင်း မရှိဘူးလေ။ တစ်လောကလုံးကို ကိုယ်စားပြုဖို့တော့ လိုတာပေါ့။

Voice ။ ။ ဝေဖန်တိုက်ခိုက်မှုတွေများတဲ့ အစည်းအရုံး ဥက္ကဋ္ဌနေရာကို ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။

L.M ။ ။ ပြဿနာတွေ အများကြီး ရင်ဆိုင်ရလိမ့်မယ် ဆိုတာလည်း ကိုယ်သိတယ်။ ကိုယ်ကိုယ်တိုင်လည်း အလုပ်အားတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အနုပညာလောကအတွက် မို့လို့ပါ။ ကိုယ့်အတွက်မဟုတ်ဘဲ လောကအတွက် လုပ်တာဖြစ်တဲ့အတွက် ကိုယ်ရင်းနှီးရတာတွေ အများကြီး ရှိပါတယ်။ ကိုယ့်အနုပညာလောက အတွက်မို့လို့ ကိုယ်ဒီလို ရင်ဆိုင်နေတာပါ။ ဒီလိုခေတ်ကြီးမှာ အခုလို ဖြစ်ရပ်မျိုး ကြုံတွေ့ရတယ်ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး။ အတိုက်အခံဆိုတာ နေရာတိုင်းမှာ ရှိမှာပဲ။

Voice ။ ။ ဆု ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဒေါ်စန်းစန်းမော်ကို ရန်ကုန်တိုင်း ဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ထုတ်ပယ်လိုက်ရတဲ့ အကြောင်းအရင်း သိပါရစေ။

L.M ။ ။ ပြောရမှာ ဆိုရင်တော့ အများကြီးပဲ။ ခြုံပြီးပြောရရင်တော့ ကိုယ်တို့ ရုပ်ရှင် အစည်းအရုံးမှာလည်း ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။ ကိုယ်သည် တစ်ဦးတစ်ယောက်တည်း ဆန္ဒနဲ့ ငါဥက္ကဋ္ဌပဲဆိုပြီး ဆုံးဖြတ်တဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ်တို့ တစ်လောကလုံးက လေးစားရတဲ့ နာယကကြီးတွေ အားလုံးရဲ့ သဘောထားမှတ်ချက်တွေ ရှိတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရဲ့ အားလုံးတညီတညွတ်တည်း ဆုံးဖြတ်ချက်လည်း ဖြစ်တယ်။
ပြောရရင်တော့ အများကြီးပဲ။ ပြောဖို့က အချက်အလက်တွေနဲ့ ပြောမှရမယ်။ နာမည်ကြီးတပ်ပြီး ပြောနေရမှာဖြစ်တဲ့အတွက် ကိုယ်အဲဒီလိုတော့ မပြောချင်ပါဘူး။ သေချာတာတစ်ခုကတော့ ကိုယ့်ဆုံးဖြတ်ချက်အပေါ် ကိုယ်ယုံကြည်မှု ရှိတယ်။ ကိုယ့်အကြောင်းလည်း လောကသားတွေ သိပါ တယ်။ ကိုယ်က ရာထူးမက်စရာ အကြောင်းလည်းမရှိဘူး။ ငွေမက်စရာ အကြောင်းလည်း မရှိဘူး။ ကျော်ကြားမှုကို မက်စရာအကြောင်းလည်း မရှိဘူး။ ကိုယ်လုပ်နေတာ လောကအတွက်ပဲ။ ကိုယ့်အကြောင်းကို သိတဲ့လူကတော့ ကိုယ့်ဆုံးဖြတ်ချက်ကို နားလည်ပါလိမ့်မယ်။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနေရာက ပြန်ရွေးဖို့ ရှိတယ်လို့လည်း သိထားတယ်။ ကိုလူမင်းကရော အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ဘယ်အချိန်လောက်အထိ တာဝန်ယူဖို့ စဉ်းစားထားလဲ။

L.M ။ ။ ကိုယ်အမှန်အတိုင်း ဝန်ခံရရင် နောက်သက်တမ်းဆိုတာကို မစဉ်းစားထားဘူး။ ကိုယ်ဥက္ကဋ္ဌ ဖြစ်လာတယ်ဆိုတာလည်း မလွှဲမရှောင်သာ၊ မဖြစ်မနေ ဒီတာဝန်ကို ကိုယ်ယူမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေ ရောက်လာလို့သာ ကိုယ်ကလက်ခံပြီး ရယူလိုက်ရတာ။ ကိုယ့်စိတ်ထဲမှာ ဥက္ကဋ္ဌကြီး လုပ်မယ်ဆိုတဲ့ စိတ်လည်း ရှိမနေဘူး။ ဒါပေမဲ့ တစ်ခုရှိတာက လောကကောင်းစေချင်တဲ့ စိတ်တော့ ကိုယ့်မှာအပြည့်အဝ ရှိတယ်။ ဒါ မှန်သောသစ္စာပါ။ ကိုယ့်ထက် လောကအကျိုးကို ပိုလုပ်နိုင်တဲ့သူ၊ ဘယ်သူမဆိုပေါ့ ကိုယ်အမြဲတမ်း ဖိတ်ခေါ်တယ်။

Voice ။ ။ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ကို ရိုက်ကူးခွင့် သုံးလ ရပ်ဆိုင်းလိုက်တာရော ဘယ်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့လဲ။

L.M ။ ။ ဒါလည်း CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ပဲ။ အဲဒါကလည်း ဒီလိုပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်သံတွေလည်း တော်တော်ကြားရပါတယ်။ အရင်အစိုးရလက်ထက်က ပိတ်ပင်တားဆီးမှုမျိုး ကိုယ်တို့လက်ထက်မှာ လည်း လုပ်နေတယ်ပေါ့။ အပြင်ပန်းကြည့်ရင် ဒီဝေဖန်ချက်က မှန်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနောက်မှာ ကိုယ်တို့ရဲ့ စေတနာတွေက အများကြီးရှိတယ်။
ကိုယ်ဆိုလိုတာက ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ဆိုတာ နာမည်ပျက် လည်း မရှိဘူး။ အနုပညာအရလည်း သိက္ခာရှိတဲ့ အနုပညာသမား စစ်စစ် တစ်ယောက် နောက်တစ်ခု ကိုယ်တို့ အင်မတန်လေးစားရတဲ့ အချက်က ဒီ ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားကိစ္စမှာ သူကလည်း ကြိုတင်ကြံစည်မှု မရှိဘဲ အမျိုးမျိုးသော အခက်အခဲတွေကြောင့် သူတစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ညွှန်း အဟောင်းကို ပြန်ရိုက်မိတာ။ 

ရိုက်တဲ့အချိန်မှာ တစ်ဖက်ကလည်း ရိုက်ပြီးသား ဖြစ်တဲ့အတွက် စာရေးသူအနေနဲ့ကလည်း ငွေကြေးနောက်ကိုလိုက်ပြီး ဟိုကိုရောင်း၊ ဒီကိုရောင်း လုပ်တယ် ဖြစ်မှာစိုးလို့ ကိုယ်တို့အစည်းအရုံးကို အကြောင်းကြားထားတာပဲ ရှိတယ်။ အဲ့ဒီ အပေါ်မှာ ဒါရိုက်တာက ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ သူ့ရဲ့ပေါ့လျော့မှုကြောင့် သူ့မှာပဲ တာဝန်ရှိတယ်။ အဲဒီတော့ အပြစ်ပေးရင်လည်း ပေးပါ၊ အနုပညာ လုပ်ကိုင်ခွင့် ပိတ်ပင်ရင်လည်း ပိတ်ပင်ပါဆိုပြီး သူကိုယ်တိုင် သူ့ရဲ့အမှားတစ်ခုအတွက် တာဝန်ယူပြီး ကိုယ်တို့အစည်း အရုံးကို တောင်းဆိုလာတာ။တကယ်တော့ ဒီခေတ်ကြီး မှာ ရေပန်းစားတဲ့ စကားလုံးတွေဖြစ်တဲ့ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ စကားတွေကို လူတွေ လက်တွေ့ကျင့်ကြံနိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက ကိုယ့်တာဝန် ကိုယ်အပြည့်အဝ ယူပြတာ။ 

အဲဒီအပေါ် ကိုယ်တို့က သုံးလရပ်စဲကြောင်း စာကို ထုတ်ပြန်လိုက်တာ။ စာထုတ်ပြန် လိုက်ပေမယ့်လည်း ကိုယ်ကိုယ်တိုင်ပဲ တစ်ဖက်ကားက ဒါရိုက်တာနဲ့ ထုတ်လုပ်သူကို ညှိနှိုင်းပေးပြီးသား။ ပြေလည်း ပြေ လည်တော့မှာ။ ထုတ်လုပ်သူဘက်ကလည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံ ထားတဲ့ ကားတစ်ကားက ဒီအခက်အခဲလေး တစ်ခုကြောင့် အချိန်များစွာ ကြန့်ကြာတယ်ဆိုတဲ့ နစ်နာမှု ကလည်း ရှိတယ်။ အဲဒါကြောင့် ဒီစာကို ထုတ်ပြီးတာနဲ့ တစ်ဖက်ကလည်း ကိုယ်ကိုယ်တိုင် ညှိနှိုင်းဆွေးနွေးပြီး သား ဖြစ်တဲ့အတွက် ပြေလည်သွားတာနဲ့အတူ ဒီဇာတ်ကားကို ဘာမှတားဆီးစရာ မရှိဘူး။ Class Pass လုပ်ရုံပဲ။ ဒါရိုက်တာ ညွန့်မြန် မာညီညီအောင် ကိုလည်း သုံးလပိတ်ပင်ထားတာ ဖြေလျှော့လိုက်ရုံပဲ။ စာထုတ်လိုက်တာပဲရှိတာ။ ဘယ်သူမှ ထိခိုက်နစ်နာအောင်တော့ ကိုယ်တို့ မလုပ်ပါဘူး။

Voice ။ ။ ဒါဆို ‘မမပြုံး ပြုံးစမ်းပါ’ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်ရဲ့ ဇာတ်ကား ဘယ်သူ့ကားက အရင်ထွက်ခွင့်ရမလဲ။

L.M ။ ။ ရှေ့မှာဖြစ်ခဲ့ဖူးတဲ့ အစဉ်အလာတွေအရ ဇာတ်လမ်းတွေ တူကြတယ်ဆိုတာ ဗီဒိယိုတွေက ဇာတ်လမ်းကြိုတင်စရာ မလိုဘူး။ ဇာတ်လမ်းတူတာတွေ၊ ဇာတ်လမ်း ထပ်တာတွေ ရှေ့မှာအများကြီး လည်း ဖြစ်ခဲ့ဖူးတယ်။ အဲ့ဒီလိုတူတာ၊ ထပ်တာဖြစ်လာခဲ့ရင် အရင်တုန်း ကတော့ ဆင်ဆာနံပါတ်စောတဲ့သူက အရင်ဖြန့်။ ဖြန့်ပြီးတာနဲ့ နောက်ကား က ခြောက်လကြာမှ ဖြန့်ဆိုပြီး ရှေ့အစဉ် အဆက်မှာ လုပ်ခဲ့ဖူးတယ်။

အခုတချို့ ဗီဒီယိုကားတွေဆို နိုင်ငံခြားကားတွေကို မှီငြမ်းပြီး ရိုက်ကြတော့ ဇာတ်လမ်းချင်း တစ်ထပ်တည်းတူပြီး ထွက်တာမျိုးတွေ ရှိတယ်။ အဲ့ဒါကြောင့် နယ်ပရိသတ်တွေရဲ့ ဝေဖန်ခံရတာမျိုးတွေ ရှိတယ်။ ဒီကိစ္စကျတော့ ရိုက်တာ ကိုက မရှေးမနှောင်း၊ ရှေ့ဆင့် နောက်ဆင့်လေး သွားဖြစ်နေတယ်။ တစ်ဖက် ကားကလည်း သေသေချာချာ နည်းလမ်းတကျ ဝယ်ယူပြီး ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ဖော်ပြပြီး ရိုက်ထားတာဆိုတော့ လုပ်နည်းလုပ်ဟန် မှန်မှန်နဲ့ ရိုက်ထားတာပေါ့။ ကိုညီညီအောင်ရဲ့ ကားကျတော့လည်း ရိုက်မယ့်ရက်ကျမှ ဇာတ်ညွှန်း နှစ်ပုဒ်လောက်နဲ့ အဆင်မပြေလို့ ကြိုတင် ကြံစည်မှုမရှိဘဲ သူလည်းရိုက်မယ် မထင်လို့ပေါ့နော်၊ တစ်ချိန်က ရိုက်ခဲ့တဲ့ ဇာတ်ကား ကို ပြန်ရိုက်မိရင်း အလွဲအချော်လေးတစ်ခု ဖြစ်သွားတာပေါ့။

Voice ။ ။ ကိုလူမင်း အစည်းအရုံး ဥက္ကဋ္ဌ လက်ထက်မှာ သိသာထင်ရှားတဲ့ ကြိုးပမ်းမှုဖြစ်တဲ့ အများပိုင်ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းဖြစ်တဲ့ အကြောင်းအရင်းလေး သိပါရစေ။

L.M ။ ။ အဲဒါကလည်း ကိုယ်တို့ ဆောင်ရွက်နေဆဲပါပဲ။ လုပ်ဖြစ်တာကတော့ အစိုးရမူဝါဒ အပြောင်းအလဲတစ်ခု အပေါ်မှာ ကိုယ်တို့ လောကသားတွေ ရသင့်ရထိုက်တဲ့ဟာက ဒီလိုပုံစံနဲ့မှ ရနိုင်မယ့် အခြေအနေရှိလို့ ဆိုင်ရာဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေရဲ့ အကြံဉာဏ်နဲ့ လုပ်တာပါ။ ကိုယ့်ရဲ့ Idea နဲ့ လုပ်တဲ့ အစီအစဉ် မဟုတ်ပါဘူး။

Voice ။ ။ ဒီအဖွဲ့အစည်းကို ဖွဲ့တဲ့အခါမှာ အားလုံးကို အကြောင်းမကြားဘဲ နီးစပ်ရာလူတွေနဲ့ ဖွဲ့လိုက်တယ်လို့ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

L.M ။ ။ ဒါကအချိန်တိုတို အတွင်းမှာ အမြန်လုပ်ရမယ့် ကိစ္စဖြစ်တယ်။ လုပ်တယ် ဆိုတာလည်း လျှောက်လွှာတို့၊ ဖောင်တို့တင်တဲ့အဆင့်ပဲ ရှိသေးတယ်။ ပြီးရင်အားလုံးကို အသိပေးမှာ။ ဒါ လောကသားအားလုံး ပါဝင်ခွင့်ရမယ့် ကိစ္စမို့လို့လုပ်တာ။ အခုအချိန်မှာ လောကသားအားလုံး သိအောင် နှံ့စပ်အောင် ရှင်းပြပြီးမှ လုပ်မယ်ဆို ကိုယ်တို့နောက်ကျသွားလိမ့်မယ်။

Voice ။ ။ ဒီအများပိုင်ကုမ္ပဏီ ဖွဲ့ပြီးရင်ရော အနုပညာလောကအတွက် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မယ်လို့ထင်လဲ။

L.M ။ ။ ကိုယ်တို့ရုပ်ရှင်အစည်းအရုံး ဆိုတာ NGO အဖွဲ့လေ။ NGO အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်မရှိတဲ့ စီးပွားရေးဆန်တဲ့ ကိစ္စလိုမျိုးတွေ၊ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်မယ့် ကိစ္စတွေကို လုပ်ခွင့်ရပြီးတော့ ကိုယ်တို့ လောကသားတိုင်း၊ ထုတ်လုပ်သူ၊ မင်းသား၊ မင်းသမီးကအစ၊ မီးထိုး၊ မှန်ထိုးတွေ အကုန်ခံစားနိုင်မယ့် အခွင့်အရေးမို့လို့ ဒီလမ်းကြောင်းကို ရွေးတာပါ။

Voice ။ ။ ရုပ်ရှင်အစည်းအရုံးကနေ နိုင်ငံခြားဇာတ်ကားတွေ တင်သွင်းပြသဖို့ လုပ်နေတယ်လို့ ကြားတယ်။ ဒီအကြောင်းလေး ပြောပြပေးပါဦး။

L.M ။ ။ ဒီကိစ္စအတွက် ကိုယ်တို့ကုမ္ပဏီတစ်ခုနဲ့ MoU ထိုးထားတာပေါ့နော်။ အဲဒါက ဘာလဲဆိုတော့ နိုင်ငံခြားကားတွေကို ကိုယ်တို့က တိုက်ရိုက်ဝယ် ယူခွင့်ရအောင် ကြိုးစားပေးတာ။ အဲဒီရည်ရွယ်ချက်က ကိုယ်တို့ဆီ မှာ နိုင်ငံခြားကားတွေ ပြသဖို့ဆို နှစ်ဆင့်ခံလောက် ဝယ်ယူတင်သွင်းရတယ်။ တိုက်ရိုက်ဝယ်ယူခွင့်ရရင် တစ်အချက် ဈေးနှုန်းသက်သာမှုတွေ ရှိမယ်။ ပြီးတော့ အချိန်နဲ့ တစ်ပြေးညီ ကြည့်ရှုခွင့်ရတဲ့ အကျိုးကျေးဇူးတွေ၊ ပရိသတ်တွေ ခံစားရမယ်။ ငွေကြေးအားဖြင့်လည်း သက်သာမှုတွေရမယ်။ အဲဒီကရတဲ့ အကျိုးအမြတ် ၈၀ ရာခိုင်နှုန်းလောက်က လောကသားတွေ တိုးတက်ရာ၊ တိုးတက်ကြောင်းတွေဖြစ်တဲ့ ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံတွေ ပေါ် လာဖို့၊ ဒစ်ဂျစ်တယ် ရုပ်ရှင်ကားတွေ ထွက်ဖို့၊ ပညာတော်သင်တွေ စေလွှတ်ဖို့ အဲဒီလိုကိစ္စတွေမှာ သုံးမယ်။ ဒီလို ကိုယ့်အနုပညာလောကအတွက် အကျိုးရှိမယ့် ကိစ္စတွေရှိလို့ လုပ်တာပါ။

Voice ။ ။ မြန်မာရုပ်ရှင်ကား တွေထက် နည်းပညာပိုင်း မြင့်မားပြီး ရိုက်ကူးမှုပိုင်းလည်း သာလွန်တဲ့ နိုင်ငံခြားဇာတ်ကားတွေကို နိုင်ငံတကာနဲ့ တစ်ပြေးညီ ပြသမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လောက အပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်လဲ။

L.M ။ ။ မြန်မာ့ရုပ်ရှင်လောက ကျဆင်းတယ်ဆိုတာ ပြစရာရုံတွေ မရှိလို့ပါ။ ရုပ်ရှင်ရုံတွေ ပေါ်လာအောင် ရှင်သန်နိုင်အောင် လုပ်ရမယ်။ ရုပ်ရှင်ရုံတွေမှာ ပြစရာကားတွေ ရှိနေမှ ရုပ်ရှင်ရုံဆိုတာလည်း ရှိမယ်။ ကိုယ်တို့လုပ်တာက နိုင်ငံခြားကားဈေးကွက် ရှင်သန်ရေး လုပ်နေတာ မဟုတ်ဘူး။ မြန်မာရုပ်ရှင်တွေ ရှင်သန်ကြီးထွားရေးက နံပါတ်တစ်ပဲ။ အဲဒီဟာကို လုံးဝအထိခိုက် မခံဘူး။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တာဝန်ကိုလည်း ယူထားရတော့ သရုပ်ဆောင် ဘက်အပိုင်းကိုရော အချိန်ဘယ်လိုပေးဖြစ်လဲ။

L.M ။ ။ ကိုယ့်အနုပညာအလုပ် ကတော့ ကိုယ်အရင်လျှောက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ အစည်းအရုံးအလုပ်တွေ လုပ်သလို တစ်ဖက်ကလည်း ကိုယ့်အနုပညာဘက်ကို မလစ်ဟင်းအောင် ပိုပြီးတော့ ကြိုးစားပြီး လုပ်ပါတယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေ အားလုံးက ကိုယ့်ကိုအများကြီး ကူညီကြပါတယ်။

Voice ။ ။ ကိုယ့်ရဲ့အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ဇာတ်လမ်းမျိုးကျတော့ ဘယ်လိုရွေးဖြစ်လဲ။

L.M ။ ။ ထုတ်လုပ်သူနဲ့ တိုင်ပင်ပြီး ထုတ်လုပ်သူ ရွေးချယ်ပေးတဲ့ဇာတ်ကို ရိုက်တာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင် နှစ်ခြိုက်ပြီးတော့ ရွေးချယ်ပြီး ရိုက်တာမျိုးလည်း ရှိတယ်။ အဓိကကတော့ ကိုယ့်အသက်အရွယ်နဲ့ လိုက်ဖက်ဖို့ပါပဲ။

Voice ။ ။ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးတဲ့နောက်မှာ ကြုံတွေ့လာရတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး ကိုလူမင်း ပြောချင်တာရှိရင် ပြောပေးပါဦး။

L.M ။ ။ ရုပ်ရှင်သမိုင်းမှာ မကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ကြုံရတာပေါ့။ ကိုယ့်အနေနဲ့ကတော့ အတိုက်အခံဆိုတာ ရှိမှာပဲဆိုတဲ့ သဘာဝတရားကို လက်ခံထားတယ်။ လူဆိုတာ အတိုက်အခံရှိမှ တိုးတက်တာလေ။ ဒါပေမဲ့ ကိုယ့်လောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုလည်း ဒီကိစ္စတွေကြောင့်တော့ မရပ်တန့်နိုင်ဘူး။ ကိုယ်လုပ်စရာ ရှိတာတွေတော့ ဆက်လုပ်မှာပဲ။ အခုဆို BC နဲ့ပေါင်းပြီး နိုင်ငံတကာဆရာတွေ လာသင်တဲ့ ဇာတ်ညွှန်းသင်တန်း ကိုယ်ဖွင့်နေတယ်။ ဒါပြီးရင် ကွန်ပျူတာသင်တန်းတို့၊ သရုပ်ဆောင်သင်တန်းတို့ လောကသားတွေအတွက် ကိုယ်ဖွင့်ဦးမယ်။ ပြီးရင် ကင်မရာသမားတွေကို မလေးရှားကို ပညာတော်သင် စေလွှတ်ဖို့လည်း ရှိတယ်။ ဆိုချင်တာကတော့ ကိုယ်လုပ်စရာ ရှိတာတွေတော့ လုပ်ဦးမယ်။ အခက်အခဲ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာက တစ်ပိုင်းပဲ။ ကိုယ့်အနုပညာလောက တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာ ရှိတာတော့ လုပ်ရမှာပဲ။

(သန့်ဇင်ဦး)
The Voice Weekly

RangonNewsDaily:: Aug 25, 2013

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံပြီး ဥက္ကဋ္ဌ သက်တမ်း နှစ်လကျော် ကာလအတွင်း ပထမဆုံး ကြုံတွေ့ရသည့် ၎င်းကို ထုတ်ပယ်ရန် ဆန္ဒပြတောင်းဆိုမှု များအပေါ် သူ့အမြင်၊ ရုပ်ရှင်အ စည်း အရုံး၏ အပြစ်ပေး အရေးယူမှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများအပေါ် သူ့သဘောထား၊ အများပိုင် ရုပ်ရှင်ကုမ္ပဏီ ဖွဲ့စည်းရသည့် အကြောင်းအရင်း တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

တေးရေး၊ တေးဆို တေးသံရှင်မျိုးမြင့်လေး ရဲ့နောက်ဆုံးခရီးကို အနုပညာမောင်နှမများမှ ယနေ့နေ့လည်ပိုင်းက ရေဝေးသုသန်သို့လိုက်ပါပို့ဆောင်

Photo

RangonNewsDaily:: Aug 25, 2013
တေးရေး၊ တေးဆို မျိုးမြင့်လေးအသက်(၇၄)နှစ်သည် သြဂုတ်လ၊ ၁၈ ရက်နေ့၊ နံနက် (၉း၂၆) နာရီအချိန်တွင်
အမှတ်(၁၇)၊ (၄)လွှာခြေရင်းခန်း၊ ဗိုလ်လရောင်လမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ် နေအိမ်၌ အသည်း
ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။

အမေရိကန် ရေတပ် သင်္ဘောများ ဆီးရီးယား နိုင်ငံ အနီးသို့ ခုတ်မောင်းလျက်ရှိ

Photo: အမေရိကန် ရေတပ် သင်္ဘောများ ဆီးရီးယား နိုင်ငံ အနီးသို့ ခုတ်မောင်းလျက်ရှိ 
Sunday, August 25, 2013

အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် စစ်ရေး အရ တိုက်ခိုက်မှု ပြုလုပ်ရန် ညွှန်ကြား လာနိုင်သည့် အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပင်တဂွန် စစ်ဌာနချုပ်က ရေတပ်သင်္ဘောများအား ဆီးရီးယား နိုင်ငံ အနီးသို့ စေလွှတ် ထားကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်က ထုတ်ဖော် ပြောကြား ခဲ့ကြောင်းနှင့် ထိုကဲ့သို့ စေလွှတ် ထားမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက် အလက်များ ကိုမူ ထုတ်ဖော် ပြောကြား ခဲ့ခြင်း မရှိကြောင်း  သြဂုတ် ၂၄ ရက် အင်တာနက် သတင်း တစ်ရပ် အရသိရသည်။  

ဆီးရီးယား နိုင်ငံနှင့် ပတ်သက်၍ စစ်ရေး အရ ပြင်ဆင်မှု ပြုလုပ် ထားရန်နှင့် အမေရိကန် တပ်ဖွဲ့များ တပ်ဖြန့် နေရာယူ သွားရန် အတွက် လိုအပ်သော လုပ်ဆောင်မှုများ ဆောင်ရွက် သွားရန် အိုဘားမားက ပင်တဂွန်စစ် ဌာနချုပ်အား  ညွှန်ကြား ထားကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ အမေရိကန် စစ်သင်္ဘော များသည် Tomahawk ခရုဇ် ဒုံးပျံများ အပါအဝင်  အခြားသော စစ်ရေး ဆိုင်ရာ စွမ်းပကား အများ အပြားကို အသုံးပြု တိုက်ခိုက်နိုင်ကြောင်း သိရသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာန အနေဖြင့် တပ်ဖွဲ့ဝင်များ တပ်ဖြန့် နေရာယူခြင်း အပါအဝင် ပေါ်ပေါက် လာနိုင်သော  အရေးပေါ် ကိစ္စရပ်နှင့် ပတ်သက်သည့် အခြေ အနေများ အတွက် သမ္မတအား အထောက်အကူ ပေးရန် တာဝန် ရှိကြောင်း  ဟေဂယ်လ်က ပြောကြား ခဲ့သည်။ 

ယခုရက် သတ္တပတ် အစောပိုင်းတွင် ဆီးရီးယား အစိုးရက အရပ်သားများ အပေါ် ဓာတု လက်နက်များ အသုံးပြု တိုက်ခိုက် ခဲ့သည် ဟူသော သတင်း ထွက်ပေါ်ချက် များနှင့် ပတ်သက်၍ ဆုံးဖြတ်မှု ပြုလုပ်ရန် အမေရိကန် နိုင်ငံက  နိုင်ငံတကာ အသိုက် အဝန်းနှင့် ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်လျက် ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

RangonNewsDaily:: Aug 25, 2013

အမေရိကန် သမ္မတ အိုဘားမား အနေဖြင့် စစ်ရေး အရ တိုက်ခိုက်မှု ပြုလုပ်ရန် ညွှန်ကြား လာနိုင်သည့် အတွက် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ပင်တဂွန် စစ်ဌာနချုပ်က ရေတပ်သင်္ဘောများအား ဆီးရီးယား နိုင်ငံ အနီးသို့ စေလွှတ် ထားကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ဟေဂယ်လ်က

Miss Supranational Myanmar 2013ခင်ဝင့်ဝါက “အပျိုတော်အက” “ပျူခေတ်ဝတ်စုံ”တို့ နဲ့ သြဂုတ်၂၉ရက်နေ့ မှာ ယှဉ်ပြိုင်မည်

Photo: Miss Supranational Myanmar 2013ခင်ဝင့်ဝါက “အပျိုတော်အက” “ပျူခေတ်ဝတ်စုံ”တို့ နဲ့ သြဂုတ်၂၉ရက်နေ့ မှာ ယှဉ်ပြိုင်မည်
Sunday, August 25, 2013

Miss Supranational Myanmar 2013ခင်ဝင့်ဝါကMiss Supranational 2013 pageantပြိုင်ပွဲကျင်းပရာBelarusနိုင်ငံမှာ သြဂုတ်၂၉ရက်နေ့ တင် ဆက် မယ့်Talent Show နဲ့ National Costumes Show တို့ မှာပါဝင်
့ကပြရာ၌ Talent Show တွင် အပျိုတော်အကဖြင့်၎င်းNational Costume တွင် ပျူခေတ်ဝတ်စုံဖြင့်၎င်းဝတ်ဆင်ကပြတင်ဆက်ယှဉ်ပြိုင်သွား မှာဖြစ်ကြောင်း သိရသည်။

Popular Journal

RangonNewsDaily:: Aug 25, 2013

MissSupranational Myanmar 2013ခင်ဝင့်ဝါကMiss Supranational 2013pageantပြိုင်ပွဲကျင်းပရာBelarusနိုင်င
မှာ သြဂုတ်၂၉ရက်နေ့ တင် ဆက် မယ့်Talent Show နဲ့ National Costumes Show တို့ မှာပါဝင့်ကပြရာ၌

အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေ တက်ရောက်နိုင်မယ့်အခွင့်အရေး

Photo: အမေရိကန်ထိပ်တန်းတက္ကသိုလ်တွေ တက်ရောက်နိုင်မယ့်အခွင့်အရေး
Sunday, August 25, 2013

အမေရိကန်ထိပ်တန်းအစိုးရတက္ကသိုလ်တွေကို အခြေခံပညာ အထက်တန်း ဒါမှမဟုတ် iGCSE ဒါမှ မဟုတ် American High School Diploma နဲ့တက္ကသိုလ်ဘွဲ့ရရှိ အောင်မြင်ထားသူတွေ SAT, GRE, GMAT မလိုဘဲ Bachelor ဘွဲ့နဲ့ Master ဘွဲ့တွေ တက်ရောက်သင်ယူနိုင်မယ့် အခွင့်အရေးရှိပါတယ်။

အခြေခံပညာအထက်တန်း ဒါမှမဟုတ် GCE-Level/iGCSE ဒါမှမဟုတ် American High School Diploma ကို GPA 2.0 (Grade C) နဲ့ အထက်အောင်မြင်ပြီးသူ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ SAT မလိုဘဲ IELTS 5 ဒါမှမဟုတ် TOEFL 60 iBT ရရှိထားရင် အမေရိကန် Marshall တက္ကသိုလ်ကို တက်ရောက်နိုင်မယ်။ GPA 2.5 (Grade C) အထက်နဲ့ IELTS 5.5 ဒါမှမဟုတ် TOEFL 60 iBT နဲ့ အထက် ရထားရင်တောင် ဖလိုရီဒါတက္ကသိုလ်၊ သီအိုဂွန်ပြည်နယ် တက္ကသိုလ်တွေကို တက်ရောက် နိုင်မယ်။

ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်တွေကို လေ့လာလိုသူတွေအနေနဲ့ GPA 2.75 (Grade B) နဲ့အခြားဘာသာရပ်ကို တက်ရောက်လိုသူတွေဟာ GPA 2.5 (Grade C) ရရှိပြီး IELTS 5.5 ဒါမှမဟုတ် TOEFL 60 iBT ရရှိရင် အမေရိကန် ထိပ်တန်းတက္ကသိုလ်တွေက ပေးအပ်တဲ့ Bachelor's Degree တွေကို ရရှိနိုင်မယ့် လမ်းကြောင်းတွေဖြစ်ပါတယ်။

မြန်မာတက္ကသိုလ်ဘွဲ့ရ ကျောင်းသူ၊ ကျောင်းသားတွေဟာ မိမိတက်ရောက်တဲ့ ကျောင်းပေါ်မူတည်ပြီး GPA လိုအပ်မှုတွေကွဲပြားမှာ ဖြစ်ပါတယ်။ IELTS 6 ဒါမှမဟုတ် TOEFL 71 iBT ရရှိထားရင် မာစတာ ဒီဂရီတွေကိုဆက်ပြီး တက်ရောက်နိုင်မှာ ဖြစ်တယ်။ မာစတာဒီဂရီတွေကို တက်ရောက်လိုသူတွေဟာ Biomedical Engineering, Computer Information System Management, Financial Risk Management စတဲ့ ဘာသာရပ်ပေါင်းများစွာကို ရွေးချယ်သင်ယူပြီး ဘွဲ့လွန်ပညာရပ်တွေကို တက် ရောက်နိုင်မှာဖြစ်ပါတယ်။ Regional Scholarship ကိုကျောင်းလခရဲ့ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိချီးမြှင့်မှာဖြစ်ပြီး ရီဂျင့်မှ လျှောက်ထားတဲ့သူတွေကို ပထမနှစ်မှာချီးမြှင့်တဲ့ Regional Scholar-ship တွေကို ရရှိနိုငမယ်လို့ ဆိုပါတယ်။ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေက စီးပွားရေး၊ အင်ဂျင်နီ ယာ၊ ကွန်ပျူတာ၊ ပညာရေး၊ Agriculture, Forestry, Liberal Arts, Natural Science, Arts and Sciences ဘာသာရပ်တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။

ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်၊ အော်ရီဂွန်ပြည်နယ်တက္ကသိုလ်၊ တောင်ဖလိုရီဒါတက္ကသိုလ်၊ Marshall တက္ကသိုလ်တွေရဲ့ တာဝန်ခံ Mr.Tyler Nusbaun မှသြဂုတ်လ ၂၉ ရက် ညနေ ၃း၀၀ နာရီ မှ ၅း၀၀ နာရီအထိ ရီဂျင့်ပညာရေးကုမ္ပဏီမှာ တစ်ဦးချင်းပညာရေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဇန်နဝါရီလ စာသင်နှစ်မှာ အမေရိကန်တက္ကသိုလ်တွေကို တက်ရောက်လိုသူတွေဟာ မိမိရဲ့ပညာရေးဆိုင်ရာ စာရွက်စာတမ်းတွေ၊ IELTS/TOEFL ရမှတ်တွေနဲ့အတူ ရီဂျင့်ပညာရေးကုမ္ပဏီ ကတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ ပညာရေးဆွေးနွေးပွဲနဲ့ ကျောင်းလျှောက်ချင်ရင် Regent Consultancy Service ကုမ္ပဏီ ဖုန်း ၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ ကိုဆက်သွယ်နိုင်ပါတယ်။

မော်ဒန်သတင်းဂျာနယ်

RangonNewsDaily:: Aug 25, 2013

အမေရိကန်ထိပ်တန်းအစိုးရတက္ကသိုလ်တွေကို အခြေခံပညာ အထက်တန်း ဒါမှမဟုတ် iGCSE ဒါမှ မဟုတ် American High School Diploma နဲ့တက္ကသိုလ်ဘွဲ့ရရှိ အောင်မြင်ထားသူတွေ SAT, GRE, GMAT မလိုဘဲ Bachelor ဘွဲ့နဲ့ Master ဘွဲ့တွေ တက်ရောက်သင်ယူနိုင်မယ့် အခွင့်အရေးရှိပါတယ်။

"အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၂ ဦး အလုပ်ပြန်ခန့်ရေး ဆက်လက်ဆန္ဒပြ"

RangonNewsDaily:: Aug 25, 2013

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ ဟုန်ရှင်းအအေးခန်းစက်ရုံက အလုပ်သမား တစ်ရာကျော်ဟာ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် နှစ်ဦးကို အလုပ်ပြန်ခန့်ဖို့ နဲ့ စက်ရုံတာဝန်ရှိသူ ၄ဦးကို အလုပ်ကထုတ်ပေးဖို့ တောင်းဆိုကြပြီး ဒီနေ့ ဟုန်ရှင်းစက်ရုံကနေ မင်းကြီးမဟာမင်းခေါင်လမ်းအထိ လမ်းလျှောက် ဆန္ဒပြခဲ့ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်းတွင် ထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၆၁ဝဝဝ မုန်တိုင်းဒဏ်ခံခဲ့ရ

Photo: တရုတ်နိုင်ငံအလယ်ပိုင်းတွင် ထရာမီတိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်း ၃၆၁ဝဝဝ မုန်တိုင်းဒဏ်ခံခဲ့ရ
 Sunday, August 25, 2013

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ်တွင် ယခုနှစ် အတွင်း ၁၂ ကြိမ်မြောက် ဝင်ရောက် တိုက်ခတ် ခဲ့သည့် ထရာမီ တိုင်ဖုန်း မုန်တိုင်းကြောင့် လူပေါင်း ၃၆၁ဝဝဝ မုန်တိုင်းဒဏ် ခံခဲ့ရပြီး
၃ဝ၉ဝဝ ကိုမူ ဘေးလွတ် ရာသို့ ပြောင်းရွှေ့ ပေးခဲ့ ရကြောင်း ဒေသတွင်း အာဏာပိုင် များက သြဂုတ် ၂၄ ရက်တွင် ပြောကြား ထားသည်။

မိုးသည်းထန်စွာ ရွာသွန်း မှုကြောင့် စီရင်စု ၁၄ ခု၊ မြို့များနှင့် ခရိုင်များတွင်  အပျက် အစီး များစွာ ဖြစ်ပေါ် ခဲ့ပြီး ဒေသခံ ၃၆၁ဝဝဝ ခန့်မှာ မုန်တိုင်းဒဏ် ခံခဲ့ ရရုံသာ မက လူပေါင်း ၃ဝ၉ဝဝ ကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်း ပေးခဲ့ ရကြောင်း၊ မုန်တိုင်း ဒဏ်ကြောင့် သီးနှံ စိုက်ခင်း ဟက်တာ ၁၃၃၅ဝ ခန့် ပျက်စီး ခဲ့ပြီး အိမ်ပေါင်း ၁၅ဝ ခန့် ပြိုကျ ခဲ့ကြောင်း သိရသည်။

(အင်တာနက်)
မြ၀တီ

RangonNewsDaily:: Aug 25, 2013

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ်တွင် ယခုနှစ် အတွင်း ၁၂ ကြိမ်မြောက် ဝင်ရောက် တိုက်ခတ် ခဲ့
သည့် ထရာမီ တိုင်ဖုန်း မုန်တိုင်းကြောင့် လူပေါင်း ၃၆၁ဝဝဝ မုန်တိုင်းဒဏ် ခံခဲ့ရပြီး၃ဝ၉ဝဝ ကိုမူ ဘေးလွတ် 
ရာသို့ ပြောင်းရွှေ့ ပေးခဲ့ ရကြောင်း ဒေသတွင်း အာဏာပိုင် များက သြဂုတ် ၂၄ ရက်တွင် ပြောကြား ထား
ည်။

တရုတ် သူနာပြု အမျိုးသမီး ခြောက်ဦး ဖလောရင့် နိုက်တင်ဂေးလ်ဆု ရရှိ

Photo: တရုတ် သူနာပြု အမျိုးသမီး ခြောက်ဦး ဖလောရင့် နိုက်တင်ဂေးလ်ဆု ရရှိ
Sunday, August 25, 2013

တရုတ်နိုင်ငံမှ သူနာပြု အမျိုးသမီး ခြောက်ဦးသည် ၎င်းတို့၏ စွမ်းစွမ်း တမံ ကြိုးစားမှုနှင့် ကျန်းမာရေး စောင့်ရှောက် မှုများ ပေးခြင်းကြောင့် ဖလော ရင့် နိုက်တင်ဂေးလ် ဆုကို သြဂုတ် ၂၄ ရက်ကလက်ခံ ရရှိ ခဲ့ကြောင်း သိရသည်။ Great Hall of the People တွင်ပြု လုပ်သည့် အဆိုပါ ဆုချီးမြှင့် ပွဲသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် တက်ရောက် ခဲ့ပြီး ဖလောရင့် နိုက် တင်ဂေးလ်ဆု ရရှိသော အစိုးရသူနာ ပြုများ၊ ကြက်ခြေနီ လုပ်အားပေး သူနာပြု များနှင့် စေတနာ့ ဝန်ထမ်း သူနာပြု များကို ဂုဏ်ပြု ခဲ့ကြောင်း သိရသည်။ ယခုနှစ် အတွက် ဖလောရင့် နိုက်တင်ဂေးလ် ဆုကို နိုင်ငံပေါင်း ၁၆ နိုင်ငံမှ သူနာပြု ၃၂ ဦးကို ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ဖလောရင့် နိုက်တင်ဂေးလ် ဆုသည် နိုင်ငံတကာမှ သူနာပြုများ အတွက် အမြင့်ဆုံးသော ဂုဏ်ပြုဆု ဖြစ်ပြီး ၁၉၁၂ ခုနှစ်မှ စတင် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် တရုတ် နိုင်ငံက ၎င်း၏ သူနာပြု များအား ၁၉၈၃ ခုနှစ်တွင် စတင် ထောက်ခံ ခဲ့သည့် အချိန်မှစ၍ သူနာ ပြုပေါင်း ၆၈ ဦးမှာ အဆိုပါဆုကို လက်ခံ ရရှိ ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ဖလောရင့် နိုက်တင်ဂေးလ် ဆုသည် ၁၈၅၃-၁၈၅၆ ခုနှစ် စစ်ပွဲများတွင် ဒဏ်ရာရ စစ်သည်များကို ရဲဝံ့ စွန့်စားစွာ ကုသမှု ပေးခဲ့သည့် အင်္ဂလိပ် သူနာပြု ဆရာမ တစ်ဦး ဖြစ်သည့် ဖလောရင့် နိုက်တင်ဂေးလ်အား ဂုဏ်ပြုသော အားဖြင့် အမည် မှည့်ခေါ် ပေးအပ် ခဲ့ခြင်းဖြစ်သည်။

(အင်တာနက်)
မြ၀တီ

RangonNewsDaily:: Aug 25, 2013

တရုတ်နိုင်ငံမှ သူနာပြု အမျိုးသမီး ခြောက်ဦးသည် ၎င်းတို့၏ စွမ်းစွမ်း တမံ ကြိုးစားမှုနှင့် ကျန်းမာရေး စောင့်
ရှောက် မှုများ ပေးခြင်းကြောင့် ဖလော ရင့် နိုက်တင်ဂေးလ် ဆုကို သြဂုတ် ၂၄ ရက်ကလက်ခံ ရရှိ ခဲ့ကြောင်း သိရသည်။ Great Hall of the People တွင်ပြု လုပ်သည့် အဆိုပါ ဆုချီးမြှင့် ပွဲသို့

"မြန်မာစစ်တပ် နယ်မြေ ကျူးကျော် စခန်းချတယ်လို့ အိန္ဒိယသတင်းစာပြော"

RangonNewsDaily:: Aug 25, 2013

မြန်မာ-အိန္ဒိယနယ်စပ်မိုရေးမြို့ ကို မြန်မာစစ်တပ်က ကြာသပတေးနေ့က ဖြတ်ကျော် ဝင်ရောက်ပြီး၊ Chandal

ခရိုင် Holenphai ရွာမှာ ကျူးကျော် စခန်းချထားတယ်လို့ အိန္ဒိယနိုင်ငံထုတ်Times of Indiaသတင်းစာကြီးက ရေး
သားဖော်ပြထားပါတယ်။