Pages

Sunday, August 25, 2013

မလေးရှားနိုင်ငံတစ်ဝှမ်းတရားမဝင်နေထိုင်သူများရှင်းလင်းရေး စတော့မည်

မလေးရှားနိုင်ငံတစ်ဝှမ်းတရားမဝင်နေထိုင်သူများရှင်းလင်းရေး စတော့မည်

kolatt (Pabedan): 25.8.2013

ယနေ့ မလေးရှားရောက် မြန်မားနိုင်ငံသားများအတွက် သိသင့်သိထိုက်တဲ့ အထူးသတင်းတစ်ခုအနေနဲ့ မလေးရှား အစိုးရ၏ 6P စီမံချက် ရဲ့ နောက်ဆုံးအဆင့် တစ်ခု ဖြစ်တဲ့ Enforcement အစီအစဉ်ကို လာမည့် ၁.၉.၂၀၁၃ မှာ စတင်တော့မှာ ဖြစ်ကြောင်း နာမည်ရှိသတင်းဌာန Thestar က မနေ့က တရားဝင်ကြော်ငြာသွားခဲ့ပါတယ် ။

Enforcement Operation လို့အမည်တပ်ထားတဲ့ ထိုစီမံချက် ( အော်ပရာစီ ) အတွက် မလေးရှားနိုင်ငံလုံးရှိ ရဲ ၊ လဝက ၊ ရေးလား ၊ ပြည်သူ့စစ် ၊ စစ်တပ် နှင့် 6P အစီအစဉ်ရဲ့တာဝန်ခံ အေးဂျင်းများ ၊ UN ကဒ်တရားဝင်ရရှိထားသူများအတွက် UN မှတာဝန်ရှိသူများ အားလုံး စုပေါင်းပါဝင်မည့်အကြောင်းကို စုံစမ်းသိရသည် ။

သို့ကြောင့်မလေးရှားရောက် တရားမဝင်နေထိုင်လျှက်ရှိနေသာ မြန်မာနိုင်ငံသားများ အားလုံးအနေနဲ့ အထူးသတိပြုရတော့မည့် အချိန်ဖြစ်ကြောင်း မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ သတိပေး တင်ဆက်ရပါသည် ။

ပြီးခဲ့သည့် 6P စီမံချက်အတွင်း ပြုလုပ်ခဲ့သော Enforcement အစီအစဉ် အတိုင်း တရားမဝင် အလုပ်သမားများ ရှိသည့် စက်ရုံ ၊ အလုပ်ရုံ ၊ စားသောက်ဆိုင်များ ၊ တရားမဝင် အလုပ်သမားများနေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာနေရာများကို ၁.၉.၂၀၁၃ မှစတင်ကာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည် ။

မလေးရှားရောက် ပါမစ်အမှန်မရှိသော မြန်မာနိုင်ငံသားများ အနေဖြင့် အဆိုပါ စီမံချက်အား သိရှိစေရန် ကျွန်တော်တို့စာမျက်နှာက အသိပေးတင်ဆက်သည် ။

မလေးရှားရောက်မြန်မာများ Facebook Fun Page , kolatt(PBDN)

RangonNewsDaily:: Aug 25, 2013
ယနေ့ မလေးရှားရောက် မြန်မားနိုင်ငံသားများအတွက် သိသင့်သိထိုက်တဲ့ အထူးသတင်းတစ်ခုအနေနဲ့ မ
လေးရှား အစိုးရ၏ 6P စီမံချက် ရဲ့ နောက်ဆုံးအဆင့် တစ်ခု ဖြစ်တဲ့ Enforcement အစီအစဉ်ကို လာမည့် ၁.၉.၂၀၁၃ မှာ စတင်တော့မှာ ဖြစ်ကြောင်း နာမည်ရှိသတင်းဌာန Thestar က မနေ့က တရားဝင်ကြော်ငြာ
သွားခဲ့ပါတယ် ။

ကန့်ဘလူမြို့ ထန်းကုန်းအကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း မုဒိမ်းမှု မဟုတ်ကြောင်း ဘီဘီစီကို မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူပြောကြားအရ သိရှိရ

ကန့်ဘလူမြို့ ထန်းကုန်းအကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း မုဒိမ်းမှု မဟုတ်ကြောင်း ဘီဘီစီကို မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူပြောကြားအရ သိရှိရ

kolatt (Pabedan): 25.8.2013

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့ညက ဘာသာရေးလူမျိုးရေး ဆက်နွယ်တယ်လို့ ယူဆရတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပြီးနောက် အိမ်တချို့ မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

ညနေပိုင်းကနေ လူရာနဲ့ချီ စုဝေးခဲ့ကြပြီး ညနက်ပိုင်းထိ တင်းမာမှုတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ထန်းကုန်းရွာက အပြန်မှာ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို မွတ်ဆလင် လူငယ်တစ်ဦးက ဖက်ဖို့ ကြိုးစားရာမှာ မိန်းကလေးက ထွက်ပြေးခဲ့ပြီးနောက် ပဋိပက္ခစဖြစ်တာလို့ ကန့်ဘလူ ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလူငယ်ကို ဖမ်းဆီး စစ်ဆေးနေပြီး ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲလို့ ရဲအရာရှိက ပြောပါတယ်။ မနက်ပိုင်းမှာတော့ အခြေအနေ တည်ငြိမ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ကန့်ဘလူ မီးသတ် ဌာနကလည်း ထန်းကုန်းကို မီးသတ်ကား အတော်များများ သွားပြီး မီးငြိမ်းသတ် နေရတဲ့အကြောင်း အတည်ပြု ပြောပေမယ့် အိမ်ဘယ်နှစ်လုံး လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ် စတင်ဖြစ်ပွားရခြင်း အကြောင်းအရင်းကို ဝီရသူ ၏ FB စာမျက်နှာမှ အစ္စလာမ်ဘာသာဝင် တစ်ဦးမှ ဗုဒ်ဓဘာသာဝင် အမျိုးသမီးတဦးကို မုဒိမ်းပြုကျင့်ခဲ့သောကြောင့် စတင်ခဲ့သည့်ဟု ဖော်ပြခဲ့သည်။ အလာတူ နှင့် အလဲဗင်းမီဒီယာတို့မှလဲ မုဒိမ်းမှုသတင်းကြောင့် စတင်ဖြစ်ပွားခဲ့ကြောင်း သတင်းခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး အဆိုပါ သတင်းမှာ တကယ်ဖြစ်ပွားခဲ့ခြင်း ရှိ/မရှိကို ဖော်ပြခဲ့ခြင်း မတွေ့ရပေ။ " အလဲဗင်းရဲ့ သတင်းဖော်ပြချက်က မီးလောင်နေတာကို ဓါတ်ဆီလောင်းပေးတဲ့သဘောပဲ ၊ အဓိကရုဏ်းကို ပိုကြိးစေချင်တဲ့ သဘောရှိတယ်။ တကယ်ဆို မုဒိမ်းမှု သတင်းကြောင့်ဖြစ်တယ်ဆို ဒီသတင်းဟုတ်/မဟုတ် သူအနေနဲ့ စုံစမ်းပြိးသေချာဖော်ပြ သင့်တယ်လို့ " ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက M-Media ကို သူအမြင်ကို ပြောလာပါတယ်။

ကိုးကား -ဘီဘီစီ (မြန်မာပိုင်း)
ပူးတွဲဖော်ပြပါ ပုံမှာ - ဦးဝိရသူနှင့် အလဲဗင်းမီဒီယာတို့ရဲ သတင်းဖော်ပြချက်များဖြစ်ပါသည်။
M-Media

RangonNewsDaily:: Aug 25, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ စနေနေ့ညက ဘာသာရေးလူမျိုးရေး ဆက်
နွယ်တယ်လို့ ယူဆရတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပြီးနောက် အိမ်တချို့ မီးရှို့ဖျက်ဆီး ခံရတယ်လို့ သိရပါတယ်။

ရွှေဘို၊ ထန်းကုန်းသတင်း သြဂုတ်လ ၂၅ ရက် နံနက် ၉ နာရီ ၁၂ မိနစ်သတင်း

RangonNewsDaily:: Aug 25, 2013

ကဲ ရွှေဘို ၊ ထန်းကုန်း ခုထိ (မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၁၂ မိနစ် အထိ နောက်ဆုံး သတင်းကတော့ ထန်းကုန်းက အစ္စလာမ် @ဘာသာဝင် ကိုထွန်းသိန်းနိုင် ရဲ့ ဆန်စက်ကြီး နဲ့ အိမ် အကုန်ပါသွားပြီး၊ နောက်ထပ် မွတ်စလင်မ် အိမ်ခြေ ခန့်မှန်းခြေ ၅၀ လောက်လည်း မီးရှို့ ခံလိုက်ရတယ်လို့ သိရပါတယ်။

ထန်းကုန်း သတင်း ည ၁၂း၀၀ မှ နံနက် ၂း၀၀ အထိနောက်ဆုံးရသတင်း

RangonNewsDaily:: Aug 25, 2013

ထန်းကုန်းတွင် အစ္စလာမ်ဘာသာဝင်များပိုင် ဆိုင်ခန်းများအား ၉၆၉ အကြမ်းဖက်သမားများမှ  မီးရှိ့ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကားများ ရောက်ရှိလာသောလည်း လူအုပ်ကြီး
မှ ပေးမ၀င်ခဲ့ကြောင်းသိရှိရသည်။ စတင်စုဝေးပြီး လာရောက်အကြမ်းဖက်သူများမှာ ထန်းကုန်း မြို့ခံများ မဟုတ်ပဲ ထန်းကုန်းမြို့ နှင့် ၁၀ မိုင်ခန့် အကွာရှိ ဇီးပင်သာမှ လူများဖြစ်မည်ဟု နောက်ဆုံးဆက်သွယ် ရရှိသော သတင်းများအရ သိရှိရပါသည်။

ထန်းကုန်သတင်း ည ၁၁း၀၅မှ ၁၁း၄၅ မိနစ်အထိ နောက်ဆုံးရသတင်း

RangonNewsDaily:: Aug 25, 2013

ထန်းကုန်းမြို့ အနောက်ပိုင်း တံတားထိပ်မစတင်ရ်ျမီးရှို့နေပါပီ။ မီးအရောင်အါး ၆ မိုင်ဝေးသောရွာမှ မြင်နေရ

တယ်။ ပလီအား အသေခံခုခံဖို့ရာ ပညာရှင်အာလင်များ လူငယ်များအသင့်အနေထါးဖြစ်နေပါသည်။  ည၁၁
 နောက်ပိုင်း မှယ အာလင်တဦးဖုနါးဖြင့်ပြောပြပါသည်