Pages

Friday, August 16, 2013

ပုစွန်တုပ်ဈေးကောင်း၍ ပုစွန်ကန်များကို နေ့စဉ်ဝင်ရောက်လုယက်

Photo: ပုစွန်တုပ်ဈေးကောင်း၍ ပုစွန်ကန်များကို နေ့စဉ်ဝင်ရောက်လုယက်
Friday, August 16, 2013

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ်ဒိုင်နယ် အရှေ့ဖျား ကျေးရွာတွင် ပုစွန်ကြား တစ်ပိဿာ ၇၀၀၀ မှ ၂၀,၀၀၀ ကျပ်အထိ ဈေးကောင်းရနေ၍ ပုစွန်မွေးမြူရေးကန် ၅၀ ကျော်ကို အုပ်စုဖွဲ့ပြီး နေစဉ်ဝင်ရောက် လုယက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။

အရှေ့ဖျားကျေးရွာရှိ ဒေသခံအချို့က မိုးကာလ ဇူလိုင်လမှ စတင်ကာ ညပိုင်းတွင် အုပ်စုလိုက်ဖြင့် ပုစွန်ကန်များ အတွင်းသို့ ဝင်ရောက်ကာ ပုစွန်များ ဖမ်းဆီးခြင်းကြောင့် ကန်ရှိအလုပ်သမားများနှင့် ခိုက်ရန် အကြိမ်ကြိမ် ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧကပိုင်ရှင် ဦးသံချောင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပုစွန်ကန်တွင်း နေ့စဉ်အုပ်စုလိုက် ပုစွန်ဖမ်းဆီးခြင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အမာမြို့နယ်ခွဲ ရဲစခန်းသို့ နေ့စဉ်တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ပုစွန်ကန် အလုပ်သမားများ စိုးရွံ့ ကြောက်လန့်မှုများဖြင့် လုပ်ကိုင်နေရကြောင်း ၎င်းကရှင်းပြသည်။

“ည ၈ နာရီလောက်ဆို ကန်ထဲကို အယောက် ၃၀ လောက်စုပြီး ပုစွန်လာဖမ်းတာ။ ပြန်ရင်ဆာလာအိတ်နဲ့ ပုစွန်တွေ သယ်သွားတာ။ သူတို့က အုပ်စုတောင့်တဲ့အပြင် ဓားတွေပါ ယူလာတော့ ကန်အလုပ်သမားတွေက ကြောက်တာပေါ့” ဟု ပုစွန်ကန် ၁၃၅ ဧကပိုင်ရှင် ဦးအောင်မျိုးလွင်က ပြောကြားသည်။

သြဂုတ်လ ၉ ရက်နေ့က ပုစွန်ကန်တစ်ခုတွင် အလုပ်သမားက အရှေ့ဖျားကျေးရွာမှ ပုစွန်လာရောက် ခိုးယူသူကို တားမြစ်ရာက ဓားခုတ်ခံရပြီး ကျန်အလုပ်သမားများဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ရဲကင်းသို့ ပို့ဆောင်ခဲ့သော်လည်း အရေးယူခြင်းမရှိဘဲ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧက ပိုင်ဆိုင်သည့် ဦးသံချောင်းက ရှင်းပြသည်။

“ဒီလိုလုယက်မှုတွေ မကြာခဏ ဖြစ်နေပေမယ့် သက်ဆိုင်ရာက ထိရောက်အောင် အရေးမယူတော့ ပုစွန်ဝင်ခိုးဖမ်းတဲ့သူတွေက ပိုအတင့်ရဲလာတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ နေ့စဉ်ပုစွန်ကန်များတွင် ခိုးယူမှု ဖြစ်ပွားခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကျေးရွာနေထိုင်သူများ တွေ့ဆုံကာ ပညာပေး ပြောကြားခဲ့ပြီး ယင်းပုစွန်ကန်တွင်းမှ ကဏန်းနှင့် ငါးများကို ဖမ်းယူရန် လွန်ခဲ့သော၂၀၁၀ ပြည့်နှစ်ခန့်က စတင် ခွင့်ပြုခဲ့သော်လည်း ငါးဖမ်းသူများက ပုစွန်များကိုပါ ဖမ်းယူကြောင်း အဆိုပါပုစွန်ကန်များ၏ အင်းသူကြီး ဦးဇော်နေဦးက ပြောကြားသည်။

အရှေ့ဖျားကျေးရွာတွင် နေထိုင်သူ အများစုသည် ရေလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး မိုးရာသီတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ရာသီဥတု အခြေအနေကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိသကဲ့သို့ ရွာနီးစပ် ချောင်းမြောင်းများတွင် လုပ်ငန်းရှင်များကို လေလံစနစ်များဖြင့် လုပ်ကိုင်ခွင့် ချထားပေးခြင်းကြောင့် သားငါးဖမ်းဆီး ရှာဖွေစားသောက်ရန် ခက်ခဲကြောင်း၊ အဆိုပါ ပုစွန်ကန်များသည် ရွာနှင့်နီးကပ်စွာ ရှိနေပြီး လုပ်ငန်းရှင်များက ပုစွန်ကန်တွင် ဝင်ရောက် လုပ်ကိုင်ခွင့် မပြုသဖြင့် နှစ်စဉ် မိုးကာလတွင် ကျေးရွာနေထိုင်သူများနှင့် ကန်အလုပ်သမားများအကြား မကြာခဏ ခိုက်ရန် ဖြစ်ပွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယုလွင်က ရှင်းပြသည်။

“ရန်မဖြစ်ရအောင် ရွာထဲမှာ အသံချဲ့စက်နဲ့ ကန်တွေဘက်မသွားဖို့ သတိပေး နှိုးဆော်ပေမယ့် ရှာစားစရာ နေရာမရှိတော့ ကန်တွေဆီပဲ လူအုပ်ဖွဲ့ပြီး ငါးသွားရှာနေကြတာ။ ခိုက်ရန် ဖြစ်ပွားတိုင်း အုပ်ချုပ်သူတွေက အရေးမယူပေးဘူး ဆိုတာက ရဲလုပ်ရမယ့် တာဝန်ပါ။ ဖြစ်တိုင်း ရဲစခန်းကို သတင်းပို့ပါတယ်” ဟု ၎င်းကပြောသည်။

ပုစွန်ကန်များ အတွင်းသို့ မကြာခဏ ခိုက်ရန် ဖြစ်ပွားခြင်း၊ လုယက်မှု ဖြစ်ပွားခြင်းအပေါ် ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ရဲစခန်းသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုမေးမြန်းသော်လည်း စခန်းမှူး မရှိသဖြင့် ပြန်လည် ဖြေကြားပိုင်ခွင့် မရှိကြောင်း အဆိုပါရဲစခန်းထံမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည် ဖြေကြားသည်။

၁၉၉၉ ခုနှစ်တွင် အဆိုပါဧက ၄၀၀၀ ခန့်ရှိသော မြေများကို အစိုးရ၏ စီမံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ရေငန်ငါးပုစွန် မွေးမြူရေးဌာနက ဦးစီးကာ သစ်ပင်များ စိုက်ပျိုးရန် သဘောတူညီချက်ဖြင့် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် စီမံချက်ပျက်ကာ ပုစွန်မွေးမြူရေးကန်များ ဖျက်သိမ်းရန် နှစ်ကြိမ်တိုင် တောင်းဆိုခဲ့သော်လည်း ကန်ပိုင်ရှင်များဘက်မှ ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ၂၀၁၁ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ထံ တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်က ဆက်လက် လုပ်ခွင့်ရရန် ကြိုးစားမည်ဟု နှုတ် ကတိပေးထားကြောင်း အဆိုပါကန်ပိုင်ရှင်များက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: Aug 16, 2013

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ်ဒိုင်နယ် အရှေ့ဖျား ကျေးရွာတွင် ပုစွန်ကြား တစ်ပိဿာ ၇၀၀၀ မှ ၂၀,၀၀၀ ကျပ်အထိ ဈေးကောင်းရနေ၍ ပုစွန်မွေးမြူရေးကန် ၅၀ ကျော်ကို အုပ်စုဖွဲ့ပြီး နေစဉ်ဝင်ရောက် လုယက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။

အီဂျစ် မှာ သေဆုံး သူ ၆၀၀ ကျော် ပေမယ့် ဆန္ဒ ပြမှု တွေ အားကောင်းဆဲ

အီဂျစ် မှာ သေဆုံး သူ ၆၀၀ ကျော် ပေမယ့် ဆန္ဒ ပြမှု တွေ အားကောင်းဆဲ 

မော်စီ ကို  ထောက်ခံ သူ တွေ က စစ်တပ်က  ဖြိုခွဲ လို့  ဆန္ဒပြသူ ၆၀၀ ကျော် သေဆုံး ပြီး ၄၀၀၀ ကျော် ဒဏ်ရာ ရရှိ ပေမယ့် သောကြာ
နေ့  ဆန္ဒပြ မှု တွေ ကို ဆက်လက် လုပ် ဆောင် နေ ပါတယ်။

အယ်(လ) ကာယီဒါး ၂၅ နှစ် ပြည့် ချိန် မှာ အီဂျစ် နိုင်ငံ ရေး အားကောင်း
လှတဲ့ အကြမ်းဖက် ကွန်ယက် က ၀င်ရောက် ပတ်သက် မှု တွေ ရှိ 
နေ လို့  နိုင်ငံ ဟာ ပြည်တွင် စစ် ထဲ ရောက် လုလု လို့ လဲသုံး သပ်ကြ ပါတယ်။

သောကြာ နေ့  နေ့  လည် ၁ နာရီ မှာ အီဂျစ် နိုင်ငံ တ၀ှမ်းဆန္ဒ ပြမှု တွေ စတင် ပါမယ်။

RangonNewsDaily:: Aug 16, 2013
မော်စီ ကို ထောက်ခံ သူ တွေ က စစ်တပ်က ဖြိုခွဲ လို့  ဆန္ဒပြသူ ၆၀၀ ကျော် သေဆုံး ပြီး ၄၀၀၀ ကျော် ဒဏ်ရာ ရရှိ ပေမယ့် သောကြာနေ့  ဆန္ဒပြ မှု တွေ ကို ဆက်လက် လုပ် ဆောင် နေ ပါတယ်။

"ကရင်ပြည်နယ်ရဲ့အသဲနှလုံး ပျက်စီးမှာကိုဒေသခံများစိုးရိမ်"

"ကရင်ပြည်နယ်ရဲ့အသဲနှလုံး ပျက်စီးမှာကိုဒေသခံများစိုးရိမ်" သြဂုတ် ၁၅ 

kolatt (Pabedan): 16.8.2013

ကရင်ပြည်နယ်ရဲ့အသဲနှစ်လုံးဖြစ်တဲ့ ဇွဲကပင်တောင်ကို ဒီနှစ်ကုန်ပိုင်းမှာ ကောင်းကင်ရ
ထားတပ်ဆင်ပြီး ပြေးဆွဲတော့မှာဖြစ်တဲ့အတွက်သဘာဝတောတောင်ရေမြေတွေ
ဆုံးရှုံးပျက်စီးသွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

မလေးရှားနိုင်ငံက ကုမ္ပဏီတခုရဲ့အကူအညီတွေနဲ့ မကြာခင်မှာတပ်ဆင်တော့မှာဖြစ် တယ်လို့ ဆံတော်ရှင်ဇွဲကပင်တောင်ဆရာတော်@အရှင်က၀ိဓဇ က အတည်ပြုမိန့်ကြား
ခဲ့ပါတယ်။

ဇွဲကပင်တောင်ကို သာမန်သူတွေအနေနဲ့ သက်တောင့်သက်
သာတက်မယ်ဆိုရင် အချိန် ၂ နာရီလောက်ဘဲရှိမှာပါလို့မြို့ခံတဦးကပြောပါတယ်။

သဘာဝတောတောင်ရေမြေတွေနဲ့တည်ရှိနေတဲ့ ဇွဲကပင်တောင်ကို မွန်ပြည်နယ်
ကျိုက်ထိုမြို့က ကျိုက်ထီးရိုးတောင်လို တောင်တက်တောင်ဆင်း ကားလမ်းတွေ
ဖောက်လုပ်ခဲ့ပြီး ရင်ပြင်တော်ပေါ်မှာလည်း@ ဟော်တယ်တွေမိုတယ်တွေဈေးတွေ အများအပြားတည်ဆောက်ခဲ့ကြတဲ့အတွက် သဘာဝတောင်တောင်ရေမြေတွေ ပျက်
စီးဆုံးရှုံးခဲ့ရသလိုမျိုးဖြစ်သွားမှာကို ဒေသခံတွေမလိုလားကြပါဘူး။

ရိုးသားတဲ့အဆင်းတွေနဲ့တည်ရှိနေတဲ့ ဇွဲကပင်တောင်ရဲ့အလှ အရောင်ဆိုးခံရမှာကို@ ဒေသခံတွေစိုးရိမ်နေကြပေမဲ့ သူတို့မှာဟန့်တားနိုင်တဲ့ အ
နေအထားမရှိဘူးလို့ ၀မ်းနည်းစွာရင်ဖွင့်ကြပါတယ်။

သူတို့ပြောဆိုကြတဲ့အထဲမှာ ဇွဲကပင်တောင်ရဲ့ သဘာဝအလှတရား မပျက်မယွင်းရ
အောင် ကူညီပေးမဲ့ကယ်တင်ရှင်တွေပေါ်လာ@မယ်ဆိုရင်တော့ သိတ်ကောင်းမှာဘဲ ဆိုတဲ့အ ချက်ပါဘဲ။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားလို တနှစ်ပတ်လုံးဘုရားဖူတွေမရှိတဲ့ ဆံတော်ရှင်ဇွဲက ပင်တောင် ဘုရားပွဲတော်ရက်ကတော့ တပေါင်းလပြည့်နေ့မှာဖြစ်ပြီး အရှေ့ ဘက်တောင်ခြေမှာရှိတဲ့ ခလောက်နို့ရွာနဲ့အနောက်ဘက်တောင်ခြေမှာရှိတဲ့တော်ပုံရွာ
မှာ နှစ်စဉ်ပွဲတော်ကျင်းပကြတာပါ။

အခုတင်ထားတဲ့ပုံက ဇွဲကပင်တောင်ဖြစ်ပြိး ဘားအံမြို့ကန်သာယာတံတားကနေရိုက်
ကူးထားတာပါ။

သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

RangonNewsDaily:: Aug 16, 2013
ကရင်ပြည်နယ်ရဲ့အသဲနှစ်လုံးဖြစ်တ
ဲ့ ဇွဲကပင်တောင်ကိုဒီနှစ်ကုန်ပိုင်းမှာ ကောင်းကင်ရထားတပ်ဆင်ပြီး ပြေး
ဆွဲတော့မှာဖြစ်တဲ့အတွက်သဘာဝတောတောင်ရေမြေတွေဆုံးရှုံးပျက်စီးသွားမှာကို ဒေသခံတွေစိုးရိမ်နေကြ
ပါတယ်။

လူပျောက်ကြော်ငြာ

လူပျောက်ကြော်ငြာ

kolatt (Pabedan): 16.8.2013

အဖအမည်။ ။ဦးသိန်းထွန်း
အမိအမည်။ ။ဒေါ်မာမာအေး
နေရပ်လိပ်စာ။အမှတ်၁၀၊ဗလီဝင်း၊
က/ရပ်ကွက်၊နှင်းဆီ
ကုန်း၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်
တိုင်းဒေသကြီး

ကျွန်တော်/ကျွန်မ၏သမီးဖြစ်သူမဇင်မာထွန်း အသက်-၁၇နှစ်သည် ၂၆/၆/၂၀၁၃ ရက်နေ့တွင်
အစ်မဝမ်းကွဲဖြစ်သူအားလှိုင်သာယာအဝေးပြေးကားဂိတ်သို့လိုက်ပို့စဉ် အဝေးပြေးကားဂိတ်သို့
ရောက်သောအခါ အမျိုးသားကြီးတဦးမှ မဇင်မာထွန်းအား နင့်အဖေခေါ်နေသည့်ဟုလာရောက်ပြော
သောအခါ၎င်းမဇင်မာထွန်းကလည်းငါ့အဖေငါကိုလာခေါ်နေပြီးဟု အစ်မဝမ်းကွဲကိုပြောဆို၍
ဟင်္သာတကားပေါ်သို့၎င်းအမျိုးသားနှင့်အသူကားပေါ်သို့လိုက်ပါသွားသည်။

အဲဒီအချိန်မှစ၍ယနေ့အချိန်ထိရှာမတွေ့သေးပါ။အထက်ပါကိစ္စနဲ့ပါတ်သတ်ပြီးသင်္ဃန်းကျွန်းရဲစခန်း
တွင် ၁၃/၈/၂၀၁၃ ရက်နေ့တွင်လူပျောက်အမူဖွင့်ထားပါသည်။

ယခုလိုအင်တာနက်ပေါ်တင်ခြင်းကလည်းတွေ့ရှိရင်အမြန်အကြောင်းကြားပေးနိုင်ရန်အတွက်
တင်ပေးခြင်းဖြစ်ပါသည်။တွေ့ရှိပါကနီးစပ်ရာရဲစခန်းမှတဆင့်အကြောင်းကြားပေးစေလိုပါသည်။

တိုက်ရိုက်ဆက်သွယ်ရန်
ဖုန်းနံပါတ်များ
ဟမီဒါ။ ။:)Ph 73025610
ဒေါ်အေးအေး။ :)Ph 0949301581

အားလုံးသိရှိနိုင်ရန် ရှဲလ် ပေးကြပါ။

RangonNewsDaily:: Aug 16, 2013 အဖအမည်။ ။ဦးသိန်းထွန်းအမိအမည်။ ။ဒေါ်မာမာအေးနေရပ်လိပ်စာ။အမှတ်၁၀၊ဗလီဝင်း၊က/ရပ်ကွက်၊နှင်း
ဆီကုန်း၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး

လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုဖြစ်

လှိုင်သာယာမြို့နယ်တွင် မီးလောင်မှုဖြစ်

ရန်ကုန်၊ သြဂုတ် ၁၆

၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ ထိုအိမ်မှ တဆင့်ရွှေမိတ်ဆွေဝပ်ရှော့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့်မီးသတ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး ဖြင့်ငြိမ်းသတ်ခဲ့၍ ၀၉၅၁ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်ပွါးရာသို့ အမှတ်(၂)ပြည်နယ်/တိုင်းမီးသတ်ရုံးများကွပ်ကဲရေးရုံးမှ ညွှန်ကြားရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့နှင့်တာဝန်ရှိသူများရောက်ရှိစစ်ဆေးခဲ့ပါသည်။

မီးလောင်မှုကြောင့်တန်ဘိုးငွေကျပ်(၂၁၀၀၀၀)ဆုံးရှုံးခဲ့ကြောင်းနှင့် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲသူ သန်းနိုင်စိုးအားလှိုင်သာယာမြို့မရဲစခန်း (ပ)၉၂၁/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

RangonNewsDaily:: Aug 16, 2013
၁၆.၈.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ဧရာဝတီလမ်း၊ ၅/
၁၅၁၇နေ သန်းနိုင်စိုး (ဘ)ဦးကံထွန်းသည် ချို့ယွင်းနေသောလျှပ်စစ်ပေါင်းအိုးတစ်လုံးအား သုံးစွဲထားရှိခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ကာ ထိုအိမ်မှ တဆင့်ရွှေမိတ်ဆွေဝပ်ရှော့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့်မီးသတ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီး ဖြင့်ငြိမ်းသတ်ခဲ့၍ ၀၉၅၁ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား

၁၃၂ ပေါင်ရှိသော ဝှေးစေ့နှင့်အမျိုသား
Friday, August 16, 2013

အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့
မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသော
ကြောင့်ဖြစ်သည်။

လွန်ခဲ့သော နှစ်များတွင်နိုင်ငံတကာ မှ သတင်းများ၏ ခေါင်းကြီးပိုင်း
တွင် သူ့အကြောင်းကို ဖော်ပြခဲ့ကြရာတွင် သူသည် scrotal lympledene ဟု
ခေါ်သော ရောဂါခံစားနေသူဖြစ်သည်ဟု သိရှိရသည်။

ကံကောင်းထောက်မစွာ သူ၏အခက်ခဲကို ကူညီဖို့ စိတ်ဆန္ဒရှိသူ
ကယ်လီဖိုးနီးယားမှ ခွဲစိတ်ဆရာဝန်တဦးက အခမဲ့ ခွဲစိတ်ပေးမည်ဖြစ်ကြောင်း
သိရသည်။

စက္ကန့် (၃၀) လောက်လမ်းလျှောက်ပြီးတိုင်း ခေတ္တနားနေရသော
ကြောင့် ကလေးလိုပဲလို့ သူကဆိုပါတယ်။

(၁၃) နာရီကြာမယ့် ဒီခွဲစိတ်မူအတွက် အောင်မြင်ပြီးဆုံးချိန်တွင်
သူသည် ဝှေးစေ့ မရှိသော အမျိုးသားတန်ဆာဖြင့် ကောင်းမွန်ပြည့်စုံသော
အိမ်ထောင်သုခ မရမှာကို သူစိုးရွံ့နေသည်။

ကျွန်တော် ဒီအခွင့်အရေးရဖို့ ebay မှာ ကျွန်တော့ဝှေးစေ့ကို
လေလံတင်ခဲ့ကြောင်း၊ အများမှ အားပေးသော e-mail များ မှာလည်းသူ့
အတွက်အားဖြစ်ရပါကြောင်း နှင့် အမှောင်ဖုံးနေသော လိုင်ခေါင်းတွင်းမှ
အစွန်းတဖက်က အလင်းရောင်ကိုမြင်နေရပါပြီ ...သို့ပေမဲ့ ဗျာ ကျွန်တော်
လိုင်ခေါင်းထဲမှာပဲရှိပါသေးတယ်လို့ သူကပြောခဲ့ပါကြောင်း တင်ဆက်လိုက်
ပါတယ်။

ref:dailymail
Hau Sian Siam ( MM Social Sky)

အေးချမ်းမွန် Credit To >MM Social Sky < Thanks
Re-posted By ACM 16-8-2013 Suvarnabhumi Airport
https://www.facebook.com/excellencemedia

RangonNewsDaily:: Aug 16, 2013

အသက် (၄၉)နှစ်ရှိပြီဖြစ်သော Wesley Warren Jr သည် Las Vegas မြို့မှ ဖြစ်ပြီးသူကို လူသိများစေတာကတော့ (၁၃၂) ပေါင်ရှိသော ဝှေးစေ့ ရှိသောကြောင့်ဖြစ်သည်။

နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၆ / ၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက်

တစ်လကျော်ကြာဆေးကုသခံနေသည့် ဆိုတေး ခေါင်းငြိမ့်ခေါင်းခါဖြင့်သာ ပြန်လည်ဖြေနေရဆဲဖြစ်

RangonNewsDaily:: Aug 16, 2013

ယာဉ်မတော်မဆမှုဖြင့် မန္တလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသည်မှာ အဆိုတော်ဆိုတေးမှာ ယခု အခါတွင် တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း စကားပြန်လည်ပြောဆိုနိုင်ခြင်းမရှိသေးဘဲ@ မိသားစုဝင်များ၏ မေးမြန်း ချက် အချို့ကို ခေါင်းငြိမ့်ခေါင်းခါအမူအရာဖြင့် ပြန်လည်ဖြေကြားလျက်ရှိကြောင်း ဆိုတေး၏ အဒေါ်ဖြစ်သူ ဒေါ်ချိုချို က မဇ္ဈိမသို့ ပြောကြားလိုက်သည်။

စီးပွားကူးသန်းဝန်ထမ်း၏ ၁၂၅ သိန်းတန် ရတနာများအခိုးခံရ

RangonNewsDaily:: Aug 16, 2013

စီးပွားကူးသန်းဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦး၏ ကျပ် ၁၂၅ သိန်းတန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံရမှုတစ်ခု ကမာရွတ်ရဲစခန်းတွင် သြဂုတ် ၁၄ ရက်က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက @မှုခင်းသတင်း ထုတ်ပြန်သည်။

စာမေးပွဲမှာ စာခိုးချလို့ မရစေတဲ့ ခေါင်းစွပ် ၀တ်စုံ

စာမေးပွဲမှာ စာခိုးချလို့ မရစေတဲ့ ခေါင်းစွပ် ၀တ်စုံ
Friday, August 16, 2013

စာမေးပွဲမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် မျက်စပစ်ပြတာ၊ အဖြေမျှဝေတာ၊ ခိုးချတာတွေ မဖြစ်ပေါ်အောင် ထိုင်းနိုင်ငံ တက္ကသိုလ်တခု
က နောက်ဆုံးပေါ် နည်းပညာတခုကို တီထွင်လိုက်တာလား မေးခွန်း ထုတ်
စရာပါ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Kasetsart University က နှစ်လည်စာမေးပွဲ စစ်ဆေးရာမှာ ကျောင်းသားတွေကို မျက် စေ့၊ နားတွေကာထားတဲ့
မြင်းတွေကို မျက်လုံးအုပ်တဲ့ မျက်ကာတွေလိုမျိုး စက္ကူနဲ့ လုပ်ထားတဲ့ မျက်ကာတွေ ၀တ်ဆင်ဖို့ ဖန်တီးလိုက်တာ ထင်ပါတယ် ။

ဒါမှမဟုတ် စာမေးပွဲ ဖြေဆိုသူတွေ ပတ်ဝန်းကျင် အနှောက်အယှက်
မဖြစ်အောင် ကာရံထားလိုက်တာ လား၊ သေချာတာက စာခိုးချမှာ စိုးရိမ်တာနေမှာပါ။

Kasetsart University တက္ကသိုလ်က ကျောင်းသားတွေကို ပုံပါအတိုင်း မျက်ကာ စက္ကူခေါင်းစွပ် ၀တ်ဆင်စေပြီး စာမေးပွဲ စစ်ခဲ့တာကို
ကျောင်းသားဟောင်းတဦးက အင်တာနက်ပေါ်တင်ခဲ့ပြီး ချက်ချင်းဆိုသလို အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ လူအများ သိခွင့် ရသွားခဲ့တာပါ။

ဒါပေမယ့် ခဏတာလေးအတွင်း အဲဒီဓာတ်ပုံကို ဖြုတ်ချသွားခဲ့ပေမယ့်
တချို့ စာဖတ်သူ တွေက ဓာတ်ပုံကိုဆွဲချကူးယူထားလိုက်ပါတယ်။

ဒါနဲ့ပဲ အဲဒီတက္ကသိုလ်မှာ ကျောင်းသားတွေကို စာမေးပွဲစစ်ဆေးရာမှာ စာခိုးမချအောင် ဘယ်အချိန် ကတည်းက ဒီလို မျက်ကာ တွေ ၀တ်ဆင်ခိုင်းသလဲ၊ အတန်းတိုင်းမှာ ဒီလိုပဲ စာမေးပွဲ စစ်နေတာလား
ဆိုတာ စုံစမ်းနေကြတယ်လို့ Coconuts Bangkok အွန်လိုင်း သတင်း တပုဒ်က စိတ်ဝင်စားစရာဆိုထားပါတယ်။

စာတတ်ရေးထက် စာမေးပွဲ အောင်ရေး အဓိက ထားတဲ့ ပညာရေး စနစ်ဖြစ်နေတဲ့ မြန်မာပြည်က တက္ကသိုလ်တွေမှာရော အခု ထိုင်းတက္ကသိုလ်က ကျောင်းသားတွေ စာမေးပွဲစစ်တိုင်း မျက်ကာ
ခေါင်းစွပ်တွေ ၀တ်ရသလို လုပ်ဖို့ လိုနေလား ဆိုတာ တွေးစရာ ရှိပါတယ်။

ဒါမှ မဟုတ် မရိုးသေးတဲ့ ပေတံ၊ မီနီ စာအုပ်၊ ပေါင်မှာ စာရေးတဲ့ စနစ်တွေ သုံးပြီး စာခိုးချသူတွေ အသုံး ပြုနေ ဆဲလားဆို တာ ၁၀ တန်း စာမေးပွဲ
ကြီးတွေ တိုင်း စာစစ်ဌာနကျောင်းတွေရဲ့ အိမ်သာခန်းတွေနဲ့ လမ်းမ
တချို့မှာ သက်သေထူနေပါ လိမ့်မယ်။

ဧရာဝတီblog

RangonNewsDaily:: Aug 16, 2013

စာမေးပွဲမှာ ကျောင်းသားတွေ တယောက်နဲ့ တယောက် မျက်စပစ်ပြတာ၊ အဖြေမျှဝေတာ၊ ခိုးချတာတွေ မဖြစ်ပေါ်အောင် ထိုင်းနိုင်ငံ တက္ကသိုလ်တခုက နောက်ဆုံးပေါ် နည်းပညာတခုကို တီထွင်လိုက်တာလား မေးခွန်း ထုတ်စရာပါ။

ဆက်လက် ဆန္ဒပြလျှင် ပစ်ခတ်ဖို့ အီဂျစ်အစိုးရ သတိပေး

RangonNewsDaily:: Aug 16, 2013
သူတို့ရဲ့ ဆန္ဒပြမှုတွေကို နောက်ဆုတ်ပေးမှာ မဟုတ်ဘူးလို့ အစိုးရ ဆန့်ကျင်ဆန္ဒပြနေကြသူတွေက ပြောဆိုထားတဲ့တချိန်တည်းမှာ၊ အီဂျစ်ရဲတွေကလည်း ဆန္ဒပြသူတွေဘက်က တိုက်ခိုက်လာမှုတွေကို ကာကွယ်ဖို့အတွက် လက်နက်အစစ်တွေ သုံးပြီး ဆက်လက် နှိမ်နင်းသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုထားပါတယ်။

အိန္ဒိယရေတပ်၏ Kilo Class ရေငုပ်သင်္ဘော INS Sindhurakshak သည် မီးလောင်ပေါက်ကွဲ

အထူးဝမ်းနည်းပါကြောင်း
---------------------------
၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ Mumbai မြို့ ဆိပ်ကမ်း၌ အိန္ဒိယရေတပ်၏ Kilo Class ရေငုပ်သင်္ဘော INS Sindhurakshak သည် မီးလောင်ပေါက်ကွဲခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။

ထိုဖြစ်စဉ်တွင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော ရေငုပ်သင်္ဘော INS Sindhurakshak နှင့်အတူ လူစွမ်းအား အရင်းအမြစ်အတွက် တန်ဖိုးမဖြတ်နိုင်သော အနှစ်နှစ်အလလ လေ့ကျင့်ထားသော Submarine Crew (၁၈) ဦးပါ ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

အန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ခြင်း၊ ချစ်ကြည်ရင်းနှီးမှုဖြင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နေသော မြန်မာနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ခြင်း၊ နှစ်နိုင်ငံတပ်မတော်အချင်းချင်း ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်နေခြင်း၊ နှစ်နိုင်ငံရေတပ်အချင်းချင်း ထိတွေ့ဆက်ဆံမှု၊ကူညီရိုင်းပင်းမှု အစဉ်အလာကောင်းများ ထွန်းကားနေခြင်းကြောင့် လည်းကောင်း၊ လူသားအချင်းချင်း စာနာထောက်ထားခြင်းကြောင့် လည်းကောင်း အဆိုပါဖြစ်စဉ်နှင့် ဆုံးရှုံးမှုများအတွက် Myanmar Navy Page မှ အထူးဝမ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။

ထို့အတူ မြန်မာ့တပ်မတော်(ရေ)၏ အကြီးအကဲများမှလည်း ဝမ်းနည်းစာနာထောက်ထားကြောင်း စာသဝဏ်လွှာများအား အိန္ဒိယရေတပ် တာဝန်ရှိသူများထံ ပေးပို့လျက်ရှိကြောင်း ကြားသိရပါသည်။

Myanmar Navy

RangonNewsDaily:: Aug 16, 2013
---------------------------
၂၀၁၃ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် အိန္ဒိယနိုင်ငံ Mumbai မြို့ ဆိပ်ကမ်း၌ အိန္ဒိယရေတပ်၏ Kilo Class ရေငုပ်သင်္ဘော INS Sindhurakshak သည် မီးလောင်ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်
ဖြစ်ပေါ်ခဲ့ပါသည်။

ချင်းနှင့် ကချင်ဒေသရှိ မဖွံ့ဖြိုးသေးသည့် ဒေသများသို့ လှူဒါန်းမည့် ကမ္ဘာကျော် Air Supply အဖွဲ့ဖျော်ဖြေ

RangonNewsDaily:: Aug 16, 2013

ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ မဖွံ့ဖြိုးသေးသော ဒေသများရှိ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေး အလှူအတွက် ရည်ရွယ်ကျင်းပသော Air Supply အဖွဲ့၏ ဖျော်ဖြေမှုကို သြဂုတ်လ ၁၅ ရက် က မရမ်းကုန်းမြို့နယ် ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ ( MCC )တွင် ည ၇ နာရီ ၃၀ မိနစ်မှ စတင်ကာ ကျင်းပခဲ့သည်။

"မြန်မာနဲ့ထိုင်းကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြဌာန်းဖို့ ညှိနှိုင်း"

"မြန်မာနဲ့ထိုင်းကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြဌာန်းဖို့ ညှိနှိုင်း"


မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်းဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရောမရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ အတွင်း ၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ထိုင်း မြန်မာ သံတမန်ဆက်ဆံရေး (၆၅) နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ကိုတင်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နဲ့ ဒုဝန်ကြီးချုပ် တာဝန် ပူးတွဲဆောင်ရွက်နေတဲ့ ဆူရာပေါင် က နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်အတွက် တခြားဌာနတွေနဲ့ အသေးစိတ်ဆွေးနွေးဖို့ လို ကြောင်း၊ ယခုအခါ ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံကနေ တရားမ၀င်ခိုးဝင်လာသူတွေကိစ္စ အတွက် စိုးရိမ်ပူပန်နေရကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံက(၆)လအထိ လက်ခံထိန်းသိမ်းထားမယ် ဆိုပေမယ့် ယခုအခါ သတ်မှတ်ကာလ ကျော်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံသား စိစစ်ရေး ကိစ္စတွေ အမြန်ဆောင်ရွက်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က ထိုင်းထိန်းသိမ်းရေးစခန်း နှစ်ခုမှာရှိတဲ့ ရိုဟင်ဂျာတွေထဲမှာ မြန်မာနိုင်ငံကလာသူ (၁၀) ရာနှုန်းပဲရှိပြီး၊ ကျန်တာတွေက ဘင်္ဂလားဒေ့ရှ်က လာသူတွေဖြစ်တယ်၊ သူတို့]ဟာ မြန်မာစကားလည်းမတတ်၊ မြန်မာပြည် ဘယ်နေရာကလာတယ်ဆိုတဲ့ အထောက်အထားလည်း မရှိကြဘူးလို့ ပြောပါတယ်၊
ထိုင်းအနေနဲ့ကတော့ ရိုဟင်ဂျာတွေကို ဆက်လက် လက်ခံထားမှာမဟုတ်တော့ဘဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ တို့နဲ့ ညှိနှုင်းပြီး၊ ဆိုင်ရာ နိုင်ငံတွေက ပြန်လက်ခံမလား၊ တတိယနိုင်ငံတွေက လက်ခံမလား ဆွေးနွေးမှာဖြစ်ပြီး၊ အစ္စလမ်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုလည်း ဘယ်လို ကူညီနိုင်မလဲ မေးမြန်းမယ်လို့ ဆူရာပေါင် ကပြောပါတယ်။

အေးချမ်းမွန် Credit To >RFA Burmese  < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia

RangonNewsDaily:: Aug 16, 2013

မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်းဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရောမရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံက Forum 2000 ညီလာခံကို တက်ရောက်မည်"

RangonNewsDaily:: Aug 16, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နိုင်ငံ ကို ရှေ့လအတွင်း ပထမဆုံးအကြိမ်သွားရောက်မယ် လို့ သိရပါတယ်။