Pages

Wednesday, August 14, 2013

အမျိုးသမီးဆေးရုံ၌ လူနာစောင့်ထံမှ ရွှေထည်ပစ္စည်းများခိုးယူခံရ

ရန်ကုန်၊ သြဂုတ် ၁၄

၁၃.၈.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် တာမွေမြို့နယ်နေ ဒေါ်သန်းနွဲ့သည် လမ်းမတော်မြို့နယ်၊ ဗဟို လမ်းရှိ အမျိုးသမီးဆေးရုံ AB.IIအဆောင်၊ ကုတင်အမှတ် Unit-2တွင် သမီးဖြစ်သူဆေးရုံတက်နေ၍ သွားရောက်စောင့်ပေးနေခဲ့ရာ သမီးဖြစ်သူမှာသွေးသွင်းရန်သွားနေစဉ်
၎င်းမှ ကုတင်ပေါ်တက်၍ လဲလှောင်းနေချိန် ကုတင်အနီးသို့
အသက်(၄၅)နှစ်ခန့်ရှိအမျိုးသမီးတစ်ဦးရောက်ရှိလာပြီး နှိပ်ပေးမည်
ဖြစ်ကြောင်းပြောဆိုသဖြင့် မလိုကြောင်းပြောခဲ့ရာ အဆိုပါအမျိုးသမီးမှာ
ပြန်ထွက်သွားခဲ့ပါသည်။

အင်ပါယာသတင်းစာမှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရသည့် ကိစ္စရှင်းလင်း

အင်ပါယာသတင်းစာမှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရသည့် ကိစ္စရှင်းလင်း
Wednesday, August 14, 2013

အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သောရှင်းလင်းပွဲ တစ်ရပ်ကို အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

သတင်းထောက် ၇ ဦးသည် သြဂုတ်လ ၃ ရက်နေ့က သတင်းစာတိုက်မှ ထုတ်ပယ်ခြင်းခံရခြင်းဖြစ်ပြီး၊ ၄င်းတို့မှာ ဇွန်လအတွက် ရသင့် ရထိုက်သည့် လစာကိုလည်း မရရှိခဲ့သည့်အပြင် ဇူလိုင်လအတွက်ရရန်ရှိသည့်လစာကို လကုန်ပြီး ၃ ရက်၌ တောင်းဆိုခဲ့ ရာ ပိုင်ရှင်ဖြစ်သူ ဦးကောင်းမြင့်ထွဋ်မှ ပေးအပ်ခြင်း မပြုပဲ အလုပ်မှထုတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်တို့က ဆိုသည်။

 “ကျွန်တော်က လစာမရသေးတဲ့အကြောင်း ၀ှိုက်ဘုတ်မှာ သွားရေးတော့ ဘယ်သူရေးတာလဲဆိုပြီး၊ တစ်ယောက်ချင်း ထိုးမယ်ဆိုပြီး ရန်ရှာပါတယ်။ ဒါပေမယ့် ကျွန်တော်ကထိုင်ရာကမထပဲ သည်းခံလိုက်ပါတယ်”ဟု အလုပ်ထုတ်ခံရသူများ၌ ပါဝင်သည့် သတင်းထောက်ဇွဲက ပြောသည်။

အဆိုပါပွဲတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်းခံရသည်ဟုဆိုသည့် အင်ပါယာမှ သတင်းထောက် အဂ္ဂမင်း၊ အောင်ကိုကို၊ဇွဲနှင့်ဘာသာပြန်သတင်းထောက် ဇမ္ဗူထွန်းတို့မှ ၎င်းတို့ အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

“အင်ပါယာမှာ အလုပ်စလုပ်တုန်းက နှုတ်နဲ့ပဲ လက်ခံခဲ့တယ်ဆိုပေမယ့် အလုပ်စ၀င်တုန်းက ပြောတဲ့ လစာ၊ရာထူးတို့က တကယ်အလုပ်လုပ်တဲ့အခါမှာ ကွဲလွဲနေပါတယ်။ ဇွန်လမှာလည်း သတင်းစာရှုံးလို့ဆိုပြီး ၂၀ ရာခိုင်နှုန်းဖြတ်မယ်ပြောပြီး လုပ်ချင်လုပ် မလုပ်ချင်ရင် ထွက်တဲ့လို့ပြောပါတယ်”ဟု သတင်းထောက် ကိုအဂ္ဂမင်းက ပြောသည်။

အလုပ်ရုံစည်းကမ်းနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် ဌာန ၁၅ ခုသို့ တိုင်ကြားစာပေးပို့ထားကာ ထိုဖြစ်စဉ်ကို မြန်မာဂျာနယ်လစ်ကွန်ရက်မှလည်း အပြင်းအထန်ရှုတ်ချထားပြီး ရပိုင်ခွင့်ရှိသည့် လစာများနှင့် နစ်နာကြေးများကို အလုပ် သမားဥပဒေများနှင့်အညီ ပေးဆောင်ရန် အင်ပါယာသတင်းစာတိုက်ပိုင်ရှင်သို့ တိုက်တွန်းထားသည်။

“အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဆိုတာ မဆန်းပေမယ့် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ အလုပ်သမားဥပဒေတွေ ကို သိစေချင်တယ်၊ နောက်ထပ်လည်း ဒီလိုအလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထပ်ဖြစ်မလာစေဖို့ပါ”ဟု သတင်းထောက် ကိုအောင်ကိုကိုမှ ပြောကြားသည်။

အင်ပါယာမှ အလုပ်ရှင်ဦးကောင်းမြင့်ထွဋ်ကို မီဒီယာများမှ မေးမြန်းရာတွင် မထုတ်ပါဘူးဟုဆိုကာ အလုပ်ထုတ်ခံရသည့် လုပ်သားများအနေဖြင့် အလုပ်ပြန်လာလုပ်ချင်ရင် လာလုပ်နိုင်သည်ဟု ယခင်နေ့များက မီဒီယာများသို့ ပြောကြားထားကြောင်း သိရသည်။

ဦးကောင်းမြင့်ထွဋ်မှာ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း တသီးပုဂ္ဂလ လွှတ်တော်အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သူဖြစ်သည်။

http://myitmakhamediagroup.com/news/ပြည်သူ-့သတင်း/

RangonNewsDaily:: Aug 14, 2013

အင်ပါယာသတင်းစာတိုက်မှ သတင်းထောက် ၇ ဦး အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်သေ
ာရှင်းလင်းပွဲ တစ်ရပ်ကို အလုပ်ထုတ်ခံသတင်းထောက်များဘက်မှ သြဂုတ်လ ၁၄ ရက်နေ့က MJN ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

ထောက်ကြန့်လမ်းဆုံကား
မှတ်တိုင်၌ ဖြစ်ပွါးခဲ့သည့် လူသတ်မှုမှ တရားခံအားဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၄

၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရှိရသဖြင့် လိုက်သွားခဲ့ရာ ညီဖြစ်သူတွင် ၀ဲနံရိုးကြား ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ၀ဲဘက်ဝမ်းဗိုက်
ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ ရ၍
ဖြစ်စဉ်အားစုံစမ်းမေးမြန်းရာ ညီဖြစ်သူနှင့်သူငယ်ချင်းတို့သည်လှိုင်သာယာ
မြို့နယ်၊ န၀ဒေးအိမ်ရာတွင် မျက်နှာကျက်အလှဆင်လုပ်ငန်း
လုပ်ကိုင်ပြီး၍ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်မှ ရန်ကုန်- မှော်ဘီ ခရီးသည်တင်ယာဉ်ဖြင့် အတူပြန်လာခဲ့ကြစဉ် ယာဉ်ပေါ်ပါအရက်မူးနေသူအသက် (၂၃)နှစ်ခန့်ရှိခရီးသည်အမျိုးသား
တစ်ဦးနှင့် ညီဖြစ်သူ၏သူငယ်ချင်းဖြိုးဝေအောင်တို့စကားများ
ခဲ့ကြကြောင်း၊ ထောက်ကြန့်လမ်းဆုံကား မှတ်တိုင်သို့ရောက်ရှိ၍
ဆင်းကြချိန် ထပ်မံရန်ရှာနေ၍ ညီဖြစ်သူမှ ၀င်ရောက်ဖြန်ဖြေပေးစဉ် ၎င်းအမျိုးသားမှအသင့်ပါလာသောဓါးဖြင့်ထိုးခဲ့၍ ဖြိုးဝေအောင်(ဘ) ဦးသောင်းထွန်းတွင် ၀ဲ/ယာ လက်ဖ၀ါးများ ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး ညီဖြစ်သူပြည့်စုံထွန်းမှာ ဓါးထိုးခံရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
သိရှိခဲ့ရသဖြင့် ဓါးဖြင့်ထိုးခဲ့သူအမည်မသိအမျိုးသားအား စုံစမ်းအရေးယူပေးရန် ဦးသူရိန်ထွန်းမှတိုင်ကြားခဲ့၍
ထောက်ကြန့်နယ်မြေ ရဲစခန်း (ပ)၃၁၄/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့်ထားရှိပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

အမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် မြောက်ပိုင်းခရိုင်အထူး
မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင် များနှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည်ပူးပေါင်းစုံစမ်းဆောင်ရွက်ခဲ့ရာ မှော်ဘီမြို့ နယ်၊ ဆက်သွားတောကျေးရွာနေ ရန်နိုင်ထွန်း(ဘ)ဦးဟန်ထွန်းမှ
ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ရရှိခဲ့သဖြင့် ၎င်းအား ၁၄.၈.၂၀၁၃ ရက်နေ့ ၀၇၀၅ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

အေးချမ်းမွန် Credit To >> Yangon Police<< Thanks
Re-posted By ACM 14-8-2013
https://www.facebook.com/excellencemedia

ရန်ကုန်၊ သြဂုတ် ၁၄
၈.၈.၂၀၁၃ ရက်နေ့ ၁၉၀၀ အချိန် ဦးသူရိန်ထွန်း(ဘ)ဦးထွန်းကြိုင်၊ ရဲစုကြီးရပ်ကွက်၊ မှော်ဘီမြို့နယ်နေသူသည် နေအိမ်တွင်ရှိနေစဉ် ညီဖြစ်သူ ပြည့်စုံထွန်းမှာ ထောက်ကြန့်လမ်းဆုံတွင် ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ခေါ်ဆောင်သွားကြောင်းသိရှိရသဖြင့်

ရှာရွတ်ခန်း ပါဝင်တဲ့ “Chennai Expressဇာတ်ကားဆင်ဆာ ကြည့်ရှုစစ်ဆေး”


RangonNewsDaily:: Aug 14, 2013
အိန္ဒိယရုပ်ရှင်အကျော်အမော်မင်းသ
ားရှာရွတ်ခန်း ပါဝင်တဲ့"Chennai Express" ရုပ်ရှင်ဇာတ်ကားကိုမြန်မာနိုင်ငံကအိန္ဒိယရုပ်ရှင်ဇာတ်ကားကြိုက်နှစ်သက်သူပရိတ်သတ်အတွက် ရုပ်ရှင်ဆင်ဆာအဖွဲ့ကယနေ့သြဂုတ်၁၄ရက်နေ့ မှာဆင်ဆာကြည့်ရှုစစ်ဆေးပေးလျက်ရှိကြောင်းသတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပန်းတောင်းမြို့ စံပြ ရဲအချုပ်ခန်းတွင် သေဆုံးမှု စီအိုင်ဒီ စတင်စစ်ဆေး

RangonNewsDaily:: Aug 14, 2013

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပန်းတောင်းမြို့ရှိ စံပြ ရဲတပ်ဖွဲ့စခန်း၏ အချုပ်ခန်းတွင် မေလ ၂၃ ရက်နေ့က နံရိုးကျိုး ဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သော ပန်းတောင်းမြို့နယ် ဒန့်ဒလွန်အုပ်စု၊ ကြာအင်းကွက်သစ်နေ ဦးသန်းထွန်းအမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ မိသားစုများကို နေပြည်တော် အထူးအမှုစစ်အဖွဲ့ (စီအိုင်ဒီ)က သြဂုတ်လ ၁၂ ရက်နေ့က စစ်ဆေး ခဲ့သည်ဟု စစ်ဆေးခံရသူ မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။

၂ဝ၁၃ ခုနှစ် ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ သာသနာရေး ဝန်ကြီးဌာန၏ ကြေညာချက်

၂ဝ၁၃ ခုနှစ် ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ သာသနာရေး ဝန်ကြီးဌာန၏ ကြေညာချက်

kolatt (Pabedan): 14.8.2013

ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ စေလွှတ်သည့် ဟာ့ဂ်ျဘုရားဖူး ၅ဝဝဝ အနက်မှ ၄၆၅ဝ ခွဲတမ်းကို ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံးတို့က ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက် ခွဲဝေ ပေးခဲ့ပါသည်။

ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ နှစ်ကာလ ကြာမြင့်စွာ ကတည်းက အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိခဲ့သော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ သွားရောက်ခွင့်နှင့် ပတ်သက်၍ သာသနာရေး ဝန်ကြီးဌာနမှ သတ်မှတ် စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီသည့် ကုမ္ပဏီ တစ်ခုကို ယခင်က တာဝန် ပေးအပ်ခဲ့သော်လည်း အဆိုပါ လုပ်ငန်းသည် ခေတ်စနစ်နှင့် မလျော်ညီခြင်း၊ ဥပဒေနှင့် ကိုက်ညီမှု မရှိခြင်း၊ သာသနာရေး ဝန်ကြီးဌာနသည် စီးပွားရေး ဝန်ကြီးဌာန မဟုတ်ခြင်းတို့ကြောင့် ယခုနှစ်မှ စ၍ အဆိုပါ ဟာ့ဂ်ျဘုရားဖူး ၃၅ဝ စေလွှတ်ရေး လုပ်ငန်းအား ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုတော့ဘဲ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ခရီးသွား ကုမ္ပဏီ ၁ဝ၄ ခုမှ အများ ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာစွာ ရွေးချယ်ခဲ့သော ''၂ဝ၁၃ ခုနှစ်၊ ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''ကို အဖွဲ့ဝင် ရှစ်ဦးဖြင့် လည်းကောင်း၊ အစ္စလာမ် ဘာသာရေး အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီဖြင့် ဖွဲ့စည်းထားသော ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''ကို အဖွဲ့ဝင်ငါးဦးဖြင့် လည်းကောင်း ဖွဲ့စည်းစေခဲ့ပြီး ဟာ့ဂ်ျခရီးသွား လုပ်ငန်းကို လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ ဝန်ကြီးဌာနမှ ကူညီ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

ယခုနှစ်တွင် ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့၌ အခမဲ့ တည်းခို နေထိုင်ခွင့် ရရှိသော ဟာ့ဂ်ျဘုရားဖူး ၃၅ဝ အတွက် ကုမ္ပဏီများအား တင်ဒါ ခေါ်ယူရာတွင် ပွင့်လင်း မြင်သာမှုရှိရေး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၄၉)ပါ ပြဋ္ဌာန်းချက်နှင့် အညီ အားလုံးပါဝင် ယှဉ်ပြိုင်နိုင်ရေး၊ သင့်တင့်သော နှုန်းထားဖြစ်ရေး၊ ဝန်ဆောင်မှု ကောင်းမွန်ရေးနှင့် ဘုရားဖူးများ အတွက် အာမခံချက် ခိုင်မာရေးတို့မှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းကော်မတီ''နှင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''တို့က ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များသာ ဖြစ်ပါသည်။

သာသနာရေး ဝန်ကြီးဌာန အနေဖြင့် ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ''မှ အတည်ပြု ရွေးချယ်ပေးလာသည့် ခရီးသွား လုပ်ငန်း ကုမ္ပဏီများ၏ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ရေး အတွက် ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံး တို့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့် ဆက်လက် ထောက်ခံ အကြောင်းကြား ပေးသွားမည် ဖြစ်ပါသည်။

ဟာ့ဂ်ျဘုရားဖူး ၃၅ဝ ခွဲတမ်း လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီများအား တင်ဒါ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ရွေးချယ်ရေးနှင့် ဘုရားဖူးများ အချိန်မီ စေလွှတ်နိုင်ရေး ကိစ္စမှာ ''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်း ကော်မတီ''နှင့်''ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကြီးကြပ်မှု ကော်မတီ'' တို့က ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များသာ ဖြစ်ပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။

Written by ကေတု (မြ၀တီ ),Myanmar Muslim Media

RangonNewsDaily:: Aug 14, 2013
ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ယခင်နှစ်များ၌ မြန်မာနိုင်ငံမှ စေလွှတ်သည့် ဟာ့ဂ်ျဘုရားဖူး ၅ဝဝဝ အနက်မှ ၄၆၅ဝ ခွဲတမ်းကို ဆော်ဒီအာရေးဗီးယား နိုင်ငံ ဟာ့ဂ်ျဝန်ကြီး ဌာနနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ ဆော်ဒီအာရေးဗီးယား နိုင်ငံသံရုံးတို့က ဟာ့ဂ်ျဘုရားဖူး စေလွှတ်ရေး ကုမ္ပဏီများသို့ တိုက်ရိုက် ခွဲဝေ ပေးခဲ့ပါသည်။

တာချီလိတ်ခရိုင်က ပြည်သူ့စစ်ခေါင်းဆောင်အိမ်၌ ဗုံးကွဲ တဦးသေ

တာချီလိတ်ခရိုင်က ပြည်သူ့စစ်ခေါင်းဆောင်အိမ်၌ ဗုံးကွဲ တဦးသေ

RangonNewsDaily:: Aug 14, 2013

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ အခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင်တဦး၏ နေအိမ်တွင် ဗုံးတလုံး ကွဲကာ လူတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဒေသခံများကပြောသည်။


“အိမ်က သူ့တပည့် အိမ်ဒေါင့်မှာ ရှိတဲ့ ဗုံးအဟောင်းယူဆော့လို့ ကွဲသွားတာတဲ့။ အဲဒီဆော့တဲ့ ကောင်လေးက ဗမာ လူမျိုး။ သူ့ဆီမှာ အလုပ်လာလုပ်တာတောင်မကြာသေးဘူး၊ အသက် ၂၂ နှစ်ဘဲရှိသေးတယ် ပွဲချင်းပြီး သေတယ်။ နောက်သုံးယောက် ဒဏ်ရာရတယ်ပြောတယ်” - ဟု တာလေမြို့ခံ စိုင်းလာဆိုင် က ပြောသည်။


၂၀၁၃ ဩဂတ်စ် ၁၂ ရက် နေ့ခင်းပိုင်းတွင် တာလေမြို့နယ်ခွဲ မြို့လမ်းမ ပေါ်ရှိ ဦးခင်မောင်လတ် (လားဟူ အမျိုးသား) တာလေ မြို့ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်၊ ခမလ သတ္တုတူးဖေါ်ရေး ကုမ္ပဏီ တွဲလျက်ဖွင့် ထား သော ရုံးခန်းတွင် ဗုံးတလုံးပေါက်ကွဲခဲ့သည်ဟုဆိုသည်။


“ဦးခင်မောင်လတ် ခေါ် စိုင်းအင်းဆိုင် က နမ့်လင်းချောင်းတလျှောက်ထွက်ရွှေတွေကို တူးဖေါ် တဲ့ ကုမ္ပဏီ အိမ်နဲ့တွဲလျက်ဖွင့်ထားတယ်။ သူ့သားကြီးက တာလေမြို့နယ်ခွဲ ဥက္ကဌ ဦးသန့်ခင်လတ်တဲ့။ လူနာတွေတော့ အရှေ့ဘက်ကမ်းသွားကုနေတယ်လို့ပြောတယ်” - ဟု ရပ်သားတဦးက ပြောပါသည်။


အဆိုပါ ဗုံးပေါက်ကွဲမှုမှာ မတော်တဆမှု မဖြစ်နိုင်ကြောင်း ဝေဖန်သံများလည်း ရှိနေပါသည်။ သီးခြားအတည်ပြုချက်တော့မရသေးပေ။


တာလေမြို့နယ်ခွဲသည် ၂၀၁၁ က အင်အားပြင်းငလျင်ဒဏ် ခံခဲ့ရသည့်မြို့ဖြစ်သည်။ ထိုစဉ် ဦးခင်မောင်လတ်အိမ်လည်း ပျက်စီးမှု တော်တော်များများရှိခဲ့သည်။


တာလေပြည်သူ့စစ်ခေါင်းဆောင် ဦးခင်မောင်လတ်သည် အစိုးရ၊ စစ်အရာရှိကြီးများ ဝင်ဆန့်နိုင်သူဖြစ်၏။ နမ့်လင်းချောင်း ရွှေလုပ်ငန်းတူးဖေါ်ရေးလုပ်ငန်း ကုမ္ပဏီများအနက် ၎င်းကုမ္ပဏီလည်းတခုပါဝင်သည်။

သျှမ်းသံတော်ဆင့်

RangonNewsDaily:: Aug 14, 2013
တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ အခြေစိုက် ပြည်သူ့စစ်ခေါင်းဆောင်တဦး၏ နေအိမ်တွင် ဗုံးတလုံး ကွဲကာ လူတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု ဒေသခံများကပြောသည်။

ကျိုင်းတုံထောင်အကျဉ်းသားများ ပိုက်ဆံတောင်းရိုက်နှက်ခံရမှုအား ပြည်ထောင်စုဝန်ကြီးထံစာတင်

RangonNewsDaily:: Aug 14, 2013
တရုတ်အစိုးရမှ ဆေးထိုးသတ်ပြစ်ဒဏ်ပေးလိုက်သော သျှမ်းပြည်အရှေ့ပိုင်း ရွှေတြိဂံဒေသမှ စိုင်းနော်ခမ်း၏ နောက်လိုက် တဦးဖြစ်သည့် ကျိုင်းတုံအကျဉ်းထောင်ရှိ လက်နက်ချ အဖွဲ့ခေါင်းဆောင် စိုင်းအောင်မြတ်အပြင် အခြားအကျဉ်းသားများအား ထောင်အာဏာပိုင်များက ပိုက်ဆံတောင်း စစ်ဆေးမေးမြန်း ရိုက်နှက်သည့်အတွက် ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာနထံ အကျဉ်းသာများစုပေါင်း၍ စာတင်ထားသည်ဟု ကြားသိရသည်။

" ၁၅ဝဝ တန်ဂျီ နှစ်လအတွင်းလိုင်းလေးသန်းခန့်တိုးချဲ့မည် "

RangonNewsDaily:: Aug 14, 2013

ကျပ်တစ်ထောင့်ငါးရာတန်ဂျီဖုန်းများကို နှစ်လအတွင်း လိုင်းအင်အား လေး သန်းခန့် တိုးချဲ့ဆောင်ရွက်ပေးရန်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။''လက်ရှိ ချထားပေးနေတဲ့ အရေအတွက်ထက်များအောင် လိုင်းတွေ ထပ် တိုးဖို့ စီစဉ်နေတာပါ။

မျက်နှာပြင် ၁ ဖက်ပါ Samsung ခေါက်ဖုန်း Hennessy

မျက်နှာပြင် ၁ ဖက်ပါ Samsung ခေါက်ဖုန်း Hennessy 

Samsung က ခေါက်ဖုန်းထွက်မယ်လို့ ကောလဟာ ထွက်ခဲ့ရာမှ ယခု တကယ် ထွက်ရှိလာပါပြီ။ 

ပုံမှာ တွေ့မြင်ရတဲ့ စမတ်ဖုန်း ဖြစ်ပြီး တရုတ်ပြည်နဲ့ တောင်ကိုရီးယား မှာပဲ အဓိက ရောင်းချသွားမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။ Samsung Hennessy လို့ အမည်ပေးထားပါတယ်။ CDMA, GSM နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့အတွက် တရုတ်ပြည် ဈေးကွကကို အဓိက ရည်ရွယ် ထားခြင်း ဖြစ်ပါတယ်။ 

 ၃.၃ လက်မ ဖန်သားပြင်ကို ရှေ့ နောက် နှစ်ခု တပ်ထားပြီး ခေါက်ဖုန်းမို့လို လှန်လိုက်ရင် အတွင်းမှာ Keypad ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ OS ကလည်း Android ပါပဲ။ Android 4.1 Jelly Bean ကိုပဲ အသုံးပြု ထားခြင်း ဖြစ်ပါတယ်။ 

RAM 1GB, 1.2 GHz quad core processor ပါဝင်တဲ့ အတွက် လုပ်ဆောင်ချက် မြန်ဆန်မယ့်ဖုန်း ဖြစ်ပါတယ်။ Internal memory လည်း 8GB မှ 32GB အထိ ပါဝင် နိုင်ပြီး SD ကဒ်လည်း ထည့်သွင်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ 

screen resolution ကတော့ သိပ်မကောင်းပါဘူး။ 320 x 480 touchscreen display ကိုသာ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ ကင်မရာ တော့ ကောင်းပါတယ်။ 5 megapixel ကို အသုံးပြုထားပြီး Flash လည်း ပါဝင်ပါတယ်။ , USB 2.0, Bluetooth, GPS, WLAN အစရှိသဖြင့် တို့ ပါဝင်ပြီး လက်ရှိ Samsung ရဲ့  Galaxy စီးရီးထဲကလိုပဲ Feature တော်တော် များများကို အသုံးပြုရမှာ ဖြစ်ပါတယ်။ 

သို့ပေမယ့် Galaxy မျိုးရိုးအောက်ကို ဝင်မယ့် စမတ်ဖုန်းတော့ မဟုတ် ပါဘူး။ Samsung ရဲ့  ခေါက်ဖုန်းထဲက နောက်ဆုံးမျိုးဆက်အနေနဲ့ သာ ရောင်းချမှာ ဖြစ်ပြီး Hennessy ရဲ့  ဈေးနှုန်း ဘယ်လောက် ရှိမယ် ဆိုတာကို မကြေညာ ရသေးကြောင်း သိရပါတယ်။
.
Ref: pocketlint

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/08/samsung-hennessy.html

.

Samsung က ခေါက်ဖုန်းထွက်မယ်လို့ ကောလဟာ ထွက်ခဲ့ရာမှ ယခု တကယ် ထွက်ရှိလာပါပြီ။

ကျပ် သိန်းတစ်ရာဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်

RangonNewsDaily:: Aug 14, 2013

ရန်ကုန်မြို့တော် သီရိမင်္ဂလာနှင့် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်း ဈေးကွက်တွင် ကျပ် သိန်းတစ်ရာ ဝန်းကျင် ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း ယင်းဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။

ရဲတပ်သားတစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ကားတစ်စီးက၀င်တိုက်

RangonNewsDaily:: Aug 14, 2013

ရဲတပ်သားတစ်ဦး စီးနင်းလာသော ဆိုင်ကယ်ကို ကားတစ်စီးက၀င်တိုက်မိသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၂ ရက်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

နေပြည်တော်-ရန်ကုန်ပွဲ ဖြစ်ရပ်အတွက် မြန်မာနေရှင်နယ်လိဂ် သမိုင်း တစ်လျှောက် အပြင်းထန်ဆုံး ပြစ်ဒဏ်များချမှတ်

RangonNewsDaily:: Aug 14, 2013

နေပြည်တော်၊ ၀ဏ္ဏသိဒ်္ဓိကွင်းတွင် ကစားခဲ့သော နေပြည်တော်-ရန်ကုန်ပွဲ၌ ဖြစ်ပွားခဲ့သည့် ပြဿနာများအတွက် မြန်မာနေရှင်နယ်လိဂ်
သမိုင်းတစ်လျှောက် အပြင်းထန်ဆုံးပြစ်ဒဏ်များကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ချမှတ်ခဲ့သည်။

မလေးရှား၏ ပထမဆုံး ဖယောင်းရှုပ်တုပြတိုက်ဖွင့်လှစ်

မလေးရှား၏ ပထမဆုံး ဖယောင်းရှုပ်တုပြတိုက်ဖွင့်လှစ်
************************************

မလေးရှားနိုင်ငံရဲ့ ပထမဆုံး ဖယောင်းရုပ်တု ပြတိုက်ကို ယနေ့ I-city မှာစတင်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိပါတယ်။ 

မလေးရှားရောက် မြန်မာနိုင်ငံသားများမှ စိတ်ပါဝင်စားသူ ၊လည်ပတ်လိုသူ ၊ လေ့လာလိုသူများအဖို့ ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံကျော်၊ ကမ္ဘာကျော် အနုပညာရှင် ၊နိုင်ငံခေါင်းဆောင်များ ၊ ကျော်ကြားသူများ အားလုံး ရုပ်တု 100 ကျော်ဖြင့် စတင်ဖွစ်လစ်လိုက်ကြောင်းသိရပါတယ် ။

I-city မှာ ကလန်းမြို့အဝင် တိုးဂိတ်မရောက်ခင် တွင်တည်ရှိပြီး သွားရောက်လည်ပတ်လိုသူများ အတွက် I-city ဟုပြောပြီး သွားနိုင်မည်ဖြစ်သည် ။

ဖယောင်းပြတိုက် အတွက် မလေးရှား ရင်းဂစ် 25 သန်းကျော် ကုန်ကျခံတည်ဆောက်ထားပြီး သင်နှစ်သက်သော ကမ္ဘာကျော်တို့၏ ရုပ်တုများနှင့်တွဲကာအနီးကပ် ဓာတ်ပုံရိုက်နိုင်သကဲ့သို့ ထိုသူများ၏ သမိုင်းကိုလည်းသိရှိ လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဝင်ကြေးအနေဖြင့် 

မလေးရှားနိုင်ငံသားများအတွက် လူကြီး 80 ၊ ခလေး 40 ။
နိုင်ငံခြားသားများအတွက် လူကြီး 100 ၊ ခလေး 50 ဖြင့်၊

စတင်ဖွင့်လှစ်ထားပြီဖြစ်ကြောင်း မလေးရှားရောက် အလည်ပတ် နှစ်ခြိုက်တဲ့ မြန်မာတို့အတွက် GH , Langkawi တို့ပြီလျှင် I-city နှင့် ဖယောင်းပြတိုက် သို့လည်း သွားနိုင်ပြီးဖြစ်ကြောင်းသတင်းရေးသားတင်ဆက်ပေးရပါသည် ။

RangonNewsDaily:: Aug 14, 2013
မလေးရှားနိုင်ငံရဲ့ပထမဆုံးဖယောင်းရုပ်တု ပြတိုက်ကိုယနေ့I-city မှာစတင်ဖွင့်လှစ်လိုက်ကြောင်းသတင်း
ရရှိပါတယ်။

ကော့ကရိတ် ရဲ နှင့် DKBA ဂိမ်းစက်ကြောင့် အငြင်းပွား

RangonNewsDaily:: Aug 14, 2013

DKBA တပ်ဖွဲ့ဝင် ၄၀ ဦးခန့်က ကော့ကရိတ် ရဲစခန်းအား လက်နက်ဖြင့် ၀ိုင်းခဲ့သည့်ပုံစံ ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။ထိုသို့ ၀ိုင်းခဲ့သည့် ဖြစ်ရပ်သည် မည်သည့်ကိစ္စကြောင့် ဖြစ်သည်ကို တိတိကျကျ မသိရှိရဘဲ သြဂုတ် ၁၀ ရက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိနေပြီး DKBA နှင့် ဆက်နွှယ်သော

နိုင်ငံတော်သမ္မတ ၏ မိန့်ခွန်း တိုက်ရိုက် ထုတ်လွှင့်မည်

RangonNewsDaily:: Aug 14, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၏ မိန့်ခွန်း နာခံခြင်း နှင့် ကတိသစ္စာ ပြုခြင်း အခမ်းအနား ကို သြဂုတ်လ ၁၄ ရက် ( ယနေ့ ) နံနက် ၁၀ နာရီတွင် နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ခန်းမဆောင်ကြီး ၌ ကျင်းပမည် ဖြစ်သည်။

Big Bang အဖွဲ့သား ဆန်းရီ တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်မည်

Photo: Big Bang အဖွဲ့သား ဆန်းရီ တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်မည်
Tuesday, August 13, 2013

ကိုရီးယား နိုင်ငံတွင်းမှာ သာမက ပြည်ပ နိုင်ငံများမှာပါ အောင်မြင်မှုတွေ ရရှိနေတဲ့ Big Bang အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆန်းရီဟာ မကြာခင်မှာ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်တော့မယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

Let's Talk About Love လို့ အမည်ရတဲ့ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်မှာ သီချင်း ခြောက်ပုဒ် ပါဝင်မှာဖြစ်ပြီး အထူးလက်ဆောင် သီချင်း တစ်ပုဒ်လည်း ပါဝင်မယ်လို့ ဆန်းရီက သူ့ကိုယ်ပိုင် အင်တာနက် စာမျက်နှာကနေ တစ်ဆင့် သြဂုတ်လ ၁၂ ရက်နေ့ မှာ ပရိသတ်တွေကို ကြေညာခဲ့တာ ဖြစ်ပါတယ်။

Let's Talk About Love အယ်လ်ဘမ်မှာ ပါဝင်မယ့် သီချင်း အများစုရဲ့ သီချင်းစာသားတွေကို ဆန်းရီ ကိုယ်တိုင် ရေးသားထားပြီး သံစဉ်ပိုင်းမှာ လည်း ဆန်းရီရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပါတယ်လို့ YG Entertainment က ထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။

အယ်လ်ဘမ် နာမည်အဖြစ် သုံးထားတဲ့ Let's Talk About Love သီချင်း ကိုတော့ အခြား Big Bang အဖွဲ့သား နှစ်ဦးဖြစ်တဲ့ G Dragon နဲ့ တေးယောင်တို့ရဲ့ အကူအညီနဲ့ ရေးသားထားတယ်လို့ ဆန်းရီက ပြော ကြားထားပါတယ်။

ဆန်းရီရဲ့ Let's Talk About Love အယ်လ်ဘမ်ကို သြဂုတ်လ ၂၁ ရက်နေ့ မှာ စတင် ဖြန့်ချိမယ်လို့ YG Entertainment က ကြေညာထားပါတယ်။

ဆန်းရီဟာ သူ့ရဲ့ ပွဲဦးထွက် တစ်ကိုယ်တော် အယ်လ်ဘမ်ဖြစ်တဲ့ V.I.I.P ကို ၂၀၁၁ ခုနှစ်တုန်းက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

The Voice Weekly

RangonNewsDaily:: Aug 13, 2013

ကိုရီးယား နိုင်ငံတွင်းမှာ သာမက ပြည်ပ နိုင်ငံများမှာပါ အောင်မြင်မှုတွေ ရရှိနေတဲ့ Big Bang အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆန်းရီဟာ မကြာခင်မှာ ဒုတိယမြောက် တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်တော့မယ်လို့ soompi.com မှာ ဖော်ပြထားပါတယ်။

အင်တာနက် ဒိုမိန်းအမည်သစ်များစွာ ပေါ်ထွက်လာ

Photo: အင်တာနက် ဒိုမိန်းအမည်သစ်များစွာ ပေါ်ထွက်လာ
Tuesday, August 13, 2013

မကြာမီ အချိန်ကာလအတွင်း အင်တာနက်ပေါ်တွင် .comကဲ့သို့ လူသုံးများပြီး ဝက်ဘ်ဆိုက်၏ အမျိုးအစားကိုပါ ခွဲခြားဖော်ပြနိုင်မည့် ဒိုမိန်းအမည်ပေါင်း နှစ်ထောင်နီးပါးရှိလာလိမ့်မည်ဟု သိရသည်။ ထိုသို့ ဖောင်းပွလာရခြင်းမှာ .book၊ .catholicနှင့် .horseတို့ ကဲ့
သို့သော အမျိုးအစားအလိုက် တူရာစု ဝက်ဘ်ဆိုက်များကို ခွဲခြား ပစ်လိုက်ခြင်းကြောင့် ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်ကာလကပင် ထိပ်သီး ဒိုမိန်းအမည် အရေအ တွက် မှာ ဆယ်ဂဏန်းပင် မပြည့်ခဲ့ဟု အသစ်ထွက်ပေါ်လာသည့် ဝက်ဘ်ဆိုက်များကို အမျိုးအစား ခွဲခြားရာတွင် ပါဝင်လုပ်ဆောင်ပေးနေ သည့် အငယ်ဆုံး သိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ခရိတ်ခ်ပက်ထရစ်ခ်ျက ဝါရှင်တန်ပို့စ် သတင်းစာကို မကြာသေးမီက ပြောကြားခဲ့ဖူးသည်ဟု ဆို၏။

ကမ္ဘာ့အသုံးအများဆုံး ဒိုမိန်းအမည်သည် .com မဖြစ်ပဲ Coporateကို ကိုယ်စားပြုသည့် .corဟု ဖြစ်လာလုနီးပါး ဖြစ်ခဲ့သည်ဟု ဆိုသည်။ ၎င်းနောက်တွင်မှ .edu၊ .orgနှင့် .net စသည်တို့ ပေါ်လာခြင်း ဖြစ်သည်။ .comသည် ယခုအခါ ခေတ်ဟောင်း ဒိုမိန်းတစ်ခု ဖြစ်လာပြီး အင်တာနက် ဒိုမိန်းအမည် အပြောင်းအလဲ များများစားစား မြင်တွေ့ရဖွယ် ရှိသည်ဟု ဆိုသည်။

“လူတွေအနေနဲ့ သူတို့ရဲ့ Browserကနေတစ်ဆင့် ကမ္ဘာအသစ်စက်စက် ကြီး တစ်ခုကို မြင်တွေ့ရတော့မှာပါ”ဟု အင်တာနက် ဝက်ဘ်ဆိုက် အမည်များ ကို ကွပ်ကဲနေသည့် အဖွဲ့ဖြစ်သော ICANNမှ ဘရဒ်ဝိုက် က ပြောသည်ဟု သိရသည်။

Myanmar ICT


RangonNewsDaily:: Aug 13, 2013

မကြာမီ အချိန်ကာလအတွင်း အင်တာနက်ပေါ်တွင် .comကဲ့သို့ လူသုံးများပြီး ဝက်ဘ်ဆိုက်၏ အမျိုးအစားကိုပါ ခွဲခြားဖော်ပြနိုင်မည့် ဒိုမိန်းအမည်ပေါင်း နှစ်ထောင်နီးပါးရှိလာလိမ့်မည်ဟု သိရသည်။

ကြည်လင်းအား ပွဲစဉ်(၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ငါးသိန်း (၅၀၀၀၀၀ိ/-) ပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်”

Photo: ကြည်လင်းအား ပွဲစဉ်(၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် 
ဒဏ်ကြေးငွေ ကျပ် ငါးသိန်း (၅၀၀၀၀၀ိ/-) ပေးဆောင်ရန်ပြစ်ဒဏ်ချမှတ်”
Tuesday, August 13, 2013

ရန်ကုန် ယူနိုက်တက် အသင်းမှ ကျောနံပါတ်(၈) ကြည်လင်းအား ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲမှ စ၍ ပွဲစဉ်(၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ငါးသိန်း (၅၀၀၀၀၀ိ/-) ပေးဆောင်ရန်တို့ ကို
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ
ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်းအား ပြစ်ဒဏ်များ ကိုချမှတ်ရာ တွင်ပါရှိကြောင်းသိရသည်။သြဂုတ် ၄ ရက်နေ့ ညနေ(၆း၀၀)နာရီ က နေပြည်တော် ၀ဏ္ဏသိဒ္ဓိ ကွင်းတွင် ကျင်းပခဲ့သော ၂၀၁၃ မြန်မာ နေရှင် နယ် လိဂ် MNL Myanmar 2013 နောက်ဆုံး အပတ်ပွဲစဉ် ဖြစ် သည့် နေပြည်တော် အက်ဖ်စီနှင့် ရန်ကုန် ယူနိုက်တက် အသင်း၌ ပွဲစဉ်္ကဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ် ဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် နည်းပြများနှင့် ကစားသမားများ ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ သြဂုတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေဖြင့် သြဂုတ် (၉)ရက်နေ့တွင် ပဏာမ စုံစမ်း စစ်ဆေးပြီး သြဂုတ် ၁၂ ရက်နေ့တွင် တာဝန်ရှိ သူများ ကို ခေါ်ယူ မေးမြန်းခြင်းနှင့် မှတ်တမ်း ဗီဒီယိုများ၊ ဓာတ်ပုံ အထောက်အ ထား များအား ကြည့်ရှု စစ်ဆေးခြင်းတို့ ပြုလုပ်ပြီးနောက် အိမ်ရှင် နေပြည်
တော် အက်ဖ်စီ အသင်းနှင့်ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်း တို့ အားပြစ်ဒဏ်များချမှတ် ခဲ့ရာတွင်ကြည်လင်းအနေနဲ့ လည်း ယင်းသို့ ပြစ်ဒဏ်ချ မှတ်ခံရခြင်းဖြစ်သည်။ ကြည်လင်းမှာမြန်မာ
ယူ-၂၃ အမျိုးသားလက်ရွေးစင် အသင်း၏အားထားရသော ကစားသမား တစ်ဦးလည်းဖြစ်သည်။

Popular Journal

RangonNewsDaily:: Aug 13, 2013

ရန်ကုန် ယူနိုက်တက် အသင်းမှ ကျောနံပါတ်(၈) ကြည်လင်းအား ၂၀၁၄ ခုနှစ် MNL Myanmar 2014 ပြိုင်ပွဲမှ စ၍ ပွဲစဉ်(၃)ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ငါးသိန်း (၅၀၀၀၀၀ိ/-) ပေးဆောင်ရန်တို့ ကို
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ
ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်းအား ပြစ်ဒဏ်များ ကိုချမှတ်ရာ တွင်ပါရှိကြောင်းသိရသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်ဒိုမီးတောင် ဆက်လက်လှုပ်ရှားနေဆဲ

Photo: ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အင်ဒိုမီးတောင် ဆက်လက်လှုပ်ရှားနေဆဲ
Tuesday, August 13, 2013

တနင်္လာနေ့က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။

အင်ဒိုနီးရှား နိုင်ငံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မီးတောင်သည် အန္တရာယ် ကြီးမားစွာ ဆက်လက် နိုးကြား လှုပ်ရှားနေဆဲဟု သိရှိရသည်။ တနင်္လာနေ့ က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေးသည်။ ပြီးခဲ့သည့် သီတင်းပတ်က ပေါက်ကွဲမှု တစ် ခု ဖြစ်ပွားခဲ့သော မီးတောင်သည် လက်ရှိအချိန်ထိ အန္တရာယ် ကြီးမားနေဆဲဟု အာဏာပိုင်များက သတိပေးထားသည်။

ယင်းမီးတောင် ပေါက်ကွဲမှုအတွင်း ချော်ရည်ပူများ လွင့်စင်ထိခိုက်မှုကြောင့် အနည်းဆုံး လူ(၆)ဦးမျှ သေဆုံးခဲ့ပြီး ဖြစ်သည်။ ပါလူအာကျွန်း ငယ်လေးပေါ် ရှိ မီးတောင်နှင့် (၃)ကီလိုမီတာ ပတ်ပတ်လည်ရှိ ဒေ သခံများကို တာဝန်ရှိသူများက ရွှေ့ပြောင်းပေးသော်လည်း အစော ပိုင်းက ငြင်းဆိုနေမှုများကြောင့် အခက်အခဲအချို့ ကြုံခဲ့ရသည်။

ယခုအခါ ပါလူအာကျွန်းမှ လူပေါင်း(၅၀၀)ခန့်ကို အနီးရှိ ဖလောရက်စ်ကျွန်း သို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးဖြစ်သူ မူတီအာရာ မူဘွိုင်က ပြောကြားခဲ့သည်။ သေဆုံးသွားသူ တချို့ရဲ့ အလောင်းတွေကို ပြန်မရဘူး။ လောလောဆယ် ကျွန်တော်တို့ ဦးစားပေး လုပ်ဆောင်ရတာက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးဖို့ပဲ ဖြစ်သွားပြီဟု ၎င်းက ဆိုသည်။ မူဘွိုင်ကပါလူအာက ရွာ(၈)ရွာစလုံးကို လောလော ဆယ် ပြောင်းရွှေ့ပေးထားတယ်ဟုလည်း ပြောဆိုသွားသည်။ တနင်္လာနေ့က မီးတောင်တွင် ပေါက်ကွဲမှု အသေးစားလေးများသာ ထပ်မံ ဖြစ်ပွားသော်လည်း ဘေးမကင်းသေးဟု ပညာရှင်များက ပြောကြား ထားသည်။

မီးတောင်ပညာရှင် ဆူရိုနိုကအခြေအနေက စိုးရိမ်ရဆဲ အဆင့်ပါပဲ။ မီးတောင်ရဲ့ လှုပ်ရှားမှုတွေက ကျဆင်းသွားမယ့် အရိပ်အယောင် မရှိသေးဘူးဟု ဆိုသည်။ အင်ဒို တစ်နိုင်ငံလုံးတွင် လှုပ်ရှားသက်ဝင်နေ သည့် မီးတောင် (၁၂၉)လုံးရှိပြီး ရိုကာတန်ဒါသည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ မီးတောင် လှုပ်ရှားမှုနှင့်အတူ တနင်္လာနေ့က အင်ဒိုနီးရှား အရှေ့ဘက် ကမ်းလွန်တွင် ရစ်ခ်ျတာစကေး (၆.၀)အဆင့်ရှိ ငလျင်တစ်ခုလည်း လှုပ်ရှားခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: Aug 13, 2013

တနင်္လာနေ့က ရိုကာတန်ဒါ မီးတောင်သည် ချော်ရည်များနှင့် ပြာ များကိုလည်း အရှိန်နှင့် မှုတ်ထုတ်ခဲ့သေး
သည်။

Peugeot ထုတ် ဟိုင်းဘရစ် Onyx စူပါကား

Photo: Peugeot ထုတ် ဟိုင်းဘရစ် Onyx စူပါကား
Tuesday, August 13, 2013

ဟိုင်းဘရစ်ကား ခေတ်စားချိန်မှာ ပြင်သစ် Peugeot လည်း ဟိုင်းဘရစ် ထုတ်ပါတယ်။ ထူးခြားချက်ကတော့ စူပါကား အနေနဲ့ ထုတ်လုပ်ခြင်း ဖြစ် ပါတယ်။

Peugeot ရဲ့ နာမည်ကြီး စူပါကားဘရန်း Onyx ကိုပဲ ဆက်လက်မြင့် တင်ခြင်း ဖြစ်ပါတယ်။ Onyx ရဲ့ အောင်မြင်ချက် ကတော့ သုံးဘီးဆိုင် ကယ်တောင် ထွက်ရှိပါတယ်။ ယခုလည်း လျှပ်စစ်မော်တာ ပါဝင်ပေါင်းစပ် ထားတဲ့ စူပါကား Onyx ဖြစ်ပါတယ်။ ကားဘော်ဒီတစ်ခုလုံးကို ကာဘွန်ဖိုက် ဘာနဲ့ လုပ်ပြီး ဘေးအနား နှစ်ဖက်ကို ကြေးဝါနဲ့ ကွပ်ထားပေးပါတယ်။ ဒီတော့ အားသာချက်က ပြောင်လက်နေပြီး အလေးချိန် လျော့ နည်း ခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံးပေါင်းမှ အလေးချိန်က ၂၄၂၅ ပေါင်ပဲ ရှိပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက် စီးပြိုင်ကား ဖြစ်ပါတယ်။

၃၇၀၀ စီစီ ၈လုံးပူး V အင်ဂျင်ကြောင့်လည်း မြင်းကောင်ရေအား ပိုမိုမြင့် တင်ပေးပါတယ်။ ဂီယာကျတော့ ၈ချက်ထိုး ဖြစ်ပါတယ်။ မြင်းကောင်ရေ ၈၀ အားထုတ်လုပ်ပေးနိုင်တဲ့ လစ်သီယမ် အိုင်ယွန်း ဘက်ရီ ပါဝင်ပါတယ်။ အပြင်ပိုင်း ပြင်ဆင်မှုတင်မကပဲ အတွင်းခန်း ပြင်ဆင်မှုပါ Peugeot မှ သေသေချာချ လုပ်ထား ပေးပါတယ်။ ပြိုင်ကားမှန်ရင် ဆီစားကြီးတဲ့ ရာဇဝင်ကို Onyx ရဲ့  ဟိုင်းဘရစ် စူပါကားက ဖြိုဖျက်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းလားဖြင့်လှပတဲ့ ကြေးနီနဲ့ စတီးရောင်ရော Onyx hybrid Supercar ကို ၂၀၁၂ ပဲရစ်မော်တော်ယာဉ် ပြပွဲမှာ ယခုလို တွေ့မြင်ခဲ့ရပါတယ်။

Ref:autoblog
ColayAutomobile

http://www.colay.com.mm/automobile/news/detail/792

RangonNewsDaily:: Aug 13, 2013

ဟိုင်းဘရစ်ကား ခေတ်စားချိန်မှာ ပြင်သစ် Peugeot လည်း ဟိုင်းဘရစ် ထုတ်ပါတယ်။ ထူးခြားချက်ကတော့ စူပါကား အနေနဲ့ ထုတ်လုပ်ခြင်း ဖြစ် ပါတယ်။

Acerမှ Iconia W3-810 window 8 Tabletကို ပွဲထုတ်

Photo

RangonNewsDaily:: Aug 13, 2013
Branded Tablet တစ်လုံးကိုမှ ရွေးချယ်ဝယ်ယူချင်သော သူများအတွက် Acerမှ Iconia W3-810 window 8 Tabletကို ပွဲထုတ်လိုက်ပါတယ်။ စွဲမက်ဖွယ် ဒီဇိုင်းအပြင်အဆင်နဲ့ ကြည်လင်တောက်ပတဲ့ မျက်နှာပြင်က ကျေနပ်စရာပါ၊

မိုးကြိုးပစ်ရာမှ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွား

Photo: မိုးကြိုးပစ်ရာမှ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပွား
Tuesday, August 13, 2013

ပွာတိုလာခရုဇ်မြို့ရှိ Petroleos de Venezuela ရေနံချက် စက်ရုံတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လျင်မြန်စွာ မီးကူးစက်ခဲ့ခြင်းဟု မျက်မြင်များက ဆိုသည်။

ဗင်နီဇွဲလား နိုင်ငံတွင် ဖြစ်ပွားသော ရေနံချက်စက်ရုံ မီးလောင်ကျွမ်းမှု စတင်ရသည့် အကြောင်းရင်းသည် မိုးကြိုးပစ်၍ဖြစ်ကြောင်း တာဝန်ရှိသူ များက အတည်ပြု ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က တောင်အမေရိ ကတိုက်ရှိ နိုင်ငံ၏ မြောက်ပိုင်းဒေသတွင် ရေနံချက်စက်ရုံတစ်ခု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ ပွာတိုလာခရုဇ်မြို့ရှိ Petroleos de Venezuela ရေနံချက် စက်ရုံတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လျင်မြန်စွာ မီးကူးစက်ခဲ့ခြင်းဟု မျက်မြင်များက ဆိုသည်။ မီးသတ်တပ်ဖွဲ့များ အနေဖြင့် နာရီပေါင်း အတန်ကြာအောင် ကြိုးစားပြီးမှ မီးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အစိုးရပိုင် ရေနံကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ယခုကိစ္စသည် သဘာဝ ဘေးအန္တရာယ် တစ်ခုမှ အစပြုခြင်းဟု ရှင်းလင်းခဲ့သည်။ ကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက စက်ရုံရဲ့ ရေနံလှောင် ကန်တွေထဲက တစ်ခုကို မိုးကြိုးပစ်ချလိုက်တာပါ။ အဲဒီကနေ ပေါက်ကွဲမှုဖြစ် ပြီး မြန်မြန်ဆန်ဆန် မီးကူးကုန်တာပါပဲဟု ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌ အက်ဇ်ရူဘယ်လ် ချားဗက်ဇ်က ဒဏ်ရာရတဲ့သူ မရှိပါဘူး။ ဒါပေမဲ့ မီးလောင်မှု စတင်ကတည်းက စက်ရုံအနီးတဝိုက် မှာ နေထိုင်သူတွေကို ချက်ချင်းပဲ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပါတယ်ဟု ဆိုသည်။

နိုင်ငံအတွင်းရှိ ရုပ်မြင်သံကြား ဌာနများက လိမ္မော်ရောင် မီးတောက်ကြီးများ ထိုးတက်နေသည့် စက်ရုံမြင်ကွင်းကို အဝေးမှ ရိုက်ကူး ပြသခဲ့သည်။ ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရိုက မီးလောင်မှုအပြီး ရှင်းလင်းမှုများ ပြုလုပ်နေသည့် အဖွဲ့အစည်းများနှင့် မိမိကြားတွင် အချိန်ပြည့်နီးပါး ဆက်သွယ်မှု ရှိနေကြောင်း Twitterတွင် ရေးသားခဲ့သေးသည်။ ယခုမီးလောင်မှု ဖြစ်ပွားရာ ရေနံချက် စက်ရုံသည် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းတွင် အဓိက အကျဆုံး မောင်းနှင်အား တစ်ခုလည်း ဖြစ်သည်။ အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသူ (၁၀၀၀)ကျော် ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network


RangonNewsDaily:: Aug 13, 2013

ပွာတိုလာခရုဇ်မြို့ရှိ Petroleos de Venezuela ရေနံချက် စက်ရုံတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လျင်မြန်စွာ မီးကူးစက်ခဲ့ခြင်းဟု မျက်မြင်များက ဆိုသည်။