Pages

Friday, August 9, 2013

Breaking News: Six Rohingyas Killed, Several Injured on Eid Festival Day


RangonNewsDaily:: Aug 9, 2013
MS Anwar - RvisionTV News


Akyab (Sittway), Arakan- In the lastest shoot out at displaced Rohingyas in Oon Daw Gyi (Baariza Fara) camps, Sittway, today (on 9th August 2013), by Myanmar’s Security Force (Hlun Tin), six Rohingyas died and several critically injured.

A displaced Rohingya reported the tragedy as follows.

အင်္ဂလန် အသင်းကြီးအတွက် ခေါ်ယူခြင်းခံရတဲ့ မန်ယူတောင်ပံ လူငယ်လေး ဇာဟာ

အင်္ဂလန် အသင်းကြီးအတွက် ခေါ်ယူခြင်းခံရတဲ့ မန်ယူတောင်ပံ လူငယ်လေး ဇာဟာ 

Friday, August 9, 2013

မန်ချက်စတာ ယူနိုက်တက်၏ လူငယ်တောင်ပံ ကစားသမား တစ်ယောက်ဖြစ်သည့်  ဇာဟာအား အင်္ဂလန်စီနီယာ အသင်းကြီးမှ လာမည့်ကြာသပတေးနေ့မှာ ကစားမည့် စကော့တလန် အသင်းနှင့် ပွဲစဉ်အတွက် ခေါ်ယူလိုက်သည်ဟု သိရသည်။ ဇာဟာသည် မန်ယူ အသင်း၏ ခြေစမ်းပွဲ ခရီးစဉ်မှာ ပွဲထွက် ကစားခဲ့ကာ ခြေစွမ်းပြ နိုင်သောကြောင့် ယခုလို အသင်းကြီး အတွက် ခေါ်ယူခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုပါ မန်ယူတောင်ပံသည် ခရစ္စတယ်ပဲလေ့ အသင်းမှ ပေါင် ၁၅ သန်းဖြင့် ပြီးခဲ့သည့်ရာသီ ဇန်န၀ါရီလတွင် မန်ယူအသင်းမှ ခေါ်ယူခဲ့ပြီး ယခုနှစ် မန်ယူအသင်း၏ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြကစား နိုင်ခဲ့သည် ။ ဇာဟာသည် နိုဝင်ဘာလတွင် ကစားခဲ့သည့် ဆွီဒင်အား ၄ -၂ ဂိုး ရလဒ်ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အင်္ဂလန် ၂၁ နှစ်အောက် အတွက် ပါဝင်ကစားခဲ့သည်။

အင်္ဂလန်ဘော့စ် ဟော့ဆန်သည် ဇာယာအပြင် မန်ယူတိုက်စစ်မှူး တစ်ယောက်ဖြစ်သည့် ပုခုံးဒဏ်ရာ ရရှိနေသည့် ၀ိန်း ရွန်းနီကိုပါ စကော့တလန်နှင့် ပွဲအတွက် ခေါ်ယူကစားနိုင်မည်ဟု မျှော်လင့်လျက် ရှိသည် ။ အင်္ဂလန်တိုက်စစ်မှူး တစ်ယောက်ဖြစ်သည့် ဂျာမိန်း ဒီဖိုးမှာလည်း တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မိုနာကိုပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့သည်။ သို့ပေမယ့် လာမည့် စနေနေ့မှာ စပါးအသင်းနှင့် အက်စပန်ညိုပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်နေပြီး အင်္ဂလန်အသင်းနှင့် စကော့တလန် ပွဲအတွက် ကစားပွဲ မတိုင်မီ ဗုဒ္ဓဟူးနေ့မှာ ချိတ်ဆက်နိုင်မည်ဟု အင်္ဂလန်နည်းပြကြီးက မျှော်လင့်လျက် ရှိသည်။ 

http://www.football-cafe.com/index.php

RangonNewsDaily:: Aug 9, 2013
မန်ချက်စတာ ယူနိုက်တက်၏ လူငယ်တောင်ပံ ကစားသမား တစ်ယောက်ဖြစ်သည့် ဇာဟာအား အင်္ဂလန်စီနီယာ အသင်းကြီးမှ လာမည့်ကြာသပတေးနေ့မှာ ကစားမည့် စကော့တလန် အသင်းနှင့် ပွဲစဉ်အတွက် ခေါ်ယူလိုက်သည်ဟု သိရသည်။ ဇာဟာသည် မန်ယူ အသင်း၏ ခြေစမ်းပွဲ ခရီးစဉ်မှာ ပွဲထွက် ကစားခဲ့ကာ ခြေစွမ်းပြ နိုင်သောကြောင့် ယခုလို အသင်းကြီး အတွက် ခေါ်ယူခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။

(၈)ကြိမ်မြောက် မုန်တိုင်းလာဦးမည်ဖြစ်သည့်အပြင် မိုးရွာဖို့ဖြစ်စဉ်တွေ အရှေ့ဖက်က လာပါလိမ့်ဦးမည်


RangonNewsDaily:: Aug 9, 2013
မိုးလေ၀သဌာနရဲ့ဖခင်ကြီးတစ်ဦးဖြစ်တဲ့ Wunna Kyawhtin ဆရာဦးထွန်းရင် မကွယ်လွန်မီက ကျွန်တော်ကို ပြောသွားခဲ့ဘူးပါတယ်။ " မောင်ထွန်းလွင်ရဲ့။ မိုးရာသီအနှောင်းပိုင်းကိုရောက်လာရင် ဆရာတို့ အရှေ့ဖက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒယာအလယ်ပိုင်းကနေပြီး မုန်တိုင်းတွေဟာ ဟောတစ်လုံး ဟောတစ်လုံး နဲ့ လာလိုက်တာ။

ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော် အင်းစိန်ထောင်မှာ အစာငတ်ခံ ဆန္ဒပြ

RangonNewsDaily:: Aug 9, 2013
ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတာ ၄ ရက်ရှိပြီလို့ သိရပါတယ်။သူ့ကို ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ခ၊ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ တွေနဲ့ အာဏာပိုင်တွေက ဖမ်းဆီးပြီး အင်းစိန်ထောင်မှာ ပို့ထားတာဖြစ်ပါတယ်။

အရက်များ ဈေးပေါနေခြင်းက ဘောလုံးကွင်းအတွင်း ရမ်းကားမှုများဖြစ်ပေါ်စေဟု ဦးဇော်ဇော် ဝေဖန်

RangonNewsDaily:: Aug 9, 2013

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မြန်မာနိုင်ငံရှိ ဘောလုံးကွင်းများတွင် ပရိသတ်ရမ်းကားမှုများ ဖြစ်ပေါ်နေခြင်းမှာ အရက်များဈေးကွက်အတွင်း ဈေးပေါပေါနှင့် ၀ယ်ယူသောက်သုံးခွင့်ရနေသည့်အတွက် လူငယ်များမူးရစ်ရမ်းကားမှုကြောင့် ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြန်မာ နေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ကျင်းပခဲ့သည့် ၂၀၀၉ ခုနှစ်ကတည်းက ပရိသတ်ဆူပူရမ်းကားမှုများ နှစ်စဉ် ဖြစ်ပွားခဲ့သည်။

ကိုယ်ချစ်သူ ဘယ်သူလဲဆိုတာ ဖွင့်မပြောချင်သေးတာ ဆိုတဲ့ ဝါဆိုမိုးဦး

ကိုယ်ချစ်သူ ဘယ်သူလဲဆိုတာ ဖွင့်မပြောချင်သေးတာ ဆိုတဲ့ ဝါဆိုမိုးဦး
Friday, August 9, 2013

ကလေးဘဝ ကတည်းကသရုပ် ဆောင်လုပ် ခဲ့ပေမယ့် သူပါဝင် ထားတဲ့ ဇာတ်ကား တွေက ခုမှသာပရိ သတ်ရှေ့ကို ရောက်ခဲ့ပါတယ်။ ငယ် ဘဝသရုပ်ဆောင် မှုတွေ ခုချိန်မှာ ပြန်ကြည့်ရတာ ရှက်တယ်ဆိုတဲ့ ဝါဆိုမိုးဦးက ခပ်ဟော့ဟော့ဖက်ရှင် တွေကို ကြိုက်ပါသတဲ့။ ဒါပေမဲ့ သူ ကသူ့ချစ်သူ ဘယ်သူဆိုတာတော့ မ ပြောချင်သေးပါဘူးလို့ ဆိုပါတယ်။

Q - ဝါဆိုမှာ အမှန်တကယ် ချစ် သူရှိနေတာဘယ်သူဆိုတာ ဖွင့်မ ပြောရဲတာလား၊ ဖွင့်မပြောချင်သေး တာလား။
A - ဝါဆိုဖွင့်မပြောချင်သေး တာ။ ဝါဆို ၁၉ နှစ်ပဲရှိသေးတယ်။ ဘဝမှာရွေးချယ်စရာတွေ အများ ကြီးရှိသေးတယ်။ ဒီတစ်ယောက်နဲ့ က ဝါဆိုတည်မြဲမှာလား၊ မမြဲဘူး လား၊ မသေချာဘူး။ ဝါဆိုတို့ရဲ့ နှစ် ဖက်မိဘတွေက ခင်ကြတယ်။ သ ဘောတူတယ်။ ဝါဆိုအိမ်ထောင်ပြု ဖို့စဉ်းစားရမယ့် အရွယ်လည်း မဟုတ် သေးဘူး။ ဝါဆိုစိတ်ကစားပြီး ရည်း စားထားတာ မျိုးလည်း ဖြစ်မယ်ထင် တယ်။ ဒီလူက ဝါဆိုတကယ်ကို လက်တွဲလို့ရပြီလို့ ဆိုရင်တော့ ဒါက ဝါဆို့ချစ်သူပါ ဆိုပြီး ပရိသတ်ကိုပြော ပြမှာပါ။

Q - ဝါဆိုကိုတစ်ဖက်က ဘယ် လိုမိန်းကလေးလည်း မသိဘူးဆိုပြီး ထားခဲ့မှာမျိုး မကြောက်ဘူးလား။
A - မကြောက်ဘူး။ သူက ဝါဆို ကို သိပ်နားလည်ပေးတဲ့သူတစ် ယောက်ပါ။ ဝါဆို့စိတ်သဘောထား ကို သူ့ကိုပြောပြထားတယ်။ အဲဒါ ကြောင့်ပဲ ဝါဆို့မိသားစုနဲ့သူအဆင် ပြေတာ။

Q - ဝါဆိုကို ခပ်ဟော့ဟော့ ဝတ်စုံနဲ့ တွဲပြီး မြင်နေတတ်တဲ့ အပေါ်ဝါဆိုခံစားမှုက
A - ဝါဆို ကျေနပ်တယ်။ ဝါဆို က လူငယ်ဖြစ်တဲ့အတွက် အလန်း စားဖက်ရှင်တွေ ဝတ်ရတာ သဘော ကျတယ်။ ဝါဆိုက ဆွဲဆောင်မှု ရှိတဲ့ ပုံစံတွေ သဘောကျတယ်။ အမြင် ရိုင်းတာမျိုးကိုတော့ လက်မခံဘူး။ ဝါဆိုက cute ပုံစံနဲ့လုံးဝမလိုက်ဘူး။ ဝါဆိုအဲဒီလို ရိုင်းတဲ့ဝတ်စုံမျိုးတွေ လည်း မဝတ်ဖူးဘူး။

Q - ၁၉ နှစ်ပြည့်မွေးနေ့မှာ ဝါ ဆို့အတွက် အမှတ်တရဖြစ်ရပ်
A - အမလေး ပြောရမှာနား ထင်တောင်သွေး ရောက်တယ်။ ဝါ ဆို ဖုန်းခဏပျောက်သွားတဲ့ အချိန် မှာ တော်တော် စိတ်ရှုပ်သွားတယ်။ ဝါဆိုကောင်းမှုကုသိုလ်လုပ်နေတဲ့ အချိန် ဧည့်သည်တွေနဲ့ ဝရုန်းသုန်း ကား ဖြစ်နေတဲ့ အချိန် အဲဒီလိုဖြစ် သွားတော့ စိတ်လည်း တိုတယ်။ ဒါ ပေမဲ့ ပြန်တွေ့တော့ စိတ်ချမ်းသာ တယ်။

Q - ပျောက်သွားတဲ့ အခိုက် ခံစားမှုက
A - ပျောက်သွားတုန်းက ဝါဆို အထဲမှာရှိတဲ့ ဓာတ်ပုံတွေကြောင့် စိတ်ပူတာ မဟုတ်ဘူး။ ဝါဆိုဖုန်းထဲ မှာရှိတဲ့ ပုံတွေက facebook မှာ တင်ထားတဲ့ပုံတွေပဲ တခြားဘာပုံ မှမရှိဘူး။ ဝါဆိုက ငယ်ငယ်ကတည်း က phone crazy ဒီဖုန်းလေးကို လည်း ဝါဆိုချစ်တယ်။ ဝါဆိုရဲ့ ဆက် သွယ်ရမယ့ိအေေ တွေအကုန် ဒီဖုန်း ထဲမှာရှိတယ်။်ခေနဘသသု က ခ့နခု ငည ဝင်ပြီးသား ဖြစ်နေတယ်။ အဲဒီဖုန်းလေးသာ ပျောက်သွားရင် ကိုယ့်ဖုန်းနဲ့ သူများကို ဆက်သွယ်နေ မှာ။ ဝါဆို မဟုတ်ဘဲနဲ့ အဲဒါမျိုးကိုပဲ ကြောက်တာပါ။
Q - ဝါဆို ပုဏ္ဏကတိုက်တဲ့ည ပြန်ကြည့်ဖြစ်သေးလား
A - အဲဒီကား ပြန်ကြည့်ရတာ ရှက်တယ်။ ငယ်ငယ် တုန်းကတော့ အဲဒီကား အရမ်းထွက်စေ ချင်ခဲ့တာ။ ခုမှထွက်လာ တော့လည်း ဝါဆိုက လေး သရုပ်ဆောင် ဆိုတာ လူတိုင်း ကြည့်မိသွား တာပေါ့။ ပရိသတ်က လက်ခံပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။  

ရိုးရာလေး
http://yoyarlay.com

RangonNewsDaily:: Aug 9, 2013

ကလေးဘဝ ကတည်းကသရုပ် ဆောင်လုပ် ခဲ့ပေမယ့် သူပါဝင် ထားတဲ့ ဇာတ်ကား တွေက ခုမှသာပရိ သတ်ရှေ့ကို ရောက်ခဲ့ပါတယ်။ ငယ် ဘဝသရုပ်ဆောင် မှုတွေ ခုချိန်မှာ ပြန်ကြည့်ရတာ ရှက်တယ်ဆိုတဲ့ ဝါဆိုမိုးဦးက ခပ်ဟော့ဟော့ဖက်ရှင် တွေကို ကြိုက်ပါသတဲ့။ ဒါပေမဲ့ သူ ကသူ့ချစ်သူ ဘယ်သူဆိုတာတော့ မ ပြောချင်သေးပါဘူးလို့ ဆိုပါတယ်။

စစ်တွေတွင် လုံထိန်း နှင့် မွတ်စလင်များ အကြား ပဋိပက္ခကြောင့် ၃ ဦးဒဏ်ရာရ

RangonNewsDaily:: Aug 9, 2013

ရခိုင်ပြည်နယ် စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည်စခန်း အနီးရှိ ဗောဒူဖချောင်းတွင် မွတ်စလင် အမျိုးသမီးအလောင်း တလောင်း တွေ့ရှိမှု နှင့် စပ်လျဉ်းပြီး လုံထိန်းရဲ တပ်ဖွဲ့များ နှင့် ဒေသခံ မွတ်စလင်များကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီး လုံထိန်းတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် မွတ်စလင် ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ရှစ်လေးလုံး နှစ်ပတ်လည် ချီတက်လမ်းလျှောက်သူ ခေါင်းဆောင်နှစ်ဦး တရားစွဲဆိုခံရ

ရှစ်လေးလုံး နှစ်ပတ်လည် ချီတက်လမ်းလျှောက်သူ ခေါင်းဆောင်နှစ်ဦး တရားစွဲဆိုခံရ

၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် မနေ့က ရန်ကုန်မြို့ ဟံသာဝတီအ၀ိုင်းကနေ မြို့တော်ခန်းမအထိ ချီတက်လမ်းလျှောက်ခဲ့ကြသူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

အာဏာပိုင်တွေက တရားစွဲဆိုလိုက်တဲ့နှစ်ဦးဟာ နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဒေါ်ဖြူဖြူဝင်းနဲ့ အလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ဦးဝင်းချိုတို့ ဖြစ်ပါတယ်။

အခုလို တရားစွဲဆိုခံရတာဟာ အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက် မတောင်းခံခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ မနေ့က လမ်းလျှောက်ချီတက်ပွဲမှာပါဝင်သူ ဦးဝင်းချိုက RFA ကို ပြောပါတယ်။

"မနေ့က ကျနော့်ကို လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား ရဲစခန်း ၃ ခုကနေ အမှုစစ်ပြီးတော့ ကိုယ်ပိုင်ခံဝန်နဲ့ ထုချေခွင့်ပေးထားပါတယ်၊ စမ်းချောင်း၊ ဒဂုံ၊ လမ်းမတော်ရဲကလည်း အမှုဖွင့်တယ်လို့တော့ သိပါတယ်၊ အဲဒီတော့ ဖြတ်သန်းလာခဲ့တဲ့မြို့နယ်တွေက အမှုဖွင့်တယ်လို့ ပြောထားတယ်၊ အားလုံးပေါင်း ၆ ခုပါ၊ အကုန်လုံးပုဒ်မ ၁၈ ပါပဲ"

မနေ့က အဖွဲ့အစည်း ၈ ဖွဲ့စုပေါင်းပြီး ၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ် ချီတက်လမ်းလျှောက်ရာမှာ လူပေါင်း ၁၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

RangonNewsDaily:: Aug 9, 2013
၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် မနေ့က ရန်ကုန်မြို့ ဟံသာဝတီအ၀ိုင်းကနေ မြို့တော်ခန်းမအထိ ချီတက်လမ်းလျှောက်ခဲ့ကြသူတွေထဲက
နှစ်ဦးကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။

လည်ပင်းတွင် သစ်ခွဲသားရိုက်မိ၍ စက်ရုံလုပ်သားတစ်ဦး သေဆုံး

RangonNewsDaily:: Aug 9, 2013

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ စက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ သန့်သုခ သစ်ချောထည်စက်ရုံတွင် သြဂုတ် ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်က လူလေးဦးသည် သစ်ခွဲသားတစ်ခုကို ပြိုင်တူသယ်ယူလာပြီး အောက်ချရာ သယ်ဆောင်လာသူ တစ်ဦး၏ လည်ပင်းကို သစ်ခွဲသားပြားနှင့် ရိုက်မိ၍ အသက် ၄၂ နှစ်အရွယ် စက်ရုံလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မောင်တောမြို့မှ ရိုဟင်ဂျာ မွတ်စလင်များ အီးဒ်နေ့ ၀တ်ပြုခွင့် ပိတ်ပင်ခံရ

RangonNewsDaily:: Aug 9, 2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အာဏာပိုင် များမှ ရိုဟင်ဂျာ မွတ်စလင် များကို အီးဒ်နေ့ ၀တ်ပြုခွင့်ကို ပိတ်ပင် တားမြစ် ခဲ့သည့် အတွက် ယနေ့ ကျရောက်သော အီးဒ်နေ့တွင် ၀တ်ပြုခွင့် မရခဲ့ကြောင်း သတင်း ရရှိပါသည်။

ရခိုင်ပြည်နယ် ဝန်ကြီးများ ပြောင်လဲတာဝန်ပေးအပ်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၂/၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက်

မိန်းမကိစ္စပျော်ပါးရန် ခေါ်ခိုင်းရာမှ ဓါးခုတ်မှုဖြစ်

RangonNewsDaily:: Aug 9, 2013

၈.၈.၂၀၁၃ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ဘလုတ်ညွှန့်ရပ်ကွက်နေ
ဒေါ်မြင့်သန်းသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ သိန်းကျော်ဦးမှာ ၇.၈.၂၀၁၃ ရက်နေ့ ညက ဓါးခုတ်ခံရ၍ ရန်ကုန်ဆေးရုံကြီးတွင်ရောက်ရှိဆေးကုသနေကြောင်းသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ
သားဖြစ်သူ တွင် ဦးခေါင်းအလယ်တည့်တည့်၌ ပြတ်ရှသွေးထွက်ဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။

ယာဉ်တိုက်မှု ကားမောင်းသမားထွက်ပြေးတိမ်းရှောင်

ယာဉ်တိုက်မှု ကားမောင်းသမားထွက်ပြေးတိမ်းရှောင်

Kolatt(PBDN) :: Aug 9, 2013

ဒီကနေ့  ည ၉ နာရီ လောက် က သင်္ဃန်း မြို့ နယ် လေးထောင့်ကန် လမ်းမကြီး ဘ၀မြင့် မှတ်တိုင်အနီးတွင် ၄ဃ/ ၅၅၃၇  အဖြူ ရောင် ကား မှ အမျိုးငယ် တစ်ဦးအား ၀င်တိုက် ခဲ့ပြီး မောင်းနှင် ထွတ်ပြေး သွားပါသည် ။ 

ကားတိုက်ခံ ရသူ အမျိုးသမီး ငယ်မှာ ပြင်းထန်သော ဒဏ် ရာ ကြောင့် စိုးရိမ် ဖွယ်ရာအခြေအနေ ရှိနေကြာင်း သိရပါသည်။ 

ထို့ ကြောင့် အထက်ပါ ကား အား တွေ့ ရှိပါက သက်ဆိုင်ရာသို့  ကူညီ အကြောင်းကြား ပေးရန် မေတ္တာရပ်ခံ ပါတယ် ဒီ သတင်းကို ကူညီပြီးရှယ်ပေးကြပါလို့ ။

သတင်းဘုရင်

RangonNewsDaily:: Aug 9, 2013
ဒီကနေ့  ည ၉ နာရီ လောက် က သင်္ဃန်း မြို့ နယ် လေးထောင့်ကန် လမ်းမကြီး ဘ၀မြင့် မှတ်တိုင်အနီးတွင် ၄ဃ/ ၅၅၃၇ အဖြူ ရောင် ကား မှ အမျိုးငယ် တစ်ဦးအား ၀င်တိုက် ခဲ့ပြီး မောင်းနှင် ထွတ်ပြေး သွားပါသည် ။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ရမ်းကားခဲ့သောပရိသတ်များ စတင်ဖမ်းဆီး

RangonNewsDaily:: Aug 9, 2013

၂၀၁၃ မြန်မာလိဂ်ဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် နေပြည်တော်-ရန်ကုန် ပွဲစဉ်တွင် ရမ်းကားခဲ့သော ပရိသတ်အချို့အနက် ၁၂ ဦးကို စတင်ဖမ်းဆီးစစ်ဆေးနေပြီဖြစ်ကြော
င်း နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ LG G2

Photo: ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ LG G2

=======================


ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကမ္ဘာ့မိုဘိုလ်းဖုန်းဈေးကွက်ကို ထပ်မံဝင်ရောက်
လာတာကတော့ သြဂုတ်-၇ ရက်နေ့ကမှပူပူနွေးနွေးမိတ်ဆက်လိုက်တဲ့
LG ရဲ့ နောက်ထပ် Generation အသစ် စမတ်ဖုန်းဖြစ်တဲ့ G2 ကတော့ဝင်
ရောက်လာပါပြီ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကမှထွက်ရှိထားတဲ့ Nexus-7,HTC One/Mini,S4/Mini,
နဲ့ Nokia အစရှိတဲ့ ဖုန်းတွေအတွက်တော့ နောက်ထပ်ပြိုင်ဆိုင်မှုတစ်ခုဖြစ်
လာဦးမှာပါ။

အသစ်ထွက်ရှိလာတဲ့ G2 မှာဆိုရင် မျက်နှာပြင်အကျယ် ၅.၂ လက်မ၊IPS LCD နှင့် Resolution Full HD (1920 x 1080), 424 ppi, 2.65mm bezel
နဲ့ထွက်ရှိလာပါတယ်။Processor Qualcomm Snapdragon 800 MSM8974 quad-core Krait 400 @ 2.26GHz ကိုအသုံးပြုထားတဲ့ အတွက်
အခြား စမတ်ဖုန်းတွေနဲ့ကောင်းကောင်းယှဉ်နိုင်မှာပါ။


Adreno 330 GPU ကိုအသုံးပြုထားပြီး RAM 2GB အသုံးပြုပေးထားပါတယ်။
ရွေးချယ်စရာအနေနဲ့ 16GB နဲ့ 32GB ဆိုပြီးနှစ်မျိုးထုတ်လုပ်ထားပြီး SD ကဒ်
ပါအပိုထည့်သွင်းအသုံးပြုလို့ရနိုင်ပါတယ်။

ဘက်ထရီကိုတာရှည်ခံစေဖို့အတွက်တော့ 3000 mAh non-removable ကို
အသုံးပြုထားတဲ့အတွက် ကြာရှည်အသုံးခံဖို့အတွကတော့ အာမခံမှာပါ။

နောက်ကင်မရာ 13 MP အသုံးပြုထားပြီး ရှေ့ကင်မရာ 2.1 MP အသုံးပြုပေး
ထားတဲ့ အပြင် ယခင် LG ဖုန်းတွေနဲ့မတူညီတာက OIS, autofocus, LED flash, sapphire glass အစရှိတာတွေကိုပါထည့်သွင်းအသုံးပြုပေးထား ပါတယ်။

Android Version 4.2.2 Jelly Bean နဲ့ထွက်ရှိလာမှာဖြစ်ပြီးအရောင်ရွေးချယ်
စရာနေနဲ့ အဖြူအမဲနှစ်မျိုးထုတ်လုပ်ထားပါတယ်။ရောင်းချပေးမယ့်ဈေးနှုန်း
ကိုအတိအကျမသိရသေးပေမယ့် ခန့်မှန်းသူတွေကတော့ ပေါင် ၅၀၀
လောက်အနည်းဆုံးကျသင့်မယ်လို့ဆိုထားပါတယ်။

Ref:GSMArena
Khun Nay(August Myanmar Media Group)

RangonNewsDaily:: Aug 9, 2013 
 ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ကမ္ဘာ့မိုဘိုလ်းဖုန်းဈေးကွက်ကို ထပ်မံဝင်ရောက် လာတာကတော့ သြဂုတ်-၇ ရက်နေ့ကမှပူပူနွေးနွေးမိတ်ဆက်လိုက်တဲ့LG ရဲ့ နောက်ထပ် Generation အသစ် စမတ်ဖုန်းဖြစ်တဲ့ G2 ကတော့ဝင်ရောက်လာပါပြီ။

HTC One အပြာရောင် Version ထွက်မည်

Photo: HTC One အပြာရောင် Version ထွက်မည်
Thursday, August 08, 2013

HTC One လက်တလော မြန်မာပြည်မှာတင်မက ကမ္ဘာ့ဈေးကွက်မှာ ပါ ရောင်းအား သွက်နေပါတယ်။

ဒါကြောင့်မို့ HTC One ကို အပြာရောင် ကာလာနဲ့ ထပ်မံထွက်ရှိတော့ မှာ ဖြစ်ကြောင်း သိရပါတယ်။ အပြာရောင်တစ်မျိုးတည်း မဟုတ်ပါဘူး။ အနီရောင်လည်း ပါဝင်ပါတယ်။ ယခင်က အလူမီနီယံ ရောင်နဲ့ သာ ထွက်ရှိရာမှာ ဝယ်ယူသူတို့ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အရောင်စုံကို ထပ်မံ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိ Moto X စတင်ရောင်းချချိန်ကာလမှာ HTC One အနီရောင် နဲ့ အပြာရောင်ကို ထပ်မံမိတ်ဆက်ခြင်းက ဈေးကွက် တိုက်ခိုက်တဲ့ နည်းလမ်း တစ်မျိုး ဖြစ်ပြီး Moto X ရဲ့  ရောင်းအားကို အနည်းနဲ့အများ ထိခိုက် စေနိုင် မယ်လို့ ယုံကြည်ထားကြ ပါတယ်။

ဈေးနှန်းအားဖြင့် ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိတဲ့ အနီရောင် နဲ့ အပြာရောင် HTC One ကို သြဂုတ် လယ် နောင်းပိုင်း ဈေးကွက်မှာ ရရှိ နိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint

Aung Kham (TSJ team)

RangonNewsDaily:: Aug 9, 2013

HTC One လက်တလော မြန်မာပြည်မှာတင်မက ကမ္ဘာ့ဈေးကွက်မှာ ပါ ရောင်းအား သွက်နေပါတယ်။

အမျိုးသမီး တွေ ရဲ့ ကျန်းမာရေးနှင့် (သားအိမ် အလုံးများ)

Photo: သင့်ကျန်းမာရေး (သားအိမ် အလုံးများ)
======================

အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံးတွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊ သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည် လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။

အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ သားသမီး မရနိုင်တာမျိုး၊ ပုံမှန်အားဖြင့် အမျိုးသမီး ၁ဝဝ မှာ ၉၉ ယောက်က နှစ်နှစ်၊ သုံးနှစ်အတွင်း တဖြည်းဖြည်း ကြီးလာပြီး လက်သီးဆုပ် အရွယ်လောက် အလုံး ဖြစ်လာမယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြီးလာ၊ နာလာရင် အရေးပေါ် ခွဲစိတ် ကုသရတယ်။ အချို့အလုံးက ကိုယ်ဝန်ဆောင်တာနဲ့ ယှဉ်ပြီးဖြစ်ကာ သန္ဓေသားကို ဒုက္ခမပေးဘဲ၊ ကလေးမွေးမှ နံရံမှာ အလုံးရှိမှန်း သိရလို့ တစ်ခါတည်း ခွဲစိတ် ကုသရတတ်တယ်။ အချို့ နံရံထဲ အလုံးကြီးလို့၊ မကျုံ့နိုင်ဘဲ မွေးပြီး သွေးသွန်တတ်တယ်။ သို့မဟုတ် မမွေးခင်မှာ အလုံးကြီးက ကြီးလာပြီး ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက် ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။

သားအိမ်ထဲ အလုံးရှိရင် ရောဂါဖြစ်၊ မဖြစ် သေချာအောင် Ultrasond ရိုက်ပြီး အနုအရင့် ခွဲခြားကာ အဆင့် သတ်မှတ်နိုင်မယ်။ ရိုးရိုးအကျိတ်လား သို့မဟုတ် ကင်ဆာအကျိတ်လား သေချာအောင် စမ်းသပ်မှုတွေ လုပ်ရတယ်။ အထူး စမ်းသပ် ချက်တွေ လိုတယ်။ အချို့ ကိုယ်ဝန် ရင့်တော့မှ အလုံးရှိမှန်း သိလို့ ကလေးမွေးရင်း တစ်ခါတည်း ဖယ်ရှား လိုက်တာမျိုး တွေ့ဖူးတယ်။ ခွဲကြောင်း မလိုချင်လျှင် အတွင်းကြည့် မှန်ပြောင်းသုံးပြီး အသားလုံး ထုတ်ယူကာ ခွဲကြောင်းကြီးကြီး မပေးဘဲ တစ်စချင်း ထုတ်ယူတာမျိုး ရှိတယ်။ ခွဲပြီး သိပ်မကြာခင် အနာကျက်တယ်။ မြန်ဆန်တယ်။

နောက်တစ်နည်းက လေဆာနည်းနဲ့ Hystosupic Myomutomy ဆိုတာ ဗိုက်ပေါ် အပေါက်လည်း မလုပ်၊ ခွဲကြောင်းလည်း မလုပ်၊ အောက်ကနေ သားအိမ် လည်တံဖြတ်ပြီး တိုက်ရိုက်ဝင်တာ၊ သားအိမ် လိုဏ်ခေါင်းထဲ အထိ တိုက်ရိုက်ဝင်ပြီး နံရံမှာရှိတဲ့ အလုံးကို အသေးလေးတွေ လုပ်ပြီး ထုတ်တာ။ နောက်တစ်ခုက ခွဲစိတ်စရာ မလိုဘဲ သွေးထောက်ပံ့နေတဲ့ သွေးကြော နှစ်ဖက်ကို ပိတ်ဆို့လိုက်ရင် သွေးကြော ဖြတ်တာနဲ့ တူသွားပြီး ကင်ဆာ အလုံးဟာ မကြီးဘဲ သေးသေးသွားပြီး ရှုံ့သွားလို့ခွဲဖို့ မလိုတော့ဘူး။

နောက်တစ်ခုက ဟော်မုန်းဓာတ် အဲဒီဆေးပေးရင် အလုံးက ကျုံ့ပြီး ဆက် မကြီးဘူး။ ခွဲပြီးလုပ်တာ မဟုတ်ဘဲ မှန်ပြောင်းနဲ့ ခွဲစိတ်တာ ဖြစ်တယ်။ လည်တံကနေ သွင်းပြီး အဲဒီမှန်ပြောင်းက တစ်ဆင့် အတွင်းက အလုံးကို ထုတ်တဲ့အခါ ခုန ဟော်မုန်းဆေး တစ်မျိုးကို မခွဲခင် ခြောက်ပတ် သို့မဟုတ် တစ်လခွဲလောက် ပေးထားတော့ သားအိမ်နံရံက အလုံးကျုံ့ပြီး ဘေးဝန်းကျင်နဲ့ သီးသန့် ဖြစ်သွားတယ်။ ထုတ်တဲ့ အခါ လွယ်ကူသွားတယ်။ ဆေးမပေး မိရင် ကြွက်သားတွေနဲ့ တွဲတာကြောင့် သွေးထွက်တာနဲ့ သွေးတိတ်အောင် လျှပ်စစ်နဲ့ ထိရတယ်။

ကင်ဆာမဖြစ်ခင် ကြိုတင် ကာကွယ်ရေးဟာ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကင်ဆာအဖု၊ အကျိတ် ရှိ၊ မရှိ ကာယကံရှင် အဖို့ ရေချိုးနေ တုန်း စမ်းသပ် ကြည့်နိုင်သလို ကလေး မမွေးဘူးသေးသူများ အနေနဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ အတူ သားအိမ်အတွင်း အလုံးရှိ၊ မရှိ ကို ပုံရိပ်ဖော်စက်နဲ့ ဖတ်ကြည့်ရင်ဖြင့် ကြိုတင်သိနိုင်၊ ကာကွယ် နိုင်ပါတယ်။ ။

RangonNewsDaily:: Aug 9, 2013
အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံးတွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊ သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည် လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။

မင်္ဂလာဒုံမြို့နယ် အုပ်ချူပ်ရေးမှူးရုံးမှ SIM card အတွက်ဟုဆိုကာ ငွေကြေးကောက်ခံနေမှုတိုင် ကြားစာ

RangonNewsDaily:: Aug 9, 2013
ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ရပ်ကွက်ပေါင်း (၃၂) ရပ်ကွက်ရှိပါတယ်။ ဖုန်းSIM card များကို စတင်၍ နိုင်ငံ တော်မှပြည်သူအများကို ချပေးချိန်မှစ၍ မင်္ဂလာဒုံမြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ဦးပြည့်ဖြိုးအောင် နှင့် အဖွဲ့ဝင် ၅ ဦးတို့သည် SIM card လာရောက်ထုတ်ယူသော

မန္တလေးတိုင်းဒေသကြီးအတွင်း ကျောင်းသူတစ်ဦး ပိုးသတ်ဆေးသောက် သတ်သေ

RangonNewsDaily:: Aug 9, 2013

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ ကုန်းကြီး ကျေးရွာတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်း ကျောင်းသူသည် သြဂုတ်လ ၆ ရက်နေ့က ပိုးသတ်ဆေး သောက်၍ မိမိကိုယ်ကို သတ်သေခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

မိတ္ထီလာ မူးယစ်ဆေးကျော်စောသူများကို ဖမ်းဆီး

RangonNewsDaily:: Aug 9, 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် မူးယစ်ဆေး ရောင်းဝယ်သုံး စွဲမှုဖြင့် ကျော်စောသတင်း ထွက်ရှိနေသူများကို သြဂုတ်လ ၅ ရက်နေ့က လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း မိတ္ထီလာမြို့နယ် အတွင်းရှိ နယ်မြေပိုင် ရဲစခန်းများနှင့် သက်သေအဖြစ် ပါဝင်ခဲ့သော ရပ်ကွက်နယ်မြေမှူး များက ပြောကြားသည်။

နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုကြောင့် တစ်လအတွင်း လူ ၂၅၀ ကျော်သေဆုံး

Photo: နိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုကြောင့် တစ်လအတွင်း လူ ၂၅၀ ကျော်သေဆုံး

THURSDAY, AUGUST 08, 2013  

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဇူလိုင်လတစ်လအတွင်း ယာဉ်တိုက်မှု တစ်ထောင်ကျော် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင်တစ်လအတွင်း ယာဉ်မတော်တဆမှု ၁၀၈၀ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၅၂ ဦး ရှိခဲ့သဖြင့် တစ်ရက်အတွင်း လူရှစ်ဦးခန့် သေဆုံးလျက် ရှိကြောင်း၊ တစ်လအတွင်း ယာဉ်မတော် တဆမှုများကြောင့် လူ ၁၆၇၁ဦး ဒဏ်ရာရရှိကြောင်း အဆိုပါ ထုတ်ပြန်ချက် စာရင်းများအရ သိရှိရသည်။

ယင်းယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၂၃၅ ကြိမ်တွင် သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၃၁၃ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၇၃ ကြိမ်တွင် သေဆုံးသူ ၄၄ ဦး၊ ဒဏ်ရာရသူ ၃၁၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၃၄ မှုတွင် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၂၀၇ ဦး ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကားဖြင့်အတိုက်ခံရသူ အများစုသေဆုံးပြီး မန္တလေးတိုင်းဒေသကြီးတွင် ဆိုင်ကယ် မတော်တဆမှုများမှ လူငယ်အများစု သေဆုံးကြောင်း ယာဉ်ထိန်းရဲ အရာရှိတစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဆိုင်ကယ် မတော်တဆမှုများ ဖြစ်ပွားရခြင်းမှာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်း၊ အရည်အသွေး စံချိန်စံညွှန်းမမီသည့် ဆိုင်ကယ်ဦးထုပ်များ အသုံးပြုခြင်းကြောင့် ယာဉ်တိမ်းမှောက်ရာတွင် ခေါင်းထိခိုက် ဒဏ်ရာများနှင့် သေဆုံးမှု များကြောင်း ၎င်းကပြောကြားသည်။

RangonNewsDaily:: Aug 9, 2013

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်ဇူလိုင်လတစ်လအတွင်းယာဉ်တိုက်မှု တစ်ထောင်
ကျော် ဖြစ်ပွားခဲ့ရာလူပေါင်း ၂၅၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

နိုင်ငံတော်အလံများ အဆက်ဆက် ပြောင်းလဲခဲ့သော်လည်း ပြည်သူများဘ၀ မပြောင်းလဲသေးကြောင်း ဦးမင်းကိုနိုင် ပြောကြား

8.8.1
ရန်ကုန်မြို့တွင် ကျင်းပသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား၌ ဦးမင်းကိုနိုင် အဖွင့်မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

RangonNewsDaily:: Aug 9, 2013
မြန်မာနိုင်ငံ၏ အလံအား သုံးမျိုးပြောင်းလဲခဲ့ပြီး သော်လည်း ယခုအချိန်အထိ ပြည်သူတို့၏ ဘ၀မှာ အပြောင်း
အလဲ မရှိသေးကြောင်း ဦးမင်းကိုနိုင်က ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပသည့် MCC ခန်းမအတွင်း သြဂုတ် ၈ ရက်က အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ရှစ်လေးလုံး ငွေရတုအရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ပြောကြား

RangonNewsDaily:: Aug 9, 2013
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက် စေခဲ့သည့် အကြောင်းတရားများတွင် ကျောင်းသား
လူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်ခံယူချက်နှင့်အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများမှာ အရေး
ကြီးသည့် ကဏ္ဍတစ်နေရာတွင် ပါဝင်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၈ ရက်
က ရန်ကုန်မြို့၌ ကျင်းပခဲ့သည် ရှစ်လေးလုံး ငွေရတု အရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာ
တွင် ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ဝင်သုံးဦး ခန့်အပ်ခဲ့ပြီး အကြံပေး တစ်ဦးအား တာဝန်မှ အနားယူခွင့်ပြု

 RangonNewsDaily:: Aug 9, 2013

နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်သုံးဦးအား ခန့်အပ်ခဲ့ကြောင်း သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့
သော ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြေညာစာ ၅၃/ ၂၀၁၃ အရ သိရသည်။ပြည်ထောင်စု အစိုးရအ
ဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၁ ဖြင့်