Pages

Sunday, August 4, 2013

လူနာတင်ယာဉ် အတိုက်ခံရ၍ တစ်ဦးသေဆုံး

RangonNewsDaily:: Aug 4, 2013

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် မငေးစုကျေးရွာအနီးရှိ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၁၃/၆ နှင့် ၁၃/၇ ကြားတွင် သြဂုတ်လ ၁ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က လမ်းဖြတ်ကူးသူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကို လူနာတင်ယာဉ်တစ်စီးက ဝင်တိုက်မိသဖြင့် အတိုက်ခံရသူ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အမ်းမရိတ်စ်မှာ မျက်နှာမပျက်ခဲ့ရတဲ့ အာဆင်နယ်

Photo: အမ်းမရိတ်စ်မှာ မျက်နှာမပျက်ခဲ့ရတဲ့ အာဆင်နယ်
Sunday, Augest 04, 2013

အမ်းမရိတ်စ်ဖလား ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်မှာတော့ (၂-၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ပွဲအတွက် နာပိုလီ လူစာရင်းမှာ ဟီဂူအင် ပါလာတာကလည်း တစ်မျိုးတစ်ဖုံ စိတ်ဝင်စားစရာကောင်းခဲ့ပြီး ဒီကစားသမားဟာ အခုအပြောင်းအရွှေ့ ကာလမှာ အာဆင်နယ်ကခေါ်ဖို့ကမ်းလှမ်းခဲ့ဖူးတဲ့
သူဖြစ်ပါတယ်။

အာဆင်နယ်ဟာ အိမ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့ရပေမယ့် ပွဲချိန် ၇မိနစ်မှာပဲ အင်ဆိုင်နီရဲ့ ညာခြေကန်ချက်နဲ့အတူ အဖွင့်ဂိုးစပေးခဲ့ရပါတယ်။ ဒီဂိုးဟာ အာဆင်နယ် ဘယ်တောင်ပံမှာလိုအပ်ချက်တွေ ဖြစ်နေပြီဆိုတာ
ထောက်ပြခဲ့ပြီး အင်ဆိုင်နီက အသာအယာ သွင်းယူခဲ့တာပါ။

ဒါပေမဲ့ အာဆင်နယ်ဟာ ပွဲချိန် ၁၇မိနစ်မှာတော့ ပင်နယ်တီ ရခဲ့ပြီး ဒီပင်နယ်တီဟာ ကွင်းလယ်ဒိုင်ကို ဝေဖန်သံတွေ ထွက်စေခဲ့ပါတယ်။ ဒီပင်နယ်တီကို ပိုဒေါစကီးကန်သွင်းရာမှာ လီဗာပူးကနေ အငှားလာကစားတဲ့ ဂိုးသမား ရေနာ ကာကွယ်နိုင်ခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။ဒီဂိုးဟာလည်း ခံစစ်ကြောင်း အားနည်မှုက ပေးလိုက်ရတာဖြစ်ပြီး တစ်ကိုယ်တော် ထိုးဖောက်လာတဲ့ ဟမ်ဆစ်က လူကပ်မခံထားရတဲ့ ပန်ဒက်ဇ်ထံ ထိုးပေးရာကနေ ဒီကစားသမားက သွင်းယူခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားပုံ ပိုတက်လာပြီး ပွဲချိန် ၇၂မိနစ်မှာတော့ ပထမဆုံး ချေပဂိုး စရသွားခဲ့ပါတယ်။ ဒီဂိုးဟာ ဂီးရော့ဒ်ရဲ့ နောက်ပြန် ကန်ချက်ကနေ ဆက်ဂ်ညာရဲ့ ကျောကိုထိပြီး ၀င်သွားခဲ့တာပါ။ ဒါ့အပြင် ပွဲချိန် ၈၅မိနစ်မှာ ဒုတိယမြောက် ချေပဂိုး ရသွားခဲ့ပြီး ဒီဂိုးဟာ ကိုစီယယ်နီရဲ့ လျှက်တစ်ပြက် ပိတ်သွင်းမှုကြောင့်လို့ ဆိုရပါလိမ့်မယ်။ဂီးရာ့ဒ်ရဲ့ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်ကို
ရေနာကာကွယ်နိုင်ခဲ့ပေမယ့် ဒီကနေ ပြန်ထွက်လာတဲ့ဘောလုံးကို ကိုစီယယ်နီ ပြေးဝင်ပိတ်သွင်းတာကိုတော့ ရေနာမတတ်နိုင်ခဲ့ဘဲ ချေပဂိုးပေးခဲ့ရတာပါ။

http://yoyarlay.com/sport/football/36961-2013-08-03-22-40-48
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: Aug 4, 2013

အမ်းမရိတ်စ်ဖလား ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ်နဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်မှာတော့ (၂-၂)ဂိုးစီ သရေကျသွားခဲ့ပါတယ်။

ရန်ကုန်ဘူတာကြီးအနီး ဂုံးကျော်တံတားပေါ်မှ ကားတစ်စီး အရှိန်လွန်ပြုတ်ကျ (နောက်ဆက်တွဲသတင်း)


RangonNewsDaily:: Aug 4, 2013
ရန်ကုန်၊ ဩဂုတ် ၄ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဇိမ်ခံကားတစ်စီး (ပါဂျဲ
ရိုး) သည် သြဂုတ်လ ၄ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က ဆူးလေဘုရားလမ်းမပေါ်ရှိ ယောက်လမ်းမှတ်
တိုင် အနီး ရထားဂုံးကျော် တံတားပေါ်မှ အရှိန်လွန်ပြီး ရထားသံလမ်းပေါ်သို့ ပြုတ်ကျခဲ့သည်။

ရန်ကုန်ဘူတာကြီးအနီးရှိ ကုန်းတံတားပေါ်မှပါဂျဲရိုးကားတစ်စီးအရှိန်လွန်ပြုတ်ကျ

ရန်ကုန်ဘူတာကြီးအနီးရှိ ကုန်းတံတားပေါ်မှပါဂျဲရိုးကားတစ်စီးအရှိန်လွန်ပြုတ်ကျ

Kolatt :: Aug 4, 2013

ယနေ့နေ့လည်က ရန်ကုန်ဘူတာကြီးအနီးရှိ ကုန်းတံတားပေါ်မှပါဂျဲရိုးကားတစ်စီးအရှိန်လွန်ပြုတ်
ကျခဲ့ရာ ကားပေါ်ပါသူတချို့ဒဏ်ရာရရှိသွားကြောင်းသိရသည်။

ဓါတ်ပုံ -မင်းမင်းထွန်း( Popular Myanmar)

RangonNewsDaily:: Aug 4, 2013
ယနေ့နေ့လည်က ရန်ကုန်ဘူတာကြီးအနီးရှိ ကုန်းတံတားပေါ်မှပါဂျဲရိုးကားတစ်
စီးအရှိန်လွန်ပြုတ်ကျခဲ့ရာ
ကားပေါ်ပါသူတချို့ဒဏ်ရာရရှိသွားကြောင်းသိရသည်။

တိုင်ဖွန်းမုန်တိုင်း JEBI ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေ မြန်မာပြည်အလယ်ပိုင်းကိုရွေ့လျှားလာနေ


Kolatt:: Aug 4, 2013
(၁) တိုင်ဖွန်းမုန်တိုင်း JEBI ဟာ (၃-၈-၂၀၁၃)ရက် ညနေပိုင်းမှာ ဗီယက်နမ်နိုင် ငံမြောက်ဖက် ကမ်းခြေ ကို ဖြတ်ကျော် ၀င်ရောက်ပြီးတဲ့နောက် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်တွေဟာ အနောက်မြောက်ဖက်ဦးတည်ရာမှ အနောက်ဖက်ကို ဦးတည်ရွေ့လျှားလာတဲ့ အတွက် မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ မြောက်ပိုင်းဒေသတွေဆီကို ဦးတည်ရွေ့လျှားလာနေပြီဖြစ်ပါတယ
်။

လုပ်အားပေးခိုင်းစေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို တရားစွဲမည်

RangonNewsDaily:: Aug 4, 2013

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ဒေသခံရွာသားများကို လုပ်အားပေး စေခိုင်းသည်ဟုဆိုကာ လမ်းခွကျေးရွာ အုပ်ချုပ်ရေးမှူးကို တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုသွားမည် ဖြစ်ကြောင်း လမ်းခွကျေးရွာအုပ်စု အရှေ့ရွာသစ်ကျေးရွာမှ တိုင်ကြားသူ ဦးစိုးဝင်းက The Voice သို့ ပြောကြားသည်။

မန္တလေးမြို့တွင် ကျင်းပမည့် ရှစ်လေးလုံး ငွေရတုပွဲ အစီအစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ် တင်ပြရ

RangonNewsDaily:: Aug 4, 2013
မန္တလေးမြို့တွင် အထက်မြန်မာပြည် ကိုယ်စားပြု ကျင်းပမည့် ရှစ်လေးလုံးငွေရတု အခမ်းအနား အစီအစဉ်များနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးရုံးသို့ အသေးစိတ် တင်ပြခဲ့ရပြီး ခွင့်ပြုချက် ရရှိခဲ့သည်ဟု သိရှိရသည်။သြဂုတ် ၂ ရက် ညနေပိုင်းက ရှစ်လေးလုံး ငွေရတုပွဲ ကျင်းပရေး ကော်မတီအား ခရိုင်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူတွေ့ဆုံခဲ့ပြီး ၂၅ နှစ်ပြည့်ပွဲ အစီအစဉ်များအား အသေးစိတ် တင်ပြစေခဲ့ရခြင်း ဖြစ်သည်ဟု ပွဲကျင်းပရေးနှင့် ပြန်ကြားရေး ကော်မတီမှ သိရသည်။

ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှုတွင် လူငါးဦး သေဆုံးခဲ့ပြီး ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ဦးရေ ၁၀၀၀၀ ကျော်အထိ ရှိနေ

F-4-8
ဘားအံမြို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ်


ကရင်ပြည်နယ်အတွင်း ရေလွှမ်းမိုးမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ငါးဦးရှိခဲ့ပြီး ဘားအံမြို့၊ ရေဘေးကယ်ဆ
ယ်ရေး စခန်းများတွင် ရေဘေးသင့်ဦးရေ ကျား၊မ၊ ကလေး ၁၀၀၄၅ ဦးရှိကြောင်း သိရသည်။

Rick Heizam + ဆုဝေလှိုင်နဲ့ ဦးဝီရသူရဲ့ မျိုးစောင့်ဥပဒေကို ဘယ်လိုဖြေရှင်းမလဲ

ဒီ သြဂုတ်လ စစချင်း မြန်မာမီဒီယာများကြားနဲ့ ရခိုင်လူမျိုးတို့ကြား ရေပန်းစားနေသော သူတစ်ဦး ရှိခဲ့လေသ
ည်။ ထိုသူမှာ ဘယ်သူနည်း။ထိုသူကတော့ ……….