Pages

Saturday, August 3, 2013

မြန်မာနေရှင်နယ်လိဂ်၏သမိုင်းဝင်ပွဲစဉ်တစ်ခုဖြစ်လာမည့် နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့  ၏ ဗိုလ်လုပွဲ ပွဲစဉ်

Photo: မြန်မာနေရှင်နယ်လိဂ်၏သမိုင်းဝင်ပွဲစဉ်တစ်ခုဖြစ်လာမည့် နေပြည်တော်
အသင်း နှင့် ရန်ကုန်ယူနိုက်တက်အသင်း တို့  ၏ ဗိုလ်လုပွဲ ပွဲစဉ်
Saturday, Augest 03, 2013

ယခုလာမည့် သြဂုတ် (၄) ရက်နေ့  ညနေ (၆း၀၀)နာရီ အချိန်တွင် နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ သည် မြန်မာနေရှင်နယ်လိဂ် ၏ ပွဲစဉ်(၂၂) ဗိုလ်လုပွဲ စဉ် အား နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်း တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း Myanmar News International မှ သတင်းရရှိသည်။ 

ထိုပွဲစဉ် အား ပြုလုပ်ကျင်းပမည့် နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်း သည် 2013အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ အတွက် ပြုလုပ်ထာသောကွင်း
ဖြစ်ပြီး မြန်မာနေရှယ်လိဂ် ပွဲစဉ်များအားကျင့်ပလေ့ မရှိသောကွင်းဖြစ်သည်။ 
ယခုအခါ တွင် မြန်မာနေရှင်နယ်လိဂ် ၏ အောင်မြင်ဆုံးအသင်းဖြစ်သော ရန်ကုန်ယူနိုက်တက်အသင်း နှင့် နေပြည်တော်အသင်း တို့ ၏ ပွဲ စဉ်အား
ထိုကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သောကြောင့် မြန်မာနေရှင်နယ်လိဂ် 
ပွဲစဉ်တစ်လျှောက် သမိုင်းပွဲတစ်ပွဲဖြစ်လာကြောင်းသိရရှိသည်။ 

မြန်မာ့ဘောလုံးအားကစားအား ၂၀၀၉ခုနှစ်တွင် ပရော်ဖက်ရှင်နယ်အဖြစ်
စတင်ပြောင်းလဲ ခဲ့ပြီး ၂၀၀၉ ခုနှစ် နှင့် ၂၀၁၀ခုနှစ် တို့ တွင် ရတနာပုံအသင်း
မှ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံအဖြစ် ၂နှစ်ဆက်တိုက်ရရှိခဲ့သည်။
၂၀၁၁ခုနှစ် ၊ ၂၀၁၂ ခုနှစ် နှင့် ယခု ၂၀၁၃ ခုနှစ် တွင် ရန်ကုန်ယူနိုက် တက်အသင်းမှ မြန်မာနေရှင်နယ်လိဂ် ၏ ၃နှစ်ဆက်တိုက်ချန်ပီ ယံဖြစ် ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ပွဲ တစ်လျှောက်အအောင်မြင်ဆုံး
အသင်းတစ်သင်းအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ နေပြည်တော်အသင်း နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲ စဉ် အပြီးတွင် ၂၀၁၃ ခုနှစ် မြန်မာနေရှင်နယ်လိဂ်
ချန်ပီယံ အသင်းဖြစ်သော ရန်ကုန်ယူနိုက်အသင်းအား ချန်ပီယံဆုဖလားအား
ပေးအပ်မည်ဖြစ်ကြောင်းသိရှိရသည်။

ထိုပွဲသို့  လိုက်ပါအားပေးမည့်ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ် များအား ဇူလိုင်လ (၃၁) ရက်နေ့ တွင် ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ ရန်ကုန်ယူနိုက်အသင်း ပိုင်Yangon United Sports Complex သို့  လာရောက်စာရင်းပေးသွင်းရန်ရန်ကုန်ယူနိုက်အသင်းမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုပွဲသို့ ရန်ကုန်ယူနိုက်တက်အသင်း ပရိတ်သတ် အယောက် (၅၀၀) ကိုသာလက်ခံခဲ့ပြီး စာရင်းစဖွင့်ပြီးချိန် မိနစ် (၃၀) အတွင်း အယောက်(၅၀၀)
ပြည့်သွားခဲ့သည်။ ထိုပွဲသို့ သွားရောက်ကြည့်ရန် သြဂုတ်လ (၄) ရက်နေ့  
နံနတ် (၉း၀၀)နာရီတွင် Yangon United Sports Complex မှ စတင်ထွက် ခွာ မည်ဖြစ်ပြီး နေပြည်တော် သို့ အရောက်လျှင် ဥပါသန္တိ စေတီတော် အား ဝင်ရောက်ဖူးမျှော်မည်ဖြစ်ပြီး ထိုမှ တစ်ဆင့်ဘောလုံးပွဲယှဉ်ပြိုင်ကစား မည့် ၀ဏ္ဏသိဒ္ဓိကွင်း သို့  သွားရောက် ၍ နေပြည်တော်အသင်း နှင့် ရန်ကုန်ယူနိုက် အသင်းတို့  ၏ ပွဲ စဉ်အားသွားရောက်အားပေးပြီး ဆုပေးပွဲအပြီးတွင် ရန် ကုန် သို့  ပြန်လည်ထွက်ခွဲလာမည်ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်အင်း ၏ သတင်းထုတ်ပြန်ချက်များအရသတင်းရရှိသည်။ 

ထိုပွဲစဉ် ၏ ထူးခြားချက်မှာ အခြား မြန်မာနေရှယ်နယ်လိဂ် ပွဲစဉ် များ ယှဉ်ပြိုင်ကစားခဲ့စဉ် က မန္တလေး ၊ တောင်ကြီး ၊ မုံရွာ တို့  တွင် ယှဉ်ပြိုင်
ကစားမည့် ပွဲစဉ် များသို့ လိုက်ပါအားပေးမည့် ပရိတ်သတ်များ အား 
လိုက်ပါအားပေးမည် ဆိုပါက အခကြေးငွေးများကောက်ခံခဲ့ပြီး ယခုပွဲစဉ် သို့ 
လိုက်ပါကြည့်ရှုအားပေးကြမည့် ရန်ကုန်ယူနိုက်အသင်းပရိတ်သတ်များအား 
အခကြေးငွေ မယူပဲ အခမဲ့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ 
ထိုပွဲ အား Channel7 TV Channel မှ ညနေ (၆း၀၀) မှ စတင်ပြီးတိုက် ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း Myanmar News International မှ သတင်းရရှိသည်။

ဓာတ်ပုံ-YUFC
Myanmar News International

RangonNewsDaily:: Aug 3, 2013

ယခုလာမည့် သြဂုတ်(၄)ရက်နေ့  ညနေ (၆း၀၀)နာရီ အချိန်တွင် နေပြည်တော် အသင်း နှင့် ရန်ကုန်ယူနိုက်
တက် အသင်းတို့ သည် မြန်မာနေရှင်နယ်လိဂ် ၏ ပွဲစဉ်(၂၂) ဗိုလ်လုပွဲ စဉ် အား နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်း တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Breaking News: ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၄ ဦး ဒဏ်ရာရ

Photo: Breaking News: ထိုင်းနိုင်ငံတွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်သား ၄ ဦး ဒဏ်ရာရ
Saturday, Augest 03, 2013

နာရတ်သီဝပ်တ်ရှိ စစ်တပ်မှ စစ်သား ၈ ဦးမှာ မော်တော်ဆိုင်ကယ် ၄ ဦးဖြင့် ကင်းလှည့်နေစဉ် ထိုင်းစံတော်ချိန် စနေနေ့ (သြဂုတ် ၃ ရက်) နံနက် ၉ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့

ထိုင်းနိုင်ငံတောင်ပိုင်း နာရတ်သီဝပ်တ် (Narathiwat) ပြည်နယ် Tak Bai ဒေသတွင် ယနေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ စစ်သား ၄ ဦး ဒဏ်ရာရရှိသွားပြီး ယင်းတိုအနက် ၂  ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ နာရတ်သီဝပ်တ်ရှိ စစ်တပ်မှ စစ်သား ၈ ဦးမှာ မော်တော်ဆိုင် ကယ် ၄ ဦးဖြင့် ကင်းလှည့်နေစဉ် ထိုင်းစံတော်ချိန် စနေနေ့ (သြဂုတ် ၃ ရက်) နံနက် ၉ နာရီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဟု Tak Bai ရဲတပ်ဖွဲ့အရာရှိ က ပြောကြားသည်။ စစ်သားများ မော်တော်ဆိုင်ကယ်ဖြင့် ကင်းလှည့်နေစဉ် လမ်းမတွင် တပ်ဆင်ထားသော ဗုံးကို သူပုန်များကအဝေးထိန်း စနစ်ဖြင့် ဖောက် ခွဲခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသွားသော စစ်သားများကို နာရတ်သီဝပ်တ် ရတ်ချနာကရင်န်ဆေးရုံသို့ တင်ပို့လိုက်ကြောင်း Bangkok Post က ဖော်ပြသည်။

Planet Myanmar Network

RangonNewsDaily:: Aug 3, 2013
ထိုင်းနိုင်ငံတောင်ပိုင်း နာရတ်သီဝပ်တ် (Narathiwat) ပြည်နယ် Tak Bai ဒေသတွင် ယနေ့ နံနက်ပိုင်းက ဗုံး
ပေါက်ကွဲမှုဖြစ်ပွားရာစစ်သား၎ ဦးဒဏ်ရာရရှိသွားပြီးယင်းတိုအနက်၂  ဦးမှာ ဏ်ရာပြင်းထန်ကြောင်း
 သိရသည်။

Apple Store app သုံးရင် Free App ရမယ်

Photo: Apple Store app သုံးရင် Free App ရမယ်
Saturday, Augest 03, 2013

Appleက သူ့ရဲ့ iPhone အသုံးပြုသူတွေအတွက် ကုမ္ပဏီက ဖန်တီးထားတဲ့ Apple Store appကို သုံးစွဲသူများအား အခမဲ့ Download ရယူ သုံးစွဲနိုင်အောင် စီစ ဉ်ပေးထားကြောင်း သိရပါတယ်။ Apple Store app တော့ Apple ပစ္စည်းများနှင့် accessories များကို iPhone, iPadတို့မှ ဝယ်ယူလို့ရအောင် စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်။ ဒီအစီအစဉ်လေးဖြင့် Apple Store appကို ပိုမို အသုံးပြုသူ များလာအောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခမဲ့ ဒေါင်းလို့ ရသည်ကတော့ Color Zen အမည်ရှိတဲ့ USD 0.99 တန် Puzzle Game တစ်ခု ဖြစ်ပြီး နိုင်ငံအလိုက် အခမဲ့ ရယူသုံးစွဲခွင့်ပေးတဲ့ အရောင်းမြှင့်တင်ခြင်းဟာ လာမယ့် သြဂုတ်လ ၂၇ရက်နေ့ထိ သာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Myanmar ICT ·

RangonNewsDaily:: Aug 3, 2013

Appleက သူ့ရဲ့ iPhone အသုံးပြုသူတွေအတွက် ကုမ္ပဏီက ဖန်တီးထားတဲ့ Apple Store appကို သုံးစွဲသူများ
အား အခမဲ့ Download ရယူ သုံးစွဲနိုင်အောင် စီစ ဉ်ပေးထားကြောင်း သိရပါတယ်။

အချစ် ပုစ္ဆာကြီး (၅)ခု

Photo: အချစ် ပုစ္ဆာကြီး (၅)ခု
Saturday, Augest 03, 2013

ပထမဆုံး စာဖတ်သူအနေနဲ့ ဒီမေးခွန်း(၅)ခုကို ဖြေကြည့်ပါ။ မိမိ စိတ်ကူးနဲ့ အဖြစ်နိုင်ဆုံး အဖြေကို ခန့်မှန်းကြည့်ပေးပါ။
၁။ ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက တစ်ယောက်အပေါ် တစ်ယောက် စချစ်လေ့ရှိလဲ။

၂။ မြင်မြင်ချင်းအချစ်မှာ ယောက်ျားနဲ့မိန်းမ ဘယ်သူက ပို ဖြစ်လေ့ရှိလဲ။

၃။ ယောက်ျားနဲ့မိန်းမမှာ အချစ်ဟာ ထာဝရတည်တံ့နေ တယ်လို့ ဘယ်သူက ပိုပြီး ယုံကြည် လေ့ရှိလဲ။

၎။ ပြီးပြည့်စုံတဲ့ အချစ်ရှိ တယ်လို့ ဘယ်သူက ပိုယုံကြည် လေ့ရှိလဲ။

၅။ အချစ်မပါဘဲ လက်ထပ် ချင်တဲ့သူက ဘယ်သူတွေလဲ။

ဒီမေးခွန်းကို ပရော်ဖက်ဆာ တစ်ယောက်က သူ့ကျောင်းသား တွေကို မေးကြည့်တယ်။ ကျောင်း သားတွေ အထင်နဲ့ ရမ်းကြိတ်တဲ့ အဖြေကတော့ အများစုဟာ ]မိန်းမ} ဖြစ်နိုင်တယ်တဲ့။ တကယ့် တကယ် တမ်းအဖြေမှန်ကတော့ ]ယောက်ျား} တွေပဲ ဖြစ်ပါတယ်။

ဒီရလဒ် အဖြေကြောင့် ပရော် ဖက်ဆာရဲ့ ကျောင်းသားတွေ အံ့ အားသင့်သွားကြသလို စာဖတ် သူလည်း အံ့အားသင့်သွား နိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ စနိုးဝှိုက်ပုံပြင်တွေဟာ အမျိုးသမီး တွေအတွက်သာဖြစ်ခဲ့ပြီးယောက်ျား တွေအတွက်ကတော့ အချစ်ထက် ကာမကို ပိုဦးစားပေးလိမ့်မယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကြောင့်ပဲ ဖြစ်ပါ တယ်။

အမှန်တော့ ယောက်ျားတွေ ကို ချည်နှောင်ထားတဲ့အချက် သုံးချက် ရှိပါတယ်။ ]ရုပ်ရည်ရူပါ}၊ ]အလုပ်အကိုင်၊ အသက်မွေးဝမ်း ကျောင်း}၊ ]ကိုယ်ခန္ဓာတောင့် တင်း ကြံ့ခိုင်မှု}တို့ပဲ ဖြစ်ပါတယ်။ 
မြင်မြင်ချင်းအချစ်မှာ ဘာ ဖြစ်လို့ ယောက်ျားတွေက ပို များနေရတာလဲ။
အကြောင်းရင်းကတော့ ယောက်ျားတွေဟာ ရုပ်ရည်ရူပါ အနေအထားအပေါ်မှာ ကြီးမား ကျယ်ပြန့်တဲ့ စိတ်ခံစားမှုတွေကို ထားလေ့ ရှိကြပါတယ်။ ရုပ်ရည် ကို ကြည့်ပြီးတော့ ]ဒီကောင်မလေး ကတော့ ငါ့အတွက်ပဲ}၊ ]သူကတော့ ငါ့နံရိုးရှင်}ပဲ ဆိုပြီး လျင်လျင်မြန်မြန် ပိုချစ်လေ့ ရှိကြပါတယ်။

ဒီလို ရုပ်ရည်အပေါ် အသေး စိတ်ကြည့်တဲ့အလေ့အထဟာ မိန်းမ တွေမှာလည်း ရှိနိုင်၊ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိန်းမတွေမှာ ပိုသွားတဲ့ အချက်တွေကတော့ သူတို့မှာ နောင်တစ်ချိန် မိသားစုဘ၀ တည် ထောင်မယ်ဆိုတဲ့ စိတ်ကူး၊ ရည်ရွယ် ချက်တွေပါ ထည့်သွင်း စဉ်းစားတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။ သူ တို့တွဲတဲ့ ယောက်ျားတစ်ယောက် ဟာ မိသားစုဘ၀ကို ကောင်းမွန်စွာ တည်ဆောက်နိုင်တဲ့ သူတစ် ယောက်လား၊ သူ့အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းက ဘာ လုပ်လဲ၊ ကိုယ်နဲ့ အိမ်ထောင်ကျရင် စားဝတ်နေရေး အဆင်ပြေပါ့ မလား ဆိုတာ မိန်းမတွေ ကြည့်တဲ့ တခြား အကြည့်များပဲ ဖြစ်ပါတယ်။ ဒါ ကြောင့် မြင်မြင်ချင်း အချစ်ဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုပြီး အချစ်နာရောဂါ ကျရတာပါ။

ဒီလိုမျိုး နောင်ရေးအတွက် ကြည့်တတ်တဲ့ အကြည့်၊ အကျင့် ဟာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင် အမျိုးသမီးတွေမှာတောင် ဖြစ် လေ့ရှိပါတယ်။ အိမ်ထောင်ကျရင် သူတို့လုပ်တဲ့ အလုပ်အပေါ် အပြန် အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အကျိုးပြုနိုင်ရဲ့လားဆိုတာ စဉ်းစား လေ့ရှိကြပါတယ်။ ဒီအတွက် ယောက်ျားတစ်ယောက်ရဲ့ အလုပ် အကိုင်၊ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးလုပ်ငန်းတို့ဟာ မိန်းမတွေ အတွက် ထည့်သွင်းစဉ်းစားစရာ အ ချက်တွေပဲ ဖြစ်ပါတယ်။ ယောက်ျား တစ်ယောက်ကို ယူတဲ့အခါမှာ မိန်းမ တစ်ယောက်ဟာ အဲဒီ့ယောက်ျားရဲ့ အဆင့်အတန်း၊ ဂုဏ်ကိုပါ မသိမသာ ကြည့်ပြီးမှ ]အင်း}ဆိုပြီး ခေါင်းညိတ်လေ့ရှိကြတယ်။ ဒါဟာ ]ယောက်ျားရှိမှ တင့်တယ်တယ်}ဆိုတဲ့ စကားလိုပါပဲ။ ဒါဟာ မိန်းမတွေ အတွက် အပြစ်တစ်ခု၊ အားနည်း ချက်၊ စကားနာထိုးစရာတစ်ခုတော့ မဟုတ်ပါဘူး။ 

ဘာဖြစ်လို့လဲ ဆိုတော့ ယောက်ျားတွေဟာ မိန်းမ တွေထက် ပိုပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းကြပြီး အနိုင်ကျင့် လာမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ယောက်ျားတစ် ယောက်ရဲ့ စိတ်သဘောထားနဲ့ တခြားတည်ငြိမ်တဲ့ အနေအထားတို့ ကို လေ့လာတွက်ချက် ကြရခြင်းပဲ ဖြစ်ပါတယ်။

ကျား၊ မ သဘောသဘာဝမှာ ယောက်ျားတွေဟာ ညစ်ညမ်း အခွေကို ပိုကြိုက်ပြီး မိန်းမတွေ ကျတော့ အချစ်ဝတ္တုကောင်းတွေကို ပိုသဘောကျကျတယ်။ ဒါပေမဲ့ မိန်းမတွေဟာ ယောက်ျားတစ် ယောက်ကို အချစ်ထက် တခြား အကြောင်းရင်းတွေကို ဦးစားပေးပြီး လက်ထပ်ချင်ကြပါတယ်။ လက်ထပ် နိုင်တဲ့ ငွေရေးကြေးရေး အင်အား တောင့်တင်းနေမယ်ဆိုရင် ဒါဟာ မိန်းမတွေအတွက် အချစ်ကို နောက် ပစ်ပြီး ဘ၀ကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ စဉ်းစားလေ့ရှိကြပါတယ်။ အချစ်စစ်တစ်ခုတည်းနဲ့တင် ဘ၀ တစ်ခုကို မတည်ဆောက်နိုင်ဘူးလို့ ယုံကြည်ထားလေ့ ရှိကြပါတယ်။

ဒါနဲ့ သတင်းကောင်းတစ်ခုက တော့ အခုခေတ်မှာ အမျိုးသမီးတွေ ဟာ အမှီအခိုကင်းပြီး မိမိဘာသာ ရပ်တည်လာနိုင်ကြပြီဖြစ်တဲ့ အတွက် အချစ်ကိုပဲ ကြည့်ပြီး လက် ထပ်တဲ့ မိန်းမတွေ အများအပြား ရှိနေတယ်လို့ ပုရိသထုကြီးအတွက် သတင်းကောင်းပါးရင်း . . .။ 

မေနဒီ
8 DAYS

RangonNewsDaily:: Aug 3, 2013

ပထမဆုံး စာဖတ်သူအနေနဲ့ ဒီမေးခွန်း(၅)ခုကို ဖြေကြည့်ပါ။ မိမိ စိတ်ကူးနဲ့ အဖြစ်နိုင်ဆုံး အဖြေကို ခန့်မှန်း
ကြည့်ပေးပါ။ ၁။ ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက တစ်ယောက်အပေါ် တစ်ယောက် စချစ်လေ့ရှိလဲ။

ဗိုလ်ချုပ်လက်ရေးမူကို အခမ်းအနားနှင့် ယူဆောင်လျှင် ဒေသခံများ လက်ခံမည်ဟုဆို

RangonNewsDaily:: Aug 3, 2013

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်လက်ရေးမူ စာအုပ်ကို နိုင်ငံတော်သို့ အပ်နှံသည့် အခမ်းအနားတစ်ခု ကျင်းပပေးပြီး ယူဆောင်မည်ဆိုပါက ရေနံချောင်း မြို့ဒေသခံများက လက်ခံမည် ဖြစ်ကြောင်း ရေနံချောင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ငွေက သြဂုတ်လ ၂ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

ဇနီးဖြစ်သူအား ဦးစားပေးရန် သူကောင်းဘွဲ့ ခံယူရမည့် အခွင့်အရေး ကို ငြင်းဆိုလိုက်သည့် မန်ယူ နည်းပြဟောင်း ဖာဂူဆန်

Photo: ဇနီးဖြစ်သူအား ဦးစားပေးရန် သူကောင်းဘွဲ့ ခံယူရမည့် အခွင့်အရေး ကို ငြင်းဆိုလိုက်သည့် မန်ယူ နည်းပြဟောင်း ဖာဂူဆန်
Saturday, Augest 03, 2013

မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်သည် သူကောင်းဘွဲ့ ခံယူရန် အခွင့်အရေးကို ငြင်းဆိုလိုက်ကြောင်း သိရသည်။ အသက် ၇ဝ နှစ်ရှိ ဖာဂူဆန်သည်၎င်း၏ဇနီး ကေသီအား ပထမဦးစားပေး အဖြစ် အနီး ကပ်ပြုစုရန် ကတိပြုထားပြီ ဖြစ်သောကြောင့် နိုင်ငံရေး ပါတီကြီး တစ်ခုဖြစ်သည့် လေဘာပါတီက အဆိုပြုသည့် အဆိုပါ အခွင့်အရေး အား ငြင်းဆိုရန်  ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

နည်းပြ ဖာဂူဆန်သည် မေလအတွင်းက မန်ယူ မန်နေဂျာအဖြစ်မှ နုတ်ထွက် လိုက်ချိန်တွင် ၎င်းအား လေဘာပါတီက ဂုဏ်ပြုသည့် အနေဖြင့် အဆိုပါ သူကောင်းဘွဲ့အား ပေးအပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ လေ ဘာပါတီ ဝင်များနှင့် ယင်းပါတီကို အထောက်အပံ့ ပေးအပ် ခဲ့ခြင်းကြောင့် သူကောင်းဘွဲ့ထူး အပ်နှံခြင်း ခံရမည့် အမည်စာရင်းကို  ဇူလိုင် ၁ရက်နှောင်းပိုင်းတွင် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

RangonNewsDaily:: Aug 3, 2013

မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်သည် သူကောင်းဘွဲ့ ခံယူရန် အခွင့်အရေးကို ငြင်းဆိုလိုက်ကြောင်း သိရသည်။

Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်

Photo: Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်
Saturday, Augest 03, 2013

ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက်က ပြောကြားသည်။

“အခု မိတ်ဆက်တဲ့ Tab 3 တွေက အရင် ဆမ်ဆောင်း တက်ဘလက်တွေ ထက် ပိုပါးတယ်။ ပေါ့လည်း ပိုပေါ့တယ်” ဟု ၎င်းက ပြောဆိုသည်။

ဆမ်ဆောင်း ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်ထားသော Tab 3 အမျိုးအစား ၇ လက်မ၊ ၈ လက်မနှင့် ၁၀ ဒသမ ၁ လက်မ တက်ဘလက် သုံးမျိုးလုံးသည် 3G မိုဘိုင်းလ်ဖုန်း စနစ် အသုံးပြုနိုင်ပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ Channel Manager ဦးဇော်ကိုကိုထွန်းက ပြောဆိုသည်။

၇ လက်မအရွယ် Tab 3 တက်ဘလက်ကို ကျပ် သုံးသိန်း သုံးသောင်းနီးပါး၊ ၈ လက်မအရွယ် Tab 3 ကို ကျပ် လေးသိန်း နီးပါးနှင့် ၁၀ ဒသမ ၁ လက်မ အရွယ် Tab 3 ကို ကျပ် လေးသိန်း ငါးသောင်းခန့် ဖြင့် ရောင်းချဖွယ် ရှိပြီး ဈေးနှုန်း အတိအကျ မသိရှိရသေးကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။

ဆမ်ဆောင်း မြန်မာ ကုမ္ပဏီသည် ဆမ်ဆောင်း ဆိုင်ခွဲများကို ရန်ကုန်တွင် ၁၁ ဆိုင်၊ မန္တလေးတွင် သုံးဆိုင်၊ တောင်ကြီးမြို့နှင့် မုံရွာမြို့တို့တွင် တစ်ဆိုင်စီ ဖွင့်လှစ်ထားပြီး မကွေးမြို့တွင်လည်း ထပ်မံ ဖွင့်လှစ်မည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

The Voice Weekly

RangonNewsDaily:: Aug 3, 2013

ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက်က ပြောကြားသည်။

ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်းလ်ဖုန်း HUAWEI ASCEND P6 MODEL ပြည်တွင်း၌ မကြာမီ ဖြန့်ချိမည်

Photo: ကမ္ဘာ့ အပါးလွှာဆုံး မိုဘိုင်းလ်ဖုန်း HUAWEI ASCEND P6 MODEL ပြည်တွင်း၌ မကြာမီ ဖြန့်ချိမည်
Saturday, Augest 03, 2013

မြန်မာနိုင်ငံ အတွင်းသို့ မကြာမီ ဝင်ရောက်ဖြန့်ချိမည့် ကမ္ဘာ့အပါး လွှာဆုံး မိုဘိုင်းလ်ဖုန်း Huawei Ascend P6 Model အမျိုးအစား ဟန်းဆက်ကို သြဂုတ်လတွင် စတင် ရောင်းချပေး မည် ဖြစ်ကြောင်း Huawei ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
အဆိုပါ Huawei Ascend P6 ၏ အထူမှာ ၆ ဒသမ ၁၈ မီလီမီတာ ရှိပြီး အလေးချိန် ၁၂ဝ ဂရမ်သာ ရှိကြောင်း၊ ဖုန်းမျက်နှာပြင် အကျယ်မှာ ၄ ဒသမ ၇ လက်မ ရှိကြောင်း၊ ကိုယ်ထည် ကို တောက်ပြောင် ချောမွေ့သော သတ္တုဖြင့် ပြုလုပ်ထားပြီး ဘေးကိုယ်ထည် နံရံများကိုလည်း သတ္တုများ ထည့်သွင်း ပြုလုပ်ထားကြောင်း သိရသည်။

''အခုထုတ်တဲ့ ဟန်းဆက်မှာ ကင်မရာက 8 MP ရှိပြီးတော့ ရှေ့ကင်မရာက 5 MP အထိရှိတယ်။ ညအမှောင် ထဲမှာ ဓာတ်ပုံရိုက်ရင်လည်း ကာလာနဲ့ ပုံထွက်ကောင်းတယ်။ အလင်းအမှောင်ကို အလိုအလျောက် (Auto) ချိန်ညှိပေးတယ်။ ဗီဒီယိုရိုက်ကူးဖို့ ဘက်ထရီ 1080 pFull HD ပါဝင်တဲ့ အတွက် ဘက်ထရီအား ကောင်းမွန် ပါတယ်။ ပါဝါစား ၃ဝ ရာခိုင်နှုန်း သက်သာပါတယ်'' ဟု Huawei ကုမ္ပဏီမှ ဈေးကွက် မြှင့်တင်ရေး တာဝန်ခံ တစ်ဦးက ပြောကြားခဲ့သည်။

ယင်း Huawei Ascend P6 ဖုန်းကို စတိုင်ကျကျဖြင့် စမတ်ဖုန်း ကိုင်ဆောင် လိုသူများနှင့် နည်းပညာ မြင့်မားမှုကို ကြိုက်နှစ် သက်သူများ ဖြစ်သည့် အသက် ၂၅ နှစ်မှ ၃၅ နှစ်ကြား အသက်အရွယ် ရှိသူများ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သိုက်ရာဇာ
မြ၀တီ

Saturday, Augest 03, 2013

မြန်မာနိုင်ငံ အတွင်းသို့ မကြာမီ ဝင်ရောက်ဖြန့်ချိမည့် ကမ္ဘာ့အပါး လွှာဆုံး မိုဘိုင်းလ်ဖုန်း Huawei Ascend P6 Model အမျိုးအစား ဟန်းဆက်ကို သြဂုတ်လတွင် စတင် ရောင်းချပေး မည် ဖြစ်ကြောင်း Huawei ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။

မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်

Photo: မြန်မာ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး ကန်ဒေါ်လာ သန်း ၁၄၀ ကမ္ဘာ့ဘဏ်သုံးမည်
Saturday, Augest 03, 2013

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲမှ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးလင်းက The Voice သို့ ပြောကြားသည်။

ကမ္ဘာ့ဘဏ်က သုံးစွဲမည့် ယင်းငွေကြေးပမာဏသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့မှ ၂၀၁၄ ခုနှစ် ဇူလိုင် လ ၃၁ ရက် နေ့အထိ စီမံကိန်းကာလအတွက် အသုံးပြုရန် လျာထားခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ တိုးတက်ဖွံ့ဖြိုးရေးအသင်း (International Development Association) က အတိုးမဲ့ နှစ်စဉ်ချေးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ယင်းချေးငွေသည် နှစ်ပေါင်း ၄၀ ကြာမှ ပြန်လည် ပေးဆပ်ရမည် ဖြစ်ပြီး ကြားကာလတွင် ဆယ်နှစ် ဆိုင်းငံ့ခွင့် ရှိကြောင်း၊ အတိုးမဲ့ချေးငွေဖြစ်ကာ ဝန်ဆောင်ခအဖြစ် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကမ္ဘာ့ဘဏ်အနေနှင့် လျှပ်စစ်ကဏ္ဍတွင် ကူညီပံ့ပိုးပေးရန် စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံရှိ လူဦးရေ လေးဦးအနက် တစ်ဦးသာလျှင် လျှပ်စစ်ဓာတ်အား ရရှိနေခြင်း၊ ပြည်တွင်းတွင် လက်ရှိ အသုံးပြုနေသော ဓာတ်ငွေ့တာဘိုင်များမှာ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိနေပြီ ဖြစ်၍ လုပ်ငန်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် လျော့နည်းနေခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ၂၅ ရာခိုင်နှုန်းသော လျှပ်စစ်ဓာတ်အားများသည် ဓာတ်အားပေးပို့ ဖြန့်ဖြူးခြင်း အဆင့်တွင် ဆုံးရှုံးနေရခြင်း တို့ကြောင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ 

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှု မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် ကမ္ဘာ့ဘဏ်က ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို စွမ်းအင်မြှင့်တင်ခြင်း၊ ဓာတ်အားပေးပို့ ဖြန့်ဖြူးရာတွင် လေလွင့်သည့်ပမာဏကို လျော့ နည်းအောင် ဆောင်ရွက်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို လျော့နည်းစေနိုင်ကြောင်း ၎င်းကဆိုသည်။ 

ဓာတ်အားပေး စက်ရုံများရှိ ဓာတ်ငွေ့ တာဘိုင်များကို လဲလှယ် တပ်ဆင်ပေးရာတွင်လည်း ဝယ်ယူရေး ကန်ထရိုက် စာချုပ်များကို စနစ်တကျ ချုပ်ဆိုသွားမည်ဖြစ်ပြီး ကန်ထရိုက်ပေးရာတွင် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များကို ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ ပစ္စည်းဝယ်ယူရေး စည်းမျဉ်း လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။ 

မွန်ပြည်နယ် သထုံမြို့နယ်တွင် ယခင် ဓာတ်ငွေ့တာဘိုင် အဟောင်းများအစား ခေတ်မီနည်းပညာများဖြင့် အသုံးပြုထားသည် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ပေါင်းစပ်ပတ်လည် ဓာတ်ငွေ့ တာဘိုင် နည်းပညာသုံး စက်သစ်များဖြင့် လဲလှယ်တပ်ဆင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Khanthan Shankar က ပြောကြားသည်။ 

ကမ္ဘာ့ဘဏ်က ဆောင်ရွက်ပေးမည့် အဆိုပါ စီမံကိန်းများမှတစ်ဆင့် စက်ရုံအနီးရှိ ဒေသခံများ ရင်ဆိုင်ခံစားနေရသော စက်များလည် ပတ်မှုကြောင့် ထွက်ပေါ်လာသည့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် အသံဆူညံမှုများ သိသိသာသာ လျော့ပါးစေမည့် အပြင် လျှပ်စစ်မီး မလုံလောက်မှုနှင့် ပြတ်တောက်မှုများကို အထိုက်အသင့် လျော့ပါးသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြု လုပ်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

The Voice Weekly

RangonNewsDaily:: Aug 3, 2013

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ ထောက်ပံ့သုံးစွဲမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံးခွဲမှ ပြန်
ကြားရေးအရာရှိ ဦးကျော်စိုးလင်းက The Voice သို့ ပြောကြားသည်။

ယနေ့နံနက် ၁၁ နာရီခန့်က နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးဆန္ဒဖော်ထုတ်ပွဲတခု ဆူးလေတွင်ပြုလုပ်

Photo: ယနေ့နံနက် ၁၁ နာရီခန့် အချိန်တွင် ဆူးလေဘုရားလမ်းရှိ မဟာဗန္ဓုလပန်းခြံရှေ့ ဘတ်စ်ကားမှတ်တိုင် တွင် ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး 8-8-2013 ရက်နေ့တွင် နောက်ဆုံးထား၍ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဆန္ဒပြ ထုတ်ဖော်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ANS
Popular Myanmar News Journal

RangonNewsDaily:: Aug 3, 2013
ယနေ့နံနက် ၁၁ နာရီခန့် အချိန်တွင် ဆူးလေဘုရားလမ်းရှိ မဟာဗန္ဓုလပန်းခြံရှေ့ ဘတ်စ်ကားမှတ်တိုင် တွင် ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး 8-8-2013 ရက်နေ့တွင် နောက်ဆုံးထား၍ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဆန္ဒပြ ထုတ်ဖော်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဓမ္မစေတီခေါင်းလောင်း ပြန်ဆယ်ရန် အချိန်ကန့်သတ်မထားဟုဆို

RangonNewsDaily:: Aug 3, 2013

လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က ဒေါပုံမြစ်အတွင်း နစ်မြုပ်ခဲ့သော ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ခေါင်းလောင်း ဓမ္မစေတီမင်း ခေါင်းလောင်းကြီးကို ပြန်လည် ဆယ်ယူရန် ယဉ်ကျေးမှုဝန်ကြီးဌာနက အချိန်သတ်မှတ်ထားခြင်း မရှိကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မြောက်ကိုရီးယားခေါင်းဆောင် သုံးသော ပြည်တွင်းဖြစ် Tablet

RangonNewsDaily:: Aug 3, 2013

မြောက်ကိုရီးယားမှာ Tablet (ကျောက်သင်ပုန်း ကွန်ပြူတာ) ထုတ်လုပ် နိုင်မယ် လို့တော်တော်များများက မယုံကြည်ကြ ပါဘူး။ သို့ပေမယ့် တကယ် ထုတ်နိုင်ပါတယ်။

၂၂ နှစ်ဆိုတာ . . . (ဆောင်းပါ; ဒုတိယပိုင်း)

22year-july24

RangonNewsDaily:: Aug 3, 2013
(ဓာတ်ပုံ - ၁၉ . ၈ . ၈၈  ရက်နေ့ထုတ် လွတ်လပ်ရေး နေ့စဉ်သတင်းစာ)ယမန်နေ့မှအဆက်
"၂၂ နှစ်ဆိုတာ" ဆောင်းပါးကို ၂၀၁၀ က ရေးပါတယ်။ အဲဒီအချိန်က အရမ်းတင်းကျပ်တဲ့ အချိန်ဆိုတော့ ကျွန်တော့်ရဲ့ Facebook မှာပဲ တင်ဖြစ်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်း ၃၀-၄၀ လောက်ပဲ ဖတ်ရပါတယ်။ ၂၀၁၁ မှာ အဆက်နည်းနည်း ရေးဖြစ်ပါတယ်။ အဲဒီကျမှ ဒီဆောင်းပါးကို Publicize လုပ်ဖြစ်ပါတယ်။

မိုးကြီးခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် မြ၀တီ-မော်လမြိုင် ကုန်သွယ်ရေးလမ်းကြောင်း သုံးရက်ကြာ ရပ်နားထား၍ မော်လမြိုင်မြို့ပေါ်တွင် ထိုင်းကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်

RangonNewsDaily:: Aug 3, 2013
မြ၀တီ-မော်လမြိုင် ကုန်သွယ်ရေး လမ်းကြောင်းတွင် မိုးကြီးခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ဇူလိုင် ၃၁ ရက်မှ ယနေ့ သြဂုတ် ၂ ရက်ထိ သုံးရက်ကြာ ရပ်နားမှုကြောင့် မော်လမြိုင်မြို့ပေါ်တွင် ထိုင်းကုန်ပစ္စည်းအချို့ ဈေး
နှုန်းမြင့်တက်မှု ဖြစ်ပေါ်လာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။''ကားလမ်းပျက်လို့ မြ၀တီ ကား
မသွားနိုင်တာ သုံးရက်ရှိပြီ၊ နောက်ယာဉ်တန်း နှစ်ပတ်(၄-ရက်) ကြာလောက်မှ ပြန်သွားနိုင်မယ်။ ဒီမှာရှိတဲ့ ထိုင်းပစ္စည်း အဓိက စားဆီတွေ ဈေးမြင့်သွားပါတယ်။

မင်းဓမ္မပန်းကွင်းကို စည်ပင်အင်အား ၆၀၀ ခန့်ဖြင့် ခြံစည်းရိုးခတ်ရာမှ ပန်းကွင်းအတွင်း လုပ်ကိုင်သူများနှင့် ခိုက်ရန်ဖြစ်ပွား

8.2.7
ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို လာရောက် ထိန်းသိမ်းနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)

RangonNewsDaily:: Aug 3, 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန စာတန်းပါ အင်္ကျီ
ဝတ်ဆင်ထားသော ၀န်ထမ်းအင်အား ၆၀၀ ခန့်သည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ မင်းဓမ္မပန်း
ကွင်းကို သြဂုတ်၂ ရက်၊နံနက်၂ နာရီခန့်ကတည်းကယာဉ် ၁၂ စီးဖြင့် လာရောက်၍ ကတ္တရာပီပါခွံ ဟောင်း
များဖြင့် ခြံစည်းရိုးကာရံခဲ့ရာမှပန်းကွင်းအတွင်းရှိဆိုင်ခန်းများတွင် နေထိုင်လုပ်ကိုင် နေသူများနှင့်ခိုက်ရန်ဖြစ်
ပွားခဲ့ကြောင်း သတင်းရရှိသည်။

လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်ရှိ CP ကြက်အူချောင်း စက်ရုံမီးလောင်မူမြင့်ကွင်းများ

Photo