Pages

Wednesday, July 31, 2013

ပုလဲရတနာအကြောင်းသိကောင်းစရာ


RangonNewsDaily:: July 31, 2013

ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါး တွင် ပါဝင်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။

၂၀၁၄ ခုနှစ်တွင် ASUS ကုမ္ပဏီ ဖုန်းထုတ်မည်ဟုဆို


RangonNewsDaily:: July 31, 2013

နာမည်ကျော် ဟာ့ဒ်ဝဲ ပစ္စည်းများနှင့် ကွန်ပျူတာများ ထုတ်လုပ်သည့် ASUS ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဈေးကွက်အတွက် စမတ်ဖုန်းများကို ထုတ်လုပ်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီးက အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်သို့ ဘက်ဟမ်း သွားရောက်လည်ပတ်


RangonNewsDaily:: July 31, 2013

စပိန်သို့ ရောက်ရှိနေသည့်အသက်(၃၈)နှစ်အရွယ် ဘောလုံးသမားဟောင်းသည် သား(၃)ဦးကို ခေါ်ဆောင်ကာ ရီးယဲလ်အသင်း လေ့ကျင့်ရေးကွင်းသို့ သွားရောက်ခဲ့သည်။

လက်ပံတောင်းတောင်ပြဿနာ နိဂုံးချုပ်ပြီလား စက်တင်ဘာတွင် ကြေးနီစီမံကိန်း ပြန်လည်စတင်မည်


RangonNewsDaily:: July 31, 2013

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြသည်အ ထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကား လာမည့်စက်တင်ဘာတွင် ပြန်လည်စတင်တော့မည်ဖြစ်သည်။

မိန်းမစိတ်သဘောထား


RangonNewsDaily:: July 31, 2013

၁) မနှိုင်းနဲ့
“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်

မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်
ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

အီဂျစ်နိုင်ငံရေးတင်းမာမှုနှင့် ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများ အထွတ်ထိပ်သို့ရောက်

အီဂျစ်နိုင်ငံရေးတင်းမာမှုနှင့် ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများ အထွတ်ထိပ်သို့ရောက်

Kolatt :: July 31, 2013

စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန်@ မြင့်တက်လျက်ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြသည်။

အီဂျစ်တွင် စစ်တပ်အာဏာသိမ်း ပိုက်လိုက်ကာ ကြားဖြတ်အစိုးရ တင်မြှောက်လိုက်သည့် အချိန်မှစ၍ သမ္မတဟောင်း မော်စီနှင့် မွတ်ဆလင်ညီနောင်များ အဖွဲ့ ကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအ ကြား ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက် မှုများ @အဆမတန် များပြားလာသောကြောင့် နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုမှာ လွန်စွာ ကြီးထွားလျက်ရှိသည်ဟု ယင်းကဏ္ဍတွင် ဖော်ပြထားသည်။

လက်ရှိအနေအထားတွင် မော်စီကို ထောက်ခံသူများက ၄င်းအာဏာပြန်လည် မရရှိသရွေ့ ကိုင်ရိုမြို့ တော်အရှေ့ ဘက်၌ သပိတ်စခန်းဖွင့်ကာ ဆန္ဒပြမှုများကို စွန့်လွှတ်မည်မဟုတ်ကြောင်း တောင်းဆို ထားသည်။

တစ်ချိန်တည်းမှာပင် မော်စီကိုဆန့် ကျင်ပြီး စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူ အင်အားစုများကလည်း ဆန္ဒပြမှုများ ပြုလုပ်ကြရာ နှစ်ဖက်ထိပ်တိုက် တွေ့ဆုံကာ ပဋိပက္ခများဖြစ်ပွားသလို အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုများလည်း ဖြစ်ပွားလျက် ရှိသည်။

နေစဉ်ရက်ဆက်နီးပါး ပေါ်ထွက်နေ သည့် အဆိုပါဖြစ်စဉ်များကြောင့် ကိုင်ရိုမြို့ တစ်မြို့ တည်းတွင်ပင် လူပေါင်း ဒါဇင်နှင့်ချီ ၍သေဆုံးခဲ့ပြီး@ ရာပေါင်းများစွာဒဏ်ရာရရှိ ခဲ့ကြသည်။

အီဂျစ်အစိုးရကလည်း မော်စီကို ထောက်ခံသူများအနေနှင့် ဆန္ဒပြမှုများကို အမြန်ဆုံးအဆုံးသတ်ရန် သတိပေးကြေ ညာထားရာ ဆူပူအကြမ်းဖက်မှုများပိုမိုဖြစ် ပေါ်မည့် အလားအလာများရှိနေသည်။

ယခုတစ်ပတ် တနင်္လာနေ့က CNN သတင်းဌာနနှင့် ပြုလုပ်သောအင်တာဗျူး တွင် အီဂျစ်ကြားဖြတ် ဝန်ကြီးချုပ် ဟာဇန် အယ်လ်ဘက်လာဝီက "ဟုတ်ပါတယ်၊ @အခြေအနေတွေက တင်းမာနေပါတယ်။ ကျွန်တော်တို့မှာ အင်မတန်ခက်ခဲတဲ့အခြေအနေ မျိုးဖြစ်နေတယ်ဆိုတာကို ဘယ်သူမှငြင်းနိုင် မှာ မဟုတ်ပါဘူး" ဟု ပြောကြားသည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ဆန္ဒပြမှုများ တစ်လနီးပါးခန့် ဖြစ်ပွားခဲ့သော် လည်း အစိုးရအနေနှင့် အခြေအနေများ @မူလအနေအထားအတိုင်း ပြန်လည်ရရှိနိုင် ရေးအတွက် အနည်းအကျဉ်းမျှသာ ကြိုးစား လုပ်ဆောင်နိုင်ကြောင်း ၄င်းကပြောကြား သည်။

လက်ရှိ အီဂျစ်နိုင်ငံ၏ အခြေအနေ မှာ ထိန်းမနိုင်သိမ်းမရပုံစံမျိုးဖြင့် ဖရိုဖရဲဖြစ် လျက်ရှိပြီး ယင်းဖြစ်ရပ်သည် ၂၀၁၁ ခုနှစ် @အာဏာရှင်သမ္မတ ဟိုစနီမူဘာရက်အစိုးရ ကိုဖြုတ်ချသည့် လူထုဆန္ဒပြမှုကြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်ဟု လေ့လာ စောင့်ကြည့်သူများကဆိုသည်။

အမေရိကန်ပြည်ထောင်စုကမူ အီ ဂျစ်နိုင်ငံသည် ချောက်ထဲကျလုဆဲဆဲ အခြေ အနေသို့ရောက်ရှိနေပြီး ယင်းအခြေအနေမှ အမြန်ဆုံး ပြန်လည်ဆုတ်ခွာရန် တိုက်တွန်း ပြောဆိုထားသည်။

The Voice

RangonNewsDaily:: July 31, 2013
စစ်တပ် အာဏာသိမ်းပိုက်မှုကြောင့် သမ္မတမိုဟာမက်မော်စီ ရာထူးမှဖြုတ်ချခံ လိုက်ရမှု ဖြစ်ပွားခဲ့သည်မှာ တစ်လနီးပါးခန့် ရှိလာပြီဖြစ်သော အီဂျစ်နိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများ အဆမတန်@ မြင့်တက်လျက်ရှိရာ နိုင်ငံသားများအပါအဝင် လေ့လာစောင့် ကြည့်သူများ၏ စိုးရိမ်ပူပန်မှုများလည်း ကြီးထွားလျက်ရှိကြောင်း CNN သတင်း ဌာနက “ယနေ့အီဂျစ်ရေးရာ” အထူးအခန်း ကဏ္ဍတွင် ရေးသားဖော်ပြသည်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားကျောင်းသူများအနုပညာတင်ဆက် မှုအ တွက် ရုပ် ရှင်ဥက္ကဋ္ဌလူမင်းကူညီသင်ကြားပေး

ကိုမင်းကိုနိုင်နှင့် ကျောင်းသားကျောင်းသူများအနုပညာတင်ဆက် မှုအ တွက် ရုပ် ရှင်ဥက္ကဋ္ဌလူမင်းကူညီသင်ကြားပေး

Kolatt ::  July 31, 2013

“ယနေ့ ဇူလိုင်လ၊ ၃၁ ရက်က ရန်ကုန်မြို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့် လင်း အ ဖွဲ့အစည်း)ရုံး၌ ၂၀၁၃ ခုနှစ် သြဂုတ်လ၆/၇/၈ ရက်များတွင်@ ရန် ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိM C C ခန်းမ၌ သုံးရက်တိုင် တိုင် ကျင်းပမည့် 

ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားအတွင်း တင်ဆက်မည်ဖြစ်သော အနုပညာတင်ဆက်မှု အတွက် မင်းကိုနိုင်နှင့်@ ကျောင်း သားကျောင်းသူများ ကြိုတင်ပြင်ဆင် လေ့ကျင့်လျှက်ရှိရာ 

ရုပ်ရှင်အစည်းအရုံး
ဥက္ကဋ္ဌသရုပ်ဆောင်ကိုလူမင်းလည်း ရောက်ရှိလာပြီးလေ့ကျင့်နေကြ သည့် ကျောင်းသားကျောင်းသူများကို@ သရုပ်ဆောင်မှုအပိုင်းနှင့်ပတ်သက်၍ ဝိုင်းဝန်းကူညီ သင်ကြားပြသပေးခဲ့သည်”ဟူ၍8888 silver jubileeဖေ့ဘုတ်ကသတင်းထုတ်ပြန်တင်ဆက်ထားပါသည်။

8888 silver jubilee

RangonNewsDaily:: July 31, 2013
“ယနေ့ ဇူလိုင်လ၊ ၃၁ ရက်က ရန်ကုန်မြို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်
ပွင့် လင်း အ ဖွဲ့အစည်း)ရုံး၌ ၂၀၁၃ ခုနှစ် သြဂုတ်လ၆/၇/၈ ရက်များတွင်@ ရန် ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိM C C ခန်းမ၌ သုံးရက်တိုင် တိုင် ကျင်းပမည့်

ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး

ဘီးလင်း စံချိန်တင်ရေကြီးမှု ကျေးရွာ၂၀ ကျော်ရေမြုပ်ပြီး တစ်ဦးပျောက်ဆုံး

Kolatt :: July 31, 2013

မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း မိုးရွာသွန်းမှု မြင့်မားခြင်းကြောင့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မြစ်ရေကြီးခြင်းနှင့် တောင်ကျ@ ချောင်းရေလျှံခြင်းများ ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၃၀ ရက်အထိ ရေပြန်ကျခြင်း မရှိသေးကြောင်း ၄င်းက ဆက်လက်ရှင်းပြသည်။

ရေကြီးမှုကြောင့် ဒေါက်ရပ်ကျေးရွာ မှ အသက် ၃၂နှစ် အရွယ်ရှိ ဦးသိန်းစိုး
ပျောက်ဆုံးလျက် ရှိကြောင်း ရေဘေး ဒုက္ခသည် ဒေါ်မြကြည် က ပြောကြားသည်။

အဆိုပါ ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ ၄၇၆ လုံး ရေနစ်မြုပ်ခဲ့ပြီး ရေဘေးကယ် ဆယ်ရေး စခန်းများ ၁၈ ခု ဖွင့်လှစ်ထားရကြောင်း၊ @ယင်းကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့်ဒုက္ခသည် ၁၈၉၅ ဦးရှိကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းက ရှင်းပြသည်။

ယင်းရေကြီးမှုကြောင့် ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာတွင် အိမ်ခြေ ၂၀၀ နီးပါး နစ်မြုပ်ခဲ့ပြီး ကျေးရွာအတွင်းရှိ @ဘုန်းကြီးကျောင်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေါက်ရပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အေးက ပြောကြားသည်။

"ရေသံကြားလို့ အောက် ငုံ့ကြည့်လိုက်တော့ ရေတွေက တက်လာပြီ။ ကျွန်မ မြေးနှစ်ယောက်ကို ဆွဲပြီး ဘုန်းကြီး ကျောင်းကို ထွက်ပြေး တယ်။@ ရေတက်တာ တအားမြန်တော့ ခဏလေးပဲ။ ရင်ဘတ်ထိ ရေတွေ ရောက် လာတယ်" ဟု ရေဘေး ဒုက္ခသည်စခန်းမှ ဒေါ်မြကြည်က ရှင်းပြသည်။

အဆိုပါ ရေလွှမ်းမှုများကြောင့် ဘီးလင်းမြို့နယ်ရှိ လယ်ဧက ၄၀၀၀ ကျော် ရေ နစ်မြုပ်နေကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးကျော်မျိုးမင်းဆိုသည်။

ယင်းရေလွှမ်းမိုးမှု ကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမ ပေါ်တွင် ရေ မျက်နှာပြင် ငါးပေကျော် မြင့်တက်လာသဖြင့် ခရီးသည်ယာဉ် အစီး ၅၀၀ ကျော် သည် ၂၄ နာရီကြာ ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း “ဝင်း” မှန်လုံယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

The Voice

RangonNewsDaily:: July 31, 2013
မွန်ပြည်နယ် ဘီးလင်း မြို့နယ်တွင် မြစ်ရေလျှံခြင်းနှင့် တောင်ကျချောင်းရေ များကြောင့် ဆယ်နှစ်အတွင်း စံချိန်တင် ရေကြီးခဲ့သဖြင့် ကျေးရွာ ၂၀ ကျော် နှစ်မြုပ်ခဲ့ပြီး လူတစ်ဦး ပျောက်ဆုံးနေကြောင်း ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းက ပြောကြားသည်။

ဗုဒ္ဓဂယာ မဟာဗောဓိစေတီနှင့် လုမ္ဗိနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင်မရာ ယူဆောင်ခွင့် မပြုတော့

RangonNewsDaily:: July 31, 2013
ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်မှ မဟာဗောဓိ စေတီနှင့် နီပေါရှိလုဗ္ဗနီတို့သို့ မိုဘိုင်းဖုန်းနှင့် ကင် မရာ ယူဆောင်
ခွင့်မပြုတော့ကြောင်းသိရသည်။ ယခုလ ၇ ရက်နေ့တွင် ဗုဒ္ဓဂယာ၌ ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် အိန္ဒိယသံရုံးမှ လုံခြုံရေးများ တိုးချဲ့လိုက်ပြီး နေရာတိုင်းတွင် သတ္တုရှာဖွေ သည့်စက်များ ပိုမိုတပ်ဆင်ထား
 ကြောင်း သိရသည်။

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း ကာမိုင်း-မအူပင်ကြား ကုန်ကားတစ်ရာကျော် ပိတ်မိနေ

ဖားကန့်မြို့သို့သွားသည့် ကာမိုင်း-မအူပင်လမ်းတွင် လမ်းပျက်စီးမှုကြောင့် ယာဉ်များပိတ်မိနေသည်ကို တွေ့ရစဉ်
RangonNewsDaily:: July 31, 2013

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ သွားရာလမ်းပိုင်း ကာမိုင်း-မအူပင်ကြားတွင် ကုန်ကားတစ်ရာကျော် ဇူ
လိုင်၂၈ ရက် ညနေ ၃ နာရီမှ စတင်ပြီး ပိတ်မိနေကြောင်း သတင်းရရှိသည်။ ကာမိုင်း-မအူပင်ကြားတွင် ကုန်
ကားကြီးများမှာ ၄င်းလမ်းတစ်ခုတည်းကိုသာ အသုံးပြုနိုင်ပြီး ကားငယ်များမှာ ၄င်းလမ်းအပြင်က ထန်ယန်
ပတ်လမ်းကို အသုံးပြုပြီး သွားနေရသည်။

ဇလွန်မြို့ ၁၅၀၀ တန်ဆင်းကတ် သုံးထောင်ကျော် ပထမဆုံး ခွဲတမ်းရ

RangonNewsDaily:: July 31, 2013

ဟင်္သာတခရိုင် ဇလွန်မြို့နယ်တွင် ဇူလိုင်လမှ စတင်၍ ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ် သုံးထောင်ကျော် ပထမဆုံး ရောင်းချခဲ့ကြောင်း ဒေသခံ များက ပြောကြားသည်။

ဗဟိုဘဏ်ဥက္ကဌနဲ့ ဒုဥက္ကဌသစ်တွေကို လွှတ်တော်က အတည်ပြု

RangonNewsDaily:: July 31, 2013

နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဥက္ကဌ နဲ့ ဒုဥက္ကဌ (၃) ဦးကို ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုလိုက်ပါတယ်။

` ထားဝယ်စီးပွားရေးဇုန် ပင်မကုမ္ပဏီအဖြစ်ဆောင်ရွက်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီအား ရုပ်သိမ်းမည် ´


RangonNewsDaily:: July 31, 2013
၂ဝဝ၈ ခုနှစ်တွင် မြန်မာအစိုးရနှင့် အီတာ လျံ- ထိုင်းကုမ္ပဏီတို့ စတင်အကောင်အထည် ဖော်ခဲ့သော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီအား Developer အနေဖြင့် လုပ်ငန်း ဆက်လက်ဆောင်ရွက်ခွင့်ပြုတော့မည် မဟုတ် ကြောင်းထားဝယ်အထူးစီးပွားရေးဇုန်နှင့်ဆက်စပ် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဟွမ်းစ်ဒေသအနီး နေရာများကို ဆီရီးယားစစ်တပ် ပြန်လည်သိမ်းပိုက်

RangonNewsDaily:: July 31, 2013

တနင်္လာနေ့က အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များသည် နိုင်ငံ အနောက်ဘက် အလယ်ပိုင်းဒေသရှိ မဟာဗျူဟာကျသော ဟွမ်းစ်ဒေသ၏ အစွန်အဖျားတို့တွင် ဆုတ်ခွာပေးခဲ့ရသည်။

ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်ရှိ ကမ်းနားဇုန်တွင် အသစ်ဆောက်မည့် အဆောက်အအုံများကို အမြင့်ပေ ကန့်သတ်သွားရန် စီစဉ်နေ

7.28.18
ကမ်းနားလမ်းတွင် ဆောက်လုပ်ထားသည့် အထပ်မြင့် အဆောက်အအုံ အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

RangonNewsDaily:: July 31, 2013
ရန်ကုန်မြို့ ကမ်းနားလမ်း တစ်လျှောက်ရှိ ကမ်းနားဇုန်တွင် အသစ်ဆောက်မည့် အဆောက်အအုံများအား အမြင့်ပေ ကန့်သတ်ချက် ထုတ်ပြန်သွားရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုရန် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှကားများ တင်သွင်းခွင့်ပြုထားပြီး ကားအချို့ စတင်ရောက်ရှိ

AA-31-7
ပြည်ပနိုင်ငံများမှ တင်သွင်းခွင့်ပြုပြီး ဆိပ်ကမ်းသို့ ရောက်ရှိလာသော ကားများကို တွေ့ရစဉ်

RangonNewsDaily:: July 31, 2013
အမြန်ဘတ်စ်ကားလိုင်း စနစ်တွင် အသုံးပြုနိုင်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများကို ပြည်ပနိုင်ငံများမှ ကားများတင်သွင်းခွင့် ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်၏ ပြောကြားချက်အရ သိရသည်။

ကမာရွတ်မြို့နယ်တွင် ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်သော ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွား

DD-31-7
ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဆေးကုသမှုခံနေသာ အရိုက်ခံရသူကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် တွေ့ရစဉ်

RangonNewsDaily:: July 31, 2013
ကမာရွတ်မြို့နယ်၌ ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက မင်းမဲ့စရိုက်ဆန်စွာ ဆိုင်ကယ်နှစ်စီးဖြင့် အုပ်စုဖွဲ့ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၄)

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၃)

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၂)

ကမ္ဘာ့အတော်ဆုံး Hacker များ အပိုင်း (၁)

RangonNewsDaily:: July 31, 2013

သူ့ကိုတော့ "အင်တာနက်ပေါ်ကစစ်သား" ဆိုပြီး အများကလက်ခံထားပါတယ်။ူ့နံမည်က
Jonathan Jamesပါ။ အဲဒီနာမည်နဲ့လိုက်အောင်ပဲ သူဟာအသက် ၁၅နှစ်အရွယ်မှာပဲ အမေရိကန်ကာကွယ်ရေးဌာနနဲ့ နာဆာ တို့ရဲ့ Network တွေကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သူလိုချင်တဲ့အချက်အ လက်ပေါင်းများစွာကို ယူခဲ့ပါတယ်။ သူဖောက်ထွင်းဝင်ရောက်ပြီး ရရှိခဲ့တဲ့အချက်အလက်တွေအားလုံးရဲ့တန်ကြေးဟာ အမေရိကန်ဒေါ်လာ ၁.၇ သန်းကျော်တန်ဖိုးရှိခဲ့ပါတယ်။

စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ဗဟိုပြု၍ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေ

စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့်အကွာ ပင်လယ်ပြင်ဗဟိုပြု၍ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေ

Kolatt :: July 31, 2013

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်း လာရာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး

 အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တား မြို့၏ တောင်၊ အရှေ့တောင်ဘက် မိုင်(၂၄၀)ခန့်၊ မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၄၀)ခန့် အကွာတွင် ပင်လယ်ပြင်ဗဟိုပြုနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ (၃၀-၇-၂၀၁၃) ရက်နေ့ ညနေ (၆)နာရီတွင် သတင်းထုတ်ပြန်ထားပါသည်။

www.mrtv.gov.mm/news/local

> MRTV <

RangonNewsDaily:: July 31, 2013
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်း လာရာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး

မပ်စ်ဂျစ်ဒေဟရာမ်ဝတ်ကျောင်းတော်ပြင်ဆင်မှု တစ်ခြမ်းပြီးစီးပြီ

မပ်စ်ဂျစ်ဒေဟရာမ်ဝတ်ကျောင်းတော်ပြင်ဆင်မှု တစ်ခြမ်းပြီးစီးပြီ

Kolatt :: July 29, 2013

မပ်စ်ဂျစ်ဒေဟရာမ် ၀တ်ကျောင်းတော်၏ ပြင်ဆင်မှု တစ်ခြမ်းပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ဆော်ဒီဘုရင်မင်းမြတ် အဗ်ဒွလ္လာဟ်ဗင်န်အဗ်ဒွလ်အဇီးဇ်က လမြတ်ရမသွာန် ၌ အွမ်ရဟ်ပြုလုပ်ရန်လာရောက်ကြသူများလွယ်ကူရန်အတွက် ပြီးစီးသွားသောအစိတ်အပိုင်းများကို အမြန်ဆုံးဖွင့်လှစ်ပေးရန်မိန့်ကြားကြောင်း urdunews.com ၌ ဆော်ဒီသတင်းဌာနကို ကိုကားပြီးဖော်ပြထားသည်။

“ဟရာမ်ကျောင်းတော် တိုးချဲ့ဆောက်လုပ်ရာမှာ မြေအောက်ထပ်၊ ပထမထပ်၊ မြောက်ဘက်အတွင်းပိုင်း၊ အနောက်ဘက်နဲ့ တောင်ဘက်ဝရန်ဒါတွေ ဆောက်လုပ်ပြီးစီးသွားပါပြီ။ 

ဒီ့အတွက် အွမ်ရဟ်လုပ်သူတွေအတွက် နေရာပိုမိုရရှိသွားပါတယ်၊ ကျန်ရှိနေတဲ့ အထပ်တွေနဲ့ မြေအောက်သန့်စင်ခန်းတွေလည်း မကြာမီပြီးစီးပါတော့မယ်။ 

အဲ့ဒီ့နေရာတွေပြီးသွားရင် လူ 80000 အတွက် နေရာထပ်မံထွက်လာလိမ့်မယ်။ လက်ရှိအခြေအနေအရ အပေါ်ထပ်တွေကို တက်ဖို့ ဓာတ်လှေကားတွေကိုလည်း အလျင်အမြန်တပ်ဆင်နေကြပါတယ်။ 

လျှပ်စစ်မီးတွေ၊ စပီကာတွေနဲ့ ကင်မ်ရာတွေကိုလည်း တပ်ဆင်နေပါတယ်” ဟု တည်ဆောက်ရေးတာဝန်ခံတစ်ဦးကပြောကြားခဲ့သည်။

ထို့အပြင် မသန်စွမ်းသူများအတွက် ၀ှီးချဲနှင့်သွဝါးဖ်လုပ်နိုင်ရန် ကအ်ဗဟ်ကျောင်းတော်အနီး၌ ယာယီအ၀ိုင်းပတ်တစ်ခု ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်းလည်း သိရှိရသည်။

http://almezan-mm.blogspot.com/

RangonNewsDaily:: July 31, 2013
မပ်စ်ဂျစ်ဒေဟရာမ် ၀တ်ကျောင်းတော်၏ ပြင်ဆင်မှု တစ်ခြမ်းပြီးစီးသွားပြီဖြစ်ကြော
င်းနှင့် ဆော်ဒီဘုရင်မင်းမြတ် အဗ်ဒွလ္လာဟ်ဗင်န်အဗ်ဒွလ်အဇီးဇ်က လမြတ်ရမသွာန် ၌ အွမ်ရဟ်ပြုလုပ်ရန်လာရောက်ကြသူများလွယ်ကူရန်အတွက် ပြီးစီးသွားသောအစိတ်အပိုင်းများကို အမြန်ဆုံးဖွင့်လှစ်ပေးရန်မိန့်ကြားကြောင်း urdunews.com ၌ ဆော်ဒီသတင်းဌာနကို ကိုကားပြီးဖော်ပြထားသည်။

ကြော်ငြာအားအရမ်းကောင်းပြီးဝန်ဆောင်မှု ညံ့ဖျင်းတဲ့ JAS မြန်မာဖုန်း

RangonNewsDaily:: July 29, 2013

JAS မြန်မာဖုန်း ဝယ်မသုံးကြနဲ့ ကျွန်တော့်လိုခံစားသွားရလိမ့်မယ်လွန်ခဲ့တဲ့တစ်ပတ်လောက်က JAS
 မြန်မာဖုန်း ကို အင်တာနက် ဖွင့်မရလို့ လွစ္စလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်က iPay ရုံးချုပ်ကို သွားပြတာ စာရေးမကအမျိုးမျိုးလုပ်ကြည့်တယ် မရတော့ service ကိုပို့တယ် စောင့်တယ် -----