Pages

Sunday, July 28, 2013

မြောက်ကိုရီးယား၏ အကြီးမားဆုံး စစ်ရေးပြပွဲပြုလုပ်


RangonNewsDaily:: July 28, 2013

ကိုရီးယားစစ်ပွဲ ရပ်ဆိုင်းစေခဲ့သော အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုသည့် နှစ် (၆၀) မြောက်အထိမ်းအမှတ်အဖြစ် အကြီးမားဆုံး စစ်ရေးပြ အခမ်းအနားတစ်ရပ်ကို မြောက်ကိုရီးယားနိုင်ငံက ပြုလုပ်နေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဂန့်ဂေါ-ကလေး- ဟားခါးလမ်း သုံးထပ်ကွေ့ အဆင်းလမ်းတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား တစ်ဦးသေဆုံး

RangonNewsDaily:: July 28, 2013

မန္တလေးမြို့မှ မောင်းနှင်လာသည့် ယာဉ်အမှတ် ၆ခ (Trans- porter) အပြာရောင် ၁ဝ ဘီးကားသည် ဟားခါးမြို့နယ် ဘုံးဖုံသို့ မြေထိုးစက်ပို့ ပြီး
အပြန်လမ်း ဂန့်ဂေါ-ကလေး-ဟားခါးလမ်း မိုင်တိုင်အမှတ် (၁၁၇/၅)နှင့် (၁၁၇/၄)အကြား သုံးထပ်ကွေ့ အဆင်းတွင် ယမန်နေ့က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင်လာသူ သေဆုံးသွားကြောင်း သိရသည်။

စပိန်ရထားမောင်းသမား ကို ဒီကနေ့ ရုံးထုတ်မယ်


RangonNewsDaily:: July 28, 2013

စပိန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရထား လမ်းချော် တိမ်းမှောက်ခဲ့မှုနဲ့ ရထား မောင်းသမားကို တရားဝင် စွဲချက်တင် မတင် ဆိုတာကို ဒီကနေ့ နှောင်းပိုင်းမှာ တရားရုံးက ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ပါလက်စတိုင်းအကျဉ်းသား ၁၀၄ ဦးကို ပြန်လွှတ်ပေးရန် အစ္စရေးအစိုးရ အတည်ပြု"

RangonNewsDaily:: July 28, 2013

အစ္စရေးအစိုးရအဖွဲ့သည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားသည့် ပါလက်စတိုင်းအကျဉ်းသားများကို ပြန်လွှတ်ပေးရန် ယနေ့ (ဇူလိုင် ၂၈ ရက်၊ တနင်္ဂနွေ) အတည်ပြုလိုက်ပြီဖြစ်ကြောင်း အစ္စရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ငြိမ်းချမ်းရေးပွဲတော် ယနေ့ညနေပိုင်းကသုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်


RangonNewsDaily:: July 28, 2013

ပထမဆုံး မြန်မာ့ငြိမ်းချမ်းရေးပွဲတော်အား ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပရာ ငြိမ်း ချမ်းရေး ဖော်ဆောင်မှုကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင် မင်း ဆွေးနွေးနေစဉ်။ (ဓာတ်ပုံ - Hongsar ၊ မဇ္ဈိမ)

မန္တလေးကုန်စည်ဒိုင် နိုင်ငံခြားသားဧည့်အဝင် အကန့်အသတ်မရှိပိတ်

RangonNewsDaily:: July 28, 2013

မျိုးစောင့်ဥပဒေ ရေးဆွဲမှုတွင် ဦးဆောင်ပါဝင်သည့် ဦးဝီရသူ တရားပွဲ၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လုံခြုံရေးအရ မန္တလေး ကုန်စည်ဒိုင်တွင် နိုင်ငံခြားသားဧည့်သည် အပါအဝင် ပြင်ပဧည့်သည်ဝင်ခွင့်ကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီမှစတင်၍ အကန့်အသတ်မရှိ ပိတ်ထားကြောင်း အဆိုပါ ကုန်စည်ဒိုင် သတင်းနှင့် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

ဆွာရက်ဇ်ကို ပေါင် ၄၂.၅ သန်းဖြင့် အာဆင်နယ်က ကမ်းလှမ်းမည်ဟုဆို

RangonNewsDaily:: July 28, 2013

လီဗာပူးလ်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်အား လာမည့်သီတင်းပတ်ကုန် စနေနေ့တွင် အပြီးသတ် ခေါ်ယူနိုင်ရန် အာဆင်နယ်အသင်း မန်နေဂျာ အာစင်ဝင်ဂါးက ဆန္ဒရှိနေသည်။ အာဆင်နယ်၏ ရာသီကြိုပွဲစဉ် အိမ်းမရိတ်ဖလား ပြိုင်ပွဲအမီ ဆွာရက်ဇ်အား ဝင်းဂါးက စာချုပ်ခေါ်ယူ လိုခြင်းဖြစ်သည်။

မိုးရာသီ၌ စစ်တောင်းမြစ်ကို ကူး၍ ကျောင်းတက်ရသော ကလေးများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိ


RangonNewsDaily:: July 28, 2013

ပဲခူးတိုင်း ဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့ အရှေ့ စစ်တောင်းမြစ် တစ်ဖက်ကမ်း၌ နေထိုင်ကြသော ကျောင်းသား၊ ကျောင်းသူများသည်
အလယ်တန်းနှင့် အထက်တန်း ပညာ သင်ကြားရန် မြို့လှမြို့ရှိ အခြေခံ ပညာ အထက်တန်းကျောင်းကို နေ့စဉ် သွားရောက် ကြရပြီး ယခုလို မိုးရာသီ ကာလ ရောက်တိုင်း အခက်အခဲများနှင့် ကြုံ တွေ့ရသည်။

Huawei ဒုတိယမြောက်showroom ဖွင့်လှစ်

အိမ်မှာပဲ ဆံပင်ကို ပေါင်းတင် ကြည့်ရအောင်

ဖြူးတွင် လူငယ်တစ်ဦး အသတ်ခံရ

RangonNewsDaily:: July 28, 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ဝဲကြီးကျေးရွာမြောက်ပိုင်း ကြိုးတံတားအောက်၌ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၈ နာရီခန့်က အသက်၂၂ နှစ်အရွယ် လူငယ်တစ်ဦး ဓားခုတ်ခံထားရသော ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဖြူးမြို့နယ် မြို့မရဲစခန်း ရဲအရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

MICT Park ဝင်းတွင် စာမေးပွဲဖြေသော ကျောင်းသား၏ဖုန်း လုံခြုံရေးကခိုးယူ

RangonNewsDaily:: July 28, 2013

လှိုင်မြို့နယ် တက္ကသိုလ်များနယ်မြေ MICT Park ဝင်းတွင် MCC-AIT အင်ဂျင်နီယာသင်တန်း စာမေးပွဲ ဖြေဆိုနေသော ကျောင်းသားတစ်ဦး၏ လက်ကိုင်ဖုန်းကို တာဝန်ကျ လုံခြုံရေးက ခိုးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာမြို့တွင် သင်္ကန်းဝတ်ဖြင့် အရက်သောက်သူနှစ်ဦးကို လူဝတ်လဲ အရေးယူထား

RangonNewsDaily:: July 28, 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် သင်္ကန်းဝတ်ဖြင့် အရက်သောက် မူးယစ်နေသူ နှစ်ဦးကို လူဝတ်လဲ အရေးယူထားကြောင်း မိတ္ထီလာမြို့ ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိ ဆရာတော်တစ်ပါးက The Voice သို့ မိန့်ကြားသည်။

မန္တလေးတွင် ညအချိန် အရက်မူးတိုင်းကိရိယာဖြင့် စစ်ဆေးအရေးယူမည်

RangonNewsDaily:: July 28, 2013

မန္တလေးတိုင်းဒေသကြီးအတွင်း ညအချိန် ယာဉ်တိုက်မှု လျော့ကျစေရန် အတွက် ညအချိန် အရက်သေစာ သောက်စား၍ ယာဉ်မောင်းသူများကို အရက်မူးတိုင်း ကိရိယာဖြင့် ဇူလိုင်လ ၂၇ ရက်မှ စတင်၍@ ရှောင်တခင် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရှစ်လေးလုံးငွေရတု ရန်ပုံငွေ တီရှပ်များ၊ ပို့စ်ကဒ်များကို အနုပညာရှင်များ လက်မှတ်ရေးထိုး ရောင်းချမည်

ဗိုလ်ချုပ်လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်ရန် ကြေညာချက်ထုတ်ပြန်

RangonNewsDaily:: July 28, 2013

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ယူဆောင်သွားသော ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်ရန် ကြေညာချက်ကို ဇူလိုင်လ ၂၇ ရက်နေ့တွင် ရေနံချောင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း ပါဠိဘာသာ လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီက ထုတ်ပြန်လိုက်ကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးမြင့်ငွေက The Voice သို့ ပြောကြားသည်။

မကွေးတွင် ဆင်းကဒ်လျှောက်သူများပြားသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်


RangonNewsDaily:: July 28, 2013

မကွေးတွင် မြန်မာ့ဆက်သွယ်ရေးမှချထားပေးလျှက်ရှိသောဆင်းကဒ်လျှောက်လွှာများကိုမကွေးမြို့ဗိုလ် ချုပ်

လမ်းမြန်မာ့ဆက်သွယ်ရေးရုံးမှ လက်ခံဆောင်ရွက်ပေးခဲ့ရာ လျှောက် လွှာလာရောက်လျှောက်ထားသော
ပြည် သူများ၏ ဆိုင်ကယ်များဖြင့်လမ်းပိတ်ဆို့မှုအထိပေါ် ပေါက်လာသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး
များမှတစ် ဆင့် ပြန်လည်လက်ခံပေးစေလိုသည်ဟုသတင်းရရှိသည်။

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး

အမဲသားလုံး ဟင်းချို

တရုတ် M.V HAIXUN 01 သင်္ဘောနှင့် မြန်မာမီးငြှိမ်းသတ်ရေး ရေယာဉ် တို့ ပင်လယ်ပြင် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်း ပူးပေါင်းပြုလုပ်မည်

RangonNewsDaily::  July 28, 2013

တရုတ်နိုင်ငံမှ ချစ်ကြည်ရေးခရီး လာရောက်သည့် M.V HAIXUN 01 သင်္ဘောနှင့် မြန်မာနိုင်ငံမှ မီးငြှိမ်းသတ်ရေး ရေယာဉ်တို့ ပူးပေါင်း၍ ပင်လယ်ပြင် မီးငြှိမ်းသတ်ရေး လေ့ကျင့်ခန်းအား ဇူလိုင် ၂၈ ရက် နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။တရုတ်-မြန်မာနှစ်နိုင်ငံ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင် ၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

ကမ္ဘောဒီးယားမဲပေးပြီးအမှတ်အသား မိနစ်ပိုင်းအတွင်းပြန်ဖျက်နိုင်


RangonNewsDaily:: July 28, 2013

အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် ကမ္ဘောဒီးယား ရွေးကောက်ပွဲ စတင်ဖို့ ၂၄ နာရီတောင် မလိုတော့တဲ့အချိန်မှာ မဲပေးသူ နောက်ထပ်မပေးနိုင်အောင် အမှတ်အသားလုပ်တဲ့ မင်ဟာ မိနစ်ပိုင်းအတွင်း ဆေးကြောချေဖျက်နိုင်မယ့် မင် ဖြစ်နေတယ်လို့ ကြီးကြပ်သူတွေက သတိပေးပြောကြားလိုက်ပါတယ်။ ဒီ မင်ကို ဖျက်ပစ်ဖို့ ၄ မိနစ်ပဲ ကြာတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်မှု ကြားနေအဖွဲ့ Comfrel က ဗွီဒီယိုကနေ သရုပ်ပြခဲ့ပါတယ်။