Pages

Thursday, July 25, 2013

တရုတ် နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး အဆောက်အအုံ ဖွင့်လှစ်

မောင်းနှင်သူတွေကိုယ်တိုင် ရွေးချယ်ခဲ့တဲ့ အကောင်းဆုံးကားများ

“နှင်းဆီခရီးသွားမှတ်တမ်းများ” အစီအစဉ်ကို မြဝတီဒစ်ဂျစ်တယ်လိုင်းမှာ ကြည့်ရှုနိုင်

ဦးသိန်းစိန်နဲ့ ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဘာတွေဆွေးနွေး

မြန်မာ့ အလှ နှင့် ရှုခင်း

မုံရွာမြို့ပေါ်တွင် မိုးရွာစေရန် ငါးရံ့မင်းပရိတ် ရွတ်

Thursday, July 25, 2013

မုတ်သုံလေဝင်ရောက်ပြီး နှစ်လနီးပါး ကြာမြင့်သည်တိုင် မိုးရွာသွန်းခြင်း မရှိသေးသော မုံရွာမြို့ပေါ်ရှိ ရပ်ကွက်ကြီး အများစုတွင် ဇူလိုင်လ ၂၂ ရက်နေ့ ဝါဆိုလပြည့်နေ့ ညနေပိုင်းက သံဃာတော်များ ပင့်ဖိတ်၍ မိုးရွာစေရန် ငါးရံ့မင်းပရိတ်များ ရွတ်ဖတ်ခဲ့ကြောင်း မုံရွာမြို့ခံများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး များက ဆိုသည်။

Apple Developer Site အားတိုက်ခိုက်ခံရ

အင်းစိန်ထောင် အနီးရှိ ဆိုင်ခန်းများ ဖယ်ရှားရမည်ကို စိုးရိမ်နေကြ

Thursday, July 25, 2013

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင် အနီးတွင် နှစ်စဉ် အငှားချ၍ ရောင်းချနေသော ဆိုင်ခန်းများကို အာဏာပိုင်များက ဖယ်ရှားခိုင်းသဖြင့် အခက်တွေ့နေရကြောင်း ဆိုင်ခန်းပိုင်ရှင်များက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၂၄ / ၂၀၁၃ )

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်

ပြည်သူ့လွှတ်တော်အမတ် လိုက်ပါလာသောကား ဆိုင်ကယ်တစ်စီးကို တိုက်မိ

Thursday, July 25, 2013

ပြည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်လိုက်ပါလာသော ကားနှင့်ဆိုင်ကယ်တစ်စီး တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၂၀ ရက်က ပြည်-မန္တလေးကားလမ်းမ နေရာတစ်ခုတွင် ဖြစ်ပွားခဲ့သည်။

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၁၉ /၂၀၁၃ )

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၂၆ / ၂၀၁၃ )

ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၂၀ /၂၀၁၃ )

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်

ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော့ဘူး လို့ဆိုတဲ့ သရုပ်ဆောင် နဝရတ်နှင့် တွေ့ဆုံခြင်း

ဒုတိယဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

( အမိန့်အမှတ်၊ ၂၂ / ၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်

၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေး ပူးပေါင်းက်ာမတီ ဖွဲ့စည်း

မိုးကြီးမည့်သတိပေးချက်


(၂၅.၇.၂၀၁၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်မိုးလေသ၀သတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် 
ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည့်အပြင် အထက်
လေထုလွှာအတွင်း အရှေ့ဘက်မှ ရွေ့လျားလာသော

အင်းယားလိတ်ဟိုတယ် ရေကူးကန်တွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Thursday, July 25, 2013

မရမ်းကုန်းမြို့နယ်အတွင်းရှိ အင်းယားလိတ်ဟိုတယ် ရေကူးကန်တွင် ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ဦးဗညား (ခ) ဗညားသန်းဟိန်း ဖြစ်ပြီး ရန်ကင်းမြို့နယ် သုခဝတီလမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း၊

မက်ဆေ့ခ်ျပို့၍ အင်တာနက်လျှောက်ခွင့်တွင် စီဒီအမ်အေ ၈ဝဝ မပါ

၂၅.၇.၂၀၁၃ 
CDMA 800 MHz ဖုန်း မက် ဆေ့ခ်ျပို့၍ အင်တာနက် လျှောက် ထား နိုင်မည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ဂျီနှင့် WCDMA ဖုန်းများကို သြ ဂုတ်လ ၁ ရက်နေ့မှ စ၍ မက်ဆေ့ခ်ျ ပို့ ပြီး အင်တာနက်လျှောက်ထားနိုင်မည် ဟု သတင်းထုတ်ပြန်ထားသည်။

တပ်သားများ အဓမ္မ စုဆောင်းခြင်း မရှိဟု ကာကွယ်ရေး ဒုဝန်ကြီးပြော

ရန်ကုန်၊ ဇူလိုင် ၂၄

တပ်မတော်တွင် လိုအပ်သည့် စစ်မှုထမ်း အင်အား ပြည့်မီစေရေးအတွက် တပ်သားသစ်များ စုဆောင်းရာတွင် အတင်းအဓမ္မ စုဆောင်းမှု မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ပြောကြား သည်။

မက်ဆေ့ခ်ျပို့၍ အင်တာနက်လျှောက်ခွင့်တွင် စီဒီအမ်အေ ၈ဝဝ မပါ

CDMA 800 MHz ဖုန်း မက် ဆေ့ခ်ျပို့၍ အင်တာနက် လျှောက် ထား နိုင်မည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ဂျီနှင့် WCDMA ဖုန်းများကို သြ ဂုတ်လ ၁ ရက်နေ့မှ စ၍ မက်ဆေ့ခ်ျ ပို့ ပြီး အင်တာနက်လျှောက်ထားနိုင်မည် ဟု သတင်းထုတ်ပြန်ထားသည်။

စပိန်ရထား မှောက်မှု လူ ၅ဝ ကျော် သေဆုံး

Photo: စပိန်ရထား မှောက်မှု လူ ၅ဝ ကျော် သေဆုံး

စပိန် နိုင်ငံ အနောက်မြောက် ပိုင်းမှာ ရထား လမ်းချော် တိမ်းမှောက် မှု ကြောင့် လူ ၅ဝ ကျော် သေဆုံးပြီး အမြောက် အများ ဒဏ်ရာ ရရှိ သွားပါတယ်။

မက်ဒရစ် မြို့တော်က Ferro မြို့ကို သွားတဲ့ ရထား Santiago de Compostela မြို့နားမှာ တိမ်းမှောက် ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် မီးရထား မှောက် မှု လူသေဆုံး ကနေဒါမှာ ရေနံတင် ရထား မီးလောင် ပေါက်ကွဲ အီဂျစ်မှာ ရထားမှောက်လို့ လူ ၁၉ ဦးသေဆုံး
ဆက်စပ်အကြောင်းအရာများ ဥရောပ ပေါက်ကွဲသံတခု ကြားရပြီးနောက် ရထားတွဲ တတွဲ လမ်းချော် ထွက်သွားပြီး နောက်ဆုံး ထိုးရပ်သွားတာ မြင်လိုက်ရကြောင်း မျက်မြင် သက်သေ တဦးက ဆိုပါတယ်။

ရထားစီး ခရီးသည် ၂၅ဝ လောက် ပါလာပြီး လမ်းချော်သွားတဲ့ တွဲတွေထဲမှာ တခိျု့ ပိတ်မိ နေတုန်းလို့ စပိန် သတင်း ဌာန တွေက ရေးသား ပါတယ်။

ဓာတ်ပုံ တွေအရ ရထားမှောက်တဲ့ နေရာ နားမှာ စောင်တွေနဲ့ အုပ်ထားတဲ့ ရုပ်အလောင်း တွေ တွေ့ရပါတယ်။

ဒေသန္တရ အစိုးရက သွေးလှူရှင်တွေ အရေးပေါ် ရှာဖွေ နေပါတယ်။

BBC News
စပိန် နိုင်ငံ အနောက်မြောက် ပိုင်းမှာ ရထား လမ်းချော် တိမ်းမှောက် မှု ကြောင့် လူ ၅ဝ ကျော် သေဆုံးပြီး အမြောက် အများ ဒဏ်ရာ ရရှိ သွားပါတယ်။

ဇင်းကျိုက်ရေတံခွန်သို့ လူဦးရေ သိန်းဂဏန်းခန့် လာရောက်အပန်းဖြေခဲ့ကြ

Photo: ဇင်းကျိုက်ရေတံခွန်သို့ လူဦးရေ သိန်းဂဏန်းခန့် လာရောက်အပန်းဖြေခဲ့ကြ
Thursday, July 25, 2013

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာရှိ ကျောက်သဘောင်္ ဇင်းကျိုက်ရေတံခွန်သို့ ၀ါဆိုလပြည့်နေ့နှင့် လပြည့်ကျော် တစ်ရက်နေ့များတွင် လူဦးရေ သိန်းနှင့်ချီ၍ လာရောက်အပန်းဖြေ ခဲ့ကြသည်။

"ဒီကျောက်သဘောင်္စေတီ ရှိတဲ့နေရာမှာ ရှေးအရင်က သဘောင်္ဆိပ်ကမ်း ဖြစ်ခဲ့ဖူးတဲ့ အထောက်အထားတွေ ဦးတို့ငယ်ငယ်က တွေ့ဖူးတယ်။ လုံးပတ် ၁၂ လက်မလောက်ရှိတဲ့ သံလုံးတွေ သဘောင်္ချီတဲ့ ကြိုးတွေတွေ့ဖူးပါတယ်" ဟု ဇင်းကျိုက်တောင် ကျောက်သဘောင်္ စေတီတော်ဥက္ကဋ္ဌ အသက် (၈၀) အရွယ် ဦးကြီးနံမှ ပြောပါသည်။

"ဒီဇင်းကျိုက်ရေတံခွန်က သင်္ကြန်ကာလရယ်၊ အခုလို မိုးတွင်းရေတံခွန်က ရေအများကြီး ကျတဲ့အချိန်တွေဆိုရင် ဧည့်သည်တွေလာပြီး အပန်းဖြေ ရေကစားကြပါတယ်။ ဒီနှစ်မှာ ကားလမ်းမကနေ ဇင်းကျိုက်တောင်ခြေအထိ ကွန်ကရစ်လမ်းကို ဆရာတော်ကြီးတွေရယ်၊ ကျောက်သဘောင်္ စေတီတော် ဂေါပအဖွဲ့ရယ်၊ ဒီမှာဆိုင်ခန်းတွေ၊ ယာဉ်ရပ်နားခွင့် ကန်ထရိုက်စွဲတဲ့လူရယ်၊ ဒေသခံတွေရယ်
စုပေါင်းပြီး လမ်းခင်းခဲ့ပါတယ်။ အာဇာနည်နေ့ကနေ ၀ါဆိုလပြည့်၊ လပြည့်ကျော် တစ်ရက်နေ့အထိ ပိတ်ရက်ရှည်တော့ လူပိုများပါတယ်။ သိန်းဂဏန်းလောက် ရှိပါတယ်" ဟု ကျောက်သဘောင်္ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးမောင်စီက ပြောကြားသည်။

"အရင်နှစ်တွေကလည်း ၀ါဆိုပန်း ခူးလာတယ်။ ဒီနှစ် လူပိုများတယ်။ အပြင်မှာ ကားလမ်းပိတ်တဲ့အထိ ဖြစ်သွားတယ်။ ခါတိုင်းလို ထိခိုက်သေကြေ ဒဏ်ရာရတဲ့ သတင်းတွေ မကြားရတော့ စိတ်ချမ်းသာပါတယ်" ဟု မော်လမြိုင်မြို့ မှ လာရောက်အပန်းဖြေ ရေကစားသူ တစ်ဦးမှ ပြောပါသည်။

မွန်ပြည်နယ်အတွင်း ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် တောပန်းများခူးကာ ဘုရားကျောင်းကန် ဇရပ်များရှိ စေတီတော်များ ရုပ်ပွားတော်များအား ၀ါဆိုပန်းကပ်လှူ ပူဇော်သည့် ရိုးရာဓလေ့ပွဲများကို ကျင်းပလေ့ရှိသည်။

Eleven Media Group
ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေ ကြသူများအား တွေ့ရစဉ်
ဇင်းကျိုက်ရေတံခွန်တွင် လာရောက်အပန်းဖြေ ကြသူများအား တွေ့ရစဉ်
Thursday, July 25, 2013

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာရှိ ကျောက်သဘောင်္ ဇင်းကျိုက်ရေတံခွန်သို့ ၀ါဆိုလပြည့်နေ
့နှင့် လပြည့်ကျော် တစ်ရက်နေ့များတွင် လူဦးရေ သိန်းနှင့်ချီ၍ လာရောက်အပန်းဖြေ ခဲ့ကြသည်။

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား

Photo: အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား
Thursday, July 25, 2013

တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်းသန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအလောင်းတို့အား ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၂ လမ်း၊ ရွာသာကြီးရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူ မအေးအေးအောင် ၂၁ နှစ် ဖြစ်ကြောင်း သိရပြီး ၎င်းနှင့်သန္ဓေသား အလောင်းတို့အား သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အလောင်းအား ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ မအေးအေးအောင်မှာ လည်ပင်းယာဘက် အရိုက်ခံခဲ့ရပြီး လေပြွန်တွင် သွေးတွေ့ရှိကြောင်း၊ အစာပြွန်တွင် ရွှံ့ဝင်နေပြီး သားအိမ်မှာ ပေါက်ထွက်နေကြောင်း၊ အပြင်တွင် တွေ့ရှိခဲ့ရသည့် ၎င်း၏ငါးလအရွယ်ခန့်ရှိ သန္ဓေသားမှာလည်း ဗိုက်ပေါက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့အပြင် သေဆုံးသူသည် အရိုက်ခံရပြီး သတိလစ်နေချိန်တွင် လည်ပင်းအား လုံချည်ဖြင့်ညှစ်၍ သတ်ခဲ့ကြောင်း၊ ဗိုက်မှာအကန်ခံရ၍ သားအိမ်ပေါက်ကာ သန္ဓေသားမှာ အပြင်သို့ထွက်ကျခဲ့ပြီးနောက် ဗိုက်ပေါက်အူထွက်ကာ သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသည့်အချိန်မှာ ၄/၅ ရက်ခန့် ရှိပြီဖြစ်နိုင်ဖွယ်ရှိကြောင်း ကျူးလွန်သူများမှာ ၃ ယောက် သို့မဟုတ် ၄ ယောက်ခန့် ရှိနိုင်ကြောင်း မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ မအေးအေးအောင်မှာ ကိုယ်ဝန် ၅ လခန့် ရှိနေကြောင်းသိရပြီး ဇူလိုင် ၁၉ ရက်ညပိုင်းက ၎င်း၏ရည်းစားဖြစ်သူ ပြည့်ဝအောင်မှ ၎င်းအလုပ်လုပ်နေသည့် အအေးခန်းစက်ရုံသို့ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်း စက်ရုံရှိ သက်သေများ၏ ပြောပြချက်အရ သိရသည်။
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း . . . . .

သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်မိုးမိုးဝင်းက "ကျွန်မသမီးလေးက အဲ့ဒီနေ့က အလုပ်ဆင်းနေတာပါ။ အလုပ်ပြန်ချိန်မှာလည်း သူ့အဖေကို လာကြိုဖို့ကို ပြောထားတယ်။ သူ့အဖေ သွားကြိုတော့ သူနဲ့မတွေ့ခဲ့ဘဲ သူ့ရည်းစားနဲ့ လိုက်သွားတယ်လို့ စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။ မနက်ကျတော့ သူ့ရည်းစား အလုပ်လုပ်တဲ့ စက်ရုံကိုသွားပြီး မေးပါသေးတယ်။ သူကမသိဘူးလို့ ဖြေတယ်" ဟု ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ဆိုသည်။

သေဆုံးသူ၏ မိခင်မှ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည့်ဝအောင်ကို သေဆုံးသူ မအေးအေးအောင်အကြောင်း သွားရောက်မေးမြန်းပြီးနောက် ၎င်းမှာယင်းနေ့နံနက် ၁၀ နာရီခန့်ကပင် ရပ်ကွက်ထဲတွင် မတွေ့ရှိတော့ကြောင်း သိရသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမြင့်အောင်က "၂၁ ရက်မှာ ပြည့်ဝအောင်ရဲ့ နေအိမ်ကို သွားပြီးတော့ သူ့မိဘတွေနဲ့ ကျွန်တော်သွားတွေ့ပါတယ်။ ကျွန်တော့်သမီးလေး ပျောက်သွားတာ သုံးရက်ရှိပြီ။ ကျွန်တော့်သမီးလေးကို ခိုးသွားတယ်ဆိုရင်လည်း ၀ါဝင်တော့မှာမို့လို့ မိသားဖသားပီပီ ပြန်အပ်ပါလို့ပြောတော့ သူတို့က မသိဘူးလို့ပဲ ငြင်းတယ်။ ကျွန်တော့်သမီးလေး ဒီလိုမျိုး ရက်ရက်စက်စက် အသတ်ခံရတာ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ ဖြေဆည်လို့ မရနိုင်ပါဘူး။ ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါတယ်" ဟု ဆိုသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြည့်ဝအောင်၏ နေအိမ်သို့ သွားရောက်မေးမြန်းခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်ပင် ပြည့်ဝအောင်၏ မိသားစုအားလုံးမှာ နေအိမ်တွင် မရှိတော့ဘဲ ဇူလိုင် ၂၄ ရက် ညနေပိုင်းအထိ ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသည့် သေဆုံးသူ၏ ရည်းစားဖြစ်သူ ပြည့်ဝအောင်ကို တောင်ဒဂုံမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၁၃ ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
Thursday, July 25, 2013

တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်း
သန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဘဏ်ငွေအပ်သူ ပြည်သူများထဲမှ ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူမှာ တစ်ရာခိုင်နှုန်းပင် မရှိသော်လည်း အပ်ငွေစုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းနီး ပါးဖြစ်သော ကျပ်ဘီလျံ ၄၆၂၀ ကျော်မှာ အဆိုပါ လူနည်းစုမှသာ အပ် ထားနိုင်ခြင်းဖြစ်

Photo: ဘဏ်ငွေအပ်သူ ပြည်သူများထဲမှ ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူမှာ တစ်ရာခိုင်နှုန်းပင် မရှိသော်လည်း အပ်ငွေစုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းနီး ပါးဖြစ်သော ကျပ်ဘီလျံ ၄၆၂၀ ကျော်မှာ အဆိုပါ လူနည်းစုမှသာ အပ် ထားနိုင်ခြင်းဖြစ်
Thursday, July 25, 2013

မြန်မာနိုင်ငံတွင် ဘဏ်ငွေအပ်နှံသူများထဲတွင် ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူများမှာ ငွေအပ်နှံသူ စုစုပေါင်းဦးရေ၏ တစ်ရာခိုင်နှုန်းပင် မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကိုက ဘဏ်အပ်ငွေအပေါ် ဘဏ်တိုးနှုန်းများအား ပြင်ဆင်ရန် ရှိ၊ မရှိ၊ နိုင်ငံတော် ချေးငွေရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများအတွက် ရှစ်ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ စာရင်းများအရ ဘဏ်များတွင် ငွေအပ်ထားသည့် ပမာဏအလိုက် အချိုးအစား တွက်ကြည့်ပါက ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ ကြား ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကျပ်သိန်း ၁၀၀၀ အထက် ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူ ပမာဏ၏ ၀ ဒသမ ၃၆ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတွက် ပြည်သူများထဲ၌ ကျပ်သိန်း ၅၀၀ အထက် အပ်နှံနိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ကျပ်သိန်း ၅၀၀ နှင့်အထက် အပ်နှံနိုင်သူမှာ လူနည်းစုသာ ရှိနေသော်လည်း အပ်နှံထားသည့် ငွေပမာဏမှာမူ ကျပ်ဘီလျံပေါင်း ၄၆၂၀ ကျော်အထိ ရှိကြောင်း၊ တစ်ရာခိုင်နှုန်းပင် မပြည့်သည့် လူနည်းစု အပ်နှံနိုင်သည့် ငွေပမာဏမှာမူ စုစုပေါင်း အပ်နှံထားသည့် ပမာဏ၏ ၅၆ ရာခိုင်နှုန်း နီးပါးအထိပင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သုညကျပ်မှ ကျပ်တစ်သိန်းကြား အပ်နှံနိုင်သည့် ပမာဏမှာ စုစုပေါင်း အပ်နှံသူ ပမာဏ၏ ၆၅ ဒသမ ၄၆ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ကျပ်တစ်သိန်းမှာ ငါးသိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း အပ်နှံသူ၏ ၁၂ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ်ငါးသိန်းမှ ၁၀ သိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၅ ဒသမ ၃၂ ရာခိုင်နှုန်း ရှိကြောင်း၊ ကျပ် ၁၀ သိန်းမှ သိန်း ၅၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ် ၅၀ သိန်းမှ သိန်း ၁၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ သုံးရာခိုင်နှုန်းရှိကြောင်း၊ ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့အတွက် သုညကျပ်မှ ကျပ်သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်းပမာဏ၏ ၉၉ ဒ သမ ၀၃ ရာခိုင်နှုန်း အထိပင် ရှိနေကြောင်း သိရသည်။

Eleven Media Group

ပုဂ္ဂလိကဘဏ် တစ်ခုတွင် ဘဏ်စာရင်း ဖွင့်လှစ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မြတ်ကို)
ပုဂ္ဂလိကဘဏ် တစ်ခုတွင် ဘဏ်စာရင်း ဖွင့်လှစ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မြတ်ကို)
Thursday, July 25, 2013

မြန်မာနိုင်ငံတွင် ဘဏ်ငွေအပ်နှံသူများထဲတွင် ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူများမှာ ငွေအပ်နှံသူ စု
စုပေါင်းဦးရေ၏တစ်ရာခိုင်နှုန်းပင်မရှိကြောင်းဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်
က ပြောကြားသည်။

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

Photo: ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်
Thursday, July 25, 2013

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲကို ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ  E.SUN Bank သည် လက်ရှိအချိန်တွင် ၀န်ဆောင်မှု လုပ်ငန်းနှစ်မျိုးဖြစ်သော မြန်မာနိုင်ငံတွင်ရှိသည့် ထိုင်ဝမ်ကုန်သည်များအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ငွေကြေးအခက်အခဲများ စသည့်ဖြင့် သတင်းများကို လျင်မြန်စွာ စုစည်းပေးမည်ဖြစ်ပြီး ဒုတိယအချက်မှာ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံလိုသော ထိုင်ဝမ်စီးပွားရေး ကုန်သည်များအတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဥပဒေ၊ လူမှုရေး၊ နိုင်ငံရေး စသည့်သတင်းအချက် အလက်များ စုစည်းပေးမည်ဖြစ်ကြောင်း အဆိုပါ ၀န်ဆောင်မှုများကို ထိုင်ဝမ်နိုင်ငံသားများအတွက် ဖြန့်ဝေပေးမည်ဖြစ်သည်။

"မြန်မာနိုင်ငံသည် ယခုအချိန်တွင် စီးပွားရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲခြင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အလုံးအရင်း ဖိတ်ခေါ်နေပါတယ်။ နိုင်ငံခြား ကုမ္ပဏီများမှလည်း မြန်မာနိုင်ငံကို လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာပါက မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုမှာပါ။ မြန်မာနိုင်ငံ အစိုးရက အများလက်ခံနိုင်စေရန် နိုင်ငံခြားငွေ လဲလှယ်မှု တည်ငြိမ်အောင် သတ်မှတ်ပေးထားသည့် အချက်က လက်ခံစရာ ဖြစ်ပါတယ်" ဟု E.SUN Bank မှ Chairman Mr.Gary Tseng က ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်အနေဖြင့် အဆင့်သုံးဆင့် ပိုင်းခြားထားကြောင်း ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံသားဘဏ်နှင့် နိုင်ငံခြားဘဏ် ဖက်စပ်လုပ်ကိုင်ခြင်း၊ ဒုတိယအနေဖြင့် ရာနှုန်းပြည့် နိုင်ငံဘဏ်မှ ပိုင်ဆိုင်သော ကုမ္ပဏီခွဲ ဖွင့်လှစ်ခွင့်နှင့် တတိယအနေဖြင့် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ကို မကြာခင်အချိန်တွင် ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်း ထိုကဲ့သို့ ခွင့်ပြုပါက သင့်တော်သည့်အဆင့်ကို စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။  

"မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး ခြေလှမ်းတွေ မှန်ကန်စွာ တိုးတက်ပြောင်းလဲ နေပါတယ်။ ကျွန်တော်တို့ဘဏ်ဟာ ထိုင်ဝမ်မှာ အကောင်းဆုံးဘဏ်ထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုနှင့်အတူ တစ်ဖက်တစ်လမ်းက ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု E.SUN Bank မှ ဥက္ကဋ္ဌ Mr.Joseph Huang က ပြောကြားသည်။

အဆိုပါ E.SUN Bank သည် ထိုင်ဝမ်နိုင်ငံတွင် အသေးစား စက်မှုလုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးခြင်း၊ ကတ်စနစ် ငွေပေးချေမှုနှင့် ပိုင်ဆိုင်မှုအား အသုံးချ၍ တိုးတက်အောင်ဆောင်ရွက်ခြင်း စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည်ဖြင့် နိုင်ငံများတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

Eleven Media Group

E.SUN Bank ၏ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်
E.SUN Bank ၏ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်
Thursday, July 25, 2013

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲကို ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့
ကြောင်း သိရသည်။

နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘော မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်

Photo: နှစ်နိုင်ငံ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘော မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်
Thursday, July 25, 2013

တရုတ်-မြန်မာနှစ်နိုင်ငံ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင် ၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သည်။

ယခုကဲ့သို့ ချစ်ကြည်ရေးခရီး လာရောက်ရခြင်းမှာ ၂၀၁၂ နိုဝင်ဘာ ၃၀ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပခဲ့သော (၁၁) ကြိမ်မြောက် အာဆီယံ- တရုတ် ပို့ဆောင်ရေး ၀န်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံသို့ လာရောက်သော ခရီးစဉ်တွင် တရုတ်နိုင်ငံ၊ ရေကြောင်းဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်နှင့်၊ တရုတ်ဒေသဆိုင်ရာ ရေကြောင်းဌာန အကြီးအကဲများ ပါဝင်ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနသည် အာဆီယံနိုင်ငံများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအတွက် သြစတြေးလျနိုင်ငံသို့ လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံသို့ လည်းကောင်း ဦးစွာသွားရောက် လည်ပတ်ခဲ့ပြီး ယခု မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ် ပြီးဆုံးပါက မလေးရှားနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဒေသတွင်း ရေကြောင်းဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဘက်ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ၊ ချစ်ကြည်ရေး အားကစား အစီအစဉ်များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

"အခု ခရီးစဉ်အတွင်းမှာ ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်တွေဖြစ်တဲ့ Port State Control (PSC)/Maritime Investigation ဆိုင်ရာ ကိစ္စရပ်တွေနဲ့ Search and Rescue(SAR)/Maritime Security ကိစ္စရပ်တွေကိုပါ အပြန်အလှန် ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဌေးက ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရေကြောင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး Zhai Jiugang က "ကျွန်တော်တို့ အခုမြန်မာနိုင်ငံကို လာတာက တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး ဆောင်ရွက်ရာမှာ ပို့ဆောင်ရေး ကဏ္ဍဖြစ်တဲ့ ရေကြောင်းပို့ဆောင်ရေး ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ဖြစ်ပါတယ်" ဟု ပြောကြားသည်။

M.V HAIXUN 01 သင်္ဘော၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်သည် ဇူလိုင် ၂၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ကာ ယင်းနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။

Eleven Media Group

တရုတ် M.V HAIXUN 01 သင်္ဘောကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌  ဇူလိုင် ၂၄  ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
တရုတ် M.V HAIXUN 01 သင်္ဘောကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ၀င်းမြင့်ကျော်)
Thursday, July 25, 2013

တရုတ်-မြန်မာနှစ်နိုင်ငံ ရေကြောင်းဘက်ဆိုင်ရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနို
င်ငံ ရေကြောင်းဌာနမှ M.V HAIXUN 01 သင်္ဘောသည် ဇူလိုင် ၂၄ ရက်က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး
ခရီး လာရောက်ခဲ့သည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် KNU၊ DKBA နှင့် KNU/KNLA တို့ မြ၀တီမြို့၌ ငြိမ်းချမ်းရေးနှင့် တပ်ကိစ္စများ တွေ့ဆုံဆွေးနွေး

Thursday, July 25, 2013

ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား အစည်းအရုံး-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့သည် ဇူလိုင် ၂၃ ရက်က မြ၀တီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနှင့် တပ်ကိစ

္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ သုံးမြို့တွင် ရေကြောင်းရဲတပ်ဖွဲ့ အခြေစိုက်ရန် စတင်ပြင်ဆင်

Photo: ရခိုင်ကမ်းရိုးတန်း ဆိပ်ကမ်းမြို့ သုံးမြို့တွင် ရေကြောင်းရဲတပ်ဖွဲ့ အခြေစိုက်ရန် စတင်ပြင်ဆင်
Thursday, July 25, 2013

ရခိုင်ကမ်းရိုးတန်း၏ ဆိပ်ကမ်းမြို့ သုံးခု၌ ရေကြောင်းရဲတပ်ဖွဲ့များ အခြေစိုက်ရန်အတွက် စတင်ပြင်ဆင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူမြို့တွင် အခြေစိုက်ရန်အတွက် ရေကြောင်းရဲတပ်ဖွဲ့များ၏ ရေကြောင်းရဲတပ်ဖွဲ့ရုံး မြေနေရာများ စတင်ရှာဖွေ နေပြီဖြစ်ကြောင်း ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်ထိ ရေကြောင်းရဲတပ်ဖွဲ့ ရုံးစိုက်ရန် ရုံးမြေနေရာ ရှာဖွေနေဆဲဖြစ်ပြီး ရေကြောင်းရဲတပ်ဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်ခြင်း မရှိသေးကြောင်းနှင့် ရုံးမြေနေရာများ ရရှိလာပြီဆိုလျှင် ပင်လယ်ပြင်လုံခြုံရေး စိုးမိုးရေးအား ရေကြောင်းရဲတပ်ဖွဲ့မှ တာဝန်ယူလာ နိုင်တော့မည်ဟုလည်း သိရသည်။

ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် "တပ်မတော် ရေတပ်အင်အား တိုးချဲ့ချထားရန်၊ ကမ်းခြေစောင့် ရေဒါစခန်းများ၊ ကင်းလှည့်လေယာဉ်များ၊ CCTV စောင့်ကြည့်ကင်မရာများ၊ လူလုပ်အတားအဆီးများ ချထားရန်၊ ကမ်းခြေစောင့် ရေကြောင်းရဲတပ်ဖွဲ့ (Marine Police / Coastal Police) ကို ဖွဲ့စည်း၍ Assault Boat ကင်းလှည့်တိုက်ခိုက်ရေး ရေယာဉ်များကို ထုတ်ပေးထားပြီး ရေတပ်နှင့် ပူးပေါင်းကင်းလှည့်ခြင်းများ ဆောင်ရွက်စေရန်" ဟု အကြံပြုထားသည်။

ရေကြောင်းရဲတပ်ဖွဲ့နှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်၌ ရေကြောင်းရဲတပ်ဖွဲ့ခွဲ တစ်ခုကို ကျောက်ဖြူဆိပ်ကမ်းတွင် လည်းကောင်း၊ ရေကြောင်းရဲတပ်ဖွဲ့ နှစ်စုကို စစ်တွေနှင့် သံတွဲဆိပ်ကမ်းများတွင်လည်းကောင်း ဖြန့်ေ ဆောင်ရွက် သွားမည်ဟုလည်း သိရသည်။
ရကြောင်းရဲတပ်ဖွဲ့များဟာ ရေပြင်နယ်နိမိတ်အတွင်း ရေကြောင်းလမ်းကို အသုံးပြုပြီး ကျူးလွန်လာတဲ့ ပြစ်မှုများကို တားဆီးဖော်ထုတ်ခြင်း၊ အိမ်နီးချင်းနိုင်ငံ ရဲတပ်ဖွဲ့များနဲ့ နယ်နိမိတ်ဖြတ်ကျော် မှုခင်းများအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပင်လယ်ပြင် နယ်နိမိတ်နဲ့ မြစ်ကြောင်းများအတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှုများကို တန်ပြန်နှိမ်နင်းနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ဒဏ် ခံရသူများနဲ့ . . . . .

ရေကြောင်းရဲတပ်ဖွဲ့ခွဲ သုံးခုကို ရန်ကုန်၊ ကျောက်ဖြူ၊ ထားဝယ်မြို့များတွင်ရှိသည့် ဆိပ်ကမ်းများနှင့် ရေကြောင်းရဲတပ်ဖွဲ့စု ရှစ်ခုကို ပုသိမ်၊ မော်လမြိုင်၊ စစ်တွေ၊ သံတွဲ၊ မြိတ်၊ ကော့သောင်း၊ မန္တလေးနှင့် ၀မ်ပုံ (မဲခေါင်) မြို့များတွင် ဖွဲ့စည်းမည်ဟုလည်း သိရသည်။

ရေကြောင်းရဲတပ်ဖွဲ့၏ တာဝန်များတွင် လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှု၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ ပင်လယ်ဓားပြမှုများ၊ နိုင်ငံနှင့် ဆက်စပ်နေသည့် ရေလမ်းကြောင်းများမှတစ်ဆင့် ကျူးလွန်လာသည့် မှုခင်းများကို တားဆီးနှိမ်နင်းရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ရန်တို့ ပါဝင်ကြောင်း သိရသည်။

"ရေကြောင်းရဲတပ်ဖွဲ့များဟာ ရေပြင်နယ်နိမိတ်အတွင်း ရေကြောင်းလမ်းကို အသုံးပြုပြီး ကျူးလွန်လာတဲ့ ပြစ်မှုများကို တားဆီးဖော်ထုတ်ခြင်း၊ အိမ်နီးချင်းနိုင်ငံ ရဲတပ်ဖွဲ့များနဲ့ နယ်နိမိတ်ဖြတ်ကျော် မှုခင်းများအတွက် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပင်လယ်ပြင် နယ်နိမိတ်နဲ့ မြစ်ကြောင်းများအတွင်း ဖြစ်ပွားသည့် အကြမ်းဖက်မှုများကို တန်ပြန်နှိမ်နင်းနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ဒဏ် ခံရသူများနဲ့ ရေဘေးဒုက္ခသည်များကို ရှာဖွေကယ်ဆယ် စောင့်ရှောက်ခြင်းများကို ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ပါတယ်" ဟု စစ်တွေရေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

"ရခိုင်ကမ်းရိုးတန်းဟာ လူခိုးဝင် ခိုးထွက်လုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေပြင်၊ မြေပြင် ထိစပ်နေတာ ဖြစ်တယ်။ ဒီအတွက် နယ်စပ်မြစ်နဲ့ ပင်လယ်ပြင် လုံခြုံဖို့အတွက် ရေတပ်သာမက ရေကြောင်းရဲတပ်ဖွဲ့ဟာ လိုအပ်ပါတယ်။ အခုစစ်တွေမှာ ရေကြောင်းရဲတပ်စုလို့ပဲ သိရတဲ့အတွက် ဒီထက်ပိုအင်အားတိုးပြီး နတ်မြစ်တစ်လျှောက် လုံခြုံရေးတွေကိုပါ ဆောင်ရွက်နိုင်အောင် ခေတ်မီလက်နက် ကိရိယာတွေအပြင် ဘင်္ဂလားဒေ့ရှ်မှာလို မြန်နှုန်းမြင့် စပိဘုတ်တွေ တပ်ဆင်ထားဖို့ လိုပါတယ်" ဟု မောင်တောမြို့ခံ တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများ၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ကျေးရွာများကို ဘင်္ဂါလီ ဓားပြအဖွဲ့တစ်ဖွဲ့က ဓားပြတိုက်၊ န.စ.က တပ်ဖွဲ့များကို ၀င်ရောက်စီးနင်းမှုများ ဖြစ်ခဲ့ဖူးပြီး မယူတောင်ကို ကျော်ဖြတ်၍ ရေကြောင်းမှတစ်ဆင့် ပုန်းလျှိုးပျောက်ကွယ် သွားကြကြောင်း၊ ထို့အပြင် ကျွဲနွားများကို လုယူခြင်း၊ ငါးခိုးဖမ်းခြင်း၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း လွန်ခဲ့သည့် နှစ်လေးငါးဆယ်ခန့်က ရေတပ်အပြင် ရေကြောင်းရဲများ၊ အကောက်ခွန်ကင်းလှည့် ရေယာဉ်များ ထားရှိခဲ့ဖူးကြောင်းလည်း သိရသည်။

၂၀၁၂ ခုနှစ် ဇွန်လပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ၂၀၁၂ ခုနှစ် ဇူလိုင်  ၉ ရက်တွင် ရေကြောင်းရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

Eleven Media Group


ကုလားတန်မြစ်ဝတွင် ကင်းလှည့်နေသည့် ရေတပ်သင်္ဘော တစ်စင်းအား တွေ့ရစဉ်
ကုလားတန်မြစ်ဝတွင် ကင်းလှည့်နေသည့် ရေတပ်သင်္ဘော တစ်စင်းအား တွေ့ရစဉ်
Thursday, July 25, 2013

ရခိုင်ကမ်းရိုးတန်း၏ ဆိပ်ကမ်းမြို့ သုံးခု၌ ရေကြောင်းရဲတပ်ဖွဲ့များ အခြေစိုက်ရန်အတွက် စတင်ပြင်ဆင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်

မြန်မာနိုင်ငံအရေးပေါ်တယ်လီဖုန်းနံပါတ်များအပြည့်အစုံပါတဲ့ Android APK

မြန်မာနိုင်ငံအရေးပေါ်တယ်လီဖုန်းနံပါတ်များ APK
==============================

Android ဖုန်းများအတွက် အဆင်ပြေပြီး အသုံးဝင်တဲ့ Myanmar Hot Lines Free Mobile App…
Android ဖုန်းသုံးတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော့်ရဲ့ Myanmar Hot Lines ဆိုတဲ့ Free Mobile App လေး Play Store ပေါ်မှာရောက်နေပါပြီ။ တခါတလေမှာ အရေးတကြီး ကိုယ်သိချင်တဲ့ ဖုန်းနံပါတ်တွေကို သတင်းစာ၊ ဂျာနယ်၊ လမ်းညွှန်စာအုပ်တွေမှာ ရှာဖွေနေစရာမလိုပဲ ဖုန်းထဲမှာ install လုပ်ထားလိုက်တာနဲ့ ရုပ်ရှင်ရုံ၊ ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း၊ အရေးပေါ်၊ စတဲ့.. ဖုန်းနံပါတ်တွေကို အလွယ်တကူ ရှာဖွေပြီး တိုက်ရိုက်ခေါ်ဆိုလို့ ရနိုင်ပါတယ်။

ဆော့ဝဲမြို့တော်
Download -> http://www.mediafire.com/download/5cabtjcci87aw4x/myanmarhotlines-1-v1.0.apk

25.7.2013
Android ဖုန်းများအတွက် အဆင်ပြေပြီး အသုံးဝင်တဲ့ Myanmar Hot Lines Free Mobile App…Android ဖုန်း
သုံးတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော့်ရဲ့ Myanmar Hot Lines ဆိုတဲ့ Free Mobile App လေး Play Store
 ပေါ်မှာရောက်နေပါပြီ။

၂၂ နှစ် ဆိုတာ . . . (ဆောင်းပါး)


7.22.17


လုံထိန်းရဲများ လက်ချက်ဖြင့် မတ်လ အရေးအခင်းက ကျဆုံးခဲ့သူများအား ဂုဏ်ပြုသည့် အနေဖြင့် တံတား
နီဟု အမည်ပေးပြီး လွမ်းသူ့ပန်းခွေ ချကြစဉ်။(ဓာတ်ပုံ -၁၇-၉-၁၉၈၈ နေ့ထုတ်မီးပွားနေ့စဉ်)''၂၂ နှစ်ဆိုတာ''
ဆောင်းပါးကို ၂၀၁၀ က ရေးပါတယ်။ အဲဒီအချိန်က အရမ်းတင်းကျပ်တဲ့ အချိန်ဆိုတော့ ကျွန်တော့်ရဲ့ Faceb
ook မှာပဲ တင်ဖြစ်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်း ၃၀-၄၀ လောက်ပဲ ဖတ်ရပါတယ်။

၂၀၁၃ ဆီးဂိမ်းစ်တွင် အိမ်ရှင်မြန်မာ အားကစားအဖွဲ့ အားကစားသမား ၉၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ကျန်နိုင်ငံများတွင် အင်ဒိုနီးရှားမှ အများဆုံးလာရောက် ယှဉ်ပြိုင်မည်

seagame-july24
၂၀၁၁ ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား၌ မြန်မာအားကစားအဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ - AFP)


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)တွင် မြန်မာအားကစားအဖွဲ့သည် အားကစားသမား ၉၀၀ ကျော်ဖြင့် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။