Pages

Tuesday, July 23, 2013

"ရိုးရိုးကျင့် မြင့်မြင့်ကြံခဲ့သူ ကိုအောင်ဆန်းရဲ့ဖက်ရှင်စတိုင် "

လူမှာ အဝတ်တောင်းမှာအကွပ်" ဆိုသော မြန်မာဆိုရိုး စကားတစ်ခုရှိလေသည်။ သို့သော်လည်း အမျိုးသား
ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့ သူ၏ ငယ်ဘဝမှာပင် ထိုစကားရပ်ကို အမှုမထားခဲ့သူ ဖြစ်ပါ
၏။ဝတ်စားပလွှားခြင်းသည်အပိုအလုပ်ဟုသူကမှတ်ယူလေသည်။အဝတ်အစားနှင့် ပတ်သက်၍ ဟန်ရေးပြ
ဂုဏ်တု ဂုဏ်ပြိုင်လုပ်ခြင်းများ ကိုလည်း အလွန်စက်ဆုပ်သူ ဖြစ်ပါ၏။

တရုတ်စစ်ကော်မရှင်အဖွဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ

တရုတ်စစ်ကော်မရှင်အဖွဲ့ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံ

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

မနေ့က မြန်မာနိုင်ငံကို ခရီးရောက်လာတဲ့ တရုတ်စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့အဖွဲ့ကို မြန်မာစစ်တပ် အရာရှိတွေက ရန်ကုန်လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ကြပါတယ်။

ဒီခရီးစဉ်ဟာ တရုတ်မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်တွေ့အကောင်ထည်ဖော်ဖို့ ရည်ရွယ်တဲ့ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအစိုးရနဲ့ စစ်တပ်အကြား နားလည်ချစ်ကြည်မှု တိုးပွားရေး၊ သဘောထားမျှဝေရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေး ထိန်းသိမ်းနိုင်ဖို့တွေအတွက်ဖြစ်ကြောင်း မစ္စတာချန်လောင်းက ရန်ကုန်လေဆိပ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောကြားထားပါတယ်။

တရုတ်နိုင်ငံအစိုးရ သတင်းဌာန ထုတ်ပြန်ချက်အရ မစ္စတာ ချန်လောင်းဟာ မြန်မာခရီးစဉ်အပြီး ထိုင်းနဲ့ ကာဇက်စတန်နိုင်ငံတွေကို ခရီးဆက်မယ်လို့ သိရပါတယ်။

အေးချမ်းမွန် Credit To > RFA Burmese < Thank
Re-post By ACM 23-7-2013

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဖန်ချန်လောင်းဟာ ဒီကနေ့ နေပြည်တော်မှာ မြန်မာစစ်
တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုကိစ္စ ပြည်သူများသို့အသိပေးကြေငြာခြင်း

ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် ဆက်ကြောင်းချို့ယွင်းမှု ပြုပြင်ဖို့ အချိန်(၁)လခန့် ကြာမည်ခန့်မှန်း၊ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး သတင်းထုတ်ပြန်


ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်းချို့ယွင်းမှုကိစ္စ ပြည်သူများသို့အသိပေးကြေငြာခြင်း
====================

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက် ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

၂။ ဤဆက်ကြောင်းမှ ဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားပါ သည်။

၃။ SEA-ME-WE 3 ဆက်ကြောင်း၏ မြန်မာပြည်တွင်း လမ်းကြောင်းတစ်လျှောက်ဖြစ်သော ဖျာပုံ၊ ကျုံကဒွန်းနှင့် ကုလားထိပ်ပင်လယ်ကမ်းစပ်အထိ လိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည် ပင်လယ်အတွင်း ( ၁၃ ) ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်း တာ တွေ.ရှိရပါသည်။

၎။ ဤချို.ယွင်းမှုအား စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်း ရေးအဖွဲ.နှင့် ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင် ရန်ဆောင်ရွက်လျှက်ရှိပါသည်။ ပြုပြင်ရန် ခန်.မှန်း ကြာမြင့်ချိန်မှာ (၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်း အင်တာနက်အသုံးပြုမှုများ နှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

အေးချမ်းမွန် Credit To > DVB TV News < Thank
Re-post By ACM 23-7-2013

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက် ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃) ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို.ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။

ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်

ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကေအိုင်အိုအဖွဲ့ဝင် ၁၅ ဦးပါတဲ့ နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး (Technical Advisory Team) ကို နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့က ဒီကနေ့ မနက် ၉ နာရီမှာ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။

တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်မှာသာ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ကေအိုင်အို ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ဒီကနေ့ရုံးဖွင့်ပွဲမှာ အခုလို ပြောပါတယ်။

"ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဖြစ်နေတဲ့ နိုင်ငံရေးပဋ္ဋိပက္ခကို ဖြေရှင်းရာမှာ တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်မှ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်၊ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ စစ်မှန်သောတည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မည်မဟုတ်ပါ”

အပစ်အခပ်ရပ်စဲထားရုံ သက်သက်မဟုတ်ဘဲ  နိုင်ငံရေးဆွေးနွေးမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အများစုက အဆင်သင့်ဖြစ်နေပြီလို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဘုံဆန္ဒရှိတယ်ဆိုတာကို သဘောထားပြောထားပြီးဖြစ်ပါတယ်၊ မိဘပြည်သူများခင်ဗျာ ကျနော်တို့တိုင်ပြည်မှာ ငြိမ်းချမ်းရေးအတွက် ရင့်မှည့်တဲ့အချိန် ရောက်နေပါပြီ၊ အပစ်အခတ်ရပ်စဲထားရုံမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ အများစုကအဆင်သင့်ဖြစ်နေကြပါပြီ၊ လက်နက်ကိုင် ပဋ္ဋိပက္ခနဲ့ ပြဿနာအဖြေရှာဖို့ မရဘူးဆိုတာ ကျနော်တို့အားလုံး သဘောပေါက်ပြီးဖြစ်ပါတယ်”

ဒီကနေ့ဆွေးနွေးပွဲကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူ ၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကေအိုင်အိုအဖွဲ့ဝင် ၁၅ ဦးပါတဲ့ နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး (Tec
hnical Advisory Team)ကို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့အစိုးရကိုယ်စားလှယ်အ
ဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ကဒီကနေ့မနက်၉နာရီမှာတရားဝင်
ဖွင့်လှစ်လိုက်ပါတယ်။

ရန်ကုန်ဆိပ်ကမ်းမှာ ၅ ရက် အိပ်မယ့် တရုတ်အစိုးရသင်္ဘော

ရန်ကုန်ဆိပ်ကမ်းမှာ ၅ ရက် အိပ်မယ့် တရုတ်အစိုးရသင်္ဘော
Tuesday, July 23, 2013

တရုတ်အစိုးရရဲ့ သင်္ဘောတစီး ရန်ကုန်ကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်ဆိပ်ကမ်း ရောက်လာပါလိမ့်မယ် တဲ့၊ ရန်ကုန်မြို့တရုတ်သံရုံးရဲ့ ကြေညာချက်တစောင်မှာ အဲဒီလို ဆိုထားပါတယ်။ Haixun 01 လို့ အမည်ရတဲ့ သင်္ဘော ပင်လယ်ပြင်ခရီးလှည့်နေတာ အခုလောက်ဆိုရင် အင်ဒိုနီးရှားကနေ ထွက်လာပြီလို့ ယူဆရပါတယ်။

ဒီသင်္ဘောကြီးက နိုင်ငံ ၄ ခုကို ခရီးထွက်မယ်၊ ၆၂ ရက်ကြာမယ် လို့ ကြေညာချက်က ဆိုပါတယ်။

ရန်ကုန်ဆိပ်ကမ်းမှာ ၂၄ ရက်နေ့ကနေ ၂၈ အထိ နေပါမယ် တဲ့။

တရုတ်အစိုးရသတင်းဌာန ဆင်ဟွာရဲ့ သတင်းတပုဒ်မှာတော့ ... ဒီသင်္ဘောသစ်ကြီးက မီတာ ၁၃၀ နီးပါး ရှည်တယ်၊ ၁၆ မီတာ ကျယ်တယ်၊ တန်ချိန်အားဖြင့်
၅,ဝဝဝ ကျော်ပါတယ် တဲ့။ ဆီမဖြည့်ဘဲနဲ့ ကီလိုမီတာ နှစ်သောင်းနီးပါး ခုတ်မောင်းနိုင်မယ်လို့လည်း ဆိုထားပါတယ်။

ပင်လယ်ပြင်မှာ လူ ၂ဝဝ ကို ကယ်တင် ခိုလှုံခွင့်ပေးနိုင်တယ်၊ ဆေးကုသမှုပေးနိုင်တဲ့ ပစ္စည်းကရိယာများလည်း တပ်ဆင်ထားပါတယ် တဲ့။
ရှေးဦးသူနာပြုစုနည်းကနေ ထိခိုက်ဒဏ်ရာရသူကို ခွဲစိတ်ကုသမှုပေးနိုင်တဲ့အထိ စီစဉ်ထားတယ်၊ ရဟတ်ယာဉ် နဲ့ ရဟတ်ယာဉ်ကွင်းလည်း ရှိတယ်လို့ သိရပါတယ်။

သင်္ဘောအမည် Haixun ကို ဂူဂဲလ်မှာ ဘာသာပြန်ကြည့်တော့ ကမ်းခြေစောင့် လို့ အဖြေထွက်ပါတယ်။

တရုတ်သင်္ဘော မြန်မာပြည်ရောက်ချိန် ဆက်စပ် ဖတ်ကြည့်သင့်တာကတော့
အမေရိကန်၊ မြန်မာ၊ တရုတ် ဆက်ဆံရေးများ http://burma.irrawaddy.org/archives/3991 ဆောင်းပါး ဖြစ်ပါတယ်။

သင်္ဘောအကြောင်း ပြန်ဆက်ရရင် .... ရှာဖွေရေး၊ ကယ်ဆယ်ရေး နဲ့ ကင်းလှည့်သင်္ဘော ဒေသတွင်း စင်္ကြန်လျှောက်နေရတာဟာ ပင်လယ်ပြင်အတွင်း သဘာဝဘေးဒုက္ခနဲ့ တခြား အန္တရာယ်တွေနဲ့ ကြုံတွေ့တဲ့အခါ အသုံးပြုဖို့ အသင့်ဖြစ်အောင်
လေ့ကျင့်တဲ့သဘော၊ မိတ်ဆွေနိုင်ငံများနဲ့ အဆင်ပြေအောင် ထိတွေ့ကြ လေ့ကျင့်ကြတဲ့သဘော လို့ ယူဆပါတယ်။

အရပ်ဘက် သင်္ဘောကို အသုံးပြုတယ် ဆိုပေမယ့် ဒါဟာ တရုတ်အစိုးရရဲ့ စစ်ရေးလှုပ်ရှားမှုတစိတ်တဒေသလည်း ဖြစ်နိုင်ပါတယ်။

ဒေသတွင်းမှာရော ကမ္ဘာမှာပါ သြဇာကြီးတဲ့ တရုတ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုလည်း ဖြစ်နိုင်ပါတယ်။


ဧရာဝတီ

Tuesday, July 23, 2013

တရုတ်အစိုးရရဲ့ သင်္ဘောတစီး ရန်ကုန်ကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာ ရန်ကုန်ဆိပ်ကမ်း ရောက်လာပါလိမ့်မယ် တဲ့၊ ရန်ကုန်မြို့တရုတ်သံရုံးရဲ့ ကြေညာချက်တစောင်မှာ အဲဒီလို ဆိုထားပါတယ်။ Haixun 01 လို့ အမည်ရတဲ့ သင်္ဘောပင်လယ်ပြင်ခရီးလှည့်နေတာအခုလောက်ဆိုရင်အင်ဒိုနီးရှားကနေထွက်လာပြီလို့ ယူဆရပါတယ်။

တေးသံရှင် အဆိုတော်ဆိုတေး သတိပြန်ရပြီ

Tuesday, July 23, 2013
မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀မိနစ်တွင် သတိကောင်းစွာ ရနေပြီဖြစ်ကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူ ဦးရဲအောင်မြင့်က ပြောကြားသည်။

တော်ဝင်မင်းသားလေးရဲ့ နာမည်တောင် လောင်းကြေးတင်နေပြီ

Photo: တော်ဝင်မင်းသားလေးရဲ့ နာမည်တောင် လောင်းကြေးတင်နေပြီ
Tuesday, July 23, 2013

မနေ့က အင်္ဂလန် စံတော်ချိန် ညနေ ၄ နာရီ ၂၄ မိနစ်မှာ အင်္ဂလန် တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ရာတော် ကိတ်မစ်ဒယ်တန် တို့ရဲ့ သားဦးလေး ဖြစ်တဲ့ တော်ဝင်မင်းသားလေးရဲ့ သတင်းကတော့ လတ်တလော နိုင်ငံတကာ သတင်းလောကမှာတော့ လူပြောများနေပါတယ်။ ဒီနေရာမှာ တော်ဝင်မင်းသားလေး မွေးဖွားတဲ့ သတင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကိုသာ လူပြောများနေပေမယ့် မင်းသားလေးရဲ့ နာမည်နဲ့ ပတ်သက်တဲ့ အကြောင်း တစ်စုံတစ်ရာ၊ သတင်း တစ်ခုနှစ်ခုကိုမှ မတွေ့ရတာ ထူးဆန်းပါတယ်။ 

ဒါပေမယ့် ကျွန်တော် ထူးဆန်းတယ်လို့ ပြောတဲ့ အရာထက် အခု ကျွန်တော် ရေးနေတဲ့ သတင်းက ပိုပြီး ထူးဆန်းတာ တွေ့ရပါတယ်။ ဗြိတိန်ရဲ့ တော်ဝင်မင်းသားလေးရဲ့ မှည့်ခေါ်မယ့် နာမည်ကို လောင်းကြေးတင်ပြီး လောင်းကစားနိုင်အောင် အိုင်ယာလန်အခြေစိုက် Paddy Power ကနေ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။


စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ လတ်တလော ရေပန်းစားနေတဲ့နာမည်တွေကတော့ Alexandra, George နဲ့ Victoria တို့ပဲ ဖြစ်ပါတယ်။ အဆိုပါ နာမည်သုံးမျိုးကတော့ ကြေးအများဆုံးဖြစ်နေပါတယ်။ Charlotte, James, Alexander, Elizabeth စတဲ့ နာမည်တွေကလည်း ဒုတိယနေရာလိုက်နေပြီး Wayne, Fergie စတဲ့နာမည်တွေကတော့ လူစိတ်ဝင်စားမှု အနည်းဆုံးနေရာမှာ ရှိနေပါတယ်။ အသေးစိတ် သိရှိလိုသူတွေ အတွက်တော့ အောက်မှာ ဖော်ပြထားတဲ့ Link လေးပေါ်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

www.businessinsider.com/what-will-be-royal-babys-name-be-2013-7

Myanmar ICT

Tuesday, July 23, 2013

မနေ့က အင်္ဂလန် စံတော်ချိန် ညနေ ၄ နာရီ ၂၄ မိနစ်မှာ အင်္ဂလန် တော်ဝင်မင်းသား ၀ီလျံနဲ့ ကြင်ရာတော် ကိတ်မစ်ဒယ်တန် တို့ရဲ့ သားဦးလေး ဖြစ်တဲ့ တော်ဝင်မင်းသားလေးရဲ့ သတင်းကတော့ လတ်တ လော နိုင်
ငံတကာ သတင်းလောကမှာတော့ လူပြောများနေပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေထပ်လွတ်ပြီ

Tuesday, July 23, 2013

ယနေ့ နေ့လည် (၃)နာ ရီ ခန့် က နိုင်ငံတော် လွှတ်ငြိမ်းချမ်းသာ ခွင့် နှင့်မြန်မာနိုင်ငံအကျဉ်းထောင် အချို့မှ အကျဉ်းသား စုစုပေါင်း (၇၃)ဦးတို့အားလွှတ်ပေးလိုက်သည်။ယခုလွှက်မြောက်လာသော အကျဉ်းသားများ

မှာ အင်းစိန် အကျဉ်းထောင် မှ (၆) ဦး၊ ရွှေဘိုအ ကျဉ်းထောင်မှ (၅) ဦး၊

ကလေးမွေးဖွားစဉ် တစ်ခါအော်ပါက ငါးဒေါ်လာ ဒဏ်တပ်သည့် ဇင်ဘာဘွေနိုင်ငံ

Photo: ကလေးမွေးဖွားစဉ် တစ်ခါအော်ပါက ငါးဒေါ်လာ ဒဏ်တပ်သည့် ဇင်ဘာဘွေနိုင်ငံ
Tuesday, July 23, 2013

ဇင်ဘာဘွေ နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကလေးမွေးဖွားစဉ် အတွင်း 
အော်ပါက တစ်ခါအော်ဟစ်မိလျှင် ဒဏ်ငွေငါးဒေါ်လာ ပေးဆောင် 
ရမည်ဖြစ်သည်။ ၎င်းစည်းကမ်းသည် မိခင်များထံမှ မတရားပိုက်ဆံ ရယူလိုခြင်းပင် ဖြစ်သည်။ 

ထို့ကြောင့် ယင်းနိုင်ငံရှိ ကိုယ်ဝန်သည်များသည် မိမိအိမ်၌သာ ကလေးများ မွေးဖွားကြသည်။ ခန့်မှန်းချက် များအရ ဇင်ဘာဘွေနိုင်ငံတွင် တစ်ရက်လျှင် ကိုယ်ဝန်သည် ရှစ်ဦးလောက် သေဆုံးကြသည်။ 
ဆေးရုံတွင် မွေးဖွားရသည့် ငွေကြေးသည် ဒေါ်လာ ၅၀ ဖြစ်ပြီး
၎င်းငွေသည် ဇင်ဘာဘွေနိုင်ငံသားများ အတွက် တစ်နှစ်ရှာရသော ငွေ၏ 
သုံးပုံ တစ်ပုံခန့်လောက် ရှိသည်။

Kyaw Lin Naing (MM Social Sky)

Tuesday, July 23, 2013

ဇင်ဘာဘွေ နိုင်ငံရှိ ဆေးရုံတစ်ခုတွင် ကလေးမွေးဖွားစဉ် အတွင်း အော်ပါက တစ်ခါအော်ဟစ်မိလျှင်ဒဏ်ငွေ
ငါးဒေါ်လာ ပေးဆောင် ရမည်ဖြစ်သည်။ ၎င်းစည်းကမ်းသည်မိခင်များထံမှမတရားပိုက်ဆံရယူလိုခြင်းပင် ဖြစ်
သည်။

သန်းခေါင်စာရင်းရော ဘင်္ဂါလီစာရင်းပါ ကောက်မယ်ဟု ဦးခင်ရီပြောကြား

July 23, 2013

သန်းခေါင်စာရင်းရော ဘင်္ဂါလီစာရင်းပါ ကောက်မယ်ဟု ဦးခင်ရီပြောကြား
=====================================

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း သုံးဆယ် နီးပါး ရပ်နား ထားတဲ့ တနိုင်ငံလုံး သန်းခေါင် စာရင်း ကို ကောက်မှာ ဖြစ်ပြီးတော့ အဲဒီ မတိုင်ခင် မှာလည်း တိုက်ခိုက် မှုတွေ ရှိလို့ ရပ်ထား ခဲ့ရတဲ့ ဘင်္ဂါလီ စာရင်း အပြီး ပြန်ကောက် မယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ပြောကြား လိုက်ပါတယ်။

လာမယ့် မတ်လ ၃၀ ရက် နေ့ ကနေ၊ ဧပြီလ ၁၀ ရက် နေ့ အထိ ကောက်ခံမှာ ဖြစ်ပြီး၊ ရခိုင် ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီ လူဦးရေ စာရင်းကိုတော့ Third party နိုင်ငံ တကာက ကြားခံ အဖွဲ့ အစည်း တွေရဲ့ အကူ အညီ နဲ့ ကောက်ခံ သွားမယ် လို့ ဝန်ကြီး ဦးခင်ရီက ပြောကြား ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ တုန်းက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ဒုက္ခသည် စခန်း တခုမှာ လူဦးရေ စာရင်း ကောက်ရာမှာ ဘင်္ဂါလီလို့ သုံးတဲ့ အတွက် ပြဿနာ @ ဖြစ် ပြီး တိုက်ခိုက် မှုတွေ ရှိတာ ကြောင့် စာရင်းကောက် တာတွေ ရပ် ထားခဲ့ ရပြီးတော့ အခု နိုင်ငံ တကာက ကြားခံ အဖွဲ့ အစည်းတွေ အကူအညီ နဲ့ ပြန်ကောက် ဖို့ စီစဉ် နေတာ ပါလို့ ဦးခင်ရီက ပြောပါတယ်။

ကြားခံ အဖွဲ အစည်း ဆိုတာဟာ အစိုးရလည်း မဟုတ် ဒေသခံ ရခိုင်တွေ မဟုတ်တဲ့ သြဇာ ရှိတဲ့ နိုင်ငံ တကာ က အဖွဲ့ အစည်းတွေ ဖြစ်တယ် @ လို့လည်း သူ က ရှင်းပြ ပါတယ်။ ရခိုင် ပြည်နယ်မှာ ဘင်္ဂါလီ ဦးရေ ၈ သိန်း လောက် ရှိမယ်လို့ အစိုးရ ဘက်က ပြောထား ပါတယ်။

မြန်မာ တနိုင်ငံလုံး သန်ခေါင် စာရင်း ကောက် ဖို့ အတွက် အမေရိကန် ဒေါ်လာ ၅၅ သန်း ကျော် ကုန်ကျ မယ်လို့ တွက်ချက် ထားပြီးတော့ အစိုးရက ဒေါ်လာ ၁၅ သန်း ထည့်ဝင်ထား @ သလို၊ ကုလသမဂ္ဂ နဲ့ ဗြိတိန် အပါ အဝင် အလှူရှင် တိုင်းပြည်တွေ လှူဒါန်းမှု ကြောင့် ဒေါ်လာ ၁၈သန်း ကျော်သာ လိုအပ် နေတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
Posted :Kolatt

July 23, 2013
မြန်မာ နိုင်ငံမှာ နှစ်ပေါင်း သုံးဆယ် နီးပါး ရပ်နား ထားတဲ့ တနိုင်ငံလုံး သန်းခေါင် စာရင်း ကို ကောက်မှာ ဖြစ်ပြီးတော့ အဲဒီ မတိုင်ခင် မှာလည်း တိုက်ခိုက် မှုတွေ ရှိလို့ ရပ်ထား ခဲ့ရတဲ့ ဘင်္ဂါလီ စာရင်း အပြီး ပြန်ကောက် မယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ က ပြောကြား လိုက်ပါတယ်။

ဆိုကရေးတီး၏ မှတ်သားဖွယ်ရာ စကားတစ်ခွန်း

တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်
ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။

ဟားဗက်တက္ကသိုလ်တွင်ကျမ်းမြတ်ကုရ်အာန်ရဲ့အာယာသ်တော်တစ်ခုချိတ်ဆွဲ


အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် ဥပဒေဌာန အ၀င်ဝတွင် သမိုင်းတွင် တရားမျှတစွာ စီရင်ဆောင်ရွက်ခြင်းအတွက် အကောင်းဆုံးသောဖော်ပြချက်ဟုဆိုကာ ကျမ်းတော်မြတ်ကုရ်အာန်၏ မုက္ခပတ်တော် (အာယာသ်တော်) တစ်ခုအား ချိတ်ဆွဲလိုက်သည်ဟု ဆော်ဒီသတင်းမှ တနင်္ဂနွေနေ့က ဖော်ပြခဲ့သည်။

ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်မည်

ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်မည်
Tuesday, 23 July 2013

စက်တင်ဘာလတွင် ပြုလုပ်မည့် Zapad 2013 အမည်ရှိ ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၂၅ဝဝ နှင့် ဘီလာရုစ် တပ်ဖွဲ့ဝင် ၁ဝ၄ဝဝ တို့ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ် လက်အောက်ရှိ နည်းဗျူဟာမြောက် လေ့ကျင့်ရေး ညွှန်ကြား
ရေးမှူး ယာချီစလက်ဗ်ဆိခ်က ပြောကြားခဲ့သည်။

ထို့အပြင် လေယာဉ်နှင့် ရဟတ်ယာဉ် အစင်းပေါင်း ၆ဝ နှင့် တိုက်ခိုက်ရေး ယာဉ် ၂၅ဝ ကျော်ပါဝင် သွားမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြား
ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်ခန်းကို ဘီလာရုစ် နိုင်ငံနှင့် ရုရှားနိုင်ငံ အနောက်
ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ဘားရန့်စ် နှင့်ဘောလ်တစ် ပင်လယ်တို့တွင် ပြုလုပ်
သွားမည် ဖြစ်ပြီး ထို စစ်ရေး လေ့ကျင့်ခန်းသို့ နေတိုးတပ်ဖွဲ့ဝင်များကို
ဖိတ်ကြားသွားရန် အစီအစဉ် မရှိကြောင်း သိရသည်။

မြ၀တီ

Tuesday, 23 July 2013

စက်တင်ဘာလတွင် ပြုလုပ်မည့် Zapad 2013 အမည်ရှိ ရုရှား- ဘီလာရုစ် ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းတွင် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်ပေါင်း ၁၃ဝဝဝ ခန့် ပါဝင် လေ့ကျင့်သွားမည် ဖြစ်ကြောင်း ရုရှား စစ်ဦးစီးချုပ်၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

• မန္တလေးမြို့ ဆရာတော်ဦးဝီရသူ တရားပွဲတွင် ပေါက်ကွဲမှုမှ တရားခံအား ဖမ်းဆီးရမိရေး မြို့ဝင်/မြို့ထွက်များ၌ မသင်္ကာသူများကို ပိတ်ဆို့စစ်ဆေးနေ •

ဇူလိုင် ၂၁ ရက်တွင် မန္တလေးမြို့၊ သဟပုညကာရီ ဘုံဆွမ်းလောင်း အသင်းမှ ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရားပွဲကျင်းပခဲ့ရာ ငါးရက်မြောက်နေ့ ဖြစ်သည့် ဆရာတော် ဦးဝီရသူ တရားပွဲညတွင် ပေါက်ကွဲခဲ့သည့်ဗုံးမှာ သံကြွပ်စ ထည့်သွင်း ပြုလုပ်ထားသည့် လက်လုပ်ဗုံးဟု ယူဆကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

♦ မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေ ♦

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းနိုင်က ပြောကြားသည်။