Pages

Sunday, July 21, 2013

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ( ၇ ) ဆင့်

Photo: ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ( ၇ ) ဆင့်
Sunday, July 21, 2013

အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *
ဒါကတော့ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။


အဆင့်၂။ နားလည်မှုရလာတဲ့ အဆင့်* *
ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။


အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *
ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။

အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *
ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။

အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *
ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။

အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့  အဆင့် ** ** **
ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊ သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။

အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******
ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။
ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင် ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင်သွားနိုင်ကြပါစေ။ ပြသနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ။ ။

AK
Credit to  Nyi Khant
ချိုးငှက်ဟူသည်

Sunday, July 21, 2013

အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *
ဒါကတော့ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။ ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်
ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်း
ကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။

ခန္တီးလုံဒေသ သျှမ်းလူမျိုးစုများ

Photo: ခန္တီးလုံဒေသ သျှမ်းလူမျိုးစုများ
Sunday, July 21, 2013

မြန်မာနိုင်ငံမြောက်ပိုင်း ယခု ပူတာအိုလွင်ပြင် ဒေသတခုလုံးကို တချိန်က ခန္တီးလုံဒေသဟုခေါ်သည်။ ခန္တီးလုံဒေသကို သျှမ်းစော်ဘွားများ တည်ထောင်ကာ စော်ဘွားအဆက်ဆက် အုပ်ချုပ်ခဲ့ကြောင်း သမိုင်းက အခိုင်မှာပြဆိုခဲ့သည်။

BC- 100 ခန့်မှာ ခန္တီးလုံဒေသကို စောဝ်ဇေယျထိသာ ဆိုတဲ့ တိဗက်အနွယ်ဝင် သျှမ်းမျိုး တစ်ထောင်ခန့် ရောက်ရှိလာကြောင်းကို ခန္တီးလုံသမိုင်းက ပြဆိုသည်။ စောဝ်ဇေယျထိသာသည် မန်ဇရစ်တိုင်းဆိုတဲ့ နာမည်နဲ့ တိုင်းပြည်ကို တည်ထောင်ခဲ့ပါသည်။

BC- 600 ခန့်မတိုင်မှီမှာ သျှမ်းတို့က ဆေ သို့မဟုတ် ဇူ့နိုင်ငံကိုတည်ထောင် အုပ်ချုပ်တဲ့ ဆေပြည့်ရှင် စပ်ဖှရှဲန်ခမ်းရဲ့ သားတော် ခမ်းတီးထဲင်ဆိုတဲ့ သျှမ်းမင်းတပါးဟာလည်း ခန္တီးလုံဒေသကို ထပ်မံအင်အားဖြည့် ရောက်ရှိလာပါသည်။

ထပ်မံရောက်ရှိလာတဲ့ ခမ်းတီးထဲင်ဆိုတဲ့ သျှမ်းမင်းသားအဖွဲ့များနဲ့ အရင်ရောက်နှင့်ပြီးသား စောဝ်ဇေယျထိသာ၏ သျှမ်းအဖွဲ့တို့ ပေါင်းမိရာမှ မန်ဇာရစ်တိုင်းပြည်ကနေ ခမ်းတီးထဲ့မင်းသားကို အစွဲပြု၍ ခန္တီးလုံတိုင်းပြည် ဟုခေါ်ဆိုခဲ့ကြောင်းသိရပါသည်။

လည်းကောင်း မင်းဆက်ဆက် အုပ်စိုးလာခဲ့ရာ နောက်ပိုင်းမှာ မင်းဆက်ပြတ်ကာ မင်းမဲ့ တိုင်းနိုင်ငံလေးအဖြစ်ကို ရောက်ရှိလာခဲ့ပါသည်။

BC- 560 ခုနှစ်လောက်မှာတော့ တိဗက်ပြည်ကနေ ရသေ့တပါး ရောက်ရှိလာပြန်၏ ရသေ့ဟာ တောသူ စော်ကိန္ဒရိနဲ့ ကြောင်းပါလို့ဖူးစာစုံပေါင်းဖက်ရာကနေ နောက်ပိုင်းမှာတော့ ဒေသခံသျှမ်းများကို ပြန်လည် စုစည်း သိမ်းသွင်းက ခန္တီးလုံဒေသကို ပြန်လည်တည်ထောင် အုပ်ချုပ်ခဲ့ပါသည်။

ရသေ့ကြီးနဲ့ စောကိန္ဒရီ တို့ဟာ သားတယောက်နဲ့ သမီးတယောက် ထွန်းကားလာခဲ့ရာ ရသေ့ကြီးနဲ့ စောကိန္ဒရီတို့ရဲ့ သားသမီးမျိုးဆက်တွေကပဲ ဆက်လက်ပြီး ခန္တီးလုံဒေသကို တောင်ပိုင်း မြောက်ပိုင်း ခွဲကာစီမံ အုပ်ချုပ်ခဲ့ကြသည်။

လည်းကောင်းမျိုးရိုးမှ ဆင်းတက်လာတဲ့ အိုက်လုံးမိန်း ယီပတ်ကန် ဆန်းပါးလနဲ့ စိုင်းဆေဟင်းတို့က အဲ့ဒီညီအကို လေးယောက် လက်ထက်မှာ ခန္တီးပြည်ကြီးကို မြောက်ပိုင်း မိန်းကျိုနယ်နဲ့ တောင်ပိုင်း မိန်းလောင်နယ် ပြီးပိုင်းခြား အုပ်ချုပ်ခဲ့ကြသည်။

မိန်းကျိုနယ်ကို အိုက်လုံမိန်းနဲ့ ဆန်းပါးလ တို့နှစ်ဦးက အုပ်ချုပ်ပြီး မိန်းလောင်းနယ် ယီပတ်ကန်နဲ့ စိုင်းဆေဟင်းတို့က အုပ်ချုပ်ခဲ့ကြပါသည်။

BC- 425 အရောက်မှာ တိဗက်သျှမ်း အနွယ်ဝင် အိုက်တွန်းနဲ့ ကတ်ရောင်းတို့ကလည်း ဒီခန္တီး ပြည်ကြီးကို ထပ်မံအင်အားဖြည့် ရောက်လာကြပါသည်။

ခန္တီးလုံ ပြည်ကြီးကို တိဗက်ဝင်နွယ်ဝင် သျှမ်းလူမျိုးတွေ ရောက်ရှိလာလိုက် ပေါင်းစပ်လိုက် နဲ့ ခေတ် အဆက်ဆက် အုပ်ချုပ်လာခဲ့ရာ မိန်းမောင်းလုံလို့ခေါ်တဲ့ သျှမ်းခေတ်ကြီး အားကောင်းချိန် AD- 759 ခုနှစ် အရောက်မှာတော့ မိန်းမောင်းလုံ ဧကရာဇ် စပ်ခွန်လူဖုန်က သျှမ်းမျိုးနွယ်များရှိရာဒေသကို လိုက်လံသိမ်းသွင်းစည်းခဲ့ပါသည်။

မိန်းမောင်းလုံ ဧရာဇ် စပ်ခွန်လူဖုန်ဟာ ယခုတရုတ်ပြည် ယူနန်ပြည်နယ်လို့ခေါ်တဲ့ မိန်းမောင်းလုံ ဒေသ တခုလုံးနဲ့ သျှမ်းဒေသများဖြစ်တဲ့ အထက်မြန်မာပြည်မြောက်ပိုင်း ကောလင်းဝန်းသို မိုးကောင်း၊ မိုးညှင်း၊ သောင်သွတ် မှုံရွာ ကလေး တို့ပါဝင် အနောက်ဘက် အာဟုမ်လို့ခေါ်တဲ့ အာသံပြည်နယ်ထိအောင် အုပ်ချုပ်ခဲ့ကြောင်း ခန္တီးလုံ သမိုင်းကဆိုသည်။

မောသျှမ်းဧရာဇ်ာမင်းကြီးဟာ ဆားနဲ့ ပယင်းကျောက်ထွက်ရှိရာ ဟူးကောင်းဒေသကို အားထား နှစ်သက် ရာနေရာကနေ ခန္တီးလုံဒေသဟာလည်း မိန်းမောင်းကိုဆက်သွယ်ရေး လမ်းကြောင်းအဖြစ် အချက်ခြာ နေရာဖြစ်လာပါသည်။ ခန္တီးလုံဒေသဟာ မိန်းမောင်းလုံ ဧရာဇ်မင်းထံ ပါနာဆက်နယ် တခုအဖြစ် မှတ်တမ်းတွေရသိရပါသည်။

AD- 759 ခုနှစ် မှာ တိုင်းမိန်းနေလို့ခေါ်တဲ့ အထက်သျှမ်း လူမျိုးတွေ ထပ်မံ ရောက်ရှိလာခဲ့ပြီး AD- 1235 ခုနှစ် အရောက်မှာတော့ မိန်းမောင်းလုံက တိုင်းမိန်းနေခေါ် အထက်သျှမ်းများနဲ့ တိုင်းမိန်းဆေခွန်ခေါ် ဆေခွန်သျှမ်း မျိုးနွယ်များဟာ ခန္တီးလုံဒေသကို ထပ်မံရောက်ရှိလာခဲ့ကြသည်။

BC- 1320 ခုနှစ်မှာ မိန်းမောင်လုံကို အုပ်ချုပ်စိုးစံသော မော်ဘုရင်ဧရာဇ် စပ်ဆေခန်ဖှ ခေတ် မိန်းမောင်းလုံဘုရင် စပ်ဆေခန်ဖှ ရဲ့ညီတော် မိုးကောင်းစော်ဘွား စပ်စံလုံးဟာ စစ်သည် ဗိုလ်ဘာနဲ့အတူ သျှမ်းစာပေ အနုပညာ လက်မှုအတ် ပညာရှင်များ အပါအ၀င် ခန္တီးပြည်ကိုရောက်ရှိလာသည်။

ထိုအချိန်မှ စပြီးခန္တီးသျှမ်းတို့သည် စာပေ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးခဲ့သည်အပြင် စာပေကျမ်းကန်များလည်း မြောက်များစွာ ပေါ်ပေါက်လာခဲ့သည်။ ထိုနောက် မိန်းနေနှင့် မိန်းဆေရ မိန်းဆေခွန်တိုပအပါဝင် မိန်းလန်း နှင့် မိန်းရပ်ဆိုတဲ့ စော်ဘွားငါးနယ် ခွဲကာ အုပ်ချုပ်ခဲ့ပါသည်။

AD- 1427 ခုနှစ်အရောက်မှာ အချင်းချင်း မသင့်မြတ်ဖြစ်ကာ မိန်းလန်းနယ် အရေးခင်းကြီးပေါ်ပေါက် ခဲ့သည်။ ထို့ မိန်းလန်းနယ် အရေးခင်းကြောင့် မိန်းလန်းနယ် စော်ဘွားနယ်တခု တိုးလာကာ စော်ဘွားနယ် ခြောက်နယ် ပေါ်ပေါက်လာခဲ့သည်။

တဖန် AD- 1729 cခုနှစ် 1745 လုပ်ခွန်သျှမ်း တို့ ရောက်လာတဲ့ အတွက်ကြောင့် ခန္တီးလုံပြည်ကြီးမှာ စော်ဘွားနယ် ရှစ်နယ်ဖြစ်ကြောင်း သိရသည်။

AD- 1786 ခုနှစ် လုံကျိန်းနဲ့လုပ်ခွန်တို့ အရေးအခင်း ဖြစ်ပွားရာ လုံးကျိန်းမျိုးနွယ်စုတွေက အိန္ဒယနိုင်ငံ အာသံပြည်ကို ပြောင်းရွေ့ ထွက်ခွါသွားခဲ့ပါသည်။ ထို့ကြောင့် စော်ဘွား ခုနှစ်နယ်သာ ကျန်ရှိခဲ့သည်။

AD- 71885 ခုနှစ်မှာ မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်ကိုလိုနီ လက်အောက်တို့ သွတ်တွင်းလိုက်ပြီ ဆိုပေမဲ့လည်း အထက်မြန်မာပြည်မြောက်ပိုင်း သူ့ကျွန်မခံလိုသော မျိုးချစ်တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ဖြစ်ကြသော သျှမ်းနီလူမျိုး စစ်ကိုင်းနယ်မှ စော်ရန် စောရန်နိုင် ၀န်းသိုနယ်မှ ၀န်းသိုစော်ဘွား စောဝ်အောင်မြတ် မိုးကောင်းနယ်မှ ဗိုလ်ဘိုးစော ကချင်အမျိုးသား ခေါင်းဆောင်ကြီး ဖုံကန်ဒူဝါ၊ ဆမားဒူဝါ ခွန်ဆိုင်းလီ ဗန်မော်နယ်မှ မိုးလိုင်စော်ဘွား ခမ်းလိုင် စသည့် သူရဲ့ကောင်းများ တိုက်ခိုက်နေခြင်းကြောင့်

ပူတာအိုလိုခေါ်တဲ့ ခန္တီးလုံဒေသကို ဗြိတိသျှ အင်္ဂလိပ်တို့ 1912 ခုမှ ရောက်ရှိလာနိုင်ခဲ့သည်။
ယခုပူတာအိုမြို့နဲ့ နှစ်မိုင်ခန့်ဝေးကွာတဲ့ မန့်ပူတိုက် ခေါ်သျှမ်းရွာလေးမှာ စခန်းချခဲ့ကြသည်။ ထိုအချိန်ထိ ခန္တီးလုံဒေသကို စော်ဘွားများအုပ် ချုပ်ခဲ့သည်။

ဗြိတိသျှအစိုးရ ဘုရင်ခံက ခမ်းတီးလုံ စော်ဘွားများအား စော်ဘွားရာထူး အသိအမှတ်ပြု ခန့်လပ်လွာ ဆာနဒ့် (SHNAD) ခေါ် စာချွန်လွှာများကို ပေးအပ်၍ စော်ဘွားများအဖြစ် ဆက်လက်ခန့်အပ်ထားခဲ့သည်။ 1926 -ခုနှစ် ခမ်းတီးလုံ အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်၍ ခမ်းတီးလုံ ဒေသကို သီးခြားအုပ်ချုပ်ခဲ့သည်။
စော်နွဲ့ဆားသောခန္တီးသျှမ်းတို့၏ စစ်တိုက်ထွက်က

ပူတာအိုမြို့ ပေါ်ပေါက်လာပုံ


ပူတာအိုဟု မပေါ်ခင် ထိုနေရာတွင် မန့်ပူတိုက်ဟူသော ရွာလေးတရွာရှိသည်။ မန့်ပူတိုက်ရွာသည် ခန္တီးလုံ စော်ဘွားအုပ်ချုပ်သော နယ်ဒသတခုဖြစ်သည်။ မန့်ပူတိုက်ဟူသော ရွာနာမည်မတွင်ခင် ထိုရွာကလေးတွင် အဘိုးတယောက်ရှိခဲ့သည် ထိုအဖိုးအိုသည် စေတနားကောင်းမွန်၍ အပေးအကမ်း စွန့်ကျဲ ရက်ရောသူ အဖြစ်ထင်ရှားသည်။ အဖိုးအိုသည် မိမိရှာဖွေလာသော သားငါး ပစ္စည်များကို အခြားသူများအားလည်း ပေးသည်။ ထိုသို့ပေးသောအခါတွင်လည်း အိမ်ရှင်က အခြားပစ္စည်း ပြန်ပေးမှ အိမ်ပြန်လေ့ရှိသည်။ ရရှိလာသော ပစ္စည်းများအား မရှိဆင်းရဲသား များအားပြန်လည် ပေးဝေလေသည်။

ထိုသို့ပေးဝေသော အဖိုးအိုးအား မရှိဆင်းရဲသော ရွာသူရွာသားများက စောင့်မျှော်လေရှိသည်။ စောင့်မျှော်နေသော ရွာသူရွာသားများနှင့် အဖိုးအိုကို ကြောင်းပြုကာ ထိုရွာလေးကို မန့်ပူတိုက်ဟုခေါ်ဆိုကြသည်။ မန့်သည် သျှမ်းနီလို့ ရွာ ဟု အဓိပါယ်ရသည် ပူ သည် အဖိုး ဖြစ်၍ တိုက် သည် စောင့်မျှော်ခြင်းဖြစ်သည်။

ထိုမန့်ပူတိုက်ရွာလေးတို့ ဗြိတိသျှ အင်္ဂလိပ်တို့ရောက်ရှိလာရာ ဒီရွာနာမည် ဘယ်လိုခေါ်လည်းဟုမေးရာ ဒေသခံသျှမ်းတို့ မန့်ပူတိုက် ဟုပြောဆိုရာ အင်္ဂလိပ်တို့က PUTAO လို့ရေးမှတ်လိုက်ကြသည်။

AD-1948 မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာလိုပြန်ဖတ်တဲ့အခါ PUTAO ပူတာအို ဟူ မြန်မာလိုရေးမှတ်ခဲ့ရာ မန့်ပူတိုက် ရွာလေးမှ ပူတာအိုမြို့ အဖြစ်သို့ရောက်ရှိလာပါသည်။


ပူတာအိုမြို့သည်။ ကချင်ပြည်နယ်ရဲ့ မြို့နယ်တခုဖြစ်သလို ခရိုင်ရုံးစိုက်တဲ့ ကချင်ပြန်နယ် လေးခရိုင် ထဲက ခရိုင်တခုလည်းဖြစ်သည်။ ပူတာအိုခရိုင်တွင် ရ၀မ်၊ လီဆူး၊ မရူ၊ ဂျိမ်း သျှမ်းစသည် တိုင်းရင်းသား ညီအကိုများ 
စုစည်းနေထိုင်ကြသည်။

Credit to Hsipaw Generation. (သီပေါသား/သူများ)
Shan News

Sunday, July 21, 2013

မြန်မာနိုင်ငံမြောက်ပိုင်း ယခု ပူတာအိုလွင်ပြင် ဒေသတခုလုံးကို တချိန်က ခန္တီးလုံဒေသဟုခေါ်သည်။ ခန္တီးလုံဒေသကို သျှမ်းစော်ဘွားများ တည်ထောင်ကာ စော်ဘွားအဆက်ဆက် အုပ်ချုပ်ခဲ့ကြောင်း သမိုင်းက အခိုင်မှာပြဆိုခဲ့သည်။

ဗုဒ္ဓဂါယာဗုံးဖေါက်ခွဲမှု ရန်ကုန်မြို့လယ် ဆန္ဒထုတ်ဖော်

Photo

21.7.2013
ဗုဒ္ဓဂါယာ ဗုံးဖောက်ခွဲ မှုနဲ့ ပတ်သက်ပြီး သံဃာတော် များ နှင့် လူ ၁၀၀ ခန့် ဇူလိုင်၂၁ရက်နေ့က ရန်ကုန် မြို့ ဆူးလေ ဘုရား အနီးမှာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

ကေအိုင်အိုဆက်ဆံရေးရုံးဟောင်းကို ကေအိုင်အို Technical Team ရုံးဖွင့်မည်

Sunday, July 21, 2013

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ၂ နှစ်ကျော် ပိတ်ပင်ထားသော ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းကို ကေအိုင်အို ငြိမ်းချမ်းရေးဆိုင်ရာ အထောက်အကူပြုအဖွဲ့ (Technical Team ) ရုံးအဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

မိတ္ထီလာတွင် အရေးပေါ်အခြေအနေ ရုပ်သိမ်းသော်လည်း ညမထွက်ရအမိန့် ဆက်လက်တည်ရှိမည်

Photo: မိတ္ထီလာတွင် အရေးပေါ်အခြေအနေ ရုပ်သိမ်းသော်လည်း ညမထွက်ရအမိန့် ဆက်လက်တည်ရှိမည်
Sunday, July 21, 2013

မိတ္ထီလာခရိုင် အရေးပေါ် အခြေအနေ ကြေညာချက်ကို ဇူလိုင်လ ၂၀ ရက်မှစတင်၍ ရုပ်သိမ်းလိုက် ပြီဖြစ်သော်လည်း ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice သို့ ပြောကြားသည်။

အရေးပေါ် အခြေအနေ ရုပ်သိမ်းလိုက်ပြီဖြစ်၍ လုံခြုံရေးတာဝန် ယူထားရသော တပ်မတော်သားများ နေရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အစားထိုး တာဝန်ယူပေးမည်ဖြစ်ပြီး ညမထွက်ရ အမိန့်ကိုလည်း အခြေအနေ တည်ငြိမ်လာမှုပေါ် မူတည်၍ တစ်နာရီချင်း အချိန်လျှော့ချသည့် နည်းဖြင့် ရုပ်သိမ်းမည်ကြောင်း ၎င်းက ပြောကြားသည်။

မိတ္ထီလာ မြို့မဈေးတွင် မတ်လ ၂၀ ရက်နေ့က ရွှေအရောင်းအဝယ် အဆင်မပြေမှုမှ ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသန္တရအမိန့် ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ကို ည ၇ နာရီမှ နံနက် ၄ နာရီထိ ထုတ်ပြန်ခဲ့သော်လည်း ပဋိပက္ခ အခြေအနေ ပိုမိုဆိုးရွားလာသဖြင့် နိုင်ငံတော် သမ္မတက မတ်လ ၂၂ ရက်နေ့တွင် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်နှင့် ဝမ်းတွင်းမြို့လေးမြို့၌ အရေးပေါ် အခြေအနေ ကြေညာ၍ တပ်မတော်၏ အကူအညီဖြင့် လုံခြုံရေး ရယူခဲ့သည်။

မိတ္ထီလာခရိုင်တွင် အရေးပေါ် အခြေအနေ ကြေညာသည့် ရက် ၆၀ ပြည့်သည့် မေလ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အဆိုပါဒေသတွင်း လုံခြုံရေး လိုအပ်ချက်အရ အရေးပေါ် အခြေအနေကို ရက်ပေါင်း ၆၀ ထပ်မံ သက်တမ်းတိုးခဲ့ပြီး ဇူလိုင် ၁၉ ရက်တွင် သက်တမ်းပြည့်ခဲ့ရာ လက်ရှိတွင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ရရှိပြီ ဖြစ်ခြင်းကြောင့် အရေးပေါ် အခြေအနေ ကြေညာခြင်းကို ဇူလိုင်လ ၂၀ ရက်မှ စတင်၍ ရုပ်သိမ်းလိုက်ကြောင်း ယင်းထုတ်ပြန်ချက်များ တွင် ဖော်ပြထားသည်။ 

“အရေးပေါ် အခြေအနေ ရုပ်သိမ်းတာကို ကြိုဆိုပါတယ်။ ဒီလိုရုပ်သိမ်းတဲ့အတွက် အောက်ခြေလူတန်းစားတွေ သွားလာလုပ်ကိုင်ရတာ ပိုပြီးအဆင်ပြေလာမယ်။ အခုမြို့ ပြန်လည် စည်ကားလာဖို့၊ စီးပွားရေးတွေ ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ လိုနေတယ်။ အရေးပေါ် အခြေအနေ ရုပ်သိမ်းတယ် ဆိုပေမယ့် ပုဒ်မ (၁၄၄) ကတော့ ရှိနေဦးမယ်” ဟု မိတ္ထီလာမြို့နယ် ဇာတိဖြစ်သော NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က The Voice သို့ ပြောကြားသည်။

လက်ရှိအခြေအနေ တည်ငြိမ်လာပြီ ဖြစ်သော်လည်း မိတ္ထီလာခရိုင် အတွင်းရှိ မြို့လေးမြို့တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီ ညမထွက်ရအမိန့် ရှိနေဆဲဖြစ်ပြီး မိတ္ထီလာမြို့ပေါ် ရပ်ကွက်များနှင့် မိတ္ထီလာမြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံများသည် လုံခြုံရေးကင်းများ စောင့်နေ ရဆဲ ဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

The Voice Weekly

Sunday, July 21, 2013

မိတ္ထီလာခရိုင် အရေးပေါ် အခြေအနေ ကြေညာချက်ကို ဇူလိုင်လ ၂၀ ရက်မှစတင်၍ ရုပ်သိမ်းလိုက် ပြီဖြစ်သော်လည်း ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက The Voice သို့ ပြောကြားသည်။

မသင်္ကာစစ်ဆေးရာမှ ခိုးမှု(၁)မှုနှင့် ခါးပိုက်နှိုက်မှု(၁)ဖေါ်ထုတ်ရရှိ

မသင်္ကာစစ်ဆေးရာမှ ခိုးမှု(၁)မှုနှင့် ခါးပိုက်နှိုက်မှု(၁)ဖေါ်ထုတ်ရရှိ

ရန်ကုန်၊ ဇူလိုင် ၂၀

၁၄.၇.၂၀၁၃ရက်နေ့ ၁၆၀၀အချိန်ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည်
ယုဇနပလာဇာ ကားမှတ်တိုင်အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ
မနုနုထွေး၊ (၃၅)နှစ်၊(ဘ) ဦးတင်ဝင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
နေသူအား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ
၎င်းကိုင်ထားသော ပိုက်ဆံအိတ်အတွင်းမှ အလေးချိန် (၁)ပဲ၊
(၆)ရွေးရှိ ကလေးဆွဲကြိုး(၁)ကုံးရှာဖွေတွေ့ရှိသဖြင့် စစ်မေးရာ ယုဇနပလာဇာရှိဖိနပ်ဆိုင်တွင် ဈေးဝယ်နေသည့် အမျိုးသမီးတစ်ဦးချီထားသော (၁)နှစ်သားအရွယ်ကလေးငယ်၏ လည်ပင်းမှ ဖြုတ်၍ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၄၉၁/၂၀၁၃၊ ပုဒ်မ ၃၇၉/၅၄ဖြင့် အရေးယူထားရှိခဲ့ပါသည်။
မနုနုထွေးအား အခြားခိုးမှုများဖြင့် ဆက်လက်စစ်ဆေးရာ ၄င်းသည်၂၀၁၂ခုနှစ်အတွင်းက မင်္ဂလာဈေးအတွင်း အထည်
ဝယ်ယူနေသော အမျိုးသမီးတစ်ဦး၏ စလင်းဘတ်အိတ်အတွင်းမှ
ရွှေထည်ပစ္စည်းများဖြစ်သည့် လက်စွပ်၊နားကပ်၊ လက်ကောက်တို့နှင့်
ငွေကျပ်(၁)သိန်းအား နှိုက်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့်မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ)၅၀၂/၂၀၁၃၊
ပုဒ်မ ၃၇၉(နှိုက်)/၅၄ဖြင့် အရေးယူထားရှိကြောင်း
သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၂၀
၁၄.၇.၂၀၁၃ရက်နေ့ ၁၆၀၀အချိန်ရန်ကုန်တိုင်ဒေသကြီးရ
ဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှ တပ်ဖွဲ့ဝင်များသည်ယုဇနပလာဇာ ကားမှတ်တိုင်အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူမနုနုထွေး၊ (၃၅)နှစ်၊(ဘ)
 ဦးတင်ဝင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးရာ

စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုးယူသူအားဖမ်းဆီးအရေးယူ

စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုးယူသူအားဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဇူလိုင် ၂၀

၁၉.၇.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊(၇)ရပ်ကွက်၊ဆားလင်းဘုန်ကြီးကျောင်းဝင်း အတွင်း ရွှေမုဌောစေတီရှေ့တွင် ထားရှိသည့် အလှူခံပုံး၏မှန်အား ခဲနှင့်ထုခွဲ၍ အလှူငွေများအားခိုးယူနေကြောင်းသတင်းအရ ပုဇွန်တောင်ဈေးအနီးလုံခြုံရေးတာဝန် ထမ်းဆောင်နေသော ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သွားရောက်စစ်ဆေး ဖမ်းဆီးရာ ကျောက်တန်းမြို့နယ်၊ (၁၃)ရပ်ကွက်နေ မငွေခိုင်နွယ်၊
(၂၉)နှစ်၊ (ဘ)ဦးသက်လွင်မှ အလှူငွေ(၁၄၄၀၀)ကျပ်အားခိုးယူကာ ၄င်း၏လွယ်အိတ်အတွင်း ထည့်ထားကြောင်းရှာဖွေတွေ့ရှိ
သိမ်းဆည်း ရမိသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၁၅၅/၂၀၁၃၊
ပုဒ်မ ၃၇၉/၂၉၅ဖြင့် အရေးယူ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၂၀
၁၉.၇.၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊(၇)ရပ်ကွက်
၊ဆားလင်းဘုန်ကြီးကျောင်းဝင်း အတွင်း ရွှေမုဌောစေတီရှေ့တွင် ထားရှိသည့် အလှူခံပုံး၏မှန်အား ခဲနှင့်ထုခွဲ၍ အလှူငွေများအားခိုးယူနေကြောင်းသတင်းအရ

ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၁

၂၀.၇.၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် လှည်းကူးမြို့နယ်၊
ရန်ကုန်-ပဲခူးလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော
၈င/---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။

ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ´´၀င်းမေဘယ်``
အထည်ချုပ်စက်ရုံ လုပ်သားများ အနက် ကိုသန့်ဇင်ဦး (၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရဲမွန်ရွာ နေသူမှာ ဦးခေါင်းခွံကွဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ်လုပ်သား
(၁၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ
အဖြစ်လည်းကောင်း၊ (၁၀)ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံတွင်
ပြင်ပလူနာ များ အဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယာဉ်မောင်း အောင်ကိုလတ်မှာ အခင်းဖြစ်နေရာတွင်
ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွား သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ၎င်းအားလည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇/၂၀၂ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
့ https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၂၁
၂၀.၇.၂၀၁၃ရက်နေ့၀၇၁၅အချိန်လှည်းကူးမြို့နယ်၊ရန်ကုန်-ပဲခူးလမ်းအတိုင်းအနောက်မှအရှေ့သို့ ယာဉ်
မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော၈င/---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်
ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက်အရှိန်မထိန်းနိုင်
ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။

မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမန်အင်းအနီး မီလောင်မှုဖြစ်ပွား


၂၁.၇.၂၀၁၃
မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမန်အင်းဘေးမှာ တည်ရှိတဲ့ ကားဝပ်ရှော့နဲ့ လမ်းဘေးဓါတ်ဆီဆိုင်
တို့ မှာ ဒီနေ့ (ဇူလိုင်၂၁) မနက် ၆ နာရီ ၀န်းကျင်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

ဒူဘိုင်းတွင် မွတ်စလင်မဟုတ်သော အခြားဘာသာဝင်များ ဂျူလိုင်လ ၂၈ ရက်နေ့ ရိုဇာ ဥပုဒ် စောင့်တည်ကြမည်

21.7.2013
ဒူဘိုင်း ဝေါးလ်ထရိတ်ဆန်တာတွင် ရိုဇာ ဥပုဒ် ၏ ထူးမြတ်မင်္ဂလာရှိမူ့များကို အခြားသော ဘာသာဝင်များ အား သိစိမ့်သောငှာ မိတ်ဆက်သဘောအဖြစ် အိဖ်သာရီ စားသောက်ပွဲတစ်ခုကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ထို စားသောက်ပွဲတွင် မည်သ...ူမဆို တက်ရောက် ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားပေသည်။ထူးဆန်းသည့်အချက်ကတော့ မွတ်စလင်မဟုတ်သူများကို ရိုဇာ ဥပုဒ် စောင့်ထိန်းခြင်း၏ အကျိုး ခံစားမူ့ အပြည့်အဝ ရရှိရန် ရိုဇာ ဥပုဒ် စောင့်ထိန်း၍ တက်ရောက် ပါဝင်ကြရန် တိုက်တွန်းထားပေသည်။

ကံကောင်းလို့လေယာဉ်ပျက်ကျပေမဲ့ အသက်ရှင်သော်လည်း ကံဆိုးတော့ အရေးပေါ်ယာဉ်ကြိတ်မိလို့သေသွားသော ကျောင်းသူလေး

ကံကောင်းလို့လေယာဉ်ပျက်ကျပေမဲ့ အသက်ရှင်သော်လည်း
 ကံဆိုးတော့ အရေးပေါ်ယာဉ်ကြိတ်မိလို့သေသွားသော ကျောင်းသူလေး

 ကားကြိတ်ခံရအမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်း ပျက်ကျမှုတွင်ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ကျောင်းသူ တစ်ဦးသည်
 အသက်ရှင်လျက် ကျန်ရစ်ခဲ့သော်လည်း အရေးပေါ်ယာဉ်တစ်စီး၏
 ဖြတ်ကြိတ်မှုကြောင့် သေဆုံး သွားခဲ့ရသည်ဟု အရာရှိ များကဇူလိုင် ၁၉
 ရက်တွင် ပြောကြားခဲ့သည်။

သေဆုံးသူ ကျောင်းသူ၏ အမည်မှာယီမန်ယွမ်ဖြစ်ပြီး
 လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့ရသူ ကျောင်းသူ သုံးဦးအနက်မှ တစ်ဦး
 ဖြစ်ကြောင်းနှင့်သူမ၏ရုပ်အလောင်းကိုခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် 
သူမသည် လေယာဉ် ပျက်ကျမှုမှ ရရှိခဲ့သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့ရခြင်း
 မဟုတ်ဘဲ အရေးပေါ် ယာဉ်တစ်စီး၏ မတော်တဆ ဖြတ်ကြိတ်မှုကြောင့်
 သေဆုံးသွားခဲ့ရခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း တာဝန် ရှိသူများက ဝန်ခံ ပြောကြားခဲ့သည်။

credit:MWD

www.bellbagan.com

ကားကြိတ်ခံရအမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့ရှိ လေဆိပ်တွင် ဇူလိုင် ၆ ရက်က Asiana လေ
ကြောင်းကုမ္ပဏီမှ လေယာဉ်တစ်စင်းပျက်ကျမှုတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သူ ကျောင်းသူတစ်ဦးသည်အသက်
ရှင်လျက်ကျန်ရစ်ခဲ့သော်လည်းအရေးပေါ်ယာဉ်တစ်စီး၏ဖြတ်ကြိတ်မှုကြောင့် သေဆုံးသွားခဲ့ရသည်ဟုအရာ
ရှိ များကဇူလိုင် ၁၉ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သင်္ဘောသားများ၏ သင်္ဘောသားလက်မှတ် (စီဒီစီ)အား စက်တင်ဘာလ ကုန်ပိုင်းထိသာ ထုတ်ပေးတော့မည်

Sunday, 21 July 2013

မြန်မာနိုင်ငံ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သင်္ဘောသားများအား သင်္ဘောသားလက်မှတ် (စီဒီစီ)စာအုပ်အား ပြန်လည်ထုတ်ယူရန် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြား
မှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ သတင်းရရှိသည်။

အထီးကျန်ဝေလငါးကို ရှာဖွေရန် သိပ္ပံပညာရှင်းများ ပြင်ဆင်


တစ်ခါမျှ မတွေ့မမြင်ဖူးသည့် လျှို့ဝှက်လွန်းသော ကမ္ဘာ့အထီးအကျန် ဆုံး ဝေလငါးကို ရှာဖွေရန်အတွက် သိပ္ပံပညာရှင်များက အဖွဲ့တစ်ခု ဖွဲ့စည်း ပြင်ဆင်နေကြောင်း သိရှိရသည်။အဆိုပါ ဝေလငါးသည် နှစ်ပေါင်း
(၂၀)ကျော်မျှ ကာလအတွင်း အလွန်အထီး ကျန်စွာ နေထိုင်ခဲ့ပြီး ယင်းကို Lonelyဟု အမည်ပေးထားသည်။

အပျိုစင်လေးများ အတွက်သိကောင်းစရာ

'သမီးလေ၊ မိန်းကလေးဖြစ်ရတာ အရမ်းစိတ်ညစ်တာပဲ အန်တီ'
'ဘာဖြစ်လို့လဲ သမီးရဲ့'
'သမီးသွေးမဆင်းချင်ဘူး။ အဲဒီလိုဖြစ်ရင် သမီး ဗိုက်နာတယ်၊ ပြီးတော့ စိတ်ညစ်တယ်၊ ဘာဖြစ်လို့ မိန်းကလေးတွေက အဲဒီလိုဖြစ်တာလဲ မသိဘူး၊ အဲဒါကြောင့် သမီး မိန်းကလေး မဖြစ်ချင်တာပေါ့ အန်တီ၊ ယောက်ျားလေးဆိုရင် အဲဒီလို မဖြစ်ဘူးတဲ့'

အရှိန်ပြင်းကား လမ်းလယ်ကျွန်းဝင်တိုက်


ဒိုက်ဦး   ဇူလိုင်   ၁၉

ဒိုက်ဦးမြို့နယ် ရန်ကုန်-နေပြည် တော်အမြန်လမ်းမကြီးပေါ်တွင် ဇူလိုင် ၁၆ ရက် နံနက် ၁ဝ နာရီ ၅ မိနစ်ခန့်
က ရန်ကုန်မှ  နေပြည်တော်သို့  ယာဉ် မောင်း မျိုးအောင်(၃၃ နှစ်)မောင်းနှင် လာသော   (မြန်မာမီနီဆလွန်း)
အမျိုးအစား  ခဲရောင်ယာဉ်အမှတ်  ၅ဃ/...သည်