Pages

Saturday, July 20, 2013

တရုတ်နိုင်ငံ ဘေဂျင်း နိုင်ငံတကာလေဆိပ်၏ ခရီးသည်များ ဆိုက်ရောက်နားနေရာ ခန်းမ (Terminal 3) တွင် ပေါက်ကွဲမှုဖြစ်ပွား

Photo

တရုတ်နိုင်ငံ ဘေဂျင်း နိုင်ငံတကာလေဆိပ်၏ ခရီးသည်များ ဆိုက်ရောက်နားနေရာ ခန်းမ (Terminal 3) တွင်
ပေါက်ကွဲမှုဖြစ်ပွားကြောင်း Sky News က ပြောကြားသည်။

အဆိုတော်ဆိုနေတး ပြန်လည်သတိရလာပြီး ဇနီး မယား တစ်ဦး အဖြစ် ¤င်းအပေါ် အသိအမှတ်မပြုက မချိုချိုမှတရားစွဲဆိုမည်

Photo

ရန်ကုန် - မန္တလေး အမြန်လမ်း ၌ ကားအက် ဆီးဒင့်ဖြစ်၍မန္တလေး ဆေး ရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်
သော တေးသံရှင်ဆိုတေးနှင့် စပ်လျဉ်း၍ ၄င်းနှင့် ပတ်သက်သူ တစ်ဦးဟုဆိုသူ မချိုချို ကသတင်းစာ ရှင်း
လင်းပွဲတစ်ရပ်ကို ဇူလိုင်လ၂ဝရက် နေ့ နံနက် ၁၁ နာရီက မြန်မာဂျာနယ် လစ်ကွန်ရက်ရုံးခန်း၌ ကျင်းပခဲ့ သည်။

သမ္မတ ဦးသိန်းစိန် ခရီးစဉ် အောင်မြင်ကြောင်း ပြောခွင့်ရသူပြော

Photo: သမ္မတ ဦးသိန်းစိန် ခရီးစဉ် အောင်မြင်ကြောင်း ပြောခွင့်ရသူပြော 
Saturday, July 20, 2013

ဆယ်စုနှစ် ၂ ခုကျော်ကြာ တင်းမာမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပုံမှန်ပြန်ဖြစ်လာနေတဲ့ဆက်ဆံရေးကို တိုးတက် ခိုင်မာစေဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက် လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ဟာ အောင်မြင်တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြင်သစ်နိုင်ငံကနေ ပြန်လည်မထွက်ခွာခင်မှာပဲ ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

သောကြာနေ့မှာ သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ နှစ်ရက်ကြာ ပြင်သစ်နိုင်ငံခရီးစဉ်ကို အဆုံးသတ်တဲ့ နောက်ဆုံးနေ့ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်မထွက်ခွာခင် အချိန်ကလေးမှာ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က နှစ်နိုင်ငံဆက်ဆံရေးနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စတွေအတွက် အဓိကလာရောက်တဲ့ ဒီခရီးစဉ်အတွင်း ဒါတွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့- ဗြိတိန်နိုင်ငံ ခရီးစဉ်ရော၊ ပြင်သစ်နိုင်ငံ ခရီးစဉ်ရော နှစ်ခုလုံးမှာ သမ္မတကြီးအနေနဲ့ ရည်မှန်းချက် နှစ်ခု ရှိပါတယ်။ တစ်ချက်ကတော့ ကာလအတန်ကြာ အဆက်ပြတ်နေခဲ့တဲ့ ကျနော်တို့ နိုင်ငံတွေရဲ့ ကြားမှာရှိတဲ့ ဆက်ဆံရေး ပုံမှန်ဆက်ဆံရေး ပြန်လည်ရောက်ရှိစေပြီး အဲဒီဆက်ဆံရေးကမှတဆင့် ပိုမို တိုးတက်ခိုင်မာအောင်လုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ နှစ်-ကတော့ ကျနော်တို့နိုင်ငံအတွက် လိုအပ်နေတဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာတွေကို လာရောက်ရှာဖွေတာဖြစ်ပါတယ်။ ဒီခရီးစဉ်မှာတော့ အဲဒီ ရည်ရွယ်ချက် နှစ်ခုလုံးကို အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်ဟာ သူ့ရဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် တရားဝင်စတင်တဲ့နေ့မှာပဲ ပြင်သစ်နိုင်ငံမှာရှိနေတဲ့ စီးပွားရေးကုမ္ပဏီပေါင်း ၄၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ အရင်ဆုံးတွေ့ဆုံခဲ့ပြီးတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စကို အဓိကထား ဆွေးနွေးခဲ့တာပါ။ ဆယ်စုနှစ် နှစ်စုကျော်ကြာ အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်အစိုးရကနေ အရပ်သားအစိုးရပြောင်းလဲလာခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်ပက လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ အစိုးရက တရားဝင် ဖိတ်ခေါ်ခဲ့ပြီးတဲ့နောက် အခု ခရီးစဉ်အတွင်းမှာလည်း ပြင်သစ် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကိုပဲ အဓိကဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အနောက်အင်အားကြီး နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လိုစိတ်ရှိပေမဲ့ အစစအရာရာ ဖွံ့ဖြိုးမှု နိမ့်ကျနေသေးတာကြောင့် ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့နေရာမှာ အခြေခံလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်စိတ်ကို သမ္မတဦးသိန်းစိန်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြသလို တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပါမယ်လို့လည်း သူတို့ဘက်က ကတိပြုခဲ့ကြတယ်လို့ ဦးရဲထွဋ်က ဆက်ပြောပြပါတယ်။

“စီးပွားရေးကတော့ဗျာ- ပြင်သစ်နိုင်ငံအနေနဲ့ ကဏ္ဍအတော်များများမှာ စိတ်ဝင်စားတယ်။ ဒါပေမဲ့ အဓိက သူတို့ပြောတာကတော့ သူတို့လုပ်ချင်တဲ့ ရင်းနှီးမြှုပ်နှံမှုရော၊ သမ္မတကြီးရဲ့ မူဝါဒအတိုင်းပဲပေါ့။ လူမှုရေး တာဝန်သိတဲ့ ဒီလို ရင်းနှီးမြှုပ်နှံမှု ကိစ္စမျိုးတွေကိုဆောင်ရွက်ဖို့ သူတို့ စိတ်ဝင်စားတယ်ဆိုတော့ ကျနော်တို့ မူနဲ့လည်း ကိုက်ညီမှု ရှိပါတယ်။ တချို့ ကျနော်တို့ဘက်က ဖြည့်ဆည်းပေးရမယ့် လျှပ်စစ်စွမ်းအားလို ကိစ္စမျိုးတွေ၊ နောက်တခါ လမ်းပန်းဆက်သွယ်ရေးလို infrastructure လို ကိစ္စမျိုး ဒါမျိုတွေတော့ ရှိတာပေါ့။”

ဒါ့အပြင် သမ္မတဦးသိန်းစိန်ဘက်ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိနေပြီ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုတာလည်း ရှိနေပြီဖြစ်တဲ့အကြောင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အတားအဆီးဖြစ်စေခဲ့တဲ့ အရင်တုန်းက ပိတ်ဆို့တားဆီးမှုမျိုးတွေလည်း မရှိတော့ဘူးလို့ ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပြန်လည် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သမ္မတဦးသိန်းစိန်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်းနဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ လက်ရှိ ဦးသိန်းစိန်အစိုးရ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ၊ ပညာရေးဆိုင်ရာနဲ့ သတင်းမီဒီယာအပိုင်းတွေမှာ ပြင်သစ်နိုင်ငံအနေနဲ့ ပိုမိုကူညီပေးသွားဖို့တွေကိုလည်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ ၂ ရက်ကြာ ပြင်သစ် ခရီးစဉ် မတိုင်ခင်မှာတော့ ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းနဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စစ်ဘက်ဆိုင်ရာ ကိစ္စတွေမှာ တိုးမြှင့်ပူးပေါင်း လုပ်ဆောင်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအစီအစဉ်တွေအတွက် စတာလင်ပေါင် သန်း ၃၀ ကို အကူအညီပေးသွားမှာ ဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ဗြိတိန်နိုင်ငံခရီးစဉ်အတွင်းမှာ ဗြိတိန်အစိုးရက တရားဝင် ပြောကြားခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အခုလို အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ ပြန်လည်တိုးတက် ကောင်းမွန်လာနေတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ ဆက်လက်ဖြစ်ပေါ်နေတဲ့အကြောင်း ထောက်ပြခဲ့ကြသလိုပဲ တိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေးကို တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်ရှင်။ 

VOA Burmese
ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ယာ) နဲ့ သမ္မတဦးသိန်းစိန် (ဝဲ)
ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ယာ) နဲ့ သမ္မတဦးသိန်းစိန် (ဝဲ)
Saturday, July 20, 2013

ဆယ်စုနှစ် ၂ ခုကျော်ကြာ တင်းမာမှုတွေ ရှိခဲ့ပြီးတဲ့နောက် ပုံမှန်ပြန်ဖြစ်လာနေတဲ့ဆက်ဆံရေးကို တိုးတက် ခိုင်မာစေဖို့နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက် လာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်ဟာ အောင်မြင်တယ်လို့ သမ္မတနဲ့အတူ ဒီခရီးစဉ်မှာ လိုက်ပါလာတဲ့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြင်သစ်နိုင်ငံကနေ ပြန်လည်မထွက်ခွာခင်မှာပဲ ပြောကြားခဲ့ပါတယ်။

Trayvon Martin အမှုအပေါ် အိုဘားမား ပထမဆုံးအကြိမ် တုန့်ပြန်

Photo: Trayvon Martin အမှုအပေါ် အိုဘားမား ပထမဆုံးအကြိမ် တုန့်ပြန်
Saturday, July 20, 2013

အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် Trayvon Martinကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ George Zimmerman အပြစ်ကနေ တရားသေ လွတ်ခဲ့အပြီး သီတင်း တပတ် အကြာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတခုမှာ သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စု အနေနဲ့ ကိုယ့်ကိုကိုယ် အသေအချာ ပြန်လည် စစ်ဆေး သုံးသပ်စရာ တချို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီ အမှုကြောင့် လူမျိုးရေးနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှု ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံ တဝှမ်း အချေအတင် ဆွေးနွေး ငြင်းခုံစရာတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

ဒီအမှုအပေါ် ချမှတ်ခဲ့တဲ့ စီရင်ချက်ကြောင့် အနည်းဆုံးတော့ အမေရိကန် နိုင်ငံသား အာဖရိကန်လူမျိုးအသိုင်းအဝိုင်းအတွင်းမှာ ဒေါသအမျက်တွေ၊ နာကျည်းမှုတွေ ပေါ်ပေါက်ခဲ့ရကြောင်း၊ ဒီလို ဖြစ်ရတာဟာလည်း အတိတ်ကသမိုင်း ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် ဆိုတာကို လက်ခံ သဘောပေါက်ဖို့ အရေးကြီးကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

အခုလို Trayvon Martin သေဆုံး ခဲ့ရတဲ့ အထိ ဖြစ်ခဲ့တဲ့ ထိပ်တိုက် ရင်ဆိုင်မှု မျိုးကို တကယ်တမ်း အားပေး အားမြှောက် ပြုနိုင်ဘွယ် ရှိတဲ့ တချို့ ပြည်နယ်က စည်းမျဉ်း ဥပဒေတွေကို ပြန်စစ်ဆေး သုံးသပ်ရင် ကောင်းလိမ့်မယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

BBC Burmese
လူမျိုးရေးနဲ့ ပတ်သက်တဲ့ အမြင်တွေအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့ အိုဘားမား ပြော
လူမျိုးရေးနဲ့ ပတ်သက်တဲ့ အမြင်တွေအပေါ် မေးခွန်း ထုတ်စရာ ဖြစ်လာတယ်လို့ အိုဘားမား ပြော
Saturday, July 20, 2013

အမေရိကန်နိုင်ငံမှာ လက်နက်မဲ့ လူမည်း ဆယ်ကျော်သက် လူငယ် Trayvon Martinကို သေနတ်နဲ့ ပစ်သတ်
ခဲ့သူ George Zimmerman အပြစ်ကနေ တရားသေ လွတ်ခဲ့အပြီး သီတင်း တပတ် အကြာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာသမ္မတအိုဘားမားကအမေရိကန် ပြည်ထောင်စု အနေနဲ့ ကိုယ့်ကိုကိုယ် အသေ
အချာ ပြန်လည် စစ်ဆေး သုံးသပ်စရာ တချို့ ရှိနေတယ်လို့ ပြောကြားလိုက်ပါတယ်။

တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

Photo: တပ်မတော်ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
Saturday, July 20, 2013

ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်းများသာမက မော်ဒယ်မြင့်ကားများကိုပါ ပြသလျက်ရှိသည်။ Car Showroom ရှစ်ခုမှ ကားအမျိုးအစားပေါင်း နှစ်ဆယ်ကျော် ခန့်ပြသနေပြီး အထူးလျှော့ဈေးများဖြင့် ပရိုမိုးရှင်း အစီအစဉ်များလည်း ရှိကြောင်းသိရပါသည်။ အခြားပြခန်းများတွင် ဟန်းဆက်၊ Digital Receiver စသည့် electronic များ၊ ဆေးဝါး၊ နေ့စဉ်အသုံးအဆောင်နှင့် အစားအသောက်စသည်တို့ကိုလည်း ပြသနေပါသည်။ မည်သူမဆို အခမဲ့ဝင်ရောက်နိုင်ပြီး မိုးရာသီကြို ဈေးရောင်းပွဲတစ်ခုအဖြစ် သွားရောက်လေ့လာသင့်ကြောင်း တင်ပြလိုက်ရပါသည်။

Myanmar ICT

Saturday, July 20, 2013

ယနေ့ နံနက်ကိုးနာရီကရန်ကုန်မြို့၊ဦးဝိစာရလမ်းရှိတပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကား
ပြပွဲဖွင့်ပွဲအခမ်းအနားကျင်းပကြောင်းသတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊ စားသောက်
ကုန်၊ အီလက်ထရောနစ်ပစ္စည်းများသာမက မော်ဒယ်မြင့်ကားများကိုပါ ပြသလျက်ရှိသည်။

ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်ကျင်းပပြုလုပ်

Photo: ဘရုစလီ ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့် အထိမ်းအမှတ်
Saturday, July 20, 2013

ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း ပြပွဲ တခုကိုလည်း ဟောင်ကောင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

သူအသုံးပြုခဲ့တဲ့ ပစ္စည်းပေါင်း ၆၀၀ ကျော်ကို ပြသထားပါတယ်။

မြန်မာ ပရိသတ်တွေ ကြားမှာလည်း အင်မတန်မှာ ရေးပန်းစား ခဲ့တဲ့ ဘရုစလီဟာ ၁၉၇၃ ခုနှစ် အတွင်း The Game of Death သေမင်းနဲ့ ကစားခြင်း ဆိုတဲ့ ရုပ်ရှင်ကား ရိုက်ကူးနေဆဲ မှာပဲ ဇူလိုင် လ ၂၀ ရက်နေ့မှာ ကွန်လွန် သွားခဲ့တာ ဖြစ်ပါတယ်။

BBC

Saturday, July 20, 2013

ဟောင်ကောင် ကွန်ဖူး မင်းသား ဘရုစလီ ကွန်လွန် ခဲ့တဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွေကို
ဟောင်ကောင်မှာ ကျင်းပနေပြီး၊ သူ့ဘဝ အကြောင်း ပြပွဲ တခုကိုလည်း ဟောင်ကောင်မှာ ဒီကနေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၁၃)



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၂ /၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက်

(၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

အရေးပေါ် အခြေအနေကြေညာခြင်းအား ရုပ်သိမ်းခြင်း

ဆီးဂိမ်းတွင် မြန်နှုန်းမြင့် အင်တာနက် အသုံးပြုနိုင်ရန် cisco မှ နည်းပညာနှင့် စက်ပစ္စည်းများ အသုံးပြုမည်

Saturday, July 20, 2013

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်မည့် နိုင်ငံအသီးသီးမှ အားကစားသမားများအတွက် မြန်နှုန်းမြင့် အင်တာနက်လိုင်း ၀န်ဆောင်မှုကို Redlink ကုမ္ပဏီမှ ပြုလုပ်ရမည်ဖြစ်ပြီး မြန်နှုန်းမြင့် အင်တာနက်လိုင်း အသုံးပြုနိုင်ရန်အတွက် အမေရိကန် နိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်သည့် cisco ကုမ္ပဏီမှ နည်းပညာပိုင်းနှင့် စက်ပစ္စည်းများကို အသုံးပြုကာ တည်ဆောက်သွားမည် ဖြစ်ကြောင်း Redlink ကုမ္ပဏီမှ မာကတ်တင်း မန်နေဂျာ ကိုမျိုးမြင့်ညွန့်က ဆိုသည်။

Nelson Mandela မွေးနေ့

Photo: Nelson Mandela မွေးနေ့ 
Saturday, July 20, 2013

တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးမှာ ထင်ရှားခဲ့သူ နယ်လ်ဆင် မန်ဒဲလား အသက် ၉၅ နှစ်ပြည့် မွေးနေ့ အခါသမယကို တောင်အာဖရိကနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက အမှတ်တရ ကျင်းပကြပါတယ်။ Pretoria မြို့ဆေးရုံမှာ ကုသမှုခံယူနေရတဲ့ တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလား ကတော့ အခြေအနေဟာ စိုးရိမ်နေရဆဲ ဖြစ်ပေမဲ့ တဖြည်းဖြည်း တိုးတက်မှုလည်း ရှိတဲ့အကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သမီးဖြစ်သူ Zindzi Mandela ကလည်း ဖခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိတဲ့အကြောင်းနဲ့ မကြာခင် ဆေးရုံက ဆင်းနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း ပြောခဲ့တာပါ။ တောင်အာဖရိက နိုင်ငံမှာတော့ နယ်လ်ဆင်မန်ဒဲလား အထိမ်းအမှတ်နေ့အဖြစ် လူ့အခွင့်အရေးနဲ့ ဂုဏ်သိက္ခာ အတွက် သူတိုက်ပွဲဝင် ကြိုးပမ်းခဲ့တဲ့  တနှစ်ချင်းစီအတွက် ရည်စူးပြီး ၆၇ မိနစ်ကြာ ကောင်းမှုကုသိုလ်ပြုတဲ့ အစီအစဉ်မှာ လူပေါင်းထောင်ဂဏန်းချီပြီး ပါဝင်ခဲ့ကြပါတယ်။ သမ္မတ Jacob Zuma ကလည်း မွေးနေ့ ဆုတောင်းစကား ပြောကြားခဲ့သလို နိုင်ငံတကာအလယ်မှာ ထင်ရှားသူ ပုဂ္ဂိုလ်တဦးရှိတဲ့ တောင်အာဖရိကအဖြစ် အသိအမှတ်ပြု ခံရတာကို ဂုဏ်ယူတဲ့ အကြောင်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တန်းတူညီမျှရေးနဲ့ တရားမျှတမှု အတွက် တိုက်ပွဲဝင်ခဲ့သူ ပုဂ္ဂိုလ်တဦးအဖြစ် ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကွန်ဂရက် လွှတ်တော်မှာလည်း တောင်အာဖရိက သမ္မတဟောင်းရဲ့ မွေးနေ့အဖြစ် အမှတ်တရ ကျင်းပခဲ့ကြ တာပါ။ တောင်အာဖရိက ရိုးရာဝတ်စုံတွေ ၀တ်ဆင် ထားကြတဲ့ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့အတူ အမေရိကန် လွှတ်တော် အမတ်တွေ၊ လူမှုအခွင့်အရေး လှုပ်ရှားသူတွေ က တောင်အာဖရိက ခေါင်းဆောင်ဟောင်းရဲ့ အကျဉ်းသား ဘ၀၊ တော်လှန်ရေးသမားဘ၀တွေနဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်နဲ့ သမ္မတအဖြစ် ဖြတ်သန်းခဲ့ရစဉ် ကာလတလျှောက် ရေးသားချက်တွေထဲက တချို့ကိုလည်း ကောက်နှုတ်ဖတ်ကြား ကြပါတယ်။ 

VOA Burmese
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Times Square ရင်ပြင်က မန်ဒဲလားမွေးနေ့ အမှတ်တရဆိုင်းဘုတ်။ (ဇူလိုင် ၁၈၊ ၂၀၁၃၊
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Times Square ရင်ပြင်က မန်ဒဲလားမွေးနေ့ အမှတ်တရဆိုင်းဘုတ်
Saturday, July 20, 2013

တောင်အာဖရိကနိုင်ငံမှာ လူဖြူလူမည်း ခွဲခြားမှု တိုက်ဖျက်ရေးမှာ ထင်ရှားခဲ့သူ နယ်လ်ဆင် မန်ဒဲလား အ
သက် ၉၅ နှစ်ပြည့် မွေးနေ့ အခါသမယကို တောင်အာဖရိကနဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေက အမှတ်တရ ကျင်းပကြပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေးမှုတွေ ပြန်စတော့မယ်

Photo: အစ္စရေးနဲ့ ပါလက်စတိုင်း ဆွေးနွေးမှုတွေ ပြန်စတော့မယ်။
Saturday, July 20, 2013

နှစ်ပေါင်း ၃နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ သဘော တူလိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးဖို့ အခြေခံ အားဖြင့် သဘောတူချက် ရခဲ့ပြီ ဖြစ်ပြီး ပဏာမ ဆွေးနွေးပွဲတွေကို လာမယ့် သီတင်းပတ်အတွင်း စတင်ဖို့ ရှိတယ်လို့ မစ္စတာ John Kerry က ဂျော်ဒန်နိုင်ငံမှာ ကသုတ်ကရက် လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီသဘောတူချက်ဟာ ထူးခြား အရေးပါပြီး ရှေ့တိုး ဆောင်ရွက်မှု ဖြစ်တယ်လို့ မစ္စတာ John Kerry က ကြိုဆိုလိုက်ပေမယ့် ဆွေးနွေးမှုတွေ ပြန်စဖို့ သဘောတူချက်ကို တရားဝင် ဖြစ်အောင် လုပ်နေဆဲပဲ ဖြစ်ကြောင်း သတိပေး ပြောကြားသွားပါတယ်။

အရှေ့အလယ်ပိုင်း ဒေသဆီ အကြိမ်ကြိမ် သွားခဲ့တဲ့ မစ္စတာ John Kerry ဟာ ပါလက်စတိုင်း သမ္မတ မာမွတ် အဘာ့စ်နဲ့ နောက်ထပ် ဆွေးနွေး ပြောဆိုဖို့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသကို ရုတ်တရက်ကြီး သွားရောက်ခဲ့အပြီး အခုလို ထုတ်ဖေါ် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

BBC Burmese
ပါလက်စတိုင်း သမ္မတနဲ့ မစ္စတာ ကယ်ရီ တွေ့ဆုံ
ပါလက်စတိုင်း သမ္မတနဲ့ မစ္စတာ ကယ်ရီ တွေ့ဆုံ
Saturday, July 20, 2013

နှစ်ပေါင်း ၃နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် အစ္စရေးနဲ့ ပါလက်စတိုင်း အကြား ငြိမ်းချမ်းရေး အတွက် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြန်စဖို့ သဘော တူလိုက်ကြပြီ ဖြစ်ကြောင်း အမေရိကန် နိုင်
ငံခြားရေး ဝန်ကြီး John Kerry က ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြင်သစ် နိုင်ငံရှိ ထင်ရှားသည့် နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာ

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ပြင်သစ် နိုင်ငံရှိ ထင်ရှားသည့် နေရာများသို့ သွားရောက်ကြည့်ရှု လေ့လာ 
Saturday, July 20, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့်
ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဦးဌေးဦး၊ ဒုတိယ ဝန်ကြီး ဦးရဲထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာ အကြီး အကဲများ လိုက်ပါလျက် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်သစ် သမ္မတ နိုင်ငံ ပါရီမြို့ရှိ ဗာဆိုင်းနန်းတော် (Versailles Palace) သို့ သွားရောက်ကြည့်ရှုလေ့လာကြ သည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့သည် လု(ဗ်) ပြတိုက်( Louvre Museun) သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

ယင်းကဲ့သို့ လေ့လာ ခဲ့ရာတွင် နိုင်ငံတော် သမ္မတသည် မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ၊ အမျိုးသား ပြတိုက် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာ များကို ဆွေးနွေးခဲ့သည်။

မြ၀တီ

Saturday, July 20, 2013

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးဝဏ္ဏမောင်
လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့်ဦးဝင်းရှိန်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး၊ ဒုတိယ ဝန်ကြီး ဦးရဲ
ထွဋ်နှင့် ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာ အကြီး အ
ကဲများလိုက်ပါလျက်ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ပြင်သစ် သမ္မတ နိုင်ငံ ပါရီမြို့ရှိ ဗာဆိုင်းနန်း
တော် (Versailles Palace) သို့ သွားရောက်ကြည့်ရှုလေ့လာကြ သည်။

ရေစကြိုမြို့နယ်၊ ရှစ်အိမ်တန်း ကျေးရွာတွင် ရေလှိုင်းကာတန်းများ မျောပါပျက်စီးပြီး ကျေးရွာအတွင်း မြစ်ရေလျှံမှုဖြစ်ပေါ်

7.19.5
ချင်းတွင်းမြစ်ရေ တက်လာမှုကြောင့် ရေစကြို ရှစ်အိမ်တန်း ကျေးရွာအတွင်း ရေများဝင်ရောက်နေစဉ်


ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဆိုးရွားစွာ ကြုံတွေ့နေသော ရေစကြိုမြို့နယ်၊ ရှစ်အိမ်တန်း ကျေးရွာတွင် မြစ်ရေမြင့်တက် လာမှုကြောင့် ကမ်းပြိုမှု သက်သာစေရန် ပြုလုပ်ထားသော ရေလှိုင်းကာတန်းများ မျောပါပျက်စီးသွားပြီး ကျေးရွာအတွင်း မြစ်ရေများ ၀င်ရောက်လာကြောင်း သိရသည်။

ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ ရဲအရာရှိများအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့

ရဲစည်းကမ်း ဥပဒေအရ စစ်ဆေးနေသော ကလေးခရိုင်နှင့် တမူးခရိုင် အတွင်းရှိ ရဲတပ်ဖွဲ့မှူးများ၊ ရဲအုပ်များနှင့် နယ်ထိန်းများအား ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ်စိုးနောင် (ကလေးခရိုင်နယ်ထိန်း) အား ရဲအုပ်သန်းနိုင်ဦး (တာဟန်းရပ်ကွက် ရဲစခန်းမှူး)၊ ရဲအုပ်ကျော်ဇေယျာလှိုင် (မြို့နယ် နယ်ထိန်းခေါင်းဆောင်) တို့ကို  ထောင်ဒဏ်တစ်နှစ် စီဖြင့်လည်းကောင်း၊ တမူးခရိုင် ရဲတပ်ဖွဲ့မှူး၊ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး၊ ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူး အစရှိသော ရဲတပ်ဖွဲ့ဝင်တို့အား အလုပ်မှ ထုတ်ပယ်ခြင်း အစရှိသဖြင့် အရေးယူ ဆောင်ရွက်ခဲ့မှုများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

ငလျင်ကြောင့် ပြိုကျခဲ့သော ဧရာဝတီ မြစ်ကူးတံတား ဇူလိုင်၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်

7.19.9
ပြန်လည်ပြုပြင် တည်ဆောက်နေသော ဧရာဝတီ မြစ်ကူးတံတား ရတနာသိင်္ခအား တွေ့ရစဉ်


ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၁ ရက်က ပြိုကျပျက်စီးခဲ့သော ရတနာသိင်္ခ ဧရာဝတီမြစ်ကူး တံတားအား လာမည့် ဇူလိုင် ၂၄ ရက်၌ စတင်ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး အထူးအဖွဲ့ ၃ တာဝန်ရှိသူများက ပြောကြားသည်။

မြိတ်တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ နိုင်ငံတော် အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူ တစ်ဦးကို ဖမ်းဆီး

မြိတ်မြို့တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ ကိုင်ဆောင်ထားသည့် နိုင်ငံတော်အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း သိရသည်။ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့ ကျင်းပရန်အတွက် နေရာယူနေစဉ် အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ဟု ယူဆရသော လူငယ်တစ်ဦးက အလံကိုင်အဖွဲ့ များရှိရာသို့ ရောက်ရှိလာပြီး နိုင်ငံတော် အလံအား လုယူပြီး ဆွဲဖြဲပစ်ရန် ကြိုးစားရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ်တွင် နေရပ်ပြန် မြန်မာများ အုပ်စုဖွဲ့ လိမ်လည်ခြင်း ခံနေရ

7.18.4
သောင်ရင်းမြစ်အား လှေဖြင့်ဖြတ်၍ မြ၀တီမြို့သို့ ပြန်လာကြသော မြန်မာရွှေ့ပြောင်း လုပ်သားများ


ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင် နေကြသော မြန်မာရွှေ့ပြောင်း လုပ်သားများ မြန်မာနိုင်ငံသို့  ပြန်လာသည့်အခါ မြ၀တီနယ်စပ်တွင် အုပ်စုဖွဲ့ လိမ်လည်ခြင်းများ ယာဉ်တန်း အဆင်းနေ့တိုင်း ဖြစ်ပေါ်နေကြောင်း မြ၀တီမြို့မှ ဒေသခံများက ပြောကြားသည်။

"ကမ္ဘာ့နောက်ဆုံးပေါ် ထီးဒီဇိုင်းသစ် တီထွင်"


လက်ရှိ အသုံးပြုနေသော ထီးများနှင့် ဒီဇိုင်းပိုင်း အတွေးအမြင် လုံးဝ ကွဲပြားသော ထီးသစ် တစ်မျိုးကို ပညာရှင်များက တီထွင်လျှက် ရှိနေကြောင်း သိရှိရသည်။ Rainshaderဟု အမည်ပေးထားသော ထီးသစ်သည် အားပြင်းသော လေဒဏ်ကြောင့် ထီးရွက် လန်သွားသည့် ပြဿနာမျိုး မပေါ်ပေါက်အောင် တားဆီးနိုင်သလို ထီးရွက်ကြောင့် အသုံးပြုသူ၏ မြင်ကွင်းပိုင်း မရှင်းလင်းမှုမျိုး မဖြစ်နိုင်အောင် ဖန်တီးထားသည်။

ooVoo Video Call For Android & PC


unnamed7
ဒီဆော့ဝယ်လေးကိုတော့အားလုံးနီးပါးသိပြီးသားဖြစ်မှာပါ။Update versionလေးပြန်တင်ပေးလိုက်ပါတယ်ခင်ဗျ။သူ့ရဲ့အားသာချက်ကviber & Tango ထက်ကိုအသုံးပြုရတာပိုမိုကောင်းမွန်ပါတယ်။
ပြီးတော့codeတောင်းစရာလည်းမလိုပါဘူး။