Pages

Friday, July 19, 2013

ကိုဘအေးရဲ့ ဝန်ကြီးများရုံး အလွမ်းပြေ

Photo: ကိုဘအေးရဲ့ ဝန်ကြီးများရုံး အလွမ်းပြေ
Friday, July 19, 2013

ဂိတ်ဝမှာ ဂိတ်ပတ်စ် လုပ်ပြီးတော့ ရုံးထဲ ဝင်လာတဲ့ ကိုဘအေး တစ်ယောက် ကြက်သီး မွေးညှင်းတွေ ထသလို ဖြစ်သွားတယ်။ အထင်ကရ နေရာတစ် ခု ဖြစ်ပြီးတော့ ချောက်ချားဖွယ် အတိတ်သမိုင်းကြောင်း ရှိခဲ့တဲ့ နေရာတစ် ခုလည်း ဖြစ်နေလို့လား မသိဘူး။ ကိုဘအေး ရောက်ခဲ့တာဆိုရင် ဒီတစ်ကြိမ်ဟာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ 

ပထမအကြိမ်က အလုပ်လျှောက်လွှာ ပုံစံ လာယူတာ။ လက်ရှိ လုပ်နေတဲ့ အလုပ်က သုံးနှစ် စီမံကိန်းလို့ ပြောတော့ သုံးနှစ်ပြည့်ရင် အလုပ်ပြုတ်မ လားဆိုပြီး (တကယ်တော့ မပြုတ်ကြပါ) သုံးနှစ် မပြည့်ခင်က ဌာနပြောင်း ဖို့ ရွှေ့ဖို့ လုပ်ကြတာ။ ကိုဘအေးလည်း အဲဒီလို စိုးရိမ်တဲ့သူတွေအထဲမှာ ပါတော့ SB (သတင်းတပ်ဖွဲ့)က တပ်သားခေါ်တယ်ဆိုတာနဲ့ လျှောက် လွှာသွားယူတာ၊ ရုံးထဲမှာ သိပ်မကြာခဲ့ပါဘူး။ ဒီတစ်ခါကတော့ ဒီရုံးထဲမှာပဲ လုပ်ရတော့မှာ။ တခြားကို မပြောင်းရမချင်းတော့ ဘယ်လောက် ကြာအောင် ဒီရုံးထဲမှာ နေရဦးမယ် မသိဘူး။ ဒါကြောင့် အထက်က ပြောခဲ့သလိုပဲ ငါ ဒီရုံးကြီးမှာ ရုံးတက်ရတော့မှာပါလား ဆိုတဲ့ အသိနဲ့ ခံစားချက် တစ်မျိုး ဝင်လာတာပါ။ အဲဒီရုံးကြီးကတော့ သိမ်ဖြူလမ်းနဲ့ ဗိုလ်အောင်ကျော် လမ်းကြားမှာ ရှိပြီး မဟာဗန္ဓုလ လမ်းမကြီးနဲ့ အနော်ရထာလမ်းမကြီးကြား အလယ်ဘလောက်မှာ ရှိတဲ့ ဝန်ကြီးများရုံး (ယခင် အတွင်းဝန်များ ရုံးဟောင်း)ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများဟာ ဒီရုံးကြီးထဲမှာပဲ အကြံပက်စက် စကောလောက်မှ စောက်မနက်တဲ့ သူတွေရဲ့ ပက်ပက်စက်စက် လုပ်ကြံတာကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ လွတ်လပ်ရေးနေ့ (၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့)မှာ အင်္ဂလိပ်ကိုလိုနီတို့ရဲ့ ယူနီယံဂျက် အလံကို ချပြီး ပြည်ထောင် စု မြန်မာနိုင်ငံရဲ့ အလံတော်ကို လွှင့်တင်တဲ့ နိုင်ငံတော် အလံတင် အခမ်းအနားကိုလည်း ဒီရုံးကြီးထဲမှာပဲ ကျင်းပပြုလုပ်ခဲ့ပြီး ဒီရုံးကြီးထဲမှာပဲ အစိုးရအဖွဲ့ ရုံးထိုင်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံကြီးကို အုပ်ချုပ်ခဲ့တာပါ။ ၁၉၄၈ခုနှစ်ကနေ ၁၉၆၂ခုနှစ်အထိ ပြည်ထောင်စု လွှတ်တော် ကျင်းပခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

ကိုဘအေး ရောက်သွားတဲ့အချိန်မှာ ဝန်ကြီးများရုံး ဆိုတဲ့ နာမည်နဲ့အညီ ဝန်ကြီးဌာန တော်တော်များများ ရုံးထိုင်နေပါတယ်။ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေး၊ စီမံကိန်း၊ သတ္တုတွင်း၊ ဆောက်လုပ်ရေး စတဲ့ ဝန်ကြီးဌာနတွေ ရှိပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေးခန်းကို ဘုရားခန်း လုပ်ထားတာ တွေ့ခဲ့ရပါတယ်။ အခါကြီးရက်ကြီးတွေမှာတော့ ဝန်ကြီးဌာနဝတ်အသင်းတွေက အလှည့်ကျ ဝတ်ရွတ်ကြပါတယ်။ တစ်ခါတစ်လေ တခြားဝန်ကြီးဌာနတွေ သွားရင်းနဲ့ အဲဒီအခန်းရှေ့ကနေ ဖြတ်သွားရင် စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်မိတယ်။

ကိုဘအေးက ဝန်ကြီးများ ရုံးထဲမှာ ၁၉၇၆ကနေ ၁၉၇၈ခုနှစ်အ ထိ နေခဲ့ရပြီး၊ နိုင်ငံတော် ကောင်စီရုံးအနေနဲ့ ဝင်ဒါမီယာထဲကို ပြောင်းခဲ့ ရပါတယ်။ နိုင်ငံရေး အလှည့်အပြောင်းတစ်ခုမှာတော့ ကိုဘအေးတို့လည်း ဝန်ကြီးများရုံးထဲ ပြန်ရောက်ခဲ့ပါတယ်။ ၁၉၈၉ခုနှစ်ပေါ့။ အဲဒီမှာ ငါးနှစ်လောက် နေခဲ့ရပြီးတော့ ရန်ကင်းရုံးကို ပြောင်းခဲ့ရပါတယ်။ အခုဆိုရင်တော့ အစိုးရရုံးတွေ အားလုံး နေပြည်တော်ကို ပြောင်းကုန်ကြရပြီမို့ ဝန်ကြီးများရုံးထဲမှာ ဘာရုံးဘာဌာနမှ မရှိတော့ပါဘူး။ ဟိုက်ကုတ်တို့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတို့လို ကိုလိုနီခေတ် လက်ရာ ဖြစ်လို့မို့ ဥရောပဗိသုကာ ပုံစံ ခန့်ငြားလှပတဲ့ အဆောက်အဦကြီးတစ်ခု ဖြစ်ပါတယ်။

အစိုးရသစ် တက်လာပြီး နောက်ပိုင်းမှာ ဟိုတယ်အဖြစ် ဆောက်လုပ်ဖို့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေရဲ့ ကြိုးပမ်းမှုကို ပြည်သူတွေ ကန့်ကွက်ကြတဲ့အတွက် အခုဆိုရင် ပြတိုက်အဖြစ်ပဲ ထားဖို့ ဆုံးဖြတ်ပြီး ပြုပြင် မွမ်းမံမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ကိုလိုနီခေတ်ကတည်းက အဆောက်အဦဖြစ်လို့မို့ နှစ်ပေါင်း ကြာမြင့်နေပြီ ဖြစ်တဲ့အတွက် ကိုဘအေးတို့ ရုံးတက်တဲ့ အချိန်မှာတောင် ကော်ရစ်ဒါကြီးတွေဟာ လေးဘက်လေးတန် ဝင်ပေါက်ကြီးတွေရဲ့ အလယ်ကို နိမ့်လျှောကြီးတွေ ဖြစ်နေပါတယ်။ အပေါ်ထပ် တက်တဲ့ ကြောင်လိမ်လှေကားကြီးတွေကလည်း သစ်သားလှေကားကြီးတွေ ဖြစ်ပါတယ်။ ပြုပြင်မှုတွေကတော့ လုပ်နေရတာပေါ့လေ။ ဘာရယ်တော့ မဟုတ်ပါဘူး။ အာဇာနည်နေ့ အကြောင်း သတင်းစာက ဆောင်းပါးလေးတွေ ဖတ်မိရင်း တစ်ချိန်တစ်ခါက ရုံးတက်ခဲ့ရတဲ့ သမိုင်းဝင် အမွေအနှစ် တစ်ခုဖြစ်တဲ့ ဝန်ကြီးများရုံးကို သွားပြီး သတိရမိလို့ အလွမ်းပြေလေး ရေးမိတာပါ။

Myanmar ICT

Friday, July 19, 2013

ဂိတ်ဝမှာ ဂိတ်ပတ်စ် လုပ်ပြီးတော့ ရုံးထဲ ဝင်လာတဲ့ ကိုဘအေး တစ်ယောက် ကြက်သီး မွေးညှင်းတွေ ထသလို ဖြစ်သွားတယ်။ အထင်ကရ နေရာတစ် ခု ဖြစ်ပြီးတော့ ချောက်ချားဖွယ် အတိတ်သမိုင်းကြောင်း ရှိခဲ့တဲ့ နေရာတစ် ခုလည်း ဖြစ်နေလို့လား မသိဘူး။ ကိုဘအေး ရောက်ခဲ့တာဆိုရင် ဒီတစ်ကြိမ်ဟာ ဒုတိယ အကြိမ် ဖြစ်ပါတယ်။

ကမာရွတ်မြို့နယ်တွင် ကားသုံးစီးဆင့်တိုက်စဉ် ဒဏ်ရာမရှိဘဲ တစ်ဦးသေဆုံး

Friday, July 19, 2013

ကားသုံးဆင့်တိုက်မှု ဖြစ်ပွားခဲ့စဉ် ကိုယ်ပိုင်ကားတစ်စီးထဲမှ လူတစ်ဦးဒဏ်ရာမရှိဘဲ သတိလစ်သေဆုံးခဲ့မှု တစ်ခု ဇူလိုင် ၁၇ ရက်က ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးထံမှ သတင်းရရှိ ပါသည်။

အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ

အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ
**********************************************************
**********************************************************
ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။
ကယ်လီဖိုးနီးယားပြည်နယ်၏ ဂုဏ်ထူးဆောင်တက္ကသိုလ်ဖြစ်သော ဘာကလေ (Berkeley)တွင် လူမှုဗေဒဘာသာရပ် တက်ရောက်နေသည့် အသက် ၂၁ နှစ်အရွယ် စာဒီယဟ် စိုင်ဖွဒ္ဒီန်း(Sadia Saifuddin)က “ အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ရှင် ” ဟု ရိုက်တာသို့ ဇူလိုင် ၁၇ ရက် ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။

သူမ၏ရာထူးကိုလက်ခံရန် သူမအားထောက်ခံသူ လူအုပ်ကြီးအကြား ဖြတ်သန်းလျှောက်လှမ်းလာစဉ် “ ဒီအနေအထား အတွက် ကျွန်မ အရမ်း စိတ်လှုပ်ရှားနေတယ် ” ဟု ဆိုခဲ့သည်။

စိုင်ဖွဒ္ဒီးန်သည် ၂၀၁၄ ခုနှစ်မှစတင်မည့် စာသင်နှစ်တစ်နှစ်လုံးအတွက် ကျောင်းသားခေါင်းဆောင်ဘုတ်အဖွဲ့ဝင် ၂၆ ဦး အနက် ပထမဆုံးသော မွတ်စ်လင်မ်တစ်ဦး ဖြစ်လာတော့မည်။

သူမ၏နေရာနှင့်ပတ်သက်ပြီး ထင်ရှားပေါက်ရောက်သော Simon Wiesenthal Center အပါအ၀င် ဂျူးအုပ်စုတို့၏ အပြင်းအထန်ဆန့်ကျင်မှုကို ကျော်ဖြတ်ခဲ့ရသည်။ အစ္စရေးစစ်တပ်နှင့်ချိတ်ဆက်နေသည့်ကုမ္ပဏီလုပ်ငန်းများထံမှ ရရှိသော တက္ကသိုလ်ရန်ပုံငွေများအား သူမလှုပ်ရှားနေသည့်ဆောင်ရွက်ချက်များတွင် အသုံးချလိမ့်မည်ဟု ၄င်းတို့က ပုတ်ခတ်စွပ်စွဲဆန့်ကျင်ထားကြသည်။ စန်တာခရုဇ် Santa Cruz ကျောင်းဝင်းမှ နည်းပြတစ်ဦးမှာ အစ္စလာမ်အပေါ် တစ်ဖက်သတ်အထင်မှားပြီးရွံကြောက်နေသူဖြစ်ကြောင်း ကျောင်းသားရေးရာအဖွဲ့၏ ရှုတ်ချချက်အပေါ် ရပ်တည်သည့် အတွက်ကြောင့်လည်း ၄င်းတို့က ကန့်ကွက်ခြင်းဖြစ်သည်။

“ UC စံနစ်ကြီးစိုးထားတဲ့နှစ်တစ်နှစ်ရဲ့ ကျောင်းသတင်းထုတ်ပြန်ချက်မှာ ကျောင်းထဲက ထောင်နဲ့ချီတဲ့လူတွေကို အပြောင်းအလဲဖြစ်စေတဲ့သူအပေါ် ခန့်အပ်ရမယ်လို့ အဆိုတစ်ခုပါနေတယ်။ အခြားသင့်တော်တဲ့ မွတ်စ်လင်မ်တစ်ဦးဦးကို ဒီရာထူးမှာ ထားသင့်တယ်။ စာဒီယဟ်ဟာ သင့်တော်သူမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံထားတယ် ” ဟု Wiesenthal Center မှ ဂျူးဘုန်းကြီး အေရွန် ဟိုင်ယာ (Aron Hier) ပြောကြားကြောင်း စာဒီယဟ်အား ဘုတ်အဖွဲ့ဝင်အဖြစ်မှငြင်းဆိုရန် ထိုအဖွဲ့၏ထုတ်ပြန်စာ၌ ဖော်ပြထား၏။

အတိုက်အခံများကြားမှ တက္ကသိုလ်ကျောင်းကိုယ်စားလှယ် ၂၅ ဦး၏ဆန္ဒမဲဖြင့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် သူမအား ခန့်အပ်ရန်  အတည်ပြုခဲ့ကြသည်။ မဲမထည့်သော ကျန်အဖွဲ့ဝင်တစ်ဦးမှာ ရစ်ချက် ဘလမ်း(Richard Blum)သာ ရှိခဲ့၏။ သူက စိုင်ဖွဒ္ဒီးန်၏လှုပ်ရှားမှုများနှင့်ပတ်သက်၍ ဝေဖန်ခဲ့သူဖြစ်၏။

စိုင်ဖွဒ္ဒီးန်က အလွှာအသီးသီးမှ ကျောင်းသားများအတွက် ကျောင်းတွင်းဆိုင်ရာကိစ္စများ နှင့် ငွေကြေးအကူအညီများ ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဟု ရာထူးလက်ခံစဉ် ပြောကြားသွားခဲ့သည်။

လာမည့်နှစ်အတွက် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်များစုံညီ အစည်းအဝေး၌ ပါဝင်ခွင့်ရမည်ဖြစ်၏။ သို့သော် သူမ၏ တာဝန်စတင်မည့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမတိုင်မီတွင် ဆန္ဒမဲပေးခွင့်တော့ မရှိသေးချေ။

အတိုက်အခံဖက်မှ အသံများလျှံထွက်နေလင့်ကစား စိုင်ဖွဒ္ဒီးန်ကိုထောက်ခံကြသူတို့က သူမသည် ဘာသာပေါင်းစုံ ကျောင်းသူကျောင်းသားများအပေါ်အလေးထားသော စံပြကျောင်းသူတစ်ဦးအဖြစ် ချီးကျူးခဲ့ကြသည်။
Credit: M Media

ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်။

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက်ကိုင်ဆောင်လာသူအား စစ်ဆေးတွေ့ရှိအရေးယူ

ရွေတိဂုံစေတီတော်မှာ လက်နက်ကိုင်ဆောင်သူမိပြန်ပြီ ......နည်းတဲ့ဓားကြီးမဟုတ်ဘူး...ဘာလုပ်ဖို့ပါလိမ့်

ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက်ကိုင်ဆောင်လာသူအား 
စစ်ဆေးတွေ့ရှိအရေးယူ

ရန်ကုန်၊ ဇူလိုင် ၁၉

၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော်
တောင်ဘက်မုခ် အလယ်ပစ္စယံစောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူ
သိန်းမျိုးဆွေ၊ (၂၆)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရေဥက္ကံရွာ ၊ လှိုင်သာယာမြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ ၎င်းထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ဓါးအိမ်ပါဓါးဦးချွန်တစ်ချောင်းအား
တွေ့ရှိသိမ်းဆည်းရမိသဖြင့် ဒဂုံမြို့မရဲစခန်း(ပ) ၁၆၃/၂၀၁၃ ၊ လက်နက်ဥပဒေပုဒ်မ ၁၉(င)ဖြင့် အရေးယူဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

ရန်ကုန်၊ ဇူလိုင် ၁၉

၁၉.၇.၂၀၁၃ ရက်နေ့ ၁၀၀၀ အချိန် ရွေတိဂုံစေတီတော်
တောင်ဘက်မုခ် အလယ်ပစ္စယံစောင်းတန်းတွင် လုံခြုံရေးဝန်ထမ်း ဦးအေးကြည်နှင့် ကိုရဲရင့်အောင်တို့မှ မသင်္ကာတွေ့ ရှိသူ
သိန်းမျိုးဆွေ၊ (၂၆)နှစ်၊ (ဘ)ဦးအုန်းမြင့်၊ ရေဥက္ကံရွာ ၊ လှိုင်သာယာမြို့နယ် နေသူအား စစ်ဆေးရှာဖွေရာ

ရေမန်းနှင့် အက်စစ်မှားသောက်မိ၍ အမျိုးသားတစ်ဦးသေဆုံး

မန္တလေး၊ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာတွင် ဇူလိုင်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီခန့်က အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရေမန်းနှင့် အက်စစ် မှားသောက်မိ၍ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကလေးမြို့တွင် အာဇာနည်နေ့ အကြိုမြို့လယ်ခေါင်တွင်လူသတ်မူဖြစ်

ကလေးမြို့တွင် (၁၈.၇.၁၃)ရက်နေ့ ည(၁၀) နာ၇ီကျော်အချိန်တွင်
ကလေးလမ်းဆုံအနီး တိုက်စိမ်းဆေးဆိုင်ရှေ့တွင် သုံးဘီးမောင်းနှင်သော လူငယ်များ ခိုက်ရန်ဖြစ်ပွားရာ တစ်ဖက်လူငယ်မှ အသင့်ယူဆောင်လာသောဓါးဖြင့် ခုတ်လိုက်ရာ တဖက်မှ(၁၈)နှစ်ခန့်အရွယ် လူငယ်တစ်ဦး သေဆုံးသွားကြောင်း သိရှိရပါတယ်။

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တောင်ကုတ်နှင့် စစ်တွေမြို့တွင် ကျင်းပ

Photo: ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တောင်ကုတ်နှင့် စစ်တွေမြို့တွင် ကျင်းပ
Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တွင် ယနေ့ကျင်းပခဲ့သည်။

တောင်ကုတ်မြို့တွင်  ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ်မှ ဦးဆောင်ပြီး  မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒေသခံ ပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားကို ဖိတ်ကြားထားသော မြို့မိမြို့ဖများ၊ ကျေးရွာအသီးသီးမှ NLD အဖွဲ့ဝင်များ၊ ကျောင်းသူ ကျောင်းသားများ စုံစုံညီညီ တက်ရောက်ခဲ့ပြီး အခမ်းအနားကို နံနက် ၈ နာရီတွင် စတင် ကျင်းပခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် အလုပ်အမူဆောင် ဥက္ကဌ ဦးတင်သိန်းအောင်က ” အာဇာနည် ခေါင်းဆောင်ကြီးများ  အကြောင်းကို ကလေးများရော လူကြီးတွေပါ မကျန် မသိကြတော့ကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ တိုင်းပြည် အတွက် မည်သို့ ကြိုးစား ဆောင်ရွက်ခဲ့ကြသည်ကို အမှတ်မရကြတော့ကြောင်း၊ အမျိုးသားညီညွတ်ရေး အတွက် မည်သို့ အုတ်မြစ်ချခဲ့ကြသည်ကို သတိမရကြတော့ကြောင်း၊  တိုင်းရင်းသားအရေးကို အာဇာနည် ခေါင်းဆောင်ကြီးများ မည်သို့ မျှော်မှန်း တည်ဆောက်ခဲ့ကြသည်ကို  မေ့ပျောက်နေကြပြီ ဖြစ်ကြောင်း သို့အတွက် အာဇာနည်နေ့တွင် အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို  ပြန်လည် သတိရ အောက်မေ့ရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ခင်းခဲ့သော အမျိုးသားရေး လမ်းစဉ်ကို ပြန်လည်၍ အမှတ်ရကြစေရန် ရည်ရွယ်၍ ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော ၆၆ နှစ်မြှောက် အာဇာနည်နေ့ကို ကျင်းပရခြင်း ဖြစ်ကြောင်း”   နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ အာဇာနည်တွေအကြောင်းကို မသိကြတာဟာ ကျွန်တော်တို့ တဆက်ကပင် အခု ကလေး တွေထိ အာဇာနည်ဆိုတာ ဘာမှန်းလဲဆိုတာ တိတိကျ မသိကြတော့ဘူး။  တိုင်းပြည် လွတ်လပ်ရေး ရဖို့အတွက် အာဇာတည် ခေါင်းဆောင်တွေ ဘယ်လို လုပ်ကိုင်ခဲ့ကြတယ်ဆို တာကိုလည်း မသိကြတော့ဘူး။  အာဇာနည်နေ့ဆိုတာလည်း ဘယ်နေ့မှန်း မသိကြတော့ဘူး။  ဒီလို တနိုင်ငံလုံး အကျိုးကို ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်ကြီးတွေကို မသိဆိုရင်  နောင်လာမည့် မျိုးဆက်သစ်တွေလည်း သိနိုင်ဖွယ်ရာ မရှိတောူ့း။ ဒါဟာ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး” လို့ ဦးတင်သိန်းအောင်က ပြောသည်။

တောင်ကုတ်မြို့ အာဇာနည်နေ့ အခမ်းအနားတွင် NLD တောင်ကုတ်မြို့နယ်မှ ထူထောင်ထားသော အခမဲ့ အမေ့အိမ် ပညာဒါနကျောင်းများမှ ကျောင်းသားများက ကဗျာရွတ်ဖတ်ပြီး ခန်းမမှတဆင့် ကျောင်းသူ ကျောင်းသားများ အပါအ၀င် တက်ရောက်လာသူများက လွတ်လပ်ရေးကျောက်တိုင်ကို သွားရောက်ကာ လွမ်းသူပန်းခွေများ ချကာ အာဇာနည် ခေါင်းဆောင်ကြီးများကို ဂါရ၀ ပြုခဲ့ကြသည်။ နေ့လည် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။

အလားတူ ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦး ဆောင်ပြီး စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းမတွင် ကျင်းပခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင် ကျင်းပသည့် ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး စစ်တွေမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစံရွှေထွန်းက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ သံဃာ ၃ ပါးကို ဆွမ်းကျွေးပါတယ်။ သင်္ကန်းကပ်လှူတယ်။ တက်ရောက်လာတဲ့ လူတွေက ဆရာတော်တွေထံမှာ ၅ ပါးသီလယူကြတယ်။ အာဇာနည်နေ့ ပတ်သက်ပြီး အနည်းငယ် ဟောပြော ခဲ့ကြပါ တယ်။ တက်ရောက်လာသူတွေကို မုန့်ဟင်းခါးနဲ့ တည်ခင်းဧည့်ခံပါတယ်” ဟု ဆိုသည်။

စစ်တွေမြို့တွင် ပြုလုပ်သော ၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လူပေါင်း ၁၀၀ ကျော်တက်ရောက် ခဲ့ပြီး အခမ်းအနားကို နံနက် ၇ နာရီမှ စတင်ကာ နံနက် ၁၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်ဟု သိရသည်။

နိရဉ္စရာ

Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် စစ်တွေမြို့တွင် ယနေ့ကျင်းပခဲ့သည်။

၆၆ နှစ်မြောက် အာဇာနည်နေ့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

Photo: အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်ကျင်းပသော အာဇာနည်နေ့အခမ်းအနား၌ အမှတ်တရစကား ပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
Friday, July 19, 2013

Popular Journal
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်ကျင်းပသော အာဇာနည်နေ့အခမ်းအနား၌ အမှတ်တရစကား ပြောကြားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်
Friday, July 19, 2013

၆၆နှစ်မြောက် အာဇာနည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်ခေါင်းဆောင်များ အသက်စွန့်သွားပုံကို အဖွဲ့ချုပ်ရုံးခန်းတွင် မိန့်ခွန်းပြောကြားခဲ့သည်။

အာဇာနည်များအတွက်ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးဆွမ်းကပ်လှူ

Photo

Friday, July 19, 2013

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်
ရေးရုံးခန်းမှာ ယနေ့ အာဇာနည်နေ့၊ မနက် ၁၀ နာရီအချိန်တွင် သံဃာတော် (၃)ပါးပင့်ဖိတ်ပြီး ဆွမ်း၊ သင်္ကန်း ကပ်လှူပြီး ရေစက်ချအမျှဝေခဲ့ပါတယ်။

ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်

Photo: ထိုင်းမှ သက်တမ်းအရင့်ဆုံး ဟွာဆင်ဟန်းရွှေဆိုင် လာဖွင့်မည်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှ သက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ်လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future  က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိ ရသည်။

ထိုလုပ်ငန်း ၏ ဦးဆောင် ညွှန်ကြားရေးမှူး သန်နာရတ်ပိုဆ ဝေါင်က သူတို့သည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စင်ကာပူတို့၌ လုပ် ငန်းများကို လာမည့်နှစ်တွင် တိုး ချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ် သည်။ ယင်းက ထိုင်းလူမျိုးများ ကဲ့သို့ပင် အာဆီယံနိုင်ငံသားများ သည် ရွှေစုရာတွင် ဝါသနာထုံကြ ကြောင်း ဆက်လက်ပြောသည်။ ''မြန်မာပြည်ကသူတွေဟာ အိမ်မှာ ရွှေတွေစုတာ သဘောကျတယ်။ စင်ကာပူဆိုပိုခေတ်မီတယ်။ ရွှေ ကို ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ဝယ်ကြ တယ်။ အဲဒါကြောင့် သူ တို့လိုလူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့်နည်းပညာတွေကို ကျွန်တော်တို့ ပေးသွားမှာဖြစ် တယ်''ဟု သူက ပြောသည်။

''ရွှေဈေးနှုန်းဟာ အမေရိ ကန်ရဲ့ ဖက်ဒရယ်အရန် ဘယ်လို ထားသလဲဆိုတဲ့အပေါ် မှီတည်နေ တယ်။ ရွှေဈေးဟာ တစ်အောင်စ ကို ဒေါ်လာ၁၂၅ဝကနေ နှစ်ကုန် ပိုင်းရောက်တဲအခါ ၁၃၄ဝအထိ တက်လာလိမ့်မယ်''ဟု သူကခန့် မှန်း သည်။ ''သူတို့လာဖွင့်တာ ကောင်း ပါတယ်။ ပြည်တွင်းက ရွှေတွေကို ဝယ်ပြီး သူတို့ဒီဇိုင်းနဲ့လုပ်၊ ပြန် ရောင်းဆိုတော့ အရောင်းအဝယ် ဖြစ်တာပေါ့။ ယှဉ်ပြိုင်မှုအနေအ ထားနဲ့ကတော့ အားကောင်းလာ မယ်လို့ပြောလို့ရတယ်။ ထိုင်းက ရွှေဆိုင် လုပ်ငန်းရှင် သုံးလေးဦး လောက် ကျွန်တော်တို့အသင်းမှာ လာဆွေးနွေးတာရှိတယ်။ အဓိက ကတော့ သူတို့ဆီမှာရှိတဲ့ပန်းထိမ် ဆိုင်အကြီးကြီးတွေကို အော်ဒါ ပေးမလားဆိုတာက များတယ်။ လက်ရှိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေ အရတော့ ဒီကလူနဲ့တွဲလုပ်၊ ဒါမှမဟုတ် ဒီကလူတစ်ဦးရဲ့နာ မည်ခံလုပ်ဆိုတာပဲ လုပ်လို့ရမယ် ထင်တယ်။ တိုက်ရိုက်ကြီးတော့ အဆင်မပြေသေးဘူး ထင်ပါတယ်'' ဟု မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးကျော် ဝင်း (ဦးထုံရွှေပန်းထိမ်ဆိုင်)က သုံးသပ်ပြောသည်။

Yangon Media Group
ညီလတ်
ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်။
ဟွာဆင်ဟန်းရွှေဆိုင် မှ ရွှေထည်ပစ္စည်းများကိုတွေ့ရစဉ်
Friday, July 19, 2013

ထိုင်းနိုင်ငံ မှ သက်တမ်းအကြာဆုံး ရွှေအ ရောင်းအဝယ်လုပ်ငန်းကြီးဖြစ်သည့် ဟွာဆင်ဟန်း Hua Seng Heng Gold Future က လာမည့်နှစ်တွင် မြန်မာနိုင်ငံ၌ ရွှေဆိုင်များလာ ရောက်ဖွင့် လှစ် မည်ဖြစ် ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိ ရသည်။

Google ရဲ့ ထပ်မံထွက်ရှိလာဖို့ရှိတဲ့ Nexus generation အသစ်

Photo: Google ရဲ့ ထပ်မံထွက်ရှိလာဖို့ရှိတဲ့ Nexus generation အသစ်
Friday, July 19, 2013

Nexus 5 စမတ်ဖုန်းဖြစ်တဲ့ Andorid v 5.0 Key Lime Pie ဆိုတဲ့ သတင်း
ထွက်ရှိပြီး ယခုအခါမှာတော့ ထပ်မံထွက်ရှိလာတဲ့ သတင်းကတော့
Google ရဲ့  Nexus generation အသစ်ပါ။

ယခင်ထွက်ရှိပြီး Asus Google Nexus 7 ရဲ့ အသစ်ထပ်မံထွက်ရှိလာမယ့်
Next-gen လို့ဆိုရမှာပါ။လာမယ့် တစ်ပတ်ထဲမှာ မိတ်ဆက်ပြသ သွားမယ်လို့
တော့သိရပါတယ်။New Google Nexus 7 tablet ဆိုပြီးကြေငြာထားပါတယ်။

ယခင်ထွက်ရှိပြီးဖြစ်တဲ့ Nexus 7 မှာ 1280x 800p resolution နဲ့သာထွက်ရှိ
ခဲ့ပေမယ့် ယခု Nexus 7 tablet မှာတော့ 1980 x 1200 p အထိတိုးမြင့်
အသုံးပြုပေးထား ပါတယ်။မျက်နှာပြင် အရွယ်စားကတော့ ယခင်ပုံစံအတိုင်း
၇ လက်မနဲ့သာပြုလုပ်ပေးထား မယ်လို့ဆိုပါတယ်။

ယခင် CPU တုန်းက Quad-core 1.2 GHz Cortex-A9 ကိုအသုံးပြုပေးထား
ပြီး ယခု Nexus 7 tablet မှာတော့ Qualcomm Snapdragon 600 CPU
ကိုအသုံးပြုထား ပါတယ်။Processoer Nvidia Tegra 3 quad-core ကိုအသုံး
ပြုထားပြီး ရှေ့ကင်မရာ 1.2 megapixel နှင့် နောက်ကင်မရာ 5 megapixel
ကိုအသုံးပြုထားပါတယ်။

ကြားသိရတဲ့ သတင်းများအရ Andorid Version 4.3 လို့ဆိုပြီး ယခင်
Nexus 7 နဲ့သိပ်မကွာသည့်ဈေးနှုန်း ဒေါ်လာ 200 ဝန်းကျင်နဲ့ဖြန့်ချိမယ်
လို့ဆိုထားပါတယ်။

Ref:techblog
Khun Nay(August Myanmar Media Group)
TechSpace Journal

Friday, July 19, 2013

Nexus 5 စမတ်ဖုန်းဖြစ်တဲ့ Andorid v 5.0 Key Lime Pie ဆိုတဲ့ သတင်း ထွက်ရှိပြီး ယခုအခါမှာတော့ ထပ်မံ
ထွက်ရှိလာတဲ့ သတင်းကတော့ Google ရဲ့  Nexus generation အသစ်ပါ။

၂၀၁၃ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အခမ်းအနား နိုင်ငံတစ်ဝန်းလုံး စည်ကားသိုက်မြိုက်စွာကျင်းပ

Photo: ၂၀၁၃ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့
Friday, July 19, 2013

အာဇာနည်နေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြု

မြန်မာနိုင်ငံမှာ ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီး တွေကို အလေးပြု လွမ်းသူ့ ပန်းခွေချ အခမ်း အနားတွေကို နိုင်ငံ တဝန်း တခမ်း အနား ကျင်းခဲ့ကြ ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ပင်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ကောက်နှုတ်ချက် ထုတ်လွှင့်မှုတွေကို မြန်မာ့ရုပ်မြင်သံကြား က ပြန်လည် ထုတ်လွှင့်ပေးခဲ့ ပါတယ်။

ဒီကနေ့ အခမ်းအနားတွေမှာ အာဇာနည်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ မနက်ပိုင်း ၁၀ နာရီ ၃၇ မိနစ် အချိန်မှာ လည်း နေရာ အတော်များများမှာ ကားဟွန်းတွေ တီး ဂုဏ်ပြုခဲ့ကြပါတယ်။

BBC Burmese
အာဇာနည်နေ့အခမ်းအနား  ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြုနေစဉ်
Friday, July 19, 2013

မြန်မာနိုင်ငံမှာ ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီး တွေ
ကို အလေးပြု လွမ်းသူ့ ပန်းခွေချ အခမ်း အနားတွေကို နိုင်ငံ တဝန်း တခမ်း အနား ကျင်းခဲ့ကြ ပါတယ်။

ရန်ကုန်မြို့ နတ်မောက်လမ်း ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တွင် ပြည်သူများမှ အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက် ဂါရ၀ပြု

Photo: ရန်ကုန်မြို့ နတ်မောက်လမ်း ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင် လာရောက်ဂါရပြုဆုတောင်းကြသော ပြည်သူများ၊လူမှုအဖွဲ့ အစည်းများ၊ ကျောင်သားလူငယ်များကို ၂၀၁၃ခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့ နက်နံပိုင်းတွင် တွေ့ ရစဉ်။
Friday, July 19, 2013

မူလတန်းမှစပြီး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ များနှင့် လူမှုအဖွဲ့ စည်းများနှင့် တိုင်းရင်းသား အဖွဲ အစည်းများ လာရောက် ပန်းခွေချ ဂါရ၀ အလေးပြုကြသည်။

ဓာတ်ပုံ-ဘိုဘို(မဇ္ဈိမ) 
Miaaim News

Friday, July 19, 2013
ရန်ကုန်မြို့ နတ်မောက်လမ်း ရှိဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တွင်  ပြည်သူများ၊လူမှုအဖွဲ့အစည်းများ၊ ကျောင်း
သားလူငယ်များ အာဇာနည်ခေါင်းဆောင်ကြီးများကို လာရောက်ဂါရပြုဆုတောင်းခဲ့ကြကြောင်းသတင်းရရှိ
ပါသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် ဂျာနယ်ကျော် အမှတ်(၆) တွင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သော နောက်ဆုံးစကား

Photo: ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် ဂျာနယ်ကျော် အမှတ်(၆) တွင် ဗိုလ်ချုပ်အောင်ဆန်း မှာကြားခဲ့သော နောက်ဆုံးစကားကို ဤသို့ဖေါ်ပြခဲ့ခြင်း အား သမိုင်းမှတ်တမ်းအဖြစ် ပြန်လည်တင်ပြလိုက်ပါသည်။

“ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီးဟာ အပြောမှားတာလဲရှိမယ်၊ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ဖောက်ပြန်တာလဲ ရှိမယ်၊ အဖွဲ့အနေနဲ့ တော့ ဘယ်တော့မှ မဖောက်ပြန်ဘူး။ အင်္ဂလိပ် အစိုးရနဲ့ အေးအေးဆေးဆေး အာဏာ လွှဲပြောင်းယူလို့ မရရင် ရတဲ့နည်းနဲ့လုပ်ဖို့ ပြောထားပြီးသားပဲ။ အပြင်း အထန်လုပ်ဖို့ ခင်ဗျားတို့ အဆင်သင့် ပြင်ထားဖို့လိုတယ်။ ဆူပူသောင်းကျန်းမှုကို ဗမာပြည်က ပြင်ဖို့လိုတယ်။ ဖ.ဆ.ပ.လ အဖွဲ့ချုပ်ဟာ အလုပ် လုပ်တဲ့နေရာမှာ လိုသေးတယ်။ ရှေ့ဆက်ပြီးဒင်းကြမ်းလုပ်နိုင်မှ။ အနှစ် ၂၀ လောက်မှ တော်ရုံကျမယ်။ 
လွတ်လပ်ရေးလိုချင်ရင်စည်းကမ်းသေ၀ပ်မှုတွေ ထိန်းသိမ်းထားပါ။ စည်းကမ်းရှိဘို့ ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဘို့ ခင်ဗျားတို့ရဲ့ ‘အကျင့်’ တွေကို ပြင်ဆင်ဘို့ ကျွန်တော်ပြောခဲ့မယ်။”

ဦးအောင်ဆန်း
ဇူလိုင် ၁၃ ရက်နေ့ နိုင်ငံရေးရှင်းပွဲကြီးမှ

၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် ဂျာနယ်ကျော် အမှတ်(၆) တွင်ဗိုလ်ချုပ်အောင်ဆန်းမှာကြားခဲ့သော
 နောက်ဆုံးစကားကို ဤသို့ဖေါ်ပြခဲ့ခြင်း အား သမိုင်းမှတ်တမ်းအဖြစ် ပြန်လည်တင်ပြလိုက်ပါသည်။

မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာ ရီနီးပါး ဖြစ်ပွား

Photo: မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာ ရီနီးပါး ဖြစ်ပွား
Friday, July 19, 2013

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်း မှ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆိုးရွားသည့် ယာဉ်ကြော ပိတ်ဆို့မှုမှာ ဇူလိုင် ၁၈ ရက် ညနေ ၄ နာရီ မှ စတင်ဖြစ်ပွားရခြင်း ဖြစ်ပြီး ည ၁၀ နာရီကျော်မှ ပြန်လည်ရှင်း လင်း နိုင်ခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပွားရခြင်းမှာ အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်ရှိ ယာဉ်အ၀င်အထွက်လိုင်းများ ရှုပ်ထွေးမှု ဖြစ်ပွားခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေသူ ကိုအောင်သူက ''မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ကားနဲ့ အဝေးပြေး ကားတို့ တစ်ဖက်နဲ့တစ်ဖက် မလျှော့လို့ စဖြစ်တာပါ'' ဟု ဆိုသည်။
ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အောင်မင်္ဂလာ အဝေးပြေးဝင်း အတွင်းမှ ယာဉ်လိုင်းများ ထွက်ရှိမှုအချိန် နှစ်နာရီကျော်ကြာ နှောင့်နှေးခဲ့ပြီး မြို့တွင်းပြေးဆွဲနေသော ယာဉ်လိုင်းများမှ ခရီးသည်များ အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။

မြတ်မန္တလာထွန်း အဝေးပြေးယာဉ်လိုင်းမှ ဂိတ်မှူးဖြစ်သူ ကိုလွင်ဦးက ''အဓိကဖြစ်တဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်း အ၀င်၊ အထွက် ကားစနစ်တွေက ဒီယာဉ်ကြော ပိတ်ဆို့မှုတွေကို ပိုဖြစ်စေတယ်။ အခု သူတို့ ကားအ၀င်အထွက် လုပ်လိုက်တဲ့ စနစ်က အတွင်းမှာပဲ အဆင်ပြေတယ်။ အပြင်ကား အ၀င်၊ အထွက်တွေမှာ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါကြောင့် တာဝန်ရှိသူတွေ အနေနဲ့ ကားစနစ်ကို ပြန်လည်ပြင်ဆင် ပေးစေချင်တယ်'' ဟု ဆိုသည်။

၎င်းအပြင် အောင်မင်္ဂလာ အဝေးပြေးဝင်းထိပ်ရှိ အမှတ် (၃) လမ်း မကြီးပေါ်တွင် ယာဉ်ရှင်းလင်း ပေးနေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ ယာဉ်ရှင်းလင်းပေးမှုမှာ လိုအပ်နေကြောင်း၊ သင့်တော်မည့် သူများကို အစားထိုး တာဝန်ပေးရန် လိုအပ်ကြောင်း အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူများက ပြောကြားသည်။

စည်းစိမ်ရှင် ယာဉ်လိုင်းမှ ဂိတ်မှူးဖြစ်သူက ''အဓိကကျတဲ့ အချက်က လမ်းမပေါ်မှာ ထွက်လာတဲ့ကားတွေကို ရှင်းလင်းတဲ့ သူတွေက အရေးကြီးတယ်။ ဒါပေမဲ့ အခုလုပ်ဆောင်နေတဲ့ သူတွေက ပေါ့ဆနေတယ်။ ကားမောင်းတဲ့ သူတွေကတော့ ခေါင်းရရင် ခေါင်းထိုးမယ်၊ လွတ်ရင်ဝင်မယ်။ အဲဒါကို ထိန်းညှိပေးနိုင်မယ့် သူတွေကိုသာ ဒီမှာ ထားစေချင်တယ်'' ဟု ဆိုသည်။

အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
Eleven Media Group

အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် ခေမာသီ လမ်းဆုံအကြား ဇူလိုင် ၁၈ ရက် ည ၉ နာရီကျော်က ယာဉ်ကြောပိတ်ဆို့ နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို)
Friday, July 19, 2013

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာ အဝေးပြေးဝင်း မှ မြောက်ဥက္ကလာပမြို့နယ် ခေမာသီ လမ်းဆုံအထိ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှု အချိန်ခြောက်နာရီနီးပါး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘယ်တော့အခါမှ မေ့နိုင်လိမ့်မည်မဟုတ်သော ကဗျာတစ်ပုဒ် (ကဗျာ)

Photo: ဘယ်တော့အခါမှ မေ့နိုင်လိမ့်မည်မဟုတ်သော ကဗျာတစ်ပုဒ်
Friday, July 19, 2013

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ                                   
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား။

Friday, July 19, 2013

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေ ဦးဖာသား။

အာဇာနည်နေ့၌ ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်းကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ပြုလုပ်မည်

July 19, 2013

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ နံနက် ၁၀နာရီ ၃၇ မိနစ် အချိန်တွင် ဥသြဆွဲခြင်း၊ ကားဟွန်းတီး ဂုဏ်ပြုခြင်း အစီအစဉ်များကို ရန်ကုန်ရှိ လူစည်ကားရာ နေရာများတွင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ.က.သ) မှ စီစဉ်ပြုလုပ်မည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုစည်သူမောင်က ပြောကြားသည်။

သူ့ဖခင်ပြောပြသည့် ရဲဘော်ကိုထွေးအကြောင်း


ရဲဘော်ကိုထွေး (ခ) အလီ အတ်ဆ်ဂရ် မဇင်ဒါရာနီမှာ မန္တလေးမြို့ဗောဓိကုန်း တောင်ပြင်သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဆွဖ်ဒရ်အလီ ခေါ် ဦးကိုကိုလေးနှင့် အမိ ဒေါ်မင်းရီတို့မှ ထွန်းကားခဲ့သည့် သားသမီးရတနာ ခြောက်ဦးအနက် အထွေးဆုံးသားလေးဖြစ်သည်။

သူခေတ်၊သူ့အခါက အာဇာနည်နေ့ ဖြတ်သန်းပုံရိပ်များ

Photo: သူခေတ်၊သူ့အခါက အာဇာနည်နေ့ ဖြတ်သန်းပုံရိပ်များ
Thursday, July 18, 2013

အာဇာနည်နေ့ ရောက်တိုင်း မြန်မာပြည် တဝှမ်းရှိ ပြည်သူလူထု တစ်ရပ်လုံး သည် ဇာတိစိတ်၊ ဇာတိမာန် တက်ကြွသည့် အပြင် ဝမ်းနည်း ကြေ ကွဲဖြစ်ကြသည်။ ထိုနေ့ တွင် ခေတ် အဆက်ဆက်က နိုင်ငံတော် အစိုးရနှင့် ပြည်သူ တစ်ရပ်လုံးသည် အာဇာနည် ဗိမာန်သို့ သွားရောက် ဂါရဝပြုကာ လွမ်းသူပန်းခွေချ၊ အလံ တစ်ဝက်ချ၍ ဝမ်း နည်းခြင်း အမှတ်တရ ပြုလုပ်ခဲ့ကြတာ တွေ့ရပေရာ ၁၉၈၈မှ ယနေ့ အချိန်ထိ မှေးမှိန် ပျောက်ကွယ်နေသည်ကို တွေ့ရသည်။

ထိုသို့သော ရှေ့အစဉ် အလာ ကောင်း များနှင့် သူ့ခေတ်သူ့အခါ အာဇာနည်နေ့ ဂုဏ်ပြုဖြတ်သန်း ခဲ့ကြဖူးသူတို့၏ ရင်တွင်း စကားများကို စုစည်းဖော်ပြလိုက်ရသည်။

စာရေးဆရာချစ်ဦးညို

“အရင်တုန်းက ဆိုရင် ဇူလိုင်လ ၁၉ ရက်နေ့ပေါ့။ အဲဒီနေ့မနက် ၁ဝ နာရီ၊ မိနစ် ၃၇ အချိန်မှာ ဥသြဆွဲတယ်။ သြော်..ဒီအချိန်ဆိုရင် ဗိုလ်ချုပ်သွေးမြေ ကျတဲ့ အချိန်ပါလား ဆိုပြီး အားလုံးရဲ့အသိမှာ ပထမဦးစွာ ဝမ်းနည်း ကြေကွဲကြရတယ်။ နှမြော တသ ဖြစ်ကြရတယ်။ အာဇာနည်တို့ တွေရဲ့ ကျေးဇူးတရားကို သိပြီး အမိ မြန်မာနိုင်ငံတော် ကို ထိန်းသိမ်းစောင့်ရှောက်ကြ ရမှာပါလား၊ ကာကွယ်ကြ ရမှာပါလား ဆိုတဲ့ အသိဝင် လာကြတယ်ပေါ့။ အဲဒီတော့ အဲဒီဥသြဆွဲ သံကို မြန်မာ့အသံ က လွှင့်ပေးတယ်။ ခု ဒီနောက်ပိုင်း မကြားရတော့ဘူး။ ၁၉၈၉ ခုနှစ်က ရပ်သွားခဲ့တယ်။ နောက် ပြီးတော့ ဒီ အာဇာနည်နေ့ ၁၇၊ ၁၈၊ ၁၉ရက်နေ့တွေ ဆိုရင် မြန်မာ့ အသံက နေပြီးတော့ ဗိုလ်ချုပ် မိန့်ခွန်းတွေ လွှင့်ပေးတယ်။ ဒါကြောင့်မို့ ဟိုးတုန်း က ကောင်းမြတ်တဲ့ အစဉ်အလာ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ သူတို့ရဲ့ ခေါင်းဆောင်ကြီးတွေ အတွက် ဝမ်း နည်းခြင်း အထိမ်းအမှတ် လုပ်ကြတာပဲ။ မြန်မာနိုင်ငံ မှာလည်း လုပ်ရ မှာပဲလေ။ 

အဲဒီတော့ ဒီမိုကရေစီ ခေတ်ကို သွားနေတဲ့ ကာလမှာ ဒါ အများဆုံး အကောင်အထည် ဖော် သင့်တဲ့ ကိစ္စပါ။ အဲဒီအချိန် မြင်ရ သမျှတွေက ကိုယ့်အသိ စိတ်ဓာတ် နဲ့ကိုယ် အာဇာနည် ဗိမာန်မှာ လွမ်း သူ့ပန်းခွေ ချကြတယ်။ အလေးပြု ကြတယ်။ ဆရာတို့ ငယ်ငယ်တုန်း ကပေါ့။ အဘိုး၊ အဘွားတွေက အိမ်မှာ ဆွမ်းကျွေးကြတယ်။ ဘာကြောင့်လဲ ဆိုရင် အာဇာနည်ခေါင်း ဆောင်ကြီးတွေကို ရည်စူးပြီးတော့ သပိတ် သွတ်တာပေါ့။ ဒီလို အလေ့ အထတွေ အများကြီး လူတိုင်းလိုလို လုပ်ခဲ့ကြတယ်။ ဒီလို အလေ့အထတွေ ပြန်ပြီး ထွန်းကားလာဖို့ လိုအပ်တယ်”

စာရေးဆရာညိုထွန်းလူ 

“ဆရာညို တို့ခေတ်ကတော့ ရွာမှာနေရတော့ အာဇာနည်နေ့ မတိုင်ခင် ဗိုလ်ချုပ် နဲ့ ပတ်သက်တာတွေ ရေဒီယို ကနေ လွှင့်ပေးတယ်။ အဲဒီ တုန်းကလည်း ရွာမှာရေဒီယို က ၁လုံး၊ ၂လုံး လောက်ပဲရှိတာ။ အဲဒါ ကို သွားနားထောင် ရတာ။ ရွာမှာတော့ ဥသြဆွဲဖို့ မရှိတော့ အဲဒီအချိန် ရောက်ရင် ကလိုင်နဲ့မွှေ့ပစ်တာပဲ။ ကျောင်းရောက်တော့ လည်း အာဇာနည်နေ့ အကြောင်းအရာတွေ သင်ကြားရတယ်။ စာမဖတ်တတ်ခင် ကလေး အရွယ်တည်းက လူကြီးတွေ ကနေ အာဇာနည်နေ့ကို သိအောင် တန်ဖိုးထား တတ်အောင် နှလုံးသား ချင်းလက်ဆင့်ကမ်းခဲ့ကြတာပါ။ ဆရာတို့ကျောင်းသားဘဝတုန်းက တော့ အာဇာနည်နေ့မှာ အလေးပြု တာ အဖွဲ့လိုက်ချီတက်ပြီးသွားကြည့် ခဲ့တယ်။ ဟိုတုန်းက အာဇာနည်နေ့ ကို တန်ဖိုးထားစေချင်တယ်။ အာဇာ နည်နေ့က တဖြည်းဖြည်း မှေးမှိန်လာခဲ့ တော့ အရင်တုန်းကလို ပြန်ဖြစ်စေ ချင်တယ်။”

စာရေးဆရာစိုးဘားဒိုင်

“ကျွန်တော်တို့ မဆလခေတ် ဖြတ်သန်းမှု ကတော့ အာဇာနည်နေ့ ဆို ပွဲတွေ ဘာတွေ လုပ်ကြတယ်။ အလံတွေ ထူကြတယ်။ မြန်မာ့အသံ ကနေ အာဇာနည်တွေ ကျဆုံးတဲ့ ၁ဝနာရီ ၃၇ မိနစ်မှာ ဥသြဆွဲတယ်။ အဲဒီလိုဆွဲရင် လမ်းပေါ်မှာ သွားနေတဲ့ လူကအစ ရပ်ပြီး အလေးပြုကြတယ်။ ဟိုးတုန်းက လုပ်ခဲ့တဲ့ အဲဒီ အစီအစဉ် တွေ ကြိုက်တယ်။ ကျောင်းတွေမှာ ဆိုလည်း အာဇာနည်နေ့ မတိုင်ခင် အမှတ်တရ ကျပန်းစကားပြောပွဲ၊ စာစီစာကုံး ပြိုင်ပွဲတွေ ရှိခဲ့ကြတယ်။ ကျောင်းတွေမှာ အဲဒါကို လုပ်ခဲ့ ကြတာကိုလည်း ကြိုက်တယ်။ ဥသြဆွဲတဲ့ အစီအစဉ် နဲ့ ပတ်သက်ပြီး အခု လမ်းမှာ၊ အိမ်မှာစတဲ့ အခက်အခဲတွေ ရှိလို့ ဥသြဆွဲတဲ့ အစီအစဉ် ပြန်မလုပ်ဘူး ပြောပါတယ်။ 

ဒါတွေက ကျွန်တော့် အနေနဲ့ပြောရင် လက်မခံ ပါဘူး။ ဒီလို အချိန် အခိုက်အတန့် လေးမှာ လူထု ရင်ထဲကိုရောက်တဲ့ အစီအစဉ်လေး ဖြစ်လို့ ပြန်လုပ်ပေး စေချင်တယ်။ သမိုင်း အတွက် တန်ဖိုး ရှိတဲ့နေ့ တစ်နေ့မှာ လူထုတွေ ပါဝင် စေချင်တယ်။ စိတ်ဓာတ် ရှိတဲ့လူတွေ ကတော့ ဥသြ ဆွဲရင် ရပ်မှာပဲ။ မရှိတဲ့ လူတွေ ကတော့ မရပ်နဲ့ပေါ့။ ဒီလို လေးစားမှု ပြုခြင်း၊ပြခြင်းက နိုင်ငံအ တွက်လည်း ဂုဏ်သိက္ခာတက်တယ်။

ဆရာဘုန်းသုခ

“ကျွန်တော်တို့ ခေတ်တုန်းက မဆလ ခေတ်ပေါ့နော်။ ၁၉၈၈က အာဏာရှင်ခေတ်ပဲ အဲဒီတုန်းကဆို ရင် အာဇာနည်နေ့ ရောက်တိုင်း အိမ်တိုင်းလိုလို ရေဒီယို ဖွင့်ထား တယ်။ အာဇာနည်နေ့ မတိုင်ခင် ကျောင်း တွေမှာ အာဇာနည်နေ့ အကြိုဟော ပြောပွဲတွေ လုပ်တယ်။ ရပ်ကွက်တွေ ထဲမှာလည်းဟောပြောပွဲတွေ လုပ် ကြတယ်။ ဒီနေ့ ကို ရောက်ရင် အလံ တွေလွှင့်ထူကြတယ်။ အာဇာနည်ကုန်း က ဖွင့်ထားတဲ့ အတွက် အဲဒီကို သွားကြတယ်။ ၁ဝနာရီ ၃၇ မိနစ် ရောက်တဲ့ အချိန်မှာ ဥသြ ဆွဲတယ်။ လူတွေ အားလုံး ကလည်း ဒီအချိန် ကိုပဲ စောင့်နေကြတယ်။

ရေဒီယိုတွေ ထဲကတောင် ဥသြ ဆွဲတာတွေ ရှိကြတယ်။ ဒီအသံကို ကြားတာ နဲ့ အလုပ် တွေကို ရပ်ပြီးတော့ မတ်တပ် ရပ် အလေးပြု ကြတယ်။ နောက်ပိုင်းကျတော့ အဲလိုတွေ လုပ်ဖို့၊ အာဇာနည်နေ့ တက်ရောက်ဖို့တွေက လျော့ကျလာတယ်။ ၈၈ နောက်ပိုင်း ကာလမှာ ဥသြ ဆွဲ တာတွေလည်း မရှိတော့ဘူး။ အာဇာနည် ကုန်းလည်း ပိတ်လိုက် တယ်။ ပိုဆိုးတာ တစ်ခုက ဇူလိုင် စီမံချက်။ ကျွန်တော်က အဲဒီ အချိန်တုန်း က အကျဉ်းထောင်ထဲ မှာ။ ဒါက ဘာလဲ ဆိုတော့ ဇူလိုင်လမှာ ဆို လုံခြုံရေးက တအား တင်းကျပ်ထားတယ်။ လှုပ်ရှားမှု မှန်သမျှကို အကုန်ထိန်းချုပ် ထားတယ်။ ပြီးခဲ့တဲ့နှစ်ကမှ ပြန်ပြီး လုပ်ခွင့် ရလာတယ်။ ဒါပေမဲ့ လုပ်ရတာ ဒါလုပ်သင့် လုပ်ထိုက်တာ တစ်ခုပဲ။ နောင်လာနောက်သားတွေ သိအောင် အာဇာနည် ဆိုတဲ့ အဓိပ္ပာယ်ကို လူတွေရဲ့ ခန္ဓာကိုယ်မှာ ကူးစက်နိုင် အောင် အာဇာနည် နေ့နဲ့ ပတ်သက်လို့ ကျင်းပတာ မျိုးတွေဖြစ်သင့်တယ်”

ပေါ်ပြူလာအဖွဲ့
Popular Journal

Thursday, July 19, 2013

အာဇာနည်နေ့ ရောက်တိုင်း မြန်မာပြည် တဝှမ်းရှိ ပြည်သူလူထုတစ်ရပ်လုံးသည်ဇာတိစိတ်၊ ဇာတိမာန် တက်
ကြွသည့်အပြင်ဝမ်းနည်း ကြေ ကွဲဖြစ်ကြသည်။ထိုနေ့ တွင် ခေတ်အဆက်ဆက်က နိုင်ငံတော်အစိုးရနှင့် ပြည်
သူ တစ်ရပ်လုံးသည် အာဇာနည် ဗိမာန်သို့သွားရောက်ဂါရဝပြုကာလွမ်းသူပန်းခွေချ၊အလံတစ်ဝက်ချ၍ ဝမ်း
နည်းခြင်းအမှတ်တရ ပြုလုပ်ခဲ့ကြတာ တွေ့ရပေရာ၁၉၈၈မှယနေ့အချိန်ထိ မှေးမှိန် ပျောက်ကွယ်နေသည်ကို
တွေ့ရသည်။

ပစ်တ်ဘူးလ်၏သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့သည့် မယ်ကမ္ဘာဟောင်း

Photo: ပစ်တ်ဘူးလ်၏သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့သည့် မယ်ကမ္ဘာဟောင်း
Thursday, July 18, 2013

နာမည်ကျော် Rapဂီတ အဆိုတော် ပစ်တ်ဘူးလ်၏ သီချင်းတစ်ပုဒ်အတွက် ဗီဒီယို ရိုက်ကူးရာတွင် မယ်ကမ္ဘာဟောင်း ပရီယန်ကာ ချော်ပရာ ပါဝင် ခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ အလှမယ်သည် ပစ်တ်ဘူးလ် ၏ နောက် ဆုံးထုတ် Hit သီချင်းဖြစ်သော Exotic အတွက် ပါဝင်သရုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။ 

ဆွဲဆောင်မှု ပြည့်ဝသည့် အာရှတိုက်သူ ချော်ပရာသည် ဘီကနီ ရေ ကူးဝတ်စုံလေးနှင့် ကျော့မော့စွာ ကိုယ်ဟန်ပြနေသည့် ပုံရိပ်များ ယင်းသီချင်း ဗီဒီယိုတွင် ထည့်သွင်းထားသည်။ အသက်(၃၀) ရှိပြီဖြစ်သော ချော်ပရာသည် (၂၀၀၀)ပြည့်နှစ်၊ မယ်ကမ္ဘာရွေးချယ်ပွဲတွင် သရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်သည်။

အနက်ရောင် ဆံကေသာများနှင့် နှစ်လိုဖွယ်ကောင်းသော ချော်ပရာနှင့် ပစ်တ်ဘူးလ်တို့၏ သီချင်းဗီဒီယိုသည် ကြာသပတေးနေ့တွင် ထွက်ပေါ်လာသည်။ အိုင်ဘီဇာမှာ ကျွန်မ ပစ်တ်ဘူးလ်ရဲ့Exoticကို ရိုက်ကူးပေးခဲ့တာပါဟု ချော်ပရာက ပြောကြားခဲ့သည်။ သူမက ရိုက်ကွင်း အဖွဲ့သားတွေက ကျွန်မကို ပြင်းပြလှုံ့ဆော်ပြီး Sexyဆန်ဆန် ပုံရိပ်မျိုး ဖြစ်လာနိုင်အောင် ကူညီပေးကြပါတယ်။ ကျွန်မ အနေနဲ့လည်း ကျေနပ် ဂုဏ်ယူမိတယ်။ ဒါဟာ အစပဲ ရှိပါသေးတယ်။ 

ဒီသီချင်းအပြင် အယ်လ်ဘမ် တစ်ခုလုံးကို ပရိသတ်တွေဆီ မျှဝေဖြစ်ဖို့ ကျွန်မ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီဟုလည်း ပြောဆိုသွားသည်။ 
ပစ်တ်ဘူးလ်ကလည်း ၎င်း၏ သီချင်းဗီဒီယိုအတွက် ကူညီခဲ့သော ချော်ပရာ ကို ကျေးဇူးတင်ကြောင်း Twitterတွင် ရေးသားခဲ့သေးသည်။ ချော်ပရာသည် အိန္ဒိယတွင်လည်း ရုပ်ရှင်မင်းသမီး တစ်ဦးအဖြစ် ရပ်တည်နေပြီး အမေရိကန်တွင်မူ လူသိနည်းသော ဘောလီးဝုဒ် ကြယ်ပွင့်တစ်ဦး ဖြစ်သည်။ သူမသည် အိန္ဒိယတွင် Pepsi၊ Nokia၊ Garnierနှင့် Nestleစသော ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် ကြော်ငြာပေးရပြီး ဘောလီးဝုဒ်၏ ကင်မ်ကာဒက်ရှီယန်အဖြစ် တင်စားခံရသည်။  

Planet Myanmar Network

Thursday, July 19, 2013

နာမည်ကျော် Rapဂီတ အဆိုတော် ပစ်တ်ဘူးလ်၏ သီချင်းတစ်ပုဒ်အတွက် ဗီဒီယို ရိုက်ကူးရာတွင် မယ်ကမ္ဘာ
ဟောင်း ပရီယန်ကာ ချော်ပရာပါဝင်ခဲ့ကြောင်းသိရှိရသည်။ အိန္ဒိယ အလှမယ်သည် ပစ်တ်ဘူးလ် ၏ နောက်
ဆုံးထုတ် Hit သီချင်းဖြစ်သော Exotic အတွက် ပါဝင်သရုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

DuDo ၏ တစ်ကိုယ်တော်စီးရီး (DuDo’s EP) ထွက်ရှိ

Photo: DuDo ၏ တစ်ကိုယ်တော်စီးရီး (DuDo’s EP) ထွက်ရှိ
Thursday, July 18, 2013

Cobra-X နှင့် Monopoly ဂီတအဖွဲ့တို့တွင် ဘေ့စ်ဂစ်တာ တီးခတ်ခဲ့သူ တေးသံရှင်သစ် DuDo က သူ၏ တစ်ကိုယ်တော်စီးရီးဖြစ်သည့် (DuDo’s EP) ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် The Sun Music Production မှ ဖြန့်ချိမည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။

အဆိုပါတေးစီးရီးတွင် သီချင်းလေးပုဒ်သာ ပါဝင်ပြီး လူငယ်အများစု ကြိုက်နှစ်သက်သော ဂီတအမျိုးအစားဖြစ်သည့် METAL သီချင်းများ ဖြစ်ကြောင်း၊ သီချင်းများမှာ ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ကြောင်း၊ အခြားအသစ်တစ်ခု ဖန်တီးလိုစိတ်ဖြင့် ယင်းစီးရီး လုပ်ဖြစ်ခဲ့ကြောင်း၊ အယ်လ်ဘမ်တစ်ခုလုံး အနေဖြင့် ထုတ်လုပ်သွားဖို့ ရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါ တေးစီးရီးမိတ်ဆက်ပွဲသို့ တက်ရောက်လာသော တေးသံရှင် Corba ကလည်း“ ဒီ Music က အရမ်းကြမ်းတယ် မြန်မာနိုင်ငံနဲ့ ဖြစ်ပါ့မလားပေါ့။ နည်းနည်းလျှော့ပါလားလို့ ပြောတော့ ကျွန်တော် လုံးဝမလျှော့ဘူးလို သူကပြောတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အဲဒီ စိတ်ဓာတ်မျိုးကို ကြိုက်တယ်။ အဲဒါရှုးသွပ်မှလည်း အောင်မြင်မှုတွေ ပိုပြီးရရှိမယ်လို့ ထင်တယ်” ဟု ပြောကြားသည်။

စည်သူ
The Voice Weekly

Thursday, July 18, 2013

Cobra-X နှင့် Monopoly ဂီတအဖွဲ့တို့တွင် ဘေ့စ်ဂစ်တာ တီးခတ်ခဲ့သူ တေးသံရှင်သစ် DuDo က သူ၏ တစ်
ကိုယ်တော်စီးရီးဖြစ်သည့် (DuDo’s EP) ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် The Sun Music Production မှ ဖြန့်ချိ
မည် ဖြစ်ကြောင်း The Voice သို့ ပြောကြားသည်။

DKBA ရဲ့ မူလတန်းကျောင်း

Photo: DKBA ရဲ့ မူလတန်းကျောင်း
Thursday, July 18, 2013

ကလို့ထူးဘော(DKBA)အဖွဲ့က ၎င်းတို့၏ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတခု ဖွင့်ပွဲကို ဌာနချုပ်တည်ရှိရာ မြ၀တီမြို့နယ်ဆုံဆည်းမြိုင်ရွာတွင် ယနေ့ကျင်းပခဲ့သည်။

ကလေးငယ် ၁၀၀ ခန့်ပညာသင်ကြားနေသည့်ကျောင်းတွင် ဖွင့်ပွဲအခမ်းအနား ပြုလုပ်စဉ်   ကလို့ထူးဘော(DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်က တိုင်းပြည်၏အနာဂတ်သည်  ပညာရေးတွင်မူတည်ကြောင်း ပြောသည်။

၎င်းက "ကျွန်တော်တို့တိုင်းပြည်မှာ အဓိကလိုအပ်နေတာက ပညာရေးပဲ။ ပညာရေးစနစ်ကောင်းမှ ပညာတတ်တွေရှိမှ တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ပြီး တိုင်းပြည်တက်တက်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့က ကလေးငယ်တွေ ပညာတတ်မြောက်ဘို့အတွက်ကို ဦးစားပေး လုပ်ဆောင်တာဖြစ်တယ်" ဟု ပြောသည်။ 

ကျောင်းဆောင်သစ်ကို ယနေ့တွင်ကျရောက်သည့် ဗိုလ်ချုပ်ကြီး စောလားပွယ်၏ ၅၁ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်ဖွဲ့လှစ်ခြင်းဖြစ်သည်ဟုလည်း မွေးနေ့ရှင်ကပြောသည်။

ကျောင်းတွင် ဒေသခန့် ဆရာဆရာမ ၄ ဦးက အစိုးရ ပညာရေးဌာန၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးလျက်ရှိသည်။

ကလေးငယ်တို့၏ မိဘများမှာ အနယ်နယ် အရပ်ရပ်မှ လာရောက်အခြေချသူများဖြစ်ပြီး ဒေသတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်များတွင် အဓိက လုပ်ကိုင်နေကြသူများဖြစ်သည်။

 ကလို့ထူးဘော(DKBA)အဖွဲ့သည် ၎င်းတို့ ထိန်းချုပ်ရာ ဒေသတွင်  ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း နှင့်လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများကို ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု အဖွဲ့၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။

ဧရာဝတီ

Thursday, July 19, 2013

ကလို့ထူးဘော(DKBA)အဖွဲ့က ၎င်းတို့၏ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းတခု ဖွင့်ပွဲကို ဌာနချုပ်တည်ရှိ
ရာ မြ၀တီမြို့နယ်ဆုံဆည်းမြိုင်ရွာတွင် ယနေ့ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ် လူနေအိမ်ပျက်တခုအတွင်း အမျိုးသားတစ်ဦး ဝင်ရောက်သေဆုံး

Thursday, July 19, 2013

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဝေဠုဝန်တောင်ရပ်ကွက်၊ ၅ လမ်းရှိ လူမနေဘဲ ပျက်စီးနေသည့် အိမ်တစ်လုံးတွင် ဇူလိုင်လ ၁၆ ရက် နံနက် ၈နာရီက အသက် ၅၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦး ဝင်ရောက် သေဆုံးခဲ့ကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်က ပြောကြားသည်။

သမ္မတရာထူးအတွက် သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော

Photo: သမ္မတရာထူးအတွက် သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော
Thursday, July 18, 2013

လာမယ့် ၂ဝ၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း အဲဒီလိုဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းအနေနဲ့လည်း တတ်နိုင်သမျှ ပါဝင်ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် ဇဗ္ဗူသီရိခန်းမဆောင်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့တာပါ။

နိုင်ငံရေးမှာ တံခါးအားလုံးဖွင့်ထားတဲ့ နိုင်ငံရေးကိုသာ ယုံကြည်ကြောင်း အဲဒီလိုဖြစ်အောင်လည်း ကြိုးစားသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

"မျှတအောင်လုပ်ပေးရမှာပေါ့၊ ဥက္ကဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင် ရဲတယ်ဆိုလို့ရှိရင် ကျမဝင်ပါနိုင်အောင်လို့ ဖွဲ့စည်းပုံအခြေခံဥ ပဒေ ပြောင်းလဲရေးကိုလည်း အားသွန်ခွန်စိုက်လုပ်ပေးရမယ်လေ၊ အဲဒီလိုမလုပ်ပေးရင် အဲဒါကမှန်မှန်ကန်ကန်မဟုတ်ဘူးလို့ ဒီလိုပဲကျမကသတ်မှတ်ရမှာပဲ၊ ဘယ်သူကသာတယ်နာတယ် ဆိုတာဟာ နိုင်ငံရေးမှာဆိုလို့ရှိရင် လူတစ်ယောက်က အမြဲပဲသာနေ မှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ လူတွေရဲ့လိုအပ်ချက်အရ ခေါင်းဆောင်လုပ်တဲ့လူတွေရဲ့ အရည်အချင်းလိုအပ်ချက်တွေက ပြောင်းသွားတတ်ပါတယ်၊ ဒါကြောင့်ဘယ်သူမှ ထာဝရအစဉ်အမြဲ သာတယ်ဆိုတာမရှိနိုင်ပါ ဘူး၊ နောက်ဆုံးကျတော့ ပြည်သူလူထုက ရွေးချယ်မှာပါ၊ အဲဒီတော့ နိုင်အောင်လုပ်တယ်ဆိုတာဟာ အလုပ်တစ်ခုကို မှန်မှန်ကန်ကန်နဲ့ ပြတ်ပြတ်သားသားလုပ်လို့ရှိရင် အနိုင်ရမယ်လို့ ကျမတို့ဒီလိုယုံကြည်ပါတယ်"

ဒါ့အပြင် ၂ဝ၁၅ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မယ် လို့ မျှော်လင့်ချက်ရှိသလို တကယ်အကောင်အထည်ဖော်နိုင်အောင်လည်း ကြိုးစားသွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က ပြောခဲ့ပါတယ်။

သတင်းမီဒီယာသမား အတော်များများနဲ့ ဒီနေ့တွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းအပြင် ပို့ဆောင်ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေးကော်မတီ ဥက္ကဌ ဦးသိန်းဆွေတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

RFA

Thursday, July 19, 2013

လာမယ့် ၂ဝ၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း အဲဒီလိုဖြစ်ဖို့ဆိုရင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌသူရ ဦးရွှေမန်း
အနေနဲ့လည်း တတ်နိုင်သမျှ ပါဝင်ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်
ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

Russia အတိုက်အခံ ခေါင်းဆောင် ထောင် ၅ နှစ်ကျ

Photo: Russia အတိုက်အခံ ခေါင်းဆောင် ထောင် ၅ နှစ်ကျ
Thursday, July 18, 2013

ရုရှနိုင်ငံ က အတိုက်အခံခေါင်းဆောင် Alexei Navalny ကို အလွဲသုံး စားပြုလုပ်ကြောင်းတွေ့ရှိရတဲ့အတွက် ရုရှား တရားရုံးတော်က ကြာသပတေးနေ့က ထောင်ဒဏ် ၅ နှစ်အမိန့်ချမှတ်လိုက်ပါတယ်။ Alexei Navalny ဟာ၂၀၀၉ ခုနှစ် ခရိုင် အုပ်ချုပ်ရေး အကြီးအကဲ တာဝန်ယူစဉ်က အမေရိကန် ဒေါ်လာ ၅သိန်း တန်ဖိုးရှိတဲ့ နိုင်ငံပိုင်ကုမ္ပဏီက သစ်တွေကို အလွဲ သုံးစား ပြုမူခဲ့တယ် လို့ စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ အစိုးရ ပိုင်ပစ္စည်း အဂတိ လိုက်စားမှုနဲ့ စွဲဆိုခံရတဲ့ အတိုက်အခံခေါင်းဆောင် Navalny ကတော့ ဒါဟာ နိုင်ငံရေး အရ သူ့ကို ဆွံ့အ နုတ်ပိတ် သွားအောင် လုပ်တာဖြစ်တယ် လို့ ပြောဆိုပါတယ်။

စက်တင်ဘာလမှာ ကျင်းပမယ့် မော်စကိုရဲ့ မြို့တော်ဝန် ရွေးချယ် ပွဲ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ မှတ်ပုံတင်စာရင်း သွင်းပြီး ဖြစ်တဲ့ Navalny က သူအနေနဲ့ ရုရှားရဲ့ သမ္မတအဖြစ် တာဝန်ထမ်းချင်ပြီး လက်ရှိသမ္မတနဲ့ အစိုးရ အဖွဲ့ကို အပြစ်ပေး ဖမ်းဆီးချင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားနိုင်ငံ ဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရသူဟာ မြို့တော်ဝန်အပါအ၀င် အနာဂါတ်နိုင်ငံရေး တာဝန်အတွက်ရွေးချယ်ခံနိုင်ခွင့် ဆုံးရှုံးသွား မှာ ဖြစ်ပါတယ်။

ရုရှအတိုက်အခံခေါင်းဆောင်ကို တရားရုံးတွင် တွေ့ရစဉ်။ (ဇူလိုင် ၁၈၊ ၂၀၁၃)
VOA
ရုရှအတိုက်အခံခေါင်းဆောင်ကို တရားရုံးတွင် တွေ့ရစဉ်။ (ဇူလိုင် ၁၈၊ ၂၀၁၃)
Thursday, July 19, 2013

ရုရှနိုင်ငံ က အတိုက်အခံခေါင်းဆောင် Alexei Navalny ကို အလွဲသုံး စားပြုလုပ်ကြောင်းတွေ့ရှိရတဲ့အတွက် ရုရှား တရားရုံးတော်က ကြာသပတေးနေ့က ထောင်ဒဏ် ၅ နှစ်အမိန့်ချမှတ်လိုက်ပါတယ်။