Pages

Monday, July 15, 2013

ယုံကြည်မှုမှ ထာဝရငြိမ်းချမ်းရေးဆီသို့

Photo: ယုံကြည်မှုမှ ထာဝရငြိမ်းချမ်းရေးဆီသို့
Monday, July 15, 2013

ဦးသိန်းစိန်အစိုးရမတိုင်မီ နအဖလက်ထက်တွင် အပစ်အခတ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းများအား BGF ပြည်သူ့စစ်များအဖြစ် ပြောင်းလဲရန် နအဖအစိုးရအနေဖြင့် ကြိုးပမ်းခဲ့သော်လည်း အချို့သော လက်နက်ကိုင်အ
ဖွဲ့အစည်းများမှာ လက်ခံနိုင်ခြင်းမရှိသဖြင့် ယနေ့တိုင် ပြေလည်အောင် မဖြေ ရှင်းနိုင်ဘဲရှိခဲ့ရာ လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ လူ/လက်နက်အင်အား အတောင့်တင်းဆုံးအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် UWSA “၀”တပ်ဖွဲ့နှင့်တပ်မတော်
ကြား စစ်ရေးတင်းမာမှုများရှိနေကြောင်း ဆူညံပွက်လောရိုက်နေ သလို SSPP/SSA အဖွဲ့နှင့်လည်း စစ်ရေးအရ တင်းမာမှုများရှိနေကြောင်း ကြားသိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း ယခုကဲ့သို့ အခြေအနေ တင်းမာမှုများ ရှိနေသည်ကို ပြန်သုံးသပ်ပါက ယုံကြည်မှုမရှိခြင်းကြောင့် ဖြစ်ပါသည်။ ယုံကြည်မှု တည်ဆောက်ရာတွင် အခုရေတွင်းတူး အခုရေကြည်သောက်ချင်၍ မရနိုင်ပါ။ ယုံကြည် မှု တည်ဆောက်စဉ် ကာလမှာလည်း တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှားမှုများမရှိအောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ တိတိကျကျ ပြော ဆိုဆွေးနွေးရန် လိုအပ်ပါသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ SSPP/SSA နှင့် စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ SSPP/SSA အဖွဲ့ကလည်း သူတို့ကိုထိန်းချုပ်ဖို့နယ်မြေတိုးချဲ့ လာလို့တိုက်ပွဲဖြစ်တာ ဟုပြောသည်။ အစိုးရစစ်တပ်ကလည်း ယခုတိုက်ပွဲဖြစ်သောနေရာများသည် ယခင်က SSPP/SSA တပ်ဖွဲ့ဝင်များ၏ နယ်မြေမဟုတ်ဘဲ ယခုမှလာ၍တပ်စွဲ ထား သဖြင့် တိုက်ပွဲဖြစ်သည်ဟု ပြောဆို ကြသည်။ 

ထိုကဲ့သို့ အပြန်အလှန်ပြောဆိုပြီး ပဋိပက္ခဖြစ်နေပါက ယုံကြည်မှု တည်ဆောက်ရေးသည် ခက်ခဲ နေအုံးမည်ဖြစ်ပါသည်။

ယခုကဲ့သို့ မငြိမ်းချမ်းသောအခါ ပထမဆုံး ဒုက္ခခံစားရသည်မှာ ၎င်းဒေသများတွင်ရှိသော ပြည်သူ များပင်ဖြစ်ပါသည်။ ဒေသခံများ အနေဖြင့်လည်း အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားမှာ မည်သည့်ဘက်ကိုမှ ထောက်ခံလိုစိတ်မရှိကြပါ။ အဓိကလိုလားချက် မှာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နိုင်ရေးဖြစ်ပါသည်။ 

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်အာဏာဆိုတာ သေနတ်ပြောင်းဝ ကလာတာဆိုသောစကားကိုလက်ကိုင်ထားကာ ဒေသခံပြည်သူလူထုအပေါ် အပြည့်အ၀လွှမ်းမိုးမှုရှိနေ ပါသည်။ အချို့သောတိုင်းရင်းသားများမှာ လက် နက် မကိုင်ချင်သော်လည်း အတင်းအဓမ္မ စုဆောင်းခံရမှု ကြောင့် လုပ်နေ ရခြင်း ဖြစ်ပါသည်။ လက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်က တိုင်းရင်းသား များ၏ဘ၀မှာ အလွန်သနားစရာကောင်းပါသည်။

သူတို့၏ မွေးသက္ကရာဇ်ကိုပင် မှန်ကန်စွာမသိဘဲ ဘယ်တောင်ယာမှာ ဘယ်နှယ်နှစ် စ သည်ဖြင့် ရေတွက်ပြီးမှ အသက်ကိုပြောနိုင်သူများ ရှိသည်။ မွေးလာသောကလေးများကိုလည်း ကျောင်းထားဖို့ ပညာ သင်ပေးဖို့ထက်ထမင်းစားရဖို့အဓိကထားနေသည်။ တောင်ယာလုပ်
မှဘဲထမင်းစားရမယ်ဟူသော အတွေး အခေါ်ကို အရိုး စွဲနေခြင်း
ကြောင့် ဒေသခံအများစုမှာ အသိပညာက ဗလာနတ္တိ ဖြစ်နေသည်။ 

ပညာမတတ် သောဒေသခံလူငယ်များကို တိုင်းရင်းသားလက် နက် ကိုင်အဖွဲ့အစည်းအသီးသီးက လူသစ်စုဆောင်းသော အခါလွယ်ကူလှသည်။ ဘုမသိဘမသိနဲ့အဖွဲ့အစည်းအသီးသီး ထဲရောက်လာသော လူငယ်များကို “ဗမာ စစ်တပ်က ငါတို့ဒေသကိုလာ နယ်ချဲ့နေတာ၊ ငါတို့က သူတို့နေတဲ့ ရန်ကုန်၊ မန္တလေးကို သွား တိုက်တာ မှမဟုတ်ဘဲနဲ့ ငါတို့နေတဲ့ တော ထဲ တောင်ထဲကိုလာတိုက်နေတာ၊ ဒီနယ်မြေမှာမွေး၊ ဒီနယ်မြေမှာပဲကြီးပြင်း
တဲ့ ငါတို့တွေကို ဒီနယ်မြေက မောင်းထုတ်နေတော့ ငါတို့အနေနဲ့ လက်နက်စွဲကိုင်ပြီး ပြန်တိုက်ရတာပဲဖြစ်တယ်” ဆိုပြီး မသိနားမ လည်သော ဒေသခံတိုင်းရင်းသားများအား လူမျိုးရေးဝါဒမှိုင်း တိုက်ပါတော့သည်။

ယခင်အစိုးရလက်ထက်တွင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် ယုံကြည်မှု ရှိစွာအပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခဲ့ပါသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် ဒေ သအသီးသီးရှိ ဒေသခံများနှင့် ၎င်းတို့၏ လက်အောက်ခံတပ်ဖွဲ့ဝင်များအား အသိပညာ ဖွံ့ဖြိုး တိုးတက်မှု နှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးနိုင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ပွဲများပြန် လည်ဖြစ်ပွားနေသည်ကိုသာဓကအဖြစ်တွေ့ရှိနေရပြီ ဖြစ်ပေသည်။ 

တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များ အနေဖြင့်အာဏာ ကိုမက်မောပြီး လက်နက်ကိုင် လမ်းစဉ်ကိုဆက်လက်စွဲကိုင်နေခြင်း ဖြစ်သည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှာ အသက်အ ရွယ်ကြီး ရင့်လာ၍ ငြိမ်းချမ်းရေးရယူပြီး ငြိမ်းချမ်းစွာ နေထိုင်လိုကြသည်။
သို့ရာတွင် တပ်ရင်မှူး အဆင့် ရှိသူများမှာ ငြိမ်းချမ်းရေးရယူပြီးကာလတွင် ပညာအခြေခံနည်းပါးပြီး စီးပွားရေး လုပ်ကိုင်တတ်မှုမရှိခြင်းနှင့် ပင်ပင်ပန်းပန်း စီးပွားရှာမစားလိုခြင်းများကြောင့် လက်နက်စွဲကိုင် လိုစိတ်များပေါ်ပေါက် လာကာ ငြိမ်းချမ်းရေးရယူလိုသည့် ခေါင်းဆောင်များအား ငြိမ်းချမ်းရေး ရယူပါက ၎င်းတို့၏မိသားစုများပါသတ်ဖြတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသဖြင့် အချို့ခေါင်းဆောင် များမှာ မလွှဲမရှောင်သာ လက်နက်စွဲကိုင်နေရကြောင်း သိရှိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ သားသမီး များကို ပညာတတ် များဖြစ်စေရန် မြန်မာနိုင်ငံတွင်းမှ မြို့ကြီးများနှင့် နိုင် ငံရပ်ခြားတွင် ပညာသင်ကြားစေပါသည်။ သို့သော် ၎င်းတို့နယ်မြေအတွင်း ရှိ ဒေသခံတိုင်းရင်းသားများ၏ သားသမီးများကိုတော့ စာပေ သင်ကြား တက်မြောက် သွားမှာကို စိုးရွံ့နေကြသည်။ သာဓကအနေဖြင့် ၁၉၉၆/၉၇ ခုနှစ် ၀န်းကျင်ကာလက ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်၊ ခိုလမ်မြို့နယ် များရှိ ကျေးရွာများတွင် ပညာသင်ကြား ပေးလျက်ရှိသော ဗမာဆရာ၊ ဆရာမများနှင့် ၎င်းတို့၏ လသားအရွယ်သမီးများကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လူမဆန်စွာသတ်ဖြတ် ခဲ့သည်မှာဒေသခံများပညာတတ်သွား မည်ကိုမလိုလား၍ဖြစ်သည်။

ယခင်ကဘာကြောင့် ဆရာ၊ ဆရာမများကို သတ်ဖြတ်သည်ကို မတွေးခဲ့မိပါ။ ယခုကာလ ရောက်၍ ပြန်လည်တွေးတောကြည့်မိသည့်အခါဒေသခံတိုင်းရင်းသားများအနေဖြင့်စာပေပညာသင်ကြားတတ်မြောက် ၍အသိပညာ ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေးနှင့်လူနေမှုအဆင့်အတန်းများမြင့်မား လာလျှင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပါကတိုင်းရင်းသား လက်နက် ကိုင်များ၏အုပ်ချုပ်မှုကို လက်မခံမှာ စိုး၍သာဖြစ်ကြောင်း တွေ့ရပါသည်။
ထို့အပြင်လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်များကိုယ်တိုင် ၎င်းတို့ မိသားစုများ၏ ကိုယ်ကျိုး စီးပွားအတွက် တိုင်းရင်းသားဒေသအသီး သီးရှိ ဒေသခံများအား အသိပညာနှင့် စီးပွားရေးဖွံ့ဖြိုးမှုမရှိအောင် ဘိန်းစိုက်ခိုင်းကာတိုင်းရင်းသားတို့၏အကျင့်စာရိတ္ထကို ဖျက်ဆီးနေပါသည်။ 

ဘိန်းစိုက်သည့် ဒေသခံများ အနေဖြင့် ချမ်းသာလာသည်ဟူ၍ မတွေ့ရဘဲ လက်နက်ကိုင် ခေါင်းဆောင်များနှင့် ၎င်းတို့နှင့် ပတ်သက် သည့် စီးပွားရေးသမားများသာ ဘိန်းကုန်ကူးပြီး ချမ်းသာသွားကြပါသည်။ ဆိုးရွားလွန်းသောအချက်မှာ ဒေသခံတိုင်းရင်းသားများသည် ခတ်ခူးရှူခြင်း၊ ဘိန်းစားခြင်းကို ထမင်းစားရေသောက် လိုဖြစ်လာကာ အမျိုးသမီး များပါဘိန်းရှူလျက်ရှိပါသည်။ ထိုအမျိုးသမီးများကလည်း ကလေးများ ကို နို့တိုက်ရင်း ဘိန်းရှူ နေသဖြင့်မွေးစကလေးအရွယ်ကပင် ဘိန်း ရှူခြင်းကိုယဉ်ပါးလာပြီး အရွယ်ရောက်လာပါကလည်း ဘိန်းကို ဆက်လက်ရှူသော အလေ့အထပါလာခဲ့သည်။ 

အိမ်မွေး တိရိစ္ဆာန်များဖြစ်သည့် လားများကို ဘိန်းကျွေးပြီး ခိုင်းစေ လျက်ရှိသည့် ဘိန်းအန္တရာယ်ကို တိုက်ဖျက်ရန်မှာ ဘက်ပေါင်းစုံ ၀ိုင်းဝန်းလုပ်ကိုင်နိုင်မှသာ အောင်မြင် နိုင်မည် ဖြစ်ပါသည်။
လက်ရှိ  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးသော RCSS/SSA အဖွဲ့၊ အလွတ်သဘော ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်ကျန်သော KIO/KIA အဖွဲ့၊ မကြာမီကာလက အခြေအနေတင်းမာမှုများကို ဆွေးနွေး ညှိနှိုင်းထားသော UWSA “၀” အဖွဲ့နှင့် SSPP/SSA အဖွဲ့များနည်းတူ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကြီးစိုးရာ ဒေသ များတွင် ပညာရေးနှင့်လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာသောကျေးရွာများ၌ စီးပွားရေးအဆင်ပြေ သည့် ငွေကြေးတတ်နိုင်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများကို မြို့ကြီးများတွင် သွားရောက်ပညာ သင်ကြားပြီး စီးပွားရေးလုပ်ကိုင်စေသည်။ ပညာတတ်သွားသော ၎င်းတို့သားသမီးများ ကိုယ်တိုင် လက်နက် ကိုင်အဖွဲ့အစည်းထဲသို့ဝင်ရန် မည်သို့ပင် မက် လုံးပေး စေ ကာမူ သွားရောက်လုပ်ကိုင်ခြင်းမရှိတော့သည်ကို တွေ့ ရှိရပါသည်။ 

၎င်းအချက်ကို ကြည့်ခြင်းအားဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်လာပါက လက်နက်ကိုင်အဖွဲ့ အစည်းများတွင် ၀င်ရောက်ခြင်းမရှိသည်ကို သုံးသပ် တွေ့ရှိရပါသည်။ယုံကြည်မှုခိုင်မာပြီး အသိပညာဖွံ့ဖြိုး တိုး 
တက်မှု၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း များဖွံ့ဖြိုးတိုးတက်မှု
များဖြင့် ငြိမ်းချမ်းရေးရလာပါကလည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်း သားလူမျိုး ပေါင်းစုံက We are Myanmar ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုမည် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရန်မှာ အစိုးရအနေဖြင့် နိုင်ငံတွင်းမှီတင်းနေ ထိုင်သော တိုင်းရင်းသားအားလုံး၏ လူမှုစီးပွားဘ၀အားလုံးကို လုံခြုံမှု အာမခံချက်ပေးနိုင်မှသာ We are Myanmar ဖြစ်မည်ဖြစ်ပါသည်။ သို့မှသာတိုင်းရင်းသားအားလုံး ပါဝင်သော အစဉ်ထာဝရ ငြိမ်းချမ်းရေး ရရှိနေမည်ဟု ယူဆပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

ဆလိုင်း ကျော်ဝင်းမောင် (ပန်ဒိုရာ)

အင်တာနက်သတင်းများ

Monday, July 15, 2013

ဦးသိန်းစိန်အစိုးရမတိုင်မီ နအဖလက်ထက်တွင် အပစ်အခတ်ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ
အားBGF ပြည်သူ့စစ်များအဖြစ် ပြောင်းလဲရန်နအဖအစိုးရအနေဖြင့် ကြိုးပမ်းခဲ့သော်လည်းအချို့သော လက်
က်ကိုင်အဖွဲ့အစည်းများမှာ လက်ခံနိုင်ခြင်းမရှိသဖြင့် ယနေ့တိုင် ပြေလည်အောင် မဖြေ ရှင်းနိုင်ဘဲရှိခဲ့ရာ

GSM မိုဘိုင်းဖုန်းကို ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချမည်

GSM မိုဘိုင်းဖုန်းကို ၁၅၀၀ ကျပ်ဖြင့် စတင် ရောင်းချမည်
=============================

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂၅ ရက်နေ့၌ GSM ဖုန်းလိုင်းအရေအတွက် ၂ သိန်းကို ငွေကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုးက ပြောသည်။

“ဘယ်နေရာမှာ အရေအတွက် ဘယ်လောက်ဆိုတာမျိုးက ထပ်ပြီးတော့ အသေးစိတ် ကြေညာပါလိမ့်မယ်။ ရောင်းတာကတော့ ဈေးမပြောင်းဘူး။ ၁၅၀၀ ကျပ်ပဲ” ဟု ဦးကျော်စိုးက ဆိုသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ပူးပေါင်း၍ CDMA 800 မိုဘိုင်း ဖုန်းလိုင်းများကို ငွေကျပ် ၁၅၀၀ ဖြင့် ဧပြီလအတွင်း စတင် ရောင်းချပေးခဲ့သည်။

CDMA ဖုန်းလိုင်းအသုံးမပြုနိုင်သည့် နေရာဒေသတချို့၌ WCDMA ဖုန်းလိုင်းအနည်းငယ်ကို ယခင်က ရောင်းချပေးခဲ့သည်။ “GSM က အရေအတွက် ၂ သိန်း၊ CDMA က အရေအတွက် ၁ သိန်း ခွဲရောင်းမှာ” ဟု ဦးကျော်စိုးက ပြောသည်။ အစီအစဉ်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိုဘိုင်းဖုန်းလိုင်းကို ခွဲတမ်းအနေဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပြီး လစဉ်လတိုင်းအရေအတွက် ၃ သိန်းခွဲကို ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။

လိုင်းအရေအတွက် ၁၀ သိန်းကျော် ချထားပေးပြီးဖြစ်သည့် MEC ၏ CDMA 800 မိုဘိုင်း ဖုန်းလိုင်းကွန်ရက်သည် လက်ရှိ အချိန်၌ ပြည့်ကျပ်မှု ဖြစ်ပေါ်လာကြောင်း၊ ဆက်လက်တိုးချဲ့ နေသည့် မိုဘိုင်း ကွန်ရက်များမှာ 3G စနစ် အသုံးပြုသည့် GSM မိုဘိုင်းဖုန်းလိုင်း ကွန်ရက်များသာ ဖြစ်ကြောင်း၊ ထို့ကြောင့် ချထားပေး မည့် မိုဘိုင်း ဖုန်းလိုင်းများမှာ GSM များသာ ဖြစ်လာနိုင်ကြောင်း မိုဘိုင်း အင်ဂျင်နီယာမှူးတစ်ဦးက ပြောသည်။

နိုင်ငံတကာ အဆင့်အတန်းမီသည့် GSM ဖုန်းလိုင်းများကိုသာ အသုံးပြုသူများအနေဖြင့် အသုံးပြု ကြသော်လည်း လက်ရှိအချိန်၌ MEC ၏ CDMA ဖုန်းလိုင်းများကိုသာ ရောင်းချပေးနေသည့်အတွက် အသုံးပြုသူများမှာ ရရှိရာ ဖုန်းလိုင်း ကိုသာ အသုံးပြုကြရသည် ဟု မိုဘိုင်းဖုန်းဆိုင်တချို့က ပြောသည်။ “GSM ချထားပေးမယ်ဆို ကောင်းတာပေါ့။ အားလုံးကလည်း ဒါကိုပဲ မျှော်နေကြတာပါ။ ဈေးကွက်က သိပ်ပြီး ပြောင်းလဲသွားမယ် မထင်ဘူး။ ဆိုင်တွေကလည်း များတယ်။ ထွက်တဲ့ကတ် ကလည်း နည်းတယ်။ သူမိတ်နဲ့ သူနဲ့ပဲသွား မယ်ထင်တယ်။ အရင်လို CDMA 800 ဖုန်းတွေလိုပဲ ဖြစ်မယ်ထင်တယ်” ဟု ACE ဟန်းဆက်အ ရောင်းဆိုင်မှ ဦးသန်းထိုက်က ပြောသည်။

Credit : Internet Journal  

KZY(MM)

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ဇူလိုင်လ ၂၅ ရက်နေ့၌ GSM ဖုန်းလိုင်းအရေအတွက် ၂ သိန်းကို ငွေ
ကျပ် ၁၅၀၀ ဖြင့် ပထမဦးဆုံး အကြိမ် စတင် ရောင်းချပေးသွားမည်ဟု ဆက်သွယ်ရေးသင်တန်း ကျောင်း
အုပ်ကြီး ဦးကျော်စိုးက ပြောသည်။

တာမွေမြို့နယ် အာသောကဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီးလျက်ရှိ

တာမွေမြို့နယ် အာသောကဈေးအတွင်း လက်ကောက်ချွတ်ယူသူ တရားခံများအား ဖေါ်ထုတ်ဖမ်းဆီးလျက်ရှိ

ရန်ကုန်၊ ဇူလိုင် ၁၅

၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊
ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်သည် အာသောက
ဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ် နောက်ဘက်မှ အခြားအမျိုးသမီးတစ်ဦးမှ ထီးပိတ်ပေးရန်းဝင်ရောက် ပြောဆိုကာ ၎င်းအားတိုးဝှေ့၍ သွားစဉ် ၀ဲဘက်လက်ကောက်ဝတ်မှာနာကျင် သွားသဖြင့်ကြည့်ရာ ၀တ်ဆင်ထားသည့် အခေါက်ရွှေ(၃)ကျပ်သား
ခန့်ရှိလက်ကောက်မှာ မတွေ့ရှိတော့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့၍ ပတ်ဝန်းကျင်ရှိပြည်သူများမှဝိုင်းဝန်း
ဖမ်းဆီးခဲ့ရာ ထီးဖြင့်ကာထားပေးသူ အမျိုးသမီး အား
ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိခဲ့သည့် ထီးဖြင့်ကာပေးသူမှာဒေါ်အေးရွှေ(ခ)
ဒေါ်ညွန့်ကြည် (ဘ) ဦးထွန်းကြိုင်၊ ( ၁၀)မိုင် ကုန်း၊ ပဲခူးမြို့နေသူဖြစ်ပြီး၊ နောက်ဘက်မှ လူတိုးကာ
လက်ကောက်ချွတ်ယူသွားသူမှာ မမူ(ခ)အေးအေးမူ
ဒနင်းကုန်းကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူဖြစ်ကြောင်း
စစ်ဆေးသိရှိရ၍ မမူ(ခ)အေးအေးမူ အားလိုက်လံစုံစမ်း
ဖမ်းဆီးရမိခဲ့ပါသည်။

အဆိုပါအမှုအား တာမွေမြို့မရဲစခန်း (ပ)၂၉၁/၂၀၁၃၊
ပုဒ်မ ၃၈၂ ဖြင့် အရေးယူထားရှိ ကာဖမ်းဆီးရမိသူ(၂)ဦးအား
စစ်ဆေးချက်များအရ ပူးပေါင်းကျူးလွန်သူတရားခံများကျန်ရှိ
နေကြောင်း သိရှိရသဖြင့် ထပ်မံဖမ်းဆီးရမိရေးနှင့် ပါဆုံးရွှေလက်ကောက်အားပြန်လည် သိမ်းဆည်းရမိရေး
တိုင်း/ခရိုင် အထူးအဖွဲ့များဖြင့် လိုက်လံစုံစမ်းဖမ်းဆီးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၁၅
၁၄.၇.၂၀၁၃ ရက်နေ့ ၀၈၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ဌေးကြွယ်(က)ရပ်ကွက်နေ ဒေါ်စန်းစန်းမော်
သည် အာသောကဈေးအတွင်း ၀က်သားဆိုင်မှဈေးဝယ်ပြီးပြန်ထွက်လာစဉ် အမျိုးသမီးတစ်ဦးသည် ၎င်း၏
ရှေ့မှနေ၍မိုးမရွာဘဲထီးဖွင့်ဆောင်းကာ လမ်းပိတ်လျောက်နေသဖြင့် ဖယ်ပေးရန်ပြောနေစဉ်

အမေရိကန်အတွက် အဆိုးဆုံး အိပ်မက်ဆိုးဖြစ်စေမည့် မှတ်တမ်းများ စနိုးဒန်တွင် ရှိနေ

စနိုးဒန်မှာ မိနစ်ပိုင်းအတွင်း အမေရိကန်အစိုးရကို ထိခိုက်သွားစေနိုင်တဲ့ လုံလောက်တဲ့ သတင်း အချက်အလက် ရှိနေပါတယ် . . .အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်း အက်ဒ်ဝါ့ဒ်စနိုးဒန် (Edward Snow den) သည် အရေး ကြီးသည့် သတင်း အချက်အလက်တစ်ခုကို ဆုပ်ကိုင်ထားတယ်လို့ယူဆရပါတယ်။

ရခိုင် အနောက်ဘက် နယ်စပ် လုံခြုံရေး ပြည်ထဲရေးက လွှဲပြောင်းယူ

Photo: ရခိုင် အနောက်ဘက် နယ်စပ် လုံခြုံရေး ပြည်ထဲရေးက လွှဲပြောင်းယူ
Monday, July 15, 2013

ယခင်က ကာကွယ်ရေး ၀န်ကြီးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သော ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြုံရေးကို ယခုအခါ ပြည်ထဲရေး ၀န်ကြီးဌာနမှ လွဲပြောင်း ကိုင်တွယ်တော့မည် ဖြစ်ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ အစိုးရ အရာရှိ တစ်ဦးက အခုအခါ မောင်တောမြို့နယ် လုံခြုံရေးကို ထိန်းသိမ်း ကွပ်ကဲရန် အတွက် ရဲမှူးကြီး ဦးကိုကိုဦး ကိုယ်တိုင်ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောသည်။

“ အခု ရန်ကုန်တိုင်းက  ရဲမှူကြီး ကိုကိုဦး ကိုယ်တိုင်ရောက်ရှိနေပါပြီ။ တာဝန်တွေကို လွဲပြောင်း ယူလိုက်ပါပြီ။ အခုဆိုရင် နောက်ထပ် ရဲတပ်ရင်း (၂) ခုလည်း လာနေပါပြီ။ ပြည်ထဲရေးက တိုက်ရိုက် ကိုင်သွားမှာပါ” ဟု ဆိုသည်။

ယခင် မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် လုံခြုံရေးကို ကာကွယ်ရေး ၀န်ကြီးဌာနမှ နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးရေး ကွပ်ကဲမူ ဌာနချုပ် (နစက)ကို အစိုးရ ဌာနဆိုင်ရာ အဖွဲ့ (၄) ဖွဲ့ဖြင့် ဖွဲ့စည်းပြီး ကိုင်တွယ်ခဲ့သည်။ နစကထဲတွင် စစ်တပ်၊ ရဲ၊ လ၀ကနှင့် အကောက်ခွန်ဌာတို့ ပါဝင်သည်။ နစက တပ်ဖွဲ့မှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေနှင့် ပေါက်တောမြို့နယ်တို့တွင် တပ်စွဲခဲ့ပြီး အင်အား ၁၂၀၀ ကျော်ရှိသည်။

“ နစက တပ်ဖွဲ့ကို ဖျက်သိမ်းရတာက တစ်ခြားအကြောင်း မဟုတ်ပါဘူး။ လက်ရှိ နိုင်ငံတော်က သွားနေတဲ့ ပုံစံနဲ့ နစက ဖွဲ့စည်းပုံက မကိုက်ညီတော့တဲ့ အတွက် ဖျက်သိမ်းလိုက်တာပါ” ဟု သူက ဆိုသည်။

နစက တပ်စခန်းများနေရာတွင် ယခုအခါ ရဲ (လုံထိန်းတပ်သား) များဖြင့် အစားထိုးနေပြီ ဖြစ်ကြောင်း သူက ဆိုသည်။ နစက တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်ခဲ့သော ၀န်ထမ်းများ အနေဖြင့်လည်း ဌာနဆိုင်ရာ အလိုက် မိခင် အဖွဲ့အစည်းသို့ ပြန်နေကြပြီဟု ဒေသအတွင်းက လာသော သတင်းများတွင် ဖေါ်ပြသည်။

နစကကို ဖျက်သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီး ပိုမို တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်ကြောင်း အမည်မဖေါ်လိုသူ ကျောင်း ဆရာ တစ်ဦးကလည်း ပြောသည်။

“ စိုးရိမ်မူ မရှိပါဘူး။ အထက်အာဏာပိုင်တွေက လုံခြုံရေး သေသေချာချာ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ လုံခြုံရေး အခြေအနေ ရှေ့ကထက် ပိုကောင်းလာမယ်လို့ မြင်ပါတယ်။ ကြားရတာကလည်း တကယ် တိုင်းပြည်ချစ်တဲ့ ပုဂ္ဂိုလ်တွေကိုဘဲ နိုင်ငံတော်က ရွှေးချယ်ခန့်ထားမယ်လို့ ကြားရပါတယ်”ဟု ဆိုသည်။

၎င်းပြင် မောင်တောမြို့နယ်နှင့် တောင်ပြိုမြို့နယ်ခွဲမှာ အစိုးရမှသတ်မှတ်ထားသော ဝေးလံ ခေါင်ဖျား ဒေသတွင် ပါဝင်၍ အစိုးရ ၀န်ထမ်းများအနေဖြင့် လစာ နှစ်ဆ ရရှိကြသဖြင့် လာဘ်ပေး လာဘ်ယူမူများ လျှော့ကျသွားနိုင်ကြောင်း သူက ဆိုသည်။ သို့သော်လည်း အဆိုပါ လစာနှစ်ဆကို ယခင် နစက တပ်ဖွဲ့ဝင်များ ခံစားခွင့်မရရှိခဲ့ကြဟု သိရသည်။

နစကတပ်ဖွဲ့ ကို ဖျက်သိမ်းးပြီးနောက် မောင်တောမြို့နယ် အခြေအနေကို အောင်ဗလ ဆရာတော်ကြီးအား လျှောက်ထားမေးမြန်းရာ အခြေအနေမှာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ရှိကြောင်း ပြောကြားသည်။

ဆရာတော်ကြီးမှလည်း ယခုအခါ မောင်တောမြို့နယ် လုံခြုံရေးကို ပြည်ထဲရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်မည်ဟု ကြားသိရကြောင်း၊ အခြေအနေများ တိုးတက်ကောင်းမွန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောဆိုသည်။

narinjara

ယခင်က နစက တပ်ဖွဲ့ဝင်များ မောင်တော နယပ်စပ်တွင် ကင်လှည့်နေသည်ကို တွေ့ရစဉ်။
ယခင်က နစက တပ်ဖွဲ့ဝင်များ မောင်တော နယပ်စပ်တွင် ကင်လှည့်နေသည်ကို တွေ့ရစဉ်။
Monday, July 15, 2013

ယခင်က ကာကွယ်ရေး ၀န်ကြီးဌာနမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သော ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြုံရေးကို ယခုအခါ ပြည်ထဲရေး ၀န်ကြီးဌာနမှ လွဲပြောင်း ကိုင်တွယ်တော့မည် ဖြစ်ကြောင်း သိရသည်။

စားလုံးပေါင်းမှာရင်တုန်ခါစေမယ့် Lernstift ဘောလ်ပင်

Photo: စားလုံးပေါင်းမှာရင်တုန်ခါစေမယ့် Lernstift ဘောလ်ပင်
Monday, July 15, 2013

ဒီဘောလ်ပင်ဟာသာမန်ဘောလ်ပင်တွေလိုပဲစာရေးလို့ ရတယ့်
ဘောလ်ပင်၁ချောင်းပါ...

ထူးခြားတာကတော့လှုပ်ရှားမှုတွေအတွအတွက်အာရုံခံကိရိယာတွေ
တပ်ဆင်ထားပြီး Battery-poweredLinux computer နှင့် Wifi တို့ ကိုပါ
ထည့်သွင်းထားတာပါ...

ဒီအချက်တွေကြောင့်ပဲဘောလ်ပင်မှာစာလုံးအရွယ်အစားနှင့်သတ်ပုံတို့ 
ကောင်းစွာနားလည်ထားပြီးစာလုံးမူမမှန်တော့ပါကတုန်ခါလာစေပါတယ်...
အသုံးပြုသူတွေအနေနဲ့ ကတော့ လက်ရေးအလှ နှင့် သတ်ပုံမှန်ခြင်းဆိုတယ့်
Function ၂မျိုးကိုကြိုက်နှစ်သက်ရာရွေးခြယ်ပြီးစာရေးနိုင်ပါတယ်...

ZK
(ကနောင်)
Scientist Myanmar

Monday, July 15, 2013

ဒီဘောလ်ပင်ဟာသာမန်ဘောလ်ပင်တွေလိုပဲစာရေးလို့ ရတယ့် ဘောလ်ပင်၁ချောင်းပါ...

အာဇာနည်နေ့တွင် အလေးပြုရန် စီတန်းလှည့်လည်ခွင့် တင်ရမည်

Monday, July 15, 2013

မကွေးခရိုင် NLD ပါတီဝင်များက ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် အာဇာနည်နေ့တွင် မကွေးမြို့ ဗိုလ်

ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်သို့ စုပေါင်းချီတက်ကာ လွမ်းသူ့ပန်းခွေချ အလေးပြုရန် စီစဉ်ထားရာ ထိုသို
့ပြုလုပ်လိုပါကမကွေးတိုင်းရဲတပ်ဖွဲ့မှူးထံ ခွင့်ပြုချက်ရယူပြီးမှ လုပ်ဆောင်ရန်မကွေးမြို့နယ် အထွေထွေအုပ်
ချုပ်ရေးမှူး ဦးဥာဏ်မျိုးက အကြောင်းကြားစာ ပေးပို့လိုက်သည်။

သရုပ်ဆောင်ဘုဏ်းသိုက်နဲ့ အဆိုတော်ချမ်းချမ်းတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ဇူလှိုင် ၁၄ရက်နေ့က ကျင်းပပြုလုပ်


သရုပ်ဆောင်ဘုဏ်းသိုက်နဲ့ အဆိုတော်ချမ်းချမ်းတို့ရဲ့ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ယနေ့ ဇူလိုင်လ၁၄ရက်
နေ့ မနက် ၁၀နာရီက တောင်ဒဂုံမြို့နယ်ရှိ ပဋိကတ်သုံးပုံနိကာယ်စာသင်တိုက် တွင် ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ် အတွင်းရှိ မြေမြှုပ်မိုင်းများအား ကိုယ်တိုင်ပြန်လည် ရှင်းလင်းရန် ပထမဆုံး အကြိမ်အဖြစ် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ သဘောတူညီချက်ရရှိ

7.14.21
ဇူလိုင် ၁၃ ရက်က ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ဆွေးနွေးမှု ပြုလုပ်နေစဉ်

ကရင်ပြည်နယ်အတွင်း ယခင် ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကိုကိုယ်တိုင်ပြန်လည်ရှင်းလင်း ပေးသွား
ရန်အတွက် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့ တွေ့ဆုံ ဆွေးနွေးကာ မိုင်းများပြန်ရှင်းလင်းသွား
မည့် သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး တေးသံရှင်ဆိုတေး ဒဏ်ရာပြင်းထန်စွာရရှိ

7.14.16
ဇူလိုင် ၁၄ ရက်က အမြန်လမ်းမ မိုင်တိုင် ၂၉၃ အနီးတွင် အဆိုတော်ဆိုတေး လိုက်ပါလာသော ကားတိမ်းမှောက်မှုအား တွေ့ရစဉ်။ ဓာတ်ပုံ-၀ဏ္ဏ(မိတ္ထီလာ)


ဇူလိုင် ၁၄ ရက်၊ နေ့လယ်ပိုင်းက မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တ လေးအမြန်လမ်းမပေါ်တွင်ယာဉ်မောင်း သန်း
ဝင်းလှိုင်(အသက်၂၁ နှစ်) မောင်းနှင်လာသော၃စ/--- မော်တော်ကားမှာရန်ကုန်မှမန္တလေးဘက်သို့  မောင်း
နှင်လာစဉ် မိုင်တိုင် ၂၉၃ အနီးတွင် တိမ်းမှောက်ခဲ့ရာ ကားပေါ်လိုက်ပါလာသူ လေးဦးအနက် ချောချော(ခ)
ဝင်းဂရိသူ (အသက် ၂၃ နှစ်)မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုတော်ဆိုတေးရဲ့ နောက်ဆုံးရသတင်း

Photo

အဆိုတော်ဆိုတေးရဲ့ Operation ကပြီးသွားပါပြီ... .စောင့်ကြည့်နေတုန်း အခြေအနေပါ... စိတ်မချရသေးပေ
မယ့်...အသက်ရှူတာ ပုံမှန်ပြန်ဖြစ်နေပြီလို့ ပြောပါတယ်...

မော်တော်ယာဉ် တိမ်းမှောက်ခဲ့သော တေးသံရှင် ဆိုတေး သေဆုံးပြီဆိုသော သတင်းမမှန်ကန်

Photo

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၉၁/၃ တွင် မော်တော်ယာဉ်တိမ်းမှောက်ခဲ့သော တေးသံရှင်ဆိုတေး
သည် မန္တလေးဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေပြီး သေဆုံးသည့် သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက မန္တလေးဆေးရုံကြီးသို့ ရောက်ရှိနေသော The Voice သတင်းထောက်ကို ယနေ့
ည ၁၀နာရီ ၁၀ မိနစ် တွင် အတည်ပြုပြောကြားသည်။

နာမည်ကြီးမော်ဒယ် နန်းသီရိမောင် မျိုးစောင့်ဥပဒေကိုလက်မခံ

Photo: မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင်ပြောကြား
Sunday, 14 July 2013

နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်
ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။
အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်
နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့
MRTV-4 ကလည်းပြန်လည်ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်


မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များစုဆောင်းနေပါတယ်။ အမျိုးဘာသာ
သာသနာစောင့်ရှောက်တာနဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက်မျိုးများပေးချင်လဲမသိဘူးhttp://www.myanmardailynews.org/2013/07/blog-post_277.html

Myanmar News Update

နေ့စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၇်ျ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။