Pages

Saturday, July 13, 2013

လယ်သမားတွေဆီက အတင်းအဓမ္မသိမ်းယူထားတဲ့မြေပေါ်မှာ စစ်ကိုင်းတိုင်း လွှတ်တော်ကို စတင်ဆောက်လုပ်

Photo: လယ်သမားတွေဆီက အတင်းအဓမ္မသိမ်းယူထားတဲ့မြေပေါ်မှာ စစ်ကိုင်းတိုင်း လွှတ်တော်ကို စတင်ဆောက်လုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အိုးဖိုထောင်ကျေးရွာအုပ်စုက တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၄ဝ ကျော်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ဆောက်လုပ်ဖို့အတွက်ဆိုပြီး မုံရွာမြို့နယ် ရဲစခန်းနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့ လူအင်အား ၁ဝဝ ကျော်လောက်က မနေ့က မြေတူးစက်တွေနဲ့တူး၊ လမ်းတွေဖောက်လုပ်ပြီး အုတ်တံတိုင်းတွေ ခတ်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။

မနေ့က မနက် ၉ နာရီလောက်ကစပြီး အခုလို ဝင်ရောက်လုပ်ကိုင်ခဲ့တာလို့ တောင်သူ ဒေါ်ခင်မြလင်းက RFA ကို အခုလို ပြောပါတယ်။

"လွှတ်တော်ဆောက်လုပ်ဖို့အတွက် အကောင်အထည်ဖော်ထားတာ ပထမ လယ် ၄၁ ဧကသိမ်းလိုက်တာ၊ အခုဝန်ကြီးအိမ်နေရာလိုဖြစ်သွားပြီ၊ ၄၁ ဧကရော ၁၈၈ ဧကရောပါတယ်ရှင့်၊ ကျန်တဲ့နေရာတွေပါ ဆက်သိမ်းတယ်ပြောပြီးတော့ ဂေါ်နဲ့ထိုးတာရှင့်၊ သူတို့ကတော့ လမ်းတွေဖောက်၊ ကြိုးတွေတိုင်းပြီးတော့ ဧကစစ်နေတာ"

ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်ကစပြီး တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၁၈ဝ ကျော်ကို တိုင်းဒေသကြီး လွှတ်တော်ရုံးဆောက်လုပ်ဖို့အတွက်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

လယ်တွေထဲမှာ အဲဒီကတည်းကစပြီး သီးနှံစိုက်ပျိုးခွင့်လည်း မရတော့ဘဲ လယ်ယာမြေတွေထဲက လယ်သမားတွေရဲ့ နေအိမ်တွေကိုလည်း ဖယ်ရှားပေးဖို့ အုပ်ချုပ်ရေးမှူးက ပြေားကြားထားကြောင်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိလယ်ယာမြေတွေထဲမှာ နေထိုင်နေတဲ့ တောင်သူတွေရဲ့ အိမ်တွေကို မဖယ်ပေးဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောတယ်လို့ တောင်သူတွေက ပြောပါတယ်။

RFA (Burmese)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အိုးဖိုထောင်ကျေးရွာအုပ်စုက တောင်သူ ၃ဝ ကျော်ပိုင်ဆိုင်တဲ့ လယ်ဧက ၄ဝ
ကျော်မှာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ဆောက်လုပ်ဖို့အတွက်ဆိုပြီး မုံရွာမြို့နယ် ရဲစခန်းနဲ့ မြို့နယ်
အုပ်ချုပ်ရေးမှူးတွေပါဝင်တဲ့လူအင်အား၁ဝဝ ကျော်လောက်ကမနေ့က မြေတူးစက်တွေနဲ့တူး၊လမ်းတွေဖောက်
လုပ်ပြီး အုတ်တံတိုင်းတွေ ခတ်သွားတယ်လို့ တောင်သူတွေက ပြောပါတယ်။

မလေးရှားရောက် မြန်မာတွေစုပေါင်းပြီး နိုင်ငံရေးလူမှုရေး ကွန်ရက် တစ်ခုဖွဲ့စည်း

Photo: မလေးရှားရောက် မြန်မာတွေစုပေါင်းပြီး နိုင်ငံရေးလူမှုရေး ကွန်ရက် တစ်ခုဖွဲ့စည်း
Saturday, 13 July 2013

မလေရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားများ စုပေါင်းပြီး နိင်ငံရေး လူမူရေးကွန်ရက်တစ်ခု ဒီကနေ့မှာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့က ပြောပါတယ်။

မလေးရှားနိုင်ငံ ကွာလာလန်ပူမြို့ကို ဒီကနေ့ မွန်းလွဲပိုင်းက ရောက်ရှိလာတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်းကိုကိုကြီးတို့နဲ့ နာရေးကူညီမူအသင်း ရန်ကုန်က ဒေါ်သန်းမြင့်အောင်တို့ဟာ မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၊ မြန်မာလူမှုရေး နဲ့ နိုင်ငံရေးအဖွဲ့တွေနဲ့ ဒီကနေ့ ညနေပိုင်းမှာပဲ တွေ့ဆုံဆွေးနွေခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ ၈၈ အရေးတော်ပုံ ၂၅ နှစ်မြောက်ကာလအမီ ခုလိုကွန် ရက်ကြီးတစ်ခုဖွဲ့နိုင်တာဖြစ်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

"ဒီနေ့ကတော့ ရလာဒ်ကောင်းထွက်တယ်ဗျာ၊ အဲဒါကဘာလဲဆိုတော့ မလေးမှာရှိတဲ့အဖွဲ့အစည်းတွေအကုန်လုံးက မြန်မာကွန်ရက်ကြီးတစ်ခု
ပေါ်ပေါက်အောင်လို့ ကြိုးစားကြလိမ့်မယ်၊ ငွေရတု ၈ လေးလုံးစိတ်ဓာတ်နဲ့ပဲ ၈ လေးလုံးငွေရတုအမီကို ကြိုးစားကြလိမ့်မယ်၊ ဒါကတော့ ရလာဒ်ကောင်း တစ်ခုပါပဲ"

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကို မလေးရှားနိုင်ငံမှာနေထိုင် တဲ့ မြန်မာနိုင်ငံသားတွေရဲ့ သာရေး၊ နာရေးလုပ်ငန်းတွေ ကူညီလုပ် ကိုင်ပေးနေတဲ့ နုလုံးလှပရဟိတ လူငယ်သွေးလှူရှင်များအဖွဲ့က ဖိတ် ကြားခဲ့တာဖြစ်ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ လာမဲ့ဇူလိုင်လ ၁၆ ရက်နေ့မှာ မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံဖို့ရှိပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားများ လုံလုံခြုံခြုံ နေထိုင်နိုင်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

RFA

Saturday, 13 July 2013

မလေရှားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားများ စုပေါင်းပြီး နိင်ငံရေး လူမူရေးကွန်ရက်တစ်ခု ဒီကနေ့မှာ ဖွဲ့စည်း
နိုင်ခဲ့ကြောင်း ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့က ပြောပါတယ်။

အာဇာနည်နေ့ တို့မမေ့မှသည်

Photo: အာဇာနည်နေ့ တို့မမေ့မှသည်
Saturday, 13 July 2013

အာဇာနည်ကြီးများ နိုင်ငံအတွက် အသက် စွန့်လွှတ်သွားသည့် နေ့သို့ (၆၆) ကြိမ်မြောက် ရောက်ကာ ၆၆ နှစ် တိုင်ခဲ့ပြီ။ လွတ်လပ်ရေးရအောင် သူတို့ အသက်စွန့် ကြိုးပမ်းသွားကြသည့် နိုင်ငံကား ပေါက်ပေါက်မြောက်မြောက် မရှိလှသေး။

အာဇာနည်ကြီးများသာ တမလွန်မှ လှမ်းမျှော် ကြည့်နိုင်လျှင်၊ လူပြန်ဖြစ်ပြီး ယခင်ဘဝကို မြင်နိုင်လျှင် သူတို့ တစ်စက်ကလေးမှ စိတ်ချမ်းသာကြမည် မဟုတ်။ သူတို့ လွတ်လပ်ရေးကို အရယူပေးခဲ့သည်မှာ ရာစုနှစ် ထက်ဝက်ပင် ၁၅ နှစ် စွန်းပြီ။ မြန်မာတို့ကား ဒုံရင်း ဒုံရင်း၊ မဖြစ်မြောက်။

အာဇာနည်ကြီးများသည် နိုင်ငံအတွက် အရာရာကို စွန့်လွှတ်ထားကြ သူများ ဖြစ်သည့်အတိုင်း လွတ်လပ်ရေးအတွက် ပေးဆပ်ရသည့် အဖိုးအ ခအဖြစ် သူတို့ အသက် ဆုံးရှုံးသည်ကို တစ်စက် ကလေးမျှ နှမြောကြမည် မဟုတ်။ သူတို့ အနစ်နာခံခဲ့သလောက် မြန်မာနိုင်ငံ ခရီးမရောက်သည်ကို သိလျှင်သာ ရင်ထုမနာ ဖြစ်ကြရလိမ့်မည်။

အင်္ဂလိပ် လက်အောက်ခံ ကျွန်ဘဝတွင် မနေချင်သောကြောင့်အ သက် သွေးချွေး ရင်းနှီးပြီး တိုက် ခဲ့ ရသော သူတို့သည် “အင်္ဂလိပ်လက်
အောက် နေတာမှ မင်းတို့ ပိုကောင်းဦးမယ်ကွာ၊ ကိုယ့်ဘာသာ ကိုယ် လည်း နေရရော အချင်းချင်း သတ်ကြ ဖြတ်ကြရော။ မစီမံတတ် မအုပ်ချုပ် တတ်နဲ့၊ ကျွန်ဘဝနဲ့ပဲ မင်းတို့ တန်တယ်” ဟူသော သွားပုပ်လေလွင့် ဝေဖန် ချက်များကို ကြားရလျှင် မခံချင်သော်လည်း ချေပရန် ခက်သောကြောင့် နာလိုခံခက် ဖြစ်ကြရမည်။

အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း ကျွန်တော်တို့တစ်တွေ စိတ်လှုပ်ရှားကြ၊ သတိရ အောက်မေ့ ကြသည်။ အထူးသဖြင့် ယခုနှစ်တွင် အာဇာနည်နေ့ အကြို လှုပ်ရှားမှုများသည် အားကောင်းမောင်းသန် ရှိလှသည်။သို့သော် မြန်မာပြည်သည် အာဇာနည်ကြီးများကို လက်တွေ့ ကျေးဇူးဆပ်ရန် ယခုထက် ပိုအားထုတ်ရဦးမည်။ 

အာဇာနည်နေ့ ဖြစ်ပေါ်လာခဲ့သည်မှာ နှစ်ပေါင်း လရှည် ကြာခဲ့ ပြီဖြစ်သော်လည်း ယနေ့တိုင် ကျွန်တော်တို့သည် သူတကာနောက် တွင် အောက်တန်း နောက်တန်း ကျနေဆဲ။ ဖွံ့ဖြိုးမှု အဆင့်အတန်းကို တိုင်းတာသည့် ဖွံ့ဖြိုးရေး ညွှန်းကိန်း အများအပြား တွင် မြန်မာနိုင်ငံ သည် နောက်မှ ရေတွက်လျှင် ထိပ်ဆုံးနားတွင် ရှိသည်။ ဖွံ့ဖြိုးမှု အနိမ့် ဆုံး နိုင်ငံများ (least developed countries) (ဝါ)အဆင်းရဲဆုံးများထဲတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်သည်မှာ နှစ် ၃၀ ခန့် ရှိခဲ့ပြီ။

ပိုပြီး အခံရ ခက်စေသည်မှာ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ရှိသော်လည်း နိုင်ငံ ချမ်းသာကာ တိုင်းသူပြည်သားတို့ဆင်းရဲနေကြခြင်း။ ရှေ့သို့တက်ရန် နေနေသာသာ နောက်သို့ ပြန်လျှောကျရင်း လျှောကျရင်း အောက်တန်း နောက်တန်း ရောက်ခဲ့ကာ ဘေးပတ်ဝန်းကျင်မှ မိမိနှင့် အခြေအနေတူ၊ အခြေအနေလျော့ နိုင်ငံများ အသီးသီး အထက် ကျော်တက်သွားကြသည်။ ၁၉၆၀ လောက်က ပိန်မသာ လိမ်မသာ တောင်ကိုရီးယား အိပ်မက်ပင် မမက်ဝံ့အောင် ခပ်ဝေးဝေး သို့ ရောက် သွားပြီ။ ၁၉၉၀ ခန့်က ဘဝတူ ဗီယက်နမ်နှင့် နှစ်၂၀ ခန့်အတွင်း ကြာလေ ကွာလေ။

အာဇာနည်ကြီးများ ကျဆုံးစဉ်က တစ်နိုင်ငံလုံး ကြိမ်မီးအုံးတမျှ ပူဆွေး ခဲ့ကြသည်။ တဖျစ် တောက် တောက်၊ ဒေါသ အမျက် ခြောင်းခြောင်းထွက်၊ အားကိုးရာမဲ့ ခံစားရသူက တစ်မျိုး၊ ငိုပွဲဆင်ကြသူက အများအပြား ဖြစ် ခဲ့ကြသည်။ သို့သော် သူတို့ ဆုံးပါးပြီး ဘာမျှပင် မကြာလိုက် အချင်းချင်း ချပွဲကြီး ဆင်လိုက်ကြသည်မှာ တစ်နိုင်ငံလုံး ပြည်တွင်းစစ် နွံထဲသို့ ကျဆင်းခဲ့သည်။

မြန်မာတို့ အချင်းချင်း ချကြသည့်နေ့ကို အမှတ်တရ မှတ်တမ်းတင် မထားကြသော်လည်း တကယ် တမ်း ရှိသာရှိလျှင် အာဇာနည်နေ့နှင့် ဖွားဖက်တော်အဖြစ် ၆၆ နှစ် အရွယ် ရှိလိမ့်မည်။ ဂုဏ်ယူစရာ မကောင်းလှသည့် ဂုဏ်ယူစရာအဖြစ် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ် ပိုင်ဆိုင် ထားသည်။ ငြိမ်းချမ်းရေး အခြေအနေကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်သော်လည်း အဆုံးသတ်ရန် အားကုန် တွန်းရဦးမည်။

အာဇာနည်နေ့သည် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ခေါင်း
ဆောင်ကြီးများကို အစွဲပြု ထားသောနေ့ ဖြစ်သော်လည်း ထိုနေ့မတိုင်မီ ပင် နိုင်ငံအတွက် အသက် သွေးချွေး စွန့်လွှတ် စွန့်စား သွားခဲ့သော တိုင်းသူပြည်သား အပေါင်းတို့ကို ဂုဏ်ပြုခြင်းဖြစ်သည်။ မည်သူမည်ဝါ မည်သို့ စွမ်းဆောင် စွန့်လွှတ်ခဲ့သည်ကို သိနိုင်ရန်၊ ခရေစေ့တွင်းကျ မှတ်တမ်းတင်ရန် မဖြစ်နိုင်သော်လည်း အညတရ မှတ်တမ်းမဝင်သူ အားလုံး၏ ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရခဲ့ခြင်း ဖြစ်သည့်အတွက် သူတို့အားလုံး သည် ဂုဏ်ပြုထိုက်သူများ ဖြစ်သည်။

နိုင်ငံအတွက် စွန့်လွှတ် စွန့်စားခဲ့သူများ၏ အဖြစ်ချင်ဆုံး ဆန္ဒကို အကောင်အထည်ဖော်ခြင်းသည် သူတို့ကို အကောင်းဆုံး ဂုဏ်ပြုခြင်းဖြစ်သည်။ အလားအလာကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်သည့် အတွက် ထိုအခွင့်အရေးများကို အသုံးချကာ နိုင်ငံ ရှေ့ရောက်အောင် ဝိုင်းတွန်းကြရန် လိုသည်။ ခေတ်သစ် သမိုင်းတစ်လျှောက်လုံး သူတစ်လူ ငါတစ်မင်းခဲ့ရာမှ ခြားနားချက်များကို ယခုတစ်ကြိမ်တွင် အသာဘေးချကာ လက်ချင်းယှက် လိုက်စေလိုသည်။ လသာတုန်း ဗိုင်းမငင်လိုက် လျှင် နောင်ယခု ကဲ့သို့ အခွင့်အရေးမျိုး ပြန်ရတော့မည် မဟုတ်။

နိုင်ငံနှင့် ချီသော အလုပ်များ မလုပ်နိုင်၊ မလုပ်ဖြစ်လျှင်လည်း စိတ်ပျက်ရန် မလို။ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစား၊ မိမိ ပတ်ဝန်းကျင်ကို အ ကျိုးပြုနိုင်လျှင် အာဇာနည်ကြီးများ ဆန္ဒအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

မနက်ဖြန် သန်ဘက်ခါ နိုင်ငံရေး ဝင်လုပ်ရန် မလို၊ ရွေးကောက်ပွဲဝင်ရန် မလိုပါ။ လုပ်လက်စ အလုပ် ကိုပင် မနေ့ကထက် ပိုကောင်းအောင် လုပ်ကြပါက အရည်အသွေး တိုးတက်လာမည်။ မိမိကဲ့သို့ ကြိုးကုတ် အားထုတ်သူများ သောင်းနှင့် သိန်းနှင့် ချီလာလျှင် သက်ဆိုင်ရာ နယ်ပယ်တိုင်းတွင် တစ်ဆင့်ပြီး တစ်ဆင့် တက်လာမည်။ယင်းသည် နိုင်ငံ တိုးတက်ခြင်း ဖြစ်သည်။နိုင်ငံ ကမ္ဘာ့အလယ် တွင် ဝင့်ဝင့်ထည် ထည် နေနိုင်ရေးသည် အာဇာနည်ကြီးများ၏ ဆန္ဒပင် ဖြစ်သောကြောင့် အာဇာနည် ကြီးများ ဝမ်းမြောက်လိမ့်မည်။

အာဇာနည်နေ့ကို အကောင်းဆုံး ဆင်နွှဲသည့်နည်းမှာ ကိုယ့်အလုပ် ကိုယ်ကောင်းသည်ထက် ကောင်းအောင် လုပ်ရန်သာ ဖြစ် သည်။ နိုင်ငံရေး သမား၊ ပြည်သူ့ဝန်ထမ်း၊ အစိုးရ၊ တောင်သူ၊ ကျောင်းသား စသည်ဖြင့် ကိုယ့် တာ ကိုယ်လုံအောင် လုပ်ဆောင်ကြလျှင် အာဇာနည်နေ့ကို အကောင်း ဆုံး ဂုဏ်ပြုခြင်း မည်ပေသည်။

အာဇာနည်နေ့သည် မြန်မာနိုင်ငံ တိုးတက်ခြင်းကို ပြသော ပြဒါးတိုင် ဖြစ်သင့် သည်။ (၆၇) နှစ်မြောက် အာဇာနည်နေ့ မြန်မာနိုင်ငံ အခြေအနေသည် (၆၆) နှစ်မြောက် အာဇာနည်နေ့ထက် သာရမည်။ ထို့အတူ ၆၈ သည် ၆၇ ထက်၊ ၆၉ သည် ၆၈ ထက် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်သည်ထက် တိုးတက်သွားရမည်။

ထိုသို့ စတင်ရန် ၂၀၁၃ ခုနှစ် (၆၆) နှစ်မြောက် အာဇာနည်နေ့သည် အသင့်လျော်ဆုံး ဖြစ်သည်။

ဇယ်သူ
The Voice Weekly

Saturday, 13 July 2013

အာဇာနည်ကြီးများ နိုင်ငံအတွက် အသက် စွန့်လွှတ်သွားသည့် နေ့သို့ (၆၆) ကြိမ်မြောက် ရောက်ကာ ၆၆ နှစ် တိုင်ခဲ့ပြီ။ လွတ်လပ်ရေးရအောင် သူတို့ အသက်စွန့် ကြိုးပမ်းသွားကြသည့် နိုင်ငံကား ပေါက်ပေါက်မြောက်
မြောက် မရှိလှသေး။

အသစ်ထွက်မည့် တေးသီချင်း အယ်လ်ဘမ်များ စတစ်ကာ အစား ဘားကုတ် စနစ်သစ် ပြောင်းလဲ အသုံးပြုသွားမည်

Photo: အသစ်ထွက်မည့် တေးသီချင်း အယ်လ်ဘမ်များ စတစ်ကာ အစား ဘားကုတ် စနစ်သစ် ပြောင်းလဲ အသုံးပြုသွားမည်
Saturday, 13 July 2013

အသစ် ထွက်မည့် တေးသီချင်း အယ်လ်ဘမ် များတွင် ဖော်ပြထားသည့် စတစ်ကာ အမှတ်အသား နေရာတွင် ဘားကုတ် စနစ်သစ် ပြောင်းလဲ အသုံးပြု သွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) မှ ကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံတွင်း ထွက်ရှိမည့် တေးသီချင်း အယ်လ်ဘမ် အသစ်များအား စနစ် တကျ ထုတ်လုပ် ဖြန့်ချိနိုင်ရန် အတွက် ယခင် စတစ်ကာ (Sticker) စနစ်အစား ဘားကုတ် (Barcode System) စနစ် ဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲတော့မည် ဖြစ်ကြောင်း ၄င်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

ထုတ်လုပ်ဖြန့်ချိ သူများ အနေဖြင့် ယခု ဇူလိုင် ၈ ရက်မှ စတင်၍ ယခင် စတစ်ကာများ ကပ်သည့် စနစ်အစား မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ ထုတ် ပေးမည့် Barcode များအား မိမိတို့ Album Cover Design များတွင် ထည့်သွင်း၍ ပြောင်းလဲ ရိုက်နှိပ်ကြရမည် ဖြစ်ကြောင်း သိရသည်။ သြဂုတ်လ ၁ ရက်နေ့မှစ၍ ထွက်ရှိမည့် တေးအယ်လ် ဘမ်များ၏ (Tape, CD, VCD, DVD, Bluray, etc…) Album Cover Design များတွင် Barcode များ ထည့်သွင်းနိုင်ရန် ယခု ဇူလိုင်လ အတွင်း မှတ်တမ်းပြုစုရန် အလို့ငှာ အချိန်မီ စာမူများ တင်ကြပါရန် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး (ဗဟို) မှ နှိုးဆော် ထားသည်။

Popular Myanmar News Journal

Saturday, 13 July 2013

အသစ် ထွက်မည့် တေးသီချင်း အယ်လ်ဘမ် များတွင် ဖော်ပြထားသည့်စတစ်ကာအမှတ်အသား နေရာတွင်
ဘားကုတ်စနစ်သစ် ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဂီတ အစည်းအရုံး (ဗဟို) မှ ကြေ
ညာချက် ထုတ်ပြန်သည်။

သီရိမင်္ဂလာဈေးဟောင်း ယာဉ် ရောင်းဝယ်ရေးစခန်း ညအိပ်ယာဉ်များကြောင့် အငြင်းပွားမှုဖြစ်

Photo: သီရိမင်္ဂလာဈေးဟောင်း ယာဉ် ရောင်းဝယ်ရေးစခန်း ညအိပ်ယာဉ်များကြောင့် အငြင်းပွားမှုဖြစ်
Saturday, 13 July 2013

ကြည့်မြင်တိုင်မြို့နယ် သီရိမင်္ဂလာဈေးဟောင်း ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ညအိပ်ယာဉ်များ ရပ်နားသဖြင့် မော်တော်ယာဉ် ဝယ်ရောင်းများ ရပ်နားရန် နေရာမရှိ၍ ယာဉ်ရပ်နားစခန်း ကွပ်ကဲရေး ရုံးသို့ တိုင်ကြား မှုကြောင့် ညအိပ်ယာဉ် ပိုင်ရှင်များနှင့် ယာဉ်ဝယ်ရောင်းများ အငြင်းပွား မှု ဖြစ်နေ ကြောင်း စခန်းမှ တာဝန်ရှိသူများနှင့် ဝယ်ရောင်းများထံမှ သိရသည်။

မော်တော်ယာဉ် အရောင်းကုမ္ပဏီများ၏ ယာဉ်များ အမြဲတမ်း ညအိပ်ထားပြီး နံနက်ပိုင်းတွင်လည်း ဖယ်ရှားခြင်း မရှိသောကြောင့် ဝယ်ရောင်းများ၏ ယာဉ်များ သတ်မှတ်နေရာအတိုင်း ထားရှိရန် ခက်ခဲနေကြောင်း၊ စခန်း ပြင်ပ၌ ယာဉ် ရပ်နားသောအခါတွင်လည်း ယာဉ်ထိန်းရဲ တပ်ဖွဲ့၏ အရေးယူခြင်းကို ခံရကြောင်း အဆိုပါ ယာဉ် ရောင်းဝယ်ရေး စခန်းရှိ ယာဉ် ဝယ်ရောင်းများက ပြောကြားသည်။

“ပြဿနာ ဖြစ်ခဲ့ရင် ဖြေရှင်းပေးမယ့် အသင်းအဖွဲ့ ဖွဲ့စည်းပေးထားတာမျိုး လိုချင်တယ်” ဟု ယာဉ် ဝယ်ရောင်း ဦးပေါက်က ပြောဆိုသည်။

စခန်းတွင်း ယာဉ်လမ်းကြောင်း ဖြေရှင်းရန်မှာ စခန်း ကွပ်ကဲရေးရုံးတွင်သာ တာဝန်ရှိပြီး ၎င်းတို့ဌာနက အရေးယူ၍ မရကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြော ကြားသည်။

စခန်းအတွင်း ညအိပ် ယာဉ်များကို ခွင့်မပြုပါက ရပ်ကွက်တွင်းနှင့် လမ်းမ များပေါ်၌ ရပ်နားကာ လူသွားလမ်းနှင့် ကားလမ်းများ အသွားအလာ ပိုမို အခက်အခဲ ဖြစ်လာမည်ဖြစ်ကြောင်း၊ ယခု စခန်းအတွင်း ယာဉ်ရပ်နားခြင်း ဆိုသည်မှာလည်း ဦးရာလူ စနစ်ပင်ဖြစ်ကြောင်း၊ ညအိပ်ယာဉ်များကို ညအိပ် ခွင့်အနေဖြင့် ငွေကောက်ခံခြင်းမဟုတ်ဘဲ ယာဉ်ရပ်နားခွင့် အနေဖြင့် ကောက်ခံခြင်းဖြစ်ပြီး အငြင်းပွားမှု အချို့မှာလည်း ယာဉ် ဝယ်ရောင်းများတွင် ယာဉ် ညအိပ်ထားခြင်းကို ထောက်ခံသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိကြောင်း ၎င်းက ပြောဆိုသည်။

“နှစ်ဖက်စလုံးရဲ့ တင်ပြချက်ကို အထက်ကို တင်ပြထားပါတယ်” ဟု သီရီမင်္ဂလာဈေးဟောင်း ယာဉ် ရောင်းဝယ်ရေးစခန်း ကွပ်ကဲရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယာဉ်များ ညအိပ်ခွင့်ကို သက်ဆိုင်ရာဌာနက တရားဝင် ခွင့်ပြုထားခြင်း မရှိသော်လည်း ထုံးစံအတိုင်း နားလည်မှုဖြင့်သာ ဆောင်ရွက်ကြောင်း၊ မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်းသည် အစီးရေ ၁၀၀၀ ခန့် ဝင်ဆံ့သော် လည်း နေ့စဉ် စီးရေ ၉၀၀ ကျော်သာ ဝင်ထွက်ခြင်းကြောင့် ယာဉ် အသွား အလာ ပိတ်ဆို့မှု မရှိကြောင်း မင်းရဲကျော်စွာ ယာဉ်ရပ်နားစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

Saturday, 13 July 2013

ကြည့်မြင်တိုင်မြို့နယ်သီရိမင်္ဂလာဈေးဟောင်းယာဉ်ရောင်းဝယ်ရေးစခန်းတွင်ညအိပ်ယာဉ်များရပ်နားသဖြင့်
မော်တော်ယာဉ် ဝယ်ရောင်းများ ရပ်နားရန် နေရာမရှိ၍ ယာဉ်ရပ်နားစခန်း ကွပ်ကဲရေး ရုံးသို့ တိုင်ကြား မှု
ကြောင့် ညအိပ်ယာဉ် ပိုင်ရှင်များနှင့် ယာဉ်ဝယ်ရောင်းများ အငြင်းပွား မှု ဖြစ်နေ ကြောင်း စခန်းမှ တာဝန်ရှိ
သူများနှင့် ဝယ်ရောင်းများထံမှ သိရသည်။

တိုက်တန်းနစ်အပါအဝင် သင်္ဘောသုံးစင်းနှစ်မြှုပ်မှုတွင်ပါဝင်သော်လည်း အသက်မသေသူ

Photo: တိုက်တန်းနစ်အပါအဝင် သင်္ဘောသုံးစင်းနှစ်မြှုပ်မှုတွင်ပါဝင်သော်လည်း အသက်မသေသူ 
Saturday, 13 July 2013

Violet Jessop အမည်ရ အိုင်ယာလန်သူ အိုင်းရစ်လူမျိုး အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ တကယ်ပဲ တိုက်တန်းနစ်အပြင် အခြားသော နာမည်ကြီး သင်္ဘော ၂ စင်းနှစ်မြှုပ်မှုမှာပါ အသက်မသေပဲ လွတ်လာသူ ဖြစ် ပါတယ်။ 

၁၈၈၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ဖွားပါတယ်။ မိသားစု ဆင်းရဲပြီး ကျောင်းပြီးအောင် မတက်ရပါဘူး။ ဒါကြောင့်ပဲ အင်္ဂလန် အခြေဆိုက် နာမည်ကြီး ရေကြောင်းပို့ဆောင်ရေး ကုမ္မဏီ အိုလံပစ်မှာ သူနာပြုအကူနဲ့ စားပွဲထိုးလုပ်ဖို့လျှောက်ပါတယ်။ 

၁၉၁၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ RMS Olympic သင်္ဘောကို စတက်ပြီး တာဝန် ထမ်းဆောင်ပါတယ်။ ဗြိတိန်စစ်သင်္ဘောတစ်စီးနဲ့ တိုက်မှုဖြစ်ပွားပြီး သင်္ဘောမြှုပ်လုနီးနီးဖြစ်ခဲ့ပါတယ်။ သို့ပေမ့ယ် နီးစပ်ရာကမ်းကို ကပ်နိုင် တာ ကြောင့် အားလုံး သေဘေးမှလွတ်ပါတယ်။ ယင်းနောက်ပိုင်း သင်္ဘော ကိုအချိန်အတော်ကြာပြန်ပြင်ရပြီး အိုလံပစ် သင်္ဘောလိုင်းမှာ နာမည်ကျော် အက်ဆီးဒန့် တစ်ခု ဖြစ်ခဲ့ပါတယ်။ 

၁၉၁၂ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာတော့ တိုက်တန်းနစ် သင်္ဘော (RMS Titanic) ကိုချိတ်ဆက်ခဲ့ပြီး တာဝန်ထမ်းဆောင်ပါတယ်။ မကြာပါဘူး။ ရေခဲ ဝင်တိုက်ပြီး လူပေါင်း ၁၅၀၀ သေတဲ့အထဲမှာလည်း သူမပါပဲ လွတ်ခဲ့ပါတယ်။ 

နောက်ထပ် တစ်စီး Britannic စစ်ဆေးရုံ သင်္ဘောမှာ ၁၉၁၆ ခုနှစ်က စတင် တာဝန်ထမ်းဆောင်ပါတယ်။ ဒီမှာကျ စစ်သူနာပြုအနေနဲ့ပဲ ဖြစ်ပါတယ်။ ယင်းသင်္ဘောလည်း ရန်သူ ရေငုပ်သင်္ဘောရဲ့  ပစ်ခတ်မှုကြောင့် နှစ်မြှုပ်ပြီး လူ ၃၀ သေပါတယ်။ ၁၀၃၆ ဦးလွတ်ပြီး ယင်းအထဲမှာ သူမ ပါပါတယ်။ 

ဒီတော့ ကမ္ဘာ့ နာမည်ကြီး သင်္ဘော သုံးစင်းစလုံး နှစ်မြှုပ်မှုမှာ သူမ ပါပြီး ၃ စင်းလုံးကနေ သေဘေးမှ လွတ်မြောက်ပါတယ်။ တိုက်တန်းနစ် သင်္ဘော မှာတုန်းက အရာရှိတစ်ဦးရဲ့  ကလေးကိုချီလို့ သက်ကယ်လှေ နံပါတ် ၁၆ နဲ့ လွတ်သွားခြင်း ဖြစ်ပါတယ်။ စစ်ဆေးရုံ သင်္ဘောမှာကတော့ ရေအောက် ကျ ပြီး ဒဏ်ရာရလို့ အကယ်ဆယ် ခံရပြီးမှ လွတ်မြောက်သွား တာ ဖြစ် ပါတယ်။ RMS Olympic က ကြီးကြီးမားမား အက်ဆီးဒန့် မဟုတ် လို့ သေဘေးမှ လွတ်ပြီး Britannic က တော့ အချိန်မှီ အရေးပေါ် ကယ်ဆယ်ရေး စနစ်ကြောင့် လွတ်ပါတယ်။ 

အထက်တန်းလွှာ တွေကိုပဲ ဦးစာပေး ကယ်တဲ့ တိုက်တန်းနစ် သင်္ဘော ကနေ သေဘေးလွတ်သွား တယ်ဆိုတော့ သေဘေး သုံးခါတိတိမှာ သေခွင့် ကံ မကြုံသေးပဲ လွတ်ခဲ့တာကြောင့် Violet Jessop ကို နတ်ဘုရား များ စောင့်ရှောင့်သူလို့ တင်စားခဲ့ကြောင်း သိရပါတယ်။ 

Ref: wiki
ရိုးရာလေး နည်းပညာ

Saturday, 13 July 2013

Violet Jessop အမည်ရ အိုင်ယာလန်သူ အိုင်းရစ်လူမျိုး အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ တကယ်ပဲ တိုက်တန်းနစ်အပြင် အခြားသော နာမည်ကြီး သင်္ဘော ၂ စင်းနှစ်မြှုပ်မှုမှာပါ အသက်မသေပဲ လွတ်လာသူ ဖြစ် ပါတယ်။

Telenor ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် ခန့်အပ်

Photo: Telenor ကုမ္ပဏီ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် ခန့်အပ်
Saturday, 13 July 2013

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါအောင်မြင် ထားသော နော်ဝေ အခြေစိုက်ွှ Telenor ကုမ္ပဏီက မြန်မာနိုင်ငံ တွင် ဆောင်ရွက်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမှုဆောင် အရာရှိချုပ်အဖြစ် Mr.Petter Furberg ကို ခန့်အပ်လိုက်ကြောင်း ယင်းကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

Mr.Petter Furberg သည် လက်ရှိ အချိန်တွင် ထိုင်းနိုင်ငံရှိ Telenor ပိုင် dtac ဆက်သွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီတွင် ငွေစာရင်း အရာရှိချုပ် (Chief Financial Officer) အဖြစ် တာဝန်ယူထားသူဖြစ်ပြီး မြန်မာနိုင်ငံရှိ Telenor လုပ်ငန်းများအတွက် အမှုဆောင် အရာရှိချုပ်အဖြစ် တိုးမြှင့်တာဝန်ယူ မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း Telenor ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Mr.Petter Furberg သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ PARKROYAL ဟိုတယ်တွင် တရားဝင် သတင်းစာရှင်းလင်းပွဲ ပြုလုပ် သွားမည် ဖြစ်သည်။

အဆိုပါ Telenor ကုမ္ပဏီက ခန့်အပ်လိုက်သည့် အမှုဆောင် အရာရှိချုပ်သည် မြန်မာအစိုးရနှင့် Telenor တို့ကြား ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အပြီးသတ် ညှိနှိုင်းသဘောတူပြီးချိန်မှသာ စတင် တာဝန်ယူမည် ဖြစ်ကြောင်း Telenor ကုမ္ပဏီထံမှ သိရသည်။

“မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ အရည်အသွေးမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို အများလက်လှမ်းမီတဲ့ အဖိုးအခနဲ့ ဆောင်ရွက်ပေးနိုင် မယ် လို့ ကျွန်တော် ယုံကြည်ထားပါတယ်” ဟု Mr.Petter Furberg က ဆိုသည်။

Telenor ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ်သည် ယင်းကုမ္ပဏီတွင် ၁၄ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၎င်း၏ အတွေ့အကြုံများဖြင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ မြန်ဆန်စွာ ဖြန့်ကြက်ပေးနိုင်မည် ဖြစ်ကြောင်း Telenor Asia ၏ အကြီးအကဲဖြစ်သူ Sigve Brekke က ပြောကြားသည်။

ထို့အပြင် အင်တာနက်တွင် Telenor အမည်ဖြင့် ဖေ့စ်ဘုတ် စာမျက်နှာအတုများ ပေါ်ထွက်လာနေသောကြောင့် အဆိုပါကုမ္ပဏီက Telenor Myanmar တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာကို ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့သည်။

နော်ဝေအခြေစိုက် Telenor ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကာတာကုမ္ပဏီ Ooredoo နှင့်အတူ လုပ်ငန်းလိုင်စင်တင်ဒါ အောင်မြင်ထားပြီး ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်နှုန်းထားဖြင့် ဝန်ဆောင်မှု ပေးမည်ဟု ကတိပြုထားသည်။

The Voice Weekly

Saturday, 13 July 2013

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါအောင်မြင် ထားသော နော်ဝေ အခြေစိုက်ွှ Telenor ကုမ္ပဏီက မြန်မာနိုင်ငံ တွင် ဆောင်ရွက်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမှုဆောင် အရာရှိချုပ်အဖြစ် Mr.Petter Furberg ကို ခန့်အပ်လိုက်ကြောင်း ယင်းကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယောက်ဖဟု ခေါ်သဖြင့် လူသတ်မှုဖြစ်

Saturday, 13 July 2013

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သဗြုချိုင် တောင်ပေါ်ကျေးရွာအနီး လယ်တဲ တွင် ‘ယောက်ဖ... ယောက်ဖ’ ဟုခေါ်ပြီး ဆဲဆိုရာမှ လူသတ်မှု ဖြစ်ပွား ခဲ့ပြီး ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူ တစ်ဦးကို ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

အစ္စလာမ် ဥပုသ်လအတွင်း ထိုင်းအစိုးရနှင့် မွတ်ဆလင် သူပုန်တို့ အပစ်အခတ် ရပ်စဲ

Saturday, 13 July 2013

မွတ်ဆလင် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ဘာသာရေးကာလ ရာမာဒန်အတွင်း ထိုင်း အစိုးရနှင့် မွတ်ဆလင် သူပုန်များ အပစ်အခတ် ရပ်စဲရန်အတွက် မလေးရှားတွင် အကြိမ်ကြိမ် တွေ့ဆုံ ညှိနှိုင်းကြရာမှ သဘောတူညီမှု ရရှိသွားကြောင်း Bangkok Post သတင်း တစ်ရပ်က ဖော်ပြ ထားသည်။

ဘရာဇီး အလုပ်သမားသောင်းချီ ဆန္ဒပြ၊ ဆိပ်ကမ်းများနှင့် လမ်းမများ လုပ်ငန်း ရပ်ဆိုင်း

Photo: ဘရာဇီး အလုပ်သမားသောင်းချီ ဆန္ဒပြ၊ ဆိပ်ကမ်းများနှင့် လမ်းမများ လုပ်ငန်း ရပ်ဆိုင်း
Saturday, 13 July 2013

ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ အကျပ်အတည်း ဖြစ်နေခြင်းကြောင့် ဘရာဇီး အလုပ်သမားများ သောင်းနှင့်ချီ ဆန္ဒပြနေပြီး နိုင်ငံတွင်းရှိ ဆိပ်ကမ်းများနှင့် အဝေးပြေး လမ်းမကြီးများ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီး အလုပ်သမား သမဂ္ဂများက နိုင်ငံတွင်းရှိ ပြည်နယ် ၁၀ ခုတွင် ဆန္ဒပြမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဆန္ဒပြမှုများကြောင့် ဘရာဇီးနိုင်ငံ၏ အလုပ် အများဆုံး ဆိပ်ကမ်းများဖြစ်သည့် ဆာပေါလို ဆိပ်ကမ်း၊ တန်ဂူအိုင်း တောင်ပိုင်း၊ ဆူပီနှင့် နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆိပ်ကမ်းများ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားသည်။

ထို့အပြင် မြို့ကြီးများရှိ ခရီးသည်တင်ကား မောင်းနှင်သူများလည်း ဆန္ဒပြနေခြင်းကြောင့် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီးနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ဆာပေါလိုမြို့တွင် ဆန္ဒပြသမား ၄၀၀၀ ခန့်က နာမည်ကျော် အေဘန်ဒါ ပေါလစ်တာ လမ်းမကြီးကို ပိတ်ဆို့ထားသည်။

“ဘရာဇီး ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေမှာ အကျပ်အတည်းတွေ ဖြစ်နေလို့ ကျွန်တော်တို့ ချီတက်ရခြင်း ဖြစ်ပါတယ်။ အဲဒီအရာတွေကို ပြောင်းလဲပစ်ရပါမယ်” ဟု ဆာပေါလို မြူနီစီပယ် ဝန်ထမ်းတစ်ဦး ဖြစ်သူ ပတ်ချိတီက AFP သတင်းကို ပြောကြားသွားသည်။

မြေယာနှင့် ပင်စင်စနစ် ပြုပြင်ပြောင်းလဲပေးရန်၊ တစ်ပတ် အလုပ်ချိန် သတ်မှတ်ချက် လျှော့ချပေးရန် နှင့် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို အဆင့် မြှင့်တင်ပေးရန် အလုပ်သမား သမဂ္ဂ များက တောင်းဆိုလိုက်သည်။

အလုပ်သမားများက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ အသုံးပြု လူစုခွဲခဲ့သည်။

လက်ရှိ ဖြစ်ပွားနေသော ဆန္ဒပြမှုများမှာ ပြီးခဲ့သည့်လတွင်း ဖြစ်ပွားခဲ့သည့် လူပေါင်း သန်းနှင့်ချီ ပါဝင်ခဲ့သည့် ဆန္ဒပြပွဲများအောက် ပမာဏ သေးငယ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပညာရေး၊ ကျန်းမာရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ဝန်ဆောင်မှု မြှင့်တင်ပေးရန် ဘရာဇီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ဇွန်လအတွင်း ပေါ်ပေါက်လာခြင်းကြောင့် ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပေးမည် ဟု သမ္မတ ဒိုင်မာရုဖ်ဘက်ဖ်က ကတိပြုခဲ့သည်။

ထို့အပြင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးမည်ဟု သမ္မတက အဆိုပြုသော်လည်း လာမည့်နှစ် ရွေးကောက်ပွဲ မကျင်းပခင် အချိန်တွင်း ယင်းဖြစ်စဉ် ပေါ်ထွန်းရန် မဖြစ်နိုင်ကြောင်း လွှတ်တော်က မှတ်ချက်ပြု ထားသည်။

The Voice Weekly

Saturday, 13 July 2013

ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြားသော ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ အကျပ်အတည်း ဖြစ်နေခြင်းကြောင့် ဘရာဇီး အလုပ်သမားများ သောင်းနှင့်ချီ ဆန္ဒပြနေပြီး နိုင်ငံတွင်းရှိ ဆိပ်ကမ်းများနှင့် အဝေးပြေး လမ်းမကြီးများ လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကျူးကျော် အိမ်ထောင်စု ၄၅၀ ကျော်ကို ပြောင်းရွှေ့စရိတ် ကျပ်နှစ်သိန်း စီ ထောက်ပံ့

Photo: ကျူးကျော် အိမ်ထောင်စု ၄၅၀ ကျော်ကို ပြောင်းရွှေ့စရိတ် ကျပ်နှစ်သိန်း စီ ထောက်ပံ့
Saturday, 13 July 2013

ဝင်ငွေနည်းသူများအတွက် အရစ်ကျ ရောင်းချရန် ဆောင်ရွက်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရတနာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်း နယ်မြေအတွင်းရှိ ကျူးကျော်နေ အိမ်ထောင်စု ၄၅၀ ကျော်ကို ယာယီ မြေနေ ရာသို့ ပြောင်းရွှေနိုင်ရန် ဇူလိုင်လ ၁၀ ရက်နေ့က အိမ်ထောင် တစ်စုလျှင် ကျပ်နှစ်သိန်းစီ ထောက်ပံ့ခဲ့ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ကျူးကျော်နေထိုင်သူများ ယာယီ နေထိုင်နိုင်ရန် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် (၁၅၅) ရပ်ကွက်နှင့် (၁၃၈) ရပ်ကွက်တို့တွင် နေရာ ချထားပေးပြီး ဇူလိုင်လ ၁၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ညွှန်ကြား ထားကြောင်း အဆိုပါဌာန မြေခွန်၊ မြေတိုင်းဌာနခွဲမှထံမှ သိရှိရသည်။ 

နေထိုင်သူများဘက်မှ ပြောင်းရွှေ့ချိန် စရိတ်နှင့် ပြောင်းရွှေ့ပြီးပါက စား ဝတ်နေရေး အဆင်ပြေစေရန် ကျပ်နှစ်သိန်းကို တောင်းခံခဲ့ရာ ဌာနကလည်း လိုက်လျောကာ ထောက်ပံ့ခြင်းဖြစ်ကြောင်း ယင်းနေထိုင်သူ များထဲမှ ရပ်မိ ရပ်ဖ ဦးဝင်းလှိုင်က ပြောကြားသည်။ 

အဆိုပါ အိမ်ထောင်စုများက ဇူလိုင်လ ၁၀ ရက်နေ့တွင် ထောက်ပံ့စရိတ် ရရှိချိန်မှ စတင်ကာ ယာယီ ပြောင်းရွှေ့ရန် သတ်မှတ်ထားသည့် နေရာ သို့ ပြောင်းရွှေ့လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဝင်ငွေနည်းသူများ အရစ်ကျ ဝယ်ယူနိုင်ရန် ရတနာနှင့် ဧရာဝဏ် အိမ်ရာ စီမံကိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၆၁) ရပ်ကွက်နှင့် (၆၇) ရပ် ကွက်အတွင်းရှိ မြေဧက ၂၂၀ ကျော်တွင် ၁၈ ထပ် အဆောက်အအုံ ၄၈ လုံး၊ အခန်းပေါင်း ၃၄,၂၇၂ ခန်းကို ကုမ္ပဏီပေါင်း ၂၀ ကျော်ဖြင့် ဆောက်လုပ် မည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန် ကြေ ညာခဲ့သည်။

The Voice Weekly


Saturday, 13 July 2013

ဝင်ငွေနည်းသူများအတွက် အရစ်ကျ ရောင်းချရန် ဆောင်ရွက်နေသည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရတ
နာနှင့် ဧရာဝဏ် အိမ်ရာစီမံကိန်း နယ်မြေအတွင်းရှိ ကျူးကျော်နေ အိမ်ထောင်စု ၄၅၀ ကျော်ကို ယာယီ မြေ
နေ ရာသို့ ပြောင်းရွှေနိုင်ရန် ဇူလိုင်လ ၁၀ ရက်နေ့က အိမ်ထောင် တစ်စုလျှင် ကျပ်နှစ်သိန်းစီ ထောက်ပံ့ခဲ့
ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ပြည်ပသို့ ခေါ်ဆိုရာတွင် GSM နှင့် WCDMA ဖုန်းလိုင်း ဘီလ်များကို မြန်မာ ကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံတော့မည်

Saturday, 13 July 2013

ယခုလမှစ၍ GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်းလိုင်း ဘီလ်စနစ်များ ကို နိုင် ငံခြားသို့ ခေါ်ဆို ရာတွင် မြန်မာကျပ်ငွေ စနစ်ဖြင့် ပြောင်းလဲ ကောက် ခံတော့ မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။

ဘုရင်နောင်တံတားပေါ်မှ ရေထဲသို့ခုန်ချ၍သေကြောင်းကြံစည်

ရန်ကုန်၊ ဇူလိုင် ၁၃

၁၃.၇.၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ဘုရင့်နောင်တံတားဟောင်း၊ လှိုင်သာယာမြို့နယ်ဘက်၊ တံတားတိုင်အမှတ် RP 4 နှင့် RP 5 ကြားတံတားမြောက်ဘက်ခြမ်းအပေါ်မှ အမျိုးသားတစ်ဦး
ရေထဲခုန်ချသွားသည်ကို ဘုရင့်နောင်တံတားသစ်
ဆောက်လုပ်ရေးစီမံကိန်း၊ လုပ်ငန်းခွင် လုပ်ကိုင်နေသူများမှ
တွေ့မြင်ခဲ့ကြသဖြင့် ဆောက်လုပ်ရေး လုပ်သားများဖြစ်သော

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက်

ကမ္ဘာ့အရပ်အရှည်ဆုံး ဆယ်ကျော်သက် 
Saturday, 13 July 2013

ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးကတော့ ဘရာဇီးနိုင်ငံက Elisany da Cruz Silva အမည်ရ ဆယ်ကျော်သက် မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။ 

အသက် ၁၇ နှစ်သာရှိသေးပြီး အရပ်ကတော့ ၆ ပေ ၉ လက်မ ရှိပါ တယ်။ ဘေး က သူ့ချစ်သူကတော့ အရပ် ၅ ပေ ၄ လက်မပဲ ရှိပါတယ်။ ဦးနှောက်အောက်မှာ ရှိတဲ့ အကြိတ်တစ်မျိုးကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကို သက်ရောက်ပြီး ၁၄ နှစ်သမီး အရွယ်ကစလို့ အရပ်ကို အင်မတန် ရှည်ထွက် စေခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ယင်း အကြိတ်ကို ဖယ်ထုတ်ပြီး ကျန်းကျန်းမာမာနဲ့ နေထိုင်နေပါပြီ။ အရပ် ၁ လက်မပဲ ထပ်လျော့သွား ပါ တယ်။ ဒါကြောင့် ယခု အသက် ၁၇ နှစ်မှာ အရပ်က ၆ ပေ ၉ လက်မ ရှိနေပြီ ဖြစ်ပါတယ်။ အသက်ကလည်း ငယ်သေးတော့ အရပ်ထပ် ထွက်နေနိုင်ပါသေးတယ်။ 

ကျောင်းဘတ်စ်ကားဆီးဖို့တော့ အဆင်မပြေနိုင်တော့ပါဘူး။ လက်ရှိ မှာ မော်ဒယ်လည်း လုပ်နေပါတယ်။ ကမ္ဘာ့ အရပ်အရှည်ဆုံး မောဒယ် အဖြစ် လည်း စံချိန်တင်ထားကြောင်း သိရပါတယ်။ 

Ref: duknow
ရိုးရာလေး ထူးဆန်းထွေလာ

http://www.yoyarlay.com/entertainment/123-discovery/36611-world-tallest-teenager

Saturday, 13 July 2013

ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးကတော့ ဘရာဇီးနိုင်ငံက Elisany da Cruz Silva အမည်ရ ဆယ်ကျော်သက်
 မော်ဒယ် တစ်ဦး ဖြစ်ပါတယ်။

ဝက်လက်-မန္တလေး မြန်မာပြည်သား ခရီးသည်တင်ယာဉ် အိမ်အတွင်းထိ ဝင်တိုက်၍ လူနှစ်ဦးသေဆုံး

ရွှေဘို၊ ဇူလိုင် ၁၂

ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှ မန္တလေးမြို့သို့ ပြေးဆွဲနေသော မြန်မာပြည်သား ခရီးသည်တင်ယာဉ်သည် ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က ဝက်လက်မြို့ ဘူတာရုံလမ်း ဆောက်လုပ်ရေး အင်ဂျင်နီယာရုံး အရှေ့ဘက်ရှိ လမ်းမနှင့်နီးကပ်စွာ ဆောက်လုပ်ထားသော ပျဉ်ထောင်အိမ်တစ်လုံးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့ရာ လူနှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဝက်လက်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

သပြုချိုင်မွတ်စလင်မ်များအား အကြမ်းဖက်ရန် အုပ်လိုက်တက်လာသည့် ဆင်ခေါင်းရွာသားများ တပ်နှင့်ထိပ်တိုက်တွေ့သဖြင့် အပာုန်တန့်ကာနောက်ပြန်ဆုတ်

( ဇူလိုင် ၁၃၊ ၂၀၁၃)

သံတွဲမြို့နယ်၊နတ်မော်အုပ်စု၊ သပြုချိုင်ရွာရှိ အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်တိုက်ခိုက်ရန်အ

တွက်ဆင်ခေါင်းရွာမှ အကြမ်းဖက်သမား ၅၀ ထက်မနည်းသည် သပြုချိုင်ရွာ ကန်ပေါင်သို့ချီတက်လာရာ လုံခြုံရေးတပ်သား ၃၀ ကျော်နှင့် ထိပ်တိုက်တွေနေကြောင်း ဒေသခံများက မြန်မာမွတ်စလင်မ်မီဒီယာသို့ သတင်းပေးပို့သည်။

စစ်ကိုင်းတိုင်းဒေသကြီး တိုင်းအထွေထွေအုပ်ချုပ်ရေး အတွင်းရေမှုး ဦးစိုးစိုးဇော်သည် လက်နက်/မူးယစ်မှောင်ခိုရာဇာဖြစ်ကြောင်း ကလေးမြို့မီဒီယာများမှ ထုတ်ဖော်

*** ကလေး တမူး ရဲ ဂယက် နောက်ဆက်တွဲအသံတစ်ခု ***

မူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာ ပါဝင်ပတ်သတ်နေလို့ ကလေးနဲ့တမူးက ရဲအရာရှိကြီးတွေကို ဖမ်းသတဲ့။

ကောင်းပါလေ့။ ဒီလိုကိစ္စတွေမှာ ပတ်သတ်နေတဲ့သူမှန်သမျှ အရေးယူသင့်ပါတယ်။ မေလတုန်းကလည်း ကလေးစစ်ဆေးရေးဂိတ်တစ်ခုမှာ ကားတစ်စီးကို တားတာ မရပ်ပဲ မောင်းပြေးတယ်။ ဒီတော့ အဲ့ဒီဂိတ်ကနေ စက်နဲ့ပေါက်ပြီး ပိတ်ဆို့ခိုင်းတော့ တမူးခရိုင်မှူးကိုယ်တိုင် ဆင်းပြီးဖမ်းတော့ မိသွားလေရဲ့။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ၀န်ကြီးများအိမ်ယာ တွင် ရွှေအုန်းသီး-မောင်မောင် ဆိုသူ အဘယ်ကြောင့် ၀င်ထွက်ခွင့်ရနေပါသနည်း?

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် တွင် တည်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ
အဖွဲ့ လွှတ်တော်ဝန်ကြီးများအိမ်ယာ၏ အနောက်ဘက်တွင် ဂိတ်တံခါးပေါက်(၂)ပေါက်ရှိပြီး တစ်ပေါက်မှာ
ဝန်ကြီးချုပ်တစ်ဦးသာလျှင် ၀င်ခွင့် ထွက်ခွင့် ပြုလုပ်ရပြီး ကျန်ရှိသော လွှတ်တော် ဥက္ကဌ လွှတ်တော် ဒုဥက္ကဌ
 နှင့် တိုင်းဒေသကြီး ၀န်ကြီးများအားလုံး အ၀င်အထွက် ပြုလုပ်ခွင့် မရရှိကြောင်း ကျန်တစ်ပေါက်မှသာ အား
လုံးဝင်ထွက်ခွင့်ပြုလုပ် ခွင့်ပေးထားကြောင်းသိရပါသည်။

အရေးကြီးသတင်း သံတွဲ ၁၂.၇.၂၀၁၃ ည ၁၂း၀၀

ရခိုင်ပြည်နယ် သံတွဲမြို့ ဗဗြုဆိုင်ကျေးရွာအတွင်းမှာ နေထိုင်တဲ့ မွတ်စလင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်ပြီး လူနေအိမ်တွေကို မီးရှိုဖြက်ဆီးဖို့ ဆင်းခေါင်းနဲ့ ညောင်ခြေတောင်ရွာသား ဗုဓ္ဒဘာသာဝင် အကြမ်းဖက်သမား လူဦးရေ (၃၀၀)သုံးရာကျော်တို့က ဖိုးစိန်ကြီး ကုတိုဆိတ်ကနေ လူစုဝေးကာ ဗဗြုဆိုင်ရွာကျေးရွားနေ မွတ်စလင်မ်များအား သတ်ဖြက်ဖို့အတွက် စတင်ဝိုင်းရံထားပြီးဖြစ်တယ်။

ကျောခိုင်းခံလိုက်ရသော မြန်မာပြည် (ဘာသာပြန်သတင်းဆောင်းပါး)

ဇူလိုင်-၁၁၊ ၂၀၁၃
ဖုန်တွေသဲတွေဖုံးလွှမ်းနေတဲ့ ဦးခေါင်းခွံ အပိုင်းအစတွေ၊ သွားတွေတွဲလျက်ရှိနေသေးတဲ့ မေးရိုးတစ်စုံရဲ့ အကျိုးအပဲ့တွေ၊ ၀ါးရင်းတုတ်နဲ့ရိုက်နှက်တိုက်ခိုက်ခံရပြီး မြေပေါ်လဲကျခိုက် အရှင်လတ်လတ်ဓာတ်ဆီလောင်းမီးရှို့ခံလိုက်ရတဲ့ ရုပ်အလောင်းတွေ လဲလျောင်းနေကြပါတယ်။