Pages

Thursday, July 11, 2013

ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုသီချင်းခွေ တစ်နိုင်ငံလုံး ဖြန့်ချိမည်

Thursday, 11 July 2013

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ခံ ဂီတပညာရှင်များ ရေးသားသည့် တေး သံရှင် ခုနစ်ဦး သီဆိုထားသော ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ဂုဏ်ပြု သီချင်းခွေကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မတိုင်မီ တစ်နိုင်ငံ

လုံး ကို ဖြန့်ချိမည်ဖြစ်ကြောင်း အဆိုပါသီချင်းခွေတွင် ပါဝင်သီဆိုသူ တေးသံရှင် ပန်းချီစိုးမြင့်လေး က The
 Voice သို့ ပြောကြားသည်။

LGက ကမ္ဘာ့အပါးလွှာဆုံး Full HD LCD Smartphone Panelကို မိတ်ဆက်

Photo: LGက ကမ္ဘာ့အပါးလွှာဆုံး Full HD LCD Smartphone Panelကို မိတ်ဆက်
Thursday, 11 July 2013

LGဟာ ယခုနှစ်ပိုင်း အတွင်း ပိုမို ပါးလွှာ ပေါ့ပါးတဲ့ Display နည်းပညာ ဆိုင်ရာ ဖော်ထုတ်ချက်တွေကိုပဲ တစ်စိုက်မတ်မတ် လုပ်ဆောင်နေ တာ တွေ့ရပြီး ယခုလည်း ကမ္ဘာ့ အပါးလွှာဆုံး Full HD အရည်အသွေး ပြ သပေးနိုင်မယ့် LCDအမျိုးအစား Smartphone Panelသစ် တစ်မျိုးကို မနေ့က မိတ်ဆက် ပြသခဲ့ပါတယ်။ အဆိုပါ Panelသစ်ဟာ ၅.၂ လက်မ အရှည်ရှိမှာ ဖြစ်ပြီးတော့ အထူမှာ ၂.၂ မီလီမီတာသာ ရှိမှာ ဖြစ်ပြီး လက်ရှိ ဖုန်းလောကမှာ အပါးလွှာဆုံး Panel ဖြစ်ကြောင်း LGက ပြောကြားခဲ့ပါတယ်။ 

LGရဲ့ ပြောကြားချက်များအရ Panelပေါ်မှာရှိတဲ့ လိုင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို လျော့ချထုတ်လုပ်ထားပြီး ကြည်လင်တောက်ပမှု အပိုင်း မှာလည်း ပိုမိုကောင်းမွန်အောင် ဖန်တီး ထားတယ်လို့ ဆိုပါတယ်။

LGဟာ ဈေးနှုန်း ထပ်မံလျော့ချပြီး ဈေးကွက် တင်နိုင်မယ့် Panelတွေကို ထပ်မံ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပြီး ဖုန်းနဲ့ Tabletဈေးကွက်တွေ အတွက် အဓိကထား ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ LGဟာ လက်ရှိမှာ Smartphoneနဲ့ Tabletတွေရဲ့ Displayပိုင်းဆိုင်ရာ နည်းပညာ တီထွင်နိုင်မှုတွေကြောင့် အောင်မြင်မှု များစွာ ရရှိလျက်ရှိပြီး ပြီးခဲ့တဲ့ လအတွင်း ကလည်း LGအနေနဲ့ ကွေးနိုင်ဆန့်နိုင်ပြီး မကျိုးပျက်နိုင်တဲ့ Smaerphoneသုံး Display Panelကို တီထွင် ထုတ်လုပ်သွားမှာ ဖြစ်တဲ့ အကြောင်း ကြေညာခဲ့ပါသေးတယ်။ ဒါ့အပြင် Samsung, Nokiaနဲ့ Apple တို့ဟာလည်း ကွေးဆန့်နိုင်သော Smartphoneနဲ့ Tabletသုံး Screenများအား လွန်ခဲ့သော တစ်နှစ်ခန့် ကတည်းက စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

Myanmar ICT

Ref: http://news.cnet.com/8301-1035_3-57593208-94/lg-unveils-worlds-thinnest-full-hd-lcd-smartphone-panel

Thursday, 11 July 2013

LGဟာ ယခုနှစ်ပိုင်း အတွင်း ပိုမို ပါးလွှာ ပေါ့ပါးတဲ့ Display နည်းပညာ ဆိုင်ရာ ဖော်ထုတ်ချက်တွေကိုပဲ တစ်
စိုက်မတ်မတ် လုပ်ဆောင်နေ တာ တွေ့ရပြီး ယခုလည်း ကမ္ဘာ့ အပါးလွှာဆုံး Full HDအရည်အသွေး ပြသပေး
နိုင်မယ့် LCDအမျိုးအစား Smartphone Panelသစ် တစ်မျိုးကို မနေ့က မိတ်ဆက် ပြသခဲ့ပါတယ်။

Google Latitude ဝန်ဆောင်မှု ရပ်နားတော့မည်

Photo: Google Latitude ဝန်ဆောင်မှု ရပ်နားတော့မည်
Thursday, 11 July 2013

မိမိ၏ တည်နေရာကို Google Maps မှတစ်ဆင့် မိတ်ဆွေသူငယ်ချင်းများ အချင်းချင်း #sharing ပြုလုပ်နိုင်သော #Latitude ဝန်ဆောင်မှုကို လာမည့် သြဂုတ်လ ၉ ရက်မှစတင်၍ ရပ်နားတော့မည်ဖြစ်ကြောင်း Google က ထုတ်ပြန်ကြေညာသည်။ 

ထို့ကြောင့် Latitude ဝန်ဆောင်မှု အသုံးပြုသူများ၏ #friends #list ကို Google က ပယ်ဖျက်သွားမည်ဖြစ်ပြီး မိမိ၏တည်နေရာကို sharing လုပ်နိုင်တော့မည် မဟုတ်ချေ။ Google Maps အသုံးပြုသူများအနေဖြင့် မိမိ၏ တည်နေရာကို Google+ တွင် sharing ပြုလုပ်နိုင်ရန် Google က စီစဉ်ထားသည်ဟု ဆိုသည်။ 

#Google+ တွင် #location sharing ပြုလုပ်နိုင်ရန် #Android #OS အတွက် Google က ဖန်တီးပေးထားပြီးဖြစ်ကာ #iOS အတွက် မကြာမီ ရရှိနိုင်မည်ဖြစ်သည်။ Latitude ဝန်ဆောင်မှုကို ယခင်က Google Maps App ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဖန်းတီးပေးထားခြင်း ဖြစ်သည်။

Planet Myanmar Network

Thursday, 11 July 2013

မိမိ၏ တည်နေရာကိုGoogle Mapsမှတစ်ဆင့် မိတ်ဆွေသူငယ်ချင်းများအချင်းချင်း‪#‎sharing‬ ပြုလုပ်နိုင်သော
‪#‎Latitude‬ ဝန်ဆောင်မှုကို လာမည့် သြဂုတ်လ ၉ ရက်မှစတင်၍ ရပ်နားတော့မည်ဖြစ်ကြောင်း Google က ထုတ်ပြန်ကြေညာသည်။

ဆက်သွယ်ခ ဈေးများ Telenor နှင့် Ooredoo တို့ ထုတ်ပြန်

Photo: ဆက်သွယ်ခ ဈေးများ Telenor နှင့် Ooredoo တို့ ထုတ်ပြန်
Thursday, 11 July 2013

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်သည့် Telenor နှင့် Ooredoo ကုမ္ပဏီများက ၎င်းတို့၏ ၀န်ဆောင်မှုကို အသုံးပြုကြမည့် ဖောက်သည်များအနေဖြင့် မည်မျှ ကုန်ကျမည် ဆိုသည့် သတင်းအချက်အလက်များကို ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

နော်ဝေနိုင်ငံ အခြေစိုက် Telenor ကုမ္ပဏီက ကောက်ခံမည့် ဖုန်းခေါ်ဆိုခမှာ တမိနစ်လျှင် ၂၅ကျပ် (အမေရိကန် ၀.၀၃ ဒေါ်လာ) ဖြစ်ပြီး ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီ၏ ၀န်ဆောင်ခမှာ ကွန်ယက်တူချင်း ခေါ်ဆိုခ တမိနစ်လျှင် ၃၅ကျပ် (အမေရိကန် ၀.၀၄ ဒေါ်လာ)ဖြစ်ပြီး အခြား ကွန်ယက်များသို့ ခေါ် ဆိုခမှာ တမိနစ်လျှင် ၄၅ကျပ် (အမေရိကန် ၀.၀၅ ဒေါ်လာ)ဖြစ်သည်။ ယခု လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၏ ကောက်ခံမှုမှာ တမိနစ် ၅၀ ကျပ် ဖြစ်သည်။

မြန်မာနိုင်ငံသားများအတွက် ပိုမို အရေးကြီးသော အရေးကြီးသောအချက်က ဆင်းကဒ်ခေါ် လိုင်းကဒ်ဈေးနှုန်းဖြစ်သည်။ လွန်ခဲ့သောနှစ် အထိ လိုင်းကဒ် တ ကဒ်လျှင် ၂၀၀၀၀၀ကျပ် (အမေရိကန် ၂၀၄ဒေါ်လာ) ဖြင့် အစိုးရ က ရောင်း ချခဲ့သည်။ ထိုပမာဏသည် မြန်မာနိုင်ငံသားတဦးချင်း ပျမ်းမျှတနှစ် ၀င်ငွေ၏ သုံးပုံနှစ်ပုံလည်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုသည် သာမန်ပြည်သူတယောက်တတ်နိုင် သည့် အနေအထားနှင့် ဝေးကွာခဲ့ရသည်။

ယခုနှစ်အတွင်းက မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက ၁၅၀၀ ကျပ် လိုင်းကဒ်ကို မဲစနစ်ဖြင့် ရောင်းချသည်။ အပြင်ဈေးကွက်တွင် အနည်း
ဆုံး ကျပ် ၇၀၀၀၀ ပေါက်ပြီး ဝယ်ချင်တိုင်း ဝယ်၍ မရပေ။

Telenor နှင့် Ooredoo ကုမ္ပဏီများကလည်း လိုင်းကဒ်ကို တကဒ်လျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချမည်ဟု ဆိုသည်။ နောက်ပိုင်းကျလျှင် လိုင်းကဒ်
ကို အခမဲ့ ပေးနိုင်အောင် စီစဉ်နေသည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၏ ကြေညာချက်တွင် “ပြည်ထောင်စု အစိုးရက အရမ်းကို အင်အားကောင်းပြီးတော့ အတွေ့အကြုံရှိတဲ့ နိုင်ငံတကာ အော် ပရေတာ နှစ်ခုကို ရွေး ချယ်လိုက်တာပါ။ မြန်မာနိုင်ငံတလွှားမှာ တယ်လီဖုန်းဆက်သွယ်ရေး ကွန်ယက်တွေ အလျှင်အမြန် တိုးတက်ဖွံ့ဖြိုး လာပါလိမ့်မယ်” ဟု ဖော်ပြထားသည်။

Telenor နှင့် Ooredoo ကုမ္ပဏီများသည် ဇွန်လအတွင်းက ၎င်းတို့၏ ပြိုင်ဖက် ကိုးခုကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံ၏  မိုဘိုင်း တယ်လီဖုန်းဈေး ကွက်တွင် အော်ပရေတာ လိုင်စင်ရရှိခဲ့ကြသည်။ Orange ကုမ္ပဏီက တတိယနေရာတွင် အရန်အဖြစ်ရွေးချယ်ခံရပြီး Telenor နှင့် Ooredoo ကုမ္ပဏီများက ၎င်းတို့ အပေါ် သတ်မှတ်ပေးထားသည့် လိုအပ်ချက်အ မျိုးမျိုးကို ဖြည့်ဆည်းပေးရန် မအောင်မြင်ခဲ့ပါက အစားထိုးဝင်ရောက် လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

Telenor ကုမ္ပဏီက ၎င်းတို့ အနေဖြင့် လာမည့် ငါးနှစ်အတွင်းတွင် နိုင်ငံ ၏ နေရာ ၈၃ ရာခိုင်နှုန်းတွင် ဖုန်းဝန်ဆောင်မှု ပေးနိုင်ပြီး အင်တာနက် ၀န်ဆောင်မှုကို ၇၈ ရာခိုင်နှုန်းအထိ ပေးနိုင်အောင် ဆောင်ရွက်မည်ဟု ဆိုသည်။  မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ကြေညာထားသော Ooredoo ကုမ္ပဏီကလည်း တယ်လီဖုန်းနှင့် အင်တာနက်လွှမ်းခြုံမှုကို ငါးနှစ် အတွင်း ၈၄ ရာခိုင်နှုန်းအထိ ရရှိစေမည်ဟု ပြောဆိုခဲ့သည်။

Ooredoo ကုမ္ပဏီက လိုင်းကဒ် ၂၄၀၀၀၀ စရောင်းသွားမည် ဖြစ်ပြီး 
Telenor ကုမ္ပဏီက လိုင်းကဒ် ၇၀၀၀၀ ရောင်းမည်ဟု ယနေ့ ပြောကြား လိုက်ကြသည်။ ထို့ပြင် Telenor နှင့် Ooredoo ကုမ္ပဏီများက ကြို တင်ငွေဖြည့်ကဒ် ၇၂၀၀၀၀ နှင့် ၉၅၀၀၀ စီ အသီးသီး ရောင်းသွား မည်ဟုလည်း ဆိုသည်။

“လိုင်စင် အောင်မြင်သွားတဲ့ ကုမ္ပဏီ နှစ်ခုလုံးဟာ ပြည်နယ်နဲ့ တိုင်းဒေ
သကြီး အားလုံးမှာ တောရောမြို့ပါမကျန် သိပ်သည်းဆ ကောင်းတဲ့ကွန် ယက်တွေဖြန့်ကျက်ပြီး ထပ်တိုးတန်ဖိုးဝန်ဆောင်မှုတွေကို သက်သာ တဲ့ဈေးနှုန်းနဲ့ ၀န်ဆောင် ပေးသွားကြမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက ပြောသည်။

Telenor ကုမ္ပဏီက ၎င်းအနေဖြင့် ဘဏ္ဍာရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုဆိုင်ရာ ၀န်ဆောင်မှုများကို အာရုံစိုက်လုပ် ဆောင်သွားမည်ဖြစ်ပြီး အစိုးရ၊ ပြည်သူ့ဝန်ဆောင်မှု၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ၀က်ဆိုက်များကို အခမဲ့ဝန်ဆောင် ပေးသွားမည်ဟု ဆိုသည်။ 

ထို့နည်းတူ Ooredoo ကုမ္ပဏီ ကလည်း ဘဏ္ဍာရေးနှင့် ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုများ ကို ကူညီပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန်ဈေးနှုန်း၊ မိုးလေ၀သအခြေအနေနှင့် စက်ပစ္စည်းငှားရမ်းမှု ဆိုင်ရာ ၀န်ဆောင်မှုများပါ ၀င်သည့် ၀က်ဆိုက်ကွန်ယက်တခုကို တည်ထောင်ပေးသွားမည်ဟု သိရသည်။

“အခု ရွေးချယ်ခံလိုက်ရတဲ့ လျှောက်ထားသူ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်နယ်နဲ့ တိုင်းဒေသ အသီးသီးမှာ ရှိတဲ့မြန်မာပြည်သူတွေ အကျိုးအမြတ်ရရှိဖို့ကို ထိထိရောက်ရောက် ပါဝင်ဆောင်ရွက် ပေးသွားကြမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာနက နိဂုံးချုပ် ပြောကြား လိုက်သည်။

Telenor နှင့် Ooredoo ကုမ္ပဏီများကလည်း လိုင်းကဒ်ကို တကဒ်လျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချမည် 
(ဓာတ်ပုံ – ဂျေပိုင်)
ဧရာဝတီ
Telenor နှင့် Ooredoo ကုမ္ပဏီများကလည်း လိုင်းကဒ်ကို တကဒ်လျှင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချမည်
(ဓာတ်ပုံ – ဂျေပိုင်)
Thursday, 11 July 2013

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီးဖြစ်သည့် Telenor နှင့် Ooredoo ကုမ္ပဏီ
များက ၎င်းတို့၏ ၀န်ဆောင်မှုကို အသုံးပြုကြမည့် ဖောက်သည်များအနေဖြင့် မည်မျှ ကုန်ကျမည် ဆိုသည့် သတင်းအချက်အလက်များကို ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

Nokiaရဲ့ Windows Phoneအသစ် Lumia 1020

Photo: Nokiaရဲ့ Windows Phoneအသစ် Lumia 1020
Thursday, 11 July 2013

Nokiaဟာ သူ့ရဲ့ နောက်ဆုံး ထုတ် Windows ဖုန်းအသစ်တစ်လုံးကို ဒီနေ့မှာပဲ နယူယောက် မြို့မှာ မိတ်ဆက်သွားခဲ့ပါတယ်။ မော်ဒယ်သစ်ရဲ့ အမည်ကတော့ Lumia 1020ဖြစ်ပြီးတော့ ထူးခြားချက် အဖြစ်နဲ့ ကင်မရာ အပိုင်းမှာ 41 MPရှိတဲ့ ကင်မရာ တပ်ဆင်ထားတာကြောင်း တကယ်ကို စွမ်းအားမြင့် ဖုန်းတစ်လုံး ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဖုန်းအသစ်ဟာ ၄.၅ လက်မ အရွယ်ရှိ Screenပါရှိမှာ ဖြစ်ပြီး Screenဟာ AMOLEDစနစ်နဲ့ ပြသပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Resolutionအပိုင်းမှာ 1280×768 Pixelနှုန်းနဲ့ ပြသပေးမှာ ဖြစ်သလို အသုံးပြုထားတဲ့ Processor က Dual-Core Snapdragonကို အသုံးပြုထားကာ အမြန်နှုန်းမှာ 1.5 GHzရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ RAMအပိုင်းမှာ 2GBရှိမှာ ဖြစ်တာကြောင့် Appတွေကို စိတ်ကြိုက် ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

Storageအဖြစ်နဲ့ 32 GBပါရှိမှာ ဖြစ်ပြီးတော့ ရှေ့ဖက် ကင်မရာကိုလည်း Wide-angelအဖြစ် ရိုက်ကူးနိုင်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကင်မရာ အပိုင်းအတွက် အထောက်အကူ ပစ္စည်းများ အဖြစ် Xenon Flashနဲ့ F/2.2 Lensတွေပါ ပါရှိမှာ ဖြစ်ကာ အတည်ငြိမ်ဆုံး ရုပ်ထွက်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ချိတ်ဆက် သုံးစွဲနိုင်မှုများအတွက် micro-USB Portများလည်း ပါဝင် မှာ ဖြစ်ပြီး ဘက်ထရီ အပိုင်းမှာလည်း သက်တမ်းရှည်အောင် သုံးစွဲနိုင်ဖို့ တီထွင်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ဈေးကွက်ဝင် ဖုန်းအ ပိုင်းမှာတော့ ကင်မရာပိုင်း စွမ်းအား ကောင်းမွန်တဲ့ ဖုန်းအသစ်ကို Nokiaက မကြာခင် ဖြန့်ချိသွားမယ်လို့တော့ ပြောထားပါတယ်။

Myanmar ICT

Thursday, 11 July 2013

Nokiaဟာ သူ့ရဲ့ နောက်ဆုံး ထုတ် Windows ဖုန်းအသစ်တစ်လုံးကို ဒီနေ့မှာပဲနယူယောက် မြို့မှာ မိတ်ဆက်
သွားခဲ့ပါတယ်။ မော်ဒယ်သစ်ရဲ့အမည်ကတော့Lumia 1020ဖြစ်ပြီးတော့ထူးခြားချက်အဖြစ်နဲ့ကင်မရာအပိုင်း
မှာ 41 MPရှိတဲ့ ကင်မရာ တပ်ဆင်ထားတာကြောင်း တကယ်ကို စွမ်းအားမြင့် ဖုန်းတစ်လုံး ဖြစ်တယ်လို့ ဆိုပါ
တယ်။

ပန်ဘဲတန်းမြို့နယ်တွင် ဖုန်း(၁)လုံးဖြင့် မသင်္ကာတွေ့ရှိသူအား စစ်ဆေးအရေးယူ

ဖုန်း(၁)လုံးဖြင့် မသင်္ကာတွေ့ရှိသူအား စစ်ဆေးအရေးယူမှု

ရန်ကုန်၊ ဇူလိုင် ၁၁

၉.၇.၂၀၁၃ ရက်နေ့ ၁၇၄၅ အချိန် ၊ ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ တပ်ဖွဲ့ဝင်
များသည် ခိုးမှုကျူးလွန်ထားကြောင်း သတင်းရရှိထားသူ
အောင်ချစ်ထွေး (ခ)အမ်သာလီ၊ (ဘ)ဦးသိန်းဆွေ၊ (၁၀)ရပ်ကွက်၊ မအူပင်မြို့နယ်နေသူအား ပန်းဘဲတန်းမြို့နယ် (၅)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းထောင့်တွင် Google
beastsaudle စာတမ်းပါ အနီရောင်လက်ကိုင်ဖုန်း(၁)လုံးနှင့် အတူမသင်္ကာတွေ့ရှိ စစ်မေးရာ ၎င်းနေ့ ၁၇၃၀ အချိန်
အဆိုပါနေရာရှိ လမ်းဘေးဖုန်းအရောင်းဆိုင်မှ ခိုးယူလာကြောင်းစစ်ဆေးပေါ်သဖြင့် ပန်းဘဲတန်းမြို့မ ရဲစခန်း(ပ)၂၀၂/၂၀၁၃၊ပုဒ်မ၃၇၉/၅၄ ဖြင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ ဇူလိုင် ၁၁
၉.၇.၂၀၁၃ ရက်နေ့ ၁၇၄၅ အချိန် ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ
(၂)မှ တပ်ဖွဲ့ဝင်များသည် ခိုးမှုကျူးလွန်ထားကြောင်း သတင်းရရှိထားသူ

ရထားရှေ့သို့ ဒိုင်ပင်ပစ်ဝင်ကာ အကြိတ်ခံသဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁

၁၁.၇.၂၀၁၃ ရက်နေ့ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊(၁၆)ရပ်ကွက်၊ အမှတ်(၂)လမ်းမနှင့် အနော်ရထားလမ်းဆုံ၊ မီးရထားသံလမ်း၊ မိုင်တိုင်အမှတ် ၈/၁၆ အနီးတွင်လူတစ်ဦးရထားကြိတ်၍
သေဆုံးနေကြောင်းသတင်းအရ ဒဂုံ(အရှေ့)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ

ရွှေတိဂုံလုံခြုံရေးအဖွဲ့နှင့် ဓာတ်ပုံသတင်းထောက် အချင်းများမှု စီစီတီဗီမှတ်တမ်း မရှိဟုဆို

Photo: ရွှေတိဂုံလုံခြုံရေးအဖွဲ့နှင့် ဓာတ်ပုံသတင်းထောက် 
အချင်းများမှု စီစီတီဗီမှတ်တမ်း မရှိဟုဆို
Thursday, 11 July 2013


ထိုင်းဘုရင့်သမီးတော် သီရိဒုံ ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမြော် စဉ် ဥရောပသတင်းဓာတ်ပုံဌာန (EPA) ဓာတ်ပုံ သတင်းထောက် ကိုလင်း ဘိုဘိုနှင့် ရွှေတိဂုံစေတီတော် လုံခြုံရေးရဲအဖွဲ့တို့ ဖြစ်ပွားခဲ့သော အချင်း များမှုနှင့်ပတ်သက်ပြီး စီစီတီဗီ ကင်မရာမှတ်တမ်းများ မရှိကြောင်း ရွှေတိ ဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က ပြောသည်။

”စီစီတီဗီက မိုးတွင်း မိုးကြိုးပစ် ရင် ပျက်ပျက်သွားလို့ပိတ်ထားတယ်။ မျက်မြင်သက်သေရှိပါတယ်”ဟု ဦးဝင်းကြိုင်က ပြော သည်။ ရွှေတိ ဂုံ စေတီတော်၌ တပ်ဆင်ထားသော စီစီတီဗီ ကင်မရာများမှာ မိုးကြိုး ပစ်ခံရခြင်းကြောင့် ပျက်စီးမှုများ ရှိခဲ့ပြီး ၉ လုံးပျက်စီးခဲ့ကြောင်း ၇ လုံး ပြန် လည်တပ်ဆင်ပြီး ဖြစ်ကာ ၂ လုံး ကျန်နေသေးကြောင်း၊ ထိုင်းဘုရင့် သမီးတော်ရွှေတိဂုံစေတီတော်သို့ လာ ရောက်ဖူးမြော်စဉ်ကာလအတွင်း
က စီစီတီဗီကင်မရာများသည် မိုးတွင်း ကာလမို့ ပိတ်ထားသည့်ကာ လ ဖြစ် ကြောင်း ၄င်းကဆိုသည်။

”စီစီတီဗီကို မိုးကြိုးပစ်တယ်ဆို တာမျိုးက မရှိပါဘူး။ မီးပွိုင့်လို နေရာ မှာ တပ်ထားတဲ့ ကင်မရာတွေတောင် ဘာမှမဖြစ်ပါဘူး” ဟု စီစီတီဗီ ကင်မ 
ရာ တပ်ဆင်ရေးလုပ်ငန်း လုပ်ကိုင် သော မဟာဗန္ဓုလလမ်းနှင့် ၁၆ လမ်း ထောင့်ရှိ ZEST ဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂ ရက် က အလည်အပတ်ခရီးစဉ် လာရောက် ခဲ့သော ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီသီရိဒုံသည် ယင်းနေ့ ညပိုင်း က ရွှေတိဂုံစေတီတော်သို့ လာရောက် ဖူးမြော်ခိုက် သတင်းဓာတ်ပုံ ရိုက်ကူး ရန်ကြိုးစားစဉ် စေတီတော်လုံခြုံရေး ရဲအဖွဲ့ဝင်တစ်ဦး၏ တွန်းထိုးမှုကြောင့် လဲကျဒဏ်ရာရရှိခဲ့ပြီး Canon ID Mark III ၌ တပ်ထားသော 70-200 mm F4 L IS USM Lens ခါး လည်မှ ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း EPA သတင်းထောက် ကိုလင်းဘိုဘိုက ၄င်း၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေး သားဖော်ပြခဲ့သလို ဇူလိုင်လ ၃ ရက် က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ အချင်းဖြစ်ပွားမှုအား ဓာတ်ပုံရိုက်ကူးခဲ့သူ ပေါ်ပြူလာနယူးစ် ဂျာနယ်မှ ဓာတ်ပုံသတင်းထောက် ကို အောင်နိုင်စိုး (ကစ္ဆပ) က ”ကျွန်တော် ဓာတ်ပုံရိုက်ပြီး ၃ ပုံလောက်ရောက် တော့ လုံခြုံရေးအဖွဲ့ထဲကနေ ဓာတ်ပုံ ဆက်မရိုက်ခိုင်းနဲ့ ရိုက်ရင် ကင်မရာ ရိုက်ခွဲပစ်ကွာဆိုပြီး ပြောတာပါ” ဟု ¤င်းကိုယ်တိုင် တွေ့ကြုံခဲ့ရသည့်အပေါ် ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဇူ လိုင်လ ၄ ရက်က ရွှေတိဂုံစေတီတော် ဂေါပ ကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က မီဒီ ယာနှင့် တွေ့ဆုံရှင်းလင်းခဲ့ရာတွင် ၄င်းတို့ လုံခြုံရေးရဲအဖွဲ့မှ တွန်းထိုး လိုက်သည့် ဖြစ်စဉ်မရှိခဲ့ဘဲ ကိုလင်း ဘိုဘို အနေဖြင့် သူ့ဘာ သာသူ လဲကျ ခြင်းသာဖြစ်ကြောင်းနှင့် ရွှေတိ ဂုံ စေတီတော် ဘက်မှ ဓာတ်လှေကား အဆင်းတွင် စေတီတော်လုံခြုံရေး ရဲအဖွဲ့ဝင်အချို့က ထီးဖြင့်ရိုက်မည် ဟု ချိန်ရွယ်ခဲ့ခြင်း၊ ဓာတ်ပုံရိုက်လျှင် ကင်မရာရိုက်ခွဲမည်ဟု ပြောကြားခဲ့ ခြင်း မရှိခဲ့ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စီစီတီဗီ မှတ်တမ်းများ မရှိသော်လည်း မျက် မြင်သက်သေများအား မေးမြန်းထား မှုအပေါ်အခြေခံ၍ ပြော ဆိုခြင်းဖြစ် ကြောင်း ၄င်းကပြောသည်။

သို့သော် ယင်းမျက်မြင်သက်သေ များ၏ ပြောကြားချက်သည် အလုံးစုံ မှန်ကန်သည်ဟု မဆိုနိုင်သလို ဖြစ်စဉ် တင်ပြချက်သည် တထစ်ချ မှန် ကန်မှု မရှိနိုင်ကြောင်း တစ်စုံတစ်ခုသော အကြောင်းများကြောင့် ဖုံးကွယ်ထားမှု များလည်း ရှိနိုင်ကြောင်း ၄င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။ ဖြစ်စဉ် အပေါ် မျက်မြင်သက်သေဟုဆိုသော ပုဂ္ဂိုလ် ၆ ယောက်အား ဇူလိုင်လ ၅ ရက်က မီဒီယာများနှင့် တွေ့ဆုံပေးခဲ့ သော်လည်း ဓာတ်ပုံရိုက်ကူးခွင့်ကို သာ ပြုခဲ့ပြီး မေးခွန်းမေးမြန်းခွင့်မပြုခဲ့ပေ။

ယင်းမှာ မီဒီယာများ၏ မေးမြန်းမှု အပေါ်မျက်မြင်သက်သေများ အနေ ဖြင့် အတွေ့အကြုံ မရှိခြင်းေ ကြာင့် ဖြေကြားနိုင်ခြင်း မရှိမည်စိုးရိမ်၍ ဖြေကြားခွင့် မပြုခြင်းဖြစ်ကြောင်း၊ ယင်းမှာ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့၏ဆုံးဖြတ်ချက်ဖြစ်ပြီး အထက်ပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဂေါပက အဖွဲ့ ၏ ဖြေကြားချက်သည်သာ တရားဝင် ဖြစ်ကြောင်း ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇူလိုင်လ ၈ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနှင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သော်လည်း နှစ်ဖက်စလုံးမှ မီဒီယာများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ သော်လည်း တွေ့ဆုံပြော ဆိုဖြစ်ခဲ့သော အကြောင်းများကို ဓာတ်ပုံသတင်းထောက် ကိုလင်းဘိုဘို အား ပြန်ရှင်း ပြပေးသွားမည်ဟု စာနယ်ဇင်း ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နှစ်ဦး နှစ်ဖက်စလုံးမှ အပြန်အလှန် တရားစွဲ ဆိုသွားမည်ဟု ဆိုထားသော်လည်း အမှုဖွင့်ခြင်းမျိုး မရှိသေးပေ။

ဥာဏ်လင်းအောင်
Popular Myanmar News Journal

Thursday, 11 July 2013

ထိုင်းဘုရင့်သမီးတော် သီရိဒုံ ရွှေတိဂုံဘုရားသို့ လာရောက်ဖူးမြော် စဉ် ဥရောပသတင်းဓာတ်ပုံဌာန (EPA) ဓာတ်ပုံ သတင်းထောက် ကိုလင်း ဘိုဘိုနှင့် ရွှေတိဂုံစေတီတော် လုံခြုံရေးရဲအဖွဲ့တို့ ဖြစ်ပွားခဲ့သော အချင်း များမှုနှင့်ပတ်သက်ပြီး စီစီတီဗီ ကင်မရာမှတ်တမ်းများ မရှိကြောင်း ရွှေတိ ဂုံစေတီတော် ဂေါပကရုံးအဖွဲ့ဝင် ဦးဝင်းကြိုင်က ပြောသည်။

အီဂျစ်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သတင်းဓာတ်ပုံသမား တစ်ဦး သေဆုံး

Photo: အီဂျစ်လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သတင်းဓာတ်ပုံသမား တစ်ဦး သေဆုံး
Thursday, 11 July 2013

အီဂျစ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများအတွင်း ဓာတ်ပုံသ တင်းထောက် တစ်ဦးသည် မိမိ၏ သေမင်းကို နောက်ဆုံးအခိုက်အတန့်တွင် မှတ်တမ်းတင် ဗီဒီယို ရိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့က အီဂျစ်တွင် အုံကြွမှုများ ဖြစ်ပေါ်ရာ လုံခြုံရေး တပ်ဖွဲ့များက နှိမ် နင်းခြင်းကြောင့် လူပေါင်း (၅၁)ဦးထက်မနည်း သေဆုံးခဲ့သည်။ 

ယခုဖြစ်စဉ်တွင် ဆန္ဒပြသူများကို အထပ်မြင့် အမိုးပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင် လက်ဖြောင့်တပ်သား တစ်ဦးက ပစ်ခတ် ဖြိုခွဲသည်ကို ဓာတ်ပုံသ တင်းထောက် က ဗီဒီယိုဖြင့် မှတ်တမ်းတင်နေခဲ့သည်။ ထို့နောက် ယင်းလက်ဖြောင့် တပ်သားသည် သတင်းသမားဘက် လှည့်လာကာ ပစ်ခတ်လိုက်သည့် ပုံရိပ်ကိုပါ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ သတင်းသမားမှာမူ ထိုပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန် သေဆုံး သွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အီဂျစ်တွင် စစ်တပ်၏ ကြားဝင် မှုနှင့်အတူ အစိုးရ အပြောင်းအလဲ ပေါ်ပေါက်ခဲ့ပြီးနောက် ယခင်အစိုးရ ကို ထောက်ခံသူများနှင့် လုံခြုံရေး တပ်ဖွဲ့များကြား ပဋိပက္ခများ ဖြစ်ပေါ် ခဲ့သည်။

ဗီဒီယို၏ နောက်ဆုံးပုံရိပ်တွင် စစ်သားက တည့်တည့် ချိန်ရွယ်လိုက်ပုံ သာ နောက် ဆုံး ပါရှိပြီး ရပ်တန့်သွားသည်။ ကျည်ဆန်သည် ကင်မရာကို ထိမှန် ဖောက်ထွက်ကာ ရိုက်ကူးသည့် သတင်းသမားကို ဇီဝိန်ခြွေ သွားကြောင်း အီ ဂျစ်တွင် ခန့်မှန်းမှုများ ထွက်ပေါ်နေသည်။ (၂)မိနစ် ဝန်းကျင်မျှ ကြာမြင့်သော ဗီဒီယိုကို YouTube တွင် လွှင့်တင်ရာမှ လူသိများလာခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုသည် မိနစ်(၂၀)ကျော် ရိုက်ကူးထားပြီး အီဂျစ် သတင်းစာ တိုက် တစ်ခုမှ အသက်(၂၆)နှစ်အရွယ် သတင်းထောက် အာမက်ဆာမီ အာဆမ်၏ လက်ရာ ဖြစ်သည်။ သမ္မတ မိုဟာမက် မော်စီနှင့် မွတ်ဆလင် ညီအစ်ကိုတော်များ အဖွဲ့ကို အားပေးထောက်ခံသည့် ဆန္ဒပြသူများကြားတွင် ၎င်းသည် ယင်းဗီဒီယိုကို သတင်းယူ ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ 

ကင်မရာထဲမှ မှတ်တမ်း ဗီဒီယိုကို ပြန်လည် ရယူနိုင်ချိန်တွင် လက်ဖြောင့် တပ် သား၏ ချိန်ရွယ်မှု အပြီးမှာပင် အဆုံးသတ်နေကြောင်း သတင်းစာတိုက် က အတည်ပြခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း သေဆုံးသူများတွင် အာဆမ် လည်း ပါဝင်နေခဲ့သည်။ စစ်တပ်သည် ယခုပစ်ခတ် ဖြိုခွဲမှုတွင် ဆန္ဒပြသူများ ဘက်မှ စတင် အကြမ်းဖက်လာ၍ တုံ့ပြန်ခြင်းဟု ဝေဖန် ပြောဆိုထားသည်။

အစောင့်တပ်ဖွဲ့ ဌာန၏ အပြင်ဘက်တွင် စုပြုံလာသော ဆန္ဒပြသူများက တိုက်ခိုက်လာခြင်းကြောင့် စစ်တပ်က ပြန်လည် ပစ်ခတ်ခြင်းဟု ပြောဆို ထားသည်။ အီဂျစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက လတ်တလောတွင် သမ္မတဟောင်း မော်စီကို ဖမ်းဆီးခြင်း၊ စွဲချက်တင်ခြင်း ပြုလုပ်မထား ဘဲ ဘေးကင်းသည့် တစ်နေရာတွင်သာ ထိန်းသိမ်းထားကြောင်း ပြော ကြားခဲ့သည်။ 

Planet Myanmar Network

Thursday, 11 July 2013

အီဂျစ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်းများအတွင်း ဓာတ်ပုံသတင်းထောက်တစ်ဦးသည်မိမိ၏သေ
မင်းကို နောက်ဆုံးအခိုက်အတန့်တွင် မှတ်တမ်းတင် ဗီဒီယို ရိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့က အီဂျစ်တွင်အုံကြွမှုများ ဖြစ်ပေါ်ရာလုံခြုံရေးတပ်ဖွဲ့များက နှိမ် နင်းခြင်းကြောင့်လူပေါင်း(၅၁)ဦးထက်မနည်း
သေဆုံးခဲ့သည်။

တရုတ်တွင် မိုးသည်းထန် မြေပြိုမှုများကြောင့် လူ ၉ ဦးသေဆုံး

Photo: တရုတ်တွင် မိုးသည်းထန် မြေပြိုမှုများကြောင့် လူ ၉ ဦးသေဆုံး
Thursday, 11 July 2013

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုများ ဖြစ်ပေါ်ရာ လူ(၉)ဦး သေဆုံးပြီး (၆၂)ဦးမျှ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့မှစကာ နိုင်ငံ အနောက်တောင်ပိုင်း ဒေသများရှိ ကျေး ရွာအချို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အိမ်နှင့် တံတားအချို့ ပြိုကျ ပျက်စီးခဲ့သည်။ 

ထို့အပြင် လမ်းပမ်း ဆက်သွယ်ရေးများ ပိတ်ဆို့ပြီး ဒါဇင်ပေါင်း များစွာသော ကျေးရွာများနှင့် အဆက်အသွယ် ပြတ်နေကြောင်း သတင်းများက ဆိုသည်။ တနင်္လာနေ့မှ စတင်ကာ ဆီချွမ်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၁.၄၅) သန်းကျော်သည် ဆိုးရွားသော ရာသီဥတုဒဏ်ကို ခံစားခဲ့ကြရသည်။ 

ဆီချွမ်ကဲ့သို့ တောင်ထူထပ်သော နေရာများတွင် ရာသီဥတု ဆိုးရွားမှု ၏ နောက်ဆက်တွဲအဖြစ် မြေပြိုမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဒေ
သဆိုင်ရာ အာဏာပိုင်များက ဇိုဇင်းမြို့နယ်တွင် မြေပြိုမှုများ ဖြစ်ပွားရာ (၉)ဦး သေဆုံးပြီး (၂၁) ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ပြော ကြားခဲ့သည်။ 

CCTV သတင်းဌာနက အရှိန်အဟုန်နှင့် စီးဆင်းနေသော ရွှံ့ရည်များ ဖြတ်သန်းနေသော အပျက်အစီးများကို ပြသခဲ့သည်။ ဂျီအန်ယူမြို့တွင် လူ(၁၂)ဦးနှင့် မော်တော်ယာဉ် (၆)စင်းထက် မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။ 

ဗုဒ္ဓဟူးနေ့က နောက်ထပ် မြေပြိုမှုတစ်ခု ဖြစ်ပွားရာ လူ(၂၀၀၀)မျှသည် ဥမင်တစ်ခုထဲတွင် ပိတ်မိနေခဲ့သေးသည်။ လတ်တလောတွင် ဘီချွန်းခရိုင်ရှိ အဓိက လမ်းပိုင်းကို ရှင်းလင်းမှုများ အရေးပေါ် လုပ်ဆောင်နေရသည်။ ယင်းသည် ကျေးရွာပေါင်း (၄၀)ကျော်ကို ဆက်သွယ်ပေးသည့် လမ်းလည်းဖြစ်သည်။ လတ်တလောတွင် မုန်တိုင်းများကြောင့် ဆီချွမ်မှ လူပေါင်း (၁၁၀၀၀၀)ကျော်ကို နေရာပြောင်းရွှေ့ ပေးထားရကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network


Thursday, 11 July 2013

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွရွာသွန်းရာမှ မြေပြိုမှုများ ဖြစ်ပေါ်ရာလူ(၉)ဦး သေဆုံးပြီး (၆၂)ဦးမျှ ပျောက်
နကြောင်း သိရှိရသည်။ ဗုဒ္ဓဟူးနေ့မှစကာ နိုင်ငံ အနောက်တောင်ပိုင်း ဒေသများရှိ ကျေး ရွာအချို့တွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အိမ်နှင့် တံတားအချို့ ပြိုကျ ပျက်စီးခဲ့သည်။

ဆီးဂိမ်းသီချင်းများအား ပရိသတ်မှ မဲပေး ရွေးချယ်နိုင်

Thursday, 11 July 2013

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အသုံးပြုမည့် Theme Song သီချင်းများအား ပရိ

သတ်များမှ မဲပေး ရွေးချယ်နိုင်ကြောင်း အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ Theme Song သီချင်းများကို ဇူလိုင် ၇ ရက်မှ စတင်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အား/ကာ ဦး
စီဌာနများ၌ အခမဲ့ ထုတ်ယူနိုင်ပြီး ဇူလိုင် ၁၅ ရက် နောက်ဆုံးထားရွေးချယ်ပေးပို့ရမည် ဖြစ်သည်။

ကားဘီးပေါက်သည်ကို ဗုံးပေါက်ဟု ကောလာဟလထွက်၍ ပဲခူးတွင် ကျောင်းသားမိဘများစုဝေး

Thursday, 11 July 2013

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ဈေးပိုင်း ရပ်ကွက် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းရှေ့တွင် ကားဘီးပေါက်သည်ကို ဗုံးပေါက်ကွဲသည်ဟု ကောလာဟလ ထွက်ပေါ်လာသောကြောင့် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းက အဆိုပါကျောင်းရှေ့သို့ ကျောင်းသားမိဘများ စုဝေးရောက်ရှိလာကြောင်း ပဲခူးမြို့ ဒေသခံများက The Voice သို့ ပြောကြားသည်။

သံတွဲမြို့အနီး ရွာများတွင် မွတ်စလင်မ်ပိုင်အိမ်ရာ ပစ္စည်းများအား ဖျက်ဆီး လုယက်မှုများရှိနေ

ဇူလိုင် ၁၀၊ ၂၀၁၃

သံတွဲ ။ ။ ရခိုင်ပြည်နယ် သံတွဲမြို့အနီး ရွှေကျောင်းပြင်ရွာတွင် မွတ်စလင်မ်ပိုင် လယ်တောရှိ တဲကို မီးရှို့ဖျက်ဆီးပြီး မွေးမြူထားသော ဆိတ်နှင့် ကြက်များကို လုယက်မှုတစ်ခု ယမန်နေ့ညပိုင်းက ရွှေကျောင်းပြင်ရွာ သမင်ကန်တွင်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား

အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား
=================
အိမ်ဖြူတော်
ပြန်ကြားရေးဝန်ကြီးရုံး
ဇူလိုင်၊ ၈ ရက်

ရမသွာန်လမြတ်အစဦးတွင် ကျွန်တော်နှင့်Michelleတို့မှ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာအ၀န်းရှိ မွတ်စလင်မ်များကို ဆုတောင်းမေတ္တာကောင်း ပို့သလိုက်ပါသည်။

ကမ္ဘာ့မွတ်စလင်မ် သန်းတစ်ထောင့်ငါးရာအတွက် ရမသွာန်လသည် ဥပုသ်သီလဆောက်တည်ခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၊ အကြင်နာတရားနှင့် သူတပါးတို့အားကူညီရန်အစဉ်အမြဲ တွေးတောပြင်ဆင်နေမှုကို ထင်ဟပ်စေခြင်းတို့အတွက် အချိန်အခါတစ်ရပ်ဖြစ်သည်။ ဤလမြတ်သည် မိသားစု မိတ်ဆွေသူငယ်ချင်းများ အတူတကွ စုစည်းကြရန်နှင့် ကွဲပြားသော ဘာသာတရားတို့၏ သက်ဝင်ယုံကြည်သူနောက်လိုက်များကို စုစည်းမိစေသော ကိုယ်ကျင့်တရားများဖြစ်သည့် ကျွန်တော်တို့၏ ညီနောင် လူသားများအတွက် ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ သာတူညီမျှမှုနှင့် သနားကြင်နာမှုတို့ကို အာမခံကြိုးပမ်းမှုတို့ ဆောင်ရွက်ရန် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်သည်။ ဤဆက်နွယ်မှုများသည် ကျွန်တော်တို့ကို မကြာခဏဆိုသလို ကွဲပြားသွားစေသော ကွဲပြားခြားနားမှုများထက် ပို၍ အားကောင်းကြပါသည်။

လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများသည် လူသားအားလုံးအတွက် ငြင်းမရနိုင်သည့် ရပိုင်ခွင့်များဖြစ်ကြောင်းကိုလည်း ဤလမြတ်သည် ကျွန်တော်တို့အား အသိပေးအမှတ်ရစေသည်။ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ နိုင်ငံသားအများ ဤအခြေခံရပိုင်ခွင့်များအတွက် ဆက်လက်ရုန်းကန်ကြိုးပမ်းနေရသော အချိန်အခါနှင့် သန်းပေါင်းများစွာသော ဒုက္ခသည်များ သူတို့နေအိမ်များ၏ အဝေးတွင် ရမသွာန်လကို ကိုယ်စားပြုနေရစဉ်တွင် ကျွန်တော်တို့ အနေဖြင့် အားလုံးနှင့်ဆိုင်သော ဤတန်ဖိုးများကို လေးနက်စွာ စဉ်းစားမိပါသည်။ လူသားအားလုံး မိမိတို့၏ ကိုယ်ပိုင် အနာဂတ်ကို ရေးချယ်နိုင်သော၊ အကြမ်းဖက်မှုကို ကြောက်ရွံ့စိုးထိတ်မှုမရှိဘဲ မိမိတို့ သက်ဝင်ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ သက်ဝင်ကျင့်သုံးနိုင်သော ကမ္ဘာတစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းနေသူများနှင့်အတူ အမေရိကန်ပြည်ထောင်စုသည် ရပ်တည်နေပါသည်။

အမေရိကန်ပြည်ထောင်စုတွင် ရမသွာန်လမြတ်သည် သန်းပေါင်းများစွာသော အမေရိကန်မွတ်စလင်မ်တို့က ကျွန်တော်တို့ နိုင်ငံတော် အစိုးရ၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ အရေးကြီးသော သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိချက်များကို ဦးဆောင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းနှင့် ကျွန်တော်တို့၏ အိမ်နီးချင်းများကို အကူအညီလိုအပ်စဉ် ဂရုစိုက်ခြင်းတို့အားဖြင့် ကျွန်တော်တို့ နိုင်ငံကို နေ့စဉ် မြှင့်တင်တိုးတက်စေခဲ့တာကို သတိပေး အမှတ်ရစေပါသည်။

အမေရိကားနှင့် ကမ္ဘာအ၀န်းရှိ မွတ်စလင်မ်များ မိသားစုတွင်း ပျော်ရွှင်မှုများ၊ ငြိမ်းချမ်းမှုနှင့် နားလည်မှုများစသည့် ကောင်းခြင်းမင်္ဂလာတို့ဖြင့်ပြည့်သော လတစ်လ ဖြစ်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါသည်။ ရမသွာန် ကရီးမ် (ရမသွာန် နှုတ်ဆက်စကား)။

http://www.m-mediagroup.com/news/15770

ဇူလိုင်၊ ၈ ရက်

ရမသွာန်လမြတ်အစဦးတွင် ကျွန်တော်နှင့်Michelleတို့မှ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာအ၀န်းရှိ မွတ်စ
လင်မ်များကို ဆုတောင်းမေတ္တာကောင်း ပို့သလိုက်ပါသည်။