Pages

Wednesday, July 10, 2013

နိုင်ငံတကာ ကုမ္ပဏီ များက စိတ်ဝင်စား နေသော မြန်မာ့ မီးရထား ဌာန တစ်နှစ်ကို ငွေကျပ် သိန်း ၉ဝဝဝ ကျော် အရှုံးပေါ်နေ

Photo: နိုင်ငံတကာ ကုမ္ပဏီ များက စိတ်ဝင်စား နေသော မြန်မာ့ မီးရထား ဌာန တစ်နှစ်ကို ငွေကျပ် သိန်း ၉ဝဝဝ ကျော် အရှုံးပေါ်နေ 

Wednesday, 10 July 2013
မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန်နိုင်ငံတကာက စိတ်ဝင်စားနေပြီး မြန်မာ့ မီးရထား ဌာန အနေဖြင့် တစ်နှစ်လျှင် ငွေကျပ်သိန်း ၉ဝဝဝ ကျော် အရှုံးပေါ် နေကြောင်း သိရသည်။

ပြည်တွင်း ခရီးသွား လုပ်ငန်းများတွင် ရင်းနှီး မြုပ်နှံရန် တောင်ကိုရီးယား ရင်းနှီး မြုပ်နှံသူများ အနေဖြင့် စိတ်ဝင်စားလျက် ရှိပြီး လုပ်ကိုင်ခွင့် ရပါက လုပ်ကိုင်လိုကြောင်း သိရသည်။ ထိုသို့ ခရီးသွား လုပ်ငန်းကို နိုင်ငံတကာက ရင်းနှီးမြှုပ်နှံ ချင်သော အကြောင်းရင်း များထဲတွင် မြန်မာနိုင်ငံ၌ နှစ်စဉ် တိုးတက် လာသော နိုင်ငံတကာ ခရီးသွား အရေအတွက်ကြောင့် အဓိက ဖြစ်ကြောင်းသိရသည်။

တောင်ကိုရီးယား ရင်းနှီး မြုပ်နှံသူများ အနေဖြင့် အကျိုးအမြတ် ရရန် သေချာသော လုပ်ငန်း များကိုသာ အဓိက ရင်းနှီး မြုပ်နှံရန် စိတ်ဝင်စား ကြပြီး မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ ရှိရာမြို့များသို့ နိုင်ငံတကာ ခရီးသွားများကို ပို့ဆောင် ပေးခြင်းဖြင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းမှ အကျိုးအမြတ် များစွာ ရရှိနိုင်မည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံမှ ရင်းနှီး မြှုပ်နှံသူ တစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများ၏ အဓိက အခက်အခဲမှာ ပြည်တွင်း လုပ်ငန်းရှင် များနှင့် ပူးပေါင်း လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပူးပေါင်း လုပ်ဆောင်ရာတွင် နည်းပညာ အရ ကွာဟချက်များ ရှိသောကြောင့် နိုင်ငံတကာ ကုမ္ပဏီ များကို အခက် တွေ့စေကြောင်း သိရသည်။

ပြည်ထောင်စု အစိုးရ အနေဖြင့် နိုင်ငံတော်ပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးအပ်လျက် ရှိပြီး နိုင်ငံ ဖွံ့ဖြိုးရေးကို ဦးစားပေး ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်း လုပ်ငန်းရှင်များနှင့် အတတ် ပညာရှင် များကို နိုင်ငံတကာ လုပ်ငန်းရှင်များ၏ လုပ်ငန်းများတွင် ပူးပေါင်း လုပ်ဆောင် စေခြင်းကြောင့် နည်းပညာ ရရှိနိုင်မည် ဖြစ်ကြောင်း ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် နိုင်ငံတကာ ခရီးသွားများ နှစ်စဉ် ၄ဝ ရာခိုင်နှုန်းခန့် တိးုတက် လာနေပြီး လာမည့် ခရီးသွားနှစ်တွင် မျှော်မှန်းထားသော ဦးရေထက် မြင့်တက် လာနိုင်စရာ ရှိနေကြောင်း ခရီးသွား ကုမ္ပဏီများ ထံမှ စုံစမ်း သိရှိရသည်။

ယင်းသို့ ခရီးသွား ဦးရေ တိုးတက် လာမှုကြောင့် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းသည်လည်း  ဖွံ့ဖြိုးလာရန် လိုအပ်နေပြီး ဈေးနှုန်း ချိုသာသော ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းသည် ခရီးသွားများကို အဓိက ဆွဲဆောင်စေမည် ဖြစ်ကြောင်း ခရီးသွား ကုမ္ပဏီ၏ မန်နေဂျာ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့ မီးရထား လုပ်ငန်းမှာ တစ်နေ့လျှင် ငွေကျပ် ၂၅ သိန်း အရှုံး ပေါ်နေသောကြောင့် တစ်နှစ်လျှင် ငွေကျပ် ၉၁၂၅ သိန်းခန့် ရှိပြီး နိုင်ငံတော်၏ ဘတ်ဂျက်မှ ပြည်သူများ အတွက် အနစ်နာခံကာ ဖြည့်ဆည်း ပေးနေခြင်း ဖြစ်ကြောင်းသိရသည်။

တချို့သော ပြည်ပ လုပ်ငန်းရှင်များသည် မြန်မာ နိုင်ငံတွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံကြသော်လည်း ၎င်းတို့၏ အကျိုးအမြတ် ကိုသာ ကြည့်ပြီး မြန်မာ ပြည်တွင်းရှိ လုပ်ငန်းရှင် များကို နည်းပညာများ ဝေငှခြင်း မရှိကြောင်းလည်း သိရသည်။
မြ၀တီ

Wednesday, 10 July 2013
မြန်မာနိုင်ငံ၏ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် ရင်းနှီး မြှုပ်နှံရန်နိုင်ငံတကာက စိတ်ဝင်စားနေပြီး
 မြန်မာ့ မီးရထား ဌာန အနေဖြင့် တစ်နှစ်လျှင် ငွေကျပ်သိန်း ၉ဝဝဝ ကျော် အရှုံးပေါ် နေကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တော် နယ်နမိတ် အတွင်း တည်ဆောက် နေသော ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်ချိန် ကန့်သတ်

Photo: ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက  မြို့တော် နယ်နမိတ် အတွင်း တည်ဆောက် နေသော ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်ချိန် ကန့်သတ်

Wednesday, 10 July 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက  မြို့တော် နယ်နမိတ် အတွင်း တည်ဆောက် နေသော ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်ချိန် ကန့်သတ် လိုက်ကြောင်း သိရသည်။

ယင်းသို့ အလုပ်ချိန်များ ကန့်သတ် လိုက်ခြင်းသည် ဆောက်လုပ်ရေး လုပ်ငန်းများ ညဆိုင်း အလုပ်ချိန်များ၌ တိတ်ဆိတ်သည့် အချိန်တွင် အသံများ ပိုမို ကျယ်လောင်သဖြင့် အနီးအနားမှတိုင်တန်းမှုများ ရှိလာသောကြောင့် အချိန် ကန့်သတ်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာနမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''အလုပ်ချိန်က မနက် ၇ နာရီကနေ ညနေ ၆ နာရီ အထိ သတ်မှတ် ပေးထားပါတယ်။ စည်းကမ်း မလိုက်နာရင်တော့ အင်ဂျင်နီယာ လိုင်စင်၊ ကန်ထရိုက်တာ လိုင်စင်ကို ကျူးလွန်တဲ့ အပြစ်အလိုက် ခြောက်လကနေ တစ်နှစ်အထိိ အရေးယူသွားမှာပါ'' ဟု ၎င်းက ပြောကြားခဲ့သည်။
မြ၀တီ

Wednesday, 10 July 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့တော် နယ်နမိတ် အတွင်း တည်ဆောက် နေသော
ဆောက်လုပ်ရေး လုပ်ငန်းများ၏ အလုပ်ချိန် ကန့်သတ် လိုက်ကြောင်း သိရသည်။

မုတ္တမကမ်းလွန်တွင် ဓာတ်ငွေ့သိုက် အသစ် PTTEP တွေ့ရှိ

Photo: မုတ္တမကမ်းလွန်တွင် ဓာတ်ငွေ့သိုက် အသစ် PTTEP တွေ့ရှိ

Wednesday, 10 July 2013

ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်အော် အနီးရှိ M-3 လုပ်ကွက်တွင် လက်ရှိ စမ်းသပ် တူးဖော်နေသော လုပ်ကွက် သုံးခုမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်သော သဘာဝ ဓာတ်ငွေ့သိုက် အသစ် ရှာဖွေတွေ့ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ဦးဌေးအောင်က အတည်ပြု ပြောကြားသည်။

PTTEP ကုမ္ပဏီသည် အောင်သင်္ခ ၄၊ ၅ နှင့် ၆ အစမ်း တွင်း သုံးတွင်း ကို ဖေဖော်ဝါရီလမှ စတင်၍ စမ်းသပ် တူးဖော်ခဲ့ပြီးနောက် အဆိုပါ တွင်းများ မှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၄ သန်းနှင့် ရေနံစည်ပေါင်း ၂၀,၀၀၀ ကျော် ထုတ်ယူနိုင်ဖွယ်ရှိသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာ သတင်းတွင် ရေးသားထားသည်။

PTTEP ကုမ္ပဏီသည် အဆိုပါ M-3 လုပ်ကွက်ကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အောင်သင်္ခ ၁ နှင့် ၂ တို့တွင် ၂၀၁၁ ခုနှစ်မှ စတင်၍ သဘာဝဓာတ်ငွေ့ စတင် ထုတ်ယူနေရာ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ ဒသမ ၁၄ သန်း ထုတ်လုပ်နေကြောင်း စွမ်းအင် ဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

ယခု အသစ် တွေ့ရှိရသော သဘာဝဓာတ်ငွေ့သိုက်များမှ သဘာဝ ဓာတ်ငွေ့များကို ထုတ်ယူပြီးပါက ပြည်တွင်းတွင် အသုံးပြုရန် ပြန်လည် ရောင်းချသွားမည်ဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန ထံမှ သိရသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး စွမ်းအင်ကုမ္ပဏီ PTTEP ကုမ္ပဏီသည် မြန်မာနိုင်ငံ တွင် ၂၀၀၅ ခုနှစ်ကတည်း က ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ငန်းများကို လုပ်ကိုင်နေသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်ယူရေး လုပ်ငန်းသည် မြန်မာနိုင်ငံ တွင် လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ဒုတိယနေရာတွင် ရှိနေပြီး ၂၀၁၃ ခုနှစ် ဇွန်လအထိ စာရင်းများအရ အမေရိကန်ဒေါ်လာ ၁၄၃၇၂.၂၇၂ သန်းအထိ ရင်းနှီး မြှုပ်နှံထားသည်။
The Voice Weekly

Wednesday, 10 July 2013

ထိုင်း စွမ်းအင်ကုမ္ပဏီ PTTEP က မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်အော် အနီးရှိ M-3 လုပ်ကွက်တွင် လက်ရှိ စမ်းသပ် တူးဖော်နေသော လုပ်ကွက် သုံးခုမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင်သောသဘာဝ ဓာတ်
ငွေ့သိုက် အသစ် ရှာဖွေတွေ့ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာန သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ ဦးဌေးအောင်က အတည်ပြု ပြောကြားသည်။

ဂိုးသမား မာ့ခ်ရှဝါဇာကို ချယ်လ်ဆီးက မမျှော်လင့်ဘဲ စာချုပ်ခေါ်ယူ

Photo: ဂိုးသမား မာ့ခ်ရှဝါဇာကို ချယ်လ်ဆီးက မမျှော်လင့်ဘဲ စာချုပ်ခေါ်ယူ
Wednesday, 10 July 2013

ချယ်လ်ဆီးအသင်းသည် မမျှော်လင့်ဘဲ ဩစတြေးလျ ဂိုးသမားကြီး မာ့ခ်ရှဝါဇာကို ရုတ်တရက် ခေါ်ယူ စာချုပ်လိုက်ကြောင်း သိရသည်။ ဟင်းနရစ်ခ် ဟီလာရီယိုနှင့် ရော့စ်တန်ဘူးလ်တို့ ထွက်ခွာသွားသည့်နောက် ချယ်လ်ဆီးတွင် ပီတာဆက်ခ်ျကို အားဖြည့်ပေးမည့် အရန်ဂိုးသမား မရှိဘဲ ဖြစ်နေရာ အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် နောဝှစ်ခ်ျစီး
တီးမှ ဂျွန်ရူဒီကို ချိတ်ဆက်နေခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် လုံးဝ သတင်းမထွက်သည့် ဩစတြေးလျ ဝါရင့် ဂိုးသမားကြီး ရှဝါဇာကို (၁)နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။ အသက်(၄၀)အရွယ်ရှိ ရှဝါဇာသည် ဖူလ်ဟမ် အသင်းမှ စာချုပ်သက် တမ်းစေ့ပြီး ကလပ်လက်မဲ့ ဖြစ်နေရာမှ ချယ်လ်ဆီးသို့ ရောက်ရှိလာသည်။

ချယ်လ်ဆီးသည် ဘယ်လ်ဂျီယံ လူငယ်လက်တက် ဂိုးသမားလေး သီဘောက် ကော့ထရစ်ကို စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်တွင် (၃)ရာသီမြောက် အငှားချရန် ဆုံးဖြတ်ခဲ့သည့်နောက် အရန်ဂိုးသမား တစ်ဦးကို ရှာဖွေခဲ့ရခြင်း ဖြစ်သည်။ ဖူလ်ဟမ်သည် ရိုးမားအသင်းမှ မာတင် စတီကလန်ဘာ့ဂ်ကို ဝယ်ယူပြီးသည့်နောက် ရှဝါဇာကို လက်လွှတ်ခံခဲ့သည်။

ချယ်လ်ဆီးပိုင် ဝက်ဘ်ဆိုက်နှင့် အင်တာဗျူးတွင် ရှဝါဇာက "ဒီအသင်းဟာ ပြီးပြည့်စုံလွန်းပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အကြီးမားဆုံး အသင်းတွေထဲက တစ်ခုပါ။ ချယ်လ်ဆီးနဲ့ လက်တွဲခွင့်ရတာ ဂုဏ်ယူပါတယ်"ဟု ပြောကြားသွားသည်။

Planet Myanmar Network

Wednesday, 10 July 2013

ချယ်လ်ဆီးအသင်းသည် မမျှော်လင့်ဘဲ ဩစတြေးလျ ဂိုးသမားကြီး မာ့ခ်ရှဝါဇာကို ရုတ်တရက် ခေါ်ယူ စာချုပ်လိုက်ကြောင်း သိရသည်။ ဟင်းနရစ်ခ် ဟီလာရီယိုနှင့် ရော့စ်တန်ဘူးလ်တို့ ထွက်ခွာသွားသည့်နောက် ချယ်လ်ဆီးတွင် ပီတာဆက်ခ်ျကို အားဖြည့်ပေးမည့် အရန်ဂိုးသမား မရှိဘဲ ဖြစ်နေရာ အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟိုသည် နောဝှစ်ခ်ျစီးတီးမှ ဂျွန်ရူဒီကို ချိတ်ဆက်နေခဲ့သည်။

သရုပ်ဆောင် ရိုတ တစ်ယောက်ဘာတွေဖြစ်ကုန်ပြီလဲ ? ဘယ်လိုများ ထပ်ကြမ်းချင်သေးသလဲ … ရိုတ

Photo: ဘယ်လိုများ ထပ်ကြမ်းချင်သေးသလဲ … ရိုတ
Wednesday, 10 July 2013

ရိုတရဲ့ အဝေဖန်ခံနေရတဲ့ facebook ပေါ်က ဓာတ်ပုံနဲ့ အိုအေစစ် ဂျာနယ်ပေါ်က Sexy ပို့စ် ကဏ္ဍက ရိုတရဲ့ စာမျက်နှာ (ဓာတ်ပုံ – ရိုတ facebook နဲ့ အိုအေစစ် facebook၊ ခွင့်ပြုချက်များ တောင်းထားပြီး)

မစပ်စုတို့ မြန်မာ Celebrity လောကက မိန်းကလေး အနုပညာရှင် တချို့ထဲကမှ သူတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်ပေါ်ထင်ထင် တမျိုး မပေါ်မထင်တမျိုး ၀တ်စားမှုနဲ့ အတူ ပရိသတ် သတိထားမိလာရာ ကနေ အောင်မြင်ကျော်ကြား လူကြိုက်များလာတဲ့ အနုပညာရှင် လေဒီတွေ ဒီဘက်ခေတ်မှာ တော်တော်လေး များပြားလာတာကို မစပ်စုနဲ့ အတူ အားလုံးလည်း သတိထား မိကြမယ်လို့ ထင်ပါတယ်။

ဟိုးအရင်ကတော့ အခုလို အင်တာနက် facebook စာမျက်နှာတွေ တွင်တွင်ကျယ်ကျယ် မရှိသေးလို့လား၊ ဒီဘက်ခေတ်မှာလို မပွင့်လင်း မထင်သာ မမြင်သာ သေးလို့လားတော့မပြောတတ်၊ မစပ်စု သတိထားမိသလောက် နာမည်ကြီး သရုပ်ဆောင် အဆိုတော်တွေရဲ့ မပေါ့်တပေါ် ပုံတွေဟာ နာမည်မကျော်ခင် တိတ်တဆိတ် ရိုက်ထားခဲ့ပြီးမှ သူတို့ နာမည်ကြီးလာတော့ သူတို့ရဲ့ ပုံပါ ဆိုပြီး ထွက်ပေါ်လာတတ်ကြတယ်လို့ ယူဆမိပါတယ်။

အခု ဒီဘက်ခေတ် ရောက်လာတော့ အနုပညာလောကရဲ့ ပြောင်းလဲလာမှုလို့ပဲ ပြောရမလား၊ ဒီလို ပွင့်ပွင့်လင်းလင်း ဓာတ်ပုံ မပွင့်မလင်း ၀ိုးတိုးဝါးတား ဓာတ်ပုံတွေ ရိုက်မှ ပရိသတ် သတိထားမိလာမယ် ဆိုတဲ့ နာမည်ကြီးလမ်းကြောင်း တခုလို ဖြစ်လာပါတယ်။ facebook စာမျက်နှာထက်မှာ ပရိသတ် များများ အဆဲအဆို၊ အထုအထောင်း ခံရပြီဆိုရင် အောင်မြင်ပြီလို့သာ မှတ်လိုက်တော့လို့ ပြောရမလိုဖြစ်နေပါပြီ။

ဒါကတော့ အနုပညာရှင် မိန်းကလေးတွေရဲ့ ပွင့်လင်းမှုပါ။ ဒီလိုပွင့်လင်းမှုထဲမှာ ယောက်ျားလေး အနုပညာရှင်လည်း ပါဝင် လာပါပြီ။

အဲဒါကတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့ facebook စာမျက်နှာထက် Sexy ကျတဲ့ ဓာတ်ပုံတပုံပါ။ မြန်မာအမြင်နဲ့ဆို အတော်လေး ကိုးယိုးကားယား နိုင်တဲ့ ဓာတ်ပုံတပုံ တင်ထားတာကို မစပ်စုနဲ့အတူ facebook ပရိသတ် အတော်များများလည်း သတိထားမိကြမှာပါ။ ဒီလိုပုံမျိုးကို ပရိသတ်က ၀ိုင်းပြီး ဆဲဆို ထောပနာပြုမှာကို သိလို့လားတော့ မပြောတတ်ပါဘူး ဒီဓာတ်ပုံမှာ ကြိုတင်ပြီးတော့ ရိုတက “အိုအေစစ် ဂျာနယ်အတွက် သဘာဝပုံပါ။ ကြိုက်တာရေးလို့ ရပါသည်။ ကြိုက်တာ ပြောလို့ရပါသည်” လို့ ဆိုထားလေတော့ မစပ်စုရဲ့ စပ်စုချင်စိတ်လည်း တဖွားဖွား ပေါ်လာတာတော့ အမှန်ပါပဲ။

ဒီလို အနေအထား၊ ဒီလို ပို့စ်မျိုးဟာ နိုင်ငံတကာက သရုပ်ဆောင် မင်းသား အဆိုတော်တွေ အနေနဲ့ကတော့ ဘာမှ မထူးဆန်း ပေမယ့် မြန်မာနိုင်ငံ အနေနဲ့ကျတော့ အထူးအဆန်းဖြစ်နေတာ အသေအချာပါပဲ။

ဒီတော့ သရုပ်ဆောင်၊ အဆိုတော် ရိုတ ရဲ့  ဒီဓာတ်ပုံနဲ့ ပတ်သက်လို့ သမိုင်းကြောင်းကို ခြေရာခံဖို့ မစပ်စုကြိုးစား ပါတော့တယ်။

“အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်တာပါ။ ပထမကတော့ ကျနော် အဲဒီလိုရိုက်ပေးဖို့ အစီအစဉ် မရှိပါဘူး။ ဒါပေမဲ့ Sexy နဲ့ပတ်သက်ပြီး ရှေ့မှာလည်း တချို့ Celebrity တွေ အဲဒီလို ရိုက်ထားတာတွေ့တော့ ရိုက်မယ့်ရိုက် နည်းနည်း ခပ်ကြမ်းကြမ်း လေးတော့ ရိုက်ပေးလိုက်မယ်ဆိုပြီးတော့ ရိုက်ပေးလိုက် တာပါ။ ဒီထက်ကြမ်းဖို့ရှိတယ်။ ဒါပေမယ့် ရိုက်တဲ့နေ့မှာ မိန်းကလေးတွေက အလုပ်ရုံမှာ တော်တော် များတယ်။ အဲဒါကြောင့် ဒီလောက်နဲ့ပဲ ရပ်လိုက်တာ။ နို့မို့ဆိုရင် ဒီထက် ပိုဆိုးမယ်။ ရိုက်မှတော့ စိတ်ပါလက်ပါနဲ့ ရိုက်ပေးလိုက်တာ။ ကျနော်က အလုပ်အပေါ် တန်ဖိုးထားတယ်။ နယ်ကနေပြီး ရုန်းကန် ကြိုးစား ရတယ်ဆိုတော့ အလုပ်ကို သူတို့ စိတ်ကျေနပ်အောင် အထိ လုပ်ပေးဖို့က ကျနော့် အပိုင်းပေါ့နော်။ အဲဒီမှာ ကျနော့် ဘက်က အားနည်းချက် ဘာရှိသွားလဲ ဆိုတော့ ပထမက အဲဒီလို Sexy အရမ်းဆန်ဆန် ရိုက်မယ်လို့ ဆုံးဖြတ်ထားတာ မရှိတော့ ဘောင်းဘီတို့၊ ၀တ်စားဆင်ယင်မှုပိုင်းမှာ နည်းနည်း အားနည်းသွားတာ ရှိတယ်။ အဲဒီအတွက်ကို ပရိသတ်တွေကို တောင်းပန်တယ်” လို့ သရုပ်ဆောင် အဆိုတော် ရိုတက ဧရာဝတီကို ပြောပါတယ်။

ဒါမျိုးဟာ အခုခေတ်မှာ မဆန်းတော့ဘူးလို့ ထင်မြင်မိကြောင်းနဲ့ သူ့အနေနဲ့ မိန်းကလေး မဟုတ်တဲ့အတွက် ဒါမျိုးကို ကြိုက်မယ့်သူ နည်းလိမ့်လို့ ထင်မြင်မိကြောင်း သူက ဆက်ပြောပါတယ်။

သရုပ်ဆောင် အဆိုတော် ရိုတ ဟာ ၂၀၀၆ ခုနှစ်က စလို့ အနုပညာ လောကထဲကို ၀င်ရောက် လာသူဖြစ်ကာ လက်ရှိမှာ “စပွန်ဆာ” ဆိုတဲ့ တကိုယ်တော် တေးစီးရီး ထွက်ရှိထားပြီး အတွဲခွေ ၄ ခွေ မှာလည်း ပါဝင်သီဆိုထားပါတယ်။ လက်ရှိမှာ ပြန်ဆိုတေး စီးရီးခွေ ထွက်ရှိဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုပ်ရှင်၊ ဗီဒီယို၊ ဗီစီဒီ တော်တော်များများ မှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒါထက် သူ့ကို ခေါင်းဆောင် တင်ရိုက်ဖို့ စာချုပ်ချုပ်မယ့် ဘယ် ကုမ္ပဏီကိုမဆို ပထမ ဆယ်ကားစာ အခမဲ့ ရိုက်ကူး ပေးမယ်လို့ ပြည်တွင်း ဂျာနယ်တွေမှာ ပြောကြား ထားပါသေးတယ်။

သရုပ်ဆောင် ရိုတအနေနဲ့ ဒီလို ဓာတ်ပုံမျိုးကို ရိုက်ကူးတာဟာ နာမည်ကြီးချင်လို့ သက်သက် ရိုက်ကူးခြင်း ဖြစ်တယ်လို့ ပရိသတ်ရဲ့ ဝေဖန်မှုကို တခဲနက် ရရှိလိုက်တာတော့ အမှန်ပါပဲ။

“တချို့က နာမည်ကြီးချင်လို့ လုပ်တာလည်း ရှိတာပေါ့။ နာမည်ကြီးချင်လို့ လုပ်မှတော့ အများကြီး လုပ်လို့ရပါတယ်။ ရှင်းရှင်း ပြောရရင် ကမ္ဘာမှာလည်း အရမ်း ခေတ်စားနေတာပဲ။ ယောကျာ်းလေး အချင်းချင်း၊ မိန်းကလေး အချင်းချင်း အများကြီး လုပ်ပိုင်ခွင့်တွေ ရှိတယ်၊ အများကြီး ခေတ်မီတဲ့ အနေအထားတွေရှိတယ်။  အခုလည်း အင်တာနက်ပေါ်မှာ Movie file တွေ အများကြီး တက်လာတဲ့ သူတွေလည်းရှိတယ်။ အနုပညာရှင် တွေထဲမှာလည်း အများကြီးပဲ။ ကျနော်လုပ်လိုက်တဲ့ အရာတခုကို ကျနော် မှန်တယ်ထင်ရင် ရှေ့ဆက်တိုးတယ်၊ နောက်မဆုတ်ဘူး။ အဲဒါကြောင့် ဘယ်သူပဲပြောပြော ကြိုက်တာ ရေးနိုင်သည်၊ ကြိုက်တာ ပြောနိုင်သည်။ ကျနော့်ကို စိတ်ဝင်စားလို့ ရေးတယ်၊ ပြောတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အားလုံးကို ကြိုက်ပါတယ်လို့ ပြောချင်ပါတယ်။ ကျနော်ကတော့ အကုန်လုံးကို ကြိုဆိုပါတယ်” လို့  ရိုတက ဆိုပါတယ်။

သူ့အနေနဲ့ အနုပညာအလုပ်ကို ၀ါသနာ ပါသူဖြစ်တဲ့အတွက် ဒီအလုပ်နဲ့ ပတ်သက်ရင် ဘာပဲလုပ်လုပ် ဘယ်ဟာပဲ ကမ်းလှမ်း ကမ်းလှမ်း လုပ်ပေးဖို့ အဆင်သင့်ပါပဲလို့  ပြောပါတယ်။

ဒီဓာတ်ပုံကို အိုအေစစ် ဂျာနယ်အတွက် ရိုက်ကူးပေးထားတာလို့ ဆိုလေတော့ ဒီလို Sexy ဆန်တဲ့ပုံ အနေအထားမျိုးကို အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ရနေပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။

ဒီဓာတ်ပုံဟာ အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ဆိုတဲ့ ကဏ္ဍအတွက် ရိုက်ထားတဲ့ ဓာတ်ပုံဆိုပေမယ့် တကယ်တမ်း အိုအေစစ် ဂျာနယ်မှာ မဖော်ပြခဲ့ဘဲ အယဉ်ဆုံး ပုံကိုသာ ရွေးချယ်ဖော်ပြခဲ့တယ်လို့ အိုအေစစ်ဂျာနယ် အယ်ဒီတာချုပ် ဒေါ်ဂျူလိုင်မိုးက ဧရာဝတီကို ပြောပါတယ်။

“ရိုတကျတော့ သူနဲ့လည်း ခင်နေတော့ သူက အဲဒီကဏ္ဍလေးမှာ သူလည်း ပါချင်တယ်လို့ ဆိုတော့ ဓာတ်ပုံသွားရိုက်ထား၊ ပြီးသွားရင် ကျမကိုပြော၊ ဓာတ်ပုံလာပေးလို့ ဆိုပြီး သူ့ကို အဲဒီလိုပဲ ပြောလိုက်တော့ သူက အစ်မရယ် ကျနော့်ကို ဓာတ်ပုံဆရာ စီစဉ်ပေးပါလို့ပြောတယ်။ ကျမလည်းဓာတ်ပုံ စပွန်ဆာပေးတဲ့ ကောင်လေး ကိုလှမ်းပြီးတော့ ချိတ်ပေးလိုက်တယ်။ နင်တို့ ယောကျာ်းလေး အချင်းချင်းပဲ၊ နင်တို့ဘာသာ နင်တို့ ရိုက်ထားလိုက်ကြ၊ ပြီးရင် ငါဓာတ်ပုံ သွားယူထားလိုက်မယ် ဆိုပြီး ပြောလိုက်တယ်။ နောက်နေ့ကျတော့ ကျမကို ဓာတ်ပုံဆရာက ဓာတ်ပုံလာပေးတယ်။ အဲဒီမှာ ကျမ ကြည့်လိုက်တော့ ပုံလေးတွေက သူတို့က ယောက်ျားလေးလည်း ဖြစ်တယ်၊ လူငယ်လည်း ဖြစ်တယ်ဆိုတော့ တော်တော်တော့ Sexy ကျနေတာပေါ့နော်။ ဒါပေမယ့် ကျမက ကျမရဲ့ ဂုဏ်သိက္ခာအရရော၊ ကျမဂျာနယ်ရဲ့ ဂုဏ်သိက္ခာအရရော အင်မတန်မှ အယဉ်ကျေးဆုံးပုံ၊ မျက်စိ မရိုင်းဆုံးသော ပုံကိုရွေးပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီ ကဏ္ဍမှာ ဖော်ပြခဲ့တဲ့ ပုံကိုလည်း ကျမ အွန်လိုင်းမှာ တင်ထား ပါတယ်။ ဒီကဏ္ဍလေး ကျတော့လည်း ခေါင်းစဉ်ကိုက Sexy ပို့စ် ဖြစ်တဲ့အတွက်ကြောင့် နည်းနည်းတော့ Sexy ကျတဲ့ ပုံလေးတွေကို ကျမ ရွေးချယ်ဖြစ်ပါတယ်” လို့ ဒေါ်ဂျူလိုင်မိုးက ပြောပါတယ်။

ဒါ့အပြင် ရိုတရဲ့ facebook ပေါ်မှာတင်ထားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “အဲဒါတွေက သူအကုန်ရိုက်ခဲ့တဲ့ ပုံတွေပါ။ ဒီပုံတွေ အကုန်လုံးက ကျမတို့ ပိုင်တယ်ဆိုပေမယ့်၊ ကျမသူ့ကို အကုန် ပေးလိုက်တယ်လေ။ မင်းဘာသာမင်း သုံးချင်သလို သုံးလို့၊ ကျမက အရမ်းရိုင်းတဲ့ ပုံတွေတော့ သုံးလို့မှမရတော့တာ။ အဲဒါကြောင့် မင်း ယူသွားတော့လို့၊  သုံးချင်တဲ့နေရာ သုံးလို့ ပြောလိုက် တော့ သူလည်း facebook တင်ထားတယ်နဲ့ တူပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အိုအေစစ်ဂျာနယ်ရဲ့ Sexy ပို့စ် ကဏ္ဍဟာ ပရိသတ် စိတ်ဝင်စားအောင် နာမည် ပေးထားတာဖြစ်ပေမယ့် ဒါဟာ ပညာပေး ကဏ္ဍတခု ဖြစ်ပြီး  ဒီကဏ္ဍမှာ ပါဝင်လာတဲ့ အနုပညာရှင်တွေက ၀တ်စားဆင်ယင်မှု ပိုင်းမှာ အရမ်း မလျှပ်ပေါ် မလော်လီကြဖို့နဲ့  သူ့နေရာနဲ့သူ ၀တ်စားသင့်တယ်ဆိုတဲ့ အနုပညာရှင်တွေရဲ့ တိုက်တွန်း ပြောစကားတွေနဲ့ အတူ တင်ဆက်ထားတဲ့ ကဏ္ဍတခု ဖြစ်တယ်လို့လည်း ဒေါ်ဂျူလိုင်မိုးက ဆိုပါတယ်။

အိုအေစစ် ဂျာနယ်ဟာ အပတ်စဉ် တနလာင်္နေ့တိုင်း ထုတ်ဝေပြီး သရုပ်ဆောင်အဆိုတော် ရိုတ ရဲ့ Sexy ပို့စ် ကဏ္ဍဟာ အမှတ်စဉ် ၆၉ ဇွန်လ ၁၀ ရက်နေ့ထုတ် စာမျက်နှာ ၂၄ မှာ ပါရှိခဲ့တာပါ။

အခုလို သရုပ်ဆောင်၊ အဆိုတော် ရိုတရဲ့ facebook က ဓာတ်ပုံတွေကို ပရိသတ် ဝေဖန်မှုနဲ့ ပတ်သက်လို့ ဒေါ်ဂျူလိုင်မိုးက “ကျမကတော့ သူရိုက်သမျှ ပုံတွေအားလုံး ဆိုရင်တော့ ပရိသတ်က အရမ်း ဝေဖန်ကြမယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ကျမဆီမှာ တင်ထားတဲ့ ပုံလည်း ကြည့်လိုက်ပါ။ သူ အဲဒီနေ့မှာ ရိုက်တဲ့ ပုံတွေ အားလုံးထဲမှာမှ အယဉ်ဆုံး ပုံကို ကျမ ရွေးထား တာပါ။ သူကတောင် ပြောပါသေးတယ်။ အစ်မ ဒီထက် Sexy ကျတဲ့ ပုံတွေ ရှိတယ်လေဆိုတော့ ဒီပုံလေးက ချစ်စရာ ကောင်းလို့ပါ ဆိုပြီး ကျမ ချော့ပြီး ပြောလိုက်တယ်။ ဒါပေမယ့် ကျမ ရိုတကို လေးစားတာ၊ ကျေးဇူးတင်တာ တခုက သူဖြေထားတဲ့ စကားလုံး တွေက အရမ်း ကောင်းတယ်။ ကိုယ့်ရဲ့ အမျိုးဂုဏ်ကို ထိန်းသိမ်းရမယ်၊ မိန်းကလေးတွေက အရမ်းကြီး Sexy မကျပါနဲ့ဆိုတာမျိုး ပြောသွားတယ်။ ဒါပေမယ့် ပုံနဲ့တော့ ကျမတို့ ဆွဲဆောင်မှု ယူလိုက်ရတာပေါ့နော်။ ဘာကြောင့်လဲ ဆိုတော့ သူ့ကိုယ်သူလည်း သိတယ်၊ သူသည် နံပါတ်တစ် စူပါမင်းသား မဟုတ်ဘူး။ အဲဒါကြောင့် ဘာပဲပြောပြော ပရိသတ်ကို ဆွဲဆောင်ဖို့ဆိုတာ တခုခု လုပ်ပြမှ ရမှာပေါ့နော်။  အဲဒါကြောင့် သူလုပ်လိုက်တယ် လို့ပဲ ကျမက တွက်ပါတယ်။ သူ့မှာရှိတဲ့ အနုပညာလေး၊ စွမ်းအားလေးကို ပြတယ်လို့ပဲ ယူဆပါတယ်” လို့ ပြောပါတယ်။

ဓာတ်ပုံကြောင့် အဝေဖန်ခံနေရတဲ့ ရိုတရဲ့ facebook က ပုံနဲ့အတူ သူ့  facebook link၊ အိုအေစစ်ဂျာနယ်က ရိုတရဲ့ Sexy ပို့စ် စာမျက်နှာတို့ကို ဧရာဝတီပရိသတ် ယှဉ်ကြည့်နိုင်ဖို့ တပါတည်း ဖော်ပြပေးလိုက်ပါတယ်။

ဧရာဝတီ
ရိုတရဲ့ အဝေဖန်ခံနေရတဲ့ facebook ပေါ်က ဓာတ်ပုံနဲ့ အိုအေစစ် ဂျာနယ်ပေါ်က Sexy ပို့စ် ကဏ္ဍက ရိုတရဲ့ စာမျက်နှာ (ဓာတ်ပုံ – ရိုတ facebook နဲ့ အိုအေစစ် facebook၊ ခွင့်ပြုချက်များ တောင်းထားပြီး)
Wednesday, 10 July 2013

မစပ်စုတို့ မြန်မာ Celebrity လောကက မိန်းကလေး အနုပညာရှင် တချို့ထဲကမှသူတို့ရဲ့ခန္ဓာကိုယ်အလှကို
ပေါ်ပေါ်ထင်ထင် တမျိုး မပေါ်မထင်တမျိုး ၀တ်စားမှုနဲ့ အတူ ပရိသတ် သတိထားမိလာရာ ကနေ အောင်မြင်
ကျော်ကြား လူကြိုက်များလာတဲ့ အနုပညာရှင် လေဒီတွေ ဒီဘက်ခေတ်မှာ တော်တော်လေး များပြားလာ
တာကို မစပ်စုနဲ့ အတူ အားလုံးလည်း သတိထား မိကြမယ်လို့ ထင်ပါတယ်။

အိန္ဒိယရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများတွင် လုံခြုံရေး တင်းကျပ်ရန် အမိန့်ထုတ်

Photo: အိန္ဒိယရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများတွင် လုံခြုံရေး တင်းကျပ်ရန် အမိန့်ထုတ်
Wednesday, 10 July 2013 

ကမ္ဘာကျော် ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်သော ဗုဒ္ဓဂယာတွင် ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီး နောက် အိန္ဒိယ အစိုးရ အာဏာပိုင်များက ဗုဒ္ဓဘာသာ ဘုရားများ၊ စေတီများနှင့် ဘုန်းကြီးကျောင်း များတွင် လုံခြုံရေး အထူး တင်းကျပ်ရန် အမိန့်ထုတ်လိုက်ကြောင်း The Straits Times သတင်းစာက ရေးသား ဖော်ပြသည်။ 

ထိုသို့ လုံခြုံရေး တင်းကျပ်ရန် အမိန့်ထုတ်ထားသော နေရာများတွင် တိဘက် လူမျိုးများ ဘာသာရေး အဆောက်အအုံများလည်း ပါဝင်သည်ဟု သတင်းက ဆိုသည်။ 

“ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ အားလုံးမှာ လုံခြုံရေးအတွက် ကြိုတင် သတိပေး လုပ်ဆောင်ချက်တွေကို အိန္ဒိယ အာဏာပိုင်တွေက လုပ်ဆောင်လျက် ရှိပါတယ်” ဟု အိန္ဒိယအခြေစိုက် တိဘက် ပြည်ပြေး အစိုးရအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်းလားမားနှင့် တိ ဘက် ပြည်ပြေး အစိုးရတို့ အခြေချရာ ဒါရမ်ဆာလာမြို့တွင်လည်း လုံခြုံရေးများ အထူး တင်းကျပ်ထားသည်။

ဘီဟာပြည်နယ် ဂယာမြို့ ဂေါတမ ဗုဒ္ဓဘုရား ပွင့်တော်မူရာ ဗောဓိညောင်ပင် ရှိသည့် မဟာဗောဓိ စေတီ ပရဝုဏ်နှင့် ဝန်းကျင်တွင် တနင်္ဂနွေနေ့ နံနက် အစောပိုင်းက ဗုံး ကိုးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ငါးဦး ဒဏ်ရာ ရရှိသွားသည်။

အဆိုပါ ဖောက်ခွဲမှုနှင့် ဆက်စပ် ပတ်သက်နေသည်ဟု သံသယရှိသူ တစ်ဦးကို ဂယာ ခရိုင်တွင် အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၈ ရက်နေ့တွင် ဖမ်းမိလိုက်ပြီး ယခုအခါ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက် ရှိသည်ဟု အိန္ဒိယ ရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိ နာယာဟတ်စ်နန်ခန် ၏ ပြောကြားချက်ကို Press Trust of India သတင်းဌာနက ကိုးကား ဖော်ပြ သည်။

အိန္ဒိယသည် အကြမ်းဖက် တိုက်ခိုက်မှုများဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ ရသော်လည်း ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်သည်မှာ ဖြစ်တောင့်ဖြစ်ခဲ ပင် ဖြစ်သည်။

အိန္ဒိယတွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆူပူ အုံကြွမှုများကို ဖန်တီးနေသူများမှာ မော်ဝါဒီ သောင်းကျန်းသူများ ဖြစ်ကြသည်ဟု အာဏာပိုင်တို့က ဆိုသည်။

The Voice Weekly

Wednesday, 10 July 2013

ကမ္ဘာကျော်ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်သောဗုဒ္ဓဂယာတွင်ဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပြီး နောက်အိန္ဒိယ
 အစိုးရ အာဏာပိုင်များက ဗုဒ္ဓဘာသာ ဘုရားများ၊ စေတီများနှင့် ဘုန်းကြီးကျောင်း များတွင် လုံခြုံရေး အထူး တင်းကျပ်ရန် အမိန့်ထုတ်လိုက်ကြောင်း The Straits Times သတင်းစာက ရေးသား ဖော်ပြသည်။

ဆက်ဆံရေး မချောမွေ့ဖြစ်နေချိန် မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်တွင် ငါးမဖမ်းရန် တရုတ်အစိုးရ တားမြစ်

Photo: ဆက်ဆံရေး မချောမွေ့ဖြစ်နေချိန် မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်တွင် ငါးမဖမ်းရန် တရုတ်အစိုးရ တားမြစ်
Wednesday, 10 July 2013 

မြောက်ကိုရီးယား အရှေ့ဘက်ခြမ်း ပင်လယ်ပြင်ဘက်သို့ ငါးဖမ်းလှေများ မသွားကြရန် တရုတ်အစိုးရ က ၎င်း၏ မဟာမိတ် မြောက်ကိုရီးယားနှင့် မပြေလည်မှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် ပိတ်ပင် ထားလိုက်ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြသည်။

ယခင်က တရုတ် ငါးဖမ်း သင်္ဘောများ မြောက်ကိုရီးယား ရေပိုင်နက်ထဲတွင် တရားဝင် ငါးဖမ်းခွင့် ရခဲ့ရာမှ ယခု လောင်စာဆီကို ကိုယ့်စိတ်ကြိုက် စီမံခွင့် မပြုတော့ဘဲ မြောက်ကိုရီးယားဘက်ကသာ ဝယ်ယူရန် သတ်မှတ်ခဲ့ရာမှ တရုတ်အစိုးရက ငါး သွားမဖမ်းကြရန် ကန့်သတ်လိုက်ခြင်း ဖြစ်ပေသည်။

‘မြောက်ကိုရီးယားဘက်မှ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ကျွန်ုပ်တို့ဘက်က ငါးဖမ်း လှေပိုင်ရှင်များနှင့် ကုမ္ပဏီများက ၎င်းတို့၏ ငါးဖမ်းလုပ်ငန်းနှင့် လုံခြုံရေးကို ထိခိုက်လာနိုင်ခြေ ရှိသည်ဟု ယူဆကြသည်’ ဟု တရုတ်အစိုးရ သတင်း စာမျက်နှာတွင် စိုက်ပျိုးရေး ဝန်ကြီးဌာနက ထုတ်ပြန် ပြောဆိုထားသည်။

မြောက်ကိုရီးယား အရှေ့ပိုင်း ပင်လယ်ပြင်သည် ယခင်ကတည်းက ရှုပ်ထွေးကာ မကြာခဏ အပြောင်းအလဲ များလွန်းသော မြောက်ကိုရီးယား ဘက်က သဘောထားများကြောင့် အန္တရာယ်များ လှပြီး ရုရှား၊ ဂျ ပန်နှင့် တောင်ကိုရီးယားတို့ ပိုင်သော ရေပြင်များနှင့် ဆက်စပ်နေလျက် ရှိသည်။

‘မြောက်ကိုရီးယားဘက်မှာ သွားရောက် လုပ်ကိုင်နေတဲ့ ကျွန်ုပ်တို့ ငါးဖမ်းလှေတွေဟာ သေသေချာချာ စီမံမှု မရှိခဲ့ပါလျှင် သံတမန်ခင်းအရ မတော်တဆမှု၊ ငြိစွန်းမှုများ ဖြစ်နိုင်ပေသည်’ ဟုလည်း တရုတ်အစိုးရက ထုတ်ပြန်ထားသေးသည်။

အဆိုပါ ကြေညာချက်အရ မြောက်ကိုရီးယား အနောက်ဘက် ပင်လယ်ပြင် တွင် ငါးဖမ်းနေသော ငါးဖမ်းလှေများကိုမူ တားမြစ်ထားခြင်း မတွေ့ရပေ။

မေလအတွင်းက မြောက်ကိုရီးယားက တရုတ် ငါးဖမ်းသင်္ဘော တစ်စင်းကို အနောက်ဘက် ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့သောကြောင့် တရုတ်တွင် မကျေနပ်မှုများ ဖြစ်ပွားခဲ့သေးသည်။

နောက်ရက်ပိုင်းတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝင်ရောက် ဖြန်ဖြေပေးခဲ့သောကြောင့် အဆိုပါ ငါးဖမ်းလှေကို ပြန်လည် လွှတ်ပေးခဲ့သည်။

မြောက်ကိုရီးယားအတွက် စီးပွားရေးနှင့် နိုင်ငံရေးအရ အဓိ က ကျောထောက်နောက်ခံ ပေးထားသော အရေးပါသည့် မဟာမိတ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားတို့အကြား မပြေလည်မှု များ ယခုကာလအတွင်း ဆက်တိုက် ဖြစ်နေခဲ့သည်။

နျူကလီးယား စမ်းသပ်မှုများ၊ တိုက်ချင်းပစ် ဒုံးကျည် အစီအစဉ် စမ်းသပ်မှု များအပေါ် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုကို ဆန့်ကျင်လျက် ပြုလုပ် ခဲ့သောကြောင့် ဘေဂျင်းက မြောက်ကိုရီးယားအပေါ် ကန့်ကွက်ခဲ့ကာ တရုတ် ဘဏ်များရှိ မြောက်ကိုရီးယား နိုင်ငံခြား ငွေကြေးများကို ဆိုင်းငံ့ထားခဲ့သည်။

The Voice Weekly

Wednesday, 10 July 2013

မြောက်ကိုရီးယား အရှေ့ဘက်ခြမ်း ပင်လယ်ပြင်ဘက်သို့ ငါးဖမ်းလှေများမသွားကြရန် တရုတ်အစိုးရက ၎င်း
၏ မဟာမိတ် မြောက်ကိုရီးယားနှင့် မပြေလည်မှုများ ဆက်တိုက် ဖြစ်ပေါ်နေစဉ် ပိတ်ပင် ထားလိုက်ကြောင်း Reuters သတင်း တစ်ရပ်က ဖော်ပြသည်။

တောင်သူများ အတွက် Farmers Channel ရုပ်သံလိုင်း လွှင့်မည်

Wednesday, 10 July 2013

တောင်သူများအား အကျိုးပြုနိုင်ရန် ရည်ရွယ်ထုတ်လွှင့်မည့် Farmers Channel ရုပ်သံလိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ၏ Channel တခုအဖြစ် လာမည့် စက်တင်ဘာလတွင် စတင် စမ်းသပ်ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြ
ထား သည်။

Nissanက Micraကားအသစ် မိတ်ဆက်

Photo: Nissanက Micraကားအသစ် မိတ်ဆက်
Wednesday, 10 July 2013

ဂျပန် ကားကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Nissanဟာ လက်ရှိ ဈေးကွက် မှာအောင်မြင်နေတဲ့ မော်ဒယ်လ် တစ်မျိုး ဖြစ်တဲ့ Micraရဲ့ မော်ဒယ်လ်သစ် တစ်မျိုးကို ထပ်မံ မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။ 

အဆိုပါ မော်ဒယ်လ်သစ်ဟာ အတွင်းပိုင်း ဖွဲ့စည်းမှု ပိုမိုကောင်းမွန်လာ တာ တွေ့ရပြီး အသက်ကယ် စနစ် အပိုင်းမှာလည်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ကားရဲ့ အလျားကိုတော့ ယခင်ထုတ်လုပ် ဖြန့်ချိထားတဲ့ မော်ဒယ်လ်တွေထက် ၄၅ မီလီမီတာ ပိုမို ရှည်လျားအောင် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ကား တံခါးရွက်တွေရဲ့ အနားသတ်ကို ငွေရောင်နဲ့ ဘောင်ကွပ် အလှဆင်ထားတာ တွေ့ရပြီး ထိုင်ခုံတွေရဲ့ ပုံစံကိုလည်း ယခင်ထက် သက်တောင့် သက်သာဖြစ်အောင် ပြန်လည် ပုံပြောင်းထားတာ တွေ့ ရပါတယ်။ Audioပိုင်းကိုလည်း အဆင်မြှင့်ထားတာ တွေ့ရပြီး ရှေ့ဖက် ကင်မရာ တစ်လုံးပါ ထပ်မံထည့်သွင်းတပ်ဆင်ထားတာ တွေ့ရပါဘ တယ်။

နောက်ထွက်လာမယ့် Micraသစ်ဟာ ဓာတ်ဆီနဲ့ ဒီဇယ် အင် ဂျင်နှစ်မျိုးနဲ့ ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပြီး ဓာတ်ဆီ အင် ဂျင် အတွက်ကိုတော့ ၁.၂ လီတာသုံး အင်ဂျင် တပ်ဆင်ထားမှာ ဖြစ်ကာ ဒီဇယ် အင်ဂျင် အတွက်ကိုတော့ ၁.၅ လီတာသုံး အင်ဂျင် တပ်ဆင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ Micraမော်ဒယ်လ်တွေ အထူးအောင်မြင်မှု ရနေတဲ့ အိန္ဒိယဈေးကွက် အတွက်သာ ကြေညာသေးတာ တွေ့ရပြီး မကြာခင်မှာ ဈေးကွက်တင် သွားတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref : www.dnaindia.com
Myanmar ICT

Wednesday, 10 July 2013

ဂျပန်ကားကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Nissanဟာ လက်ရှိ ဈေးကွက် မှာအောင်မြင်နေတဲ့ မော်ဒယ်လ် တစ်မျိုး
 ဖြစ်တဲ့ Micraရဲ့ မော်ဒယ်လ်သစ် တစ်မျိုးကို ထပ်မံ မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။

လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ SixthSense

လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ SixthSense
Wednesday, 10 July 2013

ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပ ညာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ဖော်ပြ သခဲ့တာ ဖြစ်
ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-

- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။ 
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင် ပါတယ်။ 

- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။ 

- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။ 

အစရှိသဖြင့် သုံးလို့ကို မကုန်နိုင်တဲ့ Function ပေါင်းများစွာကို ရရှိမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာ ကတော့ ဒီလို ဖြစ်ပါတယ်။ 

ပထမဆုံး တီထွင်လိုက်တဲ့ နည်းပညာက စာရွက်ကို ကွန်ပြူတာနဲ့ ဆက်ထားပြီး စာရွက်ပေါ်မှာ ဘာပဲ ရေးရေး ကွန်ပျြူတာ မျက်နှာပြင်က Note pad မှာ ရေးသလိုပဲ စာလုံးတွေပေါ်ပါမယ်။ ရုံးအဝင်အထွက် လက်မှတ် ထိုးတာတို့၊ လက်ဗွေနှိပ်တာတို့ကို လုပ်သလိုကစတာ ဖြစ်ပါတယ်။ 

နောက်တော့ ဘာကြိုးမှ ဆက်စရာမလိုပဲ Wireless နည်းပညာနဲ့ Xbox တို့လို ဂိမ်းအတိုင်း ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ Xbox က လှုပ်ရှားမှုကို အသုံးပြုရုံပါပဲ။ နောက်ထပ်တစ်ဆင့်တပ်လိုက်တာကတော့ လှုပ်ရှားမှုအပြင် လက်ညိုးက တစ်ချက် ကွေးဆန့်လုပ်လိုက်ရင် ကွန်ပြူတာ မျက်နှာပြင်မှာ ကလစ်တစ်ချက်ထောင်သလိုပဲ ဖြစ်ပါတယ်။ ဒါတွေက လိုသလို Option ပေးလို့ရပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ ကွန်ပြူတာ တောင် မလိုတော့ပဲ ပရိုဂျက်တာ သေးသေးလေး တစ်လုံး ရှိရင်ရပြီ ဖြစ်ပါတယ်။ 

လက်ချောင်းများရဲ့  လုပ်ရှားမှု sense ကို အသုံးပြုပါမယ်။ အသံရဲ့ တုန်ခါမှု၊ Sound wave လည်းပါဝင်ပါမယ်။ ဒီတော့ ကိုယ့်ရဲ့  လှုပ်ရှားမှုတိုင်းကို Track လုပ်လို့ အလိုအလျောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဥပမာ အိပ်ကပ်ထဲက ဒီဂျစ်တယ် ကင်မရာကို ထုတ်ဖို့ ပျင်းတယ်ဆိုရင် လက်ချောင်းလေးကို ကင်မရာပုံစံလုပ်ရိုက်ရုံနဲ့ ကင်မရာထဲမှာ အလိုအလျောက်ဝင်သွား မှာ ဖြစ်ပါတယ်။ 

ဒီထက်မကတဲ့ အဆင့်ပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ ဒီအတွက် ထပ်မံ အဆင်မြင့်တင်လို့ တကယ့် လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ ဒါကို SixthSense လို့ခေါ်ပြီး ဖန်တီးသူကတော့ အမေရိကန်က MIT Meida Lab မှ အိန္ဒိယလူမျိုး Phd ကျောင်းသား Pranav Mistr ဆိုသူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်ကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ 

Pranav ရဲ့  ရှင်းလင်းပြသမှုကို အောင်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 

http://youtu.be/YrtANPtnhyg

ရိုးရာလေး

Wednesday, 10 July 2013

ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပ ညာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ဖော်ပြ သခဲ့တာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-
- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။  လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင် ပါတယ်။

တာမွေမြို့နယ်တွင် အနှိပ်ခန်း အစောင့်နှင့် ရဲတပ်ဖွဲ့ဝင်များ ရန်ဖြစ်

ရန်ကုန်၊ ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ်ရပ်ကွက် အသောကလမ်းတွင် ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီခွဲခန့်က အနှိပ်ခန်းသို့ အပေါ့သွားရန်ဟုဆိုကာ လာရောက်သည့် ရဲတပ်ဖွဲ့များနှင့် အနှိပ်ခန်း လုံခြုံရေး ဝန်ထမ်းတို့အကြား အနှိပ်ခန်းထံ ငွေတောင်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ကြောင်း အဆိုပါ အနှိပ်ခန်း အနီးတွင် နေထိုင်သူများ၏ ပြောကြားချက် အရ သိရှိရသည်။

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ဟာ အဆိုတော်၊ ကဗျာဆရာ၊ ဇာတ်မင်သား မန္တလေး သိန်းဇော် ရဲ့မွေးနေ့ဖြစ်

ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ဟာ အဆိုတော်၊ ကဗျာဆရာ၊ ဇာတ်မင်သား မန္တလေး သိန်းဇော် ရဲ့မွေးနေ့ဖြစ် ပါတယ်။
 မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပြီး အနုပညာဖြင့် လူမှုကောင်းကျိုးများကို သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ပေါ်ပြူလာဂျာနယ်မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 

ဓာတ်ပုံ - ဦးသိန်းဇော်
ဓာတ်ပုံ - ဦးသိန်းဇော်
ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ဟာ အဆိုတော်၊ ကဗျာဆရာ၊ ဇာတ်မင်သား မန္တလေး သိန်းဇော် ရဲ့မွေးနေ့ဖြစ် ပါတယ်။

အကြမ်းဖက် လုပ်ရပ်တွေကြောင့် အနံထွက်နေတဲ့ ဗုဒ္ဓဘာသာ ကို အမျိုးစောင့်ဥပဒေကြောင့် ထပ် မနံစေချင်တဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုကိုကြီး

အကြမ်းဖက် လုပ်ရပ်တွေကြောင့် အနံထွက်နေတဲ့ ဗုဒ္ဓဘာသာ ကို အမျိုးစောင့်ဥပဒေကြောင့် ထပ် မနံစေချင်တဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုကိုကြီး

မျိုးစောင့်ဥပဒေကြောင့် နာလည်းနာ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ်ဟု ကိုကိုကြီးဆို

ဗုဒ္ဓဘာသာအား နိုင်ငံတကာအလယ်၌ အကြမ်းဖက်မှုဘာသာအဖြစ် ပုံရိပ်ထင်ဟပ် နေချိန်တွင် သာသနာနှင့်ပတ်သက်၍ စိုးရိမ်မှု လွန်ကဲပြီး ကြိုတင်ကာကွယ်မှုများ တစ်ချိန် တည်း၌ လုပ်ဆောင်မည်ဆိုလျှင် နာလည်းနာ၊ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောသည်။

ဇူလိုင်လ ၉ ရက်က အင်းစိန်မြို့နယ် ရွာမပရိယတ္တိစာသင်တိုက် ၌ ပြုလုပ်ခဲ့သော အမျိုးဘာသာ သာသနာနှင့် ဗုဒ္ဓဘာသာ အပါ အဝင် တိုင်းရင်းသားပေါင်းစုံအတွက် လိုအပ် လျက်ရှိသော ကာကွယ်စော င့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော ၄င်းက မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ၊ သာသနာ ပျောက်ကွယ်သွားမည် စိုးရိမ်စိတ်ဖြင့် မျိုးစောင့် ဥပဒေ ပြ ဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုအပေါ် ယခုလိုသုံး သပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ပထမအဆင့်က စိုးရိမ်ဖွယ်ဖြစ်နေပြီ။ ကိုယ့်ဘာသာသာသနာနဲ့ ပတ်သက်လို့အန္တရာယ် ရှိနေပြီဆိုတာကို အားလုံးက လေး လေးနက်နက် ခံယူပြီလား၊ အဲဒီမှာကို သဘောတူညီမှုတစ်ခု ရအောင် အခြေခံအကျဆုံး အဆင့်ကနေ စပြီး ကိုင်ကွယ်ဖို့ လိုပါတယ်''ဟု ကိုကိုကြီးက ပြော သည်။

လက်ရှိအချိန်၌ ယင်းကိစ္စထက် နိုင်ငံ တကာအလယ်၌ လူမျိုးတုံး သတ်ဖြတ်ခြင်း၊ လူမျိုးစုရှင်းလင်းခြင်း၊ အကြမ်းဖက်ဘာသာ အဖြစ် ကျဆင်းနေသော ဗုဒ္ဓဘာသာ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင် ရန်လုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ဗုဒ္ဓဘာသာသည် အကြမ်းဖက်
သတ် ဖြတ်မှုကို လိုလားသောဘာသာမဟုတ်ကြောင်း ပုံရိပ်ကို ပြန်လည်ပြသနိုင်ရန် လိုအပ် ကြောင်း ၄င်းကဆိုသည်။

အမျိုးဘာသာ သာသနာ ပျောက် ကွယ်မည် စိုးရိမ်၍ ဥပဒေပြဋ္ဌာန်းရန် စီစဉ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများ ဖြစ်ပေါ်လျက်ရှိပြီး ယခုကဲ့သို့ မတူညီ သော သဘောထားများ ထွက်ပေါ်လာ ခြင်းအပေါ် ကြိုဆိုကြောင်း၊ ဥပဒေသည် အမျိုးသမီးများ၏ လွတ်လပ်စွာဆုံးဖြတ် ချက်ကို ဟန့်တားခြင်း မဟုတ်ဘဲ၊ အကာအကွယ်မဲ့ အမျိုးသမီးများအတွက် အရေးကြုံလျင် အကာအကွယ်တစ်ခုဖြစ် ရန်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်
ကျောင်းတိုက်ဆရာတော်က မိန့်ကြား သည်။

''အားလုံး ညီညီညွှတ်ညွှတ်နဲ့ ငြိမ်း ချမ်းရေးကို လိုချင်ပါတယ်။ ဘာသာရေး ပဋိပက္ခ စတင်မှုကနေ နောက်ဆုံး ဗုဒ္ဓဘာသာနှစ်ခြမ်းကွဲမယ့် အနေအ ထားဖြစ်လာတာ အရမ်းဝမ်းနည်းဖို့ ကောင်းပါတယ်'' ဟု နာရေးကူညီမှုအ သင်း အလုပ်အမှုဆောင် ဆရာမ သန်း မြင့်အောင် က ပြောသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ကန့်ကွက်သူနှင့် ထောက်ခံသူကြား အမျိုးဘာသာသာသနာကို စောင့် ရှောက်သူနှင့် မစောင့်ရှောက်သူအဖြစ် အမြင်သဘောထားများဖြစ်ပေါ်လျက် ရှိပြီး ယင်းသို့မဟုတ်ဘဲ မြန်မာနိုင်ငံအ တွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံးငြိမ်းငြိမ်း ချမ်းချမ်း ညီညီညွတ်ညွတ် ရှိစေချင် ကြောင်း ၄င်းကထပ်လောင်းပြောကြား သည်။

''ပဋိပက္ခအသွင်ဆောင်နေတာကို ကျွန်မ မကြည့်နိုင်ပါဘူး ။ ဆွေးနွေးငြင်း ခုံခြင်းဖြင့် အဖြေမှန်ထွက်သွားစေချင်ပါ တယ်''ဟု ဆရာမသန်းမြင့်အောင်က ဆိုသည်။

အငြင်းပွားဖွယ်ဖြစ်လျက်ရှိသော မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ကျွမ်း ကျင်ဥပဒေပညာရှင်၊ အတတ်ပညာရှင် များ၊ အမျိုးသမီးများ၊ အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များ ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။

ဉာဏ်လင်းအောင်
ပေါ်ပြုလာမြန်မာ

မျိုးစောင့်ဥပဒေကြောင့် နာလည်းနာ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ်ဟု ကိုကိုကြီးဆို ဗုဒ္ဓဘာသာအား နိုင်ငံတကာအလယ်၌ အကြမ်းဖက်မှုဘာသာအဖြစ် ပုံရိပ်ထင်ဟပ် နေချိန်တွင် သာသနာနှင့်ပတ်သက်၍ စိုးရိမ်မှု လွန်ကဲပြီး ကြိုတင်ကာကွယ်မှုများ တစ်ချိန် တည်း၌ လုပ်ဆောင်မည်ဆိုလျှင် နာလည်းနာ၊ နံလည်းနံ အခြေအနေ ဖြစ်သွားမည်ကို စိုးရိမ် ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကိုကြီး က ပြောသည်။

သင်္ကန်း အတုဖြင့် ပန်ဘဲတန်းမြို့နယ်ရှိ Polo တည်းခိုးခန်းသို့ လာရောက်တည်းခိုနေသော ဘင်္ဂလားဒေရှ့်ဗုဒ္ဓဘာသာ လူမျိုးနှစ်ဦး အရေးယူခံရပြီ

သင်္ကန်း အတုဖြင့် Polo တည်းခိုးခန်းသို့ လာရောက်တည်းခိုနေသော ဘင်္ဂလားဒေရှ့်ဗုဒ္ဓဘာသာ
လူမျိုးနှစ်ဦး အရေးယူခံရပြီ

"သင်္ကန်းဝတ်ဖြင့်လာရောက်ကာ တည်းခိုခန်းတွင်အရပ်ဝတ်ဖြင့် နေထိုင်သည့် ဘင်္ဂလားဒေရှ့် နိုင်ငံ
သား နှစ်ဦးအားအရေးယူ"

ရန်ကုန်၊ ဇူလိုင် ၁၀
၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းစဉ် ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိ POLO တည်းခိုးခန်းတွင် သင်္ဃန်းဝတ်ဖြင့် သံဃာ(၂)ပါး ရောက်ရှိတည်းခိုနေပြီးခဏအကြာ အဆိုပါသူနှစ်ဦးမှာအရပ်ဝတ်ဖြင့် လမ်းဘေး ထမင်းဆိုင်တွင် ထမင်းထွက်စားနေကြောင်း သတင်းအရခေါ်ယူစစ်ဆေးရာ 

ဘင်္ဂလားဒေရှ့် နိုင်ငံသားများဖြစ်သော Parsujit Barua (၂၇)နှစ်၊ 

ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ (ဘ)Rjin Barua နှင့် Antar Barua၊ (၂၉)နှစ်၊ 

ဘင်္ဂလားဒေရှ့်လူမျိုး/ဗုဒ္ဓဘာသာ (ဘ) Dulal Barua 

တို့နှစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေရှ့်နိုင်ငံမှမလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ရောက်ရှိနေသူများဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သင်္ကန်းဝတ်ဆင်၍ဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်သူ Parsujit Barua နှင့် Antar Barua တို့နှစ်ဦးအား ပန်းဘဲတန်းမြို့မရဲစခန်း(ပ) ၂၀၃/၂၀၁၃ ၊ ပုဒ်မ ၂၉၅/၂၉၅-က ဖြင့်အရေးယူထား ရှိကြောင်းသတင်းရရှိပါသည်။

yangonpolice

ရန်ကုန်၊ ဇူလိုင် ၁၀
၉.၇.၂၀၁၃ ရက်နေ့ ၁၄၃၀ အချိန် ပန်းဘဲတန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း သတင်းစုံစမ်းစဉ် ပန်းဘဲတန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိ POLO တည်းခိုးခန်းတွင် သင်္ဃန်းဝတ်ဖြင့် သံဃာ(၂)ပါး ရောက်ရှိတည်းခိုနေပြီးခဏအကြာ အဆိုပါသူနှစ်ဦးမှာအရပ်ဝတ်ဖြင့် လမ်းဘေး ထမင်းဆိုင်တွင် ထမင်းထွက်စားနေကြောင်း သတင်းအရခေါ်ယူစစ်ဆေးရာ

iPad 5မကြာခင် လာတော့မည်

Photo: iPad 5မကြာခင် လာတော့မည်
Wednesday, July 10, 2013

Appleရဲ့ iPad 5ကတော့ မကြာခင် ဈေးကွက်မှာ ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းသူတွေက ပြောနေကြပါပြီ။ iPad 5လို့ ခေါ်ဝေါ်နေတဲ့ Appleရဲ့ iPadအသစ်က ၉.၇ လက်မ Screenအရွယ် ရှိတဲ့ iPadဖြစ်မှာပါ။ သူ့ကို စက်တင်ဘာလအတွင်း မိတ်ဆက် ဖြန့်ချိသွားမယ်လို့ ယူဆကြောင်း Digitimesသတင်းစာက မနေ့က ဖော်ပြသွားခဲ့ပါတယ်။

အဆိုပါ iPadအသစ်မှာ အထူးပါးလွှာအောင် ဖန်တီးထုတ်လုပ်ထားမယ် လို့ မျှော်လင့်လျက် ရှိနေပြီး Retina နည်းပညာသုံး iPadဖြစ်မှာပါ။ Retinaနည်းပညာကို ပထမဆုံး အသုံးပြု ထုတ်လုပ်ထားတဲ့ iPad 3မှာ ထူထဲပြီး အလေးချိန် များတာကြောင့် ဈေးကွက်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရ သေးတာကြောင့် ယခု iPadအသစ်ကိုတော့ တကယ်ကို ပါးလွှာအောင် ထုတ်လုပ်သွားလိမ့်မယ်လို့ မျှော်လင့်လျက် ရှိနေပါတယ်။

ကိုယ်ထည် ဒီဇိုင်းကတော့ iPad 4လိုမျိုး ထုတ်လုပ်ထားမယ်လို့ ဖော်ပြ ထားပြီး Resolutionက 2048×1536 Pixelတောင် ရှိမှာ  ဖြစ်ကာ ဘက်
ထရီ အပိုင်းမှာလည်း စွမ်းအင် သုံးစွဲမှု အတတ်နိုင်ဆုံး နည်းအောင် ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၇.၉ လက်မ အရွယ်ရှိ Mini Retinaလည်း ဖြန့်ချိဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။

Ref: www.cnet.com
Myanmar ICT

Wednesday, July 10, 2013

Appleရဲ့ iPad 5ကတော့ မကြာခင် ဈေးကွက်မှာ ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းသူတွေက ပြောနေကြ
ပါပြီ။ iPad 5လို့ ခေါ်ဝေါ်နေတဲ့ Appleရဲ့ iPadအသစ်က ၉.၇ လက်မ Screenအရွယ် ရှိတဲ့ iPadဖြစ်မှာပါ။ သူ့ကို စက်တင်ဘာလအတွင်း မိတ်ဆက် ဖြန့်ချိသွားမယ်လို့ ယူဆကြောင်း Digitimesသတင်းစာက မနေ့က ဖော်ပြ
သွားခဲ့ပါတယ်။

တပ်တွေအားလုံး အာဖဂန်ကပြန်ရုပ်ဖို့ အမေရိကန်စဉ်းစား

Photo: တပ်တွေအားလုံး အာဖဂန်ကပြန်ရုပ်ဖို့ အမေရိကန်စဉ်းစား
Wednesday, July 10, 2013

အမေရိကန် တပ်ဖွဲ့တွေအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံကနေ ၂၀၁၄ နှစ်ကုန်မှာ အပြီး ပြန်ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားထားတယ်။ ဒါပေမဲ့ အဘက်ဘက်ကို ထည့်သွင်းစဉ်းစားနေတုန်းပဲ၊ လိုအပ်ရင် ပြင်
ဆင်လို့ ရပါတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
 
Zero Option လို့ခေါ်တဲ့ အမေရိကန်တပ်ဖွဲ့တွေ တစ်ယောက်မကျန် ရုပ်သိမ်းရေးက စစ်ပွဲပြီး အာဖဂန်နစ္စတန်နိုင်ငံအတွက် ဖြစ်နိုင်ချေရှိတဲ့ အစီအစဉ်တွေထဲက တခုပဲ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က အင်္ဂါနေ့ကပဲ ပြောသွားပါတယ်။
 
ဒါပေမဲ့ ဘယ်ဆုံးဖြတ်ချက်မှ ချက်ချင်း ဖြစ်လာဦးမှာ မဟုတ်ဘူး။ ၂၀၁၄ နှစ်ကုန်ရောက်ဖို့ တနှစ်ခွဲတောင် လိုသေးတယ်လို့လည်း မစ္စတာ ကာနေး က ပြောသွားပါတယ်။
 
အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့ ဆက်ဆံရတာ စိတ်ပျက်လွန်းလို့ သမ္မတ အိုဘားမား က  အမေရိကန် တပ်ဖွဲ့တွေ
အားလုံးကို အာဖဂန်နစ္စတန် နိုင်ငံကနေ ပြန်ရုပ်သိမ်းဖို့ လေးလေး
နက်နက် စဉ်းစားနေတယ်လို့ New York Times သတင်းစာက အ
င်္ဂါနေ့ကပဲ သတင်း ဖော်ပြသွားတာပါ။
 
အာဖဂန်နစ္စတန် နိုင်ငံကနေ ထွက်ခွာဖို့ ကိစ္စကို မစ္စတာ အိုဘားမား က ပိုမြန်အောင် လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်တယ်။  နောက်နှစ် လည်လောက်မှာ တပ်ဖွဲ့တွေအမေရိကန်နိုင်ငံကို ပြန်ရောက်ကောင်း ပြန်ရောက်နိုင် 
တယ်လို့ New York Times မှာ ပြောထားပါတယ်။
 
လက်ရှိ အစီအစဉ်အရဆိုရင်တော့ ၂၀၁၄ နှစ်ကုန်မှာ အမေရိကန် တပ်ဖွဲ့အများစုကို ပြန်ရုပ်သိမ်းပြီး တပ်ဖွဲ့နည်းနည်းကို အာဖဂန်နိုင်ငံမှာ ချန်ထားဖို့ ဖြစ်ပါတယ်။
 
ဒီအတောအတွင်းမှာပဲ အာဖဂန်နိုင်ငံအနောက်ခြမ်းမှာ ကားတစီး လမ်းဘေးထောင်ဗုံး ထိလို့ ကားပေါ်ပါလာတဲ့ ရွာသားတွေထဲက ၁၇ ဦး သေဆုံးသွားရပါတယ်။ နိုင်ငံတောင်ပိုင်းက Kandahar လေတပ် အခြေစိုက်စခန်းမှာတော့ အာဖဂန် စစ်သားတဦးက ပစ်လိုက်လို့ NATO တပ်ဖွဲ့ဝင်တဦး သေဆုံးသွားရပါတယ်။

VOA

Wednesday, July 10, 2013

အမေရိကန် တပ်ဖွဲ့တွေအားလုံးကို အာဖဂန်နစ္စတန်နိုင်ငံကနေ ၂၀၁၄ နှစ်ကုန်မှာ အပြီး ပြန်ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က စဉ်းစားထားတယ်။ ဒါပေမဲ့ အဘက်ဘက်ကို ထည့်သွင်းစဉ်းစားနေတုန်းပဲ၊ လိုအပ်ရင် ပြင်ဆင်လို့ ရပါတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြည်တွင်းဘဏ်များ Mobile Banking လုပ်ဆောင်ရန် နည်းပညာပိုင်း အဆင်သင့်ဖြစ်

Wednesday, July 10, 2013

ဘဏ်လုပ်ငန်းဆိုင်ရာများကိုမိုဘိုင်းဖုန်းပေါ်မှတစ်ဆင့်လုပ်ဆောင်နိုင်သောMobile Bankingစနစ်လုပ်ဆောင်

ရန် နည်းပညာပိုင်းနှင့် လုပ်ငန်းစဉ် များ အတွက် ပြည်တွင်းဘဏ်များ အဆင်သင့်ဖြစ်နေသော်လည်း ဗဟို
ဘဏ်က ခွင့်ပြုမှသာ ဩဘငူန ညြေုငညါစနစ်စတင်လုပ်ဆောင်နိုင် လိမ့်မည်ဖြစ်ကြောင်း အာရှစိမ်းလန်းမှု
ဖွံ့ဖြိုးရေးဘဏ်(AGD)၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦးက ပြောသည်။

"ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံ ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်မည်"

Photo: "ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံ ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်မည်"
Wednesday, July 10, 2013

ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားနိုင်
ငံက ၃ နှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ နျူကလီးယား ဓာတ်အားေးပးစက်ရုံဖြင့် ဝေးလံသီခေါင်သော ဒေသများသို့ လျှပ်စစ်စွမ်း အင် ပေးပို့နိုင်မည်ဖြစ်ပြီးမိုးခေါင်သော ဒေသများသို့ သောက်သုံးရေ ထောက်ပံ့ပေးနိုင်ရန်လည်း ရုရှားက ရည်ရွယ်ထားသည်။

ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံကို လာမည့် ၂၀၁၆ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း စိန့်ပီတာစဘတ်ဂ်တွင် ပြုလုပ်သည့် ၆ ကြိမ်မြောက် နိုင်ငံတကာ ရေတပ်ပြပွဲတွင် အလက်ဇန်ဒါ ဗော့ဇ်နီစကီ က ပြောကြား သည်။ ၎င်းသည် ရုရှားနိုင်ငံ၏ အကြီးဆုံး သင်္ဘောတည်
ဆောက်ရေး လုပ်ငန်း၏ ညွန်ကြားရေးမှူးချုပ် ဖြစ်သည်။ 

ရုရှားက တည်ဆောက်မည့် ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံ
မှာ သင်္ဘောတစ်စင်းပုံစံဖြစ်ပြီး တန်ချိန် ၂၁,၅၀၀ ရှိကာ ဝန်ထမ်း ၆၉ ဦး တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ရေပေါ် နျူကလီးယာ ဓာတ်အားပေး
စက် ရုံ မှာ သင်္ဘောပုံစံ တည်ဆောက်ထားသော်လည်း ခုတ်မောင်းနိုင်
မည် မဟုတ်ဘဲ အခြား ဆွဲသင်္ဘောဖြင့် ဆွဲယူသွားနိုင်မည်ဖြစ်ရာ လိုအပ် သည့်နေ ရာတွင် သွားရောက်လည်ပတ်၍ စွမ်းအင်ထောက်ပံ့နိုင် မည်ဖြစ်ကြောင်း ရုရှားသတင်းဌာန RT News က ဖော်ပြသည်။

Planet Myanmar Network

Wednesday, July 10, 2013

ကမ္ဘာ့ပထမဆုံး ရေပေါ် နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားနိုင် ငံက ၃ နှစ်အတွင်း တည်ဆောက်
သွားမည်ဖြစ်သည်။ အဆိုပါ နျူကလီးယားဓာတ်အားေးပးစက်ရုံဖြင့် ဝေးလံသီခေါင်သော ဒေသများသို့ လျှပ်
စစ်စွမ်း အင် ပေးပို့နိုင်မည်ဖြစ်ပြီးမိုးခေါင်သော ဒေသများသို့ သောက်သုံးရေ ထောက်ပံ့ပေးနိုင်ရန်လည်း ရုရှားက ရည်ရွယ်ထားသည်။

ဂျပန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီနှင့် Nippon Koei တို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်

Photo: ဂျပန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် မစ်ဆူဘီရှီနှင့် Nippon Koei တို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန် လာရောက်
Wednesday, July 10, 2013
ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။    

၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် Mitsubishi Materials Corporation  မှ Executive Officer ဖြစ်သူ Mr. Yasuhiko Noguchi နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃ ရက်တွင်မူ Nippon Koei ကုမ္ပဏီမှ Acting General Manager ဖြစ်သူ Mr.Yoshihiko နှင့်အဖွဲ့မှ နေပြည်တော်ရှိ ရုံးအမှတ် ၃၂ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပိုင်းဆိုင်ရာ ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုမှာ ဂျပန်အခြေစိုက် ကုမ္ပဏီများဖြစ်ပြီး Mitsubishi Materials Corporation အနေဖြင့် ကားနှင့် ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် အဖိုးတန် သတ္တုပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်ကြောင်း သိရသည်။ Mitsubishi ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မော်တော်ယာဉ် ၀န်ဆောင်မှု စင်တာများ ဖွင့်လှစ်သွားရန် First Myanmar Investment Company Ltd (FMI) နှင့် Yoma Strategic Holdings Ltd (YSH)တို့နှင့် ပူးပေါင်းစီစဉ်လျက်ရှိပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။

ယင်းအပြင် Nippon Koei ကုမ္ပဏီမှာလည်း ဂျပန်နိုင်ငံတွင် နံပါတ် ၁ အင်ဂျင်နီယာပိုင်းဆိုင်ရာ အကြံပေး လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၃၅ နိုင်ငံတွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ ဇွန်လအတွင်း၌ အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဆေးဝါးထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် Sun Pharmar Industries Ltd တာဝန်ရှိသူများ အပါအ၀င်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ အမေရိကန်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများကို လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ၂၀၁၃ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၂၈၃ သန်းအထိရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် နိုင်ငံများအနက် အဆင့် ၁၁ နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
Eleven Media Group

Wednesday, July 10, 2013
ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကုမ္ပဏီများဖြစ်သည့် Mitsubishi Materials Corporation နှင့် Nippon Koei ကုမ္ပဏီတို့ မြန်မာနိုင်ငံတွင် မြှုပ်နှံလုပ်ကိုင်ရန်အတွက် လာရောက်ဆွေးနွေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်

Photo: သမ္မတ ဦးသိန်းစိန် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်
Wednesday, 10 July 2013

သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ လေးရက်ကြာ ခရီးစဉ်ကို မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသော သမ္မတရုံး တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။

"သမ္မတဟာ ဇူလိုင် ၁၄ ရက်ကနေ ၁၈ ရက်ထိ ဗြိတိန်နဲ့ ပြင်သစ်ကို သွားပါလိမ့်မယ်" ဟု သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပြီး ခရီးစဉ်နှင့် ပတ်သက်သည့် အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိချေ။ သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ခရီးစဉ်နှင့် ပတ်သက်၍ သွားမည့်ရက်ကို အတည်ပြုနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

သမ္မတ၏ ယခုခရီးစဉ်သည် လအနည်းငယ်အတွင်း ဥရောပသို့ ဒုတိယမြောက် ခရီးစဉ် ဖြစ်မည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်သည် မတ်လက ဥရောပနိုင်ငံများသို့ သွားရောက်လည်
ပတ်ခဲ့သော်လည်း ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ မပါဝင်ခဲ့ပေ။ မြန်မာနိုင်ငံ
ကို ကုန်သွယ်မှု ဦးစားပေး အစီအစဉ်တွင် ပြန်လည်ထည့်သွင်း သွား
မည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုများကို အားပေးသွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု အားလုံးနီးပါး ဖယ်ရှားပေးထားပြီး ဖြစ်သည်။

eleven media group

Wednesday, 10 July 2013

သမ္မတဦးသိန်းစိန်၏ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ လေးရက်ကြာ ခရီးစဉ်ကို မကြာမီ ရက်ပိုင်းအတွင်း သွား
ရောက်မည်ဖြစ်ကြောင်း အမည်မဖော်လိုသော သမ္မတရုံး တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။

လက်ပံတောင်းတောင် ထွန်တုံးတိုက်ပွဲဝင်သူများ ထောင်ဒဏ်ချမှတ်၊ ကူညီသူတစ်ဦး ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခံရ

ဇူလိုင်လ ၁၀ ရက် ၂၀၁၃ ခုနှစ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ထွန်တုံးတိုက်ပွဲ ဆင်နွှဲသူများကို ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ် တရားရုံးမှ ယခုလ ၈ ရက်တွင် ပြစ်ဒဏ်များ ချမှတ်လိုက်ရာ ယင်းတို့အထဲတွင် ပါဝင်သူတစ်ဦးမှာ ထောင်ဒဏ် ၁၁ နှစ်ထိ ချမှတ်ခံရသည်ဟု
တရားရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ လာရောက်ပြီး သံဃာယောင်ဆောင်ကာ တည်းခိုခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးနေ


၁၀.၇.၂၀၁၃

ထိုင်းနိုင်ငံမှတစ်ဆင့် ရန်ကုန်မြို့သို့ ၀င်ရောက်လာပြီးသံဃာယောင်ဆောင်ကာတည်းခိုခဲ့သည့် ဘင်္ဂလားဒေ့
ရှ် နိုင်ငံသားနှစ်ဦးကို မသင်္ကာသဖြင့် ဖမ်းဆီးထားပြီး ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရန်ရည်ရွယ်ချက်
ဖြင့် ရောက်ရှိလာခြင်း ဟုတ်မဟုတ် စစ်ဆေးနေကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးထံမှ သိရသည်။