Pages

Monday, July 8, 2013

"အိန္ဒိယ မိုဘိုင်းလ်ကုမ္ပဏီ Micromax ၏ Canvas 4 စမတ်ဖုန်းသစ် မိတ်ဆက်"

Photo: "အိန္ဒိယ မိုဘိုင်းလ်ကုမ္ပဏီ Micromax ၏ Canvas 4 စမတ်ဖုန်းသစ် မိတ်ဆက်"
Monday, July 08, 2013

အိန္ဒိယ မိုဘိုင်းလ် ကုမ္ပဏီကြီး #Microsmax သည် #Canvas 4 အမျိုးအ
စား စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ကြောင်း သိရှိရသည်။ Canvas 4
သည် Micromaxက ထုတ်လုပ်ထားသည့် Canvas #HD စမတ်ဖုန်းကို ပိုမို မွမ်းမံ မြှင့်တင်မှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။ 

Canvas HDကို ထုတ်လုပ်ရောင်းချမှု အချိန်မကြာလှမီမှာပင် #Android #OS အသုံးပြု နောက်ထပ် ဖုန်းအသစ်ကို Micromax က မိတ်ဆက်လာခြင်း ဖြစ်သည်။ ယခုဖုန်းကို #MediaTek က ထုတ်လုပ်သည့် MT6589 Quad-Core Processorဖြင့် မောင်းနှင်ထားပြီး ယင်းသည် ယခင် Canvas HDနှင့် များစွာ ကွာခြားမှု မရှိလှချေ။ 

Canvas 4သည် Canvas HDကဲ့သို့ပင် #Resolution 720p ထောက်ပံ့နိုင်သည့် (၅)လက်မ အရွယ် #Touchscreen ကို အသုံးပြုထားသည်။ ဖုန်းတွင် ပါဝင်သော #Memory ပမာဏမှာ #1GB ဖြစ်ပြီး သိုလှောင်မှု စွမ်းရည် 16GBပါရှိသည်။ 

သိုလှောင်မှု စွမ်းရည်ကို တိုးမြှင့်ရန်အတွက် #Micro #SD #Slot တစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး ဘက်ထရီမှာ #2000mAh စွမ်းဆောင်မှု ရှိသည်။ Android OS 4.2 (#Jelly #Bean)ကို အသုံးပြုထားသည့် ယင်းစမတ်ဖုန်းအား တန်ဖိုး ရူပီးငွေ (၁၇,၉၉၉) သတ်မှတ် ရောင်းချသွားမည်ဟု သိရသည်။

#Hardware ပိုင်းသည် ယခင်ဖုန်း အမျိုးအစားများနှင့် ကွာခြားမှု မရှိလှသည့်တိုင် Canvas 4သည် ဒီဇိုင်းပိုင်းနှင့် #Software #Feature များတွင် ယခင်ထက် များစွာ သာလွန်မည်ဟု ဆိုသည်။ ဖုန်းကိုယ်ထည်ကို ပလတ်စတစ်၊ အလူမီနီယံ အနားကွပ်တို့ဖြင့် ပြုလုပ်ထားပြီး ဖုန်းကို ကိုင်မြှောက်လိုက်ရုံဖြင့် တစ်ဖက်မှ ခေါ်ယူသော ဖုန်းကို အလိုလို ဖြေကြားပြီး ဖြစ်ခြင်း၊ ဖုန်းကို ပြောင်းပြန် ထားလိုက်ရုံဖြင့် အသံပိတ်ထားသည့် #Silent #Mode သို့ ပြောင်းသွားခြင်း အစရှိသည့် ဖန်တီးမှုများ ထည့်သွင်းထားသည်။

ထို့အပြင် Samsung ဖုန်းများမှ #Smart #Pause ကဲ့သို့ Feature နှင့် ဆင်တူသော ဗီဒီယို #Playback ဖြည့်တင်းမှုများကို ပြုလုပ်ထားသည်။ ဖုန်းတွင် 13 #megapixel ကင်မရာ တစ်လုံးအပြင် ဗီဒီယို #Chatting အတွက် ရှေ့ဘက်တွင် 5 megapixel ကင်မရာ တစ်လုံးကိုပါ ထည့်သွင်းပေးထားသေးသည်။ Micromaxက Canvas 4ကို ဝယ်ယူရန် ကြိုတင် အမှာစာ (၁၁၅၀၀)မျှ ရရှိထားကြောင်း ကြေညာခဲ့သည်။


Planet Myanmar Network

https://www.facebook.com/photo.php?fbid=10151517284959067&set=np.30602781.1748790824&type=1&ref=notif&notif_t=notify_me&theater

Monday, July 08, 2013

အိန္ဒိယ မိုဘိုင်းလ်ကုမ္ပဏီကြီး #Microsmax သည် #Canvas 4 အမျိုးအ စား စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်
ကြာင်း သိရှိရသည်။ Canvas 4 သည် Micromaxက ထုတ်လုပ်ထားသည့် Canvas ‎#HD စမတ်ဖုန်းကို ပိုမို မွမ်း
မံ မြှင့်တင်မှုများ ပြုလုပ်ထားခြင်း ဖြစ်သည်။

ယနေ့ညနေ ၄နာရီ ၄၅မိနစ်ခန့်က ဘုရင့်နောင်တံတား ငြမ်းဆင်ဆဲ တိုင်အမှတ် ၁၇ ကရိန်းနှင့် တိုက်မိပြီး ပြိုကျ


7.8.16
ဘုရင့်နောင်ခုံးကျော်တံတား ပင်မကွန်ကရစ်တိုင် ပြိုကျမှုအား ဇူလိုင်  ၈ ရက်က တွေ့ရစဉ်

သမိုင်းမှ လှိုင်သာယာသို့ ချိတ်ဆက်ပေးမည့် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်
ကရစ်တိုင် ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်တွင် ကျည်ဆန်များ ရောင်းချမှုဖြင့် တပ်ကြပ် တဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံရ

Photo: ရခိုင်တွင် ကျည်ဆန်များ ရောင်းချမှုဖြင့် တပ်ကြပ် တဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံရ
Monday, July 08, 2013

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုးသမီးတဦးတို့အား ကျည်ဆန်များ ရောင်း
ချမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ခမရ ၃၇၅ တပ်ရင်းမှ တပ်ကြပ်ကျော်ဝေသည် စစ်တပ်ပိုင် ကျည်ဆန်များကို ကျောက်တော်ဒေသခံ ဒေါ်အေးကြည် ဆို
သည့် အမျိုးသမီးမှ တဆင့်ရောင်းချသည်ဟု စစ်ဆေးတွေ့ရှိ
ရ၍ ၎င်းတို့နှစ်ဦးစလုံးကို ယမန်နေ့က ဖမ်းဆီးထားခြင်းဖြစ်
ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင် က 
ဧရာဝတီ ကို ပြောသည်။

“ကျည်ဆန်တောင့် ၃၀၀၊ ငွေသား ကျပ်၂ သိန်းကျော်နဲ့အတူ မအေးကြည်ကို ဖမ်းမိတယ်၊ အဲဒီကျည်ဆန်တွေဟာ တပ်ကြပ် ကျော်ဝေက ပို့ဆောင်ခိုင်းတာ
လို့ ထွက်ဆိုတယ်၊ မအေးကြည်ကို ရဲစခန်းမှာ စစ်ဆေးနေတုန်းပါ၊ ကျော်ဝေ
ကိုတော့ စစ်တပ် အချုပ်ခန်းမှာပဲ စစ်တပ် ဥပဒေအတိုင်း ဆောင်ရွက်နေ
ပါတယ်”ဟု ရဲမှူး ခင်မောင် က ဆိုသည်။

တပ်ကြပ် ကျော်ဝေအား လက်နက် အရေးပေါ် ယာယီ ဥပဒေ ပုဒ်မ ၂ (၁)(ဂ) အရ စစ်ဘက်ရေးရာ အရာရှိများနှင့် ရဲ တပ်ဖွဲ့ ပူးပေါင်း စစ်ဆေးနေပြီး ဒေါ်
အေးကြည်ကိုမူ ရဲစခန်းတွင် ထိန်းသိမ်း စစ်ဆေးနေကြောင်းလည်း ၎င်း
က ပြောဆိုသည်။

ကျောက်တော်မြို့နယ် လမ်းမတော်အရပ်မှ ဒေါ်အေးကြည်သည် တခြားကျေးရွာသို့သွားစဉ် သင်္ကာမကင်း၍ ကျောက်တော် မြို့နယ် အမျိုးသမီး ကွန်ရက်မှ အမျိုးသမီး ခေါင်းဆောင်များက ရှာဖွေစစ်
ဆေးစဉ် ကျည်ဆန်များတွေ့ရှိကြောင်း၊ ထို့ကြောင့် မြို့နယ် ရဲတပ်ဖွဲ့သို့ အကြောင်းကြားကာ မြို့နယ် အာဏာပိုင်များနှင့်အတူ ဒေသခံ ရပ်မိ
ရပ်ဘများက ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါ ၀င်သော ရပ်မိရပ်ဘ တဦးဖြစ်သူ ဦးမောင်ဝင်း က ဧရာဝတီ ကို ပြောပြသည်။

ဒေါ်အေးကြည်၏ ဖခင်သည် ပန်းပဲဆရာ တဦးဖြစ်ကြောင်း၊ ၎င်းပြုလုပ် 
သည့် ဓား၊ ဆောက်၊ လှံ၊ ဂျင်ကလိ စသည့် သံထည် ပစ္စည်းများကို ထိုဒေ
သရှိ ဘင်္ဂါလီ(မွတ်စလင်)ကျေးရွာများတွင် ရောင်းချလေ့ရှိကြောင်း၊ ယခုအ
ကြိမ်တွင်လည်း ထိုလက်နက် များ ထပ်မံ ရောင်းချနေသည်ကို တားဆီး လိုသည့်အတွက် စစ်ဆေးရာမှ ကျည်ဆန်များ တွေ့ရှိခြင်းဖြစ်ကြောင်း ၎င်း
က ရှင်းပြ သည်။

“ကျနော်တို့ ထင်တာက စူးဆောက်တွေ၊ ဓားတွေပဲ ထင်ပြီးစစ်ဆေးတာ၊ ကျည်ဆန်တွေကိုပါ တွေ့တော့ ရဲစခန်းကို အကြောင်း ကြားပြီးမှ ဖမ်းဆီးစစ်ဆေးရင်းနဲ့ စစ်သားက ပို့ခိုင်းတယ်လို့ ထွက်ဆိုတယ်”ဟု ဦးမောင်ဝင်း က ဆိုသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစု အပါအ၀င် ကျောက်တော်မြို့နယ်တွင်
လည်း ဘင်္ဂါလီလူမျိုးများနှင့် ပဋိပက္ခ ဖြစ်ထား၍ ပြဿနာများ ဆက်
လက်မဖြစ်ပွားရန်၊ တည်ငြိမ်အေးချမ်းစေရန် ဓား၊ လှံ၊ ဂျင်ကလိ စသည့်လက်နက်များ ဆက်လက် မရောင်းချနိုင် ရေး တားဆီးရန် ရည်ရွယ်ချက်ဖြင့် ရပ်မိရပ်ဘများက အစည်းအဝေးပြုလုပ် ဆုံးဖြတ်
ကြကာ စစ်ဆေးကြခြင်း ဖြစ်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။

ကျောက်တော်မြို့နယ်၏ နေရာဒေသ တချို့တွင် ခိုးမှု၊ လုယက်မှု တချို့ဖြစ်ပွားနေကြောင်း သိရပြီး မင်းကြပ်ကျေးရွာမှ ကျောင်းဆရာမ တဦးနှင့် ကျောင်းသူတဦးတို့ တရွာမှတရွာသို့သွားစဉ် လမ်း၌ အကြမ်း
ဖက် တိုက်ခိုက်၍ လက်ဝတ်ပစ္စည်းများ လုယက်ခံခဲ့ရကြောင်း ရခိုင်
ပြည်နယ် အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသော ကျည်ဆန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ – နိရဉ္စရာ)
ဧရာဝတီ
ဖမ်းဆီးရမိသော ကျည်ဆန်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ – နိရဉ္စရာ)
ဧရာဝတီ
Monday, July 08, 2013

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အခြေစိုက် ခမရ (ခြေမြန်တပ်ရင်း) ၃၇၅ မှ တပ်ဖွဲ့ဝင် တဦးနှင့် အမျိုး
သမီးတဦးတို့အား ကျည်ဆန်များ ရောင်း ချမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

Windows 8.1မှာ သင်မသိသေးတဲ့ Featureသစ်များ

Photo: Windows 8.1မှာ သင်မသိသေးတဲ့ Featureသစ်များ
Monday, July 08, 2013

မကြာသေးခင်ကမှ မိတ်ဆက်လိုက်တဲ့ Windows 8.1မှာ ပါဝင်တဲ့ Featureအသစ်တွေကို အခုကတည်းက သိထားပြီး ဖြစ်အောင် တင်ပြပေးလိုက်ပါတယ်။

(၁) Microsoftရဲ့ ကြိုတင် အသိပေးထားချက် အရတော့ Windowsကို မသုံးတာ နည်းနည်း ကြာသွားတာနဲ့ Windowsစနစ်က အလိုအလျောက် ပိတ်ပေးသွားမှာပါ။ ဒီလို စနစ်မျိုး သင်တစ်ခါမှ အသုံးပြုဖူးမှာ မဟုတ်ဘူးလို့တောင် ဆိုထားပါသေးတယ်။

(၂) Windows 8တုန်းကတော့ Accountထဲကို ၀င်ဖို့အတွက် Sing in လုပ်ဖို့ လိုအပ်သေးပြီး နောက်မှ Emailနဲ့ အခြားအရာတွေကို ၀င်ကြည့်နိုင်တာပါ။ Multiple Accountကို အသုံးပြုချင်ရင်တော့ Start Screenကို Swipeလုပ်ပါ။ Tap Settingထဲ ထပ်ဝင်ပြီး Change PC Settingsကို ရွေးချယ်ပါ။ နောက်ပြီး Accountsကနေ တစ်ဆင့် Other Accountကို ထပ်မံရွေးချယ်ရမှာ ဖြစ်ပါတယ်။

(၃) Windows 8.1မှာ Screenကို Resize အလွယ် တကူ လုပ်ဆောင်နိုင်တဲ့ စွမ်းရည် ပါဝင်လာမှာ ဖြစ်ပါတယ်။ Tabletတွေ မှာ အသုံးပြုသလိုပဲ လက်နှစ်ချောင်းကိုပဲ အသုံးပြုပြီး Resizeလုပ်ငန်းကို အလွယ်လေး သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

(၄) သင် လက်ရှိ အသုံးပြုထားတဲ့ Appတွေ Windowsတွေ အားလုံးကို အလွယ် တကူ ကြည့်ချင်တယ်ဆိုရင်တော့ Screenရဲ့ ညာဖက်ခြမ်းကို Swipeလုပ်ပြီး နောက် ဘယ်ဘက်ခြမ်းကိုပါ Swipeထပ် လုပ်လိုက်မယ် ဆိုရင် သင့်ကြည့်ချင်တဲ့ App Listတွေ အလွယ်တကူ ကြည့်နိုင်မှာပါ။

(၅) Microsoftရဲ့ Windows 8.1အပေါ်မှာ ပြန်လည် ဆန်းသစ်ထားချက်က Startခလုတ် ပြန်လည် ထည့်သွင်းထားမှာ ဖြစ်ပြီး Taskbarလည်း ပြန်လည်ပါဝင်လာမှာ ဖြစ်တာကြောင့် Taskbarပေါ်မှာ Menuတစ်ခု ပေါ်လာသည် အထိ Touchလုပ်ထားနိုင်ပြီး နောက် Propertiesကို ရွေးချယ်ပါ။ နောက်ပြီး Use Peekကို ရွေးချယ်ပြီး Taskbarပေါ်မှာ Desktopခလုတ် ပေါ်လာအောင် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

(၆) Onshortcut Keyboardကို ထည့်သွင်းပေးထားမှာ ဖြစ်တာကြောင့် သုံးစွဲရ အဆင်ပြေမှာ ဖြစ်ပြီး သူ့ကို Pop-upအဖြစ် လုပ်ထားချိန်မှာ Controlခလုတ်ကို နှိပ်ပြီး လက်ရှိ အသုံးပြုနေတဲ့ Shortcutတွေကို ကြည့်နိုင်မှာ ဖြစ်သလို နောက်ထပ် Shortcutတွေလည်း ထပ်မံဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

Ref: www.businessinsider.com
MYANMAR ICT


Monday, July 08, 2013

မကြာသေးခင်ကမှ မိတ်ဆက်လိုက်တဲ့ Windows 8.1မှာ ပါဝင်တဲ့ Featureအသစ်တွေကို အခုကတည်းက သိ
ထားပြီး ဖြစ်အောင် တင်ပြပေးလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး အမျိုးသားတစ်ဦးဖမ်းဆီးခံရ

Photo: Monday, July 08, 2013

မနေ့က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗေဓိ ကျောင်းတော်ကြီးနဲ့ တဝိုက် ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်နေပြီး အမျိုးသား တဦးကို ဖမ်းဆီး လိုက်ပြီ လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါ တယ်။ 

လုံခြုံရေး ကင်မရာ ထဲမှာတော့ အမျိုးသား နှစ်ဦးဟာ အဲဒီ နေရာ တဝိုက်မှာ ဗုံးလိုက်ထောင်နေတာကို တွေ့ရပါတယ်။ ဒီအတွက် စုံစမ်း စစ်ဆေးသူတွေ ကနေ ဒီဗီဒီယိုကို ကြည့်ပြီး၊ အသေးစိတ် အကဲဖြတ် လေ့လာ ဆန်းစစ် မှုတွေ ပြုလုပ်နေပါတယ်။

ပေါက်ကွဲမှုတွေကြောင့် မြန်မာ ဘုန်းတော်ကြီး တပါးနဲ့ တိဘက် ဘုန်းတော်ကြီး တပါး အပါအဝင် တခြား လူ ၅ ဦး ဒဏ်ရာ ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်သူတွေက လုပ်တယ်ဆိုတာကတော့ အခု အချိန်အထိ မသိရသေးပါ။

BBC

Monday, July 08, 2013

မနေ့က ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာ မဟာဗေဓိ ကျောင်းတော်ကြီးနဲ့ တဝိုက် ဗုံးပေါက် ကွဲမှုတွေ နဲ့ ဆက်စပ်နေပြီး အမျိုးသား တဦးကို ဖမ်းဆီး လိုက်ပြီ လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါ တယ်။

"အသင်းကို အင်အားဖြည့်မည်ဟု မန်ယူမန်နေဂျာ မိုယက်စ် ကတိပြု"

Photo: "အသင်းကို အင်အားဖြည့်မည်ဟု မန်ယူမန်နေဂျာ မိုယက်စ် ကတိပြု"
Monday, July 08, 2013

မန်ချက်စတာ ယူနိုက်တက် အသင်းပရိသတ်များအား မိမိတို့ အနေဖြင့် အသင်းအင်အား ဖြည့်တင်းရန်အတွက် လုပ်ဆောင်မည် ဖြစ်ကြောင်း မန်နေဂျာ ဒေးဗစ် မိုယက်စ်က ကတိပြု ပြောကြားလိုက်သည်။ 

ယူနိုက်တက်သည် ဆာအဲလက်စ် ဖာဂူဆန် ခေတ်လွန် မိုယက်စ် တာဝန်ယူချိန်တွင် အဓိက ကစားသမား အားဖြည့်ဝယ်ယူမှုမျိုး မလုပ်ဆောင်နိုင်သေးဘဲ ဥရုဂွေး လူငယ် ကစားသမားလေး ဂူလာမို ဗာရဲလားကိုသာ ပေါင်စတာလင် (၁)သန်းဖြင့် ဝယ်ယူထားသေးသည်။ 

ယူနိုက်တက်သည် ဘာစီလိုနာ ကွင်းလယ် ကစားသမား သီယာဂို အယ်လ်ကန်ထရာကို ပေါင်စတာလင် (၁၇)သန်းဖြင့် ခေါ်ယူမည်ဟု သတင်းကြီးနေသော်လည်း လက်တွေ့ ဖြစ်မြောက် မလာသေးချေ။ မိုယက်စ်သည် MUTVနှင့် အင်တာဗျူးတွင် သီယာဂို ကိစ္စကို တိတိ
ကျကျ ပြောဆိုခြင်း မရှိသော်လည်း အသင်းအတွက် အားဖြည့်မှု
များ ပြုလုပ်မည်ဟုမူ အတည်ပြုသွားခဲ့သည်။

စကော့သား မန်နေဂျာက "ယူနိုက်တက်ဟာ ထိပ်တန်းအဆင့် ကစားသမားတွေနဲ့ အမြဲလိုလို အနီးစပ်ဆုံး ရှိနေမှာပါ။ ပရိ
သတ်တွေကို ကျွန်တော် စွမ်းသလောက် လုပ်ဆောင်နေမယ် 
ဆိုတာကို အာမခံချင်ပါတယ်။ တချို့ကိစ္စတွေက ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်ဆန်ဆန် လုပ်ဆောင်ရပါတယ်။ ဒါပေမဲ့ လက်ရှိ 
အင်္ဂလန် ချန်ပီယံ အသင်းကို ပိုတောင့်တင်း၊ ပိုအားကောင်း
လာအောင် ကျွန်တော် လုပ်ဆောင်နိုင်စွမ်း ရှိသမျှ အားလုံးကို
ပုံအောပြီး လုပ်ဆောင်ပေးသွားမယ်လို့ ပြောချင်ပါတယ်"ဟု ဆက်လက် ပြောဆိုသွားသည်။

ယူနိုက်တက်သည် ဗုဒ္ဓဟူးနေ့တွင် ရာသီကြို လေ့ကျင့်ရေး ခရီးစဉ် စတင်မည်ဖြစ်ပြီး သီယာဂို ကိစ္စကို ယင်းမတိုင်မီ အပြီးသတ်ရန်မှာမူ ခက်ခဲဖွယ် ရှိနေသည်။ ယူနိုက်တက်၏ လေ့ကျင့်ရေး ခရီးစဉ်တွင် အက်ရှ်လေယန်း၊ လူးဝစ်နာနီနှင့် ခရစ်စမောလင်းတို့ လိုက်ပါရန် မသေချာသော်လည်း အရန်အသင်းမှ ကွင်းလယ် ကစားသမားလေး အက်ဒ်နန် ဂျနူဇက်ဂ်ျကို နေရာပေးရန် မိုယက်စ်က စီစဉ်နေကြောင်း သိရှိရသည်။ 

Planet Myanmar Network

Monday, July 08, 2013

မန်ချက်စတာ ယူနိုက်တက်အသင်းပရိသတ်များအားမိမိတို့ အနေဖြင့်အသင်းအင်အား ဖြည့်တင်းရန်အတွက်
လုပ်ဆောင်မည် ဖြစ်ကြောင်း မန်နေဂျာ ဒေးဗစ် မိုယက်စ်က ကတိပြု ပြောကြားလိုက်သည်။

Baby I Love You သီချင်းနဲ့ နေတိုး စင်ကာပူဖျော်ဖြေပွဲ

Photo: Baby I Love You သီချင်းနဲ့ နေတိုး စင်ကာပူဖျော်ဖြေပွဲ
Monday, July 08, 2013

နေတိုးကစင်ကာပူမှာ 'နှင်းဆီခရီးသည်' မော်ဒန် အငြိမ့်ကို သွားရောက်ဖျော်ဖြေခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။ 

ခရီးစဉ်တစ် လျှောက်လုံး အဆင်ပြေခဲ့သလို ကိုယ်ပိုင်သီချင်းလေး တစ်ပုဒ် ဖျော်ဖြေခဲ့မှုအပေါ်ပရိသတ်တွေ အားပေး ကြတယ်လို့ပြောပြ
ပါ တယ်။ဖျော်ဖြေပွဲနဲ့ပတ်သက် ပြီး "ကျွန်တော်တို့ ဇွန် ၃ဝ ရက်နေ့က စင်ကာပူမှာ ကတယ်။ ကျွန်တော်တို့ ပြက်လုံးတွေကိုလည်း သမားစဉ်
ကနေ နည်းနည်းလေးခွဲထွက်ပြီး လုပ်တာ များတော့ ကျွန်တော်တို့ရဲ့ 
ဒုက္ခက အငြိမ့်တစ်ခု လုပ်ပြီဆိုရင် ပြက်လုံးအသစ်တွေ လုပ်ရတယ်။ 
အခု ကပြခဲ့ရတာကို ကျေနပ်တယ်။ အခု လက်ရှိ ဖြစ်ပေါ်နေတဲ့ 
အခြေအနေ ကို ပြက် လုံးလုပ်ရတာက တအားခက်တယ် လို့ ထင်
တယ်။ 

ဒီမိုကရေစီခေတ်လည်းဖြစ် နေပြီ။ ခေတ်စနစ်ပြောင်းလဲနေတဲ့ အချိန် မှာ ပရိသတ်၊ ပြည်သူလူထုတွေရော အမှားနည်းအောင် တချို့ရိုင်း တာ လေးတွေကို ပယ်ပြီး မိသားစု ကြည့် နိုင်မယ့် ပြက်လုံးလေးတွေကိုပဲ လုပ် ဖြစ်တယ်။ ကျွန်တော် စင်ကာပူမှာ သီချင်း အသစ်တစ်ပုဒ်ဆိုခဲ့တာ မထင်မှတ်ပဲ ပရိသတ်တအားအားပေး တယ်။ 

ဒီသီချင်းက ကျွန်တော့် သီချင်း ခွေထဲမှာထည့်ထားတယ်။ ဒီသီချင်း ကို ဇာတ်ဝင်သီချင်းဝယ်က တည်းက ကြိုက်ခဲ့တာ။ ကျွန်တော့်အသံနဲ့လည်း လိုက်တယ် ပြောတော့ ကျွန်တော့် အခွေ အတွက်လည်း အားရှိတယ်။ သီချင်း နာမည်က 'Baby I Love You' ဆိုတဲ့သီချင်းလေးပါ။ ဒီလို ကျွန်တော့်ရဲ့ ဖန်တီးမှုကို နှစ်သက် ကြတဲ့အတွက် ပီတိဖြစ်ရတယ်။
ရှေ့ ဆက်ပြီးလုပ်ဖို့ အင်အားတွေဖြစ်ရ တာပေါ့"လို့ ပြောပြပါတယ်။ 

ဖျော်ဖြေရေးကို နှင်းဆီ အဖွဲ့ သား ဖြစ်တဲ့ မိုးမိုးက မလိုက်ဖြစ်ဘဲ မင်းမော်ကွန်းက လိုက်ပါဖျော် ဖြေခဲ့တယ်လို့ဆိုတာကြောင့်လည်း "မိုးမိုးက ခရီးလွန်နေတော့ ဦးမျိုးက ကျော်ကျော့်ကိုခေါ်လိုက်တာ။ ကျွန်တော် တို့က 'ခရီသွားနှင်းဆီ' ကို ကတာ မဟုတ်ဘူး။ 

အသစ်တစ်ခုကတာဖြစ် တဲ့အတွက် ဘာမှပြဿနာမရှိဘူး။ အဟောင်း ပြန်ကလည်း ကျော်ကျော် ဆိုတာကကျွန်တော်တို့ထက် အနုပညာ အားဖြင့်ရော၊ သူပြက်လုံးတွေ ပြက် လာတဲ့ သက်တမ်းက 'ကတ္တီပါရင်ခွင်' ကတည်း က လူရွှင်တော်လုပ် လာ တာဆိုတော့ 
ကျွန်တော် တို့ ထက်အများကြီး အတွေ့အကြုံ ရှိ တယ်။ 

အနု ပညာ မျိုးရိုးလည်းရှိတဲ့ သူတစ် ယောက်ဆိုတော့ သူပါဝင်လာခြင်း အပေါ် ကြိုဆိုတယ်။ အားလုံးစုပေါင်း ပြီး လုပ်ကြတာပါပဲ" လို့ ပြောပြပါ တယ်။ နေတိုးက 'ကျန်စစ်မင်းကြီးကို တရား စွဲပေးပါ'ဆိုတဲ့ဇာတ်ကားကို ဒါရိုက်တာ ဒေါနနဲ့ ရိုက်ကူးနေပါ တယ်။

Popular Journal


Monday, July 08, 2013

နေတိုးကစင်ကာပူမှာ 'နှင်းဆီခရီးသည်' မော်ဒန် အငြိမ့်ကို သွားရောက်ဖျော်ဖြေခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့က ပြန်ရောက်ခဲ့ပါတယ်။

ဆော်ဒီသြဇာခံ တစ်ဦးကို ခေါင်းဆောင်သစ်အဖြစ် ဆီးရီးယား အတိုက်အခံများ တင်မြှောက်

Photo: ဆော်ဒီသြဇာခံ တစ်ဦးကို ခေါင်းဆောင်သစ်အဖြစ် ဆီးရီးယား အတိုက်အခံများ တင်မြှောက်
Monday, July 08, 2013

ဆီးရီးယား အတိုက်အခံများက ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ သြဇာခံ တစ်ဦးကို ၎င်းတို့၏ ခေါင်းဆောင်သစ်အဖြစ် စနေနေ့က ရွေးကောက် တင်မြှောက်လိုက်သည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

ဆီးရီးယား အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ဖြစ်သော ဆီးရီးယားအမျိုးသား ယာယီ ညွန့်ပေါင်းအဖွဲ့က စနေနေ့က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပသော အစည်းအဝေးတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် အဆက်အသွယ်ရှိသော လူမျိုးစု အကြီးအကဲ တစ်ဦး ဖြစ်သည့် အာမက်ဂျာဘာကို ခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်ခဲ့ခြင်း ဖြစ် သည်။

အာမက် ဂျာဘာသည် ကာတာနိုင်ငံ၏ သြဇာခံ တစ်ဦးဖြစ်သော စီးပွားရေး သမား မူစတာ ဖာဆာဘာ့ဂ်ျကို ကျော်ဖြတ်၍ ရွေးချယ်ခံခဲ့ ရခြင်း ဖြစ်သည်။

ကာတာနိုင်ငံသည် ဆော်ဒီအာရေးဗီးယားကို ကျော်၍ ဆီးရီးယား သူပုန်များ အပေါ်တွင် သြဇာလွှမ်းမိုး နိုင်ခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ဖူးသည်။

“ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ အရင် ညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်မှုက ဆီးရီးယား ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ဘာမှ ဆောင်ရွက်မပေးနိုင် ခဲ့ဘဲ အဖွဲ့အစည်းတွင်း ပဋိပက္ခတွေနဲ့ပဲ ရှုပ်ထွေး နေခဲ့ပါတယ်။ အာမက်ဂျာဘာက အားလုံးနဲ့ လက်တွဲလုပ်လိုစိတ်ရှိသူ ဖြစ်ပါတယ်” ဟု ညွန့်ပေါင်း အဖွဲ့၏ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

ဆီးရီးယား အတိုက်အခံ အဖွဲ့အစည်းများကြားတွင် ဂိုဏ်းကွဲနေသည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည့် မွတ်ဆလင် ညီနောင်များအဖွဲ့၏ အီဂျစ်နိုင်ငံရှိ ပင်ရင်း အဖွဲ့အစည်းက ကျောထောက် နောက်ခံ ပေး ထားသော သမ္မတမော်စီမှာ အီဂျစ်နိုင်ငံတွင် အာဏာ လက်လွှတ်ခဲ့ရပြီ ဖြစ် သည်။

သို့သော် ဆီးရီးယားနိုင်ငံရှိ ၎င်းတို့၏ ကိုယ်စားလှယ်မှာမူ ဆီးရီးယား အတိုက်အခံ ညွန့်ပေါင်း အဖွဲ့အစည်း၏ ဒုတိယ ခေါင်းဆောင် နှစ်ဦးအနက် တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရသဖြင့် မွတ်ဆလင် ညီနောင်များ အဖွဲ့အစည်း အနေဖြင့် ဆီးရီးယား အတိုက်အခံများကြားတွင် အတိုင်းအတာ တစ်ခုအထိ လွှမ်းမိုးမှု ရှိနေဦးမည် ဖြစ်သည်။

The Voice Weekly

Monday, July 08, 2013

ဆီးရီးယား အတိုက်အခံများက ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ သြဇာခံ တစ်ဦးကို ၎င်းတို့၏ ခေါင်းဆောင်သစ်
အဖြစ် စနေနေ့က ရွေးကောက် တင်မြှောက်လိုက်သည်ဟု ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။

ရွှေတြိဂံဒေသ၏ နာမည်ကျော် လော်စစ်ဟန် ကွယ်လွန်

Photo: ရွှေတြိဂံဒေသ၏ နာမည်ကျော် လော်စစ်ဟန် ကွယ်လွန်

Monday, July 08, 2013
‘ဘိန်းဖြူ၏ ခေါင်းကိုင်ဖခင်ကြီး’ ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရည်ညွှန်းခံရသူ ရွှေတြိဂံဒေသ၏ နာမည်ကျော် ဦးလော်စစ်ဟန်မှာ ဇူလိုင်လ ၆ ရက်နေ့ (စနေနေ့) ည ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် တာမွေမြို့နယ် မွန်မြတ်မေတ္တာ အိမ်ရာရှိ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင် များနှင့် ရင်းနှီးသူများက ပြောကြားသည်။

ကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီဖြစ်သော ဦးလော်စစ်ဟန် မှာ ပြည်တွင်းသောင်းကျန်းမှု သမိုင်းတွင် နာမည်ကျော်ကြားခဲ့သော 
ကွမ်းလုံ ရက်လေး ဆယ် တိုက်ပွဲတွင် ကွန်မြူနစ် တပ်များကို မြန်မာ
အစိုးရ ဘက်မှ ဝင်ရောက် တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

ယင်းအပြင် ဗမာပြည် ကွန်မြူနစ်ပါတီကို ပထမဆုံး ပုန်ကန် ခွဲ
ထွက်ခဲ့သော ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ရရှိအောင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်သည်။

ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည့်
တိုင် ၁၉၇၃ ခုနှစ်တွင် တောခိုခဲ့ပြီး ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော SSA နှင့် ပူးပေါင်းခဲ့သူလည်း ဖြစ်သည်။

ဦးလော်စစ်ဟန်မှာ ၁၉၇၃ ခုနှစ်တွင် ထိုင်းအစိုးရ၏ ဖမ်းဆီးခံခဲ့ ရပြီးနောက် မြန်မာနိုင်ငံသို့ လွှဲပြောင်း ခံခဲ့ရကာ နိုင်ငံတော် ပုန်ကန်မှုဖြင့် သေဒဏ် ချမှတ်ခံရသည့်တိုင်အောင် ၁၉၈၀ ပြည့်နှစ်
တွင် ထုတ်ပြန်ခဲ့သော အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်
လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။

ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ကို ယခင် တပ်မတော်အစိုးရ လက်ထက်တွင် ငြိမ်းချမ်းရေး ရယူအောင် ဆောင်ရွက်ပေးခဲ့အပြီးတွင် ဦးလော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင်မှာ အေးရှားဝေါလ် အမည်ဖြင့် အကျိုးအမြတ် ကြီးမားသည့် ဆိပ်ကမ်း ဝန်ဆောင်မှုလုပ်ငန်း၊ လေကြောင်း လိုင်း ပြေးဆွဲခြင်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စီမံကိန်းကြီးများ စသည့် ထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်သည်။

ကွယ်လွန်ချိန်တွင် သားသမီး ကိုးဦးနှင့် မြေး ၁၆ ဦး ကျန်ရစ်ခဲ့သော ဦးလော်စစ်ဟန်၏ ဈာပနကို ယူနန် သုသာန်၌ ပြုလုပ်မည် ဖြစ်သည်။

The Voice Weekly

Monday, July 08, 2013
‘ဘိန်းဖြူ၏ ခေါင်းကိုင်ဖခင်ကြီး’ ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ရည်ညွှန်းခံရသူ ရွှေတြိဂံဒေသ
၏ နာမည်ကျော် ဦးလော်စစ်ဟန်မှာ ဇူလိုင်လ ၆ ရက်နေ့ (စနေနေ့) ည ၁၀ နာရီ မိနစ်၃၀အချိန်တွင်တာမွေ
မြို့နယ် မွန်မြတ်မေတ္တာ အိမ်ရာရှိ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင် များနှင့် ရင်းနှီးသူများက ပြော
ကြားသည်။

ဘီလီယံနာ ကားလို့ဆလင်က Developer ရှဇန်ရဲ့ Appမှာ သန်း၄၀ရင်းနှီး

Photo: ဘီလီယံနာ ကားလို့ဆလင်က Developer ရှဇန်ရဲ့ Appမှာ သန်း၄၀ရင်းနှီး

Monday, July 08, 2013
ယခင် Developerရှဇန် လုပ်ကိုင် ဆောင်ရွက်နေသော Appအသစ် တစ်မျိုးရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် စတင်လုပ်ဆောင်နိုင်ဖို့ အတွက် ရင်းနှီးငွေ အမေရိကန် ဒေါ်လာသန်း ၄၀ကို ထည့်ဝင်လိုက်ကြောင်း သိရပါတယ်။ အဆိုပါ Appနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ငွေကြေး အခက်အခဲကြောင့် ရပ်နားနေခဲ့ရရာမှ ယခုကဲ့သို့ ရင်းနှီးမြှပ်နှံ ခံရခြင်း ဖြစ်တယ်လို့ သိရပြီး အဆိုပါ Appအသစ်ဟာ ဖုန်းတွေမှာ အသုံးပြုနိုင်မယ့် Musicနဲ့ဆိုင်တဲ့ Appတစ်မျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

Slimဟာ အသက် ၇၃နှစ်ရှိပြီ ဖြစ်တဲ့ ဘီလီယံနာ တစ်ယောက်ဖြစ်ပြီးတော့ America Movilကဲ့သို့သော် ကုမ္ပဏီကို ထူထောင် လုပ်ကိုင်ဆောင်ရွက်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ယခုလို ရင်းနှီးလုပ်ဆောင်မှုမျိုး မလုပ်ကိုင် ခင်ကလည်း Slimဟာ ပေါ်တူဂီနိုင်ငံ အော်ပရေတာ အဖြစ် ရွေး ချယ်ခံ ထားရသော KPNနဲ့ သြစတီးယား အခြေစိုက် Telekomတို့တွင် ဒေါ်လာ ၆.၁ ဘီလီယံဖိုးခန့် ရင်းနှီးမြှပ်နှံထားကြောင်းလည်း သိရပါတယ်။ အင်္ဂလန် လူမျိုး ရှဇန်ဟာ တယ်လီဗေးရှင်း လုပ်ငန်းများတွင် လုပ်ငန်းများ ချဲ့ထွင် လုပ်ဆောင်ရန် Softwareများကို အဓိကထား ရေး ဆွဲနေ သူတစ်ယောက် ဖြစ်ပြီး လက်ရှိ သူရေးဆွဲနေသည့် Appမှာ ကြော်ငြာများ
အား Brand Websiteသို့ တိုက်ရိုက်ဝင်ရောက် လေ့လာနိုင်အောင် ရေးဆွဲ အကောင်အထည်ဖော်နေတဲ့ Appအသစ် ဖြစ်ကြောင်း သိရပါတယ်။

Myanmar ICT

Monday, July 08, 2013
ယခင် Developerရှဇန် လုပ်ကိုင် ဆောင်ရွက်နေသော Appအသစ် တစ်မျိုးရဲ့ လုပ်ဆောင်ချက်တွေကို ပြန်
လည် စတင်လုပ်ဆောင်နိုင်ဖို့ အတွက် ရင်းနှီးငွေ အမေရိကန် ဒေါ်လာသန်း ၄၀ကို ထည့်ဝင်လိုက်ကြောင်း သိရပါတယ်။

ဘာသာနှစ်ရပ် တွေ့ဆုံဆွေးနွေးဖို့ အစိုးရ သဘောတူ


Monday, July 08, 2013
မြန်မာနိုင်ငံမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ လျော့နည်းသွားရေး အတွက် ဗုဒ္ဓဘာသာပညာရှင်တွေနဲ့

အစ္စလာမ်ဘာသာ ပညာရှင်တွေ တွေ့ ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့ဆိုတဲ့ အီရန်နိုင်ငံရဲ့ အဆိုပြုချက်ကို
မြန်မာ အစိုး ရက ကြိုဆိုလိုက်ကြောင်း တဟီရန် တိုင်းမ် (Tehran Times ) သတင်းစာက ဖေါ်ပြပါတယ်။

ဆီးဂိမ်းအတွက် ပြည်တွင်းပြည်ပကုမ္ပဏီ ၁၂ ခုထံမှ ဒေါ်လာ သုံးသန်းကျော် စပွန်ဆာရရှိထား

Monday, July 08, 2013
မြန်မာနိုင်ငံ နေပြည်တော်တွင်ကျင်းပ ပြုလုပ်မည့်၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း)အတွက်ပြည်တွင်း ပြည်ပကုမ္ပဏီ ၁၂ ခုထံမှ စပွန်ဆာ အဖြစ် ငွေကြေးအမေ
ရိကန်ဒေါ်လာ သုံးသန်း ကျော် စပွန်ဆာရရှိထားပြီးဖြစ်ကြောင်း
အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးလှိုင် က တရားဝင် ထုတ်ပြန်ပြောကြားခဲ့သည်။

HTCရဲ့ နောက်ဆုံးထုတ် HTC Oneနဲ့ နည်းပညာသစ် Zoe

Photo: HTCရဲ့ နောက်ဆုံးထုတ် HTC Oneနဲ့ နည်းပညာသစ် Zoe

Monday, July 08, 2013
HTCကုမ္ပဏီရဲ့ နောက်ဆုံးပေါ် နည်းပညာများနဲ့ ထုတ်လုပ်ထားတဲ့ HTC Oneအသစ်ဟာ နောက်ဆုံးပေါ် နည်းပညာ သစ်များဖြစ်သော HTC Zoe, HTC Boom soundနဲ့ HTC Blinkfeedတို့ ပါဝင်တဲ့ ဖုန်းအသစ် တစ်မျိုး ဖြစ်ပါတယ်။

အားသာချက်

HTC Oneအသစ်ရဲ့ အားသာချက်တွေကတော့ ပထမဆုံး အနေနဲ့ ကင်မရာ အပိုင်းကို ပြောချင်ပါတယ်။ 5.0 MPရှိတဲ့ ကင်မရာ တပ်ဆင်ထားပြီး Resolutionနှုန်းက ၂၅၉၂×၁၉၄၄ Pixelတောင်ရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး ထူးခြားတာက Featureအသစ် သုံးခု ပါဝင်တာ ဖြစ်ပြီး လှုပ်ရှားမှု ပုံရိပ်တွေကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် Sequence Shot၊ ဓါတ်ပုံရိုက်ကူးစဉ် လွဲမှားမှုများ (ဥပမာ – တစ်စုံတစ်ယောက်က မျက်လုံးမှိတ်သွားခြင်း)ကို ပြင်ဆင်ပေးနိုင်မယ့် Always Smile၊ မလို
ချင်တဲ့ ဓါတ်ပုံအပိုင်းတွေကို ဖြတ်ထုတ်ပစ်နိုင်မယ့် Object Removalတို့ ဖြစ်ကြောင်း သိရပါတယ်။ နောက်ပြီး 2 MPရှိမယ့် ရှေ့
ဖက် ကင်မရာလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ Wifiနဲ့ Internetတွေ မလိုအပ်ပဲ Universal Remoteအဖြစ်နဲ့ TVနဲ့ အခြား ဖျော်ဖြေရေး ပစ္စည်းတွေကို အမိန့်ပေး လုပ်ကိုင် သုံးစွဲနိုင်မယ့် စနစ်တစ်ခု ဖြစ်ပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကတော့ အခြားသော SmartPhoneတွေနဲ့ မတူပဲ Ampliferကို နှစ်လုံးထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်သလို Speakerကိုလည်း နှစ်လုံး ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ BoomSoundလို့ အမည်ပေးထားတဲ့ HD Stereoအသံကို ရရှိအောင် Speakerကို နှစ်လုံး တည်ဆောက်ထားသလို Ampကိုလည်း Speakerနဲ့ Headphoneအတွက် သီးသန့်စီခွဲပြီး နှစ်လုံး တည်ဆောက်ထားတာ တွေ့ရပါတယ်။

သုံးစွဲနိုင်မယ့်စနစ်

3G နဲ့4Gစနစ်တွေ အားလုံးမှာ သုံးစွဲနိုင်မှာ ဖြစ်တာကြောင့် နောက်ပိုင်း စနစ် တိုးတက်ပြောင်းလဲမှုတွေ အတွက်ပါ အဆင်ပြေစေမှာပါ။ လက်ရှိ အတွက်ကိုတော့ GSM, WCDMAနဲ့ CDMAစနစ်တွေ အားလုံးကို အကောင်းဆုံး ချိတ်ဆက် သုံးစွဲနိုင်အောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

CPU

Processorအပိုင်းမှာတော့ Qualcomm အမျိုးအစား Quad-core SnapDragon 600ကို အသုံးပြုထားတာ တွေ့ရပြီး အမြန်နှုန်းက 1.7 GHzရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး Memoryအပိုင်းမှာတော့ 32 GBနဲ့ 64 GBတွေကို ရွေးချယ် ၀ယ်ယူနိုင်မှာ ဖြစ်သလို RAMအပိုင်းက 2GBရှိမှာ ဖြစ်တာကြောင့် စိတ်ကြိုက်ပါပဲ။ အသုံးပြုထားတဲ့ Android Versionက 4.1.2ဖြစ်ပါတယ်။

ချိတ်ဆက်သုံးစွဲနိုင်မှု

Headphoneကို ချိတ်ဆက်နိုင်ဖို့ 3.5 mm Portတစ်ခု ပါဝင်မှာ ဖြစ်ပြီး ကြိုးမဲ့ စနစ်အတွက်ကိုတော့ Bluetooth 4.0ထည့်သွင်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ နောက်ပြီး Wifiအတွက်ကိုလည်း 802.11 a/ac/b/g/nကို တပ်ဆင်ထားလို့ ၂၀၁၄ခုနှစ်အစောပိုင်းမှာ အသုံးပြုနိုင်တော့မယ့် 802.11 acစနစ်ကိုပါ လက်တွေ့ အသုံးပြုနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ နောက်ပြီး micro-USB 2.0 Portတစ်ခုလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

ပြသပေးနိုင်မှု

Screenရဲ့ စုစုပေါင်း အကျယ်က ၄.၇ လက်မဖြစ်ပြီးတော့ Resolutionစုစုပေါင်းက 1920x 1080 Pixelနှုန်းဖြစ်ပြီး ပျမ်းမျှ 1080 Pixelနှုန်းနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။ ရုပ်ထွက် အရည်အသွေးက Full HDဖြစ်ပြီး အရောင်ပေါင်း ၁၆ သန်းကို ပြသပေးနိုင်မှာပါ။ Screen အမျိုးအစားက LCDဖြစ်ပါတယ်။

Features

Featureတွေ အဖြစ်နဲ့ SMS, MMS, Emailနဲ့ Internet Browserတွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် FM Radioနဲ့ Audio Playerတွေကိုပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

Memory Slotမပါဝင်တာ တစ်ခုကတော့ အားနည်းချက် ဖြစ်နေစေပါတယ်။

ကိုယ်ထည်ပိုင်း

ထူးခြားချက် အဖြစ်နဲ့ ဖုန်းရဲ့ ကိုယ်ထည် တစ်ခုလုံးကို အပေါ့စား အရည်အသွေးကောင်းမွန်တဲ့ သတ္တု တစ်ခုတည်းကိုပဲ အသုံးပြု ထုတ်လုပ်ထားတာကြောင့် ပေါ့ပါးပြီး အကြမ်းခံနိုင်မှု အကောင်းဆုံး ဖြစ်မှာပါ။ အရွယ်အစားက အမြင့် ၁၃၇.၄မီလီမီတာ၊ အကျယ် ၆၈.၂ မီလီမီတာနဲ့ အထူ ၉.၃မီလီမီတာ ဖြစ်ပြီး အလေးချိန်က ၁၄၃ ဂရမ်သာ ရှိမှာ ဖြစ်ပြီး အရောင်အနေနဲ့ အနက်ရောင်နဲ့ ငွေရောင် နှစ်မျိုးတည်းကိုပဲ ထုတ်လုပ်ထားတာ တွေ့ရပါတယ်။

ဘက်ထရီ

အသုံးပြုထားတဲ့ Batteryအမျိုးအစားက Li-Polymer အမျိုးအစား ဖြစ်ပြီးတော့ ပုံမှန် Li-ionတွေထက် စွမ်းဆောင်ရည်နဲ့ သိုလှောင်နိုင်မှု အပိုင်းတွေ ပိုမို ကောင်းမွန်တာ တွေ့ရပါတယ်။ သူ့ရဲ့ သိုလှောင်နိုင်မှု ပမာဏက 2300 mAhဖြစ်ပြီး Talktimeအဖြစ်နဲ့ ၁၆.၈ နာရီလောက် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

MYANMAR ICT

Monday, July 08, 2013
HTCကုမ္ပဏီရဲ့ နောက်ဆုံးပေါ်နည်းပညာများနဲ့ထုတ်လုပ်ထားတဲ့HTC Oneအသစ်ဟာ နောက်ဆုံးပေါ် နည်း
ပညာ သစ်များဖြစ်သော HTC Zoe, HTC Boom soundနဲ့ HTC Blinkfeedတို့ ပါဝင်တဲ့ ဖုန်းအသစ် တစ်မျိုး ဖြစ်
ပါတယ်။

နတ္တလင်း ဒေသခံများ ရွှေလွင်လွင် ကုမ္ပဏီကို ဆန္ဒပြ

Monday, July 08, 2013
ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့နယ်အတွင်းရှိ မှန်တန်းရွာမှ ဒမငယ်ရွာသို့ အရှည် ခုနစ်မိုင်ခန့် ကျောက်ခင်း

လမ်း ဖောက်လုပ်နေသော ရွှေလွင်လွင်ကုမ္ပဏီကိုသတ်မှတ်ကာလအတွင်းလုပ်ငန်းခွင်ပြီးဆုံးအောင်ဆောင်
ရွက်နိုင်ခြင်း မရှိသောကြောင့် ယင်းဒေသရှိ ရွာသူ ရွာသားများမှ ဇူလိုင်လ ၃ ရက်နေ့က ဒုတိယအကြိမ် ဆန္ဒ ထုတ်ဖော်ခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

"Asiana လေယာဉ်မတော်တဆမှု လေယာဉ်မှူး အားနည်းချက်ကြောင့်ဟုဆို"

Photo: "Asiana လေယာဉ်မတော်တဆမှု လေယာဉ်မှူး အားနည်းချက်ကြောင့်ဟုဆို"
Monday, July 08, 2013

ဆန်ဖရန်စစ္စကိုလေဆိပ်တွင် ပျက်ကျခဲ့သော #Boeing 777 လေ 
ယာဉ်၏ ဖြစ်စဉ်တွင် လေယာဉ်မှူးသည် မပျက်ကျမီ အချိန် ပိုင်းလေး
တွင် လေယာဉ်ကို ဆင်းသက်ရန် အားထုတ်မှုမှ ရုတ်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်း သိရှိရသည်။

#Asiana လေကြောင်းလိုင်းပိုင် လေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှ အမေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကို လေဆိပ်တွင် ဆင်းသက်စဉ် လမ်းကြောင်းမှားပြီး ပျက်ကျခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် ပြေးလမ်းပေါ် ဘီးမချမီ လိုအပ်သည်ထက် စော၍ ဆင်းမိပြီး ပင်လယ်ကမ်းစပ်ရှိ ရေတားနံရံကို ဝင်တိုက်ကာ အမြီးပိုင်း ကျိုးပျက်ပြီး လမ်းကြောင်းပေါ်တွင် တရွတ်ဆွဲသွားခဲ့သည်။ စနေနေ့က မတော်တဆ ဖြစ်စဉ်အတွင်း လူ(၂)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရပြီး (၅)ဦးသည် အခြေအနေ စိုးရိမ်နေရဆဲ ဖြစ်သည်။

Asiana လေကြောင်းလိုင်းက လေယာဉ်ပေါ်တွင် လူပေါင်း (၃၀၇)ဦး လိုက်ပါလာကြောင်းနှင့် ဆယ်ကျော်သက် တရုတ် မိန်းကလေး(၂)ဦး အသက်ဆုံးရှုံးကြောင်း အတည်ပြုခဲ့သည်။ ခရီးသည်များသည် အရေးပေါ် လှေကားမှ လျှောချကာ လွတ်မြောက်ခဲ့ပြီးနောက် လေ
ယာဉ်မှာ မီးလောင် ပေါက်ကွဲခဲ့သည်။ 

Boeing 777 လေယာဉ် တစ်စင်းအတွက် လူအသေအပျောက် ဖြစ်ရသော မတော်တဆမှုသည် ယခုတစ်ကြိမ် ပထမဆုံး ဖြစ်သည်။ Asianaက ယခုဖြစ်စဉ်တွင် လေယာဉ်၏ စက်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဆိုသော အချက်ကို ငြင်းဆိုထားပြီး လေယာဉ်ကို တာဝန်ယူသော ပိုင်းလော့သည် Boeing 777 လေယာဉ်များ မောင်းနှင်မှုတွင် လေ့ကျင့်ဆဲ အဆင့်သာ ရှိသေးကြောင်း ပြောကြားခဲ့သည်။

"ပိုင်းလော့ လီကောင်ကွတ်အတွက် ဒီလေဆိပ်ကို ဒီလို ဂျက်လေယာဉ်နဲ့ ဆင်းသက်တာ ပထမဆုံးပါပဲ။ သူဟာ ဒီလေယာဉ်အတွက် လေ့ကျင့်ဆဲ အဆင့်မှာပဲ ရှိသေးတယ်"ဟု တောင်ကိုရီးယား အခြေစိုက် လေကြောင်း ကုမ္ပဏီကြီးမှ ပြောရေးဆိုခွင့်ရ အမျိုးသမီးက အတည်ပြုခဲ့သည်။

အသက်(၄၆)နှစ်ရှိ ပိုင်းလော့ လီသည် ယခုလေယာဉ်မျိုးကို (၄၃)နာရီ သာ မောင်းနှင်ဖူးသေးကြောင်းလည်း သိရသည်။ သို့သော်လည်း အခြားလေ ယာဉ် အမျိုးမျိုးတွင်မူ နာရီ (၉၀၀၀)ကျော်ကြာ ပျံသန်းဖူးသည့် အတွေ့
အကြုံ ရင့် ပိုင်းလော့တစ်ဦးအဖြစ် ရှိနေကြောင်း Asianaက ဆိုသည်။

လေယာဉ် ပျက်ကျမှုကို စုံစမ်းနေသည့် အဖွဲ့ခေါင်းဆောင်ဖြစ်သူ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ အကြီး
အကဲ ဒီဘိုရာ ဟာ့စ်မန်းက လေယာဉ်မပျက်ကျမီ (၁.၅)စက္ကန့် အလိုတွင် ပိုင်းလော့ထံမှ လေယာဉ်ဆင်းသက်မှုကို ရုတ်သိမ်းခွင့် တောင်းခံသံကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်မှ အသက်ရှင် လွတ်မြောက်လာသူ အချို့က မိမိတို့
အား လေယာဉ် အမှုထမ်းများက လုံခြုံဘေးကင်းစွာ ဆင်းသက်နိုင်ပြီ
ဟု အသိပေး ကြေညာပြီးချိန်တွင် ယခုလို အဖြစ်မျိုးနှင့် ကြုံရခြင်းဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

လေယာဉ်သည် ဆင်းသက်ချိန်တွင် ရှိသည့် ရှိထိုက်
သည့် မြန်နှုန်းထက် နှေးကွေးနေသည်ဆိုသော စွပ်စွဲချက်များ
ကိုမူ ဒီဘိုရာက တိတိကျကျ ဖြေဆိုခြင်း မရှိချေ။ "ယေဘုယျ အချက်အလက်တွေကို ကျွန်မတို့ ပြန်ကြည့်ရဦးမယ်။

နောက်ပြီး လေကြောင်း ထိန်းသိမ်းရေး မျှော်စင်ကနေ သတင်းပေးပို့
မှု မှတ်တမ်းတွေကို ပြန်ကြည့်ရမယ်"ဟု သူမက ဆိုသည်။ လေ
ယာဉ်သည် ရေတားတမံကို တိုက်မိပြီးနောက် ဟန်ချက်ပျက်က ဝမ်းဗိုက်နှင့် ပြေးလမ်း ပွတ်ဆင်းမိပြီး ဆီယိုစိမ့်မှုများပါ ဖြစ်ပေါ်ကာ မီးလောင်မှုနှင့် ကြုံခဲ့ရသည်။ 

တနင်္ဂနွေနေ့ နံနက် အစောပိုင်းက Asiana၏ CEOဖြစ်သူ ယွန်ယောင်ဒူးက လေယာဉ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက် မတွေ့ရကြောင်း ပြောဆိုခဲ့သည့်နောက် လေယာဉ်ပျက်ကျရမှု
သည် ပိုင်းလော့၏ အမှားပေါ်တွင် ပိုမို တာဝန်ကျရောက်လာမည့် သဘောဖြစ်သည်။ လတ်တလောတွင်မူ တာဝန်ရှိသူများက တိတိကျကျ ပြောဆိုခြင်း မပြုသေးဘဲ စုံစမ်းနေဆဲသာ ဖြစ်
သည်။ 

Asiana၏ CEOက "ကျွန်တော်တို့ လောလောဆယ် နားလည်ထားတာ
ကတော့ ဒီကိစ္စမှာ လေယာဉ်ဟာ အင်ဂျင်ပိုင်း၊ တခြား စက်ကိရိ
ယာ တစ်ခုခုနဲ့ ဆက်နွယ်တဲ့ အပိုင်းတွေမှာ ပြဿနာ မရှိခဲ့ဘူး ဆိုတာ
ပါပဲ"ဟု မှတ်ချက်ပြုခဲ့သည်။ CEOသည် လေယာဉ်ပျက်ကျမှုကြောင့် 
ထိခိုက် နစ်နာခဲ့သူများအား ရုပ်မြင်သံကြား ကင်မရာများရှေ့မှောက်တွင် ဦးညွှတ် တောင်းပန်သွားခဲ့ကြောင်းလည်း သိရှိရသည်။

#San #Francisco, #South #Korean, #Chinese, #American
#PlanetMyanmar

Planet Myanmar Network

Monday, July 08, 2013

ဆန်ဖရန်စစ္စကိုလေဆိပ်တွင်ပျက်ကျခဲ့သော‎#Boeing777 လေယာဉ်၏ ဖြစ်စဉ်တွင် လေယာဉ်မှူးသည်မပျက်
ကျမီ အချိန် ပိုင်းလေး တွင် လေယာဉ်ကို ဆင်းသက်ရန် အားထုတ်မှုမှ ရုတ်သိမ်းရန် ကြိုးပမ်းခဲ့ကြောင်းသိရှိရ
သည်။

ငါးနှစ်အတွင်း 3G ဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံနိုင်မည်ဟု လိုင်စင်ရ Ooredoo ဆို

Photo: ငါးနှစ်အတွင်း 3G ဒေတာကွန်ရက် ၅၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံနိုင်မည်ဟု လိုင်စင်ရ Ooredoo ဆို 

Monday, July 08, 2013

ပြည်တွင်းဆက်သွယ်ရေး လိုင်စင်ရ Ooredoo ကုမ္ပဏီအနေဖြင့် လာမည့် ငါးနှစ် အတွင်းတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး 3G ဒေတာ ကွန်ရက် ၅၀ရာ
ခိုင်နှုန်း လွှမ်းခြုံပေးနိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ချုပ် Mr. Ross Cormack က ပြောသည်။

ယင်းသို့ပြောကြားခြင်းမှာ ဇူလိုင် ၅ရက် က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခြင်း 
ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဒေတာကွန်ရက် (အင်တာနက်အ
သုံးပြုနိုင်သည့်ကွန်ရက်)ကို ငါးနှစ်အတွင်း ၅၀ရာခိုင်နှုန်း
ရရှိရန် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အသံကွန်ရက်အတွက်မူ ၇၅ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု 
ဆိုသည်။

မိုဘိုင်းဖုန်းများကို လာမည့် ၂၀၁၄ ခုနှစ် အတွင်း အသုံးပြုနိုင်အောင် ဆောင်
ရွက်ပေးသွားမည်ဖြစ်သည်ဟုလည်း ပြောပြီး Mr. Ross Cormack “မိုဘိုင်း
ဖုန်းတွေကို ၃ွ နည်းပညာကို အပြည့်အဝအသုံးပြုနိုင်ဖို့ ဝန်ဆောင်မှုပေး
သွားမှာပါ”ဟု ပြောသည်။

ယင်းအပြင် Ooredoo ကုမ္ပဏီသည် ပြည်တွင်းဆက်သွယ်ရေးဝန်ဆောင်မှု
လုပ်ငန်းများ လုပ်ကိုင်ရာ၌ ဝန်ထမ်းကို မြန်မာနိုင်ငံသားများကိုသာ
ရာနှုန်းပြည့်ခန့်အပ်သွားမည် ဖြစ်သည်ဟုလည်း ကုမ္ပဏီ၏ အာရှဒေသ
ဆိုင်ရာ ဒါရိုက်တာ Mr. Nicholas Swierzy က ဆိုသည်။

Mr. Nicholas Swierzy က “မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်
မှုတွေ လုပ်ကိုင်ဖို့ ဥသမနိသသရဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ခန့်အပ်တဲ့အခါမှာ မြန်မာနိုင်ငံသားတွေကို ဝန်ထမ်းအဖြစ် ရာခိုင်နှုန်းပြည့်ခန့်အပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဆိုသည်။

ဥသမနိသသသည် ရင်းနှီးမြှုပ်နှံမှုများမှ တစ်ဆင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် 
၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့်တင်ရေး၊ ကုန်ပစ္စည်းဖြန့်
ချိရေးနှင့် ဝန်ဆောင်မှု စသောနယ်ပယ်များတွင်လည်း အလုပ်အ
ကိုင်အခွင့်အလမ်းမြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။ 

ဝန်ထမ်းများအဖြစ် မြန်မာနိုင်ငံသားများကို ခန့်ထားပြီးနောက် နည်းပညာပိုင်းနှင့်ဝန်ဆောင်မှုပိုင်းဆိုင်ရာများကို လေ့ကျင့်သင်
ကြားပေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

၁၅ နှစ်စာ လုပ်ကိုင်ခွင့်ရရှိထားသော ယင်း ကုမ္ပဏီအနေဖြင့် လုပ်ငန်း
များ လုပ်ကိုင်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး Mr. Ross Cormack က “လက်ရှိတော့ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေ
ကို ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ လာရောက် ညှိနှိုင်းမှုတွေ ပြု
လုပ်နေပါတယ်”ဟု ပြောသည်။

Ooredoo အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ အမေရိကန်ဒေါ်
လာ ၁၅ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုသည်။ ပြည်တွင်းတွင် မိုဘိုင်းအော်ပရေတာလုပ်ငန်းများ လုပ်ကိုင်ရန် ကာတာနိုင်ငံအခြေစိုက် Ooredoo နှင့် နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီတို့ကို ဇွန် ၂၇ရက်တွင် တင်ဒါရွေးချယ်ရေးကော်မတီက ရွေးချယ်ခဲ့သည်။


ပုံစာအညွှန်း - ဇူလိုင် ၅ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် Ooredoo ကုမ္ပဏီ၏ တာဝန်ရှိသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
မဇ္ဈိမ
ပုံစာအညွှန်း - ဇူလိုင် ၅ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် Ooredoo ကုမ္ပဏီ၏ တာဝန်ရှိသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)
Monday, July 08, 2013

ပြည်တွင်းဆက်သွယ်ရေး လိုင်စင်ရ Ooredoo ကုမ္ပဏီအနေဖြင့်လာမည့်ငါးနှစ်အတွင်းတွင် မြန်မာနိုင်ငံတစ်
ဝန်းလုံး 3G ဒေတာ ကွန်ရက် ၅၀ရာခိုင်နှုန်း လွှမ်းခြုံပေးနိုင်မည် ဖြစ်သည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိ
ချုပ် Mr. Ross Cormack က ပြောသည်။

အလုပ်မရသေးသော ဆရာဝန်လေးပုံတစ်ပုံ ယခုနှစ် အလုပ်ရမည်ဟု ဦးရွှေမန်းကတိပေး

တနင်္လာနေ့၊ ဇူလိုင်လ ၀၈ ရက်

ဆေးတက္ကသိုလ် အောင်ပြီးနောက် ဆရာဝန် အလုပ်အကိုင် မရရှိသေးသူ စုစုပေါင်း ၆,ဝ၀ဝ အနက် ၁,၅၀ဝ ကို မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာများတွင် အလုပ်ခန့်ထားပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၇ ရက် တွင် ပြောကြားလိုက်သည်။

မွန် နှင့် ကရင် နှစ်ပြည်နယ်ဆက်လမ်းပေါ်တွင် တံတားတစ်စင်းဆောက်မည်

ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ်
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ဆက်သွယ်သည့် မုဒုံ-မြဝတီလမ်းမပေါ်တွင် အတ္ထရံ မြစ်ကူးတံတားတစ်စင်း တည်ဆောက်မည် ဟု
မွန်ပြည်နယ် ဆောက်လုပ်ရေးအင်ဂျင်နီယာမှူးကြီးက ပြောသည်။

အင်းစိန်မြို့နယ်တွင် ကားမှတ်တိုင်တွင် ကားစောင့် နေသူတစ်ဦး လုယက်ခံရ

ဇူလိုင်လ ၀၈ ရက် ၂၀၁၃ ခုနှစ်

ကားမှတ်တိုင်တွင် ကားစောင့်နေသော အမျိုးသမီးတစ်ဦးထံမှ ရွှေဆွဲကြိုးအား လုယက်ခဲ့မှုတစ်ခု ဇူလိုင် ၆ရက် ည ၇ နာရီ အချိန်က အင်းစိန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။

တောင်ကိုးရီးယား Asiana Airlines Boeing 777 လေယာဉ် မီးလောင်ကျွမ်းမှုဖြစ်ပွား

တောင်ကိုးရီးယား အေးရှားနား လေယာဉ် မီးလောင်ကြွမ်း
============
ဇူလိုင်-၇၊ ၂၀၁၃
M-Media

ဆိုးလ်။	။ အေးရှားနား လေကြောင်းလိုင်းမှ ဘိုးအင်း ၇၇၇ (Asiana Airlines Boeing 777) လေယာဉ်သည် ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွင် ဆင်းသက်ချိန်၌ လေယာဉ်အမြီးသည် လေယာဉ်ပြေးလမ်းဖြင့် ရိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့သည် ဟု တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

“ အေးရှားနား လေယာဉ်အမြီးသည် လေယာဉ်ပြေးလမ်းဖြင့်ရိုက်မိပြီး လေယာဉ်ပြေးလမ်းမှ ချော်ထွက်ကာ ပျက်စီးသွားခဲ့သည် ” ဟု ၀န်ကြီးက ဆိုသည်။ ၄င်းမတော်တဆမှုအား စစ်ဆေးလေ့လာရန် လူလေးယောက်ပါ စုံစမ်းရေးအဖွဲ့တစ်ဖွဲ့အား အခင်းဖြစ်ရာနေရာသို့ စေလွှတ်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

လေယာဉ်အမှတ် ၂၁၄ ပျက်ကျ၍ ပေါက်ကွဲလောင်ကျွမ်းခဲ့စဉ်က လူနှစ်ဦးသေဆုံးခဲ့ပြီး၊ လူ ၁၈၁ ယောက် ဒဏ်ရာရရှိခဲ့သည်။ ဆိုးလ်မြို့မှထွက်ခွာခဲ့သောစာရင်းအရ လေယာဉ်ပေါ်တွင် လူ ၃၀၇ ယောက်ပါရှိပြီး၊ ၂၉၁ မှာ စီးနင်းလိုက်ပါသူများဖြစ်ကာ၊ ၁၆ ယောက်မှာ လေယာဉ်ဝန်ထမ်းများဖြစ်ကြသည်။

၁၉၉၃ ခုနှစ်၊ ဇွန်လက အေးရှားနား ဘိုးအင်း ၇၃၇ လေယာဉ်သည် တောင်ကိုးရီးယားအတွင်း တောင်တစ်လုံးနှင့် ၀င်တိုက်မိ၍ ပျက်ကျခဲ့ကာ လူ ၆၈ ယောက် အသက်ဆုံးရှုံးခဲ့သည်။ ထိုအဖြစ်အပျက်ပြီးစဉ်ကတည်းက ယခုအကြိမ်သည် အေးရှားနား လေကြောင်းလိုင်း၏ ပထမဆုံးအကြီးစား ပျက်စီးဆုံးရှုံးမှု ဖြစ်သည်။

သေဆုံးခဲ့သူနှစ်ဦးတွင် တစ်ဦးမှာ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားကြောင်း၊ ကျန်တစ်ဦးသည် မည်သည့်နိုင်ငံသား ဆိုသည်ကို သေချာမသိရကြောင်း ကိုးရီးယားပြည်ပဆက်ဆံရေးနှင့်အကြံပေးတာဝန်ခံ နိုင်ငံခြားရေးရာဝန်ကြီးဌာန၏ သံအမတ် လီဂျောင်ဂွန် (Lee Jeong-Gwan) မှ တောင်ကိုးရီးယားအာဏာပိုင်များနှင့် ဆက်ဆံနေသော အမေရိကန် သိပ္ပံမှုခင်းရေးရာဌာန၏စကားကို ကိုးကား၍ သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ယင်းသို့ဖြစ်ပျက်မည်ကို မည်သူမှ မထင်မှတ်ထားခဲ့ကြောင်း အမေရိကန်အရာရှိများက ဆိုသည်။ လေယာဉ်ပေါ် စီးနင်းလိုက်ပါလာသော ကျန်ရှိသူ ၁၂၃ ယောက်မှာ ဒဏ်ရာအနာတရ မရရှိခဲ့ဟု သိရသည်။

US Federal Bureau of Investigation (FBI) မှ လေယာဉ်ပျက်စီးမှုသည် အကြမ်းဖက်သူများ၏လုပ်ရပ်ဖြစ်ကြောင်း ညွှန်ပြချက် တစ်စုံတစ်ရာမရှိဟု ပြောကြားခဲ့သည်။

National Transportation Safety Board - သယ်ယူပို့ဆောင်မှုဆိုင်ရာ အမျိုးသားလုံခြုံရေးဦးစီးအဖွဲ့မှ ကျွမ်းကျင်သူတစ်စုသည် လေယာဉ်ပျက်ကျမှုကို လေ့လာစစ်ဆေးရန် ဆန်ဖရန်စစ္စကိုသို့ သွားနေပြီဖြစ်သည်။
တောင်ကိုးရီးယားအစိုးရစေလွှတ်သော လူလေးယောက်ပါ စုံစမ်းရေးအဖွဲ့သည်လည်း ယင်းမတော်တဆမှုအား စုံစမ်းရန် အခင်းဖြစ်ရာသို့ ဦးတည်ထွက်ခွာနေပြီ ဟု ဆိုးလ်မြို့မှ အာဏာပိုင်များက ဆိုသည်။ 

အေးရှားနားသည် ဆိုးလ်မြို့အခြေစိုက် လေကြောင်းလိုင်းဖြစ်ပြီး၊ အင်ဂျင်စက်နှစ်လုံးတပ် ၇၇၇ လေယာဉ်သည် ကမ္ဘာတွင် ခရီးရှည်ပျံသန်းနိုင်သော လေယာဉ်များအနက် အကျော်ကြားဆုံး ဖြစ်သည်။ ၁၂ နာရီ သို့မဟုတ် ၄င်း၏အထက် ခရီးစဉ်များဖြစ်သော ကမ္ဘာ့တိုက်များအကြား လှည့်လည်ပျံသန်းရာ၌ အသုံးများသည့် လေယာဉ်အမျိုးအစားဖြစ်သည်။

- AFP/fa

PHOTO: REUTERS
PHOTO: REUTERS
ဇူလိုင်-၇၊ ၂၀၁၃

ဆိုးလ်။ ။ အေးရှားနား လေကြောင်းလိုင်းမှ ဘိုးအင်း ၇၇၇ (Asiana Airlines Boeing 777) လေယာဉ်သည် ဆန်
ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတွင် ဆင်းသက်ချိန်၌ လေယာဉ်အမြီးသည် လေယာဉ်ပြေး
လမ်းဖြင့် ရိုက်မိခဲ့ပြီးနောက် ပျက်ကျခဲ့သည် ဟု တောင်ကိုးရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တ
နင်္ဂနွေနေ့တွင် ပြောကြားသည်။

ဘရာဇီးတွင် အနီကတ်ပြခံရ ကစားသမားအား ကွင်းထဲမှမထွက်သဖြင့် ဓါးဖြင့်ထိုးသည့် ဒိုင်လူကြီးအား ပရိတ်သတ်က ခေါင်းဖြတ်သတ်

ဇူလိုင်-၇၊၂၀၁၃
ဘရားဇီးနိုင်ငံ ဘောလုံးပွဲစဉ်တခုတွင်အနီကတ်ပြခံရသည့် ဘောလုံးကစားသမား တစ်ဦးကို ကွင်းထဲမှ ထွက်
သွားရန် အမိန့်ပေးရာတွင် ငြင်းဆန်သဖြင့် ၎င်းဒိုင်လူကြီးက ဓါးဖြင့်ထိုးရမှ ပရိသတ်က ဒိုင်လူကြီးအား ခေါင်း
ဖြတ်သတ်လိုက်ကြသည်။

ရဲတပ်ဖွဲ့နှင့် သာကေတမြို့နယ် အနော်မာအရှေ့(၇)လမ်း လူထုထိပ်တိုက်တွေ့ပြီ

ဇူလိုင် ၇၊ ၂၀၁၃။ (ည ၁၁ နာရီဝန်းကျင်)

ရန်ကုန်မြို့၊ သာကေတမြို့နယ် အနော်မာအရှေ့(၇) လမ်းတွင် နေထိုင်သော လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနှင့်အတူ ဖမ်းဆီးပြီး ဖမ်းဆီးခေါ်ဆောင်စဉ် ယင်း အနော်မာအရှေ့(၇) လမ်း ရပ်ကွက်သူ ရပ်ကွက်သားများက ရဲတပ်ဖွဲ့ဝင်များအား ဘိန်းပစ်ပြီး မတရားဖမ်းဆီးသည်ဟု စွပ်ဆွဲပြောဆို၍ တုတ်၊ ဓါးများကိုင်ဆောင်ကာ လမ်းများကိုပိတ်ဆို့ထားကြောင်းသတင်းရရှိပါသည်။

ဗုဒ္ဓဂါယာ ပေါက်ကွဲမှုနောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာ ပေါက်ကွဲမှုနောက်ဆုံးရသတင်း

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စေတီတစ်ဆူ၏ မြေအောက်ခန်းတွင် တရားမ၀င်လက်နက်တိုက်တစ်ခု တွေ့ ရှိရသည်ဟု ဆာဟာရ သတင်းဌာနက ဖော်ပြခဲ့သည်။

ဒေသခံရဲမှုး အီတီကလိ ချောင်ဒရီ က “မြင့်မြတ်တဲ့ တော်ဝင်မြေမှာ ယခုလို လက်နက်တွေ တွေ့ ရှိရတာ အံ့သြလို့ မဆုံးပါဘူး၊ ဗုံးဆန်တွေ အမြောက်ဆန်တွေ လက်ပစ်ဗုံးတွေလည်း တွေ့ ရပါတယ်။ 

ကမ္ဘာက ဗုဒ္ဓဘာသာကို မျက်မုန်းကျိုးပြီး အကြမ်းဖက်ဝါဒလို့ ထင်နေကြပါပြီ။ ယခုလို တွေ့ ရှိချက်က တကယ်ကို အံ့အားသင့်စရာပါ”ဟု ဇီးရုပ်သံသို့ ပြောကြားခဲ့သည်။

လက်နက်နှင့် ဗုံးဆိုင်ရာ ကျွမ်းကျင်သူ ဆူဝဲလိုမီနား က“ ယခုဖြစ်ရပ် ဟာ တစ်စုံတစ်ယောက်က ဖောက်ခွဲတာထက်စာရင် လက်နက်တိုက်တွေ့ ရှိရတဲ့ အတွက် မတော်တဆ ပေါက်ကွဲတာလို့ ယူဆပါတယ်။ ယခုအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် သံဃာ ၈ ပါးကို ဖမ်းဆီးထားပါတယ်” ဟု ဇီးရုပ်သံသို့ ဆက်လက်ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြေအောက်တွင် လက်နက်တိုက်တွေ့ ရှိရသောကြောင့် အိန္ဒိယ ပြည်သူတို့ အကြား သံဃာတော်များ ဦးဆောင်သည့် ဗုဒ္ဓဘာသာအစွန်းရောက် အကြမ်းဖက် ကွန်ယက် တစ်ခု ရှိကြောင်းကို စိုးရိမ်လျှက်ရှိပြီး၊ လက်နက်ကိုင် အကြမ်းဖက်မှုများဖြစ်ပွားလာမည်ကို ပူပန်လျှက်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Ref: Theindiandreams.com
သတင်းသမားလေး မောင်ဥသြ ဘာသာပြန်ဆိုသည်။

ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဂါယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ရာ စေတီတစ်ဆူ၏ မြေအောက်ခန်းတွင် တရားမ၀င်လက်နက်
တိုက်တစ်ခု တွေ့ ရှိရသည်ဟု ဆာဟာရ သတင်းဌာနက ဖော်ပြခဲ့သည်။