Pages

Saturday, July 6, 2013

"စိမ်းစိုထူးခြားသည့် Firebox မြက်ဖိနပ်"

Photo: "စိမ်းစိုထူးခြားသည့် Firebox မြက်ဖိနပ်"
Saturday, 06 July 2013

မြက်ဖိနပ်ဆိုသော အသုံးအနှုန်းသည် လူအများ ကြားဖူးနားဝ ရှိနှင့်ပြီးသား စကားတစ်ခွန်း ဖြစ်သော်လည်း ယခုဖန်တီးထားသည့် ဖိနပ်အတွက်မူ အတန်ငယ် ထူးခြားလျှက် ရှိသည်။ သာမန်အားဖြင့် မြက်ခြောက်များဖြင့် ရက်လုပ်ဖန်တီးထားသည်ကို မြက်ဖိနပ်ဟု ခေါ်ဆိုလေ့ ရှိသော်လည်း ယခုဖိနပ်မှာမူ အမှန်တကယ် ပေါက်ရောက် ရှင်သန်နေဆဲ မြက်ပင်များကို အောက်ခံအဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

ရော်ဘာခုံပေါ်တွင် တင်ရှိထားသည့် မြက်ပင်လေးများသည် ကျေးလက်ဆန်ဆန် မြင်ကွင်းတစ်ခုကို ဖန်တီးထားသည့် ပုံစံငယ်လေးပမာ ဖြစ်နေသည်။ ယင်းဖိနပ်ပေါ်ရှိ မြက်များသည် နေရောင်နှင့် ထိတွေ့မှုမှတစ်ဆင့် ဆက်လက် ရှင်သန်နေမည် ဖြစ်သည်။

ထို့ကြောင့် ဖိနပ်ကို စီးထားသူသည် သဘာဝ မြက်ခင်းပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်ရသည့် ခံစားမှုမျိုးကို ထာဝရ ထိတွေ့နေမည့် သဘောမျိုး ဖြစ်လာသည်။ #Gadget လေးများ ဖန်တီးရောင်းချလေ့ရှိသည့် #Firebox ကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါ ဖိနပ်လေးများကို ယောက်ျားစီးရေ၊ မိန်းမစီးဟူ၍ပါ ခွဲခြားထုတ်လုပ်မည် ဖြစ်သည်။

ဖိနပ်ပေါ်ရှိ မြက်များ ဆက်လက် ရှင်သန်နေရေးအတွက် ရေလောင်းစရာ မလိုသလို မြက်ကို ရိတ်သိမ်းပေးနေရမည့် ဒုက္ခနှင့်လည်း ကြုံရမည် မဟုတ်ချေ။ ထိုဖိနပ်ကို စီးထားခြင်းဖြင့် လူနေအိမ် ဧည့်ခန်းအတွင်း သွားလာနေသည့်တိုင် မြက်ခင်း၏ သဘာဝ အထိအတွေ့မျိုးကို ရရှိနေစေမည် ဖြစ်သည်။

#PlanetMyanamr

Saturday, 06 July 2013

မြက်ဖိနပ်ဆိုသော အသုံးအနှုန်းသည် လူအများ ကြားဖူးနားဝ ရှိနှင့်ပြီးသား စကားတစ်ခွန်း ဖြစ်သော်လည်း ယခုဖန်တီးထားသည့် ဖိနပ်အတွက်မူ အတန်ငယ် ထူးခြားလျှက် ရှိသည်။

Breaking News: သံတွဲသတင်း

ယနေ့ည ၁၀း၁၅ အချိန်ခန့်က သံတွဲနှင့် ဖုန်းဆက်သွယ်မေးမြန်းချက်အရ လက်ပံစု ကျေးရွာမှ အစ္စလာမ်
ဘာသာဝင်ဦးကျော်အေး ရဲ့ ကောက်ရိုးပုံနဲ တဲ ကိုရဲအောင်လံ ကျော်ကျော် နှင့်ဝင်းကိုလေးကားပစ္စည်းဆိုင်
တို့မှ ပူးပေါင်းပြီး မီးရှိုးလိုက်တယ်လို့ သိရပါတယ်။ နောက်ထပ် မီးရှိုး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေဖို့ ရဲ
အောင်လံကျော်ကျော် နှင့် စက်ပစ္စည်းဆိုင် ဝင်းကိုလေး ( RNDP PARTY ) တို့မှ ကြိုးစား နေကြောင်းသိရပါ
တယ်။

အင်ဒိုနီးရှား ငလျှင် ၃၅ ဦး သေဆုံး

Photo: အင်ဒိုနီးရှား ငလျှင် ၃၅ ဦး သေဆုံး
Saturday, 06 July 2013

ဘန်ဒါ အာချေးမှာ ပြီး ခဲ့ တဲ့ နှစ် ရက် က လှုပ် ခတ် သွား တဲ့ ငလျှင် ကြောင့်
၃၅ ဦး သေဆုံး ပြီး နောက် မှာ ဒီနေ့  ထပ်မံ လှုပ်ခတ် ခဲ့ တဲ့ ၆.၂ မဂ္ဂနီကျု အဆင့် ရှိ တဲ့ ငလျှင် ကြောင့် ၃၅ ဦး ထပ်မံ သေဆုံး ပါတယ်။

အင်္ဂါနေ့ က လှုပ် ခတ်ခဲ့ တဲ့ နေရာ ထက် တောင် ဘက် နဲနဲ ပို ကျ တဲ့
ဆူမားတြား ကျွန်း က ဆီလ တန် ကျွန်းမှာ လှုပ် သွားတာ ဖြစ်ပါတယ်။

အေးချမ်းမွန်

Saturday, 06 July 2013

ဘန်ဒါ အာချေးမှာ ပြီး ခဲ့ တဲ့ နှစ် ရက် က လှုပ် ခတ် သွား တဲ့ ငလျှင် ကြောင့် ၃၅ ဦး သေဆုံး ပြီး နောက် မှာ ဒီ
နေ့  ထပ်မံ လှုပ်ခတ် ခဲ့ တဲ့ ၆.၂ မဂ္ဂနီကျု အဆင့် ရှိ တဲ့ ငလျှင် ကြောင့် ၃၅ ဦး ထပ်မံ သေဆုံး ပါတယ်။

ဆိုင်ကယ်စီးလာသည့် အမျိုးသားမှ ရပ်ထားသည့်ယာဉ်အား တိုက်မိသေဆုံးခြင်း

Photo: ဆိုင်ကယ်စီးလာသည့် အမျိုးသားမှ ရပ်ထားသည့်ယာဉ်အား
တိုက်မိသေဆုံးခြင်း
Saturday, 06 July 2013

၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊
(၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအနီးတွင် ဧရာဝဏ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အမှတ် ၂၇ယ/------၊
လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြားအရောင်
ဆိုင်ကယ်အား မောင်းနှင်လာသည့် အမည်မသိဗမာအမျိုးသား၊ အသက်၄၀နှစ်ခန့်၊ အရပ် ၅ပေ၅လက်မခန့် ၊ အသားဖြူ၊
ခန္ဓာကိုယ် ပိန်/ပါး၊ ၀ဲလက်မောင်းနှင့်လက်ဖျံတို့တွင်
ဆေးမင်ကြောင်များပါရှိ၊ နေရပ်လိပ်စာ(စုံစမ်းဆဲ)သည် ရပ်ထားသည့်နောက်တွဲပါ ၁၂ဘီးယာဉ်၏နောက်ဘက်အား
ဝင်တိုက်မိ၍ ဦးခေါင်းထိပ်နှင့်နောက်စေ့ တို့တွင်
ပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ပုဒ်မ၃၀၄-ကဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။
အဆိုပါသေဆုံးသည့်အမျိုးသား၏အမည်နှင့်နေရပ်တို့အား ယာဉ်ထိန်းတပ်ဖွဲ့စု(၃၈)မှ စုံးစမ်း ဆောင်ရွက်ခဲ့ရာ ၎င်းမှာ ကိုသန်းနိုင်ဦး(ခ)အငယ်လေး၊ ၃၅ နှစ်၊(ဘ)ဦးမောင်မောင်တင်၊
(၁၈) ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူဖြစ်သည်
ကိုစုံစမ်းသိရှိခဲ့ကြောင်းသတင်းရရှိပါသည်။

အေးချမ်းမွန်

Saturday, 06 July 2013

၆.၇.၂၀၁၃ ရက်နေ့ ၀၃၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ (၆၆)ရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် ပဲခူးမြစ်လမ်းဆုံအ
နီးတွင် ဧရာဝဏ်လမ်းအတိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှ သာကေတမြို့နယ်ဘက်သို့ ဆိုင်ကယ်အ
မှတ် ၂၇ယ/------၊လင်ဖန်း 110 တရုတ်နိုင်ငံလုပ် ဖြူနီကြားအရောင်ဆိုင်ကယ်အား မောင်းနှင်လာသည့် အ
မည်မသိဗမာအမျိုးသား၊ အသက်၄၀နှစ်ခန့်၊

ကရင့်နယ်မြေ မငြိမ်းချမ်းသေး

Photo: ကရင့်နယ်မြေ မငြိမ်းချမ်းသေး 
 Saturday, 06 July 2013

ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မြန်မာအစိုးရနဲ့ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ကြိုးစားနေချိန်မှာပဲ နယ်မြေအတွင်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ KNLA နဲ့ BGF နယ်ခြားစောင့်တပ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကရင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် နယ်မြေတည်ငြိမ်မှုအနေအထားက စိုးရိမ်နေရဆဲပဲလို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။ ကရင်ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး အတွက်လည်း စိတ်ချရတဲ့ လုံခြုံရေး အခြေအနေ မရှိသေးဘူးလို့ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဘူးသိုမြို့နယ်ထဲက ကျေးရွာမှာ ပြီးခဲ့တဲ့မေလက  မြန်မာအစိုးရ စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် KNLA ကြား မထင်မှတ်ဘဲ ရင်ဆိုင်တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သတင်းထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်ပွားချိန်အတွင်း ကရင်နယ်ခြားစောင့်တပ်နဲ့ KNLA တို့ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားချိန် ကျေးရွာထဲကို လက်နက်ကြီးကျည်ကျခဲ့လို့ လက်နက်ထိမှန်ဒဏ်ရာရရှိခဲ့ကြတယ်လို့ KHRG ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုစောဝေလေးက ပြောပါတယ်။
 
“BGF စစ်တပ်က မေလ ၁၆ ရက်၊ ၂၀၁၃ ခုနှစ်မှာ သူတို့စခန်းတွေလာပြီးတော့၊ ရွာကို သူတို့လာတယ်။ လာတဲ့အခါကျတော့ အမှန်ကတော့ သူတို့တွေ့မယ် ဆိုတာ ကြိုမသိထားဘူးထင်တယ်လေ။ KNLA ကလည်း လာတယ်။ သူတို့ကလည်းလာတယ်။ ရုတ်တရက်ကြီး သူတို့တွေ့တဲ့အခါကျတော့ သူတို့အဖွဲ့ကလည်း ၄ ယောက်ပဲရှိတယ်။ KNLA က အယောက် ၂၀ နီးပါးလောက်ရှိတယ်။ ရုတ်တရက်တွေ့တဲ့အခါကျတော့ KNLA က သူတို့ကိုပစ်တယ်။ ထိခိုက်ဒဏ်ရာ ရတာတွေဘာတွေတော့ သူတို့မရှိဘူး။ သူတို့ထွက်ပြေးတာပဲ။ သူတို့ပြေးတဲ့အချိန်မှာ လက်နက်ကြီး ကျည်ဆံက ရွာထဲကျသွားတယ်။ တလုံးက အိမ်ရှေ့မှာ။ တလုံးက အိမ်နောက်မှာ။ အဲဒီလိုမျိုးကျတဲ့အခါကျတော့ ကလေးလေး တယောက်နဲ့ သူ့အမေက ဒဏ်ရာ ရသွားတယ်။”
 
အလားတူပဲ ကရင်နယ်ခြားစောင့်တပ်က ကျေးရွာတွင်း ဝင်ရောက်ပစ်ခတ်မှု လည်း ဖြစ်ပွားခဲ့တဲ့အတွက် ကရင်ပြည်နယ်တွင်း နယ်မြေတည်ငြိမ်မှုရအောင် အစိုးရနဲ့ ကရင်ခေါင်းဆောင်တွေ ကြိုးစားနေကြချိန်မှာ ဒီလိုပစ်ခတ်တိုက်ခတ် မှုမျိုး မဖြစ်အောင် ထိန်းသိမ်းသင့်တယ်လို့လည်း KHRG က တိုက်တွန်းပြောဆိုပါတယ်။
 
“အရင်တုန်းကထက်စာရင် အခြေအနေ အများကြီး တိုးတက်ပြီလေ။ KNU ရယ်၊ ပြီးတော့ BGF နဲ့ တခြားလက်နက်ကိုင် အဖွဲ့တွေပေါ့နော်။ သူတို့တိုက်ပွဲတွေ မဖြစ်အောင် တကယ့်ကိုကြိုးစားပြီးတော့၊ အခု သူတို့ကြိုးစားတာကို ဒီထက် အခြေအနေ ကောင်းသွားအောင် လုပ်ပေးစေချင်တာပေါ့နော်။”
 
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ နှစ်ဘက်အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နယ်မြေအတွင်း နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ အပစ်ရပ်ပြီး တည်ငြိမ်မှုအနေအထားမှာ ရှိလာနေပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလအတွင်းမှာလည်း ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေဖြစ် ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ပြီးခဲ့တဲ့ဇွန်လလည်ပိုင်းမှာလည်း  မြန်မာအစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား အလွတ်သဘောတွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး တိုးတက်တဲ့ အနေအထားမှာ ရှိပါတယ်လို့ မြန်မာငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။
 
“ကရင်နယ်ထဲမှာတော့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ၆ ဖွဲ့လောက် ဖြစ်နေတာကိုး။ ဒါပေမဲ့ အကြီးဆုံးအဖွဲ့ဖြစ်တဲ့ KNU နဲ့တော့ တော်တော်လေးကို ကျန်တဲ့အဖွဲ့တွေနဲ့စာရင် ရှေ့ဆုံးကိုရောက်အောင် ယုံကြည်မှု ရှိတယ်လို့ ပြောလို့ရတာပေါ့နော်။ တစ်နှစ်ခွဲတာ ကာလတွင်းမှာ KNU နဲ့ တပ်မတော်နဲ့ ထိပ်တိုက်မှုဟာ မရှိသလောက် ဖြစ်သွားပါပြီ။ ဟိုးတလောတုန်းက ဖြစ်တဲ့ကိစ္စလို ဟာမျိုးကလည်း၊ ကျနော်တို့ တပ်မတော်နဲ့ဖြစ်တာမဟုတ်ဘဲ၊ DKBA အဖွဲ့နဲ့ ဖြစ်တဲ့သဘောပါပဲ။ အဲဒါလိုဟာမျိုးကလွဲရင်၊ အခက်အခဲ အနည်းငယ်ကလွဲရင် ကရင်ပြည်နယ်ထဲမှာ ပဋိပက္ခက လုံးဝ မရှိသလောက်ပဲဗျာ။”
 
ကရင်ပြည်နယ်တွင်း စစ်မှန်တဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အရေး ကရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း စည်းလုံးညီညွတ်မှု ရဖို့အတွက် ကရင်ငြိမ်းချမ်းရေးကောင်စီ အပါအ၀င် ကရင်ပြည်နယ်တွင်းမှာ မကြာသေးခင်ကမှ ဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးရေးနဲပ ငြိမ်းချမ်းရေးကော်မတီဝင်တွေကလည်း ကရင်လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းနိုင်ဖို့အရေး ကြိုးပမ်းနေကြချိန်လည်း ဖြစ်ပါတယ်။ 

VOA

Saturday, 06 July 2013

ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မြန်မာအစိုးရနဲ့ ကရင်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ ကြိုးစားနေချိန်မှာပဲ နယ်မြေအတွင်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ KNLA နဲ့ BGF နယ်ခြားစောင့်တပ်တို့ အ
ချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ကရင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက် နယ်မြေတည်ငြိမ်မှုအနေ
အထားက စိုးရိမ်နေရဆဲပဲလို့ ကရင်လူ့အခွင့်အရေး အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ဘောင်းဘီ အိပ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်းလဲမည့် VODAFONE

Photo: ဘောင်းဘီ အိပ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်းလဲမည့် VODAFONE
Saturday, 06 July 2013

ဗြိတိန် Vodafone မှ ဖန်တီးတဲ့ နည်းပညာလို့ ဆိုသတဲ့။ ဂျင်းဘောင်းဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီအဖြစ် ပြောင်းမယ်လို့ ဆိုပါတယ်။

ဒီအတွက် ဘက်ထရီ အတုံးကြီး ထည့်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်ရှိတဲ့ အပူကို ယင်းအိပ်ကပ်မှာ စုစေပြီး Thermo Electric အနေနဲ့ အပူကို လျှပ်စစ်အဖြစ် ပြောင်းပေးမယ်လို့ ဆိုပါတယ်။

ဒီအတွက် ပျော့ပြောင်းတဲ့ သတ္တုကို အသုံးပြုမှာပါ။ Android User များအတွက်ပါ။ အခြား မိုဘိုင်း OS များအတွက် မရနိုင် သေးပါဘူး။ သို့ပေမယ့် ပေါက်ပေါက်ရှာရှာ အိပ်ကပ်ကို ဘာလို့ တင်ပါးမှာ လုပ်ရသလဲလို့ မေးခွန်းထုတ်ကြပါတယ်။ တင်ပါးပူအောင် ထိုင်ရသူတွေ၊ ပစ်ကနစ် ထွက်တဲ့သူတွေ၊ နိုက်ကလပ်ကဲတဲ့ သူတွေအတွက် ပိုပြီး အဆင်ပြေစေ မတဲ့လေ။

ယခုနှစ်အတွင်း Vodafone မှ ပြသမယ့် နည်းပညာသစ် ဖြစ်ကြောင်း သိရပါတယ်။

Ref: techblog

Saturday, 06 July 2013

ဗြိတိန်Vodafone မှဖန်တီးတဲ့နည်းပညာလို့ ဆိုသတဲ့။ဂျင်းဘောင်းဘီ နောက်ဘက်က အိတ်ကပ်ကို ဘက်ထရီ
အဖြစ် ပြောင်းမယ်လို့ ဆိုပါတယ်။

ငါးရဲ့အဆီကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်

Photo: ငါးရဲ့အဆီကို စားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်
Saturday, 06 July 2013

တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ ဆာမွန်ငါးနဲ့ ဆာအင်းဆိုတဲ့ ငါးသေတ္တာငါးတွေကို တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာနယ် BMJ မှာ ဖော်ပြထားကြောင်း ဇွန်လ (၂၈) ရက် သောကြာနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက် ပါဝင်ကူညီပေးကြတဲ့ လူပေါင်း (၈) သိန်းကျော်ရဲ့ နေ့စဉ်စားသုံးမှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ရှိချက်ပေါင်း (၂၆) ခုကို ခြုံငုံသုံးသပ်ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ငါးများမှရရှိတဲ့ အဆီမှာ လူရဲ့ သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်စစ် (cn-3 polyunsaturated fally acid) ဒါမှမဟုတ် n-3 PUF As လို့ခေါ်တဲ့ အဆီများ အမြောက်အများ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ n-3 PUFAS ကို ငါးများ၊ အစေ့၊ အဆံများနဲ့ ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ရတနာပုံ ဘာသာပြန်သတင်း

Saturday, 06 July 2013

တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ဆာမွန်ငါးနဲ့ဆာအင်းဆိုတဲ့ငါးသေတ္တာငါးတွေကိုတစ်ပတ်မှာတစ်ကြိမ် ဒါမှမဟုတ်
နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာ
နယ် BMJ မှာ ဖော်ပြထားကြောင်း ဇွန်လ (၂၈) ရက် သောကြာနေ့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထား
ပါတယ်။

မီးဖိုချောင်သုံးပစ္စည်းများကိုသန့်ရှင်းရေးလုပ်နည်း

Photo: မီးဖိုချောင်သုံးပစ္စည်းများကိုသန့်ရှင်းရေးလုပ်နည်း
Saturday, 06 July 2013

မီးဖိုချောင်သုံးပစ္စည်းများကို လွယ်လွယ်နဲ့ မြန်မြန် သန့်ရှင်းရေးလုပ်လို့ရမယ့် အသုံးဝင်စေနိုင်သောနည်းလေးများကို ရှယ်ပေးလိုက်ပါတယ်

1.မိုက်ခရိုဝေ့ဖ်အာဗင်
မိုက်ခရိုဝေ့ဖ်အာဗင်ထဲမှာ ကပ်နေမယ့် ဆီစက်ကလေးကို အလွယ်တကူ ဖယ်ရှားနိုင်စေဖို့ ရေဆွတ်ထားတဲ့ မီးဖိုချောင်သုံးစက္ကူအထူကို မိုက်ခရိုဝေ့ဖ် အပူချိန် High မှာထားပြီး ၃ မိနစ်ခန့်ထည့်မွှေ့ပေးပါ။ စက္ကူအေးသွားရင် အာဗင်မျက်နှာပြင်ကို သုတ်လိုက်ပါ။ ဆီစက်တွေကို အလွယ်တကူသုတ်ချလို့ရတာ တွေ့ရမှာပါ။


2. ဖျော်ရည်ဖျော်စက်
သစ်သီးဖျော်စက်သုံးပြီးတဲ့အခါမှာ ရေနဲ့ ဆပ်ပြာရည်အနည်းငယ်ကိုထည့်ကာ စက်မှာ စက္ကန့် ၂၀လောက်မွှေပေးလိုက်ပါ။ ပြီးရင်ရေနဲ့ ဆေးချလိုက်ရင်ရပါပြီ

3.ကော်ဖီစက်
ကော်ဖီထည့်တဲ့ ဖန်အိုးလေးတွေ အရောင်ညစ်လာတာအတွက်တော့ စိတ်မပျက်ပါနဲ့။ အိုးထဲကို ရေခဲ လေးပုံတစ်ပုံခန့်ထည့်၊ လီမွန်တစ်ဝက်ကို စိတ်ပြီးထည့်၊ ကျန်တဲ့ တစ်ဝက်ကို အရည်ညှစ်ကာ ဆား စားပွဲဇွန်း ၂ ဇွန်လောက်ကိုပါ ထည့်ပြီးမွှေပေးလိုက်ပါ။ ၂ မိနစ်လောက်ကြာရင်တော့ ကြည်လင်တဲ့ ဖန်အိုးလေးကို ပြန်မြင်ရပါလိမ့်မယ်။

4.Cheese ခြစ်တံ
ချိစ်ခြစ်တဲ့ အတံလေးတွေမှာပါတဲ့ ခြစ်တံလေးတွေဟာ သေးငယ်လွန်းတာကြောင့် ဆေးရခက်ပါတယ်။ ဒီအတွက်တော့ ဘရှပ်ကလေးကိုသာသုံးပြီး သန့်ရှင်ပေးလိုက်ပါ။ လွယ်လွယ်ကူကူပဲ သန့်ရှင်းရးလုပ်လို့ရတာ တွေ့ရမှာပါ

5.ကော်ဖီခွက်များ
ကော်ဖီခွက်များ ၀ါကျင်နေတယ်ဆိုရင်တော့ ရှာလကာရည်နဲ့ ဆား ဗမာဏဆတူကိုသာရောပြီး ခွက်ကိုတိုက်ပေးလိုက်ပါ။ ပြန်လည် ဖြူဖွေးလာပါလိမ့်မယ်

6.ရေခဲသေတ္တာ
ရေခဲသေတ္တာကိုသန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ဈေးမသွားခင် တစ်ရက်အလိုပါ။ တော်တော်များများက ကုန်လုပြီမို့ ရှင်လင်းရသက်သာပါလိမ့်မယ်။ အနံ့အသက်ဆိုးများကင်းစေရန် ဆိုဒါ (အမှုန့် ) တစ်ဗူးလောက်ကို ထည့်ထားပေးမယ်ဆိုရင်တော့ အများဆုံး ၆ လအထိခံပါတယ်တဲ့။

7.ဘေစင်ပိုက်များ
ဆိုဒါ နှင့် ရှာလကာရည်ကိုရောပြီး ထည့်ပေးပါ။ ၅ မိနစ်လောက်ထားပြီးမှ ရေဆေးချပေးမယ်ဆိုရင်တော့ အနံ့အသက်ကင်းပြီး သန့်သန့်ရှင်းရှင်းရှိနေပါလိမ့်။ တစ်ပတ်တစ်ခါတော့ ပြုလုပ်ပေးဖို့လိုပါတယ်

8.ဒယ်အိုးများမှ ဆီအစွန်းများအတွက်
ဆေးရခက်တဲ့ ဆီချေးများကို ဘိတ်ကင်ဆိုဒါဖြူးကာ ရေမြှပ်နဲ့တိုက်ချွတ်ပေးလိုက်ပါ။ ဆီချေးများကင်းစင်သွားတာကို တွေ့ရမှာပါ။

Saturday, 06 July 2013

မီးဖိုချောင်သုံးပစ္စည်းများကို လွယ်လွယ်နဲ့ မြန်မြန် သန့်ရှင်းရေးလုပ်လို့ရမယ့် အသုံးဝင်စေနိုင်သောနည်း
လေးများကို ရှယ်ပေးလိုက်ပါတယ်။

ဆေးလိပ်သောက်ခြင်းအကျင့်အား တူရကီအမျိုးသားတစ်ဦး ထူးခြားသည့် နည်းလမ်းသုံး၍ စွန့်လွှတ်ရန်ကြိုးပမ်း

Photo: ဆေးလိပ်သောက်ခြင်းအကျင့်အား တူရကီအမျိုးသားတစ်ဦး ထူးခြားသည့် နည်းလမ်းသုံး၍ စွန့်လွှတ်ရန်ကြိုးပမ်း
Saturday, 06 July 2013

တူရကီ နိုင်ငံမှ အမျိုးသား တစ်ဦးသည် ၎င်း၏ ဆေးလိပ် သောက်သည့် အကျင့် ဆိုးကို စွန့်လွှတ် နိုင်ရန် အတွက် မည်သူမျှ မစဉ်းစားဖူးသည့် နည်းလမ်း တစ်မျိုးကို သုံး၍ ကြိုးပမ်းလျက် ရှိကြောင်း တူရကီ သတင်းစာ တစ်စောင်က ဖော်ပြထားသည်။

အဆိုပါ အမျိုးသား၏ အမည်မှာ အီဘရာဟင် ဖြစ်ပြီး အသက် ၄၂ နှစ် ရှိပြီ ဖြစ်သည်။ ၎င်းသည် တူရကီ နိုင်ငံ အနောက် ပိုင်းရှိ ကူဖောဟာ ပြည်နယ်တွင် နေထိုင်သူ ဖြစ်ကာ တစ်ရက်လျှင် စီးကရက် နှစ်ဘူးကို သောက်တတ်သူ ဖြစ်ကြောင်းနှင့် ယင်းနှုန်းထားနှင့် ဆေးလိပ် သောက်လာခဲ့သည့် သက်တမ်းမှာ ၂၆ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

အီဘရာဟင်သည် ၎င်း၏ ဆေးလိပ် အလွန် အကျွံ သောက်သည့် အကျင့်ဆိုးကို ဖြတ်ပစ် နိုင်ရန် အတွက် ခေါင်းဆောင်း သဏ္ဌာန် လှောင်အိမ် တစ်ခုကို ပြုလုပ် ကာ ၎င်း၏ ဦးခေါင်းကို ဦးခေါင်းစွပ် လှောင်အိမ် အတွင်း၌ ထည့်၍ ယင်း လှောင်အိမ်ကို သော့ခတ်သည့် နည်းဖြင့် ဆေးလိပ်ဖြတ်လျက် ရှိကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြ ထားသည်။

အဆိုပါ ဦးခေါင်းစွပ် လှောင်အိမ်၏ သော့ကို နှစ်ချောင်း ပြုလုပ် ထားပြီး တစ်ချောင်းကို ၎င်း၏ သားဖြစ်သူထံ အပ်နှံ၍ ကျန်တစ်ချောင်းကို ဇနီး ဖြစ်သူထံ အပ်ထားကြောင်း၊ ၎င်း ဦးခေါင်း စွပ်ကို နှစ်ရက်ခြား တစ်ကြိမ် ဆောင်းလေ့ ရှိကြောင်း၊ ယင်းကဲ့သို့ ပြုလုပ် ခဲ့ပြီး နောက်ပိုင်းမှ စ၍ ဆေးလိပ် မသောက် တော့ကြောင်း အီဘရာဟင်က ပြောကြားသည်။

(အင်တာနက်)
မြ၀တီ

Saturday, 06 July 2013

တူရကီ နိုင်ငံမှ အမျိုးသား တစ်ဦးသည် ၎င်း၏ ဆေးလိပ် သောက်သည့် အကျင့် ဆိုးကို စွန့်လွှတ် နိုင်ရန် အ
တွက် မည်သူမျှ မစဉ်းစားဖူးသည့် နည်းလမ်း တစ်မျိုးကို သုံး၍ ကြိုးပမ်းလျက် ရှိကြောင်း တူရကီ သတင်းစာ တစ်စောင်က ဖော်ပြထားသည်။

ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှ သားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး

Photo: ရေနစ်နေသည့် သားကြီးအား ဆင်းကယ်ရာမှ သားငယ်နှင့်မိခင်အပါ ၃ဦးလုံး ရေနစ်သေဆုံး
Saturday, 06 July 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသားအရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေနစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အိမ်ထောင်ဦးစီးဖြစ်သူ ဦးချီးယိုသည် ရန်ကုန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာအဝေးရှိ ၎င်းပိုင်တောင်ယာတွင် လယ်ထွန်ရန် ညအိပ်သွားရောက်မည်ဖြစ်သဖြင့် ခင်ပွန်း ညအိပ်ရာတွင် လိုအပ်သော ပစ္စည်းများကို ဇနီးဖြစ်သူ ဒေါ်လုတနှင့် သားများဖြစ်ကြသော ကျော်လင်းထွန်း၊ကျော်လင်းအောင်တို့မှ လမ်းလျှောက်သွားရောက် ပို့ဆောင်ခဲ့ကြသည်။

ခင်ပွန်းသည် သည် လက်တွန်း လယ်ထွန်စက်ဖြင့် လယ်ထွန်နေစဉ် ဒေါ်လုတနှင့်သားများ လယ်ထဲရှိ တဲထဲ၌်ခေတ္တနားနေခဲ့သည်။ နားနေပြီးခေတ္တအကြာ သားကြီးကျော်လင်းထွန်းသည် လယ်တဲအနီး ရေကန်ဘေးတွင် ပြေးဆော့နေစဉ် ရေကန်အတွင်းပြုတ်ကျသွားသဖြင့် မိခင်ဒေါ်လုတမှ ကလေးအငယ် ကျော်လင်းအောင်အား ကျောပိုးလျှက်ဖြင့် ရေကန်သို့ဆင်းပြီး ဆယ်ယူရာတွင် ကလေး(၂)ဦး အပါအ၀င် မိခင်ဖြစ်သူပါ (၃)ဦးစလုံး ရေနစ်ပြီး နံနက်(၁၀)နာရီတွင် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခင်ပွန်းဖြစ်သူ ဦးချီးယို မှ ဖြစ်စဉ်အား အသံကြားသလိုလိုရှိသော်လည်း လက်ထွန်နေသဖြင့် ဂရုမပြုသတိမထားမိခဲ့ကြောင်း လယ်ထွန်ပြီး လယ်တဲသို့ပြန်လာရာ ဇနီးနှင့်ကလေး(၂)ဦးကို မတွေ့ရသဖြင့် လိုက်လံရှာဖွေရာမှ ကလေး(၂)ဦးမှာ ရေပေါ်တွင်ပေါ်နေပြီး မိခင်မှာ ရေကန်အတွင်းနစ်မြုပ်နေသဖြင့် သက်ဆိုင်ရာသို့ သတင်းပို့ခဲ့ကြောင်းသိရသည်။

သေဆုံးသူ ဒေါ်လုတနှင့် ကလေး(၂)ဦး ရေနစ်ခဲ့သော ကန်မှာ အလျှားပေ(၁၀၀) အနံ(၇၅)ပေရှိသော ကန်ဖြစ်ပြီး သေဆုံးသူ(၃)ဦးစလုံးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးစစ်မှုများပြုလုပ်ခဲ့ကြောင်း ရဲစခန်းအနေဖြင့်လည်း သေမှုသေခင်းဖြင့်အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

သတင်းပေးပို့သူ ။ ။ သာစည်မျိုးသန့်

Tachileik Online News

Saturday, 06 July 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာနေ အသက်(၂၉)နှစ်
အရွယ် ဒေါ်လုတနှင့် ၎င်း၏သားများဖြစ်ကြသည့် ကျော်လင်းထွန်း(၁)နှစ်(၈)လသား နှင့် အသက်(၉)လသား
အရွယ် ကျော်လင်းအောင် တို့ သားအမိ(၃)ဦးသည် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က ရေ
နစ်ကာ (၃)ဦးလုံး သေဆုံးမှုဖြစ်ပွားခဲ့သည်။

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့၌ ဆီးဂိမ်းစ်အမီ တည်ဆောက်ရန် စီစဉ်

Photo: စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့၌ ဆီးဂိမ်းစ်အမီ တည်ဆောက်ရန် စီစဉ်
Saturday, 06 July 2013

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့တော်
၌ ဆီးဂိမ်းစ်ပြိုင်ပွဲအမီ တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ လူကူးခုံးကျော်တံတား သုံးစင်းကို ဒလ-ပန်းဆိုးတန်းမှ ဆူးလေ
ဘက်သို့ လာသည့်နေရာအနီး တစ်စင်း၊ ကမ္ဘာအေးဘုရားလမ်း ကမ္ဘာအေး
ဘုရားနှင့် ဂမုန်းပွင့် ကုန်တိုက်အနီး တစ်စင်း၊ လမ်းမတော် စဥ့်အိုးတန်းအနီး တစ်စင်း တည်ဆောက်ရန် လျာထားသည်ဟု သိရသည်။

အဆိုပါ တံတားများ တည်ဆောက်ရန်အတွက် လုပ်ငန်းစတင်ချိန်ကို မပြောနိုင်သော်လည်း ဆီးဂိမ်းစ်အမီ တည်ဆောက်မည် ဖြစ်ကြောင်း၊ ယခုအခါ မြေသားစမ်းသပ်မှုအချို့ စတင်ပြုလုပ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

''ဆောက်ဖို့စီစဉ်ထားတဲ့ လူကူးခုံးကျော် တံတားတွေက လူတွေသက်သောင့် သက်သာ အတက်အဆင်း လုပ်နိုင်အောင် စက်လှေကား ပါမှာဖြစ်ပါတယ်။ အိမ်နီးချင်း နိုင်ငံတွေမှာ လိုပဲပေါ့။ ဘာပဲဖြစ်ဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲလုပ်ရင်
နိုင်ငံခြားက ဧည့်သည်တွေလည်း လာတဲ့အခါ ဒါမျိုးတွေက လိုအပ်လာမှာ မို့လို့ပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်
ငွေဆောင်တို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဆီးဂိမ်းစ်
အမီ လူကူးခုံးကျော် တံတားများ တည်ဆောက်ခြင်းအပြင် လမ်းသားချဲ့
ထွင်မှု အချို့ကိုလည်း ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်သွားလမ်းအဖြစ် အသုံးပြုသည့် ခုံးကျော်တံတား သုံးစင်းကိုလည်း တည်ဆောက်ခဲ့ရာ လှည်းတန်းခုံးကျော် တံတားမှာ ပြီးစီး၍ အသုံးပြုနေပြီ ဖြစ်သော်လည်း ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတား
မှာမူ လက်ရှိတည်ဆောက် နေဆဲပင်ဖြစ်ပြီး ရွှေဂုံတိုင်ခုံးကျော် တံတားမှာမူ တည်ဆောက်မှု အပိုင်းတွင် ကြန့်ကြာမှုများ ရှိနေပြီး ယာဉ်ကြောပိတ်ဆို့ မှုများလည်း ဖြစ်ပွားနေသည်ဟု သိရသည်။

eleven media group

Saturday, 06 July 2013

စက်လှေကား ပါဝင်သည့် လူကူးခုံးကျော်တံတား သုံးစင်းကို ရန်ကုန်မြို့တော် ၌ ဆီးဂိမ်းစ်ပြိုင်ပွဲအမီ တည်
ဆောက်သွားရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

တာချီလိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ ကြီးပြီး တံတားအနီးတွင် ကားများ ရေထဲနစ်မြုပ်

Photo: တာချီလိတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ
ကြီးပြီး တံတားအနီးတွင် ကားများ ရေထဲနစ်မြုပ်
Saturday, 06 July 2013

ဇူလိုင်လ ၅ ရက် နံနက် ၂ နာရီခန့်မှစ၍ တာချီလိတ်မြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ နံနက် ၆ နာရီခန့်တွင် ထိုင်းနှင့် မြန်မာ ချစ်ကြည်ရေး တံတားအောက်ရှိ မယ်ဆိုင်ချောင်းရေကြီးခဲ့ပြီး နေအိမ်များ
အတွင်း ရေများဝင်ရောက်ကာ တံတားအောက်ရှိကားများ ရေနစ်မြုပ်
ခဲ့ကြောင်း သိရသည်။

ရေကြီးမှုကြောင့် အနိမ့်ပိုင်းများဖြစ်သော ပုန်းထွန်နှင့် တာလော့တွင် နေရာ
အနှံ့အပြား ရေကြီးခဲ့ပြီး တံတား ၁ အောက်တွင် ရေတစ်မီတာကျော် တက်ခဲ့ကာ ကားလေးစီးမှာ ရေမြုပ်ခဲ့ကြောင်း သိရသည်။

''ကားတွေနဲ့ ဆိုင်ကယ်တချို့ ရေမြုပ်တာက ကားတွေကို ဒီဘက်ကမ်း
ထားပြီး မယ်ဆိုင်ဘက်ကမ်းကို သွားအိပ်ကြတာ။ ခုက ညကနေ မိုးလင်းတဲ့
အထိ မိုးရွာပြီး ရုတ်တရက်ရေကြီးခဲ့လို့ လာထုတ်ဖို့ မဖြစ်နိုင်တော့လို့ ရေမြုပ်
ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ အိမ်ထဲမှာတော့ မနက် ၆ နာရီလောက်မှာ ခါးလောက်အထိ ရေ၀င်ခဲ့တယ်'' ဟု ပုန်းထွန်ရပ်ကွက် တံတားအနီးတွင်
နေထိုင်သော အမျိုးသမီး တစ်ဦးက ပြောကြားခဲ့သည်။

ယခုရေကြီးမှုသည် ၂၀၁၃ ခုနစ်အတွင်း ပထမဆုံးသော ရေကြီးမှုဖြစ်ပြီး
ရေကြီးမှုကို တာလော့ဈေး၊ ပုန်းထွန်၊ မေဖလားဝါး ကွက်သစ်တို့မှ အများဆုံး ခံခဲ့ကြရကာ မယ်ခေါင်ရပ်ကွက်တွင် အိမ်အချို့သာ ရေ၀င်ခဲ့ကြောင်း သိရသည်။ နံနက် ၁၀ နာရီ တွင် ချောင်းရေမှာ ပြန်ကျနေပြီ ဖြစ်ကြောင်း သိရသည်။

eleven media group

Saturday, 06 July 2013

ဇူလိုင်လ ၅ ရက် နံနက် ၂ နာရီခန့်မှစ၍ တာချီလိတ်မြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ နံနက် ၆ နာ
ရီခန့်တွင် ထိုင်းနှင့် မြန်မာ ချစ်ကြည်ရေး တံတားအောက်ရှိ မယ်ဆိုင်ချောင်းရေကြီးခဲ့ပြီး နေအိမ်များအတွင်း
 ရေများဝင်ရောက်ကာ တံတားအောက်ရှိကားများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူတွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ

Photo: တောင်ငူတွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ
Saturday, 06 July 2013

တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘုရင့်နောင်ဈေးရှိ Mobile House ဟန်းဆက် အရောင်းဆိုင်တွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဟန်းဆက်များ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား ခဲ့ကြောင်း တောင်ငူမြို့
နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဟန်းဆက်ဆိုင်တွင် ဇူလိုင် လ ၅ ရက်နေ့ နံနက်ပိုင်းက ဆိုင်ခန်း ဖွင့်လှစ်ရာ မှန်အရောင်းကောင်တာ အတွင်းရှိ HUAWEI ဟန်းဆက်များ အပါအဝင် ဟန်းဆက် ၁၄ လုံး ပျောက်ဆုံးခဲ့ခြင်း ဖြစ်ကြောင်း Mobile House ဟန်းဆက် အရောင်းဆိုင်ရှင် ဒေါ်နီလာကျော်က ရှင်းပြသည်။

ဟန်းဆက်များ ဖောက်ထွင်းခံရမှုကို ဆိုင်ပိုင်ရှင်ဘက်မှ အမှုဖွင့်လှစ်ထားခြင်း မရှိသော်လည်း အမှတ် (၁) ရဲစခန်းက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ တန်ဖိုးကြီးပစ္စည်းများ ဖောက်ထွင်းခံရမှုသည် တောင်ငူမြို့တွင် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး မေလ နောက်ဆုံးပတ်တွင် ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိ နာရီများ ဖောက်ထွင်းခံရကြောင်း တောင်ငူမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

Saturday, 06 July 2013

တောင်ငူမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်း ဘုရင့်နောင်ဈေးရှိ Mobile House ဟန်းဆက် အရောင်းဆိုင်
တွင် ဇူလိုင် ၅ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ဟန်းဆက်များ ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွား ခဲ့ကြောင်း
 တောင်ငူမြို့နယ် အမှတ် (၁) ရဲတပ်ဖွဲ့စခန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အန္တရာယ်ရှိ အဆင့်ရောက်

Photo: ရန်ကုန် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှု အန္တရာယ်ရှိ အဆင့်ရောက်
Saturday, 06 July 2013

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် လူဦးရေ ခြောက် သန်းကျော် နေ
ထိုင်သော ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် လေထု အရည်အသွေးကို မြို့နယ်အချို့၌ တိုင်းတာရာတွင် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ ပမာဏ များပြားနေခြင်းကြောင့် အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင် ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး
ဒေါက်တာမြင့်သိန်းက The Voice သို့ ပြောကြားသည်။

သန်လျင်၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ် မေလအတွင်း သုတေသနပြု တိုင်းတာခဲ့ရာ၌ သာကေတမြို့နယ်တွင် particular matter PM 10 မှာ 120 µg/m3 ရှိပြီး လှိုင်သာယာနှင့် မှော်ဘီမြို့နယ်တို့တွင် particular matter PM10 မှာ 102 µg/m3 ရှိခြင်းကြောင့် ယင်းမြို့နယ်များသည် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ များပြားနေသည်ကို တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

“လေထုအတွင်း အမှုန်အမွှား ပါဝင်မှု များနေလို့ အန္တရာယ် ရှိနိုင်ပါတယ်” ဟု ၎င်းက သတိပေး ပြောကြားသည်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားသည့် စံနှုန်းမှာ လေထု အတွင်း ဖုန်မှုန့် ပါဝင်မှု အတိုင်းအဆ particular matter (PM10 ) သည် 50 µg/m3) အတွင်းသာ ရှိရမည် ဖြစ်သည်။

သုတေသနပြု စစ်ဆေးချက်များအရ ခြောက်သွေ့ ရာသီများတွင် လေထု ညစ်ညမ်းမှု ပိုမို များပြားသည်ကို တွေ့ရှိရခြင်းကြောင့် ရာသီဥတုပေါ် မူတည်၍လည်း လေထု ညစ်ညမ်းမှုနှုန်း မြင့် မားခြင်း ဖြစ်နိုင်ကြောင်း ဒေါက်တာမြင့်သိန်းက ရှင်းပြ ပြောဆိုသည်။

အဆိုပါ သုတေသနကို ၂၀၀၈ ခုနှစ်မှ စတင်၍ နှစ်စဉ် တိုင်းတာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် အပါအဝင် မန္တလေး၊ နေပြည်တော်တို့ကိုလည်း အလှည့်ကျ တိုင်းတာနေခြင်းဖြစ်ကြောင်း အဆိုပါဌာန ထံမှ သိရှိရသည်။

The Voice Weekly

Saturday, 06 July 2013

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် လူဦးရေ ခြောက် သန်းကျော် နေ ထိုင်သော ရန်ကုန်မြို့တော်၏
ပတ်ဝန်းကျင် လေထု အရည်အသွေးကို မြို့နယ်အချို့၌ တိုင်းတာရာတွင် လေထုအတွင်း ဖုန်မှုန့် ပါဝင်မှု အ
တိုင်းအဆ ပမာဏ များပြားနေခြင်းကြောင့် အန္တရာယ်ရှိနိုင်ကြောင်း ကျန်းမာရေး ဦးစီးဌာန လုပ်ငန်းခွင်ကျန်း
မာရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာမြင့်သိန်းက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံတွင် 4G စနစ် တပ်ဆင်မည်ဟု Ooredoo ဆို

Photo: မြန်မာနိုင်ငံတွင် 4G စနစ် တပ်ဆင်မည်ဟု Ooredoo ဆို

Saturday, 06 July 2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှု စတင်ပေးပါက 4G စနစ် တစ်ပါတည်း တပ်ဆင်ရန် စီစဉ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးလိုင်စင် တင်ဒါ အောင်မြင်ထားသည့် ကာတာ ကုမ္ပဏီ အော်ရီဒူး (Ooredoo) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Ross Carmack က The Voice သို့ ပြောကြားသည်။

... “4G စနစ် ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ အစိုးရနဲ့ အသေးစိတ် အချက်အလက် တွေ အပြီးသတ် ညှိနှိုင်းရပါဦးမယ်” ဟု ၎င်းက ဆိုသည်။

လိုအပ်သော အခြေခံ အဆောက်အဦ တည်ဆောက်မှုများ အပြီးသတ်ပါက 3G စနစ်ဖြင့် စတင် သုံးစွဲခွင့် ပေးမည်ဖြစ်ပြီး တပ်ဆင် သုံးစွဲမည့် စက်ပစ္စည်းများ၏ နည်းပညာရပ်ပိုင်း မြင့်မားသောကြောင့် 4G စနစ်လည်း တွဲဖက် အသုံးပြုနိုင်ကြောင်း ၎င်းက ဆိုသည်။

“အစိုးရဘက်က 4G ကြိမ်နှုန်း ရောင်းမယ်ဆိုတာမျိုး ပြောတာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ပြဿနာ မရှိပါဘူး။ ကျွန်တော်တို့ ပစ္စည်းတွေက 4G ပါ သုံးနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အကယ်၍ မြန်မာနိုင်ငံတွင် 4G စနစ် စတင် သုံးစွဲပါက အော်ရီဒူး၏ ဆက်သွယ်ရေး ကွန်ရက်အတွင်း ငါးနိုင်ငံမြောက် 4G စနစ် သုံးစွဲသောနိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးကွန်ရက် အထောက်အကူပစ္စည်း သွင်းမည့် ကုမ္ပဏီ (Vendor) ကိုလည်း မရွေးချယ်ရသေးဘဲ Erisson၊ Huawei ၊ ZTE နှင့် Nokia တို့ထဲမှ တစ်ခုခုဖြစ်မည်ဟု Ooredoo ထံမှ သိရသည်။

ကာတာအခြေစိုက် အော်ရီဒူး ကုမ္ပဏီသည် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် တင်ဒါ အောင်မြင်ထားပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ သုံးစွဲသူ ၉၃ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနေသည်။

The Voice Weekly

Saturday, 06 July 2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှု စတင်ပေးပါက 4G စနစ် တစ်ပါတည်း တပ်ဆင်ရန် စီ
စဉ်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးလိုင်စင် တင်ဒါ အောင်မြင်ထားသည့် ကာတာ ကုမ္ပဏီ အော်ရီဒူး (Oore
doo) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ အမှုဆောင် အရာရှိချုပ် Ross Carmack က The Voice သို့ ပြောကြား
သည်။

" Password "ဇာတ်ကားရဲ့ကံထူးရှင်ရွေးချယ်ပွဲ

Photo: " Password "ဇာတ်ကားရဲ့ကံထူးရှင်ရွေးချယ်ပွဲ
Saturday, 06 July 2013

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး အောင်ရဲလင်း၊ ဖွေးဖွး တို့ပါဝင်သရုပ်ဆောင်ထားတဲ့ " Password "ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းထဲက စကားတချို့ကို ပဟေဠိဖွက်ခဲ့ရာ အဖြေမှန်သူ တစ်ဦးကို iphone 5 တစ်လုံး ချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၆ ရက်၊ နံနက် ၁၀ နာရီက ကန်တော်မင်္ဂလာပန်းခြံ၊ Happy World မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ " Password "ဇာတ်ကားရဲ့အဖြေသူမှန်သူ စုစုပေါင်း ၇ ယောက်ရှိခဲ့ပြီး အဖြေမှန်သူ ၇ ယောက်ထဲမှ တစ်ဦးသာ မဲနှိုက်ရွေးချယ်ခဲ့ရာ ကံထူးရှင် ဝင်းပပစံ အား iphone 5 တစ်လုံးဆုချီးမြှင့်ပေးခဲ့ပြီး ဒါရိုက်တာ ညိုမင်းလွင်က အထူးဆုဆစ်ဆုဖြစ်တဲ့ ညိုမင်းလွင် ရိုက်ကူးတဲ့ဇာတ်ကားမှန်သမျှကို ရာသက်ပန် အခမဲ့ကြည့်ရှု့ခွင့်အတွက် ကံထူးရှင်နောက်တစ်ဦးကို မဲမှိုက်ရွေးချယ်ခဲ့ရာ ကိုနေဇင်ဦးမှ ကံထူးသွားခဲ့ကြောင်း သိရပါတယ်။


Popular Journal

Saturday, 06 July 2013

ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပြီး အောင်ရဲလင်း၊ ဖွေးဖွး တို့ပါဝင်သရုပ်ဆောင်ထားတဲ့ " Password "ဇာတ်
ကားရဲ့ဇာတ်ဝင်ခန်းထဲက စကားတချို့ကို ပဟေဠိဖွက်ခဲ့ရာ အဖြေမှန်သူ တစ်ဦးကို iphone 5 တစ်လုံး ချီးမြှင့်
ခြင်းအခမ်းအနားကို ဇူလိုင်လ ၆ ရက်၊ နံနက် ၁၀ နာရီက ကန်တော်မင်္ဂလာပန်းခြံ၊ Happy World မှာကျင်း
ပပြုလုပ်ခဲ့ပါတယ်။

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များ ပြည်သူသို့ ချပြမည်ဟုဆို

Photo: ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များ ပြည်သူသို့ ချပြမည်ဟုဆို
Saturday, 06 July 2013

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုမည်ဖြစ်ပြီး စာချုပ်ပါ အချက်များကို ပြည်သူသို့ ချပြမည်ဟု မြန်မာ
ဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားသည်။

ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၌ ပြုလုပ်ခဲ့သော တရုတ်စီးပွားရေး လုပ်ငန်းရှင်များနှင့်
မြန်မာနိုင်ငံရှိ မီဒီယာများ တွေ့ဆုံပွဲတွင် မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀မ်ပေါင်ကုမ္ပဏီ
သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ပူးပေါင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

လာမည့်ကာလအတွင်း မြန်မာနိုင်ငံ အစိုးရနှင့် ၀မ်ပေါင်ကုမ္ပဏီတို့ စာချုပ်သစ် ချုပ်ဆိုသွားမည် ဖြစ်ကြောင်း၊ စာချုပ်သစ်တွင် စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၊ တရုတ်ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီတို့ အကြား အကျိုးအမြတ်ခွဲဝေမှုကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ စီမံကိန်းမှ ရရှိသည့် အကျိုးအမြတ်များထဲမှ ဒေသခံများအတွက်
လူမှုရေးနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ဆောင်ခြင်း(Cooperate Social Responsibilities) ကိစ္စရပ်များအား ပြင်ဆင်ချုပ်ဆိုသွားမည်ဖြစ်
ကြောင်းနှင့် အဆိုပါ စာချုပ်ပါ အချက်အလက်များကို မြန်မာပြည်သူ လူထုအား ချပြသွားမည် ဖြစ်ကြောင်း မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားခဲ့သည်။

မီဒီယာ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံရောက် တရုတ်ကုမ္ပဏီများ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Mr.Jin Hongen နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများဖြစ်သည့် ရပ်ဆိုင်းထားသော မြစ်ဆုံစီမံကိန်းအား တာဝန်ယူ လုပ်ကိုင်လျက်ရှိသည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်ပိုရေးရှင်း CPI၊ ကြေးနီစီမံကိန်း လုပ်ကိုင်လျက်ရှိသော မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် လက်ပံတောင်းတောင် နီကယ်စီမံကိန်း မြန်မာနီကယ် ကုမ္ပဏီ CNICO နှင့် မြန်မာနိုင်ငံရောက် တရုတ်ကုမ္ပဏီများ အသင်းတို့ ပါဝင်ကြောင်း သိရသည်။

''ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ လုပ်တဲ့အခါ မြန်မာနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့
စာချုပ်၊ သဘောတူညီချက်၊ ခံဝန်စာချုပ်ပါ သတ်မှတ်ချက်အတိုင်း တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက် သွားမယ်။ မြန်မာနိုင်ငံ လူမှုအဖွဲ့အစည်းရဲ့ ယုံကြည်မှု ရရှိအောင် ကြိုးစားသွားပါမယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး Mr.Jin Hongen က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ ဥပဒေ စည်းမျဉ်းများကို လုပ်ငန်းဆောင်
ရွက်နေစဉ် သတ်မှတ်ထားသည့် ဥပဒေများအတိုင်း လုပ်ကိုင်ဆောင်ရွက် မည်ဖြစ်ပြီး အခွန်များကိုလည်း ဥပဒေ သတ်မှတ်ချက်များ အတိုင်း
ပေးဆောင်သွားမည် ဖြစ်ကြောင်း ၀န်ခံပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများအား မြန်မာပြည်သူများ ယုံကြည်နိုင်စေရန် လုပ်ငန်းဆောင်
ရွက်နေစဉ် လုပ်ဆောင်မှုများကို မီဒီယာများမှ တစ်ဆင့် ချပြသွားမည်
ဖြစ်ကြောင်း ပထမအကြိမ် ပြုလုပ်သည့် မီဒီယာ တွေ့ဆုံပွဲ၌ တရားဝင်
ပြောကြားသွားသည်။

တွေ့ဆုံပွဲတွင် တရုတ်နိုင်ငံမှ ပြည်တွင်းသို့ လာရောက်ရင်းနှီး မြှုပ်နှံ
လျက်ရှိသည့် စီမံကိန်းများသည် မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင်အား ထိခိုက်ပျက်ဆီး စေမှုများ ရှိနေသည်ဟု ပြည်သူများအကြား ဝေဖန်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ တရုတ်စီးပွားရေး လုပ်ငန်းရှင်များက စီမံကိန်းများ လုပ်ဆောင်နေစဉ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်သွားမည်ဟု ကတိပြု ပြောကြား
ခဲ့ကြောင်း သိရသည်။

ယခုအစိုးရသစ် လက်ထက်တွင် ရပ်နားထားသည့် မြစ်ဆုံစီမံကိန်းကို
ပြန်လည်စတင်ရန် အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း CPI ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားသွားခဲ့သည်။

eleven media group

Saturday, 06 July 2013

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အစိုးရနှင့်ဝမ်ပေါင်ကုမ္ပဏီတို့စာချုပ်သစ်ချုပ်ဆိုမည်ဖြစ်ပြီးစာချုပ်ပါအချက်
များကို ပြည်သူသို့ ချပြမည်ဟု မြန်မာဝမ်ပေါင် ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Gen Yi က ပြောကြားသည်။

"နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြင့် တေလာဆွစ်ဖ် သတိပေး"

Photo: "နေအိမ်ခြံဝင်းထဲ ကျူးကျော်သူများကို သီချင်းစာသားဖြင့် တေလာဆွစ်ဖ် သတိပေး"
Saturday, 06 July 2013

မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ ရှိသူများကို တေလာဆွစ်ဖ်
က သီချင်းစာသားဖြင့် သတိပေးထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည် ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူးကျော် ဝင်ရောက်လာတတ်သည့် အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ရလေ့ ရှိသည်။

ထို့ကြောင့် တေလာက ဝင်ခွင့်မရှိ စာတန်းကို ဒေါ်လာ (၁၇)သန်းတန် စံအိမ်ကြီးရှေ့တွင် ရေးထိုးထားပြီး သူမ၏ သီချင်းစာသားဖြင့် ပိုင်နက်အတွင်း ဝင်ရောက်လာပါက ဒုက္ခတွေ့နိုင်မည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်သည်။ သူမသည် (၂၀၁၂)ခုနှစ်က သီချင်းဖြစ်သော #I #Knew #You #Were #Trouble မှ သီချင်းစာသားကို ကိုးကားထားခြင်း ဖြစ်သည်။

အသက်(၂၃)နှစ်ရှိ တေလာသည် "လျှောက်ဝင်လာရင်တော့ မင်းဒုက္ခတွေ့
မယ်ဆိုတာ ငါသိထားတယ်"ဟု အဓိပ္ပါယ်ရသည့် 'I knew you were trouble when you walked in'ဆိုသော သီချင်းစာသားကို ဖြတ်သန်း
သွားလာခွင့် မပြုဆိုသည့် စာတန်းနှင့်အတူ ရေးသားထားစေခြင်း ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့် သန်းပေါင်း အတော်များများ ကြွယ်ဝလာသော သူဌေးမလေးသည် ဘီဗလီဟေးလ်နှင့် တက်နက်ဆီတို့တွင်လည်း အိမ်ကြီးတစ်လုံးစီ ပိုင်ဆိုင်ထားသေးသည်။ ထို့အပြင် မက်ဆာချူးဆက်ရှိ ဟားနစ်ဆိပ်ကမ်းတွင်လည်း အိမ်တစ်လုံး ဝယ်ယူဖူးသော်လည်း မတ်လက ပြန်လည် ရောင်းထုတ်ခဲ့ရာ ဒေါ်လာ(၁)သန်း အမြတ်အစွန်း ရခဲ့သည်။

Planet Myanmar Network

Saturday, 06 July 2013

မိမိ၏ နေအိမ်ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လေ့ရှိသူများကို တေလာဆွစ်ဖ်က သီချင်းစာသားဖြင့် သတိပေး
ထားလိုက်သည်။ Country ဂီတစတား အဆိုတော်မလေးသည် ရုဒ်အိုင်းလန်းရှိ သူမ၏ ဇိမ်ခံအိမ်ကြီးသို့ ကျူး
ကျော် ဝင်ရောက်လာတတ်သည့် အစွန်းရောက် ပရိသတ်များကြောင့် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်
ရလေ့ ရှိသည်။

လူမှောင်ခိုဂိုဏ်းအားဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိ

Photo: လူမှောင်ခိုဂိုဏ်းအားဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိ
Saturday, 06 July 2013
လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သီပေါ်မြို့နယ် နမ့်လန်ရဲစခန်းမှုး၏ အကြောင်းကြားချက်အရ လူမှောင်ခိုဂိုဏ်းအား ဇူလိုင်လ(၄)ရက်နေ့ကဖမ်းဆီးအရေးယူထားကြောင်း ၎င်းရဲတပ်ဖွဲ့မှ သိရ...သည်။

မစန်းစန်းအေးနှင့် မနှင်းရီတို့မှ ဦးဆောင်၍ အပေါင်းအပါ ခြောက်ဦးက သီပေါ်မြို့နယ် နမ့်လန်ကျေးရွာ နေသူ ဦးကျော်ဆန်း၏ သမီးအသက် ဆယ့်တစ်နှစ်အရွယ် မအေးစနိုးအား လစာကောင်းရပြီး ချမ်းချမ်း သာသာ နေရမည်ဟုဆိုကာ တရုတ်ပြည် အလုပ်သွားလုပ်ရန် လွန်ခဲ့သည့် ဇွန်လက လိမ်ညာခေါ်သွားခဲ့ကြောင်း အမှုဖွင့် အစီရင်ခံစာအရ သိရသည်။

ယင်းမိဘမသိဘဲ လိုက်ပါသွားသည့် မအေးစနိုးအား လူမှောင်ခိုအပေါင်း အပါခြောက်ဦးက တရုတ်နိုင်ငံ လူပွဲစားမှတဆင့် အကျိုးအမြတ် ရယူခဲ့ပြီး တရုတ်အမျိုးသား တစ်ဦးနှင့် အတင်းအဓမ္မ လက်ထပ်ထိမ်းမြား ပေး ခဲ့ကြောင်း၊ ၎င်းလူမှောင်ခို လုပ်စားသူ ခြောက်ဦးသည် ရွာသို့ ပြန်ရောက် လာ၍ နမ့်လန်ကျေးရွာအုပ်ချုပ်ရေးမှုးနှင့် ရဲတပ်ဖွဲ့ဝင်တို့က ရှာဖွေပုံစံ သက်သေ အထောက်အထားများဖြင့် လူနှင့် သက်သေပစ္စည်းများကို ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

၎င်းလူမှောင်ခိုဂိုဏ်းခြောက်ဦးကို လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းညွန့်က နမ့်လန်နယ်မြေ ရဲစခန်းသို့ တရားလိုပြုလုပ်
တိုင်တန်းရာ(ပ)၁၂/၂၀၁၃ လူကုန်ကူး ပုဒ်မ၂၈(က)ဖြင့် အမှုဖွင့် အရေးယူထားပြီး နမ့်လန်စခန်းမှုးမှ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

ယနေ့တွင် ၎င်းတရားခံများ၏ ကြိုတင်ထွက်ဆိုချက်၊ ဖြောင့်ချက်များ ရယူဆောင်ရွက်သွားပြီး တရုတ်နိုင်မှ လူပွဲစားများအား ဖမ်းဆီး အရေး ယူ ဖေါ်ထုတ်နိုင်ရန်မူဆယ်မြို့ လူကုန်တားတပ်ဖွဲ့နှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

ထွန်းထွန်း

မြန်မာ့ခေတ်

Saturday, 06 July 2013
လားရှိုးလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သီပေါ်မြို့နယ် နမ့်လန်ရဲစခန်းမှုး၏ အကြောင်းကြား
ချက်အရ လူမှောင်ခိုဂိုဏ်းအား ဇူလိုင်လ(၄)ရက်နေ့ကဖမ်းဆီးအရေးယူထားကြောင်း ၎င်းရဲတပ်ဖွဲ့မှ သိရ...
သည်။

ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းနှင့် ဒေါ်လာဈေး အတက်အကျ ပတ်သက်မှု မရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ ပြောကြား

Photo: ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းနှင့် ဒေါ်လာဈေး အတက်အကျ ပတ်သက်မှု မရှိကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ ပြောကြား
Saturday, 06 July 2013

JBC Card အသုံးပြုခွင့်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ JCBI နှင့် MPU တို့ ဗဟိုဘဏ် တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးနေစဉ်

လက်ရှိအချိန်သည် ဗဟိုဘဏ် ဥပဒေသစ်အား အတည်ပြုရန် လွှတ်တော်တွင် ဆွေးနွေးနေသော အချိန်ဖြစ်ပြီး ဥပဒေသစ်အား အတည်ပြုပြီးပါက ဗဟိုဘဏ် အနေဖြင့် သီးခြားရပ်တည် နိုင်တော့မည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဗဟိုဘဏ် သီးခြားခွဲထွက်ခြင်းသည် ဒေါ်လာဈေး အတက်အကျနှင့် ပတ်သက်မှု မရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

''အခုရက်ပိုင်းမှာ ဇူလိုင် ၁ ရက်ကစ ပြီးတော့ ဗဟိုဘဏ် ဥပဒေသစ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေပါပြီ။ ဥပဒေထွက်လာရင် ဗဟိုဘဏ်က သီးခြားရပ်တည် နိုင်တော့မှာပါ။ ဒါပေမဲ့ ဒီလိုဗဟိုဘဏ် သီးခြား ဖြစ်သွားတာနဲ့တော့ ဒေါ်လာဈေး အတက်အကျပေါ်မှာ ပတ်သက်မှု မရှိပါဘူး။ ဒေါ်လာဈေး အတက်အကျက Market Base ဖြစ်နေတဲ့အတွက် နိုင်ငံတကာ ဈေးကွက်အပေါ်မှာပဲ မူတည်မှာပါ'' ဟု ဗဟိုဘဏ်၏ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက သတင်းမီဒီယာ တစ်ခုမှ ဖော်ပြခဲ့သော Exchange rate အား မထိန်းနိုင်သည့် အတွက် ဗဟိုဘဏ်၏ ညွှန်ကြားရေးမှူး သုံးယောက်အား အရေးယူလိုက်သည် ဆိုသော သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်၏ လုပ်ငန်းလုပ်ဆောင်မှုများ ပိုမိုတက်ကြွ မြန်ဆန်စေရန် အတွက် ညွှန်ကြားရေးမှူး သုံးဦးအား Policy maker အနေဖြင့် ထပ်မံခန့်အပ် လိုက်ခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုရက်ပိုင်းအတွင်း ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၀၀၀ ဈေး ပေါက်နေကြောင်း ဇူလိုင်လ ၅ ရက် သိမ်ဖြူငွေလဲနှုန်းမှာ ၀ယ်ဈေး ၉၇၂ ကျပ်နှင့် ရောင်းဈေး ၉၈၂ ကျပ်ဖြစ်ကြောင်း သတင်းရရှိသည်။

eleven media group
JBC Card အသုံးပြုခွင့်နှင့် ပတ်သက်၍ ဂျပန်နိုင်ငံ JCBI နှင့် MPU တို့ ဗဟိုဘဏ် တာဝန်ရှိသူများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးနေစဉ်
Saturday, 06 July 2013

လက်ရှိအချိန်သည် ဗဟိုဘဏ် ဥပဒေသစ်အား အတည်ပြုရန် လွှတ်တော်တွင် ဆွေးနွေးနေသော အချိန်ဖြစ်
ပြီး ဥပဒေသစ်အား အတည်ပြုပြီးပါက ဗဟိုဘဏ် အနေဖြင့် သီးခြားရပ်တည် နိုင်တော့မည် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ဗဟိုဘဏ်သီးခြားခွဲထွက်ခြင်းသည် ဒေါ်လာဈေး အတက်အကျနှင့် ပတ်သက်မှု မရှိကြောင်း မြန်
မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ လိုက်နာရန် စည်းမျဉ်းများ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံသားများ၏ ကန့်ကွက် ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော ပြည်တွင်းရှိ တရုတ်ကုမ္ပဏီများ လိုက်နာရမည့် ကိုယ်တိုင် အဆိုပြု စည်းမျဉ်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ဇူလိုင်လ ၅ ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် တရုတ် ကုမ္ပဏီများနှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲတွင် ထုတ်ပြန် ကြေညာခဲ့သည်။

ငွေဖြည့်ကတ်မှာ ၁၀၀၀၀ ကဒ်ဖြည့်တာ ၁၀၀၀ ပဲ ဖုန်းထဲဝင်တဲ့ပြသနာ ရဲ့ရင်းမြစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၁.၇.၂၀၁၃ မှ စတင်၍ နိုင်ငံခြားခေါ်ဆိုခများအား မြန်မာကျပ်ငွေဖြင့်
ပြောင်းလဲကောက်ခံရန် အသိပေးခဲ့ပီးဖြစ်ပါသည်။ ယခုအခါ ဈေးကွက်အတွင်းတွင် ကျပ်ငွေ ၁၀,၀၀၀ ဖြည့်
သွင်းလျှင် ကျပ် ၁,၀၀၀ သာ ဖြည့်သွင်းသည်ဟူသော ပြဿနာဖြစ်ပွားနေသည်ဟု သိရှိရပါသည်။

ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိ၍ လူကိုးဦးအစာအဆိပ်သင့်

မိတ္ထီလာ ၊ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် လူးခင်းအုပ်စု ပျားစွဲကျေးရွာတွင် ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိရာမှ ငရုတ်ခင်းတွင် ပေါင်းရှင်း လုပ်ငန်း လုပ်ကိုင်ကြသော လူကိုးဦး အစာအဆိပ်သင့်မှု ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြေဖြူကုန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ တာဝန်ခံဆရာဝန် ဒေါက်တာလင်းထင်ကျော်က ပြောကြားသည်။

ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိ၍ လူကိုးဦးအစာအဆိပ်သင့်

မိတ္ထီလာ ၊ ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် လူးခင်းအုပ်စု ပျားစွဲကျေးရွာတွင် ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိရာမှ ငရုတ်ခင်းတွင် ပေါင်းရှင်း လုပ်ငန်း လုပ်ကိုင်ကြသော လူကိုးဦး အစာအဆိပ်သင့်မှု ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြေဖြူကုန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ တာဝန်ခံဆရာဝန် ဒေါက်တာလင်းထင်ကျော်က ပြောကြားသည်။

ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိ၍ လူကိုးဦးအစာအဆိပ်သင့်

မိတ္ထီလာ ၊ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် လူးခင်းအုပ်စု ပျားစွဲကျေးရွာတွင် ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိရာမှ ငရုတ်ခင်းတွင် ပေါင်းရှင်း လုပ်ငန်း လုပ်ကိုင်ကြသော လူကိုးဦး အစာအဆိပ်သင့်မှု ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြေဖြူကုန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ တာဝန်ခံဆရာဝန် ဒေါက်တာလင်းထင်ကျော်က ပြောကြားသည်။

မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ၈ နှစ်သမီး ကျမ်းကျိန်။

မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် ၈ နှစ်သမီး ကျမ်းကျိန်။

၆.၇.၂၀၁၃၊ စနေနေ့.

အမေရိကန် နိုင်ငံ Maryland ပြည်နယ် မှာ ၈ နှစ် အရွယ် အမျိုးသမီး ငယ် ကို လက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး Martin O'Malley ရဲ့ နေရာ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

အကြောင်းကတော့ အမျိုးသမီးငယ်များ လူထု နဲ့ ဆိုင်တဲ့ အရေးအကြောင်းတွေမှာ ပါဝင်လာဖို့ လှုပ်ဆော်မှု တရပ် အနေနဲ့ ရွေးချယ်ခြင်း ဖြစ်ပါတယ်။ 

သမီးလေး Genea Harrison ဟာ ပြည်နယ် အုပ်ချုပ်ရေးမှူး ယှဉ်ပြိုင်မှု စာစီစာကုံး မှာ နံပါတ် (၁) ရခဲ့တာပါ။ သူမ ရဲ့ စာစီစာကုံး ထဲမှာ အစိုးရ စာသင်ကျောင်း အခန်းတွေရဲ့ လူဦးရေ တွေကို လျှော့ချမယ်၊ လူထုလုံခြုံရေး၊ အမှိုက်သိမ်းမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စတဲ့ အစီအမံ အကြောင်း တွေ ထည့်ရေးခဲ့ပါတယ်။ 

တနေ့တာ ရွေးချယ်ခံထားရပေမယ့်၊ အမေရိကန် တနိုင်ငံလုံးက နိုင်ငံရေး အကြီးအကဲ တော်တော်များများ အားပေးခဲ့ကြပါတယ်။ သူ့မရဲ့ တနေ့တာ မှာ တိုင်ဝမ် နိုင်ငံက အထူးသံသမန် နဲ့ တွေ့ဖို့လဲ ချိန်းဆိုခဲ့ပါတယ်။

မူရင်း သတင်း
http://www.usatoday.com/story/onpolitics/2013/07/02/genea-harrison-maryland-governor-omalley/2483385/

၆.၇.၂၀၁၃၊ စနေနေ့.
အမေရိကန် နိုင်ငံ Maryland ပြည်နယ် မှာ ၈ နှစ် အရွယ် အမျိုးသမီးငယ်ကိုလက်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး
Martin O'Malley ရဲ့ နေရာ အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ တနေ့တာ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူ
ဖို့ ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။

"TIME မဂ္ဂဇင်းရဲ.ဂယက် ကြောင့် ဗြိတိန်သွားမည့် ဆရာတော်ကြီးများ ဗီဇာငြင်းပယ်ခံရ "

"နိုင်ငံတော်သံဃမဟာနာယကဥက္ကဌဗန်းမော်ဆရာတော်ကြီးအပါအဝင်နယ်လှည့်ဓ မ္မကထိကဆရာတော်
များပါဝင်သောအဖွဲ.ကိုဗီဇာငြင်းပယ်ခံခဲ့ရပါသည်။ "မီဒီယာတွေရဲ.ဖော်ပြမှုကတော်တော်သက်ရောက်မှုရှိနေ
ပါတယ်" ဟုပြည်ပတွင်သာသနာပြုနေသောမြန်မာဘုန်းကြီးတပါးကမိန့်ကြားခဲ့ပါသည်။

ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဦးသိန်းညွန့် တင်သွင်းခဲ့ရာ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အကျေအလည် ဆွေးနွေးခဲ့ပြီး ပြန်လည်ရုပ်သိမ်း

7.5.6


အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် 'ရာဇသတ်
ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း' ကို သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်း
ညွန့်က ဇူလိုင် ၅ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်
တော် ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်တွင်း အပြန်အလှန် ဆွေးနွေးခဲ့ပြီးနောက် ပြန်လည်ရုပ်သိမ်းခဲ့သည်။

NLD မြို့နယ် ခေါင်းဆောင်များအား ဆန္ဒပြမှု ခွင့်ပြုချက်မရှိ၍ အရေးယူခံရ

ဇူလိုင်လ ၀၆ ရက် ၂၀၁၃ ခုနှစ်
ပုသိမ် (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဇူလိုင်လ ၄ ရက်နေ့က ခွင့်ပြုချက် မရဘဲ ဆန္ဒပြမှုဖြင့် ဦးဆောင်သူ ဦးထွန်းထွန်းဦးနှင့် ဦးသန်းဝင်း တို့အား အမှတ်(၂) ရဲစခန်းမှ ထိုနေ့တွင်ပင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကာယကံရှင်များက ပြောသည်။

"လေဒီဂါဂါက ချစ်သူအတွက် တန်ဖိုးကြီးကျောပိုးအိတ် မွေးနေ့လက်ဆောင်ပေး"

"လေဒီဂါဂါက ချစ်သူအတွက် တန်ဖိုးကြီးကျောပိုးအိတ် မွေးနေ့လက်ဆောင်ပေး"

လေဒီဂါဂါသည် သူမ၏ ချစ်သူအတွက် တန်ဖိုးကြီး ကျောပိုးအိတ် တစ်လုံးကို မွေးနေ့လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ ဂါဂါ၏ စိတ်ကူးသည် ဆန်းသစ်ပြီး ဟောလီးဝုဒ် မင်းသား တေလာကင်နီအတွက် ကျောပိုးအိတ် တစ်လုံးကို သီးခြား မှာယူကာ ချုပ်လုပ်ထားစေခြင်း ဖြစ်သည်။ 

ဂါဂါသည် အဆိုပါ ကျောပိုးအိတ်အတွက် ပေါင်စတာလင် (၃၇၀၀၀)မျှ အကုန်အကျ ခံခဲ့ရသည်။ ယင်းကျောပိုးအိတ်များ ပုံစံတူ (၁၁)လုံးသာ ရှိမည်ဟု သိရသည်။ အသက်(၂၇)နှစ်ရှိ Popဂီတစတား အဆိုတော်သည် ဒီဇိုင်းပညာရှင် ဒါမီယန်ဟာ့စ်ထံသို့ ယခုကျောပိုးအိတ်အတွက် သီးခြား ချုပ်လုပ်ပေးရန် မှာယူခဲ့ခြင်း ဖြစ်သည်။

ကင်နီ၏ မွေးနေ့သည် ဇူလိုင်လ (၁၅)ရက်နေ့တွင် ကျရောက်ပြီး အသက်(၃၂)နှစ် ပြည့်မြောက်မည် ဖြစ်သည်။ ကျောပိုးအိတ်သည် ရောင်စုံစက်ဝိုင်းများဖြင့် အလှဆင်ထားသည့် အနက်ရောင် သားရေကို အခြေခံ ချုပ်လုပ်ထားခြင်းဖြစ်ပြီး အတွင်း ကိုယ်ထည်၌ ကြေးဝါသားပေါ်တွင် ရွှေပြားထပ် အုပ်ထားကြောင်း သိရသည်။ 

ဂါဂါနှင့် နီးစပ်သူများက "ကင်နီကတော့ ကျောပိုးအိတ်ကို ကြည့်ပြီး သဘောကျနေပါတယ်။ ပြောရရင် သူက အရင်ကတည်းက ကျောပိုးအိတ်တွေကို တန်ဖိုးထား စုဆောင်းတတ်သူပါ။ ဒီလိုအိတ်မျိုးက တကယ့် တစ်မျိုးတစ်စားတည်း ထိပ်တန်းအဆင့် ဖြစ်ပါတယ်။ 

စုစုပေါင်းမှ (၁၂)လုံးပဲ ရှိတယ်"ဟု ပြောကြားခဲ့သည်။ ဂါဂါသည် ကင်နီ၏ မွေးနေ့တွင် ပါတီပွဲကြီးတစ်ခု ကျင်းပပေးရန်လည်း စီစဉ်ထားသည်။ ထို့အပြင် ကင်နီကို မိသားစုများ ရှိနေသည့် ချီကာဂိုသို့ အလည်အပတ် ခရီးထွက်နိုင်အောင်လည်း လေယာဉ်လက်မှတ် မှာယူပေးထားကြောင်း သိရှိရသည်။

#Lady #Gaga, #Taylor #Kinneys, #birthday, #boyfriend
#PlanetMyanmar

လေဒီဂါဂါသည် သူမ၏ ချစ်သူအတွက် တန်ဖိုးကြီး ကျောပိုးအိတ် တစ်လုံးကို မွေးနေ့လက်ဆောင်အဖြစ် ပေး
အပ်ခဲ့ကြောင်းသိရှိရသည်။ဂါဂါ၏စိတ်ကူးသည်ဆန်းသစ်ပြီး ဟောလီးဝုဒ် မင်းသား တေလာကင်နီအတွက်
ကျောပိုးအိတ် တစ်လုံးကို သီးခြား မှာယူကာ ချုပ်လုပ်ထားစေခြင်း ဖြစ်သည်။

"ဂျပန်ပြည်သူပြည်သားတွေကို စစ်မှန်တဲ့ အစ္စလာမ်ရဲ့ သင်ကြားမှုတွေ ပို့ချနေတဲ့ ဂျပန်မွတ်စလင် ရှီမိုရာမ ရှီဂျိရု"

ရှီမိုရာမ ရှီဂျိရု (Shimoyama Shigeru) ဟာ မိမိဌာနေ ဂျပန်ပြည် (Japan) ကနေ မိုင်ထောင်များစွာ ဝေးကွာတဲ့
နေရာအရောက်မှာ အစ္စလာမ်ကို ရှာဖွေတွေ့ရှိခဲ့သူတစ်ဦးဖြစ်ပြီး သူ့ဘဝတစ်ခုလုံးကို စစ်မှန်တဲ့ အစ္စလာမ်ရဲ့ သင်ကြားမှုတွေကို မိမိလူမျိုး၊ နိုင်ငံသားတွေ သိရှိနားလည်လာအောင် ကြိုးပမ်းနေသူတစ်ဦး ဖြစ်ပါတယ်။

မန္တလေးဘူတာကြီးတွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မန္တလေးဘူတာကြီးတွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Friday, July 5, 2013

မန္တလေးဘူတာကြီး စင်္ကြန်အမှတ်(၁)၌ တွဲဆိုင်းထိုးထားသော မန္တလေးမှ
မြစ်ကြီးနားသို့ ထွက်ခွာမည့် အမှတ်(၃၃)အဆန်ရထား၊အိပ်စင်တွဲ(၃)၊
အိပ်ခန်း(F -3) တွင်ထိုင်နေသော မယိန်းဂျိန်၊သ(၃၁)နှစ်၊(ဘ)ဦးယော်သိန်း၊
(၁၃/ကခန(နိုင်)၀၅၁၉၉၈)၊ရပ်ကွက်(၈)၊နယ်မြေ(၃)နေသူအား မီးရထား
ရဲစခန်းမှတပ်ကြပ်ကြီးရှုမောင်တင်၊ဒုတပ်ကြပ်သူရကျော်စွာ၊ဒုတပ်ကြပ်
ခင်မောင်ထွန်း၊အမျိုးသမီးရဲတပ်သားအိအိဖြူတို့မှ ဇူလိုင်လ(၃)ရက်နေ့
(၁၇း၁၅)အချိန်ခန့်တွင် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရဲစခန်းသို့ခေါ်ယူပြီး အသိသက်သေများရှေ့တွင် စစ်ဆေးခဲ့ရာ ၎င်းယူဆောင်လာသော
Clou Dragon တံဆိပ်ပါ နီနက်ကြားခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့်ထုတ်လျက် တိတ်အကြည်ပတ်ထားသော
အထုပ်နှစ်ထုပ်ထဲ တစ်ထုပ်လျင်(၁၂)ဂရမ်စီပါ ရောင်စုံဆပ်ပြာခွက်(၂၂)ခွက်
အတွင်း ထည့်ထားသော ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့်
(၂၆၄)ဂရမ်၊ကာလတန်ဖိုးငွေ(၂၁၁,၂၀၀,၀၀)ကျပ်နှင့် ၎င်းအိတ်ထဲမှပင်
မှိုင်းကိုင် စက္ကူဖြင့်ပတ်ထားသော အပြာရောင်ကပ်ခွာအိတ်(၇)အိတ်
အတွင်းမှ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၃၃၀)ပြား၊ကာလတန်ဖိုးငွေ
(၆၆၅,၀၀၀,၀)ကျပ်တို့အား ရှာဖွေတွေ့ရှိရသဖြင့် မူးယစ်ဆေးဝါး လက်ဝယ်
တွေ့ရှိ သယ်ဆောင်လာသူ မယိန်းဂျိမ် အား ရထားရဲစခန်းမှ မယ(ပ)၁၈/
၂၀၁၃၊မူး/စိတ်ပုဒ်မ-၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိကြောင်း
သိရှိရသည်။

Lin Yoneမန္တလေး open

Friday, July 5, 2013
မန္တလေးဘူတာကြီး စင်္ကြန်အမှတ်(၁)၌ တွဲဆိုင်းထိုးထားသော မန္တလေးမှမြစ်ကြီးနားသို့ ထွက်ခွာမည့် အမှတ်
(၃၃)အဆန်ရထား၊အိပ်စင်တွဲ(၃)၊အိပ်ခန်း(F -3) တွင်ထိုင်နေသော မယိန်းဂျိန်၊သ(၃၁)နှစ်၊(ဘ)ဦးယော်သိန်း၊
(၁၃/ကခန(နိုင်)၀၅၁၉၉၈)၊ရပ်ကွက်(၈)၊နယ်မြေ(၃)နေသူအား

ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်သည့် တောင်ဒဂုံ ၉၆၉ ဂိုဏ်းသား များအား မေးမြန်း စုံစမ်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ရသည့် အစ္စလာမ် ဘာသာဝင် ၃ ဦးအား အင်းစိန်ထောင်တွင် ချုပ်နှောင်ထား

ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်သည့် တောင်ဒဂုံ ၉၆၉ ဂိုဏ်းသား များအား မေးမြန်း စုံစမ်းရာမှ ခိုက်ရန် ဖြစ်ပွား ခဲ့ရသည့် အစ္စလာမ် ဘာသာဝင် ၃ ဦးအား အင်းစိန်ထောင်တွင် ချုပ်နှောင်ထား

ယနေ့ည တွင် တောင်ဒဂုံ ၅၆ မဒရဆာ (ဘာသာရေး စာသင်ကျောင်း) အားဖျက်ဆီးမည်ပာု သတင်းထွက်

ပိာန်းအောင် (ဇူလိုင် ၅ ၊ ၂၀၁၃)

တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင်များ စုပေါင်းဝတ်ပြုဆောင်တစ်ခုကို ၉၆၉ ဂိုဏ်းဝင်အချို့က ခိုးကြောင်ခိုးဝှက်ဖြင့် ဓာတ်ပုံ လာရောက် ရိုက်ကူးခြင်းကို မေးမြန်းစုံစမ်းခဲ့သည့် ဦးသောင်းစိန်နှင့် သား ၂ ဦးအား အာဏာပိုင်များက ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ချက်ခြင်းရုံးတင်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြောသည်။

ဂျုမိုအပာ် (သောကြာနေ့ နေ့လည် ၀တ်ပြုမှု) အပြီး ဘယ်ကမှန်းမသိတဲ့ လူတစ်စုက ၀တ်ပြုဆောင်ကို လာပြီး ဓာတ်ပုံရိုက်တယ်။ ဒါကို မြင်လို့ ဦးသောင်းစိန်က မြင်လို့ ဘယ်ကလဲလို့ သွားမေးတော့ မဖြေဘူး။ အဲဒီက စပြီး ပြသနာဖြစ်ကြတာ။ အခုတော့ ခိုးကြောင်ခိုးဝှက် ဓါတ်ပုံလာရိုက်တဲ့ သူတွေကတော့ စံပြဆေးရုံမှာ တင်ထားရတယ်" ပာု အခင်းဖြစ်ပွားရာ ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ကပြောသည်။

၉၆၉ ဂိုဏ်းဝင် အချို့က အစ္စလာမ်ဘာသာဝင်များ အတွက် ယာယီဝတ်ပြုဆောင် အဖြစ် တစ်နှစ်တွင် ၄ လ သက်ဆိုင်ရာမှ တရားဝင် ခွင့်ပြုပေးထားသည့် နေရာသို့ ခိုးကြောင်ခိုးဝှက် လာရောက် ဓာတ်ပုံရိုက်ကူးရာမှ အထက်ပါ ပြသနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုအချိန်တွင် တောင်ဒဂုံ ၅၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်အား ယနေ့ညပိုင်းတွင် ဖြိုဖျက်မည်ပာူသော သတင်းများ ထွက်ပေါ်နေကြောင်းလည်း သိရသည်။ ဂျာနယ်လစ် တစ်ဦးဖြစ်သည့် ဇေယျာမြတ်ခိုင်က "အခု တောင်ဒဂုံ ၅၆ ရပ်ကွက်မှာ မွတ်နဲ့ ဗမာတွေ ချကုန်ကြပြီတဲ့။ အခုည ၇ နာရီခွဲမှာ ၅၆ မှာရှိတဲ့ ဗလီကို ဖြိုကျမယ်တဲ့" ပာု သူ၏ ဖဘစာမျက်နှာတွင်ရေးသားထားသည်။

အဓိက စိုးရိမ်တာက ယာယီဝတ်ပြုဆောင် လုပ်ထားတာက လူနေအိမ်ပဲလေ။ အခု အိမ်ပိုင်ရှင်နဲ့သား နှစ်ယောက်ကို ဖမ်းသွားတော့ အထဲမှာ အမျိုးသမီး ၄ ယောက် ကျန်နေတယ်။ အဲဒီ့အမျိုးသမီးတွေ အတွက်စိုးရိမ်တာ။ လုံခြုံရေးက အဲဒီနေရာမှာမရှိဘူး" ပာု အထက်ပါ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ည ၇း၄၅ မိနစ် အချိန်တွင် မြန်မာမွတ်စ်လင်မ် မီဒီယာသို့ပြောသည်။

ခိုးကြောင်ခိုးဝှက် ဓာတ်ပုံရိုက်ကူးနေသည့် ၉၆၉ ဂိုဏ်းဝင်များအား မေးမြန်းတားဆီးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သဖြင့် အင်းစိန်ထောင်တွင် ချုပ်နှောင်ခံနေရသည့် ဦးသောင်းစိန်၏ ဇနီးသည်မှာ အိမ်အတွင်းတွင် သွေးတိုးရောဂါ အပြင်းအထန် ခံစားနေရသော်လည်း အာဏာပိုင်များက အိမ်အပြင်ထွက်ခွင့် မပေးသဖြင့် ဒေသခံ အချို့က အဆိုပါ အမျိုးသမီးကြီး၏ ကျန်းမာရေးကို စိုးရိမ် နေကြကြောင်းလည်း သိရသည်။

ဖမ်းဆီးခံထားရသည့် အစ္စလာမ် ဘာသာဝင် ၃ ဦးမှာ ဦးသောင်းစိန်၊ ကိုကိုလေး နှင့် အောင်ကိုကိုလတ် တို့ဖြစ်ကြောင်း သိရသည်။


969 ဂိုဏ်းခေါင်းဆောင် ၀ီရသူအား ထောက်ခံကာ တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်နေသည့် တောင်ဒဂုံ သားများ

 Myanmar Muslim Media's
969 ဂိုဏ်းခေါင်းဆောင် ၀ီရသူအား ထောက်ခံကာ တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်နေသည့် တောင်ဒဂုံ သားများ
(ဇူလိုင် ၅ ၊ ၂၀၁၃)

တောင်ဒဂုံမြို့နယ်၊ ၅၆ရပ်ကွက်ရှိ အစ္စလာမ် ဘာသာဝင်များ စုပေါင်းဝတ်ပြုဆောင်တစ်ခုကို ၉၆၉ ဂိုဏ်းဝင်
အချို့က ခိုးကြောင်ခိုးဝှက်ဖြင့် ဓာတ်ပုံ လာရောက် ရိုက်ကူးခြင်းကို မေးမြန်းစုံစမ်းခဲ့သည့် ဦးသောင်းစိန်နှင့် သား၂ ဦးအားအာဏာပိုင်များကပုဒ်မ၃၂၆ ဖြင့်အမှုဖွင့်ကာ ချက်ခြင်းရုံးတင်ပြီး အင်းစိန်ထောင်သို့ ပို့ဆောင်
လိုက်ကြောင်း ဒေသခံတစ်ဦးက မြန်မာမွတ်စ်လင်မ် မီဒီယာ သို့ပြောသည်။