Pages

Friday, July 5, 2013

ကချင်အထူးဒေသ(၁) ဌာနချုပ်ဖြစ်ခဲ့ဖူးတဲ့ ပန်ဝါ (သို့) နယ်စပ်မြို့လေးရဲ့ စိန်ခေါ်သံ

နယ်စပ်မြို့လေးရဲ့ စိန်ခေါ်သံ
----------------------------
ရေးသားသူ-  ဥက္ကာကိုကို

ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၆၉၀၀ ခန့်တွင် တည်ရှိပြီး နှစ်စဉ်နှင်းခဲတတ်သည့် တောင်တန်းရှည်ကြီးများ သေသပ်လှပစွာ ၀န်းရံထားသော မြန်မာပြည်အရှေ့မြောက်ဖျား နယ်နိမိတ်မျဉ်းပေါ်က မြို့နယ်လေးသည်မူရင်း ဒေသခံများဖြစ်သော လော်ဝေါ်၊ လချိတ်၊ လီဆူးလူမျိုးတို့၏ လိုတရ နတ်ဗိမာန်တစ်ခုဖြစ်ခဲ့ပြီး ကြက်ပျံမကျစည်ကားခဲ့သည်ဟု ယနေ့လက်ညှိုးထိုးပြလျှင် မည်သူ မျှယုံနိုင်ဖွယ်ရာ မရှိပါပေ။

လွန်ခဲ့သည့် နှစ်တွေမှာ စည်ကားသိုက်မြိုက်လွန်းပါသည်ဟု ဒေသခံတို့ တခုတ်တရပြောပြကြသည့် မြို့လေးက မြန်မာ့ဒီမိုကရေစီသက်တမ်း သုံးနှစ်နီးပါးအတွင်းမှာပင် ရှေးဟောင်းမြို့ပျက်တစ်ခုအလား သမိုင်းတင်ရမလိုလို အခြေအနေသို့ ရုတ်ခြည်းပြောင်းလဲသွားခဲ့ပါပြီ။

ထိုမြို့လေးသည် ပြည်တွင်းမှ အရောက်အပေါက်နည်းပါးပြီး နာမည်ကျော်မြို့တစ်မြို့မဟုတ်သော်လည်း တရုတ်-မြန်မာနယ်စပ်မျဉ်းပေါ်တွင် တည်ထားသော မြန်မာ့မြေပိုင်နက်မှ  မြို့လေးကို ပန်ဝါဟု ခေါ်ပါသည်။ 

ဒီမိုကရေစီ အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဧပြီလတွင် ပန်ဝါမြို့၊ လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို ကေအိုင်အေမှ ၀င်ရောက်တိုက်ခိုက်ရာက အစပြုခဲ့သော တိုက်ပွဲများ၏ ရိုက်ခတ်မှုက ပန်ဝါကို မြို့ပျက်တစ်ခုနှင့်မခြား ဖြစ်သွားစေခဲ့သည်။ ထိုအခြေအနေက ယခု ၂၀၁၃ ခုနှစ် ဇွန်လအထိ နာလန်မထူနိုင်သေးဟု ဆိုရပါမည်။

စီးပွားရေးဇုန်နယ်မြေအဖြစ် သတ်မှတ်ထားသော ပန်ဝါ၏ အဆောက်အအုံများက မြို့ပျက်ဟူသည့်အသုံးအနှုန်းကို သက်သေပြနေပါသည်။ လေးလမ်းသွားလမ်းတစ်လျှောက် ပြည့်နှက်နေသည့် နွားချေး၊ ဆိတ်ချေးပုံများ၊ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ယခင်ကတစ်နေရာရရှိရန်ပင် မလွယ်ကူသည့် ဆိုင်ခန်းတွဲများ၊ အဆိုပါဆိုင်ခန်းတွဲများ၏ ပျက်စီးကျိုးပဲ့နေသည့် တံခါးချပ်များ၊ လမ်းပေါ်မှာ ပြန့်ကျဲနေသည့် လျှပ်စစ်မီးချောင်းများ၊ မှန်ကွဲစများ၊ အဆောက်အအုံမှန်တံခါး တချို့ကို ဖောက်ထွင်းထားသည့် ကျည်ဆန်ရာများ စသည်တို့က ပန်ဝါ၏ အတိတ်ဆိုးကို ညွှန်းဆိုလျက်ရှိသည်။

တကယ်တော့... ပန်ဝါမြို့အတွက် ယခုကဲ့သို့ လူသူတိတ်ဆိတ်ခြောက်ကပ်သွားရသည့် အကြောင်းရင်းနှစ်ခုရှိခဲ့ပါသည်။ ပထမတစ်ခုမှာ  ၂၀၀၅ ခုနှစ်ကဒီမိုကရေစီသစ်  တပ်မတော်(ကချင်)၏  ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း ရန်ကုန်မြို့သို့ ခေတ္တရောက်ရှိနေစဉ် အဖွဲ့အစည်းအတွင်း အာဏာသိမ်းမှုကြီးပင်ဖြစ်သည်။ သို့သော် ဒေသခံပြည်သူ လူထုလက်မခံသောကြောင့် အောင်မြင်သည့် အာဏာသိမ်းပွဲ မဖြစ်ခဲ့ဘဲ  ပန်ဝါဒေသ၏ စီးပွားရေး ယိုင်နဲ့စေခဲ့သည်ပဲ အဖတ်တင်သွားသည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ... 

၂၀၁၂ ခုနှစ် ဧပြီလတွင် ကေအိုင်အေတပ်ဖွဲ့၏ မြို့သိမ်းရန် ထိုးစစ်ဆင်တိုက်ခိုက်မှုမှ စတင်ကာ ပန်ဝါဒေသတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာခဲ့သည်။ ကေအိုင်အေသည် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့၏ ဌာနချုပ်ဖြစ်သော ပန်ဝါကို သိမ်းပိုက်ရန်အတွက် လုပီကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ ကို မမျှော်လင့်ဘဲ ကနဦး ၀င်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့၏ ထိုးစစ်ကြောင့် နယ်ခြားစောင့်တပ်ရင်းမှာ နောက်ဆုံးဗဟိုကင်းကုန်းအထိ ဆုတ်ခွာခုခံခဲ့ကြရပြီး တပ်ရင်းရှိ မိန်းမ၊ ကလေးမကျန် ပါဝင်တိုက်ခိုက်ခဲ့ကြရသည်ဟု တိုက်ပွဲဝင်ခဲ့ သူတို့က ပြန်ပြောပြသည်။

နောက်ဆုံးတွင် တပ်မတော်မှ စစ်ကူပေးပို့ခဲ့သည့်အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် နယ်မြေရှင်းလင်းခဲ့သည့်အတွက် ကေအိုင်အေတပ်ဖွဲ့များကို တပ်လန်ဆုတ်ခွာသွားစေခဲ့သည်။

ထိုတိုက်ပွဲ အခြေအနေတို့ကြောင့် လမ်းတံတားတည်ဆောက်ရေး၊ စက်ရုံအလုပ်ရုံတည် ဆောက်ရေး၊ တိုက်တာ အိုးအိမ် တည်ဆောက်ရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများတွင် အလုပ်ဝင်နေကြသည့် တရုတ်နိုင်ငံသားများ အထုပ်ဆွဲ၍ အိမ်ပြန်သွားခဲ့ကြသည်။ တရုတ်နယ်နိမိတ်အနီးရှိ မြို့လယ်ကောင်နေရာမှအပ အခြားနေရာအသီးသီးမှာ ပျက်စီးယိုယွင်းနေသည့် အဆောက်အအုံများ၊ ဆောင်ရွက်လက်စ ကျန်ရစ်ပစ္စည်းများကိုသာ မြင်တွေ့ရတော့သည်။ ထိုဖြစ်ရပ်များက တစ်နှစ်ကျော်ပဲ ကြာမြင့်ပါသေးသည်။

ယခင်အုပ်ချုပ်ခဲ့သည့် လူမျိုးစုအကြီးအကဲလက်ထက်မှာ လုံခြုံနွေးထွေး အေးချမ်းသာယာလှသည့် ပန်ဝါဒေသသည် အစိုးရသစ်လက်ထက်တွင် ကျီးနှင့်ဖုတ်ဖုတ်ဖြစ်သွားရသည့်အခြေအနေကို ရိုးသားအေးဆေးသည့် ဒေသခံတိုင်းရင်းသားတို့က နားမလည်နိုင်ဘဲဖြစ်နေကြပါသည်။ “အရင်တုန်းက ဒီလို ဖြစ်စရာမရှိဘူး” ဟု သူတို့က ပြောကြပါသည်။

သူတို့အကြီးအကဲများသည် ဒေသဖွံ့ဖြိုးရေးကို မျှော်မှန်းလျက် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ခဲ့သည်။ အာဏာကို စွန့်လွှတ်လျက် မိမိပိုင်ဆိုင်သည့် တပ်အင်အားကို အချုပ်အခြာပိုင် အစိုးရဆီသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုသို့လျှင် မိမိတို့နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်စောင့်ရှောက်ရန်မှာ ပြည်ထောင်စုအစိုးရတွင် တာဝန်အပြည့်အ၀ ရှိသွားပြီဟု ဒေသခံများက မမှိတ်မသုန်ခံယူထားကြသည်။

ပေပေါင်း ၈၀၀၀ နှင့် ၉၀၀၀ ကြား အမြင့်ရှိ တောင်စွယ်တန်းများကြားမှာ မဟာဗျူဟာကျကျ ခံတပ်သဖွယ်တည်ရှိနေသည့် ပန်ဝါမြို့ကို အမျိုးသားဒီမိုကရေစီသစ်တပ်မတော် (ကချင်)ကို ဦးစီးသူ ဦးဇခုန်တိန့်ယိမ်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခင်က လူနေထိုင်ခြင်းမရှိသော ဘမ်ဝေါ် (တောင်ပေါ်တွင်ပေါက်သောဝါး) တောင်ကြား ကာလကြာမြင့်လာသောအခါ ဘမ်ဝေါ်မှသည် ပန်ဝါဟု အမည်တွင်လာခဲ့သည်။ ၁၉၇၀ ပြည့်နှစ်ခန့်က ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များ စတင်နေထိုင်ရာမှ တဖြည်းဖြည်း လူသူအရောက်အပေါက် ရှိလာခဲ့သည်ဟု သမိုင်းကြောင်းအရ သိရသည်။ ၁၉၇၀ ပြည့်နှစ်တွင် ရေခဲတတ်သည့် တောင်တန်းများကြားတွင် ပန်ဝါဟု အမည်တွင်လာမည့် မြို့လေးတစ်မြို့ကို ၎င်း၏ NDAK တပ်မတော် ဌာနချုပ်အဖြစ် ဦးဇခုန်တိန့်ယိမ်းက ဖန်တီးမွေးဖွားပေး
ခဲ့သည်။

၎င်းသည် ၂၀၁၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို တစ်သီး ပုဂလ (ကချင်ပြည် နယ်)ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်
အနိုင်ရရှိကာ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအနေ နှင့် နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ တက်ရောက်သွား ခဲ့သည်။ 

မြို့ပေါ်ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စုခုနစ်စု၊ ကျေးရွာပေါင်း ၃၀ ပါဝင်ပြီး စတုရန်းမိုင်ပေါင်း ၄၃၂ မိုင် ကျယ်ဝန်းသော ပန်ဝါဒေသတွင် လီဆူး၊ လာချိတ်၊ ဗမာ၊ ရှမ်း၊ ဂျိမ်းဖောစသည့်လူမျိုးစုများ ဦးရေ ရှစ်ထောင်ခန့်ရောနှောနေထိုင်ကြသည်။ ထို့အပြင် နယ်နိ မိတ်ချင်းငါးပေသာ ကွာဝေးသော အိမ်နီးချင်းတရုတ်နိုင်ငံမှ တိုင်းရင်းသားများလည်း ရေကြည်ရာ မြက်နုရာ လာရောက်လုပ်ကိုင်စား သောက်လျက်ရှိသည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာဝင်အများဆုံးနေထိုင်ကြသော်လည်း ပြည်ထောင်စုနယ်မြေ အထိမ်းအမှတ်အဖြစ် ဇမ္ဗူငြိမ်းစေတီနှင့် အရံစေတီနှစ်ဆူကိုလည်း တောင်ထိပ်မှာ ရွှေရောင်တ၀င်းဝင်းဖြင့် ဖူးမြင်ရသည်။

နယ်စပ်မြို့ဖြစ်၍သာ အတန်အသင့်စည်ကားခဲ့သော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းမရှိသည့်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသည့် ဒေသတစ်ခုဖြစ်သည်။ ဒေသခံအများစုမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး စပါး၊ ပြောင်းဖူး၊ အာလူးတို့သာ အဓိကထွက်ရှိသည်ကို တွေ့ရသည်။ အနိမ့်ဆုံးအပူချိန် ရေခဲမှတ်အောက် ၂ ဒီဂရီရှိသည့် တောင်တန်းများပေါ်မှာ ထင်ရှူးပင်တို့က တစ်မျှော်တစ်ခေါ်ပေါက်ရောက်လျက်ရှိပြီး သစ်တောပြုန်းတီးမှုမရှိသေးသည့် ဒေသဖြစ်သည်။

ကျေးရွာဒေသလူထုစီးပွားရေးနှင့်ပတ်သက်၍ မြို့အုပ်ချုပ်ရေးကော်မတီမှ ဦးဝမ်ထယ်ဘရန်အောင်က “တရုတ်အာလူး၊ ပြောင်းဖူးကလွဲလို့ ဘာမှလုပ်စားမရဘူး။ ဆိတ်၊ နွား၊ ၀က်မွေးပြီး ဖြစ်သလို ရုန်းကန်ရှာဖွေနေကြတာပဲ။ အရောင်းအ၀ယ်ဆိုတာကလည်း ဒေသခံတွေက အရင်းအနှီးမရှိတော့ မလုပ်နိုင်ဘူး။ ပိုက်ဆံရှိတဲ့ လူတွေပဲ လုပ်နိုင်တာဖြစ်နေတယ်” ဟု ရှင်းပြသည်။

မူလတန်းကျောင်း ဆယ်ကျောင်းနှင့် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းတစ်ကျောင်းစီ ဖွင့်လှစ်ထားပြီးဖြစ်သော်လည်း
ပန်ဝါဒေသ၏ စာတတ်မြောက်မှုနှုန်းမှာ ၅၄ ရာခိုင်နှုန်းသာ ရှိနေပါသေးသည်။ မြစ်ကြီးနားမြို့တွင် ၂၄ နာရီလျှပ်စစ် မီးမရရှိသေးသော်လည်း ပန်ဝါမြို့လေးမှာတော့ လျှပ်စစ်မီးကို တစ်ယူနစ်လျှင် ကျပ် ၁၃၀ နှုန်းခန့်ဖြင့် ၂၄ နာရီလုံး သုံးစွဲနိုင်ကြပါသည်။ ကချင်အထူးဒေသ (၁)ပိုင် ဆန်းလင်းကုမ္ပဏီက ရေအားလျှပ်စစ် ဓာတ်အားပေးရုံ တည်ဆောက်၍ တရုတ်ပြည်မှ ပညာရှင်များကိုပင် ခေါ်ယူခန့်ထားနိုင်ခဲ့ပြီး ပန်ဝါဒေသအတွင်း ကျေးရွာများပါမကျန် လျှပ်စစ်မီးကို  ဖောဖောသီသီ  ရရှိထားကြသည်။

ထိုသို့ရရှိရန်အတွက်လည်း ပန်ဝါဒေသတစ်ခုလုံး၏ ဖွံ့ဖြိုးရေး စီမံကိန်းများကို ကချင်အထူးဒေသ(၁)ကသာ အဓိကပြုလုပ်ပေး ထားသည်ကို တွေ့ရသည်။ နိုင်ငံတော်အုပ်ချုပ်မှုလက်အောက် ရောက်ရှိနေပြီဖြစ်သော်လည်း ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအားလုံးကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်တို့က အစိုးရဌာနဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရာက အစပါဝင်
ကူညီထောက်ပံ့နေကြရဆဲဟု ဆိုသည်။

ယခင်က အစိုးရအုပ်ချုပ်ရေး လက်လှမ်းမမီသည့် ပန်ဝါဒေသရှိ NDA-K ဌာနချုပ်တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းသွားပြီးသည့်နောက် ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ဒေသလူမျိုးစုခေါင်းဆောင်အဖြစ်လည်း ဥက္ကဋ္ဌကြီး ဦးဇခုန်တိန့်ယိမ်းတို့ လွှတ်တော် ကိုယ်စားလှယ်များဖြစ်သွားသည့် အချိန်မှာတော့ ပန်ဝါဒေသကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အပိုင်တွင် ပါဝင်သည့် မြို့နယ်ခွဲအဖြစ် နိုင်ငံတော်က သတ်မှတ်ပေးလိုက်သည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်တွင် မြို့နယ်ခွဲသစ် ပန်ဝါဒေသသို့ အထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦး ရောက်ရှိလာခဲ့သည်။ အချိန်တိုအတွင်း အုပ်ချုပ်ရေးမှူးသုံးဦးပြောင်းလဲခဲ့သည့် ပန်ဝါမြို့တွင် ယခုအခါမှာတော့ မြို့အင်္ဂါရပ်နှင့်လျော်ညီစွာ အစိုးရမှစေလွှတ်သည့် ဌာနဆိုင်ရာ (၁၈) ခုရောက်ရှိနေခဲ့ပြီဖြစ်သည်။ သို့သော် လူမျိုးစု အကြီးအကဲကိုသာ အရှင်သခင် အဖြစ်မှတ်ယူထားကြဆဲဖြစ်သည့် ဒေသခံတို့ကြားမှာ အစိုးရအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုက သုညအဆင့်မှာပဲရှိနေပါသေးသည်။ ဌာနဆိုင်ရာများဆီမှ မည်သည့်အခွန်အခမှ ရရှိမလာသည့်အတွက် ပြည်နယ်အစိုးရဆီမှလည်း မည်သည့်ဘတ်ဂျက်မှ ကျလာခြင်းမရှိသေးပေ။

“၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်မှာ ဒီဒေသအတွက် ဘာဘတ်ဂျက်မှမကျခဲ့ဘူး။ ဌာနဆိုင်ရာအဆောက်အအုံရတာလည်း ထွေအုပ်နဲ့ ရဲစခန်းပဲရှိသေးတယ်။ အခုက အထူးဒေသ(၁)က ပေးထားတဲ့ စုပေါင်းရုံးမှာပဲ ဌာနတွေစုနေကြရတယ်” ဟု လက်ရှိ ပန်ဝါမြို့နယ်ခွဲ၏ အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပြသည်။

ထို့နောက် ဦးသိန်းဇော်ဦးက ပန်ဝါမြို့ရှိ အစိုးရဌာနများ ယောင်လည်လည်ဖြစ်နေရသည့် အခြေအနေကို အောက်ပါအတိုင်း ပြောပါသည်။

“အုပ်ချုပ်ရေးက တည်တည်ငြိမ်ငြိမ်မဖြစ်သေးဘူး။ ယစ်မျိုးခွန် ကောက်လို့မရဘူး။ စည်ပင်က ဈေးခွန်ကောက်လို့မရသေးဘူး။ အထူးဒေသ(၁)ကပဲ စီမံဆောင်ရွက်နေသေးတယ်။ ကျွန်တော်တို့လည်း ထွင်ပြီးမလုပ်ရဲဘူး။ ပထမဆုံးငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့
လည်းဖြစ်နေတယ်။ ကျွန်တော်တို့ဌာနအကြီးအကဲတွေ ကိုယ်တိုင်ကလည်း စည်းရုံးရေးနည်းလမ်းနဲ့ပဲသွားပါလို့ မှာလိုက်တယ်။ အစိုးရအုပ်ချုပ်ရေးကို မရောက်သေးဘူး။ ဒေသခံတွေက လိုလိုလား လားပေးမှရမှာ”

ကချင်အထူးဒေသ(၁)ဟူသည့် ဂုဏ်အရှိန်အ၀ါက အစိုးရက စေလွှတ်လိုက်သည့် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် မ၀ံ့မရဲ ဖြစ်နေသေးသည်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပန်ဝါမြို့အတွင်းရှိ ယခင် ကချင်အထူးဒေသ(၁)၏ မြို့အုပ်ချုပ်ရေး အဖွဲ့ရုံးကလည်း ဒေသအပေါ်စိုးမိုးနိုင်စွမ်းရှိနေဆဲဖြစ်သည်။

အထူးဒေသ(၁)အုပ်ချုပ်ရေးအဖွဲ့ကို ဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီဟု အမည်ပြောင်းလဲထားကာ ပန်ဝါဒေသတည်ငြိမ်ဖွံ့ရေးအတွက် အစိုးရအုပ်ချုပ်ရေးမှူးရုံးနှင့် လက်တွဲဆောင်ရွက်နေကြပြီဟု အုပ်ချုပ်ရေးနှစ်ဖွဲ့လုံးကတော့ ပြောကြသည်။ မည်သို့ပင်ဆိုစေ မငြိမ်သက်သေးသည့်အခြေအနေများကြောင့် ပန်ဝါမြို့အစိုးရအုပ်ချုပ်ရေးယန္တရားက အခြေမခိုင်သေးဘဲ မြို့ခံအုပ်ချုပ်ရေးကော်မတီနှင့်အတူ  စစ်ဘေးရှောင်ဒုက္ခသည်များကိုသာ ပူးတွဲကူညီနေကြရသည်။

ပန်ဝါမြို့သို့ ၂၀၁၂ မေလမှ စတင်ကာ ခိုလှုံလာကြသည့် စစ်ဘေးဒုက္ခသည်များမှာ ပန်ဝါဒေသတွင်း ရွာကိုးရွာမှ တိုင်းရင်းသားများဖြစ်ကြပြီး လူဦးရေ ၃၈၉ ဦးရှိ သည်။ ထိုဒုက္ခသည်တို့အတွက် လိုအပ်သည့်အစားအသောက်ကို ပန်ဝါမြို့အကြီးအကဲများနှင့် အုပ်ချုပ်ရေးအဖွဲ့များကပင် တာဝန်ယူထားကြသည်။ သို့သော်လည်း ချမ်းအေးသည့် ဒေသဖြစ်သည်မို့ အ၀တ်အစားနှင့် စောင်လိုအပ်ချက်များရှိနေကြသည်ကို တွေ့ရသည်။ ၂၅ ခုတင်ဆံ့ ဆေးရုံလေးတစ်ရုံရှိသော်လည်း ဆေးဝါးလိုအပ်ချက်ကလည်း ရှိနေသည်သာ။

“မျှော်လင့်ချက်ထားစရာတော့ ဘာမှမရှိပေမယ့် ... သူများဒေသ ဒုက္ခသည်စခန်းတွေကို အကူအညီရောက်တာတွေကြားတော့လည်း နိုင်ငံသားအချင်းချင်း ကိုယ့်ဒေသကို ရောက်များရောက်လာမလားလို့ မျှော်တလင့်လင့်တော့ ဖြစ်နေတာပေါ့” ဟု ပန်ဝါဒေသတည်ငြိမ်၊ ဖွံ့ဖြိုး၊ အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဦးဝမ်ထယ်ပရန်အောင်က မြို့မိ မြို့ဖတစ်ဦး၏ ခံစားချက်ကို ရင်ဖွင့်သည်။

ယခုနှစ် ဇွန်လနောက်ဆုံးပတ်က မြန်မာပြည်အရှေ့မြောက်ဖျား၊ တရုတ်ပြည်နယ်စပ်ရှိ ပေပေါင်း ၈၀၀၀ ခန့်မြင့်မားသည့် ထင်းရှူးတောင်တန်းကြီးများပေါ်မှာ မြူခိုးတွေမှိုင်းညို့လျက်ရှိသည်။ တောင်ကုန်း၊ ချိုင့်ဝှမ်းများဖြင့် မြေပြင်မညီမညာတည်ဆောက်
ထားသော အညိုရောင်နယ်မြေ ပန်ဝါမြို့နယ်ခွဲလေးပေါ်သို့ မိုးရေစက်များက ခပ်ဖွဲဖွဲကျဆင်းနေသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှ လှိုက်လှဲစွာကြိုဆိုပါ၏ဟူသော နှစ်နိုင်ငံနယ်နိမိတ် မုခ်ဦးပေါက်ဝဆီမှ အနွေးထည်ထူထူထဲထဲဝတ်ဆင်ထားသည့် အိမ်နီးချင်းဆွေမျိုးပေါက်ဖော်များ ခပ်ကျဲကျဲဝင်ရောက်လာကြသည်။ ထိုမြင်ကွင်းများမှာ ယခင် NDA-K အဖွဲ့အစည်းအုပ်ချုပ်ခဲ့သောကာလ၊ ဒီမိုကရေစီအစိုးရသစ်မတိုင်မီကာလတို့နှင့် နှိုင်းစာလျှင် ပုံမှန်အခြေအနေ ပြန်မရောက် လာသေးသည့် ပန်ဝါမြို့၏ အသွင်ကို ဖော်ပြနေသည်။

“ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ချမှတ်ထားတဲ့ လမ်းကြောင်းထဲမှာ ကျွန်တော်တို့ အားလုံးလိုက်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ရဲ့ စီမံကိန်းရေးဆွဲထားမှုရှိ၊ မရှိကိုတော့ မသိသေးဘူး။ ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေရတုန်းပဲ” ဟု ကချင်အထူးဒေသ(၁) ၏ လူမျိုးစုခေါင်းဆောင် ဒူဝါတစ်ဦးဖြစ်သည့်အပြင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သော ဦးဇခုန်ယိမ်းဆောင်က ၎င်းတို့ဒေသ၏ လက်ရှိအခြေအနေကို ပြည်သူများကိုယ်စား ပြောသည်။

ကချင်အထူးဒေသ(၁)သည် နိုင်ငံတော်အစိုးရနှင့် ပထမဆုံးငြိမ်းချမ်းရေးရယူခဲ့သည့်အပြင် အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ပထမဆုံးလက်ခံခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အစိုးရအပေါ် ယုံကြည်မှုတစ်ရပ် ဖြစ်တည်လာစေရန်မှာ ထိုဒေသ၏ ဖွံ့ဖြိုးမှုစံနှုန်းအပေါ်လည်း များစွာမူတည်နေပါသည်။

နောင်တစ်ချိန်တွင် အတိတ်ကထက် ပိုမိုသာလွန်စွာ စည်ကားသိုက်မြိုက်လာနိုင်မည့် မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးအခန်းကဏ္ဍအတွက် အရေးပါသည့်နယ်စပ်မြို့ကြီးတစ်မြို့ ဖြစ်လာဖွယ်ရှိသော ပန်ဝါဒေသကို နိုင်ငံတော်အစိုးရက တာဝန်ယူကာ ဖွံ့ဖြိုးတိုးတက်လာ စေမည်လား။ သို့တည်းမဟုတ် ကချင်အထူးဒေသ(၁)၏ မူလဒေသအကြီးအကဲများကပင် ကိုယ့်ဒေသအတွက် တာဝန်ယူလုပ်ဆောင်သွားဦးမည်လားဆိုသည်ကိုမူ စောင့်ကြည့်ကြရမည်သာဖြစ်သည်။

ဓာတ်ပုံ- ဥက္ကာကိုကို
ဓာတ်ပုံ- ဥက္ကာကိုကို
ပင်လယ်ရေမျက်နှာပြင်အထက်ပေပေါင်း ၆၉၀၀ခန့်တွင်တည်ရှိပြီး နှစ်စဉ်နှင်းခဲတတ်သည့် တောင်တန်းရှည်
ကြီးများ သေသပ်လှပစွာ ၀န်းရံထားသော မြန်မာပြည်အရှေ့မြောက်ဖျား နယ်နိမိတ်မျဉ်းပေါ်က မြို့နယ်လေး
သည်မူရင်း ဒေသခံများဖြစ်သော လော်ဝေါ်၊လချိတ်၊လီဆူးလူမျိုးတို့၏လိုတရနတ်ဗိမာန်တစ်ခုဖြစ်ခဲ့ပြီး ကြက်
ပျံမကျစည်ကားခဲ့သည်ဟု ယနေ့လက်ညှိုးထိုးပြလျှင် မည်သူ မျှယုံနိုင်ဖွယ်ရာ မရှိပါပေ။

လေလံအနိုင်ရ Ooredoo ဆက်သွယ်ရေးကုမ္ပဏီ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

လေလံအနိုင်ရ Ooredoo ဆက်သွယ်ရေးကုမ္ပဏီ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ကိုင်ဖို့ ရွေးချယ်ခံထားရတဲ့ Qatar အခြေစိုက် Ooredoo ကုမ္ပဏီဟာ လိုင်စင်သက်တမ်း ၁၅ နှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ရင်းနှီးမြှပ်နှံသွားဖို့ရှိတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်က Park Royal Hotel မှာ Ooredoo ကုမ္ပဏီက ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီရဲ့အာရှဒေသဆိုင်ရာ ညွန်ကြားရေးမှူး Mr. Nicklas Sweirzy က မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမယ့်ပမာဏနဲ့ ပတ်သက်လို့ ခုလိုပြောဆိုပါတယ်။

ရင်းနှီးမြှပ်နှံမယ့်ပမာဏကတော့ လိုင်စင်အတွက် ကုန်ကျစရိတ်၊ ဝန်ထမ်းလစာ ၊အခွန်အခတွေနဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစားရိတ်တွေအပါအဝင် အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကို ၁၅ နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ် လို့ပြောသွားတာပါ။

Ooredoo အနေနဲ့ ဒီလို ရင်းနှီးမြှပ်နှံမှုတွေအပြင် လာမဲ့ ၅ နှစ်တာ ကာလအတွင်း လက်ကိုင်ဖုန်း အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာအောင် ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပြီး မြန်မာအစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံအဝှမ်း တယ်လီဖုန်းနဲ့ မိုဘိုင်းဖုန်း သိပ်သည်းဆ ၇၅ ရာခိုင်နှုန်း ပြည့်မီအောင်လည်း ဆောင်ရွက်သွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ဆိုပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်ရာမှာလည်း နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ ကုမ္ပဏီဝန်ထမ်း ရာနှုန်းပြည့်နီးပါးကို မြန်မာနိုင်ငံသားတွေကို ခန့်အပ်သွားမယ်လို့လည်း သိရပါတယ်။

Ooredoo ကုမ္ပဏီကို ၁၉၈ဝ ပြည့်နှစ်တွေက တည်ထောင်ခဲ့တာ ဖြစ်ပြီး ၂ဝဝ၃ ခုနစ်မှာ ဆက်သွယ်ရေး ဝန်ဆာင်မှုလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခဲ့တာလို့သိရပါတယ်။ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် ပထမဆုံး နိုင်ငံခြားကုမ္ပဏီတွေအဖြစ် နော်ဝေးအခြေစိုက် Telenor ကုမ္ပဏီနဲ့ Qatar အခြေစိုက် Ooredoo ကုမ္ပဏီတို့ကို ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

RFA (Burmese)

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလုပ်ကိုင်ဖို့ ရွေးချယ်ခံထားရတဲ့ Qatar အခြေစိုက် Oor
edoo ကုမ္ပဏီဟာ လိုင်စင်သက်တမ်း ၁၅ နှစ်တာ ကာလအတွင်းအမေရိကန် ဒေါ်လာ ၁၅ ဘီလီယံရင်းနှီးမြှပ်
နှံသွားဖို့ရှိတယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း ၅၆ရပ်ကွက်တွင် ဂျမသ်ခါနာအတွင်း ဘုရားဝတ်ပြုနေသူ၅ ဦးဖမ်းဆီးခံရ

ဒီနေ့တောင်ဒဂုံ ၅၆ရပ်ကွက် ၉၂၇ ရတနာထိပ်ခေါင်၁လမ်း ၅၆ ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်းမှာ ဂျမာသ်
ခါနာအတွင်း ၀တ်ပြုနေတဲ့လူ၅ဦးကိုဖမ်းဆီသွားတယ်လို့သိရပါတယ်။၅၆ရပ်ကွက်နေ တစ်ဦးမှပြောပြသွား
တာကတော့ အခုပြသနာဖြစ်တဲ့ ဂျမသ်ခါနာလေးမှာ တောင်ဒဂုံနဲ့ အနီးတစ်ဝိုက်က အစ္စလာမ်ဘာသာဝင်
တွေ နမာဇ်ဆောက်တည်နေတဲ့ နေရာတစ်ခုပါ။

မန္တလေးဟာ မူးယစ်ဆေးဝါးဖြန့်ဖြူးရာ ဆုံချက်မြို့ ဖြစ်နေပြီလား

5.7.2013

မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ အချက်အ ချာကျတဲ့နေရာမှာ တည်ရှိနေတဲ့ မန္တလေးမြို့ဟာ မူးယစ်
ဆေးဝါး ရောင်းဝယ်ဖောက်ကားရာမှာ လည်း ဆုံချက်မြို့ဖြစ်နေတယ်လို့ မန္တလေးမြို့က မြောက်ပိုင်းမူးယစ် (အထူး)အဖွဲ့ရဲ့ ကြီးကြပ်သူအရာရှိ ဒုတိယရဲမှူးဒီဒီရောဟန်က ပြောပါ တယ်။

လက်ပံတောင်းအရေး ဝရမ်းထုတ်ထားသူများကို ရွာထဲ ဝင်ဖမ်းသော်လည်း မမိ

ဇူလိုင်လ ၀၅ ရက် ၂၀၁၃ ခုနှစ် ရန်ကုန် (မဇ္ဈိမ)။ ။ လက်ပံတောင်းတောင် ဒေသတွင် လယ်သမားများနှင့်အတူ အာဏာဖီဆန်၍ အာဏာပိုင်များက ဖမ်းဝရမ်းထုတ်ထားခြင်းခံရသူများအား ပုန်းခိုနေနိုင်ဖွယ်ရှိသည့် ရွာအတွင်းသို့ ဇူလိုင်လ ၄ ရက်နေ့တွင် ရဲဝန်ထမ်းများက ဝင်ရောက်ဖမ်းဆီးရန် ကြိုးစားခဲ့ကြသော်လည်း မည်သူ့ကိုမျှ ဖမ်းဆီးရမိ မသွားကြောင်း ဒေသခံ ရွာသားများက ပြောသည်။

ဇူလိုင် ဒုတိယပတ်အတွင်း လက်ကျန် နိုင်ကျဉ်းအချို့ လွတ်မြောက်ဖွယ်ရှိ

ရန်ကုန်၊ ဇူလိုင် ၅

ဇူလိုင် ဒုတိယပတ်အတွင်း လက်ကျန်နိုင်ငံရေး အကျဉ်းသားအချို့ လွတ်မြောက်ဖွယ်ရှိနိုင်ကြောင်း နိုင်ငံ ရေး အကျဉ်းသားဟောင်းများအဖွဲ့ချုပ် မှ ဦးညိုထွန်းက ပြောသည်။လက်ကျန် နိုင်ငံရေး အကျဉ်းသား အချို့၏ စာရင်းကို နိုင်ငံတော်သမ္မတထံ ဇွန်လနောက်ဆုံးပတ်ကတင်ပြထားပြီး ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ လွတ် မြောက်နိုင်ခြေအား မျှော်လင့်ထားခြင်း ဖြစ်ကြောင်း၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ် ငါးနေရာတွင် စည်းကမ်းမဲ့ယာဉ်များကို စတင်အရေးယူ

ရန်ကုန်မြို့ရှိ ယာဉ်ကြောပိတ် ငါးနေရာတွင် စည်းကမ်းမဲ့ယာဉ်များကို စတင်အရေးယူ
Friday, 05 July 2013 

ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံးနေရာ ငါးနေရာတွင် ဇူလိုင်လ ၄ ရက်နေ့မှစ၍ စည်းကမ်းမဲ့ယာဉ်များကို အရေးယူမှုများ စတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးသာဌေးက The Voice သို့ ပြောကြားသည်။

ယာဉ်ထိန်းတပ်ဖွဲ့ အခြေပြုရာ နေရာများတွင် တပ်ဖွဲ့ဝင်အင်အား ၃၀ ထပ်တိုး၍ စတင်စမ်းသပ် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ရှုပ်ထွေး၊ ပိတ်ဆို့သည့်နေရာ ၁၈ နေရာရှိပြီး စမ်းသပ်ဆောင်ရွက်သည့်နေရာ ငါးနေရာမှာ အနော်ရထာ-ဗိုလ်ဆွန်ပက်လမ်း၊ အနော်ရထာ-ဗိုလ်အောင်ကျော်လမ်း၊ မဟာဗန္ဓုလလမ်းပေါ်ရှိ သိမ်တော်ကြီး အနီးတဝိုက်၊ ဗညားဒလလမ်းပေါ် ယုဇန ပလာဇာရှေ့နှင့် ဟံသာဝတီ အဝိုင်းတို့ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရှိရသည်။

“ဖြူနီကျားမှာ ရပ်တဲ့ယာဉ်တွေ၊ တစ်လမ်းမောင်းမှာ ညာဘက်ကပ်ရပ်တဲ့ ယာဉ်တွေ၊ ပြီးတော့ အသံချဲ့စက်နဲ့ အော်ပြီး ယာဉ်တွေကို တားနေတာတွေ့တယ်။ သက်ဆိုင်ရာက ကြပ်မတ် လုပ်ဆောင်နေတုန်း ခဏပဲ။ ပြီးရင် စည်းကမ်းမဲ့ လုပ်ကြတာပါပဲ။ အဲ့ဒီလို အမြဲလုပ်နိုင်ရင်တော့ ကောင်းတာပေါ့” ဟု ယာဉ်များကို ဖမ်းဆီး အရေးယူနေသည်ကို တွေ့ရှိရသူတစ်ဦးက ဆိုသည်။

လူကူးမျဉ်းကျား ရေးဆွဲခြင်း၊ လူကူးမျဉ်းကျားတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲများ၊ မြို့တော်စည်ပင်နှင့် မထသ အပါအဝင် NGO အဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ထိ ပြုလုပ်ခဲ့ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တတစ်ပတ် လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း မထသ (ဗဟို) က တရားဝင် ထုတ်ပြန်ထားသည်။

The Voice Weekly

Friday, 05 July 2013

ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြော ပိတ်ဆို့မှု အများဆုံးနေရာ ငါးနေရာတွင် ဇူလိုင်လ ၄ ရက်နေ့မှစ၍ စည်းကမ်း
မဲ့ယာဉ်များကို အရေးယူမှုများ စတင်နေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်
ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး ဦးသာဌေးက The Voice သို့ ပြောကြားသည်။

ဆက်သွယ်ရေး တင်ဒါအောင်ထားတဲ့ Ooredoo Mobile Company ယနေ့နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်ထားတဲ့ Ooredoo Mobile Company က (Chief Excutive Officer) Mr.Ross Cermack နဲ့ (Business Development & Strategy) Mr.Nicholas Sweerzy  တို့က ရန်ကုန်မြို့ Park Royal Hotelမှာ ဇူလိုင် ၅ရက် နေ့လည် ၁ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်ထားတဲ့ Ooredoo Mobile Company က (Chief Excutive Officer) Mr.Ross Cermack နဲ့ (Business Development & Strategy) Mr.Nicholas Sweerzy တို့က ရန်ကုန်မြို့ Park Royal Hotelမှာ ဇူလိုင် ၅ရက် နေ့လည် ၁ နာရီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားပါတယ်။

"... အံ့ဖွယ်ကျောက်ချဉ်အစွမ်း ..."

ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာအလူမီနီယမ်ဆာလဖိတ်နဲ့ပိုတက်ဆီ
ယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကွန်ပျူတာ မော်နီတာပေါ်မှာ Graffiti ရေးနည်း


Graffiti၀ါသနာရှင်တွေအနေနဲ့Graffiti ကိုအဆောက်အဦးနံရံတွေ ၊အုတ်တံတိုင်းတွေ ၊ ဂိုဒေါင်တွေ နောက်
ဖေးလမ်းကြားတွေမှာ ရေးနေတာကနေ ကွန်ပျူတာ မော်နီတာပေါ်မှာ ရေးတာဆိုတော့နည်းနည်းတော့စဉ်း
စားစရာဖြစ်သွားမှာပါ ။ ဟုတ်ပါတယ် ပြင်ပပတ်ဝန်းကျင်မှာ မှုတ်ဆေးတွေ ၊ Marker Pen တွေ ၊ အိုးမည်းခဲ
တွေ ၊ မြေဖြူတွေ အမျိုးမျိုးသုံးပြီးရေးတာထက် အခုတော့ ကွန်ပျုတာ မော်နီတာပေါ်မှာပဲ အင်တာနက်အသုံး
ပြုပြီး Graffiti ရေးတာကို ဆိုလိုတာဖြစ်ပါတယ် ။

ငွေကြေးများဖေါသီစွာသုံးစွဲနေသူဆေးသုတ်သမားအား မသင်္ကာစစ်ဆေးရာမှ သိန်းနှစ်ရာကျော်ခိုး မှုပေါ်ပေါက်


ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ
သည် ခိုးမှုများနှင့်ပတ်သက်၍ သတင်းစုံစမ်းခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ပေါက်ကုန်းရပ်ကွက် နေချစ်ဦး၊ ၂၆ နှစ်၊ (ဘ)ဦးမောင်ချစ် သည်တစ်နေ့လျင် ငွေကျပ် ၃၀၀၀ခန့်ရရှိသော ဆေးသုတ် သည့်ကျပန်းအလုပ်ကိုလုပ်
ကိုင်နေရာမှ

နိုင်ငံဝန်ထမ်းအငြိမ်းစားများသို့ အသိပေးကြေညာချက်

နိုင်ငံဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာခံစားခွင့်နှင့်ပတ်သတ်ပြီး အခက်အခဲရှိပါက ပင်စင်ဦးစီးငှာန (ရုံး
ချုပ်)၊ နေပြည်တော်၊ ညွန်ကြားရေးမှုး ဖုန်း ၀၆၇-၄၁၀၄၁၅ ၊ ၀၆၇-၄၁၀၄၄၆၊ ဒုတိယညွန်ကြကားရေးမှုးများ
ဖုန်း ၀၆၇-၄၁၀၄၁၈၊ ၀၆၇- ၄၁၀၅၂၁၊၊ ၀၆၇-၄၁၀၃၇၂ တို့ကိုဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေး အကြောင်းအပ်ပါသည်။

မန်ယူနည်းပြ အဖွဲ့တွင် ဂစ်နှင့် ဖီးလ်နဗီး ပါဝင်လာခဲ့

သတင်းပုံရိပ်၊ သတင်းလူသား သို့မဟုတ် လူမင်းပုံရိပ် အပိုင်းအစကောက်ကြောင်း

OSS အဖွဲ့မှ တရားဝင်သွင်းခွင့်ပေးထားသည့် Extra Cab ကားများကို Double Cab ဟုဆိုကာ ကညနမှ တားဆီးထား၍ တင်သွင်းသူများ အခက်ကြုံ

အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော အမှုကို နှစ်ဦးနှစ်ဖက် ကျေအေး

Friday, July 05, 2013

ဆုထူးပန်တာဝါ ဆောက်လုပ်မှု ကိစ္စနှင့် ပတ်သက်၍ အကယ်ဒမီ ဒေါ်ဝါ၀ါဝင်းရွှေနှင့် Father Land ဆောက်

လုပ်ရေး ကုမ္ပဏီတို့အကြား ဖြစ်ပွားနေသော ဥပဒေကြောင်းဆိုင်ရာ ကိစ္စများအား ဇူလိုင် ၄ ရက် နံနက်ပိုင်း
တွင် နှစ်ဦးနှစ်ဖက် ကျေအေးလိုက်ပြီ ဖြစ်ကြောင်း သိရှိရသည်။

“အလွန်ရှားပါးသော တရုတ်တံဆိပ်ခေါင်း ဟောင်ကောင်ဒေါ်လာ ၇ သန်းနီးပါးဖြင့် လေလံတင်ရောင်းချ”

သင့်ကိုယ်နံ့ သင်းပျံ့နေအောင်

ကြားဖြတ်ရွေးကောက်ပွဲ အကြိုည ပုလဲမြို့နယ် ဓားထိုး လူသတ်မှု အယူခံတင်မည်ဆို

Thursday, 05 July, 2013

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီညက

NLD အဖွဲ့ဝင် လူငယ်တဦးနှင့် ကြံ့ခိုင်ရေး ပါတီဝင် လူငယ်တဦး အချင်းများပြီး လူသတ်မှု ဖြစ်ပွားခဲ့ခြင်းအ
ပေါ် ခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခြင်း ခံလိုက်ရသည့် ဘက်မှ အယူခံတင်မည်ဟု လိုက်ပါဆောင်ရွက်ပေး
နေသူ ရှေ့နေ ဦးဟိန်းအောင်လတ် က ပြောဆိုသည်။

ကျောက်တံခါး ရဲစခန်းမှာသရုပ်ဆောင် ရဲတိုက်ကို ဆေးခြောက် နဲ့ အတူဖမ်းမိ

ဇူလိုင်၊၎

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မှာ သရုပ်ဆောင် ရဲတိုက်ကို ယမန်နေ့ညက ဆေးခြောက်တွေ
နဲ့ဖမ်းစီးရမိတယ်လို့ ကျောက်တံခါးမြို့နယ် မှုးရုံးက တဆင့်သတင်းရရှိပါတယ်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် အကြောင်းသိကောင်းစရာ


၎.၇.၂၀၁၃ 
ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်
ရွာ (ကျောက်တန်း)တွင် မွေးဖွားခဲ့သည်။တရုပ်နွယ်ဖွားတစ်ယောက်ဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိ
ပြီးနောက် ပေါင်းတည်မြို့တွင် အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ် ဗိုလ်ချုပ်ကြီးနေ
ဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိသဘောကျသွားသဖြင့်အနားသို့ ခေါ်ကာထားရှိရာမှ မမျှော်လင့်
ဘဲတပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ဘာသာရေး အစွန်းရောက် အကြမ်းဖက်များ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရသည့် မိတ္တီလာ ဗလီများ ပြန်ဖွင့်နိုင်ရေးအတွက် စာတင်

ဇူလိုင် ၄၊ ၂၀၁၃

မကြာမှီ ကာလအတွင်း အစ္စလာမ် ဘာသာဝင်များ ဥပုဒ်စောင့်သည့် ကာလ ရောက်ရှိတော့မည် ဖြစ်သဖြင့် မန္တလေးမြို့ရှိအစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက ထပ်ဆင့်ထောက်ခံပြီး မိတ္တီလာမြို့တွင် အကြမ်းဖက်ဖျက်

ဆီး ခံထားရသည့်ဗလီဝတ်ကျောင်းတော် များအား ပြန်လည် ဖွင့်လှစ်ပေးနိုင်ရန် အာဏာပိုင်များထံ တောင်း
ဆိုစာကို ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အီဂျစ်အာဏာသိမ်းမှုဂယက် ကမ္ဘာ့စီးပွားရေးရိုက်ခတ်

အီဂျစ်အာဏာသိမ်းမှုဂယက် ကမ္ဘာ့စီးပွားရေးရိုက်ခတ်
==============================


အီဂျစ်နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဆက်ပြီးဖြစ်ပေါ်နေတာနဲ့ ပေါ်တူဂီနိုင်ငံ က ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကံကြမ္မာ မရေမရာဖြစ်နေ တာတွေကြောင့် ဗုဒ္ဓဟူးနေ့က အာရှနဲ့ ဥရောပ ဈေး ကွက်တွေမှာ ကျဆင်းနေတာ တွေ့ရပါတယ်။


နယူးယောက်ခ်ဈေးကွက်မှာလည်း ရေနံစိမ်း တစည်ကို ၁၀၂ ဒေါ်လာဖြစ်သွားတာမို့ ဒါဟာ ၁၄ လအတွင်းမှာ အမြင့်ဆုံး ရေနံဈေးပါ။ အီဂျစ်နိုင်ငံရေး မတည်ငြိမ်မှုကနေ အရှေ့အလယ်ပိုင်းဒေသက ရေနံတင်ပို့ရာမှာ အဓိကလမ်းကြောင်းအဖြစ် သုံးတဲ့ ဆူးအက် တူးမြောင်း ပိတ်ဆို့မှုတွေ ဖြစ်မှာကို ရေနံရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေကြပါ တယ်။

ဟောင်ကောင် Hang Seng ဈေးကွက်လည်း ၂ ဒဿမ ၅ အထိ ကျဆင်းသွားသလို၊ လန်ဒန် Frankfurt နဲ့ ပြင်သစ်ဈေးကွက်တွေမှာလည်း ၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာပါ။

အမေရိကန်ဈေးကွက်တွေကတော့ ကြာသပတေးနေ့ လွတ်လပ်ရေးအကြို ဈေးကွက်စောစော ပိတ်လိုက်ချိန်မှာ မဆိုစလောက်ပဲ အစုရှယ်ယာဈေးတွေ တက်ခဲ့ပါ တယ်။

အခုလို ကမ္ဘာ့ဈေးကွက်တွေ ကမောက်ကမ ဖြစ်နေချိန်မှာ ကမ္ဘာ့စီးပွားရေးဈေး ကွက်မှာ ဒုတိယအကြီးမားဆုံး
နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက စီးပွားရေးအထ နှေးနေသလို ဥရောပမှာ စီးပွားရေး ဆက်ပြီး ကျဆင်းနေတာကြောင့် အခြေအနေဟာ ပိုပြီးတော့ ဆိုးနေတာပါ။ ဒီအခြေအနေမှာ အမေရိကန်နိုင်ငံကသောကြာနေ့ထုတ်မယ့် အလုပ်အကိုင် အခွင့်အလန်းဆိုင်ရာ အစီရင်ခံစာမှာ အခြေအနေမကောင်းမှာကို စီးပွားရေးလုပ်ငန်းရှင်တွေက စိုးရိမ်နေကြပါတယ်။

တရုတ်နိုင်ငံက ၀န်ဆောင်မှုကဏ္ဍတွေနဲ့ စက်မှုလုပ်ငန်းတွေရဲ့ အခြေအနေကတော့ လွန်ခဲ့တဲ့ ၉ လကတည်းက ကျဆင်းနေတာဖြစ်ပြီး၊ ဇွန်လထဲမှာတော့ အနိမ့်ဆုံးအနေအထား ဖြစ်ခဲ့တယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။

Ref; VOA
http://www.teol-mm.info/2013/07/blog-post_8279.html
သတင်း၊ မြန်မာ့သတင်း ကဏ္ဍနှင့်ပတ်သက်၍ အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com


အီဂျစ်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဆက်ပြီးဖြစ်ပေါ်နေတာနဲ့ ပေါ်တူဂီနိုင်ငံက ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့
ကံကြမ္မာမရေမရာဖြစ်နေ တာတွေကြောင့်ဗုဒ္ဓဟူးနေ့ကအာရှနဲ့ ဥရောပ ဈေးကွက်တွေမှာ ကျဆင်းနေတာ
တွေ့ရပါတယ်။