Pages

Friday, June 28, 2013

တောင်တရုတ် ပင်လယ်၌ ဖိလစ်ပိုင်နှင့် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

Photo: တောင်တရုတ် ပင်လယ်၌ ဖိလစ်ပိုင်နှင့် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်
Friday, June 28, 2013

တရုတ်နှင့် အငြင်းပွားမှုများဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ရေပြင်၌ ဖိလစ်ပိုင်နှင့်အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

CARAT ဟု အမည်ပေးထားသည့် စစ်ရေး လေ့ကျင့်မှုကို ဟွန်ယမ်ကျွန်း (စကာဘိုးရတ်သောင်) အနီး ပြုလုပ်သွားမည်ဟု ဖိလစ်ပိုင် စစ်တပ်က သတင်း ထုတ်ပြန်သွားသည်။

အဆိုပါ စစ်ဆင်ရေးသည် နှစ်စဉ်ကျင်းပသည့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ် ပြီး ယခုနှစ်တွင် စကာဘိုးရတ်သောင်အနီး ပြုလုပ်သွားမည် ဖြစ်သည်။

ကျွန်းစုငယ်များနှင့် ကျောက်ဆောင်များ ပါဝင် ဖွဲ့စည်းထားသည့် စကာဘိုးရတ်သောင်ကို တရုတ်တို့က မိမိတို့ပိုင်ဆိုင်ကြောင်း ပြော ကြားနေသော်လည်း ယင်းသောင်မှာ အနီးဆုံး တရုတ်ကမ်းခြေနှင့် ကီလို မီတာ ၁၂၀၀ ကွာဝေးပြီး ဖိလစ်ပိုင် လူဇုန်ကျွန်းနှင့် ကီလိုမီတာ ၂၃၀ သာ ကွာဝေးသည်။

ပြီးခဲ့သည့်နှစ်အတွင်း အဆိုပါ ကျွန်းစုအနီး ရေပြင်ကို မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက စစ်ရေး၊ နိုင်ငံရေး အသုံးပြုပြီး ထုတ်ပြန်လာသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လာသည်။

စကာဘိုးရတ်သောင်ကို တရုတ်တို့က သိမ်းပိုက်ထားပြီး အနီးရှိ ရေပြင်တွင် တရုတ် စစ်သင်္ဘောများ ပုံမှန် ကင်းလှည့်နေသဖြင့် ဖိလစ်ပိုင် ငါးဖမ်းသမား များ မျိုးရိုးစဉ်ဆက် ဖမ်းဆီးလာသည့် ငါးဖမ်း နယ်မြေများ ဆုံးရှုံးလာကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

"စကာဘိုးရတ်သောင်နှင့် လူဇုန်ကျွန်းကြား စစ်ဆင်ရေး ပြုလုပ်သွားပါ မယ်။ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်ဖို့ ရည်ရွယ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ပစ်မှတ်ထားခြင်း မဟုတ်ပါဘူး" ဟု ဖိလစ်ပိုင် စစ်တပ် ပြောရေး ဆိုခွင့်ရှိသူ ဖဘစ်က ပြောကြားသွားသည်။

ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်ရေတပ် အလံတင် စစ်သင်္ဘော BRP Gregorio del Pilar နှင့် ကမ်းခြေစောင့် တပ်ဖွဲ့များမှ ရှာဖွေ ကယ်ဆယ်ရေး သင်္ဘောများ၊ ရဟတ်ယာဉ်များနှင့် ရေငုပ်တပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံဘက်မှ ဒုံးပျံတင် ဖျက်သင်္ဘောUSS Fitzgerald၊ ကယ် ဆယ်ရေး သင်္ဘောများ၊ ကမ်းတက် တပ်ဖွဲ့ဝင်များနှင့် အထူး တပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် တီမောနိုင်ငံများမှ တပ်ဖွဲ့ဝင်များ ပါဝင်မည်ဟု မနီလာမြို့ရှိ အမေရိကန် သံရုံးက သတင်း ထုတ်ပြန်လိုက်သည်။

အမေရိကန်၊ ဖိလစ်ပိုင်နှစ်နိုင်ငံ အနေနှင့် ဒေသတွင်း တင်းမာမှုများကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ပိုမို ကြီးထွားလာအောင် မလုပ်ဆောင် သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်လိုက် သည်။

တောင်တရုတ် ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံ ထိန်းချုပ်ထားသော ဒုတိယ သွန်ဆင်သောင်အနီး တရုတ် စစ်သင်္ဘောများ လှည့်ပတ်သွား လာနေခြင်းကြောင့် ပြီးခဲ့သည့်လမှ စတင်၍ အဆိုပါ တရုတ်သင်္ဘောများကို ဖိလစ်ပိုင် ရေတပ်က စောင့်ကြည့်နေရကြောင်း ဟိန္ဒူတိုင်းမ် သတင်း တွင် ဖော်ပြထားသည်။

The Voice Weekly

Friday, June 28, 2013

တရုတ်နှင့်အငြင်းပွားမှုများဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ရေပြင်၌ဖိလစ်ပိုင်နှင့်အမေရိကန် ရေ
တပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

အမုန်းပွား ရေးသားမှုလျော့ပါးသွားဖို့ ဦးရဲထွဋ် ဘယ်လိုအကြံပေးသလဲ

Photo

Friday, June 28, 2013

မြန်မာပြည်မှာ အင်တာနက်သုံးသူ ၁ဝ သိန်း ရှိမယ်လို့ ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ပြောပါတယ်။
"ကျနော်တို့မှာ တိတိကျကျ သုတေသန ပြုထားတော့ မရှိပါဘူး၊ ဒါပေမယ့် ရနိုင်တဲ့ အချက်အလက်တွေက
နေ ကြည့်မယ် ဆိုရင် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ပုံမှန် အင်တာနက်လိုင်းကနေ အင်တာနက်သုံးနေတဲ့သူ ၁.ဝ၅ သန်း ရှိပါတယ်" တဲ့။

လမ်းမတော်လမ်းကြားတွင် ရေနံများ တွေ့ရှိ

Friday, June 28, 2013
ရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်အတွင်းရှိ(၇)လမ်းနှင့် (၈)လမ်းကြားတွင် လမ်တိုးချဲ့ရာမှရေနံများ
တွေ့ရှိရကြောင်း လမ်းမတော်ရဲစခန်းမှသိရသည်။ ဇွန်(၂၈)၊ မွန်းလွဲ ၂ နာရီခန့်တွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တိုင်ကီနှစ်ပေပါခန့် ခပ်ထုတ်ပြီး မီးမလောင်စေရန်အတွက် မြေပြန်လည်ဖို့ထားကြောင်း တာဝန်ကျ မီးသတ်
ဝန်ထမ်းတစ်ဦးထံကသိရသည်။

နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ (၄)ဦးကို အာမခံဖြင့် ပြန်လွတ်လာ

Photo: နောင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ (၄)ဦးကို အာမခံဖြင့် ပြန်လွတ်လာ
Friday, June 28, 2013

နာင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ လေးဦးအား (၂၇)ရက်နေ့ နံနက် ကိုးနာရီခွဲအချိန်တွင် ၎င်းတို့၏ကျေးရွာမှ ရွာသား သုံးဦးစီမှ အာမခံပေးသဖြင့်  ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

လယ်ယာမြေများအတွင်း ဝင်ရောက်လုပ်ကိုင်ခြင်းကြောင့် အဖမ်းခံရသောရွာသားများအား ပြန်လွတ်ပေးရန် ဇွန်လ၂၆ရက်နေ့၌ နောင်ချိုမြို့နယ် ရဲစခန်းရှေ့တွင် ရွာ ၆ရွာမှ တောင်သူ လေးရာခန့်စုဝေးပြီး တောင်းဆိုသဖြင့် ဇွန်လ ၂၇ရက်နေ့ နံနက်တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာမခံပေးမည့် ရွာသားများအား နောင်ချိုမြို့နယ်၊ ရဲစခန်းသို့ (၂၇)ရက်နေ့နံနက် ကိုးနာရီတွင် ခေါ်ဆောင် ပြီး ဇူလိုင်လ ဆယ်ရက်နေ့တွင်
တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ မလာရောက်ပါက ငွေဆယ်သိန်း လျော်ရမည်ဖြစ်ကြောင်း အာမခံခိုင်းကာ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ထပ်မံသိရသည်။

ထိုသို့လွတ်မြောက်လာသူများမှ ဦးထွန်းအောင် က “ကျွန်တော်အခုပဲ လွတ်လာတယ်။ ကျွန်တော့်ကို မနေ့က ယာတဲမှာ မနက် (၇း၁၅)မှာ လက်ထိပ်ခတ်ပြီး ခေါ်သွားတာ။ ပြီးတော့ သေနတ်တွေနဲ့လည်း မိသားစုအားလုံးကို ချိန်ထားတော့ ကျွန်တော်က  မိသားစုတွေ ကြောက်မှာစိုးလို့ လိုက်မယ်ဆိုပြီး လိုက်သွားတာ စခန်းရောက်တော့ စခန်းမှူးက အချုပ်ထဲ ထည့်ထား လိုက်တော့တာပါပဲ”ဟု ပြောကြားသည်။

“သူတို့ကိုဖမ်းတဲ့ ဥပဒေက ခြေချုပ်နဲ့ ခံဝန်ဥပဒေနဲ့ဖမ်းတာ။ ဒီဥပဒေက ကျမသိသလောက်ဆို ခိုးဆိုးနေတဲ့ ခြေသလုံး အိမ်တိုင်တွေကို စွဲတဲ့ ဥပဒေပဲ။ အခုဟာက နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းကနေ တိုးတက်အောင် ကူညီပေးနေတဲ့ တောင်သူတွေကို ဒီဥပဒေနဲ့ စွဲတယ်ဆိုတော့ တစ်ခုခုတော့ လွဲနေတယ် ထင်တယ်”ဟု တောင်သူများဘက်မှ မြေယာကိစ္စလိုက်လံ ဆောင်ရွက်ပေးသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ လွတ်မြောက်လာပြီးနောက် တောင်သူလေးဦးအား နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု ရဲစခန်းသို့ လာရောက်ရန် ဖုန်းဖြင့် ခေါ်ဆိုကြောင်း၊ စခန်းသို့ ရောက်သောအခါ ယနေ့ ဇွန်လ၂၈နေ့တွင် ပြန်လည်လာရောက်ရန်နှင့် အမှုကိုအပြီးပြတ် ဆောင်ရွက်ပေးမည်ဟု ပြောဆိုလိုက် သော်လည်း ညနေငါးနာရီ အချိန်ထိ မပြီးပြတ်သေးကြောင်း သိရသည်။

တောင်သူများမှ မိမိတို့စားဝတ်နေရေး ကျပ်တည်းမှုနှင့် မိုးဦးကျအမီ စိုက်ပျိုးရမည်ဖြစ်သဖြင့် နိုင်ငံတော်မှ ကော်ဖီစီမံကိန်းဟုဆိုကာ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ရောင်းချထားသော မိမိတို့လယ်ယာမြေများပေါ်တွင် ဝင်ရောက်လုပ်ကိုင်ကြခြင်းကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

စိုင်းကံသာ

မြန်မာ့ခေတ်


Friday, June 28, 2013

နာင်ချိုမြို့နယ်ရဲစခန်းမှ ဖမ်းဆီးထားသော တောင်သူ လေးဦးအား (၂၇)ရက်နေ့ နံနက် ကိုးနာရီခွဲအချိန်တွင် ၎င်းတို့၏ကျေးရွာမှ ရွာသား သုံးဦးစီမှ အာမခံပေးသဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

တရုတ်ရှင်ကျန်းပြည်နယ် အူဂါနှင့်ဟန်လူမျိုးတို့အကြား ပဋိပက္ခ ၂၇ ဦးသေဆုံး

Photo: တရုတ်ရှင်ကျန်းပြည်နယ် အူဂါနှင့်ဟန်လူမျိုးတို့အကြား ပဋိပက္ခ ၂၇ ဦးသေဆုံး
Friday, June 28, 2013

အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများအကြား မကြာခဏ ပဋိပက္ခ ဖြစ်ပွားလေ့ ရှိသော တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးသွားကြောင်း တရုတ်အစိုးရ၏ ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်များကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ရှင်ကျန်းပြည်နယ် မြို့တော် Urumqi ၏ အရှေ့တောင်ဘက် မိုင် ၁၂၀ ခန့်တွင် ရှိသော နယ်မြို့တစ်ခုဖြစ်သည့် တာဘန်တွင် ဓားများ ကိုင်ဆောင်ထားသော အကြမ်းဖက်လူတစ်စုက ရဲစခန်းနှင့် ဒေသခံအစိုးရ အဆောက်အအုံတစ်ခုကို တိုက်ခိုက်လာခြင်းကြောင့် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုပဋိပက္ခနှင့် ပတ်သက်၍ ဆင်ဟွာ သတင်းဖော်ပြချက်များကို အတည်ပြုနိုင်ရန်မှာမူ သတင်းနှင့် ပတ်သက်၍ တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းကြောင့် မလွယ်ကူကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အကြမ်းဖက် လူတစ်စုသည် လူများကို ဓားဖြင့်ထိုးခြင်း၊ ရဲကားများကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ယင်းပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် လူခုနစ်ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ပစ်ခတ်ခြင်းကြောင့် လူ ၁၀ ထပ်မံ သေဆုံးခဲ့သည်။

ယခုနှစ် ဧပြီလကလည်း ရှင်ကျန်းပြည်နယ် Kashgar မြို့တွင် အူဂါမွတ်ဆလင်များနှင့် ဟန်လူမျိုးများ အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး နောက် လူ ၂၁ ဦး သေဆုံးခဲ့သည်။

၂၀၀၉ ခုနှစ်ကလည်း ရှင်ကျန်းပြည်နယ် မြို့တော် Urumqi မြို့တွင် အူဂါများနှင့် ဟန်လူမျိုးများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၂၀၀ ခန့် သေဆုံး ခဲ့ရသည်။

The Voice Weekly

Friday, June 28, 2013

အူဂါမွတ်ဆလင်များနှင့်ဟန်လူမျိုးများအကြားမကြာခဏပဋိပက္ခ ဖြစ်ပွားလေ့ ရှိသော တရုတ်နိုင်ငံ ရှင်ကျန်း
ပြည်နယ်တွင်ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးသွားကြောင်း တရုတ်
အစိုးရ၏ ဆင်ဟွာသတင်းတွင် ဖော်ပြထားချက်များကို ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

လေယာဉ် ပြန်ပေးဆွဲမှုရုပ်ရှင်ဇာတ်ကားရဲ့စာနယ်ဇင်းရှင်းလင်းပွဲ

Photo

Friday, June 28, 2013

အဏ်ထော်နီရိုက်ကူးမယ့် မြန်မာနိုင်ငံ၏ကမ္ဘာ့ပထမဆုံးလေယာဉ် ပြန်ပေးဆွဲမှုကြီး ရုပ်ရှင်ဇာတ်ကားရဲ့ စာ
နယ်ဇင်းရှင်းလင်းပွဲ အခမ်းအနားကိုဇွန်လ(၂၈) ၇က်နေ့၊ နေ့လည် ၁၁: ၃၀ အချိန်တွင် Central Hotel ၌ ကျင်း
ပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို ဇာတ်ကားထုတ်လုပ်ရိုက်ကူးမယ့် ကရင်အမျိုးအသား ဦးစောဒေါ်ဒေါ် ၊ လေယာဉ်ပြန်ပေးခဲ့သူ ဦးစောကျော်အေး တို့လည်းတက်ရောက်ခဲ့ကြပါတယ်။

ယောင်္ကျားသားများ အမြင်မှာ သိပ်နှစ်သက်ဖွယ် မကောင်းသောမိန်းမများ

၁. အရမ်းကို over ဖြစ်နေတတ်တဲ့ မိန်းကလေးများ
၂. မိတ်ကပ်ကို ပြစ်ထူနေအောင် လိမ်းတတ်သော မိန်းကလေးများ
၃. ဆေးလိပ်သောက်တတ်သောမိန်းကလေးမျာ
၎. သူများစကားကို နားထောင်လေ့ မရှိဘဲ သူပြောချင်တာကို စွတ်ပြောတတ်သော မိန်းကလေးများ

မြန်မာနိုင်ငံမှ မီးရထားလမ်းများအား အဆင့်မြှင့်တင်မည်

Photo: မြန်မာနိုင်ငံမှ မီးရထားလမ်းများအား အဆင့်မြှင့်တင်မည်
Friday, June 28, 2013

ရန်ကုန်- မန္တလေး အဆင့်မြင့် ခေတ်မီ မီးရထားလမ်းအဖြစ် ပြင်ဆင်ရန်အတွက် အသေးစိတ် စစ်ဆေး လေ့လာမှုများအပေါ် မူတည်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု မြန်မာ့မီးရထားဝန်ကြီး ဌာနမှ သိရသည်။ 

လက်ရှိတွင် ရန်ကုန်-မန္တလေး  ရထားလမ်းကို စတင်လုပ်ကိုင်နေကြောင်းနှင့် အဆိုပါ မီးရထားလမ်းပြီးဆုံးပါက ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ ရန်ကုန်-ပြည် ရထားလမ်းနှင့် ရန်ကုန်-မြစ်ကြီးနား ရထားလမ်းများအား ထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းမီးရထားရုံး အမှတ်(၇)မှ သိရသည်။ 

“Sun tech ကုမ္ပဏီကို JICA က ငှားပြီးတော့ မီးရထားလမ်းတွေရဲ့ အရည်အသွေးကို စစ်ဆေးပြီး ရရှိတဲ့ အချက်အလက်တွေ (Data) ကို အခု တွက်ချက်နေတယ်၊ အဲဒီကထွက်လာတဲ့ ရလဒ် ပေါ်ကိုမူတည်ပြီး အဆင်မြင့်တင်ဖို့ကို ဆက်လုပ်သွားမယ်” ဟု ရန်ကုန်တိုင်း ဒုတိယအထွေထွေမန်နေဂျာ (မြို့ပြ) ဦးတင်ဝင်းက ဆိုသည်။ 

မီးရထားလမ်း အရည်အသွေးစစ်ဆေးရာ၌ မီးရထားလမ်း ကုန်းအမြင့်၊ လမ်း၏ ဆင်ခြေလျှော နှင့် အောက်ခံ ထည့်ထားသော ကျောက်သားထုများ၏ အရည်အသွေးသာမက လမ်းခရီးရှိ တံတားများကိုပါ ထည့်သွင်း စစ်ဆေး ထားသည်ဟု သိရသည်။

“အခုလက်ရှိပြေးဆွဲနေတဲ့ ရန်ကုန်-မန္တလေး ရထားဆိုရင် ကြာချိန် ၁၆ နာရီ လောက် ကြာတော့ ခရီးသွား ပြည်သူတွေအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး လုပ်တာပါ၊ အခုက စမ်းသပ်စစ်ဆေးပြီးပြီ (Data) တွေကို တွက်ချက်နေတယ် အားလုံးပြီးသွာရင်တော့ မိုင်းနှုန်းမြင့် မောင်းနိုင်မှာ ဖြစ်ပြီး ခရီသွား ပြည်သူများလည်း အချိန်အကြာကြီး စီးစရာမလိုတော့ဘူး” ဟု တိုင်းမီးရထားရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

အဆိုပါ ရန်ကုန်- မန္တလေး ခေတ်မှီ ရထားလမ်း တည်ဆောက်ရာတွင် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ခန့်ထောက်ပံ့မည်ဖြစ်ကြောင်း ကနဦးအကြမ်းဖျဉ်းလေ့လာမှုများကို ဂျပန်နိုင်ငံမှ ထောက်ပံ့ ပေးခဲ့ ကြောင်းကို မြန်မာ့မီးရထားဝန်ကြီးဌာနမှ သိရသည်။ 

 “အခုလို လုပ်ပေးတော့ ကောင်းတာပေါ့ ကျမတို့အတွက်လည်းအများကြီးအဆင်ပြေတာပေါ့ အခုလို မိုးတွင်း ဆိုရင် လမ်းလျှော်တာတွေက အဖြစ်များတယ်။ အခုလိုလုပ်ပေးလို့ လမ်းတွေ ကောင်းလာမယ် ဆိုရင် ဝမ်းသာတာပေါ့ အခုဆို မြန်နှုန်းမြင့်အောင်လုပ်တယ်ဆိုတော့ အချိန်ကုန်သက်သာတာပေါ့”ဟု ရန်ကုန်-မန္တလေးရထားစီးသည့် ခရီးသွားဒေါ်ခင်မာလာက ပြောသည်။ 

မီရထားဝန်ကြီးဌာနမှ မီရထားလမ်းများသာမက ဘူတာရုံများကို နိုင်ငံတကာမှ ကုမ္ပဏီများကို တင်ဒါခေါ်ယူပြီး အဆင်မြင့်တင်ရန် အစီအစဉ်ရှိသော်လည်း ယခုအခါတွင် ဘူတာရုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကိုသာ လုပ်ကိုင် လျက်ရှိကြောင်း သိရသည်။

http://myitmakhamediagroup.com/detail.php?newid=4996

Friday, June 28, 2013

ရန်ကုန်- မန္တလေး အဆင့်မြင့် ခေတ်မီ မီးရထားလမ်းအဖြစ် ပြင်ဆင်ရန်အတွက် အသေးစိတ် စစ်ဆေး လေ့
လာမှုများအပေါ် မူတည်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု မြန်မာ့မီးရထားဝန်ကြီး ဌာနမှ သိရသည်။

ကမ္ဘာ့တိုက်ကြီးများ ဖလား ဘရာဇီးနှင့် စပိန်ဇွန်လ ၃၀ ရက်နေ့တွင် ယှဉ်ပြိုင် ဗိုလ်လုမည်

Photo: ကမ္ဘာ့တိုက်ကြီးများ ဖလား ဘရာဇီးနှင့် စပိန် ဗိုလ်လုမည်
Friday, June 28, 2013

လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ဘရာဇီးနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ရီယိုဒီဂျန်နီယိုမြို့တွင် ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့ ကမ္ဘာ့တိုက်ကြီးများ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။ 

ဘရာဇီးအသင်းသည် အကြိုဗိုလ်လုပွဲအဆင့်တွင် ဥရုဂွေးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်လာခြင်းဖြစ်ပြီး စပိန်အသင်းသည် အီတလီ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲ တက်ခဲ့ခြင်းဖြစ်သည်။ 

စပိန်အသင်း၏ တိုက်စစ်မှူး တောရက်စ်သည် ပြိုင်ပွဲတစ်လျှောက်တွင် ၅ ဂိုးသွင်းယူပြီး ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းတင်နိုင်ရန် ထိပ်ဆုံးမှ ရေးပန်းစားနေသည်။ 

ဘရာဇီးအသင်း၏ တိုက်စစ်မှူးများဖြစ်သည့် နေမာနှင့် ဖရက်ဒ်တို့သည်လည်း ပွဲစဉ်တစ်လျှောက်တွင် ၃ ဂိုးစီ သွင်းယူထားပြီး အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည်။ 

ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့ ၁၀ ကြိမ်တိုင် ထိပ်တိုက်တွေ့ဆုံမှုတွင် ဘရာဇီးအသင်းက ၅ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၃ ပွဲရှုံးနိမ့်ထားသည်။ 

ဗိုလ်လုပွဲတွင် ပထမရသည့်အသင်းသည် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄.၁သန်း ရရှိမည်ဖြစ်ပြီး ဒုတိယရရှိသည့် အသင်းသည် ၃.၆ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်

Friday, June 28, 2013

လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ဘရာဇီးနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ရီယိုဒီဂျန်နီယိုမြို့တွင် ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့ ကမ္ဘာ့တိုက်ကြီးများ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။

မိုးသည်း မှိုင်းထမှုကြောင့် ကားမှောက် ၊ ဒရိုင်ဗာ နှင့် စပယ်ယာ နှစ်ဦးလုံးသေ

Friday, June 28, 2013

ဇွန်လ ၂၅ ရက်နေ့ ည ၁၀း ၀၀ နာရီခန့်က အမှတ် (၁) အိန္ဒိယ – မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ထရပ်ကား တစီးတိမ်းမှောက်ခဲ့ သဖြင့် ကားဒရိုင်ဗာနှင့် စပယ် ယာ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံး သွား ကြောင်း သိရ သည်။

Telcom လိုင်စင် နှင့် ပတ်သတ်ပြီး DIGI CELL ရဲ့ သတင်းထုတ်ပြန်မှု

Friday, June 28, 2013

မြန်မာနိုင်ငံတဝှမ်းတယ်လီကွန်လုပ်ငန်းလိုင်စင် အောင်မြင်စွာရရှိခြင်းမရှိသည် နှင့် ပတ်သက်ပြီးဒီဂျီဆဲလ်

ကစိတ်မကောင်းဖြစ်ရပါ ကြောင်းပြော ကြားလိုက်ပါတယ်။ ဒီဂျီဆဲလ်က မြန်မာပြည် မှာရှိသောစီးပွါးရေးလုပ်
ငန်း လုပ်ကိုင်နိုင်မှုများ ကိုလေ့လာလျက်ရှိပြီး ၊ မြန်မာပြည် အပေါ်မှာမျှော်လင့်ချက်များ ရည်ရွယ်ချက်များ
ထားလျှက်ရှိပါသည်။

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်

Photo: နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်
Friday, June 28, 2013

တီထွင်သူ Samuel nicz ရဲ့ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ပါ၊
ဘာလောင်စာဆီ မှမပါပဲ မိုင်ရာနဲ့ချီ မောင်းနှင်နိုင်ပါတယ်၊

ဆိုလာပြားကနေပြီး တော့ နေရောင်ခြည်စွမ်းအင်စုပ်ယူပြီး photovoltaic cells အဖြစ် သိုလှောင်ကာ AC... အင်ဂျင်ကိုလည်ပတ်စေပြီး wingspan
တွေကိုလယ်ပတ်စေမှာပါ၊နေ့ဘက်စွမ်းအင်တွေကို သိုလှောင်ပြီးညဘက်ပါ
မောင်းနှင်နိုင်ပါတယ်၊တစ်နာရီကို ကီလိုမီတာ ၁၀၀ အထိမောင်းနှိင်ပါတယ်၊

ယခုပုံစံကိုနမှုနာယူပြီး အနာဂတ် ကမ္ဘာ့ပတ်ဝန်းကျင်ညစ်နွမ်းနေမှုကို ကာကွယ်ဖို့အတွက် ခရီးသယ်တွေကိုပါ သယ်ယူပို့ဆောင်နိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ တီထွင်သူ တွေကဆိုထားကြောင်းသိရပါတယ်။

Ref:techblog
Khun Nay(stuff myanmar)
Stuff Myanmar Magazine

Friday, June 28, 2013

တီထွင်သူSamuel nicz ရဲ့ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ပါ၊ဘာလောင်စာဆီ မှမပါပဲမိုင်ရာနဲ့ချီ မောင်း
နိုင်နိုင်ပါတယ်၊

ထပ်မံမိတ်ဆက်ပြသလိုက်သည့် Sony Smartwatch 2

Photo: ထပ်မံမိတ်ဆက်ပြသလိုက်သည့် Sony Smartwatch 2
Friday, June 28, 2013

Mobile Asia Expo 2013 မှာ Sony Xpria Z Ultra ကို မိတ်ဆက်ပြသ လို့အပြီး ထပ်မံမိတ်ဆက်လိုက်တဲ့ Sony Smartwatch 2 ပါ၊

မျက်နှာပြင်အကျယ် ၁.၆ လက်မ၊LCD Display နှင့် Resoultion 220 x 176
ရှိမှာဖြစ်ပြီး version 4.0 နဲ့ထွက်ရှိလာမှာပါ၊ရေဆိုခံထုတ်လုပ်ထားတဲ့ ဒီ စမတ်နာရီဟာဆိုရင် ဖုန်းနှင့်ချိတ်ဆက်အသုံးပြုလို့ရမည့်အပြင် MP-3,MP-4 အစရှိတဲ့ ဗီဒီယိုဖိုင်များကိုပါ စမတ်နာရီကနေကြည့်ရှုလို့ရစေမှာဖြစ်ပါတယ်၊

ထို့အပြင် ဖုန်းမှလက်ခံရရှိလာတဲ့ အဝင်ခေါ်ဆိုမှုများ၊မက်ဆေ့စ်
ပေးပို့လာမှုများ ကို လက်ခံဖတ်ရှုလို့ရစေမှာဖြစ်ပါတယ်၊

ထွက်ရှိလာဖို့ရှိအုန်းမယ့် အသေးစိတ်မိတ်ဆက်ပြသထားတဲ့ ဗီဒီယိုဖိုင်ကိုအောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

http://www.youtube.com/watch?feature=player_embedded&v=DoUzM7WYlP0

Khun Nay(stuff myanmar)
Stuff Myanmar Magazine

Friday, June 28, 2013

Mobile Asia Expo 2013 မှာ Sony Xpria Z Ultra ကို မိတ်ဆက်ပြသ လို့အပြီး ထပ်မံမိတ်ဆက်လိုက်တဲ့ Sony Smartwatch 2 ပါ၊

ယခုတစ်ပတ်အတွက် ပြည်တွင်းမိုဘိုင်းဖုန်းဈေးနှုန်းများ

Photo: ယခုတစ်ပတ်အတွက် ပြည်တွင်းမိုဘိုင်းဖုန်းဈေးနှုန်းများ
Friday, June 28, 2013

Samsung
NoteII(white) –480000
SIII(blue) –424000
SIIplus(black) –283500
S-advance(black)–230000
Ace2(black) –170000
Mini(black) –101000

Sony
Xperia Z(violent)–499000
ZL(black) –454000
ZR(black) –460000
TX(white) –306000
Ion(black) –286000
miro(white) –157000
go(white) –200000
SL(gray) –303000

Huawei
Ascend Mate(black) –322000
U9508(black&white)–219000
U9200(black&white)–235500
U8825(black) –121000
G510(black) –128000
Y210(black) –55000
C8813(black) –106000

HTC
Butterfly(red&black)–579000
OneX+(black) –518000
Desire VC –233000
wildfire-S(white) –158000

LG
optimus G(white&black)–460000
Nexus4(black) –422000
4XHD(white) –420000
L9(white&black) –287500

CDMA 450 handset
Mustel f700(pink&white)–81000
haien5C(black) –41000
A8(yellow&green&black)–168000
E550(white) –201500

Lenovo
S880(black) –143000
S890(white) –181000

Emoto E58(yellow,white,blue)–85000

AnyCall Mobile ဖုန်းဆိုင်မှ ဖုန်းဈေးနှုန်းများဖြစ်ပါသည်။

mobileapp

Friday, June 28, 2013
ယခုတစ်ပတ်အတွက် ပြည်တွင်းမိုဘိုင်းဖုန်းဈေးနှုန်းများကိုဖော်ပြပေးလိုက်ပါတယ်။

“အိန္ဒိယတွင် ရေကြီးမှုဖြစ်သည့် ဒေသများ၌ ရုပ်အလောင်းများ ရှာဖွေဆယ်ယူနေရဆဲဖြစ်”

Photo: “အိန္ဒိယတွင် ရေကြီးမှုဖြစ်သည့် ဒေသများ၌ ရုပ်အလောင်းများ ရှာဖွေဆယ်ယူနေရဆဲဖြစ်”
Friday, June 28, 2013

အိန္ဒိယ နိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ ဒေသများ၌ ရုပ်အလောင်းများကို ကယ်ဆယ်ရေး လုပ်သားများက ရှာဖွေ ဆယ်ယူနေရဆဲ ဖြစ်သည်။ ကြာသပတေးနေ့က ရေကြီးမှုများ ဖြစ်ပွားနေရာ မြောက်ပိုင်း ဒေသများတွင် ရှာဖွေ တွေ့ရှိလာသည့် မည်သူမည်ဝါ မခွဲခြားနိုင်သော ရုပ်အလောင်းများကို အစုလိုက်ပင် မီးသင်္ဂြိုဟ်ခဲ့ရသည်။

တာဝန်ရှိသူများက ရေကြီးမှုအတွင်း လူအများအပြား သေဆုံးခဲ့ရာ ပုပ်ပွလာသော ရုပ်အလောင်းများကြောင့် ကပ်ရောဂါများ မဖြစ်ပွားမီ ကြိုတင် တားဆီးရန် လုပ်ဆောင်ခြင်းဟု ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင်လည်း ကယ်ဆယ်ရေး လုပ်သားများသည် ရေဘေးသင့် ဒေသများတွင် အလောင်းများကို ရှာဖွေနေဆဲ ဖြစ်သည်။

ကယ်ဆယ်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့သည် ဟိန္ဒူဘာသာဝင် ဝတ်ပြုသူ အများစု ပါဝင်သည့် ရေဘေးသင့် ပြည်သူ တစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီး ဖြစ်ကြောင်းလည်း သိရသည်။ အတ္တရာကန် ပြည်နယ်တွင် ဇွန်လ (၁၅)ရက်နေ့ ကတည်းက စတင်ပြီး ရေကြီးမှုနှင့် မြေပြိုမှုများ ဆိုးရွားလာပြီးနောက် အိမ်များ၊ အဆောက်အအုံများ ပျက်စီးသလို အချို့နေရာများတွင် ရွာလုံးကျွတ် ကွယ်ပျောက်သွားခဲ့သည်။

ဟိမဝန္တာ တောင်ခြေဒေသသည် ဟိန္ဒူဘာသာရေး အဆောက်အအုံများ ပေါများသော နေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည် အများအပြားလည်း လာရောက် လည်ပတ်လေ့ရှိသည်။ လက်ရှိအချိန်ထိ လူ(၁၀၀၀)ကျော် သေဆုံးပြီး ဖြစ်ကြောင်းသာ ယေဘုယျ သတ်မှတ်နိုင်ပြီး တိတိကျကျ ခန့်မှန်းရန် ခက်ခဲနေဆဲ ဖြစ်သည်။ အာဏာပိုင်များကမူ နောက်ထပ် ရုပ်အလောင်းများစွာ ရှာဖွေ တွေ့ရှိလာနိုင်သလို အသေအပျောက် ပမာဏလည်း မြင့်တက်လာနိုင်ကြောင်း ပြောကြားထားသည်။

Planet.com.mm

Friday, June 28, 2013

အိန္ဒိယ နိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ ဒေသများ၌ ရုပ်အလောင်းများကို ကယ်ဆယ်ရေး လုပ်သား
များက ရှာဖွေ ဆယ်ယူနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံမှာ Telenor SIM Card တွေအမြန်ဆုံးသုံးနိုင်အောင် လုပ်ပေးမယ်လို့ Telenor ပြော

Photo: မြန်မာနိုင်ငံမှာ Telenor SIM Card တွေအမြန်ဆုံးသုံးနိုင်အောင် လုပ်ပေးမယ်လို့ Telenor ပြော
Friday, June 28, 2013

မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြည်ပက ကုမ္ပဏီ ၂ ခုကို တင်ဒါ စိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တဲ့ အထဲမှာ နော်ဝေးနိုင်ငံက တယ်လီနော ကုမ္ပဏီလည်း ပါဝင်ပါတယ်။

ဒီ တယ်လီနော ကုမ္ပဏီ အနေနဲ့ အခုလိုင်စင် ရရှိပြီးနောက်မှာ ဘာတွေ ဆက်ပြီးလုပ်သွားကြမလဲ ဆိုတာကို အဲဒီ တယ်လီနော ကုမ္ပဏီက အာရှဒေသ တွင်း ဆက် သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid ကို ဘီဘီစီက ဆက် သွယ် မေးကြည့်တော့ ပထမ အဆင့်အနေနဲ့ ဒီလိုင်စင် အတွက် လိုအပ် တာတွေကို မြန်မာ အာဏာပိုင်တွေ နဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တချိန်ထဲမှာ မြန်မာ ပြည်သူတွေ မိုဘိုင်းဖုန်း တွေ အမြန်ဆုံး သုံးစွဲ နိုင်အောင် ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ မြန်နိုင်သမျှ မြန်မြန် အကောင်အထည် ဖော်သွားမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

အဲဒီအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဝန်ထမ်း ခေါ်ယူ ခန့်ထားမှုတွေကို လုပ်မှာဖြစ်ပြီး ဝန်ထမ်း အများစုကလည်း ပြည်တွင်း ထဲကပဲ ဖြစ်မှာပါလို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြန်မာ နိုင်ငံတွင်းမှာ မိုဘိုင်းဖုန်းတွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲ သွားနိုင်အောင် လုပ်ဖို့ကို ရည်ရွယ်ထားတဲ့ အတွက် ဈေးနှုန်းတွေ ကျလာမှာပါလို့ သူက ပြောပါတယ်။

အခုလက်ရှိ ပေးဆောင်နေရတဲ့ ဝန်ဆောင်မှု ဈေးနှုန်းတွေထက်ကို အများကြီး ပိုပြီးသက်သာ သွားမှာဖြစ်ပြီးတော့ တယ်လီနော အနေနဲ့ အာရှဈေးကွက်ထဲမှာ လုပ်ကိုင်လည်ပတ် နေခဲ့တာဟာ ၁၅ နှစ် ရှိနေပြီ ဖြစ်လို့ အတွေ့အကြုံ တော်တော် ရှိနေပါပြီလို့ မစ္စတာ မန်ဒီလစ်ဒ့်က ဆိုပါတယ်။

အာရှ ဈေးကွက်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ ကြိုတင် ငွေဖြည့် စနစ်နဲ့ ထပ်ပြီး ငွေ ထပ်ဖြည့်တဲ့ စနစ် မျိုးတွေကိုသာ အသုံးများတဲ့ အတွက်ကြောင့် ဒီလို စနစ်တွေကို လူတိုင်း သုံးစွဲနိုင်အောင်လို့ ဘယ်လို လုပ်ရမလဲ ဆိုတာကို သူတို့ အနေနဲ့ နားလည်ကြောင်း သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ပြောရရင်တော့ ကနဦး ဘယ်လောက် လဲ ဆိုတာ အတိအကျ ပြောဖို့ ခက်ပြီး မိုဘိုင်းဖုန်း ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ တိုင်းကတော့ ရင်းနှီးမြှုပ်နှံမှုကို တော်တော် ထည့်ရမှာ ဖြစ်သလို ဝန်ဆောင်မှုတွေ ပေးဖို့ လိုအပ်တဲ့ ကွန်ယက် တည်ဆောက်မှု၊ ဖြန့်ဖြူးမှု နဲ့ ဈေးကွက်ထဲ ထိုးဖောက်ဖို့တွေ အတွက် လုပ်ရမှာပါလို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး နဲ့ ပတ်သက်တဲ့ ဥပဒေတွေ လက်ရှိ အချိန်မှာက မရှိသေးတော့ နောက်ပိုင်း ပြဌာန်း လာတဲ့ အခါမှာရော အဲဒီအပေါ်မှာ ဘယ်လို ဆောင်ရွက်သွားမလဲ ဆိုတဲ့ ဘီဘီစီရဲ့ မေးမြန်းချက် ကို သူက ပြန်လည် ဖြေကြားရာမှာ ဘယ်နိုင်ငံမှာပဲ လုပ်ငန်း လုပ်လုပ် အဲဒီ နိုင်ငံရဲ့ ဥပဒေတွေကို လိုက်နာ ဆောင်ရွက် ရမှာ ဖြစ်တဲ့ အကြောင်း ၊

ပြည်ပကနေ လာပြီး ရင်းနှီးမြှုပ်နှံသူ ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံအတွင်း ရေ ရှည်မှာပါ တည်တည် တန့်တန့်ရှိနေအောင် အာမခံ ပေးနိုင်မယ့် ဥပဒေ တခု ရှိနေစေချင်ပါတယ်လို့ သူ့သဘောကို ပြောကြားခဲ့ပါတယ်။

အဲဒါကြောင့်လည်း တကယ်လို့ မြန်မာဘက်ကနေ ဆက်သွယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဥပဒေ ရေးဆွဲ ပြဌာန်းရေးမှာ အကူအညီ လိုမယ်ဆိုရင်လည်း ပူးပေါင်း ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ တယ်လီနော ကုမ္ပဏီက အာရှဒေသတွင်း ဆက်သွယ်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Glenn Mandelid က ဆိုသွားခဲ့ပါတယ်။

BBC News

Friday, June 28, 2013

မြန်မာ နိုင်ငံအတွင်းမှာ ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ပြည်ပက ကုမ္ပဏီ ၂ ခုကို တင်ဒါ စိစစ်ရေးအဖွဲ့က ခွင့်ပြုလိုက်တဲ့ အထဲမှာ နော်ဝေးနိုင်ငံက တယ်လီနော ကုမ္ပဏီလည်း ပါဝင်ပါတယ်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး တရုတ်နိုင်ငံသို့ ရောက်ရှိ

Photo: တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး တရုတ်နိုင်ငံသို့ ရောက်ရှိ
Friday, June 28, 2013

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးသည် မြောက်ကိုရီးယား၏ နျူက
လီးယား အရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ အရာရှိကြီးများနှင့် တွေ့ဆုံ
ဆွေးနွေးသွားရန်အတွက် တရုတ်နိုင်ငံ သို့ ဇွန် ၂၇ရက်နံနက်ပိုင်းတွင် ရောက်
ရှိလာခဲ့ကြောင်း သိရသည်။

၎င်း၏ တရုတ်နိုင်ငံခရီးစဉ်သည် လေးရက်ကြာမြင့်မည်ဖြစ်ပြီး အဆိုပါခရီးစဉ် အတွင်း တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင် နှင့်တွေ့ဆုံကာ မြောက်ကိုရီးယားတွင်
နျူကလီးယား ကင်းစင်ရေးအတွက် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ အကြားခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း
သိရသည်။

ထို့အပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခချန်နှင့် လွှတ်တော်ဥက္ကဋ္ဌ ကျန့်ဒီချန်း တို့နှင့်တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဒေသတွင်း အရေးကိစ္စများကိုပါ ဆွေးနွေးသွားမည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြ၀တီ

Friday, June 28, 2013

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးသည် မြောက်ကိုရီးယား၏ နျူက လီးယား အရေးနှင့် ပတ်သက်၍တ
ရုတ်နိုင်ငံမှ အရာရှိကြီးများနှင့် တွေ့ဆုံ ဆွေးနွေးသွားရန်အတွက်တရုတ်နိုင်ငံသို့ ဇွန် ၂၇ရက်နံနက်ပိုင်းတွင်
 ရောက်ရှိလာခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် အလုပ် ပြန်လုပ်နေပြီ ဖြစ်တဲ့ ထိုက်စံမော့စ်

Photo: သရုပ်ဆောင် အလုပ် ပြန်လုပ်နေပြီ ဖြစ်တဲ့ ထိုက်စံမော့စ်
Friday, June 28, 2013

မော့စ် ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “အနိုင်အရှုံး မရှိတဲ့ သက် ဆုံးတိုင်အချစ်” ဆိုတဲ့ ဗီဒီယို ကားမှာ ထိုက်စံမော့စ် က မိုးယုစံ နဲ့ အတူ သရုပ်ဆောင် ထားပါတယ်။

ဇာတ်လမ်းလေးက လူငယ်တွေ အတွက် ပညာပေး ကားလေးဖြစ်တယ် လို့ ပြောပြခဲ့ပါတယ်။ ၂လလောက် ကားရိုက် နားထားပြီး ပထမ ဆုံး ပြန်ရိုက်ထားတဲ့ ကားဖြစ်ပါတယ်။ နားထားတဲ့ ၂လ အတွင်း မှာလည်း အနုပညာ နဲ့ ပတ်သက်တာတွေကိုပဲ လေ့လာဖြစ်နေပြီး ပြန်ရိုက်တဲ့ အခါမှာ စကား ပြော တာ လေးတွေတော့ ပြန်ပြင်ရ တယ်လို့ ပြောပြခဲ့တာကတော့ “ဒီကားက နားထားတဲ့ ၂လ အတွင်းမှာ ပြန်ရိုက်တာ ပထမဆုံးကားပေါ့။

ဒီကား မှာကလည်း ဖိုက်တင်လေး ဘာလေး နည်းနည်း ပါတယ် ဆိုတော့ ဒီနားနေတဲ့ အချိန်မှာ အကောင်းဆုံး ဖြစ်ဖို့ အတွက် လေ့ကျင့်တယ်။ ဒီကားလေးမှာ ကိုယ် သရုပ်ဆောင် ရမယ့် ဇာတ်ရုပ်တွေ ကိုလေ့ကျင့် တယ်။ ကားစရိုက်တော့ လည်း တခြား အခက်အခဲတော့ မရှိပါဘူး။ ကင်မရာနဲ့ ကလည်း ရင်းနှီး နေပြီးသားလေ။ ဒါပေမဲ့ စကား ပြော တာလေး ပြန်ပြင် ရတယ်။ အဲဒါ လေးတော့ ပြန် လေ့ကျင့်နေရတယ်။ လိုအပ်ချက်တွေ ကတော့ ရှိနေသေးပါတယ်”လို့ ပြောပြခဲ့ပါတယ်။


ထိုက်စံမော့စ်က သီချင်း ဆိုတာကိုတော့ ဝါသနာ ပါပေမယ့် သရုပ်ဆောင် လိုင်းတစ်ခုတည်းကိုပဲ လုပ်ဖြစ်သွားမှာ ဖြစ် ကြောင်း ပြောပြခဲ့ပါတယ်။ “သီချင်း ဆိုတာ ဝါသနာ ပါတယ်။ ဒါပေမဲ့ ဒီသရုပ်ဆောင်လိုင်း တစ်ခုကိုပဲ လုပ်ဖြစ်နေတယ်။ ကျွန်တော်က စီးရီးတွေ၊ သီချင်းလိုက် ဆိုတာမျိုးတွေေ တာ့ ရှိလာမှာမဟုတ်ဘူး။ တစ်ခါ တလေ ပရိသတ် ကဆိုပြပေးပါ တောင်းဆိုတဲ့ အခါမျိုးဆိုရင်တော့ ဆိုပြမယ်။

သီချင်းဘက်ကိုပါ ပူးတွဲ လုပ်တာမျိုးတော့ မ လုပ်ဘူး။ဒီအနုပညာ သရုပ်ဆောင် လိုင်း တစ်ခု ကိုပဲ တစိုက်မတ်မတ် ကြိုးစားသွား မယ်။ နောက်ပိုင်း ရိုက်တဲ့ကားတွေမှာလည်း ထူးထူး ခြားခြားဖြစ်အောင် ကြိုးစားသွားမယ်” လို့ ပြောလာတဲ့ ထိုက်စံမော့စ် က ပရိသတ် ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့မယ့် ကားမျိုးတွေကိုလည်း ရွေးချယ် ရိုက်ကူးသွား မှာဖြစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

သိမ့်သိမ့်
Popular Journal

Friday, June 28, 2013

မော့စ် ထုတ်လုပ်ရေးကနေ ထုတ်လုပ်ပြီး ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “အနိုင်အရှုံး မရှိတဲ့ သက် ဆုံးတိုင်
အချစ်” ဆိုတဲ့ ဗီဒီယို ကားမှာ ထိုက်စံမော့စ် က မိုးယုစံ နဲ့ အတူ သရုပ်ဆောင် ထားပါတယ်။

ရှမ်းအမျိုးသမီးငယ် ညီအစ်မ(၂)ဦးအား KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု မိုးမောက်မြို့နယ်တွင် ဖြစ်ပွား

Photo: ရှမ်းအမျိုးသမီးငယ် ညီအစ်မ(၂)ဦးအား KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု မိုးမောက်မြို့နယ်တွင် ဖြစ်ပွား
Friday, June 28, 2013

မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်း၌ ကောက်စိုက်ပျိုးနေသော မိုင်းခတ်ရွာနေ ရှမ်းအမျိုးသမီး ညီအစ်မ(၂)ဦးအား KIA အဖွဲ့တစ်ဖွဲ့က သေနတ် များဖြင့်ချိန်၍ ဇွန် ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“သူတို့ညီအစ်မ နှစ်ယောက်တည်း အဲဒီလယ်မှာ ကောက်စိုက်နေကြတာ၊ လယ်ပိုင်ရှင်ကတော့ ဒီမိုင်းခတ် ရွာသား ကချင်လူမျိုးတစ်ဦး ဖြစ်ပါတယ်.. အကြီးမ မအေးတင်က (၁၈)နှစ်၊ အငယ်မ မဌေးရီက(၁၆)နှစ်ပဲ ရှိသေးတာ၊ အဲဒီ KIA အဖွဲ့က လာဖမ်းတုန်းက လယ်ပိုင်ရှင်ကလည်း ဘာမှဝင်မပြော လို့နေမှာပေါ့၊ ဘယ်ပြော မလဲ.. သူတို့ ကချင်လူမျိုးမှ မဟုတ်တာ၊ ယောင်္ကျားတွေကို လူသစ်စုလို့ အားမရသေးဘဲ မိန်းကလေးတွေကို အခုလို ဖမ်းဆီးတာကတော့ တော်တော်တရားလွန်သွားပြီ.. တာဝန်ရှိသူကို သွားတိုင်ရမှာပဲ၊ အပြစ်မရှိတဲ့ မိန်းကလေး ၂ ယောက်ရဲ့ ဘ၀အတွက် စိုးရိမ်ရပါတယ်.. အဲဒီ KIA က ကောင်တွေ လူစိတ်ကို မရှိတာ၊ ငါတို့ ရှမ်းမှာလည်း စစ်တပ်ရှိတာပဲ၊ သူတို့ ကချင်မတွေကို ပြန်ဖမ်းခိုင်းရင် သူတို့ ဘယ်လိုနေကြမလဲ မသိဘူး ” ဟု ဒေသခံရှမ်းလူမျိုး ရွာသားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြို့သစ်မြို့နယ်ရဲစခန်းသို့ မိုင်းခတ်ရွာသား ရှမ်းလူမျိုးများက တိုင်တန်းခဲ့ရာ ၎င်းရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

နော်တူးဇော်

Kachin Daily News 
Photo-အင်တာနက်

Friday, June 28, 2013

မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်း၌ ကောက်စိုက်ပျိုးနေသော မိုင်းခတ်ရွာနေ ရှမ်းအမျိုးသမီး ညီအစ်မ(၂)ဦးအား KIA အဖွဲ့တစ်ဖွဲ့က သေနတ် များဖြင့်ချိန်၍ ဇွန် ၂၇ ရက်
နေ့ နံနက် ၇ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ပေါင်း၍ အသစ်ပြန်ဖွဲ့မည်

Friday, June 28, 2013

ဈေးနှုန်းမြင့်မားပြီး ဝန်ဆောင်မှု အားနည်းချက်များကြောင့်သုံးစွဲသူများစိတ်ပျက်နေသည့် မြန်မာ့ဆက်သွယ်

ရေး လုပ်ငန်းကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ သူများနှင့် ပူးပေါင်းကာ အများပိုင်ကုမ္ပဏီ အဖြစ် အသစ်ပြန်
လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်
ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းလဲမည်မဟုတ်

Friday, June 28, 2013

လွတ်လပ်ရေးမရမီ အချိန်က တည်ဆောက်ခဲ့သော ရွှေတိဂုံဘုရားတောင် ဘက်မုခ်ရှိ ကန်တော်မင် ပန်းခြံ

ကို ဦးဥတ္တမပန်းခြံဟု ခေါ်ဝေါ်ခဲ့သည့် အထောက်အထား ခိုင်လုံစွာ မတွေ့ရှိရသောကြောင့် ဦးဥတ္တမ ပန်းခြံဟု အမည်ပြောင်းလဲမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး၊ ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။

၁၉၉၁ ခုနှစ် စစ်တပ်မှ အင်အားသုံး ဖယ်ရှားခံခဲ့ရသော မိချောင်းကန်အပိုင်း ၁၊၂၊၃ မှ မူလမြေပိုင်ရှင်များမှ (၅) ကြိမ်မြောက်ဆန္ဒပြ

Friday, June 28, 2013
၁၉၉၁ ခုနှစ် ယခင်စစ် အစိုးရလက်ထက် စစ်တပ်မှအင်အားသုံးဖယ်ရှားခံခဲ့ရသည့်မိချောင်းကန်အပိုင်း ၁၊ ၂
၊၃ မှ မူလပိုင်ရှင်များမှ(၅)ကြိမ်မြောက် ဆန္ဒပြမှုကိုဇွန်၂၇ ရက် နံနက်၁၁ နာရီတွင်ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ
ပန်းခြံရှေ့တွင် လူအင်အား ၂၀၀ ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။