Pages

Wednesday, June 26, 2013

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား တိုက်လေယာဉ်များ လေ့လာ

Photo: ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား တိုက်လေယာဉ်များ လေ့လာ
Wednesday, June 26, 2013

ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မစ်လို့ လူသိများတဲ့ MiG တိုက် လေယာဉ်တွေ ထုတ်လုပ်ရာ စက်ရုံကို သွားရောက်လေ့လာခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါ တယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ အတူလိုက်ပါသွားတဲ့ တပ်မတော်(လေ) စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် လွင်ဦး ကိုယ်တိုင် အဆင့်မြှင့် ထားတဲ့ MiG 29 M လေယာဉ်ကို စမ်းသပ်မောင်းနှင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

လက်ရှိမြန်မာ့ လေတပ်မတော်မှာ ရုရှားလုပ် MiG 29 တိုက်လေယာဉ်တွေ၊ မီဟိုင်း လို့ ခေါ်တဲ့ MI အမျိုးအစား တိုက်ခိုက်ရေး ရ ဟတ်ယာဉ်တွေကို အသုံးပြုနေကြပြီး အခုလဆန်းပိုင်းကပင် လေယာဉ်အသစ်တွေကို မိတ္ထီလာ လေတပ်စခန်းမှာ တပ်တော်ဝင် အခမ်းအနား ပြုလုပ်ခဲ့ပါသေးတယ်။

ဒါကြောင့်လည်း ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဇွန်လ ၂၂ ရက်က စတင်တဲ့ အခုခရီးစဉ်မှာ မြန်မာ့ လေတပ်မတော်အတွက် ရုရှားလုပ် ခေတ်မီလေယာဉ်တွေ ထပ်မံ ဖြည့်တင်းတော့မလား ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ  လက်နက်သစ်တွေ ၀ယ်ယူဖို့ထက် အရင်ဝယ်ယူသုံးစွဲနေတဲ့ လက်နက်တွေအတွက် အပိုပစ္စည်းတွေ ထပ်မံရရှိဖိုနဲ့ ရုရှား-မြန်မာ တပ်မတော်ချင်း ဆက်ဆံရေးကို ပြန်လည်ထိန်းညှိဖို့ သွားရောက်တာလို့ သုံးသပ်ပါတယ်။

“အမေရိကန်နဲ့ စစ်ရေးအရပူးပေါင်းဖို့ ဆိုတာက မေးတင်တဲ့ကာလ၊ ဆွေးနွေးဆဲကာလပဲရှိသေးတော့ ချိန်ခွင်လျှာညှိဖို့ ရုရှားသွားရ လိမ့်မယ်၊ ဒါ့အပြင် အရင်က ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုယ်တိုင် ရုရှားနဲ့ စာချုပ်ချုပ်ထားတဲ့ အလုပ်တွေကို ဖြေရှင်းဖို့သွားတယ် လို့ ယူဆတယ်”လို့ ဆိုပါတယ်။

စစ်အစိုးရလက်ထက် ရုရှားနဲ့ သဘောတူညီမှုရယူ လုပ်ကိုင်ခဲ့တဲ့ နျူကလီးယား ကိစ္စ၊ တပ်မတော် ပညာတော်သင်များအရေး သွားရောက် ဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ ဦးအောင်လင်းထွဋ်က ပြောပါတယ်။

မြန်မာ့ တပ်မတော်အနေနဲ့ အရင်ကတည်းက ရုရှားဆီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ လက်နက်ကြီး၊ ဒုံးလက်နက်တွေကို ၀ယ် ယူသုံးစွဲခဲ့တာဖြစ်တဲ့ အတွက် အပိုပစ္စည်းရရှိရေးကလည်း အရေးကြီးတဲ့ ကိစ္စရပ်တခုပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှား ကာကွယ်ရေးဝန်ကြီး General of the Army Sergey K.SHOIGU နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံရေးတိုးမြှင့်ဖို့၊ ရုရှားနိုင်ငံရောက် တပ်မတော်သား ပညာသင်များအရေးတို့ကို ဆွေးနွေးကြတယ်လို့လည်း အစိုးရ သတင်းစာတွေမှာ ရေးသားပါတယ်။

စစ်အစိုးရလက်ထက်က မြန်မာ့ တပ်မတော်ဟာ စစ်လက်နက်ပစ္စည်းနဲ့ ပတ်သက်ရင် ရုရှားနဲ့ တရုတ်ကို တချိန်လုံးမှီခိုခဲ့ရပေမယ့် အစိုးရသစ် လက်ထက်မှာတော့ အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြန်လည်စတင်နိုင်ဖို့ ခြေလှမ်းပြင်ခဲ့ ပါတယ်။

မကြာသေးခင်ကလည်း  မြန်မာ့ရေတပ်က အရာရှိ ၂၀ လောက် ပါကစ္စတန်နိုင်ငံမှာ ရေငုတ်သင်္ဘောနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်နေတယ်လို့ ဗြိတိန်အခြေစိုက် ဂျိန်းစ် ကာကွယ်ရေးစာစောင်က ဖော်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့မေလအတွင်းက သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ ကာကွယ်ရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ဝေလွင် ကိုယ်တိုင် လိုက်ပါပြီး အမေရိကန်နှင့် မြန်မာ တပ်မတော် နှစ်ရပ်အကြား တရားဝင်ဆက်ဆံရေး ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။

လက်ရှိ အခြေအနေမှာတော့ အမေရိကန်ကို သွားရောက် စစ်သင်တန်းတက်ရောက်နိုင်ခြင်း မရှိသေးပေမယ့် အာရှ- ပစိဖိတ် ဒေ သ အတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ရွှေမြွေဟောက်(Cobra Gold) စစ်ဆင်ရေးမှာ လေ့လာသူအဖြစ်ပဲ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

ဧရာဝတီ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ကို ရုရှား နိုင်ငံ Lykh ovitsy JSC RAC MiG စက်ရုံမှ တာဝန်ရှိသူများ နှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ်)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ကို ရုရှား နိုင်ငံ Lykh ovitsy JSC RAC MiG စက်ရုံမှ တာဝန်ရှိသူများ နှင့် အတူ တွေ့ရစဉ် (ဓာတ်ပုံ – မြ၀တီ ဖေ့စ်ဘုတ်)
Wednesday, June 26, 2013

ရုရှားနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မစ်လို့ လူသိများတဲ့ MiG တိုက် လေယာဉ်တွေ ထုတ်လုပ်ရာ စက်ရုံကို သွားရောက်လေ့လာခဲ့တယ်လို့ ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါ တယ်။

တဒေါ်လာ ကျပ်တထောင် ကျော်ပြီ

Photo: တဒေါ်လာ ကျပ်တထောင် ကျော်ပြီ
Wednesday, June 26, 2013

ရန်ကုန်မြို့တော် အခြေစိုက် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၀ယ်ယူမှု အလွန်များပြား သောကြောင့် တဒေါ်လာလျှင် မြန်မာငွေ ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက  ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာလျှင် မြန်မာကျပ်ငွေ ၈၅၀ နှင့် ၈၇၀ အကြား ရှိခဲ့ရာမှ မေလ ဆန်းပိုင်းမှ စတင်ပြီး ဒေါ်လာတန်ဖိုးများ မြင့်တက်ခဲ့ရာ မေလအတွင်းတွင် အမေရိကန်တဒေါ်လာလျှင် ကျပ် ၉၅၀ ၀န်းကျင် ထိ ရောက်ရှိခဲ့ကြောင်း၊  ယခု ဇွန်လကုန်ပိုင်းတွင်မူ အမေရိကန်ဒေါ်လာ ၀ယ်ယူစုဆောင်းမှု ပိုမိုများပြားလာပြီး တဒေါ်လာ လျှင် ကျပ်ငွေ ၁၀၀၅ ကျပ် အထိ ဈေးထိုးတက်သွားကြောင်း၊ ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၀ယ်ယူ၍ မရသည် အထိ ဈေးနှုန်း မြင့်တက်သွားပြီး အစိုးရ၏ ခွင့်ပြုချက်လိုင်စင်ဖြင့် နိုင်ငံခြား ငွေလဲလှယ်ရေး လုပ်ငန်းကိုင်နေသော ပုဂ္ဂလိက ဘဏ် များတွင် ဒေါ်လာရောင်းဝယ်မှု ရပ်တန့်သွားကြောင်း  သိရှိရသည်။

ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသော ငွေလဲနှုန်းမှာ အမေရိကန် တဒေါ်လာလျှင် ၉၅၉ ကျပ်ဖြစ်ပြီး ပုဂ္ဂလိကဘဏ် များတွင်မူ အမေရိကန်တဒေါ်လာ ရောင်းဈေး ၉၆၀ ကျပ်၊ ၀ယ်ဈေး ၉၆၇ ကျပ် သတ်မှတ်ထားသော်လည်း  အလုပ်မဖြစ်ကြောင်း၊ ပြင်ပငွေလဲ ဈေးကွက်တွင်မူ  အမေရိကန်တဒေါ်လာလျှင် ရောင်းဈေး ၁၀၀၀ ကျပ် ၊ ၀ယ်ဈေး ၁၀၀၅ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၀ယ်မရသည်အထိ ပြတ်လပ်သွားကြောင်း သိရှိရသည်။

“ဘာကြောင့်မှန်းမသိဘူး ဒေါ်လာ တအားလိုက်ဝယ်နေတယ်။ မနက်ဈေးစဖွင့်တုန်းက ၉၉၈ လောက်ပဲရှိတာ။ တနေကုန် အ၀ယ်များလွန်းလို့ အခု ဈေးပိတ်ခါနီး (ညနေ ၅ နာရီ) မှာ တဒေါ်လာ ၁၀၀၅ ကျပ် အထိ ရောက်သွားပြီ။ ဒီနေ့ တနေ့ တည်းကို ဈေးတွေ ထိုးတက်သွားတာ” ဟု ရန်ကုန်မြို့မှာ နိုင်ငံခြားငွေလဲဒိုင်တဦးက ပြောသည်။

အမေရိကန်ဒေါ်လာ ၀ယ်ယူ စုဆောင်းသူများတွင် ရွှေကုန်သည်များ ပါဝင်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ရွှေကုန်သည်ကြီးတဦးက ပြောသည်။

“အခု ကမ္ဘာ့ရွှေဈေးက ထိုးကျနေတော့ မြန်မာ့ရွှေဈေးလည်း လိုက်ပြီး ထိုးကျတယ်။ အဲဒီတော့ ရွှေကုန်သည်တွေက ဒေါ်လာတွေလိုက်ဝယ်ကြတယ်။ ရွှေအစား ဒေါ်လာ ပြန်ကိုင်ကြတာပေါ့” ဟု ရွှေကုန်သည်က ဆိုသည်။

ကမ္ဘောဇဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကမူ ဒေါ်လာ တန်ဖိုးတက်ရခြင်း ဈေးကစားမှု၊ ၀ယ်ယူစုဆောင်းမှုများ အပါအ၀င် အကြောင်းရင်း များစွာရှိနေကြောင်း ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

“ဒေါ်လာဈေး တက်ရတဲ့ အကြောင်းအရင်း တွေက အများကြီးပဲဗျ။ ဈေးကစားမှုတွေ ပါလာတယ်။ ဒေါ်လာဝယ်စုကြတယ်။ တက်မယ်၊ တက်မယ်ဆိုပြီး ၀ယ်စုကြတော့ တက်တာ။ ကျောက်မျက်သမားတွေလည်း ၀ယ်လားလို့ သံသယရှိတယ်။ ဒီမှာ လာပြီးတော့ ဒေါ်လာဝယ်ပြီးတော့ ကျောက်မျက်ဝယ်တဲ့သူတွေလည်း များသလား။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကလည်း တိတိပပ မလာသေးဘူးလေ။ အလားအလာက ဘယ်လိုဖြစ်မလဲတော့မသိဘူး” ဟု ဦးသန်းလွင်က ဆိုသည်။

လတ်တလော အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်မှုသည် ဗဟိုဘဏ်၏ ငွေလဲလှယ်နှုန်းထား တည်ငြိမ်ရေး မူဝါဒကို ထိခိုက်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နယ်အယ်ဖောက ဧရာဝတီသို့ ပြောသည်။

” အခု ကျမတို့က ဈေးကွက်ရဲ့အတိုက်အခိုက်ကို ခံနေရတော့ ကျမတို့ ဘယ်လိုစီမံနေသလဲဆိုတာ မပြောနိုင်ဘူး။ ဗဟိုဘဏ်ရဲ့ အလုပ်က ငွေလဲနှုန်း ငြိမ်ရမယ်၊ ဖြစ်သင့်တဲ့ ဈေးနှုန်းဖြစ်ရမယ်”ဟု ဒေါ်နယ်အယ်ဖောက ပြောသည်။

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်ရေး ဆွဲတင်မည်ဆိုသော အစိုးရ၏ မူဝါဒကြောင့် တိုင်းပြည်အထိနာပြီး ပြည်သူ အများစု စီးပွားရေး အကျပ်အတည်းဖြစ်လာမည်ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာမောင်မောင်စိုးက သုံးသပ်သည်။

“အစိုးရရဲ့မူဝါဒ ဒေါ်လာကို တက်အောင် ဆွဲတင်တဲ့မူဝါဒ။ ဒေါ်လာတက်တယ်ဆိုရင် သူတို့က မထိန်းဘူး။ ပို့ကုန်တိုးတက်ရေးမူဝါဒတခုတည်းနဲ့ပဲ သူတို့သွားနေတာ။ ဒေါ်လာဈေးတက်ပေမယ့်လည်း လက်တွေ့မှာ ပို့ကုန်တွေကလည်း တက်မလာဘူး။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုတာကလည်း ထင်သလောက် ၀င်မလာဘူး။ ဒေါ်လာဈေးတက်တဲ့အတွက်ကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်တယ်။ ပြည်သူတွေအထိ နာလိမ့်မယ်။  ကိုယ့်ငွေက တန်ဖိုးရှိနေတာကို ဆွဲချတာမျိုး မလုပ်သင့်ဘူး။ ဒေါ်လာတန်ဖိုးတက်ရင် ဈေးနှုန်းမြင့်တက်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ နောက်ဆက်တွဲဖြစ်လာလိမ့်မယ်။ လာမယ့် စီးပွားရေးအခြေအနေက ပိုကျပ်လာလိမ့်မယ်” ဟု ဒေါက်တာမောင်မောင်စိုးက ဆိုသည်။

ဒေါ်လာဈေးမြင့်တက်မှု၏ နောက်ဆက်တွဲ ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းနေရသော စက်သုံးဆီ၊ စားအုန်းဆီ အပါအ၀င် သွင်းကုန်များ၏ ဈေးနှုန်း တရိပ်ရိပ်မြင့်လိမ့်မည်ဟု စီးပွားရေး ပညာရှင်အချို့က သုံးသပ်ကြသည်။

ဧရာဝတီ
အမေရိကန် တဒေါ်လာလျှင် ၁၀၀၅ ကျပ်အထိ ဈေးနှုန်းမြင့်တက် သွားသည် (ဓာတ်ပုံ – Reuters)

Wednesday, June 26, 2013

ရန်ကုန်မြို့တော်အခြေစိုက် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်တွင်အမေရိကန်ဒေါ်လာဝယ်ယူမှု အလွန်များပြား
 သောကြောင့် တဒေါ်လာလျှင် မြန်မာငွေ ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးများအား မြို့ကြီးများ၌ တပြိုင်တည်း မီးရှို့ဖျက်ဆီး

Photo: မူးယစ်ဆေးဝါးများအား မြို့ကြီးများ၌ တပြိုင်တည်း မီးရှို့ဖျက်ဆီး
Wednesday, June 26, 2013

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနားများအား  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်တောင်ကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့က တပြိုင်တည်းကျင်းပခဲ့သည်။ 

မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှုများကို တိုက်ဖျက်သောအားဖြင့် ရန်ကုန်တိုင်း ဒေသ ကြီး လှော်ကားမြို့နယ်ရှိ အမှတ်(၁) ရဲတပ်ရင်းသင်တန်းကျောင်း အားကစားကွင်းအတွင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဖမ်းဆီးရရှိမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့သည်။ 

အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ပွဲသို့ စင်္ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံများမှ သံတမန် အယောက် (၂၀)နှင့် အစိုးရ ဌာနများမှ အရာရှိကြီးများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာတို့နှင့် တကွ မြို့နယ် အချို့မှကျောင်းသားများ ဘင်ခရာတီးဝိုင်းများအစရှိသည့် လူပေါင်း(၄၀၀)ခန့် တက်ရောက်သည်။ 

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများတွင် ဘိန်းဖြူများ၊ စိတ်ကြွဆေးများ အရည်၊ အခဲ၊ အမှုန့်၊ ထိုးဆေးနှင့် ဆေးပြားများအား မီးရှို့ဖျက်ဆီးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်၊ ရခိုင်၊ ကရင်ပြည်နယ်တို့မှ ဖမ်းဆီးရရှိထားသည့် မူးယစ်ဆေးဝါးများဖြစ်ပြီး ၄ ၄၀၇ ၀၀၇ ၁၀၀ (သိန်း လေးသိန်းလေးထောင့် ခုနှစ်ဆယ် ဖိုးခန့်)US $ ၄.၆ သန်းကျော်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

တောင်ကြီးမြို့၌ ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများမှာ ကာလပေါက်ဈေးအရ  အမေရိကန်ဒေါ်လာ ၆၄ သန်းဖိုး ဖျက်စီးခဲ့ပြီး၊ မန္တလေးတောင်ခြေ၌ မူးယစ် ၈.၂ သန်းဖိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ 

“ဘိန်းစိုက်တောင်သူတွေက အစားထိုးသီးနှံကလည်း စိုက်ပြီးရင်ဈေးကွက်ရှာဖို့က မလွယ် ဘူးလေ။ ဈေးကွက် ရမှသာ သူတို့က ဒါကိုစွန့်လွှတ်ပြီး တခြားဟာလုပ်နိုင်မှာ။အခက်အခဲတွေကတော့ အများကြီး ရှိတာပေါ့။   ဒေသခံဘိန်းစိုက်တောင်သူတွေကို   အသိပညာပေးဖို့လည်း လိုတယ်လေ။ ကျွန်တော်တို့နဲ့ တရုတ်တို့ ထိုင်း တို့ နဲ့ပေါင်းပြီးတော့ သူတို့အတွက် အစားထိုးဖွံ့ဖြိုးမှုတွေ လုပ်ပေးဖို့ ပရောဂျက်တွေ စီစဉ်ထားပြီးသားပါ နယ်မြေ အပိုင်းတွေ သတ်မှတ်ပြီးတော့ ဘိန်းအစားထိုးမှု ကျယ်ပြန့်လာအောင် ဆောင်ရွက်သွားမှာပါ။”ဟု ရန်ကုန်တိုင်း ဒေသကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအထူးအဖွဲ့မှ ဒုရဲမှူး ဦးခင်မောင်သိန်းက ပြောသည်။ 

ယခုနှစ်များအတွင်း ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့ခြင်းမှာ ကမ္ဘာတွင်ဘိန်းဖြူဈေးကွက်မှာ ပိုမို မြင့် တက်လာလျက်ရှိပြီး ၀ယ်လိုအားများ ပိုများလာသောကြောင့် တောင်သူများမှာယခင်လိုပြန်လည်စိုက်ပျိုး လာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

၂၀၁၂ ခုနှစ်၌ ရန်ကုန်တိုင်းအတွင်း အမေရိကန်ဒေါ်လာ ၁၄.၈ သန်း၊ မန္တလေးတိုင်းအတွင်း ၅.၀၅ သန်းနှင့် ရှမ်းပြည်နယ်တွင် ၈၃.၂၅ သန်းဖိုး ဖျက်စီးခဲ့ကြောင်း သိရသည်။ 

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးများကို မီးရှို့သည့်ပွဲများကို မြန်မာနိုင်ငံ   တွင် ၁၉၉၇ ခုနှစ်မှ စတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုမှာ ၁၆ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၁ ခုနှစ်ကစတင်ကျင်းပခဲ့ပြီး ရန်ကုန်၊မန္တလေးနှင့်တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ်မှစ၍ တပြိုင်နက် ကျင်းပခဲ့ခြင်းဖြစ်သည်။

http://myitmakhamediagroup.com/detail.php?newid=4990

Wednesday, June 26, 2013

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး မီးရှို့သည့်အခမ်းအနား
များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်တောင်ကြီးမြို့၌ ဇွန်လ ၂၆ ရက်နေ့က တပြိုင်တည်းကျင်းပခဲ့သည်။

တိုင်းမ်မဂ္ဂဇင်းကို သံဃာ နှင့် ပြည်သူများ ဆန္ဒပြကြမည်

Wednesday, June 26, 2013

ဦးဝီရသူအား တိုင်းမ်မဂ္ဂဇင်းမှ ဗုဒ္ဓဘာသာ အ ကြမ်းဖက်သမားဟု ရေးသားချက် အပေါ် ကျေနပ်မှုမရှိ၍ သံ
ဃာ တော်များ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင်သူ ဆရာ တော် ဦးပါမောက္ခက မိန့်သည်။ ''တိုင်း
မ်မဂ္ဂဇင်းက ဦးဝီရသူ ကို ဒီလိုစွပ်စွဲပြီးရေးတာက ဗုဒ္ဓဝါဒတစ်ခုလုံးကို စွပ်စွဲလိုက်သလိုပဲ။

“အိန္ဒိယတွင် ရေဘေးကယ်ဆယ်ရေးဆောင်ရွက်သည့် စစ်ဘက်ရဟတ်ယာဉ် ပျက်ကျ”

Photo: “အိန္ဒိယတွင် ရေဘေးကယ်ဆယ်ရေးဆောင်ရွက်သည့် စစ်ဘက်ရဟတ်ယာဉ် ပျက်ကျ”
Wednesday, June 26, 2013

အိန္ဒိယနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော ဒေသများအတွင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာမှ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လူ(၁၉)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ မြောက်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်မှ စတင်ကာ ရေကြီးမှုများ ဖြစ်ပေါ်နေသည့်နောက် အိန္ဒိယ စစ်ဘက်နှင့် အရပ်ဘက် ရဟတ်ယာဉ်ပေါင်း (၆၀)ကျော်သည် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကူညီ ဆောင်ရွက်နေသည်။

သို့သော်လည်း ဟိမဝန္တာ တောင်ခြေဒေသတွင် မြူနှင်းများ ဖုံးလွှမ်းနေသလို မိုးလည်း သည်းထန်စွာ ရွာသွန်းနေမှုများကြောင့် ရဟတ်ယာဉ် မောင်းနှင်သူများအတွက် အလွန် ခက်ခဲစွာ လုပ်ဆောင်နေရသည်။ထို့အပြင် ရေကြီးမှုကြောင့် မြေပြင်အနေအထား ပြောင်းလဲမှုများကလည်း ပြဿနာတစ်ရပ် ဖြစ်လာသည်။ 

Planet.com.mm

Wednesday, June 26, 2013

အိန္ဒိယနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသော ဒေသများအတွင်းကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်
ရာမှ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လူ(၁၉)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

"ပြည်တွင်းအထည်ချုပ်နှင့် အဲကွန်းစက်ရုံတို့ မလေးပြန်လုပ်သားတို့အား အလုပ်ပေးရန် လာရောက်ဆက်သွယ်"

Wednesday, June 26, 2013

မလေးပြန် အလုပ်သမားများ ကို အလုပ်ပေးရန် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ၊ အဲကွန်းစက်ရုံ များမှ အလုပ်

သမားညွှန်ကြားရေး ဦးစီးဌာနသို့ လာရောက်ဆက်သွယ်ထားကြောင်း သိရသည်။'' မနေ့ကပဲ အဲကွန်းစက်ရုံ 
တစ်ရုံကအလုပ်သမား၁၅ဝ ကိုအလုပ်ပေးနိုင်ပါတယ်ဆိုပြီးလာပြော တယ်။ တခြား အထည်ချုပ်စက်ရုံ တွေ
ကလည်း အလုပ်ပေးမယ်လို့ ပြောထားတာရှိတယ် '' ဟု အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ပါကစ္စတန် လေပိုင်နက်အတွင်း အမေရိကန် မောင်းသူမဲ့ လေယာဉ်များ စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်

Photo: ပါကစ္စတန် လေပိုင်နက်အတွင်း အမေရိကန် မောင်းသူမဲ့ လေယာဉ်များ စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင် 
Wednesday, June 26, 2013

ပါကစ္စတန်နှင့် နေတိုး အဖွဲ့ဝင်များ အကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာသည့် အလျောက် အစ္စလာမ် မာဘတ် အစိုးရသည် ၎င်းတို့၏ နယ်နိမိတ် အတွင်းသို့ ကျူးကျော် ဝင်ရောက်လာသည့် မည် သည့် လေယာဉ် သို့မဟုတ် မောင်းသူမဲ့ လေယာဉ်မျိုးကို မဆို

ပစ်ချသွားမည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ ပါသည်။ အာဖဂန် နယ်စပ် တစ်လျှောက်၌  နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန် ရဟတ်ယာဉ်များ၏ ပစ် ခတ်မှုကြောင့် ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၄ ဦး မတော်တဆ သေဆုံးမှု ဖြစ်ပွားပြီး နောက်ပိုင်း ပါကစ္စတန် ဝေဟင် ပိုင်နက်အတွင်း နိုင်ငံခြား တပ်ဖွဲ့များ စစ်ဆင်ရေး ပြုလုပ်မှုများနှင့် ပတ်သက်၍ ပါကစ္စတန်၏ အခိုင်အမာ ရပ်တည်ချက် သဘောထားမှာ သိသိသာသာ ပြောင်းလဲ သွားခဲ့ပါသည်။

          အမေရိကန် မောင်းသူမဲ့ လေယာဉ်များ အပါအဝင် မိမိတို့၏ လေပိုင်နက် အတွင်းသို့ ခွင့်ပြုချက် မရဘဲ ဝင်ရောက်လာသော မည်သည့် အရာဝတ္ထုကို မဆို ရန်သူအဖြစ် သတ်မှတ်သွား မည် ဖြစ်ပြီး ပစ်ချ မည်ဖြစ်ကြောင်း အမည် မဖော်လိုသူ ပါကစ္စတန် စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦး၏ ပြောကြားချက်အား NBC သတင်း ဌာနမှ ကိုးကားဖော်ပြ ခဲ့ပါသည်။ မတော်တ ဆမှု ဖြစ် ပွားပြီးနောက်ပိုင်း ပါကစ္စတန် နိုင်ငံသည် နေတိုး အဖွဲ့ဝင်များ၏ ထောက်ပံ့ရေး လမ်းကြောင်းအားလုံးကို ပိတ်ပစ်ခဲ့ပြီး စီအိုင်အေတို့ လှုပ်ရှား လျက်ရှိသည့် Balochistan ပြည်နယ် Shamsi လေ ယာဉ်ကွင်းမှ ထွက်ခွာသွားရန် အမေရိကန် တို့အား အကြောင်း ကြားခဲ့ပါသည်။ အဆိုပါ လေယာဉ်ကွင်းသည် ယင်းနယ်မြေ အတွင်း မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများကို အထောက် အကူ ပေးသည့် လေယာဉ်ကွင်း ဖြစ်ပါသည်။ ဒီဇင်ဘာလ ၁ဝ ရက်နေ့က အမေရိကန် တပ်ဖွဲ့များ အားလုံး ၎င်းအခြေစိုက် စခန်းမှ ထွက်ခွာသွားပြီး ဖြစ်ကြောင်း ပါကစ္စတန် သတင်း အရင်း အမြစ် များက အတည်ပြု ပြောကြား ခဲ့ပါသည်။

          လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ပါကစ္စတန် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ashfaq Parvez Kayani က ၎င်း၏ တပ်ဖွဲ့ဝင်များသို့ တရားဝင် ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နောက်ထပ် တိုက်ခိုက်မှုများ အတွက် အထက်သို့ တင်ပြရန် မလိုဘဲ ချက်ချင်း တုံ့ပြန် တိုက်ခိုက်သွားရန် လုပ်ပိုင်ခွင့် အပြည့်အဝ ပေးခဲ့ပါသည်။ ထို့ပြင် Kayani သည် နိုဝင်ဘာ ၂၆ ရက် တိုက်ခိုက်ခံရမှု နောက်ပိုင်း ညွှန်ကြားချက်များစွာ ထုတ်ပြန်ခဲ့ပြီး အဆိုပါ ညွှန်ကြားချက်များတွင် အမေရိကန် မောင်းသူမဲ့ လေယာဉ် များပါ ပစ်ချသွားရန် ပါဝင်ကြောင်း စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြား ခဲ့ပါသည်။

          အမေရိကန် သတင်း အရင်းအမြစ်များ၏ အတည်ပြု ပြောကြားချက်အရ မကြာသေးမီ နှစ်များက ပါကစ္စတန် နိုင်ငံ အတွင်း၌ အယ်လ်ကိုင်ဒါနှင့် တာလီဘန် ထောက်ပံ့ အားပေးသူများ အား မောင်းသူမဲ့ လေ ယာဉ်များဖြင့် ရှာဖွေ တိုက်ခိုက်မှုပေါင်း ၃ဝဝ ကျော် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ပါကစ္စတန် လေ ကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များ အနေဖြင့်လည်း အာဖဂန် နယ် စပ်တစ်လျှောက် တပ်ဖြန့်နေရာ ယူခဲ့ပြီး ၎င်းတို့၏ အသင့်ဖြစ်မှုကို တိုးမြှင့် ခဲ့ပါသည်။ ပါကစ္စတန် နိုင်ငံ အနောက်မြောက် နယ်စပ်ရှိ Waziristan ဒေသ၌ သံသယရှိသော အကြမ်းဖက်မှု ထောက် ပံ့ရေး သမားများနှင့် အကြမ်းဖက် သမားများအား တိုက် ခိုက် ချေမှုန်းရန် နေတိုး အနေဖြင့် တိုက်ပွဲ လုပ်ငန်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာပြီးနောက် ပါကစ္စတန် နိုင်ငံ Abbottabad မြို့ရှိ အိုစမာ ဘင်လာဒင် ပုန်းအောင်းရာ နေရာသို့ စီးနင်းဝင်ရောက် တိုက်ခိုက်မှုနှင့်ပါ ဆက်စပ်မည် ဆိုပါက ၂ဝ၁၁ ခုနှစ်အတွင်း နေတိုး၏ တိုက်ခိုက်မှုများမှာ အထွတ်အထိပ် သို့ ရောက်ရှိ ခဲ့ပါ သည်။

          ပါကစ္စတန် လေတပ်သည် ဥရောပနှင့် တရုတ် နိုင်ငံတို့မှ ထုတ်လုပ်သော လေကြောင်းရန် ကာ ကွယ်ရေး လက်နက်များကို ရောနှောပိုင်ဆိုင် ထားပါသည်။ အဆိုပါ လက်နက်များထဲတွင်  တရုတ် မျိုးကွဲ S-300 နှင့် SA-2 ဒုံးကျည်များနှင့် အကြမ်းဖျင်း တူညီသည့် တရုတ်လုပ် HQ-9 နှင့် HQ-2 ဒုံးကျည်များ၊ တာလတ်နှင့် တာတိုပစ် Crotale နှင့် Spada 2000 ဒုံးကျည်များ ပါဝင်ပါ သည်။ လေကြောင်းရန် ကာကွယ် ရေး စနစ်များကို ပုံမှန်အားဖြင့် လေတပ်စခန်းများ၊ စစ်ဘက် ဆိပ်ကမ်းများနှင့် နျူကလီးယား စက်ရုံများ ကဲ့သို့သော ကာကွယ်ရေး မဟာဗျူဟာ နေရာများတွင် တပ်ဖြန့် ချထားလျက် ရှိပါသည်။ ၎င်း မဟာဗျူဟာ နေရာများကို ပုံမှန်အားဖြင့် ၃၅ မီလီမီတာ စက်အမြောက် နှစ်လက်ပါ Oerlikon GDF-005 လက်နက် များနှင့် ၄ဝ မီလီမီတာ Bofors စက်သေ နတ်များ ပါဝင်သော လေကြောင်းရန် ကာကွယ်ရေး အမြောက် တပ်ဖွဲ့ဖြင့် ကာကွယ်ပေးလျက် ရှိပါသည်။

အလွန် တိုတောင်းသော အကွာအဝေး အတွင်းသာ ပစ်ခတ်နိုင်သည့် VSHORAD (Very Short Range Air Defense) လေကြောင်းရန် ကာကွယ်ရေး လက်နက်များသည် ပါကစ္စတန်တို့ အေ နဖြင့် အာဖဂန် နယ်စပ် ဒေသ၌ အသစ်ထပ်မံ ဖြန့်ထားနိုင်ခြေ ရှိသည့် လေကြောင်းရန် ကာကွယ်ရေး စနစ်များ အဖြစ် ယူဆရပါ သည်။ ထိုအထဲတွင် အကွာအဝေး ၈ ကီလိုမီတာ အထိ ပစ်ခတ်နိုင်သည့် အမေရိကန်လုပ် Stinger နှင့် ဆွီဒင်လုပ် RBS-70 လေဆာရောင်ခြည်သုံး ဒုံးကျည်များ ကဲ့သို့ပင် ပြည်တွင်း၌ တည်ဆောက်ထားသည့် Anza ဒုံးကျည် (SA-7 ပုံပြောင်း)နှ င့် ပြင်သစ်လုပ် Mistral ဒုံးကျည်များလည်း ပါဝင်ပြီး အကွာအဝေး ၆ ကီလိုမီတာ အထိ လွှမ်းခြုံပစ်ခတ် နိုင်ပါသည်။ ပါကစ္စတန်တို့သည် အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်များသို့ သီးခြား လုပ်ပိုင်ခွင့် ပေးထားပြီး ဒုံးကျည်များဖြင့် စစ်ဆင်ရေး ပြုလုပ်နိုင်သည့် အဖွဲ့ငယ်များအား လေကြောင်းရန် ကာကွယ်ရေး စွမ်းအား လစ်ဟာနေသည့် နေရာများသို့ အလျင်အမြန် သွားရော က် ဖြည့် တင်းနိုင်ရန် အခြားသော တပ်ဖွဲ့များနှင့် အတူ နယ်မြေအတွင်း နေရာ အနှံ့အပြား၌ တပ်ဖြန့် ချထားလျက် ရှိ ပါသည်။

          လက်ရှိ အခြေအနေ အရ အမေရိကန်တို့သည် အာဖဂန်နစ္စတန်ရှိ တာလီဘန်တို့ ရရှိထားသော ဒုံး ကျည်များ၏ အနီးကပ် ခြိမ်းခြောက်မှု အန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့ နေရချိန်တွင် တစ်ဘက်မှလည်း ပါကစ္စတန်တို့၏ အခြားသော လေကြောင်းရန် ကာကွယ်ရေး လက်နက်များနှင့် ပိုမို အဆင့်မြင့်သော အာရုံခံ စနစ်များ၏ ကြိုတင် သတိပေးခြင်းနှင့် ခြိမ်းခြောက်မှု အန္တရာယ် များနှင့် ရင်ဆိုင်ကြုံတွေ့ ရဖွယ် ရှိနေပါ သည်။ ပါကစ္စတန်တို့၏ လေကြောင်းရန် ကာကွယ်ရေး လက်နက်များထဲတွင် JF-17 နှင့် F-16 ကဲ့သို့သော တိုက်လေယာဉ်များလည်း ပါဝင်နိုင်ပြီး ထောက် လှမ်းရေး အာရုံခံ စနစ်များထဲတွင် Erieye ကဲ့သို့သော ဝေဟင် ကြိုတင် သတိပေး စနစ်များလည်း ပါဝင်ကြောင်း သိရှိရပါသည်။ ထို့ကြောင့် အမေရိကန်တို့ အနေ ဖြင့် ပါကစ္စတန်၏ Waziristan ဒေသနှင့် အာဖဂန်နစ္စတန် တောင်ပိုင်းဒေသ ဝေဟင်ပိုင်နက် အတွင်း၌ ၎င်း တို့၏ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ လေယာဉ်များကို ယခင်ကလို လွတ်လပ်စွာ လှုပ်ရှား စစ်ဆင်ခွင့် မရရှိနိုင်တော့ မည်မှာ သေချာပါသည်။ 

မြ၀တီ


Wednesday, June 26, 2013

ပါကစ္စတန်နှင့် နေတိုး အဖွဲ့ဝင်များ အကြား ဆက်ဆံရေး ပိုမို ဆိုးရွားလာသည့်အလျောက်အစ္စလာမ်မာဘတ်
အစိုးရသည်၎င်းတို့၏နယ်နိမိတ်အတွင်းသို့ကျူးကျော် ဝင်ရောက်လာသည့် မည် သည့် လေယာဉ် သို့မဟုတ်
 မောင်းသူမဲ့ လေယာဉ်မျိုးကို မဆို ပစ်ချသွားမည် ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ သည်။

ဒဂုံမြို့ သစ်မြောက်ပိုင်း ၊ (၄၈) ရပ်ကွက် ပီမိုးနင်းလမ်းတွင် မီးလောင်မှု ဖြစ်ပွားနေ

ဒဂုံမြို့ သစ်မြောက်ပိုင်း၊(၄၈)ရပ်ကွက်ပီမိုးနင်းလမ်းတွင်မီးလောင်မှု ဖြစ်ပွားလျှက်ရှိကြောင်းသိရသည်။မီးသည်
လောင်ကျွမ်းလျက်ရှိဆဲပင်ဖြစ်ပြီးဝိုင်းဝန်းမီးငြိမ်းသတ်ရေးနှင့်မီးလောင်မှုကို အခွင့်ကောင်းယူကာ လုယက်မှု
များမဖြစ်ပွားရေး အတွက် ပြည်ခိုင်ဖြိုးပါတီဝင်အချို့ က ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်သည့် အတွက်ဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့တွင် အသေခံမည်ဟုဆို

Wednesday, June 26, 2013

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်
က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်သည့် အတွက်ဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့တွင် အသေခံမည်ဟုဆို

Wednesday, June 26, 2013

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်
က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

ဖခင်ဖြစ်သူကိုယ် တရားရုံးမှ ဖမ်းဝရမ်း ထုတ်ဆင့်သည့် အတွက်ဟု ဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့တွင် အသေခံမည်ဟုဆို

Wednesday, June 26, 2013

မုံရွာပြည်သူ့ဆေးရုံကြီးဝင်း၏ တောင်ဘက်တံခါးပေါက်တွင် ယခုလ ၂၅ ရက်နေ့ မွန်းလွှဲ ၂ နာရီ အချိန်ခန့်
က မြို့နယ်အုပ်ချုပ်ရေးမှုး စီးနင်းလာသော ကားရှေ့၌ အမျိုးသမီးတစ်ဦးမှ အသက်အသေခံမည်ဟု ဆိုကာ ၀ပ်စဉ်းလျက် လမ်းပေါ်တွင်အိပ်နေခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦး၏ ဆက်သွယ်ပြောကြားချက်များအရ သိရသည်။

ပြင်ပငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ နီးပါးအထိ ပြန်လည်မြင့်တက်လာ

Wednesday, 26 June 2013
ဇွန် ၂၅ ရက် ပြင်ပနိုင်ငံခြား ငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာလျှင် ၉၈၈ ကျပ် ၀န်းကျင်အထိ ပြန်လည်မြင့်တက်လာကြောင်း ငွေကြေးဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဖမ်းဝရမ်းကို ကိုယ်တိုင်ဖတ်ကြည့်သော အမျိုးသားတစ်ဦး သတိလစ်မေ့မြော

မုံရွာ၊ ဇွန် ၂၅

မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်တွင် နေထိုင်သူ အသက် ၆၀ ကျော် အမျိုးသား တစ်ဦးသည် မုံရွာမြို့နယ် တရားရုံးက ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဖမ်းဝရမ်းကို ကိုယ်တိုင် ဖတ်ကြည့်ပြီးနောက် သတိလစ်မေ့မြောသွားခဲ့ကြောင်း ဖမ်းဝရမ်း ထုတ်ပြန်ခံရသူ၏ မိသားစုဝင် များနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားသည်။

ငွေကြေးစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ တရားမဝင်နည်းဖြင့် ကြီးပွားနေသူများအား ဖော်ထုတ်အရေးယူမည်

တရားမဝင်သည့် နည်းလမ်းအသုံး ပြုကာ ငွေကြေးရရှိစုဆောင်းထားကြ သူများကို ငွေကြေးစုံစမ်းထောက်လှမ်း ရေးရဲတပ်ဖွဲ့က အရေးယူ သွားမည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။