Pages

Monday, June 24, 2013

တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ

Photo: တိုင်းမ်မဂ္ဂဇင်းကို သမ္မတရုံး ဘာကြောင့် ကန့်ကွက်ရလဲ
Monday, June 24, 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍ “THE FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်ကို သမ္မတရုံးက ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းထုတ်ပြန်ကြေညာချက်ကို မည်သည့်အတွက် ထုတ်ပြန်ရသည်၊ ကြေညာချက်သည် ဦးဝီရသူနှင့် ၉၆၉ အဖွဲ့ကို ထောက်ခံအသိမှတ် ပြု မပြု၊ တိုင်းမ်မဂ္ဂဇင်းကို ပိတ်ပင်ရန် ရှိ မရှိတို့ကို သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းထားပါသည်။

မေး- အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို ဘာကြောင့်ကန့်ကွက်တာလဲဆိုတာ သိချင်ပါတယ်။

ဖြေ- ကျနော်တို့ ထုတ်ပြန်ချက်မှာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သူတို့ရဲ့ ရေးသားချက်တွေဟာ ကျနော်တို့ ဗုဒ္ဓသာသနာကို နိုင်ငံတကာက အထင်အမြင် လွဲမှားစေနိုင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံတို့ကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကန့်ကွက်ရတာ ဖြစ်ပါတယ်။

မေး- တိုင်းမ်မဂ္ဂဇင်းကို အစိုးရအနေနဲ့ကန့်ကွက်လိုက်တော့ မျက်နှာဖုံးမှာ ဖော်ပြခံရတဲ့ ဦးဝီရသူဘက်ကနေပြီးတော့ ထောက်ခံရပ်တည်တဲ့ သဘောမျိုးဖြစ်နေမလား။

ဖြေ- မဆိုင်ပါဘူးဗျ။ ရေးထားတဲ့ အထဲမှာကြည့်ရင် ဦးဝီရသူဘက်ကနေမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတယ်။ အခြေခံဥပဒေကလည်း ကာကွယ်ထားတယ်။ ဗုဒ္ဓဘာသာဟာလည်း သိမ်မွေ့နက်နဲတဲ့ နူးညံတဲ့ ငြိမ်းချမ်းရေးကို လုပ်တဲ့ဘာသာဖြစ်တယ်။ အခုအချိန်မှာ ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် အားလုံး ပူးပေါင်းဆောင်ရွက်နေတယ်။ အခုလိုဆောင်ရွက်နေတဲ့ အချိန်မှာ ရေးသားလာတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်ပါတယ်ဗျ။

မေး- သမ္မတရုံးရဲ့ ကြေညာချက်က ၉၆၉ က ငြိမ်းချမ်းတဲ့သင်္ကေတ ဖြစ်တယ်ဆိုတာမျိုးရေးထားတော့ အစိုးရအနေနဲ့ ၉၆၉ ကို တရားဝင် အသိအမှတ်ပြုလိုက်တာလား။

ဖြေ- စာပိုဒ်ကို သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။ အဲဒီစာပိုဒ်မှာက ကျနော်တို့က ပြောတာမဟုတ်ဘူး။ ဟို သံဃာ့အစည်းအဝေးကနေပြီးတော့မှ ပြောတယ်လို့ ကျနော်တို့ ပြန်ကုတ်လုပ်ထားတာပါ။ တိုင်းမ်မဂ္ဂဇင်း မူရင်းဆောင်းပါးမှာက ၉၆၉ နဲ့ပတ်သက်လို့ သူရေးထားတာတွေရှိတယ်။ ဒါကြောင့်မိုလို့ ၉၆၉ အမှတ်တံဆိပ်ကို အလွဲသုံးတဲ့လူ ရှိရင်ရှိမယ်။ သို့သော် မူလဆရာတော်တွေကတော့ ဒီလိုပြောထားပါတယ်ဆိုတာကို ပြန်ကုတ်လုပ်ထားတာပါ။ခင်ဗျား သေချာဖတ်ကြည့်ရင် တွေ့ပါလိမ့်မယ်။

မေး- ဆိုတော့ အစိုးရအနေနဲ့ ၉၆၉ ကို အသိအမှတ်မပြုသေးဘူးလို့ ပြောချင်တာလား။

ဖြေ- ကျနော်တို့က ၉၆၉ တံဆိပ်ရှိနေတယ်။ ၉၆၉ နဲ့တံဆိပ်နဲ့ ပတ်သက်လို့ ဆောင်းပါးမှာ ရေးတဲ့ဟာတွေက မူလလူတွေက ကာယကံရှင်တွေက ပြောထားတာ တစ်မျိုးဖြစ်တယ်ဆိုတာ ကျနော်တို့ပြန်ထောက်ပြတာပဲ ရှိပါတယ်။

မေး- အခု ၉၆၉ နဲ့ ဦးဝီရသူတို့ လုပ်နေတဲ့ မျိုးစောင့် ဥပဒေဆိုတာကိုရော သိလား။ အစိုးရက ဘယ်လိုသဘောထားလဲမသိဘူး။

ဖြေ- ဘာမှ မှတ်ချက်ပေးစရာ မရှိပါဘူး။ ဒါတွေက တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ နိုင်ငံသားများရဲ့ ရပိုင်ခွင့်အတိုင်းပဲ သူတို့ရဲ့သဘောထားကို သူတို့ ဖော်ထုတ်ပြောဆိုနေတာပဲလေ။ အမျိုးစောင့်ဥပဒေတင် မဟုတ်ဘူး။ လယ်ယာမြေကိစ္စနဲ့ ပတ်သက်လို့လည်း အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက ဆန္ဒဖော်ထုတ်နေကြတာလည်း ရှိပါတယ်။ ကျနော်တို့က အဲသလိုပဲ သဘောထားပါတယ်။

မေး- အစိုးရအနေနဲ့ ဘာသာရေး လူမျိုးရေး ခွဲခြားနှိမ့်ချမှုတွေကို ဆန့်ကျင်ထိန်းချုပ်ဖို့ တားဆီးကာကွယ်ပေးဖို့ အစီအစဉ် ရှိပါသလား။

ဖြေ- ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၆၄ မှာ အတိအကျ ဖော်ပြထားပြီးပြီပဲ။ လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုတွေကို လက်မခံဘူးဆိုတဲ့ အကြောင်းလေ။ ဘာသာတရားတိုင်းကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ပြီးပြီပေါ့ဗျာ။

မေး- အခုလို အစိုးရအနေနဲ့ တိုင်းမ်မဂ္ဂဇင်းကို တရားဝင်ကန့်ကွက်လိုက်ပြီဆိုတော့ ပြည်တွင်းမှာ တရားဝင်ထုတ်ဝေခွင့် ပိတ်ပင်မှာလား။

ဖြေ- ကျနော်တို့က နံပါတ် ၁ ကတော့ ဆောင်းပါးနဲ့ ပတ်သက်လို့ ပြောတာပေါ့နော်။ ဆောင်းပါးပါတဲ့ မဂ္ဂဇင်း Issue ကိုတော့ သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထားအမြင်ကိုလဲ တောင်းထားပါတယ်။

မေး- ဒါဆို တိုင်းမ်းမဂ္ဂဇင်းကို ပိတ်သင့် မပိတ်သင့်ကို သာသနာရေး ၀န်ကြီးဋ္ဌာနရဲ့ သဘောထား အကြံပြုချက်အပေါ်မှာ စဉ်းစားမှာပေါ့။

ဖြေ- မှန်ပါတယ်။

မေး- တိုင်းမဂ္ဂဇင်းကို ကန့်ကွက်ကြောင်း အစိုးရထုတ်ပြန်ချက်က အင်္ဂလိပ်လို့ ဘာလို့ မထုတ်တာလဲ။

ဖြေ- မြန်မာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားက မြန်မာစကားကိုး။

မေး- ထုတ်ပြန်ချက်မှာလည်း ဘာသာအားလုံးကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုတယ်လို့ ရေးထားပါတယ်။ အဲဒီတော့ အစိုးရအနေနဲ့ အခုဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေမှာ ဘယ်ဘက်မှ မလိုက်ဘဲနဲ့ ကြားမှာရပ်တယ်ဆိုတဲ့ အနေအထားမျိုး ပြသနိုင်အောင် ဘာလုပ်မလဲ။

ဖြေ- သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလဲ အကြိမ်ကြိမ်ပြောပြီးပါပြီ။ ကျနော်တို့ နိုင်ငံမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရှိပါတယ်။ လူတိုင်းဟာ ဥပဒေနဲ့အညီ မိမိချစ်ခင်မြတ်နိုးတဲ့ ဘာသာတရားကို ကျင့်သုံးခွင့်ရှိတယ်။ ဘာသာကို ကိုးကွယ်ခွင့်ရှိတယ်။ တခြားဘာသာကိုသွားပြီးတော့ အကြမ်းဖက်ဆက်ဆံတာမျိုးကိုလည်း ကျနော်တို့က လက်ခံမှာမဟုတ်ပါဘူး။ သမ္မတကြီးလည်း ဒီအကြောင်းကို မိန့်ခွန်းအကြိမ်ကြိမ် ပြောပြီးသလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရေးဖော်ပြထားပြီး ဖြစ်ပါတယ်။

မေး- ဘာသာရေးဆိုတာ ထိလွယ်ရှလွယ်တော့ ဘယ်လိုအခြေအနေမျိုးမှာ အကြမ်းဖက်မှုလို့ သတ်မှတ်ပြီး ဘယ်လို အရေးယူမလဲဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့ ရှိပါသလား။

ဖြေ- အခုလို နားလည်မှု တည်ဆောက်နေတဲ့အချိန်မှာ Social မီဒီယာတွေမှာလည်း အပြန်အလှန် ပုတ်ခတ်ရေးသားနေကြတယ်။ ဘာပဲပြောပြော Tension မြင့်သွားနိုင်တဲ့ အခြေအနေမိုလို့ ဒီလိုသိမ်မွေ့တဲ့ ကိစ္စမျိုးကို တစ်ဖက်သတ်မရေးဖို့ လိုတယ်ဆိုတဲ့အကြောင်း ကန့်ကွက်ရခြင်းဖြစ်ပါတယ်။

ဧရာဝတီ

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ် (ဓာတ်ပုံ – ဦးရဲထွဋ် facebook မှ)
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ် (ဓာတ်ပုံ – ဦးရဲထွဋ် facebook )

Monday, June 24, 2013

၂၀၁၃ ခုနှစ်ဇူလိုင်လ၁ ရက်နေ့ထုတ်တိုင်းမဂ္ဂဇင်း Vol 182, No. 1 တွင် ဦးဝီရသူအား မျက်နှာဖုံးတင်၍“THE
 FACE OF BUDDHIST TERROR” ဆောင်းပါးအား ဖော်ပြခဲ့သည်ကိုသမ္မတရုံးကကန့်ကွက်ကြောင်း
ထုတ်ပြန်ကြေညာခဲ့သည်။

XBox One တွင် ဂိမ်းအဟောင်းများအပေါ် ကန့်သတ်ထားခြင်းအား Micorsoft ရုပ်သိမ်း

Photo: XBox One တွင် ဂိမ်းအဟောင်းများအပေါ် ကန့်သတ်ထားခြင်းအား Micorsoft ရုပ်သိမ်း
Monday, June 24, 2013

ဂိမ်းကစားသူများမှာ အပြင်းအထန်ဝေဖန်ခဲ့ပြီးနောက် Microsoft
သည် အသစ်ထုတ်လုပ်ထားသည့်Xbox One ဂိမ်းစက်သစ်များတွင် ဂိမ်း
ဟောင်းများ ပိတ်ပင်ထားမှုအား ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

Microsoft ၏ ထုတ်ပြန်ချက်မှာ ယင်းတို့၏ အဓိကပြိုင်ဖက်ဖြစ်
သူ Sonyမှ Xbox One ထက် ပိုမိုဈေးသက်သာပြီး Xbox One ကဲ့သို့ ဆော့ဖ်
ဝဲသစ်များသာ ကစားနိုင်သည့် ကန့်သတ်ချက်များမရှိသော ဂိမ်းစက်သစ်
Play Station 4 အားထုတ်ဖော်မိတ်ဆက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်
သည်။ ယင်းထုတ်ပြန်ချက်အရ Microsofts သည် ပြီးခဲ့သည့်လက ထုတ်ဖော်
ခဲ့သည့် မျိုးဆက်သစ် Xbox One တွင် တစ်ပတ်ရစ်ဂိမ်းများအား ပိတ်ပင်
ထားသည့် DRM ခေါ် Digital Right Management အားဖယ်ရှားပေးမည်
ဖြစ်သည်။

လော့စ်အင်ဂျလိစ်တွင် ကျင်းပခဲ့သည့် E3တွင် Xbox One အားမိတ်
ဆက်ခဲ့စဉ်က ဂိမ်းကစားသူများသည် ဂိမ်းများအား ငှားရမ်းသုံးစွဲခြင်း၊ ဝေမျှ
သုံးစွဲခြင်းနှင့် ပြန်လည်ရောင်းချခြင်း ပြုလုပ်နိုင်မည်မဟုတ်သလို ဂိမ်းစက်
အား အင်တာနက်နှင့်ချိတ်ဆက်ထားရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့ရာMicrosoft သည် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့်အတွက်
ပြန်လည်လက်လျှော့ခဲ့ခြင်းဖြစ်သည်။

Microsoftသည် Xbox One အားလာမည့်နိုဝင်ဘာတွင် ဖြန့်ချိသွား
မည်ဖြစ်ပြီး ယင်းဂိမ်းစက်သစ်တွင် အသံမှတ်မိနိုင်ခြင်း၊ ကိုယ်အမူအယာဖြင့်
ထိမ်းချုပ်နိုင်ခြင်း၊ Skype အသုံးပြုနိုင်ခြင်း၊ Multitasking ပြုလုပ်နိုင်သည့် Snap Mode ပါဝင်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များ ပါဝင်ကြောင်းသိရသည်။

Ref: Daily Mail

Sithu (TSJ Tech Team)
TechSpace Journal


Monday, June 24, 2013

ဂိမ်းကစားသူများမှာအပြင်းအထန်ဝေဖန်ခဲ့ပြီးနောက် Microsoft သည်အသစ်ထုတ်လုပ်ထားသည့်Xbox One
ဂိမ်းစက်သစ်များတွင် ဂိမ်း ဟောင်းများ ပိတ်ပင်ထားမှုအား ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်တွင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် သိသင့်သိထိုက်သည်များ ဟောပြော

Photo: ပြင်ဦးလွင်တွင်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်
သိသင့်သိထိုက်သည်များ ဟောပြော
Monday, June 24, 2013

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ပြည်သူများသိသင့်သိထိုက်သည့်အချက်အလက်များကိုတရားရုံးချုပ်ရှေ့နေဦးကိုနီ ကဟောပြောပွဲကို ယနေ့နံနက်၉နာရီခွဲတွင်မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်အုန်းချောကျေးရွာအောင်ရတနာခန်းမတွင်ကျင်းပသည်။

အဆိုပါအခမ်းအနားသို့မန္တလေးတိုင်းဒေသကြီးမှဒီချုပ်အဖွဲ့ဝင်များ၊မလှိုင်မှ ဒီချုပ်အဖွဲ့ဝင်များပြည်သူများတက်ရောက်ကြသည်။

စိုင်းလမင်း

Popular Myanmar News Journal

Monday, June 24, 2013

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက်ပြည်သူများသိသင့်သိထိုက်သည့်အချက်အလက်များကိုတ
ရားရုံးချုပ်ရှေ့နေဦးကိုနီ ကဟောပြောပွဲကိုယနေ့နံနက်၉နာရီခွဲတွင်မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်မြို့နယ်
အုန်းချောကျေးရွာအောင်ရတနာခန်းမတွင်ကျင်းပသည်။

ကိုယ်ပိုင် အတွေးအခေါ်၊ ရပ်တည်ချက် မရှိတဲ့ ယောက်ျားကို အိမ်ထောင်ဖက်အဖြစ် မရွေးသင့်ဘူး ဝိုင်းစုခိုင်သိန်း

Photo: ကိုယ်ပိုင် အတွေးအခေါ်၊ ရပ်တည်ချက် မရှိတဲ့ ယောက်ျားကို အိမ်ထောင်ဖက်အဖြစ် မရွေးသင့်ဘူး ဝိုင်းစုခိုင်သိန်း
Monday, June 24, 2013

မကြာခင် တစ်ကိုယ်တော် Album ထွက်ရှိတော့မှာ ဖြစ်သလို ချစ်ခင်ကြင်နာသူနဲ့ ရွှေလက်တွဲတော့မယ့် သရုပ်ဆောင် တေးသံရှင် ဝိုင်းစုခိုင်သိန်းကို 8Days Cover အနေနဲ့ ရွေးချယ် ရိုက်ကူးခဲ့ပါတယ်။ 8Days Cover ကို စိတ်ရှည်လက်ရှည်နဲ့ ရိုက်ကူးပေးခဲ့သလို Cover Star Interview မှာလည်း ခံစားချက် မှန်သမျှကို အခုလိုပဲ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။

ဝိုင်းစုပရိသတ်က မျှော်လင့်နေတဲ့ “အာဘွား” စီးရီးကရော ဘယ်တော့လောက် ထွက်ဖြစ်မလဲ။

တစ်ကိုယ်တော် “အာဘွား” စီးရီးအတွက် အသံစသွင်းပါနေပြီ။ ပထမကတော့ ဝိုင်းစုက စုံတွဲခွေ ထုတ်ဖို့အတွက် စီစဉ်ထားတာပါ။ ပရိသတ်ကလည်း စုံတွဲစီးရီးခွေ တောင်းဆိုတာကိုး။ ဒါပေမဲ့ “အာဘွား” စီးရီးအတွက်က အစောကြီး ကြိုပြီးနေတာ။ အကုန်လုံးက အသံသွင်းဖို့ အဆင်သင့် ဖြစ်နေပြီလေ။ ရတဲ့သီချင်းတွေ အားလုံးအတွက်ကိုတော့ အသံသွင်းထားမယ်။ “အာဘွား” စီးရီးအတွက်ရော၊ စုံတွဲ စီးရီးခွေ အတွက်ကိုရောပေါ့။ ဝိုင်းစုနဲ့ အမျိုးသားအဆိုတော် (၁၄) ယောက် တွဲဆိုထားတဲ့ စုံတွဲစီးရီး ထွက်တော့မယ်။ ဒါကြောင့် ဒီကြားထဲမှာ “အာဘွား” စီးရီးကို အမြန်ဆုံး ပြီးဆုံးအောင် လုပ်ပြီး (၁၂) လပိုင်း မကုန်ခင်လောက်တော့ ထွက်ရှိအောင် လုပ်တော့မှာပါ။

“အာဘွား” ဆိုပြီး စီးရီး Title ပေးဖြစ်ခဲ့တဲ့ အဓိပ္ပာယ်ကရော..

ဝိုင်းစုက ရှိုးတွေတိုင်းမှာ ပရိသတ်ကို “အာဘွား” ဆိုပြီး နှုတ်ဆက်လေ့ ရှိတာကို ဝိုင်းစုရဲ့ Trade-mark တစ်ခုအနေနဲ့ ဝိုင်းစုရဲ့ တစ်ကိုယ်တော်စီးရီး Title တစ်ခုအနေနဲ့ ပေးဖြစ်လိုက်တာပါ။

ကိုဥက္ကာနဲ့ ဝိုင်းစုတို့ရဲ့ မင်္ဂလာပွဲကို အချိန်ကာလ သတ်မှတ်ထားတာမျိုး ရှိပါပြီလား။

ဒါကတော့ ဝိုင်းစု စဉ်းစားနေတုန်းပါ။ မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ပြုသင့်၊ ပြုထိုက်တဲ့ အသက်အရွယ်ဆိုတာ ရှိပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ပြုဖြစ်မလဲ ဆိုတာကိုတော့ ဝိုင်းစု မဆုံးဖြတ်ရသေးဘူး။ အကယ်၍ ဆုံးဖြတ်တဲ့ အချိန်ကျရင် ဝိုင်းစု ပြောမှာပါ။ ကြိုပြီးပြောလို့ မရသေးဘူး။ အိမ်ထောင်ပြုဖြစ်ဖို့ နီးချင်လည်းနီးမယ်၊ ဝေးချင်လည်းဝေးမယ်။ ဒါပေမဲ့ ဝိုင်းစုအသက်အရွယ်နဲ့ အိမ်ထောင်ပြုဖို့ စဉ်းစားရမယ့် အရွယ်လည်း ရောက်လာပြီ။

ဝိုင်းစု ရွေးချယ်ခဲ့တဲ့ ဘဝလက်တွဲဖော်ကို ဘယ်လိုစံနှုန်း၊ စံထားတွေနဲ့ ရွေးချယ်ဖြစ်ခဲ့ပါလဲ။

အဓိကကတော့ နားလည်မှု ရှိရမယ်။ နောက်ပြီး နှစ်ဖက် မိသားစု အဆင်ပြေရမယ်။ ကိုယ့်ကိုလည်း သားသမီးအရင်းလို ဖြစ်ရမယ်။ သူနဲ့ တစ်ယောက်တည်း ပေါင်းရမှာတင် မဟုတ်ဘဲနဲ့ မိသားစုအားလုံးနဲ့ ပေါင်းရမှာကိုး။ ဒါကြောင့် အားလုံးနဲ့ အစစအရာရာ အဆင်ပြေရမယ့်သူ ဖြစ်ရမယ်။ ဝိုင်းစုကိုလည်း တကယ်ချစ်ရမယ်။ အနွံတာလည်းခံပြီး ချစ်တဲ့သူ ဖြစ်ရမှာပေါ့။

ဝိုင်းစုရဲ့ အိမ်ထောင်ဖက် ကိုဥက္ကာနဲ့က ဘယ်လို စတင်တွေ့ဖြစ်ခဲ့လဲ။ သူ့အတွက် ဝိုင်းစုက စီးရီးခွေတွေထဲမှာ အမှတ်တရ ဆိုခဲ့တဲ့ သီချင်းတွေ ရှိလား။

၂၀၁၀ ခုနှစ်တုန်းက အမေရိကားမှာ ဝိုင်းစု သီချင်းသွားဆိုရင်းနဲ့ တွေ့ဆုံဖြစ်ခဲ့တာပါ။ သူ့အတွက်ဆိုရင် အမှတ်တရ အနေနဲ့ “မျက်လှည့်” စီးရီးထဲမှာ “ချစ်သူ မရှိတဲ့အချိန်” သီချင်းက သူ့အတွက်ပါ။ နောက်ပြီး ခုထွက်တော့မယ့် “အာဘွား” စီးရီးထဲမှာလည်း ကိုစံပီး ရေးထားတဲ့ သီချင်းကလည်း သူ့အတွက်ပါပဲ။ အဲဒီသီချင်းလေးကို VCD မှာလည်း သူနဲ့တွဲပြီး ရိုက်မှာပါ။ ဝိုင်းစု အမေရိကားကို ဖျော်ဖြေရေး သွားတဲ့အချိန်မှာ ကိုသုံးပေါင်ကို ခေါ်သွားပြီး ကို R ဇာနည်နဲ့ သီချင်းတစ်ပုဒ်၊ နောက်တစ်ပုဒ်ကတော့ သူနဲ့တွဲပြီး ရိုက်ဖြစ်ခဲ့မှာပါ။

အချစ်နဲ့ အိမ်ထောင်ရေးက သပ်သပ်စီလို့ ခံစားမိလား၊ တွဲခံစားဖြစ်ပါလား။

အချစ်တော့ နည်းနည်းပါရမှာပေါ့။ အချစ်မပါဘဲနဲ့တော့ အိမ်ထောင်ပြုဖို့ဆိုတာ ခဲယဉ်းတယ်။ အချစ်မပါရင် အိမ်ထောင်ရေးက မသာယာနိုင်ဘူး။ အဆင်မပြေနိုင်ပါဘူး။

ဘဝမှာ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်တဲ့ ယောက်ျားတွေက ဘယ်လိုယောက်ျားမျိုးတွေလဲ။

ကိုယ်ပိုင် စဉ်းစားဉာဏ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်၊ ကိုယ်ပိုင် ရပ်တည်မှု ရှိတဲ့ ယောက်ျားတစ်ယောက်ကိုပဲ ရွေးချယ်သင့်တယ်။ ကိုယ့်အပေါ် တကယ်ချစ်ရမှာတော့ မပါမဖြစ် ဖြစ်သလို၊ တချို့က ကိုယ့်အပေါ် ချစ်ပြီးတော့ ကိုယ်ပိုင်စဉ်းစားဉာဏ် မရှိဘဲနဲ့ သူများပြောတဲ့ အတိုင်းနားယောင်တတ်တဲ့ ယောက်ျားမျိုး၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ရပ်တည်မှုမရှိတဲ့ ယောက်ျားမျိုးဆိုရင် လုံးဝ မရွေးချယ်သင့်ပါဘူး။

မက်လောက်စရာ သီချင်းလိုမျိုး ခံစားချက်ကို ဖော်ညွှန်းတဲ့ သီချင်းတွေ အများကြီး ပါဝင်တယ်လို့ ခံစားရပါတယ်။ အခုချိန်မှာ အချစ်စစ်ကို တကယ်တွေ့ပြီဆိုတော့ ဝိုင်းစုအနေနဲ့ အချစ်ကို ဘယ်လို နားလည်ထားလဲ။

ကိုယ့်ခံစားချက်လိုမျိုး ဖော်ညွှန်းတဲ့ တချို့သီချင်းတွေ ရှိပါတယ်။ ကိုယ်ကိုယ်တိုင် ပြောပြီးရေးတဲ့ သီချင်းမျိုးတွေ ရှိပါတယ်။ အခုချိန်မှာတော့ အချစ်နဲ့ပတ်သက်ပြီး အေးအေးချမ်းချမ်းလေးပဲ သွားချင်တယ်။ဘဝကိုလည်း အေးအေးချမ်းချမ်း သွားချင်သလို အိမ်ထောင်ဖက်ကိုလည်း အေးအေးချမ်းချမ်းနဲ့ ကိုယ့်ကိုချစ်တဲ့သူကိုပဲ ရွေးချယ်ချင်တယ်။ ပူလောင်တဲ့အရာတွေကို မလိုချင်ဘူး။ ဘယ်သူ့ ထိန်းချုပ်မှု အောက်မှာမှ မသွားချင်ဘူး။ ထိန်းချုပ်မှုအောက်မှာ နေနေတဲ့သူကို မရွေးချယ်ဘူး။

အိမ်ထောင်ပြုပြီးတဲ့နောက် မြန်မာပြည်မှာပဲ နေဖြစ်မလား၊ အမေရိကားကို လိုက်သွားဖြစ်မလား။

အနုပညာသမား တစ်ယောက်က သူ့အနုပညာ အလုပ်ကို စွန့်လွှတ်နိုင်တယ်ဆိုတာ ရှားပါတယ်။ ဝိုင်းစုကတော့ တတ်နိုင်သမျှတော့ လုပ်တော့ လုပ်နေမယ်။ အမေရိကားကို လိုက်သွားခဲ့ရင်တောင် အနုပညာအလုပ်တွေကို ရံဖန်ရံခါ လုပ်နေမှာပါ။ ဝိုင်းစု ကိုယ်တိုင် စီးရီး ထုတ်တာမျိုး၊ ဝိုင်းစုကြိုက်တဲ့ ဇာတ်ကားကောင်းကောင်းမျိုးကို လက်ခံရတာမျိုးပေါ့။ နောက်ပိုင်းတော့ အမေရိကားမှာပဲ အခြေချဖြစ်မယ် ထင်ပါတယ်။

ဘဝမှာ အနိမ့်အမြင့် အတက်အကျတွေနဲ့ စီးမျောလိုက်ပါနေတဲ့ လူသားတစ်ယောက်အနေနဲ့ ဘယ်လို သင်ခန်းစာမျိုးတွေ ရရှိနေပါပြီလဲ။

လူ့ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ ကံတရားကတော့ ကံကောင်းခြင်း အချိန်က လူ့ဘဝမှာ နှစ်ခါလောက်တော့ ပေးလေ့ ရှိတယ်။ အဲဒီချိန်မှာ ကိုယ်ကယူတတ်ဖို့ပဲ ရှိပါတယ်။ ကိုယ့်ကိုပေးနေတဲ့ ကံတရားကို မယူတတ်ရင်တော့ ဘယ်လိုမှ အဲဒီလူက တိုးတက်မှာ မဟုတ်ဘူး။ နောက်တစ်ခုက ကိုယ့်ဘက်က အမြဲတမ်း ကြိုးစားနေဖို့ လိုပါတယ်။ ကံ၊ စန်း ပေါင်းသွားပြီး ကြိုးစားမှု မပြတ်ရှိရင်တော့ ထိပ်ဆုံးကို ရောက်ရှိသွားမှာပါ။

အင်တာဗျူးရဲ့ နောက်ဆုံးအနေနဲ့ ဝိုင်းစုပရိသတ်ကို ပြောချင်တာများ ရှိပါသေးလား။

ကိုယ်တိုင်လုပ်နေတဲ့ စီးရီးခွေကတော့ အာဘွားနဲ့ အတွဲစီးရီးခွေပေါ့။ နောက်ပြီး ကိုဆောင်းဦးလှိုင်နဲ့ အတွဲစီးရီးခွေ လုပ်နေတယ်။

ဇာတ်ကား ရိုက်တာတွေကတော့ အခုလတ်တလော ဆက်တိုက် ရိုက်ဖြစ်နေတယ်။ ဝိုင်းစုကတော့ တတ်နိုင်သမျှ ကြိုးစားပြီး လုပ်နေပါတယ်။ လိုအပ်ချက်တွေကတော့ အခုချိန်ထိ ရှိနေတုန်းပါပဲ။ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ပရိသတ်အားလုံးကလည်း ဝေဖန်ပေးပါ။ အကြံဉာဏ်တွေ ပေးပါဦး။ ဝိုင်းစုကို အခုချိန်ထိ အားပေးနေတဲ့ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်လို့ နှုတ်ဆက်ပါရစေ။

ကလောင် - ထွန်းမြင့်ဇော်

8 Days Journal

Monday, June 24, 2013

မကြာခင်တစ်ကိုယ်တော်Albumထွက်ရှိတော့မှာ ဖြစ်သလိုချစ်ခင်ကြင်နာသူနဲ့ ရွှေလက်တွဲတော့မယ့် သရုပ်
ဆောင် တေးသံရှင် ဝိုင်းစုခိုင်သိန်းကို 8Days Cover အနေနဲ့ ရွေးချယ် ရိုက်ကူးခဲ့ပါတယ်။ 8Days Cover ကို စိတ်ရှည်လက်ရှည်နဲ့ ရိုက်ကူးပေးခဲ့သလို Cover Star Interview မှာလည်း ခံစားချက် မှန်သမျှကို အခုလိုပဲ ရင်
ဖွင့်ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းတို့ဒုံးကျည်ဖြင့်ပစ်ခတ်ပြီးနောက်အစ္စရေးဘက်မှ ဂါဇာဒေသ ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်

Photo: ပါလက်စတိုင်းတို့ဒုံးကျည်ဖြင့်ပစ်ခတ်ပြီးနောက်အစ္စရေးဘက်မှ ဂါဇာဒေသ ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်
Monday, June 24, 2013

ရှေ့တန်းတပ်များကြား ရက်သတ္တပတ်ပေါင်းများစွာကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ပါလက်စတိုင်းစစ်သွေးကြွတို့ ပစ်ခတ်သည့် ဒုံးကျည်အား တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် အစ္စရေးနိုင်ငံမှ ဂါဇာကမ်းမြောင်ဒေသသို့ တနင်္လာနေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်သည်။

ပစ်ခတ်မှုသည် ဂါဇာမြောက်ပိုင်းမှ တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် သေဆုံးသည့်သတင်း မထွက်ပေါ်သေးပေ။

မကြာမီပင် အစ္စရေးဘက်မှ နေရာသုံးနေရာကို လေကြောင်းပစ်ခတ်မှုပြုလုပ်ခဲ့သည်

လွန်ခဲ့သည့်ညအတွင်း ပါလက်စတိုင်းဘက်မှ အစ္စရေးဘက်ခြမ်းသို့ ဒုံးကျည်ခြောက်ခုပစ်ခတ်ခဲ့ပြီး အပျက်အစီးမရှိကြောင်း ရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူ မစ်ကီရိုဆန်ဖက်က ဆိုသည်။

အစ္စရေးဘက်မှ ဒုံးကာပစ်စနစ်ဖြင့် ဒုံးကျည်နှစ်ခုကိုပစ်ချနိုင်ခဲ့ကြောင်း စစ်တပ်က ပြောကြားသည်။

၎င်းနောက် အစ္စရေးလေယာဉ်များသည် ဂါဇာကမ်းမြောက်ဒေသသို့ ပစ်မှတ်ထားတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လက်နက်နှစ်ခုတပ်ယာဉ်များ ပါဝင် ခဲ့ကြောင်း စစ်တပ်က ဆိုသည်။

အစ္စလာမ္မစ်လှုပ်ရှားသူတပ်ဖွဲ့ ဟာမတ်စ်ထိန်းချုပ်ထားသည့် ကမ်းရိုးတမ်းဒေသနှင့် ဆက်သွယ်ရာလမ်းများထဲမှ တစ်ခုကိုလည်း အစ္စရေး ဘက်မှ ပိတ်ထားခဲ့သည်။

ပစ်ခတ်သည့်အကြောင်းရင်းကို မသိရသော်လည်း စနေနေ့က ဟာမတ်စရဲတပ်ဖွဲ့က အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ခေါင်းဆောင်အား သတ်ခဲ့ခြင်း နောက်တွင် ဂါဇာဒေသ၌တင်းမာမှုများရှိနေကြောင်း သိရသည်။

ပါလက်စတိုင်းမှ ပစ်ခတ်သည့်ဒုံးကျည်များကို မည်သည့်အဖွဲ့မှ ပစ်ခတ်ကြောင်း ထုတ်ဖော်မပြောကြားကြသော်လည်း ဂါဇာရှိအရာရှိများက အစ္စရေးဘက်မှ လေကြောင်းပစ်ခတ်မှု ခြောက်ခုတွင် နှစ်ခုသည် စစ်သွေးကြွအုပ်စုဖြစ်သည့် အစ္စလာမ္မစ်ဂျီဟတ် လေ့ကျင့်ရေးစခန်းများကို ထိခိုက်စေခဲ့ကြောင်း ပြောကြားသည်။

အခြားတိုက်ခိုက်မှုများတွင် ဟာမတ်စ်အုပ်စုအစိုးရတို့၏လုံခြုံရေးဝင်းတွင်းသို့ တိုက်ခိုက်မှုလည်းပါဝင်ပြီး အစ္စရေးစစ်တပ်ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်က လက်နက်သိမ်းဆည်းရာ နေရာနှင့် ဒုံးပစ်ကွင်းများသည် ပစ်မှတ်များဖြစ်ကြောင်း ပြောကြားသည်။

သီးခြားဖြစ်ရပ်တစ်ခုအဖြစ် အရှေ့ဂျေရုဆလင်ရှိ အာရပ်များနေထိုင်သည့်နေရာအနီးတွင် ကားနှစ်ဆယ့်တစ်စီး တာယာများခွဲခံရပြီး ဂျူးစစ် သွေး ကြွများ အမြဲတမ်းပြုလုပ်သည့် ပေးရသည့်တန်ဖိုးလုပ်ရပ်များဖြစ်ဖွယ်ရှိပြီး ၎င်းတို့ပြုလုပ်သည်ဟု သံသယရှိနေကာ ရဲများက စုံစမ်းမှုများ ပြုလုပ်နေသည်။

ပေးရသည့်တန်ဖိုးဆိုသည်မှာ စစ်သွေးကြွများက အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တွင် ဂျူးအခြေချနေထိုင် မှုကို အစိုးရက ထိန်း ချုပ်သည်ဖြစ်စေ၊ ပါလက်စတိုင်းမှ တိုက်ခိုက်သည်ဖြစ်စေ ပြန်လည်ပေးဆပ်မည်ဟု ပြောကြားခြင်းဖြစ်သည်။

မြန်မာ့ခေတ်

Monday, June 24, 2013

ရှေ့တန်းတပ်များကြား ရက်သတ္တပတ်ပေါင်းများစွာကြာ တိုက်ပွဲငြိမ်သက်ခဲ့ပြီးနောက် ပါလက်စတိုင်းစစ်သွေးကြွတို့ ပစ်ခတ်သည့် ဒုံးကျည်အား တုံ့ပြန်တိုက်ခိုက်သည့်အနေဖြင့် အစ္စရေးနိုင်ငံမှ ဂါဇာကမ်းမြောင်ဒေသသို့ တနင်္လာနေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်သည်။

မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အဆင့် သုံးဆင့်တက်

Photo: မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့အဆင့် သုံးဆင့်တက်
Monday, June 24, 2013

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က အမျိုးသမီး ဘောလုံးအဆင့် သတ်မှတ်ချက်များကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ရာ မြန်မာအမျိုးသမီး အသင်းသည် မတ်လကထက် သုံးဆင့် မြင့်တက်ခဲ့ကြောင်း ဖော်ပြလိုက်သည်။

မြန်မာအမျိုးသမီး အသင်းသည် မတ်လ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၄၆ နေရာမှ ဇွန်လတွင် ရမှတ် ၁၅၅၀ ဖြင့် အဆင့် ၄၃ နေရာသို့ တက်လာခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖီဖာ၏ ထုတ်ပြန်ချက်အရ ကမ္ဘာ့အဆင့် တစ်နေရာကို အမေရိကန် အမျိုးသမီး အသင်းက ဆက်လက် ဦးဆောင်ထားပြီး ၎င်း၏နောက်တွင် ဂျာမနီနင့် ဂျပန်နိုင်ငံတို့က မတ်လက ထုတ်ပြန်ချက်အတိုင်း ရပ်တည်ခဲ့ကြောင်း တွေ့ရသည်။

မြန်မာအမျိုးသမီး အသင်းသည် ဇွန်လအတွက် ကမ္ဘာ့အဆင့် သုံးဆင့် တက်လာသော်လည်း အာရှအဆင့် သတ်မှတ်ချက်တွင်မူ မတ်လ ထုတ်ပြန်ချက် အတိုင်း အဆင့်ကိုး နေရာတွင် ဆက်လက် ရပ်တည်လျက် ရှိသည်ကို တွေ့ရသည်။ မြန်မာအသင်း နည်းတူ ဒေသတွင်း ပြိုင်ဘက် ဗီယက်နမ်အသင်း နှစ်ဆင့် မြင့်တက်လာခဲ့ရာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အဆင့် ၂၈၊ ထိုင်းအသင်းက တစ်ဆင့်ကျပြီး အဆင့် ၃၀ နေရာ၌ ရပ်တည်လျက် ရှိသည်။

အရှေ့တောင်အာရှ ဒေသ၏ အဆင့် တစ်နေရာကို ဗီယက်နမ်က ဆက်လက် ဦးဆောင်ထားပြီး ထိုင်းကဒုတိယ၊ မြန်မာက တတိယနေရာ၌ ရပ်တည်လျက် ရှိသည်။

အမျိုးသမီး အသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အမျိုးသား အသင်းများကဲ့သို့ ဖီဖာက လစဉ် ထုတ်ပြန်ခြင်း မရှိဘဲ သုံးလသို့မဟုတ် လေးလ တစ်ကြိမ် ထုတ်ပြန်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၁၄ အာရှဖလား ဝင်ခွင့် ရရှိထားပြီး၂၀၁၃ ခုနှစ်အတွင်း SEA Games ပြိုင်ပွဲနှင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲများ ဆက်တိုက် ကစားရမည် ဖြစ် ရာ ယင်းပြိုင်ပွဲများကြောင့် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ ဆက်လက် မြင့်တက်လာမည် ဖြစ်သည်။

The Voice Weekly

Monday, June 24, 2013

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)က အမျိုးသမီး ဘောလုံးအဆင့် သတ်မှတ်ချက်များကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်ရာ မြန်မာအမျိုးသမီး အသင်းသည် မတ်လကထက် သုံးဆင့် မြင့်တက်ခဲ့ကြောင်း ဖော်ပြလိုက်
သည်။

ပုဂ္ဂလိကကျောင်း ၉၀ ကျော် သက်တမ်း ၂ နှစ်အထိသာ ခွင့်ပြု

Photo: ပုဂ္ဂလိကကျောင်း ၉၀ ကျော် သက်တမ်း ၂ နှစ်အထိသာ ခွင့်ပြု
Monday, June 24, 2013

ပညာရေးဝန်ကြီးဌာနက ယခု ပညာသင်နှစ်အတွက် ထပ်မံ ခွင့်ပြုပေး ထားသော ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၉၀ ကျော်ကို ယာယီ သက်တမ်း ၂ နှစ် အထိသာ အများဆုံး ခွင့်ပြုပေးထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက The Voice သို့ ပြောကြားသည်။

အသစ် ခွင့်ပြုခဲ့သော ကျောင်းပေါင်း ၉၄ ခု ရှိသည့်အနက် စမ်းသပ် ကာလကျောင်းများ အများဆုံး ပါဝင်ပြီး ပုံမှန် သက်တမ်း ငါးနှစ်ကျောင်းများ ခွင့်မပြုထားကြောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ယခင် ပညာသင်နှစ် က ခွင့်ပြုထားသော ကျောင်းများ အပါအဝင် ခွင့်ပြုပြီးသော ကိုယ်ပိုင် ပုဂ္ဂလိက ကျောင်း ၁၅၉ ကျောင်းထိ ရှိပြီဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံ အမှတ်(၁)အခြေခံပညာ ဦးစီးဌာနက ကိုယ်ပိုင်ကျောင်း ၁၆ ကျောင်း တင်သွင်းထားသော်လည်း ၁၃ ကျောင်းသာ ခွင့်ပြုချက်ရရှိပြီး ၂ နှစ်သက်တမ်း ယာယီ ကျောင်း လေးကျောင်းနှင့် တစ်နှစ်သက်တမ်း စမ်းသပ်ကျောင်း ကိုးကျောင်းတို့ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ကိုယ်ပိုင် အထက်တန်းကျောင်းများ၏ စည်းမျဉ်းစည်းကမ်းဆိုင်ရာ စစ်ဆေးမှု များကို တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက ပုံမှန် စစ်ဆေးပေး လျက်ရှိပြီး ဒေသအလိုက် ကွာခြားချက်များအပေါ် မူတည်ကာ ခွင့်ပြု ထားကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး က The Voice သို့ ပြောကြားသည်။

"ရန်ကုန်မှာကျတော့ မြေနေရာ အခက်အခဲရှိလို့ တိုက်ခန်းမှာ ဖွင့်တဲ့ ကျောင်းတွေရှိတယ်။ ဒီလို ကျောင်းဆို အားကစားအချိန်ရောက်ရင် အားကစားကွင်းတွေမှာ သွားလုပ်တာရှိတယ်" ဟု ၎င်းက ဆိုသည်။

လက်ရှိ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေပုဒ်မ ၈ တွင် ကျောင်းပတ်ဝန်း ကျင်၊ ကျောင်း အဆောက်အအုံ၊ သင်ထောက်ကူ ပစ္စည်း၊ နေရာ ထိုင်ခင်း၊ ကျောင်း စုဝေးပွဲနှင့် အားကစား နေရာများအတွက် သတ်မှတ် ထားပြီး သင်ကြားမှုပိုင်းတွင်လည်း ထပ်ဆောင်း သင်ရိုးများနှင့် ကိုယ်ပိုင်ကျောင်း ဆရာများအတွက် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံတွင် အစိုးရ သင်ရိုးသင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တရားဝင် စတင် ခွင့်ပြုခဲ့ပြီး ယင်းနှစ် က ကျောင်း အရေအတွက် ၆၆ ကျောင်းရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅၉ ကျောင်း ထိ တိုးမြှင့်ခဲ့သည်။

The Voice Weekly


Monday, June 24, 2013

ပညာရေးဝန်ကြီးဌာနက ယခု ပညာသင်နှစ်အတွက် ထပ်မံ ခွင့်ပြုပေး ထားသော ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ၉၀ ကျော်ကို ယာယီ သက်တမ်း ၂ နှစ် အထိသာ အများဆုံး ခွင့်ပြုပေးထားကြောင်း ပညာရေး စီမံကိန်းနှင့်
လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက The Voice သို့ ပြောကြားသည်။

ကျောက်စိမ်းဖိုး ငွေမချေနိုင်သည့် တရုတ်အမျိုးသားတစ်ဦး လူတစ်စု ဖမ်းဆီးခေါ်ဆောင်

ကျောက်စိမ်း ရောင်းရငွေ ကျပ်သိန်း ငါးရာကျော် မပေးနိုင်သည် တရုတ်နွယ်ဖွား အမျိုးသားတစ်ဦးကို လူတစ်စုက သံကြိုးနှင့် ချုပ်နှောင်ကာ ပါးစပ်ပိတ်၍ ဖမ်းဆီး ခေါ်ဆောင်မှု တစ်ခု ဇွန်၂၁ရက်နေ့က ပုလဲ၊ ဂန့်ဂေါ လမ်းမကြီး မိုင်တိုင် ၆၁ အနီးရှိ ဘေးတောလမ်းအတွင်း ဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။