Pages

Sunday, June 16, 2013

မြန်မာ မင်းသမီးများထဲတွင် ပထမဆုံး ရင်သား ခွဲစိတ်ပြုပြင်မှုကို နန်းဆုရတီစိုးမှ စတင်ပြုလုပ်

Sunday, June 16, 2013.

မြန်မာမင်းသမီးတစ်ဦးဖြစ်သော နန်းဆုရတီစိုးသည်ဂျပန်နိုင်ငံတွင်ရင်သားခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သတင်း
ရရှိသည်။

ကံစမ်းမဲပေါက်ကြောင်းယုံကြည်အောင်ပြောဆိုပြီး ငွေလိမ်လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ

Photo: ကံစမ်းမဲပေါက်ကြောင်းယုံကြည်အောင်ပြောဆိုပြီး
ငွေလိမ်လည်မှုကျူးလွန်သူအားဖမ်းဆီးရမိ

၁၄-၆-၂၀၁၃ရက်နေ့ ၁၀၀၀အချိန် ပျော်ဘွယ်မြို့နေ ကိုမျိုးဇော်မြင့်ထံသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ
ဦးကျော်ကျော်ဆိုသူက ဖုန်းဖြင့်ဆက်သွယ်လာပြီး ဖုန်းနံပါတ်ဖြင့်ကံစမ်းမဲဖေါက်သော အစီအစဉ်တွင်
ငွေကျပ်သိန်း(၃၀၀)ရာကံစမ်းမဲပေါက်ကြောင်း၊ အခွန်ဆောင်ထားပြီးဖြစ်ကြောင်း၊ ငွေကျပ်(၉)သိန်းအား
ဒဂုံတောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်းအမည်ဖြင့် လွှဲပေးရန် ပြောဆိုခဲ့၍ ငွေလွှဲပေးခဲ့ပြီးနောက်ပိုင်းတွင် လိမ်လည်သူများဖြစ်ကြောင်းသိရှိရသဖြင့် ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့သို့ တရားခံအားဖမ်းဆီးပေးရန်
အကူအညီတောင်းခံလာမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် ကမ္ဘောဇဘဏ်သို့ ၁၄၀၀အချိန် သွားရောက်စောင့်ဆိုင်းနေစဉ် ငွေလိမ်လည်
လာရောက်ထုတ်ယူသူ သန်လျင်မြို့နယ်နေ ဟိန်းဝင်းထွေး၊
(၂၅)နှစ်၊ (ဘ)ဦးသန်းထွန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်နေ
ကျော်သီဟ(ခ) ၀တုတ်၊ (၂၇)နှစ်၊ (ဘ)ဦးအောင်ဆန်းမြင့်
တို့(၂)ဦးအား ဖမ်းဆီးရမိသဖြင့် တရားခံများအား မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးနိုင်ရေး
ဆောင်ရွက်လျှက်ရှိပါသည်။

ကံစမ်းမဲပေါက်သည်၊ ထီကံစမ်းမဲပေါက်သည်ဟု အကြောင်းပြလိမ်လည်မှုများ မကြာခဏဖြစ်ပွါးနေ၍
ပြည်သူများအနေဖြင့် သတိပြုသင့်ကြောင်း ရဲတပ်ဖွဲ့မှ ပညာပေးဖေါ်ပြအပ်ပါသည်။
Yangon Police

၁၄-၆-၂၀၁၃ရက်နေ့၁၀;၀၀အချိန် ပျော်ဘွယ်မြို့နေကိုမျိုးဇော်မြင့်ထံသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှဦး
ကျော်ကျော်ဆိုသူကဖုန်းဖြင့်ဆက်သွယ်လာပြီးဖုန်းနံပါတ်ဖြင့်ကံစမ်းမဲဖေါက်သောအစီအစဉ်တွင်ငွေကျပ်
သိန်း(၃၀၀)ရာကံစမ်းမဲပေါက်ကြောင်း၊အခွန်ဆောင်ထားပြီးဖြစ်ကြောင်း၊ ငွေကျပ်(၉)သိန်းအားဒဂုံတောင်မြို့
နယ်ရှိ ကမ္ဘောဇဘဏ်သို့ ဦးမောင်ဝင်းအမည်ဖြင့် လွှဲပေးရန် ပြောဆိုခဲ့၍ ငွေလွှဲပေးခဲ့ပြီးနောက်ပိုင်းတွင် လိမ်
လည်သူများဖြစ်ကြောင်းသိရှိရသည်။

မလေးရှားမှ ဇွန် ၁၅ တွင် ပြန်လာသူ ၄၅ ဦး ယခင်ကတည်းက အဖမ်းခံရသူများဖြစ်နေ

Photo: မလေးရှားမှ ဇွန် ၁၅ တွင် ပြန်လာသူ ၄၅ ဦး ယခင်ကတည်းက အဖမ်းခံရသူများဖြစ်
---------------------------------------

ရန်ကုန်- မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန် ၁၅ ရက်တွင် ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား ၄၅ ဦးမှာ လတ်တလောအကြမ်းဖက် မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူများမဟုတ်ဘဲ မလေးရှားထောင်များတွင် ယခုနှစ်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်း
သတင်းရရှိသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားရဲတပ်ဖွဲ့က စာရွက်စာတမ်းမပြည်စုံသူ မြန်မာ
နိုင်ငံသား ၃၀၇ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာနဒုဝန်ကြီးဦးဇင်ယော်ကပြောသည်။ ၎င်းတို့ကို မြန်မာနိုင်ငံသို့
ပြန်ပို့ရန်စီစဉ်နေသည်ဟု ဦးဇင်ယော်ကပြောကြားထားသော်လည်း ဇွန် ၁၅ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသောသူများမှာ ယခင်ကတည်းက မလေးရှားထောင်များအတွင်း ဖမ်းဆီးခံထားရသူများနှင့် တရားဝင်အလုပ်လုပ်ကိုင်နေပြီး ခေတ္တခွင့်ဖြင့်ပြန်လည်ရောက်ရှိလာ
သူများဖြစ်နေသည်။

လက်ရှိအချိန်တွင် မလေးရှားရှိ မြန်မာသံရုံးမှ တရားမ၀င်နေထိုင်သူအားလုံးကို လိုအပ်သည့် အကူအညီများပေးမည်ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံမှ လေကြောင်းလိုင်းများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ထောက်ပံ့လှူဒါန်းမှုများ မလေးရှားသို့ ပေးပို့ထားသော်လည်း ယခုပြန်ပို့ခံရသူ
၄၅ ဦးမှာ သံရုံး၏ သက်သေခံလက်မှတ်ထုတ်ပေးသည့် အကူအညီသာ ရရှိခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ကိုလည်း
မိမိစရိတ်ဖြင့်သာ ၀ယ်ယူခဲ့ရကြောင်း ဇွန် ၁၅ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည့် ပြန်ပို့ခံရသူများကဆိုသည်။

“သံရုံးက သက်သေခံလက်မှတ်စီစဉ်ပေးလို့ လေယာဉ်လက်မှတ်ခ မလေးရှားရင်းဂစ် ၆၅၀ ပေးဝယ်ပြီး ပြန်လာတာပါ။ ထောင်ထဲမှာ စုစုပေါင်း ရက်တစ်ရာနေခဲ့ရပါတယ်။ ဒီနေ့မနက် ပြန်တော့မယ်ဆိုမှ Camp ထဲက ထွက်ရတာပါ။ ကျွန်တော်တို့မှာ ပတ်စ်ပို့မရှိလို့ ဖမ်းခံရတာပါ။ ဆိုက်ထဲဝင်ဖမ်းတော့ ကျွန်တော်တို့နဲ့အတူ မြန်မာ ၄၇ယောက်အဖမ်းခံခဲ့ရပါတယ်” ဟု ပီနန်ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်ခဲ့ သည့် အုတ်ဖိုဇာတိ ကိုဇော်ဝင်းထွန်းကပြောသည်။

ပြန်ပို့ခံရသူအများစုမှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက်လုပ်ကိုင်လိုစိတ် မရှိတော့ကြောင်း တညီညွတ်တည်း ပြောကြားခဲ့သည့်
အပြင် တရားဝင်အလုပ်လုပ်ကိုင်ပါမစ်ဖြင့် သွားရောက်လုပ်ကိုင်ပြီး ခွင့်ဖြင့် ခေတ္တပြန်လာသူမြန်မာနိုင်ငံသားအများစုကလည်း ပြန်လည်
သွားရောက်လိုစိတ်မရှိကြောင်း 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။

“မလေးမှာ ဓားတွေနဲ့လိုက်ခုတ်တဲ့ ကောင်တွေက ယူအင်န်ကတ်တွေ ကိုင်ထားတဲ့ ကောင်တွေဆိုတော့ ကျွန်တော်တို့ဘက်က လုံခြုံပေမယ့် ရှောင်ရတယ်။ မြန်မာတွေ တော်တော်အထိများတယ်။ အခုပြန်ဖို့ သူဌေးစီစဉ်ပေးတာပါ။ မလေးဆိုရင်တော့ ပြန်မသွားချင်တော့ဘူး။
အခုမလေးက အရင်လိုခေတ်မကောင်းတော့ဘူး” ကလန်းမြို့ ဆိုဖာစက်ရုံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်ဖြင့် လေးနှစ်ကြာ
အလုပ်လုပ်ခဲ့သော ဟင်္သာတမြို့မှ ကိုလှမျိုးထွန်းကဆိုသည်။

ပြန်ပို့ခံရသော မြန်မာနိုင်ငံသားများတွင် အ၀တ်အစားအသုံးအဆောင်ပစ္စည်းအိတ်များလည်း မပါဝင်ဘဲ အ၀တ်တစ်ထည်၊ ကိုယ်တစ်ခုဖြင့်သာ ပြန်ရောက်လာကြခြင်းဖြစ်သည်။

“ကျွန်တော်ပတ်တနီထောင်မှာ ကိုးလပိုင်းကတည်းကထောင်ကျနေတာ။ ငါးလပိုင်း ၂ ရက်နေ့ထောင်ကထွက်ပြီး Camp မှာ ရက်နှစ်ဆယ် လောက်နေရတယ်။ ထောင်ထဲမှာ မွတ်ဆလင်နဲ့ရောထားတော့ အဆင်မပြေပါဘူး။ မကောင်းဘူးပေါ့ဗျာ။ အသက်အန္တရာယ်တင်မကဘူး။
နေရထိုင်ရတာကအစ မကောင်းဘူး။ ဖြစ်လာရင်ဘာမှ အကာအကွယ်မရပါဘူး။ ကိုယ့်အိမ်မှာကိုယ်ငါးပိရည်နဲ့ပဲ စားစားပါဗျာ။ ပြန်မသွားတော့ဘူး” ဟု ပတ်တနီရာဘာခြံတစ်ခြံတွင် ရာဘာခြစ်ရင်း အဖမ်းခံခဲ့ရသည့် ကျောက်ဖြူမြို့မှ ကိုစိုးစိုးအောင်ကပြောသည်။

ယခုပြန်ပို့ခံရသူ ၄၅ဦးတွင် အသက်အငယ်ဆုံးအဖြစ် ၁၇ နှစ်အရွယ် မောင်ရန်နိုင်လင်းလည်း ပါဝင်ပြီး မလေးရှားနိုင်ငံ၊ ပတ်တနီသို့ ရောက်ရှိပြီး တစ်ရက်အကြာတွင် ဖမ်းဆီးခံရသူလည်းဖြစ်သည်။

“မလေးရှားရဲသုံးယောက်က ၀ိုင်းဖမ်းတယ်။ ထောင်ထဲမှာ ရဲတွေက ရိုက်တယ်”ဟု ရန်နိုင်လင်းက ပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း
မြန်မာအထူးအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံပြီးနောက် မလေးရှားပြည်ထဲရေးဒုဝန်ကြီးက မလေးရှားထောင်များအတွင်း ဖမ်းဆီး
ထားသော မြန်မာနိုင်ငံသားလေးထောင်ကျော်ကို ပြန်ပို့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံသို့ ဆက်တိုက်ဝင်ရောက်လာဖွယ်ရှိနေပြီး ဇွန် ၁၇ ရက်တွင်လည်း ဧရာဝတီဖောင်ဒေးရှင်း၏ စီစဉ်မှုဖြင့် မလေးရှားရောက် မြန်မာအလုပ်သမားအချို့ပြန်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ရန်ကုန်- မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန် ၁၅ ရက်တွင် ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား ၄၅ ဦးမှာ လတ်တလောအကြမ်းဖက် မှုဖြစ်ပွားပြီးနောက်ဖမ်းဆီးခံရသူများမဟုတ်ဘဲမလေးရှားထောင်များ
တွင် ယခုနှစ်ပိုင်းကတည်းက ဖမ်းဆီးခံထားရသူများသာဖြစ်ကြောင်းသတင်းရရှိသည်။

မန္တလေးမြို့တွင် ငါးလအတွင်း သာသနာညှိုးနွမ်းစေမှု ၃၀ ကျော် ဖြစ်ပွား

မန္တလေး၊ ဇွန် ၁၆
သံဃာပေါင်း ၄၀,၀၀၀ ကျော် သီတင်း သုံးနေထိုင်သော မန္တလေးမြို့တွင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ

အထိ ငါးလတာ ကာလအတွင်း သာသနာညှိုးနွမ်းအောင် ပြုလုပ်သော သံဃာတော်များကို ပြစ်မှုဆိုင်ရာ ဥ
ပဒေပုဒ်မ၂၉၅-က အရ အရေးယူ ဆောင်ရွက်မှု၃၆ မှုရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ
မှ သိရသည်။

အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်

Photo: အကိုက်အခဲ ပျောက်ဆေး သောက်သည့် အမျိုးသားများ ပန်းသေပန်းညှိုးဖြစ်နိုင်

အကိုက်အခဲ ပျောက်ဆေးကို ပုံမှန် သောက်တဲ့ အမျိုးသား တွေဟာ ပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ မြင့်မား တယ်လို့ လေ့ လာမှု အသစ်အရ သိရှိထား ပါတယ်။ ကိုဒင်း အပါအဝင် Opioid အမျိုးအစား အ ကိုက်အခဲ ပျောက်ဆေးကို ပုံမှန်သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီပြဿနာတွေ ဖြစ် ပေါ်တယ်လို့ သိရပါတယ်။ Opioid ကို အသုံးပြုတဲ့ အမျိုးသား တွေဟာ အဲဒီဆေး ဝါး မမှီဝဲသူ တွေထက် ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမြင့်မားတယ် လို့ ဆိုပါတယ်။ မော်ဖင်း၊ အိုက်ဒရိုကော် ဒေါနဲ့ အောက်ဆီကော်ဒုန်းတွေဟာ အ သုံးများတဲ့ အိုပီဝိုက် အကိုက်အခဲပျောက် ဆေး အမျိုးအစား တွေဖြစ်ပါတယ်။ ခါးကိုက် ခါးနာ ဝေဒနာရှိတဲ့ အမျိုး သားပေါင်း ၁၁၀ဝ၀ ယောက်ကို လေ့ လာမှုပြုလုပ် ရာမှာ အသက် ၆၀ ကျော် အမျိုးသား တွေဟာ ငယ်ရွယ်တဲ့ အမျိုး သားတွေ ထက် ပန်းသေပန်းညှိုး ဖြစ်တာ ပိုများ တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

အိုပီဝိုက် အမျိုးအစား အကိုက်အခဲ ပျောက်ဆေးကို အချိန်ကြာကြာ သောက်သုံး သူတွေမှာ ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မားတာ ကို တွေ့ရှိ ခဲ့ပါတယ်။ အိုပီဝိုက် အမျိုးအစား ဆေးဝါးတွေကို ရေရှည် အသုံးပြုရင် ဆေး စွဲတာ၊ ဆေးလွန်ပြီး အသက်ဆုံး ရှုံးတာ၊ မကြာခဏ အိပ်ရာမှ နိုးတာ၊ အသက်ကြီး သူတွေမှာ လိမ့်ကျတာ၊ ဟော်မုန်းထုတ် လုပ်မှု လျော့နည်း တာတွေအပြင် အခု အခါမှာ ပန်းသေ ပန်းညှိုးပါ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၆၀ နဲ့ ၆၉ နှစ် ကြား အမျိုးသား တွေဟာ အသက် ၁၈ နှစ်နဲ့ ၂၉ နှစ်ကြား အမျိုးသားတွေထက် ပန်းသေပန်းညှိုး ဆေးဝါး အသုံးပြုမှု ၁၄ဆ ပိုများပါတယ်။ စိတ်ကျ ဝေဒနာနဲ့ အိပ်ဆေး အသုံးပြုတဲ့ အမျိုးသား တွေမှာလည်း ပန်း သေပန်းညှိုး ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။

By Good Health

အကိုက်အခဲ ပျောက်ဆေးကိုပုံမှန် သောက်တဲ့အမျိုးသား တွေဟာပန်းသေ ပန်းညှိုးဖြစ်နိုင်ခြေ မြင့်မား တယ်
လို့ လေ့ လာမှုအသစ်အရသိရှိထား ပါတယ်။ကိုဒင်းအပါအဝင်Opioidအမျိုးအစား အ ကိုက်အခဲ ပျောက်ဆေး
ကို ပုံမှန်သုံးစွဲတဲ့ အမျိုးသား တွေမှာ အဲဒီပြဿနာတွေ ဖြစ် ပေါ်တယ်လို့ သိရပါတယ်။

ရွှေတိဂုံဘုရားပေါ်ကိုတတ်ရောက်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်အယောင်ဆောင် အမျိုးသမီးနှင့်ပတ်သတ်ပြီး သတင်းမီဒီယာများတွင်ဖော်ပြပုံကွဲလွဲနေ

Photo

Facebook ပေါ်တွင် မစိုးရိမ်တိုက်ဆရာတော် ဦင်္းဝီရသူမှ ရွှေတိဂုံအပေါ် ကျူးကျော်ဆော်ကားလာတဲ့ ဝတ်စုံ
ပြည့်ဝတ် မွတ်စလင်အမျိုးသမီးလို့ရေးသားထာပါတယ်။ The Voice Weekly ရဲ့သတင်းမှာတော့ဆာရီခြုံ
ထားတဲ့ စိတ်မနှံ့သူအမျိုးသမီးတစ်ဦးလို့ရေးထားပြန်ပါတယ်။

ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည့် ကုမ္ပဏီနှစ်ခု အမည် ဇွန် နောက်ဆုံး အပတ်၌ ကြေညာ သွားမည်ဟု သိရ

Sunday, June 16, 2013
ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ နှစ်ခုကို လုပ်ပိုင်ခွင့် လိုင်စင် ပေးအပ်ရန် နိုင်ငံတော် အစိုးရက ဆောင်ရွက်လျက် ရှိရာလုပ်ငန်း လုပ်ကိုင်ခွင့် ရသည့် ကုမ္ပဏီ နှစ်ခု၏ အမည်ကို ဇွန်လ နောက်ဆုံး အပတ်တွင် ကြေညာ ပေးသွားမည် ဖြစ်ပြီး ၎င်းကုမ္ပဏီ များကို အမှတ်ပေး စနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။

အီရန်သမ္မတရွေးကောက်ပွဲ Hassan Rowhani အနိုင်ရ

အီရန်သမ္မတရွေးကောက်ပွဲ Hassan Rowhani အနိုင်ရ
Sunday, June 16, 2013

အီရန်နိုင်ငံမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူဟာ သဘောထားမတင်းမာတဲ့ ဘာသာရေးဆရာ ဟက်ဆန် ရိုဟာနီ (Hassan Rowhani) ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး မိုစတာဖာ မိုဟာမက်နက်ဂျာ (Mostafa Mohammad-Najjar) က ကြေညာလိုက်ပါတယ်။ ဒီ အနိုင်ရမှုဟာ နိုင်ငံကိုအုပ်ချုပ်နေတဲ့ သဘောထားတင်းမာသူတွေအပေါ် မထင်မှတ်ဘဲ အောင်နိုင်မှုပဲ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲရေးသမားတွေ သိပ်သဘောကျတဲ့ နျူကလီးယား ညှိနှိုင်းရေးမှူးဟောင်း မစ္စတာရိုဟာနီ ဟာ စုစုပေါင်း ရေတွက်ရတဲ့ မဲပေါင်း ၃၇ သန်းနီးပါးမှာ ထောက်ခံမဲ ၁၉ သန်းနီးပါး ရရှိတာဖြစ်ပါတယ်။

မဲ ၅၀% ထက်နည်းနည်း ပိုရခဲ့တာကြောင့် ဒုတိယအကျော့ ပြန်ယှဉ်ပြိုင်စရာ မလိုတော့ပါဘူး။ သူနဲ့အနီးဆုံး လိုက်ပါသူကတော့ သူနဲ့တော်တော်ပြတ်ကျန်ခဲ့ပြီး မဲ ၁၆ ရာခိုင်နှုန်းရတဲ့ တဟီရန်မြို့တော်ဝန် မိုဟာမက် ဘက်ဟာခါလီဘပ် (Mohammad Bagher Qalibaf) ပဲ ဖြစ်ပါတယ်။

ဒီလိုရွေးကောက်ပွဲမှာ ပါဝင်မဲထည့်ခဲ့ကြတာအတွက် အမေရိကန်ပြည်ထောင်စု က ချီးကျူးပြောဆိုပြီး သမ္မတ အိုဘားမား အစိုးရအဖွဲ့က ဒီဆန္ဒမဲခံယူပွဲ ကို လေးစားပါတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ ဂျေးကာနီ (Jay Carney) က ပြောပါတယ်။ မစ္စတာကာနီ ရဲ့ ကြေညာချက်မှာ အီရန်အစိုးရဟာ ထင်သာမြင်သာ မရှိသလို၊ သတင်းမီဒီယာကလည်း စိစစ်ရေးရှိတဲ့အပြင် လုံခြုံမှုမရှိတဲ့ အနေအထားတွေ အပါအဝင် အစိုးရရဲ့ အတားအဆီးတွေ ကန့်သတ်ချက်တွေကြားမှာ ဒီရွေးကောက်ပွဲ ဖြစ်မြောက်ခဲ့ရတာပါ လို့ ပြောထားပါတယ်။

အီရန်နိုင်ငံရဲ့ သောကြာနေ့ ရွေးကောက်ပွဲမှာ အီရန်နိုင်ငံသား သန်း ၅၀ လောက်က မဲပေးခွင့်ရှိပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းလောက် မဲလာပေးပါတယ်။ အီရန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ မိုဟာမက် အမာဒင်နီဂျက် (Mahmoud Ahmadinejad) သမ္မတ တတိယသက်တမ်း အတွက် ဆက်ပြီး အရွေးခံလို့မရတာကြောင့် သူ့ရဲ့နေရာမှာ မစ္စတာ ရိုဟာနီ က ဆက်ခံရမှာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ မစ္စတာ အမာဒင်နီဂျက် ပြန်ပြီး အရွေးချယ်ခံခဲ့ရတဲ့ အတွက်ကြောင့် နိုင်ငံတဝန်း ကန့်ကွက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားပြီး အစိုးရကလည်း သွေးထွက်သံယို နှိပ်ကွက်ခဲ့ပြီး တဲ့နောက်မှာ အခု သမ္မတရွေးကောက်ပွဲဟာ ပထမဆုံးအကြိမ် ပြန်ကျင်းပ တာဖြစ်ပါတယ်။

VOA Burmese

Sunday, June 16, 2013

အီရန်နိုင်ငံမှာကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူဟာ သဘောထားမတင်းမာတဲ့ ဘာသာရေး
ဆရာ ဟက်ဆန် ရိုဟာနီ (Hassan Rowhani) ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး မိုစတာဖာ မိုဟာမက်နက်ဂျာ (Mostafa Mohammad-Najjar) က ကြေညာလိုက်ပါတယ်။

“ချောင်းရိုက်ခံရဖို့ တော့နီးနေပြီဆိုတဲ့ဒါရိုက်တာဝိုင်း”

“ချောင်းရိုက်ခံရဖို့ တော့နီးနေပြီဆိုတဲ့ဒါရိုက်တာဝိုင်း”
လက်ပံဆိုတဲ့ပန်းတစ်ပွင့်ပွင့်ဖို့ ငါကဥယျာဉ်မှူးလား။
စစ်သူကြီးလား။ဖိုက်တာလား။လူမိုက်လား။ဘာကောင်လဲတော့မသိဘူး။
ချောင်းရိုက်ခံရဖို့ တော့နီးနေပြီလို့ ဆိုတဲ့ဒါရိုက်တာဝိုင်းရဲ့ 
လက်ပံဇာတ်ကားဟာဒီကနေ့ ဇွန်၁၆နံနက်မှာသမတရုပ်ရှင်ရုံအတွင်း
အထူးပွဲပြခဲ့ပါသည်။(ဒီကားဟာပြဿနာလေးတွေအတော်အသင့်ကို
ရင်ဆိုင်ဖြတ်သန်းခဲ့ရသလိုမကြာခင်မှာလည်းသို့ လောသို့ လောဖြစ်နေသော
ဝတ္တုပြဿနာကိုရှင်းလင်းကြရဖွယ်ရှိကြောင်းစာပေသမားတစ်ဦးကဆို
ပါသည်။ယင်းလက်ပံ ရုပ် ရှင် ဇာတ် ကားမှာတချိန်ကဆရာမယဉ် ယဉ် နု (မန္တ လေး) ဧ။် ဇာတ်တစ်ပုဒ်နှင့်တ ထေ ရာတည်း တူ နေ ကြောင်းလည်းဆိုကြပြီးယင်းဇာတ်ကိုယခုဝတ္တုဇာတ်လမ်းရေးသူ မှာမြားစစ်သည်ဖြစ်ကာလုံးချင်းလည်းထုတ်ခဲ့ကြောင်းဆိုကြသည့်အတွက်စိတ်ဝင်စားဖွယ်ဖြစ်နေကြောင်းသိရသည်။)

လက်ပံဆိုတဲ့ပန်းတစ်ပွင့်ပွင့်ဖို့ ငါကဥယျာဉ်မှူးလား။စစ်သူကြီးလား။ဖိုက်တာလား။လူမိုက်လား။ဘာကောင်
လဲတော့မသိဘူး။ချောင်းရိုက်ခံရဖို့ တော့နီးနေပြီလို့ ဆိုတဲ့ဒါရိုက်တာဝိုင်းရဲ့ လက်ပံဇာတ်ကားဟာဒီကနေ့ ဇွန်
၁၆နံနက်မှာသမ္မတရုပ်ရှင်ရုံအတွင်းအထူးပွဲပြခဲ့ပါသည်။

သုံးဆယ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ် ဘ၀နတ်ထံပျံလွန်တော်မူပြီ


Sunday, June 16, 2013
ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံသို့ တက်ရောက်ဆေးဝါး ကုသမှုခံယူနေသော သုံးဆယ်ဆရာ တော်ကြီး (ဝါ) တော ၃ဝ၊ တောင် ၃ဝ၊ ရေအိုင် ၃ဝ တို့တွင် ဓုတင်္ဂါစာရ ကျင့်ကြံခဲ့သည့် ဆရာတော်ကြီး ဟု အများသိထားကြသည့် ဘဒ္ဒန္တအရှင်ဉာဏ သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ သည် ၁၅.၆. ၂ဝ၁၃ (စနေနေ့) နံနက် (၇းဝဝ) နာရီအချိန်တွင် အာရှတော်ဝင်ဆေးရုံ၌ ပျံလွန်တော်မူသွားခဲ့ခဲ့ကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် ပြောင်းလဲခန့်အပ်

ဇွန်လ ၁၆ ရက် ၂၀၁၃

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် HE .Andrew Patrick ကို ပြောင်းလဲခန့်အပ် လိုက်ပြီဖြစ်ကြောင်း ဗြိတိသျှသံရုံးမှ သတင်းထုတ်ပြန်သည်။၎င်းသည် လာမည့်သြဂုတ်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် သံအမတ်ကြီး HE .Andrew Heyn ၏ နေရာတွင် ၀င်ရောက်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ မိကျောင်းကန် အပိုင်း (၁)နှင့် (၂)တွင်ရှိသောမိသားစု ၂၀၀ ကျော် လမ်းဘေးတွင် နေထိုင်ရပြီး ကျောင်းသားများ ကျောင်းတက်ရန် အခက်ကြုံ

Sunday, June 16 , 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်ရှိ တပ်မတော်က သိမ်းထားသည့် မိကျောင်းကန် အပိုင်း (၁)နှင့် (၂)တွင်ရှိသော အိမ်ခြေ ၂၀၀ ကျော်အား တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့မှ အင်အားသုံးဖယ်ရှား ခဲ့မှုကြောင့် မိသားစု ၂၀၀ ကျော်မှာ ပြည်သာယာ လမ်းဘေးတွင် အဖိဆွဲကာ ဖြစ်သလို နေနေရပြီး ကျောင်းသားများမှာ ကျောင်းနားရမည့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း အိမ်ဖျက်ဆီး ခံရသည့် ကျောင်းသားမိဘများက ဇွန် ၁၅ ရက်နေ့တွင် ပြောသည်။

ကိုယ့်ကြောက် သူ့ကြောက် ဖြစ်နေသည့် ကောလင်းမြို့ရဲ့ လတ်တလော အခြေအနေ

ကိုယ့်ကြောက် သူ့ကြောက် ဖြစ်နေသည့် ကောလင်းမြို့ရဲ့ လတ်တလော အခြေအနေ
========
ဇွန် ၁၅၊ ၂၀၁၃
M-Media
ထွန်းတောက်

ကောလင်း ။             ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့၌ ယနေ့တွင် လုံခြုံရေးများလှည့်လည် ကင်းလှည့်နေသည်ဟု ကြားသိရသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိပါသည်။

အဆိုပါ ကိစ္စအား ဆက်သွယ်စုံစမ်းမေးမြန်းရာ "အခုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။ ကောလဟလတွေကလည်း တအားကို ပွနေတယ်။ ဟုတ်ပါတယ်။ မီးသတ်ကားတွေ၊ ရဲတွေပတ်နေပါတယ်။ အဲဒီကိစ္စက ဟိုတစ်ခါကလည်း ပတ်သေးတယ်။ အခုတစ်ခါပတ်တာက လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အုပ်ချုပ်ရေးမှူးက တစ်ခုပြောထားတာ ရှိတယ်။ ကိုယ့်ဘာသာကိုယ် အုပ်စုလေးတွေဖွဲ့ပြီး စောင့်ပေးကြပါလို့ ပြောလာတယ်။ အဲဒါနဲ့ ၁၀-ရက်လောက်တော့ရှိပြီ တဖွဲ့ကို ၃-ရက်စီ ကင်းစောင့်နေလိုက်ကြတာ။ အခုဆို စတုတ္ထမြောက် အဖွဲ့ကို ရောက်သွားပါပြီ။ အကြောင်းတစ်ခုခု ထူးခြားတာနဲ့ ချက်ချင်းသိလို့ရအောင် ကင်းစောင့်လိုက်ကြတာပါ။ 

အခုဟာက ကောလင်းကို ၁၅-ရက်နေ့လုပ်မယ် ဆိုပြီး ကောလဟလတွေ နေ့တိုင်းပြန့်နေတာက တစ်ပတ်လောက်ရှိသွားပြီ။ အဲလိုဖြစ်နေတော့ ဒီက မွတ်စလင်မ်လူကြီးတွေက သက်ဆိုင်ရာကို အကြောင်းကြားပြီး ကိုယ်တိုင်လည်း ကင်းစောင့်နေလိုက်ကြပါတယ်။ မနေ့ညကတော့ တစ်ညလုံး မိုးအလင်းပဲ လမ်းတွေထဲမှာ ကင်းစောင့်လိုက်ကြတယ်။ ဒီနေ့ကျတော့ ၁၅-ရက်နေ့ဆိုတဲ့ ကောလဟလကြောင့်လို့ ထင်ပါတယ်။ အမှတ်(၁၂၀)ခြေမြန်တပ်ရင်း ကောလင်းတပ်ကနေ စစ်ကားတစ်စီးရယ်၊ အရံမီးသတ်တပ်ဖွဲ့ရယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရယ် ၂-အုပ်စုလုံးက မီးသတ်ကားတွေစီပြီး မြို့ထဲမှာ အင်အားပြတဲ့ပုံစံနဲ့ လှည့်နေတယ်။ လုံခြုံရေးရှိတယ်ဆိုတဲ့အကြောင်းကို အင်အားပြတဲ့ သဘောပါပဲ။ 

အခုအချိန်ထိ ကောလင်းတစ်မြို့လုံးကတော့ နိုးနိုးကြားကြား နေနေတယ်။ ဘာမှတော့ မဖြစ်သေးဘူး။ အမှန်တကယ်တော့ အခုဟာက သူတို့ကကိုယ့်ကြောက်၊ ကိုယ်က သူတို့ကြောက်ဖြစ်နေတာပါ။ တကယ်တမ်း ဖြစ်လာရင်တော့ အခြေအနေကောင်းမှာမဟုတ်ဘူး။ ဘာမှ မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေပါတယ်။"လို့ ကောလင်းမြို့ခံတစ်ဦးမှ M-Media ကို ပြောပြလာပါတယ်။

#Kawlin #Sagaing #Burma

ဇွန် ၁၅၊ ၂၀၁၃

ကောလင်း ။ ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းမြို့၌ ယနေ့တွင် လုံခြုံရေးများလှည့်လည် ကင်းလှည့်နေ
သည်ဟု ကြားသိရသည့်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သတင်းရရှိပါသည်။

၁၅.၆.၂၀၁၃ နေ့လည်ပိုင်းက အစ္စလာမ်ဘာသာဝင်အယောင်ဆောင် အမျိုးသမီးတစ်ဦး ရွှေတိဂုံဘုရားပေါ် သို့ ရောက်ရှိလာ

Photo: ဒါ မွတ်စ်လင်မ် မိန်းကလေး လုံးဝ မဟုတ်ပါ။ အစ္စလာမ် ဘာသာကို ကိုးကွယ်တာ ၃ နှစ်လောက်ပဲ ရှိတဲ့ အမျိုးသမီး လဲမဖြစ်နိုင်ပါ။ ဟိဂျာဗ်ကို ဘယ်မွတ်စ်လင်မ် အမျိုး သမီးမှ ဒီလို မဝတ်ပါ။ ဆံပင်တွေကလည်း ခေါင်း တစ်ဝက်လောက် ပေါ်နေတယ်။ နိကာဖ်လည်း လုပ်ချင်တယ် နှာခေါင်းလည်း ပေါ်လို့။

အရင်ရက်တွေက မန္တလေးမှာ မွတ်စ်လင်မ် အယောင်ဆောင်ပြီး ဗလီတွေထဲ ဝင်တဲ့ ဖြစ်ရပ်ကို Counter ပြန်ကစားတာလို့ပဲ ထင်တယ်။ ဘာပဲဖြစ်ဖြစ် သတိထားပါ။ 

အရူးကားတွေ ရိုက်ပါတော့မယ်။ ဒီလိုဟာမမျိုးတွေ့ရင် မွတ်စ်လင်မ် ဟုတ်၊ မဟုတ် စစ်ဆေးရတာ လွယ်လွယ်လေးပါ။ အခုကို ကြည့်ပါ။ 

မွတ်စ်လင်မ် အမျိုးသမီးတစ်ယောက် ဝတ်စား ပုံနဲ့ ၁၀၀% ကွဲပြားနေပါတယ်။ အခုလိုအချိန် ဘယ်မွတ်စ်လင်မ် အမျိုးသမီးမှ ဘုရားမသွားပါ။ ရွှေတိဂုံလို နေရာမျိုး ပိုဆိုးပါ။ အကွက်ပြောင်း ကစားပါဦး။

အန်လ်အယ်လ်အက်စ် အလင်း

ဒီနေ့ (၁၅-၆-၂၀၁၃)၊ (၁၂း၀၀)နာရီခန့်က ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားပေါ်ကို မူဆလင်ဝတ်စုံပြည့် ဝတ်ထား
သော အမျိုးသမီးတစ်ယောက်နှင့် ဘောင်းဘီရှည်အနီနဲ့ အင်္ကျီအနီကွက် ဝတ်ထားသော ကောင်မလေးတစ်
ယောက် အရှေ့မုဒ်မှ တက်လာပါတယ်။

ပစ္စည်းအားလုံးကို ကွန်ပျူတာ ချိတ်ဆက် အသက်သွင်းနိုင်သော ဆားကစ် MIT ကျောင်းသား တီထွင်

Saturday, 15 June 2013

အမေရိကန် နိုင်ငံ MIT သုတေသန တက္ကသိုလ်က Ph.D ကျောင်းသား Jay Silver က တီထွင်လိုက်တာ ဖြစ်
ပါတယ်။

အစ္စလာမ် ဘာသာဝင်အများစုရှိနေတဲ့ ဆော်ဒီမှာ ဘာလို့ ဘုရားပေးမတည်တာလဲ ?


ဘာသာရေးပိုစ့်တွေမှာ တွေ့ မြင်နေကျ မေးခွန်းလေးတစ်ခုရှိတယ်။မင်းတို့ ဆော်ဒီမှာ ဘာလို့ 
ဘုရားပေးမတည်တာလဲ ဆိုတဲ့ မေးခွန်း။ တချို့ ကလဲ ဖြေကြတယ်။မြင့်မြတ်တဲ့မြေ (Holy Land) ဖြစ်လို့ ။ တချို့ ကလဲ ပြန်ပြောတယ်။ ဆော်ဒီမှာ ဘုရားတည်ချင်ရင်အရင်နိုင်ငံထဲမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံသားတွေ ရှိမှရမယ်။ တချို့ ကလဲ ပြန်ငေါ့တယ်။ UN ကိုသွားပြောကြည့်ပါလားဆိုပြီး။ ဘာပဲဖြစ်ဖြစ် ဒီမေးခွန်းအတွက် အဖြေက အရမ်းကို ထိလွယ်ရှလွယ်လွန်းလှတယ်။

မလေးရှားရောက် မြန်မာ တချို့ ပြန်လာကြပြီ

မလေးရှားရောက် မြန်မာ တချို့ ပြန်လာကြပြီ

ဇွန်လ ၁၆ ရက် ၂၀၁၃

မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် နေတဲ့ မြန်မာ အလုပ်သမားတွေထဲက တချို့ဟာ စနေနေ့ နေ့လည် ၂ နာရီက မြန်မာ နိုင်ငံကို လေကြောင်းခရီးနဲ့ ပြန်လည် ရောက်ရှိ လာခဲ့ ကြပါတယ်။

မလေးရှား နိုင်ငံမှာ မြန်မာ တချို့ အသတ်ခံ ရပြီးတဲ့ နောက်မှာ အခုလို ပြန်လာ ကြတာ ဖြစ်ပေမယ့် အခုပြန်လာ ကြသူတွေထဲက အများ အပြားက တရားမဝင် နေထိုင်ခဲ့ကြသူတွေလို့လည်း သိရပါတယ်။
ပြန်ရောက် လာသူတွေထဲက တဦး ဖြစ်တဲ့ တနင်္လာရီတိုင်း၊ မြိတ် ဒေသခံ ကိုရန်နိုင်လင်းကို ဆက်သွယ် မေးကြည့်တော့ အခု လေကြောင်း ခရီးစဉ်နဲ့ ပြန်လာကြသူ ၁၀၀ နဲ့ ၁၅၀ ဝန်းကျင်လောက် ရှိတယ်လို့ ပြောပါတယ်။

အခုလို ပြန်လာတာက ပထမဆုံး အကြိမ် ဖြစ်ပြီး ပြန်လာကြသူ တွေထဲမှာ မလေးရှားမှာ ဖမ်းဆီးခံခဲ့ ရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် မှာ နိုင်ငံကူး လက်မှတ် မရှိလို့ အဖမ်းခံခဲ့ ရတာ ဖြစ်ပြီး မလေးရှားကိုတော့ နိုင်ငံကူးလက်မှတ် မရှိပေမယ့် အောက်လမ်း ကနေ လာခဲ့တာလို့ ပြောပါတယ်။

အခုလို ပြန်လာနိုင်အောင် မြန်မာ သံရုံးကနေ စီစဉ် ပေးခဲ့တဲ့အကြောင်း၊ သူနဲ့အတူ အဖမ်းခံနေရစဉ်က သိကျွမ်း ခဲ့တဲ့ သူ့မိတ်ဆွေ ၁၀ ယောက်လောက်လည်း ပြန်လာ ခဲ့ကြကြောင်း ဆိုပါတယ်။

အဖမ်းခံနေရစဉ် တုန်းကတော့ မြန်မာ လူမျိုးတွေ မလေးရှားမှာ အသတ်ခံရတဲ့ သတင်းတွေကို မကြားမိဘူးလို့ ပြောပါတယ်။

အခု ပြန်လာတာကတော့ မိခင် ဖြစ်သူကို လွမ်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ နိုင်ငံပြန်ရောက် ပြီးရင် ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ မသိသေးတဲ့ အကြောင်း ဖြေကြား သွားခဲ့ပါတယ်။

အခု ပြန်လာ ကြတာ ကတော့ ပထမ အသုတ်ဖြစ်ပြီး နောက်ထပ်လည်း ပြန်လာကြဦးမယ်လို့ သိရပါတယ်။

BBC

ဇွန်လ ၁၆ ရက် ၂၀၁၃
မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် နေတဲ့ မြန်မာ အလုပ်သမားတွေထဲက တချို့ဟာ စနေနေ
့ နေ့လည် ၂ နာရီက မြန်မာ နိုင်ငံကို လေကြောင်းခရီးနဲ့ ပြန်လည် ရောက်ရှိ လာခဲ့ ကြပါတယ်။