Pages

Saturday, June 15, 2013

UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်းသို့ WFP မှ Deputy Country Director ၄ ရက်ကြာ ခရီးစဉ် လာရောက်မည်

Photo: UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်းသို့ WFP မှ Deputy Country Director ၄ ရက်ကြာ ခရီးစဉ် လာရောက်မည်
Saturday, June 15, 2013

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာ အစီ အစဉ် WFP ရုံးချုပ်မှ Deputy Country Director Mr.Guillaume Foliot ပြင်သစ်နိုင်ငံသားသည် ဇွန်လ ၂၅ ရက်မှ ဇွန်လ ၂၈ ရက်အထိ UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့ ၄ ရက်ကြာခရီးစဉ် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းခရီးစဉ် ၄ ရက်တွင် UWSP/UWSA “၀” အဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များအား တွေ့ဆုံ၍ Mr. Guillaume Foliot သည် ဇွန်လ ၂၅ ရက်နေ့၌ မိုင်းလား၊ မိုင်းဖျန်၊ မိုင်းပေါက်၊ ပန်ဆန်းသို့လည်းကောင်း၊ ဇွန် ၂၆ ရက်နေ့တွင် ပန်ဆန်း-ရင်ဖန်-လုံထန် သို့လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် လုံထန်၊ ၀လင်း၊ ပန်ဆန်းသို့ လည်းကောင်း၊ ဇွန်လ ၂၈ ရက်နေ့တွင် ပန်ဆန်း-မိုင်းပေါက်-မိုင်ဖျန်-မိုငးလား-ကျိုင်းတုံသို့ လည်းကောင်း လာရောက်မည်ဟု နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာ၀၀န်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

Mr.Guillaume Foliot သည် အထက်ပါခရီးစဉ်အတွင်း လုံထန်ကန်မှ လက်ဖက်စိုက်ခင်းများအား သွားရောက် လေ့လာပြီး ၀လင်းမြို့နယ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စီမံကိန်းကျေးရွာများအား သွားရောက်လည်ပတ် လေ့လာမည်ဖြစ်ပြီး ပန်ဆန်းမြို့ WFP ရုံးရှိ စီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။

shan news

Saturday, June 15, 2013

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာ အစီ အစဉ် WFP ရုံးချုပ်မှ Deputy Country Director Mr.Guillaume Foliot ပြင်သစ်နိုင်ငံသားသည် ဇွန်လ ၂၅ ရက်
မှ ဇွန်လ ၂၈ ရက်အထိ UWSP/UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသို့ ၄ ရက်ကြာခရီးစဉ် လာရောက် မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခု မဖြစ်စေချင်ဘူးဆိုတဲ့ ချမ်းချမ်း

Photo: မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခု မဖြစ်စေချင်ဘူးဆိုတဲ့ 
ချမ်းချမ်း
Saturday, June 15, 2013

မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခု မဖြစ်စေချင်ဘူးဆိုတဲ့ ချမ်းချမ်းချမ်းချမ်း ကတော့ ပွင့်လင်း လာတယ်ဆိုတဲ့ နေရာမှာ တခြားနေ ရာတွေမှာ ပိုပွင့်လင်း စေချင်တယ်။ စာပေ၊ အနုပညာမှာ ပွင့်လင်းတယ် ဆိုတာက အသိဥာဏ် တိုးတက်လို့ ဖွံ့ဖြိုးတာကို ပိုဖြစ်စေ ချင်တယ်။ ဆင်ဆာရလို့ ဝတ်ချင်တာ ဝတ်မယ်၊ ကိုယ်ရိုက်ချင်တာ ရိုက်မယ်ဆိုတာ ထက် အဲဒီဟာတွေ မပါဘဲ ကောင်း တဲ့ဇာတ်လမ်း တွေဖန်တီးလို့ရပါ တယ်။ အဓိက ကတော့ ကင်မရာ တွေ၊ ကိုယ် Creation လုပ်မယ့် Animation တွေ တိုးတက်လာရင် ပိုကောင်းတယ်။ အနုပညာနဲ့ပတ် သက်ရင် မြန်မာနိုင်ငံမှာ အဆင့်အ ရမ်းနိမ့်တယ်။ ရယ်မယ်ဆိုရင် ကလိ ထိုးရယ်ရတဲ့ ဟာသတွေ၊ သရဲကား တွေဆိုလည်း Animation မနိုင်တဲ့အတွက် ဟာသတွေ ဖြစ်နေ
တယ်။ အဆင့်မီချင်တယ်ဆို ဇာတ်လမ်း၊ ဇာတ်ညွှန်း တွေကအစ သေချာ စိစစ်စေချင်တယ်။ ပြီးစလွယ် နေရာ တွေမှာမ ရိုက်စေချင်ဘူး။ ချမ်းချမ်း ကတော့ မြန်မာနိုင်ငံက အနုပညာကို ဟာသကြီးတစ်ခုမဖြစ်စေချင်ဘူး။ အခုဆို ကားရုံတင်တယ်။ ထိုင်းနိုင်ငံဆိုတာ မြန်မာနဲ့ သိပ်မခြားဘူး။ ထိုင်းနိုင်ငံကကားကို ဒီမှာတစ်ရက်ပြီးတစ်ရက်တိုးပြီး ကြည့်ရတာ သူတို့က
အရည်အချင်း ရှိလို့လေ။ အရည်အချင်းရှိရင်ရန် လိုတင်ပြနိုင်အောင်
စဉ်းစားဖို့နေနေ သာသာ မြန်မာတွေက ဘယ်နှရက် ပြီးအောင်ရိုက်ဖို့၊ ဘယ်လိုပိုက်ဆံ ကိုချုံ့ဖို့၊ ဘယ်လိုစရိတ်သက်သာ အောင်လုပ်ဖို့၊ ဘယ်သူ့သမီးမို့ထည့်တယ်၊ ဘယ်သူ့သားမို့ထည့်တယ်။ 

အဲဒါတွေကိုမလုပ်ပါနဲ့တော့။ အရည်ချင်းရှိတဲ့ဟာဆို Animation ဆို သင်ယူ ရမယ်။ အရမ်း တော်တဲ့သူ တွေကို ခေါ်သုံးရမယ်။ အဲဒီလိုမလုပ်ဘဲနဲ့တော့ မတိုးတက် နိုင်ဘူး။ ပြီးတော့ စဉ်းစားပါ။ ကိုယ်လုပ်မှာက ရေရှည်သွားဖို့လား။
ပေါ်ပင် ပိုက်ဆံရဖို့လားဆိုတာကိုလေ။ ဒါက အဓိကကျမယ်လို့ ထင်တယ်။ အဲ ဒါမှပဲ အနုပညာက တိုးတက်မှာပါ။ 

8 DAYS A WEEK ENTERTAINMENT

Saturday, June 15, 2013

မြန်မာနိုင်ငံက အနုပညာကိုဟာသကြီးတစ်ခုမဖြစ်စေချင်ဘူးဆိုတဲ့ ချမ်းချမ်းချမ်းချမ်း ကတော့ ပွင့်လင်း လာ
တယ်ဆိုတဲ့ နေရာမှာ တခြားနေ ရာတွေမှာ ပိုပွင့်လင်း စေချင်တယ်။ စာပေ၊ အနုပညာမှာ ပွင့်လင်းတယ် ဆို
တာက အသိဥာဏ် တိုးတက်လို့ ဖွံ့ဖြိုးတာကို ပိုဖြစ်စေ ချင်တယ်။

မျိုးစောင့်ဥပဒေ လက်မခံကြောင်း ဆရာတော်ကြီးများပြော

Photo: မျိုးစောင့်ဥပဒေ လက်မခံကြောင်း ဆရာတော်ကြီးများပြော
Saturday, June 15, 2013

ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသကဲ့သို့
ထောက်ခံမှုလည်း မရှိကြောင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲ တာဝန်ခံဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ က မိန့်သည်။

“ဒီမျိုးစောင့်ဥပဒေကို လက်ခံခြင်း၊ လက်မခံခြင်းကို နိုင်ငံတကာ လူ့အခွင့်
အရေးနဲ့ပဲ ပြောမယ်။ ဘယ်သူမဆို လွတ်လပ်စွာ လက်ထပ်နိုင်တယ်၊ ဒီမှာ အတင်းအကျပ် လုပ်ပြီး တဦးတယောက်က သူ့ဘာသာထဲ အတင်းသွတ်
သွင်းရင်တော့ ဘုန်းဘုန်းအနေနဲ့ လက်ခံမှာမဟုတ်ဘူး။ လူ့အခွင့်အရေးနဲ့ မညီတာဆိုရင်တော့ ဘုန်းဘုန်းတို့ လက်မခံနိုင်ဘူး” ဟု ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ က ဧရာဝတီသို့ မိန့်ကြားသည်။

ဗုဒ္ဓဘာသာဝင် အမျိုးသမီးများကို လက်ထပ်မည့် ဘာသာခြားများ၊ 
လူမျိုးခြား အမျိုးသားများက ဗုဒ္ဓဘာသာသို့ ကူးပြောင်း ပြီးမှသာ 
တရားဝင် လက်ထပ်ခွင့်ရမည့် ဥပဒေမူကြမ်းကို နိုင်ငံတော်သြဝါဒ 
ဓမ္မစရိယ ဆရာတော်ကြီးများ ဦးဆောင်ပါဝင်သော သံဃာအစည်း
အဝေး တခုတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဦးဝီရသူ ဦးစီးသည့် 
အမျိုး ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့က တင်သွင်းခဲ့ကြောင်း 
ဇွန် ၁၃ ရက်နေ့တွင် ဧရာဝတီသို့ ဦးဝီရသူ ကိုယ်တိုင်က ပြောကြား
ခဲ့သည်။

ထိုသို့ အမျိုးစောင့် ဥပဒေပြုရေး ကိစ္စကို ပြောကြားခဲ့ခြင်းနှင့် ပတ်သတ်၍ ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဓမ္မပိယက အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်း၊ မည်သို့ရည်ရွယ်၍ ပြောခြင်းကိုလည်း မသိကြောင်း၊ သို့ရာတွင် မှော်ဘီ ဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍သာ ဆွေးနွေး
ခြင်းဖြစ်ပြီး မည်သည့် ဥပဒေကြမ်းမှ တင်ပြခဲ့ခြင်းမရှိကြောင်း ပြန်လည် မိန့်ကြားသည်။

ဓမ္မဒူတ အရှင် ဆေကိန္ဒကလည်း ဆရာတော်များ အနေဖြင့် ဥပဒေပြု၍ မရကြောင်း ရှင်းပြသည်။

“တဦး တယောက်ကနေ ဘယ်သူက ဒီဟာကို ဝေခဲ့လဲတော့ မသိဘူး။ ဒီမှာက ဆရာတော် ကိုယ်တိုင် ကမကထ လုပ်တယ်။ ဒီမိုကရေစီ အရ ဘယ်သူမဆို လာခိုင်းတယ်။ ဒီတော့ ဆရာတော်လည်း ပြောတယ်။ ဒီကနေ့ ထုတ်တဲ့ ကြေညာချက်ပဲ ထုတ်တယ်။ ကျန်တာ ဒီဆွေးနွေးပွဲ နဲ့မဆိုင်ဘူး” ဟု ဇွန် ၁၄ ရက်နေ့က မေးမြန်းရာတွင် ပြန်လည် ဖြေကြားသည်။

ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် အဓိကအချက် ၇ ချက် ကိုသာ ဆွေးနွေးခဲ့ ခြင်းဖြစ် ကြောင်း၊ ၎င်းတို့မှာ ပဋိပက္ခကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေး၊ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဥပဒေကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ်လေ့လာရေး ကဏ္ဍ၊ သတင်းနှင့် ပြန်ကြားရေး ကဏ္ဍ၊ အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေး ကဏ္ဍ၊ ငြိမ်းချမ်းရေးကို ဦးတည်သော အသိပေး စည်းရုံးရေး ကဏ္ဍ စသည့် အကြောင်းအရာများကိုသာ ဆွေးနွေးခဲ့ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ဒီအချက်တွေက တနိုင်ငံလုံးမှာ ရှိတဲ့ သံဃာအားလုံးကိုယ်စား ဒီကြေညာချက်ကို ထုတ်ပြန်တာပါ။ ဒီမှာ သံဃာတွေ အားလုံးကို ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးခြင်းဖြင့် အရင်က ငြိမ်းချမ်းရေးကို နားမလည်ရင်လည်း ဒီအတွက် အသိပညာပေးတဲ့ သဘောပေါ့။ ဘာသာသာသနာနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေနိုင်ဖို့ အတွက် 
တနိုင်ငံလုံး အနေနဲ့ လုပ်ဆောင်နိုင်ဖို့ပဲ ဆွေးနွေးခဲ့တာပါ” ဟု 
ဆရာတော်က မိန့်သည်။

ဆက်လက်ပြီး ဆရာတော်က ပဋိပက္ခများတွင် ဗုဒ္ဓတရား ဂုဏ်တော်၊ 
သံဃာ ဂုဏ်တော်ပုဒ်များကို ရည်ညွှန်းသော ၉၆၉ တံဆိပ်ပါဝင်နေ
မှုနှင့်ပတ်သက်၍လည်း ရှင်းပြခဲ့သည်။

“အခုလက်ရှိမှာက အသက် ၃၅၊ ၄၀ အောက်တွေမှာ စာရိတ္တတွေ 
ပျက်ပြီး ငြိမ်းချမ်းရေးတွေမှာ မသိမသာ သွေဖည်နေသလို ဖြစ်နေတော့၊ စာရိတ္တ မဏ္ဍိုင်ပျက်နေတော့ ဘုရား၊ တရား၊ ဂုဏ်တော်တွေနဲ့ လိမ္မာလာအောင် ပြောတာပေါ့။ ဒီမှာ ၉၆၉ ကို တခြားမသမာမှုတွေ 
အတွက် အသုံးချခံခဲ့လိုက်ရတာ” ဟု အရှင် ဆေကိန္ဒက မိန့်သည်။

၉၆၉ မှာ မူလအစက မော်လမြိုင်တွင် စတင်ခဲ့ကြောင်း၊ သို့ရာတွင် အကြမ်းဖက်ရေး မရှိသည့် ဗုဒ္ဓသာသနာဖြင့် စာရိတ္တပိုင်း ဆိုင်ရာ ပြုပြင်ရန်အတွက်သာ ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းစတွင် ဗုဒ္ဓသာသနာကို ခုတုံးလုပ်ကြခြင်း ဖြစ်ကြောင်း ဧရာဝတီကို ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။

“ဘယ်သာသနာမှ ပဋိပက္ခ မဖြစ်ချင်ဘူး။ အခုက တသီးပုဂ္ဂလ လူမှုရေး ပြဿနာတက်နေ တာကိုလည်း ဘာသာရေးကို ပါဝင်အောင် ဆွဲထည့်တာတွေ ရှိတယ်။ အခုကတော့ ဒီအစည်းအဝေး လုပ်တာလည်း သာသနာနဲ့ ပတ်သတ်ပြီး ငြိမ်းချမ်းစွာ ဘယ်သူမဆို နေထိုင်ဖို့ ဆွေးနွေး
တာပါ” ဟု ဆရာတော်က ရှင်းပြသည်။

ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲတွင် ဒီမိုကရေစီ နည်းအရ မည်သူ့ကိုမှ မပိတ်ပင်ထား သည့်အတွက် မျိုးစောင့် ဥပဒေကို မည်သူက ဝေမျှသွားသည်ကို မသိကြောင်း၊ ၎င်းမှာ မူကြမ်းကို
ကြေညာချက် တစုံတရာ ထုတ်ခြင်းမရှိဘဲ တဦးတယောက်က ဝေမျှ
ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယခု ကျင်းပခဲ့သော အစည်းအဝေးနှင့် လုံးဝ
သက်ဆိုင်ခြင်း မရှိကြောင်း အရှင်ဆေကိန္ဒက ဆိုသည်။

“သံဃာတွေမှာ အစုဖွဲ့တယ်ဆိုတာ လုပ်လို့လည်း မရဘူး။ ဒီဟာက ဝိနည်းနဲ့လည်း မညီဘူး။ ဖွဲ့စည်းမယ်ဆိုလည်း သက်ဆိုင်ရာ သံဃာ အစည်းအရုံးကို တင်ရတယ်။ သံဃာတွေဟာ ဘာအဖွဲ့အစည်း ဝင်မှမဟုတ်ဘူး။ သံဃာစစ် တွေကို ပြောတာ။ မစစ်တာတော့ မသိဘူး။ ဒီ အခုထုတ်ခံတဲ့ ကြေညာချက်ကိုလည်း အစိုးရကိုတင်တာ၊ ပါတီတွေကို တင်ပြတာ၊ လွှတ်တော်ကို တင်တာ ဘာမှ လုပ်မှာမဟုတ် ဘူး” ဟု ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲ
ဖြစ်မြောက်ရေး တာဝန်ခံ ဆရာတော်တပါး ဖြစ်သည့် သီတဂူ ဆရာတော် အရှင် ဒေဝိန္ဒာဘိဝံသက မိန့်သည်။

သာသနာ့တာဝန် ထမ်းဆောင်နေသည့် ဆရာတော် တပါးပါးက အဆိုပါ
ဥပဒေကို တင်ပြလာမည် ဆိုပါက သာသနာပိုင် ဆရာတော်များ အနေဖြင့် မည်သို့ဆုံးဖြတ်မည်ကို ဧရာဝတီမှမေးမြန်းရာတွင် မည်သည့် ဘုန်းကြီးက စတင်ခဲ့သည်ကို မသိရဘဲ မဆွေးနွေးနိုင်ကြောင်း ပြောသည်။

“ဘယ်ဘုန်းကြီးက ဘယ်လိုတင်လဲ၊ ဘယ်သူက တင်တာလဲ ဆိုတာမသိ
ဘဲနဲ့၊ မဆွေးနွေးရဘဲနဲ့ ဘုန်းဘုန်းတို့ဘာမှ မပြောနိုင်သေးဘူး။ အခုအချိန်မှာ ဘာမှ မပြောလိုသေးဘူး၊ ပြောပြဖို့လည်း စောသေးတယ်။ နောက်တခုက ဒီဟာက တဦးတယောက်က ဆွဲတာကို တင်ထားတာ။ ဘယ်သူ့ သဘော
တူညီချက်မှ မရှိသေးတော့ ပြောရခက်တယ်” ဟု ဆရာတော်က ဆက်လက် မိန့်သည်။

မှန်ကန်သည့် ပညာရေးစနစ် မရှိခဲ့သည့်အတွက် တွေးခေါ်မှု ပိုင်းတွင် အားနည်းနေမှုများ ရှိကြောင်း၊ ၎င်းအတွက် သာသနာကို ခုတုံး လုပ်သည့် မသမာသော သူများကြောင့် သာသနာ၏ ဘုရားဂုဏ်တော်နှင့် တရား
ဂုဏ်တော် တို့၏ ငြိမ်းချမ်းရေး သင်္ကေတမှာ ပဋိပက္ခ ဖြစ်စေသည့် တံဆိပ်အဖြစ် လူတကာမှ သတ်မှတ်ခြင်း ခံနေရခြင်း ဖြစ်သည်ဟု ဆရာတော်က ရှင်းပြသည်။

မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ကမူ ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် “အထူးသဖြင့် မြန်မာ တိုင်းရင်းသားများနှင့် ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းခြင်း ဖြစ်ပြီး ဤဥပဒေ ပေါ်ပေါက်လာပါက မွတ်စလင်တို့ ဝါးမျိုလိုမှု၊ ဖျက်ဆီးလိုမှု၊ ကျူးကျော် သိမ်းပိုက်လိုမှုများကို ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။ အမျိုးစောင့် ဥပဒေ ကမ်ပိန်း လာလေပြီ။ မြန်မာပြည် အပြည့်အဝ လုံခြုံမှု ရှိတော့မည်” ဟု ရေးသားထားသည်။

ဗုဒ္ဓသာသနာတော် ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေးနွေးပွဲကို ဇွန် ၁၃၊ ၁၄ တွင် မှော်ဘီရှိ ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်း
တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အချက် ၇ ချက်ပါ ကြေညာချက် ထုတ်ပြန်
ခဲ့သည်။

ဧရာဝတီ


Saturday, June 15, 2013

ဓမ္မဒူတ ဇေတဝန် တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့်ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါ
ဒခံယူပွဲနှင့် အကြို ညှိနှိုင်း ဆွေးနွေးပွဲတွင် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း မရှိသကဲ့သို့ထောက်ခံမှုလည်း မရှိကြောင်း ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူပွဲနှင့် အကြို ညှိနှိုင်းဆွေး
နွေးပွဲ တာဝန်ခံဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ဓမ္မပိယ က မိန့်သည်။

မလေးမှပြန်လာသည့် အလုပ်သမားများ ယနေ့နေ့လည်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို ထပ်မံ့ရောက်ရှိ

Photo

Saturday, June 15, 2013

လေကြောင်းညွှန်ကြားမှု ဦးသီးဌာန ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆိုက်ရောက်လာတဲ့ မလေးမှ 
အလုပ်သမားများအားကျွန်တော်တို့ ဌာနမှအခမဲ့ မိမိတို့လိုရာခရီးကိုပို့ဆောင်ပေးနေသလို စေတနာရှင်များ
မှလည်း အအေးများဖြင့် လှူဒါန်းနေသည်ကို ယ္ခုလိုတွေ့ရှိနေရပါသည်။

ဘားအံ-မြဝတီ လိုင်စင်မဲ့ယာဉ်များ ဇူလိုင်တွင် အရေးယူမည်

လိုင်စင်မဲ့ မော်တော်ယာဉ်များ တွင်ကျယ်စွာ အသုံးပြုနေသည့် ကရင်ပြည်နယ်တွင် ဘားအံ-မော်လမြိုင် ပြေးဆွဲနေသည့် လိုင်စင်မဲ့ ယာဉ်များကို ဇူလိုင် လဆန်းမှ စတင်၍ အရေးယူမည် ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

မိုးရာသီ ကျရောက်လာသည့်အတွက် တရုတ်သစ်မှောင်ခိုကားများ ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်းကို အသုံးပြုလာ.....

မိုးရာသီသို့ ကျရောက်လာသည့်အတွက် တရုတ်သစ်ခိုးဂိုဏ်းများ ယခင်လမ်းကြောင်းအစား ဗန်းမော်-လွယ်
ဂျယ် လမ်းကြောင်းမှတစ်ဆင့် တရုတ်ပြည်ဘက်သို့ သစ်မှောင်ခို တင်ပို့မှုများ ပြုလုပ်နေကြောင်း သတင်းရရှိ
သည်။

ဗိုလ်တထောင် ဘုရားလမ်းရှိ Orchid Hotel နှင့် နုတ်ထွက်သွားသော ဝန်ထမ်းများ မီဒီယာများမှတစ်ဆင့် အပြန်အလှန် စွပ်စွဲမှုများဖြစ်ပွား

Saturday, June 15, 2013

ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားလမ်းနှင့် အနော်ရထာလမ်းတွင် တည်ရှိသော Orchid Hotel တွင် မေလဆန်းပိုင်းက ဝန်ထမ်း နှစ်ဆယ်ခန့် ရာထူးမှ နုတ်ထွက်မှုနှင့် ပတ်သတ်၍ Orchid Hotel နှင့် နုတ်ထွက် ဝန်ထမ်းများသည် မီဒီယာများမှတစ်ဆင့် အပြန်အလှန် စွပ်စွဲမှုများ
ပြုလုပ်ခဲ့ကြသည်။

ပန်ဘဲတန်းမြို့နယ် NLD ပညာဒါနကျောင်း၌ ဖြစ်ပွားခဲ့သော အဓမ္မမှု စွပ်စွဲခံရသူ ကွင်းလုံးကျွတ် လွတ်မြောက်

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်း မြို့နယ် NLD ပညာဒါနကျောင်းတွင် ဇန်နဝါရီလ ၃ရက်နေ့က အဓမ္မ ကျူးလွန်သည်ဟုဆိုကာ တရားစွဲဆို ခံခဲ့ရသော ကိုခင်မောင်ထူးကို ဇွန်လ၁၄ ရက်နေ့ ရုံးချိန်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ပုဒ်မ ၃၇၆ အရ အပြစ်ရှိကြောင်း မပေါ်ပေါက်၍ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅၈(၁) အရ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ကြောင်း ၎င်း၏ဖခင် ဦးမောင်မောင်က The Voice သို့ ပြောကြားသည်။

၉၆၉ တံဆိပ်ကပ်ထားတဲ့ ယာဉ်ပိုင်ရှင်တွေဆံဆိပ်ခွာရပြီ

15.6.2013
၁၅-၆-၂၀၁၃ ယနေ့ မနက်စောစော အချိန်မှစတင်ပြီး ရန်ကုန်-ပဲခူး လမ်းမ ပေါ်တွင်မောင်းနှင်လာသော ကားများ တွင် ၉၆၉ တံဆိပ် ကပ်ထားပါက ပြည်သူ့ရဲ တပ်ဖွဲ့ ဝင်များ အရပ်ဝတ်များ နှင့် အာဏာပိုင်တို့ မှ ကပ်ထားသော တံဆိပ်များကို ခွါခိုင်းနေကြောင်း ဘုန်းတော်ကြီးတစ်ပါးမှ ဖုန်းဆက် မိန့် ကြားပါသည်။

ရုပ်ရှင်မင်းသားဘောလုံးပွဲ ဘာပြဿနာတွေ တက်နေသလဲ



Saturday, June 15, 2013

ပုသိမ်မြို့မှာ ဒီလ ၉ ရက်နေ့က ရုပ်ရှင်မင်းသားတွေနဲ့ ၀ါရင့်ဘောလုံးသမားတွေရဲ့ ဘောလုံးပွဲမှာ ဒီပွဲကရ

လာတဲ့ ကွင်းဝင်ကြေးအားလုံးကိုပုသိမ်ကမိဘမဲ့ကျောင်း၆ ကျောင်းကိုလှူဒါန်းမယ်လို့ ပွဲမကျင်းပမီကတည်း
က ကြေညာထားပေမယ့် ဘောလုံးပွဲပြီးသွားခဲ့ချိန်မှာ အဲဒီလို မဟုတ်ခဲ့ဘူးလို့ ပွဲ ဖြစ်မြောက်ရေး လိုက်ပါကူညီ
ပေးခဲ့တဲ့ ပုသိမ်မြို့ခံ ကိုသက်ဆွေက ပြောပါတယ်။

ဓားပြတိုက်မှု ဖြစ်စဉ် အပြီး နှစ်ရက်အကြာ အောင်မင်္ဂလာအဝေးပြေး ယာဉ်လိုင်းများကို CCTV တပ်ဆင်ရန်ညွှန်ကြားပြီ

အဝေးပြေးခရီး သည်ယာဉ်တစ်စီးကို ဓားပြတိုက် မှုဖြစ်စဉ်အပြီး နှစ်ရက်မြောက် တွင် အောင်မင်္ဂလာအဝေး
ပြေးကားဝင်းရှိယာဉ်လိုင်း ဂိတ်များအားလုံးတွင် လုံခြုံရေးကင်မရာ များ တပ်ဆင်ရန်ညွှန်ကြား လိုက် ပြီးဖြစ်
ကြောင်း အဝေးပြေးယာဉ် လိုင်းများထံမှ သိရသည်။

ကချင်ပြည်နယ် တနိုင်း တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျ စီစဉ် ပြုလုပ်နေ

ဇွန် ၁၅၊ ၂၀၁၃
တနိုင်း ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး တနိုင်းမြို့တွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများကို စနစ်တကျ

စီစဉ် ပြုလုပ်နေကြာင်းသိရသည်။ကချင်ပြည်နယ်ဖားကန့်မြို့အနီးတနိုင်းတွင်၂၀၁၃-ခု သင်္ကြန်ရက်အတွင်း
မှစတင်၍ ၃-၄ ရက်ဆက်တိုက် မြို့ထဲတွင် ၉၆၉ စာများဖြန့်ဝေခြင်း၊ တရားဟောခြင်းများပြုလုပ်ခဲ့ကြောင်းသိ
ရသည်။

စီမံအုပ်ချုပ်နည်းအပိုင်း ( ၁ )


စီမံအုပ်ချုပ်နည်း လေးတွေပါ။.နောင်တစ်ချိန်မှာ ဒီဆိုဒ်လေးမှာရှိနေတဲ့ သူငယ်ချင်းတို့က နောင်တစ်ချိန်မှာ လုပ်ငန်းကြီးလုပ်နိုင်တဲ့အခါ ကိုယ့်ဝန်ထမ်းတွေကို ဘယ်လို စီမံအုပ်ချုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးတွေပါ။ 
သူငယ်ချင်းအားလုံးကို တင်ပြလိုက်ပါတယ်။.

မြန်မာနိုင်ငံမိုဘိုင်းလ်ဖုန်းတွေမှာ မရသေးတဲ့ MMS ဆိုတာဘာလဲ?

မြန်မာနိုင်ငံမိုဘိုင်းလ်ဖုန်းတွေမှာ မရသေးတဲ့ MMS ဆိုတာ
___________________________________________

မိုဘိုင်းဖုန်းကိုင်တဲ့သူတိုင်း SMS ကို သိကြမှာပါ။ အရမ်းအသုံးဝင်ပြီး nကိုယ်ပို့ချင်တဲ့စာကြောင်းလေးတွေ ပို့လို့ရတာမို့ ဖုန်းပြောတာထက် SMS ကို ပိုအသုံးများတယ်လို့တောင် ထင်စရာပါပဲ။ တကယ်တမ်း SMS ထက် ပိုအသုံးဝင်တဲ့ MMS ဆိုတာ ရှိနေပြီး ကျွန်တော်တို့ နိုင်ငံမှာတော့ အခုအချိန် သုံးစွဲခွင့်မရသေးပါဘူး။

SMS မှာ စာတွေပဲ ပို့လို့ရပြီး Multimedia Messaging Service လို့ ခေါ်တဲ့ MMS ကတော့ ပုံတွေ၊အသံတွေ၊လှုပ်ရှားမှုတွေ၊ဗီဒီယိုတွေကိုပါ ပေးပို့နိုင်ပါတယ်။ အင်တာနက်မလိုဘဲ သုံးစွဲနေတဲ့ ဖုန်းလိုင်းကနေတစ်ဆင့် ပေးပို့ခြင်းပဲဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံလောက် သူငယ်ချင်းဆီ ပို့ဖို့အရေး အီးမေးလ်ကနေတစ်ဆင့် သွားနေရတာ တကယ်တော့ အတော်လေးကို ခေတ်နောက်ကျနေပြီလို့ ပြောလို့ ရမလားပဲ။ MMS နဲ့ဆိုရင်တော့ သူ့ဖုန်းနံပါတ်ကိုသိရုံနဲ့ သူ့ဆီကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ တစ်ပုံကြီး ပို့လို့ရပါတယ်။ ဒါ့အပြင် SMS မှာ စာလုံးရေ ၁၆၀ ပဲပို့လို့ရတဲ့ ကန့်သတ်ချက်ရှိနေပြီး MMS မှာတော့ အဲဒီလိုမရှိပါဘူး။

စမတ်ဖုန်းအားလုံးနီးပါးမှာ MMS ပေးပို့လက်ခံနိုင်တဲ့ လုပ်ဆောင်ချက်က အရန်သင့်ပါပြီးသား ဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေးမှာ MMS စင်တာတစ်ခု ဖန်တီးလိုက်တာနဲ့ သို့မဟုတ် MMS လိုင်းဖွင့်ပေးလိုက်တာနဲ့ အားလုံးဟာ MMS ကို ပျော်ပျော်ကြီး သုံးလို့ရကြမယ့် အနေအထားတစ်ခုကို အခုဆို ရောက်ရှိ လို့နေပါပြီ။ 4G ကွန်ယက်ကို ဖန်တီးမယ်ဆိုပြီး ကြွေးကြော်နေပေမယ့် 3G ရဲ့ အနှစ်သာရ တစ်ခုဖြစ်တဲ့ MMS ကိုတောင် မရသေးတာ ဘာကြောင့်မှန်းလဲတော့ ကျွန်တော်လည်း မတွေးတတ်တော့ပါ။


crebit >Zaw Thurein Tun
KZY(MM)

မိုဘိုင်းဖုန်းကိုင်တဲ့သူတိုင်း SMS ကို သိကြမှာပါ။ အရမ်းအသုံးဝင်ပြီး nကိုယ်ပို့ချင်တဲ့စာကြောင်းလေးတွေ ပို့လို့ရတာမို့ ဖုန်းပြောတာထက် SMS ကို ပိုအသုံးများတယ်လို့တောင် ထင်စရာပါပဲ။ တကယ်တမ်း SMS ထက် ပိုအသုံးဝင်တဲ့ MMS ဆိုတာ ရှိနေပြီး ကျွန်တော်တို့ နိုင်ငံမှာတော့ အခုအချိန် သုံးစွဲခွင့်မရသေးပါဘူး။

၉၆၉ လှုံ့  ဆော် သူ များ ကို ဖမ်းဆီး ရန် မြန်မာ ရဲတပ် ဖွဲ့  တွင် အထူး ယူနစ် ဖွဲ့ 

ဦးဝီရသူ အပါ အ၀င် ၉၆၉ လှုံ့  ဆော်သူ များ များ ကို ဖမ်းဆီး ရန် မြန်မာ ရဲတပ် ဖွဲ့  နှင့် အခြား အဖွဲ့  အစည်း များ မှ အရာ ရှိ အဆင့် များ ပါ ၀င်သည့်အထူး ယူနစ် ကို မြန်မာ နိုင်ငံ ရဲ တပ် ဖွဲ့  မှ ဖွဲ့  စည်း ထား ကြောင်း FNGမှ သတင်း ရရှိသည်။

တိုင်းရင်းသား နှီးနှောဖလှယ်ပွဲတခု DKBA ဌာနချုပ်တွင် ပြုလုပ်မည်

တိုင်းရင်းသား လက်နက်ကိုင်နှင့် မြေပေါ် အဖွဲ့အစည်းများ စုပေါင်း၍ နိုင်ငံရေး အဖြေတခု ရရှိရေးအတွက် ဇွန် ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် နှီးနှောဖလှယ်ပွဲ တခု ကျင်းပမည်ဟု DKBA မှ ဒု-စစ်
ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး က ပြောသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗြိတိန်နဲ့ ပြင်သစ်ကို သွားရောက်မည်

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ လာမယ့်လအတွင်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို သွားရောက်မယ်လို့ အစိုးရ
အရာရှိတစ်ဦးကို ကိုးကားပြီး AFP သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။