Pages

Wednesday, June 5, 2013

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ

လွှတ်တော်အမတ်၏တူ လူသတ်တရားခံ သေနတ်လုထွက်ပြေး - ပစ်ခတ်မှုဖြစ် ရဲတဦးသေ
Wednesday, June 05, 2013

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို
လုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်း
သိရသည်။

ထွက်ပြေးလွတ်မြောက်သွားသော လူသတ်တရားခံ လိဖန်နှင့် အိုက်ဆမ်

“မနေ့ကညနေ လေးနာရီ ၁၅ မိနစ်ကဖြစ်တာ။ ရဲစခန်းအချုပ်ခန်းကနေ ခရိုင်တရားရုံးကို ရမန်ယူ လာတဲ့ တရားခံ ၅ ဦးက အချုပ်ကား ဆင်းဆင်း
ချင်း ရဲရဲ့ သေနတ်လုပြီး ပစ်ခတ်တယ်။ အဲဒီအချိန်မှာ တာဝန်ကျ ရဲတယောက်က သေနတ်လုပြေးတဲ့ တရားခံကို သေနတ်ပစ်တာ တရားခံကိုမထိဘဲ ရဲ တယောက်ကိုသွားထိတယ်။ အဲဒီရဲ သေသွားတယ်။ တရားခံကပြန်ပစ်လိုက်လို့ ရဲ ၂ ယောက် ဒဏ်ရာရတယ်၊ တရားခံ ၅ ယောက်ထဲက ၃ ယောက် လွတ်မြောက်သွားတယ်။ သေနတ် ၂ လက်
ပါသွားတယ်” ဟု မူစယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

အဆိုပါရုံးထုတ်လာသောတရားခံများမှာ ကျားဖြူပါတီဥက္ကဌ၏တူအား သတ်ဖြတ်သော ကျော်မြင့် ပန်းဆေး ပြည်သူ့စစ်၏တူ ရဲအောင်ထွေးခေါ် လိဖန် ၊ အိုက်ဆမ် ၊အားကျိနှင့်တရုတ်ပန်းဆေး လူမျိုးဘိန်းမှောင်ခို နှစ်ဦး တို့ဖြစ်ကြကြောင်း၊ ၄င်း ၅ ဦးအနက် ပြန်လည်ဖမ်းမိသော ၂ ဦးမှာ နာမည်အတိအကျမသိရသေးကြောင်း ၄င်းကဆိုသည်။

“ခုလို တရားခံက ထွက်ပြေးလွတ်မြောက်ထားတယ်ဆိုတော့ ကျမတို့ ကလေးတွေအတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်၊ ကျမတို့ ကလေးက စိုင်းအိုက်လိန် ကျားဖြူဥက္ကဌတူ အသတ်ခံရတဲ့နေ့က အတူပါ နေလို့လေ၊ တကယ်လို့ ဒီလူသတ်သမားတွေ ကျမတို့ကလေးကို ပြန်လာသတ်ရင် ဘယ်လိုလုပ်ရမလဲ” ဟု နမ့်ခမ်းမြို့မှ လူသတ်မှုတရားလိုဘက်ကပါသော မိခင်တစ်ဦးကပြောသည်။

ခုလက်ရှိလူသတ်သမားကို ပြန်မဖမ်းနိုင်သေးသ၍ အခင်းဖြစ်ပွားသည့်နေ့တွင်
ပါဝင်သော တရားလိုဘက်မှ လူငယ်များကို သက်ဆိုင်ရာအာဏပိုင်ဘက်မှ လုံခြုံရေးယူပေးသင့်ကြောင်း၊သျှမ်းသံတော်ဆင့်မှတောင်း ဆိုချင်သည်ဟု ၄င်းက ဆိုသည်။

“တရားရုံးထုတ်တာ လက်ထိပ်ခြေထိပ်ခတ်ထားတာပဲ၊ဘယ်လိုလုပ်ပြီး
ထွက်ပြေးနိုင်တယ်ဆိုတာ လုံးဝတွေးလို့ မရဘူး၊ တရားခံကို မနေ့ ကရုံးချိန်းတာ တရားလိုတွေကို ဘာကြောင့် အာဏာပိုင်ဘက်က
အကြောင်း မကြား တာလဲမသိဘူး”

“နောက်ပြီး မူစယ်မှာ တရားခံအတွက် လုံခြုံရေးစိတ်မချလို့ လာရှိုးကို
လွှဲပြောင်းစစ်ဆေးမယ်တဲ့၊ကျနော်တို့ ဘက်ကလဲ - ငွေကြေးမတတ်နိုင်လို့ အမှုမလိုက်ကြောင်း စာတင်လိုက်တယ်၊ စာတော့ မေလ ၂၉ ရက် မှပြန်
ကျလာတယ်။ မူစယ်ခရိုင်မှာပဲအမှုစစ်ရမယ်၊ မူစယ်မှာရုံးချိန်းတာက ၄ ကြိမ် ရှိပါပြီ၊ သက်သေ ဒီလောက် ခိုင်မာနေတာ ဘာကြောင့်စီရင်ချက်မချသေး
တာလဲ တွေးစရာ တစ်ခုပါ” ဟု အသတ်ခံရသူ စိုင်းအိုက်လိန် နှင့် အမျိုးတော်စပ်သောသူတစ်ဦးကပြောသည်။

ယခုအချိန်တွင် လူသတ်တရားခံများက သေနတ် ၂ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေမှုအပေါ်မူစယ်နှင့်နမ့်ခမ်းမြို့နေများက ကြောက်
လှန့်နေကြကြောင်းသတင်းရရှိသည်။

သျှမ်းသံတော်ဆင့်

Wednesday, June 05, 2013

သျှမ်းမြောက် မူစယ်ခရိုင် တရားရုံး၌ တရားခံများက ရဲတပ်ဖွဲ့ သေနတ်ကို လုယူ ပစ်ခတ်ပြီး တရားခံ ၃ဦး 
ထွက်ပြေးလွတ်မြောက်သွားကြောင်း စုံစမ်းသိရသည်။

BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဒေါက်တာ တင်မောင်သန်းမှ ဟောပြောဆွေးနွေးမည်

BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဒေါက်တာ တင်မောင်သန်းမှ ဟောပြောဆွေးနွေးမည်။
===================
ဇွန်လ ၅၊ ၂၀၁၃
M-Media
ဆူးထက်

ရန်ကုန် ။      ။       BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဆရာ ဒေါက်တာတင်မောင်သန်းမှ ဟောပြော ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၁-ရက် (အင်္ဂါ)နေ့  နံနက် ၉-နာရီမှ မွန်းတည့် ၁၂-နာရီထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဟောပြောပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံသားများ အနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်အဖြေရှာနိုင်ရန် အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။

ဇွန်လ ၅၊ ၂၀၁၃

ရန်ကုန် ။ ။ BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့်ဆရာ ဒေါက်တာတင်မောင်သန်းမှ ဟောပြော
 ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၁-ရက် (အင်္ဂါ)နေ့ နံ
နက် ၉-နာရီမှ မွန်းတည့် ၁၂-နာရီထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်

Photo: ကိုက်လန်၏ ကျန်းမာရေး အကျိုးကျေးဇူး ၁၀ ရပ်
Wednesday, June 05, 2013

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။ သင်စားတဲ့ အစားအသောက်ထဲကို ကိုက်လန် ထည့်စားပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။
(1) အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေပါတယ်
ကိုက်လန်မှာ ကယ်လိုရီ ပါဝင်မှု နည်းပါးပြီး အဆီဓာတ်လည်း လုံးဝမပါပါဘူး။ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ ကိုက်လန်တစ်ခွက်မှာ ၃၆ ကယ်လိုရီနဲ့ အမျှင်ဓာတ် ငါးဂရမ်တို့ ပါဝင်ပါတယ်။

(2) အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
ကိုက်လန်မှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ ကယ်လိုရီတူတဲ့ ကိုက်လန်နဲ့ အမဲသားတို့ကို နှိုင်းယှဉ်ကြည့်ရာ ကိုက်လန်မှာ သံဓာတ် ပိုမိုပါဝင်တာကို တွေ့ရပါတယ်။ သံဓာတ်ဟာ ဟေမိုဂလိုဘင်နဲ့ အင်ဇိုင်း ဖြစ်ပေါ်စေတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးကို အောက်ဆီဂျင် ပို့ပေးတာ၊ ဆဲလ်ကြီးထွားတာ၊ အသည်းရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတာ စတဲ့ အာနိသင်တွေ ရရှိစေပြီး အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(3) ဗီတာမင်ကေ များစွာ ပါဝင်ပါတယ် ကိုက်လန်မှာ များစွာ ပါဝင်တဲ့ ဗီတာမင်ကေဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ အရိုးကျန်းမာရေးကို ကောင်းစေတဲ့ အပြင် သွေးခဲတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူတွေကို သက်သာအောင် ဗီတာမင်ကေနဲ့ ကုသနိုင်ပါတယ်။

(4) ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးပါတယ် ကိုက်လန်မှာ ကာရိုတီးနွိုက်နဲ့ ဖလေဗိုးနွိုက်တို့လို အင်တီအောက်ဆီးဒင့်များစွာ ပါဝင်ပါတယ်။ ဒီအင်တီအောက်ဆီးဒင့်တွေက ကင်ဆာရောဂါ အမျိုးမျိုးကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(5) ရောင်ရမ်းမှုကို လျော့ကျစေပါတယ် ကိုက်လန်ဟာ ရောင်ရမ်း မှု လျော့ကျစေတဲ့ အစာတစ်မျိုးပါ။ ကိုက်လန်တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ အိုမီဂါ ၃ ဖက်တီး အက်စစ်ပမာဏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်တာကြောင့် ရိုးဆစ်ရောင်ရမ်းနာ၊ ပန်းနာရင်ကျပ်ရောဂါနဲ့ Autoimmune Disorder တို့ကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

(6) နှလုံးသွေးကြောကို ကျန်းမာစေပါတယ် ကိုက်လန်မှာ နှလုံးသွေးကြော စနစ်ကို ကျန်းမာစေတဲ့ အစွမ်းရှိပါတယ်။ ကိုက်လန်ကို များများ စားပေးရင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေနိုင် ပါတယ်

(7) အမြင်အာရုံကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်အေ များစွာပါဝင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေတဲ့အပြင် အဆုတ်နဲ့ ခံတွင်းကင်ဆာတို့ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(8) ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်စေပါတယ် ကိုက်လန်မှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်၊ ဇီဝရုပ်ဖြစ်ပျက် မှုနဲ့ ရေဓာတ်ပြည့်ဝမှုတို့ကို အားပေးထောက်ပံ့နိုင်စွမ်း ရှိပါတယ်။

(9) အရိုး၊ အဆစ် ကျန်းမာစေပါတယ် ကိုက်လန်မှာ ကယ်လ်စီယမ် ပမာဏများစွာ ပါဝင်ပါတယ်။ ကယ်လိုရီ ပမာဏတူတဲ့ နွားနို့နဲ့ ယှဉ်ရင် ကိုက်လန်မှာ ကယ်လ်စီယမ် ပိုမို ပါဝင်တာကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင်နဲ့ အရိုးပါးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် ကိုက်လန်မှာပါတဲ့ ဗီတာမင်စီဟာ အရိုးနုနဲ့ အဆစ်တွေ သန်စွမ်းပျော့ပျောင်းအောင် ကူညီနိုင်ပါတယ်။

(10) ကိုယ်တွင်းအဆိပ်တွေကို ကင်းစင်စေပါတယ် ကိုက်လန်ကို အဆိပ်ဖယ်ရှားပေးနိုင်တဲ့ အစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုက်လန်မှာ အမျှင်ဓာတ်နဲ့ ဆာလဖာတို့ အပြည့်အဝ ပါဝင်နေတာကြောင့် ကိုယ်ခန္ဓာတွင်း ရှိ အဆိပ်တွေကို ကင်းစင်စေပြီး အသည်းကို ကျန်းမာစေပါတယ်။

ကြယ်စင်
Good Health

Wednesday, June 05, 2013

ကိုက်လန်ကို အစိမ်းရောင် ဟင်းရွက်တို့ရဲ့ ဘုရင်မလို့ တင်စားတတ်ကြသလို အာဟာရ စုပေါင်းရာ အိမ်တစ်
လုံးလို့လည်း ခေါ်ဆိုတတ်ကြပါတယ်။သင်စားတဲ့အစားအသောက်ထဲကိုကိုက်လန်ထည့်စားပေးမယ်ဆိုရင်
အောက်ပါ အကျိုးကျေးဇူး ၁၀ မျိုးကို ရရှိပါလိမ့်မယ်။

အော်ပရေတာ ယှဉ်ပြိုင်သူထွက်ပေါ်လာလျင် ဖုန်းခေါ်ဆိုခလျော့ချမည်

Photo: အော်ပရေတာ ယှဉ်ပြိုင်သူထွက်ပေါ်လာလျင် ဖုန်းခေါ်ဆိုခလျော့ချမည်
Wednesday, June 05, 2013

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာများ ယှဉ်ပြိုင်ဆောင်ရွက်လာ သည့်အခါတွင် မိုဘိုင်းဖုန်း ခေါ်ဆိုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက သိရှိရသည်။

“လက်ရှိ ကောက်ခံနေတဲ့ မိုဘိုင်းဖုန်း အသုံးပြုခ တစ်မိနစ် ၅၀ ဆိုတာ များတယ်။ အော်ပရေတာတွေက သူတို့ ကိုယ်တိုင်လည်း ပြိုင်ဆိုင်သွားမှာပါ၊ အစိုးရက စနစ်ကိုပဲ ကိုင်ထားမှာ။ မြန်အောင်လုပ်ပေးတဲ့ အော်ပရေတာ က ဈေးသက်သာအောင် လုပ်ပေးတဲ့ အော်ပရေတာကို ခေါ်သွားမှာ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ၄င်း၏ လူမှုရေးကွန် ယက်စာမျက်နှာ တွင် ပြောဆိုထားသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ဖုန်းအော်ပရေတာများ၏ ပြိုင်ဆိုင်မှုဖြင့် ဆက်သွယ်ရေးကဏ္ဍသည်လည်းများစွာ ပြောင်းလဲသွားမည်ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေမှာကကုမ္ပဏီများတဲ့အတွက်အပြိုင်ဖုန်းကတ်တွေ ပေး တာမျိုး၊ အင်တာနက်ကလည်း အခြားနိုင်ငံတွေဆို အလကားရ တဲ့နေရာတွေ ကများတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီတွေက အပြိုင်ဆိုင်လုပ် ကြတာကိုး ခုဒီမှာလည်း တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီတွေကသာ အပြိုင်လုပ်မယ်ဆို ရင် ဖြစ်လာနိုင်ပါတယ်။”ဟု ရန်ကင်းမြို့နယ်နေ လူငယ်တစ်ဦးက ပြောသည်။

ပြိုင်ဆိုင်မည့်ကုမ္ပဏီများအနေဖြင့် အော်ပရေတာ(၄)ခုအနက် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းအား အသွင်ပြောင်းလဲ ဖွဲ့စည်းထားသည့် အော်ပရေ တာတစ်ခုမှလည်း ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် မိုဘိုင်းဖုန်း၊ အင်တာ နက်နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍများကို ၄င်းတို့ ခန့်အပ်ထား သည့် အော်ပရေတာ (၄)ခုကသာ ဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသိပ်ဆည်းဆမှာ (၇) ရာခိုင်နှုန်း ၀န်း ကျင်သာ ရှိသောကြောင့် ၂၀၁၅ ခုနှစ် မိုဘိုင်းဖုန်းသိပ်သည်းဆ ၅၀ ရာခိုင်နှုန်း ရောက်ရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဥာဏ်ဥာဏ် (မြစ်မခ) /မြန်မာခရိုနီကယ်

Wednesday, June 05, 2013

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၌ အော်ပရေတာများ ယှဉ်ပြိုင်ဆောင်ရွက်လာ သည့်အခါတွင် မိုဘိုင်းဖုန်း ခေါ်
ဆိုခ နှုန်းထားများကို လျှော့ချပေးရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်
အလက် နည်းပညာဝန်ကြီးဌာနက သိရှိရသည်။

ဂျာမန် မောင်းသူမဲ့ လေယာဉ်နှင့် အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းတို့ တိုက်မိလု နီးပါး ဖြစ်ပွားခဲ့

Photo: ဂျာမန် မောင်းသူမဲ့ လေယာဉ်နှင့် အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းတို့ တိုက်မိလု နီးပါး ဖြစ်ပွားခဲ့ 
Wednesday, June 05, 2013

ထိန်းချုပ်မှု မဲ့နေသော Luna အမည်ရှိ ဂျာမန် မောင်းသူမဲ့ လေယာဉ်သည် အာဖဂန် နိုင်ငံကို ဖြတ်ကျော် ပျံသန်းစဉ်လူ ၁ဝဝ ကို သယ်ဆောင်လာသော Ariana အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် တိုက်မိလု

နီးနီး အခြေအနေ ဖြစ်ပွားခဲ့မှုကြောင့် ဂျာမနီနိုင်ငံတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်နိုင်ငံတွင် ပျံသန်းစဉ် ယင်းခရီးသည်တင် လေယာဉ်အနီးသို့ နှစ်မီတာခန့် အကွာအထိ ရောက်ရှိခဲ့ရာ တိုက်မိလု နီးပါးဖြစ်ပွားခဲ့ပုံကို မောင်းသူမဲ့ လေယာဉ်တွင် တပ်ဆင်ထားသော ကင်မရာမှ ဗီဒီယို ရိုက်ကူးနိုင်ခဲ့သည်။

အဆိုပါ မောင်းသူမဲ့ လေယာဉ်များ အနေဖြင့် အခြား လေယာဉ်များနှင့် တိုက်မိခြင်းမှ ကာကွယ်နိုင်သည့် နည်းပညာသည် အဖိုးအခ ကြီးမားလှသည့် အတွက်ကြောင့် Luna မောင်းသူမဲ့ လေယာဉ်တွင် ယင်းနည်းပညာကို တပ်ဆင်ထားခြင်း မရှိကြောင်း ဂျာမနီ ကာကွယ်ရေး ဝန်ကြီး သောမတ်စ်ဒီမီဇီရီက ပြောကြားခဲ့သည်။ ၈၈ ပေါင်အလေးချိန် ရှိသော Luna မောင်းသူမဲ့ လေယာဉ်သည် အာဖဂန်မြို့တော် ကဘူးလ်မြို့ အနီး လေယာဉ် အရေးပေါ် ဆင်းသက်မှု မပြုမီ Ariana ခရီးသည်တင် လေယာဉ်ကြောင့် တိုက်မိလုနီးပါး ဖြစ်ခဲ့သောကြောင့် အစိုးရ၏ ဒရုန်းစီမံကိန်းနှင့် စပ်လျဉ်း၍ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြ၀တီ


Wednesday, June 05, 2013

ထိန်းချုပ်မှု မဲ့နေသော Luna အမည်ရှိ ဂျာမန် မောင်းသူမဲ့ လေယာဉ်သည် အာဖဂန် နိုင်ငံကို ဖြတ်ကျော် ပျံ
သန်းစဉ်လူ ၁ဝဝ ကို သယ်ဆောင်လာသော Ariana အာဖဂန် ခရီးသည်တင် လေယာဉ်တစ်စင်းနှင့် တိုက်မိ
လု နီးနီး အခြေအနေ ဖြစ်ပွားခဲ့မှုကြောင့် ဂျာမနီနိုင်ငံတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖက်ဒရယ်ယူနီယံပါတီလို့အမည်ပေးထားတဲ့ တိုင်းရင်းသားမဟာမိတ်ပါတီကြီးတစ်ခုတည်ထောင်မည့် ဦးစိုင်းအိုက်ပေါင်း

Photo: တိုင်းရင်းသား မဟာမိတ်ပါတီကြီးတခု ထူထောင်မယ် – ဦးစိုင်းအိုက်ပေါင်း
Wednesday, June 05, 2013

၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖက်ဒရယ်ယူနီယံပါတီလို့ အမည်ပေးထားတဲ့ ပါတီကြီးတခုကို ထူထောင်သွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။

အချိုးကျ ကိုယ်စားပြုမှုစနစ်နဲ့ ဆောင်ရွက်ဖြစ်ရင် တိုင်းရင်းသားတွေအတွက် နစ်နာတဲ့အတွက် ကြိုတင်ပြင်ဆင်တာလို့ ဆိုပါတယ်။ လက်ရှိတိုင်းရင်းသားတွေရဲ့ ပါတီတွေကို ဖျက်သိမ်းမှာ မဟုတ်ဘဲ သီးခြားကင်းလွတ်တဲ့ တိုင်းရင်းသားပါတီကြီးအဖြစ် ထူထောင်မှာလို့ ပြောပါတယ်။

ဒီကိစ္စကို  ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ တောင်ကြီးမှာ ကျင်းပမယ့် တိုင်းရင်းသားပါတီများ စုံညီအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကြမယ်လို့ ဦးစိုင်းအိုက်ပေါင်းက  ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ ပူးပေါင်းပြီး ၀င်ပြိုင်မယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စီစဉ်ထားမှုကို ရှင်းပြပေးပါ။


“ကျနော်တို့ ဒီလ ၁၁ ရက်၊ ၁၂ ရက်နေ့မှာ တိုင်းရင်းသားညီနောင်များပါတီကနေပြီး အစည်းအဝေးကျင်းပပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းရင်းသားတွေ ပူးပေါင်းပြီးတော့ တိုင်းဒေသကြီးမှာ တနည်းအားဖြင့် မြေပြန့်ဒေသ အထွေထွေရွေးကောက်ပွဲမှာ ပူးပေါင်းပြီး ပါဝင်ယှဉ်ပြိုင်ဖို့ အစီစဉ် ရှိပါတယ်။ အဲဒီအစည်းအဝေးမှာ တင်ပြဆွေးနွေးမယ်။ ဆွေးနွေးချက်တွေ အားလုံးက သဘောတူရင် ဆက်လက်အကောင်အထည်ဖော်မယ်။ ကျနော်တို့ရဲ့ ပါတီနာမည်ကို အက်ဖ်ယူပီ ဖက်ဒရယ်ယူနီယံပါတီဆိုပြီး အကြမ်းဖျင်းလျာထားတယ်။”

တိုင်းရင်းသား နိုင်ငံရေးပါတီအသီးသီးဟာ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ တခုနဲ့တခု ဆင်တယ်ဆိုမေယ့် မတူကွဲပြားတာတွေရှိတော့ မဟာမိတ်ပါတီကြီးအဖြစ်ပေါင်းဖို့ သီးသန့် မူဝါဒတွေ၊ ရည်ရွယ်ချက်တွေ ချမှတ်ထားတာ ရှိလား။ ထပ်ဆွေးနွေးဖို့ ရှိလား။

“ရှိမှာပါ။ ပြည်နယ်တွေမှာတော့ ရှိရင်းစွဲ တိုင်းရင်းသားပါတီတွေဟာ ၂၀၁၅ မှာ ဆက်လက်ယှဉ်ပြိုင်သွားမှာပေါ့။ တိုင်းရင်းသားညီနောင်တွေ ပူးပေါင်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီကတော့ တိုင်းဒေသကြီးတွေမှာ ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားတာပါ။ အက်ဖ်ယူပီပါတီအနေနဲ့ ပြည်နယ်တွေမှာ မယှဉ်ပြိုင်ပါဘူး။”

တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အစီအစဉ်က ဘာကြောင့် ပေါ်ပေါက်လာတာလဲ။

“ကျနော်တို့က လာမယ့်ပြည်ထောင်စုလွှတ်တော်မှာ ပီအာစနစ်ကို ကျင့်သုံးဖို့ ဆွေးနွေးမယ်။ တကယ်လို့ ပီအာစနစ်ပေါ်ပေါက်လာရင် တိုင်းရင်းသားပါတီတွေအတွက် အခွင့်အရေးဆုံးရှုံးသွားနိုင်တယ်။ ဆုံးရှုံးသွားနိုင်တဲ့ အခွင့်အရေးတွေကို ကုစားဖို့အတွက် ကျနော်တို့ တိုင်းဒေသကြီးတွေမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ခြင်းဖြစ်ပါတယ်။ တိုင်းရင်းသားပါတီဆိုတာ ကျနော်တို့ ဗမာတိုင်းရင်းသားညီနောင်တွေလည်း အက်ဖ်ယူပီမှာ ၀င်ရောက်ပါဝင်နိုင်မယ့် အခွင့်အရေးရှိမှာပဲ။ အဲတော့ ပြည်ထောင်စုတိုင်းရင်းသား ညီအစ်ကိုအားလုံး ပါဝင်တဲ့ ပါတီတခု ထူထောင်ဖို့ ကျနော်တို့ ရည်မှန်းထားခြင်းဖြစ်ပါတယ်။”

ပီအာစနစ်ကြောင့် တိုင်းရင်းသားတွေ အခွင့်အရေးဆုံးရှုံးမယ်ဆိုတာ အကျယ်တ၀င့်ရှင်းပြပေးပါလား။

“ပီအာစနစ်ဆိုရင် အချိုးကျဆိုတော့ အခုလက်ရှိ ရွေးကောက်ပွဲစနစ်က နိုင်သူအကုန်လုံးယူဆိုတဲ့ နေရာမှာ သဘောက မြို့နယ်တခုမှာ မဲဆန္ဒပေးနိုင်တဲ့သူ ၁ သိန်းရှိတယ်ဆိုပါတော့၊ ၅၀၀၀၁ ယောက်ရရင် အဲဒီပါတီက နိုင်သွားမှာပဲ။ ဒါပေမယ့် ၄၉၉၉၉ ရရင် အဲဒီပါတီက လွှတ်တော်ကိုယ်စားလှယ်မရဘူး။ တကယ်ပီအာစနစ်ဆိုရင် သူရှုံးပေမယ့် ရှုံးတဲ့နေရာတိုင်းမှာ မဲစာရင်းတွေ ပေါင်းလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ပီအာရ်စနစ်အချိုးကျဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က သူပဲရမှာလေ။ သဘောက ရှူံးတဲ့ပါတီလည်း အခွင့်အရေးရတယ်။ နိုင်တဲ့ပါတီအတွက်လည်း အခွင့်အရေး အကုန်မရဘူးပေါ့။”

ပီအာရ်စနစ်က လွှတ်တော်မတင်ရသေးဘူး။ တင်ရင် ကျိန်းသေပေါက်ကျမယ်ဆိုတဲ့ သဘောတွက်ထားပြီးသားဆိုတဲ့ သဘောပါလား။

“ကျိန်းသေကျမယ်ဆိုတာတော့ ပြောလို့မရဘူး။ ကျားဖြူပါတီအနေနဲ့ သဘောမတူကြောင်းတော့ လွှတ်တော်မှာ ဆန္ဒထုတ်ဖော်ပြောဆို၊ တင်ပြဆွေးနွေးရမှာပဲ။ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁ ကြိမ်ပဲ ကျင်းပရသေးတယ်။ ဒါကို စနစ်တခုထပ်ပြောင်းတယ်ဆိုရင် ပြည်သူလူထုက အတွေ့အကြုံနည်းပါးသေးတယ်လို့ ယူဆတယ်။ ပြည်နယ်တွေမှာ ဆိုရင် စာတတ်မြောက်မှုဟာ သိပ်နည်းပါးသေးတယ်။ မြန်မာစာလဲ သိပ်မတတ်ကြတော့ စောပါသေးတယ်၊ ကျနော်တို့ မထောက်ခံပါဘူး။”

နိုင်ငံရေးပါတီတွေ အသစ်ထူထောင်ပူးပေါင်းမယ်ဆိုရင် ရှိရင်းစွဲပါတီကို ဖျက်သိမ်းရမယ်လို့ ပြဋ္ဌာန်းချက်ရှိတယ်လို့ သိရတယ်။ တိုင်းဒေသကြီးတွေမှာ ၀င်ပြိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေက ပူးပေါင်းမယ်ဆိုရင် သက်ဆိုင်ရာပါတီတွေကို ဖျက်ရမလား၊ မဖျက်ရဘူးလား။ ဘယ်လိုရပ်တည်ပါလဲ။

“လူသစ်တွေနဲ့လုပ်မှာ။ လက်ရှိ ပြည်နယ်တွေမှာရှိတဲ့ ပါတီတွေက လုပ်တာမှမဟုတ်တာ။ လူသစ်တွေနဲ့ ပြန်ဖွဲ့စည်းမှာ၊ ပါတီအသစ်၊ ပါတီဝင်အသစ်တွေနဲ့ဖြစ်မှာပေါ့။”

ဆိုလိုတာက တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားပါတီမဟာမိတ်အဖွဲ့ဟာ ရှိရင်းစွဲတိုင်းရင်းသားပါတီက ခေါင်းဆောင်တွေ၊ ပါတီတွေကနေ ထိန်းချုပ်တဲ့အဖွဲ့လို့ ပြောလို့ရလား။

“အဲလိုပြောလို့မရဘူး။ ပါတီအသစ်၊ နာမည်အသစ်နဲ့ ပါတီဝင်အသစ်ဖြစ်လာမယ်လေ။ အမှုဆောင်တွေလည်း အသစ်ဖြစ်မယ်လေ။”

ဒါဆို အန်ကယ် ခွန်ထွန်းဦးနဲ့ နိုင်ငွေသိမ်းတို့ အသစ်မှာ မပါတော့ဘူးပေါ့။

“အသစ်မှာမပါတော့ဘူး။ ကျနော်တို့က ကျားဖြူပါတီဥက္ကဋ္ဌအဖြစ် ပါနေတယ်လေ။”

တိုင်းရင်းသားပါတီတွေကို၊ ၁၁ ရက်နေ့ အစည်းအဝေးတက်မယ့် ပါတီတွေကို ဒီအကြောင်း အကြောင်းကြားပြီပါပြီလား။ ဘယ်လောက် သဘောတူညီချက် ရထားပြီးပြီလဲ။

“မူအားဖြင့်တော့ သဘောတူညီချက် ရထားပြီးသား။ ဒါပေမယ့် ပိုပြီး ကျေကျေလည်လည် ဆွေးနွေးရမှာပေါ့။”

DVB News

ဦးစိုင်းအိုက်ပေါင်း

Wednesday, June 05, 2013

၂၀၁၅ ရွေးကောက်ပွဲကျရင် တိုင်းဒေသကြီးတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဖက်ဒရယ်ယူနီယံပါတီလို့ အမည်ပေးထားတဲ့ ပါတီကြီးတခုကို ထူထောင်သွားဖို့ ရှိတယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။

ယနေ့အထူးဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်းတရားဝင်ကြော်ငြာ

ဖါမျိုး ဖါနွယ်  .........
969 ...အကြမ်းဖက်သမားအားပေးတွေရဲ့ဘဝ
ကျွန်ခံတာတောင်အဆင်ပြေပြေနဲ့ကျွန်မခံရဘူး။ 
ငရဲပြည်ကို ပြန်ပို့ ဖို့လုပ်နေကြတာနဲ့ တိုးနေကြပါပေါ့လား။
မုန့်ဆိုဝေစားလိုက်မယ် ။ဒုတ် ကို ဝေမစားနိုင်ဖူးဆိုတဲ့ဟာတွေ 
မုန့် ဝေချိန်နဲ့မတိုးပဲ ဒုတ်ဝေချိန်နဲ့တိုးကြလေသောအခါ ..........။

Wednesday, June 05, 2013

ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံ နာမည်ကြီးသတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက် စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။

NEDအဖွဲ့ကပေးအပ်တဲ့ ၂၀၁၂ ဒီမိုကရေစီဆုကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လက်ခံရရှိ


အမေရိကန်-ဇွန်၅ NEDအဖွဲ့ ဥက္ကဌ Carl Gershman က ၂၀၁၂ ဒီမိုကရေစီဆုကို ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဇွန်လ ၄ ရက် က ပေးအပ်ချီးမြှင့်သည်။

စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ၊

စီးပွားရေးလုပ်ငန်းရှင်များ ကိုယ်ပိုင်လေယာဉ် ၀ယ်စီးနိုင်ပြီ၊
Wednesday, June 05, 2013

မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို  ကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြုလိုက်ပြီဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။

ယခုအချိန်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များအနေဖြင့် လေ ယာဉ်ဝယ်ယူ သည့်လုပ်ငန်းရှင် မရှိသေးသော်လည်း ထူးကုမ္ပဏီ က Eurocopter နှစ်စင်း ၀ယ်ယူရန်တင်သွားထားသည်ဟု ၄င်းက ပြောကြားသည်။

၎င်းကဆက်လက်၍“ကိုယ်ပိုင်လေယာဉ်ဝယ်စီးချင်တယ်ဆိုရင်  ကိုယ်ဝယ်မယ့်လေယာဉ်နဲ့ပတ်သက်ပြီးပြုပြင်ထိန်းသိမ်းမှုပြုလုပ်မယ့် အပိုင်းနဲ့ လေယာဉ်မောင်းနှင်မယ့် လေယာဉ်မောင်းရဲ့ အရည် အချင်းတွေနဲ့ ကိုယ်ဝယ်ယူမယ့် လေယာဉ်ကိုတင်ပြရမယ်”ဟုပြော ကြားသည်။

The Hot News


Wednesday, June 05, 2013

မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များကိုကိုယ်ပိုင်လေယာဉ် ၀ယ်စီးခွင့်ပြုလိုက်ပြီဖြစ်သောကြောင့်စီးပွားရေးလုပ်
ငန်းရှင်များအနေဖြင့်ကိုယ်ပိုင်လေယာဉ်ဝယ်စီးနိုင်ပြီဖြစ်ကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်
ကြီးဦးဉဏ်ထွန်းအောင်က ယခုက ၂၉ ရက်နေ့ တွင်ပြောကြားခဲ့သည်။

“Lord of the Rings မှ ဓားရှည်များ ခိုးယူမှုဖြင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီး”

“Lord of the Rings မှ ဓားရှည်များ ခိုးယူမှုဖြင့် အမျိုးသမီးတစ်ဦးကို
ဖမ်းဆီး”
Re-post By ACM 5-6-2013

Lord of the Rings ဇာတ်ကားထဲတွင် အသုံးပြုခဲ့သည့် ဓားရှည်များကို ခိုးယူခဲ့ကြောင်း စွပ်စွဲမှုဖြင့် အမျိုးသမီး တစ်ဦးကို အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အမျိုးသမီးသည် ကမ္ဘာကျော် စိတ်ကူးယဉ် ဇာတ်လမ်းတွဲကြီးအတွင်း ရိုက်ကွင်း၌ အသုံးပြုခဲ့သော ဓားရှည်နှစ်လက်ကို ခိုးယူခဲ့သည်ဟု သံသယ ရှိသည့်အတွက် ဖမ်းဆီးထားကြောင်း နယူးယော့ခ် ရဲတပ်ဖွဲ့က ဆိုသည်။

ဘရန်ဒါမက်ကေးသည် ယခုအခါ ဖောက်ထွင်းမှု စွဲချက်ဖြင့် တရားစွဲခံရရန် နီးစပ်နေသည်။ သူမသည် အချို့သော ရိုက်ကွင်းအသုံးပြု ပစ္စည်းများကို
လည်း အလစ်သုတ်ရန် ကြိုးစားခဲ့သေးသည်။ ထိုပစ္စည်းများကို မကြာမီက ရုံတင်ခဲ့သည့် The Hobbit, An Unexpected Journey တွင်လည်း အသုံးပြုခဲ့သည်။

Planet Myanmar Network

Lord of the Rings ဇာတ်ကားထဲတွင် အသုံးပြုခဲ့သည့် ဓားရှည်များကို ခိုးယူခဲ့ကြောင်း စွပ်စွဲမှုဖြင့် အမျိုးသမီး တစ်ဦးကို အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ထူးထူးခြားခြား ဗဟုသုတများ

(၁) အင်္ဂလန် နိုင်ငံ ရဲ့ ပထမမြောက် ဂျော့ရှ် ဘုရင်မင်းမြတ်ဟာ အင်္ဂလိပ်စကား တစ်လုံးမှ မပြောတတ်ပါဘူး တဲ့ ။ (၂) ပါရှားပြည်ကို BC 558 – 529 ထိ စိုးစံခဲ့တဲ့ မဟာဆိုင်းရပ်စ် ဘုရင်ကြီးဟာ
တစ်နေ.မှာ နေ. (၁၂) နာရီ ည (၁၂) နာရီ ရှိတယ်လို. ပထမဦးဆုံး ပိုင်းခြားသတ်မှတ်ပေးခဲ့သူပါ ။
ပစ္စည်းရေတွက်တဲ့ခါမှာလည်း (၁၂) ခု ဒါဇင် ဆိုတာကို စတင်အသုံးပြုစေခဲ့သူပါ ။

မြန်မာ၊အင်ဒိုနီးရှား၊ ဖိလပ်ပိုင်နှင့် ကမ္ဘောဒီးယားတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ဗီဇာ သဘာတူညီမှုရရှိ

Wednesday, June 05, 2013
မြန်မာ၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့ အာဆီယံဒေသတွင်း လွတ်လပ်စွာသွားလာခွင့်ဗီဇာ သဘာတူညီမှုကို ယနေ့ နေပြည်တော်တွင် ကျင်းပလျှက်ရှိသော အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လတ်မှတ်ရေးထိုး ခဲ့သည်။

အာဆင်နယ်သို့ ပြောင်းရွှေ့နိုင်ခြေသတင်းအား ဟီဂူအင်း ပယ်ချ

အာဆင်နယ်သို့ ပြောင်းရွှေ့နိုင်ခြေသတင်းအား ဟီဂူအင်း ပယ်ချ
အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့နိုင်ခြေရှိကြောင်း သတင်းများကို ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူအင်းက ပယ်ချခဲ့ခြင်း မရှိချေ။ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးကို ပေါင်စတာလင် သန်း(၂၀)မျှဖြင့် ရီးယဲလ်က ရောင်းထုတ်ရန် စီစဉ်ထားသလို ကစားသမား ကိုယ်တိုင်ကလည်း ဘာနေဗျူးမှ ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသည်။

မလေးရှားအော်ရာဆီ ဖမ်းဆီးမှုနှင့် လူမျိုးဘာသာမခွဲခြားဖမ်းဆီသည့်ဥပဒေ

မြန်မာနိုင် ငံသားများအားဖမ်းဆီးမူ
====================
ယခုတင်ပေးသောပုံသည် Kuala Lumpur,Jalan Petaling China Town
ထောင့်တွင်မြန်မာ့နိုင် ငံသားများအားဖမ်းဆီးစုဆောင် ထားသောပုံဖြစ်သည်။ကျွန်တော်
က Hotel ရေချိုးခန်းမှနေပြီးအဝေးမှဖုန်းဖြင့်ရိုက်ထားသောပုံဖြစ်သည်။မြန်မာလူမျိုး
အမျီုးသား/အမျီုးသမီးအားလုံး ရာဂဏန်းနှင့်ရှိသည်။Kuala Lumpurနှင့် Selangor
ဧရိယာအတွင်းဖမ်းဆီးထားသောအရေအတွက်မှာ ထောင်ဂဏန်းနှင့်ရှိသည်ဟုသိရသည်။

ထူးဆန်းသည်မှာ မြန်မာသိက္ခာမဲ့အာဏာပိုင် ကဲ့သို့ ပြည့်အင် အားသည်ပြည်တွင်း၌သာ
ရှိသည်မူဝါဒဖြင့် လူမျိုး/ဘာသာခွဲခြားပြီး ပရမ်းပတာဖမ်းဆီးခြင်းမဟုတ်ဘဲ မြန်မာမှန်လျင်
ဘယ်ဘာသာ ဘယ်လူမျီုးမဆိုဖမ်းဆီးခြင်းဖြစ်သည်။ မြန်မာလူမျိုးအားလုံးဥပဒေအကာ
အကံယ်ရနိုင် ပါစေ။ စစ်အာဏာရှင် များအားလုံးကျဆင်းပါစေ။ ဦးသိန်းစိန် က နိုင် ငံတ
ကာဗဟုသုတကြွယ်ဝပြီးမှန်ကန်သောဥပဒေမျိုးကိုကျင့်သုံးနိုင်ပါစေ။

ယခုတင်ပေးသောပုံသည် Kuala Lumpur,Jalan Petaling China Townထောင့်တွင်မြန်မာ့နိုင် ငံသားများအား
ဖမ်းဆီးစုဆောင် ထားသောပုံဖြစ်သည်။ကျွန်တော်က Hotel ရေချိုးခန်းမှနေပြီးအဝေးမှဖုန်းဖြင့်ရိုက်ထား
သောပုံဖြစ်သည်။မြန်မာလူမျိုးအမျီုးသား/အမျီုးသမီးအားလုံး ရာဂဏန်းနှင့်ရှိသည်။

မလေးရှားရောက်မြန်မာ များယနေ့နေ့လည်၁၁နာရီကျော်လောက်မှာအဖမ်းအစီး ပြုခဲ့ပြီး မြန်မာနိုင်ငံသားများ လောရီး ကားနစ် စီးလောက်ဖမ်းခံရကြောင်းသတင်းရရှိ

အောင်မငေ နဲတဲ့ဗလကြီးတွေမဟုတ်ဘူး ။ Malaysia အော်ပရာစီ Alert

မလေးရှားရောက်မြန်မာ များယနေ့နေ့လည်၁၁နာရီကျော်လောက်မှာအဖမ်းအစီး ပြုခဲ့ပြီး မြန်မာနိုင်ငံသား
များ လောရီးကားနစ်စီးလောက်ဖမ်းခံရကြောင်းသတင်းရရှိပါသည်။ယနေ့ 5.6.2013 နံနက် 11 နာရီမှစတင်
ပီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များတည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင် 
များ ၊ လမ်းထောင့်များ တွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား(ပြည်သူ့စစ်) များပါဝင်သည့် အထူးစီမံချက် တစ်ရပ်ပြုလုပ်ကာ မည်သူ့ကိုမဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

မလေးရှားရောက် မြန်မာလူမျိုးအားလုံး အထူးသတိပြုရန်

မလေးရှားရောက် မြန်မာလူမျိုးတရားဝင်၊တရား မဝင်၊ Passportရှိသူ၊ မရှိသူ၊ Visa ရှိသူ၊ မရှိသူ အားလုံးကို ယခု ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီမှစပြီးKuala Lumpur မြန်မာ့အသိုင်းအဝိုင်းတဝိုက်နှင့် Pudu Raya တဝိုက်၊ Kota Raya တဝိုက်/Bangkok Bank အနီးအနားတွင်မ လေးရှား အာဏာပိုင် အင် အား ၁၀၀ ကျော်ဖြင့် ဖမ်းဆီးပြီး Cable tie ဖြင့်ချုပ်နှောင်သွားကြောင်းသတင်းရရှိပါသည်။

အကြမ်းဖက်တိုက်ခိုက်ချင်သော လူတစ်စုကြောင့် မန္တလေးတွင်ရုတ်ရုတ်သဲသဲဖြစ်သွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊အမက ၁ တွင်ယနေ့နံနက်၁၀း၃၀ခန့်က ၉၆၉ အကြမ်းဖက်အဖွဲ့ဝင်များက အုပ်စုဖွဲ့ပြီး  အော်ဟစ်ဆဲဆိုမှုများ ကြောင့် မူလတန်းအရွယ်မွတ်စလင်ကျောင်းသားအများစုတက်ရောက်ရာ အဆိုပါကျောင်းမှ ဆရာ/မများနှင့်ရုန်းရင်းဆန်ခေတ်ဖြစ်သွားကြောင်းကနဦးသတင်းများအရသိရှိရပါသည်။

LCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် ယူကေစာမေးပွဲသတင်း

၂ဝ၁၃ ဇွန်လ (၄) ရက်နေ့မှ (၇) ရက်နေ့အထိ LCCI Combined Diploma များနှင့် LCCI Group Diploma များအတွက် Diploma ပြန်ပေါင်းလျှောက်ကြေးများ လက်ခံသွားမည် ဖြစ်သဖြင့် နံနက် (၈:၃ဝ) မှ (၃:၃ဝ) အ
တွင်း မှတ်ပုံတင်မူရင်းနှင့်တကွ လာရောက်ပေးသွင်းနိုင်ပါသည်။

မိုးသည်းထန်စွာရွာသွန်းနေချိန် ယာဉ်မောင်းများ သတိပြုသင့်သည့်အချက်များ

Photo: မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အချိန်မျိုးတွေမှာ သင့်ယာဉ်ကို အရေးကြုံက ရုတ်တရက် ရပ်တန့်ရန် အကွာအဝေးကို ခြောက်သွေ့တဲ့ ရာသီဥတု ရဲ့ (၂)ဆ ခွာထားရပါမည်။ အဘယ့်ကြောင့်ဆိုသော် ရေစိုနေတဲ့(သို့) ရေဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ သင့်ယာဉ်၏ တာယာများဟာ ကုပ်အားလျော့နည်းလာလို့ ဖြစ်ပါတယ်။

ဒါကြောင့် စိုစွတ်တဲ့ ရာသီဥတုမှာ-

* မိမိရှေ့က ကားနှင့် ကပ်မလိုက်ပါနှင့် လိုအပ်သည်ထက်ပို၍ ခွာထားပါ။

* အကယ်၍ သင့်ကား စတီယာရင်သည် တုံ့ပြန်မှုနည်းပါးလာပါက ရေကြောင့် တာယာများသည် လမ်းအား မြဲမြံစွာ ကုတ်နိုင်ခြင်းမရှိတော့ဆိုသည်ကို နားလည်ပါ။ လီဗာကို ထိန်းလွှတ်၍ အရှိန်ကိုဖြေးညင်းစွာလျှော့ပါ။

* သည်းထန်သောမိုးနှင့် အခြားကားများရေကိုဖြတ်မောင်းရာမှ လွင့်စင်လာသော ရေများသည် သင်၏မြင်ကွင်းကို ခက်ခဲစေပါသည်။ သင်၏ယာဉ်ကို အခြားကားများ သတိပြုမိစေ။ မီးကြီးများထွန်းထားပါ။ လမ်းဧရိယာ အများစု ရေအိုင်နေသော နေရာတွင် ဖြတ်သန်းမောင်းနှင်ပါက အရှိန်ကို အလွန့်အလွန်လျှော့ချ၍ စုံမီး (စုံအချက်ပြမီး) ဖွင့်ထားပါ။

* မိုးဖွဲဖွဲနှင့် စိပ်စိပ်ရွာချနေချိန်တွင် လမ်းပေါ်တွင် ယာဉ်များမှ ယိုစီးကျသော စက်ဆီချောဆီများသည် လမ်းပေါ်တွင် ဝေ့ကာရှိနေတတ်ပါသည်။ အကယ်၍ သင်၏မော်တော်ယာဉ်တာယာများသည် ပွိုင့်ကြီး၍ ကျဲသော heavy-duty တာယာများဖြစ်ပါက လမ်းချော်ဘို့အခွင့်အလမ်းများလာပါသည်။ သင်လမ်းချော်နေပြီဆိုတာကို သိလျှင် ဘရိတ်ကိုလုံးဝမနင်းပါနှင့်။ ဂီယာကြီးထိုးထားပါ။ စတီယာရင်ကို အတတ်နိုင်ဆုံး ကားလမ်းဘေးထိုးမကျစေရန် ထိန်းသိမ်းထားပါ။ လမ်းပေါ်တွင် ကြမ်းနေသောနေရာတစ်ခုသို့ သင့်ရှေ့တာယာရောက်ရှိသည်နှင့် တစ်ပြိုက်နက် ကားကို ရပ်တန့်ရန် (သို့) မောင်းနှင်ထွက်ရန် ကြိုးစားပါ။ ကားကိုရပ်တန့်မည်ဆိုလျှင် လမ်းပုခုံးသားကို အရင်လေ့လာပါ။ မြေပျော့သည်ဟုယူဆလျှင် လမ်းဘေးသို့ လုံးဝမဆင်းပါနှင့်။
လမ်းထက်နိမ့်ပြီး အတန်ငယ်ပြင်ညီဖြစ်နေကာ မြက်ပင်များထူထပ်စွာပေါက်နေသော လမ်းပုခုံးသားသည် မြေပျော့ ရွှံ့မြေဖြစ်ဘို့ ရာခိုင်နှုန်းပိုများပါသည်။

- သည်းထန်စွာ ရွာနေသောမိုးကြောင့် ပါတ်ဝန်းကျင်ကို မြင်နိုင်စွမ်းလျော့ကျလာသည့်အခါ လမ်းနှခမ်းစပ်တွင် သွားလာနေသော လူများ၊ စက်ဘီး၊ဆိုင်ကယ်စီးနင်းသူများ နှင့် တိရစ္ဆာန်မျာကို ပိုမိုဂရုပြုပါ။ ထို့နည်းတူ သင့်ကားမီးတန်း၏နယ်နိမိတ်အစပ်တွင် လမ်းဖြတ်ကူးနေသောသူကို သင်မြင်ဘို့ရန်ခက်ခဲပါသည်။


မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အချိန်မျိုးတွေမှာ သင့်ယာဉ်ကို အရေးကြုံက ရုတ်တရက် ရပ်တန့်ရန် အကွာ
အဝေးကို ခြောက်သွေ့တဲ့ ရာသီဥတု ရဲ့ (၂)ဆ ခွာထားရပါမည်။ အဘယ့်ကြောင့်ဆိုသော် ရေစိုနေတဲ့(သို့)
 ရေဖုံးလွှမ်းနေတဲ့ လမ်းပေါ်မှာ သင့်ယာဉ်၏ တာယာများဟာ ကုပ်အားလျော့နည်းလာလို့ ဖြစ်ပါတယ်။

မီးရရန် ငွေသိန်း ၄၀၀ သွင်းထားသော်လည်း ငါးနှစ်ကြာသည်အထိ မီးမရ

Wednesday, June 05, 2013

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် လွှစင် အုပ်စုအတွင်းရှိ ဆီဆုံကုန်း၊ နဝင်းကွက်သစ်၊ အရှေ့ပုပ္ပါးနှင့် လက်ပံလျှိုရွာ တို့တွင် ဒေသခံများသည် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးရရှိရန် ကျေးရွာ မီးလင်းရေးကော်မတီသို့ ငွေသိန်း ၄၀၀ ကို အရစ်ကျ ပေးသွင်းခဲ့သော်လည်း ငါးနှစ် ကြာသည်အထိ လျှပ်စစ်မီး မရရှိသေးကြောင်း အဆိုပါ လွှစင် အုပ်စု ကျေးရွာဒေသခံများ ထံမှ သိရှိရသည်။

ရုံတင် ပြသတော့မည့် ပန်း ကြာဝတ်မှုံ


ရုံတင် ပြသတော့မည့် ပန်း ကြာဝတ်မှုံ

၁၉၈ဝ ပြည့်နှစ် ဝန်းကျင်က မြင်းခြံမြို့ရှိ ဦးလေးဖုန်း၊ ဒေါ်ခင်ခင်လေးတို့တွင် သမီး သီရိမေနှင့် သား သီဟမောင်တို့ ရှိသည်။သီရိမေ မန္တလေး ဒေသကောလိပ် တက်ချိန် ကလောမြို့မှ အောင်နိုင်သူနှင့် ခင်မင် သွားသည်။ ဒေသကော လိပ် မောင်မယ်သစ်လွင် ပွဲမှာ စောင်းပညာနှင့် ဖျော်ဖြေခဲ့ရာက အောင်နိုင်သူက အ မည် ထင်ရှား လာခဲ့သည်။

နိုင်ငံခြား NGO ၀န်ထမ်း ၄၀ ကျော် အီဂျစ်ထောင်ဒဏ်စီရင်

နိုင်ငံခြား NGO ၀န်ထမ်း ၄၀ ကျော် အီဂျစ်ထောင်ဒဏ်စီရင်
Wednesday, June 05, 2013

ရန်ပုံငွေတွေကို အသုံးပြုပြီး အီဂျစ်နိုင်ငံအတွင်းမှာ ဆူပူမှုတွေဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီဂျစ်နိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြား NGO တွေက အမေရိကန်နိုင်ငံသား အနည်းဆုံး ၁၅ ဦး အပါအ၀င်၊ ၀န်ထမ်း ၄၃ ဦးကို အီဂျစ်တရားရုံးက စီရင်ချက်တွေ ချမှတ်ခဲ့ပါတယ်။

အင်္ဂါနေ့တုန်းက NGO ၀န်ထမ်း အတော်များများကို ထောင်ဒဏ် ၅ နှစ်အထိ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက အများစုကို ပြီးခဲ့တဲ့နှစ်တုန်းက တိုင်းပြည်ထဲကနေ ထွက်သွားခွင့် ပြုခဲ့ပြီးတဲ့နောက်၊ မျက်ကွယ်ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံထဲမှာရှိတဲ့ NGO အဖွဲ့အစည်းတွေရဲ့ ရုံးခန်းတွေကို ပိတ်ပစ်ဖို့လည်း တရားရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ NGO တွေထဲမှာ အမေရိကန်အခြေစိုက် Freedom House, the National Democratic Institute (NDI) နဲ့ နိုင်ငံတကာ ရီပက်ဘလစ်ကန် အဖွဲ့အစည်း (IRI) တို့လည်းပါဝင်ပါတယ်။

တရားရုံးရဲ့ စီရင်ချက်ဟာ နိုင်ငံရေးကို အခြေခံပြီး ထွက်လာတဲ့ ဆုံးဖြတ်ချက်တရပ်ဖြစ်ကြောင်း နဲ့ အလွန်အမင်းစိုးရိမ်ပူပန်ရတဲ့အကြောင်း အမေရိကန် အိမ်ဖြူတော်က ပြောပါတယ်။ ပြီးတော့ ဒီစီရင်ချက်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကို အကာအကွယ်မပေးတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်းပြောပါတယ်။ အီဂျစ်အစိုးရအနေနဲ့ လူထုအကျိုးအတွက် အလုပ်လုပ်နေတာ ဟုတ်၊ မဟုတ် အိမ်ဖြူတော်က မေးခွန်းထုတ်ထားပါတယ်။

VOA Burmese

Wednesday, June 05, 2013

ရန်ပုံငွေတွေကို အသုံးပြုပြီး အီဂျစ်နိုင်ငံအတွင်းမှာ ဆူပူမှုတွေဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီ
ဂျစ်နိုင်ငံထဲမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြား NGO တွေက အမေရိကန်နိုင်ငံသား အနည်းဆုံး ၁၅ ဦး အပါအ၀င်၊ ၀န်ထမ်း ၄၃ ဦးကို အီဂျစ်တရားရုံးက စီရင်ချက်တွေ ချမှတ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် မြို့ကြီးသုံးမြို့ကို ဆက်သွယ်မည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို ဆီးဂိမ်းစ်အမီ အပြီးတည်ဆောက်မည်

Photo: ဂျပန်နိုင်ငံ၏ ကူညီမှုဖြင့် မြို့ကြီးသုံးမြို့ကို ဆက်သွယ်မည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို ဆီးဂိမ်းစ်အမီ အပြီးတည်ဆောက်မည်
Wednesday, June 05, 2013

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပေးနေသော မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ကို ဆက်သွယ်ပေးမည့် မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးအမီ အပြီးတည်ဆောက် သွားမည်ဟု ဆူမီတိုမို ကော်ပိုရေးရှင်း၏ Telecommunication Business Dept မှ General Manager Mr. Y Benino က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး သုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကို ဆက်သွယ်မည့် ဆက်သွယ်ရေး ဖိုက်ဘာဆက်ကြောင်းကို ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့ငွေဖြင့် ဆူမီတိုမို၊ NEC နှင့် NTT ကုမ္ပဏီတို့မှ Optical Fiber-based ဆက်သွယ်ရေးဆက်ကြောင်း တည်ဆောက်ရန် မြန်မာအစိုးရနှင့် အပြီးသတ် စာချုပ်ချုပ်ဆို ပြီးစီးပြီ ဖြစ်သည်။ "ကျွန်တော်တို့ အင်ဂျင်နီယာတွေ အကုန်ရောက်နေပါပြီ။ နိုဝင်ဘာ ကုန်တာနဲ့ အကုန်ပြီးအောင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ မြို့ကြီးသုံးမြို့အပြင် အားကစား စတေဒီယမ်ကြီးတွေ အတွင်းပိုင်းမှာလည်း ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ SEA Game စတာနဲ့ ဒီလိုဆက်သွယ်ရေး လိုအပ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်" ဟု Mr. Y Benino က ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါ ဆက်ကြောင်းများ တည်ဆောက်မည့် ဂျပန်ကုမ္ပဏီကြီး သုံးခုက တစ်စက္ကန့်လျှင် ၃၀ ဂစ်ဂါဘိုက် ထုတ်လွှတ်နိုင်စွမ်းရှိမည့် မြန်နှုန်းမြင့် ကွန်ရက်ကို တည်ဆောက်သွားမည် ဖြစ်သည်။ ထို့ပြင် ၎င်းကုမ္ပဏီ သုံးခုက ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တစ်စက္ကန့်လျှင် ၁၀ ဂစ်ဂါဘိုက်နှုန်းဖြင့် အသံနှင့် ဒေတာများ ထုတ်လွှင့်နိုင်မည့် Fiber-Optic ကွန်ရက်များကို တပ်ဆင်သွားမည်ဟု ဆိုသည်။

EMG

Wednesday, June 05, 2013

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ပေးနေသော မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့ကို ဆက်သွယ်ပေးမည့်
 မြန်နှုန်းမြင့် ဖိုက်ဘာဆက်ကြောင်းကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစား
ပြိုင်ပွဲကြီးအမီ အပြီးတည်ဆောက် သွားမည်ဟု ဆူမီတိုမို ကော်ပိုရေးရှင်း၏ Telecommunication Business Dept မှ General Manager Mr. Y Benino က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ မိတ္ထီလာသို့ NHK World သတင်းဌာနမှ သတင်းမှတ်တမ်း လာရောက်ရိုက်ကူး

Photo: မိတ္ထီလာသို့ NHK World သတင်းဌာနမှ သတင်းမှတ်တမ်း လာရောက်ရိုက်ကူး
Wednesday, June 05, 2013

ဇွန် ၃ ရက်က NHK World သတင်းဌာနမှ မိတ္ထီလာမြို့သို့ လာရောက်ရိုက်ကူးခဲ့ပြီး ကယ်ဆယ်ရေး စခန်းများသို့ ၀င်ရောက်ရိုက်ကူးခွင့် တောင်းခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အဖွဲ့သည် ဇွန် ၃ ရက်တွင် မိတ္ထီလာသို့ ရောက်ရှိလာပြီး မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီးခဲ့ရသော ရပ်ကွက်များသို့ သွားရောက်သတင်းမှတ်တမ်း ရိုက်ကူးခဲ့ကာ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်း ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခရိုင်ရုံးမှာ ကယ်ဆယ်ရေး စခန်းတွေကို ၀င်ရောက်ရိုက်ကူးခွင့်ပြုဖို့ ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ ကျန်ခဲ့တဲ့ လေးရက်လောက်က ခရိုင်အုပ်ချုပ်ရေးရုံးမှာ သွားစုံစမ်းတော့ တိုင်းဒေသကြီးကို ခွင့်ပြုချက် တောင်းပါဆိုလို့ မန္တလေးတိုင်း ဒေသကြီးကို ခွင့်ပြုချက် တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှအကြောင်းပြန်ကြားလာခြင်း မရှိလို့ ကယ်ဆယ်ရေး စခန်းတွေကို ၀င်ရောက်ရိုက်ကူးခွင့် မရခဲ့ပါဘူး။ အခုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ကိစ္စက အင်မတန်ပဲ နူးညံ့သိမ်မွေ့ ပျော့ပျောင်းတဲ့ ကိစ္စဖြစ်တဲ့အတွက် အခြားလူတွေ သတင်းလာယူမှာကို အုပ်ချုပ်ရေးပိုင်း အနေနဲ့ စိုးရိမ်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ မီဒီယာ အလုပ်ဆိုတာကလည်း ဘာတွေဖြစ်နေသလဲဆိုတာ မျက်စိနဲ့ ကြည့်ပြီးတော့ သတင်းပြန်ရေး ရတာဖြစ်တော့ ကယ်ဆယ်ရေး စခန်းထဲကို ၀င်ခွင့်မရတဲ့အတွက် ၀မ်းနည်းရပါတယ်။ အခြားမြို့တွေ ဆက်သွားဖို့ မရှိပါဘူး။ နေပြည်တော်ကို ပြန်ပါမယ်" ဟု NHK World သတင်းဌာနမှ တာဝန်ရှိသူ ဂျပန်နိုင်ငံသားက ပြောကြားသည်။

လာရောက်ရိုက်ကူး ဇွန်လ ၅ ရက် ၂၀၁၃ ဇွန် ၃ ရက်က NHK World သတင်းဌာနမှ မိတ္ထီလာမြို့သို့ လာရောက်ရိုက်ကူးခဲ့ပြီး ကယ်ဆယ်ရေး စခန်းများသို့ ၀င်ရောက်ရိုက်ကူးခွင့် တောင်းခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အဖွဲ့သည် ဇွန် ၃ ရက်တွင် မိတ္ထီလာသို့ ရောက်ရှိလာပြီး မတ် ၂၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ပျက်စီးခဲ့ရသော ရပ်ကွက်များသို့ သွားရောက်သတင်းမှတ်တမ်း ရိုက်ကူးခဲ့ကာ မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးနှင့် တွေ့ဆုံမေးမြန်း ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ "ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ခရိုင်ရုံးမှာ ကယ်ဆယ်ရေး စခန်းတွေကို ၀င်ရောက်ရိုက်ကူးခွင့်ပြုဖို့ ခွင့်ပြုချက် တောင်းခဲ့ပါတယ်။ ကျန်ခဲ့တဲ့ လေးရက်လောက်က ခရိုင်အုပ်ချုပ်ရေးရုံးမှာ သွားစုံစမ်းတော့ တိုင်းဒေသကြီးကို ခွင့်ပြုချက် တောင်းပါဆိုလို့ မန္တလေးတိုင်း ဒေသကြီးကို ခွင့်ပြုချက် တင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှအကြောင်းပြန်ကြားလာခြင်း မရှိလို့ ကယ်ဆယ်ရေး စခန်းတွေကို ၀င်ရောက်ရိုက်ကူးခွင့် မရခဲ့ပါဘူး။ အခုဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ကိစ္စက အင်မတန်ပဲ နူးညံ့သိမ်မွေ့ ပျော့ပျောင်းတဲ့ ကိစ္စဖြစ်တဲ့အတွက် အခြားလူတွေ သတင်းလာယူမှာကို အုပ်ချုပ်ရေးပိုင်း အနေနဲ့ စိုးရိမ်တယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ မီဒီယာ အလုပ်ဆိုတာကလည်း ဘာတွေဖြစ်နေသလဲဆိုတာ မျက်စိနဲ့ ကြည့်ပြီးတော့ သတင်းပြန်ရေး ရတာဖြစ်တော့ ကယ်ဆယ်ရေး စခန်းထဲကို ၀င်ခွင့်မရတဲ့အတွက် ၀မ်းနည်းရပါတယ်။ အခြားမြို့တွေ ဆက်သွားဖို့ မရှိပါဘူး။ နေပြည်တော်ကို ပြန်ပါမယ်" ဟု NHK World သတင်းဌာနမှ တာဝန်ရှိသူ ဂျပန်နိုင်ငံသားက ပြောကြားသည်။ 

EMG
 မိတ္ထီလာသို့ NHK World သတင်းဌာနမှ သတင်းမှတ်တမ်း

Wednesday, June 05, 2013

ဇွန် ၃ ရက်က NHK World သတင်းဌာနမှ မိတ္ထီလာမြို့သို့ လာရောက်ရိုက်ကူးခဲ့ပြီး ကယ်ဆယ်ရေး စခန်းများ
သို့ ၀င်ရောက်ရိုက်ကူးခွင့် တောင်းခဲ့သော်လည်း ခွင့်ပြုချက် မရခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် World Economic Forum နေပြည်တော်တွင် ယနေ့ ( ဇွန် ၅ ရက်) စတင်ကျင်းပမည်

Photo: နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် World Economic Forum နေပြည်တော်တွင် ယနေ့ ( ဇွန် ၅ ရက်) စတင်ကျင်းပမည်
Wednesday, June 05, 2013

နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ကို ယနေ့ (ဇွန် ၅ ရက်) နေပြည်တော်တွင် စတင်ကျင်းပမည် ဖြစ်သည်။ (၂၂) ကြိမ်မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဇွန် ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။

ဖိုရမ်သို့ နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ပုဂ္ဂိုလ်ပေါင်း ၉၀၀ ကျော် တက်ရောက်မည်ဖြစ်ပြီး နိုင်ငံ ၁၅ နိုင်ငံမှ ထင်ရှားကျော်ကြားသူပေါင်း ၁၀၀ ကျော် တက်ရောက်မည် ဖြစ်သည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကြီးများမှ စီးပွားရေး ပညာရှင်များ ၅၅၀ ကျော် ပါဝင်မည် ဖြစ်သည်။

၎င်းတို့အပြင် လူငယ်ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မီဒီယာများလည်း တက်ရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အရှေ့အာရှတွင် ရင်ဆိုင်နေရသော ပြဿနာများနှင့် စိန်ခေါ်မှုများအကြောင်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ဆွေးနွေးရာတွင် အားလုံးပါဝင်သည့် ပြုပြင်ပြောင်းလဲမှုကို အားပေးရန်၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို နားလည်သဘောပေါက် စေရန်၊ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်နိုးထ နိုင်စွမ်းအတွက် ဒေသတွင်းဆိုင်ရာ အဖြေများကို ထည့်သွင်းနှိုင်းဆရန် စသည့်မဏ္ဍိုင်ကြီး ၃ ရပ်ကို အဓိကထား ဆွေးနွေးသွားမည်ဟုလည်း သိရှိရပါသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် ဖွင့်ပွဲတွင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်အမှာစကား ပြောကြားမည် ဖြစ်သည်။

"မြန်မာနိုင်ငံဟာ ရဲရင့်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်လုပ်ဆောင် နေရာမှာ အဲဒီပြုပြင် ပြောင်းလဲမှုကနေ အားလုံးပါဝင်နိုင်တဲ့ တိုးတက်မှု ဖြစ်ပေါ်လာဖို့နဲ့ ယုံကြည်မှု ပိုမိုခိုင်မြဲ လာစေဖို့ ကျွန်တော်တို့က ရည်ရွယ်ထားပါတယ်" ဟု ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ အာရှဆိုင်ရာ အကြီးအကဲနှင့် စီနီယာ ဒါရိုက်တာဖြစ်သူ Sushant Palakurthi က ဆိုသည်။

ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ဖိလစ်ပိုင်သမ္မတ၊ ဗီယက်နမ်ဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်တို့လည်း တက်ရောက်မည် ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည့် စီးပွားရေး လုပ်ငန်းရှင်များတွင် Intel Corporation၊ Unilever၊ Mitsubishi Corporation၊ Nike၊ Woodside Energy၊ Wal-Mart Stores Inc၊ Bank of Genever၊ Pepsi၊ Chevron၊ Visa၊ Microsoft Corporation၊ DHL Express တို့ အပါအ၀င် အခြားကမ္ဘာကျော် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ကြမည်ဖြစ်သည်။ ၂၂ ကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်နှင့် ပတ်သက်၍ ပြည်တွင်း၌ အများစိတ်ဝင်စားမှု နည်းပါးသော်လည်း နိုင်ငံတကာတွင်မူ စိတ်ဝင်စားမှု များပြားနေကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာမည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များ အဆင်ပြေမှု ရှိစေရေးအတွက် MAI မှ စင်းလုံးငှား လေယာဉ်များ စီစဉ်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ ရရှိစေရန်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ကမ္ဘာ့စီးပွားရေး ခေါင်းဆောင်များ၏ အကြံဥာဏ်၊ အတွေ့အကြုံ နည်းလမ်းကောင်းများ ရရှိစေရန်အတွက် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ် ကျင်းပနိုင်ရန်အတွက် သမ္မတရုံး ၀န်ကြီးများဖြစ်သည့် ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်းတို့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း စသည်တို့ ပါဝင်သည့် ဦးဆောင်ကော်မတီ ဖွဲ့စည်းထားသည်။

EMG

Wednesday, June 05, 2013

နိုင်ငံတကာမှ စိတ်ဝင်စားမှု များပြားနေသည့် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) ကို ယနေ့ (ဇွန် ၅ ရက်) နေပြည်တော်တွင် စတင်ကျင်းပမည် ဖြစ်သည်။ (၂၂) ကြိမ်မြောက် အရှေ့
အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ဇွန် ၅ ရက်မှ ၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ လဲနှုန်း ၉၃၈ ကျပ်အထိ ပြန်ဆင်း၊ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ထိုးဆင်းသော်လည်း ဗဟိုဘဏ် သတ်မှတ်နှုန်း မကျ

Photo: အမေရိကန်ဒေါ်လာ လဲနှုန်း ၉၃၈ ကျပ်အထိ ပြန်ဆင်း၊ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ထိုးဆင်းသော်လည်း ဗဟိုဘဏ် သတ်မှတ်နှုန်း မကျ
Wednesday, June 05, 2013

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၃၈ ကျပ်အထိ ပြန်လည်ကျဆင်း ခဲ့သော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့် Reference Exchange Rate မှာ ပြန်လည်ကျဆင်းမှု မရှိဘဲ အမြင့်ဈေး၌ ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် မေ ၂၃ ရက်က တစ်ဒေါ်လာ ၉၆၁ ကျပ်အထိ မြင့်တက်ခဲ့ရာမှ ယခုအခါ ဇွန် ၄ ရက်က တစ်ဒေါ်လာ ၉၃၈ ကျပ်သာ ရှိသည့်အတွက် တစ်ဒေါ်လာ ၂၃ ကျပ်အထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဗဟိုဘဏ် သတ်မှတ်နှုန်းမှာမူ ဇွန် ၄ ရက်က ၉၄၅ ကျပ်၌ပင် ရှိနေဆဲဖြစ်ပြီး ပြင်ပဈေးကွက် ပေါက်ဈေးထက်ပင် တစ်ဒေါ်လာ ၇ ကျပ် မြင့်တက်လျက် ရှိသည်။ ပုဂ္ဂလိကဘဏ် အချို့မှလည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းအပေါ် အမြတ်တင်၍ ရောင်းရမည့်အစား ပြင်ပဈေးကွက် အခြေအနေမှန်အတိုင်း လိုက်၍ ဗဟိုဘဏ်ဈေးထက်ပင် တစ်ကျပ်လျော့ကာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပုဂ္ဂလိက ငွေလဲကောင်တာများ၌လည်း ဗဟိုဘဏ် သတ်မှတ်နှုန်းထက် တစ်ဒေါ်လာ ၃ ကျပ်နှိမ့်ကာ ၉၄၂ ကျပ်ဖြင့် လဲလှယ်ပေးလျက် ရှိသည်ဟု သိရသည်။ ပြင်ပဈေးကွက်တွင် ဈေးကွက်အတွင်း အမှန်ဝယ်လိုအား၊ နိုင်ငံတကာ ရွှေဈေးပြန်တက်ချိန် နိုင်ငံတကာ ငွေကြေးဈေးကွက် အတွင်းရှိ ဒေါ်လာတန်ဖိုးများဖြင့် ချိန်ညှိကာ ဒေါ်လာလဲနှုန်း ကျဆင်းသော်လည်း ဗဟိုဘဏ်မှ သတ်မှတ်သည့်နှုန်းမှာ မေ ၂၉ ရက်ကတည်းက စတင်သတ်မှတ်ခဲ့သည့် တစ်ဒေါ်လာ ၉၄၅ ကျပ်နှုန်း၌ပင် ရှိနေသေးကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးမှာလည်း တစ်အောင်စလျှင် ၁၄၁၀ အမေရိကန် ဒေါ်လာနှင့် အထက်၌ ရှိနေပြီး နိုင်ငံတကာ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း တည်ငြိမ်လျက် ရှိသည်။

ဗဟိုဘဏ်မှ သတ်မှတ်နှုန်း မကျသော်လည်း ဈေးကွက်အတွင်း အမှန်ဝယ်လိုအားနှင့် ရောင်းလိုအား၊ နိုင်ငံတကာ ဈေးကွက်ရှိ အမေရိကန်ဒေါ်လာ တန်ဖိုးတို့အပေါ် မူတည်၍ တစ်ဒေါ်လာ ကျပ် ၉၀၀ ၀န်းကျင်အထိ ဆက်လက်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားကြသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ် မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

EMG

Wednesday, June 05, 2013

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းမှာ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ၉၃၈ ကျပ်အထိ ပြန်လည်ကျဆင်း ခဲ့
သော်လည်းဗဟိုဘဏ်မှသတ်မှတ်သည့် Reference Exchange Rate မှာ ပြန်လည်ကျဆင်းမှု မရှိဘဲ အမြင့်ဈေး
၌ ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

Motorola ရဲ့ တစ်ကျော့ပြန် Moto x

Photo: Motorola ရဲ့ တစ်ကျော့ပြန် Moto x

ယနေ့ခေတ်မှာapple.samsung,nokia,htc တွေဘယ်လိုပဲ ခေတ်စားခေတ် စား တစ်ချိန်က မိုလ်ဘိုင်းဖုန်း ဈေးကွက် မှာအောင်မြင်နေရာယူဖူးတဲ့ motorola ကိုလည်းမေ့ထားလို့မရသေးပါဘူး၊

အခု Motorola ရဲ့ တစ်ကျော့ပြန် Moto x ဖုန်းအမျိုးအစားကို လာမယ့် အောက်တို ဘာလမှာမိတ်ဆက် ပေးဖို့ရှိတယ်လို့ D11 ဆွေးနွေးပွဲမှာ ကုမ္ပဏီ ရဲ့  CEO ဖြစ်သူ Dennis Woodside ဆိုပါတယ်၊

သို့ပေမယ့် ဖုန်းရဲ့တည်ဆောက်ပုံကိုတော့ ယေဘုယအားဖြင့်ပဲရှင်းပြသွားပါတယ်

အသစ်ထွက်လာမယ့် Moto x မှာ  processor ၂ လုံး ပါဝင်ပြီး 4000mAh အားထုတ်ပေးနိုင်တဲ့ ဘက်ထရီ၊ ၄.၇ လက်မ 1080p အရည်အသွေးမြင့် မျက်နှာပြင် နဲ့တည်ဆောက် ထားမယ်လို့ဆိုပါတယ်၊

ကဲဒီတော့ အသစ်ထွက်ရှိလာမယ့်Motorola ရဲ့  Moto x မိုလ်ဘိုင်းဖုန်း ဟာ ဘယ်လောက်ထိ ကောင်းမယ်ဆိုတာ ထွက်ရှိလာမှ ကြိမ်းသေသိရမှာ ဖြစ်ပါတယ်။ 

Stuff UK
Khun Nay(Stuff Myanmar)

-

ယနေ့ခေတ်မှာapple.samsung,nokia,htc တွေဘယ်လိုပဲ ခေတ်စားခေတ် စား တစ်ချိန်က မိုလ်ဘိုင်းဖုန်း ဈေး
ကွက် မှာအောင်မြင်နေရာယူဖူးတဲ့ motorola ကိုလည်းမေ့ထားလို့မရသေးပါဘူး၊

ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း

Photo: ကိုယ်အပူချိန်သုံးလို့ အားဖြည့်နိုင်မည့် Nokia E-Cu ဖုန်း

ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလိုအလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။ 

ပုံမှာ ပြထားတာကတော့ ရှေ့ မျက်နှာပြင်ဘက် ဖြစ်ပြီး နောက်ဘက် မျက်နှာကပင်က ကြေးနီများနဲ့ ဖုံးအုပ်နေပါတယ်။ ဘေးအနားမှာတောင် ယခုလို မြင်တွေ့နေရပါတယ်။ ရည်ရွယ်ချက်ကတော့ ယင်း ကြေးနီ Copper က အပြင်ထိတွေ့မျက်နှာပြင်က အပူချိန်တွေကို ဆွဲယူမှာ ဖြစ်ပါတယ်။ သူ့အောက်မှာ ယင်းအပူကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးမယ့် Thermogenerator အလွှာတစ်ခု ခံထားပြီး အပူမှရ လျှပ်စစ်တွေကို ဘက်ထရီထဲ အလိုအလျောက် အားသွင်းပေးနေမှာ ဖြစ်ပါတယ်။

ဒီတော့ ဘောင်းဘီ အိပ်ကပ်ထဲပဲ ထည့်ထည့် အင်္ကျီအိပ်ကပ်ထဲပဲ ထည့်ထည့် အလိုအလျောက် အားသွင်းနေ၊ ပြည့်နေမယ့် ဖုန်း ဖြစ်ပါတယ်။ 

E-Cu လို့ခေါ်တဲ့ အကြောင်းကတော့ E က Environment, Cu က Copper လို့ ဆိုလိုပြီး ကြေးနီးနဲ့ ပတ်ဝန်းကျင်မှ အပူကို ဆုပ်ယူစေမယ့် ဖုန်း လို့ ဆိုပါတယ်။ ဗြိတိန်မှ ဒီဇိုင်နာ Patrick Hyland မှ ဖန်တီးထးတဲ့ ဖုန်း ဖြစ်ပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ အနေအထား အထိတော့ မရောက်သေးပါဘူး။ Prototype အနေနဲ့ကတော့ ယခုလို ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် မကြာမီ နှစ်ကာလ အတောအတွင်းမှာ E-Cu ဖုန်း ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရပါတယ်။
--
techblog

Aung Kham (Stuff Myanmar)

-

ကိုယ်အပူချိန်ရယ်လို့တောင် မဟုတ်ပါဘူး။ ပူနေတဲ့ ဘယ်လို မျက်နှာပြင်မျိုး နဲ့ မဆို ထိတွေ့ထားရင် အလို
အလျောက်အားဖြည့်ပေးမယ့် ဖုန်း ဖြစ်ပါတယ်။

"လက်အမူအရာနဲ့  စက်ပစ္စည်းများကို ထိန်းချုပ်နိုင်မဲ့ လက်ပတ်"

"လက်အမူအရာနဲ့  စက်ပစ္စည်းများကို ထိန်းချုပ်နိုင်မဲ့ လက်ပတ်"

နည်းပညာမြင့်မားလာတာနဲ အမျှ တီထွင်မှုတို့ ဟာ 
တစ်နေ့ ပြီး တစ်နေ့  အံ့သြမှုများနဲ့  ပြည့်နှက်နေပါတယ်။

အခုလည်း လက်အမူအရာ လုပ်ရုံနဲ့ အရာအားလုံးကို ထိန်းချုပ် စေခိုင်းနိုင်မဲ့   (လက်မောင်းဝတ် ) လက်ပတ် ဆိုပြီး ထွက်ရှိလာပါတယ်။

MYO Gesture Control Armband လို့ အမည်ရတဲ့ အဝေးထိန်း လက်ပတ်ဖြစ်ပါတယ်။ 

BlueTooth စနစ်နဲ့  အာရုံခံနိုင်တဲ့ ကင်မရာကို ဒီလက်ပတ်မှာ တပ်ဆင်ထားပါတယ်။ လက်ပတ်ကို လက်မောင်းမှာ ၀တ်ဆင်ပြီး လက်မောင်းရှိ ကြွက်သားလှုပ်ရှားမှု မှ ထိတွေ့ စေခိုင်းမှု နဲ့  သူက အလုပ်လုပ်ပါတယ်။ လက်မောင်းကြွက်သားများ လှုပ်ရှားမှု အတွက် လက်ချောင်းလေးများကို အလုပ်အနည်းငယ်တော့ ခိုင်းရမှာ ဖြစ်ပါတယ်။

ဘာတွေ ခိုင်းစေနိုင်သလဲ ?

မိမိ အသုံးပြုတဲ့ ကွန်ပျူတာမှ Software များကို Mouse အစား ခိုင်းစေ အသုံးပြုနိုင်ပါတယ်။  ဂိမ်းများ ကို ခလုပ်မပါဘဲ လက်ဟန်နဲ့  ကစားနိုင်တယ်။ ကွန်ပျူတာနဲ့ ထိန်းချုပ်ထားတဲ့ စက်ပစ္စည်းများကို လက်ဟန်နဲ့ ခိုင်းစေပြီး သွားလာဖို့  အသုံးချနိုင်တယ်။ 

Touch ခလုပ်များကို လက်ဟန်နဲ့ နိုပ်ပြီး မိမိ ဖွင့်လိုတဲ့ Program များကို ဖွင့်နိုင်တယ်။ ဘာမှကို မထိတွေ့ ဘဲနဲ့  လက်ဟန်နဲ့ ခိုင်းသွားတယ်ဆိုတော့ စဉ်းစားကြည့်ရင်တော့ စိတ်ကူးယဉ်နေသလိုပါပဲ။

ဒီတော့ ပိုပြီး လေ့လာနိုင်ဖို့  ရုပ်သံ လင့်လေးပါ တွဲပြီး မျှဝေလိုက်ပါတယ်။

နောက်ပြီး ဒီ လက်ပတ်ကို USD $149 နဲ့  ရောင်းချမယ်လို့ လည်း သိရပါသေးတယ်။

Watch Here >> http://www.youtube.com/watch?feature=player_embedded&v=oWu9TFJjHaM

--------

Ref;extremetech

Freddy ( Stuff Myanmar )

နည်းပညာမြင့်မားလာတာနဲ အမျှ တီထွင်မှုတို့ ဟာ တစ်နေ့ ပြီး တစ်နေ့ အံ့သြမှုများနဲ့  ပြည့်နှက်နေပါတယ်
အခုလည်း လက်အမူအရာ လုပ်ရုံနဲ့ အရာအားလုံးကို ထိန်းချုပ် စေခိုင်းနိုင်မဲ့ (လက်မောင်းဝတ် ) လက်ပတ် ဆိုပြီး ထွက်ရှိလာပါတယ်။

Mizzima Youth Network မှ ရန်ကုန်မြို့ အတွင်းရှိ အစ္စလာမ် ဘာသာရေး ပညာရှင်များ မိတ်ဆုံစားပွဲ အခမ်းအနား တစ်ရပ်ကျင်းပ

Mizzima Youth Network မှ ရန်ကုန်မြို့ အတွင်းရှိ အစ္စလာမ် ဘာသာရေး ပညာရှင်များ မိတ်ဆုံစားပွဲ အခမ်းအနား တစ်ရပ်ကျင်းပ
===========
ဇွန်လ ၄၊ ၂၀၁၃
M-Media
ဆူးထက်

ရန်ကုန်  ။          ။      ရန်ကုန်မြို့အတွင်းရှိ ဘာသာရေး ပညာရှင်များး မိတ်ဆုံစားပွဲ အခမ်းအနားတစ်ရပ်ကို Mizzima Youth Network မှ  ဇွန်လ ၄ရက်နေ့ နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဘာသာရေး ပညာရှင် (၆၀)ဦးခန့် နှင့် အစ္စလာမ်ဘာသာဝင် (၁၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်းပြီး ဖြေရှင်းသင့်သည့် နည်းလမ်းကောင်းများနှင့် အနာဂတ်တွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအနေနှင့် ပြည်တွင်းတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးတွင် ဆက်လက် ပါဝင်လုပ်ဆောင်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲမှ သာသနာ့ပညာရှင်များ၊ အစ္စလာမ်ဘာသာဝင် ပြည်သူများနှင့်  Mizzima Youth Network မှလူငယ်များစုပေါင်းကာ အနာဂတ်တွင် အစ္စလာမ်ဘာသာဝင်များ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို ဆောင်ရွက်နိုင်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းသတင်းရရှိပါသည်။

အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ မိတ်ဆုံစားပွဲ ဖိတ်ခေါ်ဆောင်ရွက်ခဲ့သော Mizzima Youth Network မှ လူငယ်တစ်ဦးဖြစ်သော ကိုရဲထူးအား M-Media မှ ဆက်သွယ်မေးမြန်းခဲ့ရာ " လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး အစ္စလာမ်ထုတစ်ရပ်လုံးဘက်မှ မားမားမတ်မတ် ခိုင်ခိုင်မာမာ မှန်ကန်စွာ ရပ်တည်ပေးနိုင်မယ့် ဦးဆောင်လမ်းပြမယ့်သူတွေ လိုအပ်နေသေးသည်ဟု ယူဆတဲ့ အတွက် အခုလို အခမ်းအနား ကျင်းပခဲ့ရခြင်း ဖြစ်ပါတယ်။

	လက်ရှိ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဖြစ်ပွားနေသော အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်မှုများကို အစ္စလာမ် ဘာသာရေးပညာရှင်၏ မှန်ကန်စွာ ရပ်တည်သော လမ်းညွှန်မှု အောက်မှာ တစ်ပြည်လုံးရှိ အစ္စလာမ်ဘာသာဝင်များ တစ်ညီတညွှတ်တည်း ငြိမ်းချမ်းစွာ ဖြေရှင်းစေဖို့ ရည်ရွယ်ပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

	အဆိုပါ အခမ်းအနားကို နံနက်(၉)နာရီတွင် စတင်ကျင်းပခဲ့ပြီး နေ့လည်(၂)တွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇွန်လ ၄၊ ၂၀၁၃

ရန်ကုန် ။ ။ ရန်ကုန်မြို့အတွင်းရှိ ဘာသာရေး ပညာရှင်များး မိတ်ဆုံစားပွဲ အခမ်းအနားတစ်ရပ်ကို Mizzima Youth Network မှ ဇွန်လ ၄ရက်နေ့ နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။