Pages

Tuesday, June 4, 2013

လှိုင်သာယာမြို့ နယ်တွင် ကြာဇံစက်ရုံ ၀ါယာရှော့ဖြစ်မီးလောင်

လှိုင်သာယာမြို့ နယ်တွင် ကြာဇံစက်ရုံ ၀ါယာရှော့ဖြစ်မီးလောင်

၎.၆.၂၀၁၃ ရက်နေ့ ၁၈၄၅ အချိန် လှိုင်သာယာမြို့နယ်၊
စက်မှုဇုံ (၂)၊ ဦးရေပေါလမ်း၊ အကွက်အမှတ် (၅၄)ရှိ ဦးရဲသူအောင်၊ လသာမြို့နယ်နေသူပိုင်ဆိုင်သော ဟောင်ကောင် ကြာဇံစက်ရုံဝင်း
အတွင်းရှိ အလုပ်သမားအိပ်ဆောင်၌ ၀ါယာရှော့ဖြစ်၍
မီးလောင်မှုဖြစ်ပွားခဲ့ရာ အလုပ်သမား အိပ်ဆောင်(၂) ဆောင်၊တဲ(၂)လုံးနှင့်မီးစက်(၂)လုံး၊ ကြာဇံထုတ်လုပ်ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ
လောင်ကျွမ်းခဲ့ပြီး အဆိုပါမီးလောင်ရာသို့ မီးသတ်ယာဉ်(၁၂)စီး၊ အုပ်ချုပ်မှုယာဉ်(၁၀)စီးတို့ ရောက်ရှိမီးငြိမ်းသတ်ခဲ့သဖြင့်
၁၉၁၅ အချိန် မီးငြိမ်းသွားခဲ့ပါသည်။ အခင်းဖြစ်မီးလောင်ရာသို့ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမြင့်ဦး၊ မြို့နယ်အထွေထွေ
အုပ်ချုပ်ရေးမှူးဦးထိန်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနှင့် အဖွဲ့တို့မှရောက်ရှိစစ်ဆေးခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသတတင်းရရှိပါသည်။

Credit to> Yangon Police

၎.၆.၂၀၁၃ ရက်နေ့ ၁၈;၄၅ အချိန် လှိုင်သာယာမြို့နယ်၊စက်မှုဇုံ (၂)၊ ဦးရေပေါလမ်း၊ အကွက်အမှတ် (၅၄)
ရှိ ဦးရဲသူအောင်၊ လသာမြို့နယ်နေသူပိုင်ဆိုင်သော ဟောင်ကောင် ကြာဇံစက်ရုံဝင်းအတွင်းရှိ အလုပ်သမား
အိပ်ဆောင်၌ ၀ါယာရှော့ဖြစ်၍မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

နိုင်ငံရေးအကျဉ်းသားများနဲ့ ပတ်သက်ပြီး သမ္မတကြီး၏ ရေဒီယိုမိန့်ခွန်းပါ ပြောကြားချက်

ကျွန်တော်တို့ အစိုးရအနေနဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ရည်သန်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးအတွက် အစဉ်အမြဲ အာရုံစိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ကျွန်တော့်အနေနှင့် အမှန်တကယ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးတစ်ယောက်မျှ အကျဉ်းထောင်ထဲမှာ ရှိနေစေလိုခြင်းမရှိပါဘူး။

ဖြူး ခေါင်းဖြတ်အသတ်ခံရမှု လက်ဗွေရာနှင့် ကိုယ်ရေးအကျဉ်းပေါင်း ရှစ်သောင်းကျော် စစ်ဆေး

Tuesday, June 04, 2013

ဖြူးမြို့နယ်တွင် ဖြစ်ပွားခဲ့သော အမျိုးသမီးခေါင်းဖြတ် အသတ်ခံရမှုနှင့် ပတ်သက်၍ မေလ၂၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ သေသူ၏ လက်ဗွေရာနှင့် တောင်ငူခရိုင် အတွင်းရှိ အမျိုးသမီး လက်ဗွေပါသည့်
နိုင်ငံသားကိုယ်ရေး အကျဉ်းမှတ်တမ်းပေါင်း ရှစ်သောင်းကျော်ကို တိုက်ဆိုင် စစ်ဆေးပြီးကြောင်း တောင်ငူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

မြန်မာတေးသံရှင်များ ထိုင်းနိုင်ငံသို့ သွားရောက်ဖျော်ဖြေမည်

ထိုင်းနိုင်ငံ Miracle of Life အမည်ရှိ Charity အဖွဲ့အစည်း၏ ဖိတ်ကြားမှုကြောင့် မြန်မာတေးသံရှင် များသည် ထိုင်းနိုင်ငံရှိ မဟာချိုင်မြို့သို့ ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် သွားရောက် ဖျော်ဖြေ မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ လေးဇီးကလပ်မှ မန်နေဂျာ ဦးစိုးနိုင်ထွန်းက ပြောကြားသည်။

ဒဂုံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်၊ ဓါတ်တိုင်နှင့် တယ်လီဖုန်းသံတိုင်များလဲကျမှုဖြစ်ပွား

ဒဂုံမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် သစ်ပင်၊ ဓါတ်တိုင်နှင့် တယ်လီဖုန်းသံတိုင်များလဲကျမှု

၎-၆-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် ဒဂုံမြို့နယ်၊ ပြည်အနောက် ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာ လမ်းနှင့်ခရေပင်လမ်းဒေါင့်ရှိ
လုံးပတ် (၆)ပေခန့်စိန်ပန်းပင်ကြီးမှာ မိုးရွာသွန်းမှု
ကြောင့် မြေပျော့၍ ပြည်ထောင်စုရိပ်သာလမ်းပေါ်သို့
အမြစ်ကျွတ်လဲကျရာ လိုင်းအား(၄၄၀)ဗို့ရှိ ကွန်ကရစ် ဓါတ်တိုင် ပေါ်သို့လဲကျပြီး ဓါတ်တိုင်ကျိုးသွားခဲ့ပါသည်။
အလားတူ (၀၉၄၅) အချိန် ပြည်အရှေ့ရပ်ကွက်၊ ခြံအမှတ်(၅၄)၊ ဆောက်လုပ်ရေးအရာထမ်းအိမ်ရာဝင်းအတွင်းရှိ
လုံးပတ်(၁၅)ပေခန့်ရှိသောညောင်ပင်သည် စကားဝါလမ်းပေါ်သို့ အမြစ်ကျွတ်လဲကျခဲ့ရာ ဆောက်လုပ်ရေးအိမ်ရာ ခြံစည်းရိုးနှင့်
ခြံအမှတ် (၅၃)ခြံစည်းရိုးပျက်စီးပြီး ဘေးရှိတယ်လီဖုန်းသံတိုင်
တို့မှာ ကျိုးကျသွားခဲ့ပါသည်။ထိုကဲ့သို့သစ်ပင်၊ ဓါတ်တိုင်နှင့်
တယ်လီဖုန်း သံတိုင်တို့ လဲကျမှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် သစ်ပင်လဲကျမှုအား ဒဂုံမြို့နယ်
စည်ပင်ပန်းဥယျာဉ်ဌာနခွဲမှူး ဦးတင်အောင်နှင့်အဖွဲ့မှ ရှင်းလင်းဆောင်ရွက်ခဲ့ပြီး တယ်လီဖုန်းသံတိုင် လဲကျမှုနှင့်
ပတ်သက်၍ ဆက်သွယ်ရေးရုံးသို့ အကြောင်းကြား
ထားရှိကြောင်းနှင့် လျှပ်စစ်ဓါတ်တိုင်အား ဒဂုံမြို့နယ်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျနှင့်အဖွဲ့မှ
ပြုပြင်လျက်ရှိကြောင်း သတင်း ရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရဲဇာနည်

၎-၆-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် ဒဂုံမြို့နယ်၊ ပြည်အနောက် ရပ်ကွက်၊ ပြည်ထောင်စုရိပ်သာ လမ်းနှင့်ခေ
ရပင်လမ်းဒေါင့်ရှိလုံးပတ် (၆)ပေခန့်စိန်ပန်းပင်ကြီးမှာမိုးရွာသွန်းမှုကြောင့် မြေပျော့၍ ပြည်ထောင်စုရိပ်သာ
လမ်းပေါ်သို့အမြစ်ကျွတ်လဲကျရာ လိုင်းအား(၄၄၀)ဗို့ရှိ ကွန်ကရစ် ဓါတ်တိုင် ပေါ်သို့လဲကျပြီး ဓါတ်တိုင်ကျိုး
သွားခဲ့ပါသည်။

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို

4G မိုဘိုင်းလ်ဖုန်းများ ဒီဇင်ဘာ ၁ ရက် စဖြန့်မည်ဟု Digicel ဆို
...................................................................................
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။နေပြည်တော်၊ ဇွန် ၃

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီက လိုင်စင် ရရှိပါက ယင်းသို့ ရရှိသည်နှင့် တစ်ပြိုင်နက် 4G ကွန်ရက်များ တည်ဆောက်သွားမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် 4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန် ကြေညာသည်။

ယင်းသို့ဖြန့်ချိနိုင်ရန် Digicel က အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံ မြှုပ်နှံမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ ဧရိယာ၏ ၅၂ ရာခိုင်နှုန်းကို 4G ကွန်ရက် ဖြန့်ကြက်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၂၀၁၆ တွင် ၉၆ ရာခိုင်နှုန်းအထိ တိုးမြှင့် ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း Digicel ကုမ္ပဏီဥက္ကဋ္ဌ Mr.Denis O’Brien က ပြောကြားသည်။

ဇွန်လ ၃ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် Digicel ၏ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် နိုင်ငံတစ်ဝန်း တက္ကသိုလ် ၁၈၀၊ ဆေးရုံ ၈၇၉ ရုံ၊ စာကြည့်တိုက် ၄၆၀၀ နှင့် အခြေခံပညာကျောင်း ၃၉၀၀ ကို အခမဲ့ အင်တာနက် ဝန်ဆောင်မှု ပေးမည်ဟု ဆက်သွယ်ရေး တင်ဒါကော်မတီထံ ကတိပြု ထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၀၉ ခုနှစ်ကတည်းက စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

Digicel ကုမ္ပဏီသည် အမေရိကန် သူဌေးကြီး ဂျော့ဆိုးရော့စ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် Serge Pun တို့နှင့် ပူးပေါင်းကာ ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝန်ထမ်းများ စတင်ခေါ်ယူလျက် ရှိသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်အတွက် တင်ဒါနောက်ဆုံးအဆင့်ကို Digicel အပါအဝင် ကုမ္ပဏီအဖွဲ့အစည်း ၁၁ ခုပါဝင် ယှဉ်ပြိုင်လျက်ရှိပြီး လိုင်စင် ရရှိသူကို ယခုလ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ နောက်ဆုံးအဆင့်တွင် ကုမ္ပဏီအဖွဲ့အစည်း ၁၂ ခုကို ဝင်ရောက် ယှဉ်ပြိုင်ရန် တင်ဒါကော်မတီက ခွင့်ပြုထားသော်လည်း တရုတ်ကုမ္ပဏီ China Mobile နှင့် ပူးပေါင်းထားသည့် အင်္ဂလန် အခြေစိုက် Vodafone ကုမ္ပဏီက တင်ဒါစည်းမျဉ်း စည်းကမ်းများမှာ ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှု မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ နုတ်ထွက်သွားခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍကို ဝင်ရောက်လုပ်ကိုင်ရန် Digicel အပါအဝင် နော်ဝေ အခြေစိုက် Telenor ၊ စင်ကာပူ ကုမ္ပဏီ Singtal ၊အာဖရိကမှ MTN Group ၊ ဂျပန် ကုမ္ပဏီ KDDI တို့မှာ အပြင်းအထန် ကြိုးစားလျက် ရှိသည်။

The Voice Weekly

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ရရှိရန် တင်ဒါ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည့် Digicel ကုမ္ပဏီကလိုင်စင်ရရှိပါကယင်းသို့ရရှိသည်နှင့်တစ်ပြိုင်နက်4G ကွန်ရက်များ တည်ဆောက်သွား
မည် ဖြစ်ပြီးဒီဇင်ဘာလ၁ရက်နေ့တွင်4G မိုဘိုင်းလ်ဖုန်းများကို စတင်ဖြန့်ချိမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ
က ထုတ်ပြန် ကြေညာသည်။

အကယ်ဒမီဆုရွေးချယ်ရေးစည်းမျဉ်းနိုင်ငံတကာစံနှုန်းအတိုင်းဖြစ်စေမည်ဟုဆို

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲအတွက် ရည်ရွယ် ရေးဆွဲနေသော ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများသည် နိုင်ငံတကာတွင် ကျင့်သုံးသော စံနှုန်းအတိုင်း ဖြစ်စေရမည်ဟု ရုပ်ရှင်ထူးချွန်ဆု မူဝါဒစည်းမျဉ်း စည်းကမ်းရေးဆွဲရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာ ပန်းချီစိုးမိုးက The Voice သို့ ပြောကြားသည်။

မြန်မာတွင်နှစ်ပေါင်း၆၀အတွင်း ပထမဆုံးကိုကာကိုလာစက်ရုံ ဖွင့်လှစ်

မှော်ဘီတွင်စက်ရုံတည်ထောင်ထားပြီး ယနေ့နံနက်က ကိုကာကိုလာ ကုမ္ပဏီစီအီးအို MR Muhtan Kent နှင့် အမေရိကန်နိင်ငံခြားရေးဝန်ကြီးဟောင်းMadeleine Albright ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေနှင့်တာဝန်ရှိသူများ ကစက်ရုံကိုဖွင့်လှစ်ခဲ့သည်။

ရန်ကုန်-ဇွန်၎ မြန်မာနိင်ငံတွင်နှစ်ပေါင်း၆၀အတွင်း ပထမဆုံးကိုကာကိုလာစက်ရုံတည်ထောင်၍
ပြန်လည်ဖြန့်ချိသွားမည်ဟုသိရသည်

ဘင်္ဂါလီများ တစ်အိမ်ထောင် ကလေးနှစ်ဦး ဒေသန္တရအမိန့် ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ စစ်တွေမြို့တွင် ပြုလုပ်


စစ်တွေ- ဇွန် ၎
ဘူးသီးတောင် မောင်တောဒေသတွင်းဘင်္ဂါလီမိသားစုများတစ်အိမ်ထောင်ကလေးနှစ်ဦး မွေးဖွားခွင့် ဒေသန္တ
ရ အမိန့်ကို ထောက်ခံကြောင်း လှည့်လည်ဆန္ဒဖော်ထုတ်ပွဲကို စစ်တွေမြို့တွင် ယနေမွန်းလွဲပိုင်းက ပြုလုပ်
သည်။

လားရှိုးမြို့ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ မိမိနေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းကြ

လားရှိုးမြို့ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ မိမိနေအိမ်များသို့ ပြန်လည်ရွှေ့ပြောင်းကြ
========================
ဇွန် ၄၊ ၂၀၁၃
M-Media
KK

လားရှိုးမြို့ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက အကြမ်းဖက်သမားများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်း ခံရသော ဒုက္ခသည်များသည် မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ ယခုအခါ မိမိနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်းသိရသည်။

မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းရှိဒုက္ခသည်များသည်လည်း မိမိနေထိုင်ရာ ရပ်ကွက်များသို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် မီးရှို့ခံရသော အိမ်များလည်း ပြန်လည်ဆောက်လုပ်ကြမည်ဖြစ်ပြီး၊ ဖျက်ဆီးခံရ၍ ပျက်စီးခဲ့သော အိမ်များလည်း ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းသွားခဲ့သော ဘာသာရေး စာသင်ကျောင်း မိဘမဲ့ဂေဟာမှ ကလေးများကို လားရှိုးမြို့ ပန်းသေးမိသားစု အသင်းမှ ခေါ်ယူ စောင့်ရှောက်ထားကြောင်းလည်း သိရသည်။ 

အိမ်များ ပြန်လည်တည်ဆောက်ပြုပြင်နေသကဲ့သို့ မီးရှို့ခံရသော ဗလီအား ပြန်လည်ပြင်ဆင်မှု အခြေအနေအား မေးမြန်းရာ ဗလီကိုလည်း မကြာခင် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ပြုလုပ်နေပြီဖြစ်ကြောင်းကို လားရှိုးမြို့သို့ ဆက်သွယ်မေးမြန်းချက်အရသိရပါသည်။

ဓါတ်ပုံအညွန်း- အကြမ်းဖက်သမားများ မီးရှို့မှုကြောင့် ပျက်ဆီးသွားတဲ့ လားရှိုးမြို့ ဂျာမေဗလီဝတ်ကျောင်းတော်ပုံဖြစ်ပါသည်။
Photo Credit- ဧရာဝတီ
အကြမ်းဖက်သမားများ မီးရှို့မှုကြောင့် ပျက်ဆီးသွားတဲ့ လားရှိုးမြို့ ဂျာမေဗလီဝတ်ကျောင်းတော်
ဇွန် ၄၊ ၂၀၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက အကြမ်းဖက်သမားများ၏ အကြမ်း
ဖက်မီးရှို့ဖျက်ဆီးခြင်း ခံရသော ဒုက္ခသည်များသည် မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ ယ
ခုအခါ မိမိနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်းသိရသည်။

ရေချိုးဆော့ကစားရာမှ (၆)နှစ်အရွယ်ကလေးငယ် ရေနစ်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း (၁၇)ရပ်ကွက်တွင် အသက် (၆)နှစ်အရွယ် ကလေးတစ်ဦး ရေ
နစ်သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရှိရသည်။ဖစ်စဉ်မှာ ဇွန်လ (၂)ရက်နေ့ နေ့လည် (၁)နာရီတွင် အလျား(၇၅၀) ပေ၊ အနံ(၁၅၀)ပေ နှင့် အနက် (၇)ပေ ခန့်ရှိသော လယ်
ကွင်းအတွင်း ရှိ ရေကန် တစ်ခုအတွင်း၌ ကလေး (၇)ဦး ရေချိုးဆော့ကစားရာမှကလေးငယ် တစ် ဦး ပျောက်
ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်က ထူးခြားဖြစ်စဉ်

ဇွန်-၄၊၂၀၁၃

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထူးခြားဖြစ်စဉ် တချို့ ရှိခဲ့ပါတယ်။ ဒါကတော့ သင်္ကန်းဝတ် ဗုဒ္ဓဘာသာ ရဟန်း ၂ ပါး ဟာ ကျောက်တံတားမြို့နယ်ထဲက ဗုဒ္ဓဘာသာဝင်
နေအိမ်၊ တိုက်ခန်းတချို့ အပါအ၀င် မွတ်စလင် အိမ်တချို့ရှေ့မှာ မွန်းလွဲပိုင်းနဲ့ ညပိုင်းတွေမှာ ဆွမ်းရပ်ပါ ရစေဆိုပြီး ပြောလာတဲ့ အဖြစ်ပါ။ အိမ်ရှင်တဦးက အခုလို ပြောထားပါတယ်။

မူးယစ်ရမ်းကားတဲ့ ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်၏သား ၀န်ချတောင်းပန်လိုက်ပြီ"

(1-6-2013)ညပိုင်းက ကျူးလွန်ခဲ့မိသော ရမ်းကားမှုတစ်ရပ်အား စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး(ပြည်ထောင်စု)၀န်ကြီးဦးဝင်းမြင့်ဆိုသူ၏သား၊ စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ဆောင်ဇေယျာရွှေမြေဘောလုံးကလပ်အသင်း ဥက္ကဌ-သူရိန် ဆိုသူက ယနေ့(3-6-2013)နေ့ညနေ(၅)နာရီခန့်က ဦးတင်အေး နှင့် သားဖြစ်သူ မောင်လိမ္မာဖြိုး တို့၏နေအိမ်သို့ လာရောက်ကာ မိမိမှားပါကြောင်း အမှုမဖွင့်ဘဲကျေအေးပေးနိုင်ပါရန် ၀န်ချတောင်းပန်ခြင်း များ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

စက်ရုံ ၃၂ ရုံ၊ လုပ်သား ၁,၅၀၀ စုပေါင်းဆန္ဒပြပွဲ ထွေ/အုပ်ရုံးမှ ခွင့်မပြု

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံပါင်း ၃၂ ရုံမှ လုပ်သားပေါင်း ၁,၅၀၀ ဖြင့် အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြရန် အစီအစဉ်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးမှ ခွင့်မပြုဘဲ ပယ်ချလိုက်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ ရှေ့နေဦးဌေး က မဇ္စျိမကို ပြောသည်။

INVEST 97B ဘင်္ဂလားပင်လယ်အော်တွင် ဆက်လက်တည်ရှိနေဆဲ (မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်)

INVEST 97B ဘင်္ဂလားပင်လယ်အော်တွင် ဆက်လက်တည်ရှိနေဆဲ
By mmweather.ygn, on June 4th, 2013
http://blog.mmweather.com/2013/06/04/invest-97b-andaman-sea-6/

ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ယမန်နေ့က ဝင်ရောက်လာခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 97B သည် ဇွန်လ ၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ မြန်မာနိုင်ငံ လပွတ္တာမြို့ အနောက်တောင်ဘက် ၂၇၅ မိုင်ခန့်၊ ကိုကိုးကျွန်းလေဆိပ် အနောက်ဘက် ၁၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့ဘက် မိုင် ၇၄ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ တောင်ဘက် မိုင် ၆၆ဝ ခန့်အကွာ ပင်လယ်ပြင်တွင် ဆက်လက်တည်ရှိနေပြီး၊ လွန်ခဲ့သည့် ၆ နာရီအတွင်းက အနောက်-အနောက်မြောက်ဘက်သို့ တစ်နာရီ ၄ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ကြောင်းသိရပါသည်။

လေဖိအားနည်းဆဲလ် INVEST 97B
04 Jun 2013 0000Z
Location: 14.2 91.1
Winds: 15 knots
Central Pressure: 1010 hPa

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက် ၇ နာရီအချိန် ထုတ်ပြန်ချက်

    နေ့စဉ်မိုးလေ၀သသတင်း
    (၂၀၁၃ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့ နံနက် (၇း၀၀)နာရီအချိန် ထုတ်ပြန်ချက်)

    ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပါသည်။

    ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။

    မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး၊ လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်(၃၅)မိုင်အထိတိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်။

    နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။

မူရင်း post တွင် ဆက်လက် လေ့လာကြည့်ရှုပေးပါရန် ===
ပုံ(၁) NRL မှ ရရှိသည့် KML data အား Google Earth Layer အဖြစ် ပုံဖေါ်ထားသည့် မူရင်းပုံ ဖြစ်ပါသည်။
ပုံ(၂) ထိုင်းနိုင်ငံ မိုးလေဝသဌာနမှ မှ ရရှိသည့် မြေပြင်မိုးလေဝသမြေပုံ ဖြစ်ပါသည်
http://blog.mmweather.com/2013/06/04/invest-97b-andaman-sea-6/

 June 4th, 2013

ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ယမန်နေ့က ဝင်ရောက်လာခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 97B သည် ဇွန်လ ၄ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် အချက်အလက်
များအရ မြန်မာနိုင်ငံ လပွတ္တာမြို့ အနောက်တောင်ဘက် ၂၇၅ မိုင်ခန့်၊

မြန်မာနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးက သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက် လျက်ရှိ

မလေးရှားနိုင်ငံတွင် မေ ၃ဝ ရက် နံနက် ၂ နာရီခန့်က ဆာလာရမ်း (Selayang) ဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင်၌ အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦး အလုပ်ခွင်မှ အပြန်လမ်း၌ အမည်မသိ ဆိုင်ကယ်သမားတစ်စုမှ ဝိုင်းဝန်းအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဆာလာရမ်းနယ်မြေဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း၊

ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများမှာ နိုင်ငံတကာထက် ပိုမိုများပြားနေ

Tuesday, May 04, 2013

ငါးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆ မှုများမှာ နိုင်ငံတကာတွင် ဖြစ်ပွားခဲ့သော လေယာဉ်မတော်တဆမှုများထက် ပိုမိုများပြားနေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရတနာပုံတယ်လီပို့ရှိ ဆက်သွယ်ရေးဝန်ကြီး ဌာနပိုင်ရှယ်ယာများ ပြန်ထုတ်ယူမည်

Photo: ရတနာပုံတယ်လီပို့ရှိ ဆက်သွယ်ရေးဝန်ကြီး ဌာနပိုင်ရှယ်ယာများ
 ပြန်ထုတ်ယူမည်
Monday, June 03, 2013

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် မိုဘိုင်းအော်ပရေတာ
 ဖြစ်လာမည်ဖြစ်သော ရတနာပုံတယ်လီပို့ ကုမ္ပဏီတွင်ရှိသည့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ရှယ်ယာများကို ပြန်လည်ထုတ်ယူ သွားမည်ဖြစ်သည်ဟု ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင် က ပြောကြားသည်။

အဆိုပါရတနာပုံတယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် မကြာမီတွင်
 ပြောင်းလဲသွားမည် ဖြစ်ရာ ယင်းကုမ္ပဏီရှိ ဝန်ကြီးဌာနပိုင်ရှယ်ယာများကို ကုမ္ပဏီအများပိုင်ပြောင်းလဲပြီး မကြာမီတွင် ထုတ်ယူသွားရန် စီစဉ်ထားခြင်းဖြစ်သည် ဟု ဒုဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

ထုတ်ယူမည့်အချိန်ကို အတိအကျပြောကြားထားခြင်း မရှိသေးဘဲ အစိုးရပိုင်ရှယ်ယာများကို အော်ပရေတာများတွင် ပါဝင်၍မရသောကြောင့် ထုတ်ယူသွားမည်ဖြစ်ရာ ယင်းကုမ္ပဏီသည် မြန်မာလုပ်ငန်းရှင်များပါဝင်သည့် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်လာမည်ဟုလည်း ဒုဝန်ကြီးက ပြောသည်။

ဦးသောင်းတင်က ''ရတနာပုံတယ်လီပို့က ရှယ်ယာတွေကို ထိုက်သင့်တဲ့ အချိန်မှာ နုတ်ထွက်သွားမှာပါ။ ဥပဒေတွေရှိပြီးသား။ အစိုးရပိုင် ဆုရှယ်ယာတွေကို အောပ်ရေတာလေးခုမှာ ဟိုဘက်မှာလည်းပါမယ်၊ ဒီဘက်မှာလည်း ရှယ်ယာပါမယ်ဆိုပြီး လုပ်သွားလို့မရဘူး။ အဲဒါ ကြောင့် ဥပဒေအတိုင်းပဲ လုပ်သွားမှာပါ'' ဟု ပြောသည်။

ပြည်တွင်းတွင် မိုဘိုင်းဖုန်းလုပ်ငန်းများ အော်ပရေတာအဖြစ် လုပ်ကိုင်ရန် ကုမ္ပဏီလေးခုကို ရွေးချယ်သွားမည်ဖြစ်ကာ ယင်းကုမ္ပဏီထဲတွင်
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် သီးခြားရပ်တည်မည့် ကုမ္ပဏီနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ ပါဝင်မည်ဖြစ်သည်။ လက်ရှိတွင် ရတနာပုံတယ်လီပို့ကုမ္ပဏီ အနေဖြင့် အများပိုင်ကုမ္ပဏီအဖြစ် မပြောင်းလဲရသေးဘဲ မကြာခင်ပြောင်းလဲသွားရန် ရှိသည်ဟု ရတနာပုံကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဝင်းက ပြောသည်။

ဦးတင်ဝင်းက ''ကုမ္ပဏီကို အများပိုင်အဖြစ် ပြန်ပြောင်းဖို့က
 လောလောဆယ်တော့ ဘာမှမလုပ်ရသေးပါဘူး။ ဘာမှမဆုံးဖြတ်ရသေးဘူး။ အများပိုင်အဖြစ် ပြောင်းမယ်ဆိုတာကတော့ ဆုံးဖြတ်ပြီးသား။ မနေ့တစ်နေ့ကပဲ အဲဒီကိစ္စတွေလုပ်ဖို့ အမိန့်ကျတယ်။ နာမည်တွေ ပြောင်းလဲတဲ့ကိစ္စတွေ၊ အစုရှယ်ယာကို ပြည်သူလူထုကို
ပြန်ရောင်းမယ့်ကိစ္စတွေကတော့ လောလောဆယ် မဆုံးဖြတ်ရသေးလို့ အသေးစိတ်ပြောလို့ မရသေးပါဘူး'' ဟု ဇွန် ၂ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

မိုဘိုင်းအော်ပရေတာလုပ်ငန်း လုပ်ကိုင်မည့် ပြည်ပကုမ္ပဏီနှစ်ခုကို ဇွန် ၂၇ ရက်တွင် အပြီးသတ်ရွေးချယ်မည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာနမှတရားဝင်ပြောကြားထားပြီးဖြစ်ကာ
 နောက်ဆုံး အဆင့်ရွေးချယ်ရန် ပြည်ပကုမ္ပဏီ ၁၂ ခု အထိ ပဏာမရွေးချယ် ထားသည်။

ယင်းပမာဏရွေးချယ်ထားသည့် ကုမ္ပဏီ ၁၂ ခုမှ ဗြိတိသျှအခြေစိုက် Vodafone အုပ်စုနှင့် China Mobileအုပ်စုတို့ နုတ်ထွက်သွားခဲ့သည်။
 နုတ်ထွက်ရခြင်းအကြောင်းရင်းကို မသိရသော်လည်း ဆက်လက် တင်ပြရမည့် အဆိုပြုချက်များကို ထပ်မံတင်ပြခြင်း မရှိတော့ဘဲ နုတ်ထွက်သွားခြင်း ဖြစ်သည်။

အော်ပရေတာ လုပ်ကိုင်ခွင့်ပေးရာတွင် ၁၅ နှစ်လုပ်ခွင့်ပေးမည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီများသည် မိုဘိုင်းဖုန်းချပေးရန် Frequency Licence Fees ကို ၁၅ နှစ်စာဝယ်ယူ ရမည်ဖြစ်သည်။

Mizzima

Tuesday, June 04, 2013

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် မိုဘိုင်းအော်ပရေတာ ဖြစ်လာမည်ဖြစ်သော ရတနာပုံတယ်လီပို့ 
ကုမ္ပဏီတွင်ရှိသည့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ရှယ်ယာများကို ပြန်လည်ထုတ်ယူ သွားမည်ဖြစ်သည်ဟု ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသောင်းတင် က ပြောကြားသည်။

သက်သေတင်ပြမှု မခိုင်လုံသည့်အတွက် ပုဒ် ၁၅၃(က) အား ရုပ်သိမ်း

Photo: သက်သေတင်ပြမှု မခိုင်လုံသည့်အတွက် ပုဒ် ၁၅၃(က) အား ရုပ်သိမ်း
Monday, June 03, 2013 

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား သာကတေတရားရုံးမှ မူလစွဲဆိုထားသည့် ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၅၃ (က) အား ရုပ်သိမ်းပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ဆက်လက် တရားစွဲဆိုသွားမည်ဟု သိရပါသည်။ သက်သေတင်ပြမှု မခိုင်လုံသည့်အတွက်ဟု အကြောင်းပြကာ တရားလိုဘက်မှ အမှုရုပ်သိမ်းပေးဖို့ သာကေတ တရားရုံးကို ဦးတိုက်လျှောက်ထားသည့်အပေါ် တရားသူကြီးမှ လက်ခံပြီး အခုလို ပုဒ်မချိန်းပြီး ပြောင်းလဲ တရားစွဲခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။ လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် ကိုရဲမင်းဦးအား သာကတေ တရားရုံးမှ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဆက်လက်တရားစွဲရန် ရုံးချိန်းသတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။

Burma VJ

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးအား သာကတေတရားရုံးမှ မူလစွဲဆိုထားသည့် ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှု ပုဒ်မ ၁၅၃ (က) အား ရုပ်သိမ်းပြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ဆက်လက် တရားစွဲဆိုသွားမည်ဟု သိရပါသည်။

ဂေါက်သီးရိုက် အားကစားနည်းနဲ့ နန်းဆုရတီစိုး

Photo

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၇ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး ကို ဒီ
ဇင် ဘာလအတွင်းမှာ ကျင်းပ တော့ မှာဖြစ်ပါတယ်။ အားကစား နည်း၃၃မျိုးထည့်သွင်းကျင်းပမယ့် ဆီးဂိမ်း
ပြိုင်ပွဲကြီးကို ဒီဇင် ဘာ၁၁ကနေ၂၂အထိရန်ကုန်၊မန္တလေး၊နေပြည်တော် နဲ့ ငွေဆောင်နေရာလေးခုမှာ ကျင်း
ပမှာပါ။

နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး

Photo: နှစ်နိုင်ငံတပ်မတော်များအကြား ပူးပေါင်းဆောင်ရွက်ရေး သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး
Tuesday, May 04, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အတွေ့အကြုံများ မျှဝေရေး၊ လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး...

တွေ့ဆုံရာ၌ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အတွေ့အကြုံများ မျှဝေရေး၊ လူသားစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn တက်ရောက်ကြသည်။

EMG

သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်တို့အား ဇွန် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ်တို့အား ဇွန် ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
Tuesday, May 04, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၌ ရောက်ရှိနေသော ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General Sir David Richards ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်

Photo: ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယားကုမ္ပဏီ တစ်ခုက အဆိုပြုထားသော်လည်း လက်ရှိဆွေးနွေးနေဆဲပင်ဖြစ်
Tuesday, May 04, 2013

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ရန်ကုန်မြစ်သာခြားသည့် ဒလဘက်အခြမ်းအား ယခုထက် ပိုမိုဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားထိုးရန် ကိုရီးယား ကုမ္ပဏီတစ်ခုက ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လာရောက်လေ့လာ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း အဆိုပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပြုရာတွင် တံတားအား ရန်ကုန်မြစ်အတွင်း သွားလာနေသော သင်္ဘောကြီးများနှင့် လွတ်ကင်းစေရန်အတွက် တံတားကို အောက်ခြေကင်းလွတ် အမြင့်များများယူ၍ ဆောက်လုပ်မည် ဖြစ်ကြောင်း ပါဝင်သည်။

''ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလ တံတားတော့ထိုးမယ်။ ဒါပေမဲ့ လက်ရှိတော့ ဆွေးနွေးနေဆဲပင် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့အစိုးရဘက်ကို ငွေပြန်တောင်းရမှာကိုး။ တံတားထိုးဖို့ကို ရန်ကုန်ဘက်အခြမ်းက ဘယ်နေရာလဲဆိုတာ မရွေးရသေးဘူး။ တံတားပုံစံကလည်း သင်္ဘောကြီးတွေနဲ့ လွတ်ကင်းအောင်လို့ စပရိန်လို အခွေအခွေ လမ်းတွေနဲ့ တက်သွားမယ်။ အမြင့်ပေ အများကြီးနဲ့ ဆောက်လုပ်မဲ့ပုံစံပါ။ 

သူတို့အစိုးရဆီကို ငွေပြန်တောင်းရမှာဆိုတော့ တံတားထိုးဖြစ်မယ် ဆိုရင်လည်း အချိန်နည်းနည်း ကြာဦးမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ကိုရီးယားကုမ္ပဏီက ရန်ကုန်-ဒလအား ရေအောက်ဥမင် လိုဏ်ခေါင်းဖြင့် ဆက်သွယ်သွားလာရန် အတွက်လည်း စိတ်ဝင်စားသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သိရသည်။

ယခင်ကလည်း ရန်ကုန်မြို့ရှိ လမ်းမတော်၊ ကိုင်းတန်း၊ ဗားကရာ စသည့် ကမ်းနားများနှင့် ဒလဘက်ခြမ်းကို ဆက်သွယ်သည့် တံတားများထိုးရန် ဆွေးနွေးခဲ့ဖူးသော်လည်း အဆင်မပြေခဲ့ကြောင်း သိရှိရသည်။

EMG

ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဗိုလ်တထောင်ဘုရားဘက်ကမ်းမှနေ၍ ဒလမြို့နယ်ကို မေလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
Tuesday, May 04, 2013

ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ဆက်သွယ်သည့် တံတားတစ်ခုထိုးရန် အတွက် ကိုရီးယား ကုမ္ပဏီတစ်
ခုက လာရောက်အဆိုပြု ထားသော်လည်း လက်ရှိ ဆွေးနွေးနေဆဲပင် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စမ်းချောင်းမြို့နယ်မှဟိုတယ်တစ်ခုတွင် ဆရာဝန်တစ်ဦးသေဆုံးနေ

စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမြောက်ရပ်ကွက်၊ ဓမ္မာရုံလမ်းရှိ၊ဟိုတယ်တွင် ၂.၆.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်က လာရောက်တည်းခိုနေသော မောင်စိုင်းဘိုဘိုထွန်း၊ ၂၇နှစ်၊
(ဘ)ဦးစောထွန်းဖ၊ ဆရာဝန် အား ၃.၆.၂၀၁၃ ရက်နေ့၁၆၀၀ အချိန်တွင် ဟိုတယ်မှတည်းခိုခန်းခရှင်းရန်အတွက်ဖုန်းဆက်ခြင်း၊ အပြင်မှတံခါးခေါက်ခြင်းများပြုလုပ်ခေါ်သော်လည်း
မရသဖြင့် ဟိုတယ်မန်နေဂျာမှ ရဲစခန်းသို့ အကြောင်းကြားခဲ့၍ သော့ပိုနှင့်ဖွင့်ကာဝင်ရောက်စစ်ဆေးရာ အခန်းတံခါးအား အတွင်းမှဆက်တီခုံနှင့် ကာပိတ်ထားသည်ကိုတွေ့ရှိရပြီး မောင်စိုင်းဘိုဘိုထွန်းမှာ ခုတင်ပေါ်တွင်စောင်ခြုံကာမြွရေခွံအိတ် အားခေါင်းတွင်စွပ်လျှက် ပြင်ပဒဏ်ရာမရှိဘဲသေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

ချမ်းမြေ့အေးယာဉ်လိုင်းကို ပုသိမ်မှာဆန္ဒပြတာ ဘာကြောင့်လဲ


Monday, June 3, 2013

ပုသိမ်-ရန်ကုန် နေ့စဉ် ပြေးဆွဲနေတဲ့ ချမ်းမြေ့အေး ခရီးသည်တင်ယာဉ်လိုင်းကို ပုသိမ်မြို့ခံတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ လူမှုရေးအရ တာဝန်ယူဖို့ ပျက်ကွက်တာကြောင့်လို့ ဆိုပါတယ်။

PhotoDownloader for Facebook v 3.0.3(update)

Facebook သုံးတဲ့ Android ဖုန်းပိုင်ရှင်တိုင်းကြိုက်နှစ်သက်မယ့် ဇွန်လ(2)ရက်နေ့မှာ update ထပ်ပေးတဲ့ photo downloader v3.0.3 ဆော့ဝဲလေးပါ။ ဒီဆော့ဝဲလ်လေးက facebook ပေါ်မှာရှိတဲ့ ဓာတ်ပုံတွေကို လွယ်
လွယ် ကူကူနဲ့ မိမိဖုန်းထဲ  download လုပ်ပေးနိုင်မယ့် photo downloader for facebook v3.0.3 ဆော့ဝဲလ်
လေးဖြစ်ပါတယ် ။

VideoDownloader for Facebook v 0.4.2.1(update)

ဒီဆော့ဝဲလ်လေးက တော့   Facebook ပေါ်မှာရှိတဲ့ ဗွီဒီယိုဖိုင်တွေကိုတစ်နေရာထဲမှာလွယ်လွယ်ကူကူဒေါင်း
ယူနိုင်မယ့် video downloader v0.4.2.1 june(2)(update )ထွက်ရှိတာကြောင့်ပြန်တင်ပေးလိုက်ပါတယ်။