Pages

Monday, June 3, 2013

ကချင်ဒေသဘတစ်ကျော့ပြန်စစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ အကြိုစာနယ်ဇင်းရှင်းလင်းပွဲ ယနေ့နေ့လည်ပိုင်းက ကျင်းပ

P6030001

ဇွန် ၃၊ ၂၀၁၃
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တစ်ကျော့ပြန်စစ်၏ နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်များ၏ အကြိုစာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃ ရက် (တနင်္လာနေ့) နေ့လည် (၁)နာရီတွင် ရန်
ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ COMREG ရုံးခန်းတွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“““အင်းလေးဟော်တယ်ဇုံ စီမံကိန်းအား တားဆီးသူ ခြံပိုင်ရှင် မူလတန်းကျောင်းအုပ် ဆရာမ ရာထူးမှ လျှော့ချခြင်း ခံရ....”””

“““အင်းလေးဟော်တယ်ဇုံ စီမံကိန်းအား တားဆီးသူ ခြံပိုင်ရှင် မူလတန်းကျောင်းအုပ် ဆရာမ ရာထူးမှ လျှော့ချခြင်း ခံရ....”””

ကိုယ့်လယ်ယာခြံမြေအခွင့်အရေးအတွက် ကန့် ကွက်တောင်းဆိုတာနဲ့  ကျောင်းအုပ်ရာထူးကို ရပ်ဆိုင်းလိုက်တယ်ဆိုတာ အတော့်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ။

အင်းလေးဟော်တယ်ဇုံစီမံကိန်းအား တားဆီးသူ ခြံပိုင်ရှင် မူလတန်းကျောင်းအုပ် ရာထူးမှ လျှော့ချခြင်း ခံရကြောင်း သိရှိရပါတယ်။

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ ၊ သလဲဦးကျေးရွာအုပ်စုတွင် အင်းလေးဒေသဟော်တယ်ဇုံ စီမံကိန်းအတွက် လယ်မြေ ခြံမြေနှင့် ထင်းစိုက်ခင်းများ အပါအ၀င် ၆၂၂ ဧက သိမ်းယူခဲ့ကြောင်း သိရှိရပါသည်။

ဟော်တယ်ဇုံစီမံကိန်းအတွက် မြေယာပြုပြင်နေစဉ် သီးနှံလျော်ကြေး မယူသော တောင်သူများ အပါအ၀င် ဒေသခံ အင်းတိုင်ရင်းသား ၁၅၀ ဦးခန့်မှ ကန့်ကွက်တားမြစ်ခဲ့ပြီး၊ အဆိုပါဖြစ်ရပ်နှင့် ပါတ်သက်၍ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် အင်ကြင်းကုန်းကျေးရွာနှင့် ကန်ဘဲ့ကျေးရွာမှ တောင်သူ ၇ ဦးအား ပုဒ်မ ၁၈၈/ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရပါသည်။

တရားစွဲဆိုခံရသော တောင်သူ ၇ ဦးထဲတွင် မူလတန်းကျောင်းအုပ်ဆရာမတစ်ဦး ပါဝင်ခဲ့ကြောင်းသိရှိရပြီး၊ အဆိုပါ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်ခင်ဝင်းအား ရှမ်းပြည်နယ်အစိုးအဖွဲ့၏ (၁၈-၅-၁၃) ရက်စွဲပါ စာအမှတ် - ၄၆၀၈/၆ - ၃၆၄/အစရ (ရှမ်း) အရ (၁-၅-၂၀၁၃) ရက်နေ့မှ ရာထူးခေတ္တချထားကြောင်း ၂၇ ရက်၊ မေလတွင် ရှမ်းပြည်နယ် (တောင်
ပိုင်း) ပြည်နယ်၊ ပညာရေးညွှန်ကြားရေးမူးက အမိန့်ထုတ်ပြန်ကြောင်း သိရှိရပါသည်။

သတင်း/ဓာတ်ပုံ - ကိုမိုး - မျိုးဆက်သစ် (ရှမ်းပြည်)
Nik Nayman 

အေးချမ်းမွန် Credit & Copy From >Ko Nay Myo< Thank For Your Postst
Re-post By ACM 3-6-2013

ကိုယ့်လယ်ယာခြံမြေအခွင့်အရေးအတွက် ကန့် ကွက်တောင်းဆိုတာနဲ့  ကျောင်းအုပ်ရာထူးကို ရပ်ဆိုင်းလိုက်
တယ်ဆိုတာ အတော့်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပါ။ အင်းလေးဟော်တယ်ဇုံစီမံကိန်းအား တားဆီးသူ ခြံ
ပိုင်ရှင် မူလတန်းကျောင်းအုပ် ရာထူးမှ လျှော့ချခြင်း ခံရကြောင်း သိရှိရပါတယ်။

ခိုးဝင်သည့် လှေနစ်မြှုပ်၊ မြန်မာ ၁၂ ဦး အလောင်း ထိုင်းပင်လယ်ကမ်းခြေ၌ တွေ့၊ ၃၈ ယောက် ကယ်ဆယ်ထားနိုင်

ဇွန်-၃၊၂၀၁၃

ထိုင်းနိုင်ငံ အနောက်ပိုင်းကမ်းခြေဒေသရှိ ရနောင်းမြို့ အနီး ကျွန်းများတွင် မြန်မာပြည်မှ လှေဖြင့် ခိုးဝင်လာရာမှ ရာသီဥတု ဆိုးရွားမှုကြောင့် လှေနစ်ပြီး သေဆုံးသည်ဟု ယူဆရသော အလောင်း ၁၂ လောင်းခန့် တွေ့ရှိခဲ့ရသည်။

ဘီဘီစီမိုဘိုင်းသတင်းထုတ်လွင့်မှု ယနေ့ ဇွန်လ၃ရက်နေ့ တွင်စတင်ပြီ

နောက်ဆုံးရ သတင်းတွေကို မနက် ၈ နာရီမှာ တကြိမ် ညနေ ၆ နာရီခွဲမှာ တကြိမ် မိုဘိုင်းဖုန်းပေါ်ကနေ နားဆင်နိုင်

ဘီဘီစီမိုဘိုင်းသတင်းစတင်ထုတ်လွှင့် ပြီဖြစ်ကြောင်းယနေ့ ဇွန်လ၃ရက်နေ့ Chatrium Hotel မှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကတက်ရောက်လာတဲ့ဧည့်ပရိသတ်များ သတင်းထောက် များကိုကြေညာအသိပေး
လိုက်ပါတယ်။

တေးသီချင်းပေါင်းများစွာကို ရေးဖွဲ့ခဲ့သူ တေး ရေး ကေအေတီ(ခေါ်)ဦးကျော်ကျော်အောင် ကိုယနေ့နေ့လည်က ရေဝေးသုဿန်တွင် ပို့ဆောင်သဂြိုဟ်


တေးရေးဆရာအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာရပ်တည်ခဲ့ပြီး တေးသီချင်းပေါင်းများစွာကို ရေးဖွဲ့ခဲ့သူ တေး
ရေး ကေအေတီ(ခေါ်)ဦးကျော်ကျော်အောင်က ဇွန်လ ၁ ရက်နေ့လည် ၃ နာရီ အချိန်က ကွယ်လွန်သွားခဲ့ပြီး ဇွန်လ ၃ ရက်နေ့ ညနေ၅နာရီ အချိန် ရေဝေးသုဿန်တွင် ပို့ဆောင်သဂြိုဟ်ခဲ့ရာ ဂီတအနုပညာရှင်အများ
အပြား လိုက်ပါပို့ဆောင်ခဲ့ကြသည်။

သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စတင် စမ်းသပ်တော့မည်ဟု CNPC ပြော

ဇွန်လ ၀၃ ရက် ၂၀၁၃ ခုနှစ်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဆိပ်ကမ်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့သို့ သွယ်တန်း ဆောက်လုပ်နေသည့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု လုပ်ငန်း ပြီးစီးပြီဖြစ်၍ စမ်းသပ်လည်ပတ်မှု လုပ်ဆောင်ရန် အသင့်ဖြစ်နေကြောင်း တရုတ် CNPC ကုမ္ပဏီက ၎င်း၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ရေနံပိုက်လိုင်းကိုမူ ၉၄ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီ ဖြစ်သည်။

ရွှေ့လျား ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ၃လ တစ်ကြိမ်ပြုလုပ်ပေးမည်

ရွှေ့လျား ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ၃လ တစ်ကြိမ်ပြုလုပ်ပေးမည်

မန္တလေး-ဇွန်၃
	ရွှေ့လျားဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အား ၃လတစ်ကြိမ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးဦးစိးဌာနမှ စုံစမ်းသိရှိရသည်။ 
	ပထမအကြိမ်ကို ယခုနှစ် ၃လပိုင်းမှ စတင်ကာ မိုးကုတ်၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း မြိုများတွင် တစ် ကြိမ်လျှင် ၅၀၀စီပြုလုပ်ပေးခဲ့ပြီး မြို့နှင့်အလှမ်းဝေးပြီး သွားလာပို့ဆောင်ရေးအသုံးများသော မြို့များအား ရွေး ချယ်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး လိုင်စင်ပြုလုပ်ပေးရာတွင် ဆိုင်ကယ်မောင်းသင်တန်းပါ တစ်ပါတည်း သင်ကြား ပေး၍ ယာဉ်စီးကမ်းလမ်းစည်းကမ်းဆိုင်ရာများကိုပါ သင်ကြားပေးကာ
 အသက် ၁၈နှစ်ပြည့်သူ မည်သူမဆို ပြုလုပ်နိုင်ကြောင်း တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန် ကြားရေးမှူး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။ 
	အဓိကကတော့ သွားရေးလာရေးအဆင်ပြေစေဖို့နဲ့ နိုင်ငံတော်ဘဏ္ဍာလည်း ရတာမို့ လုပ်ပေးတာပါ ဟု ဦးသိန်းဦးက ပြောသည်။ 
	ယာဉ်မောင်းလိုင်စင်ပြုလုပ်ရာတွင် ငွေကျပ် ၅၀၀၀ခန့်ကုန်ကျမည်ဖြစ်ပြီး ယခုဒုတိယအကြိမ်တွင် အထက်ပါမြို့များသို့ပင် ထက်မံလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
	မန်းတိုင်းဒေသကြီးတွင် ကုန်လမ်းပို့ဆောင်ေ၇းနှင့်
 ညွှန်ကြားရေးမှူး ဦးစီးဌာနသို့ တရားဝင် မှတ် ပုံတင်ထားသည့် မော်တော်ဆိုင်ကယ်အရေအတွက် ငါးသိန်းကျော်ရှိပြီး ၂၀၁၂-၂၀၁၃ခုနှစ်အတွက် ခန့်မှန်း လူဦးရေစာရင်းမှာ ၇.၄၂၂သန်း(နေပြည်တော်မပါ ) ရှိပြီး၊ ခရိုင် ၈ခု၊ မြို့နယ် ၂၈ခု၊ မြို့နယ်ခွဲ ၂ခု၊ ရပ်ကွက်ပေါင်း ၂၆၉ရပ်ကွက်၊ ကျေးရွာပေါင်း ၄၇၈၀ရှိကြောင်း 
တိုင်း လ.၀.ကစာရင်းများအရသိရသည်။  ဖိုးလပြည့်


မန္တလေး-ဇွန်၃
ရွှေ့လျားဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အား ၃လတစ်ကြိမ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေး တိုင်း
ဒေသကြီး ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးဦးစိးဌာနမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ ရှေ့ဆောင်၊ နေပြည်တော်ရုံများတွင် ပြသခဲ့သော Pee Mak အချစ်ဇာတ်လမ်း၏သမိုင်းကြောင်း

Pee Mak အချစ်ဇာတ်လမ်း၏သမိုင်းကြောင်း 

Pee mak phra khanong ဖိမာ့က်ဖရာ့ခနွန်င်

၁၉ရာစု အဦးပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာပေါ်အခြေခံပီး အစဉ်အဆက် ပါးစပ်ရာဇဝင်လေးတခုကနေ ဒေသဆွဲရိုးရာယုံကြည်မှုကနေ လူသိများခဲ့တဲ့ ထိုင်းသရဲမလေး မဲ့နာ့က်/မဲ့နတ်/အမေနတ် အကြောင်းလေးပေါ့
ထိုင်းရိုးရာအရ ထိုင်းဘုရင် မောင်းကုတ်/မွန်ကွတ် လက်ထက်မှာ ဖြစ်ပွါးခဲ့တဲ့အဖြစ်အပျက်လေးတခုလို့ဆိုပါတယ် ဘန်ကောက်၊ ဖရာ့ခနွန်င် ဒေသမှာနေထိုင်တဲ့ နာ့က် (Nak) ဆိုသောမိန်းမလှလေးတယောက်က သူ့ချစ်ပွန်း မာ့က် ( Mak ) အပေါ်မှာထားရှိတဲ့အဆုံးမဲ့ချစ်ခြင်းတွေပေါ်အခြေခံပီး ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ဇာတ်လမ်းလေးတပုဒ်
မိန်းမလှလေး နာ့က်က ချစ်ခင်ပွန်း မာ့က်ရဲ့ရင်သွေးလေး လွယ်ထားရချိန်မှာ မာ့က်ဟာစစ်မှုထမ်းရန်အကြောင်းဖန်လာခဲ့ပါတယ် ( လွယ်လွယ်ပြောရင် ပေါ်တာဆွဲခံရတယ်ပေါ့ )
ရှေ့တန်းစစ်မျက်ကိုအပို့ခံခဲ့ရပါတယ် ( တချို့ဇာတ်ကြောင်းတွေမှာတော့ ရှမ်းလူမျိုးတွေနဲ့ဖြစ်တဲ့စစ်ပွဲလို့ဖော်ပြထားပါတယ် ) စစ်ပွဲမှာပဲ မာ့က်ဟာဒါဏ်ရာပြင်းထန်စွာရခဲ့တဲ့အတွက်ကြောင့် ဒါဏ်ရာကုသရန် ဘန်ကောက်ကိုပို့ဆောင်ခဲ့ပါတယ်။ ထိုအချိန်မှာပဲ မာ့က်ရဲ့ချစ်ဇနီး နာ့က် ဟာကလေးမီးဖွားရင်း မွေးဖွားရခက်ခဲမှုကြောင့် ကလေးရောမိခင်ပါ မီးတွင်းထဲမှာဆုံးပါးခဲ့ပါတယ် ဒါပေမဲ့ မာ့က်အိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ သူ့ချစ်ဇနီးနဲ့သူ့ရင်သွေးလေးဟာသူ့ကိုစောင့်မျှော်နေတာတွေ့ရပါတယ် ဒါကိုအကြောင်းအရင်းအလုံးစုံသိတဲ့အိမ်နီးချင်းတွေက မာ့က်ကိုပြောဆိုသတိပေးဖို့ကြိုးစားသူတိုင်းအသတ်ခံခဲ့ရပါတယ် 
တရက်သောနေ့မှာတော့ သံယောဇဉ်ကြီးမားတဲ့ သူရဲမလေး နာ့က်က သူ့ချစ်ခင်ပွန်းအတွက် nam Prik ( မြန်မာလိုဆို ငရုတ်သီးထောင်း ခေါ်မလား ငရုတ်သီးဖျော်ခေါ်မလားတော့မသိပါ ) လုပ်နေတုန်း သံပရာသီးလုံးလေးက ထွက်ကျသွားခဲ့တယ် ဒါကို သရဲမလေးကလည်း ခပ်သွက်သွက် ( ဘယ်သူ့မှမမြင်လောက်ပါဘူးဆိုတဲ့အထာနဲ့နေမှာပေါ့ ) သူ့လက်ကိုအရှည်ကြီးဆန့်ထုတ်ပီး မြေကြီးပေါ်ကနေကောက်ယူလိုက်ပါတယ် ဒါကို အမှတ်မထင်မမျှော်လင့်ပဲ သူ့ချစ်ခင်ပွန်း မာ့က်ကမြင်တွေ့လိုက်ခဲ့တယ် မာ့က်လည်းမျက်ဝါးထင်ထင်မြင်လိုက်ရတော့ ဇောချွေးတွေပြန် ထူပူကြောက်လန့်ပီး သူ့ဇနီးဟာ သရဲမလေးဖြစ်နေတယ်ဆိုတာကို လက်တွေ့သိလိုက်ရတယ် မာ့က်ကကြောက်လန့်တုန်လှုပ်လွန်းပီး သူ့ဇနီးသရဲမလေးမသိအောင်ဟိုး--အဝေးကိုထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ် ထိုညအိပ်နေရာမှ မာ့က်ကအောက်ထပ်ဆင်း သေးသွားပေါက်အုံးမယ်လို့ သူ့ဇနီးသရဲမလေးကို လိမ်ညာပြောပီး တချိုးတည်း သုတ်ခြေတင် ညမှောင်ထဲကိုပြေးတော့တာပဲ 
ဒါကိုသရဲမလေးကသိသွားတော့ သူ့ခင်ပွန်းကို ညတွင်းချင်းလိုက်ပီး ရှာတော့တာပါပဲ မာ့က်ကသူ့ဇနီးသူရဲမလေးကိုလည်းမြင်ရော နတ်(ထိုင်း )ဖုမ္မသိမ်း(မြန်မာ) ( Blumea balsamifera)ပင်ချုံပုတ်နောက်မှာဖုံးကွယ်ပုန်းနေရှာပါတယ် ပါးစပ်ပြောအရပ်ပြောအရ သရဲတွေကဖုမ္မသိမ်းပင်အစေးကိုကြောက်ကြတယ်လို့ဆိုပါတယ် ထို့နောက် မာ့က်က ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းကိုပြေးပါလေတော့တယ် ထိုဘုရားကျောင်းကသရဲတွေမဝင်နိုင်ဘူး တန်ခိုးကြီးမားလွန်းပါတယ်တဲ့---------

ဖိမာ့က်ဖရာ့ခနွန်င်ဒေသလေးမှာတော့ သရဲမလေး နာ့က်ဟာ သူ့ရဲ့ဝမ်းနည်းပေါက်ကွဲကြေကွဲ မကျေနပ်မှုတွေကို ထိုဒေသခံတွေအပေါ်မှာ ခြောက်လှန့်ပြုစားသောင်းကြမ်းရင်း လက်စားခြေ ခဲ့ပါတယ် သူမဟာ သူ့ခင်ပွန်းစွန့်ခွါသွားခြင်းက ဒီဒေသကလူတွေကြောင့်လို့ပဲထင်မှတ်ခဲ့ပါတယ် 
ဒါပေမဲ့ သရဲမလေးနာ့က်ဟာ နောက်ဆုံးမှာ သရဲဖမ်းဆရာတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပါတယ် သူမကို သရဲဖမ်းဆရာတွေက ရွှံ့မီးဖုတ်ခရားထဲထည့်ပီး ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲမျှောခဲ့ပါတယ် 
တခြားအဆိုများအရကလည်း တနေ့မှာ ငါးဖမ်းတံငါသည်အိုဇနီးမောင်နှံက ထိုသရဲမလေးပိတ်လှောင်ခံထားရတဲ့ခရားကို ဆယ်မိရာမှ ခရားအဖုံး ဖွင့်လိုက်တဲ့အတွက်သရဲမလေးဟာ လွတ်မြောက်သွားခဲ့ပါတယ်တဲ့ 
တချို့ကလည်းထိုသရဲမလေးဟာ တန်ခိုးကြီးဘုန်းတော်ကြီးတပါးကဖမ်းဆီးပီး သူမရဲ့ဝိညာဉ်ကို သူမဦးခေါင်းခွံနဲ့မံပီး ထိုဘုန်းတော်ကြီးရဲ့သင်းပိုင်နဲ့စည်းထားခဲ့ပါတယ် သမိုင်းများအဆိုရထိုသင်းပိုင်ဟာ ထိုင်းတော်ဝင်မိသားစုတွေလက်ထဲမှာလို့ဆိုပါတယ် 
တချို့ကလည်းထိုဘုန်းတော်ကြီးကသရဲမလေးကို နောက်ဘဝမှာသူမရဲ့ချစ်ခင်ပွန်းနဲ့ပြန်လည်စုံစည်းပေါင်းသင်းရန်ဆုမွန်ကောင်းတောင်းစီမံပေးလိုက်တဲ့အတွက် သရဲဘဝမှကျွတ်လွတ်သွားတယ်လည်းဆိုကြပြန်ပါတယ် 
ဘယ်သူတွေဘယ်လိုပြောပြော ဘယ်လိုရေးရေး မဲ့နာ့က်/မဲ့နတ်/အမေနတ်ရဲ့ သူ့ခင်ပွန်းအပေါ်ထားရှိတဲ့ အဆုံးမဲ့ချစ်ခြင်းအကြောင်းအရာလေးကတော့ ကြီးကြီးငယ်ငယ် အသက်အရွယ်အားလုံးကြားမှာ ပြောစမှတ်တွင်ထင်ကျန်ရစ်ခဲ့တာပါပဲ 
သူမရဲ့နတ်ကွန်းအဆောက်အဦးကိုတော့ ဝါက်မဟာဘုဒ် ( Wat Mahabut )ဘုရားကျောင်းထဲမှာ ထားရှိခဲ့ပါတယ် ၁၉၉၇ခုနှစ်မှာတော့ သူမရဲ့နတ်ကွန်းကို Suan Luang (Prakhanong)ဒေသကိုပြောင်းရွှေ့ခဲ့ပါတယ် 
ယနေ့အချိန်အထိ ထိုဒေသလေးမှာ မဲ့နာ့က်နတ်ကွန်းကို ရိုးရာအစွဲအလမ်းယုံကြည်မှုအဖြစ်ကိုးကွယ်နေကြဆဲပါ ထိုနတ်ကွန်းမှ မဲ့နာ့က်နဲ့သူ့ရင်သွေးရုပ်ထုရှေ့မှာဆုတောင်းပူဇော်ပသရင်ပြည်တယ်လို့ယုံကြည်ကြဆဲပါ အထူးသဖြင့်အမျိုးသမီးများအား မီးဖွားရလွယ်ကူအောင် / ပေါ်တာဆွဲစစ်မှုထမ်းခြင်းမှသူတို့ခင်ပွန်းများလွတ်ကင်းအောင် စတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ နတ်ကွန်းနောက်ကညောင်ပင်မှာ ရောင်စုံအဝတ်များပတ်လှူ၍သော်လည်းကောင်း သစ်သီးများ ကြာပန်းများ အမွှေးတိုင်များဖြင့်ပူဇော်ပသနေကြဆဲပါ ဒါ့အပြင် ဖိမာ့က်ဖရာ့ခနွန်င်တူးမြောင်းထဲကို ဘေးမဲ့ငါးများလွှတ်ခြင်း ကြာပန်းကြာဖူးများမျှောခြင်းအစရှိသဖြင့်မိမိယုံကြည်ရာအလိုက် ကိုးကွယ်ပူဇော်ပသဆုတောင်းကြဆဲပါတဲ့----------------------------ဇွဲပိုင်မှူး ( ၁၄၂၁နာရီ မေ၃၀ )
( မှတ်ချက်။ ။ အမှားများပါရှိပါကလည်းခွင့်လွှတ်စေချင်ပါသည် ထိုင်းစကားထိုင်းစာတလုံးမျှမသိသောကြောင့်အခေါ်အဝေါ်များချို့ယွင်းချက်ရှိပါကသည်းခံဖတ်၍အမှန်ပြင်ပေးနိုင်ပါတယ်ခင်ဗျာ မြန်မာမှသူငယ်ချင်းများစတေးတပ်တွေတင်ကြလွန်းလို့ ကိုယ်မကြည့်ရသေးသော်ငြား ရှာကြံဖတ်ကြည့်ရာမှ Wikipedia အားကိုးကား၍ဘာသာတတ်သလောက်လေးပြန်ရေးသားခြင်းဖြစ်ပါသည် )
 
Credit: Zwepai Mhu

Pee Mak မှာ ထိုအချစ်ဇာတ်လမ်း၏ ၃၃ခါမြောက်ပြန်ရိုက်သော ဇာတ်ကားဖြစ်သည်.. Pee Mak ရှေ့တွင် ဇာတ်လမ်းဆင်တူအများအပြားထွက်ခဲ့ဖူးသည်..

Pee mak phra khanong ဖိမာ့က်ဖရာ့ခနွန်င်

၁၉ရာစု အဦးပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာပေါ်အခြေခံပီး အစဉ်အဆက် ပါးစပ်ရာဇဝင်လေးတခုကနေ ဒေသဆွဲရိုးရာယုံကြည်မှုကနေ လူသိများခဲ့တဲ့ ထိုင်းသရဲမလေး မဲ့နာ့က်/မဲ့နတ်/အမေနတ် အကြောင်းလေးပါ။

လူမျိုးရေး ခွဲခြားမှုဖြင့် ပြင်သစ် နိုင်ငံရေးပါတီ ခေါင်းဆောင် ရာထူးမှဖယ်ရှား၊ တရားစွဲဆိုခြင်းခံရမည်

Marine Le Pen

မရီးန်လီပန် (Marine Le Pen)သည် ပြင်သစ်ရှိ မွတ်စလင်မ်များအား ဆန့်ကျင်ဝေဖန်မှုကြောင့် သူမအား ပါတီခေါင်းဆောင် အဖြစ်မှ ပယ်ဖျက်ရန် ဥရောပ ပါလီမန်မှ အဖွဲ့ဝင်များက မဲဆန္ဒခွဲ ဆုံးဖြတ်ခဲ့ကြသည်။

ထားဝယ်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဗဟို ကော်မတီဖွဲ့စည်း

ထားဝယ်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးဗဟို ကော်မတီဖွဲ့စည်း

ဇွန် ၃၊၂၀၁၃
Dawei Watch

နိုင်ငံတဝှမ်း နေရာအချို့တွင် ဖြစ်ပွားခဲ့ သော ဘာသာရေး လူမျိုးနှင့်ဆက်နွယ်သည့် ပဋိပက္ခများ ထားဝယ်ဒေသတွင် မဖြစ်ပွားလာစေရန် ကြိုတင်ကာကွယ်ရေးအတွက်အဖွဲ့ဝင် ရှစ်ဦးပါဝင်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးဗဟိုကော်မတီအား ဇွန်လ ၁ ရက်နေ့၌ ဖွဲ့စည်းလိုက်သည်။

ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရေးနှင့် ဘာသာပေါင်းစုံ ချစ်ခင်ရင်းနှီးငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး အတွက် ထားဝယ်မြို့ ဆိပ်ကမ်းသာခန်းမ ၂ တွင် ပြုလုပ်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး မျက်နှာစုံညီတွေ့ဆုံပွဲတွင် ယင်းသို့ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ဖွဲ့စည်းခဲ့သည့် ဆပ်ကော်မတီမှ အခြေအနေအရပ်ရပ်ကို စောင့်ကြည့်ပြီး ထူးခြားအခြေ အနေများ တင်ပြလာပါက အစိုးရနဲ့ ပူပေါင်းကာ ပဋိပက္ခမဖြစ်ပွားအောင် ကြိုတင်ကာကွယ်မည်ဟု ယင်းကော်မတီဖြစ်မြောက်ရေးအတွက် ကမကထ ပြုခဲ့သူတစ်ဦးဖြစ်သည့် လူအခွင့်အရေးစောင့်ကြည့်ရေး ကွန်ရက် (ထားဝယ်)မှ ဦးသန်းဝင်း က ပြောဆိုသည်။

''မဖြစ်နိုင်ဘူးဆိုပေမယ့် ဖြစ်လာရင် ဘာ လုပ်မလဲဆိုပြီး ကြိုတင်ပြင်ဆင်ဖို့ လိုအပ်တယ်'' ဟု အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းမှ ဆရာဦးစိုးနိုင်က ဆိုသည်။ မိတ္ထိလာတွင် ဖြစ်ပွားသည့် ဘာသာရေးပဋိပက္ခများ ထားဝယ်ဒေသသို့ မကူးစက်လာစေရန်အတွက် ဧပြီလ ၁ဝ ရက်တွင် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များမှ အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဘာသာပေါင်းစုံ ချစ် ကြည်ညီညွတ်ရေး ဆပ်ကော်မတီအား ဖွဲ့စည်းနိုင်ခဲ့ပြီး ဗဟိုကော်မတီဆက်လက် ဖွဲ့စည်းရန် အကြံပြုခဲ့သည်ဟု သိရသည်။

ထားဝယ်ဒေသအတွင်းနေထိုင်ကြသော ဘာသာအသီးသီးမှ ဘာသာဝင်များသည် ညီညွတ်စွာလက်တွဲပြီး
အေးချမ်းစွာ နေထိုင်လာကြသူများဖြစ်သည်ဟု ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံများက ပြောဆိုသည်။

ထားဝယ်ဒေသတွင် နေထိုင်သူများသည် ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ် ဘာသာ၊ ဟိန္ဒူဘာသာ စသည့်ဘာသာဝင်များ အဓိက နေ ထိုင်ကြပြီး ယင်းအခမ်းအနားသို့ ဘာသာကြီး လေးခုမှ ခေါင်းဆောင်များနှင့် ဘာသာဝင်များ အင်အားတစ်ရာကျော် တက်ရောက်ခဲ့သည်။

mizzima အတွဲ ၁၊ အမှတ် ၇၊ ဇွန် ၃ ရက် ၊၂၀၁၃ ထုတ် မှ ကူးယူဖေါ်ပြသည်။

ဇွန် ၃၊၂၀၁၃ နိုင်ငံတဝှမ်း နေရာအချို့တွင် ဖြစ်ပွားခဲ့ သော ဘာသာရေး လူမျိုးနှင့်ဆက်နွယ်သည့် ပဋိပက္ခများ ထားဝယ်
ဒေသတွင် မဖြစ်ပွားလာစေရန် ကြိုတင်ကာကွယ်ရေးအတွက်အဖွဲ့ဝင် ရှစ်ဦးပါဝင်သည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးဗဟိုကော်မတီအား ဇွန်လ ၁ ရက်နေ့၌ ဖွဲ့စည်းလိုက်သည်။

Android ဖုန်းတွေအတွက် ဖုန်း Call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့ record လုပ်ပေးနိုင်‌မည့် Call Recorder Full v1.4

Android OS ဖုန်းအသုံးပြုသူတွေအတွက် ကိုယ်ဖုန်းပြောထားတဲ့ ဖုန်း call တိုင်းကို အသံဖိုင်အနေနဲ့ record လုပ်သိမ်းဆည်းပေးထားမယ့် june 1ရက်နေ့ထုတ် Call Recorder Full v1.4(Full version) လေးပါ။ ဖုန်း Call အ၀င်ရော ၊ အထွက်ရော အသံကြည်လင်လင်နဲ့ Record လုပ်ပေးထားမှာပါ။

KIA မှ ၅၀၀၀ကျပ်တန်အတုပြုလုပ်မှုတွင် ပါဝင်ပတ်သတ်နေသည်ကို ဗိုလ်ချုပ်ဂွမ်မော်ဝန်ခံ

KIA မှ ၅၀၀၀ကျပ်တန်အတုပြုလုပ်မှုတွင် ပါဝင်ပတ်သတ်နေသည်ကို ဗိုလ်ချုပ်ဂွမ်မော်ဝန်ခံ
----------------------------------------------------------


 ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံအတွင်း၌ ၅၀၀၀တန်အတုများစွာနှင့် အတုပြုလုပ်သည့်စက်ကို ဖမ်းဆီး ရမိခဲ့မှုတို့တွင် KIA မှပါဝင် ပတ်သတ်နေကြောင်း KIA ဒုဦးစီးချုပ်မှဝန်ခံခဲ့ပါသည်။ KIA နှင့် အစိုးရတို့    မြစ်ကြီးနားမြို့ မနောကွင်းတွင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ  သတင်းထောက်များနှင့် သတင်း မီဒီယာ များ ၀င်ရောက်သတင်းရယူခြင်းမရှိဘဲ တံခါးပိတ်ဆွေးနွေးမှုများ   ပြုလုပ်ခဲ့သော်လည်း   ဆွေးနွေး ပွဲအပြီးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို သတင်းမီဒီယာများကို လွတ်လပ် စွာ မေးမြန်းခဲ့ ကြ ပါသည်။


 သတင်းထောက်တစ်ဦးမှ ဗိုလ်ချုပ်ဂွမ်မော်အား ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သတ်သော အချက် များ၊ တိုက်ပွဲအကြောင်းအရားများအပြင် ပြီးခဲ့သော ဧပြီလနှင့် မေလတို့ တွင် ၅၀၀၀တန်ငွေစက္ကူ အတုများနှင့် ငွေ စက္ကူ အတု ပြုလုပ် သောစက်နှင့် ပတ်သတ်ပြီး မေးမြန်းမှု များပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ဗိုလ်ချုပ်ဂွမ်မော်မှ ဖမ်းဆီးရမိသော ငွေတုများနှင့် ငွေတုလုပ်စက်များတွင် KIA မှ အရာရှိတစ်ဦးနှင့် KIO မှ အုပ်ချုပ်ရေးအရာရှိ တစ်ဦးပါဝင်ခဲ့ကြောင်း၊ ၎င်းတို့ကိုအစိုးရတို့လွဲပြောင်းပေးဖို့ အစီအစဉ်မရှိကြောင်း၊ မိမိတို့အဖွဲ့ကလူ ဖြစ်သော ကြောင့် မိမိတို့သာ တရားစီရင်မည်ဖြစ်ကြောင်း    ပြောကြားခဲ့ပါသည်။
၅၀၀၀ကျပ်တန်အတုများကို ဧပြီလတစ်လတည်းတွင် မြစ်ကြီးနား၊ မန္တလေး၊ မြ၀တီ၊ မှော်ဘီ၊ အင်စိန်မြို့ တို့တွင် ဖမ်းဆီးရမီခဲ့ပြီး မတ်လ(၂) ရက်နေ့တွင် တရုတ်နယ်စပ်မြို့တွင်   ငွေတုလုပ်သည့် စက်ကိုပါ တရုတ် ထောက်လှမ်းရေးများက KIO မှ အုပ်ချုပ်ရေးအရာရှိတစ်ဦးအပါအ၀င် ပြုလုပ်သူ ၃ဦးအားဖမ်းဆီးရမိခဲ့သည်။ ငွေတုပြုလုပ်ခဲ့သော KIO က အရာရှိတစ်ဦးကိုတော့ တရုတ်မှ ဖမ်းဆီးထားပြီး   ငွေတုပြုလုပ်မှုတွင် ပါဝင်ခဲ့သော KIA/KIO မှအရာရှိများကို KIA ဗဟိုဌာနချုပ်လိုင်ဇာတွင်ရှိကြောင်း ဗိုလ်ချုပ် ဂွမ်မော် မှဝန်ခံပြောဆိုသွားပါသည်။


KDN

ပြီးခဲ့သည့်လတွင် မြန်မာနိုင်ငံအတွင်း၌ ၅၀၀၀တန်အတုများစွာနှင့် အတုပြုလုပ်သည့်စက်ကို ဖမ်းဆီး ရမိခဲ့မှု
တို့တွင် KIA မှပါဝင် ပတ်သတ်နေကြောင်း KIA ဒုဦးစီးချုပ်မှဝန်ခံခဲ့ပါသည်။

ဖားကန့်မှ ရှစ်တန်းကျောင်းသူတစ်ဦး မန္တလေး၌ ကြိုးဆွဲချသေဆုံး

ဇွန်လ ၃ ရက် ၊ ၂၀၁၃ ခုနှစ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အဆောင်တစ်ခုသို့ ဖားကန့်မှလာရောက် ပညာသင်ကြားနေသော အဆောင်သူတစ်ဦး မှာ မေလ(၃၁)ရက်နေ့ ညနေပိုင်းက ကြိုးဆွဲချသေဆုံးမှု တစ်ရပ်ဖြစ် ပွားခဲ့သည်။အဆိုပါ အဆောင်၌ပင် ညနေ၄နာရီ၁၅မိနစ်အချိန်၌ လွယ်အိတ်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်သည်။

ဒါဖတ်ပြီးမှ အကြမ်းဖက်ဖို့ စဉ်းစားပါ ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်

ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။ ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီ ဒီဆောင်းပါးကိုအရင်ဖတ် ကြည့်ပါ။

Weather Update:

ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ဝ၃ဝ နာရီတွင် ရရှိသည့် ဂြိုလ်တု ပုံ အရ ရန်ကုန်မြို့ပေါ်မှ အကျယ်ဆုံးနေရာတွင် ၇၅ မိုင်ခန့်၊ အတိုဆုံးနေရာတွင် ၄၅ မိုင်ခန့်ရှိသည့် တိမ်ထုသည် "အရှေ့မြောက်ဘက်မှ အနောက်တောင်ဘက်သို့" ရွေ့လျားဖြတ်ကျော်လျှက်ရှိပါသည်၊ ၄င်း တိမ်တိုက်ကြောင့် အချို့ မြို့နယ်များတွင် မိုးသည်းထန်လျှက်ရှိကြောင်း သိရပါသည်။

ဇွန်လ ၃ ရက် မြန်မာစံတော်ချိန် နံနက် ၁ဝ၃ဝ နာရီတွင် ရရှိသည့် ဂြိုလ်တု ပုံ အရ ရန်ကုန်မြို့ပေါ်မှ အကျယ်
ဆုံးနေရာတွင် ၇၅ မိုင်ခန့်၊ အတိုဆုံးနေရာတွင် ၄၅ မိုင်ခန့်ရှိသည့် တိမ်ထုသည် "အရှေ့မြောက်ဘက်မှ အနောက်တောင်ဘက်သို့" ရွေ့လျားဖြတ်ကျော်လျှက်ရှိပါသည်

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မြန်မာပြည်ရောက်နေ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မြန်မာပြည်ရောက်နေ



Monday, June 3, 2013

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ Madeleine Albrigh ဟာ လူထု အခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့သလို တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ 
ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။ 

 အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စ Madeleine Albrigh၊ ဓာတ်ပုံ-www.nato.int

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာဖို့ ဇွန်လ ၂ ရက်နေ့က ရောက်နေ တဲ့ Madeleine Albrigh ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရှိသလို သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံသွားဖို့ ရှိတယ်လို့ သိရပါတယ်။

သူဟာ မြန်မာနိုင်ငံကိုရောက်ဖူးသူဖြစ်ပြီး တခါက ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း က နေအိမ်မှာ တွေ့ဆုံခဲ့ဖူးသူလည်းဖြစ်ပြီး သူ အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တာဝန်ယူစဉ် က မြန်မာ့ဒီမိုကရေစီအရေး တက်ကြွစွာ ထောက်ခံအားပေးသူလည်းဖြစ်ပါတယ်။




အိမ့်သံစဉ် ~
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း မစ္စ Madeleine Albrigh၊ ဓာတ်ပုံ-www.nato.int
Monday, June 3, 2013

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ Madeleine Albrigh ဟာ လူထု အခြေပြုလူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့သလိုတိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်
တွေနဲ့ ရန်ကုန်မြို့ ချက်ထရီယမ်ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

ဘားအံ၊ ပျော်ဘွယ်၊ ပြင်ဦးလွင် သတင်းမှန်

ပထမတော့ ဘားအံမှာပါ ၅ရက်တရားပွဲလုပ်ဖို့ ဘုန်းကြီးအမည်ခံ ဝီရသူ တရားပွဲ စီစဉ်ပါတယ်။
ပထမဆုံး နေ့ စတင်တရားဟောတည်းက တရားနာတဲ့ ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်မ်မကောင်းကြောင်းတရားဟောမယ်ဆိုရင် မနာတော့ဘူးလို့ ကြိုပြောကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် မြေကျွံမှုကြောင့် ဆေးရုံအင်္ဂတေကြမ်းပြင်နိမ့်ကျ၍ နံရံအက်ကွဲမှုများဖြစ်ပေါ်..

(3.6.2013, Monday)

မေလ(၃၁)ရက်နေ့၊ နံနက်(၈)နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးမှ ခုတင်(၂၀၀)ဆံ့ အမျိုးသားဖျားနာဆောင်နှင့် ကူးစက်ရောဂါကုသဆောင်၏ အင်္ဂတေကြမ်းပြင်မြေကျွံမှုကြောင့် အနည်းငယ်နိမ့်ဆင်းသွားကာပေ(၄၀)
ခန့် နံရံအက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်။

မရမ်းကုန်းမြို့နယ်မှ လူနေဆိုင်ခန်းများဇွန်လ(၁၀)ရက်နေ့၊ နောက်ဆုံးထား ဖျက်သိမ်းရမည်...

(3.6.2013, Monday)

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းထောင့်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောက်လုပ်ငှားရမ်းထားသော ဆိုင်ခန်းများကို ဇွန်လ(၁၀)ရက်နေ့နောက်ဆုံးထား၍ ဖျက်သိမ်းရမည်ဟုသိရသည်။

အနာဂတ်အတွက် ကွန်ပျူတာဘောလုံး (E-Ball)

Photo: အနာဂတ်အတွက် ကွန်ပျူတာဘောလုံး (E-Ball)

၂၀၀၇ ခုနှစ် နိုင်ငံတကာ ကွန်ပျူတာဒီဇိုင်းပြိုင်ပွဲမှာ လူကြိုက်များခဲ့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ကွန်ပျုတာ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။ 

မန်ဆီဒိုးနီးယမ်းလူမျိုး ဒီဇိုင်နာ Apostol Tnokovski မှ ဖန်တီးခဲ့ တာ ဖြစ်ပါ တယ်။ သာမန် PC တစ်လုံးလိုပဲ ပစ္စည်းပစ္စယ အစုံအလင် ပါရှိ မှာ ဖြစ်ပါ တယ်။ ဘောလုံးပုံသဏ္ဍန်လုပ်ရခြင်းအကြောင်းက အမြင် အားဖြင့် လည်းတင့်တည်ပြီး ခရီးသွားရင်တောင် သယ်သွားလို့ ရအောင် ဖြစ်တယ်လို့ ဆိုပါတယ်။ 

မိုက်ခရိုပရိုဆက်ဆာ (Dual core 2), mini Hard drive (250-500GB), 2GB RAM, graphic ကဒ်၊ audio ကဒ်၊ 5W စပီကာ နှစ်လုံး၊ Blue Ray burner, ကြိုးမဲ့ Optical mouse, လေဆာ ကီးဘုတ်၊ LAN ကဒ်၊ WLAN ကဒ်၊ Modem, ဘက်ထရီ၊ LCD ပရိုဂျက်တာ စတာတွေ အားလုံးကို E-Ball တစ်ခုတည်းမှာပဲ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ 

အပိုပစ္စည်းအနေနဲ့ စာရွက်ပါရှိပြီး နံရံမရှိတဲ့နေရာမှာ Screen အနေနဲ့ အသုံးပြုလို့ရအောင် ဖြစ်ပါတယ်။ 

ဆော်ဖ်ဝဲ interface ကလည်း အသုံးပြုရန် လွယ်ကူပြီး icon တွေကို အလွယ်တကူ မှတ်သားသိနိုင်စေမှာ ဖြစ်ပါတယ်။ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင် ကြည့်ရှုခြင်းတို့ကို ဘာ Operating System မှ အလုပ်မလုပ်ပဲနဲ့ လည်း ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။ Audio , ဗီဒီယို file တွေကို သီးသန့် folder ထဲမှာ သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ လေဆာကီးဘုတ်၊ ပရိုဂျက်တာ မျက်နှာပြင်အသုံးပြုမှုက နည်းပညာအဆင့်မြင့်ပါမယ်။ ဥပမာ အခန်းတွင်း အလင်းရောင် ပမာဏကို ချိန်ဆပြီး သာမန်လူတစ်ယောက် မြင်နိုင်တဲ့ အလင်းရောင် ပမာဏနဲ့ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း Manually ချိန်ဆယူနိုင်ပါတယ်။ 

E-ball ကို ပလက်စတစ်အစိတ်အပိုင်း အနည်းငယ်နဲ့ အလူမီနီသတ္တုအများ အပြား အသုံးပြုမှာ ဖြစ်ပါတယ်။ သဘာဝန်းကျင်နဲ့ လည်း လိုက်လျော ညီထွေမယ့် Eco-friendlty ဒီဇိုင်းလို့ ဆိုပါတယ်။ 

www.behance.net/tnokovski

ရိုးရာလေး


၂၀၀၇ ခုနှစ် နိုင်ငံတကာကွန်ပျူတာဒီဇိုင်းပြိုင်ပွဲမှာလူကြိုက်များခဲ့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။အနာဂတ်မှာ ပေါ်
ပေါက်လာမယ့် ကွန်ပျုတာ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။

Samsung Galaxy S3 က I-Phone 5 ထက် ကောင်းမွန်ရသော အချက် ၅ ချက်

Photo: Samsung Galaxy S3 က I-Phone 5 ထက် ကောင်းမွန်ရသော အချက် ၅ ချက်
-----------------------------------------------------------------------------------------
5- Direct Call Feature
-------------
ဒီ Direct Call ဆိုတဲ့ ဟာလေးကတော့ နောက်ဆုံးထွက် I-Phone 5 မှာ မပါရှိသေးတဲ့ အံသြဖွယ် လုပ်ဆောင်မှုတစ်ခုပါ
သူ့ ရဲ့  အလုပ် လုပ် ပုံလေးကတော့...
သင်ဟာ သင့်ချစ်သူနဲ့  Message ပို့  နေသော အချိန် ဆိုကြပါစို့ ...
စာ ရိုက်နေဆဲ အချိန်တွင် အကြောင်းအမျိုးမျိုး ကြောင့် ချစ်သူကို ဖုန်း ဆက်ရန် အကြောင်းဖန်လာပါတယ်
မည်သည့် ခလုပ်ကိုမှ ထိနိုပ် စရာမလိုပါ။ ဖုန်းကို နားဖြင့် ကပ်လိုက်သည်နဲ့  သင့်ချစ်သူဆီ အလိုအလျောက် ဖုန်းခေါ်သွားပေးမှာဖြစ်ပါတယ်။

4- The Smart Stay Feature 
----------
ကျွန်တော်တို့  စမတ်ဖုန်းသမားတွေ ကြုံတွေ့ နေရ ပြသနာတစ်ခုပေါ့..
Screen ကို မထိပဲ စာဖတ်နေတာတို့ ဘာတို့ ဆို အချိန်ပြည့်ရင် Screen က မှိန်မှိန်သွားတာ...
တချို့ အချိန်တွေ ဆို အရမ်းစိတ် အနှောက် အယှက်ဖြစ်တာပေါ့
ခုမှာတော့ အဲ့ အခက်အခဲ့ကို Smart Stay ဆိုတဲ့ Feature လေးနဲ့ ဖြေရှင်းထားပါတယ်
သူ့  အလုပ် လုပ်ပုံက တော့ သင် ဖုန်း မျက်နာပြင်ကို ကြည့်နေသမျှ အချိန်အတွင်း 
ဖုန်း Screen ကို မှိန် ပေးမှာ မဟုတ်ပါဘူး..
သင် မျက်နာပြင်ကို ကြည့်နေသမျှ ကာလပတ်လုံး ဘာပဲ ဖြစ်ဖြစ် လင်းနေမှာဖြစ်ပါတယ်

3- The Smart Alert Feature

-------
့အိုင်ဖုန်းတွေ မှာ မပါရှိသေးတဲ့ အလွန် အသုံးဝင်သော Feature တစ်ခုပါ။
သူဟာဆိုရင် ဖြင့် သင့်ဖုန်းတွင် Message သို့ မဟုတ် Missed Call တစ်ခုခု ၀င်နေပြီး
သင် မကြည့်ရှ ရသေးလျှင့် သင့်အား တုန်ခါခြင်းဖြင့် သတိပေးမှာဖြစ်ပါတယ်။
ဥပမာ-- သင်ဟာ ဖုန်းကို အိတ်ကပ် ထဲ ထည့်ပြီး လမ်းလျှောက်နေတယ်ဆိုကြပါစို့ 
ထိုအချိန်တွင် သင့်ထံ တစ်စုံတစ်ယောက်ထံမှ Message ပို့ လိုက်ပါတယ် သို့ သော် အကြောင်းအမျိုးမျိုး ကြောင့် သင် မသိလိုက်မှာစိတ်မပူပါနဲ့ 
သင် လမ်းလျှောက်လိုက် သည်နဲ့  Vibrate လုပ်ပေးပြီး သင့်ကို အသိပေးမှာဖြစ်ပါတယ်။

2- The Palm Swipe Capture Feature

ဒီ Feature လေးကတော့ Screen Shot ရိုက်ရန် ဖြစ်ပါတယ်
တခြား ဖုန်းတွေလို မည်သည့် ဆော့ဝဲလ်မျှသုံးစရာမလိုပဲ Key ဘယ်နှခု ပေါင်းနိုပ် စရာမလိုပဲ Screen ကို ဘယ်မှညာ သို့ မဟုတ် ညာမှ ဘယ် ပွတ်ဆွဲလိုက်ရုံနဲ့  Screen Shot ရိုက်ပြီးသား ဖြစ်သွားမှာပါ

1- The NFC Chip Feature

Near Field Communication ဆိုတဲ့ NFC ဆို၇င် ဖြင့် သင် ကလစ်တစ်ချက် နိုပ်ရုံဖြင့် သင့်ဖုန်းထဲ ရှိ သင် အလိုရှိသမျှ ဖိုင် ကို ကျန်တဲ့ သင် Share ပေးချင်သော Device များသို့  Share ပေးသွားနိုင်မှာဖြစ်ပါတယ်။
မည့်သည့် ကေဘယ်ကြိုးများဖြင့် မှ တပ်ဆင် ချိတ်ဆက်ဖို့ မလိုအပ်ပဲ NFC Chip ကို အသုံးပြုပြီး Share သွားနိုင်ပါတယ်။

---------
Move Forward!

ITgroup


5- Direct Call Feature

ဒီ Direct Call ဆိုတဲ့ ဟာလေးကတော့ နောက်ဆုံးထွက် I-Phone 5 မှာ မပါရှိသေးတဲ့ အံသြဖွယ် လုပ်ဆောင်မှုတစ်ခုပါသူ့ ရဲ့  အလုပ် လုပ် ပုံလေးကတော့...
သင်ဟာ သင့်ချစ်သူနဲ့  Message ပို့  နေသော အချိန် ဆိုကြပါစို့ ...

အငြင်းပွားရေပိုင်နက်မှာ တရုတ်ရေတပ် ဆက်လက်စောင့်ကြပ်မည်

Photo: အငြင်းပွားရေပိုင်နက်မှာ တရုတ်ရေတပ် ဆက်လက်စောင့်ကြပ်မည်
Monday, June 03, 2013

အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာ အငြင်းပွားနေတဲ့ကြား ကပဲ တရုတ်အစိုးရက သူပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ရေပြင်ပိုင်နက် နယ်မြေတွေထဲမှာ စစ်သင်္ဘောတွေနဲ့ ဆက်ပြီး ကင်းလှည့်မှာဖြစ်တယ်လို့ အကြီးတန်း တရုတ်စစ်ဗိုလ်ချုပ်ကြီးက ပြောဆိုလိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပတဲ့ Shangri-La Dialogue နှစ်ပတ်လည် လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲမှာ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA ရဲ့ လက်ထောက်အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး Qi Jianguo က အခုလိုပြောကြား လိုက်တာပါ။ အရှေ့ တရုတ်ပင်လယ်ပြင်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့ဟာ တရုတ်အစိုးရရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်တဲ့ နယ်မြေတွေလို့ လည်း ပြောကြားခဲ့ပါတယ်။

တရုတ်စစ်သင်္ဘောတွေနဲ့ ကင်းလှည့်လည်တာတွေဟာ တရားဝင်ပြီး ဒါကို အငြင်းပွားနေစရာမလိုဘူးလို့လည်း Qi က တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဒီပင်လယ်ပြင် နှစ်ခုထဲမှာရှိတဲ့ သဘာဝသယံဇာတ ကြွယ်ဝတဲ့ ကျွန်းတွေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဂျပန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနဲ့ မလေးရှားနိုင်ငံတွေနဲ့ အငြင်းပွားနေတာ ဖြစ်ပါတယ်။


Monday, June 03, 2013

အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နယ်မြေပိုင်ဆိုင်မှု ပြဿနာ အငြင်းပွားနေတဲ့ကြား ကပဲ တရုတ်အစိုးရက သူပိုင်
ဆိုင်ကြောင်း ကြေညာထားတဲ့ ရေပြင်ပိုင်နက် နယ်မြေတွေထဲမှာ စစ်သင်္ဘောတွေနဲ့ ဆက်ပြီး ကင်းလှည့်မှာ
ဖြစ်တယ်လို့ အကြီးတန်း တရုတ်စစ်ဗိုလ်ချုပ်ကြီးက ပြောဆိုလိုက်ပါတယ်။

ရန်ကုန် - မန္တလေး အမြန်လမ်း အသုံးပြုမည့် သတင်းစာပို့ယာဉ်များ ပွိုင့်ကား အသုံးပြုရမည်

ရန်ကုန် - မန္တလေး အမြန် လမ်းမကြီး တွင် ညပိုင်း၌ ဖြတ်သန်း သွားလာ နေသော ခရီးသည်တင် ယာဉ်များ လုံခြုံမှု ရှိစေရန် အတွက် သတင်းစာပို့ ယာဉ်များ၏ ရှေ့တွင် အချက်ပြယာဉ် တစ်စီး မောင်းနှင် ရမည် ဖြစ်ကြောင်း အမြန်လမ်း အင်ဂျင်နီယာ ဌာနမှ သိရသည်။

စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့ "

Photo: စမတ်ဖုန်း အသုံးပြုရမည့် အိမ်တံခါးသော့ "
Sunday, June 02, 2013

August Smart Lock လို့ အမည်ပေးထားတဲ့ Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့မလို ၊ပတ်စဝေါ့ကုဒ်မလိုတဲ့
အီလက်ထရောနစ် သော့ခလောက် ဖြစ်ပါတယ်။ အသုံးပြုရန် အတွက်
မိမိ အသုံးပြုတဲ့ စမတ်ဖုန်းမှာ ဆော့ဝဲလ်ကို Install လုပ်ထားရပါမယ်။

မိမိ အိမ်ကို ၀င်စေလိုတဲ့ သူများကို သာ ဖုန်းမှာ ပါတဲ့ ဆော့ဝဲလ်မှာ စာရင်း လုပ်ထားမှာ ဖြစ်ပြီး မိမိအိမ်ထဲမှာ ရှိတဲ့ အချိန် ထိုင်ရာက မထ ဖုန်းဖြင့် တံခါးဖွင့်နိုင်ပါတယ်။ ဒါမှ မဟုတ် မိမိ အိမ်မှာ မရှိတဲ့ အချိန် အိမ်ထဲ ၀င်စေလိုတဲ့ သူကို ဖုန်းနဲ့ အတည်ပြုပေးထားပြီး ၀င်ခွင့်ပေးနိုင်ပါတယ်။

ဖုန်းမှာ ထည့်သွင်းထားတဲ့ အချက်အလက်များမှာ မိမိ အိမ်ထဲ ၀င်စေလိုတဲ့ သူများကိုသာ တံခါးအလိုအလျောက် ဖွင့်ပေးမှာ ဖြစ်တဲ့ အတွက် မိမိမ၀င်စေလိုတဲ့ သူများကိုလည်း တံခါးပိတ်ထားနိုင်ပါတယ်။

နောက်ပြီး တံခါးမှာ တပ်ထားတဲ့ အီလက်ထရောနစ် သော့ခလောက်ဟာ ကိုယ်ပိုင် ဘတ္တရီ အားကို အသုံးပြုထားပါတယ်။ ဒီတော့ မီးပျက်ရင် အလုပ်မလုပ်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး ။

မိမိ အိမ်ကို ၀င်ခွင့်ပြုထားတဲ့ သူတွေကိုလည်း ဘယ်အချိန် ဘယ်နှစ်နာရီမှာ ၀င်ရောက်သွားတယ်ဆိုတာကို မိမိ အိမ်မှာ မရှိတဲ့ အချိန်မှာလည်း ချိတ်ဆက်ထားတဲ့ စမတ်ဖုန်းမှာ အသိပေး စာ ပို့ ပေးမှာ ဖြစ်ပါတယ်။

အကယ်လို့ မိမိ ဖုန်းချို့ ယွင်းမှု့ ကြောင့် တစ်စုံတစ်ရာ ဖြစ်ခဲ့ ရင်လည်း ရိုးရိုး သော့တံ ဖြင့်ပါ အသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။

ဒီ Smart Lock အကြောင်းကို လေ့လာလိုရင် အောက်ပါလင့်မှာ ကြည့်ရှုနိုင်ပါတယ်။

>> http://www.youtube.com/watch?feature=player_embedded&v=EFlPncm4fnY#!


--------

Ref; August Smart Lock

Freddy ( Stuff Myanmar)
Stuff Myanmar Magazine


August Smart Lock လို့ အမည်ပေးထားတဲ့ Wireless စနစ်သုံး အိမ်တံခါးသော့ ခလောက် ဖြစ်ပါတယ်။သော့
မလို၊ပတ်စဝေါ့ကုဒ်မလိုတဲ့အီလက်ထရောနစ် သော့ခလောက် ဖြစ်ပါတယ်။အသုံးပြုရန် အတွက်မိမိ အသုံးပြု
တဲ့ စမတ်ဖုန်းမှာ ဆော့ဝဲလ်ကို Install လုပ်ထားရပါမယ်။

ယနေ့ ဘင်္ဂလားပင်လယ်အော်အခြေအနေ နံနက် (၁၀း၂၂) နာရီ သတင်းထုတ်ပြန်ချက်

ဒီနှစ်တော့ ဘင်္ဂလားပင်လယ်အော်ဟာတစ်ပုံစံဖြစ်နေပါတယ်။အရှေဖက်ကငြိမ်သလောက် အနောက်ဖက်
ခြမ်းက ပိုပြီး ပွဲကြမ်းနေပါတယ်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း သီ၇ိလင်္ကာနိုင်ငံရဲ့ အရှေ့မြောက်ဖက် (မြန်မာနိုင်ငံနဲ့ဝေးရာတစ်နေရာ)မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာပါတော့မယ်။

RangoNewsDaily မှနေ့စဉ် သတင်းများကို မိုဘိုင်းဖုန်းမှ ဖတ်ရှုနိုင်ပြီ

နေ့စဉ် သတင်းများကို မိမိတို့၏ Mobile Device များမှတဆင့် သတင်းများကို အချိန်နှင့် တပြေးညီ သိရှိနိုင်
ရန် Rangon News Daily မှ Mobile Phone Application အနေဖြင့် ထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။ iPhone နှင့် Android Phone ဖုန်းများတွင် Rangon News Daily Application ကို အသုံးပြုနိုင်ပါသည်။

မလေးရှားတွင် မြန်မာနိုင်ငံသား အချင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ကြောင့်သေဆုံးမှုများရှိ

မလေးရှားတွင် မြန်မာနိုင်ငံသား အချင်းချင်း အပြန်အလှန် တိုက်ခိုက်မှုများ ကြောင့်သေဆုံးမှုများရှိ 
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သတင်း - ကျော်သက် ( မလေးရှား )
ဇွန် ၃၊ ၂၀၁၃

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ဦးအား ရာဝမ်း Country Home တွင် ရခိုင်လူမျိုးများ က ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဆလားယန်းဈေးအတွင်း မြန်မာနိုင်ငံသား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း။ အဆိုပါ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင် ၂ ဦး သေဆုံးခဲ့ကြောင်း Bernama သတင်းများ အရသိရှိခဲ့ရပါသည်။ 

ထိုနည်းတူ ရခိုင်လူမျိုး ၁ ဦး အပါအ၀င် အခြား မြန်မာနိုင်ငံသား အချို့ပျောက်ဆုံးနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး တရားမ၀င် မလေးရှားတွင် လာရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အများစုမှာ မိမိတို့ လုပ်ငန်းခွင်သို့ မသွားကြတော့ပဲ တိမ်းရှောင်နေကြကြောင်း၊ အချို့မှာ လူပွဲစားများဖြင့် မြန်မာပြည်သို့ ပြန်လည်ထွက်ခွာနေပြီ ဖြစ်ကြောင်း၊ သတင်းများထွက်ပေါ်ခဲ့ပါသည်။ 

" ခက်တာကပေါ့နော် လူပွဲစားတွေကလဲ အခု ဘယ်ရောက်နေလဲ မသိဘူးလေ ၉၆၉ တုန်းက သူတို့ ကထိပ်ဆုံးက လုပ်ခဲ့တာ ဆိုတော့ အခုလို သတင်းတွေကြားတော့ သူတို့လဲ ပြေးပြီ၊ ကျွန်မတို့ လာတုံးက ကိုတိုနီ ပို့ပေးတာအခုတော့ သူလဲ ဘယ်ရောက်နေလဲ မသိဘူး၊ သိရသလောက်က သူကိုယ်တိုင်ကလဲ ပါမစ်မရှိဘူး တဲ့ အခု သံရုံးကလဲ ဘာမှ မဖြစ်ဘူးဆိုတော့ ခက်တာပေါ့။ ဒီမှာက အရင်က ဘာမှ ပြသနာ မရှိပါဘူး၊ ဒီ ၉၆၉ လုပ်လို့ ဒီပြသာနာေ တွဖြစ်လာတာ  အခုတော့ နေဖို့လဲ ခက် ပြန်ဖို့လဲ ခက်ပြီ ပါမစ်ကလဲ မရှိတော့ အဖမ်းခံလိုက်တာပဲ ကောင်းပါတယ်။ တိုင်းပြည်ကို အစိုးရ ကဖျက်နေတာ၊ ပြည်သူတွေ အချင်းချင်း ရန်တိုက်ပေးနေတာ။ သူတို့ကောင်းစားဖို့ အတွက် ပြည်သူတွေကို စတေးနေတာ၊ ကျန်းမာကြပါစေ တော် "ဟု ယခင်ဆလားယန်းတွင် နေထိုင်ခဲ့သူ တစ်ဦးမှ မြန်မာမွတ်စလင်မ် မီဒီယာ၏ ဆက်သွယ်မေးမြန်းချက်အား ဖြေကြားခဲ့ပါသည်။ 

မလေးရှားတွင် ရခိုင် တပ်မတော် အားထောက်ပံပေးသည့်အဖွဲ့များ ရှိနေသလို၊ ၉၆၉ အား ငွေအလုံးအရင်းဖြင့် ထောက်ပံပေးနေသော စီးပွားရေးသမားများ ရှိကြောင်း၊ ပီနန်းမြို့တွင် မကြာသေးခင်က ၉၆၉ ခေါင်းဆောင် လူပွဲစားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရဘူးကြောင်း သတင်းများရရှိပါသည်။


ဇွန် ၃၊ ၂၀၁၃

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ဦးအား ရာဝမ်း Country Home တွင် ရခိုင်လူမျိုးများ က ရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ဆလားယန်းဈေးအတွင်း မြန်မာနိုင်ငံသား အချင်းချင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း။ အဆိုပါ ပဋိပက္ခကြောင့် အစ္စလာမ်ဘာသာဝင် ၂ ဦး သေဆုံးခဲ့ကြောင်း Bernama သတင်းများ အရသိရှိခဲ့ရပါသည်။